လေယာဥ်ကွင်းမှာ ဒေါ်ကြီးတိုးကိုကြိုပြီး သန့် စံအိမ်တော်ကို တစ်ခါတည်းမောင်းခဲ့သည်။သန့် မြန်မာပြည် ပြန်ရောက်ပြီးကတည်းက ကုမ္ပဏီမှာပဲနေတော့ အိမ်ကို တစ်ခါပဲ လာကြည့်ဖြစ်သေးသည်။
"သန့်လေးမျက်နှာလေး ချောင်ကျနေသလိုပဲ။ထမင်းရော များများစားရဲ့လား ကလေး"
"စားဘူး။ကုမ္ပဏီကချက်တာ ဒေါ်ကြီးချက်သလိုမှ မကောင်းတာ။ဒေါ်ကြီး သန့်နဲ့လိုက်နေမလား၊အိမ်မှာပဲ နေခဲ့မလား"
"သန့်လေးနဲ့ နေဖို့က ကုမ္ပဏီမှာ နောက်တစ်ခန်းစီစဥ်နေရဦးမယ်။အိမ်မှာပဲနေမယ်လေ။ခြံထဲ အပင်တွေ ပြန်ပြင်စိုက်ဖို့နဲ့အိမ်မှာကောင်မလေးနှစ်ယောက်လောက်ပြန်ခေါ်ဖို့လည်း ဦးဝေနဲ့တိုင်ပင်ရဦးမယ်။သန့်လေး ညဘက် အိမ်ပြန်အိပ်မလား။ဒေါ်ကြီး အခန်းသေချာပြန်လုပ်ပေးမယ်။"
"နေ့တိုင်းတော့မပြန်ဘူး။အားတဲ့အချိန် မကြာ မကြာ ပြန်လာမယ်။ကောင်မလေးတွေက ဘာလို့ပြန်ခေါ်မို့လဲ ဒေါ်ကြီး။အိမ်မှာလူလည်းရှိတာမဟုတ်ပဲနဲ့"
"ဒါဆို ထမင်းချိုင့်နေ့တိုင်းပို့ခိုင်းလိုက်မယ်။ကလေးကြိုက်တတ်တဲ့ဟင်းတွေချည်း ချက်ပေးမှာ ဒေါ်ကြီးက။ကောင်မလေးတွေက ပြန်ခေါ်လိုက်မှရမယ် သန့်လေး။သန့် ကိုကြီးက ဒီမှာပဲ အပြီးပြန်နေဖို့စိတ်ကူးရှိလို့တဲ့"
"သန့်က ဒေါ်ကြီးလက်ရာ လွမ်းနေတာ။ကိုကြီးက ဘာလို့ စိတ်ကူးပြောင်းသွားလဲမသိဘူးနော်။သန့်က ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ် ဒီကိုပြန်လာတာ။"
"သူလည်း မိသားစု စုစုစည်းစည်းနဲ့ ဒီမှာပြန်နေချင်လို့နေမှာပေါ့ ကလေးရယ်။ရေခြားမြေခြားမှာနေလာတာလည်း နှစ်တွေကြာလှပြီမို့လား။ကလေး ရည်ရွယ်ချက်က ဘာလဲ။ဟိုကလေးမလေး လား"
"ဟုတ်တယ်။ဒေါ်ခင်မင်းရှိန်ပေါ့"
"တွေ့ပြီလား"
"ကိုကြီး ဘာမှ မပြောပြလိုက်ဘူးလား။တွေ့ရုံတင် ဘယ်ကမလဲ။အနားမှာတောင် ခေါ်ထားလိုက်ပြီ"
"ဘုရားရေ"
သန့်စံအိမ်တော်ထဲ ကားဝင်လိုက်တာနဲ့ ဒေါ်ကြီး၏ အာရုံက ခြံဝင်းထဲရောက်သွားသည်။ဘယ်နေရာတွေမှာ ဘာအပင်ပြောင်းစိုက်မလဲ ဆိုတာကအစ ကိုကြီးမှာလိုက်သည့်အတိုင်း အစီအစဥ်ဆွဲလာပုံရသည်။
သန့် အိမ်ပေါ်သို့တက်လာကာ သူမငယ်ငယ်က နေခဲ့သည့်အခန်းဟောင်းလေးထဲ ပြန်ဝင်လာသည်။ပစ္စည်းတွေရှင်းလင်းကာ လူမနေတာကြာပြီမို့ အနည်းငယ်ခြောက်ကပ်နေသလိုပင်။အခန်းမှတစ်ဆင့် ဝရံတာသွားသည့် တံခါးဘုကိုလှည့်ဖွင့်လိုက်ရာ အခန်းထဲ နေရောင်ခြည်ဝင်လာသည်။လေပြေတစ်သုတ်သည်လည်း သန့်ကိုယ်လုံးလေးကို တွန်းတိုက်ကာ အခန်းထဲတိုးဝင်သွားကြပြန်သည်။ဝရံတာမှာရပ်၍ခြံဝင်းထဲငေးနေတုန်း သန့်စိတ်ထဲ ဆွေးလျသည့်ခံစားချက်တစ်မျိုးခံစားလာရသည်။
ဟယ်လို ဝရံတာလေးရေ။ကိုယ့်ကိုမှတ်မိပါရဲ့လား။မိန်းမတစ်ယောက်ကို မြင်ပြီးသည့်နောက်ပိုင်းမှာ သန့်ရလိုက်သည့် ထူးဆန်းသည့်ခံစားချက်များကို ပြန်သတိရလာသည်။ဒေါ်ခင်မင်းရှိန်ကို သန့်တစ်ကြိမ်တစ်ခါပဲ မြင်ခဲ့ရသည်။အသိအမှတ်ပြုရုံ နှုတ်ဆက်လိုက်သည့်အပြုံးတစ်ခုနောက်ကို ငယ်ရွယ်လွန်းသည့်သန့်အတွက် မောပမ်းတကြီး ပြေးလိုက်နေရသလိုဖြစ်ခဲ့သည်။နေ့နေ့ညည မေ့မရတော့။နိုင်ငံခြား ထွက်မသွားခင်လေးမှာ အမျိုးအမည်တပ်လို့မရသည့် ခံစားချက်တို့ဖြင့် သူမ၏ ကိုယ်ပိုင်ဝရံတာလေးတွင် သန့် ငေးရင်း တွေးရင်း အချိန်ကုန်ခဲ့ရသည်။
ညဘက်တွင် ကြယ်တွေကိုကြည့်ကာ၊နေ့ဘက်တွင် မြင်မြင်ရာ သစ်ပင်ပန်းမံတို့ကိုလျှောက်ငေးကာ ထိုမိန်းမတစ်ယောက်ကိုသတိရစိတ်ဖြင့် ရင်ထဲ ပေါ့ပါးပျော်ရွှင်သလိုလို၊ လေးလံဖိစီးသွားသလိုလို သန့်တစ်ယောက်တည်း ခံစားနေခဲ့ရဖူးသည်။သြော် ဝရံတာလေးရယ်။အဲ့ဒီအမျိုးသမီးရဲ့ ကိုယ်နံ့လေးက သိပ်ကို မွှေးလှတယ်သိလား။ကိုယ်တော့ဖြင့် ခုဆို အဲ့ဒီအမျိုးသမီးနဲ့ စကားပြောဖူးပြီ။ရန်ဖြစ်ဖူးပြီ။ထမင်းလည်းအတူတူစားခဲ့ဖူးပြီ ဝရံတာလေးရေ။တစ်ခါတလေ အရမ်းကံကောင်းရင် သူမကို တအားကြီးနမ်းပစ်ခဲ့သေးတယ်။အဲ့လိုဆိုးလို့ ကိုယ်လည်း ပါးအရိုက်ခံခဲ့ရဖူးပြီ။ကိုယ်လေ သူမကို လွမ်းလိုက်တာ။ကိုယ်တအားဆိုးမိလို့ ခု အဲ့ဒီမိန်းကလေးက လန့်ပြီး ဖျားနေလေရဲ့ကွယ်။
"သန့်လေးရေ"
"ကလေးက ဒီအခန်းလေးထဲ ပြန်လာကြည့်နေတာကိုး။သမီးကိုကြီး မှာလိုက်တဲ့အထဲမှာ သန့်လေးအတွက် အခန်းအသစ်ပြောင်းနေဖို့လည်းပါတယ်။ဒီအခန်းက သန့် ငယ်ငယ်ကနေခဲ့တဲ့အခန်းမို့လား"
"မပြောင်းလဲ ရတယ်လေ ဒေါ်ကြီး။သန့်က သီးသန့်ဝရံတာပါတာမျိုးလိုချင်တာ"
"အခန်းတွေ အကုန် ပြန်မွမ်းမံရမယ်။သန့်အတွက် အကျယ်ကြီးလုပ်ပေးမှာတဲ့။သီးသန့်ဝရံတာလေးလည်း ပြန်ဆောက်ပေးမှာပေါ့ သန့်လေးရဲ့"
"ခု အခန်းကလည်း အကျယ်ကြီးကို"
"ကဲ ကဲ ကုမ္ပဏီပြန်မယ်ဟုတ်လား မနက်ဖြန်မှ ဒေါ်ကြီး လိုက်ခဲ့မယ်"
"ဘယ်သူနဲ့လာဖို့လဲ ဒေါ်ကြီးက"
"မောင်စိုးဖြစ်ဖြစ်၊ဦးဝေ ဖြစ်ဖြစ် မောင်းပို့ခိုင်းလိုက်မယ်လေ"
"ဟုတ်၊အဲ့ဆို သန့် ပြန်တော့မယ်နော်။အလုပ်ကလေးတွေလည်း ရှိသေးလို့"
"အေးပါကွယ်၊ငါ့သမီးလေးက ထက်မြက်လိုက်တာ။ဒီအိမ်ကြီးကို ပြန်ရောက်လာတော့လည်း အစ်ကိုတို့အစ်မတို့ကို သတိရမိတယ်ကွယ်။ကားကို ဂရုစိုက်မောင်းနော် သန့်"
"ဟုတ်၊ဒေါ်ကြီး သန့်သွားပြီ"
ဒေါ်ကြီးမိုးမှာ လှည့်ထွက်သွားသော သန့်ကျောပြင်လေးကို ကြည့်ရင်းကျန်ခဲ့သည်။ငယ်ငယ်ကတည်းက တော်တဲ့ကလေး။
........................
ကုမ္ပဏီရောက်တော့ သန့် အလုပ်စားပွဲတွင်ထိုင်လိုက်သည်။လက်မှတ်ထိုးစရာ ဖိုင်တစ်ချို့ကို ထိုး၍ ခဏငိုင်နေမိသည်။အကြည့်တို့က လူမလာသည့်အလုပ်စားပွဲလေးဆီပဲရောက် ရောက်နေသည်။ရင်ထဲတွင် ဟာတာတာ။တစ်ခုခုလိုအပ်နေသလို နေမထိထိုင်မသာဖြစ်နေသည်။စိတ်ထိန်း သန့်။တည်ငြိမ်ပစ်လိုက်စမ်းပါ သန့်ရဲ့။ဒီတစ်ခါ သူမ အခန်းထဲရောက်သွားလို့ကတော့ လွယ်တော့မယ်မထင်။တကယ်ကြီး အလုပ်ထွက်သွားရင် ခက်ချေပြီ။သို့သော် ညနေရောက်တော့ သန့် ခင်မင်းတို့အိမ်ဘက် မောင်းလာသည်။တစ်ရက်လေးတောင် မတွေ့ပဲမနေနိုင်တော့သလိုပါပဲလား။အမယ်လေး အိမ်ရှေ့ရောက်ပြီ မျက်နှာကို တည်ထားမှပဲ။
"ဒေါ်လေး"
"ဟယ်၊သန့်"
"ဟုတ်၊ဒေါ်ခင်မင်း သက်သာသလားလို့"
"အင်း လာ လာ သမီး၊ဒေါ်လေး အပေါ်လိုက်ပို့မယ်။အတော် သက်သာသွားတယ်ကွယ်။မနေ့က ဆေးထိုးလိုက်လို့ထင်တယ်"
"ဒေါက်၊ဒေါက်"
"သမီးရေ၊ခင်မင်း"
"လာပြီ၊ဒေါ်လေး"
"ဒီမှာ သန့် လာလို့၊ဒေါ်လေး သောက်စရာ တစ်ခုခုသွားယူလိုက်မယ်။သန့် အအေးလား အပူလား သမီး"
"ဟင့်အင်း၊ဒေါ်လေး သန့်မသောက်တော့ဘူး။ညနေစောင်းနေပြီမို့"
"သြော် ဒါဆို အေးဆေးစကားပြောကြဦးနော်"
ဒေါ်လေးထွက်သွားတော့ ခင်မင်းက မျက်နှာထား ခပ်တင်းတင်းဖြင့်
"ကျွန်မ အလုပ်ထွက်လိုက်ရမယ်ဆိုတဲ့ သဘောပေါ့ ။ဟုတ်လား ဘော့စ်"
သန့်က မဖြေပဲ နဖူးကိုလက်ဖြင့် စမ်းမလိုလုပ်လိုက်စဥ် ခင်မင်း ရှောင်လိုက်သည်။သန့် မတ်တပ်ရပ်နေလျက်နဲ့ပင် ခင်မင်းမျက်နှာကို သူမ လက်ဖဝါးနှစ်ဖက်ဖြင့် ညင်ညင်သာသာ ကိုင်မော့စေ၍
"ဒီမှာ "မ"၊ကိုယ်ပြောတာ သေချာနားထောင်။ကိုယ်အခု "မ" ကိုလာကြည့်တာမဟုတ်ဘူး။"မ"အခန်းလေးကို လာကြည့်တာ။ဒါကြောင့်" မ "ပြောတာတွေ အကြုံးမဝင်ဘူး"
"ဘာ၊ရှင် ဘာကိုဆိုလိုတာလဲ"
"ဟုတ်တယ်။"မ "အခန်းလေးက ကိုယ့်အပေါ် အရမ်းနွေးထွေးလို့ နောက်ပြီး မွှေးလည်းမွှေးလို့ ကိုယ် ဒီအတိုင်းလာကြည့်တာ။မ ဆီလာတာမဟုတ်ဘူး"
"ရှင်ဟာလေ"
ခင်မင်း သူမ မျက်နှာလေးကို ကိုင်ထားသည့် သန့်လက်တွေကို ဖယ်ချလိုက်သည်။ဒါတောင် သန့်က ခင်မင်းရဲ့ နားထင်စပ်နားက ဆံပင်ကို လက်ဖြင့်သပ်ကာ နားရွက်နောက်မှာ ထားပေးလိုက်သေးသည်။
"ကဲ ဒါဆို အခန်းကို တွေ့ပြီးပြီမဟုတ်လား၊ပြန်တော့"
"ဟာ ပြန်လို့မရသေးဘူးလေ။အခန်းကိုတွေ့ပေမယ့် မွှေးနေတာလေးကို နမ်းမှ နမ်းမကြည့်ရသေးတာ"
"သြော် သြော် ရှင်က ဒါမျိုးတွေလည်း တတ်သားပဲနော်။ရုပ်တည်ကြီးနဲ့"
"ဒီထက်တောင် တတ်သေးတယ်။ပြရမလား"
ပြောရင်း သန့်မျက်နှာ ခင်မင်းမျက်နှာလေးဆီငိုက်ကျလာတော့
"ဟဲ့၊ တော်စမ်းနော်"
ခင်မင်း သန့်မျက်နှာကို ဖြေးဖြေးသာသာလေးတွန်းထုတ်လိုက်ပြီး ပြုံးရင်းရယ်လိုက်သည်။
""မ "မျက်နှာလေး ခုမှ သွေးရောင်လွှမ်းတယ်။မနေ့ကလောက် ဖြူဖျော့မနေတော့ဘူး။မနက်ဖြန် လာခေါ်မယ်နော် မနက်ပိုင်း"
"ဖြစ်ပါ့မလား ဟိုဟာတွေက သိပ်မပျောက်"
"ခင်မင်းစကားမဆုံးခင် သန့်က"
"ဖြစ်ပါတယ်" မ "ရဲ့။ကိုယ်နဲ့အတူတွဲသွားရင်" မ"ကို ဘယ်သူမှ စေ့စေ့စပ်စပ်လိုက်မကြည့်ရဲဘူး"
"ရှင် ကြည့်ရင်ဘယ်လိုလုပ်မလဲ"
"မကြည့်ဘူး။ကတိကွာ။ဒီတစ်ခါ ကြည့်ရင် ပါးသာချလိုက်"
"ချတာပဲ။မှတ်မှ မမှတ်တာ ရှင်က"
ထိုစဥ် ခင်မင်းဖုန်းလေး ထမြည်လာသည်။
နံပါတ်ကို ကြည့်ပြီး ခင်မင်းမျက်နှာ တစ်ချက်ပျက်သွားသည်။ဒီဖုန်းလာတဲ့နေ့မှာပဲ ဘော့စ် အခန်းထဲတွင် သူမ အရမ်းကားခံခဲ့ရသည်။ဒီဖုန်းဆက်သည့်လူနှင့်ဆုံသည့်ညမှာလည်း ဘော့စ် သူမကို စိတ်ဆိုးကာ အတင်းအကြပ် ပွေ့ဖက်နမ်းရှိုက်ခဲ့သေးသည်။ဆိုင်သည် မဆိုင်သည် မသေချာပေမယ့် ဒီဖုန်းကို ဘော့စ်ရှေ့တွင် သူမ မကိုင်ချင်တော့ပါ။သူမ တွေဝေနေဆဲမှာ ဘော့စ်က ဖုန်းကိုင်လိုက်သဖြင့် ခင်မင်း အတင်းပြန်ယူလိုက်ရသည်။
"ဟဲလို"
"ဟုတ် မခင်မင်း ကျွန်တော်လေ ရှားနောင်"
"ဟုတ်ကဲ့ ကိုရှားနောင်"
"ကျွန်တော်ပြန်ရောက်နေပြီ။အဲ့ဒါ ကျွန်တော်ပြောထားသလို ဆုံကြဖို့လေ"
"ဟိုနေ့ကပြောတော့ နယ်မှာဆို ။ပြန်ရောက်တာ မြန်လိုက်တာ။ဆုံကြဖို့က ဘယ်သူပါဦးမှာလဲ"
"လဲ့လဲ့ကိုတော့ပြောထားတယ်။သူလည်းပါမယ်ထင်တယ်ဗျ"
လဲ့လဲ့မှာ အရင်အလုပ်က မိတ်ဆွေဖြစ်ပြီး ခင်မင်းနဲ့ အနည်းငယ်သာ ရင်းနှီးသည်။
"သြော် ဟုတ်ကဲ့"
"အဲ့ဒါ တွေ့မှပဲ ကျွန်တော်ပြောတော့မယ်။မခင်မင်းကို ကျွန်တော်လာခေါ်ရမလား"
"ဟင့်အင်း ၊ ကျွန်မဘာသာ လာမယ်။လဲ့လဲ့ကို ခေါ်ရင် သွားခေါ်လေ။ကျွန်မကို ဆုံမယ့်နေရာသာပြောပါ"
ဖုန်းချလိုက်ပြီး ဘော့စ်ကို ကြည့်လိုက်စဥ် သူမကို စိုက်ကြည့်နေသည်နှင့်ဆုံသည်။အေးစက်စူးစိုက်လှသည့်အကြည့်မို့ ခင်မင်း အနည်းငယ် မနေတတ်သလိုလို ကြောက်သလိုလိုဖြစ်သွားသည်။ဘော့စ်က ခုထိ ဘာစကားမှမပြောသေးပါ။
"ဟိုလေ"
ခင်မင်း စကားစလိုက်သည်နှင့်
"ဒီမှာ ဒေါ်ခင်မင်း"
ဟင်၊ "မ" မဟုတ်တော့ဘူးပေါ့။ဘော့စ် စိတ်ဆိုးသွားပြန်ပြီလား။
"မင်းကို မနက်ဖြန် လာခေါ်မယ်။ရုံးသွားဖို့ အသင့်ပြင်ထားနှင့်"
"ရှင် ဘယ်လို ပြောလိုက်တယ်၊ မင်း ဟုတ်လား။ရှင်က ရိုင်းတတ်တယ်နော်"
"ဟားဟား"
အေးစက်ခြောက်ကပ်သည့်ရယ်သံမှာ ကြိတ်ရယ်လိုက်သလို ခပ်အုပ်အုပ်သာ အသံထွက်သည်။
"သိပ်ရိုင်းတတ်တာပေါ့။အဲ့တော့"
ဆုံးအောင်နားမထောင်ချင်၍ ခင်မင်း တံခါးဆီကို ထသွားသည်။ဘော့စ်က ထပ်ကျပ်မကွာလိုက်လာပြီး ခင်မင်း ကိုယ်လုံးလေးကို ဆွဲဖက်၍ နံရံမှာ ကပ်လိုက်သည်။
"ကျွန်မကို ထပ်ပြီးမလုပ်နဲ့။ဖယ်ပေးပါ"
ခင်မင်း တည်ငြိမ်စွာ ပြောလိုက်ပေမယ့် သန့် မျက်နှာ လည်တိုင်လေးဆီ အရင်ရောက်ကာ တိုးဝှေ့ရှိုက်နမ်းသည်။နှုတ်ခမ်းကိုမသုံးပဲ မျက်နှာတစ်ခုလုံးဖြင့်လည်တိုင်ကျော့ကျော့ကို ပွတ်သပ်ရှိုက်နမ်းနေသည်။
"ရှင် ရှင် လွတ်စမ်း၊မရမ်းကားစမ်းနဲ့။ကျွန်မမှာ ဒဏ်ရာတွေတောင်မပျောက်သေးဘူး။အသစ်တွေ ထပ်မပေးနဲ့။ကျွန်မ ခါးသီးတယ် သိလား။သိပ်ကို ခါးတယ်ရှင့်"
နမ်းနေရာမှ သန့် ငြိမ်ကျသွားသည်။ခင်မင်းကို ကြည့်၍
"မင်းက ကိုယ့်ကို ခါးသီးနေပြီပေါ့။မနက်ဖြန်ကစပြီး ကိုယ် လုံးဝ တည်တည်ငြိမ်ငြိမ်ပဲ ဆက်ဆံမယ်။မင်းကိစ္စတွေလည်း ဝင်မစွက်ဖက်ဘူး။အေး ဒါပေမယ့် မင်းအခါးတွေ ပြေပြီဆိုတဲ့တစ်နေ့ ကိုယ် မင်းကို လေးလေးနက်နက်ပြောစရာရှိတယ်။ဒီအချိန်ကျရင် မင်း သေချာနားထောင်ပေးဖို့လိုတယ်"
"ပြန်မချိုတော့ဘူး သန့်"
ခင်မင်း သန့်ကို ပထမဆုံးအကြိမ် နာမည်ခေါ်တာမို့ သန့်ရဲ့ အတွင်းစိတ်ထဲထိ စိမ့်ဝင်ပျံ့နှံ့သွားကာ အေးစက်သည့် ထိုခေါ်သံက ပြုစားနေသည်။
"ကိုယ် မင်းကို အခုတော့ "
"ဟင်၊ဟင့်အင်း၊ပြောနေတယ်နော် မလုပ်"
ခင်မင်းစကားမဆိုနိုင်တော့အောင် သူမ နှုတ်ခမ်းတွေကို သန့် ဖိကပ်နမ်းပစ်သည်။ခင်မင်းအတင်းစေ့ပိတ်ထားသည်ကို မရ ရအောင် နှုတ်ခမ်းလေးဟ သွားအောင်လုပ်၍ အကြမ်းပတမ်းစုပ်ယူနေသည်။ခင်မင်းလက်တွေကို နံရံမှာ ဖိကပ်ထားသည်ကို လွှတ်၍ သန့်လက်တွေ ခင်မင်းမျက်နှာလေးကို ထိန်းကိုင်လိုက်ကာ နှုတ်ခမ်းတစ်စုံကိုပဲ အဆက်မပြတ် နမ်းရှိုက်နေသည်။အားပြင်းလှသည်မို့ ကြာလာတော့ခင်မင်းရဲ့ နှုတ်ခမ်းလေးတွေထုံကျဥ်လာသည်။စိတ်အလိုအတိုင်း နမ်း၍ဝမှ သန့် လွှတ်ပေးလိုက်သည်။နာကျင်လွန်း၍ ခင်မင်း၏ နှုတ်ခမ်းလေးမှာ နီရဲဖောင်းကြွနေကာ တဆတ်ဆတ် တုန်နေသည်။သန့် လွှတ်ပေးလိုက်သည်နှင့် ခင်မင်းကိုယ်လေး ယိုင်ကျသွားကာ နံရံကို ထိန်းကိုင်လိုက်သည်။ထို့နောက် မျက်ရည်ပေါက်ပေါက်ကျကာ ဖူးယောင်နေသည့် အောက်နှုတ်ခမ်းလေးကို ကိုက်ထားလိုက်သည်။အသံတစ်စက်မှမထွက်ပဲ မျက်ရည်တွင်တွင်ကျနေသော ခင်မင်းကို တစ်ချက်ကြည့်၍ သန့် အခန်းထဲမှ ထွက်သွားသည်။အရိုင်းအစိုင်းကောင်။
.............................
ကြိုစောင့်နေသည်မို့ အိမ်ရှေ့ကိုကားရောက်တာနဲ့ ခင်မင်းထွက်လာသည်။သန့်မျက်နှာမှာ အရယ်အပြုံးမရှိ ခပ်တည်တည်။ကားထဲတွင် သီချင်းသံတိုးတိုးသာ ရှိနေသည်။ကုမ္ပဏီရောက်တော့ သန့်အတွက် ခင်မင်း ကော်ဖီဖျော်၊ပေါင်မုန့်မီးကင်ကာ breakfast လုပ်ပေးသည်။စားစရာရှိတာစားပြီး သန့် သူ့အလုပ်သူလုပ်နေသည်။သန့် ဒီလောက် ခပ်တည်တည် နေတာမျိုး မတွေ့ဖူး၍ ခင်မင်းအံ့သြသလို သူမကို ကထိကရိမလုပ်တော့၍ ဝမ်းလည်းသာမိသည်။နေ့လည်ရောက်တော့ ထမင်းချိုင့်ခပ်ကြီးကြီးတစ်ခုဆွဲပြီး ဒေါ်ကြီးမိုး ရုံးခန်းထဲဝင်လာသည်။
"လာ ဒေါ်ကြီး"
အသံကြားလို့ ခင်မင်း အလုပ်လုပ်နေရာမှ ကြည့်လိုက်ရာ
"ဒီက သမီးက ခင်မင်းရှိန်မဟုတ်လား "
"ဟုတ်ကဲ့"
"ခုမှပဲ အနီးကပ်သေချာတွေ့ဖူးတော့တယ်။ငယ်ငယ်ကတော့ အဝေးက ခဏ ခဏ မြင်ဖူးတာပဲ။သမီးက ကျက်သရေ ရှိလိုက်တာကွယ်"
"ဟုတ် ဒေါ်ကြီးမိုးကိုလည်း ခင်မင်း အဝေးကပဲ မြင်ဖူးခဲ့တာ၊နေကောင်းရဲ့လားရှင်"
"ခုထိတော့ ကောင်းပါရဲ့ကွယ်။အသက်က ရလာပြီဆိုတော့ ဂရုစိုက်ပြီးနေရတယ် သမီးရေ။ဒီမှာ ဒေါ်ကြီး သမီးအတွက်ရော ဟင်းတွေ ချက်လာတယ်။သန့် ကပြောပြထားလို့"
"အားနာစရာရှင်။ကျွန်မက ရပါတယ်။ဒီမှာလည်း စားလို့အဆင်ပြေပါတယ်"
"သန့်နဲ့အတူ အိမ်ထမင်း အိမ်ဟင်းလေးစားပါ သမီးရယ်။ဘယ်လိုပဲဖြစ်ဖြစ် အိမ်ချက်နဲ့ အများစားဖို့ချက်ထားတာနဲ့ကွာသေးတယ်လေ"
"သန့်လေး အင်္ကျီတွေ ပင်မင်းအပ်တာလား။မဟုတ်ရင် ဒေါ်ကြီး လျှော်ခဲ့မလို့"
"အပ်တယ် ဒေါ်ကြီး။ဒီမှာက သန့်အတွက် ဘာမှ လုပ်ပေးစရာမရှိဘူး"
ထမင်းပွဲ ပြင်ဆင်ပေးပြီး ဒေါ်ကြီးမိုး ပြန်သွားသည်။
ထမင်းစားကြတဲ့အထိ သန့်မျက်နှာ ခပ်တည်တည်ပင်။ခင်မင်းကပဲ သန့်ပန်းကန်ထဲ ပုဇွန်ထုပ်တစ်ကောင် ခပ်ထည့်ပေး၍
"ဟို၊ရှင်နဲ့ ဒေါ်ကြီးတိုးက အရမ်းရင်းနှီးတာလား။အမျိုးရင်းတွေပေါ့"
"ငယ်ငယ်ကတည်းက ကိုယ့်ကိုစောင့်ရှောက်လာတာ "
"ဟင်၊ဒါဆို ကောင်းမြတ်သန့်နဲ့ရှင်က "
"ဆွေးမျိုးတွေလို့ ပြောထားပြီးသားမဟုတ်လား"
ခင်မင်း အသံလေးတိတ်သွားကာ ထမင်းကိုသာ အာရုံစိုက်စားနေလိုက်သည်။
..................
ဒီနေ့ တနင်္ဂနွေမို့ အလုပ်မသွားရ။ကိုရှားနောင်တို့နှင့် ချိန်းထားသဖြင့် ခင်မင်းပြင်ဆင်ပြီး အိမ်ကထွက်လာသည်။ချိန်းဆိုထားသော ကော်ဖီဆိုင်သို့ရောက်သောအခါ ကိုရှားနောင် ရောက်နှင့်နေသည်ကိုတွေ့ရသည်။
"ကိုရှားနောင်၊လဲ့လဲ့မရောက်သေးဘူးလား"
"လဲ့လဲ့ မလိုက်ဖြစ်တော့ဘူး မခင်မင်း။ကျွန်တော်တို့နှစ်ယောက်တည်းပဲ"
သြော် ဟုသာဆို၍ ခင်မင်း မီနူးလှန်ကြည့်ကာ ကော်ဖီမှာလိုက်သည်။ကိုရှားနောင်က
"ဟိုမှာ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား "
"ပြေပါတယ်"
"ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောပါ့မယ်။မခင်မင်းကို ကျွန်တော် သဘောကျတယ်"
ဒဲ့ကြီးမို့လို့ ခင်မင်း ရှက်သလို ဖြစ်သွားပေမယ့် တည်ငြိမ်မှု မပျက်။
"ဟို၊ကျွန်မကတော့ ကိုရှားနောင်ကို သဘောမကျပါဘူးရှင်"
မဆိုင်းမတွ အငြင်းခံလိုက်ရသဖြင့် ကိုရှားနောင် မျက်နှာ တစ်ချက်ပျက်သွားပေမယ့် ချက်ချင်း ပြန်ပြင်လိုက်ကာ
"စဥ်းစားပေးပါဦးလား။ကျွန်တော်တို့ အသက် အရွယ်ကလည်း ငယ်တော့တာမဟုတ်ဘူး။ဆယ်ကျော်သက်တွေလို စိတ်ကူးနဲ့ရူးမနေချင်ဘူး။မခင်မင်း ခေါင်းငြိမ့်တဲ့နေ့ကျွန်တော် လူကြီးစုံရာနဲ့ လာတောင်းတဲ့နေ့ပဲ"
"ဟင်၊မြန်လှချည်လားရှင်"
"ဟုတ်တယ်။မခင်မင်းကို အရင်ကုမ္ပဏီမှာကတည်းက ကျွန်တော် သဘောကျနေတာ။သိပ်မသေချာ သေးတာရော လူချင်းလည်းအရမ်းကြီးမရင်းနှီးတာရောကြောင့် ကျွန်တော်မပြောဖြစ်ခဲ့တာ။မခင်မင်း အလုပ်ထွက်သွားတော့ အဆက် အသွယ်ပြတ်သွားတာပေါ့။ခုတော့ ကျွန်တော် ထပ်မလွဲချင်တော့ဘူးဗျာ"
ပြောရင်း ခင်မင်းကို စေ့စေ့စပ်စပ်ကြည့်နေတာမို့ ခင်မင်းသိပ်မကြိုက်ချင်။
"ကျွန်မလည်း ဘာပြောရမှန်းမသိသေးပါဘူး ကိုရှားနောင်"
"ဟုတ်ကဲ့၊ရပါတယ်။မခင်မင်း အချိန်ယူပါ။အေးဆေးပေါ့"
ကိုရှားနောင်နှင့် ကော်ဖီဆိုင်တွင်တွေ့ပြီး ပြောစရာရှိတာပြောကာ လမ်းခွဲခဲ့ကြသည်။မခင်မင်း အချိန်ယူပါဆိုပေမယ့် ခင်မင်းစိတ်ထဲတွင်ဘယ်လိုမှ မနေ။ကိုရှားနောင်ပြောသည့်အကြောင်းကိုလည်း သိပ်စိတ်ထဲမရောက်ဖြစ်ပါ။ဒီလိုနဲ့ ရက်တွေသာကြာလာခဲ့သည်။ခင်မင်းကို သန့် အရယ်အပြုံးမရှိ ဆက်ဆံနေဆဲပင်။တစ်နေ့တော့
"မနက်ဖြန် တောင်ကြီးဘက် ခရီးထွက်ဖို့ရှိတယ်။ကိစ္စက အသစ်ဆောက်မယ့် ဟော်တယ်အတွက်။အစီအစဥ်မှာ ရှယ်ယာပါကြမယ့် တခြားလူတွေလည်းပါမယ်။ဒါပေမယ့် သူတို့က သူတို့အစီအစဥ်နဲ့သူတို့သွားကြမှာ။ကိုယ်တို့ကုမ္ပဏီက မင်းနဲ့ကိုယ် နှစ်ယောက်တည်းပဲ။တခြားလူတွေနဲ့ ဟိုရောက်မှ ဆုံကြမယ်။အဲ့ဒါ မင်း အသင့်ပြင်ထားဖို့ ပြောတာ"
"ဘယ်နှရက်ကြာမှာလဲ မသိဘူး"
"သုံးရက်လောက်ပဲ ဖြစ်ဖို့များတယ်"
"ကျွန်မ hotel booking လုပ်ဖို့ကိစ္စ"
"ရတယ်၊ကိုယ်လုပ်ထားလိုက်ပြီးပြီ"
ခင်မင်းစိတ်ထဲ လေးလံသလိုဖြစ်သွားသည်။ခရီးထွက်ရတာ ခင်မင်းမကြိုက်။ဒေါ်လေးလည်း လွတ်ပါ့မလားမသိ။ဒါပေမယ့်အလုပ်ကိစ္စနဲ့ပဲလေ။ပြီးတော့ ဘော့စ်လည်း တည်တည်တံ့တံ့ဖြစ်နေပြီမို့ အဆင်ပြေလောက်မှာပါ။သူမစိတ်ကို လျှော့ချပြီး relax ဖြစ်အောင်နေ လိုက်သည်။မနက်ဖြန်ကို ရင်ဆိုင်ရပေဦးမည်ပဲ။
.......................
ဟော်တယ်သို့ရောက်သော်
"ဒင်ဘယ်လ်သန့်နာမည်နဲ့ ဘွန်ကင်လုပ်ထားတဲ့အခန်းကို ပို့ပေးပါ"
"ဟုတ်ကဲ့ရှင့်"
ဟိုတယ်ဝန်ထမ်းလိုက်ပို့သည့်နောက်ကို ဘော့စ်နဲ့အတူ ခင်မင်း အူကြောင်ကြောင်လေးလိုက်ခဲ့၍ အခန်းထဲရောက်သောအခါ ခင်မင်းက
"ဟို၊ကျွန်မအခန်းကရော ဘော့စ်"
"တစ်ခန်းတည်းနေရမှာ။ဘာလဲ လူနှစ်ယောက်တည်းလာတာ တစ်ယောက်တစ်ခန်း ငှားပေးဖို့ ကုမ္ပဏီက ကုန်ကျစရိတ်ခံရမှာလား"
ခင်မင်းစိတ်ညစ်သွားကာ
"ကုတင်ကလည်း တစ်ခုတည်း၊ကုတင်နှစ်ခုပါတဲ့ double room မရှိဘူးလားမသိဘူး"
"မင်း ဂျီးများနေမှာလား။အလုပ်ရှိသေးတယ်။မြေနေရာသွားကြည့်ရမယ်။မင်းမလိုက်လည်းရတယ်။နေချင်နေခဲ့ပေါ့"
"ဟင့်အင်း၊လိုက်မယ်"
သန့် ဖုန်းထုတ်ပြောနေသည်။
"ဟဲလို၊ဦးစိုးစံထွန်း အဲ့နေရာ ရောက်နေပြီလား"
"ခုနလေးကပဲ ရောက်တာ ဒေါ်ဒင်ဘယ်လ်သန့်"
"ဟုတ်၊ကျွန်မတို့လည်း ခုပဲ ဟော်တယ်ရောက်တာ။အခု ထွက်ခဲ့မယ်လေ"
"ကျွန်တော် ကားလွှတ်ပေးလိုက်မယ်နော်၊ကျွန်တော်တို့ငှားလာတဲ့ taxi မို့ စိတ်ချရပါတယ်"
"ဒီလိုလည်း ရပါတယ်။ဒါဆို ကျွန်မတို့ စောင့်နေလိုက်မယ်"
မျက်နှာငယ်လေးနဲ့ဖြစ်နေသည့် ခင်မင်းကိုကြည့်ကာ
"ဒေါ်ခင်မင်း၊အဝတ်အစားလဲလိုက်ရင်အဆင်ပြေမယ်ထင်တယ်၊ခုက မြေနေရာသွားကြည့်ရမှာမို့ ထဘီနဲ့ဆို ပင်ပန်းနေမယ်"
"ကျွန်မ ဂျင်းဘောင်းဘီ ထည့်မလာမိဘူး"
"ဆိုင်သွားဝယ်ရင်လည်းမှီမှာမဟုတ်ဘူး။ဒီလိုလုပ်။ကိုယ့် စတိုင်ပန့် တစ်ထည် ဝတ်လိုက်"
"ဟိုလေ အင်္ကျီရောပဲ၊မြန်မာဝတ်စုံနဲ့ ညအိပ်ဝတ်စုံပဲပါလာတာ"
"ဟာကွာ၊ဒါဆို ဟော်တယ်အခန်းထဲ ပေါ့ပေါ့ပါးပါးဝတ်လို့ရအောင်ထည့်လာတဲ့ ကိုယ့်တီရှပ်တစ်ထည် ဝတ်လိုက်"
သန့်က ပြောရင်း လက်ဂေ့ဖွင့်ကာ ဝတ်စုံယူထုတ်ပေးနေသည်။ခင်မင်း ရှက်နေသည်။တခြားသူအင်္ကျီလည်း တစ်ခါမှ မဝတ်ဖူးခဲ့။နောက်ပြီး အိမ်မှာနေရင်တောင် ညဘက်မှ ညအိပ်ဝတ်စုံ ဘောင်းဘီပွပွလေး ဝတ်အိပ်တတ်ပေမယ့် နေ့ဘက်ဆို တစ်ခါတလေမှ ဂျင်းဘောင်းဘီဝတ်တတ်သည်။ခုတော့ မထူးဇာတ်ခင်းရတော့မည်။အဝတ်လဲပြီးထွက်လာတော့ ခင်မင်းပုံစံက မြင်နေကျမဟုတ်၍ တစ်မျိုးလေးဖြစ်နေသည်။ပို၍ နုငယ်သွားသလိုပင်။တီရှပ်ဝတ်ပြီး ဆံပင်ရှည်တွေ ဖြန့်ချထားပုံလေးကို ရုတ်တရက် သန့် ငေးနေမိသည်။သူ ကြည့်နေသည်ကို ခင်မင်း သတိပြုသွားသည်နှင့် သန့် ချက်ချင်း မျက်နှာလွှဲလိုက်သည်။ရုပ်တည်ကြီးနဲ့။
မြေနေရာကြည့်တာကတစ်ပိုင်း သစ်ပင်တွေ တောင်တန်းကြီးတွေကိုလည်း မြင်နေရတော့ ခင်မင်းပျော်သလိုလိုဖြစ်နေသည်။တောင်ကြီးရောက်ကတည်းက အလုပ်အတွက် ဒီနေရာကို တန်းလာခဲ့ရပြီး နေ့လည်စာပင် အနီးအနားကဆိုင်တွင် ကြုံသလိုစားလိုက်ကြရသည်။ဦးစိုးစံထွန်းတို့ ဘော့စ်တို့နဲ့အတူ ဆောက်လုပ်ရေးအတွက် လေ့လာနေရသည်မှာ ညနေပင်စောင်းနေပြီ။ခဏ အားနေသည့်အချိန်တွင် အပင်မှာပွင့်နေသည့် တောရိုင်းပန်းလေးတစ်ပွင့်ကို ခင်မင်း ကိုင်ကြည့်နေသည်။အနားကို သန့်လျှောက်လာတာ မသိလိုက်
"ယူမလား၊ခူးလိုက်လေ"
"ဟင့်အင်း၊မယူဘူး။ဒီအတိုင်းကိုင်ကြည့်တာ"
"ကိုင်ကြည့်ရုံနဲ့ ပြန်ထားခဲ့လို့ရလား။ပန်းကလေး နစ်နာနေမှ"
"အမယ်လေး ဖြစ်ရတယ်။ရှင်ကပဲ ပြောရတယ်ရှိသေး"
"ကိုယ့်လိုလူက ကိုင်ကြည့်ပြီး ဒီအတိုင်းထားခဲ့မယ်ထင်လို့လား"
"ဘာတွေပြောနေတာလဲ၊ဟိုဘက်ပြန်သွားမယ်"
ရုတ်တရက် သန့်က ခင်မင်းရဲ့ဆံပင်ရှည်တွေကို စုသိမ်းပြီး ခေါင်းစည်းကွင်းလေးနဲ့စည်းနှောင်ပေးလိုက်သည်။ဘာလုပ်လိုက်လဲ ဝေခွဲမရခင် ခင်မင်းကြောင်သွားပြီးမှ ဆံပင်စည်းပေးလိုက်တာကို သိသွားပြီး ဘာမှလည်းမပြောပေ။ခေါင်းစည်းကွင်းက သန့်မှာ ဘယ်လိုရှိနေတာပါလိမ့်။
"အိုက်နေပြီမို့လား"
"နည်းနည်းပေါ့။ဘော့စ်လည်း မျက်နှာတွေ ရဲနေပြီ။ပင်ပန်းနေပြီမို့လား။ကိစ္စက မပြီးသေးဘူးလား"
"ပြီးနေပြီလေ၊ပြန်ဖို့ပဲ ကျန်ပြီ။သွားမယ် လာ"
လူစုအနားပြန်ရောက်တော့
"ပြန်ကြမယ် ဦးစိုးစံထွန်း"
"ဟုတ်ကဲ့၊ဒေါ်ဒင်ဘယ်လ်သန့်။ကျွန်တော်တို့က ဟိုဘက်ကကားနဲ့သွားမယ်။ဒေါ်ဒင်ဘယ်လ်သန့်တို့ကအလာတုန်းကကြိုခိုင်းလိုက်တဲ့ကားနဲ့ပဲပြန်လိုက်မလား။အဆင်ပြေမလားခင်ဗျာ"
"ဟုတ် ပြေတယ်ရှင့်"
ကားပေါ်တွင် သန့်လက်တစ်ဖက်က ခင်မင်း၏ ပေါင်နှစ်ဖက်ကို သိမ်းစုစေ၍ သူ့ အိတ်ကို ပေါင်ပေါ်တင်ထားလိုက်သည်။ဒါရိုက်ဘာက ရှေ့ခန်းတွင်ဖြစ်၍ သန့်နှင့်ခင်မင်းက နောက်ခန်းမှာဖြစ်ကာ လူပိုမပါ။ဘောင်းဘီဝတ်ထား၍ တင်းစေ့နေသော ခင်မင်းရဲ့ ပေါင်တံတွေမှာ သိသာလွန်းနေသည်။ပေါင်ပေါ်တင်ထားသော အိတ်အောက်က သန့်လက်မှာမူ ပြန်ထွက်မလာတော့။သန့်လက်က ဒီအတိုင်း တင်ရုံလေးတင်ထားသော်လည်း ခင်မင်းအနေခက်လှသည်။ဟော်တယ်ပြန်ရောက်တော့ ခင်မင်း သန့်ကိုလှည့်ပင်မကြည့်ပဲ အခန်းဆီ တန်းလာခဲ့သည်။သန့်က သော့ယူ၍နောက်မှလိုက်လာသည်။
"ရှင်က ဘာလို့ ကျွန်မပေါင်ကို တစ်ချိန်လုံး ကိုင်ထားတာလဲ၊တည်တည်ကြည်ကြည်နေတဲ့ ရှင့်ပုံစံကြောင့် ကျွန်မ ဒီခရီးကို လိုက်လာခဲ့တာနော်"
"မင်းကရော ဘာလို့ပေါင်ပေါ် တစ်ခုခုတင်မထားတာလဲ၊မြင်မကောင်းလို့လည်း အိတ်နဲ့ ကာထားပေးရသေးတယ်"
"ဘယ်သူမြင်လို့လဲရှင့် ကားပေါ်မှာကို"
"ဟ၊ဘယ်သူခိုးကြည့်နေလဲ မင်းအတိအကျသိလို့လား"
"တော်ပြီရှင်၊ရှင်နဲ့ပြိုင်မပြောချင်ဘူး။ကျွန်မ ရေချိုးခန်းသုံးမလို့။ရှင် အရင်ချိုးမလား"
"မင်း အရင်ချိုး"
ရေချိုးပြီး တံခါးဘုကိုလှည့်ဖွင့်ကာ ထွက်မလို့လုပ်လိုက်ပြီးမှ ရေချိုးခန်းထဲကျန်ခဲ့သည့် ခေါင်းစည်းကွင်းလေးကိုသတိရကာ ခင်မင်းပြန်လှည့်ယူနေစဥ် ရေချိုးခန်းတံခါး ဖျတ်ခနဲပွင့်လာသည်။တဘက်ရင်လျားလေးနဲ့ ခင်မင်းက အပေါ်ကခြုံထားသည့်တဘက်အသေးလေးကို လက်နဲ့စုကိုင်ထားလိုက်ကာ
"အို ရှင် ဘယ့်နှယ်၊ဒီမှာ ကျွန်မ မပြီးသေးဘူး"
"အာ ဆောရီး"
ခင်မင်း သန့်ကို ရှောင်ဖယ်ကာ ရေချိုးခန်းထဲမှ အမြန်ထွက်သွားသည်။
ညစာကို ဟော်တယ်တွင်သာစားလိုက်ကြသည်။သန့် ကွန်ပျူတာထုတ်ကာ အလုပ်လုပ်နေတုန်း ခင်မင်း ဝရံတာထွက်ရပ်ပြီး မြို့ရဲ့ ညမြင်ကွင်းကို ကြည့်နေသည်။ယူထားသည့်အခန်းမှာ တံခါးဖွင့်၍ထွက်လိုက်ရင် သီးသန့်ဝရံတာလေးပါသည်။ခဏနေတော့ သန့်ထွက်လိုက်လာကာ လက်ကလေးပိုက်လျက် အဝေးကိုငေးနေသည့်ခင်မင်းအနားကပ်၍
"ဘာတွေ ငေးနေလဲ"
"ဒီလိုပါပဲ၊မြင်မြင်ရာပေါ့"
"မ"
ခင်မင်း သန့်ကို အလန့်တကြား ကြည့်လိုက်သည်။သန့်က ပြုံးလျက်ပြန်ကြည့်နေပြီး
""မ" ကိုယ့်ကို ဘယ်လိုမြင်လဲ"
"မဖြေချင်ဘူး"
"မဖြေချင်ဘူးလား"
"ဒီမှာ ကျွန်မကို "မ"လို့ ခေါ်မယ့်အစား "မင်း"လို့ မသုံးနှုန်းပဲ နေပါ့လား၊ကျွန်မ ကြားရတာ တကယ် အဆင်မပြေဘူး။ဘော့စ်က ကျွန်မထက် အများကြီး ငယ်မှာပါ"
"သိပ်အများကြီးမဟုတ်ဘူး၊ရှစ်နှစ်လောက်ပဲငယ်တာ"
"ဟင်၊ဘော့စ်က ဘယ်လိုလုပ်ပြီး အတိအကျသိနေတာလဲ"
မေးပြီးမှ သြော် ခင်မင်းက သူမရဲ့ ဝန်ထမ်းပေပဲကိုး။သိနေမှာပေါ့လေ။ထိုစဥ် သန့်က အနောက်ဘက်မှနေ၍ ခင်မင်းကိုယ်လေးဆီတိုးကပ်လာကာ ပိုက်ထားသည့် ခင်မင်းလက်လေးပေါ် သန့်လက်တွေထပ်၍သိုင်းဖက်လိုက်သည်။ခင်မင်း သာသာလေးရုန်းကြည့်သေးသည်။သန့် မလွှတ်။
"ဟိုမှာမြင်နေရတာ ဘာကြယ်လဲ သိလား "မ""
"မသိဘူး"
"မသိရင် နမ်းမယ်"
"အဲ့ မလုပ်နဲ့"
ခင်မင်းခေါင်းလေးငဲ့စောင်း၍ရှောင်သည်။သန့်က နားရွက်နောက်ဘက်ဆီကို နမ်းမိလိုက်သည်။ထိုမှတစ်ဆင့် လည်တိုင်ကျော့လေးကို နှာခေါင်းလေးနဲ့ဖွဖွပွတ်ဆွဲ၍မွှေးကြူနေသည်။ပုခုံးလေးကြုံ့ကာ အနေခက်နေသည့် ခင်မင်း၏နားရွက်ဖျားလေးကို ညင်ညင်သာသာ ကိုက်မလိုလုပ်လိုက်တော့
"အို ဖယ် ဖယ်၊ကျွန်မ အခန်းထဲ ဝင်တော့မယ်"
သန့် အသာတကြည် လွတ်ပေးလိုက်သည်။ခင်မင်းဝင်သွားတော့ သန့်တစ်ယောက်တည်း ဝရံတာတွင် ရပ်ကျန်ခဲ့သည်။
သန့်ပြန်ဝင်လာတော့ ခင်မင်း ဖုန်းပြောနေသည်။
"ဟုတ်၊ပြေပါတယ် ဒေါ်လေးရဲ့သမီးကို စိတ်မပူနဲ့ ။ဒါဆို သမီးဖုန်းချလိုက်ပြီနော်"
"မနက်ဖြန်အတွက် ကျွန်မ ဘာတွေပြင်ဆင်ထားပေးရမလဲ ဘော့စ်"
"ရတယ်" မ"၊မနက်ဖြန်လည်း အကြမ်းလောက်ပဲ။ရန်ကုန်ပြန်ရောက်မှပဲ အစည်းအဝေးသေချာ လုပ်တော့မယ်။ဒါနဲ့ "မ" တောင်ကြီးမှာ ဘယ်ကို အလည်သွားချင်သေးလဲ"
"ဟင့်အင်း၊ကျွန်မ မလည်ချင်ပါဘူး။အလုပ်မရှိတော့ဘူးဆို ကျွန်မ နားတော့မယ်နော်"
ပြောပြီးသည်နှင့် ရေချိုးခန်းထဲခဏဝင်သွား၍ ခင်မင်း မျက်နှာသစ် သန့်ရှင်းရေးလုပ်သည်။ပြန်ထွက်လာတော့ သန့်ကို ကျောပေးကာ ခင်မင်း လှဲအိပ်လိုက်သည်။သန့်က ကွန်ပျူတာ ခဏသုံးနေသေးသည်။တအောင့်ကြာမှ အဲကွန်းအအေးလျှော့၊ အခန်းမီးပိတ်ကာ Night Lamp လေးဖွင့်ထားပြီး ကုတင်ပေါ်တက်လာသည်။ထောင့်တအားကပ်ကာ အိပ်နေသည့် ခင်မင်းကို တစ်ချက်ကြည့်လိုက်သည်။အိပ်ပျော်နေလား မပျော်သေးဘူးလား မဝေခွဲတတ်ပဲ သန့် ခင်မင်းရဲ့ ပုခုံးစွန်းလေးကို ငုံ့နမ်းလိုက်သည်။ခင်မင်းကိုယ်လေး တစ်ချက် တွန့်ခနဲ ဖြစ်သွားသဖြင့် အိပ်မပျော်သေးဘူးဟု သန့်ကောက်ချက်ချလိုက်သည်။
နဖူးပေါ်လက်တင်ကာ မျက်လုံးမှိတ်၍ အိပ်ပျော်ရန် သန့် ကြိုးစားသည်။သို့သော် အိပ်မရ။ရင်ထဲ တစ်မျိုးလေးဖြစ်ကာနေသည်။ပျော်နေသလား ရင်ခုန်နေသလား မဝေခွဲတတ်။သူမဘေးမှာ ခပ်ဖျော့ဖျော့လေးရနေသည့် ကိုယ်သင်းနံ့လေးကို တအားမွှေးကြူချင်လာသည်။အမြဲတမ်းငြင်းဆန်တတ်သည့် အမျိုးသမီးကို ကြင်နာယုယချင်မိပါသည်။ခေါင်းအုံးဖြူဖြူလေးပေါ် က ကပိုကယိုဖြစ်နေသည့် ဆံနွယ်ရှည်တွေကို သိမ်းဖယ်ရင်း ခင်မင်းရဲ့ လည်ဂုတ်ဖွေးဖွေးလေးဆီ သန့် မျက်နှာ ပူးကပ်လိုက်သည်။ခင်မင်းရဲ့ကျောပြင်လေးကို သန့်ရင်ခွင်ထဲရောက်အောင် ကပ်ထားလိုက်၍ လှမ်းဖက်လိုက်သည်။ခင်မင်းကိုယ်လေး တောင့်ခနဲဖြစ်သွားကာ လက်တွေက သူမရင်ဘတ်ကို ကာကွယ်ထားပုံရသည်မို့ သန့် သူမနားရွက်လေးကိုရှိုက်နမ်းပစ်လိုက်သည်။တင်းတင်းစေ့ထားသည့် ခင်မင်းလက်လေးကြွသွားသည်နှင့် သန့် လက်လျှိုဝင်ကာဖက်ထားလိုက်သည်။သန့်က လည်ဂုတ်သားလေးကိုပဲ ညင်ညင်သာသာ နမ်းနေကာ လက်ကို ခဏ ငြိမ်ငြိမ်ထားလိုက်သည်။ဖက်ထားသည့်လက် အပေါ်ဘက်နည်းနည်းရွေ့လိုက်သည်နှင့် ခင်မင်းက သန့်လက်တွေကိုပြန်အုပ်ကိုင်ကာ တားထားလိုက်သည်။
"မ"
"အင်း"
"ဘယ်တော့ ချိုမှာလဲ၊ကိုယ်ပြောစရာရှိတယ်လေ"
"မသိဘူး၊မချိုဘူး"
"မြန်မြန်ချိုတော့ကွာ။ပြောပြချင်နေပြီ သိလား"
ခင်မင်း သန့်ပြောနေတဲ့စကားကို အာရုံရောက်နေတုန်း သန့်က လက်မ တစ်ချောင်းတည်းဖြင့် ခင်မင်း၏ ရင်သားတွေဆီ သွားထိမိအောင် လုပ်လိုက်သည်။ခင်မင်း တုန် သွားကာ သန့်လက်ကို အားနဲ့ဆွဲထားပြီးတားပေမယ့် မရတော့။သန့်လက်က ခင်မင်းရဲ့ လုံးဝန်းမို့မောက်သော ရင်သားပေါ်မှာ စုတ်ဆန်ပြေးကာ လျှောက်ကိုင်နေသည်။
"ဘော့စ် ဒီလိုတွေ မလုပ်ပါနဲ့။ကျွန်မ အဲ့လောက်ထိလည်း တန်ဖိုးမဲ့ မနေပါဘူး"
"တန်ဖိုးမဲ့နေတယ်လို့ ဘယ်သူက ပြောလို့လဲ"
ပြောနေပေမယ့် သန့်လက်တွေက ဆုပ်ကိုင်ပွတ်သပ်နေတာကိုတော့ မရပ်ပါ။ပူနွေးပြီး ထူးဆန်းသည့် ထိုအထိအတွေ့မျိုးက ခင်မင်းအတွက်ပထမဆုံးမို့ မနေတတ်အောင် အရမ်းဖြစ်နေသည်။တစ်ချက်တစ်ချက် တအားပွတ်သပ်ကိုင်တွယ် နေတာမို့ ခင်မင်း ခံရခက် နေရှာသည်။ကိုင်တွယ်ထိတွေ့နေရာကတစ်ဆင့် ခင်မင်းကိုယ်လေးကို ဆွဲလှည့်ပြီး သန့်လက်တွေ ခင်မင်းရဲ့ ညအိပ်အင်္ကျီကြယ်သီးကို ဖြုတ်လိုက်စဥ် ခင်မင်း၏တားဆီးသံမှာ ငိုသံပါလာသည်။
"ဟင့်အင်း၊တော်ပါတော့။မလုပ်ပါနဲ့။မလုပ်ပါနဲ့တော့"
သန့် ငြိမ်ကျသွားကာ "မငိုနဲ့" ဟုဆို၍ ကြယ်သီးပြန်တပ်ပေးလိုက်သည်။
ခင်မင်း စောင်ဆွဲခြုံလိုက်ကာ သန့်ကို ကျောပြန်ပေးလိုက်သည်။သန့်က ခင်မင်း၏ ကျောပြင်လေးကို ရင်ခွင်ထဲဆွဲသွင်းကာ အေးစက်နေသည့်လက်ဖျားလေးတွေကို ထွေးဆုပ်ပေး၍ အိပ်ပျော်အောင် အိပ်ဖို့ကြိုးစားလိုက်သည်။
To be continue
မန်ဘာဝင်ပြီး fb paid group မှာ စ/ဆုံးဖတ်လို့ရပါတယ်။
📢 cb ကနေ hi ပြီး fic ခေါင်းစဥ်နဲ့တကွ မန်ဘာဝင်ချင်လို့ပါလို့ တစ်ခါတည်း ပြောပေးပါ။
"တွေ့ပြီလား။"
"ဘုရားရေ။"
"သန့်လေးရေ"
........................
"ဒေါ်လေး"
"ဟယ်၊သန့်"
ဒေါက်၊ဒေါက်
"သမီးရေ၊ခင်မင်း"
"လာပြီ၊ဒေါ်လေး"
"ကျွန်မ အလုပ်ထွက်လိုက်ရမယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား ဘော့စ်"
"ရှင်ဟာလေ"
"ဒီထက်တောင် တတ်သေးတယ်။ပြရမလား။"
"ဟဲ့၊ တော်စမ်းနော်"
"ချတာပဲ။မှတ်မှ မမှတ်တာ ရှင်က"
"ဟဲလို"
"ဟုတ်ကဲ့ ကိုရှားနောင်"
"သြော် ဟုတ်ကဲ့"
"ဟိုလေ"
"ဒီမှာ ဒေါ်ခင်မင်း"
"ဟားဟား"
အေးစက်ခြောက်ကပ်သည့်ရယ်သံဖြင့်
"သိပ်ရိုင်းတတ်တာပေါ့ကွာ။အဲ့တော့"
ခင်မင်း သန့်ကို ပထမဆုံးအကြိမ် နာမည်ခေါ်တာမို့ သန့်ရဲ့ အတွင်းစိတ်ထဲထိ စိမ့်ဝင်ပျံ့နှံ့ကာ အေးစက်သည့် ထိုခေါ်သံက ပြုစားနေသည်။
"ကိုယ် မင်းကို အခုတော့ ရိုင်းခဲ့ချင်သေးရဲ့ကွာ"
.............................
"လာ ဒေါ်ကြီး"
"ဟုတ်ကဲ့"
"ပြေပါတယ်"
"ဟို၊ကျွန်မကတော့ ကိုရှားနောင်ကို သလဘာမကျပါဘူးရှင်"
"ဟုတ်ကဲ့၊ရပါတယ်။မခင်မင်း အချိန်ယူပါ။အေးဆေးပေါ့"
.......................
"ဟုတ်ကဲ့ရှင့်"
"ဟင့်အင်း၊လိုက်မယ်"
"ယူမလား၊ခူးလိုက်လေ"
"အိုက်နေပြီမို့လား"
"ဟုတ် ပြေတယ်ရှင့်"
"မင်း အရင်ချိုး"
"အာ ဆောရီး"
"ဘာတွေ ငေးနေလဲ"
"မ"
"မဖြေချင်ဘူး"
"မဖြေချင်ဘူးလား"
"မသိဘူး"
"မသိရင် နမ်းမယ်"
"အဲ့ မလုပ်နဲ့"
"မ"
"အင်း"
"မသိဘူး၊မချိုဘူး"
"ဟင့်အင်း၊တော်ပါတော့။မလုပ်ပါနဲ့။မလုပ်ပါနဲ့တော့"
To be continue