The Marionette Villain's Stag...

By Syota_

20.9K 2.4K 192

Have you seen a marionette , who control his own strings , play on the stage perfectly ? | Author : Syota | G... More

α€‡α€¬α€α€Ία€œα€™α€Ία€Έα€™α€­α€α€Ία€†α€€α€Ί [ Unicode ]
α€‡α€¬α€α€Ία€œα€™α€Ία€Έα€™α€­α€α€Ία€†α€€α€Ί [ Zawgyi ]
OFFICAL ARTS COLLECTION
Chapter (1) : Deus Lo Blessing - 1
Chapter (2) : Deus lo blessing 2.
Chapter ( 3 ) : First mission - 1 .
Chapter (4) : First Mission - 2 .
Chapter (5) : First Mission - 3
Chapter ( 6 ) : First Mission - 4 .
CHAPTER (8) : Evil snakes' admixture
Chapter ( 7 ) : inauspicious comet and someone's rebirth
Chapter (9) : INSIDE THE BOX
Chapter ( 11 ) : strings gon' dissary - 2
Chapter ( 12 ) : Omasuri
Chapter ( 13 ): Oh He is a Hamster
Chapter ( 14 ) : Empire's Jade
Chapter ( 15 ) : Impacts
Chapter ( 16 ) : My Carriage
Chapter ( 17 ) : What's his Antipathy
Chapter ( 18 ) : The Greatest Goddess's halo
Chapter ( 19 ) : Anytime
CHAPTER ( 20 ) : Aberacio Temple

Chapter (10 ) : Stings Gon' Disarray 1

593 108 5
By Syota_

[ ZAWGYI ]

အခန္း ( ၁၀ )

《 ကႀကိဳးမ်ားက ဖရိုဖရဲ.၁》

- ပ်က္ဆီးသြားလိုက္ -

ေယာ့(ခ္) ကံေကာင္းေထာက္မစြာျဖင့္ အႏၲရာယ္ကင္းစြာ နန္းေတာ္ဆီသို႔ ျပန္ေရာက္လာခဲ့သည္ ။ လက္ထဲတြင္ အနက္ေရာင္ ေျပာင္းလဲေနေသာ အဆိပ္ရည္ ပုလင္းအား က်စ္က်စ္ပါေအာင္ဆုပ္ထားရင္း အေတြးေလထဲ လႊင့္ေမ်ာေနမိ၏ ။

' အမႈိက္နတ္ ... ဒီပုလင္းကို စစ္ေဆးၾကည့္စမ္း '

ေယာ့(ခ္) အခန္းထဲသို႔ ျပန္ေရာက္လာသည္ႏွင့္ အဝတ္အစားလဲကာ သံသယမ်ားစြာ ေျဖေဖ်ာက္နိုင္ရန္ ရု(သ္)လက္(စ္)အား အကူအညီေတာင္းလိုက္သည္ ။ သို႔ေသာ္ ရု(သ္)လက္(စ္) မွာ ၿငိမ္ေနၿပီး ဘာမွမတုန္႔ျပန္ေပ ။

' ရု(သ္)လက္(စ္) ... ပုလင္းကို စစ္ေပး '

ထိုအခါမွ System မွ အျပာေရာင္ စက္ခရင္ေပၚလာၿပီး ပုလင္း၏ စစ္ေဆးခ်က္မ်ားအား ထုတ္ျပလာ၏ ။

{ ေႁမြနက္အဆိပ္ ၊ တစ္နည္းအားျဖင့္ မိစာၦေႁမြမ်ိဳးေပါင္း အဆိပ္ ၊ ဒီကမာၻထဲမွာ အျပင္းဆံုး အဆိပ္ ၇ မ်ိဳးထဲက တစ္ခုအပါအဝင္ျဖစ္ပါတယ္ ။ ကမာၻရဲ႕ အႏၲရာယ္ ၅ ပါးထဲက တစ္ပါးျဖစ္တဲ့ ဧရာမေႁမြနက္ရဲ႕ သည္းေျခနဲ႔ ျပဳလုပ္ထားၿပီး အျခားေသာ အဆိပ္ျပင္းတဲ့ ေႁမြမ်ိဳးေပါင္းစံုရဲ႕ အဆိပ္ေတြ ေရာစပ္ထားတဲ့ အဆိပ္ျဖစ္ပါတယ္ ။ အဆိပ္ေသာက္သံုးသူအတြက္ နာက်င္မႈမရွိေစဘဲ ၊ အခ်က္အလက္မရွိ ေသဆံုးသြားနိုင္ပါတယ္ ။ ဒါေပမဲ့ ၁၀ သန္းမွာ ၁ေယာက္က အဆိပ္ေသာက္သံုးၿပီး အဆိပ္ဒဏ္ခံနိုင္တဲ့ စြမ္းရည္တစ္မ်ိဳးလည္း နိုင္ၾကတယ္လို႔ အဆိုရွိပါတယ္ ။

ထုတ္လုပ္ျခင္း ရင္းျမစ္ - ERROR
အေရအတြက္ - ၁ ပုလင္း ( လက္ရွိ ) }

ေယာ့(ခ္) မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ' ေနာက္ထပ္ေရာ မရွိဘူးလား ၊ အေရာင္ေျပာင္းတဲ့ ကိစၥ.. '

ရု(သ္)လက္(စ္)သည္ေတြးေတြးဆဆျဖင့္ ျပန္ေျပာလာသည္ ။

[ System ရဲ႕ အခ်က္အလက္ေတြက ပစၥည္းဖန္တီးသူေတြကေန ခ်ျပထားတဲ့ အခ်က္အလက္ေတြပဲ ... ဒါေပမဲ့ တစ္ခ်ိဳ႕ပစၥည္းေတြက မူရင္းေဖာ္ထုတ္သူကိုက သိုဝွက္ေနတာမ်ိဳးဆိုရင္ ေဖာ္ထုတ္သူရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ပဲသက္ဆိုင္သြားၿပီး မသိနိုင္ေတာ့ဘူးေလ ]

' .... ဘာမွ သံုးစားမရဘူးဘဲ .. ၊ ေယာလ္ဆိုတဲ့ မိန္းကေလးအေၾကာင္းေရာ ရွာၾကည့္လို႔ ရလား '

[ မရွိဘူး... ၊ အဲ့မိန္းကေလးက ဒီထဲက ဇာတ္ေကာင္မဟုတ္ဘူး.. ]

' ျပႆနာပဲ ... အဲ့ကေလးမက အႏၲရာယ္မ်ားတယ္ .. မင္းေျပာၾကည့္စမ္း .. ဒီကမာၻမွာ သရဲရွိလား ၊ ရွိရင္ အဲ့ဟာမေလးက သရဲျဖစ္မယ္ သူက သရဲမနဲ႔တူတယ္ '

[ ေပါက္လြတ္ပဲစားေတြ ေျပာျပန္ၿပီ ၊ ဘာသရဲမွမရွိ-- ]

ဒုန္း !

စကားေျပာလို႔မွမဆံုးေသး မွန္တင္ခံုမွ ပစၥည္းတစ္ခု ျပဳတ္က်သြားခဲ့သည္ ။ ရု(သ္)လက္(စ္)မွာ အသံၿပဲႀကီးျဖင့္ 'သရဲ သရဲ ' ဟု ထေအာ္လာခဲ့ၿပီး ၊ ေယာ့(ခ္) ခမ်ာ ထိုေအာ္သံေၾကာင့္ အသက္ဆယ္ခါျပန္ထြက္သြားသလို ခံစားလိုက္ရ၏။

ဘယ္နတ္ဘုရားက သရဲေၾကာက္လို႔လဲ ..

ခဏအၾကာမွ ရု(သ္)လက္(စ္) တိတ္သြားၿပီး ၊ ေယာ့(ခ္) မွန္တင္ခံုအနားသို႔ သြားၾကည့္လိုက္သည္ ။ ညအခ်ိန္ျဖစ္သျဖင့္ မီးအုပ္ေဆာင္းမွာ မွိန္ပ်ပ်စြမ္းအင္ေလးသာ ျဖည့္သြင္းထားၿပီး အခန္းမွာ ေမွာင္က်မသြားေသာ္ျငား ၊ ခပ္မႈိင္းမႈိင္းျဖစ္ေနသည္ ။ ေယာ့(ခ္) မွန္တင္ခံုအနားေရာက္ေသာ္ လက္ဆြဲ မွတ္စုစာအုပ္ေသးေသးေလးသာျဖစ္ေနေၾကာင္း ျမင္လိုက္ရၿပီး ၊ သူ ေကာက္ယူၾကည့္လိုက္သည္ ။

စာအုပ္ေလးမွာ အနံလက္သံုးလံုး ၊ အလ်ား လက္ညိဳးတစ္ေခ်ာင္းစာ ရွိသည္ ။ စာ႐ြက္ေလးမ်ားအား ကြင္းမ်ားျဖင့္ ခ်ိတ္ဆြဲထားၿပီး ၊ အလ်င္က စာမွတ္ရန္သံုးေသာ လက္ဆြဲမွတ္စုစာအုပ္ငယ္ေလးမ်ားအတိုင္းပင္ ရွိ၏။ စာအုပ္အဖံုးမွာ ခပ္မာမာေလးရွိကာ အေပၚတြင္ ေယာ့(ခ္) ဗြန္ ဒယ္ဂရဲခ်က္(ဖ္) ဟု ေရးထိုးထားသည္ ။

ေယာ့(ခ္) စာအုပ္ကို လွန္ၾကည့္လိုက္ၿပီး ပထမစာမ်က္ႏွာတြင္ ေသသပ္စြာေရးထားေသာ စာလံုးမ်ားအား ေတြ႕လိုက္ရ၏ ။

... ပ်ာက္ဆံုးသြားလိုက္

ဒုတိယစာမ်က္ႏွာ...

... ပ်ာက္ဆံုးသြားလိုက္

တတိယစာမ်က္နွာ..

... ပ်ာက္ဆံုးသြားလိုက္

စတုတၴ..

... ပ်ာက္ဆံုးသြားလိုက္

.. ပ်ာက္ဆံုးသြားလိုက္

.. ပ်ာက္ဆံုးသြားလိုက္

....

တူညီေသာ စကားလံုးမ်ားက စာအုပ္တစ္ခုလံုး ျပည့္နွက္လို႔ ၊ ေနာက္ဆံုးစာမ်က္နွာေရာက္ေသာ္ ကြဲျပားေသာ စာေၾကာင္းတစ္ခု ေရးသားထားသည္ ။

... ကမာၻႀကီးေရာ .. လူေတြေရာ.. ပ်က္ဆီးသြားလိုက္..

ေယာ့(ခ္)သည္ ရုတ္တရက္ စာအုပ္အား လႊတ္ခ်လိုက္ၿပီး ၊ လက္မ်ား တဆတ္ဆတ္တုန္ယင္လာသည္ ။ သူ၏ ေခါင္းတစ္ခုလံုး မေရရာေသာ အေတြးမ်ားစြာျဖတ္ေျပးသြားၿပီး မွန္ဆီသို႔ ေျဖးေျဖးခ်င္းလွည့္ၾကည့္လိုက္ကာ မ်က္လံုးမ်ားျပဴးက်ယ္သြားသည္ ။

မွန္ထဲမွ ေဖ်ာ့ေတာ့ ျဖဴေဖြးေသာ အသားအရည္ႏွင့္ အမ်ိဳးသားေလးတစ္ေယာက္မွာ အျဖဴေရာင္ ညဝတ္အပါးေလးအား ဝတ္ဆင္ထားၿပီး ၊ ေ႐ႊဝါႏုႏု ေဖ်ာ့ေတာ့ေတာ့ ဆံႏြယ္တို႔မွာ အစီအစဥ္မရွိ ျဖာက်လ်က္ မွိန္ေဖ်ာ့ေသာ မီးေရာင္ေအာက္တြင္ သိမ္ေမြ႕ေသာ နတ္ဘုရားေလးတစ္ပါးနွင့္ တူညီေပသည္ ။ သို႔ေသာ္ အျပာေရာင္သမုဒၵရာနွယ္ မ်က္လံုးထဲမွ အနီေရာင္ ငါးကေလးသည္ ဖ်တ္ခနဲ ၊ ဖ်တ္ခနဲ လႈပ္ရွားလာၿပီး ကဆုန္ေပါက္ေနကာ တစ္ဆ တစ္ဆ ႀကီးထြားလာၿပီး ေရျပင္က်ယ္ကို ဝါးမ်ိဳေနလ်က္ အမ်ိဳးသားေလးအား အက်ည္းတန္ေသာ နတ္ဆိုးတစ္ေကာင္းႏွင့္ တူညီေစကာ ေၾကာက္မက္ဖြယ္ေကာင္းေသာ အသြင္အား ေဆာင္ေန၏ ။

" အာ.. ငါသိၿပီ "

စိတ္ထဲတြင္ ေယာ(လ္) ေျပာခဲ့သမွ်အား အမွတ္ရေနမိ၏ ။

မေကာင္းဆိုးဝါး .. ကမာၻႀကီးကို မုန္းတီးလိုက္ ... ဒါသေတြ ပါက္ကြဲလိုက္ ...

ေယာ့(ခ္) သည္ စိတ္အျမန္ထိန္းလိုက္ၿပီး ၊ သက္ျပင္းရွည္တစ္ခ်က္ ဆြဲခ်လိုက္သည္ ။

ထိုအခါ လႈပ္ခတ္ေနေသာ ငါးနီေလးသည္ တေျဖးေျဖးၿငိမ္က်လာၿပီး ပံုမွန္အတိုင္း အျပာေရာင္ သမုဒၵရာႀကီးထဲ ကူးလူးေနေတာ့၏ ။

[ ဘာသိတာလဲ .. သင္က အခု တကယ္ဗီလိန္ေကာင္ႀကီးနဲ႔ တူလုိက္တာ . ]

ေယာ့(ခ္) ၏ ႏႈတ္ခမ္းေထာင့္ေလးမွာ အနည္းငယ္ ေကြး၍ အၿပံဳးမမည္ေသာ အၿပံဳးတစ္ခု ေဖာ္ထုတ္လာကာ

' ဟက္ ... မင္းသိစရာမလိုဘူး '

[ ကြၽႏု္ပ္က သင့္ရဲ႕ စနစ္ေတာ္ေနာ္ ... အသိေပးရတယ္ေလ]

' ရု(သ္)လက္(စ္) ... မင္း ငါ့အေတြးကို ဖက္မရတဲ့အထိ စြမ္းအင္နည္းေနတယ္မလား '

[ .... သင့္ေၾကာင့္ေလ ဟုတ္ၿပီလား ]

' ... ငါသာ ေနာက္ထပ္ လႈပ္ရွားမႈေတြ ဆက္လႈပ္ေနမယ္ဆိုရင္ ေပးထားတဲ့မစ္ရွင္ မဟုတ္ရင္ေတာင္ အစြမ္းေတြအမ်ားႀကီးရနိုင္တယ္မလား .. ၿပီးေတာ့ ဇာတ္လမ္းျပင္ဆင္မႈအတြက္ေရာ ... ကမာၻမွ်ေျခကိုသာ ထိန္းနိုင္ၿပီး ၊ လက္ခံသူျဖစ္တဲ့ ငါကလည္း ခြန္အားႀကီးမယ္ဆိုရင္ မင္းလည္း... ခြန္အားႀကီးလာနိုင္မွာပဲမလား.. '

[ ..... ဟား ဟား ဟား.. ကြၽႏု္ပ္မင္းကို သေဘာက်သြားၿပီ]

ရု(သ္)လက္(စ္) စကားဆံုးေသာ္ ၿပံဳးစစျဖစ္ေနသည့္ ေယာ့(ခ္)၏ မ်က္နွာမွာ ျပန္လည္တည္က်သြားၿပီး အလိုမတူေသာ မိန္းမငယ္ေလးလို ေျပာလာ၏ ။

' ... မင္းက နွာဘူးပဲ '

[ အဲ့လို သေဘာက်တာကို ေျပာတာမဟုတ္ဘူး ! ]

ေယာ့(ခ္) လစ္လ်ဴရႈလိုက္ၿပီး အိပ္ရာေပၚတြင္ လယ္ရန္အိမ္ေတာ္ႏွင့္ ပတ္သက္၍ ေတြးမိသည္ ။

လယ္ရန္အိမ္ေတာ္သည္ ကုန္သည္အသိုင္းအဝိုင္းျဖစ္ေသာ္ျငား ထိုအိမ္ေတာ္မွ လူတစ္ေယာက္သည္ ပဥၥလက္အဖြဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္သျဖင့္ ေသခ်ာေပါက္ ဘြဲ႕နွင္းအပ္ပြဲသို႔ တက္ေရာက္လာၾကမည္ပင္ ။ ေယာလ္ဆိုေသာ မိန္းကေလးမွာ အေတာ္ အႏၲရာယ္မ်ားပံုေပၚၿပီး သူ႔ဆီက ဘာလိုခ်င္ေနလည္းလဲ ေသခ်ာမသိရေပ ။ လယ္ရန္မွ အမ်ိဳးသမီးအစစ္ဟု ျဖစ္နိုင္ေခ်သိပ္မရွိေသာ္လည္း ဘြဲ႕နွင္းအပ္ပြဲသို႔ တက္ေရာက္လာၿပီး ျပႆနာရွာပါက ေယာ့(ခ္) ဘာမွ တတ္နိုင္မည္မဟုတ္ေပ ။ သူ(မ) ပံုစံမွာ ဂိမ္းထဲက ဆိုရလွ်င္ အလြန္နက္နဲကာ စြမ္းအားႀကီးေသာ ခံစားခ်က္မ်ိဳးေပးေနၿပီး ၊ သူ.. ေယာ့(ခ္)မွာေတာ့ လူသာရိုက္တတ္ကာ ဘာစြမ္းအားမွ မရင္းနွီးေသးေပ ။ ထိုသည္မွာ အလြန္ အႏၲရာယ္မ်ားေသာ အရာတစ္ခုပင္ ။

မၾကာေသးခင္ကမွ ေသဆံုးျခင္းရဲ႕ နာက်င္မႈ ေဝဒနာအား ခံစားခဲ့ရသူ တစ္ေယာက္သည္ ေသျခင္းတရားကို ထပ္မံရင္ဆိုင္ရန္ မေၾကာက္ေတာ့ဟု ဆိုရိုးမ်ားစြာရွိေနေသာ္လည္း ၊ ေယာ့(ခ္) အတြက္မႈ ဆန္႔က်င္ဘက္သာ ။ ေသျခင္းတရားအား သူျမည္းစမ္းၿပီးၿပီျဖစ္သည္ ။ ထိုမွလာေသာ နာက်င္မႈ ၊ ေသာကမ်ား ၊ ေဝဒနာမ်ား နွင့္ ပူေဆြးမႈမ်ားစြာ .. သူထပ္မခံစားခ်င္ေပ ၊ ေယာ့(ခ္) ထိုနာက်င္မႈအားေတြးတိုင္း အလြန္ၾကက္သီးထရေပသည္ ။ သူလံုးဝ အေသခံ၍ မရေပ ။ ထိုသည္မွာ ကမာၻႀကီးအတြက္ မဟုတ္သလို ၊ ရု(သ္)လက္(စ္) စြမ္းအားႀကီးလာဖို႔အတြက္လည္း မဟုတ္ .. ေသခ်ာေပါက္ သူ႔ကုိယ္သူအတြက္ တိုက္ခိုက္ၿပီး ဆက္လက္ ရွင္သန္ေနဦးမည္ျဖစ္သည္ ။

ေယာ့(ခ္) သက္ျပင္းခ်လိုက္မိသည္ ။ သူအေတာ္ေလး ပင္ပန္းသြားသလိုခံစားရ၏ ။ ယခင္က ေက်ာင္းဝတ္စံုဝတ္ရင္း အခ်ိန္ပိုင္းအလုပ္လုပ္ကာ အနိုင္က်င့္တတ္ေသာ ေက်ာင္းလူဆိုးေလးမ်ားအား ဆြမ္းခ်ီးလိုက္ေလာင္းရေသာ ဘဝေလးအား ျပန္လိုခ်င္မိသည္ ။ အရႈပ္အေထြးတို႔မွာ သူႏွင့္မအက္စပ္လွေပ ။

"... ဒါေပမဲ့ ဘယ္တတ္နိုင္မွာလဲ ၊ ဒုတိယ အခြင့္အေရးပဲေလ .. တန္ေအာင္ သံုးရတာေပါ့ "

ေယာ့(ခ္) မ်က္နွာၾကက္အျဖဴေရာင္အား စိုက္ၾကည့္ေနရင္းျဖင့္ တစ္ေယာက္တည္းစကားေျပာကာ ဘယ္ဘက္မ်က္လံုးအား လက္ျဖင့္ တို႔ထိ၍ ဖြဖြေလးေရ႐ြတ္လာသည္ ။

" ပ်က္ဆီးသြားလိုက္ ... ဟက္.. ရယ္ရတယ္ "

ေယာ့(ခ္) တစ္ေယာက္ အေတြးလြန္ကာ ရုတ္တရက္ ေဂါက္သြားၿပီဟု ရု(သ္)လက္(စ္)ေတြးမိလိုက္သည္ ။

... ငါ တကယ္ေရာ လူေ႐ြးမွန္ခဲ့ရဲ႕လား... အားးးး

နတ္ဘုရားမေလးတစ္ေယာက္ ရင္ဘတ္ထဲ ခံစားငိုေႂကြးေနခ်ိန္ ေယာ့(ခ္) ၏ ေခၚသံထြက္ေပၚလာသည္ ။

' ရု(သ္)လက္(စ္) အိပ္ၿပီလား.. '

[ နတ္ဘုရားက အနားယူတာပဲရွိတယ္ ၊ အိပ္တယ္လို႔မရွိဘူး]

' အမ္းပါ.... ငါသိခ်င္တာေလးတစ္ခုရွိလို႔ '

[ ေျပာၾကည့္ေလ ]

' မင္း အရင္က အေရးပါတဲ့နတ္ဘုရားျဖစ္ခဲ့ဖူးတယ္လို႔ေျပာတယ္မလား '

[ ဟုတ္တယ္ေလ .. ထိပ္တန္းနတ္ဘုရား ၃ ပါးထဲမွာ ကြၽႏု္ပ္က စြမ္းအားအႀကီးဆံုးနဲ႔ အမိုက္ဆံုး နတ္ဘုရားမႀကီးေပါ့ ]

' ဒါဆို ဘယ္လိုျဖစ္ၿပီး ဒီအေျခအေနေရာက္သြားတာလဲ '

ရု(သ္)လက္(စ္) တိတ္ဆိတ္သြားၿပီး ဘာမွ ျပန္မေျဖေတာ့ေပ ။ ေယာ့(ခ္) လည္း သည္အတိုင္း ပ်င္း၍ ေမးလိုက္ျခင္းျဖစ္ၿပီး တိတ္ဆိတ္သြားေသာ သူ(မ)ေၾကာင့္ မွားသြားမွန္းသိလိုက္၏ ။

' မေမးသင့္တာ ေမးမိတာပဲ ၊ ဘာမွမဟုတ္ေတာ့ဘူး အနားယူေတာ့ '

[ ဟင့္အင္း .. ရပါတယ္ .. ကြၽန္ုပ္ေျပာျပလို႔ရတယ္ ]

ရု(သ္)လက္(စ္) အသံမွာ အနည္းငယ္ ေဖ်ာ့ေတာ့သြားၿပီး နားေထာင္သူကိုပင္ အင္အားမရွိေတာ့သလို ခံစားသြားရေစသည္။

[ စၾကဝဋာထဲမွာ မူလကမာၻႀကီးက လူေတြ မသိနိုင္တဲ့ ကမာၻကြဲေတြအမ်ားႀကီးရွိတယ္ ... နတ္ဘုရားေတြ ဖန္တီးထားတဲ့ ကမာၻေတြေပါ့ ၊ အဲ့လိုကမာၻေတြအမ်ားႀကီး ဖန္တီးၿပီး နတ္ဆိုးေတြကို ေခ်မႈန္းေလ ေကာင္းကင္ဘံုးဧကရာဇ္က စြမ္းအားပိုႀကီးေလျဖစ္ၿပီး ေကာင္းကင္ကို အဆံုးမဲ့ တည္တံ့ေစနိုင္တယ္ ... လြန္ခဲ့တဲ့ ႏွစ္ ၁၀သိန္းကေနစၿပီး ပထမဦးဆံုး ထိပ္တန္းနတ္ဘုရားတစ္ပါးေပၚထြက္လာခဲ့တယ္ ... ထိပ္တန္းနတ္ဘုရားအလုပ္က ကမာၻေတြ ဖန္တီးၿပီး ဧကရာဇ္ကို ေထာက္ပံ့ေပးဖို႔ပဲ .. အဲ့အစဥ္အလာက ဆက္သြားၿပီးတဲ့ေနာက္ ထိပ္တန္း နတ္ဘုရားသံုးပါးဆိုၿပီး ရာထူးတစ္ခု ျဖစ္တည္လာတယ္ေလ ... ကြၽန္ုပ္ကေတာ့ ဒုတိယမ်ိဳးဆက္ ထိပ္တန္းနတ္ဘုရားသံုးပါးထဲက စြမ္းအားအႀကီးဆံုးတစ္ပါးျဖစ္ခဲ့တာေပါ့ ... နတ္ဘုရား အခ်င္းခ်င္း စြမ္းရည္ေတြၿပိဳင္ရင္း ထိပ္ဆံုးကို ေရာက္ခဲ့တယ္ ...]

' ... မင္း တကယ္ စြမ္းအား ႀကီးလြန္းခဲ့တာပဲ '

[ ဒါေပါ့... သင့္ရဲ႕ အျမင္မွာ ေကာင္းကင္ဘံုက ဘယ္လိုမ်ိဳးလဲ ေယာ့(ခ္) ]

' ငါ ေကာင္းကင္ဘံုကို အယံုအၾကည္မရွိဘူး... ၊ ငါငယ္ငယ္က အေဖနဲ႔ အေမ ျပန္ေပါင္းစည္းဖို႔ ခဏခဏ ဆုေတာင္းဖူးတယ္ .. ဒါေပမဲ့ ေကာင္းကင္ဘံုက ငါ့ဆုေတာင္းသံကို ျပန္မေျဖခဲ့ဘူး.. ငါ ေရာဂါေပ်ာက္ကင္းနိုင္ဖို႔ဆုေတာင္းတယ္ .. ေကာင္းကင္ဘံုက ထပ္ၿပီး လစ္လ်ဴရႈတယ္ .. ငါဆုေတာင္းေတြအမ်ားႀကီးရွိခဲ့တယ္ ဒါေပမဲ့ ေကာင္းကင္ဘံုက လစ္လ်ဴရႈခဲ့တာခ်ည္းပဲ .. ေနာက္ေတာ့ ဆုေတာင္းရွိရင္ ေကာင္းကင္ဘံုကို မေျပာျပျဖစ္ေတာ့ဘူး ကုိယ့္ဟာကုိယ္လုပ္မွပဲရမွာေလ ... ငါ့အျမင္မွာ ေကာင္းကင္ဘံုက အမႈိက္လိုပဲ ... '

[ ဟက္.. သင္ကေတာ့ နတ္ဘုရားေရွ႕မွာ ေကာင္းကင္ဘံု မေကာင္းေၾကာင္း ေျပာေနတာပဲ ]

' မင္းကေရာ .. ရု(သ္)လက္(စ္) '

[ ... အျမင္... ေကာင္းကင္ဘံုေပၚမွာ အျမင္ဆိုတဲ့အရာကို ထားေတာင္မထားသင့္ဘူး ၊ စိတ္ပ်က္ဖို႔ ေကာင္းလြန္းတယ္ ၊ ကြၽန္ုပ္က ႐ြံစရာေကာင္းတဲ့ သူတစ္ေယာက္ရဲ႕ လက္ေအာက္ခံဘယ္ေတာ့မွ လုပ္မွာမဟုတ္သလို စိတ္ဆင္းရဲစရာ အသိုင္းအဝိုင္းၾကားမွာလည္း ဂုဏ္ယူေပ်ာ္ပါးမေနနိုင္ဘူး ... အဲ့ေကာင္းကင္ဘံု ပ်က္ဆီးသြားသင့္တယ္ ]

' အို... မင္းက မုန္းတီးေရးဆင္းေနတာပဲ '

[ .... မုန္းတီးတာထက္ေတာင္ ဆိုးပါေသးတယ္ ]

ရု(သ္)လက္(စ္)သည္ သေရာ္ရယ္သံေလးအခ်ိဳ႕ ျဖည့္သြင္းရင္း အားရပါးရ ဆိုလာသည္ ။

[ ပ်က္ဆီးသြားလိုက္.... ]

' ... ဟား ဟား.. မင္းကေတာ့ေလ ... အာ... ဒါနဲ႔ ငါ့ရဲ႕ အဓိကတာဝန္ကဘာလဲ ၊ ဒီကမာၻကို ေရာက္လာတဲ့ အေၾကာင္းျပခ်က္ .. '

[ ဒီကမာၻကို ပ်က္ကိန္းမစိုက္ေအာင္ ကာကြယ္ဖို႔ပဲ ၊ ဒီကမာၻက ပ်က္ကိန္းဆိုက္ၿပီး ဆိုးဝါးနဲ႔ အဆံုးသတ္ျဖစ္ေအာင္ ဖြဲ႕စည္းခံထားရတာ ၊ ကြၽန္ုပ္က ထိန္းေပးရမယ္ ]

' မင္းေျပာေတာ့ ေကာင္းကင္ဘံုကို မုန္းတယ္ဆို .. ဘာလို႔ သူတို႔အတြက္ အလုပ္လုပ္ေနတာလဲ '

[ သူတို႔အတြက္မဟုတ္ပါဘူး.. ကြၽန္ုပ္အတြက္ ကြၽႏု္ပ္လုပ္ေနတာပါ .. ]

' ေကာင္းၿပီေလ မင္းလည္းမင္းအတြက္ မင္းႀကိဳးစား ၊ ငါလည္း ငါ့အတြက္ ငါ ႀကိဳးစားေပးမယ္ .. '

****

ေနာက္ေန႔တစ္ရက္မွာ အိမ္ေရွ႕စံဘြဲ႕နွင့္အပ္ပြဲအတြက္ အျပင္အဆင္မ်ားလုပ္ရေတာ့မည္ျဖစ္ေသာေၾကာင့္ မအားလပ္ဘဲရွိကာ ၊ ေယာ့(ခ္) တစ္ေယာက္ အလုပ္မ်ားရေတာ့သည္ ။

မင္းသားတစ္ပါးျဖစ္ရသည္မွာ အေတာ္ေလးခက္ခဲလွ၏ ။ ရႈပ္ေထြးေလးလံေသာ ဝတ္စားဆင္ယင္မႈတို႔သည္ ေယာ့(ခ္)အား အရွင္လတ္လတ္ နွိပ္သက္ညႇင္းပန္းေနသလိုပင္ရွိၿပီး ၊ မန္ဒရီ၏ ပြစိပြစိေျပာသမွ်အား နားေထာင္ေနရေသးသည္ ။

ေယာ့(ခ္)သည္ အိမ္ေရွ႕စံနန္းေဆာင္ ၊ ခရူဂါနန္းဝန္း နွင့္ ၿမိဳ႕လယ္ေစ်းထဲသို႔သာ သြားဖူးေသးၿပီး ယခုထိ မည္သည့္ ညီအစ္ကိုေမာင္ႏွမကိုမွ မေတြ႕ရေသးေပ ။ ထို႔အျပင္ အေရးပါေသာ ဇာတ္ေကာင္မ်ားစြာကိုလည္းမေတြ႕ရေသး ။ မူလပိုင္ရွင္မွာ ဗီလိန္ျဖစ္သျဖင့္ လူမုန္းခံေနရေသာေၾကာင့္ မည္သူႏွင့္မွ မတည့္ဘဲ အႏၲရာယ္မ်ားသာ ဝိုင္းေနမည္မွာ ေသခ်ာေပသည္ ။ ထို႔အျပင္ စည္းရံုးရန္ကလည္း နတ္ဘုရားေရာင္ဝါမွာ တေျဖးေျဖး ေလ်ာ့နည္းလာသျဖင့္ သိပ္မေသခ်ာေတာ့ေပ ။

... အာ ျပႆနာပဲ မစည္းရံုးဘဲ တိုက္စစ္အတိုင္း သြားရေတာ့မွာလား..

*****

[ UNICODE ]

အခန်း ( ၁၀ )

《 ကကြိုးများက ဖရိုဖရဲ.၁》

- ပျက်ဆီးသွားလိုက် -

ယော့(ခ်) ကံကောင်းထောက်မစွာဖြင့် အန္တရာယ်ကင်းစွာ နန်းတော်ဆီသို့ ပြန်ရောက်လာခဲ့သည် ။ လက်ထဲတွင် အနက်ရောင် ပြောင်းလဲနေသော အဆိပ်ရည် ပုလင်းအား ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း အတွေးလေထဲ လွှင့်မျောနေမိ၏ ။

' အမှိုက်နတ် ... ဒီပုလင်းကို စစ်ဆေးကြည့်စမ်း '

ယော့(ခ်) အခန်းထဲသို့ ပြန်ရောက်လာသည်နှင့် အဝတ်အစားလဲကာ သံသယများစွာ ဖြေဖျောက်နိုင်ရန် ရု(သ်)လက်(စ်)အား အကူအညီတောင်းလိုက်သည် ။ သို့သော် ရု(သ်)လက်(စ်) မှာ ငြိမ်နေပြီး ဘာမှမတုန့်ပြန်ပေ ။

' ရု(သ်)လက်(စ်) ... ပုလင်းကို စစ်ပေး '

ထိုအခါမှ System မှ အပြာရောင် စက်ခရင်ပေါ်လာပြီး ပုလင်း၏ စစ်ဆေးချက်များအား ထုတ်ပြလာ၏ ။

{ မြွေနက်အဆိပ် ၊ တစ်နည်းအားဖြင့် မိစ္ဆာမြွေမျိုးပေါင်း အဆိပ် ၊ ဒီကမ္ဘာထဲမှာ အပြင်းဆုံး အဆိပ် ၇ မျိုးထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ် ။ ကမ္ဘာရဲ့ အန္တရာယ် ၅ ပါးထဲက တစ်ပါးဖြစ်တဲ့ ဧရာမမြွေနက်ရဲ့ သည်းခြေနဲ့ ပြုလုပ်ထားပြီး အခြားသော အဆိပ်ပြင်းတဲ့ မြွေမျိုးပေါင်းစုံရဲ့ အဆိပ်တွေ ရောစပ်ထားတဲ့ အဆိပ်ဖြစ်ပါတယ် ။ အဆိပ်သောက်သုံးသူအတွက် နာကျင်မှုမရှိစေဘဲ ၊ အချက်အလက်မရှိ သေဆုံးသွားနိုင်ပါတယ် ။ ဒါပေမဲ့ ၁၀ သန်းမှာ ၁ယောက်က အဆိပ်သောက်သုံးပြီး အဆိပ်ဒဏ်ခံနိုင်တဲ့ စွမ်းရည်တစ်မျိုးလည်း နိုင်ကြတယ်လို့ အဆိုရှိပါတယ် ။

ထုတ်လုပ်ခြင်း ရင်းမြစ် - ERROR
အရေအတွက် - ၁ ပုလင်း ( လက်ရှိ ) }

ယော့(ခ်) မျက်မှောင်ကြုတ်လိုက်ပြီး ' နောက်ထပ်ရော မရှိဘူးလား ၊ အရောင်ပြောင်းတဲ့ ကိစ္စ.. '

ရု(သ်)လက်(စ်)သည်တွေးတွေးဆဆဖြင့် ပြန်ပြောလာသည် ။

[ System ရဲ့ အချက်အလက်တွေက ပစ္စည်းဖန်တီးသူတွေကနေ ချပြထားတဲ့ အချက်အလက်တွေပဲ ... ဒါပေမဲ့ တစ်ချို့ပစ္စည်းတွေက မူရင်းဖော်ထုတ်သူကိုက သိုဝှက်နေတာမျိုးဆိုရင် ဖော်ထုတ်သူရဲ့ ဆုံးဖြတ်ချက်နဲ့ပဲသက်ဆိုင်သွားပြီး မသိနိုင်တော့ဘူးလေ ]

' .... ဘာမှ သုံးစားမရဘူးဘဲ .. ၊ ယောလ်ဆိုတဲ့ မိန်းကလေးအကြောင်းရော ရှာကြည့်လို့ ရလား '

[ မရှိဘူး... ၊ အဲ့မိန်းကလေးက ဒီထဲက ဇာတ်ကောင်မဟုတ်ဘူး.. ]

' ပြဿနာပဲ ... အဲ့ကလေးမက အန္တရာယ်များတယ် .. မင်းပြောကြည့်စမ်း .. ဒီကမ္ဘာမှာ သရဲရှိလား ၊ ရှိရင် အဲ့ဟာမလေးက သရဲဖြစ်မယ် သူက သရဲမနဲ့တူတယ် '

[ ပေါက်လွတ်ပဲစားတွေ ပြောပြန်ပြီ ၊ ဘာသရဲမှမရှိ-- ]

ဒုန်း !

စကားပြောလို့မှမဆုံးသေး မှန်တင်ခုံမှ ပစ္စည်းတစ်ခု ပြုတ်ကျသွားခဲ့သည် ။ ရု(သ်)လက်(စ်)မှာ အသံပြဲကြီးဖြင့် 'သရဲ သရဲ ' ဟု ထအော်လာခဲ့ပြီး ၊ ယော့(ခ်) ခမျာ ထိုအော်သံကြောင့် အသက်ဆယ်ခါပြန်ထွက်သွားသလို ခံစားလိုက်ရ၏။

ဘယ်နတ်ဘုရားက သရဲကြောက်လို့လဲ ..

ခဏအကြာမှ ရု(သ်)လက်(စ်) တိတ်သွားပြီး ၊ ယော့(ခ်) မှန်တင်ခုံအနားသို့ သွားကြည့်လိုက်သည် ။ ညအချိန်ဖြစ်သဖြင့် မီးအုပ်ဆောင်းမှာ မှိန်ပျပျစွမ်းအင်လေးသာ ဖြည့်သွင်းထားပြီး အခန်းမှာ မှောင်ကျမသွားသော်ငြား ၊ ခပ်မှိုင်းမှိုင်းဖြစ်နေသည် ။ ယော့(ခ်) မှန်တင်ခုံအနားရောက်သော် လက်ဆွဲ မှတ်စုစာအုပ်သေးသေးလေးသာဖြစ်နေကြောင်း မြင်လိုက်ရပြီး ၊ သူ ကောက်ယူကြည့်လိုက်သည် ။

စာအုပ်လေးမှာ အနံလက်သုံးလုံး ၊ အလျား လက်ညိုးတစ်ချောင်းစာ ရှိသည် ။ စာရွက်လေးများအား ကွင်းများဖြင့် ချိတ်ဆွဲထားပြီး ၊ အလျင်က စာမှတ်ရန်သုံးသော လက်ဆွဲမှတ်စုစာအုပ်ငယ်လေးများအတိုင်းပင် ရှိ၏။ စာအုပ်အဖုံးမှာ ခပ်မာမာလေးရှိကာ အပေါ်တွင် ယော့(ခ်) ဗွန် ဒယ်ဂရဲချက်(ဖ်) ဟု ရေးထိုးထားသည် ။

ယော့(ခ်) စာအုပ်ကို လှန်ကြည့်လိုက်ပြီး ပထမစာမျက်နှာတွင် သေသပ်စွာရေးထားသော စာလုံးများအား တွေ့လိုက်ရ၏ ။

... ပျောက်ဆုံးသွားလိုက်

ဒုတိယစာမျက်နှာ...

... ပျောက်ဆုံးသွားလိုက်

တတိယစာမျက်နှာ..

... ပျောက်ဆုံးသွားလိုက်

စတုတ္ထ..

... ပျောက်ဆုံးသွားလိုက်

.. ပျောက်ဆုံးသွားလိုက်

.. ပျောက်ဆုံးသွားလိုက်

....

တူညီသော စကားလုံးများက စာအုပ်တစ်ခုလုံး ပြည့်နှက်လို့ ၊ နောက်ဆုံးစာမျက်နှာရောက်သော် ကွဲပြားသော စာကြောင်းတစ်ခု ရေးသားထားသည် ။

... ကမ္ဘာကြီးရော .. လူတွေရော.. ပျက်ဆီးသွားလိုက်..

ယော့(ခ်)သည် ရုတ်တရက် စာအုပ်အား လွှတ်ချလိုက်ပြီး ၊ လက်များ တဆတ်ဆတ်တုန်ယင်လာသည် ။ သူ၏ ခေါင်းတစ်ခုလုံး မရေရာသော အတွေးများစွာဖြတ်ပြေးသွားပြီး မှန်ဆီသို့ ဖြေးဖြေးချင်းလှည့်ကြည့်လိုက်ကာ မျက်လုံးများပြူးကျယ်သွားသည် ။

မှန်ထဲမှ ဖျော့တော့ ဖြူဖွေးသော အသားအရည်နှင့် အမျိုးသားလေးတစ်ယောက်မှာ အဖြူရောင် ညဝတ်အပါးလေးအား ဝတ်ဆင်ထားပြီး ၊ ရွှေဝါနုနု ဖျော့တော့တော့ ဆံနွယ်တို့မှာ အစီအစဉ်မရှိ ဖြာကျလျက် မှိန်ဖျော့သော မီးရောင်အောက်တွင် သိမ်မွေ့သော နတ်ဘုရားလေးတစ်ပါးနှင့် တူညီပေသည် ။ သို့သော် အပြာရောင်သမုဒ္ဒရာနှယ် မျက်လုံးထဲမှ အနီရောင် ငါးကလေးသည် ဖျတ်ခနဲ ၊ ဖျတ်ခနဲ လှုပ်ရှားလာပြီး ကဆုန်ပေါက်နေကာ တစ်ဆ တစ်ဆ ကြီးထွားလာပြီး ရေပြင်ကျယ်ကို ဝါးမျိုနေလျက် အမျိုးသားလေးအား အကျည်းတန်သော နတ်ဆိုးတစ်ကောင်းနှင့် တူညီစေကာ ကြောက်မက်ဖွယ်ကောင်းသော အသွင်အား ဆောင်နေ၏ ။

" အာ.. ငါသိပြီ "

စိတ်ထဲတွင် ယော(လ်) ပြောခဲ့သမျှအား အမှတ်ရနေမိ၏ ။

မကောင်းဆိုးဝါး .. ကမ္ဘာကြီးကို မုန်းတီးလိုက် ... ဒေါသတွေ ပေါက်ကွဲလိုက် ...

ယော့(ခ်) သည် စိတ်အမြန်ထိန်းလိုက်ပြီး ၊ သက်ပြင်းရှည်တစ်ချက် ဆွဲချလိုက်သည် ။

ထိုအခါ လှုပ်ခတ်နေသော ငါးနီလေးသည် တဖြေးဖြေးငြိမ်ကျလာပြီး ပုံမှန်အတိုင်း အပြာရောင် သမုဒ္ဒရာကြီးထဲ ကူးလူးနေတော့၏ ။

[ ဘာသိတာလဲ .. သင်က အခု တကယ်ဗီလိန်ကောင်ကြီးနဲ့ တူလိုက်တာ . ]

ယော့(ခ်) ၏ နှုတ်ခမ်းထောင့်လေးမှာ အနည်းငယ် ကွေး၍ အပြုံးမမည်သော အပြုံးတစ်ခု ဖော်ထုတ်လာကာ

' ဟက် ... မင်းသိစရာမလိုဘူး '

[ ကျွန်ုပ်က သင့်ရဲ့ စနစ်တော်နော် ... အသိပေးရတယ်လေ]

' ရု(သ်)လက်(စ်) ... မင်း ငါ့အတွေးကို ဖက်မရတဲ့အထိ စွမ်းအင်နည်းနေတယ်မလား '

[ .... သင့်ကြောင့်လေ ဟုတ်ပြီလား ]

' ... ငါသာ နောက်ထပ် လှုပ်ရှားမှုတွေ ဆက်လှုပ်နေမယ်ဆိုရင် ပေးထားတဲ့မစ်ရှင် မဟုတ်ရင်တောင် အစွမ်းတွေအများကြီးရနိုင်တယ်မလား .. ပြီးတော့ ဇာတ်လမ်းပြင်ဆင်မှုအတွက်ရော ... ကမ္ဘာမျှခြေကိုသာ ထိန်းနိုင်ပြီး ၊ လက်ခံသူဖြစ်တဲ့ ငါကလည်း ခွန်အားကြီးမယ်ဆိုရင် မင်းလည်း... ခွန်အားကြီးလာနိုင်မှာပဲမလား.. '

[ ..... ဟား ဟား ဟား.. ကျွန်ုပ်မင်းကို သဘောကျသွားပြီ]

ရု(သ်)လက်(စ်) စကားဆုံးသော် ပြုံးစစဖြစ်နေသည့် ယော့(ခ်)၏ မျက်နှာမှာ ပြန်လည်တည်ကျသွားပြီး အလိုမတူသော မိန်းမငယ်လေးလို ပြောလာ၏ ။

' ... မင်းက နှာဘူးပဲ '

[ အဲ့လို သဘောကျတာကို ပြောတာမဟုတ်ဘူး ! ]

ယော့(ခ်) လစ်လျူရှုလိုက်ပြီး အိပ်ရာပေါ်တွင် လယ်ရန်အိမ်တော်နှင့် ပတ်သက်၍ တွေးမိသည် ။

လယ်ရန်အိမ်တော်သည် ကုန်သည်အသိုင်းအဝိုင်းဖြစ်သော်ငြား ထိုအိမ်တော်မှ လူတစ်ယောက်သည် ပဉ္စလက်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သဖြင့် သေချာပေါက် ဘွဲ့နှင်းအပ်ပွဲသို့ တက်ရောက်လာကြမည်ပင် ။ ယောလ်ဆိုသော မိန်းကလေးမှာ အတော် အန္တရာယ်များပုံပေါ်ပြီး သူ့ဆီက ဘာလိုချင်နေလည်းလဲ သေချာမသိရပေ ။ လယ်ရန်မှ အမျိုးသမီးအစစ်ဟု ဖြစ်နိုင်ချေသိပ်မရှိသော်လည်း ဘွဲ့နှင်းအပ်ပွဲသို့ တက်ရောက်လာပြီး ပြဿနာရှာပါက ယော့(ခ်) ဘာမှ တတ်နိုင်မည်မဟုတ်ပေ ။ သူ(မ) ပုံစံမှာ ဂိမ်းထဲက ဆိုရလျှင် အလွန်နက်နဲကာ စွမ်းအားကြီးသော ခံစားချက်မျိုးပေးနေပြီး ၊ သူ.. ယော့(ခ်)မှာတော့ လူသာရိုက်တတ်ကာ ဘာစွမ်းအားမှ မရင်းနှီးသေးပေ ။ ထိုသည်မှာ အလွန် အန္တရာယ်များသော အရာတစ်ခုပင် ။

မကြာသေးခင်ကမှ သေဆုံးခြင်းရဲ့ နာကျင်မှု ဝေဒနာအား ခံစားခဲ့ရသူ တစ်ယောက်သည် သေခြင်းတရားကို ထပ်မံရင်ဆိုင်ရန် မကြောက်တော့ဟု ဆိုရိုးများစွာရှိနေသော်လည်း ၊ ယော့(ခ်) အတွက်မှု ဆန့်ကျင်ဘက်သာ ။ သေခြင်းတရားအား သူမြည်းစမ်းပြီးပြီဖြစ်သည် ။ ထိုမှလာသော နာကျင်မှု ၊ သောကများ ၊ ဝေဒနာများ နှင့် ပူဆွေးမှုများစွာ .. သူထပ်မခံစားချင်ပေ ၊ ယော့(ခ်) ထိုနာကျင်မှုအားတွေးတိုင်း အလွန်ကြက်သီးထရပေသည် ။ သူလုံးဝ အသေခံ၍ မရပေ ။ ထိုသည်မှာ ကမ္ဘာကြီးအတွက် မဟုတ်သလို ၊ ရု(သ်)လက်(စ်) စွမ်းအားကြီးလာဖို့အတွက်လည်း မဟုတ် .. သေချာပေါက် သူ့ကိုယ်သူအတွက် တိုက်ခိုက်ပြီး ဆက်လက် ရှင်သန်နေဦးမည်ဖြစ်သည် ။

ယော့(ခ်) သက်ပြင်းချလိုက်မိသည် ။ သူအတော်လေး ပင်ပန်းသွားသလိုခံစားရ၏ ။ ယခင်က ကျောင်းဝတ်စုံဝတ်ရင်း အချိန်ပိုင်းအလုပ်လုပ်ကာ အနိုင်ကျင့်တတ်သော ကျောင်းလူဆိုးလေးများအား ဆွမ်းချီးလိုက်လောင်းရသော ဘဝလေးအား ပြန်လိုချင်မိသည် ။ အရှုပ်အထွေးတို့မှာ သူနှင့်မအက်စပ်လှပေ ။

"... ဒါပေမဲ့ ဘယ်တတ်နိုင်မှာလဲ ၊ ဒုတိယ အခွင့်အရေးပဲလေ .. တန်အောင် သုံးရတာပေါ့ "

ယော့(ခ်) မျက်နှာကြက်အဖြူရောင်အား စိုက်ကြည့်နေရင်းဖြင့် တစ်ယောက်တည်းစကားပြောကာ ဘယ်ဘက်မျက်လုံးအား လက်ဖြင့် တို့ထိ၍ ဖွဖွလေးရေရွတ်လာသည် ။

" ပျက်ဆီးသွားလိုက် ... ဟက်.. ရယ်ရတယ် "

ယော့(ခ်) တစ်ယောက် အတွေးလွန်ကာ ရုတ်တရက် ဂေါက်သွားပြီဟု ရု(သ်)လက်(စ်)တွေးမိလိုက်သည် ။

... ငါ တကယ်ရော လူရွေးမှန်ခဲ့ရဲ့လား... အားးးး

နတ်ဘုရားမလေးတစ်ယောက် ရင်ဘတ်ထဲ ခံစားငိုကြွေးနေချိန် ယော့(ခ်) ၏ ခေါ်သံထွက်ပေါ်လာသည် ။

' ရု(သ်)လက်(စ်) အိပ်ပြီလား.. '

[ နတ်ဘုရားက အနားယူတာပဲရှိတယ် ၊ အိပ်တယ်လို့မရှိဘူး]

' အမ်းပါ.... ငါသိချင်တာလေးတစ်ခုရှိလို့ '

[ ပြောကြည့်လေ ]

' မင်း အရင်က အရေးပါတဲ့နတ်ဘုရားဖြစ်ခဲ့ဖူးတယ်လို့ပြောတယ်မလား '

[ ဟုတ်တယ်လေ .. ထိပ်တန်းနတ်ဘုရား ၃ ပါးထဲမှာ ကျွန်ုပ်က စွမ်းအားအကြီးဆုံးနဲ့ အမိုက်ဆုံး နတ်ဘုရားမကြီးပေါ့ ]

' ဒါဆို ဘယ်လိုဖြစ်ပြီး ဒီအခြေအနေရောက်သွားတာလဲ '

ရု(သ်)လက်(စ်) တိတ်ဆိတ်သွားပြီး ဘာမှ ပြန်မဖြေတော့ပေ ။ ယော့(ခ်) လည်း သည်အတိုင်း ပျင်း၍ မေးလိုက်ခြင်းဖြစ်ပြီး တိတ်ဆိတ်သွားသော သူ(မ)ကြောင့် မှားသွားမှန်းသိလိုက်၏ ။

' မမေးသင့်တာ မေးမိတာပဲ ၊ ဘာမှမဟုတ်တော့ဘူး အနားယူတော့ '

[ ဟင့်အင်း .. ရပါတယ် .. ကျွန်ုပ်ပြောပြလို့ရတယ် ]

ရု(သ်)လက်(စ်) အသံမှာ အနည်းငယ် ဖျော့တော့သွားပြီး နားထောင်သူကိုပင် အင်အားမရှိတော့သလို ခံစားသွားရစေသည်။

[ စကြဝဋာထဲမှာ မူလကမ္ဘာကြီးက လူတွေ မသိနိုင်တဲ့ ကမ္ဘာကွဲတွေအများကြီးရှိတယ် ... နတ်ဘုရားတွေ ဖန်တီးထားတဲ့ ကမ္ဘာတွေပေါ့ ၊ အဲ့လိုကမ္ဘာတွေအများကြီး ဖန်တီးပြီး နတ်ဆိုးတွေကို ချေမှုန်းလေ ကောင်းကင်ဘုံးဧကရာဇ်က စွမ်းအားပိုကြီးလေဖြစ်ပြီး ကောင်းကင်ကို အဆုံးမဲ့ တည်တံ့စေနိုင်တယ် ... လွန်ခဲ့တဲ့ နှစ် ၁၀သိန်းကနေစပြီး ပထမဦးဆုံး ထိပ်တန်းနတ်ဘုရားတစ်ပါးပေါ်ထွက်လာခဲ့တယ် ... ထိပ်တန်းနတ်ဘုရားအလုပ်က ကမ္ဘာတွေ ဖန်တီးပြီး ဧကရာဇ်ကို ထောက်ပံ့ပေးဖို့ပဲ .. အဲ့အစဉ်အလာက ဆက်သွားပြီးတဲ့နောက် ထိပ်တန်း နတ်ဘုရားသုံးပါးဆိုပြီး ရာထူးတစ်ခု ဖြစ်တည်လာတယ်လေ ... ကျွန်ုပ်ကတော့ ဒုတိယမျိုးဆက် ထိပ်တန်းနတ်ဘုရားသုံးပါးထဲက စွမ်းအားအကြီးဆုံးတစ်ပါးဖြစ်ခဲ့တာပေါ့ ... နတ်ဘုရား အချင်းချင်း စွမ်းရည်တွေပြိုင်ရင်း ထိပ်ဆုံးကို ရောက်ခဲ့တယ် ...]

' ... မင်း တကယ် စွမ်းအား ကြီးလွန်းခဲ့တာပဲ '

[ ဒါပေါ့... သင့်ရဲ့ အမြင်မှာ ကောင်းကင်ဘုံက ဘယ်လိုမျိုးလဲ ယော့(ခ်) ]

' ငါ ကောင်းကင်ဘုံကို အယုံအကြည်မရှိဘူး... ၊ ငါငယ်ငယ်က အဖေနဲ့ အမေ ပြန်ပေါင်းစည်းဖို့ ခဏခဏ ဆုတောင်းဖူးတယ် .. ဒါပေမဲ့ ကောင်းကင်ဘုံက ငါ့ဆုတောင်းသံကို ပြန်မဖြေခဲ့ဘူး.. ငါ ရောဂါပျောက်ကင်းနိုင်ဖို့ဆုတောင်းတယ် .. ကောင်းကင်ဘုံက ထပ်ပြီး လစ်လျူရှုတယ် .. ငါဆုတောင်းတွေအများကြီးရှိခဲ့တယ် ဒါပေမဲ့ ကောင်းကင်ဘုံက လစ်လျူရှုခဲ့တာချည်းပဲ .. နောက်တော့ ဆုတောင်းရှိရင် ကောင်းကင်ဘုံကို မပြောပြဖြစ်တော့ဘူး ကိုယ့်ဟာကိုယ်လုပ်မှပဲရမှာလေ ... ငါ့အမြင်မှာ ကောင်းကင်ဘုံက အမှိုက်လိုပဲ ... '

[ ဟက်.. သင်ကတော့ နတ်ဘုရားရှေ့မှာ ကောင်းကင်ဘုံ မကောင်းကြောင်း ပြောနေတာပဲ ]

' မင်းကရော .. ရု(သ်)လက်(စ်) '

[ ... အမြင်... ကောင်းကင်ဘုံပေါ်မှာ အမြင်ဆိုတဲ့အရာကို ထားတောင်မထားသင့်ဘူး ၊ စိတ်ပျက်ဖို့ ကောင်းလွန်းတယ် ၊ ကျွန်ုပ်က ရွံစရာကောင်းတဲ့ သူတစ်ယောက်ရဲ့ လက်အောက်ခံဘယ်တော့မှ လုပ်မှာမဟုတ်သလို စိတ်ဆင်းရဲစရာ အသိုင်းအဝိုင်းကြားမှာလည်း ဂုဏ်ယူပျော်ပါးမနေနိုင်ဘူး ... အဲ့ကောင်းကင်ဘုံ ပျက်ဆီးသွားသင့်တယ် ]

' အို... မင်းက မုန်းတီးရေးဆင်းနေတာပဲ '

[ .... မုန်းတီးတာထက်တောင် ဆိုးပါသေးတယ် ]

ရု(သ်)လက်(စ်)သည် သရော်ရယ်သံလေးအချို့ ဖြည့်သွင်းရင်း အားရပါးရ ဆိုလာသည် ။

[ ပျက်ဆီးသွားလိုက်.... ]

' ... ဟား ဟား.. မင်းကတော့လေ ... အာ... ဒါနဲ့ ငါ့ရဲ့ အဓိကတာဝန်ကဘာလဲ ၊ ဒီကမ္ဘာကို ရောက်လာတဲ့ အကြောင်းပြချက် .. '

[ ဒီကမ္ဘာကို ပျက်ကိန်းမစိုက်အောင် ကာကွယ်ဖို့ပဲ ၊ ဒီကမ္ဘာက ပျက်ကိန်းဆိုက်ပြီး ဆိုးဝါးနဲ့ အဆုံးသတ်ဖြစ်အောင် ဖွဲ့စည်းခံထားရတာ ၊ ကျွန်ုပ်က ထိန်းပေးရမယ် ]

' မင်းပြောတော့ ကောင်းကင်ဘုံကို မုန်းတယ်ဆို .. ဘာလို့ သူတို့အတွက် အလုပ်လုပ်နေတာလဲ '

[ သူတို့အတွက်မဟုတ်ပါဘူး.. ကျွန်ုပ်အတွက် ကျွန်ုပ်လုပ်နေတာပါ .. ]

' ကောင်းပြီလေ မင်းလည်းမင်းအတွက် မင်းကြိုးစား ၊ ငါလည်း ငါ့အတွက် ငါ ကြိုးစားပေးမယ် .. '

****

နောက်နေ့တစ်ရက်မှာ အိမ်ရှေ့စံဘွဲ့နှင့်အပ်ပွဲအတွက် အပြင်အဆင်များလုပ်ရတော့မည်ဖြစ်သောကြောင့် မအားလပ်ဘဲရှိကာ ၊ ယော့(ခ်) တစ်ယောက် အလုပ်များရတော့သည် ။

မင်းသားတစ်ပါးဖြစ်ရသည်မှာ အတော်လေးခက်ခဲလှ၏ ။ ရှုပ်ထွေးလေးလံသော ဝတ်စားဆင်ယင်မှုတို့သည် ယော့(ခ်)အား အရှင်လတ်လတ် နှိပ်သက်ညှင်းပန်းနေသလိုပင်ရှိပြီး ၊ မန်ဒရီ၏ ပွစိပွစိပြောသမျှအား နားထောင်နေရသေးသည် ။

ယော့(ခ်)သည် အိမ်ရှေ့စံနန်းဆောင် ၊ ခရူဂါနန်းဝန်း နှင့် မြို့လယ်ဈေးထဲသို့သာ သွားဖူးသေးပြီး ယခုထိ မည်သည့် ညီအစ်ကိုမောင်နှမကိုမှ မတွေ့ရသေးပေ ။ ထို့အပြင် အရေးပါသော ဇာတ်ကောင်များစွာကိုလည်းမတွေ့ရသေး ။ မူလပိုင်ရှင်မှာ ဗီလိန်ဖြစ်သဖြင့် လူမုန်းခံနေရသောကြောင့် မည်သူနှင့်မှ မတည့်ဘဲ အန္တရာယ်များသာ ဝိုင်းနေမည်မှာ သေချာပေသည် ။ ထို့အပြင် စည်းရုံးရန်ကလည်း နတ်ဘုရားရောင်ဝါမှာ တဖြေးဖြေး လျော့နည်းလာသဖြင့် သိပ်မသေချာတော့ပေ ။

... အာ ပြဿနာပဲ မစည်းရုံးဘဲ တိုက်စစ်အတိုင်း သွားရတော့မှာလား..

*****

Continue Reading

You'll Also Like

16.5K 415 46
Dying at the age of 16 might seem harsh to others but that wasn't the case for her. Rather she was happy that it was the end of a miserable life. So...
16.3K 879 23
An arranged marriage between two contrasting yet similar people. Will it work? Urwa Shah A nineteen year old girl filled with dreams. A strict father...
10.5K 739 51
Just like how two shores of sea can never meet, they can never meet too, might be physically but never mentally. The other shore is too far to even t...
A Secret Ambition By Laura

Historical Fiction

118K 10.6K 32
Before giving herself over the the inevitable marriage mart that is the London Season, Lily Beresford is determined to make a clandestine foray out i...