"လှတာတော့ တော်တော်လှတာဟ"
"အဲ့တာကြောင့်လည်း lordရဲ့ အနာဂတ်ဇနီးလောင်းဆိုပြီး နာမည်ကြီးနေတာပေါ့"
"အရည်အချင်းကလည်းရှိတာကိုး"
အမျိုးမျိုးပြောနေကြသောစကားသံများက
ဆူညံပွက်လောရိုက်နေ၏။
Training fieldထဲ၌ နားချိန်ရောက်၍ ခဏထိုင်နားကြသောလူအစုစု၏ အာရုံကား တစ်ခုတည်းသောနေရာမှာ။
တကယ်ဆို lordနဲ့ပတ်သက်ပြီး သူတို့မှာ
ဘာမှပြောပိုင်ခွင့်မရှိ။
ပြောသည့်သူများကကိုယ့်အဖွဲ့သားများမဟုတ်ဘဲ တခြားအဖွဲ့သားများဖြစ်နေလို့သာ Ianဘာမှဝင်မပြောဖြစ်။
ကိုယ့်အဖွဲ့ကဆိုလျှင်တော့ သူနရင်းအုပ်ပစ်လိုက်ပြီ။
အဖွဲ့သားများကြည့်လိုက်မိတော့ ငြိမ်သက်ကာအကဲခတ်နေကြလေသည်။
"Ian မင်းဘယ်လိုမြင်လဲ"
"ဘာကို"
"Lordရဲ့ ဇနီးလောင်းကိုလေ"
"ဘယ်လိုမြင်ရမှာလဲ။Lordရဲ့ဇနီးလေ
ငါ့ဇနီးမှမဟုတ်တာ"
Owanမေးလာသောအမေးအားဖြေလိုက်ကာအကြည့်များက Lord၏ အိမ်ဘက်သို့ရောက်သွား၏။
အိမ်တော်၏လမ်းမထက်၌ ဖြည်းဖြည်းချင်းလမ်းလျှောက်နေရင်း
Evanနှင့်စကားပြောနေသောအမျိုးသမီးတစ်ဦး။
ဟုတ်သည်။
ဂိုဏ်းသားများပြောသလို ထိုအမျိုးသမီးသည် လှ၏။ပြီးတော့ ချော၏။
Evanနဲ့စကားပြောနေရင်း ရယ်နေသော
ထိုအမျိုးသမီး၏ ပုံစံသည် လွတ်လပ်ပေါ့ပါးနေသလိုလို။
ရွှေအိုရောင်ဆံနွယ်ခွေခွေများကို ဖြန့်ချထားပြီး အနက်ရောင်အင်္ကျီကိုယ်ကျပ်ဝတ်ဆင်ထားသည်မို့ ခန္ဓာကိုယ်အချိုးအစားကလည်း ပြေပြေပြစ်ပြစ်။
Lord Frederickရဲ့ အကြိုက်ဟာ ဒီလိုပုံစံတဲ့လား။သူမထင်ခဲ့။
သူထင်ခဲ့တာက lordဟာ ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသမီးတွေကိုသဘောကျမယ်လို့လေ။
Ianပြုံးလိုက်မိသည်။
အချိန်တန်ရင် မြင်ရ၊ကြားရမယ်ဆိုတာသိခဲ့ပေမယ့်
အခုလို လက်တွေ့မြင်လိုက်ရပြန်တော့လည်း
နာကျင်ရပြန်သည်။
Mission မအောင်မြင်၍ lord အပြစ်ပေးသောအချိန်၊ lordထံမှ စကားလုံးရင့်ရင့်များကြားရချိန်ကထက်တောင် နာကျင်ရပါသည်။
လွယ်လွယ်နဲ့ချစ်ခဲ့ရတာမဟုတ်ပေမယ့်
ရပ်တန့်သင့်ပြီထင်တယ်။
အနည်းဆုံးတော့ မကြာခင်ပိုင်ဆိုင်သူ ရှိတော့မယ့် လူတစ်ယောက်အပေါ်မှာ သူမပြစ်မှားသင့်ဘူးလေ။
/////////////////////////////////////////////////////////////////
"မတွေ့တာကြာပြီနော် Evan"
"အင်း 5နှစ်လောက်ရှိပြီထင်တယ်"
"တော်တော်အိုသွားတာပဲ"
"အသက်တွေကကြီးလာပြီလေ။မမလေးလို
ကမ္ဘာအနှံ့ခရီးထွက်နေတဲ့သူမဟုတ်တာ။
နေ့တိုင်း Lordရဲ့ အမိန့်ကြားမှာနစ်မြုပ်နေတဲ့သူကိုး"
ရယ်သည်။
Evanပြောလိုက်တော့ Oliviaက သဘောတကျကိုရယ်သည်။
"အလုပ်တာဝန်တွေပိနေလို့ အိုစာတာမြန်တယ်လို့ပြောကြေးဆို Frederickကရော။
ရှင်တို့ရဲ့ Lordကျတော့လည်း 35နှစ်ပြည့်ပြီးတာတောင် ချောမောခန့်ငြားပြီး သွက်လက်နေတုန်းနော်"
Evan ဘာမှဆက်မပြော။
ပြောလည်းမပြောနိုင်တော့။
ဘယ်တုန်းကများ Oliviaကို သူနိုင်အောင်ပြောခဲ့ဖူးလို့လဲ။
မနိုင်မယ့်အတူတူ ဘာမှမပြောတာက အဆင်ပြေပါသည်။
"ခုဆို Europe မှာ Frederick
ကတော်တော်ကိုဩဇာရှိနေပြီ။အမှောင်၊အလင်း နှစ်ဘက်လုံးရဲ့ခေါင်းကြီးပိုင်းတွေတောင် သူနဲ့လွတ်ကင်းတဲ့သူတွေမရှိကြဘူး"
"ဩဇာကြီးသလို မလိုသူတွေကလည်းပေါသား။သူတို့မလှုပ်နိုင်အောင် ထိန်းချုပ်ထားနိုင်လို့သာ အေးချမ်းနေတာ။ဒါတောင်
တစ်ခါတစ်လေ အဖွဲ့သားတွေက missionမျိုးစုံနဲ့ တိုက်ခိုက်နေကြရတုန်း"
မှန်သည်။
Europeမှာ lordရဲ့ ဩဇာက ကြီးမားလာသည်မှာ ကြောက်ခမန်းလိလိ။
အာဏာ၊ငွေကြေး၊လက်နက် အရာအားလုံးရဲ့အထက်မှာ ရှိနေသည့်သူ မလို့ တော်တန်လူသည် lordအားထိဖို့မပြောလေနှင့် lord၏ ဂိုဏ်းသားတစ်ယောက်ကိုပင် ထိဖို့ဝန်လေးကြ၏။
"ဟိုတစ်ခေါက်က ကျွန်မ North Macedonia နယ်စပ်ရောက်သွားသေးတယ်"
"အင်း"
"သိတာလား"
သိတာပေါ့ဆိုသည့်ပုံစံဖြင့် ပုခုံးတွန့်ပြလိုက်တော့ ထင်သားပဲဆိုသည့်ပုံစံဖြင့်။
"အဲ့တာကြောင့်ဖြစ်မယ် ပြဿနာတွေဖြစ်တဲ့ညက ကျွန်မကိုတစ်စက်ကလေးမှမထိလိုက်ကြတဲ့အပြင် Macedonian Authorities တွေတောင်လာလိုက်ကြသေးတယ်။အဲ့တာကြောင့် စိတ်ထဲမှာတော့တွေးမိသား တစ်ခုခုတော့ တစ်ခုခုပဲဆိုပြီးတော့လေ"
"အဆင်ပြေခဲ့တယ်မလား။"
"အင်း အားလုံးကရိုရိုကျိုးကျိုးပါပဲ။သိပ်တော့မလှုပ်ရဲကြဘူးပေါ့ ဟွန်း။"
"Lordရဲ့အကူအညီမပါဘဲ မင်းတစ်ယောက်တည်းဆိုလည်းဖြေရှင်းနိုင်မှာပါ။ဒါမျိုးတွေက မင်းပိုင်ပြီးသားပဲ"
"Oliviaကို အဲ့လောက်အထင်မကြီးနဲ့ bro..
ကျွန်မက land countriesတွေကိုပဲပိုင်တာ"
ဟုဆိုကာ ပြောပြီးထွက်သည့် Olivia...
လွတ်လွတ်လပ်လပ်သာနေတတ်သည့်
Oliviaက မြွေပွေးကဲ့သို့အဆိပ်ပြင်းသည့် အမျိုးသမီးတစ်ဦး။
Land countries ဟု အတိုကောက်ခေါ်သည့်
Finland,Poland,Switzerland,Iceland,
New Zealand,Netherlands..
စသည့်နိုင်ငံ(6)နိုင်ငံတွင်လည်း Olivia၏ အာဏာနှင့် လုပ်ပိုင်ခွင့်က တော်ရုံမဟုတ်။
အဓိက ကတော့ Oliviaရဲ့နောက်မှာ lordကရှိနေခြင်း။
Frederick က Lord of all ဆိုလျှင်
Olivia ကတော့ လုံးဝမထိသင့်တဲ့ မြွေပွေးမပင်။
////////////////////////////////////////////////////////////////
"မနက်ဖြန် Nဂိုဏ်းဘက်က အရောင်းအဝယ်နဲ့ပတ်သက်ပြီးဆက်သွယ်လာလိမ့်မယ်"
"ဟုတ်ကဲ့"
အိမ်တော်၏ ညမီးရောင်လင်းထိန်ထိန်များမှတစ်ဆင့်
Dormitory သို့ပြန်နေသော Ian၏
ခြေလှမ်းများကအရှေ့မှ ပေါ်လာသည့်လူနှစ်ယောက်နှင့်စကားသံများကြောင့် အလိုလိုရပ်တန့်သွားရသည်။
မကြားရတာ တစ်ပတ်လောက်ရှိနေပြီဖြစ်သည့်အသံ။
ထိုအသံသည် အရင်လို သူတစ်ပါးကိုအလိုလိုနာခံစေနိုင်သောအားမာန်ပါဆဲ။
လင်းနေသောမီးရောင်အောက်၌ တစ်ရွေ့ရွေ့လျှောက်လှမ်းလာသည့် lord၏ တည်ကြည်ခန့်ငြားသောမျက်နှာ။
အင်း အရင်လိုလဲချောမောနေဆဲ။
အလုပ်နဲ့လက် မပြတ်သည့်တိုင်၊
အမြဲ အိပ်ချိန်မမှန်တတ်သည့်တိုင်
Lordသည် ချောမောမှုက နည်းပါးသွားခြင်း
မရှိ။
အချိန်ပြည့်အလုပ်လုပ်နေသူက အခုလည်း
လမ်းသွားရင်းနဲ့ အလုပ်အကြောင်းသာပြောသွား၏။
ဆွစ်ဇာလန်ကနေ ညတွင်းချင်းကြီးပြန်လာပုံထောက်ရင်တော့ အိမ်တော်သို့ရောက်နေသည့်မဟေသီကြောင့်ဖြစ်နိုင်၏။
စကားပြောရင်း လျှောက်လှမ်းလာသူက Ianကိုမြင်ပုံမရ။
လက်ထဲရှိဖိုင်များကိုသာ ငုံ့ကြည့်နေရင်းနှင့်။
မြင်သည်ဖြစ်စေ မမြင်သည်ဖြစ်စေ
Lord ကိုမြင်လျှင်အလိုလိုဦးညွတ်တတ်သည့်သူက အခုလည်းအရိုအသေပေးလိုက်၏။
အနားရောက်လာကာမှ Ianကိုမြင်သွားပုံရပြီး
Ianအရိုအသေပြုတာကိုမြင်လိုက်တော့
တစ်ချက်သာ လှည့်ကြည့်လာ၏။
ဘာမှတော့မပြော။
Evanနှင့်သာပြောလက်စ စကားကိုဆက်ပြောကာလျှောက်သွား၏။
သို့ပါသော်လည်း
Ianရပ်နေသည့်နေရာမှ သုံးလေးလှမ်းလောက် ကျော်သွားချိန်မှာတော့ lordက ရပ်တန့်သွားကာ Ianကိုပြန်လှည့်ကြည့်လာ၏။
"Ian"
Lordနဲ့ဆို အမြဲသတိကြီးစွာထားနေရသည့်သူက အခုလည်း ခေါ်သံတစ်ခွန်းကြောင့်
ဆုပ်ထားသည့်လက်သီးများက မသိမသာ တင်းကြပ်သွား၏။
"ဟုတ်ကဲ့"
"ပြီးရင် ရုံးခန်းကိုလာခဲ့ဦး"
Ianခေါင်းညိတ်ပြလိုက်သည်။
12.12.2022(22hr13min)
(တကယ်တော့ ဒီနေ့က အမှတ်တရနေ့တစ်နေ့ပါဘဲ။အလုပ်ကိစ္စရှိလို့သွားရင်း မော်ဒယ်အကိုကြီးတစ်ယောက်နဲ့တွေ့ခဲ့တာ။
ပြောရရင် ဖောလင်းအင်လပ် သွားတယ်လို့ဆိုရမလား။
မျက်လုံးချင်းလည်းခဏခဏဆုံတဲ့အပြင် အခန့်မသင့်ဘဲ သူ့ရင်ခွင်ထဲတောင်ရောက်လုနီးပါးဖြစ်ခဲ့လို့
အိမ်ပြန်ရောက်တည်းက လူကသူ့အကြောင်းတွေးရင်း တဟိဟိဖြစ်နေတာ။
အခုလည်း စာရိုက်ရင်းလူက တဟိဟိ။
တကယ်တော့ မနေ့တည်းကတင်ပေးမလို့ပါဘဲ။အပြီးမသတ်ရသေးလို့ အခုပဲတင်ပေးလိုက်ပါတယ်ဗျာ)
///////////////////////////
///////////////////////////////////////////////////////////////