'ဝဲ'

By La_Yaung_Nge01

98.5K 3.7K 142

အဝါရောင်ကျူးလစ်ပန်းလေးရဲ့ အဓိပ္ပာယ်က Hopeless loveတဲ့💛 အဝါေရာင္က်ဴးလစ္ပန္းေလးရဲ႕ အဓိပၸာယ္က Hopeless loveတဲ့💛 More

Intro
Part 1(U & Z)
Part 2(U & Z)
Part 3 (U & Z)
Part 5 (U & Z)
Part 6 (U & Z)
Part 7 (U & Z)
Part 8 ( U & Z )
Part 9 ( U & Z )
Part 10 ( U & Z )
Part 11 ( U & Z )
Part 12 ( U & Z )
Part 13 ( U & Z )
Part 14 ( U & Z )
Part 15 ( U & Z )
Part 16 ( U & Z )
Part 17 ( U & Z )
Part 18 ( U & Z )
Part 19 ( U & Z )
Part 20 ( U & Z )
Part 21 ( U & Z )
Part 22 ( U & Z )
Part 23 ( U & Z )
Part 24 (Final)

Part 4 (U & Z)

3.3K 154 4
By La_Yaung_Nge01

အိပ်ယာနိုးနိုးချင်း လေးလံနေသောမျက်လုံးလေးကို အားယူဖွင့်ကာ အိပ်ယာပေါ်ကို
လက်ဖြင့်စမ်းရင်း တစ်ယောက်သောသူကိုရှာဖွေနေမိသည်။ အိပ်ယာထက်တွေမရှိသောကြောင့် အခန်းထဲတွင် ရှာဖွေသော်လည်းမတွေ့ရပေ။

ဒေါက်!ဒေါက်!

"သားနိုးနေပြီလား...ဟိုသားလေးကတော့
အလုပ်ကိစ္စလေးရှိလို့ဆိုပြီး ခုနလေးတင်
ပြန်သွားတာ သားနိုးလာရင် ပြန်သွားပြီလို့ ပြောပေးပါတဲ့ ဒေါ်ကျင့်ကိုမှာသွားတယ်"

"အော်..ဟုတ်လား..သားလည်းခုမှနိုးတာပါ"

"သားစားဖို့ မနက်စာပြင်ထားတယ် ဒေါ်ကျင် wheelchair ယူခဲ့မယ်"

"ဟုတ်ကဲ့"

ပြန်သွားတာတောင် မနှုတ်ဆက်လိုက်ရဘူး
ကိုစိုင်းလည်းအလုပ်ရှူပ်နေလို့ နေမှာပေါ့။ ထင်ထားသလိုဖြစ်မလာတာကြောင့်
အနည်းငယ်တော့စိတ်ပျက်မိသား။
ဒေါ်ကျင်ယူလာတဲ့ wheelchairပေါ်ကိုတက်ပြီး မျက်နှာသစ်ဖို့အတွက် ရေချိုးခန်းထဲသွားရတော့သည်။

"သားရယ် ကြာလိုက်တာ ဒေါ်ကျင်အခုလေး
တင်ပဲ အပေါ်တက်လာတော့မလို့"

"ဒေါ်ကျင်ကလည်း အရမ်းစိတ်ပူတတ်တာပဲ"

"သားကလည်း.."

သေချာပါတယ် ဒေါ်ကျင်စိတ်မကောင်းဖြစ် သွားပြီ။ ကျနော်လည်း စားပွဲပေါ်ကအဆင်သင့်
လုပ်ထားတဲ့ ထမင်းကြော်လေးကို ခတ်စား
လိုက်သည်။ ဒီနေ့ကျမှ ထမင်းကြော်ကလည်းမကောင်းလိုက်တာ။တစ်ယောက်တည်းစားနေရတာကြောင့် အရသာမရှိတာလား မသိ။
တွေးနေတုန်းမှာပဲ ဖုန်းဝင်လာခဲ့တယ်။ 'ဥမ္ပာ'ဆိုတဲ့ ဆိုင်က ညီမလေးဖြစ်နေတယ်။

'ဟယ်လို ညီမ'

'သူဌေး..ဆိုင်ကိုလာပါအုန်း..ဒီမှာလူတွေအများကြီးပဲ သူဌေးကိုတွေ့ချင်လို့တဲ့သူဌေး
မလာမချင်း မပြန်ဘူးတဲ့'

'ဘယ်သူတွေလဲ ညီမ'

'မသိဘူး လူတွေကကြောက်စရာကောင်းတယ်'

'ဟုတ်ပြီ အစ်ကိုလာခဲ့မယ်'

'မြန်မြန်လာ..'

ဖုန်းချပြီးတာနဲ့ စားလက်စ မနက်စာကို ဆက်မစားတော့ပဲ ဦးကောင်းကို လှမ်းခေါ်လိုက်ရ
သည်။ 'ဥမ္ပာ'မှာ အားကိုးတစ်ကြီး ကျနော့်ကို လှမ်းခေါ်ရှာတာ ကျနော်မြန်မြန်သွားမှရမယ်။
ပုံမှန်ဆိုရင် ကျနော့်ကိုတွေ့ချင်တဲ့သူမရှိပါဘူး
ဘယ်သူတွေက တွေ့ချင်နေတာပါလိမ့်။
Wheelchairs နဲ့အိမ်ရှေ့ထိသွားပြီး ဦးကောင်းက ကားပေါ်တင်ပေးတယ်။

ဆိုင်ရှေ့လည်းရောက်ရော လူတွေကအများကြီးပဲ သူတို့မှာ ကင်မရာတွေနဲ့ တစ်ချို့လူတွေကလည်းဒေါသထွက်နေကြတယ်။ကျနော့်ကို
လည်းမြင်ရော အကုန်လုံးကျနော့်ဆီပြေးလာကြပြီး မေးခွန်းတွေမေးကြတယ် သူတို့ရဲ့ကင်မရာတွေနဲ့ videoတွေရိုက်နေကြတယ်။

"CEO စိုင်းထက်ဥာဏ်နဲ့ ဘယ်လိုများ
ပတ်သတ်ပါလဲ"
"ဘာလို့သူနဲ့အတူတူရှိနေရတာလဲ"
"နှစ်ယောက်သားကဘာတွေလဲ"

"မေးစရာရှိရင် သူ့ကိုသွားမေးပါ ဦးရဲ့တူက
ကျန်းမာရေးမကောင်းဘူး"

ပြောပြီး ဦးကောင်းက ဆိုင်ထဲခေါ်လာခဲ့သည်။
ဦးကောင်းသာမရှိရင်ဘာလုပ်ရမလဲတောင် သိမှာမဟုတ်ဘူး။ အခုဘာတွေဖြစ်နေတာလဲကွာ။

"ညီမလေးအဆင်ပြေရဲ့လား "

"ဟုတ် ညီမက အဆင်ပြေပါတယ်"

"အဆင်ပြေရင်ပြီးတာပဲလေ"

မနက်မိုးလင်းလို့ ဆိုင်ဖွင့်ကတည်းက သတင်းသမားတွေရောက်နေလို့ ဆိုင်တံခါးအတင်းပတ် ထားရတယ်။ဆိုင်ကိုပန်းလာဝယ်တဲ့သူတွေကို လည်းအတင်းနှင်ထုတ်တယ် အခုလည်း
ပန်းတစ်စည်းတောင်မရောင်းရသေးဘူး။ ဒီပုံစံမျိုးသာဆိုရင် ကြာရင်မွဲလို့ ငါလည်းလစာရမှာမဟုတ်ဘူး။

ဥမ္ပာဆိုတဲ့ကောင်မလေးကတော့ ရှေ့ရေးကိုတွေးပူပြီး သက်ပြင်းတွေချနေတော့သည်။

'ဟယ်လို..ကြွေရုပ်'

'ကိုစိုင်း..ဆိုင်မှာလေ သတင်းသမားတွေ မနက်ကတည်းကရောက်နေတာ ဘယ်လိုလုပ်ရမလဲ'

'ကိုယ်ဖြေရှင်းလိုက်မယ် ကြွေရုပ်ကိုနေ့လည်စာ ဖိတ်ကျွေးလို့ရမလား'

'ရပါတယ်..ကိုစိုင်း'

'အဲ့တာဆို ပြင်ဆင်ထားလိုက်တော့ ကိုယ်လာခေါ်ပြီ'

'ဟုတ်'

ဖုန်းထဲကကြွေရုပ်အသံလေး ရပ်သွားတာနဲ့ ဖုန်းချပြီး သတင်းသမားတွေကို အာရုံလွဲဖို့အတွက် အတွင်းရေးမှူးဆီ ဖုန်းဆက်လိုက်သည်။ ကားကို ကိုယ်တိုင်ပဲမောင်းပြီး ကြွေရုပ်စီ လာခဲ့သည်။ အာရုံပြောင်းထားတာမလို့ ဆိုင်မှာ
သတင်းသမားတွေမရှိတော့တာနဲ့ ကြွေရုပ်ကို
ဆိုင်ထဲကနေ ချီပြီး ကားပေါ်တင်လိုက်သည်။ wheelchair ကိုလည်းကားနောက်ခန်းထဲထည့်
ပြီးမြန်မြန်စားသောက်ဆိုင်ကိုထွက်လိုက်တယ်။

"ကြွေရုပ်..မှာစားလေ အားနာမနေနဲ့"

"ဟုတ်ကဲ့..ကိုစိုင်း ကြိုက်တာပဲမှာပါ"

"ဟိတ်..ညီလေးရေ"

ဝန်ထမ်းကောင်လေးကိုခေါ်ပြီး ကျနော့်
အကြိုက်တွေကိုမှာပေးနေတဲ့ ကိုစိုင်းကို
ငေးပြီးတော့သာ ကြည့်နေမိသည်။ ကျနော့်အပေါ်ဘာလို့ အသေးအဖွဲလေးကအစ
ဂရုစိုက်ပေးနေရတာလဲ။

*ကိုစိုင်းရဲ့ ဂရုစိုက်မှုတွေက ကျနော့်ကို
                ရင်ခုန်စေတယ်ဗျ*

​ထမင်းစားနေတာတောင် ငါးကိုအရိုးနွှင်ပြီးမှ ကျနော့်ပန်းကန်ထဲထည့်ပေးတယ်။ ကျနော့်ကို ကလေးတစ်ယောက်လို ဆက်ဆံနေတာတွေကို ရပ်တန့်သင့်နေပြီ။

"ကိုစိုင်း..တော်တော့လေ.ကျနော်ဘာသာထည့်
စားမယ်"

"ဘာဖြစ်လို့လဲ ကြွေရုပ်လေးရဲ့ ကိုယ်က
ကြွေရုပ်လေးကို ဂရုစိုက်ပေးချင်လို့ပါ"

"ဟို...ကျနော်က.."

"စကားများမနေနဲ့တော့..ဒီမှာကြွေရုပ် ကြိုက်တဲ့  ရုံးပတီသီး ချက်..ရော့.စား"

"ဟုတ်"

သူ့အကြိုက်တွေ တမင်တကာမှာထားတာ
တောင်မှ အားနာနေသေးတယ်။
အားနာရမယ့်သူတွေမှမဟုတ်တာ။ သူ့ကို ကလေးလိုဆက်ဆံတာမကြိုက်တော့ ထပ်ပြီးသူ့ပန်းကန်ထဲကို ဟင်းတွေထည့်မပေးတော့ဘဲ ငြိမ်နေလိုက်တယ်။

"ကိုစိုင်း ကားမယူတော့ဘူးလား"

"မယူတော့ဘူး ကြွေရုပ်နဲ့လျှောက်လည်ချင်လို့"

"ဟုတ်ကဲ့"

လျှောက်လည်ချင်တယ်ဆိုတာ
ဆင်ခြေသက်သက်ပါ မင်းနဲ့အနားမှာ
အတူရှိချင်လို့ပါ။

wheelchair လေးကိုတွန်းပြီး လမ်းလျှောက်
ထွက်လာလိုက်သည်။လေညှင်းလေးတွေက
လည်းတွေးဝှေ့နေသောကြောင့် ကြွေရုပ်ရဲ့
ဆံနွယ်တွေဟာ လေနဲ့အတူ လွှင့်နေဆဲပါ။

*ထိုမြင်ကွင်းလေးကိုအပေါ်စီးကနေကြည့်တာ
ဒီလောက်လှနေရင် ရှေ့တည့်တည့်က ကြည့်ရင်
ဒီထက်ပိုလှမယ်ထင်ပါရဲ့*

ကြွေရုပ်က အေးနေလို့ထင်ပါရဲ့ သူ့ရဲ့
လက်သေးသေးလေးနှစ်ဖက်နဲ့ လက်မောင်းလေးကို ဖက်ထားတယ်။

"အာ..ကိုစိုင်း ဘာလုပ်တာလဲဗျ"

"ကြွေရုပ်ချမ်းနေလို့လေ အဲ့တာကြောင့်ပါ"

ချမ်းနေလို့ ကျုပ်အနွေးထည်လေးကိုချွတ်ပြီး သူ့ကိုခြုံပေးတဲ့ဟာကို ထိုလူသားလေးက
"အားနာလိုက်တာ"ဆိုပြီး တိုးတိုးလေး ရေရွတ်
နေပြန်ပြီ။

ကျနော်ချမ်းနေတာကို ရိပ်မိသွားလို့ပဲလား။
ကိုစိုင်းကသူ့ရဲ့ အနွေးထည်လေးကိုချွတ်ပြီး ကျနော့်ကို ခြုံပေးတယ်။

"ဘာလိုလိုနဲ့ လမ်းလျှောက်လာလိုက်တာ ကန်ဘောင်တောင် ရောက်နေပြီ...ကြွေရုပ်
ထိုင်ခုံပေါ်မှာထိုင်မလား"

"ဟုတ်.."

ကိုစိုင်းရဲဲ့ မျက်နှာနဲ့ နီးကပ်တိုင်း ရင်ခုန်သံတွေကို ထိန်းချုပ်လို့မရဘူး။

"ချမ်းနေသေးလား"

"နည်းနည်းပါ"

"ဒီလိုအပြင်ကို လွတ်လွတ်လပ်လပ် မထွက်ရတာတောင် ကြာပြီပဲ"

အဲ့လိုပြောနေရင်း ကိုစိုင်းရဲ့မျက်ဝန်းထဲမှာ မျက်ရည်တွေဝဲနေခဲ့တယ်။ တစ်ခုခုကို
လွမ်းဆွတ်နေသလိုပဲ။

"ကိုစိုင်း ငိုနေတာလား"

"မငိုပါဘူး ကြွေရုပ်လေးရဲ့"

"ကျနော်လည်း ဒီလိုမျိုး တစ်ယောက်ယောက်နဲ့
အပြင်ထွက်မလည်ရတာကြာပြီ"

"အဲ့တာဆို ကိုယ်တို့အမြဲ လျှောက်လည်ကြမယ်
လေ"

"ဟုတ်ကဲ့ပါဗျ..နေတောင်ဝင်တော့မယ်နော်"

"အိမ်ပြန်ကြမယ်လေ"

နေမကောင်းတာကိုအခွင့်ကောင်းယူပြီး
ကိုစိုင်းရဲ့ပုခုံးပေါ်ကို အခွင့်ကောင်းယူရင်းမှီနေမိသည်။

အိမ်ပြန်ပို့တဲ့တစ်လျှောက်လုံး ကျုပ်ရဲ့ပုခုံးပေါ်မှာမှီရင်း"ကိုစိုင်း လက်ကျင်နေအုန်းမယ်"
လို့ပြောနေသေးသည်။ ကြွေရုပ် ကျုပ်လက်
ပေါ်မှာမှီရင် ဘယ်တော့မှ လက်မကျင်ပါဘူး။
ဒီနေ့ကျမှ ကြွေရုပ်ကတော်တော်လေး ကျုပ်
ပေါ်မှာပိုခင်တွယ်နေသလိုပဲ။

*ဒီကောင်လေး ဒီနေ့ကျမှတော်တော်လေး ချွဲနေပါလား*

"အိမ်ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးပါ ကိုစိုင်း"

"ရပါတယ်..ကြွေရုပ်ရဲ့"

"အဲ့တာဆို ကျနော်အထဲဝင်တော့မယ်နော်"

"နေအုန်း..အိမ်ထဲမဝင်ခင် ကိုယ် ကြွေရုပ်ကို
နမ်းလို့ရမလား"

"ဗျာ...ကိုစိုင်း"

ပြောနေရင်း ကျနော့်ရဲ့မျက်နှာရှေ့တိုးလာပြီး ကျနော့်ရဲ့မေးစေ့ကိုအပေါ်သို့ ပင့်ဆွဲလိုက်တယ်။ ထိုမြင်ကွင်းကို တစ်စုံတစ်ယောက်ကို မြင်သွားရင်.....

"သွားပြီဗျ..ကိုစိုင်းလည်း ပြန်တော့!"

La Yaung Nge(16.2.2022)

အိပ္ယာႏိုးႏိုးခ်င္း ေလးလံေနေသာမ်က္လုံးေလးကို အားယူဖြင့္ကာ အိပ္ယာေပၚကို
လက္ျဖင့္စမ္းရင္း တစ္ေယာက္ေသာသူကိုရွာေဖြေနမိသည္။ အိပ္ယာထက္ေတြမရွိေသာေၾကာင့္ အခန္းထဲတြင္ ရွာေဖြေသာ္လည္းမေတြ႕ရေပ။

ေဒါက္!ေဒါက္!

"သားႏိုးေနၿပီလား...ဟိုသားေလးကေတာ့
အလုပ္ကိစၥေလးရွိလို႔ဆိုၿပီး ခုနေလးတင္
ျပန္သြားတာ သားႏိုးလာရင္ ျပန္သြားၿပီလို႔ ေျပာေပးပါတဲ့ ေဒၚက်င့္ကိုမွာသြားတယ္"

"ေအာ္..ဟုတ္လား..သားလည္းခုမွႏိုးတာပါ"

"သားစားဖို႔ မနက္စာျပင္ထားတယ္ ေဒၚက်င္ wheelchair ယူခဲ့မယ္"

"ဟုတ္ကဲ့"

ျပန္သြားတာေတာင္ မႏႈတ္ဆက္လိုက္ရဘူး
ကိုစိုင္းလည္းအလုပ္ရွဴပ္ေနလို႔ ေနမွာေပါ့။ ထင္ထားသလိုျဖစ္မလာတာေၾကာင့္
အနည္းငယ္ေတာ့စိတ္ပ်က္မိသား။
ေဒၚက်င္ယူလာတဲ့ wheelchairေပၚကိုတက္ၿပီး မ်က္ႏွာသစ္ဖို႔အတြက္ ေရခ်ိဳးခန္းထဲသြားရေတာ့သည္။

"သားရယ္ ၾကာလိုက္တာ ေဒၚက်င္အခုေလး
တင္ပဲ အေပၚတက္လာေတာ့မလို႔"

"ေဒၚက်င္ကလည္း အရမ္းစိတ္ပူတတ္တာပဲ"

"သားကလည္း.."

ေသခ်ာပါတယ္ ေဒၚက်င္စိတ္မေကာင္းျဖစ္ သြားၿပီ။ က်ေနာ္လည္း စားပြဲေပၚကအဆင္သင့္
လုပ္ထားတဲ့ ထမင္းေၾကာ္ေလးကို ခတ္စား
လိုက္သည္။ ဒီေန႔က်မွ ထမင္းေၾကာ္ကလည္းမေကာင္းလိုက္တာ။တစ္ေယာက္တည္းစားေနရတာေၾကာင့္ အရသာမရွိတာလား မသိ။
ေတြးေနတုန္းမွာပဲ ဖုန္းဝင္လာခဲ့တယ္။ 'ဥမၸာ'ဆိုတဲ့ ဆိုင္က ညီမေလးျဖစ္ေနတယ္။

'ဟယ္လို ညီမ'

'သူေဌး..ဆိုင္ကိုလာပါအုန္း..ဒီမွာလူေတြအမ်ားႀကီးပဲ သူေဌးကိုေတြ႕ခ်င္လို႔တဲ့သူေဌး
မလာမခ်င္း မျပန္ဘူးတဲ့'

'ဘယ္သူေတြလဲ ညီမ'

'မသိဘူး လူေတြကေၾကာက္စရာေကာင္းတယ္'

'ဟုတ္ၿပီ အစ္ကိုလာခဲ့မယ္'

'ျမန္ျမန္လာ..'

ဖုန္းခ်ၿပီးတာနဲ႔ စားလက္စ မနက္စာကို ဆက္မစားေတာ့ပဲ ဦးေကာင္းကို လွမ္းေခၚလိုက္ရ
သည္။ 'ဥမၸာ'မွာ အားကိုးတစ္ႀကီး က်ေနာ့္ကို လွမ္းေခၚရွာတာ က်ေနာ္ျမန္ျမန္သြားမွရမယ္။
ပုံမွန္ဆိုရင္ က်ေနာ့္ကိုေတြ႕ခ်င္တဲ့သူမရွိပါဘူး
ဘယ္သူေတြက ေတြ႕ခ်င္ေနတာပါလိမ့္။
Wheelchairs နဲ႔အိမ္ေရွ႕ထိသြားၿပီး ဦးေကာင္းက ကားေပၚတင္ေပးတယ္။

ဆိုင္ေရွ႕လည္းေရာက္ေရာ လူေတြကအမ်ားႀကီးပဲ သူတို႔မွာ ကင္မရာေတြနဲ႔ တစ္ခ်ိဳ႕လူေတြကလည္းေဒါသထြက္ေနၾကတယ္။က်ေနာ့္ကို
လည္းျမင္ေရာ အကုန္လုံးက်ေနာ့္ဆီေျပးလာၾကၿပီး ေမးခြန္းေတြေမးၾကတယ္ သူတို႔ရဲ႕ကင္မရာေတြနဲ႔ videoေတြ႐ိုက္ေနၾကတယ္။

"CEO စိုင္းထက္ဥာဏ္နဲ႔ ဘယ္လိုမ်ား
ပတ္သတ္ပါလဲ"
"ဘာလို႔သူနဲ႔အတူတူရွိေနရတာလဲ"
"ႏွစ္ေယာက္သားကဘာေတြလဲ"

"ေမးစရာရွိရင္ သူ႔ကိုသြားေမးပါ ဦးရဲ႕တူက
က်န္းမာေရးမေကာင္းဘူး"

ေျပာၿပီး ဦးေကာင္းက ဆိုင္ထဲေခၚလာခဲ့သည္။
ဦးေကာင္းသာမရွိရင္ဘာလုပ္ရမလဲေတာင္ သိမွာမဟုတ္ဘူး။ အခုဘာေတြျဖစ္ေနတာလဲကြာ။

"ညီမေလးအဆင္ေျပရဲ႕လား "

"ဟုတ္ ညီမက အဆင္ေျပပါတယ္"

"အဆင္ေျပရင္ၿပီးတာပဲေလ"

မနက္မိုးလင္းလို႔ ဆိုင္ဖြင့္ကတည္းက သတင္းသမားေတြေရာက္ေနလို႔ ဆိုင္တံခါးအတင္းပတ္ ထားရတယ္။ဆိုင္ကိုပန္းလာဝယ္တဲ့သူေတြကို လည္းအတင္းႏွင္ထုတ္တယ္ အခုလည္း
ပန္းတစ္စည္းေတာင္မေရာင္းရေသးဘူး။ ဒီပုံစံမ်ိဳးသာဆိုရင္ ၾကာရင္မြဲလို႔ ငါလည္းလစာရမွာမဟုတ္ဘူး။

ဥမၸာဆိုတဲ့ေကာင္မေလးကေတာ့ ေရွ႕ေရးကိုေတြးပူၿပီး သက္ျပင္းေတြခ်ေနေတာ့သည္။

'ဟယ္လို..ေႂကြ႐ုပ္'

'ကိုစိုင္း..ဆိုင္မွာေလ သတင္းသမားေတြ မနက္ကတည္းကေရာက္ေနတာ ဘယ္လိုလုပ္ရမလဲ'

'ကိုယ္ေျဖရွင္းလိုက္မယ္ ေႂကြ႐ုပ္ကိုေန႔လည္စာ ဖိတ္ေကြၽးလို႔ရမလား'

'ရပါတယ္..ကိုစိုင္း'

'အဲ့တာဆို ျပင္ဆင္ထားလိုက္ေတာ့ ကိုယ္လာေခၚၿပီ'

'ဟုတ္'

ဖုန္းထဲကေႂကြ႐ုပ္အသံေလး ရပ္သြားတာနဲ႔ ဖုန္းခ်ၿပီး သတင္းသမားေတြကို အာ႐ုံလြဲဖို႔အတြက္ အတြင္းေရးမႉးဆီ ဖုန္းဆက္လိုက္သည္။ ကားကို ကိုယ္တိုင္ပဲေမာင္းၿပီး ေႂကြ႐ုပ္စီ လာခဲ့သည္။ အာ႐ုံေျပာင္းထားတာမလို႔ ဆိုင္မွာ
သတင္းသမားေတြမရွိေတာ့တာနဲ႔ ေႂကြ႐ုပ္ကို
ဆိုင္ထဲကေန ခ်ီၿပီး ကားေပၚတင္လိုက္သည္။ wheelchair ကိုလည္းကားေနာက္ခန္းထဲထည့္
ၿပီးျမန္ျမန္စားေသာက္ဆိုင္ကိုထြက္လိုက္တယ္။

"ေႂကြ႐ုပ္..မွာစားေလ အားနာမေနနဲ႔"

"ဟုတ္ကဲ့..ကိုစိုင္း ႀကိဳက္တာပဲမွာပါ"

"ဟိတ္..ညီေလးေရ"

ဝန္ထမ္းေကာင္ေလးကိုေခၚၿပီး က်ေနာ့္
အႀကိဳက္ေတြကိုမွာေပးေနတဲ့ ကိုစိုင္းကို
ေငးၿပီးေတာ့သာ ၾကည့္ေနမိသည္။ က်ေနာ့္အေပၚဘာလို႔ အေသးအဖြဲေလးကအစ
ဂ႐ုစိုက္ေပးေနရတာလဲ။

*ကိုစိုင္းရဲ႕ ဂ႐ုစိုက္မႈေတြက က်ေနာ့္ကို
                ရင္ခုန္ေစတယ္ဗ်*

​ထမင္းစားေနတာေတာင္ ငါးကိုအ႐ိုးႏႊင္ၿပီးမွ က်ေနာ့္ပန္းကန္ထဲထည့္ေပးတယ္။ က်ေနာ့္ကို ကေလးတစ္ေယာက္လို ဆက္ဆံေနတာေတြကို ရပ္တန႔္သင့္ေနၿပီ။

"ကိုစိုင္း..ေတာ္ေတာ့ေလ.က်ေနာ္ဘာသာထည့္
စားမယ္"

"ဘာျဖစ္လို႔လဲ ေႂကြ႐ုပ္ေလးရဲ႕ ကိုယ္က
ေႂကြ႐ုပ္ေလးကို ဂ႐ုစိုက္ေပးခ်င္လို႔ပါ"

"ဟို...က်ေနာ္က.."

"စကားမ်ားမေနနဲ႔ေတာ့..ဒီမွာေႂကြ႐ုပ္ ႀကိဳက္တဲ့  ႐ုံးပတီသီး ခ်က္..ေရာ့.စား"

"ဟုတ္"

သူ႔အႀကိဳက္ေတြ တမင္တကာမွာထားတာ
ေတာင္မွ အားနာေနေသးတယ္။
အားနာရမယ့္သူေတြမွမဟုတ္တာ။ သူ႔ကို ကေလးလိုဆက္ဆံတာမႀကိဳက္ေတာ့ ထပ္ၿပီးသူ႔ပန္းကန္ထဲကို ဟင္းေတြထည့္မေပးေတာ့ဘဲ ၿငိမ္ေနလိုက္တယ္။

"ကိုစိုင္း ကားမယူေတာ့ဘူးလား"

"မယူေတာ့ဘူး ေႂကြ႐ုပ္နဲ႔ေလွ်ာက္လည္ခ်င္လို႔"

"ဟုတ္ကဲ့"

ေလွ်ာက္လည္ခ်င္တယ္ဆိုတာ
ဆင္ေျခသက္သက္ပါ မင္းနဲ႔အနားမွာ
အတူရွိခ်င္လို႔ပါ။

wheelchair ေလးကိုတြန္းၿပီး လမ္းေလွ်ာက္
ထြက္လာလိုက္သည္။ေလညႇင္းေလးေတြက
လည္းေတြးေဝွ႔ေနေသာေၾကာင့္ ေႂကြ႐ုပ္ရဲ႕
ဆံႏြယ္ေတြဟာ ေလနဲ႔အတူ လႊင့္ေနဆဲပါ။

*ထိုျမင္ကြင္းေလးကိုအေပၚစီးကေနၾကည့္တာ
ဒီေလာက္လွေနရင္ ေရွ႕တည့္တည့္က ၾကည့္ရင္
ဒီထက္ပိုလွမယ္ထင္ပါရဲ႕*

ေႂကြ႐ုပ္က ေအးေနလို႔ထင္ပါရဲ႕ သူ႔ရဲ႕
လက္ေသးေသးေလးႏွစ္ဖက္နဲ႔ လက္ေမာင္းေလးကို ဖက္ထားတယ္။

"အာ..ကိုစိုင္း ဘာလုပ္တာလဲဗ်"

"ေႂကြ႐ုပ္ခ်မ္းေနလို႔ေလ အဲ့တာေၾကာင့္ပါ"

ခ်မ္းေနလို႔ က်ဳပ္အေႏြးထည္ေလးကိုခြၽတ္ၿပီး သူ႔ကိုၿခဳံေပးတဲ့ဟာကို ထိုလူသားေလးက
"အားနာလိုက္တာ"ဆိုၿပီး တိုးတိုးေလး ေရ႐ြတ္
ေနျပန္ၿပီ။

က်ေနာ္ခ်မ္းေနတာကို ရိပ္မိသြားလို႔ပဲလား။
ကိုစိုင္းကသူ႔ရဲ႕ အေႏြးထည္ေလးကိုခြၽတ္ၿပီး က်ေနာ့္ကို ၿခဳံေပးတယ္။

"ဘာလိုလိုနဲ႔ လမ္းေလွ်ာက္လာလိုက္တာ ကန္ေဘာင္ေတာင္ ေရာက္ေနၿပီ...ေႂကြ႐ုပ္
ထိုင္ခုံေပၚမွာထိုင္မလား"

"ဟုတ္.."

ကိုစိုင္းရဲဲ့ မ်က္ႏွာနဲ႔ နီးကပ္တိုင္း ရင္ခုန္သံေတြကို ထိန္းခ်ဳပ္လို႔မရဘူး။

"ခ်မ္းေနေသးလား"

"နည္းနည္းပါ"

"ဒီလိုအျပင္ကို လြတ္လြတ္လပ္လပ္ မထြက္ရတာေတာင္ ၾကာၿပီပဲ"

အဲ့လိုေျပာေနရင္း ကိုစိုင္းရဲ႕မ်က္ဝန္းထဲမွာ မ်က္ရည္ေတြဝဲေနခဲ့တယ္။ တစ္ခုခုကို
လြမ္းဆြတ္ေနသလိုပဲ။

"ကိုစိုင္း ငိုေနတာလား"

"မငိုပါဘူး ေႂကြ႐ုပ္ေလးရဲ႕"

"က်ေနာ္လည္း ဒီလိုမ်ိဳး တစ္ေယာက္ေယာက္နဲ႔
အျပင္ထြက္မလည္ရတာၾကာၿပီ"

"အဲ့တာဆို ကိုယ္တို႔အၿမဲ ေလွ်ာက္လည္ၾကမယ္
ေလ"

"ဟုတ္ကဲ့ပါဗ်..ေနေတာင္ဝင္ေတာ့မယ္ေနာ္"

"အိမ္ျပန္ၾကမယ္ေလ"

ေနမေကာင္းတာကိုအခြင့္ေကာင္းယူၿပီး
ကိုစိုင္းရဲ႕ပုခုံးေပၚကို အခြင့္ေကာင္းယူရင္းမွီေနမိသည္။

အိမ္ျပန္ပို႔တဲ့တစ္ေလွ်ာက္လုံး က်ဳပ္ရဲ႕ပုခုံးေပၚမွာမွီရင္း"ကိုစိုင္း လက္က်င္ေနအုန္းမယ္"
လို႔ေျပာေနေသးသည္။ ေႂကြ႐ုပ္ က်ဳပ္လက္
ေပၚမွာမွီရင္ ဘယ္ေတာ့မွ လက္မက်င္ပါဘူး။
ဒီေန႔က်မွ ေႂကြ႐ုပ္ကေတာ္ေတာ္ေလး က်ဳပ္
ေပၚမွာပိုခင္တြယ္ေနသလိုပဲ။

*ဒီေကာင္ေလး ဒီေန႔က်မွေတာ္ေတာ္ေလး ခြၽဲေနပါလား*

"အိမ္ျပန္ပို႔ေပးတဲ့အတြက္ ေက်းဇူးပါ ကိုစိုင္း"

"ရပါတယ္..ေႂကြ႐ုပ္ရဲ႕"

"အဲ့တာဆို က်ေနာ္အထဲဝင္ေတာ့မယ္ေနာ္"

"ေနအုန္း..အိမ္ထဲမဝင္ခင္ ကိုယ္ ေႂကြ႐ုပ္ကို
နမ္းလို႔ရမလား"

"ဗ်ာ...ကိုစိုင္း"

ေျပာေနရင္း က်ေနာ့္ရဲ႕မ်က္ႏွာေရွ႕တိုးလာၿပီး က်ေနာ့္ရဲ႕ေမးေစ့ကိုအေပၚသို႔ ပင့္ဆြဲလိုက္တယ္။ ထိုျမင္ကြင္းကို တစ္စုံတစ္ေယာက္ကို ျမင္သြားရင္.....

"သြားၿပီဗ်..ကိုစိုင္းလည္း ျပန္ေတာ့!"

La Yaung Nge(16.2.2022)

Continue Reading

You'll Also Like

10.7M 249K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
3.8M 158K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
569K 30.6K 19
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
1.3M 30.9K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...