My Little World ᵇʸ Tulip...

By Tulip_Koo

1.8K 77 48

" "ထယ်"ကိုအသက်ဆုံးတိုင်ထိ ကာကွယ်ပေး စောင့်ရှောက်ပြီး တူတူပေါင်းသင်းချစ်ခင်ပေးပါ့မယ်လို့ပြောခဲ့တဲ့ ကတိ ကိုမတည်... More

☾︎𝑰𝒏𝒕𝒓𝒐☽︎
1
2
3
4
6
7
8
9
10
11
12
..Teaser..
13
14
15
16

5

63 3 3
By Tulip_Koo

Unicode

"ဒါကဘယ်တုန်း"

ရုံးပိတ်ရက်ကို ပြင်ပြင်ဆင်ဆင်လုပ်နေတဲ့ အကိုဖြစ်သူကိုမေးလိုက်တယ်

"အောမင်ယောင်း မင်းဒီနေ့ ဆေးရုံးမသွားရဘူးလား"

"ပိတ်ရက်လေ ဒီနေ့က Hyungကရောဘယ်တုန်း"

"ငါက PSO လေ စီအီးအို အလုပ်ရှိနေသ၍ငါမှာပိတ်ရက်ဆိုတာရှားမှာဘဲ အခုလည်းဘောလုံးကန်တဲ့ ငါက လိုက်သွားရမှာ ဒါနဲ့ Tan လေးကိုဂရုစိုက်လိုက်ပါအုံး ငါTan လေးကိုအချိန်မပေးဖြစ်ဖူး"

မင်ယောင်းတယောက်ခေါင်းငြိမ့်ပြသည်

"ဒါဆိုငါသွားတော့မယ်"

အခုလမ်းထိပ်ကနေ ဘတ်စ်ကားမှတ်တိုင်ကိုသွားနေတယ်

အနောက်ကနေကားဟွန်းတီးသံကြားလို့လှည့်ကြည့်လိုက်တော့

"တက်"

စီအီအို ရဲ့ကား
အရင်တုန်းကမြင်နေကြပုံစံ
ဆံပင်ကို ဆီလိမ်းပြီး နှဖူးပြင်အထင်းသားပေါ်အောင်
လှန်ဖီးထားတာမျိုးမဟုတ်

ဆံပင်ကို ပုံးမသွင်းဘဲ ရှေ့ကို ချထားတယ်

ဘောလုံး အကျီ ကအဖြူရောင်လေးနဲ့

ကျနော်ခဏတော့မင်တက်သွားတယ်

"ဟုတ်ကဲ့"ဆိုပြီး
ကားရဲ့အနောက်တခါးကိုဖွင့်လိုက်တော့

ကားထဲက ဘောက်ဆက်ဆက်စကားသံ

"ငါက မင်းရဲ့ driverလို့ထင်နေတာလား အရှေ့မှာလာထိုင်"

ကျနော်အရှေ့ခန်းကိုဘဲ တက်သွားလိုက်သည်

"ပိတ်ရက်ကို ဒီလိုခေါ်ရလို့ အားနားပေမယ့် မင်းရဲ့အလုပ်က ငါသွားတဲ့နေရာတိုင်းလိုက်ရမှာဖြစ်နေတော့လဲ"

"ရပါတယ် ကျနော် သဘောကျပါတယ်"

ဘောလုံးကွင်းကိုရောက်ပြီ အခု

CEOရဲ့သူငယ်ချင်းတွေက CEOကိုလက်လှမ်းပြတယ်

သူတို့ဆီကို ကျနော်တို့နှစ်ယောက်သွားလိုက်တယ်

"ဂျောင်ကု ရငါတို့အခုမှဘဲ စုံတော့တယ်ကွာ ဒါနဲ့သူက ငါနဲ့မိတ်ဆက်ပေး အုံးလေကွာ"

ကျနော့်ကို မေးငေါ့ပြတယ် စီအီးအိုရဲ့ သူငယ်ချင်းဆိုသူက

"PSO"

ထိုလူက ကျနော့်ကို လက်ကမ်းနှုတ်ဆက်တယ်

"ကျနော့် က ချွဲဆွန်မင် "

ထိုလူရဲ့ လက်ကို ကျနော်လည်းပြန်ဆွဲ နှုတ်ဆက်လိုက်သည်

"ကင်ထယ်ယောင်းပါ"

ချွဲဆွန်မင်က ကျနော့်လက်ကို အတော်ကကာကိုင်ထားတယ် ကျနော့်ကို လည်းစိုက်ကြည့်နေတယ်

ခဏ အကြာ ကျနော်တို့လက်ကို ပုတ်ထုတ်လိုက်တယ် အဲ့တာ စီအီးအို

ပြီးတော့ ကျနော့်ကို မျက်မှောင်ကြုံ့ပြီးကြည့်တယ်

ဘောလုံးအကျီ ..တစ်စုံကို ဖြစ်ပေးတယ်

"စီအီးအိုဒါက"

"မင်းပါ ကန်ရမယ် "

ငါဘောလုံးမကန် တက်ဖူးလေ ဂျွန်ဂျောင်ကုရဲ့လို့သာအော်ပြောလိုက်ချင်တယ်

ဘောလုံးကန်နေတာ အတော်ကြာပြီ ကျနော်လဲ အတော်မောနေပြီ

မတော်ကြသေးဘူးလား

ကျနော်ဆီကို ဘောလုံးရောက်လာတယ် ကျနော်လဲ တဖက်ဂိုးဆီကို ကန်သွားတယ်

တခြားအသင်းဘက်က ဖြတ်လုတာ

ကျနော်အခုလဲကျသွားပြီး

"အာ့ "

ကျနော့ ခြေထောက်ခေါက်သွားပြီထင်တယ် တော်တော် နာတယ် ထလို့ကိုမရဘူး

ကျနော့်ကို လာထူပေးတယ်

ချွဲဆွန်းမင်

"ခြေထောက်ခေါက်သွားတာဘဲ"

"ဖယ်"
"CEO"
ဆွန်မင်းကို တွန်းလိုက်တာဘဲ

"ဂျောင်ကု မင်းဘယ်လိုဖြစ်တာလဲ ငါက ကူညီပေးတာပါ"

"ရတယ် ငါနဲ့ ပါလာတဲ့လူ ငါဘဲ တာဝန်ယူမယ် မင်းလုပ်ပေးစရာမလိုဘူး"

ကျနော့်ကို CEO တွဲခေါ်သွားတယ် ဆွန်မင်းကတော့ နောက်မှာ ကျန်နေခဲ့တယ်

‌ကျနော့်ကို rest roomထဲကထိုင်ခုံပေါ်ထိုင်ခိုင်းထားတယ်
သူကတော့လော်ကာထဲက ဆေးသေတ္တာကို ထုတ်ပြီးကျနော့ဆီယူလာတယ်

ပြီးတော့ ကျနော့်ရဲ့ ဖိနပ်တွေ ခြေအိပ်တွေကို ချွတ်ပြီး ဆေးလိမ်းပေးဖို့လုပ်ပေးနေတယ်

"ရပါတယ်ကျနော့်ဘာသာလိမ်းလိုက်ပါ့မယ်"

ကျနော်ပြောတာကို မကြားတာလား မကြားချင်ယောင်ဆောင်တာလား အခုက

"ချွဲဆူမင်ကို အားနာစရာကြီး ခဏတုန်းကပြောလိုက်တာ"

ကျနော်ပြောလိုက်တော့ မျက်လုံးပင့်ကြည့်တယ်

"မင်းရဲ့ CEO ကငါလားသူလား ရပြီး  ဆေးခန်းလိုက်ပို့ပေးမယ်"

"အော်ရတယ်မလိုပါဘူး ကျနော်အဲ့လိုက်ကြီးထိ..."

"အခုကောလမ်းလျှောက်နိုင်လား"

ကျနော်စကားအဆုံးထိမစောင့် သူပြောချင်တာဘဲပြောနေတော့တာဘဲ တော်တော် လက်ပေါက်ကပ်တဲ့လူ

"အင်းလျှောက်နိုင်တယ် ထင်တယ်"

ထကြည့်လိုက်တော့ထင်ထားသလိုမဟုတ် တော်တော် ကိုနာနေတာဘဲ

"မရမှန်းသိသားဘဲ ဘာလို့ လိမ်ပြောတာလဲ"

အိမ်အထိလိုက်ပို့ပေးတယ်
အမေက ဆိုင်ထဲကနေထွက်လာတယ်

"ထယ်ယောင်းလေး ဘာဖြစ်လာတာလဲ
အိုမို ဂျောင်ကုကီ ပါပါလာတာကို လာလာအိမ်ထဲဝင်အုံး"

အမေက ဘယ်တုန်းကအဲ့လောက်တောင် ရင်းနှီးသွားတာလဲအိမ်လည်တွေပါခေါ်ကုန်ပြီ

ထယ်ယောင်းကျနော့်ကို မျက်ဝန်းအဝိုင်းသားနဲ့ ကြည့်နေတယ် ပြီးတော့ အိမ်လည်ခေါ်ချင်ပုံမရဘူး သူ့ပုံစံ

ဒါပေးမယ့် ကျနော် ဝင်ဖြစ်သွားတယ်

"လာဂျောင်ကုကီ ဒီမှာထိုင် အန်တီ ကိတ်လာချပေးမယ်နော်"

"CEO အားတော့နာပေမယ့် အခုပြန်ရင်အချိန်မှီသေးတယ်"

ဂျောင်ကုထယ်ယောင်းပြောတဲ့ စကားတွေကို နားမလည် သောအကြည့်ဖြင်သာကြည့်နေလိုက်တယ်

"အော် Hyung တောင်ပြန်ရောက်နေပြီ အော် ခြေထောက်က ဘာဖြစ်လာတာလဲ"

"အင်းဟုတ်တယ် ခြေထောက်ခေါက်သွားတာ ဆေးလိမ်းထားတယ်"

TANလေး ကျနော်ဆီကို ပြေးလာတယ်

"Aigoo ငါ့ကလေးလေး ထမင်းစားပြီးပြီလားအော် "

ခွေးလေးကို မြူနေတဲ့ ထယ်ယောင်းကို ကြည့်ပြီး ဂျောင်ကု ပြုံးမိသည်

"သူကတကောင်ထဲ အထီကျန်မှာပေါ့ နောက်ထပ် မမွေးတော့ဘူးလား"

ထယ်ယောင်း ကျနော့်မျက်နှာ နားလေးကို ကပ်လာပြီး ကပ်တိုးလေးလာပြောတယ်

"နောက်တကောင်ထပ်မွေးရင် ကျနော် အိမ်ပေါ်ကဆင်းရလိမ့်မယ်"

ထယ်ယောင်း ပြောတဲ့ပုံကို ကြည့်ပြီး ကျနော်ရယ်မိလိုက်တယ်

"အခုရယ်လိုက်တာလား CEOက ကျနော် CEO. ရယ်တာကိုအခုမှဘဲ မြင်ဖူးတယ် ရုံးမှာ ဆို‌မျက်မှောင်ကြီး တကြုံ့ကြုံနဲ့"

အမေက ကိတ်မုန့် တွေလာချပေးတယ်

"အမယ်ဘာတွေ စကားကောင်းနေကြတာ အော်ဒါနဲ့ ဂျောင်ကုကီ ဗေဒင်တွေ ဘာတွေ ယုံလား အန်တီကြည့်ပေးမယ်"

ထယ်ယောင်း တယောက်အချိန်မှီ ဝင်တားလိုက်တယ်

"အော် CEO ကမအားဘူးလေ အလုပ်ကိစ္စ ချိန်ထားသေးတယ်မလား အော်အော အခု အချိန်တောင်ကျနေပြီ
ကျနော်လိုက်ပို့ပေးမယ်"

ဂျောင်ကုကတော့ ထယ်ယောင်းပြောနေတာကို နားမလည်

"ရတယ် ထယ်ယောင်းက ခြေထောက်နာနေတာ လေ အန်တီ သားအလုပ်ကိစ္စလေးရှိလို့ ပြန်လိုက်ပါအုံးမယ်"

"အော်အေးအေး အားတဲ့အချိန်လာလည်နော် ကုကီလေး"

"ဟုတ် ကျနော် လာလည်ပါ့မယ်"

ထယ်ယောင်း ဆိုင်ထဲက ထွက်သွားတဲ့ ဂျောင်ကုကို ကြည့်ပြီးမှ သက်ပြင်းချနိုင်တယ်

Lunch time

ဒီနေ့ ကုမ္ပဏီရဲ့ နေ့လယ်စာ Menusက ဝက်သားအစပ်ကြော်

ကျနော်သီးခံပြီး စားနေရတယ်
တော်တော်စပ်တာဘဲ

ကျနော် ထမင်းစားပွဲပေါ်ကို လာတင်ပေးတယ် strawberry milkဘူးလေး

မေ့ာကြည့်လိုက်တော့ စီနီယာ Park Hyungsik

"ဒါက"

"ထယ်ယောင်းဖို‌့ လေ တော်တော်လေးစပ်နေပုံရတော့ လာပေးတာ"

"ဟာတကယ်ကို ကျေးကျေးပါ ကျနော် တကယ်စပ်နေတာ စီနီရာပတ်ခ် အကောင်းဆုံးဘဲ"

__
"အော်ဒါနဲ့ အတွင်းရေးမှူးဘဲ့"

"CEO ဘာများပြောချင်လို့ပါလဲ"

"ထယ်ယောင်းအော် PSO ဘယ်သွားလဲအခု"

အတွင်းရေးမှူးဘဲ့က နာရီကို တချက်လှမ်းကြည့်ရင်း

"နေ့လည်စာစားချိန်ဆိုတော့ ကန့်တင်း ဘက်မှာရှိနေလောက်တယ်"

ဂျောင်ကုခေါင်းတချက်ငြိမ့်ပြရင်း

ထို ကန့်တင်း ဘက်သို့

တွေလိုက်ရတာက ကောင်လေးတယောက်နဲ့ ထယ်ယောင်းက ခေါင်းလေးတငြိမ်ငြိမ့်နဲ့ ရယ်ရယ်မောမော ဟက်ဟက် ပတ်ပတ်ကို စကားတွေပေကာနေတယ်

ထိုမြင်ကွင်းကို မြင်တော့ မျက်မှောင်ကအလိုလိုကြုံ့သွားတယ်

CEO ရဲ့မျက်နှာအနေအထားကို မြင်တော့ အတွင်းရေးမှူးဘဲ့က

"CEO Jeon အဲ့တာ editing teamက ထယ်ယောင်းရဲ့ စီနီယာ Park Hyungsikတဲ့"

TBC
My Little World
Tulip_Koo
Thank you

Zawgyi

"ဒါကဘယ္တုန္း"

႐ုံးပိတ္ရက္ကို ျပင္ျပင္ဆင္ဆင္လုပ္ေနတဲ့ အကိုျဖစ္သူကိုေမးလိုက္တယ္

"ေအာမင္ေယာင္း မင္းဒီေန႔ ေဆး႐ုံးမသြားရဘူးလား"

"ပိတ္ရက္ေလ ဒီေန႔က Hyungကေရာဘယ္တုန္း"

"ငါက PSO ေလ စီအီးအို အလုပ္ရွိေနသ၍ငါမွာပိတ္ရက္ဆိုတာရွားမွာဘဲ အခုလည္းေဘာလုံးကန္တဲ့ ငါက လိုက္သြားရမွာ ဒါနဲ႔ Tan ေလးကိုဂ႐ုစိုက္လိုက္ပါအုံး ငါTan ေလးကိုအခ်ိန္မေပးျဖစ္ဖူး"

မင္ေယာင္းတေယာက္ေခါင္းၿငိမ့္ျပသည္

"ဒါဆိုငါသြားေတာ့မယ္"

အခုလမ္းထိပ္ကေန ဘတ္စ္ကားမွတ္တိုင္ကိုသြားေနတယ္

အေနာက္ကေနကားဟြန္းတီးသံၾကားလို႔လွည့္ၾကည့္လိုက္ေတာ့

"တက္"

စီအီအို ရဲ႕ကား
အရင္တုန္းကျမင္ေနၾကပုံစံ
ဆံပင္ကို ဆီလိမ္းၿပီး ႏွဖူးျပင္အထင္းသားေပၚေအာင္
လွန္ဖီးထားတာမ်ိဳးမဟုတ္

ဆံပင္ကို ပုံးမသြင္းဘဲ ေရွ႕ကို ခ်ထားတယ္

ေဘာလုံး အက်ီ ကအျဖဴေရာင္ေလးနဲ႔

က်ေနာ္ခဏေတာ့မင္တက္သြားတယ္

"ဟုတ္ကဲ့"ဆိုၿပီး
ကားရဲ႕အေနာက္တခါးကိုဖြင့္လိုက္ေတာ့

ကားထဲက ေဘာက္ဆက္ဆက္စကားသံ

"ငါက မင္းရဲ႕ driverလို႔ထင္ေနတာလား အေရွ႕မွာလာထိုင္"

က်ေနာ္အေရွ႕ခန္းကိုဘဲ တက္သြားလိုက္သည္

"ပိတ္ရက္ကို ဒီလိုေခၚရလို႔ အားနားေပမယ့္ မင္းရဲ႕အလုပ္က ငါသြားတဲ့ေနရာတိုင္းလိုက္ရမွာျဖစ္ေနေတာ့လဲ"

"ရပါတယ္ က်ေနာ္ သေဘာက်ပါတယ္"

ေဘာလုံးကြင္းကိုေရာက္ၿပီ အခု

CEOရဲ႕သူငယ္ခ်င္းေတြက CEOကိုလက္လွမ္းျပတယ္

သူတို႔ဆီကို က်ေနာ္တို႔ႏွစ္ေယာက္သြားလိုက္တယ္

"ေဂ်ာင္ကု ရငါတို႔အခုမွဘဲ စုံေတာ့တယ္ကြာ ဒါနဲ႔သူက ငါနဲ႔မိတ္ဆက္ေပး အုံးေလကြာ"

က်ေနာ့္ကို ေမးေငါ့ျပတယ္ စီအီးအိုရဲ႕ သူငယ္ခ်င္းဆိုသူက

"PSO"

ထိုလူက က်ေနာ့္ကို လက္ကမ္းႏႈတ္ဆက္တယ္

"က်ေနာ့္ က ခြၽဲဆြန္မင္ "

ထိုလူရဲ႕ လက္ကို က်ေနာ္လည္းျပန္ဆြဲ ႏႈတ္ဆက္လိုက္သည္

"ကင္ထယ္ေယာင္းပါ"

ခြၽဲဆြန္မင္က က်ေနာ့္လက္ကို အေတာ္ကကာကိုင္ထားတယ္ က်ေနာ့္ကို လည္းစိုက္ၾကည့္ေနတယ္

ခဏ အၾကာ က်ေနာ္တို႔လက္ကို ပုတ္ထုတ္လိုက္တယ္ အဲ့တာ စီအီးအို

ၿပီးေတာ့ က်ေနာ့္ကို မ်က္ေမွာင္ႀကဳံ႕ၿပီးၾကည့္တယ္

ေဘာလုံးအက်ီ ..တစ္စုံကို ျဖစ္ေပးတယ္

"စီအီးအိုဒါက"

"မင္းပါ ကန္ရမယ္ "

ငါေဘာလုံးမကန္ တက္ဖူးေလ ဂြၽန္ေဂ်ာင္ကုရဲ႕လို႔သာေအာ္ေျပာလိုက္ခ်င္တယ္

ေဘာလုံးကန္ေနတာ အေတာ္ၾကာၿပီ က်ေနာ္လဲ အေတာ္ေမာေနၿပီ

မေတာ္ၾကေသးဘူးလား

က်ေနာ္ဆီကို ေဘာလုံးေရာက္လာတယ္ က်ေနာ္လဲ တဖက္ဂိုးဆီကို ကန္သြားတယ္

တျခားအသင္းဘက္က ျဖတ္လုတာ

က်ေနာ္အခုလဲက်သြားၿပီး

"အာ့ "

က်ေနာ့ ေျခေထာက္ေခါက္သြားၿပီထင္တယ္ ေတာ္ေတာ္ နာတယ္ ထလို႔ကိုမရဘူး

က်ေနာ့္ကို လာထူေပးတယ္

ခြၽဲဆြန္းမင္

"ေျခေထာက္ေခါက္သြားတာဘဲ"

"ဖယ္"
"CEO"
ဆြန္မင္းကို တြန္းလိုက္တာဘဲ

"ေဂ်ာင္ကု မင္းဘယ္လိုျဖစ္တာလဲ ငါက ကူညီေပးတာပါ"

"ရတယ္ ငါနဲ႔ ပါလာတဲ့လူ ငါဘဲ တာဝန္ယူမယ္ မင္းလုပ္ေပးစရာမလိုဘူး"

က်ေနာ့္ကို CEO တြဲေခၚသြားတယ္ ဆြန္မင္းကေတာ့ ေနာက္မွာ က်န္ေနခဲ့တယ္

‌က်ေနာ့္ကို rest roomထဲကထိုင္ခုံေပၚထိုင္ခိုင္းထားတယ္
သူကေတာ့ေလာ္ကာထဲက ေဆးေသတၱာကို ထုတ္ၿပီးက်ေနာ့ဆီယူလာတယ္

ၿပီးေတာ့ က်ေနာ့္ရဲ႕ ဖိနပ္ေတြ ေျခအိပ္ေတြကို ခြၽတ္ၿပီး ေဆးလိမ္းေပးဖို႔လုပ္ေပးေနတယ္

"ရပါတယ္က်ေနာ့္ဘာသာလိမ္းလိုက္ပါ့မယ္"

က်ေနာ္ေျပာတာကို မၾကားတာလား မၾကားခ်င္ေယာင္ေဆာင္တာလား အခုက

"ခြၽဲဆူမင္ကို အားနာစရာႀကီး ခဏတုန္းကေျပာလိုက္တာ"

က်ေနာ္ေျပာလိုက္ေတာ့ မ်က္လုံးပင့္ၾကည့္တယ္

"မင္းရဲ႕ CEO ကငါလားသူလား ရၿပီး  ေဆးခန္းလိုက္ပို႔ေပးမယ္"

"ေအာ္ရတယ္မလိုပါဘူး က်ေနာ္အဲ့လိုက္ႀကီးထိ..."

"အခုေကာလမ္းေလွ်ာက္ႏိုင္လား"

က်ေနာ္စကားအဆုံးထိမေစာင့္ သူေျပာခ်င္တာဘဲေျပာေနေတာ့တာဘဲ ေတာ္ေတာ္ လက္ေပါက္ကပ္တဲ့လူ

"အင္းေလွ်ာက္ႏိုင္တယ္ ထင္တယ္"

ထၾကည့္လိုက္ေတာ့ထင္ထားသလိုမဟုတ္ ေတာ္ေတာ္ ကိုနာေနတာဘဲ

"မရမွန္းသိသားဘဲ ဘာလို႔ လိမ္ေျပာတာလဲ"

အိမ္အထိလိုက္ပို႔ေပးတယ္
အေမက ဆိုင္ထဲကေနထြက္လာတယ္

"ထယ္ေယာင္းေလး ဘာျဖစ္လာတာလဲ
အိုမို ေဂ်ာင္ကုကီ ပါပါလာတာကို လာလာအိမ္ထဲဝင္အုံး"

အေမက ဘယ္တုန္းကအဲ့ေလာက္ေတာင္ ရင္းႏွီးသြားတာလဲအိမ္လည္ေတြပါေခၚကုန္ၿပီ

ထယ္ေယာင္းက်ေနာ့္ကို မ်က္ဝန္းအဝိုင္းသားနဲ႔ ၾကည့္ေနတယ္ ၿပီးေတာ့ အိမ္လည္ေခၚခ်င္ပုံမရဘူး သူ႔ပုံစံ

ဒါေပးမယ့္ က်ေနာ္ ဝင္ျဖစ္သြားတယ္

"လာေဂ်ာင္ကုကီ ဒီမွာထိုင္ အန္တီ ကိတ္လာခ်ေပးမယ္ေနာ္"

"CEO အားေတာ့နာေပမယ့္ အခုျပန္ရင္အခ်ိန္မွီေသးတယ္"

ေဂ်ာင္ကုထယ္ေယာင္းေျပာတဲ့ စကားေတြကို နားမလည္ ေသာအၾကည့္ျဖင္သာၾကည့္ေနလိုက္တယ္

"ေအာ္ Hyung ေတာင္ျပန္ေရာက္ေနၿပီ ေအာ္ ေျခေထာက္က ဘာျဖစ္လာတာလဲ"

"အင္းဟုတ္တယ္ ေျခေထာက္ေခါက္သြားတာ ေဆးလိမ္းထားတယ္"

TANေလး က်ေနာ္ဆီကို ေျပးလာတယ္

"Aigoo ငါ့ကေလးေလး ထမင္းစားၿပီးၿပီလားေအာ္ "

ေခြးေလးကို ျမဴေနတဲ့ ထယ္ေယာင္းကို ၾကည့္ၿပီး ေဂ်ာင္ကု ၿပဳံးမိသည္

"သူကတေကာင္ထဲ အထီက်န္မွာေပါ့ ေနာက္ထပ္ မေမြးေတာ့ဘူးလား"

ထယ္ေယာင္း က်ေနာ့္မ်က္ႏွာ နားေလးကို ကပ္လာၿပီး ကပ္တိုးေလးလာေျပာတယ္

"ေနာက္တေကာင္ထပ္ေမြးရင္ က်ေနာ္ အိမ္ေပၚကဆင္းရလိမ့္မယ္"

ထယ္ေယာင္း ေျပာတဲ့ပုံကို ၾကည့္ၿပီး က်ေနာ္ရယ္မိလိုက္တယ္

"အခုရယ္လိုက္တာလား CEOက က်ေနာ္ CEO. ရယ္တာကိုအခုမွဘဲ ျမင္ဖူးတယ္ ႐ုံးမွာ ဆို‌မ်က္ေမွာင္ႀကီး တႀကဳံ႕ႀကဳံနဲ႔"

အေမက ကိတ္မုန႔္ ေတြလာခ်ေပးတယ္

"အမယ္ဘာေတြ စကားေကာင္းေနၾကတာ ေအာ္ဒါနဲ႔ ေဂ်ာင္ကုကီ ေဗဒင္ေတြ ဘာေတြ ယုံလား အန္တီၾကည့္ေပးမယ္"

ထယ္ေယာင္း တေယာက္အခ်ိန္မွီ ဝင္တားလိုက္တယ္

"ေအာ္ CEO ကမအားဘူးေလ အလုပ္ကိစၥ ခ်ိန္ထားေသးတယ္မလား ေအာ္ေအာ အခု အခ်ိန္ေတာင္က်ေနၿပီ
က်ေနာ္လိုက္ပို႔ေပးမယ္"

ေဂ်ာင္ကုကေတာ့ ထယ္ေယာင္းေျပာေနတာကို နားမလည္

"ရတယ္ ထယ္ေယာင္းက ေျခေထာက္နာေနတာ ေလ အန္တီ သားအလုပ္ကိစၥေလးရွိလို႔ ျပန္လိုက္ပါအုံးမယ္"

"ေအာ္ေအးေအး အားတဲ့အခ်ိန္လာလည္ေနာ္ ကုကီေလး"

"ဟုတ္ က်ေနာ္ လာလည္ပါ့မယ္"

ထယ္ေယာင္း ဆိုင္ထဲက ထြက္သြားတဲ့ ေဂ်ာင္ကုကို ၾကည့္ၿပီးမွ သက္ျပင္းခ်ႏိုင္တယ္

Lunch time

ဒီေန႔ ကုမၸဏီရဲ႕ ေန႔လယ္စာ Menusက ဝက္သားအစပ္ေၾကာ္

က်ေနာ္သီးခံၿပီး စားေနရတယ္
ေတာ္ေတာ္စပ္တာဘဲ

က်ေနာ္ ထမင္းစားပြဲေပၚကို လာတင္ေပးတယ္ strawberry milkဘူးေလး

ေမ့ာၾကည့္လိုက္ေတာ့ စီနီယာ Park Hyungsik

"ဒါက"

"ထယ္ေယာင္းဖို‌့ ေလ ေတာ္ေတာ္ေလးစပ္ေနပုံရေတာ့ လာေပးတာ"

"ဟာတကယ္ကို ေက်းေက်းပါ က်ေနာ္ တကယ္စပ္ေနတာ စီနီရာပတ္ခ္ အေကာင္းဆုံးဘဲ"

__
"ေအာ္ဒါနဲ႔ အတြင္းေရးမႉးဘဲ့"

"CEO ဘာမ်ားေျပာခ်င္လို႔ပါလဲ"

"ထယ္ေယာင္းေအာ္ PSO ဘယ္သြားလဲအခု"

အတြင္းေရးမႉးဘဲ့က နာရီကို တခ်က္လွမ္းၾကည့္ရင္း

"ေန႔လည္စာစားခ်ိန္ဆိုေတာ့ ကန႔္တင္း ဘက္မွာရွိေနေလာက္တယ္"

ေဂ်ာင္ကုေခါင္းတခ်က္ၿငိမ့္ျပရင္း

ထို ကန႔္တင္း ဘက္သို႔

ေတြလိုက္ရတာက ေကာင္ေလးတေယာက္နဲ႔ ထယ္ေယာင္းက ေခါင္းေလးတၿငိမ္ၿငိမ့္နဲ႔ ရယ္ရယ္ေမာေမာ ဟက္ဟက္ ပတ္ပတ္ကို စကားေတြေပကာေနတယ္

ထိုျမင္ကြင္းကို ျမင္ေတာ့ မ်က္ေမွာင္ကအလိုလိုႀကဳံ႕သြားတယ္

CEO ရဲ႕မ်က္ႏွာအေနအထားကို ျမင္ေတာ့ အတြင္းေရးမႉးဘဲ့က

"CEO Jeon အဲ့တာ editing teamက ထယ္ေယာင္းရဲ႕ စီနီယာ Park Hyungsikတဲ့"

TBC
My Little World
Tulip_Koo
Thank you





Continue Reading