Unicode
အချိန်အတော်ကြာပြီးတဲ့နောက်မှာတော့ ဧည့်ခန်းထဲမှာ သခင်ကြီးကျောင်းစီက ပစ္စည်းတွေကို ရိုက်ချိုးပြီး အစ်ကို(၃)ကို ကျိန်ဆဲနေတာကို ကြားလိုက်ရတယ်။ အဲ့ဒီအချိန်မှာပဲ ငါ စိတ်တွေ ကြည်လင်သွားပြီး သူ့ကို လွှတ်ကာ ကုတင်ပေါ်မှာ ထိုင်နေလိုက်တယ်။ အခြေအနေက တော်တော်လေးကို နေရခက်နေခဲ့တာ။
ကျောင်းကုန်းဇီက အေးစက်စွာမေးလာတယ်, "မင်း ဒါကိုဘယ်သူ့ဆီက သင်ခဲ့တာလဲ?"
ငါက ပြောလိုက်တယ်, "ပင်ကိုဗီဇအရပဲ"
ကျောင်းကုန်းဇီက အေးစက်စွာပြောတယ်, "ငါ့မှာကော ဘယ်လိုဖြစ်လို့ ဒီလောက် ကျွမ်းကျင်တဲ့ ဗီဇမရှိတာပါလိမ့်?"
ငါက ပြောလိုက်တယ်, "ဘာမှမဖြစ်ပါဘူး, မင်း လုံ့လစိုက်ထုတ်ပြီး လေ့ကျင့်ဖို့ပဲလိုတယ်"
ကျောင်းကုန်းဇီက အေးစက်စွာ မေးတယ်, "မင်းကကော ဘယ်သူနဲ့ ဇွဲရှိရှိ လေ့ကျင့်ခဲ့တာလဲ?"
ငါက ပြောလိုက်တယ်, "ဒါက ငါ့အတွက်တော့ ပုံမှန်ပဲလေ, ဒါပေမယ့် မင်းကတော့ လုံ့လစိုက်ထုတ်ဖို့လိုတယ်"
ကျောင်းကုန်းဇီက လုံ့လစိုက်ထုတ်ပြီး လေ့ကျင့်ရန်အတွက် လှည့်ပြီးတော့ ငါ့ရဲ့အင်္ကျီကော်လာကို ဆွဲကိုင်လိုက်တယ်။
အဲ့အချိန်က မှောင်မဲပြီးတော့ ပျင်းရိစရာကောင်းနေခဲ့တယ်။ ကျောင်းကုန်းဇီက သူ့ရဲ့လေ့လာမှုကို ပထမဦးဆုံးအနေနဲ့ စိတ်ဝင်တစားဖြစ်ခဲ့တာဖြစ်ပြီး ဆရာရဲ့နောက်အတန်းတွေမတိုင်ခင်မှာ သူက ပထမဦးဆုံးအကြိမ်အနေနဲ့ ပစ္စည်းအသစ်တွေကိုလည်း စမ်းသပ်ခဲ့တယ်။ သူ ငါ့ကို တွန်းလှဲလိုက်တာနဲ့ ဒါက မမှန်တော့ဘူးဆိုတာကို ငါ သိလိုက်ရတယ်။ ဒါပေမယ့် သူက နောက်ကျရင် ငါ့ရဲ့ဘောင်းဘီကို လျှော်ပေးမယ်လို့ ပြောတဲ့အတွက် ငါသည်းခံလိုက်ရတယ်။ နောက်တော့ သူက ငါ့ရဲ့ဘောင်းဘီအပြင် သူ့ရဲ့ဘောင်းဘီနဲ့ အခြားအဝတ်အစားတွေ, ဖိနပ်တွေအားလုံးကိုလည်း အစေခံတွေလျှော်ဖို့အတွက် ပစ်ချနေတုန်းပဲဆိုတာကို ငါ သိလိုက်ရတယ်။ ငါ သူနဲ့ ထပ်ပြီး ရန်ဖြစ်လိုက်ရတယ်။ ပြီးတော့ ငါ သူနဲ့ အချိန်အတော်ကြာ မတွဲဖြစ်တော့ဘူး။
ငါ့ရဲ့18 နှစ်ပြည့်မွေးနေ့မှာဖြစ်ခဲ့တာက မတော်တဆတစ်ခုပါပဲ။ ငါ ကျောင်းကုန်းဇီကို မဖိတ်ခဲ့ဘူး။ နွေဦးကို ခံစားရင်းနဲ့ အပြင်ထွက်လည်ဖို့အတွက် ငါ့ရဲ့သူငယ်ချင်းတွေကိုပဲ ငါ ဖိတ်ထားလိုက်တယ်။ ငါတို့ အပြင်ထွက်လည်ရင်း အချိန်အတော်ကြာကုန်ဆုံးပြီးတဲ့နောက် ပါမောက္ခလင်းက ငါတို့ကို အရက်သောက်ဖို့အတွက် ဖိတ်ခေါ်လိုက်တယ်။ ငါတို့ အရက်သောက်နေတုန်းမှာ ကျောင်းကုန်းဇီက အကြောင်းတစ်ခုခုကြောင့် ဖြတ်သွားခဲ့ပြီး သူ့ရဲ့ဘေးမှာတော့ ဖက်ရှင်ကျကျ၀တ်စားထားတဲ့ မိန်းမတစ်ယောက်ရှိနေခဲ့တယ်။
ကျောင်းကုန်းဇီ လုပ်တာမှားတယ်။ သူနဲ့ငါက လူအုပ်ထဲကလူတွေမဟုတ်ဘူးလေ။ ငါကလည်း ညနက်သန်းခေါင်မှာ လမ်းလျှောက်နေတဲ့သူတစ်ယောက်နဲ့ အပြင်မှာချိန်းတွေ့မှာမဟုတ်ဘူး။ ဒီလိုနဲ့ ငါ အသိစိတ်ဝင်လာတော့ အားလုံးကို နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့တယ်။
အိမ်ပြန်ရောက်မှပဲ ဒီနေ့ မီးပျက်နေပြီး သခင်ကြီးကျောင်းစီနဲ့အားလုံးက ဟိုတယ်တွေမှာ သွားနေကြတယ်ဆိုတာကို ငါ သတိရမိတယ်။
ကျောင်းကုန်းဇီက ငါ့ကိုကျိန်ဆဲတယ်, "သေလိုက်ပါတော့! မင်းအပြစ်ချည်းပဲ!"
ငါက ပြောလိုက်တယ်, "မင်းကို ငါနဲ့အတူ ပြန်ဖို့ မမေးခဲ့ဘူးလေ"
"အိမ်ပြန်လာဖို့ကို လောင်ဇီက မင်းရဲ့ခွင့်ပြုချက်လိုတာလား? မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ? မင်းက လောင်ဇီမွေးစားထားတဲ့လူတစ်ယောက်သက်သက်ပဲ, လောင်ဇီမပျော်တဲ့နေ့ဆိုရင် လောင်ဇီက မင်းကိုတောင် သတ်ပစ်လို့ရတယ်!"
သူ ငါ့ကို ဆယ့်ငါးမိနစ်လောက် ကျိန်ဆဲနေခဲ့ပြီး ရပ်ဖို့ အစီအစဉ်မရှိသလိုပဲ။
အမှောင်ထုနဲ့ အရက်က ငါ့ကို ဒေါသဖြစ်စေတယ်။ ဒေါသက ငါ့ကို ရဲရင့်စေတယ်။ ရဲရင့်မှုက ငါ့ကို နတ်ဆိုးအသွင်ကူးပြောင်းစေတယ်။ ဒါကြောင့် ငါ ဒီလိုအခွင့်အရေးကောင်းကို အသုံးချပြီး သူ့ကို အနိူင်ပိုင်းပစ်ချင်လာတယ်။
ငါတို့ ထပ်ပြီးတော့ တိုက်ပွဲတွေပြန်စတယ်။
ငါတို့ရန်ဖြစ်နေတုန်းမှာပဲ ငါက သူ့ဆီမှာ အနိူင်ပိုင်းခံလိုက်ရတယ်။
နောက်နေ့ရောက်တော့ ပစ္စည်းကျကွဲသံတွေကြောင့် ငါတို့နှစ်ယောက် လန့်နိုးသွားတယ်။ ဆိုဖာပတ်လည်မှာ လူတွေအများကြီး စည်ကားနေခဲ့တယ်။ မြင်ကွင်းက အရမ်းကို နေရအဆင်မပြေစေသလို အရမ်းလည်း အန္တရာယ်များတယ်။
မနေ့ညက ငါ သေတော့မယ်လို့ တွေးမိတဲ့အချိန်မှာ ဘာလို့ တကယ်မသေခဲ့တာလဲ? ကျောင်းကုန်းဇီကကော ဘာလို့ သူ့အိပ်ခန်းထဲကို သွားမအိပ်နိုင်ရတာလဲ? ကမ္ဘာကြီးကကော ဘာလို့ဝိုင်းနေတာလဲ? နေကကော ဘာလို့ပူတာလဲ? လူတိုင်းကကော ဘာလို့ ငါတို့ကို စိုက်ကြည့်နေကြတာလဲ? ကျောင်းကုန်းဇီကကော ဘာလို့ ငါ့မျက်နှာကို လက်တစ်ဖက်တည်းနဲ့ အုပ်ထားရတာလဲ?
သခင်ကြီးကျောင်းစီက ငါ့ကို သေလုနီးပါး ရိုက်နှက်ခဲ့တယ်။
ကျောင်းကုန်းဇီက မနေ့က သူ သခင်ကြီးကျောင်းစီနဲ့ တွေ့ဖူးတဲ့ ထူးဆန်းတဲ့လူတစ်ချို့ကို တွေ့လိုက်ရတယ်လို့ပြောတယ်။ အဲဒီ့လူက ကျောင်းကုန်းဇီကို သောက်ဖို့အတွက် တစ်နေရာရာကို ဆွဲခေါ်သွားကာ သူ သောက်ပြီးတာနဲ့ အိမ်ပြန်လာခဲ့ပြီး ဆိုဖာပေါ်မှာ ငါ အိပ်ပျော်နေတာကို သူ တွေ့လိုက်ရတယ်။ သူက သူ့ကို ရန်စပေးလေ့ရှိတဲ့ ငါ့ရဲ့ပုံစံကို ပြန်တွေးမိပြီး အမှောင်ထုနဲ့ အရက်က သူ့ကို ဒေါသဖြစ်စေခဲ့တယ်။ ဒေါသက သူ့ကို ရဲရင့်စေခဲ့ပြီး ရဲရင့်မှုက သူ့ကို နတ်ဆိုးအသွင်ကူးပြောင်းစေခဲ့တယ်။ ဒါကြောင့် သူက ဒီလိုအခွင့်အရေးကောင်းကို အသုံးချပြီး ငါ့ကို အနိုင်ပိုင်းချင်ခဲ့တယ်။ ပြီးတော့ သူ အောင်မြင်စွာနဲ့ ငါ့ကို အနိုင်ပိုင်းနိူင်ခဲ့တယ်။
အခြေအနေတွေရဲ့ တွန်းအားပေးမှုနဲ့ မနေ့ညက အရက်အလွန်အကျွံသောက်ထားတာကြောင့် သူပြောခဲ့တဲ့စကားက တကယ်ဖြစ်ခဲ့သလားလို့တောင် ငါ တွေးမိလိုက်သေးတယ်။ ဒါကြောင့် ငါ ခေါင်းညိတ်ပြီးတော့ 'ဟုတ်တယ်, အဲ့တာ မှန်တယ်, အဲ့လို ဖြစ်သွားတာ' ဆိုပြီး ပြောလိုက်တယ်။
သခင်ကြီးကျောင်းစီက ဒေါသထွက်နေသေးတယ်ဆိုပေမယ့် ဖုန်းဝင်လာပြီး သူ့ကို အနှောင့်အယှက်ပေးလိုက်တယ်။ မြို့တော်ဝန်ဆက်တာဆိုတော့ သူ့မှာ ရွေးချယ်စရာမရှိတော့ဘဲ ငါနဲ့ကျောင်းကုန်းဇီကို ရုံးခန်းထဲမှာ သော့ခတ်ထားခဲ့ပြီး ဖုန်းသွားကိုင်လိုက်တယ်။
သူ ထွက်သွားပြီးတဲ့နောက် ကျောင်းကုန်းဇီက ငါ့ကို ကြည့်တယ်, "မင်း ဘာတွေတွေးနေတာလဲ? စကားပြောရအောင်"
သူ ငါနဲ့ စကားပြောဖို့ အကြံပြုတာ ဒါက ပထမဆုံးအကြိမ်ပဲ။ ဒီစကားဝိုင်းက အဆင်မပြေဘူးဆိုရင်တော့ ဒါက တစ်စုံတစ်ယောက်နဲ့စကားစမြည်ပြောရတာ ငါ့ဘဝရဲ့နောက်ဆုံးအကြိမ် ဖြစ်သွားနိုင်တယ်။
အဲ့ဒါကြောင့် ငါ အချိန်အတော်ကြာစဥ်းစားပြီးတော့ ပြောလိုက်တယ်, "မနေ့ညက ငါတို့နှစ်ယောက်စလုံး မူးနေတာ"
ကျောင်းကုန်းဇီက ငါ့ကို နှောင့်ယှက်တယ်, "ငါ မမူးဘူး"
ငါက မေးလိုက်တယ်, "ဒါဆို မင်း ဘာတွေတွေးနေတာလဲ?"
"သေလိုက်ပါတော့, မင်း ဘာတွေတွေးနေတာလဲလို့ ငါမေးနေတယ်လေ"
"ဒီခေတ်သစ်ကြီးမှာ အယူဝါဒအသစ်တွေနဲ့ ကမ္ဘာ့အမြင်အသစ်တွေရှိနေတယ်, ငါတို့က အစဉ်အလာတွေနဲ့ နောက်ပြန်မဆုတ်သင့်ဘူး"
ကျောင်းကုန်းဇီက အေးစက်စွာမေးတယ်, "မင်း ဘာကိုဆိုလိုတာလဲ"
"ဒါကို မဖြစ်ခဲ့သလိုပဲ ငါတို့နေလိုက်ကြမယ်, မူးပြီး အရှုပ်အယှက်တွေဖြစ်ကုန်တာက ဘဝမှာ ရှောင်လွှဲလို့မရတဲ့အရာတစ်ခုပဲ"
ကျောင်းကုန်းဇီက အေးစက်စွာ မေးတယ်, "ဒါဆို မင်းဘယ်နှစ်ခါ ရှုပ်ခဲ့လဲ?"
"လောလောဆယ်တော့ တစ်ကြိမ်ပဲ"
ကျောင်းကုန်းဇီက အေးစက်စွာပြောတယ်, "ဒုတိယအကြိမ်ဆိုတာ ရှိတော့မှာမဟုတ်ဘူး"
"ငါလည်း အဲ့ဒါကို တွေးနေတာ, နောက်တစ်ကြိမ်ဆိုတာတော့ ရှိမှာမဟုတ်တော့ဘူး"
ကျောင်းကုန်းဇီက အေးစက်စက်ပြန်ပြောတယ်, "ဒုတိယအကြိမ်မရှိရတော့ဘူးလို့ ငါပြောနေတာ, မင်း ငါကလွဲပြီး အခြားလူနဲ့ ရှုပ်ရင် မင်းကို သတ်ပစ်မှာ"
ကျောင်းကုန်းဇီက ပြောတယ်, "လောင်ဇီကပဲ မင်းနဲ့အတူ အိပ်လို့ရမယ်"
ကျောင်းကုန်းဇီက ပြောပြန်တယ်, "ငါ မင်းနဲ့အတူ အိပ်ချင်သေးတယ်"
Zawgyi
ငါတို့ရန်ဖြစ်နေတုန်းမှာပဲ ငါက သူ့ဆီမှာ အနိုင်ပိုင်းခံလိုက်ရတယ်။