'ဝဲ'
By La_Yaung_Nge01
102K 3.8K 142
အဝါရောင်ကျူးလစ်ပန်းလေးရဲ့ အဓိပ္ပာယ်က Hopeless loveတဲ့💛 အဝါရောင်ကျူးလစ်ပန်းလေးရဲ့ အဓိပ္ပာယ်က Hopeless loveတဲ့💛 More
Intro
Part 1(U & Z)
Part 2(U & Z)
Part 4 (U & Z)
Part 5 (U & Z)
Part 6 (U & Z)
Part 7 (U & Z)
Part 8 ( U & Z )
Part 9 ( U & Z )
Part 10 ( U & Z )
Part 11 ( U & Z )
Part 12 ( U & Z )
Part 13 ( U & Z )
Part 14 ( U & Z )
Part 15 ( U & Z )
Part 16 ( U & Z )
Part 17 ( U & Z )
Part 18 ( U & Z )
Part 19 ( U & Z )
Part 20 ( U & Z )
Part 21 ( U & Z )
Part 22 ( U & Z )
Part 23 ( U & Z )
Part 24 (Final)
Part 3 (U & Z)
3.9K 185 9
By La_Yaung_Nge01
"သိပ်သိတာပေါ့ ကျူးလစ်ပန်းအဝါလေးရဲ့....."
"ဗျာ..!"
ကျူးလစ်ပန်းအဝါလေးလို့ပြောလိုက်တာ
ကြောင့် ငယ်ငယ်ကအတိတ်ကိုပြန်သတိရသွား
တယ် ကျူးလစ်ပန်းအဝါရောင်ပေးခဲ့တဲ့
လူတစ်ယောက်ကပြောတယ်
'ကျူးလစ်ပန်းလေးလို ကြွေရုပ်လေးက သိပ်လှတာပဲ ကိုကိုကြီးလာရင်ကြွေရုပ်လေးနဲ့လက်ထပ်မှာနော်'
အဲ့လိုပြောခဲ့တဲ့လူက ကိုစိုင်းဖြစ်နေတာလား
မဟုတ်လောက်ပါဘူး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
"ကြွေရုပ်...ကိုယ့်ကို မမှတ်မိဘူးလား
ကြွေရုပ်တို့အိမ်ဘေးမှာနေခဲ့တဲ့သူလေ
ကျူးလစ်ပန်းလေးတောင်ပေးခဲ့သေးတယ်"
တကယ်ပဲ အဲ့လူကကိုစိုင်းဖြစ်နေတာလား
ကျနော်ဘာလို့မမှတ်မိရတာလဲဗျာ
"တကယ်ပဲ ကိုစိုင်းလား"
"ဟုတ်တာပေါ့ အစ်ကိုတောင်အံ့ဩနေတာ
ကြွေရုပ်ကဒီလောက်ကြီးထွားလာမယ်လို့ မထင်ထားဘူး...ဟား...ဟား.."
"ကိုစိုင်းနော်....ဟွန်း"
ကိုစိုင်းကငယ်ငယ်ကအတိုင်းပဲ ကျနော့်ကို
စိတ်စိုးအောင် စနေတုန်းပဲ..ဘာလို့ကိုစိုင်းကဒီလောက်ထိထွားလာရတာလဲ ငယ်ငယ်တုန်းက ကျနော်နဲ့ပုံစံတူတူပါ အခုတော့
အရပ်ကြီးလည်းရှည်လာတယ် ခန္ဓာကိုယ်ကြီးကလည်းအကြီးကြီးပဲ ရုပ်ကလည်းချောလာ
တယ် အခုလိုဖြစ်အောင် ဘာဆေးတွေသောက်ထားတာလဲ။
"ကျနော့်ကို ဘာလို့ ကျူးလစ်ပန်းပေးခဲ့တာလဲ"
"အဲ့တုန်းက ကိုကို့လက်ထဲက
ကျူးလစ်ပန်းလေးကိုလိုချင်လို့ ငိုနေခဲ့တာလေ မျက်ရည်တွေရော နှာချီးတွေရောတွဲလျောင်းကျနေတာ ကျူးလစ်ပန်းမပေးလို့ဆိုပြီး လက်ကိုတောင်
ကိုက်သေးတယ် အဲ့မှာပေးလိုက်ရတော့တာပဲ ကြွေရုပ်အဖေက ကြွေရုပ်ကိုဆူသေးတယ်လေ ကိုကို့ ကိုကိုက်လို့ဆိုပြီး မမှတ်မိဖူးလား"
"မမှတ်မိဘူး...ကျနော့်ကို ကျူးလစ်ပန်းပေးတာပဲ မှတ်မိတာ"
"အဲ့တာဆိုရင် ကိုကိုကြီးလာရင် ကြွေရုပ်ကို
လက်ထပ်မယ်လို့ ပြောခဲ့တာရော မှတ်မိလား"
"ကိုစိုင်းနော်..!"
နောက်နေတာပဲနေမှာကြွေရုပ်စိတ်ထိန်း
ကြွေရုပ်ရဲ့နှလုံးသားလေးရေရင်ခုန်နေတာ
ရပ်ပါတော့....
ရင်ခုန်နေတာကလည်းမရပ်ဘူး ကိုစိုင်းက
လည်း ကျနော့်ကိုပဲစိုက်ကြည့်နေတယ် အဲ့လို
ကြည့်နေတာကြောင့် မနေတတ်တော့ဘူး
အဲ့တာကြောင့် အိမ်ကိုပြန်ပို့ပေးဖို့တောင်းဆိုမိတော့သည်
"ကိုစိုင်း ကျနော့်ကိုအိမ်ပြန်ပို့ပေးပါလား"
"ကြွေရုပ်သဘောပါ"
လမ်းလျှောက်လို့မရသေးတော့ ထုံးစံအတိုင်း
ပွေ့ချီရတာပေါ့။ဒီကလေးကိုတော့ထုလိုက်
ချင်မိတော့သည်။ဆိုင်ကယ်စီးရင်ပြုတ်ကျမယ် ဖက်ထားပါလို့ပြောတာကို အခုထိမဖက်ထားဘူး။
"ပြုတ်ကျရင် တာဝန်မယူဘူးနော် ကြွေရုပ်"
"ဟုတ်ပါပြီ ဖက်ထားပါမယ်"
ကိုစိုင်းကလည်း ဘာမှန်းလည်းမသိဘူး။ သူ့ကိုမဖက်ထားတာနဲ့ ရွဲ့ပြီးပြောနေပြန်ပြီ။
ဟွန်း..သူ့ဆိုင်ကယ်စီးတယ်ဆိုပြီးအနိုင်ကျင့်နေတာ
နေပြန်ကောင်းခါမှတွေ့မယ် အခုတော့အနိုင်
ကျင့်ထားအုန်းပေါ့။
တစ်ယောက်တည်းစိတ်ထဲကနေ ကြိတ်ပြော
ရင်း ဆိုင်ကယ်နောက်ကနေကိုစိုင်းခါးလေးကို
ဖက်ပြီးအိမ်ပြန်လာခဲ့တော့သည်။
အိမ်ရှေ့တံခါးဝလဲရောက်တော့ ဒေါ်ကျင်က ကျနော့်ကိုမြင်လို့ထင်ပါရဲ့ အိမ်ထဲကနေ
ပြေးထွက်လာတယ်လေ။
"သား ခြေထောက်က ဘာဖြစ်လာတာလဲ"
"မနက်ကဆိုင်ကယ်နဲ့တိုက်မိမလိုဖြစ်ပြီး စက်ဘီးမှောက်တာအဲ့တာခြေထောက်
နည်းနည်းအဆစ်လွဲသွားတာ"
စိုးရိမ်တကြီးနဲ့ ကြည့်ပြီး ငိုနေပြန်ပြီဒေါ်ကျင်
ကတော့။
"သားလေး နာနေမှာပေါ့ ဧည့်သည်ပါလာတာလား အိမ်ပေါ်လာလေ..."
"ဟုတ်ကဲ့အဒေါ်"
အဒေါ်နဲ့ ကြွေရုပ်နဲ့က ဘယ်လိုဆက်ဆံရေးရှိတာလဲတော့မသိဘူး။ ကြွေရုပ်ကို အဒေါ်ကသားအရင်း
တစ်ယောက်လို ဂရုစိုက်ပေးတယ်
အိမ်ထဲဝင်ခိုင်းနေတာကြောင့် ကြွေရုပ်ကိုပွေ့ချီ
ပြီး အဒေါ်နောက်ကနေလိုက်လာခဲ့တယ်။ အိမ်ထဲရောက်တော့ ဆိုဖာပေါ်မှာ အသာချပေးလိုက်တယ်။
"ကိုစိုင်းကိုတော့အရမ်းအားနာတာပဲ ကျနော့်ကိုဆေးခန်းလိုက်ပို့ရ၊ကော်ဖီတိုက်ရ၊အိမ်ပြန်ပို့ရ၊ ချီခေါ်ရနဲ့ ပင်ပန်းနေမှာပဲ"
"မဟုတ်တာ ကြွေရုပ်ကလည်း"
"ဒီကသားလေး ကျေးဇူးပါကြွေရုပ်လေးကို
ဂရုစိုက်ပေးတဲ့အတွက်"
"ရပါတယ်အဒေါ်ရဲ့"
ဒီသားလေးကိုတစ်နေရာရာမှာမြင်ဖူးသလိုပဲ
ဘယ်မှာမြင်ဖူးပါလိမ့်..အာ...ဟုတ်သားပဲ ကြွေရုပ်ရဲ့ laptop ထဲမှာ ကြည့်လို့ကောင်းပြီး
ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ကောင်လေးပဲ
"သားကိုမြင်ဖူးပါတယ်လို့ကြည့်နေတာ
ကြွေရုပ် laptop ထဲက ဆွဲဆောင်...."
"ဒေါ်ကျင်..!"
အဒေါ်ပြောနေတာကို ကြွေရုပ်က အဒေါ့်ပါးစပ်
ကို လက်လေးနဲ့ပိတ်လိုက်ပြီး ဒေါ်ကျင်ဆိုပြီးအော်လိုက်တယ်လေ ခုနတုန်းကအဒေါ်ပြော
လိုက်တာက ကြွေရုပ်laptopထဲက ဆွဲဆောင်..
ဟုတ်လား ဘာကိုပြောချင်တာလဲ ကျူပ်လည်း
သိချင်စောနဲ့ မေးလိုက်တော့သည်။
"ဘာပြောတာလဲ အဒေါ်"
"အယ်...ဘာမှမဟုတ်ပါဘူး သားလေးညစာ တစ်ခါတည်းစားသွား ပါလား အဒေါ်ပြင်လိုက်
မယ်"
"အားမနာတော့ဘူးနော်အဒေါ် တစ်ခါတည်းစားသွားတော့မယ် ဗိုက်လည်းဆာနေတာနဲ့အတော်ပဲ"
"အေးပါကွဲ့"
ဒီသားလေးက လိမ္မာရေးကြား ရှိသားပဲ
စကားတစ်ခွန်းပြောဖို့ဆို ဝန်လေးမနေဘူး
ခုခေတ်လူငယ်တွေများ သွက်လက်နေတာပဲ။
အဒေါ်ကျင်နဲ့ စကားပြောပြီး ကိုစိုင်းရဲ့အကြည့်
တွေက ကျနော့်ဆီရောက်လာတာကြောင့်
အကြည့်ချင်းမဆုံအောင် ခေါင်းငုံထားလိုက်
တယ် တော်ပါသေးရဲ့ ကိုစိုင်းကလည်း ဘာစကားမှမပြောလို့။
သူ့ကိုမေးပါမယ်ဆိုမှ ကျုပ်ရဲ့အကြည့်တွေကို
ရှောင်ပြီး ခေါင်းကိုအောက်ငုံ့ထားပြီး
လက်သည်းတွေကိုကုတ်ခြစ်နေတယ်လေ
အဲ့တာကြောင့် ကျုပ်လည်းဘာစကားမှမပြောဘဲ
ငြိမ်နေလိုက်သည်။
'ကြွေရုပ်က ကြောက်ရင်သူ့ရဲ့လက်သည်းတွေ
ကိုအမြဲကုတ်ခြစ်တတ်တယ်'
"သားလေး ထည့်စားလေ..."
"ဟုတ်အဒေါ်...ကြွေရုပ် ပုစွန်စားလေ"
"ကျနော်က ပုစွန်နဲ့မတည့်ဘူး"
"အော် အဲ့တာဆို ကြက်သားနဲ့ပဲစားတော့လေ"
"ဟုတ်ကဲ့ကိုစိုင်း"
ထမင်းအတင်းကျွေးလို့သာစားနေတာ
ဗိုက်ကမဆာသေးဘူး မိုးတောင်ချုပ်နေပြီ ညဘက်ကြီးကိုစိုင်း ဆိုင်ကယ်စီးပြန်မှာ
စိတ်မချဘူး တော်ကြာ လမ်းမှာတစ်ခုခုဖြစ်
သွားရင်ဘယ်လိုလုပ်မလဲ တော်ပါမပြန်ဖို့ပဲ
အရဲစွန့်ပြီးပြောတော့မယ်
"ကိုစိုင်း မိုးချုပ်နေပြီ အိမ်မှာပဲအိပ်လိုက်ပါလား"
"ကြွေရုပ်သဘောပဲလေ"
"ဟုတ်"
ကြွေရုပ်က တော်တော်လေးစိတ်ပူနေတယ်
ထင်တယ် အိမ်မပြန်ဖို့တိုက်တွန်းနေတယ်လေ
ကျုပ်လည်း သူ့ဆန္ဒကိုလိုက်လျောပေးခဲ့သည်။
အခန်းထဲဝင်ဖို့အခက်အခဲဖြစ်နေတာကြောင့်ပွေ့ချီပြီးပဲ ခေါ်သွားရတာပေါ့။
"ကိုစိုင်းက ကုတင်ပေါ်မှာအိပ် ကျနော်က ဆိုဖာပေါ်မှာအိပ်လိုက်မယ်"
"အတူတူကုတင်ပေါ်မှာအိပ်မယ်လေ"
"ဟင်..!!"
"အတူတူမအိပ်ရတာကြာပြီလေ ငယ်ငယ်တုန်းကလိုအိပ်ချင်တယ်"
"ဟုတ် အဲ့တာဆို ကိုစိုင်းအိပ်နှင့်လေ ကျနော်
လိုင်းခနသုံးလိုက်အုန်းမယ်"
"သဘောပဲလေ"
အတူတူအိပ်မယ်ပြောတာကြောင့် လန့်နေမိ
တယ် ဘယ်သူနဲ့မှအတူတူအိပ်ဖူးတာမဟုတ်ဘူး အဖေနဲ့တောင်အတူတူမအိပ်ဘူး အခုဟာက
ကိုစိုင်းနဲ့အိပ်ရမယ်ဆိုတော့ နည်းနည်းတစ်မျိုးကြီးဖြစ်နေတယ်။ အတွေးတွေကိုရပ်တန့်လိုက်
ပြီး laptopကိုဖွင့်လိုက်တယ် ပထမဆုံးမြင်တဲ့အရာကြောင့် စိုးရိမ်မှုတွေဖြစ်နေမိတယ်။
'SK Entertainment က CEOက ကောင်လေး
တစ်ယောက်နဲ့ ချိန်းတွေ့နေတယ်'
'CEO စိုင်းထက်ဉာဏ်က ကောင်လေး
တစ်ယောက်ကို ပွေ့ချီပြီး ဆေးခန်းထဲခေါ်သွားတယ်'
'စိုင်းထက်ဉာဏ်က ကောင်လေးတစ်ယောက်နဲ့
တစ်ပူးပူးတစ်တွဲတွဲလုပ်နေပါတယ်'
အစရှိတဲ့သတင်းတွေပေါ့ ပြီးတော့လည်း
ကိုစိုင်းကကျနော့်ကို ချီခေါ်နေတဲ့ပုံ
ဆိုင်ကယ်ပေါ်တင်တဲ့ပုံ ဆေးခန်းပြတဲ့ပုံ တွေကလည်းပလူပျံနေသည်။ ကျနော့်ကြောင့် ကိုစိုင်းတစ်ခုခုဖြစ်မှာကြောက်တယ်
laptopရှေ့မှာထိုင်ပြီး လက်သည်းတွေကို ကုတ်ခြစ်နေတယ်လေ ဒီကောင်လေး ဘာတွေကိုကြောက်နေတာလဲ ကျုပ်လည်းသိချင်ဇောနဲ့
သူ့အနားကိုသွားလိုက်တယ် သူ့ရဲ့laptop
ကိုကြည့်လိုက်တော့ သတင်းထောက်တွေက ကျုပ်တို့အကြောင်းတင်ထားတဲ့postတွေဖြစ်
နေတယ်
"ကျနော်တောင်းပန်ပါတယ် ကိုစိုင်း"
ခေါင်းငုံထားပြီး ငိုရင်းပြောနေတာကြောင့် ကြွေရုပ်လက်လေးကိုကိုင်ပြီးချော့လိုက်သည်။
"မငိုနဲ့ ဘာမှမဖြစ်ဘူး အမြဲအဲ့လိုသတင်းတွေ
ထွက်တယ်"
"ကျနော့်ကြောင့် ကိုစိုင်းထိခိုက်မှာကြောက်လို့ပါ"
"ဘာလို့ကြောက်နေရတာလဲ"
"ဟို...ဒီ..ဒီတိုင်းပါပဲ"
"ကြည့် မနေနဲ့တော့ အိပ်ကြမယ်"
"ဟုတ် ကိုစိုင်း"
ကြွေရုပ်ရဲ့ laptopကိုပိတ်ပြီး အိပ်ဖို့ကုတင်
ပေါ်တင်ပေးလိုက်သည်။ စောင်ကိုခန္ဓာကိုယ်အပေါ်ပိုင်းထိ ခြုံပေးလိုက်ပြီး ကြွေရုပ်ကို
ရင်ခွင်ထဲထိဖက်ထားလိုက်သည်။ ရင်ခွင်ထဲမှာ ရှိုက်နေတဲ့ကောင်လေးကို တင်းတင်းကျပ်ကျပ်
ဖက်ထားရင်း အိပ်စက်လိုက်သည်။
La Yaung Nge(9.2.2022)
"ဗျာ..!"
လူတစ်ယောက်ကပြောတယ်
"တကယ်ပဲ ကိုစိုင်းလား"
"ကိုစိုင်းနော်....ဟွန်း"
"ကိုစိုင်းနော်..!"
ရပ်ပါတော့....
"ကြွေရုပ်သဘောပါ"
ကျင့်ထားအုန်းပေါ့။
ပြေးထွက်လာတယ်လေ။
ကတော့။
"ဟုတ်ကဲ့အဒေါ်"
ဂရုစိုက်ပေးတဲ့အတွက်"
"ရပါတယ်အဒေါ်ရဲ့"
"ဒေါ်ကျင်..!"
"ဘာပြောတာလဲ အဒေါ်"
မယ်"
"အေးပါကွဲ့"
ငြိမ်နေလိုက်သည်။
"သားလေး ထည့်စားလေ..."
"ဟုတ်ကဲ့ကိုစိုင်း"
"ကြွေရုပ်သဘောပဲလေ"
"ဟုတ်"
"ဟင်..!!"
"သဘောပဲလေ"
နေတယ်
ထွက်တယ်"
"ဘာလို့ကြောက်နေရတာလဲ"
"ဟို...ဒီ..ဒီတိုင်းပါပဲ"
"ဟုတ် ကိုစိုင်း"
La Yaung Nge(9.2.2022)
Continue Reading
You'll Also Like
1M 76.9K 38
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.1M 29.4K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
2.3M 136K 46
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
780K 65.3K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...