VICTORIA[ COMPLETED ]

By Ella_Yoo_Bin

85.9K 6.5K 629

I'm loyal , cruel , chill even I don't have a heart to love someone . They called me Psycho Taehyung but I c... More

1 [ Z + U ]
2 [ Z + U ]
3 [ Z + U ]
4 [ Z + U ]
5 [ Z + U ]
6 [ Z + U ]
7 [ Z + U ]
8 [ Z + U ]
9 [ Z + U ]
10 [ Z + U ]
11 [ Z + U ]
12 [ Z + U ]
13 [ Z + U ]
14 [ Z + U ]
15 [ Z + U ]
16 [ Z + U ]
17 [ Z + U ]
18 [ Z + U ]
19 [ Z + U ]
20 [ Z + U ]
21 [ Z + U ]
22 [ Z + U ]
23 [ Z + U ]
24 [ Z + U ]
25 [ Z + U ]
26[ Z + U ] FINAL
About Victoria

INTRO

11.1K 428 10
By Ella_Yoo_Bin

သတ်ပစ်ချင်မိသည်အထိ.....





" ဟုကဲ့..... "















" ဟုကဲ့..... "


































" အဖေ သားနဲ့ သားညီ‌လေး











" ဟုကဲ့ သေချာသွားပါ..... "











" ဟုကဲ့..... သခင်လေး..... "












°
°
°
°
°














သူ့ဦးတည်ရာကရော.....














VICTORIA 👑





ဒါဒါလေးတွေရေ ಥ‿ಥ









[ Unicode ]









ကြီးမားကျယ်ပြန့်သော မြက်ခင်းစိမ်းများအား ဖြတ်တိုက်လာသော လေညင်းများကို မနှစ်သက်စွာ ခံယူရင်း Taehyung လက်ထဲတွင် ကိုင်ထားသော ဝိုင်ခွက်အား ပစ်ပေါက်လိုက်၏။
ပြန့်ကြဲသွားသော ဝိုင်ခွက် အပိုင်းအစများနှင့် အနီရောင် အရည်များကား ကြမ်းပြင်ပေါ်တွင် ဆေးအရောင်ချယ်ထားသလို လှပသည်ဟု ပြောရမည်လား စက်ဆုပ်ဖွယ်ကောင်းသည်ဟု ပြောရမည်လား.....
တစ်ခါတစ်လေကျ အရာအားလုံးအား သူမုန်းပါသည်....
သတ်ပစ်ချင်မိသည်အထိ.....





" သခင်လေး ဥက္ကဌ Jeon ရောက်နေပါတယ်..... "
" အင်းမ် ဆင်းလာခဲ့မယ် ပြောလိုက်.... "
" ဟုကဲ့..... "





အိမ်တော်ထိန်း အဒေါ်ကြီးအား ပြောပီးနောက် ထိုင်ရာမှ ထကာ ပြန့်ကြဲနေသော အစိတ်အပိုင်းများအား ကျော်လွှားရင်း ထွက်လာခဲ့သည်....
မျက်နှာထားကား နူးညံ့မှုမရှိဘဲ ပကတိတည်ငြိမ်လျက်......





အောက်ထပ်သို့ ဆင်းလာသော သူအား တစ်ချက်ကြည့်ရင်း ဥက္ကဌ Jeon စောင့်နေမိသည်.....
အနားသို့ရောက်လာသော သူ.....





" ဪ ဥက္ကဌကြီးကိုယ်တိုင် လာတယ်ဆိုတော့ ဘာကိစ္စရှိလို့များ..... "
" အင်းမ် သားလေးကို ပြောစရာရှိလို့..... "
" ဟုကဲ့..... "





ဩရှရှအသံနှင့်အတူ အနားရှိ ထိုင်ခုံတွင် ‌ခြေတစ်ဖက်ချိတ်ကာ ၀င်ထိုင်သောသူ.....
ပုံစံက လူကြီးအား မထီမဲ့မြင်ပြုသည့်ပုံပေါက်နေပေမယ့် ဥက္ကဌ Jeon မပြောရဲ.....
ခု လာရင်းကိစ္စကလည်း အကူအညီတောင်းရမည်မို့ လိုရင်းကိုသာပြောဖို့ ရည်ရွယ်ထားသည်.....
သူမွေးစားထားသည့် သားပေမယ့် ငယ်စဉ်ကတည်းက အရိုင်းဆန်ကာ စိတ္တဇ ဆန်သည်မို့ ပြောသင့်မပြောသင့် ဝေခွဲရခက်နေသည်.....






" ပြောလေ ဥက္ကဌကြီး ကျွန်တော် ပီးရင် သွားစရာရှိသေးတယ်.... "





တည်ငြိမ်စွာ ပြောလာသော စကားသံကြောင့် အတွေးများက ပစ္စုပ္ပာန်ဆီ ပြန်ရောက်လာသည်....
သူသတိထားမိတော့ သူ့အား စိုက်ကြည့်နေသော သူတစ်ဦး.....
အကြည့်များက စူးရှနေပီး ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေသလို.....
နောက်တော့ မပြော‌မနေရ စကားအရ တံတွေးမြိုချကာ စကားစရသည်.....





" သားလေး အဖေ အကူအညီလေးတောင်းချင်လို့..... "
" အင်းမ် ပြောလေ... ဒါနဲ့ ကျွန်တော့်အကူအညီ ယူရမယ့် ကိစ္စက ရှိသေးလို့လား..... "
" ဟို..... မင်းညီ Jungkook လေ..... သူနဲ့ပတ်သက်လို့.... "
" ဘာလဲ သူ က ဘာပြဿနာရှာလိုက်ပြန်ပီလဲ...... ဧကန္တ မဟုတ်မှလွဲ သူနဲ့ပတ်သက်တဲ့ ကောင်မလေးတွေကို တာ၀န်ယူပေးဖို့တော့ မဟုပါဘူးနော်.... "
" ဪ အဲ အဲ့လို မဟုပါဘူး သားရယ်..... အခု အဖေ အကူအညီတောင်းတာက..... "






Mr. Jeon ပြောသင့်မပြောသင့် ချိန်ဆနေရပြန်သည်.....
သားလေးကရော လက်ခံပါ့မလား တကယ်လို့ သူ့အစီအစဉ်က.....







" အဖေ သားနဲ့ သားညီ‌လေး
ကို စေ့စပ်စေချင်တယ်..... ဒါက အလုပ်နဲ့လည်း သက်ဆိုင်နေလို့.... ခု မင်းညီ‌လေးက မိန်းခလေးတစ်ယောက်နဲ့ ပတ်သက်နေတယ် အဲ့မိန်းကလေးက အဖေတို့နဲ့ ပြိုင်ဘက် လူကြီးရဲ့ သမီးပဲ..... ဒါကြောင့် သားလေး.... "
" ဟက် ဥက္ကဌကြီး ကျွန်တော့်ကို မွေးစားခဲ့တာက ဒီလို ကိစ္စတွေကြောင့်ပေါ့ ဟုလား..... ကျွန်တော့်ကို အသုံးချခံအနေနဲ့ ဒီလိုမျိုး ပျိုးထောင်ပေးခဲ့တာလား..... ဟမ်..... "
" ဟို ဟို အဖေ ဒီလို မရည်ရွယ်ပါဘူး..... ဒါပေမယ့် ဒါပေမယ့် ဒီတစ်ခါလေးတော့..... "
" ကျွန်တော့်ကို စဉ်းစားဖို့ အချိန်လေးပေးပါ.... ပီးတော့ ကျွန်တော်က ယောကျာ်းလေးနော်.... ဥက္ကဌကြီး ဆုံးဖြတ်တာ အရမ်းလွန်သွားပီနဲ့တူတယ်..... "
" အဖေ အဖေ့မှာ သားပဲ ရှိလို့..... ဒီတစ်ခါလေးပဲ... ဒီတစ်ခါလေးပဲ..... အဖေ့ကို ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားပါ သားလေးရယ်..... "
" တော်ပါတော့ ဥက္ကဌကြီးနဲ့ မတူလိုက်တာ ဘယ်လိုများ ဒီလောက်တောင်းဆိုဖို့ သတ္တိတွေ ရှိလာရတာလဲဟင်..... လူတကာကို ခြေထောက်အောက်မှာ ထားတဲ့လူက..... "






ဒူးထောက်မည့်ဟန် ပြင်နေသော ဥက္ကဌကြီးအား ကြည့်ရင်း ထယ်ယောင်း နေရာမှ ထရပ်လိုက်၏။
မျက်လုံးများကတော့ စူးရှမှုအပြည့်ဖြင့် ကြည့်နေဆဲ.....





" အဲ့လောက် လုပ်စရာမလိုပါဘူး ဥက္ကဌကြီးရယ်..... ပြန်ပါတော့ ခင်ဗျားကို ကြည့်ရတာ ကျွန်တော်ပင်ပန်းတယ်.... "
" ဒါဆို ဒါဆို..... အဖေ တောင်းဆိုတာလေး..... "
" ကျွန်တော့်ကို အချိန်နည်းနည်းလောက်ပေးပါ.... နောက်မှ အကြောင်းကြားလိုက်မယ်..... "
" အင်းပါ ဒါဆို အဖေ သွားပီနော်.... "
" ဟုကဲ့ သေချာသွားပါ..... "






သူ့အား နှုတ်ဆက်ကာ ထွက်သွားသော ဥက္ကဌ Jeon.....
အောင်မြင်ကျော်ကြားသော Jeon Group ၏ ပဲ့ကိုင်ရှင်ဟု ပြောရမည်လား.....
မွေးစားအဖေဟု ပြောရမည်လား....
သူ့ဘ၀က မွေးကတည်းက နာကျင်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်....
ငါးနှစ်သားအရွယ်မှာတင် မိဘနှစ်ပါးလုံး လုပ်ကြံမှုကြောင့် အသက်ဆုံးသွားခဲ့ကြသည်.....
ခု လက်ရှိ ဥက္ကဌကြီးက ငယ်ငယ်ရွယ်ရွယ် ခိုးကိုးရာ မဲ့နေသော သူ့အား သားဖြစ်သူနှင့်အတူ ပျိုးထောင်ခဲ့၏။
မွေးစားအဖေ၏ ကောင်းမှုကြောင့် လှလှပပ ပြည့်ပြည့်စုံစုံ ကြီးပြင်းလာသည်ဟု ဆိုရမည်လားမပြောတတ်.....
သို့ပေမယ့် သူ့ဘ၀က အသုံးချခံ ဘ၀ဖြစ်နေခဲ့သည်.....
လူတွေနှင့် ဝေးသော နေရာတွင် ကြီးမားသော စံအိမ်ကြီးထဲမှ လူလုံးထွက်မပြဘဲ လူသိမခံရဘဲ နေရသည့်ဘ၀.....
အဖေဖြစ်သူနှင့် မိန်းခလေးများနှင့် အလေလိုက်နေသော ညီဖြစ်သူ၏ ပြဿနာများကို လိုက်ရှင်းနေရသည့်ဘ၀မို့.....
အခုလည်း မွေးစားအဖေက အကူအညီတောင်းခဲ့ပြန်ပီ.....
ဘာလို့လဲ ဘာလို့ ငါ့ကိုမှ.....
အံကြိတ်ထားသည့်ကြားမှ ပါးပြင်ပေါ်သို့ မျက်ရည်များတစ်စက်ပီးတစ်စက်ကျလာ၏။
နောက်တော့ အားတင်းကာ ထွက်ပေါ်လာသော အသံ.....





" အဒေါ်ကြီး ကျွန်တော် လေညင်းခံချင်တယ် ကားထုတ်ထားပေးပါ.... "
" ဟုကဲ့..... သခင်လေး..... "







ချိတ်ထားသော ကုတ်အကျီအား ဆွဲယူကာ အဒေါ်ကြီးကမ်းပေးသော ကားသော့အား ဆွဲယူလျက် ခြံပြင်သို့ ထွက်လာခဲ့သည်.....
ထွက်ပြေးချင်တယ် ဒီလူတွေဆီက.....
ဘာလို့ ဘာလို့ ငါ့ဘ၀က သူများ အသုံးချခံဖြစ်နေရတာလဲ.....
အရာရာ ပြည့်စုံပါလျက်နဲ့....
ကားအား တရကြမ်း မောင်းထွက်ရင်း ဦးတည်ရာကား ဟန်မြစ်ဆီ.....





°
°
°
°
°







" ဗျာ အဖေ ဘာတွေ လုပ်ပြန်ပီလဲ..... ကျွန်တော် အဲ့လို မလုပ်နိုင်ဘူး..... "
" မရဘူး Jeon Jungkook ခု သားလေးဆီက အဖြေပဲ စောင့်ရမယ်..... မင်း လွန်ဆန်ဖို့ မကြိုးစားနဲ့.... "
" ဟာဗျာ ကျွန်တော် Yura ကို ချစ်တယ် အဖေ ဘာလို့ လက်မခံပေးနိုင်ရတာလဲ.... "
" မင်း မင်း မှားနေပီ..... Han Yura ဆိုတာ မကောင်းတဲ့ မိန်းမ.... မင်း မင်း.... "
" တော်တော့ အဖေ ဆုံးဖြတ်ချင်သလိုဆုံးဖြတ် ကျွန်တော်ကတော့ လက်မခံနိုင်ဘူး..... "
" မင်း တော်တော် ဦးနှောက်မရှိတဲ့ကောင်ပဲ..... အေး နေချင်သလိုသာနေ ငါ့ဆုံးဖြတ်ချက်က ပြောင်းမှာမဟုဘူး...... "







သူထင်ရာ ပြောဆိုကာ ထထွက်သွားသော အဖေဖြစ်သူအား စိတ်ပျက်စွာ ကြည့်လျက် Jungkook ကျန်ရစ်ခဲ့သည်....
ဘာဖြစ်သလဲ Yura လို ဖြူစင်တဲ့ မိန်းခလေးကို ဘာလို့ အဖေက သဘောမကျရတာလဲ.....
ခုနောက်ထပ် ပြဿနာကို ယူဆောင်လာပြန်ပီ မွေးစားအကိုနဲ့ ယူရမယ်တဲ့.....
ယောကျာ်းချင်းချင်း အဖေ ရူးများရူးနေပီလား......
သေချာတာကတော့ အဲ့ရူးကြောင်ကြောင်အကိုကို သူ မယူနိုင်ပါ....
ငယ်စဉ်ကတည်းက စကားပြောလည်း အေးစက်စက် အသက်မရှိသည့်မျက်လုံးတွေနှင့်လူ..... သူ့မှာ အချစ်ရော ရှိပါဦးမလား ?
မွေးစားသားပေမယ့် အဖေ ဒီလောက်ထိ ပြုစုပျိုးထောင်ပေးခဲ့တာ ဒီလိုပေးစားဖို့အတွက်လား.....?
အဖြေမရှိသော မေးခွန်းတို့အား အဖြေထုတ်မနေတော့ဘဲ အိမ်ထဲမှ ပြေးထွက်ခဲ့သည်......
သူ့ဦးတည်ရာကရော.....
သေချာပါတယ် ချစ်ရသူ Yura ဆီကိုပေါ့.....








ဦးတည်ချက်တွေမတူတဲ့ ကောင်လေးနှစ်ယောက်ရဲ့ဘ၀.......
သူတို့နှစ်ဦး ရှေ့ဆက် ဘာတွေကို ရင်ဆိုင်ရဦးမလဲဆိုတာ.....






VICTORIA 👑





A/N အဟမ်း တင့်သင့်မတင်သင့်စဉ်းစားရင်း တင်လိုက်ပါတယ်ပေါ့ ဒီဟာလေးက Inferno ကို ပြန်ပြောင်းထားတာလေးပါ ဇာတ်လမ်းနဲနဲပြောင်းထားတယ်ပေါ့ ဟိုတစ်ပုဒ်ကို ခေတ္တ Un ထားပါတယ် ဖျက်တော့မဖျက်သေးပါဘူး အချိန်ကျမှ တင်မှာပါ ဒါလေးလည်း ဖတ်ပေးကြပါဦးလို့
ဒါဒါလေးတွေရေ ಥ‿ಥ
ဖတ်ရှုပေးသူတစ်ဦးချင်းဆီကို အထူးကျေးဇူးတင်လျက် ~🌸



Continue Reading

You'll Also Like

619K 8K 42
You're rafe Cameron's girlfriend. He's controlling, manipulative, and insanely jealous over you. (13/01/24) #1-Rafecameron (12/03/24) #1-Outerbanks ...
236K 5.2K 31
In wich a one night stand turns out to be a lot more than that.
117K 4.8K 40
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
480K 10.6K 56
Reneé Rapp X Reader Imagines Regina George x Reader GxG Reneé is taller and older then reader unless requested