TYGW's Mr.Lucky (BL) [Myanmar...

By Comet222

175K 34K 546

This novel's not mine. I love to read this novel. So I translate for fun. Please support original author and... More

Chapter(61):ပိုအားျပင္းေသာ တြန္းအားေပးမႈ
Chapter(62):သံုးဖက္ျမင္ပံုရိပ္ ျမင္ကြင္းျပႆနာ
Chapter(63):စီမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-1
Chapter(63):စံမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-2
Chapter(64):မနာလို သဝန္တိုျဖစ္ျခင္း
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-1
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-2
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-1
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-2
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-1
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-2
Chapter(68):သူ႔အပိုင္-1 သူ့အပိုင်-1
Chapter(68):သူ႔အပိုင္-2 သူ့အပိုင်-2
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-1
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-2
Chapter(70):ငါ့သတို႔သားေလာင္း-1
Chapter(70):ငါ့သတို႔သားေလာင္း-2
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-3
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-4
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-1
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-2
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-1
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-2
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-1
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-2
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-1
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-2
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-1
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-2
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-1
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-2
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-1
Chapter(78):စြမ္းအင္ မ႐ွိဘူး။-1 စွမ်းအင် မရှိဘူး။-1
Chapter(78):စြမ္းအင္ မ႐ွိဘူး။-2 စွမ်းအင် မရှိဘူး။-2
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု!-1 ပေါက်ကွဲထွက်မှု နှစ်ခု!-1
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-1
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-2
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-1
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-2
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-1 ဝင်ခွင့်စာမေးပွဲ(I)-1
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-2 ဝင်ခွင့်စာမေးပွဲ(I)-2
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-1
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-2
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-1
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-2
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-1
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-2
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-1
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-2
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-1
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-2
Chapter(89):သူငယ္ခ်င္း အသစ္မ်ားနဲ႔ မိတ္ဆက္ျခင္း
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-1
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-2
Chapter(91):ခက္ခဲေသာ ေလ့က်င့္ေရး-1

Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-2

2.8K 550 6
By Comet222

Zawgyi

ဆရာခါမြန္က ဒုတိယအထပ္႐ွိ အိပ္ခန္းျပတင္းေပါက္အေ႐ွ႕မွာ မတ္တပ္ရပ္ေနၿပီးေတာ့ ပန္းပင္ေတြၾကားမွာ မတ္တပ္ရပ္ေနတဲ့ ေသးငယ္တဲ့ပံုရိပ္ေလးကို မဖံုးကြယ္ထားတဲ့ စိတ္ေက်နပ္မႈအျပည့္နဲ႔ သူ႔ရဲ႕မ်က္လံုးေတြအထဲမွာ အသိအမွတ္ျပဳမႈေတြနဲ႔အတူ ငံု႔ၾကည့္ေနတယ္။

သူေပးတဲ့တာဝန္ေတြကို မေက်မနပ္မျဖစ္ပဲ ေလးေလးနက္နက္ ျဖစ္ေျမာက္ေအာင္ ေဆာင္ရြက္တတ္တဲ့ တစ္စံုတစ္ေယာက္႐ွိတာက ႐ွားပါးတယ္။ သူအရင္တုန္းက သင္ၾကားေပးခဲ့ဖူးတဲ့ ေက်ာင္းသားေတြက ပန္းပြင့္ေတြနဲ႔ အပင္ေတြနဲ႔ အဆက္အသြယ္လုပ္ဖို႔အတြက္ အခ်ိန္ေတြျဖဳန္းတီးဖို႔ကို အျမဲတမ္း မလိုမလားျဖစ္ေနတတ္ၾကတယ္။ ဒါေပမဲ့ စြမ္းအင္ကတ္ေတြကို ဘယ္လိုမ်ိဳး ျပဳလုပ္ရမလဲဆိုတာကို သင္ၾကားဖို႔အတြက္ကိုေတာ့ မေစာင့္ႏိုင္ၾကဘူး။ ဆရာခါမြန္ရဲ႕မ်က္လံုးေတြထဲမွာေတာ့ အဲ့ဒါက စကားေတာင္မေျပာႏိုင္ေသးခင္မွာ ဘယ္လိုေျပးရမလဲဆိုတာကို သင္ယူခ်င္ေနတဲ့ ကေလးတစ္ေယာက္လိုမ်ိဳး ျဖစ္ေနတယ္။ ႐ိုး႐ိုး႐ွင္း႐ွင္းကိုပဲ ေအာင္ျမင္မႈရ႐ွိႏိုင္မွာ မဟုတ္ဘူး။

အခုခ်ိန္မွာ သူေနာက္ဆံုးမွာေတာ့ နာခံတတ္တဲ့ တပည့္တစ္ေယာက္ ႐ွိသြားၿပီျဖစ္တယ္။ ဒီကေလးရဲ႕စိတ္စြမ္းအားက D-level မွ်သာ ႐ွိေနတာက ႏွေျမာစရာပဲ။ သူႀကိဳးႀကိဳးစားစား အလုပ္လုပ္မယ္ဆိုရင္ေတာင္မွ အမ်ားဆံုး သူ
C-level စြမ္းအင္ကတ္ေတြကိုသာ ထုတ္လုပ္ႏိုင္လိမ့္မယ္။

ႏွေျမာစရာေကာင္းလိုက္တာ။

ယြီဂ်င္လီက မြန္းလြဲပိုင္းကို ပန္းပြင့္ေတြနဲ႔ အပင္ေတြကို ေလ့လာၾကည့္႐ွဳရင္း အခ်ိန္ကုန္ဆံုးခဲ့တယ္။ သူဒီတာဝန္ကို ၿပီးသြားတဲ့အခ်ိန္မွာ ေနကလည္း ဝင္ေတာ့မွာျဖစ္ၿပီးေတာ့ သူ႔ကိုလာႀကိဳမဲ့သူကလည္း ေရာက္လာခါနီးေနၿပီျဖစ္တယ္။

"ဒီကိုလာခဲ့။" ဆရာခါမြန္က ယြီဂ်င္လီကို လက္ယပ္ေခၚလိုက္တယ္။

ယြီဂ်င္လီတစ္ေယာက္ ျခံဝင္းထဲကေန ဆရာခါမြန္ဆီကို အလ်င္အျမန္ လမ္းေလွ်ာက္သြားလိုက္ၿပီးေနာက္ တစ္ဖက္လူကသူ႔ကို စာအုပ္တစ္အုပ္ ကမ္းေပးလိုက္တာကို ေတြ႔လိုက္ရတယ္။

"မင္းအိမ္ျပန္ေရာက္တဲ့အခါက်ရင္ ဒီစာအုပ္ကို ဖတ္လိုက္။" ဆရာခါမြန္တစ္ေယာက္ ေနာက္ျပန္လွည့္ၿပီး အေပၚထပ္ကို ျပန္မတက္သြားခင္မွာ အသံမွိန္ဖ်ဖ်နဲ႔ ေျပာလိုက္တယ္။

ယြီဂ်င္လီက [အဆင့္ (၁) ထူးျခားေသာ အပင္ေပါင္းစံု စြယ္စံုက်မ္း] ကို ၾကည့္လိုက္ၿပီးေတာ့ ေတာ္ေတာ္ေလးကို အားရအံ့အားသင့္သြားမိတယ္။ သူမလာခင္တုန္းက ဒါကိုဖတ္ခဲ့ရတာကို မွတ္မိလိုက္တယ္။ သူ႔ကိုလာႀကိဳတဲ့သူ ေရာက္လာၿပီ။

"သစ္အယ္သီးေလး" ေ႐ွာင္မုလန္နဲ႔ က်န္းေမာ့႐ွန္းတို႔တေတြက လမ္းျပတစ္ေယာက္နဲ႔အတူ လမ္းေလွ်ာက္ဝင္လာၿပီးေတာ့ ယြီဂ်င္လီတစ္ေယာက္ ေပ်ာ္ရႊင္ေနတဲ့မ်က္ႏွာေလးနဲ႔ ထိန္းမႏိုင္သိမ္းမႏိုင္ျဖစ္ေနတဲ့ အျပံဳးေလးနဲ႔ စာအုပ္တစ္အုပ္ကို ကိုင္ထားတာကို ျမင္လိုက္ရတယ္။

"အေမ အား႐ွန္း" ယြီဂ်င္လီတစ္ေယာက္ အျပံဳးေလးနဲ႔ အေျပးသြားလိုက္တယ္။

"သားဒီမွာေနရတာ ဘယ္လိုလဲ?" ေ႐ွာင္မုလန္က ေကာင္ေလးရဲ႕ ႏူးညံ့ေပ်ာင့္ေပ်ာင္းေနတဲ့ ဆံႏြယ္ေလးေတြကို ထိလိုက္ရင္း ညင္ညင္သာသာေလး ေမးလိုက္တယ္။

"အရမ္း အဆင္ေျပတယ္။ ဆရာခါမြန္ကလည္း အရမ္းေကာင္းတယ္။ ၿပီးေတာ့ သူကကြၽန္ေတာ့္ကို ဒီစာအုပ္ကိုေတာင္ ေပးလိုက္ေသးတယ္။" ယြီဂ်င္လီက ေပ်ာ္ရႊင္စြာ ျပန္ေျဖလိုက္တယ္။

ဆရာခါမြန္က ဒီေန႔မွာ သူ႔ကို ဘာတစ္ခုမွ မသင္ၾကားေပးေသာ္ျငားလည္းပဲ ယြီဂ်င္လီတစ္ေယာက္ သူအမ်ားႀကီး သင္ယူႏိုင္ခဲ့ၿပီးေတာ့ အရမ္းေပ်ာ္ရႊင္သြားရတယ္လို႔ ခံစားလိုက္ရတယ္။

"တကယ္လား? ဒါဆို ေကာင္းတာေပါ့။" ေ႐ွာင္မုလန္နဲ႔ က်န္းေမာ့႐ွန္းတို႔က ယြီဂ်င္လီရဲ႕လက္ထဲကစာအုပ္ကို ၾကည့္လိုက္ၿပီးေတာ့ အံ့အားသင့္မႈ အရိပ္အႁမြက္ေလးတစ္ခု သူတို႔ရဲ႕မ်က္လံုးေတြအတြင္းမွာ ျဖတ္ေျပးသြားတယ္။

[အဆင့္ (၁) ထူးျခားေသာ အပင္ေပါင္းစံု စြယ္စံုက်မ္း] က ဆရာခါမြန္ကိုယ္တိုင္ကိုယ္က် စာရင္းျပဳစု စုစည္းထားေသာ စာအုပ္တစ္အုပ္ ျဖစ္ၿပီးေတာ့ ပထမစစ္တပ္အကယ္ဒမီက ပထမႏွစ္လက္မႈပညာသည္ ေက်ာင္းသားေတြအတြက္ တရားဝင္ ဖတ္စာအုပ္မ်ားထဲမွ တစ္အုပ္ျဖစ္တယ္။ ေလာေလာဆယ္တြင္ ဒီစာအုပ္က ေစ်းကြက္ထဲမွာ ျဖန္႔ခ်ီရျခင္းမ႐ွိေသးပါဘူး။ ၿပီးေတာ့ ပထမဆံုးေန႔မွာတင္ ဆရာခါမြန္ကိုယ္တိုင္ဆီကေန လက္ေဆာင္အျဖစ္ ဒီစာအုပ္ကို ယြီဂ်င္လီရ႐ွိသြားလိမ့္မယ္လို႔ တစ္ေယာက္ကမွ မေမွ်ာ္လင့္ထားၾကမိပါဘူး။

ေ႐ွာင္မုလန္နဲ႔ က်န္းေမာ့႐ွန္းတို႔ ႏွစ္ေယာက္စလံုး အရမ္းဂုဏ္ယူမိသြားၾကတယ္။

"ဟုတ္တယ္။" ယြီဂ်င္လီက စာအုပ္ကို သူ႔ရဲ႕လက္ေမာင္းေသးေသးေလးေတြ ၾကားထဲမွာ ပိုက္ထားၿပီးေတာ့ အိမ္အျပန္လမ္းမွာ စာအုပ္ကို ဖြင့္ဖတ္ၾကည့္ဖို႔ကို မေစာင့္ႏိုင္ေတာ့ပါဘူး။

[အဆင့္ (၁) ထူးျခားေသာ အပင္ေပါင္းစံု စြယ္စံုက်မ္း] တြင္ ေရးသားထားေသာ အေၾကာင္းအရာမ်ားတြင္ F အဆင့္ စြမ္းအင္ကတ္မ်ားထဲတြင္ ေရးဆြဲႏိုင္ေသာ ထူးျခားေသာ အပင္ေပါင္းစံုပါဝင္တယ္။ အဲ့စာအုပ္အထဲတြင္ သူတို႔ရဲ႕ပံုပန္းသြင္ျပင္မ်ား၊ ဝိေသသလကၡဏာမ်ားနဲ႔ စြမ္းရည္မ်ား ပါဝင္ၿပီး အေသးစိတ္အခ်က္အလက္ အျပည့္အစံုျဖင့္ ေရးသားထားၿပီးေတာ့ လက္မႈပညာသည္တစ္ေယာက္ရဲ႕ ပညာသင္ၾကားေရး တိုးတက္မႈအတြက္ အလြန္အမင္းကို အေရးပါတယ္။

ယြီဂ်င္လီတစ္ေယာက္ အလြန္ဆာေလာင္မြတ္သိပ္ေနေသာ အၾကည့္ျဖင့္ ဗဟုသုတေတြအားလံုးကို သူ႔ရဲ႕စိတ္ထဲမွာ တစ္ခါတည္း မွတ္သားထားဖို႔အတြက္ကို မေစာင့္ႏိုင္႐ွာေတာ့ပါဘူး။

ေသခ်ာေပါက္ကို koi စိတ္ဝိညာဥ္အတြက္ ဒီလိုမ်ိဳးအရာေတြက လံုးဝကို ခက္ခဲတဲ့အရာေတြ မဟုတ္ပါဘူး။ ၿပီးေတာ့ ယြီဂ်င္လီတစ္ေယာက္ အိမ္အျပန္လမ္းတစ္ေလွ်ာက္မွာတင္ စာအုပ္တစ္ဝက္ေလာက္ကို အလြတ္က်က္ မွတ္သားထားၿပီးႏွင့္ေနၿပီ ျဖစ္တယ္။

က်န္းေမာ့႐ွန္းက ယြီဂ်င္လီရဲ႕နံေဘးနားမွာ ထိုင္ေနၿပီးေတာ့ စာရြက္လွန္ဖတ္ေနတဲ့ အေျခအေနကို ျမင္ကြင္းအျပည့္အစံုနဲ႔ ျမင္လိုက္ရတယ္။ ယြီဂ်င္လီရဲ႕မ်က္ႏွာေပၚက စိတ္လႈပ္႐ွားေနတဲ့အမူအရာနဲ႔ အံ့အားသင့္ေနဟန္ တဖ်တ္ဖ်တ္လက္ေတာက္ပေနတဲ့ သူ႔ရဲ႕မ်က္လံုးေလးေတြက ဒီစာအုပ္အတြက္ သူ႔ရဲ႕အခ်စ္ေတြကို ေဖာ္ထုတ္ျပသေနလ်က္႐ွိတယ္။ အရာအားလံုးကို ေလ့လာၾကည့္ၿပီးတဲ့ေနာက္မွာ က်န္းေမာ့႐ွန္းရဲ႕မ်က္လံုးေတြက အထူးတလည္ကို ႏူးညံ့ညင္သာသြားေတာ့တယ္။

"အေမ အေ႐ွ႕နားမွာ ကားကို ရပ္လိုက္အံုး။ ကြၽန္ေတာ္တို႔ေတြ F-class ဗလာစြမ္းအင္ကတ္အခ်ိဳ႕ကို ဝယ္သြားၾကရေအာင္။" က်န္းေမာ့႐ွန္းက ကားေမာင္းေနတဲ့ ေ႐ွာင္မုလန္ကို ေျပာလိုက္တယ္။

"ေကာင္းၿပီ။" ေ႐ွာင္မုလန္က ခ်က္ခ်င္းျပန္တံု႔ျပန္လိုက္တယ္။

သူတို႔အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာဆိုရင္ ယြီဂ်င္လီတစ္ေယာက္ [အဆင့္ (၁) ထူးျခားေသာ အပင္ေပါင္းစံု စြယ္စံုက်မ္း] ရဲ႕ မိတၱဴစာအုပ္တစ္အုပ္ကို ရိတ္သိမ္းႏိုင္ခဲ့ရံုတင္မကပဲနဲ႔ လက္ေတြ႔ေလ့က်င့္ဖို႔အတြက္ F-level ဗလာစြမ္းအင္ကတ္အေျမာက္အျမားနဲ႔ ကတ္လက္မႈပညာသည္ေတြအသံုးျပဳတဲ့ စြမ္းအင္ဘုတ္ျပားတစ္ခုကိုလည္း ရ႐ွိသြားတယ္။

စြမ္းအင္ဘုတ္ျပားကလည္း ဗလာျဖစ္ေနေပမဲ့လည္း ဘာစိတ္စြမ္းအင္မွ မပါဝင္ပါဘူး။ အဲ့ဒါက လက္မႈပညာသည္ေတြအတြက္ ေပါက္ကြဲထြက္သြားမွာကို ေၾကာက္လန္႔ေနစရာမလိုပဲ လက္ေတြ႔ ေလ့က်င့္ေရးဆင္းဖို႔အတြက္ အရမ္းသင့္ေတာ္တယ္။

တကယ့္အစစ္ ဗလာစြမ္းအင္ကတ္ျဖစ္ေနရင္ လက္မႈဖန္တီးမႈလုပ္ငန္းစဥ္အတြင္း ဘာအေႏွာင့္အယွက္မွ ႐ွိလို႔မျဖစ္ပါဘူး။ ပံုဆြဲခ်က္ေတြအားလံုးကို တစ္ခ်က္တည္းနဲ႔ အၿပီးသတ္ႏိုင္ရမွာျဖစ္တယ္။ တကယ္လို႔ အမွားေသးေသးေလး တစ္ခုေလာက္ပဲ ႐ွိသြားမယ္ဆိုရင္ေတာင္မွ စြမ္းအင္ကတ္တစ္ခုလံုး ပ်က္စီးသြားႏိုင္တယ္။ ဒါမွမဟုတ္ရင္လည္း ေပါက္ကြဲမႈျဖစ္စဥ္တစ္ခုေတာင္ ျဖစ္လာႏိုင္ေခ်႐ွိတယ္။

ထို႔ေၾကာင့္ လက္မႈပညာသည္တစ္ေယာက္က ပံုမွန္အားျဖင့္ဆိုရင္ စြမ္းအင္ဘုတ္ျပားေပၚမွာ ကြၽမ္းကြၽမ္းက်င္က်င္ျဖစ္ေအာင္ ေလ့က်င့္ၿပီးသြားတဲ့အခ်ိန္က်မွသာ စတင္ေရးဆြဲေလ့႐ွိၾကတယ္။

ယြီဂ်င္လီတစ္ေယာက္ ဒါကိုရၿပီးသြားတဲ့အခ်ိန္မွာ သူဒါကိုေအာက္ကိုမခ်ပဲ တစ္ခ်က္စမ္းဆြဲၾကည့္ၾကည့္ဖို႔ကို မေစာင့္ႏိုင္ေတာ့ဘူး။ သူညစာကိုေတာင္ မစားခ်င္ေတာ့သလို live stream ကို​ေရာ လႊင့္ခ်င္စိတ္မ႐ွိေတာ့ပဲ စြမ္းအင္ကတ္ေတြ ထုတ္လုပ္မႈအေၾကာင္းကိုသာ သင္ယူခ်င္ေနေတာ့တယ္။

အဆံုးမွာေတာ့ က်န္းေမာ့႐ွန္းရဲ႕ႀကီးၾကပ္မႈေအာက္တြင္ ယြီဂ်င္လီတစ္ေယာက္ စြမ္းအင္ကတ္ျပဳလုပ္ျခင္းကို ေလ့က်င့္ၾကည့္ဖို႔အတြက္ ခြင့္ျပဳခ်က္မရေသးခင္မွာ ညေနစာကို အရင္စားလိုက္ရေတာ့တယ္။

ယြီဂ်င္လီက ပထမဦးဆံုး ေလ့က်င့္ေရးပစ္မွတ္အျဖစ္ အရမ္း႐ိုး႐ွင္းလြန္းေသာပံုစံ႐ွိတဲ့ အသည္းႏွလံုးပံုသ႑ာန္ျမက္ပင္ကို ႐ွာေဖြလိုက္တယ္။

ဒီအသည္းႏွလံုးပံုသ႑ာန္ျမက္ပင္က ဂနာမၿငိမ္ျဖစ္ေနတဲ့ F-class သားရဲေကာင္ေတြကို တည္ၿငိမ္ေအာင္ ျပဳလုပ္ရာတြင္ အသံုးျပဳတဲ့ ၿငိမ္သက္ေအးခ်မ္းေစတဲ့ အပင္မ်ိဳးျဖစ္တယ္။

ယြီဂ်င္လီက ပံုၾကမ္းတစ္ခုကို သူ႔ရဲ႕စိတ္ထဲမွာ ဂ႐ုတစိုက္ မွတ္သားထားလိုက္ၿပီးေတာ့ ဗလာစြမ္းအင္ဘုတ္ျပားကို ယူထုတ္လိုက္ရင္း သူ႔ရဲ႕စိတ္အာ႐ံုအသိညဏ္ကို ထုတ္လႊတ္လိုက္ၿပီးေတာ့ အဲ့ဒါကို ဂ႐ုတစိုက္ စူးစမ္းစစ္ေဆးၾကည့္ေနေတာ့တယ္။ ဒီစြမ္းအင္ဘုတ္ျပားက အရင္စြမ္းအင္ကတ္ေတြနဲ႔ ကြဲျပားျခားနားေနတာကို ႐ွာေဖြေတြ႔႐ွိလိုက္တာေၾကာင့္ သူအံ့အားသင့္သြားမိတယ္။ သူတို႔ႏွစ္ခုစလံုးက အရမ္းဆင္တူေသာ္ျငားလည္းပဲ အပင္ကို ေရးဆြဲရမဲ့ေနရာျဖစ္တဲ့ အထဲက ေနရာလြတ္အရြယ္အစား ကြဲျပားျခားနားခ်က္တစ္ခု ႐ွိေနတယ္။

ယြီဂ်င္လီတစ္ေယာက္ အနည္းငယ္ စိတ္လႈပ္႐ွားေနၿပီးေတာ့ သူ႔ရဲ႕စိတ္အာရံုအသိညဏ္ကလည္း တုန္လႈပ္သြားမိတယ္။ သူအလ်င္အျမန္ သူ႔ကိုယ္သူ တည္ၿငိမ္ေအာင္ ျပဳလုပ္လိုက္ၿပီးေနာက္ ဘုတ္ျပားေနရာလြတ္ထဲတြင္ သံုးဖက္ျမင္႐ုပ္ပံုတစ္ပံုကို ေရးဆြဲဖို႔အတြက္ စာအုပ္ထဲက အသည္းႏွလံုးပံုသ႑ာန္ ျမက္ပင္ အၾကမ္းဖ်ဥ္းပံုစံအတိုင္း စတင္လိုက္လုပ္ေတာ့တယ္။

ယြီဂ်င္လီက သူ႔ရဲ႕စိတ္အာရံုအသိညဏ္ကို ေကာင္းေကာင္းမြန္မြန္ ထိန္းခ်ဳပ္ႏိုင္တာေၾကာင့္ သူ႔ကို ထူးခြၽန္တဲ့စိတ္ဝိညဥ္ဟု သတ္မွတ္ႏိုင္တယ္။ ဒါေပမဲ့ သူဒါကို စုတ္တံတစ္ေခ်ာင္းအျဖစ္ အသံုးျပဳတာက ပထမဦးဆံုးအႀကိမ္ျဖစ္တယ္။

ဒါေၾကာင့္ ပထမဦးဆံုးအႀကိမ္ ပံုဆြဲျခင္းကေတာ့ မလြယ္ကူလွပါဘူး။ ကံေကာင္းစြာနဲ႔ ဒါက စြမ္းအင္ဘုတ္ျပားျဖစ္ေနၿပီးေတာ့ စြမ္းအင္ကတ္ မဟုတ္လို႔ေပါ့။ ၿပီးေတာ့ တကယ္လို႔ က်႐ွံဳးသြားခဲ့မယ္ဆိုရင္ေတာင္မွ သူဒါကို အစကေန ျပန္စတင္လိုက္ရံုပါပဲ။

အပင္ပံုဆြဲျခင္း တစ္ဝက္နားအေရာက္တြင္ အားအလြန္အကြၽံမ်ားသြားတာေၾကာင့္ ႐ုပ္ပံုရဲ႕မ်ဥ္းလိုင္းေတြက က်ိဳးပ်က္သြားၿပီးေတာ့ ယြီဂ်င္လီရဲ႕ပထမဆံုး ႀကိဳးပမ္းအားထုတ္မႈကလည္း အ႐ွံဳးနဲ႔ပဲ အဆံုးသတ္သြားေတာ့တယ္။

သို႔ေသာ္လည္း ယြီဂ်င္လီကေတာ့ စိတ္ပ်က္ အားမေလ်ာ့သြားပါဘူး။ ပထမဆံုး ႀကိဳးစားမႈရဲ႕ပံုၾကမ္းကို ဖ်က္ပစ္ၿပီးတဲ့ေနာက္မွာ သူဒုတိယအႀကိမ္ စတင္ႀကိဳးစားေတာ့တယ္။ ယခင္အေတြ႔အၾကံဳနဲ႔အတူ ဒီတစ္ႀကိမ္မွာေတာ့ ယြီဂ်င္လီရဲ႕ပံုဆြဲစြမ္းရည္က ေသခ်ာေပါက္ကို ပိုၿပီးေခ်ာ့ေမြ႔လာတယ္။

E-T/N:
 
异 (ထူးဆန္းေသာ/ ပုံမွန္မဟုတ္ေသာ/ ထူးျခားဆန္းျပားေသာ/ မရင္းႏွီးေသာ/ ကြဲျပားျခားနားေသာ/ ထူးျခားေသာ) - ဆက္စပ္ေတြးေတာၾကည့္လိုက္ရင္ ဒီစကားလုံးမွာ အဓိပၸါယ္မ်ားစြာရွိတယ္။ ယြီဂ်င္လီရဲ႕စာအုပ္ အမည္အတြက္ကေတာ့ ဒီစကားလံုးက အပင္မ်ားရဲ႕ ထူးျခားေသာ ဝိေသသလကၡဏာမ်ားနဲ႔ ဂုဏ္သတၱိမ်ားကို ရည္ၫႊန္းတာလို႔ ယုံၾကည္တာေၾကာင့္ ဒီေနရာမွာ "ထူးျခားေသာ" ဟု ဘာသာျပန္ပါမယ္။ အျခားေနရာမ်ားတြင္ေတာ့ ကြဲျပားတဲ့ဘာသာျပန္ျခင္းက ပိုၿပီးသင့္ေတာ္လိမ့္မယ္။










Unicode

Chapter(77):ကတ်လက်မှု အတတ်ပညာ လေ့ကျင့်ခန်း-2

ဆရာခါမွန်က ဒုတိယအထပ်ရှိ အိပ်ခန်းပြတင်းပေါက်အရှေ့မှာ မတ်တပ်ရပ်နေပြီးတော့ ပန်းပင်တွေကြားမှာ မတ်တပ်ရပ်နေတဲ့ သေးငယ်တဲ့ပုံရိပ်လေးကို မဖုံးကွယ်ထားတဲ့ စိတ်ကျေနပ်မှုအပြည့်နဲ့ သူ့ရဲ့မျက်လုံးတွေအထဲမှာ အသိအမှတ်ပြုမှုတွေနဲ့အတူ ငုံ့ကြည့်နေတယ်။

သူပေးတဲ့တာဝန်တွေကို မကျေမနပ်မဖြစ်ပဲ လေးလေးနက်နက် ဖြစ်မြောက်အောင် ဆောင်ရွက်တတ်တဲ့ တစ်စုံတစ်ယောက်ရှိတာက ရှားပါးတယ်။ သူအရင်တုန်းက သင်ကြားပေးခဲ့ဖူးတဲ့ ကျောင်းသားတွေက ပန်းပွင့်တွေနဲ့ အပင်တွေနဲ့ အဆက်အသွယ်လုပ်ဖို့အတွက် အချိန်တွေဖြုန်းတီးဖို့ကို အမြဲတမ်း မလိုမလားဖြစ်နေတတ်ကြတယ်။ ဒါပေမဲ့ စွမ်းအင်ကတ်တွေကို ဘယ်လိုမျိုး ပြုလုပ်ရမလဲဆိုတာကို သင်ကြားဖို့အတွက်ကိုတော့ မစောင့်နိုင်ကြဘူး။ ဆရာခါမွန်ရဲ့မျက်လုံးတွေထဲမှာတော့ အဲ့ဒါက စကားတောင်မပြောနိုင်သေးခင်မှာ ဘယ်လိုပြေးရမလဲဆိုတာကို သင်ယူချင်နေတဲ့ ကလေးတစ်ယောက်လိုမျိုး ဖြစ်နေတယ်။ ရိုးရိုးရှင်းရှင်းကိုပဲ အောင်မြင်မှုရရှိနိုင်မှာ မဟုတ်ဘူး။

အခုချိန်မှာ သူနောက်ဆုံးမှာတော့ နာခံတတ်တဲ့ တပည့်တစ်ယောက် ရှိသွားပြီဖြစ်တယ်။ ဒီကလေးရဲ့စိတ်စွမ်းအားက D-level မျှသာ ရှိနေတာက နှမြောစရာပဲ။ သူကြိုးကြိုးစားစား အလုပ်လုပ်မယ်ဆိုရင်တောင်မှ အများဆုံး သူ
C-level စွမ်းအင်ကတ်တွေကိုသာ ထုတ်လုပ်နိုင်လိမ့်မယ်။

နှမြောစရာကောင်းလိုက်တာ။

ယွီဂျင်လီက မွန်းလွဲပိုင်းကို ပန်းပွင့်တွေနဲ့ အပင်တွေကို လေ့လာကြည့်ရှုရင်း အချိန်ကုန်ဆုံးခဲ့တယ်။ သူဒီတာဝန်ကို ပြီးသွားတဲ့အချိန်မှာ နေကလည်း ဝင်တော့မှာဖြစ်ပြီးတော့ သူ့ကိုလာကြိုမဲ့သူကလည်း ရောက်လာခါနီးနေပြီဖြစ်တယ်။

"ဒီကိုလာခဲ့။" ဆရာခါမွန်က ယွီဂျင်လီကို လက်ယပ်ခေါ်လိုက်တယ်။

ယွီဂျင်လီတစ်ယောက် ခြံဝင်းထဲကနေ ဆရာခါမွန်ဆီကို အလျင်အမြန် လမ်းလျှောက်သွားလိုက်ပြီးနောက် တစ်ဖက်လူကသူ့ကို စာအုပ်တစ်အုပ် ကမ်းပေးလိုက်တာကို တွေ့လိုက်ရတယ်။

"မင်းအိမ်ပြန်ရောက်တဲ့အခါကျရင် ဒီစာအုပ်ကို ဖတ်လိုက်။" ဆရာခါမွန်တစ်ယောက် နောက်ပြန်လှည့်ပြီး အပေါ်ထပ်ကို ပြန်မတက်သွားခင်မှာ အသံမှိန်ဖျဖျနဲ့ ပြောလိုက်တယ်။

ယွီဂျင်လီက [အဆင့် (၁) ထူးခြားသော အပင်ပေါင်းစုံ စွယ်စုံကျမ်း] ကို ကြည့်လိုက်ပြီးတော့ တော်တော်လေးကို အားရအံ့အားသင့်သွားမိတယ်။ သူမလာခင်တုန်းက ဒါကိုဖတ်ခဲ့ရတာကို မှတ်မိလိုက်တယ်။ သူ့ကိုလာကြိုတဲ့သူ ရောက်လာပြီ။

"သစ်အယ်သီးလေး" ရှောင်မုလန်နဲ့ ကျန်းမော့ရှန်းတို့တတွေက လမ်းပြတစ်ယောက်နဲ့အတူ လမ်းလျှောက်ဝင်လာပြီးတော့ ယွီဂျင်လီတစ်ယောက် ပျော်ရွှင်နေတဲ့မျက်နှာလေးနဲ့ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေတဲ့ အပြုံးလေးနဲ့ စာအုပ်တစ်အုပ်ကို ကိုင်ထားတာကို မြင်လိုက်ရတယ်။

"အမေ အားရှန်း" ယွီဂျင်လီတစ်ယောက် အပြုံးလေးနဲ့ အပြေးသွားလိုက်တယ်။

"သားဒီမှာနေရတာ ဘယ်လိုလဲ?" ရှောင်မုလန်က ကောင်လေးရဲ့ နူးညံ့ပျောင့်ပျောင်းနေတဲ့ ဆံနွယ်လေးတွေကို ထိလိုက်ရင်း ညင်ညင်သာသာလေး မေးလိုက်တယ်။

"အရမ်း အဆင်ပြေတယ်။ ဆရာခါမွန်ကလည်း အရမ်းကောင်းတယ်။ ပြီးတော့ သူကကျွန်တော့်ကို ဒီစာအုပ်ကိုတောင် ပေးလိုက်သေးတယ်။" ယွီဂျင်လီက ပျော်ရွှင်စွာ ပြန်ဖြေလိုက်တယ်။

ဆရာခါမွန်က ဒီနေ့မှာ သူ့ကို ဘာတစ်ခုမှ မသင်ကြားပေးသော်ငြားလည်းပဲ ယွီဂျင်လီတစ်ယောက် သူအများကြီး သင်ယူနိုင်ခဲ့ပြီးတော့ အရမ်းပျော်ရွှင်သွားရတယ်လို့ ခံစားလိုက်ရတယ်။

"တကယ်လား? ဒါဆို ကောင်းတာပေါ့။" ရှောင်မုလန်နဲ့ ကျန်းမော့ရှန်းတို့က ယွီဂျင်လီရဲ့လက်ထဲကစာအုပ်ကို ကြည့်လိုက်ပြီးတော့ အံ့အားသင့်မှု အရိပ်အမြွက်လေးတစ်ခု သူတို့ရဲ့မျက်လုံးတွေအတွင်းမှာ ဖြတ်ပြေးသွားတယ်။

[အဆင့် (၁) ထူးခြားသော အပင်ပေါင်းစုံ စွယ်စုံကျမ်း] က ဆရာခါမွန်ကိုယ်တိုင်ကိုယ်ကျ စာရင်းပြုစု စုစည်းထားသော စာအုပ်တစ်အုပ် ဖြစ်ပြီးတော့ ပထမစစ်တပ်အကယ်ဒမီက ပထမနှစ်လက်မှုပညာသည် ကျောင်းသားတွေအတွက် တရားဝင် ဖတ်စာအုပ်များထဲမှ တစ်အုပ်ဖြစ်တယ်။ လောလောဆယ်တွင် ဒီစာအုပ်က ဈေးကွက်ထဲမှာ ဖြန့်ချီရခြင်းမရှိသေးပါဘူး။ ပြီးတော့ ပထမဆုံးနေ့မှာတင် ဆရာခါမွန်ကိုယ်တိုင်ဆီကနေ လက်ဆောင်အဖြစ် ဒီစာအုပ်ကို ယွီဂျင်လီရရှိသွားလိမ့်မယ်လို့ တစ်ယောက်ကမှ မမျှော်လင့်ထားကြမိပါဘူး။

ရှောင်မုလန်နဲ့ ကျန်းမော့ရှန်းတို့ နှစ်ယောက်စလုံး အရမ်းဂုဏ်ယူမိသွားကြတယ်။

"ဟုတ်တယ်။" ယွီဂျင်လီက စာအုပ်ကို သူ့ရဲ့လက်မောင်းသေးသေးလေးတွေ ကြားထဲမှာ ပိုက်ထားပြီးတော့ အိမ်အပြန်လမ်းမှာ စာအုပ်ကို ဖွင့်ဖတ်ကြည့်ဖို့ကို မစောင့်နိုင်တော့ပါဘူး။

[အဆင့် (၁) ထူးခြားသော အပင်ပေါင်းစုံ စွယ်စုံကျမ်း] တွင် ရေးသားထားသော အကြောင်းအရာများတွင် F အဆင့် စွမ်းအင်ကတ်များထဲတွင် ရေးဆွဲနိုင်သော ထူးခြားသော အပင်ပေါင်းစုံပါဝင်တယ်။ အဲ့စာအုပ်အထဲတွင် သူတို့ရဲ့ပုံပန်းသွင်ပြင်များ၊ ဝိသေသလက္ခဏာများနဲ့ စွမ်းရည်များ ပါဝင်ပြီး အသေးစိတ်အချက်အလက် အပြည့်အစုံဖြင့် ရေးသားထားပြီးတော့ လက်မှုပညာသည်တစ်ယောက်ရဲ့ ပညာသင်ကြားရေး တိုးတက်မှုအတွက် အလွန်အမင်းကို အရေးပါတယ်။

ယွီဂျင်လီတစ်ယောက် အလွန်ဆာလောင်မွတ်သိပ်နေသော အကြည့်ဖြင့် ဗဟုသုတတွေအားလုံးကို သူ့ရဲ့စိတ်ထဲမှာ တစ်ခါတည်း မှတ်သားထားဖို့အတွက်ကို မစောင့်နိုင်ရှာတော့ပါဘူး။

သေချာပေါက်ကို koi စိတ်ဝိညာဉ်အတွက် ဒီလိုမျိုးအရာတွေက လုံးဝကို ခက်ခဲတဲ့အရာတွေ မဟုတ်ပါဘူး။ ပြီးတော့ ယွီဂျင်လီတစ်ယောက် အိမ်အပြန်လမ်းတစ်လျှောက်မှာတင် စာအုပ်တစ်ဝက်လောက်ကို အလွတ်ကျက် မှတ်သားထားပြီးနှင့်နေပြီ ဖြစ်တယ်။

ကျန်းမော့ရှန်းက ယွီဂျင်လီရဲ့နံဘေးနားမှာ ထိုင်နေပြီးတော့ စာရွက်လှန်ဖတ်နေတဲ့ အခြေအနေကို မြင်ကွင်းအပြည့်အစုံနဲ့ မြင်လိုက်ရတယ်။ ယွီဂျင်လီရဲ့မျက်နှာပေါ်က စိတ်လှုပ်ရှားနေတဲ့အမူအရာနဲ့ အံ့အားသင့်နေဟန် တဖျတ်ဖျတ်လက်တောက်ပနေတဲ့ သူ့ရဲ့မျက်လုံးလေးတွေက ဒီစာအုပ်အတွက် သူ့ရဲ့အချစ်တွေကို ဖော်ထုတ်ပြသနေလျက်ရှိတယ်။ အရာအားလုံးကို လေ့လာကြည့်ပြီးတဲ့နောက်မှာ ကျန်းမော့ရှန်းရဲ့မျက်လုံးတွေက အထူးတလည်ကို နူးညံ့ညင်သာသွားတော့တယ်။

"အမေ အရှေ့နားမှာ ကားကို ရပ်လိုက်အုံး။ ကျွန်တော်တို့တွေ F-class ဗလာစွမ်းအင်ကတ်အချို့ကို ဝယ်သွားကြရအောင်။" ကျန်းမော့ရှန်းက ကားမောင်းနေတဲ့ ရှောင်မုလန်ကို ပြောလိုက်တယ်။

"ကောင်းပြီ။" ရှောင်မုလန်က ချက်ချင်းပြန်တုံ့ပြန်လိုက်တယ်။

သူတို့အိမ်ပြန်ရောက်တဲ့အချိန်မှာဆိုရင် ယွီဂျင်လီတစ်ယောက် [အဆင့် (၁) ထူးခြားသော အပင်ပေါင်းစုံ စွယ်စုံကျမ်း] ရဲ့ မိတ္တူစာအုပ်တစ်အုပ်ကို ရိတ်သိမ်းနိုင်ခဲ့ရုံတင်မကပဲနဲ့ လက်တွေ့လေ့ကျင့်ဖို့အတွက် F-level ဗလာစွမ်းအင်ကတ်အမြောက်အမြားနဲ့ ကတ်လက်မှုပညာသည်တွေအသုံးပြုတဲ့ စွမ်းအင်ဘုတ်ပြားတစ်ခုကိုလည်း ရရှိသွားတယ်။

စွမ်းအင်ဘုတ်ပြားကလည်း ဗလာဖြစ်နေပေမဲ့လည်း ဘာစိတ်စွမ်းအင်မှ မပါဝင်ပါဘူး။ အဲ့ဒါက လက်မှုပညာသည်တွေအတွက် ပေါက်ကွဲထွက်သွားမှာကို ကြောက်လန့်နေစရာမလိုပဲ လက်တွေ့ လေ့ကျင့်ရေးဆင်းဖို့အတွက် အရမ်းသင့်တော်တယ်။

တကယ့်အစစ် ဗလာစွမ်းအင်ကတ်ဖြစ်နေရင် လက်မှုဖန်တီးမှုလုပ်ငန်းစဉ်အတွင်း ဘာအနှောင့်အယှက်မှ ရှိလို့မဖြစ်ပါဘူး။ ပုံဆွဲချက်တွေအားလုံးကို တစ်ချက်တည်းနဲ့ အပြီးသတ်နိုင်ရမှာဖြစ်တယ်။ တကယ်လို့ အမှားသေးသေးလေး တစ်ခုလောက်ပဲ ရှိသွားမယ်ဆိုရင်တောင်မှ စွမ်းအင်ကတ်တစ်ခုလုံး ပျက်စီးသွားနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း ပေါက်ကွဲမှုဖြစ်စဉ်တစ်ခုတောင် ဖြစ်လာနိုင်ချေရှိတယ်။

ထို့ကြောင့် လက်မှုပညာသည်တစ်ယောက်က ပုံမှန်အားဖြင့်ဆိုရင် စွမ်းအင်ဘုတ်ပြားပေါ်မှာ ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် လေ့ကျင့်ပြီးသွားတဲ့အချိန်ကျမှသာ စတင်ရေးဆွဲလေ့ရှိကြတယ်။

ယွီဂျင်လီတစ်ယောက် ဒါကိုရပြီးသွားတဲ့အချိန်မှာ သူဒါကိုအောက်ကိုမချပဲ တစ်ချက်စမ်းဆွဲကြည့်ကြည့်ဖို့ကို မစောင့်နိုင်တော့ဘူး။ သူညစာကိုတောင် မစားချင်တော့သလို live stream ကို​ရော လွှင့်ချင်စိတ်မရှိတော့ပဲ စွမ်းအင်ကတ်တွေ ထုတ်လုပ်မှုအကြောင်းကိုသာ သင်ယူချင်နေတော့တယ်။

အဆုံးမှာတော့ ကျန်းမော့ရှန်းရဲ့ကြီးကြပ်မှုအောက်တွင် ယွီဂျင်လီတစ်ယောက် စွမ်းအင်ကတ်ပြုလုပ်ခြင်းကို လေ့ကျင့်ကြည့်ဖို့အတွက် ခွင့်ပြုချက်မရသေးခင်မှာ ညနေစာကို အရင်စားလိုက်ရတော့တယ်။

ယွီဂျင်လီက ပထမဦးဆုံး လေ့ကျင့်ရေးပစ်မှတ်အဖြစ် အရမ်းရိုးရှင်းလွန်းသောပုံစံရှိတဲ့ အသည်းနှလုံးပုံသဏ္႑ာန်မြက်ပင်ကို ရှာဖွေလိုက်တယ်။

ဒီအသည်းနှလုံးပုံသဏ္႑ာန်မြက်ပင်က ဂနာမငြိမ်ဖြစ်နေတဲ့ F-class သားရဲကောင်တွေကို တည်ငြိမ်အောင် ပြုလုပ်ရာတွင် အသုံးပြုတဲ့ ငြိမ်သက်အေးချမ်းစေတဲ့ အပင်မျိုးဖြစ်တယ်။

ယွီဂျင်လီက ပုံကြမ်းတစ်ခုကို သူ့ရဲ့စိတ်ထဲမှာ ဂရုတစိုက် မှတ်သားထားလိုက်ပြီးတော့ ဗလာစွမ်းအင်ဘုတ်ပြားကို ယူထုတ်လိုက်ရင်း သူ့ရဲ့စိတ်အာရုံအသိညဏ်ကို ထုတ်လွှတ်လိုက်ပြီးတော့ အဲ့ဒါကို ဂရုတစိုက် စူးစမ်းစစ်ဆေးကြည့်နေတော့တယ်။ ဒီစွမ်းအင်ဘုတ်ပြားက အရင်စွမ်းအင်ကတ်တွေနဲ့ ကွဲပြားခြားနားနေတာကို ရှာဖွေတွေ့ရှိလိုက်တာကြောင့် သူအံ့အားသင့်သွားမိတယ်။ သူတို့နှစ်ခုစလုံးက အရမ်းဆင်တူသော်ငြားလည်းပဲ အပင်ကို ရေးဆွဲရမဲ့နေရာဖြစ်တဲ့ အထဲက နေရာလွတ်အရွယ်အစား ကွဲပြားခြားနားချက်တစ်ခု ရှိနေတယ်။

ယွီဂျင်လီတစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားနေပြီးတော့ သူ့ရဲ့စိတ်အာရုံအသိညဏ်ကလည်း တုန်လှုပ်သွားမိတယ်။ သူအလျင်အမြန် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီးနောက် ဘုတ်ပြားနေရာလွတ်ထဲတွင် သုံးဖက်မြင်ရုပ်ပုံတစ်ပုံကို ရေးဆွဲဖို့အတွက် စာအုပ်ထဲက အသည်းနှလုံးပုံသဏ္႑ာန် မြက်ပင် အကြမ်းဖျဉ်းပုံစံအတိုင်း စတင်လိုက်လုပ်တော့တယ်။

ယွီဂျင်လီက သူ့ရဲ့စိတ်အာရုံအသိညဏ်ကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်တာကြောင့် သူ့ကို ထူးချွန်တဲ့စိတ်ဝိညဉ်ဟု သတ်မှတ်နိုင်တယ်။ ဒါပေမဲ့ သူဒါကို စုတ်တံတစ်ချောင်းအဖြစ် အသုံးပြုတာက ပထမဦးဆုံးအကြိမ်ဖြစ်တယ်။

ဒါကြောင့် ပထမဦးဆုံးအကြိမ် ပုံဆွဲခြင်းကတော့ မလွယ်ကူလှပါဘူး။ ကံကောင်းစွာနဲ့ ဒါက စွမ်းအင်ဘုတ်ပြားဖြစ်နေပြီးတော့ စွမ်းအင်ကတ် မဟုတ်လို့ပေါ့။ ပြီးတော့ တကယ်လို့ ကျရှုံးသွားခဲ့မယ်ဆိုရင်တောင်မှ သူဒါကို အစကနေ ပြန်စတင်လိုက်ရုံပါပဲ။

အပင်ပုံဆွဲခြင်း တစ်ဝက်နားအရောက်တွင် အားအလွန်အကျွံများသွားတာကြောင့် ရုပ်ပုံရဲ့မျဉ်းလိုင်းတွေက ကျိုးပျက်သွားပြီးတော့ ယွီဂျင်လီရဲ့ပထမဆုံး ကြိုးပမ်းအားထုတ်မှုကလည်း အရှုံးနဲ့ပဲ အဆုံးသတ်သွားတော့တယ်။

သို့သော်လည်း ယွီဂျင်လီကတော့ စိတ်ပျက် အားမလျော့သွားပါဘူး။ ပထမဆုံး ကြိုးစားမှုရဲ့ပုံကြမ်းကို ဖျက်ပစ်ပြီးတဲ့နောက်မှာ သူဒုတိယအကြိမ် စတင်ကြိုးစားတော့တယ်။ ယခင်အတွေ့အကြုံနဲ့အတူ ဒီတစ်ကြိမ်မှာတော့ ယွီဂျင်လီရဲ့ပုံဆွဲစွမ်းရည်က သေချာပေါက်ကို ပိုပြီးချော့မွေ့လာတယ်။

E-T/N:
 
异 (ထူးဆန်းသော/ ပုံမှန်မဟုတ်သော/ ထူးခြားဆန်းပြားသော/ မရင်းနှီးသော/ ကွဲပြားခြားနားသော/ ထူးခြားသော) - ဆက်စပ်တွေးတောကြည့်လိုက်ရင် ဒီစကားလုံးမှာ အဓိပ္ပါယ်များစွာရှိတယ်။ ယွီဂျင်လီရဲ့စာအုပ် အမည်အတွက်ကတော့ ဒီစကားလုံးက အပင်များရဲ့ ထူးခြားသော ဝိသေသလက္ခဏာများနဲ့ ဂုဏ်သတ္တိများကို ရည်ညွှန်းတာလို့ ယုံကြည်တာကြောင့် ဒီနေရာမှာ "ထူးခြားသော" ဟု ဘာသာပြန်ပါမယ်။ အခြားနေရာများတွင်တော့ ကွဲပြားတဲ့ဘာသာပြန်ခြင်းက ပိုပြီးသင့်တော်လိမ့်မယ်။



Continue Reading

You'll Also Like

253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
607K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်