Unicode
ငါ သူနဲ့ ဒီလိုဆက်ဆံရေးမျိုးမှာ မနေချင်တာကြောင့် သူ့ကို သိမ်သိမ်မွေ့မွေ့နဲ့ အရိပ်အမြွက်ပြောပြလိုက်တယ်, "ငါ အယူဝါဒနဲ့ကျင့်ဝတ်အသစ်တွေကို ထောက်ခံပေမယ့် အစဉ်အလာဟောင်းတွေကိုလည်း လုံးဝမပယ်ဖျက်နိုင်သေးဘူး, မနေ့ညက ငါတို့မူးနေတော့ အဲ့လိုဖြစ်သွားခဲ့တယ်, ဒါပေမယ့် အခု ငါတို့နှစ်ယောက်စလုံး မမူးတော့ဘူးလေ, အဲ့တော့ ပြင်ဆင်မှုတွေ, ပွဲအခမ်းအနားတွေ လုံလုံလောက်လောက်မရှိဘဲ ငါ အတူမနေချင်ဘူး"
ကျောင်းကုန်းဇီက မျက်ခုံးကို တင်းတင်းကျုံ့ထားပြီး ငါ့ကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့တယ်။
ငါ ဆက်ပြီးတော့ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထားပြီး ကျောကို တုတ်တံလိုမျိုး တည့်တည့်မတ်မတ်ဆန့်ထားလိုက်တယ်။
နောက်ဆုံးတော့ ကျောင်းကုန်းဇီက သူ့ရဲ့ပါးစပ်ကို ဖွင့်ဟလာတယ်, "ငါ နားလည်ပြီ, မင်းက အရမ်းမိုက်တာပဲ"
ငါ သူ့ကို ဘာတွေနားလည်တာလဲဆိုတာ မေးတော့မလို့လုပ်နေတုန်းမှာပဲ သခင်ကြီးကျောင်းစီက တံခါးဖွင့်ဝင်လာပြီး မေးတယ်, "ဘာကို နားလည်တာလဲ, ဟမ်?"
ကျောင်းကုန်းဇီက သူ့ကျောကို တည့်တည့်မတ်မတ်ထားပြီး ဒူးထောက်ထားတယ်။ သူက ရုတ်တရက် စိတ်ပြောင်းသွားပြီလို့ ဆိုတယ်။ အစက သူဟာ ငါ့ကို ပိုက်ဆံနည်းနည်းလောက်ပေးပြီး ထွက်သွားဖို့ပြောချင်ခဲ့ပေမယ့် အခုတော့ ငါ့ကို လက်ထပ်ချင်တယ်လို့ သူ ဆုံးဖြတ်လိုက်တယ်။ သခင်ကြီးကျောင်းစီက ပြောတယ်, "မင်းက ရူးနေတာပဲ!"
ကျောင်းကုန်းဇီက သူတို့ သူ့ကို သေအောင်ရိုက်ပစ်ရင်တောင်မှ စိတ်ပြောင်းမှာမဟုတ်ဘူးလို့ ပြောတယ်။
သခင်ကြီးကျောင်းစီ ငါ့ကို သေအောင်ရိုက်နှက်မှာကိုတော့ ငါ ကြောက်တယ်လေ!
သခင်ကြီးကျောင်းစီက ငါ့ကို တကယ်သတ်ချင်နေတာ။ သူက ကျောင်းကုန်းဇီကို အခန်းထဲကဆွဲထုတ်ဖို့ လူတစ်ချို့ကို ခိုင်းလိုက်ပြီး တခြားလူတွေကိုတော့ ငါ့ကို သမုဒ္ဒရာထဲကို ပစ်ချပြီး ရေနစ်အောင် ပြင်ဆင်တဲ့အနေနဲ့ ငါ့ရဲ့ခေါင်းပေါ် ကို ဖျင်ကြမ်းအိတ်ထုပ်ကြီးတင်ခိုင်းလိုက်တယ်။
ကျောင်းကုန်းဇီက အသားကုန်အော်ဟစ်နေပြီး နောက်ဆုံးမှာတော့ ဆယ့်သုံးယောက်မြောက်မဒမ်ကို ရောက်လာစေခဲ့တယ်။
ဆယ့်သုံးယောက်မြောက်မဒမ်က ကျောင်းကုန်းဇီကို ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် ကူညီပေးပြီး အခြားအရာများစွာကိုလည်း ကူညီပေးခဲ့တဲ့အတွက် ငါ့ကို ကျေးဇူးတင်နေတာဖြစ်ပြီး ကျောင်းကုန်းဇီနဲ့ပတ်သတ်၍ ကြေကွဲစရာကောင်းတဲ့အကြောင်းတွေအပြင် လွန်ခဲ့တဲ့နှစ်ပတ်က အကောက်ခွန်ရုံးမှာ အလုပ်လုပ်တဲ့အမျိုးသမီးတစ်ဦးနဲ့ ချိန်းတွေ့ခဲ့တဲ့ သခင်ကြီးကျောင်းစီကြောင့်ဖြစ်ရတဲ့ ဒေါသတွေနဲ့ ခါးသီးတဲ့ခံစားချက်တွေကပါ သူမရဲ့စိတ်ထဲမှာ ဆန်တက်လာခဲ့တယ်။ ဒီအရာတွေအားလုံးက တညီတညွတ်တည်းစုပြုံနေတာဖြစ်ပြီး သူမရဲ့စိတ်ထဲမှာ အလွန်အမင်းမကျေမနပ်ဖြစ်လာစေခဲ့တယ်။ ဒီလိုနဲ့ သူမက ပေါက်ကွဲထွက်သွားခဲ့တယ်။
ငါ့ကို မြေအောက်ခန်းမှာ သော့ခတ်ထားတယ်။ ကျောင်းကုန်းဇီကိုတော့ သခင်ကြီးကျောင်းစီက သူ့လက်တစ်ဖက်ကို ချိုးပစ်ဖို့အတွက် အခြားတစ်နေရာကို ဆွဲခေါ်သွားခဲ့တယ်။ အဲ့နောက် သူက တံခါးဖွင့်ပေးဖို့အတွက် မြေအောက်ထပ်ကို ဆင်းလာခဲ့တယ်။
ဒါက ရုပ်ရှင်တစ်ကားသာ ဖြစ်မယ်ဆိုရင် သူနဲ့ငါဟာ ရိုမန်တစ်ဖြစ်တဲ့သီချင်းကို နောက်ခံအနေနဲ့ ဖွင့်ထားရင်း တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နမ်းရှုံ့ကာ အတူတူရှိသွားကြလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ကြီးမားတဲ့ နားလည်လွဲမှားမှုလို့ ငါ ယုံကြည်မိတာကြောင့်သာမက မြေအောက်ခန်းထဲမှာ ပိတ်လှောင်ခံထားရတာကို မုန်းမိတာကြောင့် ငါတို့ အဲ့လိုမလုပ်ခဲ့ကြဘူး။
ဒါကြောင့် သူ တံခါးဖွင့်လိုက်တဲ့အချိန်မှာ ငါက မြေအောက်ခန်းရဲ့ မှောင်မိုက်နေတဲ့ထောင့်မှာ ကြောက်ရွံ့ထိတ်လန့်မှုတွေပြည့်နှက်နေတဲ့မျက်နှာနဲ့ ငယ်ဘဝကစိတ်ဒဏ်ရာတွေကို ပြန်အမှတ်ရမိနေခဲ့တယ်။ ဖွင့်ထားတဲ့တံခါးကနေ အလင်းရောင်လင်းလက်လာတဲ့ တခဏမှာ ငါ အရမ်းစိတ်လှုပ်ရှားမိရုံသာမက ငါ့မျက်လုံးတွေကိုလည်း အလင်းရောင်က ထိုးဖောက်သွားပြီး မျက်ရည်တွေက အထိန်းအကွပ်မဲ့စွာ စီးကျလာခဲ့တယ်။
ငါ ကျောင်းကုန်းဇီကို နားလည်မှုလွဲနေပြီဆိုတာ အရင်ရှင်းပြဖို့တောင် မလိုအပ်တော့ဘူး။ သူက ခေါင်းပြန်လှည့်ပြီး သခင်ကြီးကျောင်းစီကို တစ်လုံးချင်းအော်ပြောတယ်, "ကျွန်တော်! သူနဲ့! လမ်း! မခွဲ! တော့ဘူး! လုံးဝပဲ! ကျွန်တော်! သူနဲ့! လက်ထပ်မှာ! အဖေ! ကျွန်တော်တို့ကို! သေအောင်! ရိုက်! ရင်! တောင်မှ!!"
သခင်ကြီးကျောင်းစီရဲ့အမူအရာက မည်းမှောင်သွားပြီး ငါ ကြောက်စိတ်ကြောင့် ရိုးသားစွာ ငိုမိတယ်။
ဒါပေမယ့်လည်း ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲနေတုန်းပဲ, "မငိုနဲ့တော့! လူယုတ်မာရဲ့! ဘာပဲဖြစ်ဖြစ် မင်းကို ငါ ထားခဲ့မှာ မဟုတ်ဘူး, အဆိုးဆုံးဖြစ်လာမယ်ဆိုရင်တော့ ငါတို့နှစ်ယောက် အတူတူသေရလိမ့်မယ်"
မင်းဘာသာ သွားသေလေ!
သခင်ကြီးကျောင်းစီက ကျောင်းကုန်းဇီရဲ့နံရိုးကို ငါ့ရဲ့ရှေ့မှာပဲ ချိုးပစ်လိုက်တယ်။
ကိုယ်ကျင့်တရားတွေ, အဓိကအားဖြင့် ခြိမ်းခြောက်မှုတွေ, လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ချောင်ပိတ်မိနေပေမယ့် ဒီလိုများပြားလှတဲ့အကြောင်းတရားတွေကြောင့် ကျောင်းကုန်းဇီနဲ့ ငါ အတူတကွ နေထိုင်လာခဲ့ကြတယ်။
အတိတ်ကို ပြန်သတိရမိတာက တကယ်ကို သည်းမခံနိုင်ဘူး။
ကျောင်းကုန်းဇီက ငါ့ကိုမေးတယ်, "မင်း ဒီဆုဖလားကိုကြည့်ပြီး ဘာတွေတွေးနေတာလဲ?"
"မင်းက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လို့ တွေးနေတာ"
ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "သေ...."
ငါ ပါးစပ်ကို လက်နဲ့သုတ်ပစ်လိုက်ပြီး ပစ္စည်းတွေကို ဆက်ရွှေ့နေလိုက်တယ်။
ကျောင်းကုန်းဇီက တိုးတိုးလေးရေရွတ်တယ်, "ထူးဆန်းတဲ့ကောင်ပဲ"
Zawgyi
ငါ သူနဲ႔ ဒီလိုဆက္ဆံေရးမ်ိဳးမွာ မေနခ်င္တာေၾကာင့္ သူ႕ကို သိမ္သိမ္ေမြ႕ေမြ႕နဲ႔ အရိပ္အႁမြက္ေျပာျပလိုက္တယ္, "ငါ အယူဝါဒနဲ႔က်င့္ဝတ္အသစ္ေတြကို ေထာက္ခံေပမယ့္ အစဥ္အလာေဟာင္းေတြကိုလည္း လုံးဝမပယ္ဖ်က္ႏိုင္ေသးဘူး, မေန႔ညက ငါတို႔မူးေနေတာ့ အဲ့လိုျဖစ္သြားခဲ့တယ္, ဒါေပမယ့္ အခု ငါတို႔ႏွစ္ေယာက္စလုံး မမူးေတာ့ဘူးေလ, အဲ့ေတာ့ ျပင္ဆင္မႈေတြ, ပြဲအခမ္းအနားေတြ လုံလုံေလာက္ေလာက္မ႐ွိဘဲ ငါ အတူမေနခ်င္ဘူး"
ေက်ာင္းကုန္းဇီက မ်က္ခုံးကို တင္းတင္းက်ံဳ႕ထားၿပီး ငါ့ကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနခဲ့တယ္။
ငါ ဆက္ၿပီးေတာ့ ၾကမ္းျပင္ေပၚမွာ ဒူးေထာက္ထားၿပီး ေက်ာကို တုတ္တံလိုမ်ိဳး တည့္တည့္မတ္မတ္ဆန္႔ထားလိုက္တယ္။
ေနာက္ဆုံးေတာ့ ေက်ာင္းကုန္းဇီက သူ႕ရဲ႕ပါးစပ္ကို ဖြင့္ဟလာတယ္, "ငါ နားလည္ၿပီ, မင္းက အရမ္းမိုက္တာပဲ"
ငါ သူ႕ကို ဘာေတြနားလည္တာလဲဆိုတာ ေမးေတာ့မလို႔လုပ္ေနတုန္းမွာပဲ သခင္ႀကီးေက်ာင္းစီက တံခါးဖြင့္ဝင္လာၿပီး ေမးတယ္, "ဘာကို နားလည္တာလဲ, ဟမ္?"
ေက်ာင္းကုန္းဇီက သူ႕ေက်ာကို တည့္တည့္မတ္မတ္ထားၿပီး ဒူးေထာက္ထားတယ္။ သူက ႐ုတ္တရက္ စိတ္ေျပာင္းသြားၿပီလို႔ ဆိုတယ္။ အစက သူဟာ ငါ့ကို ပိုက္ဆံနည္းနည္းေလာက္ေပးၿပီး ထြက္သြားဖို႔ေျပာခ်င္ခဲ့ေပမယ့္ အခုေတာ့ ငါ့ကို လက္ထပ္ခ်င္တယ္လို႔ သူ ဆုံးျဖတ္လိုက္တယ္။ သခင္ႀကီးေက်ာင္းစီက ေျပာတယ္, "မင္းက ႐ူးေနတာပဲ!"
ေက်ာင္းကုန္းဇီက သူတို႔ သူ႕ကို ေသေအာင္႐ိုက္ပစ္ရင္ေတာင္မွ စိတ္ေျပာင္းမွာမဟုတ္ဘူးလို႔ ေျပာတယ္။
သခင္ႀကီးေက်ာင္းစီ ငါ့ကို ေသေအာင္႐ိုက္ႏွက္မွာကိုေတာ့ ငါ ေၾကာက္တယ္ေလ!
သခင္ႀကီးေက်ာင္းစီက ငါ့ကို တကယ္သတ္ခ်င္ေနတာ။ သူက ေက်ာင္းကုန္းဇီကို အခန္းထဲကဆြဲထုတ္ဖို႔ လူတစ္ခ်ိဳ႕ကို ခိုင္းလိုက္ၿပီး တျခားလူေတြကိုေတာ့ ငါ့ကို သမုဒၵရာထဲကို ပစ္ခ်ၿပီး ေရနစ္ေအာင္ ျပင္ဆင္တဲ့အေနနဲ႔ ငါ့ရဲ႕ေခါင္းေပၚ ကို ဖ်င္ၾကမ္းအိတ္ထုပ္ႀကီးတင္ခိုင္းလိုက္တယ္။
ေက်ာင္းကုန္းဇီက အသားကုန္ေအာ္ဟစ္ေနၿပီး ေနာက္ဆုံးမွာေတာ့ ဆယ့္သုံးေယာက္ေျမာက္မဒမ္ကို ေရာက္လာေစခဲ့တယ္။
ဆယ့္သုံးေယာက္ေျမာက္မဒမ္က ေက်ာင္းကုန္းဇီကို က်စ္က်စ္လ်စ္လ်စ္ျဖစ္ေအာင္ ကူညီေပးၿပီး အျခားအရာမ်ားစြာကိုလည္း ကူညီေပးခဲ့တဲ့အတြက္ ငါ့ကို ေက်းဇူးတင္ေနတာျဖစ္ၿပီး ေက်ာင္းကုန္းဇီနဲ႔ပတ္သတ္၍ ေၾကကြဲစရာေကာင္းတဲ့အေၾကာင္းေတြအျပင္ လြန္ခဲ့တဲ့ႏွစ္ပတ္က အေကာက္ခြန္႐ုံးမွာ အလုပ္လုပ္တဲ့အမ်ိဳးသမီးတစ္ဦးနဲ႔ ခ်ိန္းေတြ႕ခဲ့တဲ့ သခင္ႀကီးေက်ာင္းစီေၾကာင့္ျဖစ္ရတဲ့ ေဒါသေတြနဲ႔ ခါးသီးတဲ့ခံစားခ်က္ေတြကပါ သူမရဲ႕စိတ္ထဲမွာ ဆန္တက္လာခဲ့တယ္။ ဒီအရာေတြအားလုံးက တညီတၫြတ္တည္းစုျပဳံေနတာျဖစ္ၿပီး သူမရဲ႕စိတ္ထဲမွာ အလြန္အမင္းမေက်မနပ္ျဖစ္လာေစခဲ့တယ္။ ဒီလိုနဲ႔ သူမက ေပါက္ကြဲထြက္သြားခဲ့တယ္။
ငါ့ကို ေျမေအာက္ခန္းမွာ ေသာ့ခတ္ထားတယ္။ ေက်ာင္းကုန္းဇီကိုေတာ့ သခင္ႀကီးေက်ာင္းစီက သူ႕လက္တစ္ဖက္ကို ခ်ိဳးပစ္ဖို႔အတြက္ အျခားတစ္ေနရာကို ဆြဲေခၚသြားခဲ့တယ္။ အဲ့ေနာက္ သူက တံခါးဖြင့္ေပးဖို႔အတြက္ ေျမေအာက္ထပ္ကို ဆင္းလာခဲ့တယ္။
ဒါက ႐ုပ္႐ွင္တစ္ကားသာ ျဖစ္မယ္ဆိုရင္ သူနဲ႔ငါဟာ ႐ိုမန္တစ္ျဖစ္တဲ့သီခ်င္းကို ေနာက္ခံအေနနဲ႔ ဖြင့္ထားရင္း တစ္ေယာက္ကိုတစ္ေယာက္ ေပြ႕ဖက္နမ္း႐ႈံ႕ကာ အတူတူ႐ွိသြားၾကလိမ့္မယ္။ ဒါေပမယ့္ ဒါဟာ ႀကီးမားတဲ့ နားလည္လြဲမွားမႈလို႔ ငါ ယုံၾကည္မိတာေၾကာင့္သာမက ေျမေအာက္ခန္းထဲမွာ ပိတ္ေလွာင္ခံထားရတာကို မုန္းမိတာေၾကာင့္ ငါတို႔ အဲ့လိုမလုပ္ခဲ့ၾကဘူး။
ဒါေၾကာင့္ သူ တံခါးဖြင့္လိုက္တဲ့အခ်ိန္မွာ ငါက ေျမေအာက္ခန္းရဲ႕ ေမွာင္မိုက္ေနတဲ့ေထာင့္မွာ ေၾကာက္႐ြံ႕ထိတ္လန္႔မႈေတြျပည့္ႏွက္ေနတဲ့မ်က္ႏွာနဲ႔ ငယ္ဘဝကစိတ္ဒဏ္ရာေတြကို ျပန္အမွတ္ရမိေနခဲ့တယ္။ ဖြင့္ထားတဲ့တံခါးကေန အလင္းေရာင္လင္းလက္လာတဲ့ တခဏမွာ ငါ အရမ္းစိတ္လႈပ္႐ွားမိ႐ုံသာမက ငါ့မ်က္လုံးေတြကိုလည္း အလင္းေရာင္က ထိုးေဖာက္သြားၿပီး မ်က္ရည္ေတြက အထိန္းအကြပ္မဲ့စြာ စီးက်လာခဲ့တယ္။
ငါ ေက်ာင္းကုန္းဇီကို နားလည္မႈလြဲေနၿပီဆိုတာ အရင္႐ွင္းျပဖို႔ေတာင္ မလိုအပ္ေတာ့ဘူး။ သူက ေခါင္းျပန္လွည့္ၿပီး သခင္ႀကီးေက်ာင္းစီကို တစ္လုံးခ်င္းေအာ္ေျပာတယ္, "ကြၽန္ေတာ္! သူနဲ႔! လမ္း! မခြဲ! ေတာ့ဘူး! လုံးဝပဲ! ကြၽန္ေတာ္! သူနဲ႔! လက္ထပ္မွာ! အေဖ! ကြၽန္ေတာ္တို႔ကို! ေသေအာင္! ႐ိုက္! ရင္! ေတာင္မွ!!"
သခင္ႀကီးေက်ာင္းစီရဲ႕အမူအရာက မည္းေမွာင္သြားၿပီး ငါ ေၾကာက္စိတ္ေၾကာင့္ ႐ိုးသားစြာ ငိုမိတယ္။
ဒါေပမယ့္လည္း ေက်ာင္းကုန္းဇီက ငါ့ကို က်ိန္ဆဲေနတုန္းပဲ, "မငိုနဲ႔ေတာ့! လူယုတ္မာရဲ႕! ဘာပဲျဖစ္ျဖစ္ မင္းကို ငါ ထားခဲ့မွာ မဟုတ္ဘူး, အဆိုးဆုံးျဖစ္လာမယ္ဆိုရင္ေတာ့ ငါတို႔ႏွစ္ေယာက္ အတူတူေသရလိမ့္မယ္"
မင္းဘာသာ သြားေသေလ!
သခင္ႀကီးေက်ာင္းစီက ေက်ာင္းကုန္းဇီရဲ႕နံ႐ိုးကို ငါ့ရဲ႕ေ႐ွ႕မွာပဲ ခ်ိဳးပစ္လိုက္တယ္။
ကိုယ္က်င့္တရားေတြ, အဓိကအားျဖင့္ ၿခိမ္းေျခာက္မႈေတြ, လာဘ္ေပးလာဘ္ယူမႈေတြနဲ႔ ေခ်ာင္ပိတ္မိေနေပမယ့္ ဒီလိုမ်ားျပားလွတဲ့အေၾကာင္းတရားေတြေၾကာင့္ ေက်ာင္းကုန္းဇီနဲ႔ ငါ အတူတကြ ေနထိုင္လာခဲ့ၾကတယ္။
အတိတ္ကို ျပန္သတိရမိတာက တကယ္ကို သည္းမခံႏိုင္ဘူး။
ေက်ာင္းကုန္းဇီက ငါ့ကိုေမးတယ္, "မင္း ဒီဆုဖလားကိုၾကည့္ၿပီး ဘာေတြေတြးေနတာလဲ?"
"မင္းက တကယ္ကို စိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းတယ္လို႔ ေတြးေနတာ"
ေက်ာင္းကုန္းဇီက ငါ့ကို က်ိန္ဆဲတယ္, "ေသ...."
ငါ ပါးစပ္ကို လက္နဲ႔သုတ္ပစ္လိုက္ၿပီး ပစၥည္းေတြကို ဆက္ေ႐ႊ႕ေနလိုက္တယ္။
ေက်ာင္းကုန္းဇီက တိုးတိုးေလးေရ႐ြတ္တယ္, "ထူးဆန္းတဲ့ေကာင္ပဲ"