တိမ်းညွှတ်ခြင်းကြောင့်

Door Wai99K

42.6K 5.4K 730

ရင်ခုန်သူထံ တိမ်းညွှတ်ခြင်း Meer

1 (U+Z)
2 (U+Z)
3 (U+Z)
4 (U+Z)
5 (U+Z)
6 (U+Z)
7 (U+Z)
8 (U+Z)
9 (U+Z)
10 (U+Z)
11 (U+Z)
12 (U+Z)
14 (U+Z)
15 (U+Z)
16 (U+Z)
17 (U+Z)
18 (U+Z)
19 ( U+Z)
20 ( U+Z )
21 (U+Z)
22 (U+Z)
23 (U+Z)
24 (U+Z)
25 (U+Z)
26 (U+Z)
27 (U+Z)
28 (U+Z)
29 (U+Z)
30 (U+Z)
31 (U+Z)
32 (U+Z)
33 (U+Z)
34 (U+Z)
35 (U+Z)
36 (U+Z)
37 (U+Z)
38 (U+Z)
39 (U+Z)
40 (U+Z)

13 (U+Z)

983 157 40
Door Wai99K

မျှော်လင့်ချက်ရှိတဲ့လူတစ်ယောက်ရဲ့ အချိန်တွေဟာ ပျင်းရိဖွယ်မရှိဘူးဆိုပဲ..။ အတွေးအခေါ်ပညာရှင်တစ်ယောက်ယောက်က ပြောခဲ့တာလား ၊ သာမန်လူကြီးတစ်ယောက်က သူ့ဘဝအတွေ့အကြုံနဲ့ရင်းပြီး ပြောခဲ့တာလား..။ ဘာရယ်လို့ အတိအကျတော့မသိပေမဲ့ မှတ်သားမိတဲ့ စကားတစ်ခွန်းတော့ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း တရားဆိုတဲ့မှန်ကန်မှုကလွဲပြီးတော့ တခြားအကြောင်းတွေမှာ သတ်မှတ်ချက်တစ်ခုတည်းနဲ့ချုပ်ကိုင်ထားလို့မရတာကိုက စကြာဝဠာရဲ့တည်ရှိမှုလို့ထင်တယ်။ အတိုင်းအတာတွေ ၊ အတိမ်အနက်တွေက အမြဲတမ်းပြောင်းလဲနေတယ်။ အဲ့ဒီလိုပြောင်းလဲမှုတွေ တစ်ရှိန်ထိုးပြေးတဲ့ကမ္ဘာမှာ နေထိုင်ရတော့ အယူအဆတွေကလည်း ပြောင်းလဲချင်တိုင်း ပြောင်းလဲနေမှာပဲ။ ထိငြိစရာမရှိတဲ့ တခြားဂြိုလ်ပေါ်မှာရှင်သန်ရတာထက်စာရင် ဆွဲငင်အားရှိတဲ့ကမ္ဘာဂြိုလ်ပေါ်မှာ ပြောင်းလဲမှုတွေရှိနေလည်း ထိငြိသိတွေ့စရာရှိတဲ့ လူသားဖြစ်ရတာ ကောင်းပါတယ်။

အခုတော့ ထိငြိသိတွေ့မိတဲ့အနေနဲ့ 'မျှော်လင့်ချက်ရှိတဲ့'ဆိုတာက အဓိပ္ပါယ်မပြည့်စုံသေးဘူးလို့ ထင်မိတယ် ။ 'မျှော်လင့်ချက်ကိုသေချာဆုပ်ကိုင်ထားတဲ့'လို့ ပြောရင် ပိုပြီးအဓိပ္ပါယ်ရှိလိမ့်မယ်။ ပွဲအစမှာကတည်းက လွင့်ကိုခဏခဏပိတ်တီးမိသလိုဖြစ်နေတော့ အမှတ်က အနုတ်လက္ခဏာဘက်မှာ တစ်အိုးတစ်အိမ်ဖြစ်ပြီး မျှော်လင့်ချက်ရှိပေမဲ့ သေချာဆုပ်ကိုင်လို့မရနိုင်တဲ့ ကိစ္စဖြစ်နေတယ်။

အဲ့ဒီမျှော်လင့်ချက်က သေချာချင်ချာ မချာချင်လည်းနေ။ ကိုယ်ကတော့ လွင့်ကိုမြင်ရင် စိတ်ဆိုးအောင်စချင်နေတုန်းပဲ။ အဲ့ဒီလိုစချင်လာပြီဆိုရင် လွင်က ဘယ်လိုနေ့ရက်တွေကိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို လျစ်လျူရှုမိပြီး လွင်စိတ်ဆိုးလာရင် နှုတ်ခမ်းလုံးလုံးလေးက စူထွက်လာတာ ၊ မျက်နှာလေးက အနီနုရောင်သွေးလာတာ ၊ မျက်လုံးလေးတွေပိုဝိုင်းပြီး လည်တိုင်ကျော့မှာ စိမ်းပြာရောင်သွေးကြောတွေက မြေပုံပေါ်ကမြစ်လက်တက်တွေလို အခက်ဖျာပြီး ကြွလာတာကိုပဲ သိတော့တယ်။ ဒါပေမဲ့လည်း လွင်က သူ့ကိုသူ အဲ့ဒီလိုအသည်းယားဖို့ကောင်းမှန်း မသိလေတော့ ကိုယ်ကစလိုက်တာဆိုပေမဲ့ လွင့်ခမျာမယ် အထိနာပြီး ကိုယ့်ကို ဝါးစားမတတ်လောင်ရတော့တာပါပဲ။

နာရီကိုငုံကြည့်တော့ ငါးနာရီထိုးဖို့ ဆယ့်ငါးမိနစ်လောက်လိုသေးတယ်။ အင်တာနက်အကူအညီနဲ့ ကမ္ဘာ့ရွာကြီးကိုလည်း မပတ်ချင်တော့ဘူး။ သူများတွေက အပျင်းပြေဆိုပြီး ဂိမ်းကစားကြတယ်။ ကိုယ်ကျတော့ အသက်၂၀မတိုင်ခင်ကတည်းက မျက်စိမူးလို့ မကစားနိုင်ဘူး။ စာဖတ်ရင်ကောင်းမလားဆိုပြီး တွေးမိပေမဲ့ ကိုယ့်မျက်လုံးနဲ့ရသစာတွေဆိုသည်မှာလည်း ငါ့ကိုဖတ်တိုင်း နင်အိပ်ပျော်ပါစေလို့ ကျိန်စာတိုက်ခံထားရတဲ့အတိုင်းပဲ။ အိပ်ပျော်သွားမှာ စိုးရိမ်ရတယ်။ ဗဟုသုတရတဲ့စာအုပ်တွေကျတော့ တအားတတ်သိနေမှာစိုးလို့ မဖတ်ချင်ပြန်ဘူး။ စာကျက်ခဲ့ရတာတောင် မဖြစ်မနေမို့။ အလွန်တတ်ကျွမ်းတော့လည်း အတက်ကြူးရင် ဘီလူးဖြစ်တယ်လို့ ကြားဖူးနားဝရှိတာပဲ။

လက်ပတ်နာရီကို နောက်တစ်ခေါက်ငုံ့ကြည့်တော့ ငါးမိနစ်လိုသေးတယ်။ ဘာလုပ်ရမှန်းမသိတာနဲ့ ဖုန်းထဲက အနာဂတ်ရဲ့ငါ့ကောင်လေးဆိုတဲ့ contactကို ဖွင့်ကြည့်မိတယ် ။ တစ်ပတ်တိတိ စာမပြန် စကားမပြောဘဲ ကောက်ချင်တိုင်းကောက်နေဆဲဖြစ်တဲ့ ဆက်သွယ်မှုလေးပေါ့ဆိုပြီး အသည်းယားသလိုလိုနဲ့။

ငါးနာရီထိုးပြီးလို့ ငါးမိနစ်စွန်းတဲ့အထိ ဘတ်စ်ဂိတ်မှာ လွင့်ကိုမမြင်ရတော့ နေလို့မကောင်းတော့ဘူး။ ဘတ်မှန်ကတစ်ဆင့် ဘတ်စ်ဂိတ်ကိုစိုက်ကြည့်ရင်း ရေဘူးကိုမော့သောက်လိုက်ပေမဲ့ ရင်ထဲမှာရှိတဲ့ သောကအပူရှိန်လေးက တငွေ့ငွေ့နဲ့ ပိုပြီးအူလာတယ်။

အခုတစ်ခေါက်ရဲ့ရန်ကုန်အပြန်ခရီးက ရာသီဥတုသိပ်မကောင်းလို့ အဆင်ပြေချောမွေ့မှုနည်းခဲ့တာတောင် ကိုယ့်မှာ လွင့်ကိုတွေ့ရလိမ့်မယ်ဆိုတဲ့စိတ်နဲ့ ပေါ့ပါးခဲ့ရတယ်။ အိမ်ပြန်နေရင် လွင်အလုပ်ဆင်းချိန်ကို မမီမှာစိုးလို့ ကားထဲမှာအင်္ကျီလဲဝတ်ပြီး ဒီနေရာကိုရောက်လာမိတယ်။ လွင်က ကိုယ့်ကိုမြင်တာနဲ့ စိတ်ဆိုးလိမ့်မယ်လို့တွေးထားပေမဲ့ လွင့်ကိုမတွေ့ရင်လို့ မတွေးထားမိတော့ ရင်ထဲမှာ ပိုပြီးထိခိုက်လာတယ်။

စတီယာရင်ကို လက်ညှိုးနဲ့တောက်ရင်း ဒီနေ့မှမတွေ့ရလည်း တစ်နေ့နေ့တွေ့မှာပေါ့ကွာလို့ စိတ်ဖြေနေတုန်းမှာ ဝါညိုရောင်ဆံပင်နဲ့ ဖုန်းကိုငုံ့ကြည့်ရင်း လမ်းလျှောက်လာတဲ့ ကောင်လေးကို မျက်ဝါးထင်ထင် လှမ်းမြင်ရတော့တယ်။အချိန်ကတော့ ငါးနာရီထိုးပြီး မိနစ်နှစ်ဆယ်ဖြစ်နေပြီ။

ကားတံခါးကိုအမြန်တွန်းဖွင့်ပြီး လွင့်ရှေ့ရောက်အောင် ခြေလှမ်းရွှေ့ရင်း သောကမီးတောက်လေးဟာ အညွှန့်ကျိုးသွားရတယ်။ အဝါရောင် ဖရီးဆိုဒ်တီရှပ်နဲ့ ဂျင်းပန်ကိုဝတ်ထားပြီး ကာတွန်းရုပ်လေးတွေပါတဲ့ အဖြူရောင်ကျောပိုးအိတ်ကို ပခုံးမှာမလွယ်ဘဲ လက်တစ်ဖက်နဲ့ဆွဲလာတယ်။ လွင်နဲ့ကိုယ့်ရဲ့ကြားမှာ ခန့်မှန်းပေ၃၀လောက်ဝေးလိမ့်ဦးမယ် ထင်တယ်။

လွင်ကလည်း ဖြည်းဖြည်းပဲလမ်းလျှောက်လာသလို ၊ ကိုယ်ကလည်း ခပ်အေးအေးပဲ။ ကိုယ့်ရဲ့အေးဆေးနေပုံက မသိရင် လွင်ကို ကိုယ့်အင်္ကျီအိတ်ကပ်ထဲမှာ ထည့်ထားနိုင်သလိုနဲ့ ။ လေတောင်ချွန်လိုက်မိသေးတယ်။

ကိုယ့်ဘာသာ စိတ်အေးနေပါပြီဆိုမှ ကောင်လေးတစ်ယောက်က လွင့်ကိုလှမ်းခေါ်တယ်။ လွင်က ဖုန်းကိုဘောင်းဘီရှေ့အိတ်ထဲ ထိုးထည့်ပြီး အဲ့ဒီကောင်လေးကိုလှည့်ကြည့်တယ်။ ဟိုကောင်လေးက ဘာတွေပြောသွားလဲတော့မသိ ။ လွင်က စိတ်ချပါဆိုတဲ့ အပြုအမူနဲ့ ခေါင်းတညိတ်ညိတ်လုပ်တယ်။ အဲ့ဒီကောင်လေးပြန်သွားတော့မှ ဝါညိုရောင်ဆံပင်တွေကို လက်နဲ့ဆွဲဖွပြီး ခေါင်းကိုယမ်းလိုက်တဲ့ပုံစံက အမွှေးပွခွေးလေးတွေ ရေချိုးပြီးရင် ရေစင်အောင်ခါယမ်းလိုက်တာနဲ့တူတယ်။ တော်တော်လေးကို ချစ်ဖို့ကောင်းလွန်းလို့ ထပ်ပြီးတော့ လွင်စိတ်မဆိုးအောင်နေချင်ပေမဲ့ လွင့်ကိုမြင်တာနဲ့ ချော့ဖို့စီလာတဲ့စကားတွေကို စဥ်းစားလို့မရတော့ဘူး။ နောက်ပြီး...ကိုယ့်ရဲ့ခြေလှမ်းကိုလည်း ဆက်တိုးလို့မရတော့ဘူး။

"ခင်ဗျား!''

မျက်မှောင်မကြုတ်လိုက်ခင်မှာ အံ့ဩဟန်နဲ့ ဝိုင်းစက်သွားတဲ့မျက်လုံးတွေကို အမိအရဖမ်းနိုင်ခဲ့တော့ ပြောမှားဆိုမှားရှိထားသမျှကိုလည်း ဝန္ဒါမိပါဆိုပြီး ပြုံးပြလိုက်မိတယ်။

"ခင်ဗျား ဘာလို့ ကျွန်တော့်ကိုနှောက်ယှက်နေတာလဲ..''

အောင်မာ...၁၉၆၀တုန်းက မြန်မာ့ရုပ်ရှင်ပိတ်ကားထဲ ရောက်သွားသလိုတောင်ထင်မိတယ်။ သူကတော့ အပျိုစင်ကွမ်းတောင်ကိုင်လေးဖြစ်ပြီး ကိုယ်ကတော့ သူကြီးသား လူမိုက်ကြီးပေါ့။

"မင်းနော်...ကိုယ့်ကိုမစွပ်စွဲနဲ့ ။ ကိုယ်က လူရိုးလူအေးလေး..''

"လူရိုးလူအေးဆိုတာ မသာပဲရှိတယ်။ အသက်ရှိနေတဲ့လူတိုင်း လူဆန်းလူပူတွေချည်းပဲ။ ''

လွင့်စကားပြောတဲ့ပုံစံက ဘုနဲ့ဘောက်ဖြစ်နေပေမဲ့ မကျေနပ်ခြင်းနဲ့နာကျင်ဟန်ကို မတွေ့ရဘူး။ ကိုယ့်ကိုတွေ့ရင် လွင်စိတ်ဆိုးမယ်လို့ ထင်ထားပေမဲ့ သူ့ရှေ့မှာပိတ်ရပ်ထားတဲ့ ကိုယ့်ကိုညင်ညင်သာသာပဲရှောင်ပြီး လမ်းဆက်လျှောက်တယ်။

"လွင်..''

"ဟုတ်ကဲ့"

အံ့တွေပါဩလောက်တယ်။ ပြန်ထူးတဲ့လေသံလေးက အသည်းတွေအူတွေကို ဆွဲနုတ်ပြတဲ့ မျက်လှည့်ဆရာရဲ့ ပြကွက်ဆန်းထက် ပိုပြီးဆွံ့အအံ့ဩနေမိတယ်။ လွင်ကလေးရယ်...ကိုယ့်ရဲ့ချစ်သူသာဖြစ်လိုက်ပါတော့။ အနောက်ကနေ ဝင်လုံးပြီး ပါးနှစ်ဖက်ကို တရွှတ်ရွှတ်နမ်းပစ်မှာ ။

"ကိုယ့်ကိုစိတ်မဆိုးပါနဲ့ကွာ..''

"အခု ကျွန်တော်က စိတ်ဆိုးတဲ့ပုံစံဖြစ်နေလို့လား..''

မျက်လုံးလေးကို ဖျတ်ခနဲဝင့်ပြီး ပြန်မေးလိုက်တာက အကွက်လှလှယက်ထားတဲ့ ပင့်ကူထောင်ချောက်လိုပဲ။ သေချာတယ် ၊ လွင် တမင်လုပ်နေတာ။ တကယ်ကို အနေကြပ်ပြီး အဖြေခက်အောင် လုပ်ပစ်လိုက်တဲ့ လွင်ကလေး။ စိတ်ဆိုးနေတာကိုမှ စိတ်မဆိုးပါနဲ့ဆိုပြီး ချော့လို့ရသေးတယ်။ အခုက ချော့ရမလိုလို မချော့ရမလိုလိုနဲ့။

"ကိုယ် တကယ်ပြောတာပါ လွင်။ မင်းကို ကိုယ်လုံးချွတ်ပေးလိုက်တယ်ဆိုပေမဲ့..''

"ခင်ဗျားကတော့! အခုထိ မပြီးနိုင်သေးဘူးလား။ ''

"လွင်က စိတ်ဆိုးမှမပြေသေးဘဲ။ ကိုယ်ကရှင်းပြရမှာပေါ့။ ကိုယ်တို့ သေသေချာချာစကားပြောလို့ရအောင် ဆိုင်တစ်ဆိုင်ကို သွားရအောင်နော်..''

"ဘာစိတ်မှလည်း မဆိုးဘူး။ ခင်ဗျားနဲ့ကျွန်တော့်ကြားမှာ ပြောစရာလည်းမရှိဘူး..။''

တဖြည်းဖြည်းနဲ့ ခြေလှမ်းက ဘတ်စ်ဂိတ်ကို နီး,နီးလာတယ်။ ဘတ်စ်နဲ့သာပါသွားရင် ဘယ်နေရာကို လိုက်ချော့လို့ချော့ရမှန်းသိတာ မဟုတ်ဘူး။ လွင်ခွင့်မပြုဘဲနဲ့ လွင့်ကိုယ်ရေးရာဇဝင်ကို မသိသင့်ဘူးထင်လို့ နေသာသလိုနေခဲ့တာက ဒီလိုအချိန်မျိုးမှာတော့ ဆွဲစရာခိုစရာမရှိတဲ့ မျောက်လွှဲကျော်ဖြစ်စေတယ်။ စကားအကောင်းပြောဖို့ကျတော့ ကိုယ့်မှာကြံရာမရဘူး ဖြစ်နေတယ်။ ခြေလှမ်းမှန်မှန်နဲ့ လမ်းဆက်လျှောက်နေတဲ့လွင်က ကိုယ့်ကိုငြိုငြင်တဲ့ အရိပ်အယောင်မပြပေမဲ့ အဲ့ဒါကိုက မူမမှန်တာမို့ ကိုယ့်မှာမနေတတ် ။

"ကိုယ်ဆုံးဖြတ်ချက်ချလိုက်ပြီ လွင်..''

လွင်စိတ်ပြေဖို့က အဓိကပဲမဟုတ်လား ။ လွင်ဟာ ကိုယ်နဲ့တွေ့တဲ့အချိန်မှာ နှလုံးသားတစ်ခုလုံး အအေးမိပြီးဖျားနာနေတဲ့သူ ။ ကိုယ်ဟာ လွင့်နှလုံးသားကို အနွေးဓာတ်ပေးချင်ပေမဲ့ ကိုယ်တို့နှစ်ယောက်က အမူအကျင့်စရိုက်မှာ ဆန့်ကျင့်ဘက်မို့ ပြဿနာကတော့ ကိုယ်ငယ်ငယ်တုန်းက ခမည်းလိုလို့ဆိုပြီး အာအူးဆွဲပေးထားတဲ့ ချူလုံးလေးလိုမျိူး နေရာတကာမှာ အသံတစာစာနဲ့ တွဲလွဲပါနေလိမ့်မယ်။ဒါပေမဲ့ ချစ်မြတ်နိုးပြီး ကြင်နာချင်တဲ့ကဏ္ဍကတော့ သွေးကြောထဲမှာမျိုးပွားနေသလို ထပ်ပြီးတိုးတိုးလာရပါတယ် ကောင်လေးရယ်။

"ကိုယ် မင်းရဲ့အိမ်ကိုလိုက်ခဲ့မယ်..''

"ခင်ဗျားကို ဘယ်သူကခေါ်လို့လဲ။ မခေါ်ပါဘူး။''

ဘတ်စ်ဂိတ်ရဲ့အမိုးအောက်ကိုရောက်ပြီဆိုတော့ လွင်က သူ့ရဲ့အသံကို Volume နိမ့်သွားတယ်။ အဲ့ဒီအခြေအနေကို အမြတ်ထုတ်ဖို့အတွက် ကိုယ်ကခါးကိုင်းပြီး ကိုယ့်မျက်နှာကို လွင့်မျက်နှာနားအထိ တိုးကပ်ပစ်လိုက်တော့ ခန္ဓာကိုယ်လေးမတ်ခနဲဖြစ်သွားတဲ့ လွင့်ဆီကနေ နှင်းဆီပန်းရနံ့ကိုရှိုက်မိလို့ လွင့်မျက်နှာလေးကို လျှပ်တစ်ပြတ် ငဲ့ကြည့်လိုက်မိတယ်။

လွင်က နှင်းဆီပန်းကြိုက်လို့လား..။

ကိုယ်နဲ့ရည်းစားဖြစ်ဖူးတဲ့ကောင်လေးတွေ ၊ ရည်းစားမဖြစ်ဘဲဒိတ်ဖူးတဲ့ ကောင်လေးတွေ အများကြီးနဲ့ဆုံခဲ့ပေမဲ့ ဒီလိုမွှေးရနံ့မျိုးကို မရခဲ့ဖူးဘူး။ နှင်းဆီပန်းရနံ့ချင်းတူနေရင်တောင် ရနံ့ပြန့်တာမတူတဲ့ ကွာခြားချက်တော့ ရှိနေတယ်။ လွင့်ရဲ့နှင်းဆီရနံ့ကတော့ လေကြောသင့်မှ လွင့်လွင့်လာပြီး အဆုတ်ထဲထိ ထုံသင်းစေသလို ခံစားမှုမျိုး..။

"ကပ်မနေနဲ့လေ ''

လှည့်ကြည့်လာပြီး အံကြိတ်သံနဲ့ပြောတော့မှ နည်းနည်းခွာပေးလိုက်ရင်း အရင်နေ့တွေတုန်းက ဒီလိုအနားမကပ်ဘဲ ကြောင်သူတော်လုပ်ခဲ့မိတာကို နောင်တရချင်တယ်။ တိုးမယ့်တိုးတော့ ဘေးနားအထိပဲ ဘာလို့တိုးတော့မှာလဲ။ တစ်ကိုယ်လုံးသိမ်းကျုံးဖက်နိုင်အောင် တိုးရမှာပေါ့။ အဲ့ဒီအတွက် ခြေလက်နှုတ်လျှာ အကုန်သွက်ထားမှ ဖြစ်မယ်။

"ကိုယ့်ကို လွင့်အိမ်အထိခေါ်သွားလိုက်တော့ လွင်..''

"ကျစ်..ခင်ဗျားနဲ့ကျွန်တော်ကဘာဆိုင်လို့ အိမ်အထိခေါ်ရမှာလဲ..''

"ကိုယ် မင်းအိမ်ကိုလိုက်ရမယ့်အကြောင်းရှိတယ်။''

အသံကိုနိမ့်ပြီးစကားပြောလည်း ဒီနားတစ်ဝိုက်မှာရှိတဲ့ ကုမ္ပဏီတွေ ရှော့ပင်းစင်တာတွေ ဟိုတယ်တွေရဲ့ အလုပ်ဆင်းချိန် ဂျူတီလဲချိန်ဆိုတော့ ခရီးသည်တွေက ဘတ်စ်ဂိတ်ရဲ့ အပြင်နယ်နိမိတ်ကိုရောက်အောင် လျှံထွက်နေပြီး တစ်ယောက်နဲ့တစ်ယောက် ကပ်နေလို့ စကားတစ်ခွန်းပြောရင် အနည်းဆုံးငါးယောက်လောက်က ကြားရလိမ့်မယ်။

ကိုယ်က လွင့်ကို လူရှင်းတဲ့နေရာမှာစကားပြောဖို့ ခေါ်သားပဲ။ သူ့ဘာသာ မလိုက်ချင်တာလေ။ အခုတော့ ဘေးလူတွေက ယောင်လည်လည်နဲ့ ဘာတွေလဲဆိုပြီး အကဲခတ်လာမှ အိမ်ရှေ့မိဖုရားလှိုင်ထိပ်ခေါင်တင် အိမ်ရှေ့ကနောင်မင်းကို မျှော်သလိုမျိုး ဘတ်စ်လာမယ့်လမ်းကြောင်းကို လည်ပင်းဆန့်ပြီးမျှော်ကြည့်နေတဲ့လွင်က ကိုယ့်ဘက်ကိုလှည့်ကြည့်ရင်း သက်ပြင်းချတယ်။

"ဘာအကြောင်းလဲ..''

"ကိုယ်က လွင့်ကို အိမ်ကိုခေါ်သွားပြီး အင်္ကျီချွတ်''

"ဒီလူကတော့ !''

"အိုခေ အိုခေ..အဲ့ဒီအပိုင်းကိုကျော်ပြီး နောက်အပိုင်းကိုဆက်ပြောမယ်။ အဲ့ဒါကြောင့်ကွာ..ကိုယ့်ကို လွင့်အိမ်ကိုခေါ်သွားပြီး လွင် ကျေနပ်တဲ့အထိ ကိုယ် ဘာအဝတ်အစားမှမဝတ်ဘဲ သဘာဝအတိုင်း နေပေးမယ်။ အဲ့ဒါဆို ကိုယ်တို့ကြားမှာ ကိုယ်လုံးချွတ်ကိစ္စ ကျေပြီ..။ ဟုတ်တယ်မလား..။ ''

လွင်က ဘယ်လိုပြန်ဖြေမလဲဆိုတာကို စောင့်ဆိုင်းရင်း ကိုယ်ကတော့ ဟုတ်တယ်လို့ ယူဆတယ်။ ကိုယ့်ဘက်က ယိုယွင်းသွားတဲ့အရာတစ်ခုအတွက် ဒီအတိုင်း သဘောကောင်းပြီးကျေအေးပေးဖို့ဆိုတာ ခံပြင်းစရာကောင်းနေမှာပဲ။ မျက်လုံးတစ်ဖက်ဆိုရင် မျက်လုံးတစ်ဖက်၊ သွားတစ်ချောင်းဆိုရင် သွားတစ်ချောင်းကို ပြန်ပေးရမယ်ဆိုတဲ့ ဟမ်မူရာဘီကိုဒဥပဒေတောင် ရှိခဲ့သေးတယ်။ လွင်နဲ့သာဆိုရင်တော့ ကိုယ်ဟာ လူတွေအားလုံးကို ကျိုးကန်းမျိုးသုန်းသွားစေနိုင်တယ်ဆိုတဲ့ ဟမ်မူရာဘီကိုဒဥပဒေကို နှစ်ယောက်တည်း ကျင့်သုံးလိုက်ချင်တော့တာပါပဲ။ ကိုယ့်ကိုစိတ်မဆိုးပါနဲ့ဆိုပြီး လွင့်ကိုထပ်လျှော့ပေးဖို့ပြောနေမယ့်အစား တူညီတဲ့တုံ့ပြန့်မှုကို ပြန်ပေးလိုက်တဲ့သဘောသာ..။

"အဟွတ် အဟွတ် ''

"ခွီး ခွီး ''

ဝမ်းချုပ်လို့ ညှစ်ချနေရတဲ့မျက်နှာတွေနဲ့ ချောင်းဆိုးတော့မလိုလို ရယ်တော့မလိုလို အသံတွေက လွင်မဟုတ်ဘဲ ဘာမဆိုင်ညာမဆိုင်တဲ့လူတွေဆီက..။ သက်ဆိုင်ချင်သူလေးကတော့ ပါးပြင်နှစ်ဖက်စလုံးမှာ ဟိုက်ကာလာ(High colour)တောက်လာလိုက်တာများ နှင်းသီးမှည့်မှည့်လေးသဖွယ်။

"ခင်ဗျား သွား..သွား..''

ဒီလူရူးနေလားဆိုပြီး မွေးရာပါကို ဆောင့်ကန်ခံရတော့မယ်လို့ တွေးနေတာ။ ဒါပေမဲ့ လွင်က ကိုယ့်ရင်ဘတ်ကို သူ့လက်နှစ်ဖက်နဲ့တွန်းပြီး သူလည်း ဘတ်စ်ဂိတ်ထဲကထွက်ဖို့ပြင်နေတာမြင်တော့ မယုံနိုင်ဖြစ်မိတယ်။

တကယ်ကြီး လွင်က ကိုယ်ပြောတာကို လက်ခံလိုက်တာလား..။ မဖြစ်နိုင်တာ။

"ဘယ်..ဘယ်ကိုလဲ လွင်တို့အိမ်ကိုလား..''

"မဟုတ်ဘူး! သင်္ချိုင်းကို သင်္ချိုင်းကို ''

ရင်ဘတ်ကိုနှစ်ချက်ဆင့်ဗျင်းလာတဲ့ လက်ဖဝါးလေးက သေးသေးလေးဆိုပေမဲ့ သက်ညှာခြင်းမရှိ။ သူပဲ ''သွား..သွား''ဆိုတော့ သူ့အိမ်ကိုသွားခိုင်းတယ်ထင်တာ ကိုယ်မှားလား..။

ဘတ်စ်ဂိတ်မှာရှိတဲ့လူအုပ်ကြားထဲက ထွက်နိုင်တော့မှ ရင်ဘတ်ကိုပွတ်သပ်ပေးရတော့တယ်။ ကိုယ့်ရဲ့အနာဂတ်ခွေးကောင်လေးဟာ စိတ်တိုလာရင် ကျိုးကြောင်းမဆီလျော်စွာ ပြောဆိုတတ်သလို လက်သံမှာလည်း အလွန်တရာပြောင်မြောက်ပါကြောင်း မှတ်သားသိထားရပါတော့တယ်။

"ခင်ဗျား ကျွန်တော်နဲ့မပတ်သတ်လို့မရဘူးလား ဟင်..''

လူရှင်းမယ့်နေရာအထိ တွန်းပို့ပြီးတာနဲ့ ချက်ချင်းပြောတဲ့စကားက နှလုံးသားမှာ ချမ်းမြေ့စရာမရှိ။

"မရဘူး ''

"ကျွန်တော်ကတော့ ခင်ဗျားနဲ့မပတ်သတ်ချင်ဘူး..''

"အဲ့ဒါကတော့ မင်းကိစ္စပဲလေ ''

" ခင်ဗျား! အားးး ခင်ဗျား! ''

အဲ့ဒီမှာ အံတင်းပြီး ကြိတ်အော်တော့တာပါပဲ။ အသံထွက်ပြီး အော်ချင်လည်းအော်တော့ ။ ကိုယ့်ကိစ္စနဲ့ကိုယ် ကြွေတစ်လှည့်ကြက်တစ်ခုန်ဖြစ်နေတာကို သူ့ကိစ္စအထိ လိုက်ပြီးဆင်ခြင်နေရဦးမှာလား။

"ခင်ဗျားက တော်တော်မျက်နှာပြောင်တဲ့လူကြီးပဲ ''

ပြောချင်တာကို ရှာဖွေလိုက်နိုင်တဲ့ပုံစံနဲ့ ရန်လုပ်တယ်။ တစ်ပတ်ကြီးများကြာအောင် ကိုယ်လွမ်းခဲ့ရတဲ့ အမူအရာတွေ။လွင့်စကားတွေကို နာကျင်တာမရှိပေမဲ့ နည်းနည်းလေးပဲဖြစ်ဖြစ် လေပင့်လိုက်ချင်သေးတယ်။

"အဲ့ဒါကို Glowတယ်လို့ခေါ်တယ် ''

"ခင်ဗျား !''

သိအောင်လို့ ခွဲခြားပြောပြတော့လည်း နားထောင်မယ်မရှိဘူး။ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ခန္ဓာကိုယ်လေးက တုန်ယင်ပြီး မော့လာတဲ့လည်တိုင်မှာ သွေးကြောတွေ ကြွလာတယ်။ အဲ့ဒီ တစ်ခင်ဗျားတည်းဗျားနေတာကို ကြားကောင်းလို့ နားထောင်တယ်များ ထင်ရော့သလား..။ကိုယ်လူပျိုဖြစ်စကတည်းက အမျိုးသမီးတွေကိုနှစ်သက်တတ်တဲ့စိတ်ရှိရင် ကိုယ်မွေးမှ ကိုယ့်သားလောက်ရှိတဲ့ အကောင်ပိစိလေးက ရိုင်းနေတာတွေ။ ဒီကြားထဲ သူ့အရပ်က ကိုယ့်ကိုမီလည်းမမီဘဲနဲ့ ပခုံးချင်းယှဥ်ချင်သေးတယ်။ အံ့ဩလို့..။

"ဒေါသကြီးရင် ရုပ်ဆိုးတယ်လို့ ပြောကြတယ်။ မင်းကတော့ တစ်မျိုးနော်..။ ဒေါသကြီးနေမှ ပိုပိုပြီးချစ်စရာကောင်းတယ်။ ''

လွင့်ရဲ့အပြုအမူတွေက တစ်ခါတလေကျရင် ကြောင်ပေါက်လေးက ခြင်္သေ့မင်းရဲ့ သစ်ငုတ်ပလ္လင်ပေါ်တက်ထိုင်ပြီး တဝေါင်းဝေါင်းအော်နေတာနဲ့ တူတယ်။ သူဘယ်လိုပဲဝေါင်းပါစေ ထွက်လာတဲ့အသံက တညောင်ညောင်ဖြစ်နေတော့ အသည်းယားစရာလေးပေါ့။

"လျှာရိုးမရှိတိုင်း ပြောချင်ရာတွေပြောနေတာပဲ..''

"ကိုယ်တကယ်ပြောတာ...လွင်စိတ်တိုပြီး ကိုယ့်ကိုရန်တွေ့ရင် ပွေ့ချီပြီးနမ်းပစ်ချင်စရာလေး..။''

"ဟုတ်မှာပါ..။တစ်ချိန်လုံး သူများသားကို မနောကံနဲ့ပစ်မှားနေမယ့်လူ..။ ''

မျက်စောင်းလေးချိတ်ပြီး နှုတ်ခမ်းကိုစူထုတ်လိုက်တော့မှ ကိုယ့်မှာမသိသာအောင် ပြုံးရတယ်။ လွင်က တစ်စိမ့်စိမ့်ကြည့်လေ ၊ တစ်တိတိစလေ ချစ်ဖို့ကောင်းလေပဲ။ သံယောဇဥ်ကို လွယ်လင့်တကူ ဖယ်မထုတ်နိုင်တဲ့ လွင့်ရဲ့ နှလုံးသားလေးဟာ နွေးထွေးသင့်ပါတယ်။

"ကိုယ် လွင့်အတွက် လက်ဆောင်ပါလာတယ်။''

စကားပြောရင်းနဲ့ လက်ကိုလှမ်းဆွဲပြီးခေါ်တော့ ချက်ချင်းပဲရုန်းတယ်။ ကိုယ့်ဘာသာတောင် လွင့်လက်ကိုကိုင်လိုက်မှန်း သတိထားမိတာ မဟုတ်ဘူး။ လွင်ကရုန်းလိုက်မှ နူးညံ့သေးသွယ်တဲ့ လက်ချောင်းလေးတွေကို ဆုပ်ကိုင်ထားနိုင်ဖို့ တောင့်တမိတယ်။

"အဟမ်း..ကိုယ် ဒီလိုပဲ မရည်ရွယ်ဘဲဆွဲလိုက်မိတာ..''

"ခင်ဗျား အဲ့ဒီလိုပဲ လျှောက်လျှောက်ဆွဲနေကျမလား..''

ဒါကျတော့လည်း လှစ်ခနဲပြန်ပက်တတ်တယ်။ ခင်ဗျား ခင်ဗျားဆိုပြီး ပြန်ပြောဖို့ကို စဥ်းစားနေစရာမလိုဘူး။ မဟုတ်ရပါဘူးဆိုပြီး ရှင်းပြစေချင်လို့ မေးလိုက်တာမဟုတ်ဘဲ ကိုယ့်ကိုတမင်ရန်လုပ်နေမှန်းသိတော့ ကားကိုလက်ညှိုးညွှန်ပြရင်း လိုက်ခဲ့နော်လို့သာ ခေါ်ခဲ့ရတော့တယ်။

"အစ်ကိုအယ်လ်ဗင်..''

ကားရပ်ထားတဲ့နေရာကိုလျှောက်နေတဲ့ ခြေထောက်က ဆွဲတားခံရသလို အလိုလိုရပ်လိုက်မိတယ်။ နားကြားမှားတာလားဆိုပြီး လှည့်ကြည့်တော့ လွင်မှ လွင်အစစ်။ နေဝင်ဖျိုးဖျဆိုတော့ အပမှီတာလားဆိုပြီး ခေါင်းနားပန်းကြီးသွားတယ်။

"လွင်လေး...ဘာဖြစ်တာလဲ ''

မီးရောင်တွေက အမှောင်ညကိုလင်းစေဖို့ ပွင့်လာကြတယ်။လွင့်ပခုံးကိုလှုပ်လိုက်မိတော့ ကိုယ့်မျက်နှာကိုမော့ကြည့်လာတယ်။ နေရာမရွေ့ဘဲ ကျောပိုးအိတ်ကိုတင်းကျပ်အောင် ဆုပ်ကိုင်ထားတဲ့ လွင့်ရဲ့လက်တစ်ဖက်က တုန်ယင်ပြီး နီရဲနေတာကို LEDအလင်းကြောင့် ကောင်းစွာမြင်ရတယ်။ ကိုယ်သဘောကျရတဲ့မျက်ဝန်းတစ်စုံကတော့ မှိုင်းရီလို့နေတယ်။ ငိုတော့မယောင်နဲ့။

"ဟိုခွေးကောင်က ကျွန်တော့်ကို တစ်ခါလောက်တောင် ဆက်သွယ်မလာဘူး..''

လွင့်မျက်ရည်တွေက လွင့်စကားဆုံးအောင်စောင့်မနေဘူး လိမ့်ခနဲကျလာတယ်။ ဟိုခွေးကောင်က ဘယ်သူလဲလို့ ပြန်မေးခါနီးမှ မိုးသောက်သော်ဆိုတဲ့ကျေးဇူးရှင်ကို မှတ်မိတော့တယ်။

"ခင်ဗျားပို့တဲ့စာတွေကို မပြန်တာက ကျွန်တော်စိတ်ဆိုးလို့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်စိတ်ဆိုးတာက ခင်ဗျားမှာ တကယ့်အလုပ်ကြီးရှိနေတာကိုပဲ..။''

စကားကမရှည်ပေမဲ့ လွင်ကတော့ ခဏနားတယ်။ မျက်ရည်တွေကိုလည်း လက်ခုံနဲ့ပွတ်သုတ်လိုက်သေးတယ်။ ကိုယ်က ကြင်ကြင်နာနာနဲ့ မျက်ရည်စတွေကို ဖယ်ရှားပေးချင်ပါတယ်။ သိပ်ပြီးမစွက်ဖက်သင့်သေးတဲ့ အနေအထားကြောင့်သာ ချုပ်တည်းလိုက်ရတော့တယ်။ လွင်က မျက်ရည်ထပ်မကျတော့မှ စကားဆက်တယ်။

"အစ်ကိုအယ်လ်ဗင်က ဖုန်းခေါ်တဲ့အခါ စာပို့တဲ့အခါ...ကျွန်တော့်ဘက်က ပြန်မေးချင်နေတာက ခင်ဗျားပြန်မလာသေးဘူးလားဆိုတာလေးပဲ..။''

"မင်းက အဲ့ဒီလိုမေးချင်ရင် မေးလိုက်ပေါ့ လွင်ကလေးရဲ့..။ ''

လွင်က တခြားသူစိတ်ရှုပ်မှာကို တွေးပြီး သူ့ကိုယ်သူပင်ပန်းစေခဲ့တာပဲ။ ငိုတာခဏလေးဆိုပေမဲ့ မျက်ရည်တွေ နှပ်ရည်တွေနဲ့ ပေလူးသွားတဲ့ လွင့်ကို သပ်ရပ်အောင်လို့ ရှုပ်ပွေနေတဲ့ ဝါညိုရောင်ဆံပင်အုပ်အုပ်လေးထဲကို ကိုယ့်လက်ချောင်းတွေနှစ်ထည့်ပြီး ပုံသွင်းပေးလိုက်မိတယ်။ အဲ့ဒီလိုမှ မထိတွေ့လိုက်ရရင် ကိုယ့်လက်က အကြောသေတော့မလိုဖြစ်လာတာ။

"ကိုယ်ဖြစ်ချင်တာကို ဦးစားမပေးတာ ၊ ကိုယ်ဖြစ်ချင်တာကို ဦးစားပေးလိုက်တာ...အဲ့ဒီနှစ်ဖက်ကြားထဲမှာ ကိုယ်ဖြစ်ချင်သလို မဖြစ်နိုင်တဲ့သဘောရှိပါလားဆိုပြီး လက်ခံနိုင်ဖို့ပဲလိုအပ်တယ် လွင်..။ ကိုယ်ပြောချင်တာကို လွင်နားလည်ရဲ့လား..''

လွင်နဲ့ပတ်သတ်ပြီး တစ်ချက်ချင်းသတိထားမိတဲ့အခါ လွင့်ရဲ့တုံ့ပြန်မှုတွေက အသံထက် အမူအရာက ပိုလျင်မြန်တာကို သိလိုက်ရတယ်။ မျက်လုံးဝင့်ကြည့်တာမျိုးကို ရံဖန်ရံခါလုပ်တတ်ပြီး မေးဆတ်ပြတာကို တစ်ခါတရံလုပ်တတ်တယ်။ အခုလည်း ကိုယ့်ကိုမျက်လုံးဝင့်ပြီး ကြည့်လေတယ်။

"ကိုယ်ချက်ချင်းပြန်လာဖို့မဖြစ်နိုင်ပေမဲ့ အမြန်ဆုံးပြန်လာနိုင်အောင် ကြိုးစားလို့ရတယ် လွင်..။ အမြန်ဆုံး ပြန်ရောက်ချင်မှရောက်လိမ့်မယ်။ ဒါပေမဲ့ လွင်ဖြစ်စေချင်သလို ဖြစ်လာမလားဆိုပြီး ကြိုးစားခဲ့တာက လွင်နဲ့ကိုယ့်ကြားထဲက နွေးထွေးမှုပဲ..။ နောက်ဆိုရင် ကိုယ့်အပေါ်မှာ ပွင့်လင်းသင့်တာတွေကို ပွင့်လင်းပေးဖို့ တောင်းဆိုတယ်..။ ဘာဖြစ်လို့လဲဆိုရင်..''

ကားလမ်းတစ်ဖက်ခြမ်းမှာရှိတဲ့ ဈေးဝယ်စင်တာရဲ့ အရှေ့ခြမ်းမျက်နှာစာဆီမှ အလှဆင်မီးတွေဟာ ရုတ်ချည်းဖြာထွက်ပြီး လွင့်မျက်နှာလေးကို အပြာနုရောင်အလင်းတန်းနဲ့ ဖျန်းပက်လိုက်တယ်။ လန့်ဖျပ်သွားတဲ့ မျက်တောင်ဖျားတွေက ခတ်သွားပေမဲ့ မျက်အိမ်ငယ်ကတော့ တည်ငြိမ်တယ်။ ငြိမ်သက်နေဆဲဖြစ်တဲ့ လွင့်အနားကို ပို၍ထပ်၍တိုးကပ်ရင်း အကြည့်မလွှဲနိုင်ခဲ့။ ဆက်ရန်ကျန်သော ကိုယ့်ရဲ့စကားလုံးတွေကို ပြောပြီးတဲ့အခါမှာတော့ ထိုမျက်အိမ်ငယ်ဟာ ယိမ်းယွန်းလေတယ်။

"ကိုယ်က လွင့်ကို သေတပန်သက်တစ်ဆုံးတိုင်အောင် မေတ္တာသက်ဝင်ပြီး အကြင်နာပိုချင်လို့..''

16Dec22

A/N- Sorry For Late ><

ဘတ်စ် (Bus)လို့ပဲရေးတာကို သတိထားမိကြမယ်ထင်ပါတယ်။ တစ်ခါတုန်းက ဆရာဒေါက်တာခင်မောင်ညို့ရဲ့ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ခဲ့ရဖူးတယ်။ Busရဲ့နောက်မှာ Carထည့်စရာမလိုတော့ဘူး ။ Busနဲ့တင် သူ့အဓိပ္ပါယ်ကပြည့်စုံတယ်တဲ့။ ဒါပေမဲ့ ဒီမှာက ဘတ်စ်ကားပဲနှုတ်ကျိုးတယ်။ ဘတ်စ်ရမလား ဘတ်စ်ကားရမလားဆိုပြီး အဲ့ဒီလိုအပိုင်းတွေရေးရတိုင်း ခေါင်းပူရပါတယ်😂

➡⬇Zawgyi

ေမွ်ာ္လင့္ခ်က္ရွိတဲ့လူတစ္ေယာက္ရဲ႕ အခ်ိန္ေတြဟာ ပ်င္းရိဖြယ္မရွိဘူးဆိုပဲ..။ အေတြးအေခၚပညာရွင္တစ္ေယာက္ေယာက္က ေျပာခဲ့တာလား ၊ သာမန္လူႀကီးတစ္ေယာက္က သူ႕ဘဝအေတြ႕အႀကဳံနဲ႕ရင္းၿပီး ေျပာခဲ့တာလား..။ ဘာရယ္လို႔ အတိအက်ေတာ့မသိေပမဲ့ မွတ္သားမိတဲ့ စကားတစ္ခြန္းေတာ့ျဖစ္ခဲ့တယ္။ ဒါေပမဲ့လည္း တရားဆိုတဲ့မွန္ကန္မႈကလြဲၿပီးေတာ့ တျခားအေၾကာင္းေတြမွာ သတ္မွတ္ခ်က္တစ္ခုတည္းနဲ႕ခ်ဳပ္ကိုင္ထားလို႔မရတာကိုက စၾကာဝဠာရဲ႕တည္ရွိမႈလို႔ထင္တယ္။ အတိုင္းအတာေတြ ၊ အတိမ္အနက္ေတြက အၿမဲတမ္းေျပာင္းလဲေနတယ္။ အဲ့ဒီလိုေျပာင္းလဲမႈေတြ တစ္ရွိန္ထိုးေျပးတဲ့ကမၻာမွာ ေနထိုင္ရေတာ့ အယူအဆေတြကလည္း ေျပာင္းလဲခ်င္တိုင္း ေျပာင္းလဲေနမွာပဲ။ ထိၿငိစရာမရွိတဲ့ တျခားၿဂိဳလ္ေပၚမွာရွင္သန္ရတာထက္စာရင္ ဆြဲငင္အားရွိတဲ့ကမၻာၿဂိဳလ္ေပၚမွာ ေျပာင္းလဲမႈေတြရွိေနလည္း ထိၿငိသိေတြ႕စရာရွိတဲ့ လူသားျဖစ္ရတာ ေကာင္းပါတယ္။

အခုေတာ့ ထိၿငိသိေတြ႕မိတဲ့အေနနဲ႕ 'ေမွ်ာ္လင့္ခ်က္ရွိတဲ့'ဆိုတာက အဓိပၸါယ္မျပည့္စုံေသးဘူးလို႔ ထင္မိတယ္ ။ 'ေမွ်ာ္လင့္ခ်က္ကိုေသခ်ာဆုပ္ကိုင္ထားတဲ့'လို႔ ေျပာရင္ ပိုၿပီးအဓိပၸါယ္ရွိလိမ့္မယ္။ ပြဲအစမွာကတည္းက လြင့္ကိုခဏခဏပိတ္တီးမိသလိုျဖစ္ေနေတာ့ အမွတ္က အႏုတ္လကၡဏာဘက္မွာ တစ္အိုးတစ္အိမ္ျဖစ္ၿပီး ေမွ်ာ္လင့္ခ်က္ရွိေပမဲ့ ေသခ်ာဆုပ္ကိုင္လို႔မရနိုင္တဲ့ ကိစၥျဖစ္ေနတယ္။

အဲ့ဒီေမွ်ာ္လင့္ခ်က္က ေသခ်ာခ်င္ခ်ာ မခ်ာခ်င္လည္းေန။ ကိုယ္ကေတာ့ လြင့္ကိုျမင္ရင္ စိတ္ဆိုးေအာင္စခ်င္ေနတုန္းပဲ။ အဲ့ဒီလိုစခ်င္လာၿပီဆိုရင္ လြင္က ဘယ္လိုေန႕ရက္ေတြကိုေက်ာ္ျဖတ္ခဲ့ရတယ္ဆိုတာကို လ်စ္လ်ဴရႈမိၿပီး လြင္စိတ္ဆိုးလာရင္ ႏႈတ္ခမ္းလုံးလုံးေလးက စူထြက္လာတာ ၊ မ်က္ႏွာေလးက အနီႏုေရာင္ေသြးလာတာ ၊ မ်က္လုံးေလးေတြပိုဝိုင္းၿပီး လည္တိုင္ေက်ာ့မွာ စိမ္းျပာေရာင္ေသြးေၾကာေတြက ေျမပုံေပၚကျမစ္လက္တက္ေတြလို အခက္ဖ်ာၿပီး ႂကြလာတာကိုပဲ သိေတာ့တယ္။ ဒါေပမဲ့လည္း လြင္က သူ႕ကိုသူ အဲ့ဒီလိုအသည္းယားဖို႔ေကာင္းမွန္း မသိေလေတာ့ ကိုယ္ကစလိုက္တာဆိုေပမဲ့ လြင့္ခမ်ာမယ္ အထိနာၿပီး ကိုယ့္ကို ဝါးစားမတတ္ေလာင္ရေတာ့တာပါပဲ။

နာရီကိုငုံၾကည့္ေတာ့ ငါးနာရီထိုးဖို႔ ဆယ့္ငါးမိနစ္ေလာက္လိုေသးတယ္။ အင္တာနက္အကူအညီနဲ႕ ကမၻာ့႐ြာႀကီးကိုလည္း မပတ္ခ်င္ေတာ့ဘူး။ သူမ်ားေတြက အပ်င္းေျပဆိုၿပီး ဂိမ္းကစားၾကတယ္။ ကိုယ္က်ေတာ့ အသက္၂၀မတိုင္ခင္ကတည္းက မ်က္စိမူးလို႔ မကစားနိုင္ဘူး။ စာဖတ္ရင္ေကာင္းမလားဆိုၿပီး ေတြးမိေပမဲ့ ကိုယ့္မ်က္လုံးနဲ႕ရသစာေတြဆိုသည္မွာလည္း ငါ့ကိုဖတ္တိုင္း နင္အိပ္ေပ်ာ္ပါေစလို႔ က်ိန္စာတိုက္ခံထားရတဲ့အတိုင္းပဲ။ အိပ္ေပ်ာ္သြားမွာ စိုးရိမ္ရတယ္။ ဗဟုသုတရတဲ့စာအုပ္ေတြက်ေတာ့ တအားတတ္သိေနမွာစိုးလို႔ မဖတ္ခ်င္ျပန္ဘူး။ စာက်က္ခဲ့ရတာေတာင္ မျဖစ္မေနမို႔။ အလြန္တတ္ကြၽမ္းေတာ့လည္း အတက္ၾကဴးရင္ ဘီလူးျဖစ္တယ္လို႔ ၾကားဖူးနားဝရွိတာပဲ။

လက္ပတ္နာရီကို ေနာက္တစ္ေခါက္ငုံ႕ၾကည့္ေတာ့ ငါးမိနစ္လိုေသးတယ္။ ဘာလုပ္ရမွန္းမသိတာနဲ႕ ဖုန္းထဲက အနာဂတ္ရဲ႕ငါ့ေကာင္ေလးဆိုတဲ့ contactကို ဖြင့္ၾကည့္မိတယ္ ။ တစ္ပတ္တိတိ စာမျပန္ စကားမေျပာဘဲ ေကာက္ခ်င္တိုင္းေကာက္ေနဆဲျဖစ္တဲ့ ဆက္သြယ္မႈေလးေပါ့ဆိုၿပီး အသည္းယားသလိုလိုနဲ႕။

ငါးနာရီထိုးၿပီးလို႔ ငါးမိနစ္စြန္းတဲ့အထိ ဘတ္စ္ဂိတ္မွာ လြင့္ကိုမျမင္ရေတာ့ ေနလို႔မေကာင္းေတာ့ဘူး။ ဘတ္မွန္ကတစ္ဆင့္ ဘတ္စ္ဂိတ္ကိုစိုက္ၾကည့္ရင္း ေရဘူးကိုေမာ့ေသာက္လိုက္ေပမဲ့ ရင္ထဲမွာရွိတဲ့ ေသာကအပူရွိန္ေလးက တေငြ႕ေငြ႕နဲ႕ ပိုၿပီးအူလာတယ္။

အခုတစ္ေခါက္ရဲ႕ရန္ကုန္အျပန္ခရီးက ရာသီဥတုသိပ္မေကာင္းလို႔ အဆင္ေျပေခ်ာေမြ႕မႈနည္းခဲ့တာေတာင္ ကိုယ့္မွာ လြင့္ကိုေတြ႕ရလိမ့္မယ္ဆိုတဲ့စိတ္နဲ႕ ေပါ့ပါးခဲ့ရတယ္။ အိမ္ျပန္ေနရင္ လြင္အလုပ္ဆင္းခ်ိန္ကို မမီမွာစိုးလို႔ ကားထဲမွာအကၤ်ီလဲဝတ္ၿပီး ဒီေနရာကိုေရာက္လာမိတယ္။ လြင္က ကိုယ့္ကိုျမင္တာနဲ႕ စိတ္ဆိုးလိမ့္မယ္လို႔ေတြးထားေပမဲ့ လြင့္ကိုမေတြ႕ရင္လို႔ မေတြးထားမိေတာ့ ရင္ထဲမွာ ပိုၿပီးထိခိုက္လာတယ္။

စတီယာရင္ကို လက္ညွိုးနဲ႕ေတာက္ရင္း ဒီေန႕မွမေတြ႕ရလည္း တစ္ေန႕ေန႕ေတြ႕မွာေပါ့ကြာလို႔ စိတ္ေျဖေနတုန္းမွာ ဝါညိုေရာင္ဆံပင္နဲ႕ ဖုန္းကိုငုံ႕ၾကည့္ရင္း လမ္းေလွ်ာက္လာတဲ့ ေကာင္ေလးကို မ်က္ဝါးထင္ထင္ လွမ္းျမင္ရေတာ့တယ္။အခ်ိန္ကေတာ့ ငါးနာရီထိုးၿပီး မိနစ္ႏွစ္ဆယ္ျဖစ္ေနၿပီ။

ကားတံခါးကိုအျမန္တြန္းဖြင့္ၿပီး လြင့္ေရွ႕ေရာက္ေအာင္ ေျခလွမ္းေ႐ႊ႕ရင္း ေသာကမီးေတာက္ေလးဟာ အၫႊန့္က်ိဳးသြားရတယ္။ အဝါေရာင္ ဖရီးဆိုဒ္တီရွပ္နဲ႕ ဂ်င္းပန္ကိုဝတ္ထားၿပီး ကာတြန္း႐ုပ္ေလးေတြပါတဲ့ အျဖဴေရာင္ေက်ာပိုးအိတ္ကို ပခုံးမွာမလြယ္ဘဲ လက္တစ္ဖက္နဲ႕ဆြဲလာတယ္။ လြင္နဲ႕ကိုယ့္ရဲ႕ၾကားမွာ ခန့္မွန္းေပ၃၀ေလာက္ေဝးလိမ့္ဦးမယ္ ထင္တယ္။

လြင္ကလည္း ျဖည္းျဖည္းပဲလမ္းေလွ်ာက္လာသလို ၊ ကိုယ္ကလည္း ခပ္ေအးေအးပဲ။ ကိုယ့္ရဲ႕ေအးေဆးေနပုံက မသိရင္ လြင္ကို ကိုယ့္အကၤ်ီအိတ္ကပ္ထဲမွာ ထည့္ထားနိုင္သလိုနဲ႕ ။ ေလေတာင္ခြၽန္လိုက္မိေသးတယ္။

ကိုယ့္ဘာသာ စိတ္ေအးေနပါၿပီဆိုမွ ေကာင္ေလးတစ္ေယာက္က လြင့္ကိုလွမ္းေခၚတယ္။ လြင္က ဖုန္းကိုေဘာင္းဘီေရွ႕အိတ္ထဲ ထိုးထည့္ၿပီး အဲ့ဒီေကာင္ေလးကိုလွည့္ၾကည့္တယ္။ ဟိုေကာင္ေလးက ဘာေတြေျပာသြားလဲေတာ့မသိ ။ လြင္က စိတ္ခ်ပါဆိုတဲ့ အျပဳအမူနဲ႕ ေခါင္းတညိတ္ညိတ္လုပ္တယ္။ အဲ့ဒီေကာင္ေလးျပန္သြားေတာ့မွ ဝါညိုေရာင္ဆံပင္ေတြကို လက္နဲ႕ဆြဲဖြၿပီး ေခါင္းကိုယမ္းလိုက္တဲ့ပုံစံက အေမႊးပြေခြးေလးေတြ ေရခ်ိဳးၿပီးရင္ ေရစင္ေအာင္ခါယမ္းလိုက္တာနဲ႕တူတယ္။ ေတာ္ေတာ္ေလးကို ခ်စ္ဖို႔ေကာင္းလြန္းလို႔ ထပ္ၿပီးေတာ့ လြင္စိတ္မဆိုးေအာင္ေနခ်င္ေပမဲ့ လြင့္ကိုျမင္တာနဲ႕ ေခ်ာ့ဖို႔စီလာတဲ့စကားေတြကို စဥ္းစားလို႔မရေတာ့ဘူး။ ေနာက္ၿပီး...ကိုယ့္ရဲ႕ေျခလွမ္းကိုလည္း ဆက္တိုးလို႔မရေတာ့ဘူး။

"ခင္ဗ်ား!''

မ်က္ေမွာင္မၾကဳတ္လိုက္ခင္မွာ အံ့ဩဟန္နဲ႕ ဝိုင္းစက္သြားတဲ့မ်က္လုံးေတြကို အမိအရဖမ္းနိုင္ခဲ့ေတာ့ ေျပာမွားဆိုမွားရွိထားသမွ်ကိုလည္း ဝႏၵါမိပါဆိုၿပီး ၿပဳံးျပလိုက္မိတယ္။

"ခင္ဗ်ား ဘာလို႔ ကြၽန္ေတာ့္ကိုႏွောက္ယွက္ေနတာလဲ..''

ေအာင္မာ...၁၉၆၀တုန္းက ျမန္မာ့႐ုပ္ရွင္ပိတ္ကားထဲ ေရာက္သြားသလိုေတာင္ထင္မိတယ္။ သူကေတာ့ အပ်ိဳစင္ကြမ္းေတာင္ကိုင္ေလးျဖစ္ၿပီး ကိုယ္ကေတာ့ သူႀကီးသား လူမိုက္ႀကီးေပါ့။

"မင္းေနာ္...ကိုယ့္ကိုမစြပ္စြဲနဲ႕ ။ ကိုယ္က လူရိုးလူေအးေလး..''

"လူရိုးလူေအးဆိုတာ မသာပဲရွိတယ္။ အသက္ရွိေနတဲ့လူတိုင္း လူဆန္းလူပူေတြခ်ည္းပဲ။ ''

လြင့္စကားေျပာတဲ့ပုံစံက ဘုနဲ႕ေဘာက္ျဖစ္ေနေပမဲ့ မေက်နပ္ျခင္းနဲ႕နာက်င္ဟန္ကို မေတြ႕ရဘူး။ ကိုယ့္ကိုေတြ႕ရင္ လြင္စိတ္ဆိုးမယ္လို႔ ထင္ထားေပမဲ့ သူ႕ေရွ႕မွာပိတ္ရပ္ထားတဲ့ ကိုယ့္ကိုညင္ညင္သာသာပဲေရွာင္ၿပီး လမ္းဆက္ေလွ်ာက္တယ္။

"လြင္..''

"ဟုတ္ကဲ့"

အံ့ေတြပါဩေလာက္တယ္။ ျပန္ထူးတဲ့ေလသံေလးက အသည္းေတြအူေတြကို ဆြဲႏုတ္ျပတဲ့ မ်က္လွည့္ဆရာရဲ႕ ျပကြက္ဆန္းထက္ ပိုၿပီးဆြံ႕အအံ့ဩေနမိတယ္။ လြင္ကေလးရယ္...ကိုယ့္ရဲ႕ခ်စ္သူသာျဖစ္လိုက္ပါေတာ့။ အေနာက္ကေန ဝင္လုံးၿပီး ပါးႏွစ္ဖက္ကို တ႐ႊတ္႐ႊတ္နမ္းပစ္မွာ ။

"ကိုယ့္ကိုစိတ္မဆိုးပါနဲ႕ကြာ..''

"အခု ကြၽန္ေတာ္က စိတ္ဆိုးတဲ့ပုံစံျဖစ္ေနလို႔လား..''

မ်က္လုံးေလးကို ဖ်တ္ခနဲဝင့္ၿပီး ျပန္ေမးလိုက္တာက အကြက္လွလွယက္ထားတဲ့ ပင့္ကူေထာင္ေခ်ာက္လိုပဲ။ ေသခ်ာတယ္ ၊ လြင္ တမင္လုပ္ေနတာ။ တကယ္ကို အေနၾကပ္ၿပီး အေျဖခက္ေအာင္ လုပ္ပစ္လိုက္တဲ့ လြင္ကေလး။ စိတ္ဆိုးေနတာကိုမွ စိတ္မဆိုးပါနဲ႕ဆိုၿပီး ေခ်ာ့လို႔ရေသးတယ္။ အခုက ေခ်ာ့ရမလိုလို မေခ်ာ့ရမလိုလိုနဲ႕။

"ကိုယ္ တကယ္ေျပာတာပါ လြင္။ မင္းကို ကိုယ္လုံးခြၽတ္ေပးလိုက္တယ္ဆိုေပမဲ့..''

"ခင္ဗ်ားကေတာ့! အခုထိ မၿပီးနိုင္ေသးဘူးလား။ ''

"လြင္က စိတ္ဆိုးမွမေျပေသးဘဲ။ ကိုယ္ကရွင္းျပရမွာေပါ့။ ကိုယ္တို႔ ေသေသခ်ာခ်ာစကားေျပာလို႔ရေအာင္ ဆိုင္တစ္ဆိုင္ကို သြားရေအာင္ေနာ္..''

"ဘာစိတ္မွလည္း မဆိုးဘူး။ ခင္ဗ်ားနဲ႕ကြၽန္ေတာ့္ၾကားမွာ ေျပာစရာလည္းမရွိဘူး..။''

တျဖည္းျဖည္းနဲ႕ ေျခလွမ္းက ဘတ္စ္ဂိတ္ကို နီး,နီးလာတယ္။ ဘတ္စ္နဲ႕သာပါသြားရင္ ဘယ္ေနရာကို လိုက္ေခ်ာ့လို႔ေခ်ာ့ရမွန္းသိတာ မဟုတ္ဘူး။ လြင္ခြင့္မျပဳဘဲနဲ႕ လြင့္ကိုယ္ေရးရာဇဝင္ကို မသိသင့္ဘူးထင္လို႔ ေနသာသလိုေနခဲ့တာက ဒီလိုအခ်ိန္မ်ိဳးမွာေတာ့ ဆြဲစရာခိုစရာမရွိတဲ့ ေမ်ာက္လႊဲေက်ာ္ျဖစ္ေစတယ္။ စကားအေကာင္းေျပာဖို႔က်ေတာ့ ကိုယ့္မွာႀကံရာမရဘူး ျဖစ္ေနတယ္။ ေျခလွမ္းမွန္မွန္နဲ႕ လမ္းဆက္ေလွ်ာက္ေနတဲ့လြင္က ကိုယ့္ကိုၿငိဳျငင္တဲ့ အရိပ္အေယာင္မျပေပမဲ့ အဲ့ဒါကိုက မူမမွန္တာမို႔ ကိုယ့္မွာမေနတတ္ ။

"ကိုယ္ဆုံးျဖတ္ခ်က္ခ်လိဳက္ၿပီ လြင္..''

လြင္စိတ္ေျပဖို႔က အဓိကပဲမဟုတ္လား ။ လြင္ဟာ ကိုယ္နဲ႕ေတြ႕တဲ့အခ်ိန္မွာ ႏွလုံးသားတစ္ခုလုံး အေအးမိၿပီးဖ်ားနာေနတဲ့သူ ။ ကိုယ္ဟာ လြင့္ႏွလုံးသားကို အႏြေးဓာတ္ေပးခ်င္ေပမဲ့ ကိုယ္တို႔ႏွစ္ေယာက္က အမူအက်င့္စရိုက္မွာ ဆန့္က်င့္ဘက္မို႔ ျပႆနာကေတာ့ ကိုယ္ငယ္ငယ္တုန္းက ခမည္းလိုလို႔ဆိုၿပီး အာအူးဆြဲေပးထားတဲ့ ခ်ဴလုံးေလးလိုမ်ိဴး ေနရာတကာမွာ အသံတစာစာနဲ႕ တြဲလြဲပါေနလိမ့္မယ္။ဒါေပမဲ့ ခ်စ္ျမတ္နိုးၿပီး ၾကင္နာခ်င္တဲ့က႑ကေတာ့ ေသြးေၾကာထဲမွာမ်ိဳးပြားေနသလို ထပ္ၿပီးတိုးတိုးလာရပါတယ္ ေကာင္ေလးရယ္။

"ကိုယ္ မင္းရဲ႕အိမ္ကိုလိုက္ခဲ့မယ္..''

"ခင္ဗ်ားကို ဘယ္သူကေခၚလို႔လဲ။ မေခၚပါဘူး။''

ဘတ္စ္ဂိတ္ရဲ႕အမိုးေအာက္ကိုေရာက္ၿပီဆိုေတာ့ လြင္က သူ႕ရဲ႕အသံကို Volume နိမ့္သြားတယ္။ အဲ့ဒီအေျခအေနကို အျမတ္ထုတ္ဖို႔အတြက္ ကိုယ္ကခါးကိုင္းၿပီး ကိုယ့္မ်က္ႏွာကို လြင့္မ်က္ႏွာနားအထိ တိုးကပ္ပစ္လိုက္ေတာ့ ခႏၶာကိုယ္ေလးမတ္ခနဲျဖစ္သြားတဲ့ လြင့္ဆီကေန ႏွင္းဆီပန္းရနံ႕ကိုရွိုက္မိလို႔ လြင့္မ်က္ႏွာေလးကို လွ်ပ္တစ္ျပတ္ ငဲ့ၾကည့္လိုက္မိတယ္။

လြင္က ႏွင္းဆီပန္းႀကိဳက္လို႔လား..။

ကိုယ္နဲ႕ရည္းစားျဖစ္ဖူးတဲ့ေကာင္ေလးေတြ ၊ ရည္းစားမျဖစ္ဘဲဒိတ္ဖူးတဲ့ ေကာင္ေလးေတြ အမ်ားႀကီးနဲ႕ဆုံခဲ့ေပမဲ့ ဒီလိုေမႊးရနံ႕မ်ိဳးကို မရခဲ့ဖူးဘူး။ ႏွင္းဆီပန္းရနံ႕ခ်င္းတူေနရင္ေတာင္ ရနံ႕ျပန့္တာမတူတဲ့ ကြာျခားခ်က္ေတာ့ ရွိေနတယ္။ လြင့္ရဲ႕ႏွင္းဆီရနံ႕ကေတာ့ ေလေၾကာသင့္မွ လြင့္လြင့္လာၿပီး အဆုတ္ထဲထိ ထုံသင္းေစသလို ခံစားမႈမ်ိဳး..။

"ကပ္မေနနဲ႕ေလ ''

လွည့္ၾကည့္လာၿပီး အံႀကိတ္သံနဲ႕ေျပာေတာ့မွ နည္းနည္းခြာေပးလိုက္ရင္း အရင္ေန႕ေတြတုန္းက ဒီလိုအနားမကပ္ဘဲ ေၾကာင္သူေတာ္လုပ္ခဲ့မိတာကို ေနာင္တရခ်င္တယ္။ တိုးမယ့္တိုးေတာ့ ေဘးနားအထိပဲ ဘာလို႔တိုးေတာ့မွာလဲ။ တစ္ကိုယ္လုံးသိမ္းက်ဳံးဖက္နိုင္ေအာင္ တိုးရမွာေပါ့။ အဲ့ဒီအတြက္ ေျခလက္ႏႈတ္လွ်ာ အကုန္သြက္ထားမွ ျဖစ္မယ္။

"ကိုယ့္ကို လြင့္အိမ္အထိေခၚသြားလိုက္ေတာ့ လြင္..''

"က်စ္..ခင္ဗ်ားနဲ႕ကြၽန္ေတာ္ကဘာဆိုင္လို႔ အိမ္အထိေခၚရမွာလဲ..''

"ကိုယ္ မင္းအိမ္ကိုလိုက္ရမယ့္အေၾကာင္းရွိတယ္။''

အသံကိုနိမ့္ၿပီးစကားေျပာလည္း ဒီနားတစ္ဝိုက္မွာရွိတဲ့ ကုမၸဏီေတြ ေရွာ့ပင္းစင္တာေတြ ဟိုတယ္ေတြရဲ႕ အလုပ္ဆင္းခ်ိန္ ဂ်ဴတီလဲခ်ိန္ဆိုေတာ့ ခရီးသည္ေတြက ဘတ္စ္ဂိတ္ရဲ႕ အျပင္နယ္နိမိတ္ကိုေရာက္ေအာင္ လွ်ံထြက္ေနၿပီး တစ္ေယာက္နဲ႕တစ္ေယာက္ ကပ္ေနလို႔ စကားတစ္ခြန္းေျပာရင္ အနည္းဆုံးငါးေယာက္ေလာက္က ၾကားရလိမ့္မယ္။

ကိုယ္က လြင့္ကို လူရွင္းတဲ့ေနရာမွာစကားေျပာဖို႔ ေခၚသားပဲ။ သူ႕ဘာသာ မလိုက္ခ်င္တာေလ။ အခုေတာ့ ေဘးလူေတြက ေယာင္လည္လည္နဲ႕ ဘာေတြလဲဆိုၿပီး အကဲခတ္လာမွ အိမ္ေရွ႕မိဖုရားလွိုင္ထိပ္ေခါင္တင္ အိမ္ေရွ႕ကေနာင္မင္းကို ေမွ်ာ္သလိုမ်ိဳး ဘတ္စ္လာမယ့္လမ္းေၾကာင္းကို လည္ပင္းဆန့္ၿပီးေမွ်ာ္ၾကည့္ေနတဲ့လြင္က ကိုယ့္ဘက္ကိုလွည့္ၾကည့္ရင္း သက္ျပင္းခ်တယ္။

"ဘာအေၾကာင္းလဲ..''

"ကိုယ္က လြင့္ကို အိမ္ကိုေခၚသြားၿပီး အကၤ်ီခြၽတ္''

"ဒီလူကေတာ့ !''

"အိုေခ အိုေခ..အဲ့ဒီအပိုင္းကိုေက်ာ္ၿပီး ေနာက္အပိုင္းကိုဆက္ေျပာမယ္။ အဲ့ဒါေၾကာင့္ကြာ..ကိုယ့္ကို လြင့္အိမ္ကိုေခၚသြားၿပီး လြင္ ေက်နပ္တဲ့အထိ ကိုယ္ ဘာအဝတ္အစားမွမဝတ္ဘဲ သဘာဝအတိုင္း ေနေပးမယ္။ အဲ့ဒါဆို ကိုယ္တို႔ၾကားမွာ ကိုယ္လုံးခြၽတ္ကိစၥ ေက်ၿပီ..။ ဟုတ္တယ္မလား..။ ''

လြင္က ဘယ္လိုျပန္ေျဖမလဲဆိုတာကို ေစာင့္ဆိုင္းရင္း ကိုယ္ကေတာ့ ဟုတ္တယ္လို႔ ယူဆတယ္။ ကိုယ့္ဘက္က ယိုယြင္းသြားတဲ့အရာတစ္ခုအတြက္ ဒီအတိုင္း သေဘာေကာင္းၿပီးေက်ေအးေပးဖို႔ဆိုတာ ခံျပင္းစရာေကာင္းေနမွာပဲ။ မ်က္လုံးတစ္ဖက္ဆိုရင္ မ်က္လုံးတစ္ဖက္၊ သြားတစ္ေခ်ာင္းဆိုရင္ သြားတစ္ေခ်ာင္းကို ျပန္ေပးရမယ္ဆိုတဲ့ ဟမ္မူရာဘီကိုဒဥပေဒေတာင္ ရွိခဲ့ေသးတယ္။ လြင္နဲ႕သာဆိုရင္ေတာ့ ကိုယ္ဟာ လူေတြအားလုံးကို က်ိဳးကန္းမ်ိဳးသုန္းသြားေစနိုင္တယ္ဆိုတဲ့ ဟမ္မူရာဘီကိုဒဥပေဒကို ႏွစ္ေယာက္တည္း က်င့္သုံးလိုက္ခ်င္ေတာ့တာပါပဲ။ ကိုယ့္ကိုစိတ္မဆိုးပါနဲ႕ဆိုၿပီး လြင့္ကိုထပ္ေလွ်ာ့ေပးဖို႔ေျပာေနမယ့္အစား တူညီတဲ့တုံ႕ျပန့္မႈကို ျပန္ေပးလိုက္တဲ့သေဘာသာ..။

"အဟြတ္ အဟြတ္ ''

"ခြီး ခြီး ''

ဝမ္းခ်ဳပ္လို႔ ညွစ္ခ်ေနရတဲ့မ်က္ႏွာေတြနဲ႕ ေခ်ာင္းဆိုးေတာ့မလိုလို ရယ္ေတာ့မလိုလို အသံေတြက လြင္မဟုတ္ဘဲ ဘာမဆိုင္ညာမဆိုင္တဲ့လူေတြဆီက..။ သက္ဆိုင္ခ်င္သူေလးကေတာ့ ပါးျပင္ႏွစ္ဖက္စလုံးမွာ ဟိုက္ကာလာ(High colour)ေတာက္လာလိုက္တာမ်ား ႏွင္းသီးမွည့္မွည့္ေလးသဖြယ္။

"ခင္ဗ်ား သြား..သြား..''

ဒီလူ႐ူးေနလားဆိုၿပီး ေမြးရာပါကို ေဆာင့္ကန္ခံရေတာ့မယ္လို႔ ေတြးေနတာ။ ဒါေပမဲ့ လြင္က ကိုယ့္ရင္ဘတ္ကို သူ႕လက္ႏွစ္ဖက္နဲ႕တြန္းၿပီး သူလည္း ဘတ္စ္ဂိတ္ထဲကထြက္ဖို႔ျပင္ေနတာျမင္ေတာ့ မယုံနိုင္ျဖစ္မိတယ္။

တကယ္ႀကီး လြင္က ကိုယ္ေျပာတာကို လက္ခံလိုက္တာလား..။ မျဖစ္နိုင္တာ။

"ဘယ္..ဘယ္ကိုလဲ လြင္တို႔အိမ္ကိုလား..''

"မဟုတ္ဘူး! သခၤ်ိဳင္းကို သခၤ်ိဳင္းကို ''

ရင္ဘတ္ကိုႏွစ္ခ်က္ဆင့္ဗ်င္းလာတဲ့ လက္ဖဝါးေလးက ေသးေသးေလးဆိုေပမဲ့ သက္ညွာျခင္းမရွိ။ သူပဲ ''သြား..သြား''ဆိုေတာ့ သူ႕အိမ္ကိုသြားခိုင္းတယ္ထင္တာ ကိုယ္မွားလား..။

ဘတ္စ္ဂိတ္မွာရွိတဲ့လူအုပ္ၾကားထဲက ထြက္နိုင္ေတာ့မွ ရင္ဘတ္ကိုပြတ္သပ္ေပးရေတာ့တယ္။ ကိုယ့္ရဲ႕အနာဂတ္ေခြးေကာင္ေလးဟာ စိတ္တိုလာရင္ က်ိဳးေၾကာင္းမဆီေလ်ာ္စြာ ေျပာဆိုတတ္သလို လက္သံမွာလည္း အလြန္တရာေျပာင္ေျမာက္ပါေၾကာင္း မွတ္သားသိထားရပါေတာ့တယ္။

"ခင္ဗ်ား ကြၽန္ေတာ္နဲ႕မပတ္သတ္လို႔မရဘူးလား ဟင္..''

လူရွင္းမယ့္ေနရာအထိ တြန္းပို႔ၿပီးတာနဲ႕ ခ်က္ခ်င္းေျပာတဲ့စကားက ႏွလုံးသားမွာ ခ်မ္းေျမ့စရာမရွိ။

"မရဘူး ''

"ကြၽန္ေတာ္ကေတာ့ ခင္ဗ်ားနဲ႕မပတ္သတ္ခ်င္ဘူး..''

"အဲ့ဒါကေတာ့ မင္းကိစၥပဲေလ ''

" ခင္ဗ်ား! အားးး ခင္ဗ်ား! ''

အဲ့ဒီမွာ အံတင္းၿပီး ႀကိတ္ေအာ္ေတာ့တာပါပဲ။ အသံထြက္ၿပီး ေအာ္ခ်င္လည္းေအာ္ေတာ့ ။ ကိုယ့္ကိစၥနဲ႕ကိုယ္ ေႂကြတစ္လွည့္ၾကက္တစ္ခုန္ျဖစ္ေနတာကို သူ႕ကိစၥအထိ လိုက္ၿပီးဆင္ျခင္ေနရဦးမွာလား။

"ခင္ဗ်ားက ေတာ္ေတာ္မ်က္ႏွာေျပာင္တဲ့လူႀကီးပဲ ''

ေျပာခ်င္တာကို ရွာေဖြလိုက္နိုင္တဲ့ပုံစံနဲ႕ ရန္လုပ္တယ္။ တစ္ပတ္ႀကီးမ်ားၾကာေအာင္ ကိုယ္လြမ္းခဲ့ရတဲ့ အမူအရာေတြ။လြင့္စကားေတြကို နာက်င္တာမရွိေပမဲ့ နည္းနည္းေလးပဲျဖစ္ျဖစ္ ေလပင့္လိုက္ခ်င္ေသးတယ္။

"အဲ့ဒါကို Glowတယ္လို႔ေခၚတယ္ ''

"ခင္ဗ်ား !''

သိေအာင္လို႔ ခြဲျခားေျပာျပေတာ့လည္း နားေထာင္မယ္မရွိဘူး။ လက္သီးႏွစ္ဖက္ကို က်စ္က်စ္ပါေအာင္ဆုပ္ရင္း ခႏၶာကိုယ္ေလးက တုန္ယင္ၿပီး ေမာ့လာတဲ့လည္တိုင္မွာ ေသြးေၾကာေတြ ႂကြလာတယ္။ အဲ့ဒီ တစ္ခင္ဗ်ားတည္းဗ်ားေနတာကို ၾကားေကာင္းလို႔ နားေထာင္တယ္မ်ား ထင္ေရာ့သလား..။ကိုယ္လူပ်ိဳျဖစ္စကတည္းက အမ်ိဳးသမီးေတြကိုႏွစ္သက္တတ္တဲ့စိတ္ရွိရင္ ကိုယ္ေမြးမွ ကိုယ့္သားေလာက္ရွိတဲ့ အေကာင္ပိစိေလးက ရိုင္းေနတာေတြ။ ဒီၾကားထဲ သူ႕အရပ္က ကိုယ့္ကိုမီလည္းမမီဘဲနဲ႕ ပခုံးခ်င္းယွဥ္ခ်င္ေသးတယ္။ အံ့ဩလို႔..။

"ေဒါသႀကီးရင္ ႐ုပ္ဆိုးတယ္လို႔ ေျပာၾကတယ္။ မင္းကေတာ့ တစ္မ်ိဳးေနာ္..။ ေဒါသႀကီးေနမွ ပိုပိုၿပီးခ်စ္စရာေကာင္းတယ္။ ''

လြင့္ရဲ႕အျပဳအမူေတြက တစ္ခါတေလက်ရင္ ေၾကာင္ေပါက္ေလးက ျခေသၤ့မင္းရဲ႕ သစ္ငုတ္ပလႅင္ေပၚတက္ထိုင္ၿပီး တေဝါင္းေဝါင္းေအာ္ေနတာနဲ႕ တူတယ္။ သူဘယ္လိုပဲေဝါင္းပါေစ ထြက္လာတဲ့အသံက တေညာင္ေညာင္ျဖစ္ေနေတာ့ အသည္းယားစရာေလးေပါ့။

"လွ်ာရိုးမရွိတိုင္း ေျပာခ်င္ရာေတြေျပာေနတာပဲ..''

"ကိုယ္တကယ္ေျပာတာ...လြင္စိတ္တိုၿပီး ကိုယ့္ကိုရန္ေတြ႕ရင္ ေပြ႕ခ်ီၿပီးနမ္းပစ္ခ်င္စရာေလး..။''

"ဟုတ္မွာပါ..။တစ္ခ်ိန္လုံး သူမ်ားသားကို မေနာကံနဲ႕ပစ္မွားေနမယ့္လူ..။ ''

မ်က္ေစာင္းေလးခ်ိတ္ၿပီး ႏႈတ္ခမ္းကိုစူထုတ္လိုက္ေတာ့မွ ကိုယ့္မွာမသိသာေအာင္ ၿပဳံးရတယ္။ လြင္က တစ္စိမ့္စိမ့္ၾကည့္ေလ ၊ တစ္တိတိစေလ ခ်စ္ဖို႔ေကာင္းေလပဲ။ သံေယာဇဥ္ကို လြယ္လင့္တကူ ဖယ္မထုတ္နိုင္တဲ့ လြင့္ရဲ႕ ႏွလုံးသားေလးဟာ ႏြေးေထြးသင့္ပါတယ္။

"ကိုယ္ လြင့္အတြက္ လက္ေဆာင္ပါလာတယ္။''

စကားေျပာရင္းနဲ႕ လက္ကိုလွမ္းဆြဲၿပီးေခၚေတာ့ ခ်က္ခ်င္းပဲ႐ုန္းတယ္။ ကိုယ့္ဘာသာေတာင္ လြင့္လက္ကိုကိုင္လိုက္မွန္း သတိထားမိတာ မဟုတ္ဘူး။ လြင္က႐ုန္းလိုက္မွ ႏူးညံ့ေသးသြယ္တဲ့ လက္ေခ်ာင္းေလးေတြကို ဆုပ္ကိုင္ထားနိုင္ဖို႔ ေတာင့္တမိတယ္။

"အဟမ္း..ကိုယ္ ဒီလိုပဲ မရည္႐ြယ္ဘဲဆြဲလိုက္မိတာ..''

"ခင္ဗ်ား အဲ့ဒီလိုပဲ ေလွ်ာက္ေလွ်ာက္ဆြဲေနက်မလား..''

ဒါက်ေတာ့လည္း လွစ္ခနဲျပန္ပက္တတ္တယ္။ ခင္ဗ်ား ခင္ဗ်ားဆိုၿပီး ျပန္ေျပာဖို႔ကို စဥ္းစားေနစရာမလိုဘူး။ မဟုတ္ရပါဘူးဆိုၿပီး ရွင္းျပေစခ်င္လို႔ ေမးလိုက္တာမဟုတ္ဘဲ ကိုယ့္ကိုတမင္ရန္လုပ္ေနမွန္းသိေတာ့ ကားကိုလက္ညွိုးၫႊန္ျပရင္း လိုက္ခဲ့ေနာ္လို႔သာ ေခၚခဲ့ရေတာ့တယ္။

"အစ္ကိုအယ္လ္ဗင္..''

ကားရပ္ထားတဲ့ေနရာကိုေလွ်ာက္ေနတဲ့ ေျခေထာက္က ဆြဲတားခံရသလို အလိုလိုရပ္လိုက္မိတယ္။ နားၾကားမွားတာလားဆိုၿပီး လွည့္ၾကည့္ေတာ့ လြင္မွ လြင္အစစ္။ ေနဝင္ဖ်ိဳးဖ်ဆိဳေတာ့ အပမွီတာလားဆိုၿပီး ေခါင္းနားပန္းႀကီးသြားတယ္။

"လြင္ေလး...ဘာျဖစ္တာလဲ ''

မီးေရာင္ေတြက အေမွာင္ညကိုလင္းေစဖို႔ ပြင့္လာၾကတယ္။လြင့္ပခုံးကိုလႈပ္လိုက္မိေတာ့ ကိုယ့္မ်က္ႏွာကိုေမာ့ၾကည့္လာတယ္။ ေနရာမေ႐ြ႕ဘဲ ေက်ာပိုးအိတ္ကိုတင္းက်ပ္ေအာင္ ဆုပ္ကိုင္ထားတဲ့ လြင့္ရဲ႕လက္တစ္ဖက္က တုန္ယင္ၿပီး နီရဲေနတာကို LEDအလင္းေၾကာင့္ ေကာင္းစြာျမင္ရတယ္။ ကိုယ္သေဘာက်ရတဲ့မ်က္ဝန္းတစ္စုံကေတာ့ မွိုင္းရီလို႔ေနတယ္။ ငိုေတာ့မေယာင္နဲ႕။

"ဟိုေခြးေကာင္က ကြၽန္ေတာ့္ကို တစ္ခါေလာက္ေတာင္ ဆက္သြယ္မလာဘူး..''

လြင့္မ်က္ရည္ေတြက လြင့္စကားဆုံးေအာင္ေစာင့္မေနဘူး လိမ့္ခနဲက်လာတယ္။ ဟိုေခြးေကာင္က ဘယ္သူလဲလို႔ ျပန္ေမးခါနီးမွ မိုးေသာက္ေသာ္ဆိုတဲ့ေက်းဇူးရွင္ကို မွတ္မိေတာ့တယ္။

"ခင္ဗ်ားပို႔တဲ့စာေတြကို မျပန္တာက ကြၽန္ေတာ္စိတ္ဆိုးလို႔မဟုတ္ဘူး။ ဒါေပမဲ့ ကြၽန္ေတာ္စိတ္ဆိုးတာက ခင္ဗ်ားမွာ တကယ့္အလုပ္ႀကီးရွိေနတာကိုပဲ..။''

စကားကမရွည္ေပမဲ့ လြင္ကေတာ့ ခဏနားတယ္။ မ်က္ရည္ေတြကိုလည္း လက္ခုံနဲ႕ပြတ္သုတ္လိုက္ေသးတယ္။ ကိုယ္က ၾကင္ၾကင္နာနာနဲ႕ မ်က္ရည္စေတြကို ဖယ္ရွားေပးခ်င္ပါတယ္။ သိပ္ၿပီးမစြက္ဖက္သင့္ေသးတဲ့ အေနအထားေၾကာင့္သာ ခ်ဳပ္တည္းလိုက္ရေတာ့တယ္။ လြင္က မ်က္ရည္ထပ္မက်ေတာ့မွ စကားဆက္တယ္။

"အစ္ကိုအယ္လ္ဗင္က ဖုန္းေခၚတဲ့အခါ စာပို႔တဲ့အခါ...ကြၽန္ေတာ့္ဘက္က ျပန္ေမးခ်င္ေနတာက ခင္ဗ်ားျပန္မလာေသးဘူးလားဆိုတာေလးပဲ..။''

"မင္းက အဲ့ဒီလိုေမးခ်င္ရင္ ေမးလိုက္ေပါ့ လြင္ကေလးရဲ႕..။ ''

လြင္က တျခားသူစိတ္ရႈပ္မွာကို ေတြးၿပီး သူ႕ကိုယ္သူပင္ပန္းေစခဲ့တာပဲ။ ငိုတာခဏေလးဆိုေပမဲ့ မ်က္ရည္ေတြ ႏွပ္ရည္ေတြနဲ႕ ေပလူးသြားတဲ့ လြင့္ကို သပ္ရပ္ေအာင္လို႔ ရႈပ္ေပြေနတဲ့ ဝါညိုေရာင္ဆံပင္အုပ္အုပ္ေလးထဲကို ကိုယ့္လက္ေခ်ာင္းေတြႏွစ္ထည့္ၿပီး ပုံသြင္းေပးလိုက္မိတယ္။ အဲ့ဒီလိုမွ မထိေတြ႕လိုက္ရရင္ ကိုယ့္လက္က အေၾကာေသေတာ့မလိုျဖစ္လာတာ။

"ကိုယ္ျဖစ္ခ်င္တာကို ဦးစားမေပးတာ ၊ ကိုယ္ျဖစ္ခ်င္တာကို ဦးစားေပးလိုက္တာ...အဲ့ဒီႏွစ္ဖက္ၾကားထဲမွာ ကိုယ္ျဖစ္ခ်င္သလို မျဖစ္နိုင္တဲ့သေဘာရွိပါလားဆိုၿပီး လက္ခံနိုင္ဖို႔ပဲလိုအပ္တယ္ လြင္..။ ကိုယ္ေျပာခ်င္တာကို လြင္နားလည္ရဲ႕လား..''

လြင္နဲ႕ပတ္သတ္ၿပီး တစ္ခ်က္ခ်င္းသတိထားမိတဲ့အခါ လြင့္ရဲ႕တုံ႕ျပန္မႈေတြက အသံထက္ အမူအရာက ပိုလ်င္ျမန္တာကို သိလိုက္ရတယ္။ မ်က္လုံးဝင့္ၾကည့္တာမ်ိဳးကို ရံဖန္ရံခါလုပ္တတ္ၿပီး ေမးဆတ္ျပတာကို တစ္ခါတရံလုပ္တတ္တယ္။ အခုလည္း ကိုယ့္ကိုမ်က္လုံးဝင့္ၿပီး ၾကည့္ေလတယ္။

"ကိုယ္ခ်က္ခ်င္းျပန္လာဖို႔မျဖစ္နိုင္ေပမဲ့ အျမန္ဆုံးျပန္လာနိုင္ေအာင္ ႀကိဳးစားလို႔ရတယ္ လြင္..။ အျမန္ဆုံး ျပန္ေရာက္ခ်င္မွေရာက္လိမ့္မယ္။ ဒါေပမဲ့ လြင္ျဖစ္ေစခ်င္သလို ျဖစ္လာမလားဆိုၿပီး ႀကိဳးစားခဲ့တာက လြင္နဲ႕ကိုယ့္ၾကားထဲက ႏြေးေထြးမႈပဲ..။ ေနာက္ဆိုရင္ ကိုယ့္အေပၚမွာ ပြင့္လင္းသင့္တာေတြကို ပြင့္လင္းေပးဖို႔ ေတာင္းဆိုတယ္..။ ဘာျဖစ္လို႔လဲဆိုရင္..''

ကားလမ္းတစ္ဖက္ျခမ္းမွာရွိတဲ့ ေဈးဝယ္စင္တာရဲ႕ အေရွ႕ျခမ္းမ်က္ႏွာစာဆီမွ အလွဆင္မီးေတြဟာ ႐ုတ္ခ်ည္းျဖာထြက္ၿပီး လြင့္မ်က္ႏွာေလးကို အျပာႏုေရာင္အလင္းတန္းနဲ႕ ဖ်န္းပက္လိုက္တယ္။ လန့္ဖ်ပ္သြားတဲ့ မ်က္ေတာင္ဖ်ားေတြက ခတ္သြားေပမဲ့ မ်က္အိမ္ငယ္ကေတာ့ တည္ၿငိမ္တယ္။ ၿငိမ္သက္ေနဆဲျဖစ္တဲ့ လြင့္အနားကို ပို၍ထပ္၍တိုးကပ္ရင္း အၾကည့္မလႊဲနိုင္ခဲ့။ ဆက္ရန္က်န္ေသာ ကိုယ့္ရဲ႕စကားလုံးေတြကို ေျပာၿပီးတဲ့အခါမွာေတာ့ ထိုမ်က္အိမ္ငယ္ဟာ ယိမ္းယြန္းေလတယ္။

"ကိုယ္က လြင့္ကို ေသတပန္သက္တစ္ဆုံးတိုင္ေအာင္ ေမတၱာသက္ဝင္ၿပီး အၾကင္နာပိုခ်င္လို႔..''

16Dec22

A/N- Sorry For Late ><

ဘတ္စ္ (Bus)လို႔ပဲေရးတာကို သတိထားမိၾကမယ္ထင္ပါတယ္။ တစ္ခါတုန္းက ဆရာေဒါက္တာခင္ေမာင္ညို႔ရဲ႕ေဆာင္းပါးတစ္ပုဒ္မွာ ဖတ္ခဲ့ရဖူးတယ္။ Busရဲ႕ေနာက္မွာ Carထည့္စရာမလိုေတာ့ဘူး ။ Busနဲ႕တင္ သူ႕အဓိပၸါယ္ကျပည့္စုံတယ္တဲ့။ ဒါေပမဲ့ ဒီမွာက ဘတ္စ္ကားပဲႏႈတ္က်ိဳးတယ္။ ဘတ္စ္ရမလား ဘတ္စ္ကားရမလားဆိုၿပီး အဲ့ဒီလိုအပိုင္းေတြေရးရတိုင္း ေခါင္းပူရပါတယ္😂

Ga verder met lezen

Dit interesseert je vast

1.1M 58.2K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
500K 12K 49
အသက်ရှုသံအလိုက် စည်းချက်ညီညီလှုပ်ရှားနေသည့် ဒီလူကြီးရဲ့ရင်ခုန်သံတွေကို နားထောင်ရတာ သိပ်ကိုသဘောကျသည်။... ဟန်မင်းသိုက်+ယုခွန်းခ အသက္ရႈသံအလိုက္ စည္းခ်က...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
2.5M 177K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...