'' ကျွန်တော်လိုက်မယ်ဒေါက်တာနန္ဒ ။''
'' ဒေါက်တာလိုက်သွားရဲ လိုက်သွားကြည့်။''
''မင်း...!''
''ဒေါက်တာလိုက်သွားမယ်ဆိုရင်ဒီနေရာမှာပဲ ကျွန်တော်မနေ့ကလို ဒေါက်တာ့ကို အသက်ရူကြပ်အောင်ထိ...''
'' ကျွန်တော် မလိုက်ဖြစ်လောက်တော့ဘူး ဒေါက်တာနန္ဒ ။အားနားပါတယ် ။ကျွန်တော်ဆေးခန်းထိုင်းရအုံးမှာမို့....''
ဆက် သည် ဒေါက်တာ နန္ဒအား ထိုသို့သာပြန်ပြောခဲ့ပြီး မောင်ဆွဲထားသည့်လက်အားဖြုတ်ချလိုက်ကာ ဒေါက်တာနန္ဒ နှင့်မောင်တို့အား ထားခဲ့ပြီး တစ်ယောက်တည်းသာ ထွက်ခဲ့လေတော့သည်။
'' ဒေါက်တာ...!''
မောင် သည် ဆက်၏အနောက်ကို အပြေးလိုက်ပြီး လက်ကလေးအား လှမ်းဆွဲလိုက်လေသည်။
'' လွှတ်နော် လက်ကို။ ''
'' မလွှတ်ဘူး ...! ''
'' ဒါ ကိုယ့်ရဲ့အလုပ်ခွင်နော် ။ ကိုယ့်ကို ပိုင်ဆိုးပိုင်နင်းလာမဆက်ဆံ နဲ့ ။''
'' ကျွန်တော်ကဘာလုပ်နေလို့လဲ။ ''
'' ဒီတစ်ခါကိုယ်မင်းကိုအရမ်းစိတ်ဆိုးတယ် ကောင်လေး ။''
'' အကြောင်းအရင်းက ? ''
'' မင်းစောစောက လုပ်ပုံကောင်းသလား။ ဒေါက်တာနန္ဒက ကိုယ်နဲ့မင်းကို ဘယ်လိုထင်သွားမလဲ ။''
'' ချစ်သူတွေလို့ပေါ့။''
'' ကျစ် ! ကိုယ်တကယ် စိတ်ရှုပ်လာပြီ ။ကောင်လေး မင်းဘာဖြစ်နေတာလဲ ။''
'' ချစ်နေတာလေ ... ကျွန်တော် ဒေါက်တာ့ကို ချစ်နေတာ ။ ဒေါက်ရဲ့ ချစ်သူ ဖြစ်ချင်နေတာ။''
'' ....''
ဆက် ဘာမှဆက်မပြောတော့ဘဲ မျက်မှောင်လေးကျုံ့ကာ လက်အားဖြုတ်ချပြီး၍ အလိုမကျသလို ဆက်လျှောက်နေလေတော့သည်။
'' ဒေါက်တာ...!''
''....''
''ဒေါက်တာလို့ ...!''
'' ......''
''မသိချင်ယောင်ဆောင်နေအုံးမယ်ဆိုရင် ကျွန်တော်ဒေါက်တာ့ကို ဒီနေရာမှာပဲ အသက်ရှုကျပ်ပြီး မေ့လဲ အောင်အထိ နမ်းပစ်မှာနော်။ ''
''ဟား ...ဒီလူဆိုးကောင်လေးကတော့..!''
ဆက်သည် မောင့်ရဲ့စကားကြောင့် ဒေါသထွက်နေသည့် မျက်နှာလေးနှင့် မောင့်ဘက်ချက်ချင်းလှည့်ကာပြောလိုက်လေသည်။
'' အဲ့လူဆိုးကောင်လေးက မင်းဆက်နွယ်ဆိုတဲ့ ဒေါက်တာလေးရဲ့ချစ်သူဖြစ်ချင်လို့...။ထပ်ပြောမယ် ဒေါက်တာ့ရဲ့ချစ်သူဖြစ်ချင်တယ်..။ဒေါက်တာ့ကို မောင်သိပ်ချစ်တယ်။
''
'' ကိုယ်ဘယ်နှစ်ခါ ၊ဘယ်နှစ်ကြိမ် ထပ်ပြောရအုံးမှာလဲ။ ကိုယ်မိန်းကလေးမဟုတ်ဘူး။ ''
''မောင့်အချစ်က ယောက်ျားလေးဖြစ်နေလို့မချစ်ရဘူးဆိုပြီး ကျား၊မ ခွဲထားတာမဟုတ်ဘူးဒေါက်တာ ...။ဒေါက်တာ ဖြစ်နေလို့...မောင့်ရှေ့က မင်းဆက်နွယ်ဆိုတဲ့ဒေါက်တာ ဖြစ်နေလို့ကို ချစ်တာ... ။မောင်ဒေါက်တာကိုသိပ်ချစ်တယ်...။ထပ်ပြောမယ် ဒေါက်တာ့ကို မြတ်မြတ်နိုးနိုးနဲ့ကို ချစ်တယ် ...။မောင်ဒေါက်တာ့ကို ပိုင်ဆိုင်ရဖို့ဆိုရင် ဘာပဲလုပ်ရ ၊လုပ်ရ၊ ဘယ်သူတွေဘာပြောပြော ..၊ဘာအခက်အခဲပဲရှိရှိမောင်ရအောင်ကျော်သွားမှာ....။''
မောင့်၏ စကားတွေကြောင့် ဆက် ဘာမှ ဆက်၍ မပြောနိုင်တော့ဘဲ ငြိမ်ကျသွားလေတော့သည်။
''မောင့်ရဲ့ဒေါက်တာလေး ကခုမှအလုပ်ပြန်လာတာဆိုတော့ ပင်ပန်းနေရောပေါ့။နားလိုက်ပါဒေါက်တာ...။ဒါပေမဲ့တစ်ခုတော့မှတ်ထားပေး။ မောင် ဒေါက်တာ့ကို ချစ်တယ်...။ဒီစကားကိုမောင်အသက်ရှင်နေသ၍ ဆက်ပြောမယ်...။မောင်ဒေါက်တာ့ကို သိပ်ချစ်တယ် ။''
ဆက် ချက်ချင်းလက်ငင်းသူ့ကိုယ်သူ
''မောင် ''ဟုသုံးကာ စကားတွေအားတစ်ခွန်းချင်းအလေးအနက်ပြောနေသည့်ကောင်လေးကြောင့် မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့်ကြောင်ပြီးသာ ကြည့်နေမိသည်။ ဆက် အသိပြန်ဝင်လာမှ တဒုတ် ဒုတ်ခုန်နေသည့် ရင်ဘတ်လေးအား အသာဖိပြီး လူဆိုးကောင်လေးထံမှ မျက်နှာလွှဲလိုက်လေသည်။
ဆက်သည် လူဆိုးကောင်လေး၏ စကားတွေကြောင့်ရင်ခုန်မိသည်ကိုတော့ ဝန်ခံပါသည်။ သို့ပေမဲ့ မဖြစ်သင့်ဘူးမဟုတ်လား...။ယောက်ျားလေးချင်းတစ်ယောက်နှင့်တစ်ယောက်ချစ်တယ်ကြိုက်တယ်ဆိုတာ ဇာတ်လမ်းတွေထဲမှာသာ လွယ်ကူပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ပတ်ဝန်းကျင် ဆိုတဲ့ အရာကြီးကိုဆက်ကြောက်ပါသည်။
အချစ်ကို အချစ်လို့မမြင်ပါပဲ...ရွံ့စရာဟုသာမြင်ကြသည့်ပတ်ဝန်းကျင်၏ ဝေဖန် မှုတွေကို ဆက်လို ဆရာဝန်ဆို့သည့် ဂုဏ်သိက္ခ နှင့်နေလာသူတစ်ယောက်ကတော့ ကြောက်ပါသည်။
'' ၃လက်မသာရှည်သော လျှာသည် အရပ်၆ပေ ရှိသော လူတစ်ယောက်ကို သတ်နိုင်သလို၊ သေစေနိုင်ပါသည် ။''
တဲ့ဆက်ဖတ်ခဲ့ဖူးသည့် စာတွေထဲကလိုပင် လူတွေ၏ လျှာဖျားမှ ပြစ်တင်ဝေဖန်မှုတွေကြောင့် ဆက် ၏ မေကြီးနှင့် ဖေကြီး တို့ ပြုစုပျိုးထောင်ပေးထားသည့် ဒီဘဝလေးအား အသတ်ခံရပြီး သေမည်ကိုတော့ ဆက်တကယ်ကြောက်ပါသည်။
'' မင်း..ကိုယ့်ကိုတကယ်ချစ်လား ။''
ဆက်သည် မောင့်၏ မျက်နှာအား တည့်တည့်စိုက်ကြည့်ပြီးမေးလိုက်လေသည်။
''ဖြေစရာလိုသေးလို့လား ဒေါက်တာရယ်။ ချစ်တာပေါ့...။''
မောင် သည်တုံ့ဆိုင်းချင်းမရှိဘဲ ဒေါက်တာ့၏ အမေးအားဖြေလိုက်လေသည်။
'' ဒါဖြင့် မင်းကိုယ့်ကို လက်ထပ်ရဲလား။ ''
ဆက်သည် ဒုတိယအကြိမ် မောင့်မျက်လုံးအားတည့်တည့်စိုက်ကြည့်ပြီးမေးလိုက်လေသည်။
မောင် သည်ဒေါက်တာ့၏စကားကြောင့် ခဏမျှတွေဝေသွားသည်။ ဆက် သည်မိမိ၏အရှေ့တွင် တွေဝေသွားသည့်ကောင်လေးအား ကြည့်ပြီး မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်လေသည်။
'' မင်း မဖြေနိုင်တော့ဘူးမလားကောင်လေး..။ဒါပဲ။ဒါကအဖြေပဲ။ မင်းကိုယ့်ကိုချစ်တယ်။ ဒါပေမဲ့ လက်ထပ်လောက်တဲ့အထိတော့ မင်းသတ္တိမရှိဘူး ...။ တကယ်တော့မင်းကချစ်ပဲချစ်ရဲတာပါ။ ဒါမှမဟုတ်ချစ်တာလား ၊ ဒီတိုင်းပဲ အသစ်အဆန်းဖို့သာယာတာလားဆိုတာ မင်းစိတ်ကိုအရင်ပြန်မေးကြည့်ပါအုံးလား ကောင်လေးရယ် ....။''
ဆက်သည် လက်လေးတစ်ဖက်အား တင်းနေအောင်ဆုပ်လိုက်ကာ မောင့်အားပြော၍ ကျောခိုင်းလိုက်ပြီး အိမ်ပေါ်သို့သာတက်ရန်ပြင်လိုက်လေသည်။
'' အ့ ! ''
ဆက် သည် အိမ်ပေါ်သို့တက်ရန်ပြင်နေစဥ် ဖမ်းဆွဲခံလိုက်ရသည့် လက်တစ်စုံကြောင့် လန့်သွားလေတော့သည်။
'' အ့ ! ဘာလုပ်တာလဲ။ လွှတ် ဘယ်သွားမလ်ု့လဲ ။ ကိုယ့်ကို ဘယ်ဆွဲခေါ်နေတာလဲ။''
''ဒေါက်တာ စောစောကမေးတဲ့မေးခွန်းကိုဖြေပေးမလို့...။''
ဆက်၏ မျက်လုံးအား စိုက်ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလာသည့်ကောင်လေးကြောင့်ဆက်ဘာဆက်ပြောရမှန်းပင်မသိတော့ပေ...။
'' ဟင်...''
'' တရားရုံးသွားမယ်...။''
''ဘာ...ဘာလုပ်ဖို့လဲ...။''
'' ခုချက်ချင်း လက်ထပ်မယ်။ ''
ဆက် ဒီအတိုင်းနောက်ဆုတ်သွားအောင် ပြောလိုက်ပေမဲ့ နောက်မဆုတ်သည့်အပြင် တကယ်လုပ်မည့်ပုံစံမျိုးနှင့်ပြောနေသည့်ကောင်လေးကြောင့် ဆက်လန့်သွားလေတော့သည်။
'' ကိုယ်...ကိုယ်ပြောတာက... ''
'' ဒေါက်တာပဲမေးတာလေ ။လက်ထပ်ရဲလားဆို ''
'' ဟိုလေ...အဲ့ဒါကြောင့် ''
မောင်သည် မိမိ၏ရှေ့ကနေ ဂုတ်လေးအား အသာပွတ်ပြီး မျက်နှာငယ်လေးနှင့် ဘာပြောရမှန်းမသိဖြစ်နေသည့် ဒေါက်တာ့ မျက်နှာလေးကိုသာ စိုက်ကြည့်နေလိုက်သည်။
'' ဒေါက်တာ နဲ့ဆို မောင် ၁၀ ခါပြန်လက်ထပ်ရဲတယ် ။အဲ့ဒါကြောင့် မောင့်အချစ်ကို မယုံကြည်သလို ပုံစံနဲ့လာမစမ်းနဲ့ဒေါက်တာ။ ''
''ကိုယ်...''
ဆက် တကယ့်ကို ဘာဆက်ပြောလို့ပြောရမှန်းပင်မသိတော့ပေ...။ဆက် ချက်ချင်းဆိုသလို တ ဒုတ် ဒုတ် ခုန်လာသော ရင်ဘတ်လေးကိုသာ အသာဖိပြီး အိမ်ပေါ်သို့ပြေးတက်ခဲ့လေတော့သည်။
ဆက်အခန်းထဲ ရောက်ရောက်ချင်း ထမင်းချိုင်လေးချကာ ပြတင်ပေါက်လေးအား အသာဖွင့်ပြီး အပြာရောင် လိုက်ကာလေးနှင့် အသာကွယ်ပြီး လူဆိုးကောင်လေးအားခိုးကြည့်လိုက်သည်။
'' သူ..သူတကယ် နောက်နေတာမဟုတ်ဘူးပဲ။''
>>>>
<<<<
'' ကြီးမေ ...ကြီးမေ ''
မောင် အိမ်ပြန်ရောက်တော့ ရေ၊မိုး ချိုးပြီး အောက်ထပ်ဆင်းလာလိုက်သည်။ မောင် အောက်ထပ် မှာ ဘယ်သူမှ မရှိတာကြောင့် ကြီးမေအား ခေါ်နေပေမဲ့ ဘာအသံမှ မကြားတာကြောင့် ခြံ ထဲ သို့သာထွက်ခဲ့လေသည်။
'' ကြီးမေက...ဒီမှာ...သြော်မဟုတ်ဘူးဘဲ ''
မောင် ခြံထဲသို့ ရောက်ရောက်ချင်း ပန်းပင်တွေကြားထဲရှိ လူရိပ်ကြောင့် ကြီးမေ မှတ်၍ ခေါ်လိုက်ပေမဲ့ ကြီးမေမဟုတ်ဘဲ ဒေါ်မူယာနွယ် ဖြစ်နေတာကြောင့် ပြန်လှည့်ထွက်ရန်ပြင်လိုက်လေသည်။
'' ဟင် ...သားမောင် ...လာလေ။ ဘာဖြစ်လို့လဲ ။''
မောင် အိမ်ထဲသို့ ပြန်လှည့်ဝင်ဖို့ပြင်နေတုန်း နောက်ကျောဘက်မှ ထွက်ပေါ်လာသည့် ဒေါ်မူယာနွယ့် ၏ အသံကြောင့် ခြေလှမ်းများရပ်ကာ ပြန်လှည့်လာလိုက်သည်။
'' ဟို...ဟို ကြီးမေ..ကြီးမေကိုရှာနေတာ။ ''
''သြော် ကြီးမေနဲ့ ယဥ် ရွာခဏပြန်သွားကြတယ် ။ဘာလုပ်ချင်လို့လဲ ပြောလေ။ တီနွယ် လုပ်ပေးမယ် ။''
'' ရ...ရပါတယ် ။ကျွန်တော်က ဒီအတိုင်း..''
မောင် ဘာဆက်ပြောရမှန်း မသိတော့တာကြောင့် နွယ် စိုက်နေသည့်ပန်းပင်တွေ ဘေးနားရှိ ကံ့ကော်ပင်အောက်လေးတွင် အသာဝင်ထိုင်လိုက်လေသည်။
'' ဟင်း...''
နွယ်နောက်သို့လှည့်ကြည့်လိုက်တော့ သစ်ပင်အောက်လေးတွင် ထိုင်နေသည့် သားမောင်ကြောင့် ရယ်ပြလိုက်ပြီး ပန်းပင်လေးတွေအားလက်စသက်ကာ ထလာလိုက်လေသည်။
'' အန်တီ နွယ့်ကို ပြောစရာတစ်ခုခု များရှိနေလား သားမောင် ။''
နွယ် သည်မောင့်ဘေးနားလေးတွင် အသာဝင်ထိုင်လိုက်ပြီးပြောလိုက်လေသည်။
'' မ...မရှိပါဘူး ။''
'' ဒါဖြင့် တီနွယ် တစ်ခုလောက်မေးလို့ရမလား ။''
မောင် နွယ့်အား ကြည့်ပြီး ခေါင်းလေးသာ အသာညိတ်ပြလေသည်။
'' သား တကယ် ရွေးချယ်ပြီးပြီလား။ ''
'' ဘာကိုလဲ ....?''
''မနေ့က သားဒယ်ဒီ တော်တော်ဒေါသထွက်သွားတယ်။''
''....''
'' အန်တီနွယ်ကတော့ အပြင်လူမို့ ဘာမှဝင်စွက်ဖက်ခွင့်မရှိပါဘူးကွယ်။ ဒါပေမဲ့ အဲ့ကိစ္စကြောင့် သားမောင်နဲ့ သားရဲ့ဒယ်ဒီ ကြားမှာ အတိုက်အခိုက်တွေရှိလာမှာတော့ အန်တီနွယ် မလိုလားဘူး ...။အန်တီနွယ်က မိထွေးပါ ။ဒါပေမဲ့ အန်တီနွယ် သားအပေါ် ကိုယ့်သားအရင်းလို သဘောထားတာပါ ...။
အန်တီနွယ် သားကိုစိတ်မဆိုးပါဘူး။ သား အန်တီနွယ့်ကို မုန်းတယ်ဆိုတာဖြစ်သင့်တယ်လေ။''
''.....''
''သားတကယ် သူ့ကိုချစ်လား။ ''
''အင်း...''
'' ဘယ်သူလဲဆိုတာ အန်တီနွယ်သိခွင့်ရှိမလား။ ''
မောင် အန်တီနွယ့်အားတစ်ချက် စိုက်ကြည့်လိုက်သည်။
''....''
'' အန်တီနွယ့်ကိုယုံပါ ။သားဒယ်ဒီကိုပြန်မပြောပါဘူး။ ''
''သူက ဆရာဝန်လေး ပါ။ ဒီရပ်ကွက်ကို ပြောင်းလာတာမကြာသေးဘူး ။မင်းဆက်နွယ် တဲ့။ ''
''ဟယ်သူလေးလား ...။''
'' သိလို့လား။''
''အင်း ။မနက်မှ သိတာ ။ရုပ်ကလေးကချောသလို စိတ်ထားလေးကလည်း ကောင်းတယ်လေ ...။
အန်တီနွယ့်သားလေးသာရှိခဲ့ရင် သူ့အရွယ်လောက်ရောက်ပြီထင်တယ်။''
''ဟင်...သား..?''
မောင် သည် အန်တီနွယ့်၏ မျက်နှာအား
ကြည့်ပြီး မေးသလိုလေး ပြောလိုက်သည်။
''အင်း...''
နွယ်သည် မောင့်ဘေးနားလေးမှ ထလိုက်ပြီး နှင်းဆီပန်းလေးတွေကိုသာ စိုက်ကြည့်လိုက်ကာ တွေတွေလေးငေးကာ မဲ့ပြုံးလေးပြုံးပြီး ပြောလိုက်သည်။
'' ဘယ်...ဘယ်ရောက်သွားလို့လဲ ။''
'' ဆုံးသွားပါပြီကွယ်။သားလေးက လမပြည့်ပဲမွေးတာလေ...။မွေးပြီးပြီးချင်း ဆုံးသွားရှာတယ် ....။''
နွယ် ဝဲတက်လာသည့်မျက်ရည်လေးတွေအားအသာသုတ်လိုက်ကာ ပြောလိုက်လေသည်။
''ဒါဖြင့် အန်တီနွယ့်အမျိုးသားကရော။''
''ဟင်း...''
နွယ် မဲ့ပြုံးလေးတစ်ခုသာပြုံးပြီး မောင်မေးသည့်မေးခွန်ကိုတော့ မဖြေခဲ့ပါ။
'' အန်တီနွယ် တစ်ခုတော့ပြောချင်တယ်။ အန်တီနွယ် ဒေါက်တာလေးက်ိုသဘောကျပါတယ်။ အန်တီနွယ်သဘောကျတာထက် သားနဲ့အဆင်ပြေရင်၊ သားချစ်တယ်ဆိုရင် ၊ဘာမှ မလိုတော့ပါဘူး ။ဒါပေမဲ့ အန်တီနွယ်က သားဒယ်ဒီရဲ့ မိန်းမပဲသား ။သားရဲ့အမေ မဟုတ်ဘူး။ အန်တီနွယ်မှာ သားနဲ့ပတ်သတ်ပြီး ဘာမှ ဆုံးဖြတ်ပိုင်ခွင့် မရှိသလို...၊ဘာမှလဲပြောပိုင်ခွင့်မရှိဘူး။ သားဖွားဖွားကြီးတို့ပါ သိရင် ပိုဆိုးကုန်မယ် သား။ ''
'' ကျွန်တော်သိပါတယ်....''
'' သားကို အန်တီနွယ်တစ်ခုလေးပဲထပ်ပြောချင်တယ်...။တကယ်ချစ်ရင် သူ့ကို ပဲရွှေးချယ်ရဲပါစေသား...။''
နွယ်...သားမောင့်အား ထိုစကားလေးတစ်ခွန်းသာပြောလိုက်ပြီး ပန်းနှင်းဆီတွေအား ကြည့်ကာ အတိတ်ဆီသို့ အတွေးပေါင်းများစွာနဲ့သာ ...။
မောင်လည်းဘာမှ ဆက်မမေးတော့ဘဲ အတွေးများစွာနှင့်သာ နှစ်မြောနေလေတော့သည်။
>>>>
<<<<
''ကိုဆက်ရယ် ဘယ်လိုဖြစ်လို့ ချွဲနေတာတုန်း ''
''မချွဲပါဘူး မေကြီးကလည်း သားတကယ်ပြောတာ မေကြီးနဲ့ဖေကြီးက်ိုအရမ်းချစ်တယ်နော် ....။''
''အမယ်လေးဟုတ်ပါပြီရှင်...။ဒီအပြောလေးတွေနဲ့ သိမ်းသွင်းနေတာပေါ့လေ။ နောက်မှ ချစ်တဲ့သူတွေ့ရင် ဒီမေကြီး နဲ့ဖေကြီး ကို ပြစ်သွားသိလား....။''
ဆက် ဖုန်းထဲမှကြားလိုက်ရတဲ့မေကြီး စကားလေးကြောင့်အသံလေးပျောက်သွားလေသည်။
'' ကိုဆက် အသံပျောက်သွားပါ့လား။ဘာဖြစ်လို့လဲ။ ''
''ဟင်..သြော်မေကြီး။ ဖုန်းလိုင်းမကောင်းလို့။ အင်း မေကြီးဒါဆို ဒါပဲလေနော်။ သားနားတော့မယ်။ ''
''ဟုတ်ပါပြီရှင်။ ''
ဆက် ဖုန်းချလိုက်ပြီး ရေချိုးခန်းထဲသို့ဝင်ကာ ရေမိုးချိုးလိုက်လေသည်။
ဆက်ရေချိုးပြီးနာရီကြည့်လိုက်တော့ ၈နာရီတောင်ခွဲနေလေသည်။ ဆေးရုံကပြန်လာပြီးကတည်းက အစာပြေစားထားတာကြောင့် ဗိုက်ကလည်းမစာသေး၍ ဆက် စာကြည့်စာပွဲလေးတွင်သာထိုင်ပြီး စာအုပ်လေးဖတ်နေလိုက်လေသည်။
'' ဟား...စာဖတ်လို့လဲမရဘူး ''
ဆက်သည် စာအုပ်လေးအားပိတ်လိုက်ပြီး အပြာရောင်မီးလေးအား ပိတ်လိုက်ဖွင့်လိုက်လုပ်ကာ အတွေးများစွာနှင့်သာ အတွေးလွန်နေလေသည်။
'' ပြန်ချစ်မယ်...''
''ပြန်မချစ်ဘူး..''
''ပြန်ချစ်လိုက်မယ်...''
''ပြန်မချစ်ဘူး...''
''ဟင်...''
ဆက် သည်စာကြည့်စာပွဲရှိ ပန်းအိုးလေးထဲတွင်ထိုးထားသည့် နှင်းဆီပန်းအဖြူရောင်လေးအ ပွင်ဖတ်တစ်ခုချင်းစီချွေရင်း ပါးစပ်မှလည်းအဆက်မပြတ်ရေရွတ်နေလေသည်။
''ဟင်း နှင်းဆီပန်းကတောင်သူ့ဘက်ပါနေတယ်...။''
ဆက်သည် '' ပြန်မချစ်ဘူး....'' ဟုနှင်းဆီပွင့်ဖက်လေးလေးတစ်ဖက်အားချွေကာရွတ်ပြီးမှာတော့ တစ်ဖတ်တည်းသာကျန်နေသည့် နှင်းဆီပွင့်ဖတ်လေးအားကြည့်ပြီးနှုတ်ခမ်းလေးမဲ့ကာ ပြောလိုက်သည်။
'' 🎼🎼🎼🎼🎼🎼''
''ဟင်...''
ဆက် နှင်းဆီပန်းလေးအားကိုင်ပြီးပွစိပွစိပြောနေစဥ် ကြားလိုက်ရသည့် ဂီတာသံလေးကြောင့် အိမ်ရှေ့လမ်းထက်ရှိဗံဒါပင်လေးအောက်သို့ ကြည့်လိုက်မိတော့ ထင်သည့်အတိုင်း ဂီတာလေးအား ကိုင်ပြီး ထိုင်နေတဲ့ လူဆိုးကောင်လေးပင်...။
ဆက် ဒီတစ်ကြိမ်တွင်တော့ ပုန်းမနေတော့ဘဲပြတင်းပေါက်လေးအားဖွင့်လိုက်ကာ ကောင်လေးအား နောက်ကျောပေးပြီးသာရပ်လိုက်လေသည်။
မောင် ဗံဒါပင်လေးအောက်ရှိအုတ်ခုံလေးတွင်ထိုင်ကာ ဂီတာသံလေးစမ်းတုန်းရှိသေး ပြတင်းပေါက်လေးကလေးမှတွေ့လိုက်ရသည့်နောက်ကျော လေးကြောင့် ပါးပေါ်မှ ပါးချိုင့်လေးတွေချိုင့်ဝင်သည်အထိပြုံးလိုက်လေသည်။
🎶🎶🎶 ကဗျာတွေစီကာ..အချစ်ဆုံးဖတ်ဖို့...နှလုံးသားဆီက စကားလုံးများ...
အချစ်အဓိပ္ပာယ် ဖွင့်ဆိုနေချိန်..အပြုံးပန်းတို့ ဖူးပွင့်မလား အချစ်နှုတ်ဖျား....
သံစဥ်တွေနဲ့ကိုယ်ရေးဖွဲ့တဲ့....တေးသွားလွင်လွင်ကိုယ့်သီချင်းများ...နားဆင်ရင်း..တန်ပြန်အချစ်စိတ်တို့...ကိုယ့်အတွက်ထားနိုင်မလား..
အလွမ်းအိမ်မက်...ကိုယ်မမက်လိုပါ..စာနာစဥ်းစားပေးလှည့်ဦး...အချစ်ရေစီးမှာတူစုံမျှောချင်တာ....အတူဖန်တီးတဲ့အချစ်လှေကလေးနဲ့.....
ပင်လယ်ကျော်ကာ ဖြတ်သန်းသမုဒ္ဒရာ အချစ်ရဲ့ရေပြင်ကျယ်ကြီးထဲမှာ...တစ်သက်စာအတွက်အို..မခမ်းခြောက်မယ့် ကိုယ့်အချစ်များပေးဆပ်ရင်း..ပျော်နေမှာ...🎶🎶
ဆက် သည်မောင်ဆိုနေသည့် သီချင်းလေးကအားနားထောင်ရင်း နှုတ်ခမ်းထက်တွင် အပြုံးလေးတစ်ခု ပွင့်လန်းရင်း ပြောလိုက်လေသည်။.
'' မင်းသိပ်ဆိုးတယ် မောင်...တကယ့်ကိုလူဆိုးလေးပဲ....။''
>>>>
<<<<
14.2.2022
T.B.C __
Hsu💙
အို ဒီနေ့ Update ရက်မဟုတ်ပေမယ့်V_D လေးမှာ ဆုကလေးတွေကို စပရိုက် လာတိုက်တာ ...ဟီး...>_<
သဘောကျတယ်မလား အာဘွားလာပေးရမှာ ဆုရဲ့ Fic လေးက ပေါ့နေရင်လဲဲပြောကြပါအုံးနော် 💙
Zawgyi
'' ကြၽန္ေတာ္လိုက္မယ္ေဒါက္တာနႏၵ ။''
'' ေဒါက္တာလိုက္သြားရဲ လိုက္သြားၾကည့္။''
''မင္း...!''
''ေဒါက္တာလိုက္သြားမယ္ဆိုရင္ဒီေနရာမွာပဲ ကြၽန္ေတာ္မေန႔ကလို ေဒါက္တာ့ကို အသက္႐ူၾကပ္ေအာင္ထိ...''
'' ကြၽန္ေတာ္ မလိုက္ျဖစ္ေလာက္ေတာ့ဘူး ေဒါက္တာနႏၵ ။အားနားပါတယ္ ။ကြၽန္ေတာ္ေဆးခန္းထိုင္းရအုံးမွာမို႔....''
ဆက္ သည္ ေဒါက္တာ နႏၵအား ထိုသို႔သာျပန္ေျပာခဲ့ၿပီး ေမာင္ဆြဲထားသည့္လက္အားျဖဳတ္ခ်လိုက္ကာ ေဒါက္တာနႏၵ ႏွင့္ေမာင္တို႔အား ထားခဲ့ၿပီး တစ္ေယာက္တည္းသာ ထြက္ခဲ့ေလေတာ့သည္။
'' ေဒါက္တာ...!''
ေမာင္ သည္ ဆက္၏အေနာက္ကို အေျပးလိုက္ၿပီး လက္ကေလးအား လွမ္းဆြဲလိုက္ေလသည္။
'' လႊတ္ေနာ္ လက္ကို။ ''
'' မလႊတ္ဘူး ...! ''
'' ဒါ ကိုယ့္ရဲ႕အလုပ္ခြင္ေနာ္ ။ ကိုယ့္ကို ပိုင္ဆိုးပိုင္နင္းလာမဆက္ဆံ နဲ႔ ။''
'' ကြၽန္ေတာ္ကဘာလုပ္ေနလို႔လဲ။ ''
'' ဒီတစ္ခါကိုယ္မင္းကိုအရမ္းစိတ္ဆိုးတယ္ ေကာင္ေလး ။''
'' အေၾကာင္းအရင္းက ? ''
'' မင္းေစာေစာက လုပ္ပုံေကာင္းသလား။ ေဒါက္တာနႏၵက ကိုယ္နဲ႔မင္းကို ဘယ္လိုထင္သြားမလဲ ။''
'' ခ်စ္သူေတြလို႔ေပါ႔။''
'' က်စ္ ! ကိုယ္တကယ္ စိတ္ရႈပ္လာၿပီ ။ေကာင္ေလး မင္းဘာျဖစ္ေနတာလဲ ။''
'' ခ်စ္ေနတာေလ ... ကြၽန္ေတာ္ ေဒါက္တာ့ကို ခ်စ္ေနတာ ။ ေဒါက္ရဲ႕ ခ်စ္သူ ျဖစ္ခ်င္ေနတာ။''
'' ....''
ဆက္ ဘာမွဆက္မေျပာေတာ့ဘဲ မ်က္ေမွာင္ေလးက်ဳံ႕ကာ လက္အားျဖဳတ္ခ်ၿပီး၍ အလိုမက်သလို ဆက္ေလွ်ာက္ေနေလေတာ့သည္။
'' ေဒါက္တာ...!''
''....''
''ေဒါက္တာလို႔ ...!''
'' ......''
''မသိခ်င္ေယာင္ေဆာင္ေနအုံးမယ္ဆိုရင္ ကြၽန္ေတာ္ေဒါက္တာ့ကို ဒီေနရာမွာပဲ အသက္ရႈက်ပ္ၿပီး ေမ့လဲ ေအာင္အထိ နမ္းပစ္မွာေနာ္။ ''
''ဟား ...ဒီလူဆိုးေကာင္ေလးကေတာ့..!''
ဆက္သည္ ေမာင့္ရဲ႕စကားေၾကာင့္ ေဒါသထြက္ေနသည့္ မ်က္ႏွာေလးႏွင့္ ေမာင့္ဘက္ခ်က္ခ်င္းလွည့္ကာေျပာလိုက္ေလသည္။
'' အဲ့လူဆိုးေကာင္ေလးက မင္းဆက္ႏြယ္ဆိုတဲ့ ေဒါက္တာေလးရဲ႕ခ်စ္သူျဖစ္ခ်င္လို႔...။ထပ္ေျပာမယ္ ေဒါက္တာ့ရဲ႕ခ်စ္သူျဖစ္ခ်င္တယ္..။ေဒါက္တာ့ကို ေမာင္သိပ္ခ်စ္တယ္။
''
'' ကိုယ္ဘယ္ႏွစ္ခါ ၊ဘယ္ႏွစ္ႀကိမ္ ထပ္ေျပာရအုံးမွာလဲ။ ကိုယ္မိန္းကေလးမဟုတ္ဘူး။ ''
''ေမာင့္အခ်စ္က ေယာက္ေက်ားလးျဖစ္ေနလို႔မခ်စ္ရဘူးဆိုၿပီး က်ား၊မ ခြဲထားတာမဟုတ္ဘူးေဒါက္တာ ...။ေဒါက္တာ ျဖစ္ေနလို႔...ေမာင့္ေရွ႕က မင္းဆက္ႏြယ္ဆိုတဲ့ေဒါက္တာ ျဖစ္ေနလို႔ကို ခ်စ္တာ... ။ေမာင္ေဒါက္တာကိုသိပ္ခ်စ္တယ္...။ထပ္ေျပာမယ္ ေဒါက္တာ့ကို ျမတ္ျမတ္ႏိုးႏိုးနဲ႔ကို ခ်စ္တယ္ ...။ေမာင္ေဒါက္တာ့ကို ပိုင္ဆိုင္ရဖို႔ဆိုရင္ ဘာပဲလုပ္ရ ၊လုပ္ရ၊ ဘယ္သူေတြဘာေျပာေျပာ ..၊ဘာအခက္အခဲပဲရွိရွိေမာင္ရေအာင္ေက်ာ္သြားမွာ....။''
ေမာင့္၏ စကားေတြေၾကာင့္ ဆက္ ဘာမွ ဆက္၍ မေျပာႏိုင္ေတာ့ဘဲ ၿငိမ္က်သြားေလေတာ့သည္။
''ေမာင့္ရဲ႕ေဒါက္တာေလး ကခုမွအလုပ္ျပန္လာတာဆိုေတာ့ ပင္ပန္းေနေရာေပါ႔။နားလိုက္ပါေဒါက္တာ...။ဒါေပမဲ့တစ္ခုေတာ့မွတ္ထားေပး။ ေမာင္ ေဒါက္တာ့ကို ခ်စ္တယ္...။ဒီစကားကိုေမာင္အသက္ရွင္ေနသ၍ ဆက္ေျပာမယ္...။ေမာင္ေဒါက္တာ့ကို သိပ္ခ်စ္တယ္ ။''
ဆက္ ခ်က္ခ်င္းလက္ငင္းသူ့ကိုယ္သူ
''ေမာင္ ''ဟုသုံးကာ စကားေတြအားတစ္ခြန္းခ်င္းအေလးအနက္ေျပာေနသည့္ေကာင္ေလးေၾကာင့္ မ်က္လုံးဝိုင္းဝိုင္းေလးေတြႏွင့္ေၾကာင္ၿပီးသာ ၾကည့္ေနမိသည္။ ဆက္ အသိျပန္ဝင္လာမွ တဒုတ္ ဒုတ္ခုန္ေနသည့္ ရင္ဘတ္ေလးအား အသာဖိၿပီး လူဆိုးေကာင္ေလးထံမွ မ်က္ႏွာလႊဲလိုက္ေလသည္။
ဆက္သည္ လူဆိုးေကာင္ေလး၏ စကားေတြေၾကာင့္ရင္ခုန္မိသည္ကိုေတာ့ ဝန္ခံပါသည္။ သို႔ေပမဲ့ မျဖစ္သင့္ဘူးမဟုတ္လား...။ေယာက္ေက်ားလးခ်င္းတစ္ေယာက္ႏွင့္တစ္ေယာက္ခ်စ္တယ္ႀကိဳက္တယ္ဆိုတာ ဇာတ္လမ္းေတြထဲမွာသာ လြယ္ကူေပမဲ့ တကယ့္လက္ေတြ႕ဘဝမွာေတာ့ ပတ္ဝန္းက်င္ ဆိုတဲ့ အရာႀကီးကိုဆက္ေၾကာက္ပါသည္။
အခ်စ္ကို အခ်စ္လို႔မျမင္ပါပဲ...ရြံ႕စရာဟုသာျမင္ၾကသည့္ပတ္ဝန္းက်င္၏ ေဝဖန္ မႈေတြကို ဆက္လို ဆရာဝန္ဆို႔သည့္ ဂုဏ္သိကၡ ႏွင့္ေနလာသူတစ္ေယာက္ကေတာ့ ေၾကာက္ပါသည္။
'' ၃လက္မသာရွည္ေသာ လွ်ာသည္ အရပ္၆ေပ ရွိေသာ လူတစ္ေယာက္ကို သတ္ႏိုင္သလို၊ ေသေစႏိုင္ပါသည္ ။''
တဲ့ဆက္ဖတ္ခဲ့ဖူးသည့္ စာေတြထဲကလိုပင္ လူေတြ၏ လွ်ာဖ်ားမွ ျပစ္တင္ေဝဖန္မႈေတြေၾကာင့္ ဆက္ ၏ ေမႀကီးႏွင့္ ေဖႀကီး တို႔ ျပဳစုပ်ိဳးေထာင္ေပးထားသည့္ ဒီဘဝေလးအား အသတ္ခံရၿပီး ေသမည္ကိုေတာ့ ဆက္တကယ္ေၾကာက္ပါသည္။
'' မင္း..ကိုယ့္ကိုတကယ္ခ်စ္လား ။''
ဆက္သည္ ေမာင့္၏ မ်က္ႏွာအား တည့္တည့္စိုက္ၾကည့္ၿပီးေမးလိုက္ေလသည္။
''ေျဖစရာလိုေသးလို႔လား ေဒါက္တာရယ္။ ခ်စ္တာေပါ႔...။''
ေမာင္ သည္တုံ႔ဆိုင္းခ်င္းမရွိဘဲ ေဒါက္တာ့၏ အေမးအားေျဖလိုက္ေလသည္။
'' ဒါျဖင့္ မင္းကိုယ့္ကို လက္ထပ္ရဲလား။ ''
ဆက္သည္ ဒုတိယအႀကိမ္ ေမာင့္မ်က္လုံးအားတည့္တည့္စိုက္ၾကည့္ၿပီးေမးလိုက္ေလသည္။
ေမာင္ သည္ေဒါက္တာ့၏စကားေၾကာင့္ ခဏမွ်ေတြေဝသြားသည္။ ဆက္ သည္မိမိ၏အေရွ႕တြင္ ေတြေဝသြားသည့္ေကာင္ေလးအား ၾကည့္ၿပီး မဲ့ၿပဳံးေလးတစ္ခ်က္ၿပဳံးလိုက္ေလသည္။
'' မင္း မေျဖႏိုင္ေတာ့ဘူးမလားေကာင္ေလး..။ဒါပဲ။ဒါကအေျဖပဲ။ မင္းကိုယ့္ကိုခ်စ္တယ္။ ဒါေပမဲ့ လက္ထပ္ေလာက္တဲ့အထိေတာ့ မင္းသတၱိမရွိဘူး ...။ တကယ္ေတာ့မင္းကခ်စ္ပဲခ်စ္ရဲတာပါ။ ဒါမွမဟုတ္ခ်စ္တာလား ၊ ဒီတိုင္းပဲ အသစ္အဆန္းဖို႔သာယာတာလားဆိုတာ မင္းစိတ္ကိုအရင္ျပန္ေမးၾကည့္ပါအုံးလား ေကာင္ေလးရယ္ ....။''
ဆက္သည္ လက္ေလးတစ္ဖက္အား တင္းေနေအာင္ဆုပ္လိုက္ကာ ေမာင့္အားေျပာ၍ ေက်ာခိုင္းလိုက္ၿပီး အိမ္ေပၚသို႔သာတက္ရန္ျပင္လိုက္ေလသည္။
'' အ့ ! ''
ဆက္ သည္ အိမ္ေပၚသို႔တက္ရန္ျပင္ေနစဥ္ ဖမ္းဆြဲခံလိုက္ရသည့္ လက္တစ္စုံေၾကာင့္ လန္႔သြားေလေတာ့သည္။
'' အ့ ! ဘာလုပ္တာလဲ။ လႊတ္ ဘယ္သြားမလ္ု႔လဲ ။ ကိုယ့္ကို ဘယ္ဆြဲေခၚေနတာလဲ။''
''ေဒါက္တာ ေစာေစာကေမးတဲ့ေမးခြန္းကိုေျဖေပးမလို႔...။''
ဆက္၏ မ်က္လုံးအား စိုက္ၾကည့္ကာ တည္တည္ၿငိမ္ၿငိမ္ ေျပာလာသည့္ေကာင္ေလးေၾကာင့္ဆက္ဘာဆက္ေျပာရမွန္းပင္မသိေတာ့ေပ...။
'' ဟင္...''
'' တရား႐ုံးသြားမယ္...။''
''ဘာ...ဘာလုပ္ဖို႔လဲ...။''
'' ခုခ်က္ခ်င္း လက္ထပ္မယ္။ ''
ဆက္ ဒီအတိုင္းေနာက္ဆုတ္သြားေအာင္ ေျပာလိုက္ေပမဲ့ ေနာက္မဆုတ္သည့္အျပင္ တကယ္လုပ္မည့္ပုံစံမ်ိဳးႏွင့္ေျပာေနသည့္ေကာင္ေလးေၾကာင့္ ဆက္လန္႔သြားေလေတာ့သည္။
'' ကိုယ္...ကိုယ္ေျပာတာက... ''
'' ေဒါက္တာပဲေမးတာေလ ။လက္ထပ္ရဲလားဆို ''
'' ဟိုေလ...အဲ့ဒါေၾကာင့္ ''
ေမာင္သည္ မိမိ၏ေရွ႕ကေန ဂုတ္ေလးအား အသာပြတ္ၿပီး မ်က္ႏွာငယ္ေလးႏွင့္ ဘာေျပာရမွန္းမသိျဖစ္ေနသည့္ ေဒါက္တာ့ မ်က္ႏွာေလးကိုသာ စိုက္ၾကည့္ေနလိုက္သည္။
'' ေဒါက္တာ နဲ႔ဆို ေမာင္ ၁၀ ခါျပန္လက္ထပ္ရဲတယ္ ။အဲ့ဒါေၾကာင့္ ေမာင့္အခ်စ္ကို မယုံၾကည္သလို ပုံစံနဲ႔လာမစမ္းနဲ႔ေဒါက္တာ။ ''
''ကိုယ္...''
ဆက္ တကယ့္ကို ဘာဆက္ေျပာလို႔ေျပာရမွန္းပင္မသိေတာ့ေပ...။ဆက္ ခ်က္ခ်င္းဆိုသလို တ ဒုတ္ ဒုတ္ ခုန္လာေသာ ရင္ဘတ္ေလးကိုသာ အသာဖိၿပီး အိမ္ေပၚသို႔ေျပးတက္ခဲ့ေလေတာ့သည္။
ဆက္အခန္းထဲ ေရာက္ေရာက္ခ်င္း ထမင္းခ်ိဳင္ေလးခ်ကာ ျပတင္ေပါက္ေလးအား အသာဖြင့္ၿပီး အျပာေရာင္ လိုက္ကာေလးႏွင့္ အသာကြယ္ၿပီး လူဆိုးေကာင္ေလးအားခိုးၾကည့္လိုက္သည္။
'' သူ..သူတကယ္ ေနာက္ေနတာမဟုတ္ဘူးပဲ။''
>>>>
<<<<
'' ႀကီးေမ ...ႀကီးေမ ''
ေမာင္ အိမ္ျပန္ေရာက္ေတာ့ ေရ၊မိုး ခ်ိဳးၿပီး ေအာက္ထပ္ဆင္းလာလိုက္သည္။ ေမာင္ ေအာက္ထပ္ မွာ ဘယ္သူမွ မရွိတာေၾကာင့္ ႀကီးေမအား ေခၚေနေပမဲ့ ဘာအသံမွ မၾကားတာေၾကာင့္ ၿခံ ထဲ သို႔သာထြက္ခဲ့ေလသည္။
'' ႀကီးေမက...ဒီမွာ...ေၾသာ္မဟုတ္ဘူးဘဲ ''
ေမာင္ ၿခံထဲသို႔ ေရာက္ေရာက္ခ်င္း ပန္းပင္ေတြၾကားထဲရွိ လူရိပ္ေၾကာင့္ ႀကီးေမ မွတ္၍ ေခၚလိုက္ေပမဲ့ ႀကီးေမမဟုတ္ဘဲ ေဒၚမူယာႏြယ္ ျဖစ္ေနတာေၾကာင့္ ျပန္လွည့္ထြက္ရန္ျပင္လိုက္ေလသည္။
'' ဟင္ ...သားေမာင္ ...လာေလ။ ဘာျဖစ္လို႔လဲ ။''
ေမာင္ အိမ္ထဲသို႔ ျပန္လွည့္ဝင္ဖို႔ျပင္ေနတုန္း ေနာက္ေက်ာဘက္မွ ထြက္ေပၚလာသည့္ ေဒၚမူယာႏြယ့္ ၏ အသံေၾကာင့္ ေျခလွမ္းမ်ားရပ္ကာ ျပန္လွည့္လာလိုက္သည္။
'' ဟို...ဟို ႀကီးေမ..ႀကီးေမကိုရွာေနတာ။ ''
''ေၾသာ္ ႀကီးေမနဲ႔ ယဥ္ ရြာခဏျပန္သြားၾကတယ္ ။ဘာလုပ္ခ်င္လို႔လဲ ေျပာေလ။ တီႏြယ္ လုပ္ေပးမယ္ ။''
'' ရ...ရပါတယ္ ။ကြၽန္ေတာ္က ဒီအတိုင္း..''
ေမာင္ ဘာဆက္ေျပာရမွန္း မသိေတာ့တာေၾကာင့္ ႏြယ္ စိုက္ေနသည့္ပန္းပင္ေတြ ေဘးနားရွိ ကံ့ေကာ္ပင္ေအာက္ေလးတြင္ အသာဝင္ထိုင္လိုက္ေလသည္။
'' ဟင္း...''
ႏြယ္ေနာက္သို႔လွည့္ၾကည့္လိုက္ေတာ့ သစ္ပင္ေအာက္ေလးတြင္ ထိုင္ေနသည့္ သားေမာင္ေၾကာင့္ ရယ္ျပလိုက္ၿပီး ပန္းပင္ေလးေတြအားလက္စသက္ကာ ထလာလိုက္ေလသည္။
'' အန္တီ ႏြယ့္ကို ေျပာစရာတစ္ခုခု မ်ားရွိေနလား သားေမာင္ ။''
ႏြယ္ သည္ေမာင့္ေဘးနားေလးတြင္ အသာဝင္ထိုင္လိုက္ၿပီးေျပာလိုက္ေလသည္။
'' မ...မရွိပါဘူး ။''
'' ဒါျဖင့္ တီႏြယ္ တစ္ခုေလာက္ေမးလို႔ရမလား ။''
ေမာင္ ႏြယ့္အား ၾကည့္ၿပီး ေခါင္းေလးသာ အသာညိတ္ျပေလသည္။
'' သား တကယ္ ေရြးခ်ယ္ၿပီးၿပီလား။ ''
'' ဘာကိုလဲ ....?''
''မေန႔က သားဒယ္ဒီ ေတာ္ေတာ္ေဒါသထြက္သြားတယ္။''
''....''
'' အန္တီႏြယ္ကေတာ့ အျပင္လူမို႔ ဘာမွဝင္စြက္ဖက္ခြင့္မရွိပါဘူးကြယ္။ ဒါေပမဲ့ အဲ့ကိစၥေၾကာင့္ သားေမာင္နဲ႔ သားရဲ႕ဒယ္ဒီ ၾကားမွာ အတိုက္အခိုက္ေတြရွိလာမွာေတာ့ အန္တီႏြယ္ မလိုလားဘူး ...။အန္တီႏြယ္က မိေထြးပါ ။ဒါေပမဲ့ အန္တီႏြယ္ သားအေပၚ ကိုယ့္သားအရင္းလို သေဘာထားတာပါ ...။
အန္တီႏြယ္ သားကိုစိတ္မဆိုးပါဘူး။ သား အန္တီႏြယ့္ကို မုန္းတယ္ဆိုတာျဖစ္သင့္တယ္ေလ။''
''.....''
''သားတကယ္ သူ့ကိုခ်စ္လား။ ''
''အင္း...''
'' ဘယ္သူလဲဆိုတာ အန္တီႏြယ္သိခြင့္ရွိမလား။ ''
ေမာင္ အန္တီႏြယ့္အားတစ္ခ်က္ စိုက္ၾကည့္လိုက္သည္။
''....''
'' အန္တီႏြယ့္ကိုယုံပါ ။သားဒယ္ဒီကိုျပန္မေျပာပါဘူး။ ''
''သူက ဆရာဝန္ေလး ပါ။ ဒီရပ္ကြက္ကို ေျပာင္းလာတာမၾကာေသးဘူး ။မင္းဆက္ႏြယ္ တဲ့။ ''
''ဟယ္သူေလးလား ...။''
'' သိလို႔လား။''
''အင္း ။မနက္မွ သိတာ ။႐ုပ္ကေလးကေခ်ာသလို စိတ္ထားေလးကလည္း ေကာင္းတယ္ေလ ...။
အန္တီႏြယ့္သားေလးသာရွိခဲ့ရင္ သူ့အရြယ္ေလာက္ေရာက္ၿပီထင္တယ္။''
''ဟင္...သား..?''
ေမာင္ သည္ အန္တီႏြယ့္၏ မ်က္ႏွာအား
ၾကည့္ၿပီး ေမးသလိုေလး ေျပာလိုက္သည္။
''အင္း...''
ႏြယ္သည္ ေမာင့္ေဘးနားေလးမွ ထလိုက္ၿပီး ႏွင္းဆီပန္းေလးေတြကိုသာ စိုက္ၾကည့္လိုက္ကာ ေတြေတြေလးေငးကာ မဲ့ၿပဳံးေလးၿပဳံးၿပီး ေျပာလိုက္သည္။
'' ဘယ္...ဘယ္ေရာက္သြားလို႔လဲ ။''
'' ဆုံးသြားပါၿပီကြယ္။သားေလးက လမျပည့္ပဲေမြးတာေလ...။ေမြးၿပီးၿပီးခ်င္း ဆုံးသြားရွာတယ္ ....။''
ႏြယ္ ဝဲတက္လာသည့္မ်က္ရည္ေလးေတြအားအသာသုတ္လိုက္ကာ ေျပာလိုက္ေလသည္။
''ဒါျဖင့္ အန္တီႏြယ့္အမ်ိဳးသားကေရာ။''
''ဟင္း...''
ႏြယ္ မဲ့ၿပဳံးေလးတစ္ခုသာၿပဳံးၿပီး ေမာင္ေမးသည့္ေမးခြန္ကိုေတာ့ မေျဖခဲ့ပါ။
'' အန္တီႏြယ္ တစ္ခုေတာ့ေျပာခ်င္တယ္။ အန္တီႏြယ္ ေဒါက္တာေလးက္ိုသေဘာက်ပါတယ္။ အန္တီႏြယ္သေဘာက်တာထက္ သားနဲ႔အဆင္ေျပရင္၊ သားခ်စ္တယ္ဆိုရင္ ၊ဘာမွ မလိုေတာ့ပါဘူး ။ဒါေပမဲ့ အန္တီႏြယ္က သားဒယ္ဒီရဲ႕ မိန္းမပဲသား ။သားရဲ႕အေမ မဟုတ္ဘူး။ အန္တီႏြယ္မွာ သားနဲ႔ပတ္သတ္ၿပီး ဘာမွ ဆုံးျဖတ္ပိုင္ခြင့္ မရွိသလို...၊ဘာမွလဲေျပာပိုင္ခြင့္မရွိဘူး။ သားဖြားဖြားႀကီးတို႔ပါ သိရင္ ပိုဆိုးကုန္မယ္ သား။ ''
'' ကြၽန္ေတာ္သိပါတယ္....''
'' သားကို အန္တီႏြယ္တစ္ခုေလးပဲထပ္ေျပာခ်င္တယ္...။တကယ္ခ်စ္ရင္ သူ့ကို ပဲေရႊးခ်ယ္ရဲပါေစသား...။''
ႏြယ္...သားေမာင့္အား ထိုစကားေလးတစ္ခြန္းသာေျပာလိုက္ၿပီး ပန္းႏွင္းဆီေတြအား ၾကည့္ကာ အတိတ္ဆီသို႔ အေတြးေပါင္းမ်ားစြာနဲ႔သာ ...။
ေမာင္လည္းဘာမွ ဆက္မေမးေတာ့ဘဲ အေတြးမ်ားစြာႏွင့္သာ ႏွစ္ေျမာေနေလေတာ့သည္။
>>>>
<<<<
''ကိုဆက္ရယ္ ဘယ္လိုျဖစ္လို႔ ခြၽဲေနတာတုန္း ''
''မခြၽဲပါဘူး ေမႀကီးကလည္း သားတကယ္ေျပာတာ ေမႀကီးနဲ႔ေဖႀကီးက္ိုအရမ္းခ်စ္တယ္ေနာ္ ....။''
''အမယ္ေလးဟုတ္ပါၿပီရွင္...။ဒီအေျပာေလးေတြနဲ႔ သိမ္းသြင္းေနတာေပါ႔ေလ။ ေနာက္မွ ခ်စ္တဲ့သူေတြ႕ရင္ ဒီေမႀကီး နဲ႔ေဖႀကီး ကို ျပစ္သြားသိလား....။''
ဆက္ ဖုန္းထဲမွၾကားလိုက္ရတဲ့ေမႀကီး စကားေလးေၾကာင့္အသံေလးေပ်ာက္သြားေလသည္။
'' ကိုဆက္ အသံေပ်ာက္သြားပါ႔လား။ဘာျဖစ္လို႔လဲ။ ''
''ဟင္..ေၾသာ္ေမႀကီး။ ဖုန္းလိုင္းမေကာင္းလို႔။ အင္း ေမႀကီးဒါဆို ဒါပဲေလေနာ္။ သားနားေတာ့မယ္။ ''
''ဟုတ္ပါၿပီရွင္။ ''
ဆက္ ဖုန္းခ်လိုက္ၿပီး ေရခ်ိဳးခန္းထဲသို႔ဝင္ကာ ေရမိုးခ်ိဳးလိုက္ေလသည္။
ဆက္ေရခ်ိဳးၿပီးနာရီၾကည့္လိုက္ေတာ့ ၈နာရီေတာင္ခြဲေနေလသည္။ ေဆး႐ုံကျပန္လာၿပီးကတည္းက အစာေျပစားထားတာေၾကာင့္ ဗိုက္ကလည္းမစာေသး၍ ဆက္ စာၾကည့္စာပြဲေလးတြင္သာထိုင္ၿပီး စာအုပ္ေလးဖတ္ေနလိုက္ေလသည္။
'' ဟား...စာဖတ္လို႔လဲမရဘူး ''
ဆက္သည္ စာအုပ္ေလးအားပိတ္လိုက္ၿပီး အျပာေရာင္မီးေလးအား ပိတ္လိုက္ဖြင့္လိုက္လုပ္ကာ အေတြးမ်ားစြာႏွင့္သာ အေတြးလြန္ေနေလသည္။
'' ျပန္ခ်စ္မယ္...''
''ျပန္မခ်စ္ဘူး..''
''ျပန္ခ်စ္လိုက္မယ္...''
''ျပန္မခ်စ္ဘူး...''
''ဟင္...''
ဆက္ သည္စာၾကည့္စာပြဲရွိ ပန္းအိုးေလးထဲတြင္ထိုးထားသည့္ ႏွင္းဆီပန္းအျဖဴေရာင္ေလးအ ပြင္ဖတ္တစ္ခုခ်င္းစီေခြၽရင္း ပါးစပ္မွလည္းအဆက္မျပတ္ေရရြတ္ေနေလသည္။
''ဟင္း ႏွင္းဆီပန္းကေတာင္သူ့ဘက္ပါေနတယ္...။''
ဆက္သည္ '' ျပန္မခ်စ္ဘူး....'' ဟုႏွင္းဆီပြင့္ဖက္ေလးေလးတစ္ဖက္အားေခြၽကာရြတ္ၿပီးမွာေတာ့ တစ္ဖတ္တည္းသာက်န္ေနသည့္ ႏွင္းဆီပြင့္ဖတ္ေလးအားၾကည့္ၿပီးႏႈတ္ခမ္းေလးမဲ့ကာ ေျပာလိုက္သည္။
'' 🎼🎼🎼🎼🎼🎼''
''ဟင္...''
ဆက္ ႏွင္းဆီပန္းေလးအားကိုင္ၿပီးပြစိပြစိေျပာေနစဥ္ ၾကားလိုက္ရသည့္ ဂီတာသံေလးေၾကာင့္ အိမ္ေရွ႕လမ္းထက္ရွိဗံဒါပင္ေလးေအာက္သို႔ ၾကည့္လိုက္မိေတာ့ ထင္သည့္အတိုင္း ဂီတာေလးအား ကိုင္ၿပီး ထိုင္ေနတဲ့ လူဆိုးေကာင္ေလးပင္...။
ဆက္ ဒီတစ္ႀကိမ္တြင္ေတာ့ ပုန္းမေနေတာ့ဘဲျပတင္းေပါက္ေလးအားဖြင့္လိုက္ကာ ေကာင္ေလးအား ေနာက္ေက်ာေပးၿပီးသာရပ္လိုက္ေလသည္။
ေမာင္ ဗံဒါပင္ေလးေအာက္ရွိအုတ္ခုံေလးတြင္ထိုင္ကာ ဂီတာသံေလးစမ္းတုန္းရွိေသး ျပတင္းေပါက္ေလးကေလးမွေတြ႕လိုက္ရသည့္ေနာက္ေက်ာ ေလးေၾကာင့္ ပါးေပၚမွ ပါးခ်ိဳင့္ေလးေတြခ်ိဳင့္ဝင္သည္အထိၿပဳံးလိုက္ေလသည္။
🎶🎶🎶 ကဗ်ာေတြစီကာ..အခ်စ္ဆုံးဖတ္ဖို႔...ႏွလုံးသားဆီက စကားလုံးမ်ား...
အခ်စ္အဓိပၸာယ္ ဖြင့္ဆိုေနခ်ိန္..အၿပဳံးပန္းတို႔ ဖူးပြင့္မလား အခ်စ္ႏႈတ္ဖ်ား....
သံစဥ္ေတြနဲ႔ကိုယ္ေရးဖြဲ႕တဲ့....ေတးသြားလြင္လြင္ကိုယ့္သီခ်င္းမ်ား...နားဆင္ရင္း..တန္ျပန္အခ်စ္စိတ္တို႔...ကိုယ့္အတြက္ထားႏိုင္မလား..
အလြမ္းအိမ္မက္...ကိုယ္မမက္လိုပါ..စာနာစဥ္းစားေပးလွည့္ဦး...အခ်စ္ေရစီးမွာတူစုံေမွ်ာခ်င္တာ....အတူဖန္တီးတဲ့အခ်စ္ေလွကေလးနဲ႔.....
ပင္လယ္ေက်ာ္ကာ ျဖတ္သန္းသမုဒၵရာ အခ်စ္ရဲ႕ေရျပင္က်ယ္ႀကီးထဲမွာ...တစ္သက္စာအတြက္အို..မခမ္းေျခာက္မယ့္ ကိုယ့္အခ်စ္မ်ားေပးဆပ္ရင္း..ေပ်ာ္ေနမွာ...🎶🎶
ဆက္ သည္ေမာင္ဆိုေနသည့္ သီခ်င္းေလးကအားနားေထာင္ရင္း ႏႈတ္ခမ္းထက္တြင္ အၿပဳံးေလးတစ္ခု ပြင့္လန္းရင္း ေျပာလိုက္ေလသည္။.
'' မင္းသိပ္ဆိုးတယ္ ေမာင္...တကယ့္ကိုလူဆိုးေလးပဲ....။''
>>>>
<<<<
14.2.2022
T.B.C __
Hsu💙
အို ဒီေန႔ Update ရက္မဟုတ္ေပမယ့္V_D ေလးမွာ ဆုကေလးေတြကို စပ႐ိုက္ လာတိုက္တာ ...ဟီး...>_<
သေဘာက်တယ္မလား အာဘြားလာေပးရမွာ ဆုရဲ႕ Fic ေလးက ေပါ႔ေနရင္လဲဲေျပာၾကပါအုံးေနာ္ 💙