A wound in my heart

By OpalHawthorn28

4.6K 275 28

Chen Shang ဆိုတဲ့ Mahua ရဲ့ Novel version ပါ.... More

Hi
Chapter (2)
Chapter (3)

Chapter (1)

1.2K 73 6
By OpalHawthorn28


ဒီအတိုင်းဆက်သွားဖို့ ဆန္ဒမရှိတော့တဲ့အတွက် ကံတရားကို ပုန်ကန်ခဲ့ဖူးတယ်....သို့ပေမယ့် လောကကြီးက ငါ့ကို ရဲဝံ့ဖို့ ခွင့်မပြုခဲ့ဘူး......

ငိုကြွေးခြင်းက လောကထဲ ကလေးငယ်တစ်ယောက် ရောက်ရှိလာခြင်းကို ကိုယ်စားပြုပေးတယ်.... နာမည်တစ်ခုမှည့်တွင်ခြင်းသည်က လူ့လောကထဲကို ရောက်လာခြင်းအတွက် ပထမဆုံးသော လက်ဆောင်တစ်ခု......

ကောင်းမွန်တဲ့ တောင်းဆုဆန္ဒတွေကြောင့်ဖြစ်လာရတဲ့  ပျက်စီးခြင်းတစ်ချို့ရှိတယ်.....တစ်ချို့ကျတော့ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တန်ဖိုးမဲ့လွန်းနေပြန်တယ်....

ငါ့နာမည်က သိပ်တော့ အကောင်းကြီးမဟုတ်ပါဘူး...နင်းယွီ့........ယွီ့ဘီပေလင်း....ယွီ့ယွီ့စုန်စုန်....ယွီ့ကျင်းရှန်း (ကျူးလစ်ပန်း). ..အကုန်လုံး နာမည်ကောင်းတွေချည်းပဲ....

ငါစဉ်းစားကြည့်ခဲ့ဖူးတယ်...မစ္စနင်း ငါ့ကိုနာမည်ပေးတုန်းက စိတ်မကြည်တဲ့အချိန်များ ဖြစ်နေသလားလို့.....

မွေးစာရင်းထဲ ထည့်တုန်းက အဲ့နာမည်​တွေ
အများကြီးရှိတဲ့ကြားက နှစ်စက္ကန့်ထက် ပိုမစဉ်းစားဘဲ ပေးလိုက်တဲ့ နာမည်က " နင်းဝူဝူ "တို့ " နင်းအမှိုက် "တို့ ဖြစ်မနေခဲ့တာ သိပ်ကံကောင်းတယ်....နို့မို့သာဆို လူ့အသိုင်းအဝိုင်းကြားမှာ ခက်ခက်ခဲခဲရှင်သန်နေရတော့မှာ.....

ပြီးတော့ အမေ ငါ့ကို အရမ်းမုန်းရတဲ့ အကြောင်းအရင်းကလဲ လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က အစပြုခဲ့တာပါ.....

မျောက်ဝံတွေအဖြစ်ကနေ အသိဉာဏ်ရှိတဲ့ လူသားတွေအဖြစ် ဆင့်ကဲ့ပြောင်းလဲလာဖို့ နှစ်သန်းပေါင်းများစွာ အချိန်ကြာမြင့်ခဲ့ကြောင်း ဒါဝင် (Charles Darwin)  ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့သင့်ဘူး....

လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲမှုလမ်းစဉ်ကို " c20 " ဗိုင်းရပ်စ်ပိုးက ဝင်ရောက်နှောက်ယှက်နေခဲ့တယ်....လူသားတွေရဲ့ စနစ်တကျဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကြောင့် " c20 " ပိုးက ရှင်းလင်းတဲ့လမ်းကြောင်းကနေ သွေဖယ်ပြီး ဆိုးဝါးကြမ်းတမ်းပြီး အန္တာရယ်များတဲ့လမ်းကြောင်းပေါ် ရောက်သွားခဲ့လေတယ်.....

" c20 " ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာ ကောင်းကောင်းငုပ်လျှိုးနေပြီး ဆေးဝါးတွေကိုလဲ ခုခံနိုင်တယ်....ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ခေါတ်မှီ ဓာတ်ခွဲခန်းတွေက သုတေသနပညာရှင်တွေတောင် ဖြေဆေးရှာဖို့လက်မှိုင်ချခဲ့ရတဲ့အတွက် ဗိုင်းရပ်စ်ပိုးက တစ်လအတွင်းမှာပဲ တစ်ကမ္ဘာလုံးကို လှည်းကျင်းသုတ်သင်သွားခဲ့တယ်....

ရောဂါကူးစက်မှု ကာလပြီးဆုံးသွားချိန်မှာ သွေးအမျိုးစား A နဲ့ O သမားတွေမှာ ​သန်မာတဲ့ ကိုယ်ခံအားတွေကျန်ရှိနေသေးပြီး B သမားတွေမှာ​တော့ ကိုယ်ခံစွမ်းအားထိုက်သင့်သလောက်တော့ ကျန်ရှိနေခဲ့တယ်.....ကျန်တဲ့ သွေးအမျိုးအစားပိုင်ရှင်တွေမှာတော့ ခုခံအားကုန်ခမ်းကုန်ကြပြီ......

AB သွေးအမျိုးအစားပိုင်ရှင်တွေနဲ့ အထူးသွေးအမျိုးအစားပိုင်ရှင်တွေ အများအပြားသေဆုံးကုန်ပြီး c20 ကူးစက်ခံရ​ခြင်းကြောင့် ပျက်စီးနေတဲ့ ကမ္ဘာပေါ်မှာ သွေးအုပ်စု သုံးစုသာ ကျန်ရစ်ခဲ့တယ်.....

သန္ဓေပြောင်းဗိုင်းရပ်စ်ကြောင့် လူသားတွေဆီမှာ သွားအစွယ်တွေ ပေါက်လာကြတဲ့ အပြင် estrus ကဲ့သို့သော တိရိစ္ဆာန်မျိုးရိုးဗီဇလဏ္ခာတွေပါ စတင်လာခဲ့တယ်......

[TN: estrus: ABO novel တွေထဲမှာဆို heat ဖြစ်တဲ့ ကာလကိုပြောတာပါ...]

လက်ရှိအချိန်ထိ ခရိုမိုဆုန်း​တွေကို သုံးပြီး
လိင်အမျိုးစားခွဲခြားနေသေးပေမယ့် c20 ဗိုင်းရပ်စ်ရဲ့ ဆင့်ကဲဖြစ်စဉ်အောက်မှာ ABO Gender system ပါ အခြေတည်လာခဲ့တယ်......

မူရင်းသွေးအုပ်စုကို အမှီတည်ပြီး ကျန်ရစ်ခဲ့တဲ့ သွေးအုပ်စု သုံးစုကို  Alpha Beta Omeag အဖြစ် အမည်ပေးခဲ့ကြတယ်.....

ငါ့ရဲ့ ခရိုမိုဆုန်းတွေက ငါ့ကို male gender ဖြစ်ကြောင်း ပြသနေတယ်....ငါ့မှာ ယောက်ကျားတစ်ယောက်ရဲ့ လိင်အဂါ အပြည့်အစုံရှိနေပေမယ့် ခန္ဓာကို ယ်ထဲမှာတော့ သားအိမ်တစ်ခုရှိနေပြန်တယ်.....

ငါ့သွေးအမျိုးစားက B.... ဒါ့ကြောင့် ငါ့ကို ဆရာဝန်က ယောက်ကျားလေး Beta အဖြစ် သတ်မှတ်လိုက်ပေးလိုက်တယ်.....

ဒီသတ်မှတ်ချက်ကြီးက မစ္စနင်းကို အများကြီး လှုံ့ဆော်နိုင်ခဲ့တယ်...သွေးအမျိုးအစားက ငါ့နဲ့ ငါ့အမေရဲ့  လူမှုအဆင့်အတန်းကို သတ်မှတ်ပေးလိုက်တာပဲ မဟုတ်လား......

သန္ဓေပြောင်းဗိုင်းရပ်စ်ကြောင့် Beta ဆိုရင် ကျားမမရွေး ကိုယ်ဝန်ဆောင်နိင်ကြတယ်...ဒါပေမယ့် အကန့်အသတ်တော့ရှိတယ်...တစ်ကြိမ် ကိုယ်ဝန်ဆောင်ပြီးတာနဲ့ သားအိမ်က ပူပေါင်းတစ်ခုလို ကွဲထွက်သွားမှာပါ.....ဒါ့ကြောင့် Beta တွေရဲ့ တစ်သက်တာမှာ မိခင်ဖြစ်ခွင့် တစ်ကြိမ်စီပဲရှိကြတယ်....

ငါ့အဖေက လူချမ်းသာ Alpha လို့တော့ ပြောသံကြားဖူးတယ်.....အမွေဆက်ခံခွင့် ဉပဒေတွေအရဆို ငါက Blood type လေးခုထဲကတစ်ခုခုဖြစ်မှရမှာ....

အဲ့တုန်းက ငါ့အမေနဲ့ ငါ့အဖေကြားမှာ သဘောတူထားတဲ့ အချက်တစ်ခုရှိခဲ့တယ်....Alpha ဒါမှမဟုတ် Omega တစ်ယောက်ယောက် မွေးလာမှ အိမ်တံခါးကို ဖြတ်သန်းခွင့်ရမယ်တဲ့......

ငါ့အမေက သူရဲ့တစ်ကြိမ်တည်းသောကလေးမွေးခွင့်ကို သူ့ရဲ့ အနာဂတ်နဲ့ လောင်ကြေးထပ်ပြီး အဖိုးတန်သားလေးတစ်ယောက် မွေးချင်ခဲ့တာလေ.....

ဒါပေမယ့် ငါက အသုံးမကျတဲ့သူဖြစ်နေတာကြောင့် ငါ့အမေ ရှုံးသွားခဲ့တယ်...

ဖြစ်န်ိုင်ချေ 25 % ပဲ ရှိခဲ့တာ..... AB သွေးအမျိုးအစားသာမွေးခဲ့ရင် သေပြီပဲ.....ငါဆိုတဲ့ကောင်က ငါ့အမေ မလိုချင်ခဲ့တဲ့ ကလေးတစ်ယောက်ပါ.....

အရာအားလုံးမှာ မထီမဲ့မြင်အလုပ်ခံရတဲ့ အကြောင်းတရားကွင်းဆက်တွေ ရှိနေဆဲပါပဲ....

ABO Blood typeတွေထဲမှာဆို ယောက်ကျားလေး Beta တွေက ရွက်ကြမ်းရေကြို သာမာန်ဆန်တာကြောင့် ဘောင်မဝင်တန်းမဝင်သမားတွေအဖြစ် အနှိမ်ခံကြရတယ်.....

အမေ့မှာ ငါ့ကို မုန်းဖို့ အကြောင်းပြချက်ရှိတယ်....

ဒါပေမယ့် အမေငါ့ကို မုန်းမှာ မဟုတ်ဘူးလို့ဘဲအမြဲတွေးခဲ့တယ်.....

ငါက သိပ်ကို နုံအပါတယ်......

"နောက်တစ်ခေါက်လောက်ထပ်ပြောပါဉီး....ကျွန်တော်... နားမလည်လိုက်လို့...."

ငါ တအံတသြနဲ့အမေ့ကို ​​မော့ကြည့်လိုက်တော့ ​လက်ထဲက ငွေဇွန်းလေးတောင် ကော်ဖီခွက်ထဲကို ပြုတ်ကျသွားတယ်....နင်းရှီကတော့ ငါ့ကို ခပ်အေးအေးကြည့်ပြီး ငါမေးတာကို ပြန်ဖြေပေးတယ်...

"စုန်ပိုင်လောင်နဲ့ လက်ထပ်ရမယ်..."

ငါ အမေ့ကို ဗြောင်ကျကျ စိုက်ကြည့်နေမိပြီး အချိန်တော်တော်ကြာတဲ့ အထိမတုံ့ပြန်နိုင်သေးဘူး....

"ဆယ်သန်း..."

ဒါနဲ့ပတ်သတ်ပြီး တစ်စုံတစ်ရာအမှားအယွင်းမရှိဘူးလို့ ငါ့အမေ ထင်နေပုံရတယ်....

"စျေးနှုန်းက ညှိလို့ရတယ်...."

ငါ ပါးစပ်ဖွင့်လိုက်ပေမယ့် စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ဘူး....နှစ်ပေါင်းများစွာ အဆက်သွယ်ဖြတ်ထားပြီးမှ တွေ့​ကြဖို့ ပြောလာတော့ ပုံမှန် သားအမိတွေ တွေ့ကြသလိုပဲလို့ ထင်ထားခဲ့မိတာ.....ငါ့ကို အခုလို အမိဖမ်းဖို့ ရောက်လာမှန်း မသိခဲ့ဘူး.....

နောက်ဆုံးတော့လဲ ငါတွေးထားသလို ဖြစ်မလာခဲ့ပါဘူး...ပါးစပ်ဟလိုက်တာနဲ့ လက်ထပ်ဖို့ စပြောတော့တာပဲ...ပြီးတော့ လက်ထပ်ရမယ့်သူက စုန်ပိုင်လောင်......

"စျေးနှုန်းအကြောင်းလဲ မမေးဘူး...စိတ်လဲ မဝင်စားဘူး....တစ်ခြားတစ်ယောက်သာ သွားရှာလိုက်တော့..."

ငါ့ဘက်က ထပြန်ဖို့ပြင်တော့ အမေက.....

"ကလေးအကြောင်း မှတ်မိသေးလား... နင် သူ့ကို လက်ထပ်လိုက်...ကလေးရှိတဲ့နေရာကို ပြောပြမယ်..."

အမေ့စကားကြောင့် ငါ့တစ်ကိုယ်လုံးအေးခဲသွားသလိုခံစားလိုက်ရတယ်....ငါဘယ်လိုပဲ ပြိုလဲနေပါစေ ငါ့သားလေး မော့ရော့မု ကို ဘယ်မေ့နိုင်ပါ့မလဲ....လွန်ခဲ့တဲ့ ခုနှစ်လုံးလုံး အတိတ်ကာလရဲ့ မှတ်ဉာဏ်တွေ မှုန်ဝါးနေခဲ့တယ်....ရေချိုးရင်းနဲ့တောာင် ငါ့ခန္ဓာကိုယ်ကို  ပြန်မကြည့်ရဲခဲ့ဘူး....အမေ့ရဲ့စကားတစ်ခွန်းကြောင့် ငါကြိုးစားခဲ့သမျှ အကုန် အချည်းအနှီးပဲ.....

အမေကလေ တစ်ဖက်သားရဲ့အားနည်းချက်ကို ဘယ်လို အပိုင်ကိုင်ပြီးနာကျင်အောင် လုပ်ရမလဲ တော်တော်သိတာပဲ.....

သားအမိနှစ်ယောက်စလုံး  မတိုးသာမဆုတ်သာ အခြေနေမှာ ပိတ်မိနေတာကြောင့် ငါ ပြန်ထိုင်နေလိုက်တယ်...

ငါ အမေ့နားကို ကပ်လိုက်ပြီး...

"အမေ...အမေ ရှင်းအောင်ပြော....ဘယ် ကလေးလဲ?  "

"  ဘယ် ကလေးဖြစ်ရမှာလဲ ?"

နင်းရှီ( နင်းယွီ့ရဲ့ အမေ )က အောင်နိုင်သူအပြုံးမျိုးနဲ့ပြုံးပြီ ဆက်ပြောတယ်...

"လွန်ခဲ့တဲ့ ခုနှစ်နှစ်က နင် ကိုယ်ဝန်ဆောင်ခဲ့တဲ့
ဟိုအရိုင်းစိုင်းကောင်ရဲ့ မျိုးစေ့...."

အမေပြောလိုက်တဲ့ စကားတွေက ငါ့နှလုံးသားရဲ့အနက်ရှိုင်းမှာရှိတဲ့ ဒဏ်ရာကို အစိမ်းလိုက် ဆွဲဆုတ်နေသလိုပါပဲ.....စကားလုံးတစ်လုံးချင်းစီတိုင်းက အသွေးအသားတွေကို ခမ်း​ခြောက်သွားစေနိုင်
တဲ့အပြင် နှလုံးခုန်သံအချက်တိုင်းမှာ ပြောမပြတတ်လောက်အောင် နာကျင်နေရတယ်......

မုသားအရိပ်အယောင်တွေကို ရှာဖွေဖို့ သူ့မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်....တစ်ဖက်သားရဲ့ စိတ်နှလုံးသားကို လှည့်ဖျားဖို့ဆို မစ္စနင်းက သိပ်သရုပ်ဆောင်ကောင်းတာပဲ...ငါ လွယ်လွယ်နဲ့ယုံလိုက်လို့မဖြစ်ဘူး......

"မဖြစ်နိုင်ဘူး....."

မသိစိတ်ကြောင့် ဗိုက်ကို ဖိလိုက်မိတယ်.... ချုပ်ရိုးကြောင်း​အမာရွတ်က အခုချက်ချင်း ချုပ်ရိုးပြေပြီး သွေးတွေထွက်လာတော့မလို ပူလောင်နာကျင်လာတယ်....

လွန်ခဲ့တဲ့ ခုနှစ်နှစ်က ငါ့မှာ ကလေးရှိခဲ့တယ်....ငါ့ခန္ဓာကိုယ်ထဲကလေ ထွက်သွားတုန်းက ငါးလသားအရွယ်လေးပဲ ရှိသေးတာ.....

လက်ရှိ ဆေးပညာ level အရဆို ငါးလသားအရွယ်နဲ့ မွေးတဲ့ ကလေး​က ဘယ်နည်းနဲ့မှ အသက်မရှင်နိူင်ပေမယ့် လမစေ့ဘဲ မွေးတာကြောင့် ငါ့ကို ထားမသွားခဲ့ဘူး....ဒါကို ငါရော နင်းရှီရော ရှင်းရှင်းကြီးသိတယ်....

"မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး...."

နင်းရှိီက နှုတ်ခမ်းကို မဲ့လိုက်ပြီး....

"အဲ့တုန်းက ငါသူ့ကို ​ထားပစ်ခဲ့တာ...နင်သူ့ကို တွေ့ချင်တယ်ဆို ငါပြောတဲ့အတိုင်းလုပ်....မတွေ့ချင်ဘူးဆိုလဲ ငါအခုပြောခဲ့တာတွေကို မသိချင်ယောင်ဆောင်နေလိုက်တော့.....အ​​ခြေနေပေါ်မူတည်ပြီးသက်သက်စီဆွေးနွေးကြတာပေါ့...."

ဒီလို​ပြောပုံအရတော့ ငါ့ကလေးအတွက် ငါမလှုပ်ရှားရင်တောင် တခြားနည်းလမ်းနဲ့ ငါခေါင်းညိတ်လာတဲ့အထိကြိုးစားတော့မယ်ပုံပဲ.....

ငါ့ကို ဒီလိုနည်းနဲ့ ခြိမ်း​ခြောက်နေတယ်.....သူပြောတဲ့စကားတွေ မှန်သလားမှားသလား ငါမသိဘူး.....ငါသာ ရက်စက်တတ်မယ်ဆို ဒီနေရာကနေ ချက်ချင်း ထပြန်သင့်နေပြီ.....

ဒါပေမယ့် သူ ငါ့အကြောင်းကောင်းကောင်းသိတယ်...ဘယ်အချက်ကိုနင်းရင် ငါနဲ့အပေးအယူလုပ်လို့ရမလဲဆိုတာလဲ သူ ကောင်းကောင်းကြီးသိနေတယ်.....

အလိမ္မာနည်းသုံးပြီး သားဖြစ်သူကိို ထောင်ချောက်ဆင်နေတယ်....သူငါ့ကို ရန်သူတစ်ယောက်လို သဘောထားနေမှန်း ရှင်းနေပြီပဲ.....

ငါ အသက်ပြင်းပြင်းရှူလိုက်တယ်....ငါ့သံတွေတုန်နေပြီ....

"ကျွန်တော်က အမေ့သားပါ....ခုနှစ်နှစ်လောက် မတွေ့ဖြစ်တာတောင် တွေ့တွေ့ချင်း ပြောတဲ့စကားကဒီစကားတွေတဲ့လား.??"

သူငါ့ကို ခဏလောက် အသံတိတ်ပြီးကြည့်နေတယ်...ခဏကြာတော့ မျက်လုံးတွေ မှေးကျဉ်းသွားတဲ့အထိပြုံးပြနေပြန်တယ်.....

"ဒီလို အဖွင့်စကားမျိုးတွေမကြိုက်ဘူးဆိုလဲ ကျော်လိုက်တော့....အဆင်ပြေရဲ့လား? "

တကယ်ဆိုငါလဲ ဒီလိုအဖွင့်စကားမျိုးတွေ မကြိုက်ပါဘူး.....

အားတင်းပြီး ရယ်မောလိုက်တာပေါ့.....

"ပြေပါတယ် "

"ဟုတ်လား...?"

သူ့မျက်နှာပေါ်မှာ ညစ်ကျယ်ကျယ်အရိပ်အယောင်တွေမြင်နေရတယ်....

"နင့်ရဲ့ Baker လိုင်စင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက အသိမ်းခံလိုက်ရတယ်ဆို...အဆင်ပြေတယ်ဆိုတာ ဒါလား..."

သူက ခေါတ်စားနေတဲ့ အလန်းအစားအဝတ်တွေဝတ်ထားတယ်.....ဆံပင်ရှည်တွေကိုလဲ ခပ်မြင့်မြင့်စည်းနှောင်ထားတယ်....လည်တိုင်ဖွေးဖွေးမှာ စိန်တုံးအကြီးကြီးကို ကျိုးပဲ့နေတဲ့စိန်သားတွေ ဝန်းရံထားတဲ့ စိန်ဘယက်တစ်ခုလဲ ဆင်မြန်းထားတယ်.....

တခြားလူတွေ သတိပြုမိအောင် ဘယက်ကို လက်နဲ့ ခဏခဏ ထိပြနေတယ်....သူ့လည်ပင်းကို သေချာကြည့်လိုက်မယ်ဆို ကြောက်စရာကောင်းတဲ့ ကိုက်ရာကြီးတစ်ခုမြင်ရလိမ့်မယ်.....

Omega တစ်ယောက်လို ဟန်ဆောင်ဖို့အတွက်အချိန်ကုန်ငွေကုန်ခံပြီး စွမ်းအင်တွေကို အချည်းနှိးဖြုန်းတီးပစ်နေတယ်....ဒါပေမယ့် သူသိပ်ပြီးဂရုစိုက်တဲ့ အထက်တန်းစားအသိုင်းအဝိုင်းက Alpha တွေ Omeag တွေကတော့ အနံ့ခံအာရုံသိပ်ကောင်းတဲ့အတွက် သူ့လှည့်ဖျားမှုတွေထဲ သက်ဆင်းလိမ့်မည်မဟုတ်....

သူနဲ့ စကားပြောချင်ယောင်ဆောင်မယ်...ပြီးရင် တစ်ဖက်လှည့်ပြီး ရယ်မောကြမယ်...ဒီလောက်ပါပဲ...

ဒါပေမယ့် Omega တွေရဲ့ မြင့်မြတ်တဲ့လေသံမျိုးတော့ သင်ယူနိူင်ခဲ့တယ်....

"ကျွန်တော့်အကြောင်း စုံစမ်းထားတာလား.."

ဒီစကားဝိုင်းရဲ့ တင်းမာတဲ့ လေထုက ငါတို့နှစ်ယောက်စလုံးကို တစ်ပြိုင်တည်း ရယ်မောစေခဲ့တယ်....

"နင် တခြား Omega တစ်ယောက်ရဲ့ လက်ရာကို ပုံတူးကူးခဲ့လို့ နိုင်ငံတကာ ကိတ်မုန့်ပြိုင်ပွဲမှာ လက်မှတ်ပြန်သိမ်းခံရတာလေ...ဒါမျိုးကို အထွေအထူးလုပ်ပြီးစုံစမ်းနေစရာလိုသေးလို့လား....နင် ပြင်သစ်ကနေ ခွေးတစ်ကောင်လို ​အမြှီးကုပ်ပြီးပြန်လာရတုန်းကကျူးလင်း ငါ့ကို ခွင့်ပေးပြီး နင့်ကို ဂရုစိုက်ပေးဖို့ လာပြောသေးတယ်....နင့်ကျေးဇူးနဲ့ ငါ့မှာ ကျုးမိသားစုကြားမှာ ခေါင်းမမော့ရဲအောင် မျက်နှာပျက်ခဲ့ရတာ...."

"ကျွန်တော် ခိုးချခဲ့တာမဟုတ်ပါဘူး...ကျွန်တော်..."

" အဲ့တော့  ဘာဖြစ်လဲ? "

သူက လှောင်ပြောင်မှုနဲ့ ငါ့ကို နှောက်ယှက်တယ်....

"ဖြစ်စဉ်အကြောင်းကို ဘယ်သူမှ စိတ်မဝင်စားဘူး ...လူကြီးတွေက ရလဒ်ကိုပဲ ကြည့်တာ...နင်းယွီ့ နင့်ကို ကျွေးမွေးစောင့်ရှောက်ဖို့ ငါ့မှာ ကြိုးစားလိုက်ရတာ....နင့်ကိုယ်နင် ပြန်မေးကြည့်လိုက်စမ်း နင်ကရောဘာအမှားမှမလုပ်ခဲ့ဖူးဘူးလား....Beta ဖြစ်နေတာတောင် နင့်ကို ကောင်းကောင်းကျွေးမွေးခဲ့တယ်...ကျောင်းကောင်းကောင်းမှာထားပေးတယ်..ဆရာကောင်းကောင်းငှားပေးတယ်...ပေါက်လွတ်ပဲစားနဲ့ ဗိုက်ကြီးလာတာတောင် နင့်ဖင်ကို လိုက်သုတ်ပေးခဲ့သေးတယ်...နင်ဘာတွေကိုများမကျေမနပ်ဖြစ်နေတာလဲ...."

နောက်ဆုံးသောစကားတစ်ခွန်းကြောင့် ငါ့ရဲ့နားတွေအူလာခဲ့တယ်...အတွင်းကလီစာတွေ လှုပ်ယမ်းကုန်ပြီးပျို့တက်လာသလိုပဲ.....

မှတ်ဉာဏ်အပိုင်းအစတွေ စိတ်ထဲမှာ တရိပ်ရိပ်ပေါ်ထွက်လာတယ်.....

သူ နေ့တိုင်းလှလှပပ ဝတ်စားပြီး Alphaတွေ တစ်ယောက်ပြီးတစ်ယောက်နဲ့ နေ့တိုင်းအပြင်ထွက်တယ်...မူးရူးပြီးပြန်လာရင် ဘာလို့ Beta ရတာလဲဆိုပြီး ငါ့ကို ဆေးလိပ်မီးနဲ့ထိုးတယ်....ကျူးလင်းရှေ့ကို ဆွဲခေါ်သွားပြီး အစ်ကို လို့ ​ခေါ်ခိုင်းခဲ့တယ်....ငါ့မျက်နှာကို ပိုက်ဆံနဲ့ ပစ်ပေါက်ပြီး ဝေးနိုင်သမျှဝေးရာကို ထွက်သွားဖို့ ပြောဖူးတယ်...

အခုတော့မေးနေပြီ....ငါဘာတွေမကျေမနပ်ဖြစ်နေတာလဲတဲ့......

"ဟင့်အင်း....ကျွန်တော့်မှာ အထွန့်တက်စရာမရှိပါဘူး...."

လက်သည်းတွေ လက်ဖဝါးထဲ စိုက်ဝင်တော့မတတ် လက်သီးဆုပ်ထားမိတယ်.....

"ကျွန်တော့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်...."

"မကျေမနပ်မဖြစ်ဘူးဆိုပြီး ငါ့ကို မျက်နှာတောင်လာမပြဘူးပေါ့..."

နင်းရှီ ထိုင်ခုံပေါ်မှီချလိုက်ပြီး ဒီနေ့အတွက် လာရင်းကိစ္စကို စကားပြန်ဆက်တယ်....

"ငါ နင့်ကို အစွမ်းကုန်သုံးပြီး ပြုစုပျိုးထောင်ခဲ့ပြီးပြီ....ဒီနေ့ အဲ့အကြွေးတွေပြန်ဆပ်တော့....စုန်ပိုင်လောင်နဲ့ လက်ထပ်မယ်ဆို လက်ဖွဲ့ငွေ သန်းနှစ်ဆယ်ပေးမယ်...ဒါ့အပြင် ကလေး ဘယ်မှာရှိလဲပါပြောပြမယ်... ဘယ်လိုလဲ..."

ငယ်ဘဝကို ပြန်ရောက်သွားသလိုပဲ....လူကြားထဲရောက်ရင် သူ့ကို " မစ္စ "လို့ပဲ ​ခေါ်ခိုင်းတယ်...ပြီးရင် အဲ့အတွက် ငါ့ကို သကြားလုံးတွေ ကျွေးပြီး ဆုချတယ်...စိတ်မပါပေမယ့်လဲ ချိုမြိန်တဲ့အရသာအတွက် သူခိုင်းတဲ့ အတိုင်း လုပ်ခဲ့တာရတာပဲ....သူက Candy master တစ်ယောက်ဖြစ်သလို ငါ့ကို ဘယ်လိုထိန်းချုပ်ရမလဲ ကောင်းကောင်းသိတဲ့သူပါ.....

နင်းရှီရဲ့ Candy cane လေးပျောက်ဆုံးသွားပြီ...ဒါ့ကြောင့် ငါသူ့ကို ထပ်ပြီး ခယနေစရာမလိုတော့ဘူးလို့ တွေးခဲ့ဖူးတယ်.....

အချိန်တွေကုန်လွန်လာပေမယ့်လဲ ဘာမှမပြောင်းလဲသေးပါဘူး......

"ကလေးနဲ့ ပတ်သတ်ပြီး ဘာသဲလွန်စမှမရှိဘဲ မစ္စကို ကျွန်တော် ဘယ်လိုယုံရမလဲ ??"

သူက ခပ်ထေ့ထေ့ပြုံးပြီး အိတ်ထဲကနေ ဖုန်းကို ထုတ်ပြီး ငါ့ရှေ့ကို ထိုးပေးတယ်....ဖုန်း Screen ပေါ်မှာ ခုနှနှစ် ရှစ်နှစ်အရွယ် ကလေးတစ်ယောက်ပုံကို မြင်လိုက်ရတယ်....ငါ စိတ်လှုပ်ရှားပြီး ဖုန်းကို လှမ်းဆွဲလိုက်တော့ သူကလဲ ဖုန်းကို သူ့ဘက်ပြန်ဆွဲယူသွားတယ်....

သူ ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်ပြီ....

"နှစ်ဝက်လောက်ပဲ...နှစ်ဝက်လောက်ဆို ငါ သူကို့ နင့်ဆီခေါ်လာပေးမယ်....Beta ဖြစ်တဲ့ နင်က Alpha တစ်ယောက်ကိုယူရလို့ ဘာများနစ်နာစရာရှိလို့လဲ.....ဘာနစ်နာစရာမှမရှိတဲ့ မဂ်လာပွဲပဲလေ...ပိုက်ဆံလဲရမယ်..နာမည်လဲကြီးလာဉီးမယ့်အပြင် နင့်သားနဲ့လဲ ပြန်တွေ့ခွင့်ရပြီ.....နင်းယွီ့ရေ...ငါသာနင့်နေရာမှာဆို လွန်ခဲ့တဲ့ နာရီဝက်လောက် ကတည်းက ခေါင်းညိတ်ပြီးနေပြီ...."

လက်ဖဝါးမှာလဲ ချွေးစေးတွေပြန်နေပြီ...ကလေးရဲ့ ဓာတ်ပုံလေးကိုတွေးမိတော့ ငါ နှုတ်ခမ်းကိုက်ထားမိလိုက်တယ်...သဲသဲကွဲကွဲ မမြင်လိုက်ရပေမယ့် ချောမယ့်လှမယ့်ပုံပဲ....ဖြစ်န်ိူင်ပါ့မလား...နင်းရှီက အပေးယူတည့်ပြီးမှ ကလေးကို ခေါ်လာမပေးရင်ရော...

ရှေ့မှာရှိတဲ့ ကော်ဖီအေးကို တစ်ငုံလောက်သောက်ပြီး စိတ်ငြိမ်အောင် ထိန်းလို​က်တယ်....

"ဘာဖြစ်လို့ ကျွန်တော်လဲ....ကျူးလင်းကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်သင့်တာလေ.. "

လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက နင်းရှီနဲ့ အတူ ကျူးမိသားစုကို လိုက်သွားခဲ့ရတယ်....ကျူးလင်းကို စစတွေ့ချင်းတုန်းကဆို နတ်သားလေးလို့ထင်ခဲ့မိတာ...ငါတွေ့ဖူးသမျှ Omega ထဲမှာ ကျူးလင်းက အလှဆုံး Omega ပဲ......

ကျူးမိသားစုရဲ့ အလေးထားရတဲ့ သားမက်ကလဲ Omega တစ်ယောက်ပဲလေ....အဲ့တာနဲ့များဘာလို့ ဝေးဝေးလံလံက ငါ့ကို လာရွေးရတာလဲ....ကြည့်ရတာ ကျောင်းတုန်းက ပြသာနာတွေကြောင့် စုန်ပိုင်လောင် ကျုးလင်းကို လက်မထပ်ချင်တာများလား....

ဒီလိုသာဆို ငါ့ကို ကိုပြီး အထင်သေးနေတော့မှာပဲ....နောက်ဆုံးတော့လဲ သူနဲ့ငါ့ရဲ့ relationship ကပိုပြီး ကြီးမားလာပြီပဲ....

" ကျူးလင်း? ??"

နင်းရှီရဲ့ အမူအရာတွေ အကျည်းတန်လာတယ်...ပြီးတာနဲ့ နီနီရဲရဲ နှုတ်ခမ်းဖျားကနေ စိတ်မကူးရဲလောက်တဲ့ မကြားဝံ့မနာသာစကားတွေ ထွက်ကျလာပါလေရော.....

"ရှမိသားစုနဲ့ လက်ထက်ပေးဖို့ ပြောပြီးဆိုပြီးတော့ အဲ့အပျက်ကောင်က Bar မှာ အောင်ပွဲသွားခံတယ်​လေ....အဲ့မှာ Heat တက်ပြီး အိမ်သာထဲမှာ alpha တစ်ကောင်နဲ့ ဖြစ်ချင်တိုင်းဖြစ်ခဲ့တာပေါ့...သူ့ဘယ်လောက်ပဲ ဟန်ဆောင်ပန်ဆောင် လုပ်လုပ် အပျက်ကောင်က အပျက်ကောင်ပဲ..."

ငါ ကျုးမိသားစုနဲ့ ဝေးနေတဲ့ကာလတွေမှာ သူတို့နှစ်ယောက်ရဲ့ ရန်ပွဲတွေ ပြင်းထန်နေတုန်းပဲ ထင်ပါရဲ့ .....ထက်မြက်လှပတဲ့ ကျူးလင်းလို Omega မျိုးကတော့ ဒီလို အဆင့်မရှိတဲ့အမှားမျိုးလုပ်ခဲ့တယ်ဆိုတာ တွေးကြည့်လို့တောင်မရဘူး......

"ဒါပေမယ့် ကျွန်တော့်မျိုးရိုးက ကျုးမျိုးရိုးမှ မဟုတ်တာ......."

နင်းရှီ မကျေမနပ်နဲ့ပြန်ဖြေတယ်....

"စုန်ပိုင်လောင်ကလဲ ရှမျိုးရိုးမဟုတ်ဘူး...."

"သူက ရှမျိုးရိုးရဲ့ မယားပါသား.....ကျွန်တော့်လို​မဟုတ်ဘူး...."

နင်းရှီက ရုပ်ချောအပြောကောင်းပြီး အထက်တန်းလွှာမှာဝင်ဆန့်တယ်.....ကျူးယွန်ရှန်းရဲ့အိမ်ပေါ်တက်ဖ်ို့ နည်းလမ်းရှာခဲ့ပေမယ့် ကျုးယွန်ရှန်းကလဲ တခြားသော Alpha တွေလိုပဲ လိုချင်တာပေးမယ် တရားဝင်တော့မယူနိုင်ဘူးဆိုတဲ့လူစားမျိုး...ဒါ့ကြောင့် နင်းရှီက ခေါင်းစဉ်မရှိတဲ့ အပျော်ရည်းစားဘဝနဲ့သာ နာမည်ကြီးနေရတာ....

ရည်းစားရဲ့သားက ကျိုးမိသားစုကိုယ်စားလက်ထပ်ရတော့မယ်....

နင်းရှီက လည်ပင်းက စိန်ဘယက်ကို ခပ်ဖွဖွပွတ်သပ်ပြီးပြုံးပြနေတယ်....

"နင်သာ သေဘာတူမယ်ဆို ယွင်ရှန်းငါ့ကို လက်ထပ်မယ်တဲ့...."

ငါနားလည်လိုက်ပြီ....ချမ်းသာတဲ့မိသားစုထဲဝင်ရဖို့ငါက သူ့အတွက် passport တစ်ခုပဲလေ.....

အင်းလေ...ဆယ်နှစ်ကျော်လောက်နေခဲ့ပြီး ကျားကုပ်ကျားခဲကြိုးစားခဲ့ရတာပဲလေ...ဒါမျိုးအခွင့်ရေးကို ဘယ်လက်လွှတ်နိူင်ပါ့မလဲ.....သူ လက်ထပ်နိုင်ဖို့အတွက်ဆို ဘာမဆိုလုပ်မယ့်ပုံပဲ ဒါ့ကြောင့်လဲ
မက်လုံးတွေပေးပြီး လာစည်းရုံးနေတာပေါ့....

"ကျွန်တော့်ဘက်က သဘောမတူဘူးဆို ဘာလုပ်မလဲ..."

နင်းရှီက မျက်ခုံးပင့်ပြီးပြုံးပြနေတယ်.....

"နင်းယွီ့ နင့်ဘက်က ဒီလိုမေးလာမှတော့ ငါလဲ ကွေ့ဝှိုက်နေစရာမလိုတော့ဘူးပေါ့...နင့်ကြောင့် ငါ့မှာ အခွင့်ကောင်းတွေ အကုန်ဆုံးရှုံးခဲ့ရပြီးပြီ....ဒီတစ်ခါ ပေကပ်ကပ်ထပ်လုပ်နေဉီးမယ်ဆို ငါ့ကိုလဲ ရက်စက်လှချည်ရဲ့လို့ မပြစ်လာမတင်နဲ့...နင်ရော နင့်သားကိုပါ ငါဘာတွေလုပ်ပစ်နိုင်မှန်း နင်မသိသေးပါဘူး....."

"သူ့...သူ့ကိုတော့ မထိပါနဲ့...."

ဆယ်မိနစ်အတွင်းမှာ ကလေးနဲ့ပတ်သတ်တဲ့ သူ့စကားတွေကို ငါ ယုံလိုက်ပါပြီ.....

ငါ ကြောက်တယ်..ခုနှနှစ်လုံးလုံး နင်းရှီ သားလေးကိုကောင်းကောင်းဆက်ဆံပေးရဲ့လား....အနာဂတ်မှာ ငါ့သား​လေး ငါ့လိုဖြစ်သွားမှာ ငါအရမ်းစိုးရိမ်တယ်.....

"ဒါပေါ့...ငါလဲ ဘယ်လုပ်ချင်ပါ့မလဲ..."

ငါမျက်နှာပျက်နေတာကြောင့် နင်းရှီရဲ့ လေသံတွေ ပျော့ပျောင်းလာတယ်.....

"စုန်ပိုင်လောင်က ဘာဖြစ်နေလို့လဲ...နင် beta ဖြစ်နေတာတောင် ဟိုက စိတ်ထဲထားတာမဟုတ်ဘူး....Omega တွေအများကြီးကြားကနေ နင် သူ့ကို လက်ထပ်နိုင်တာလေ...ကိုယ့်ကိုကိုယ် ကံကောင်းမှန်းလဲ မသိ ဝမ်းသားရကောင်းမှန်းလဲ မသိနဲ့...."

ရင်တစ်ခုလုံးပေါက်ကွဲတော့မတတ် နှလုံးခုန်းနှုန်းတွေ ပြင်းထန်လာတာကြောင့် လက်သီးဆုပ်ထားလိုက်မိတယ် ......

"သူ ကျွန်တော့်ကို လက်ထပ်မှာမဟုတ်ဘူး...."

"ဒါပေမယ့် သူ့ဘက်က သဘောတူထားတယ်ဟဲ့..."

ငါ မျက်လုံးအပြူးသားနဲ့ ကြောင်အနေမိတော့တယ်.....

Zawgyi

ဒီအတိုင္းဆက္သြားဖို႔ ဆႏၵမ႐ွိေတာ့တဲ့အတြက္ ကံတရားကို ပုန္ကန္ခဲ့ဖူးတယ္....သို႔ေပမယ့္ ေလာကႀကီးက ငါ့ကို ရဲဝံ့ဖို႔ ခြင့္မျပဳခဲ့ဘူး......

ငိုေႂကြးျခင္းက ေလာကထဲ ကေလးငယ္တစ္ေယာက္ ေရာက္႐ွိလာျခင္းကို ကိုယ္စားျပဳေပးတယ္.... နာမည္တစ္ခုမွည့္တြင္ျခင္းသည္က လူ႕ေလာကထဲကို ေရာက္လာျခင္းအတြက္ ပထမဆုံးေသာ လက္ေဆာင္တစ္ခု......

ေကာင္းမြန္တဲ့ ေတာင္းဆုဆႏၵေတြေၾကာင့္ျဖစ္လာရတဲ့  ပ်က္စီးျခင္းတစ္ခ်ိဳ႕႐ွိတယ္.....တစ္ခ်ိဳ႕က်ေတာ့ အံ့ၾသသင့္ဖြယ္ေကာင္းေလာက္ေအာင္ တန္ဖိုးမဲ့လြန္းေနျပန္တယ္....

ငါ့နာမည္က သိပ္ေတာ့ အေကာင္းႀကီးမဟုတ္ပါဘူး...နင္းယြီ႕........ယြီ႕ဘီေပလင္း....ယြီ႕ယြီ႕စုန္စုန္....ယြီ႕က်င္း႐ွန္း (က်ဴးလစ္ပန္း). ..အကုန္လုံး နာမည္ေကာင္းေတြခ်ည္းပဲ....

ငါစဥ္းစားၾကည့္ခဲ့ဖူးတယ္...မစၥနင္း ငါ့ကိုနာမည္ေပးတုန္းက စိတ္မၾကည္တဲ့အခ်ိန္မ်ား ျဖစ္ေနသလားလို႔.....

ေမြးစာရင္းထဲ ထည့္တုန္းက အဲ့နာမည္​ေတြ
အမ်ားႀကီး႐ွိတဲ့ၾကားက ႏွစ္စကၠန္႔ထက္ ပိုမစဥ္းစားဘဲ ေပးလိုက္တဲ့ နာမည္က " နင္းဝူဝူ "တို႔ " နင္းအမိႈက္ "တို႔ ျဖစ္မေနခဲ့တာ သိပ္ကံေကာင္းတယ္....ႏို႔မို႔သာဆို လူ႕အသိုင္းအဝိုင္းၾကားမွာ ခက္ခက္ခဲခဲ႐ွင္သန္ေနရေတာ့မွာ.....

ၿပီးေတာ့ အေမ ငါ့ကို အရမ္းမုန္းရတဲ့ အေၾကာင္းအရင္းကလဲ လြန္ခဲ့တဲ့ႏွစ္တစ္ရာေလာက္က အစျပဳခဲ့တာပါ.....

ေမ်ာက္ဝံေတြအျဖစ္ကေန အသိဉာဏ္႐ွိတဲ့ လူသားေတြအျဖစ္ ဆင့္ကဲ့ေျပာင္းလဲလာဖို႔ ႏွစ္သန္းေပါင္းမ်ားစြာ အခ်ိန္ၾကာျမင့္ခဲ့ေၾကာင္း ဒါဝင္ (Charles Darwin)  ဘယ္တုန္းကမွ စိတ္ကူးမယဥ္ခဲ့သင့္ဘူး....

လြန္ခဲ့တဲ့ႏွစ္တစ္ရာေလာက္က လူသားေတြရဲ႕ ဆင့္ကဲေျပာင္းလဲမႈလမ္းစဥ္ကို " c20 " ဗိုင္းရပ္စ္ပိုးက ဝင္ေရာက္ေႏွာက္ယွက္ေနခဲ့တယ္....လူသားေတြရဲ႕ စနစ္တက်ဆင့္ကဲေျပာင္းလဲမႈျဖစ္စဥ္ေၾကာင့္ " c20 " ပိုးက ႐ွင္းလင္းတဲ့လမ္းေၾကာင္းကေန ေသြဖယ္ၿပီး ဆိုးဝါးၾကမ္းတမ္းၿပီး အႏၲာရယ္မ်ားတဲ့လမ္းေၾကာင္းေပၚ ေရာက္သြားခဲ့ေလတယ္.....

" c20 " ဗိုင္းရပ္စ္က ခႏၶာကိုယ္ထဲမွာ ေကာင္းေကာင္းငုပ္လွ်ိဳးေနၿပီး ေဆးဝါးေတြကိုလဲ ခုခံႏိုင္တယ္....ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြရဲ႕ ေခါတ္မွီ ဓာတ္ခြဲခန္းေတြက သုေတသနပညာ႐ွင္ေတြေတာင္ ေျဖေဆး႐ွာဖို႔လက္မိႈင္ခ်ခဲ့ရတဲ့အတြက္ ဗိုင္းရပ္စ္ပိုးက တစ္လအတြင္းမွာပဲ တစ္ကမ႓ာလုံးကို လွည္းက်င္းသုတ္သင္သြားခဲ့တယ္....

ေရာဂါကူးစက္မႈ ကာလၿပီးဆုံးသြားခ်ိန္မွာ ေသြးအမ်ိဳးစား A နဲ႔ O သမားေတြမွာ ​သန္မာတဲ့ ကိုယ္ခံအားေတြက်န္႐ွိေနေသးၿပီး B သမားေတြမွာ​ေတာ့ ကိုယ္ခံစြမ္းအားထိုက္သင့္သေလာက္ေတာ့ က်န္႐ွိေနခဲ့တယ္.....က်န္တဲ့ ေသြးအမ်ိဳးအစားပိုင္႐ွင္ေတြမွာေတာ့ ခုခံအားကုန္ခမ္းကုန္ၾကၿပီ......

AB ေသြးအမ်ိဳးအစားပိုင္႐ွင္ေတြနဲ႔ အထူးေသြးအမ်ိဳးအစားပိုင္႐ွင္ေတြ အမ်ားအျပားေသဆုံးကုန္ၿပီး c20 ကူးစက္ခံရ​ျခင္းေၾကာင့္ ပ်က္စီးေနတဲ့ ကမ႓ာေပၚမွာ ေသြးအုပ္စု သုံးစုသာ က်န္ရစ္ခဲ့တယ္.....

သေႏၶေျပာင္းဗိုင္းရပ္စ္ေၾကာင့္ လူသားေတြဆီမွာ သြားအစြယ္ေတြ ေပါက္လာၾကတဲ့ အျပင္ estrus ကဲ့သို႔ေသာ တိရိစၧာန္မ်ိဳး႐ိုးဗီဇလဏၡာေတြပါ စတင္လာခဲ့တယ္......

[TN: estrus: ABO novel ေတြထဲမွာဆို heat ျဖစ္တဲ့ ကာလကိုေျပာတာပါ...]

လက္႐ွိအခ်ိန္ထိ ခ႐ိုမိုဆုန္း​ေတြကို သုံးၿပီး
လိင္အမ်ိဳးစားခြဲျခားေနေသးေပမယ့္ c20 ဗိုင္းရပ္စ္ရဲ႕ ဆင့္ကဲျဖစ္စဥ္ေအာက္မွာ ABO Gender system ပါ အေျခတည္လာခဲ့တယ္......

မူရင္းေသြးအုပ္စုကို အမွီတည္ၿပီး က်န္ရစ္ခဲ့တဲ့ ေသြးအုပ္စု သုံးစုကို  Alpha Beta Omeag အျဖစ္ အမည္ေပးခဲ့ၾကတယ္.....

ငါ့ရဲ႕ ခ႐ိုမိုဆုန္းေတြက ငါ့ကို male gender ျဖစ္ေၾကာင္း ျပသေနတယ္....ငါ့မွာ ေယာက္က်ားတစ္ေယာက္ရဲ႕ လိင္အဂါ အျပည့္အစုံ႐ွိေနေပမယ့္ ခႏၶာကို ယ္ထဲမွာေတာ့ သားအိမ္တစ္ခု႐ွိေနျပန္တယ္.....

ငါ့ေသြးအမ်ိဳးစားက B.... ဒါ့ေၾကာင့္ ငါ့ကို ဆရာဝန္က ေယာက္က်ားေလး Beta အျဖစ္ သတ္မွတ္လိုက္ေပးလိုက္တယ္.....

ဒီသတ္မွတ္ခ်က္ႀကီးက မစၥနင္းကို အမ်ားႀကီး လႈံ႕ေဆာ္ႏိုင္ခဲ့တယ္...ေသြးအမ်ိဳးအစားက ငါ့နဲ႔ ငါ့အေမရဲ႕  လူမႈအဆင့္အတန္းကို သတ္မွတ္ေပးလိုက္တာပဲ မဟုတ္လား......

သေႏၶေျပာင္းဗိုင္းရပ္စ္ေၾကာင့္ Beta ဆိုရင္ က်ားမမေ႐ြး ကိုယ္ဝန္ေဆာင္နိင္ၾကတယ္...ဒါေပမယ့္ အကန္႔အသတ္ေတာ့႐ွိတယ္...တစ္ႀကိမ္ ကိုယ္ဝန္ေဆာင္ၿပီးတာနဲ႔ သားအိမ္က ပူေပါင္းတစ္ခုလို ကြဲထြက္သြားမွာပါ.....ဒါ့ေၾကာင့္ Beta ေတြရဲ႕ တစ္သက္တာမွာ မိခင္ျဖစ္ခြင့္ တစ္ႀကိမ္စီပဲ႐ွိၾကတယ္....

ငါ့အေဖက လူခ်မ္းသာ Alpha လို႔ေတာ့ ေျပာသံၾကားဖူးတယ္.....အေမြဆက္ခံခြင့္ ဉပေဒေတြအရဆို ငါက Blood type ေလးခုထဲကတစ္ခုခုျဖစ္မွရမွာ....

အဲ့တုန္းက ငါ့အေမနဲ႔ ငါ့အေဖၾကားမွာ သေဘာတူထားတဲ့ အခ်က္တစ္ခု႐ွိခဲ့တယ္....Alpha ဒါမွမဟုတ္ Omega တစ္ေယာက္ေယာက္ ေမြးလာမွ အိမ္တံခါးကို ျဖတ္သန္းခြင့္ရမယ္တဲ့......

ငါ့အေမက သူရဲ႕တစ္ႀကိမ္တည္းေသာကေလးေမြးခြင့္ကို သူ႕ရဲ႕ အနာဂတ္နဲ႔ ေလာင္ေၾကးထပ္ၿပီး အဖိုးတန္သားေလးတစ္ေယာက္ ေမြးခ်င္ခဲ့တာေလ.....

ဒါေပမယ့္ ငါက အသုံးမက်တဲ့သူျဖစ္ေနတာေၾကာင့္ ငါ့အေမ ႐ႈံးသြားခဲ့တယ္...

ျဖစ္န္ိဳင္ေခ် 25 % ပဲ ႐ွိခဲ့တာ..... AB ေသြးအမ်ိဳးအစားသာေမြးခဲ့ရင္ ေသၿပီပဲ.....ငါဆိုတဲ့ေကာင္က ငါ့အေမ မလိုခ်င္ခဲ့တဲ့ ကေလးတစ္ေယာက္ပါ.....

အရာအားလုံးမွာ မထီမဲ့ျမင္အလုပ္ခံရတဲ့ အေၾကာင္းတရားကြင္းဆက္ေတြ ႐ွိေနဆဲပါပဲ....

ABO Blood typeေတြထဲမွာဆို ေယာက္က်ားေလး Beta ေတြက ႐ြက္ၾကမ္းေရႀကိဳ သာမာန္ဆန္တာေၾကာင့္ ေဘာင္မဝင္တန္းမဝင္သမားေတြအျဖစ္ အႏွိမ္ခံၾကရတယ္.....

အေမ့မွာ ငါ့ကို မုန္းဖို႔ အေၾကာင္းျပခ်က္႐ွိတယ္....

ဒါေပမယ့္ အေမငါ့ကို မုန္းမွာ မဟုတ္ဘူးလို႔ဘဲအၿမဲေတြးခဲ့တယ္.....

ငါက သိပ္ကို ႏုံအပါတယ္......

"ေနာက္တစ္ေခါက္ေလာက္ထပ္ေျပာပါဉီး....ကြၽန္ေတာ္... နားမလည္လိုက္လို႔...."

ငါ တအံတၾသနဲ႔အေမ့ကို ​​ေမာ့ၾကည့္လိုက္ေတာ့ ​လက္ထဲက ေငြဇြန္းေလးေတာင္ ေကာ္ဖီခြက္ထဲကို ျပဳတ္က်သြားတယ္....နင္း႐ွီကေတာ့ ငါ့ကို ခပ္ေအးေအးၾကည့္ၿပီး ငါေမးတာကို ျပန္ေျဖေပးတယ္...

"စုန္ပိုင္ေလာင္နဲ႔ လက္ထပ္ရမယ္..."

ငါ အေမ့ကို ေျဗာင္က်က် စိုက္ၾကည့္ေနမိၿပီး အခ်ိန္ေတာ္ေတာ္ၾကာတဲ့ အထိမတုံ႔ျပန္ႏိုင္ေသးဘူး....

"ဆယ္သန္း..."

ဒါနဲ႔ပတ္သတ္ၿပီး တစ္စုံတစ္ရာအမွားအယြင္းမ႐ွိဘူးလို႔ ငါ့အေမ ထင္ေနပုံရတယ္....

"ေစ်းႏႈန္းက ညႇိလို႔ရတယ္...."

ငါ ပါးစပ္ဖြင့္လိုက္ေပမယ့္ စကားတစ္ခြန္းမွ မေျပာႏိုင္ခဲ့ဘူး....ႏွစ္ေပါင္းမ်ားစြာ အဆက္သြယ္ျဖတ္ထားၿပီးမွ ေတြ႕​ၾကဖို႔ ေျပာလာေတာ့ ပုံမွန္ သားအမိေတြ ေတြ႕ၾကသလိုပဲလို႔ ထင္ထားခဲ့မိတာ.....ငါ့ကို အခုလို အမိဖမ္းဖို႔ ေရာက္လာမွန္း မသိခဲ့ဘူး.....

ေနာက္ဆုံးေတာ့လဲ ငါေတြးထားသလို ျဖစ္မလာခဲ့ပါဘူး...ပါးစပ္ဟလိုက္တာနဲ႔ လက္ထပ္ဖို႔ စေျပာေတာ့တာပဲ...ၿပီးေတာ့ လက္ထပ္ရမယ့္သူက စုန္ပိုင္ေလာင္......

"ေစ်းႏႈန္းအေၾကာင္းလဲ မေမးဘူး...စိတ္လဲ မဝင္စားဘူး....တစ္ျခားတစ္ေယာက္သာ သြား႐ွာလိုက္ေတာ့..."

ငါ့ဘက္က ထျပန္ဖို႔ျပင္ေတာ့ အေမက.....

"ကေလးအေၾကာင္း မွတ္မိေသးလား... နင္ သူ႕ကို လက္ထပ္လိုက္...ကေလး႐ွိတဲ့ေနရာကို ေျပာျပမယ္..."

အေမ့စကားေၾကာင့္ ငါ့တစ္ကိုယ္လုံးေအးခဲသြားသလိုခံစားလိုက္ရတယ္....ငါဘယ္လိုပဲ ၿပိဳလဲေနပါေစ ငါ့သားေလး ေမာ့ေရာ့မု ကို ဘယ္ေမ့ႏိုင္ပါ့မလဲ....လြန္ခဲ့တဲ့ ခုႏွစ္လုံးလုံး အတိတ္ကာလရဲ႕ မွတ္ဉာဏ္ေတြ မႈန္ဝါးေနခဲ့တယ္....ေရခ်ိဳးရင္းနဲ႔ေတာာင္ ငါ့ခႏၶာကိုယ္ကို  ျပန္မၾကည့္ရဲခဲ့ဘူး....အေမ့ရဲ႕စကားတစ္ခြန္းေၾကာင့္ ငါႀကိဳးစားခဲ့သမွ် အကုန္ အခ်ည္းအႏွီးပဲ.....

အေမကေလ တစ္ဖက္သားရဲ႕အားနည္းခ်က္ကို ဘယ္လို အပိုင္ကိုင္ၿပီးနာက်င္ေအာင္ လုပ္ရမလဲ ေတာ္ေတာ္သိတာပဲ.....

သားအမိႏွစ္ေယာက္စလုံး  မတိုးသာမဆုတ္သာ အေျခေနမွာ ပိတ္မိေနတာေၾကာင့္ ငါ ျပန္ထိုင္ေနလိုက္တယ္...

ငါ အေမ့နားကို ကပ္လိုက္ၿပီး...

"အေမ...အေမ ႐ွင္းေအာင္ေျပာ....ဘယ္ ကေလးလဲ?  "

"  ဘယ္ ကေလးျဖစ္ရမွာလဲ ?"

နင္း႐ွီ( နင္းယြီ႕ရဲ႕ အေမ )က ေအာင္ႏိုင္သူအျပဳံးမ်ိဳးနဲ႔ျပဳံးၿပီ ဆက္ေျပာတယ္...

"လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္က နင္ ကိုယ္ဝန္ေဆာင္ခဲ့တဲ့
ဟိုအ႐ိုင္းစိုင္းေကာင္ရဲ႕ မ်ိဳးေစ့...."

အေမေျပာလိုက္တဲ့ စကားေတြက ငါ့ႏွလုံးသားရဲ႕အနက္႐ိႈင္းမွာ႐ွိတဲ့ ဒဏ္ရာကို အစိမ္းလိုက္ ဆြဲဆုတ္ေနသလိုပါပဲ.....စကားလုံးတစ္လုံးခ်င္းစီတိုင္းက အေသြးအသားေတြကို ခမ္း​ေျခာက္သြားေစႏိုင္
တဲ့အျပင္ ႏွလုံးခုန္သံအခ်က္တိုင္းမွာ ေျပာမျပတတ္ေလာက္ေအာင္ နာက်င္ေနရတယ္......

မုသားအရိပ္အေယာင္ေတြကို ႐ွာေဖြဖို႔ သူ႕မ်က္လုံးေတြကို စိုက္ၾကည့္လိုက္တယ္....တစ္ဖက္သားရဲ႕ စိတ္ႏွလုံးသားကို လွည့္ဖ်ားဖို႔ဆို မစၥနင္းက သိပ္သ႐ုပ္ေဆာင္ေကာင္းတာပဲ...ငါ လြယ္လြယ္နဲ႔ယုံလိုက္လို႔မျဖစ္ဘူး......

"မျဖစ္ႏိုင္ဘူး....."

မသိစိတ္ေၾကာင့္ ဗိုက္ကို ဖိလိုက္မိတယ္.... ခ်ဳပ္႐ိုးေၾကာင္း​အမာ႐ြတ္က အခုခ်က္ခ်င္း ခ်ဳပ္႐ိုးေျပၿပီး ေသြးေတြထြက္လာေတာ့မလို ပူေလာင္နာက်င္လာတယ္....

လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္က ငါ့မွာ ကေလး႐ွိခဲ့တယ္....ငါ့ခႏၶာကိုယ္ထဲကေလ ထြက္သြားတုန္းက ငါးလသားအ႐ြယ္ေလးပဲ ႐ွိေသးတာ.....

လက္႐ွိ ေဆးပညာ level အရဆို ငါးလသားအ႐ြယ္နဲ႔ ေမြးတဲ့ ကေလး​က ဘယ္နည္းနဲ႔မွ အသက္မ႐ွင္ႏိူင္ေပမယ့္ လမေစ့ဘဲ ေမြးတာေၾကာင့္ ငါ့ကို ထားမသြားခဲ့ဘူး....ဒါကို ငါေရာ နင္း႐ွီေရာ ႐ွင္း႐ွင္းႀကီးသိတယ္....

"မျဖစ္ႏိုင္ဘူးဆိုတာ မ႐ွိဘူး...."

နင္း႐ွိီက ႏႈတ္ခမ္းကို မဲ့လိုက္ၿပီး....

"အဲ့တုန္းက ငါသူ႕ကို ​ထားပစ္ခဲ့တာ...နင္သူ႕ကို ေတြ႕ခ်င္တယ္ဆို ငါေျပာတဲ့အတိုင္းလုပ္....မေတြ႕ခ်င္ဘူးဆိုလဲ ငါအခုေျပာခဲ့တာေတြကို မသိခ်င္ေယာင္ေဆာင္ေနလိုက္ေတာ့.....အ​​ေျခေနေပၚမူတည္ၿပီးသက္သက္စီေဆြးေႏြးၾကတာေပါ့...."

ဒီလို​ေျပာပုံအရေတာ့ ငါ့ကေလးအတြက္ ငါမလႈပ္႐ွားရင္ေတာင္ တျခားနည္းလမ္းနဲ႔ ငါေခါင္းညိတ္လာတဲ့အထိႀကိဳးစားေတာ့မယ္ပုံပဲ.....

ငါ့ကို ဒီလိုနည္းနဲ႔ ၿခိမ္း​ေျခာက္ေနတယ္.....သူေျပာတဲ့စကားေတြ မွန္သလားမွားသလား ငါမသိဘူး.....ငါသာ ရက္စက္တတ္မယ္ဆို ဒီေနရာကေန ခ်က္ခ်င္း ထျပန္သင့္ေနၿပီ.....

ဒါေပမယ့္ သူ ငါ့အေၾကာင္းေကာင္းေကာင္းသိတယ္...ဘယ္အခ်က္ကိုနင္းရင္ ငါနဲ႔အေပးအယူလုပ္လို႔ရမလဲဆိုတာလဲ သူ ေကာင္းေကာင္းႀကီးသိေနတယ္.....

အလိမၼာနည္းသုံးၿပီး သားျဖစ္သူကိိဳ ေထာင္ေခ်ာက္ဆင္ေနတယ္....သူငါ့ကို ရန္သူတစ္ေယာက္လို သေဘာထားေနမွန္း ႐ွင္းေနၿပီပဲ.....

ငါ အသက္ျပင္းျပင္း႐ွဴလိုက္တယ္....ငါ့သံေတြတုန္ေနၿပီ....

"ကြၽန္ေတာ္က အေမ့သားပါ....ခုႏွစ္ႏွစ္ေလာက္ မေတြ႕ျဖစ္တာေတာင္ ေတြ႕ေတြ႕ခ်င္း ေျပာတဲ့စကားကဒီစကားေတြတဲ့လား.??"

သူငါ့ကို ခဏေလာက္ အသံတိတ္ၿပီးၾကည့္ေနတယ္...ခဏၾကာေတာ့ မ်က္လုံးေတြ ေမွးက်ဥ္းသြားတဲ့အထိျပဳံးျပေနျပန္တယ္.....

"ဒီလို အဖြင့္စကားမ်ိဳးေတြမႀကိဳက္ဘူးဆိုလဲ ေက်ာ္လိုက္ေတာ့....အဆင္ေျပရဲ႕လား? "

တကယ္ဆိုငါလဲ ဒီလိုအဖြင့္စကားမ်ိဳးေတြ မႀကိဳက္ပါဘူး.....

အားတင္းၿပီး ရယ္ေမာလိုက္တာေပါ့.....

"ေျပပါတယ္ "

"ဟုတ္လား...?"

သူ႕မ်က္ႏွာေပၚမွာ ညစ္က်ယ္က်ယ္အရိပ္အေယာင္ေတြျမင္ေနရတယ္....

"နင့္ရဲ႕ Baker လိုင္စင္ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္ကတည္းက အသိမ္းခံလိုက္ရတယ္ဆို...အဆင္ေျပတယ္ဆိုတာ ဒါလား..."

သူက ေခါတ္စားေနတဲ့ အလန္းအစားအဝတ္ေတြဝတ္ထားတယ္.....ဆံပင္႐ွည္ေတြကိုလဲ ခပ္ျမင့္ျမင့္စည္းေႏွာင္ထားတယ္....လည္တိုင္ေဖြးေဖြးမွာ စိန္တုံးအႀကီးႀကီးကို က်ိဳးပဲ့ေနတဲ့စိန္သားေတြ ဝန္းရံထားတဲ့ စိန္ဘယက္တစ္ခုလဲ ဆင္ျမန္းထားတယ္.....

တျခားလူေတြ သတိျပဳမိေအာင္ ဘယက္ကို လက္နဲ႔ ခဏခဏ ထိျပေနတယ္....သူ႕လည္ပင္းကို ေသခ်ာၾကည့္လိုက္မယ္ဆို ေၾကာက္စရာေကာင္းတဲ့ ကိုက္ရာႀကီးတစ္ခုျမင္ရလိမ့္မယ္.....

Omega တစ္ေယာက္လို ဟန္ေဆာင္ဖို႔အတြက္အခ်ိန္ကုန္ေငြကုန္ခံၿပီး စြမ္းအင္ေတြကို အခ်ည္းႏွိးျဖဳန္းတီးပစ္ေနတယ္....ဒါေပမယ့္ သူသိပ္ၿပီးဂ႐ုစိုက္တဲ့ အထက္တန္းစားအသိုင္းအဝိုင္းက Alpha ေတြ Omeag ေတြကေတာ့ အနံ႔ခံအာ႐ုံသိပ္ေကာင္းတဲ့အတြက္ သူ႕လွည့္ဖ်ားမႈေတြထဲ သက္ဆင္းလိမ့္မည္မဟုတ္....

သူနဲ႔ စကားေျပာခ်င္ေယာင္ေဆာင္မယ္...ၿပီးရင္ တစ္ဖက္လွည့္ၿပီး ရယ္ေမာၾကမယ္...ဒီေလာက္ပါပဲ...

ဒါေပမယ့္ Omega ေတြရဲ႕ ျမင့္ျမတ္တဲ့ေလသံမ်ိဳးေတာ့ သင္ယူႏိူင္ခဲ့တယ္....

"ကြၽန္ေတာ့္အေၾကာင္း စုံစမ္းထားတာလား.."

ဒီစကားဝိုင္းရဲ႕ တင္းမာတဲ့ ေလထုက ငါတို႔ႏွစ္ေယာက္စလုံးကို တစ္ၿပိဳင္တည္း ရယ္ေမာေစခဲ့တယ္....

"နင္ တျခား Omega တစ္ေယာက္ရဲ႕ လက္ရာကို ပုံတူးကူးခဲ့လို႔ ႏိုင္ငံတကာ ကိတ္မုန္႔ၿပိဳင္ပြဲမွာ လက္မွတ္ျပန္သိမ္းခံရတာေလ...ဒါမ်ိဳးကို အေထြအထူးလုပ္ၿပီးစုံစမ္းေနစရာလိုေသးလို႔လား....နင္ ျပင္သစ္ကေန ေခြးတစ္ေကာင္လို ​အၿမႇီးကုပ္ၿပီးျပန္လာရတုန္းကက်ဴးလင္း ငါ့ကို ခြင့္ေပးၿပီး နင့္ကို ဂ႐ုစိုက္ေပးဖို႔ လာေျပာေသးတယ္....နင့္ေက်းဇူးနဲ႔ ငါ့မွာ က်ဳးမိသားစုၾကားမွာ ေခါင္းမေမာ့ရဲေအာင္ မ်က္ႏွာပ်က္ခဲ့ရတာ...."

"ကြၽန္ေတာ္ ခိုးခ်ခဲ့တာမဟုတ္ပါဘူး...ကြၽန္ေတာ္..."

" အဲ့ေတာ့  ဘာျဖစ္လဲ? "

သူက ေလွာင္ေျပာင္မႈနဲ႔ ငါ့ကို ေႏွာက္ယွက္တယ္....

"ျဖစ္စဥ္အေၾကာင္းကို ဘယ္သူမွ စိတ္မဝင္စားဘူး ...လူႀကီးေတြက ရလဒ္ကိုပဲ ၾကည့္တာ...နင္းယြီ႕ နင့္ကို ေကြၽးေမြးေစာင့္ေ႐ွာက္ဖို႔ ငါ့မွာ ႀကိဳးစားလိုက္ရတာ....နင့္ကိုယ္နင္ ျပန္ေမးၾကည့္လိုက္စမ္း နင္ကေရာဘာအမွားမွမလုပ္ခဲ့ဖူးဘူးလား....Beta ျဖစ္ေနတာေတာင္ နင့္ကို ေကာင္းေကာင္းေကြၽးေမြးခဲ့တယ္...ေက်ာင္းေကာင္းေကာင္းမွာထားေပးတယ္..ဆရာေကာင္းေကာင္းငွားေပးတယ္...ေပါက္လြတ္ပဲစားနဲ႔ ဗိုက္ႀကီးလာတာေတာင္ နင့္ဖင္ကို လိုက္သုတ္ေပးခဲ့ေသးတယ္...နင္ဘာေတြကိုမ်ားမေက်မနပ္ျဖစ္ေနတာလဲ...."

ေနာက္ဆုံးေသာစကားတစ္ခြန္းေၾကာင့္ ငါ့ရဲ႕နားေတြအူလာခဲ့တယ္...အတြင္းကလီစာေတြ လႈပ္ယမ္းကုန္ၿပီးပ်ိဳ႕တက္လာသလိုပဲ.....

မွတ္ဉာဏ္အပိုင္းအစေတြ စိတ္ထဲမွာ တရိပ္ရိပ္ေပၚထြက္လာတယ္.....

သူ ေန႔တိုင္းလွလွပပ ဝတ္စားၿပီး Alphaေတြ တစ္ေယာက္ၿပီးတစ္ေယာက္နဲ႔ ေန႔တိုင္းအျပင္ထြက္တယ္...မူး႐ူးၿပီးျပန္လာရင္ ဘာလို႔ Beta ရတာလဲဆိုၿပီး ငါ့ကို ေဆးလိပ္မီးနဲ႔ထိုးတယ္....က်ဴးလင္းေ႐ွ႕ကို ဆြဲေခၚသြားၿပီး အစ္ကို လို႔ ​ေခၚခိုင္းခဲ့တယ္....ငါ့မ်က္ႏွာကို ပိုက္ဆံနဲ႔ ပစ္ေပါက္ၿပီး ေဝးႏိုင္သမွ်ေဝးရာကို ထြက္သြားဖို႔ ေျပာဖူးတယ္...

အခုေတာ့ေမးေနၿပီ....ငါဘာေတြမေက်မနပ္ျဖစ္ေနတာလဲတဲ့......

"ဟင့္အင္း....ကြၽန္ေတာ္႕မွာ အထြန္႔တက္စရာမ႐ွိပါဘူး...."

လက္သည္းေတြ လက္ဖဝါးထဲ စိုက္ဝင္ေတာ့မတတ္ လက္သီးဆုပ္ထားမိတယ္.....

"ကြၽန္ေတာ္႕ကို ေကြၽးေမြးေစာင့္ေ႐ွာက္ခဲ့တဲ့အတြက္ တကယ္ကို ေက်းဇူးတင္ပါတယ္...."

"မေက်မနပ္မျဖစ္ဘူးဆိုၿပီး ငါ့ကို မ်က္ႏွာေတာင္လာမျပဘူးေပါ့..."

နင္း႐ွီ ထိုင္ခုံေပၚမွီခ်လိုက္ၿပီး ဒီေန႔အတြက္ လာရင္းကိစၥကို စကားျပန္ဆက္တယ္....

"ငါ နင့္ကို အစြမ္းကုန္သုံးၿပီး ျပဳစုပ်ိဳးေထာင္ခဲ့ၿပီးၿပီ....ဒီေန႔ အဲ့အေႂကြးေတြျပန္ဆပ္ေတာ့....စုန္ပိုင္ေလာင္နဲ႔ လက္ထပ္မယ္ဆို လက္ဖြဲ႕ေငြ သန္းႏွစ္ဆယ္ေပးမယ္...ဒါ့အျပင္ ကေလး ဘယ္မွာ႐ွိလဲပါေျပာျပမယ္... ဘယ္လိုလဲ..."

ငယ္ဘဝကို ျပန္ေရာက္သြားသလိုပဲ....လူၾကားထဲေရာက္ရင္ သူ႕ကို " မစၥ "လို႔ပဲ ​ေခၚခိုင္းတယ္...ၿပီးရင္ အဲ့အတြက္ ငါ့ကို သၾကားလုံးေတြ ေကြၽးၿပီး ဆုခ်တယ္...စိတ္မပါေပမယ့္လဲ ခ်ိဳၿမိန္တဲ့အရသာအတြက္ သူခိုင္းတဲ့ အတိုင္း လုပ္ခဲ့တာရတာပဲ....သူက Candy master တစ္ေယာက္ျဖစ္သလို ငါ့ကို ဘယ္လိုထိန္းခ်ဳပ္ရမလဲ ေကာင္းေကာင္းသိတဲ့သူပါ.....

နင္း႐ွီရဲ႕ Candy cane ေလးေပ်ာက္ဆုံးသြားၿပီ...ဒါ့ေၾကာင့္ ငါသူ႕ကို ထပ္ၿပီး ခယေနစရာမလိုေတာ့ဘူးလို႔ ေတြးခဲ့ဖူးတယ္.....

အခ်ိန္ေတြကုန္လြန္လာေပမယ့္လဲ ဘာမွမေျပာင္းလဲေသးပါဘူး......

"ကေလးနဲ႔ ပတ္သတ္ၿပီး ဘာသဲလြန္စမွမ႐ွိဘဲ မစၥကို ကြၽန္ေတာ္ ဘယ္လိုယုံရမလဲ ??"

သူက ခပ္ေထ့ေထ့ျပဳံးၿပီး အိတ္ထဲကေန ဖုန္းကို ထုတ္ၿပီး ငါ့ေ႐ွ႕ကို ထိုးေပးတယ္....ဖုန္း Screen ေပၚမွာ ခုႏွႏွစ္ ႐ွစ္ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ပုံကို ျမင္လိုက္ရတယ္....ငါ စိတ္လႈပ္႐ွားၿပီး ဖုန္းကို လွမ္းဆြဲလိုက္ေတာ့ သူကလဲ ဖုန္းကို သူ႕ဘက္ျပန္ဆြဲယူသြားတယ္....

သူ ဖုန္းကို အိတ္ထဲ ျပန္ထည့္လိုက္ၿပီ....

"ႏွစ္ဝက္ေလာက္ပဲ...ႏွစ္ဝက္ေလာက္ဆို ငါ သူကို႔ နင့္ဆီေခၚလာေပးမယ္....Beta ျဖစ္တဲ့ နင္က Alpha တစ္ေယာက္ကိုယူရလို႔ ဘာမ်ားနစ္နာစရာ႐ွိလို႔လဲ.....ဘာနစ္နာစရာမွမ႐ွိတဲ့ မဂ္လာပြဲပဲေလ...ပိုက္ဆံလဲရမယ္..နာမည္လဲႀကီးလာဉီးမယ့္အျပင္ နင့္သားနဲ႔လဲ ျပန္ေတြ႕ခြင့္ရၿပီ.....နင္းယြီ႕ေရ...ငါသာနင့္ေနရာမွာဆို လြန္ခဲ့တဲ့ နာရီဝက္ေလာက္ ကတည္းက ေခါင္းညိတ္ၿပီးေနၿပီ...."

လက္ဖဝါးမွာလဲ ေခြၽးေစးေတြျပန္ေနၿပီ...ကေလးရဲ႕ ဓာတ္ပုံေလးကိုေတြးမိေတာ့ ငါ ႏႈတ္ခမ္းကိုက္ထားမိလိုက္တယ္...သဲသဲကြဲကြဲ မျမင္လိုက္ရေပမယ့္ ေခ်ာမယ့္လွမယ့္ပုံပဲ....ျဖစ္န္ိဴင္ပါ့မလား...နင္း႐ွီက အေပးယူတည့္ၿပီးမွ ကေလးကို ေခၚလာမေပးရင္ေရာ...

ေ႐ွ႕မွာ႐ွိတဲ့ ေကာ္ဖီေအးကို တစ္ငုံေလာက္ေသာက္ၿပီး စိတ္ၿငိမ္ေအာင္ ထိန္းလို​က္တယ္....

"ဘာျဖစ္လို႔ ကြၽန္ေတာ္လဲ....က်ဴးလင္းကသာ အေကာင္းဆုံးေ႐ြးခ်ယ္မႈျဖစ္သင့္တာေလ.. "

လြန္ခဲ့တဲ့ ဆယ္ႏွစ္တုန္းက နင္း႐ွီနဲ႔ အတူ က်ဴးမိသားစုကို လိုက္သြားခဲ့ရတယ္....က်ဴးလင္းကို စစေတြ႕ခ်င္းတုန္းကဆို နတ္သားေလးလို႔ထင္ခဲ့မိတာ...ငါေတြ႕ဖူးသမွ် Omega ထဲမွာ က်ဴးလင္းက အလွဆုံး Omega ပဲ......

က်ဴးမိသားစုရဲ႕ အေလးထားရတဲ့ သားမက္ကလဲ Omega တစ္ေယာက္ပဲေလ....အဲ့တာနဲ႔မ်ားဘာလို႔ ေဝးေဝးလံလံက ငါ့ကို လာေ႐ြးရတာလဲ....ၾကည့္ရတာ ေက်ာင္းတုန္းက ျပသာနာေတြေၾကာင့္ စုန္ပိုင္ေလာင္ က်ဳးလင္းကို လက္မထပ္ခ်င္တာမ်ားလား....

ဒီလိုသာဆို ငါ့ကို ကိုၿပီး အထင္ေသးေနေတာ့မွာပဲ....ေနာက္ဆုံးေတာ့လဲ သူနဲ႔ငါ့ရဲ႕ relationship ကပိုၿပီး ႀကီးမားလာၿပီပဲ....

" က်ဴးလင္း? ??"

နင္း႐ွီရဲ႕ အမူအရာေတြ အက်ည္းတန္လာတယ္...ၿပီးတာနဲ႔ နီနီရဲရဲ ႏႈတ္ခမ္းဖ်ားကေန စိတ္မကူးရဲေလာက္တဲ့ မၾကားဝံ့မနာသာစကားေတြ ထြက္က်လာပါေလေရာ.....

"႐ွမိသားစုနဲ႔ လက္ထက္ေပးဖို႔ ေျပာၿပီးဆိုၿပီးေတာ့ အဲ့အပ်က္ေကာင္က Bar မွာ ေအာင္ပြဲသြားခံတယ္​ေလ....အဲ့မွာ Heat တက္ၿပီး အိမ္သာထဲမွာ alpha တစ္ေကာင္နဲ႔ ျဖစ္ခ်င္တိုင္းျဖစ္ခဲ့တာေပါ့...သူ႕ဘယ္ေလာက္ပဲ ဟန္ေဆာင္ပန္ေဆာင္ လုပ္လုပ္ အပ်က္ေကာင္က အပ်က္ေကာင္ပဲ..."

ငါ က်ဳးမိသားစုနဲ႔ ေဝးေနတဲ့ကာလေတြမွာ သူတို႔ႏွစ္ေယာက္ရဲ႕ ရန္ပြဲေတြ ျပင္းထန္ေနတုန္းပဲ ထင္ပါရဲ႕ .....ထက္ျမက္လွပတဲ့ က်ဴးလင္းလို Omega မ်ိဳးကေတာ့ ဒီလို အဆင့္မ႐ွိတဲ့အမွားမ်ိဳးလုပ္ခဲ့တယ္ဆိုတာ ေတြးၾကည့္လို႔ေတာင္မရဘူး......

"ဒါေပမယ့္ ကြၽန္ေတာ့္မ်ိဳး႐ိုးက က်ဳးမ်ိဳး႐ိုးမွ မဟုတ္တာ......."

နင္း႐ွီ မေက်မနပ္နဲ႔ျပန္ေျဖတယ္....

"စုန္ပိုင္ေလာင္ကလဲ ႐ွမ်ိဳး႐ိုးမဟုတ္ဘူး...."

"သူက ႐ွမ်ိဳး႐ိုးရဲ႕ မယားပါသား.....ကြၽန္ေတာ္႕လို​မဟုတ္ဘူး...."

နင္း႐ွီက ႐ုပ္ေခ်ာအေျပာေကာင္းၿပီး အထက္တန္းလႊာမွာဝင္ဆန္႔တယ္.....က်ဴးယြန္႐ွန္းရဲ႕အိမ္ေပၚတက္ဖ္ိဳ႕ နည္းလမ္း႐ွာခဲ့ေပမယ့္ က်ဳးယြန္႐ွန္းကလဲ တျခားေသာ Alpha ေတြလိုပဲ လိုခ်င္တာေပးမယ္ တရားဝင္ေတာ့မယူႏိုင္ဘူးဆိုတဲ့လူစားမ်ိဳး...ဒါ့ေၾကာင့္ နင္း႐ွီက ေခါင္းစဥ္မ႐ွိတဲ့ အေပ်ာ္ရည္းစားဘဝနဲ႔သာ နာမည္ႀကီးေနရတာ....

ရည္းစားရဲ႕သားက က်ိဳးမိသားစုကိုယ္စားလက္ထပ္ရေတာ့မယ္....

နင္း႐ွီက လည္ပင္းက စိန္ဘယက္ကို ခပ္ဖြဖြပြတ္သပ္ၿပီးျပဳံးျပေနတယ္....

"နင္သာ ေသဘာတူမယ္ဆို ယြင္႐ွန္းငါ့ကို လက္ထပ္မယ္တဲ့...."

ငါနားလည္လိုက္ၿပီ....ခ်မ္းသာတဲ့မိသားစုထဲဝင္ရဖို႔ငါက သူ႕အတြက္ passport တစ္ခုပဲေလ.....

အင္းေလ...ဆယ္ႏွစ္ေက်ာ္ေလာက္ေနခဲ့ၿပီး က်ားကုပ္က်ားခဲႀကိဳးစားခဲ့ရတာပဲေလ...ဒါမ်ိဳးအခြင့္ေရးကို ဘယ္လက္လႊတ္ႏိူင္ပါ့မလဲ.....သူ လက္ထပ္ႏိုင္ဖို႔အတြက္ဆို ဘာမဆိုလုပ္မယ့္ပုံပဲ ဒါ့ေၾကာင့္လဲ
မက္လုံးေတြေပးၿပီး လာစည္း႐ုံးေနတာေပါ့....

"ကြၽန္ေတာ္႕ဘက္က သေဘာမတူဘူးဆို ဘာလုပ္မလဲ..."

နင္း႐ွီက မ်က္ခုံးပင့္ၿပီးျပဳံးျပေနတယ္.....

"နင္းယြီ႕ နင့္ဘက္က ဒီလိုေမးလာမွေတာ့ ငါလဲ ေကြ႕ဝိႈက္ေနစရာမလိုေတာ့ဘူးေပါ့...နင့္ေၾကာင့္ ငါ့မွာ အခြင့္ေကာင္းေတြ အကုန္ဆုံး႐ႈံးခဲ့ရၿပီးၿပီ....ဒီတစ္ခါ ေပကပ္ကပ္ထပ္လုပ္ေနဉီးမယ္ဆို ငါ့ကိုလဲ ရက္စက္လွခ်ည္ရဲ႕လို႔ မျပစ္လာမတင္နဲ႔...နင္ေရာ နင့္သားကိုပါ ငါဘာေတြလုပ္ပစ္ႏိုင္မွန္း နင္မသိေသးပါဘူး....."

"သူ႕...သူ႕ကိုေတာ့ မထိပါနဲ႔...."

ဆယ္မိနစ္အတြင္းမွာ ကေလးနဲ႔ပတ္သတ္တဲ့ သူ႕စကားေတြကို ငါ ယုံလိုက္ပါၿပီ.....

ငါ ေၾကာက္တယ္..ခုႏွႏွစ္လုံးလုံး နင္း႐ွီ သားေလးကိုေကာင္းေကာင္းဆက္ဆံေပးရဲ႕လား....အနာဂတ္မွာ ငါ့သား​ေလး ငါ့လိုျဖစ္သြားမွာ ငါအရမ္းစိုးရိမ္တယ္.....

"ဒါေပါ့...ငါလဲ ဘယ္လုပ္ခ်င္ပါ့မလဲ..."

ငါမ်က္ႏွာပ်က္ေနတာေၾကာင့္ နင္း႐ွီရဲ႕ ေလသံေတြ ေပ်ာ့ေပ်ာင္းလာတယ္.....

"စုန္ပိုင္ေလာင္က ဘာျဖစ္ေနလို႔လဲ...နင္ beta ျဖစ္ေနတာေတာင္ ဟိုက စိတ္ထဲထားတာမဟုတ္ဘူး....Omega ေတြအမ်ားႀကီးၾကားကေန နင္ သူ႕ကို လက္ထပ္ႏိုင္တာေလ...ကိုယ့္ကိုကိုယ္ ကံေကာင္းမွန္းလဲ မသိ ဝမ္းသားရေကာင္းမွန္းလဲ မသိနဲ႔...."

ရင္တစ္ခုလုံးေပါက္ကြဲေတာ့မတတ္ ႏွလုံးခုန္းႏႈန္းေတြ ျပင္းထန္လာတာေၾကာင့္ လက္သီးဆုပ္ထားလိုက္မိတယ္ ......

"သူ ကြၽန္ေတာ္႕ကို လက္ထပ္မွာမဟုတ္ဘူး...."

"ဒါေပမယ့္ သူ႕ဘက္က သေဘာတူထားတယ္ဟဲ့..."

ငါ မ်က္လုံးအျပဴးသားနဲ႔ ေၾကာင္အေနမိေတာ့တယ္.....

Continue Reading

You'll Also Like

418K 16.2K 24
My priority /property/privacy
89.1K 5K 200
Đệ tử đời thứ 13 của Đại Hoa Sơn Phái, Mai Hoa Kiếm Tôn - Chong Myung, người đã liều mình cùng chết với Thiên Ma, kết thúc một thời đại đen tối của v...