Darling,I have your baby! [Co...

By Azrael_B

60.7K 4.7K 530

ဒီလူက ကိုယ့်ကိုမျှော်လင့်ချက်တွေပေးတိုင်း ဒီလူ့ကိုပိုင်ဆိုင်ချင်လာတဲ့လောဘစိတ်ကပိုကြီးမားလာတယ် ... ဒီလူက ကိုယ့... More

Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
♡︎
Ep-12
Ep-13
Ep-14
Ep-15
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32 [Final]

Ep-16

1.8K 162 30
By Azrael_B

" အမဲသားနှစ်ပိသာပေးပါ "

" ဟုတ်ကဲ့ "

အသားတုံးတွေအားလှီးဖြတ်နေသည်ကို မေမေParkစောင့်နေလိုက်သည်။မေမေParkဈေးဝယ်လျှင် Marketတွေထက် အခုလိုရပ်ကွက်ထဲဝယ်ရတာ သဘောကျတတ်သူဖြစ်သည်။ ခပ်ရဲရဲရှိနေသော အသားတို့ကို လှီးဖြတ်နေသည်ကိုမြင်နေရရင် တကယ်ကိုပင်လတ်ဆတ်တယ်ဟု ယူဆတတ်သော‌ေြကာင့် မေမေParkအဖို့ကတော့ Marketက Readymadeအထုတ်တွေနဲ့ အဆင်မပြေပါ ။

" ဒီမှာ ရပါပြီ မကြီး "

ကမ်းပေးလာသည့်အထုတ်အား ခြင်းတောင်းထဲသို့ထည့်လိုက်ပြီးနောက် လိုအပ်သည့် ဟင်းသီးဟင်းရွက်တို့ကို လိုက်ဝယ်နေလိုက်သည် ။ အသီးတန်းဘက်ဆီလာနေတုန်း ခပ်ရဲရဲစတော်ဘယ်ရီသီးတွေတွေ့သွားသည်မို့ ‌Baekhyunလေးကို သတိရသွားသည်‌ေကြာင့်ဝယ်ဖို့ရန်စိတ်ကူးပြီးလျှောက်လာခဲ့လိုက်သည်။

" စတော်ဘယ်ရီ နှစ်ခြင်းပေးပါနော် "

" ဟုတ် "

လတ်ဆတ်သည့်စတော်ဘယ်ရီကိုကြည့်နေရင်း မေမေPark ပြုံးလိုက်သည်။သားမက်လေးကတော့ သေချာပေါက်ကြိုက်မှာဘဲ။

" ဟို အန်တီ "

စတော်ဘယ်ရီအားကြည့်နေတုန်း နောက်ကျောဘက်ဆီမှ အသံကြားရသည်မို့ လှည့်ကြည့်လိုက်တော့ စကပ်တိုပေါင်တိုနှင့်မြင်မကောင်းအောင်ရင်ဟိုက်အင်ကျီဝတ်ထားသည့်မိန်းကလေးပုံကြောင့် မေမေParkအလိုလိုမျက်မှောင်ကျုံ့မိသွားသည်။

" ကျွန်မနာမည် Daisyပါ "

" အော် အင်း "

ထိုသို့သာပြောလိုက်ပြီး စတော်ဘယ်ရီအားခြင်းထဲအမြန်ထည့်လိုက်၍ ထွက်လာခဲ့တော့ ထိုကောင်မလေးသည်အနောက်ကနေလိုက်လာခဲ့သည်။

" ကျွန်မတို့ စကားပြောသင့်တယ်ထင်တယ် အန်တီ "

" ‌စိတ်မကောင်းပါဘူး အဲ့ဘက်ကို အန်တီမသိတဲ့အတွက် ငြင်းပါရစေ "

" ငြင်းလဲ မပြောလို့မဖြစ်တဲ့အရာမို့ပါ ၊ အန်တီသားနဲ့ရတဲ့ကိုယ်ဝန်ကို ကျွန်မလွယ်ထားနေရပြီ "

ရှေ့ကိုလျှောက်နေသည့်ခြေလှမ်းတွေဟာ တုန့်ကနဲရပ်တန့်သွာကာ အံ့ဩမှုကြောင့်နှုတ်ခမ်းနှစ်လွှာဟာ ပွင့်ဟသွားခဲ့သည်။ ထိုအခါသူမက အောင်နိုင်သူအပြုံးနှင့်ပြုံးပြလာသည်။

" Park Chanyeol နင်ဒါဘယ်လိုရှင်းမလဲ ၊ နင်ငါတို့ကို ကျေးဇူးကန်းနေတာလားဟမ် ! "

" ... "

" ငါတို့ကို ဂရုမစိုက်ရင်တောင်မှ Baekhyunလေးကို အားနာသင့်ပါတယ် "

မေမေဟာ ရှက်စိတ်‌ေြကာင့် Baekhyunကိုမျက်နှာမပြရဲလောက်အောင်ဖြစ်မိသည်အထိ။ဆိုးသွမ်းသည့်သားကို မေမေ မကြည့်နိုင်တော့သလို ဒေါသကြောင့်အသက်ရှူတွေလည်းကြပ်လာရသည်။

" ဘာတွေဖြစ်နေကြတာလဲ "

ဧည့်ခန်းထဲဆူညံနေသည်ကြောင့် ဖေဖေဟာအိပ်မနိုင်တော့၍ထွက်လာခဲ့သည်။ဧည့်ခန်းထဲရောက်တော့လဲ ပုံပျက်နေသည့် သုံးယောက်ကြောင့် စိုးရိမ်စွာမေးလိုက်တော့ မြေပြင်ပေါ်ပုံ့ပုံ့လေးထိုင်နေသည့် ဇနီးဖြစ်သူက မျက်ရည်အရွှဲသားနှင့်မော့ကြည့်လာသည်။

" မိန်းမဘာဖြစ်တာလဲ "

မေမေက ဘာမှမပြောပါဘဲ ငြိမ်နေသည်။ထိုအခါ ကျောပေးထားလျက် Baekhyunသည် ဖေဖေရှေ့သို့လျှောက်လာကာ

" ကျွန်တော် Park Chanyeolနဲ့ဆက်ပြီး မပေါင်းနိုင်တော့ဘူး ဒါကြောင့် ကွာရှင်းခွင့်ပြုပါ "

Baekhyunရဲ့စကားကြောင့်ဖေဖေဟာမျက်လုံးတွေပြူးသွာကာ Chanyeolအားကြည့်သည်။Chanyeolဟာ ဖေဖေနဲ့မျက်လုံးချင်းမဆုံနိုင်သည်ကြောင့် ကြမ်းပြင်ကိုသာ ငေးစိုက်ကြည့်နေသည်။

" ယောကျာ်း ရှင့်သားကို ရှင်ဘဲ ထိန်းတော့ ကျွန်မတော့ စိတ်နာသွားပြီ ၊ လာ သွားမယ် Baekhyunလေး "

မေမေPark ဆက်ပြီးသားဖြစ်သူကိုမမြင်ချင်တော့သည်ကြောင့် အသက်မရှိတော့သည့်သူလိုရပ်နေသည့် Baekhyunလေး၏လက်ကိုဆွဲကာထွက်လာခဲ့လိုက်သည်။ထိုအခါ ဧည့်ခန်းထဲ ဖေဖေနှင့်Chanyeolတို့သာကျန်‌ေနခဲ့သည်။အခန်းတွင်းရဲ့အအေးဓာတ်ဟာတဖြည်းဖြည်းအေးစက်လာသလို ဖေဖေ၏အသက်ရှူသံသည်လည်းပိုပြီးပြင်းထန်နေကာ Chanyeolသည်ကြောက်စိတ်ကြောင့် ချွေးစေးတို့ပျံနေသည်။

" Park Chanyeol ! "

ဖေဖေ၏ ခပ်ဩဩအသံသည် အခန်းတွင်းအုပ်စိုးသွားကာ Chanyeolသည် လန့်ကာပင်တုန်တက်သွားသည်။ ငယ်ငယ်ကတည်းကအခုချိန်အထိအကြောက်ဆုံးသူသည် ဖေဖေပင်ဖြစ်သည်။ဒါကြောင့် ဘာဘဲလုပ်လုပ် ဖေဖေ့ရဲ့အရိပ်အခြည်ကိုကြည့်ပြီးမှလုပ်သည်။ ဖေဖေဟာ Chanyeolကို အလိုလိုက်ပေမဲ့ သူ့စကားနားမထောင်ရင်တော့ ကြောက်စရာကောင်းစွာ Chanyeolကိုဆက်ဆံသည်။အခုလည်း ဖေဖေရဲ့ဒေါသထွက်နေသည့်ပုံအား မမြင်ရဘဲနဲ့တောင် Chanyeolကြောက်လန့်နေခဲ့ရသည်။

" ပြောစမ်း ငါ့ကို ! မင်းဘာတွေလုပ်ထားလဲဆိုတာ ! "

Chanyeol ဂလုကနဲတံတွေးမြိုချလိုက်၍ ဖေဖေအားမရဲတရဲကြည့်ကာ

" Daisyဆီမှာ ကိုယ်ဝန်ရှိနေပြီ ကျွန်တော်ကြောင့် "

ဖေဖေသည်အံကြိတ်ထားသည်ကြောင့် လည်ပင်းကြောတွေထောင်နေကာ ဒေါသကြောင့်နဖူးစပ်မှာလည်းချွေးတို့စို့နေသလို မျက်လုံးတွေဟာလည်းနီရဲနေခဲ့သည်။

Daisyဆိုတာ Chanyeolနှင့်တွဲခဲ့သည့်မိန်းကလေးဆိုတာ မေမေ,မသိရင်တောင်ဖေဖေကသေချာပေါက်သိလိမ့်မည်။Baekhyunနဲ့လက်မထပ်ခင်တုန်းကလည်း သူမကြောင့် လက်ထပ်ပွဲကိုငြင်းခဲ့သည်ကိုလည်း ဖေဖေသိသည်။လက်ထပ်တုန်းကလည်း သူမနှင့်အဆက်အသွယ်ဖြတ်ဖို့ပြောခဲ့တာတောင် သူကခိုးပြီးဆက်သွယ်ခဲ့သည်။ဖေဖေကဒီလိုအရှုပ်တွေရှိလာမှာစိုးလို့ ပြောခဲ့သည်ကို အခုတော့ဖေဖေစကားကိုနားမထောင်ခဲ့သည့် Chanyeol ဒုက္ခအကြီးအကျယ်ရောက်နေခဲ့ပြီ ။

" ဟက်! အခုတော့ မင်းလိုချင်တဲ့အချိန်ရောက်လာပြီမလား ၊ ချစ်ရတဲ့သူနဲ့လဲအတူနေနိုင်ပြီ Baekhyunနဲ့လည်း လမ်းခွဲနိုင်ပြီ မိဘတွေမျက်နှာကိုလည်း အိုးမဲသုတ်နိုင်ပြီပေါ့ ၊ မင်း တော်ပါတယ် "

" ဖေဖေ .."

" မင်း ပါးစပ်ပိတ် ! နောက်ခါငါ့ကိုဖေဖေလို့လာမခေါ်နဲ့ ထပ်ပြီးလဲ ငါတို့နဲ့မပတ်သက်နဲ့ Baekhyunနဲ့လည်း ဝေးဝေးနေ ! "

စိတ်ပျက်ခြင်းတွေနဲ့ပြည့်နှက်နေသည့် အကြည့်တွေနှင့်ကြည့်သွားကာ ထွက်သွားသည့် ဖေဖေကို ကြည့်‌
နေရင်း ခြေယိုင်ကျကာ ကြမ်းပြင်ထက် ထိုင်ချမိသွားသည်။ ခေါင်းကို ငုပ်ချလိုက်ကာ ဆံပင်တို့ကို စုံကုတ်လိုက်ပြီးနောက် တရိပ်ရိပ်တက်လာသည့် မျက်ရည်တွေကိုကျဆင်းခွင့်ပြုလိုက်သည်။

ကျွန်တော် Park Chanyeolနဲ့ဆက်မပေါင်းနိုင်တော့ဘူး ၊ ဒါကြောင့်ကွာရှင်းခွင့်ပြုပါ

တည်တင်းသော မျက်နှာထားနှင့် ပြတ်ပြတ်သားသားပြောထွက်လာသည့် စကားတွေသည် Chanyeolရင်ကို အစိမ်းလိုက်ခွဲလိုက်သလိုပင်။

' ကျွန်တော် အဆင်ပြေတာမို့ မေမေတို့ကအများကြီးမစိုးရိမ်ပါနဲ့ ၊ အိမ်ကိုတော့ အကြောင်းမပြန်သေးဘဲ ခဏလောက် သူငယ်ချင်းဆီမှာနေလိုက်ပါ့မယ် ' ဆိုသည့်စကားကို စိတ်မပူစေရန်အထပ်ထပ်ပြောကာ မေမေတို့ကို ‌Airpotဆီလိုက်ပို့ခဲ့သည်။မေမေတို့က Chanyeolကို စိတ်ပျက်သွားသည်ဟုပြောကာ ချက်ချင်းပင်ပြန်သွားခဲ့ကြသည်။

" Baekhyun အခုမင်းစိတ်ထဲဘယ်လိုခံစားရလဲ "

ပြတင်း‌ေပါက်ကနေတစ်ဆင့်ညကောင်းကင်အားငေးမောနေသည့် Baekhyunသည် kyungsooရဲ့အမေးကိုလေးလေးနက်နက်စဉ်းစားလိုက်ပြီးနောက် ဖြေလာသည်က အမေးနှင့်မအပ်စပ်စွာထွက်လာသည်။

" ငါ ငိုချင်သေးတယ် "

Kyungsoo သက်ပြင်းချ၍သာ Baekhyunကိုအခန်းထဲထားခဲ့လိုက်သည်။ပြီးတော့ ဖုန်းကိုအိတ်ကပ်ထဲမှထုတ်ကာ Jonginဆီအားဖုန်းခေါ်လိုက်၍

" မနက်ဖြန် Park Chanyeolနဲ့တွေ့လို့ရအောင် ကူညီပေးပါ "

Park Chanyeolကို နောင်တရအောင်ပြောဖို့က Kyungsooတာဝန်ဘဲဖြစ်သည်။

----------
မျက်စိရှေ့ကလူကို kyungsooမျက်မှောင်ကျုံ့ကာ စိုက်ကြည့်နေသည်။ထိုလူကတော့ လုံးဝကို စိတ်ဓာတ်ကျကာ စိတ်နဲ့လူနဲ့မကပ်သည့်ပုံစံဖြစ်နေသည်။သေချာပါက် park Chanyeolတို့ ကျရှူံးချိန်ရောက်လာပြီလေ။

အေးစက်ခါနီးကော်ဖီအားယူပြီး တစ်ငုံမော့သောက်လျက် kyungsoo စကားစလိုက်သည်။

" ထပ်ပြီး ငါ့သူငယ်ချင်းကိုမနှောက်ယှက်ဘဲထွက်သွားခွင့်ပြုလိုက်ပါ "

Kyungsooရဲ့စကားကိုတုန့်ပြန်လာသည်ကတော့ အကြည့်စူးစူးတစ်စုံ ။ Kyungsooဟက်ခနဲရယ်ချလိုက်၍ ထိုအကြည့်စူးစူးတွေကို ပြန်စိုက်ကြည့်လိုက်ကာ

" Baekhyunမင်းကြောင့်အများကြီး နာကျင်နေရပြီ ထပ်ပြီးတော့ သူ့ကို နာကျင်အောင်လုပ်ဖို့မကြိုးစားနဲ့တော့ ၊ Baekhyunလည်း လူပါ သူ့မှာနှလုံးသားရှိတယ် သူချစ်ရတဲ့သူက သူ့အပေါ် ရက်စက်နေတာဟာ သူ့ကိုအများကြီးနာကျင်စေတယ် "

" ချစ်ရသူ ? "

Kyungsooစကားကို သံယောင်လိုက်လာသည့် Chanyeolပုံစံက အံ့ဩနေကာ မျက်ဝန်းတို့ဟာ ဝိုင်းစက်နေသည်။

" ဟုတ်တယ် ချစ်ရသူ ... မင်းက Baekhyunရဲ့ချစ်ရသူဘဲ ၊ မင်းကိုစတွေ့ကတည်းက သဘောကျခဲ့တဲ့ Baekhyun ၊ မင်းကို အမြဲစောင့်ကြည့်နေခဲ့တဲ့ Baekhyun ၊ မင်းနဲ့လက်ထပ်ရမှာကို သိရတဲ့အချိန်ကက‌လေးတစ်‌ယောက်လို အများကြီးပျော်ရွှင်နေခဲ့တဲ့ Baekhyun ၊ မင်းကို အမြဲတမ်းသည်းခံနေတတ်တဲ့ Baekhyun ၊ မင်း‌ကြောင့်အများကြီး နာကျင်ခဲ့ရတဲ့ Baekhyun ၊ အဲ့ဒီ Baekhyunက မင်းလိုကောင်နဲ့မတန်ဘူး ၊ အခုလည်း Baekhyunကအသိတရားဝင်သွားပြီမို့ သူမကြာခင် မင်းနဲ့ကွာရှင်းလိမ့်မယ် ၊ ငါပြောချင်တာ ဒါဘဲ "

ခပ်ပြတ်ပြတ်ပြော၍ပင် Kyungsooထွက်လာခဲ့သည်။စိတ်ထဲမှာလည်း Luhanကိုခေါ်လာလိုက်ရမှာလို့တွေးနေသည်။Luhanသာပါလာရင် Park Chanyeol အဲ့နေရာမှာတင် ပွဲချင်းပြီးဘဲလေ။ အခုတော့ ဒေါသထွက်လျင်လည်း တည်ငြိမ်တတ်သည့် kyungsoo‌ကြောင့် Park Chanyeolကံကောင်းသွားခဲ့သည်။ ကော်ဖီဆိုင်မှ အထွက် နောက်ပြန်လှည့်လိုက်တော့ ‌နေရာတွင် ခေါင်းငိုက်စိုက်ကျကာ ထိုင်နေသေးသည့် Chanyeol က လုံးဝကို ကျရှုံးနေလေပြီလေ ။ Kyungsooကျေနပ်စွာပင် ပြုံးလိုက်ကာ လှည့်ထွက်ခဲ့သည်။

" hyung အကြိုက်ပီဇာကို Hyungတို့အခန်းထဲပို့ထားတယ် သိလား "

Roundလှည့်လို့ပြန်အလာ Elevatorစောင့်နေရင်းအနားရောက်လာသူTaeyongကပြုံးလျက်ပြောလာသည်။

" အာ Taeyongကလဲ ဘာလို့အခုလိုတွေလုပ်ရတာလဲ အားနာစရာကြီး "

" အားနာရင် များများစားပေးပါနော် အခုတလော Hyungပိန်ကျသွားတယ် ပြီးတော့ ကလေးလေးအတွက်အားရှိဖို့လိုတယ်နော် "

ထိုအခါမှ Baekhyunလည်းသတိရသွားကာ ပြုံးပြလျက်ခေါင်းငြိမ့်ပြလိုက်ရသည်။ကလေးလေးကောင်းကောင်းမွေးဖွားနိုင်ဖို့ အစားများများစားဖို့လိုအပ်တာဘဲ။နို့များများသောက်ရမယ်၊အာဟာရဖြစ်မဲ့အရသာရှိတာ‌တွေစားရမယ်၊ ဟင်းသီးဟင်းရွက်တွေစားရမယ် ။အဲ့ဒါမှ ကလေးလေးက ချစ်စရာလေးဖြစ်မှာ။

Baekhyunကိုယ့်အတွေးနဲ့ကို ပြုံးမိတော့ ဘေးနားက Taeyongလဲသဘောကျစွာပြုံးမိသွားသည်။

တွေ့ဖူးသမျှအပြုံးတွေထဲမှာ Hyungအပြုံးက ချစ်စရာအကောင်းဆုံးဘဲ။

" Baekhyun ငါမင်းအတွက်နို့ဝယ်လာတယ် "

အခန်းထဲစာဖတ်နေတုန်း နို့တစ်ခွက်နှင့်ရောက်လာသော kyungsooကို ကုတင်ပေါ်လက်ပုတ်လိုက်၍ခေါ်လိုက်သည်။

" အဲ့စာတွေဖတ်တာရပ်ပြီး အားရှိအောင်အိပ်ပါကွာ မဟုတ်ရင် မင်းကလေးလေးအတွက်ထိခိုက်လိမ့်မယ်"

" ခဏအပျင်းပြေလောက်ပါဘဲကွာ ကလေးလေးလဲ ဗဟုသုတရအောင်လို့ "

Baekhyunစကားကို kyungsooနားမလည်တာကြောင့် မျက်မှောင်ကျုံ့မိသွားသည်။

" နေပါအုံး မင်းစာဖတ်တာနဲ့ ကလေးလေးဗဟုသုတရတာနဲ့ ဘာဆိုင်လို့လဲ "

ထိုအခါ Baekhyunက မဖြေသေးဘဲ နွားနို့ကိုတချိုင့်ထဲမော့သောက်ပစ်လိုက်ပြီးနောက် ပေသွားသောပါးစပ်အား လက်ခုံနှင့်ဖြစ်သလိုသုတ်၍ ( ဗြောင်အပေအတေလေး) ဖြေသည်။

" မင်းမသိဘူးလား အခုငါ့အသွေးအသားတွေနဲ့ ကလေးလေးနှင့်က ချိတ်ဆက်နေတာလေ ငါကအာဟာရရှိတဲ့အစားကောင်းကောင်းစားရင် ကလေးလေးလဲ အာဟာရတွေရမယ် ငါကနို့သောက်ရင် ကလေးလေးလဲ နို့ဓာတ်ရမယ် ငါကစာဖတ်လို့ ရသွားတဲ့ဗဟုသုတကိုလဲ ကလေးလေးဆီ အသွေးအသားထဲကနေ စီးဆင်းပြီးရမယ် ကဲ တွေ့လား "

Baekhyunရဲ့ထူးဆန်းသည့်ဖြေရှင်းချက်ကြောင့် Kyungsooပါးစပ်အဟောင်းသားတောင်ဖြစ်သွားရသည်။ဒီကောင် ပစ်ခံရတာများပြီး ဦးနှောက်ချောင်သွားတာလားလို့ပင်ထင်မိတယ်။သူ့ဗိုက်ထဲကထွက်လာမဲ့ကလေးလေးလဲ သူ့လိုဦးနှောက်ချောင်သူမဖြစ်ဖို့ဘဲဆုတောင်းရတော့မှာပေါ့။

Kyungsooတွေးနေရင်းပင် သူငယ်ချင်းအားကြည့်နေမိသည်။ ဗိုက်ထဲကမထွက်လာသည့်ကလေးလေးအတွက် စိတ်လှုပ်ရှားနေသည့် Baekhyunပုံစံကအရမ်းကိုအပြစ်ကင်းစင်လှသည်။ဖြစ်နိုင်ရင် Baekhyunကိုအမြဲတမ်းပြုံးစေချင်သည်။ဘဝမှာလည်း ဘာပင်ပန်းမှုတွေ စိတ်ဆင်းရဲမှုတွေမရှိပါဘဲအနာဂတ်ကို‌ ပျော်ရွှင်ခြင်း‌တွေနဲ့ဘဲ ဖြတ်သန်းစေချင်သည်ပင်။

" Kyungsoo ငါ့ကိုကြည့်ပြီးဘာတွေစဉ်းစားနေတာတုန်း "

Baekhyunစကားကြားမှ အတွေးကမ္ဘာထဲနစ်မြုပ်နေသူက သတိပြန်လည်လာခဲ့သည်။

" မင်းမွေးလာမဲ့ကလေးလေး မင်းလိုကျပ်မပြည့်တဲ့သူမဖြစ်ရင်ကောင်းမှာဘဲလို့ စဉ်းစားနေတာပါ "

"ဟာ ! မင်းနော် "

Kyungsoo စလိုက်တော့ မျက်လုံးလေးပြူးကာ
ရန်ထောင်နေသည့် သူငယ်ချင်းအတွက် စိတ်ထဲတွင်ဝမ်းနည်းနေမိသည်။ ဒါကြောင့် သူရှေ့မှာ မငိုမိဖို့ရန် အမြန်ထရပ်လိုက်၍ ကိုယ့်အခန်းပြန်ဖို့ရန်ဆုံးဖြတ်လိုက်သည်။

" ပြန်တော့မို့လား ငါနဲ့စကားမပြောတော့ဘူးလား "

" ငါကမင်းလိုအားယားနေတဲ့ကောင်မဟုတ်ဘူး သွားပြီ!စောစောအိပ်အုံး! "

" Yes sir ! "

စစ်သားတွေလိုလေသံနှင့်အလေးပြုသလိုလုပ်ကာ ပြောနေသည့် သူ‌ကြောင့် kyungsooသ‌ဘောတကျရယ်မိသည်။ပြီးမှ သေချာနှုတ်ဆက်ကာ နို့ပန်းကန်ယူ၍အခန်းထဲမှထွက်သွားခဲ့သည်။

Kyungsooထွက်သွားတော့ ဘာမှမဖြစ်သလိုဟန်ဆောင်ကာပြုံးနေတဲ့ Baekhyunချက်ချင်းပင် မျက်နှာလေးမှိုင်ကျသွားကာ မျက်ရည်တွေဝဲလာသည်။တကယ်တော့ Baekhyunစာဖတ်နေသည်မှာ စိတ်ဝင်စားလို့မဟုတ်ပါဘဲ အိပ်မပျော်ခဲ့လို့ပါ။ဘာလို့အိပ်မပျော်ခဲ့တာလဲဆိုရင် မျက်စိမှိတ်လိုက်တိုင်း Chanyeolကို မြင်နေမိလို့ပါ ။ ဒါကြောင့် Baekhyunအိပ်ဖို့ကိုကြောက်နေမိကာ မအိပ်ငိုက်စေရန် တွေ့ရာလျှောက်လုပ်နေမိသည်အထိ။

ဟင်းးးး။

ရွှတ်!

သက်ပြင်းသဲ့သဲ့လေးချကာ နှာလေးတစ်ချက်ရှုံ့လိုက်ပြီး ဗိုက်ကလေးအား ခပ်ဖွဖွထိလိုက်သည်။

အင်း .... တော်သေးတာပေါ့ ငါချစ်ရမဲ့သူတစ်ယောက်ရှိသေးလို့ ။

ဗိုက်ကလေးအား လက်ဖဝါးလေးနဲ့သာ ဖွဖွလေးသပ်ပေး၍တွေးနေမိသည်။

------------
" Park Chanyeol မင်းသိပြီမှတ်လား ဘယ်လိုနောင်တရလဲဆိုတာ "

Sehunရဲ့ အမေးစကားကို Chanyeolမဖြေမိဘဲ ထိုင်ခုံနောက်ကျောမှီကာ မျက်လုံးတွေကိုတင်းတင်းမှိတ်ထားနေသည်။ မျက်ခုံးတွေဟာလည်း အလိုမကျစွာ ထိလုမတတ် စုကုတ်နေပြီး နားရွက်တွေဟာလည်း ဒေါသတစ်ခုကြောင့် နီရဲနေသည်။

ဘာမှစကားပြန်မလာဘဲ ဆူပုတ်နေသည့် Chanyeol‌ ကြောင့် Sehunနှင့်Jonginတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မေးငေါ့ပြနေသည်။

" တွေ့လား ဒီကောင်အခုကျမှ Baekhyunကိုအဆုံးရှုံးမခံနိုင်ဖြစ်နေတယ် "

" ဒီကောင်ကိုက ရှုပ်လွန်းတာ "

ခပ်တိုးတိုးအတင်းတုတ်နေကြသည့် သူနှစ်ယောက်ကို မျက်လုံးတစ်ဖက်ဖွင့်လိုက်ပြီးစိုက်ကြည့်လိုက်တော့ ခေါင်းချင်းစိုင်နေကြသည့် နှစ်ယောက်က သတိထားမိသွားပြီး ဖယ်သွားကြသည်။ထိုအခါ ထိုင်‌နေရာမှထကာ ဆိုဖာခုံပေါ်ထိုင်နေတဲ့သူနှစ်ယောက်ရှေ့တွင်ထိုင်လိုက်သည်။

" ငါကမင်းတို့ဆီက အကြံဉာဏ်လိုချင်လို့ခေါ်လိုက်တာနော် မင်းတို့အတင်းတုတ်တာခံဖို့မဟုတ်ဘူး "

" ဘာ ! အခုကျမှ အကြံဉာဏ်တောင်းမယ်ပေါ့ မင်းဟာကမလွန်လွန်းဘူးလား လုပ်ချင်တိုင်းလုပ်ပြီးမှ "

Sehunကစိတ်တိုတိုနှင့်ပြောလိုက်လျှင် Jonginက စကားမလွန်စေရန် လက်ကာတားလိုက်ပြီး Chanyeolကိုကြည့်ကာ

" မင်းအခုဘာဖြစ်ချင်နေတာလဲ "

ထိုအခါ Chanyeolကခေါင်းငုပ်ချလိုက်ပြီး

" ငါ ... ငါ Baekhyunနဲ့ မကွာရှင်းချင်ဘူးဖြစ်နေတယ် "

" ဘာကြောင့်လဲ "

ဒီတစ်ခါ Jonginရဲ့အမေးကိုတော့ Chanyeolဖြေဖို့ရန်ခက်ခဲသွားခဲ့သည်။ဘာကြောင့် မကွာရှင်းချင်တာလဲဆိုတာကိုလည်း Chanyeolကိုယ့်ကိုကိုယ်မသိပါ။ဖြစ်ချင်သည်ကတော့ အရင်အတိုင်းဘဲ Baekhyunနှင့်အတူနေချင်သည်ပင်။

ဘာမှမဖြေဘဲငြိမ်ကျသွားသည့်သူကိုကြည့်ကာ jonginဟက်ကနဲရယ်ချလျက်

" တွေ့လား ! မင်းမှာအကြောင်းပြချက်မရှိဘဲနဲ့ဘာလို့ မင်းလိုချင်တာဘဲတွေးနေရတာလဲ ဘာလို့ သူတစ်ပါးကိုနာကျင်အောင်လုပ်နေရတာလဲ Chanyeol"

" ငါက Baekhyunကို နာကျင်အောင်မလုပ်ပါဘူး"

ထိုအခါ တိတ်ဆိတ်နေသည့် Sehunသည်မနေနိုင်စွာပင် စားပွဲခုံအား ဘုန်းကနဲထုလျက်

" မင်းက Baekhyunကို နာကျင်အောင်မလုပ်ဘူးဟုတ်လား? ဘယ်တုန်းက ဟာသတွေပြောတတ်သွားတာလဲ Chanyeolရာ "

" Sehun "

Jonginက Sehunအကြောင်းကိုသိလို့ တားမယ်အလုပ် Sehunကဦးစွာတားလိုက်သည်။

" Jongin ငါ့ကိုမတားနဲ့ ငါပြောသင့်တာပြောရမယ် မဟုတ်ရင် ဒီကောင်လွန်လိမ့်မယ် "

Jonginလည်း မနိုင်တော့ဘူးဟုတွေးကာလွှတ်ထားလိုက်တော့သည်။

" ဒီမှာ Chanyeol မင်းလုပ်ပုံကောင်း‌လားဆိုတာသေချာပြန်စဉ်းစား ငါပြောပြမယ် "

"..."

" မင်းက Baekhyunကိုလက်ထပ်တယ်ဆိုတာ Baekhyunကို အနိုင်ကျင့်ချင်လို့ ပြီးရင် Daisyနဲ့အတူနေပြီး Baekhyunကိုပစ်ထားတယ် ပြီးတော့ Baekhyunကို မျှော်လင့်ချက်တွေပေးပြီး အဲ့မျှော်လင့်ချက်တွေကိုရိုက်ချပစ်တယ် ပြီးတော့ မင်းစိတ်ထဲမှာ Baekhyunရှိရဲ့သား ဘာလို့များလိမ်ညာချင်ရတာလဲ ၊ မင်းဘေးနားမှာBaekhyunကိုထားချင်ရဲ့သားနဲ့ အဝေးကို မင်းကိုယ်တိုင်ဘဲတွန်းပို့လိုက်တာလေ Park Chanyeol! "

Sehunဒေါသထွက်စွာပင်ပြောဆိုပြီးနောက် မျက်လုံးစုံမှိတ်ကာဒေါသတို့ကို ဖြေလျော့နေရသည်။မဟုတ်ရင် ... သူငယ်ချင်းတွေဘာတွေငှဲ့ညာနေမှာမဟုတ်ဘဲ ဆွဲထိုးမိမှာပင်။

" ဟုတ်တယ် Chanyeol , Sehunပြောတာမှန်တယ် ၊ မင်း အသိတရားရသင့်ပြီ "

" ဒါမဲ့ အခုက ငါဘယ်လိုမှလုပ်လို့မရတဲ့အခြေအနေဖြစ်နေပြီ ငါသေချာပေါက် Daisyကိုရွေးရတော့မှာ "

စိတ်ပျက်ပျက်နဲ့ပြောလာသည့် Chanyeolသည် လုံးဝကိုမှိုင်ကျသွားပြီး စိတ်ဓာတ်ကျနေသည့်ပုံဖြစ်သည်။‌ဘေးနားကလဲ Chanyeolရဲ့ပုံစံကိုကြည့်ရင်း စိတ်မသက်မသာဖြစ်ရသည်။

အရင်က Chanyeolသိပ်ချစ်လှပါသည်ဆိုသည့် Daisyသည် အခုတော့ Chanyeolရဲ့နှလုံးသားထဲမှာတောင်မရှိတော့ပါ။ အရင်က Chanyeolမုန်းလှပါသည်ဆိုသည့် Baekhyunကတော့ Chanyeolကို ကျရှုံးအောင်လုပ်နိုင်ခဲ့သည်။

" ကို ဘာတွေစဉ်းစားနေတာလဲ "

ဇွန်းကိုကိုင်ကာ တွေဝေနေသည့် Chanyeolရဲ့ လက်မောင်းအားခပ်ဖွဖွလှုပ်ကာ မေးတော့ သတိမေ့နေသူတစ်ယောက်လို နိုးလာသည့်သူက မိမိအား ကြောင်တောင်တောင်မျက်လုံးတွေနဲ့ကြည့်လာသည်။

" ကို ဘာတွေစဉ်းစားနေတာလဲလို့ Daisyမေးနေတယ်လေ "

" အော် အင်း ဒီတိုင်း ကုမ္ပဏီအကြောင်းပါ "

Chanyeolပြောပေမဲ့ သူမက မသင်ကာစွာစိုက်ကြည့်သည်။ရှေ့မှာ သူရှိနေရဲ့သားနဲ့ အခြားကို စိတ်ရောက်နေသည့် Chanyeolကို သူမ,မကျေနပ်ပါ။

တီ !

ထိုစဉ် စားပွဲပေါ်မှ သူမဖုန်းလေး ပွင့်လာပြီး စာတစ်စောင်ရောက်လာသည်ကိုအချက်ပြသည်။Chanyeolသူမဖုန်းကိုကြည့်လိုက်တော့ သူမကလျင်မြန်စွာပင် ဖုန်းကိုကောက်ယူလိုက်ကာ အိတ်ထဲထည့်လိုက်သည်။

" ကို စားလေ ဟင်းရည်တွေအေးကုန်မယ် "

ဖုန်းအကြောင်းကိုChanyeolဘက်ကစကားစမလာခင်မှာပင် သူမကလျင်မြန်စွာအရင်လမ်းကြောင်းလွှဲလိုက်သည်။သို့ပေမဲ့ သူမထက်ပင်လျင်မြန်တဲ့ Chanyeolကအ‌သေအချာပင်မြင်လိုက်ရသည့် သူမ၏ messageအကြောင်းကိုတွေးနေမိသည်။

'ပြင်ဆင်ပြီးပြီ'ဆိုဘဲ ဘယ်သူကို ပြင်ဆင်ခိုင်းထားတာလဲ ပြီးတော့ ဘာကိုများလဲ !

Chanyeol မသင်ကာစွာ ကြည့်မိတော့ သူမက ဖြူ‌ဖွေးသောသွားတို့‌ပေါ်အောင်ရယ်ပြလာပြီး Chanyeolပန်းကန်ထဲကို အသားတစ်ဖတ်ထည့်လာပေးသည်။

" ကိုထည့်စားနော် ကိုအားရှိမှ Daisyမွေးလာမဲ့ ကလေးလေးကိုထိန်းနိုင်မှာ "

" ကောင်းပါပြီ "

Chanyeol သူမကို ပြုံးလျက်ပြောလိုက်ပြီး သူမထည့်ပေးသည့် အသားဖတ်အား စားလိုက်သည်ကို သူမကဝမ်းသာစွာကြည့်နေသည်။

နောက်ဆုံးတော့ ကိုပြန်ရောက်လာပြီ !

Chanyeolအသားဖတ်အားဝါးရင်း သူမအား ပြုံးလျက်စိုက်ကြည့်နေသည်။ပြီးတော့ သူမ၏မျက်လုံးတွေကိုသေချာစိုက်ကြည့်နေလိုက်သည်။

မင်းဘာတွေ ဖုံးကွယ်ထားလဲ Daisy !

Chanyeol , Daisyကိုကြည့်လေ ပဟေဠိဆန်လာလေဖြစ်သည်။ သူမ၏မျက်လုံးတွေက ဟန်မဆောင်တတ်ပါဘဲ Chanyeolအား တစ်ခုခုလိမ်ထား‌ကြောင်းကိုသက်သေပြနေသလို Chanyeolကလည်းသေချာပေါက် ရိပ်မိနေသည်။ထိုကြောင့် Chanyeolသူမ၏မျက်လုံးတွေကိုသာ စိုက်ကြည့်ကာ အဖြေရှာနေရသည်။

(To be continued)

နေ့လည်ကအပြီးရေးပြီး တင်ဖို့ပါဘဲ ထမင်းဆိပ်တက်ပြီး အိပ်ပျော်သွားတာ ညနေ 5ခွဲမှ နိုးတယ် ... အဲ့ဒါနဲ့ ဟိုဟာလုပ် ဒီဟာလုပ်နဲ့ပြင်ဆင်ရင်း အခုမှ အဆုံးသတ်ရေးတာ ပြီးသွားတယ် အဟဲ ><

-------------
" အမဲသားႏွစ္ပိသာေပးပါ "

" ဟုတ္ကဲ့ "

အသားတုံးေတြအားလွီးျဖတ္ေနသည္ကို ေမေမParkေစာင့္ေနလိုက္သည္။ေမေမParkေဈးဝယ္လွ်င္ Marketေတြထက္ အခုလိုရပ္ကြက္ထဲဝယ္ရတာ သေဘာက်တတ္သူျဖစ္သည္။ ခပ္ရဲရဲရွိေနေသာ အသားတို႔ကို လွီးျဖတ္ေနသည္ကိုျမင္ေနရရင္ တကယ္ကိုပင္လတ္ဆတ္တယ္ဟု ယူဆတတ္ေသာ‌ေၾကာင့္ ေမေမParkအဖို႔ကေတာ့ Marketက Readymadeအထုတ္ေတြနဲ႕ အဆင္မေျပပါ ။

" ဒီမွာ ရပါၿပီ မႀကီး "

ကမ္းေပးလာသည့္အထုတ္အား ျခင္းေတာင္းထဲသို႔ထည့္လိုက္ၿပီးေနာက္ လိုအပ္သည့္ ဟင္းသီးဟင္း႐ြက္တို႔ကို လိုက္ဝယ္ေနလိုက္သည္ ။ အသီးတန္းဘက္ဆီလာေနတုန္း ခပ္ရဲရဲစေတာ္ဘယ္ရီသီးေတြေတြ႕သြားသည္မို႔ ‌Baekhyunေလးကို သတိရသြားသည္‌ေၾကာင့္ဝယ္ဖို႔ရန္စိတ္ကူးၿပီးေလွ်ာက္လာခဲ့လိုက္သည္။

" စေတာ္ဘယ္ရီ ႏွစ္ျခင္းေပးပါေနာ္ "

" ဟုတ္ "

လတ္ဆတ္သည့္စေတာ္ဘယ္ရီကိုၾကည့္ေနရင္း ေမေမPark ၿပဳံးလိုက္သည္။သားမက္ေလးကေတာ့ ေသခ်ာေပါက္ႀကိဳက္မွာဘဲ။

" ဟို အန္တီ "

စေတာ္ဘယ္ရီအားၾကည့္ေနတုန္း ေနာက္ေက်ာဘက္ဆီမွ အသံၾကားရသည္မို႔ လွည့္ၾကည့္လိုက္ေတာ့ စကပ္တိုေပါင္တိုႏွင့္ျမင္မေကာင္းေအာင္ရင္ဟိုက္အင္က်ီဝတ္ထားသည့္မိန္းကေလးပုံေၾကာင့္ ေမေမParkအလိုလိုမ်က္ေမွာင္က်ဳံ႕မိသြားသည္။

" ကြၽန္မနာမည္ Daisyပါ "

" ေအာ္ အင္း "

ထိုသို႔သာေျပာလိုက္ၿပီး စေတာ္ဘယ္ရီအားျခင္းထဲအျမန္ထည့္လိုက္၍ ထြက္လာခဲ့ေတာ့ ထိုေကာင္မေလးသည္အေနာက္ကေနလိုက္လာခဲ့သည္။

" ကြၽန္မတို႔ စကားေျပာသင့္တယ္ထင္တယ္ အန္တီ "

" ‌စိတ္မေကာင္းပါဘူး အဲ့ဘက္ကို အန္တီမသိတဲ့အတြက္ ျငင္းပါရေစ "

" ျငင္းလဲ မေျပာလို႔မျဖစ္တဲ့အရာမို႔ပါ ၊ အန္တီသားနဲ႕ရတဲ့ကိုယ္ဝန္ကို ကြၽန္မလြယ္ထားေနရၿပီ "

ေရွ႕ကိုေလွ်ာက္ေနသည့္ေျခလွမ္းေတြဟာ တုန႔္ကနဲရပ္တန႔္သြာကာ အံ့ဩမႈေၾကာင့္ႏႈတ္ခမ္းႏွစ္လႊာဟာ ပြင့္ဟသြားခဲ့သည္။ ထိုအခါသူမက ေအာင္နိုင္သူအၿပဳံးႏွင့္ၿပဳံးျပလာသည္။

" Park Chanyeol နင္ဒါဘယ္လိုရွင္းမလဲ ၊ နင္ငါတို႔ကို ေက်းဇူးကန္းေနတာလားဟမ္ ! "

" ... "

" ငါတို႔ကို ဂ႐ုမစိုက္ရင္ေတာင္မွ Baekhyunေလးကို အားနာသင့္ပါတယ္ "

ေမေမဟာ ရွက္စိတ္‌ေၾကာင့္ Baekhyunကိုမ်က္ႏွာမျပရဲေလာက္ေအာင္ျဖစ္မိသည္အထိ။ဆိုးသြမ္းသည့္သားကို ေမေမ မၾကည့္နိုင္ေတာ့သလို ေဒါသေၾကာင့္အသက္ရႉေတြလည္းၾကပ္လာရသည္။

" ဘာေတြျဖစ္ေနၾကတာလဲ "

ဧည့္ခန္းထဲဆူညံေနသည္ေၾကာင့္ ေဖေဖဟာအိပ္မနိုင္ေတာ့၍ထြက္လာခဲ့သည္။ဧည့္ခန္းထဲေရာက္ေတာ့လဲ ပုံပ်က္ေနသည့္ သုံးေယာက္ေၾကာင့္ စိုးရိမ္စြာေမးလိုက္ေတာ့ ေျမျပင္ေပၚပုံ႕ပုံ႕ေလးထိုင္ေနသည့္ ဇနီးျဖစ္သူက မ်က္ရည္အ႐ႊဲသားႏွင့္ေမာ့ၾကည့္လာသည္။

" မိန္းမဘာျဖစ္တာလဲ "

ေမေမက ဘာမွမေျပာပါဘဲ ၿငိမ္ေနသည္။ထိုအခါ ေက်ာေပးထားလ်က္ Baekhyunသည္ ေဖေဖေရွ႕သို႔ေလွ်ာက္လာကာ

" ကြၽန္ေတာ္ Park Chanyeolနဲ႕ဆက္ၿပီး မေပါင္းနိုင္ေတာ့ဘူး ဒါေၾကာင့္ ကြာရွင္းခြင့္ျပဳပါ "

Baekhyunရဲ႕စကားေၾကာင့္ေဖေဖဟာမ်က္လုံးေတြျပဴးသြာကာ Chanyeolအားၾကည့္သည္။Chanyeolဟာ ေဖေဖနဲ႕မ်က္လုံးခ်င္းမဆုံနိုင္သည္ေၾကာင့္ ၾကမ္းျပင္ကိုသာ ေငးစိုက္ၾကည့္ေနသည္။

" ေယာက်ာ္း ရွင့္သားကို ရွင္ဘဲ ထိန္းေတာ့ ကြၽန္မေတာ့ စိတ္နာသြားၿပီ ၊ လာ သြားမယ္ Baekhyunေလး "

ေမေမPark ဆက္ၿပီးသားျဖစ္သူကိုမျမင္ခ်င္ေတာ့သည္ေၾကာင့္ အသက္မရွိေတာ့သည့္သူလိုရပ္ေနသည့္ Baekhyunေလး၏လက္ကိုဆြဲကာထြက္လာခဲ့လိုက္သည္။ထိုအခါ ဧည့္ခန္းထဲ ေဖေဖႏွင့္Chanyeolတို႔သာက်န္‌ေနခဲ့သည္။အခန္းတြင္းရဲ႕အေအးဓာတ္ဟာတျဖည္းျဖည္းေအးစက္လာသလို ေဖေဖ၏အသက္ရႉသံသည္လည္းပိုၿပီးျပင္းထန္ေနကာ Chanyeolသည္ေၾကာက္စိတ္ေၾကာင့္ ေခြၽးေစးတို႔ပ်ံေနသည္။

" Park Chanyeol ! "

ေဖေဖ၏ ခပ္ဩဩအသံသည္ အခန္းတြင္းအုပ္စိုးသြားကာ Chanyeolသည္ လန႔္ကာပင္တုန္တက္သြားသည္။ ငယ္ငယ္ကတည္းကအခုခ်ိန္အထိအေၾကာက္ဆုံးသူသည္ ေဖေဖပင္ျဖစ္သည္။ဒါေၾကာင့္ ဘာဘဲလုပ္လုပ္ ေဖေဖ့ရဲ႕အရိပ္အျခည္ကိုၾကည့္ၿပီးမွလုပ္သည္။ ေဖေဖဟာ Chanyeolကို အလိုလိုက္ေပမဲ့ သူ႕စကားနားမေထာင္ရင္ေတာ့ ေၾကာက္စရာေကာင္းစြာ Chanyeolကိုဆက္ဆံသည္။အခုလည္း ေဖေဖရဲ႕ေဒါသထြက္ေနသည့္ပုံအား မျမင္ရဘဲနဲ႕ေတာင္ Chanyeolေၾကာက္လန႔္ေနခဲ့ရသည္။

" ေျပာစမ္း ငါ့ကို ! မင္းဘာေတြလုပ္ထားလဲဆိုတာ ! "

Chanyeol ဂလုကနဲတံေတြးၿမိဳခ်လိဳက္၍ ေဖေဖအားမရဲတရဲၾကည့္ကာ

" Daisyဆီမွာ ကိုယ္ဝန္ရွိေနၿပီ ကြၽန္ေတာ္ေၾကာင့္ "

ေဖေဖသည္အံႀကိတ္ထားသည္ေၾကာင့္ လည္ပင္းေၾကာေတြေထာင္ေနကာ ေဒါသေၾကာင့္နဖူးစပ္မွာလည္းေခြၽးတို႔စို႔ေနသလို မ်က္လုံးေတြဟာလည္းနီရဲေနခဲ့သည္။

Daisyဆိုတာ Chanyeolႏွင့္တြဲခဲ့သည့္မိန္းကေလးဆိုတာ ေမေမ,မသိရင္ေတာင္ေဖေဖကေသခ်ာေပါက္သိလိမ့္မည္။Baekhyunနဲ႕လက္မထပ္ခင္တုန္းကလည္း သူမေၾကာင့္ လက္ထပ္ပြဲကိုျငင္းခဲ့သည္ကိုလည္း ေဖေဖသိသည္။လက္ထပ္တုန္းကလည္း သူမႏွင့္အဆက္အသြယ္ျဖတ္ဖို႔ေျပာခဲ့တာေတာင္ သူကခိုးၿပီးဆက္သြယ္ခဲ့သည္။ေဖေဖကဒီလိုအရႈပ္ေတြရွိလာမွာစိုးလို႔ ေျပာခဲ့သည္ကို အခုေတာ့ေဖေဖစကားကိုနားမေထာင္ခဲ့သည့္ Chanyeol ဒုကၡအႀကီးအက်ယ္ေရာက္ေနခဲ့ၿပီ ။

" ဟက္! အခုေတာ့ မင္းလိုခ်င္တဲ့အခ်ိန္ေရာက္လာၿပီမလား ၊ ခ်စ္ရတဲ့သူနဲ႕လဲအတူေနနိုင္ၿပီ Baekhyunနဲ႕လည္း လမ္းခြဲနိုင္ၿပီ မိဘေတြမ်က္ႏွာကိုလည္း အိုးမဲသုတ္နိုင္ၿပီေပါ့ ၊ မင္း ေတာ္ပါတယ္ "

" ေဖေဖ .."

" မင္း ပါးစပ္ပိတ္ ! ေနာက္ခါငါ့ကိုေဖေဖလို႔လာမေခၚနဲ႕ ထပ္ၿပီးလဲ ငါတို႔နဲ႕မပတ္သက္နဲ႕ Baekhyunနဲ႕လည္း ေဝးေဝးေန ! "

စိတ္ပ်က္ျခင္းေတြနဲ႕ျပည့္ႏွက္ေနသည့္ အၾကည့္ေတြႏွင့္ၾကည့္သြားကာ ထြက္သြားသည့္ ေဖေဖကို ၾကည့္‌
ေနရင္း ေျခယိုင္က်ကာ ၾကမ္းျပင္ထက္ ထိုင္ခ်မိသြားသည္။ ေခါင္းကို ငုပ္ခ်လိဳက္ကာ ဆံပင္တို႔ကို စုံကုတ္လိုက္ၿပီးေနာက္ တရိပ္ရိပ္တက္လာသည့္ မ်က္ရည္ေတြကိုက်ဆင္းခြင့္ျပဳလိုက္သည္။

ကြၽန္ေတာ္ Park Chanyeolနဲ႕ဆက္မေပါင္းနိုင္ေတာ့ဘူး ၊ ဒါေၾကာင့္ကြာရွင္းခြင့္ျပဳပါ

တည္တင္းေသာ မ်က္ႏွာထားႏွင့္ ျပတ္ျပတ္သားသားေျပာထြက္လာသည့္ စကားေတြသည္ Chanyeolရင္ကို အစိမ္းလိုက္ခြဲလိုက္သလိုပင္။

' ကြၽန္ေတာ္ အဆင္ေျပတာမို႔ ေမေမတို႔ကအမ်ားႀကီးမစိုးရိမ္ပါနဲ႕ ၊ အိမ္ကိုေတာ့ အေၾကာင္းမျပန္ေသးဘဲ ခဏေလာက္ သူငယ္ခ်င္းဆီမွာေနလိုက္ပါ့မယ္ ' ဆိုသည့္စကားကို စိတ္မပူေစရန္အထပ္ထပ္ေျပာကာ ေမေမတို႔ကို ‌Airpotဆီလိုက္ပို႔ခဲ့သည္။ေမေမတို႔က Chanyeolကို စိတ္ပ်က္သြားသည္ဟုေျပာကာ ခ်က္ခ်င္းပင္ျပန္သြားခဲ့ၾကသည္။

" Baekhyun အခုမင္းစိတ္ထဲဘယ္လိုခံစားရလဲ "

ျပတင္း‌ေပါက္ကေနတစ္ဆင့္ညေကာင္းကင္အားေငးေမာေနသည့္ Baekhyunသည္ kyungsooရဲ႕အေမးကိုေလးေလးနက္နက္စဥ္းစားလိုက္ၿပီးေနာက္ ေျဖလာသည္က အေမးႏွင့္မအပ္စပ္စြာထြက္လာသည္။

" ငါ ငိုခ်င္ေသးတယ္ "

Kyungsoo သက္ျပင္းခ်၍သာ Baekhyunကိုအခန္းထဲထားခဲ့လိုက္သည္။ၿပီးေတာ့ ဖုန္းကိုအိတ္ကပ္ထဲမွထုတ္ကာ Jonginဆီအားဖုန္းေခၚလိုက္၍

" မနက္ျဖန္ Park Chanyeolနဲ႕ေတြ႕လို႔ရေအာင္ ကူညီေပးပါ "

Park Chanyeolကို ေနာင္တရေအာင္ေျပာဖို႔က Kyungsooတာဝန္ဘဲျဖစ္သည္။

----------
မ်က္စိေရွ႕ကလူကို kyungsooမ်က္ေမွာင္က်ဳံ႕ကာ စိုက္ၾကည့္ေနသည္။ထိုလူကေတာ့ လုံးဝကို စိတ္ဓာတ္က်ကာ စိတ္နဲ႕လူနဲ႕မကပ္သည့္ပုံစံျဖစ္ေနသည္။ေသခ်ာပါက္ park Chanyeolတို႔ က်ရႉံးခ်ိန္ေရာက္လာၿပီေလ။

ေအးစက္ခါနီးေကာ္ဖီအားယူၿပီး တစ္ငုံေမာ့ေသာက္လ်က္ kyungsoo စကားစလိုက္သည္။

" ထပ္ၿပီး ငါ့သူငယ္ခ်င္းကိုမေႏွာက္ယွက္ဘဲထြက္သြားခြင့္ျပဳလိုက္ပါ "

Kyungsooရဲ႕စကားကိုတုန႔္ျပန္လာသည္ကေတာ့ အၾကည့္စူးစူးတစ္စုံ ။ Kyungsooဟက္ခနဲရယ္ခ်လိဳက္၍ ထိုအၾကည့္စူးစူးေတြကို ျပန္စိုက္ၾကည့္လိုက္ကာ

" Baekhyunမင္းေၾကာင့္အမ်ားႀကီး နာက်င္ေနရၿပီ ထပ္ၿပီးေတာ့ သူ႕ကို နာက်င္ေအာင္လုပ္ဖို႔မႀကိဳးစားနဲ႕ေတာ့ ၊ Baekhyunလည္း လူပါ သူ႕မွာႏွလုံးသားရွိတယ္ သူခ်စ္ရတဲ့သူက သူ႕အေပၚ ရက္စက္ေနတာဟာ သူ႕ကိုအမ်ားႀကီးနာက်င္ေစတယ္ "

" ခ်စ္ရသူ ? "

Kyungsooစကားကို သံေယာင္လိုက္လာသည့္ Chanyeolပုံစံက အံ့ဩေနကာ မ်က္ဝန္းတို႔ဟာ ဝိုင္းစက္ေနသည္။

" ဟုတ္တယ္ ခ်စ္ရသူ ... မင္းက Baekhyunရဲ႕ခ်စ္ရသူဘဲ ၊ မင္းကိုစေတြ႕ကတည္းက သေဘာက်ခဲ့တဲ့ Baekhyun ၊ မင္းကို အၿမဲေစာင့္ၾကည့္ေနခဲ့တဲ့ Baekhyun ၊ မင္းနဲ႕လက္ထပ္ရမွာကို သိရတဲ့အခ်ိန္ကက‌ေလးတစ္‌ေယာက္လို အမ်ားႀကီးေပ်ာ္႐ႊင္ေနခဲ့တဲ့ Baekhyun ၊ မင္းကို အၿမဲတမ္းသည္းခံေနတတ္တဲ့ Baekhyun ၊ မင္း‌ေၾကာင့္အမ်ားႀကီး နာက်င္ခဲ့ရတဲ့ Baekhyun ၊ အဲ့ဒီ Baekhyunက မင္းလိုေကာင္နဲ႕မတန္ဘူး ၊ အခုလည္း Baekhyunကအသိတရားဝင္သြားၿပီမို႔ သူမၾကာခင္ မင္းနဲ႕ကြာရွင္းလိမ့္မယ္ ၊ ငါေျပာခ်င္တာ ဒါဘဲ "

ခပ္ျပတ္ျပတ္ေျပာ၍ပင္ Kyungsooထြက္လာခဲ့သည္။စိတ္ထဲမွာလည္း Luhanကိုေခၚလာလိုက္ရမွာလို႔ေတြးေနသည္။Luhanသာပါလာရင္ Park Chanyeol အဲ့ေနရာမွာတင္ ပြဲခ်င္းၿပီးဘဲေလ။ အခုေတာ့ ေဒါသထြက္လ်င္လည္း တည္ၿငိမ္တတ္သည့္ kyungsoo‌ေၾကာင့္ Park Chanyeolကံေကာင္းသြားခဲ့သည္။ ေကာ္ဖီဆိုင္မွ အထြက္ ေနာက္ျပန္လွည့္လိုက္ေတာ့ ‌ေနရာတြင္ ေခါင္းငိုက္စိုက္က်ကာ ထိုင္ေနေသးသည့္ Chanyeol က လုံးဝကို က်ရႈံးေနေလၿပီေလ ။ Kyungsooေက်နပ္စြာပင္ ၿပဳံးလိုက္ကာ လွည့္ထြက္ခဲ့သည္။

" hyung အႀကိဳက္ပီဇာကို Hyungတို႔အခန္းထဲပို႔ထားတယ္ သိလား "

Roundလွည့္လို႔ျပန္အလာ Elevatorေစာင့္ေနရင္းအနားေရာက္လာသူTaeyongကၿပဳံးလ်က္ေျပာလာသည္။

" အာ Taeyongကလဲ ဘာလို႔အခုလိုေတြလုပ္ရတာလဲ အားနာစရာႀကီး "

" အားနာရင္ မ်ားမ်ားစားေပးပါေနာ္ အခုတေလာ Hyungပိန္က်သြားတယ္ ၿပီးေတာ့ ကေလးေလးအတြက္အားရွိဖို႔လိုတယ္ေနာ္ "

ထိုအခါမွ Baekhyunလည္းသတိရသြားကာ ၿပဳံးျပလ်က္ေခါင္းၿငိမ့္ျပလိုက္ရသည္။ကေလးေလးေကာင္းေကာင္းေမြးဖြားနိုင္ဖို႔ အစားမ်ားမ်ားစားဖို႔လိုအပ္တာဘဲ။နို႔မ်ားမ်ားေသာက္ရမယ္၊အာဟာရျဖစ္မဲ့အရသာရွိတာ‌ေတြစားရမယ္၊ ဟင္းသီးဟင္း႐ြက္ေတြစားရမယ္ ။အဲ့ဒါမွ ကေလးေလးက ခ်စ္စရာေလးျဖစ္မွာ။

Baekhyunကိုယ့္အေတြးနဲ႕ကို ၿပဳံးမိေတာ့ ေဘးနားက Taeyongလဲသေဘာက်စြာၿပဳံးမိသြားသည္။

ေတြ႕ဖူးသမွ်အၿပဳံးေတြထဲမွာ Hyungအၿပဳံးက ခ်စ္စရာအေကာင္းဆုံးဘဲ။

" Baekhyun ငါမင္းအတြက္နို႔ဝယ္လာတယ္ "

အခန္းထဲစာဖတ္ေနတုန္း နို႔တစ္ခြက္ႏွင့္ေရာက္လာေသာ kyungsooကို ကုတင္ေပၚလက္ပုတ္လိုက္၍ေခၚလိုက္သည္။

" အဲ့စာေတြဖတ္တာရပ္ၿပီး အားရွိေအာင္အိပ္ပါကြာ မဟုတ္ရင္ မင္းကေလးေလးအတြက္ထိခိုက္လိမ့္မယ္"

" ခဏအပ်င္းေျပေလာက္ပါဘဲကြာ ကေလးေလးလဲ ဗဟုသုတရေအာင္လို႔ "

Baekhyunစကားကို kyungsooနားမလည္တာေၾကာင့္ မ်က္ေမွာင္က်ဳံ႕မိသြားသည္။

" ေနပါအုံး မင္းစာဖတ္တာနဲ႕ ကေလးေလးဗဟုသုတရတာနဲ႕ ဘာဆိုင္လို႔လဲ "

ထိုအခါ Baekhyunက မေျဖေသးဘဲ ႏြားနို႔ကိုတခ်ိဳင့္ထဲေမာ့ေသာက္ပစ္လိုက္ၿပီးေနာက္ ေပသြားေသာပါးစပ္အား လက္ခုံႏွင့္ျဖစ္သလိုသုတ္၍ ( ေျဗာင္အေပအေတေလး) ေျဖသည္။

" မင္းမသိဘူးလား အခုငါ့အေသြးအသားေတြနဲ႕ ကေလးေလးႏွင့္က ခ်ိတ္ဆက္ေနတာေလ ငါကအာဟာရရွိတဲ့အစားေကာင္းေကာင္းစားရင္ ကေလးေလးလဲ အာဟာရေတြရမယ္ ငါကနို႔ေသာက္ရင္ ကေလးေလးလဲ နို႔ဓာတ္ရမယ္ ငါကစာဖတ္လို႔ ရသြားတဲ့ဗဟုသုတကိုလဲ ကေလးေလးဆီ အေသြးအသားထဲကေန စီးဆင္းၿပီးရမယ္ ကဲ ေတြ႕လား "

Baekhyunရဲ႕ထူးဆန္းသည့္ေျဖရွင္းခ်က္ေၾကာင့္ Kyungsooပါးစပ္အေဟာင္းသားေတာင္ျဖစ္သြားရသည္။ဒီေကာင္ ပစ္ခံရတာမ်ားၿပီး ဦးေႏွာက္ေခ်ာင္သြားတာလားလို႔ပင္ထင္မိတယ္။သူ႕ဗိုက္ထဲကထြက္လာမဲ့ကေလးေလးလဲ သူ႕လိုဦးေႏွာက္ေခ်ာင္သူမျဖစ္ဖို႔ဘဲဆုေတာင္းရေတာ့မွာေပါ့။

Kyungsooေတြးေနရင္းပင္ သူငယ္ခ်င္းအားၾကည့္ေနမိသည္။ ဗိုက္ထဲကမထြက္လာသည့္ကေလးေလးအတြက္ စိတ္လႈပ္ရွားေနသည့္ Baekhyunပုံစံကအရမ္းကိုအျပစ္ကင္းစင္လွသည္။ျဖစ္နိုင္ရင္ Baekhyunကိုအၿမဲတမ္းၿပဳံးေစခ်င္သည္။ဘဝမွာလည္း ဘာပင္ပန္းမႈေတြ စိတ္ဆင္းရဲမႈေတြမရွိပါဘဲအနာဂတ္ကို‌ ေပ်ာ္႐ႊင္ျခင္း‌ေတြနဲ႕ဘဲ ျဖတ္သန္းေစခ်င္သည္ပင္။

" Kyungsoo ငါ့ကိုၾကည့္ၿပီးဘာေတြစဥ္းစားေနတာတုန္း "

Baekhyunစကားၾကားမွ အေတြးကမာၻထဲနစ္ျမဳပ္ေနသူက သတိျပန္လည္လာခဲ့သည္။

" မင္းေမြးလာမဲ့ကေလးေလး မင္းလိုက်ပ္မျပည့္တဲ့သူမျဖစ္ရင္ေကာင္းမွာဘဲလို႔ စဥ္းစားေနတာပါ "

"ဟာ ! မင္းေနာ္ "

Kyungsoo စလိုက္ေတာ့ မ်က္လုံးေလးျပဴးကာ
ရန္ေထာင္ေနသည့္ သူငယ္ခ်င္းအတြက္ စိတ္ထဲတြင္ဝမ္းနည္းေနမိသည္။ ဒါေၾကာင့္ သူေရွ႕မွာ မငိုမိဖို႔ရန္ အျမန္ထရပ္လိုက္၍ ကိုယ့္အခန္းျပန္ဖို႔ရန္ဆုံးျဖတ္လိုက္သည္။

" ျပန္ေတာ့မို႔လား ငါနဲ႕စကားမေျပာေတာ့ဘူးလား "

" ငါကမင္းလိုအားယားေနတဲ့ေကာင္မဟုတ္ဘူး သြားၿပီ!ေစာေစာအိပ္အုံး! "

" Yes sir ! "

စစ္သားေတြလိုေလသံႏွင့္အေလးျပဳသလိုလုပ္ကာ ေျပာေနသည့္ သူ‌ေၾကာင့္ kyungsooသ‌ေဘာတက်ရယ္မိသည္။ၿပီးမွ ေသခ်ာႏႈတ္ဆက္ကာ နို႔ပန္းကန္ယူ၍အခန္းထဲမွထြက္သြားခဲ့သည္။

Kyungsooထြက္သြားေတာ့ ဘာမွမျဖစ္သလိုဟန္ေဆာင္ကာၿပဳံးေနတဲ့ Baekhyunခ်က္ခ်င္းပင္ မ်က္ႏွာေလးမွိုင္က်သြားကာ မ်က္ရည္ေတြဝဲလာသည္။တကယ္ေတာ့ Baekhyunစာဖတ္ေနသည္မွာ စိတ္ဝင္စားလို႔မဟုတ္ပါဘဲ အိပ္မေပ်ာ္ခဲ့လို႔ပါ။ဘာလို႔အိပ္မေပ်ာ္ခဲ့တာလဲဆိုရင္ မ်က္စိမွိတ္လိုက္တိုင္း Chanyeolကို ျမင္ေနမိလို႔ပါ ။ ဒါေၾကာင့္ Baekhyunအိပ္ဖို႔ကိုေၾကာက္ေနမိကာ မအိပ္ငိုက္ေစရန္ ေတြ႕ရာေလွ်ာက္လုပ္ေနမိသည္အထိ။

ဟင္းးးး။

႐ႊတ္!

သက္ျပင္းသဲ့သဲ့ေလးခ်ကာ ႏွာေလးတစ္ခ်က္ရႈံ႕လိုက္ၿပီး ဗိုက္ကေလးအား ခပ္ဖြဖြထိလိုက္သည္။

အင္း .... ေတာ္ေသးတာေပါ့ ငါခ်စ္ရမဲ့သူတစ္ေယာက္ရွိေသးလို႔ ။

ဗိုက္ကေလးအား လက္ဖဝါးေလးနဲ႕သာ ဖြဖြေလးသပ္ေပး၍ေတြးေနမိသည္။

------------
" Park Chanyeol မင္းသိၿပီမွတ္လား ဘယ္လိုေနာင္တရလဲဆိုတာ "

Sehunရဲ႕ အေမးစကားကို Chanyeolမေျဖမိဘဲ ထိုင္ခုံေနာက္ေက်ာမွီကာ မ်က္လုံးေတြကိုတင္းတင္းမွိတ္ထားေနသည္။ မ်က္ခုံးေတြဟာလည္း အလိုမက်စြာ ထိလုမတတ္ စုကုတ္ေနၿပီး နား႐ြက္ေတြဟာလည္း ေဒါသတစ္ခုေၾကာင့္ နီရဲေနသည္။

ဘာမွစကားျပန္မလာဘဲ ဆူပုတ္ေနသည့္ Chanyeol‌ ေၾကာင့္ Sehunႏွင့္Jonginတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ ေမးေငါ့ျပေနသည္။

" ေတြ႕လား ဒီေကာင္အခုက်မွ Baekhyunကိုအဆုံးရႈံးမခံနိုင္ျဖစ္ေနတယ္ "

" ဒီေကာင္ကိုက ရႈပ္လြန္းတာ "

ခပ္တိုးတိုးအတင္းတုတ္ေနၾကသည့္ သူႏွစ္ေယာက္ကို မ်က္လုံးတစ္ဖက္ဖြင့္လိုက္ၿပီးစိုက္ၾကည့္လိုက္ေတာ့ ေခါင္းခ်င္းစိုင္ေနၾကသည့္ ႏွစ္ေယာက္က သတိထားမိသြားၿပီး ဖယ္သြားၾကသည္။ထိုအခါ ထိုင္‌ေနရာမွထကာ ဆိုဖာခုံေပၚထိုင္ေနတဲ့သူႏွစ္ေယာက္ေရွ႕တြင္ထိုင္လိုက္သည္။

" ငါကမင္းတို႔ဆီက အႀကံဉာဏ္လိုခ်င္လို႔ေခၚလိုက္တာေနာ္ မင္းတို႔အတင္းတုတ္တာခံဖို႔မဟုတ္ဘူး "

" ဘာ ! အခုက်မွ အႀကံဉာဏ္ေတာင္းမယ္ေပါ့ မင္းဟာကမလြန္လြန္းဘူးလား လုပ္ခ်င္တိုင္းလုပ္ၿပီးမွ "

Sehunကစိတ္တိုတိုႏွင့္ေျပာလိုက္လွ်င္ Jonginက စကားမလြန္ေစရန္ လက္ကာတားလိုက္ၿပီး Chanyeolကိုၾကည့္ကာ

" မင္းအခုဘာျဖစ္ခ်င္ေနတာလဲ "

ထိုအခါ Chanyeolကေခါင္းငုပ္ခ်လိဳက္ၿပီး

" ငါ ... ငါ Baekhyunနဲ႕ မကြာရွင္းခ်င္ဘူးျဖစ္ေနတယ္ "

" ဘာေၾကာင့္လဲ "

ဒီတစ္ခါ Jonginရဲ႕အေမးကိုေတာ့ Chanyeolေျဖဖို႔ရန္ခက္ခဲသြားခဲ့သည္။ဘာေၾကာင့္ မကြာရွင္းခ်င္တာလဲဆိုတာကိုလည္း Chanyeolကိုယ့္ကိုကိုယ္မသိပါ။ျဖစ္ခ်င္သည္ကေတာ့ အရင္အတိုင္းဘဲ Baekhyunႏွင့္အတူေနခ်င္သည္ပင္။

ဘာမွမေျဖဘဲၿငိမ္က်သြားသည့္သူကိုၾကည့္ကာ jonginဟက္ကနဲရယ္ခ်လ်က္

" ေတြ႕လား ! မင္းမွာအေၾကာင္းျပခ်က္မရွိဘဲနဲ႕ဘာလို႔ မင္းလိုခ်င္တာဘဲေတြးေနရတာလဲ ဘာလို႔ သူတစ္ပါးကိုနာက်င္ေအာင္လုပ္ေနရတာလဲ Chanyeol"

" ငါက Baekhyunကို နာက်င္ေအာင္မလုပ္ပါဘူး"

ထိုအခါ တိတ္ဆိတ္ေနသည့္ Sehunသည္မေနနိုင္စြာပင္ စားပြဲခုံအား ဘုန္းကနဲထုလ်က္

" မင္းက Baekhyunကို နာက်င္ေအာင္မလုပ္ဘူးဟုတ္လား? ဘယ္တုန္းက ဟာသေတြေျပာတတ္သြားတာလဲ Chanyeolရာ "

" Sehun "

Jonginက Sehunအေၾကာင္းကိုသိလို႔ တားမယ္အလုပ္ Sehunကဦးစြာတားလိုက္သည္။

" Jongin ငါ့ကိုမတားနဲ႕ ငါေျပာသင့္တာေျပာရမယ္ မဟုတ္ရင္ ဒီေကာင္လြန္လိမ့္မယ္ "

Jonginလည္း မနိုင္ေတာ့ဘူးဟုေတြးကာလႊတ္ထားလိုက္ေတာ့သည္။

" ဒီမွာ Chanyeol မင္းလုပ္ပုံေကာင္း‌လားဆိုတာေသခ်ာျပန္စဥ္းစား ငါေျပာျပမယ္ "

"..."

" မင္းက Baekhyunကိုလက္ထပ္တယ္ဆိုတာ Baekhyunကို အနိုင္က်င့္ခ်င္လို႔ ၿပီးရင္ Daisyနဲ႕အတူေနၿပီး Baekhyunကိုပစ္ထားတယ္ ၿပီးေတာ့ Baekhyunကို ေမွ်ာ္လင့္ခ်က္ေတြေပးၿပီး အဲ့ေမွ်ာ္လင့္ခ်က္ေတြကိုရိုက္ခ်ပစ္တယ္ ၿပီးေတာ့ မင္းစိတ္ထဲမွာ Baekhyunရွိရဲ႕သား ဘာလို႔မ်ားလိမ္ညာခ်င္ရတာလဲ ၊ မင္းေဘးနားမွာBaekhyunကိုထားခ်င္ရဲ႕သားနဲ႕ အေဝးကို မင္းကိုယ္တိုင္ဘဲတြန္းပို႔လိုက္တာေလ Park Chanyeol! "

Sehunေဒါသထြက္စြာပင္ေျပာဆိုၿပီးေနာက္ မ်က္လုံးစုံမွိတ္ကာေဒါသတို႔ကို ေျဖေလ်ာ့ေနရသည္။မဟုတ္ရင္ ... သူငယ္ခ်င္းေတြဘာေတြငွဲ႕ညာေနမွာမဟုတ္ဘဲ ဆြဲထိုးမိမွာပင္။

" ဟုတ္တယ္ Chanyeol , Sehunေျပာတာမွန္တယ္ ၊ မင္း အသိတရားရသင့္ၿပီ "

" ဒါမဲ့ အခုက ငါဘယ္လိုမွလုပ္လို႔မရတဲ့အေျခအေနျဖစ္ေနၿပီ ငါေသခ်ာေပါက္ Daisyကိုေ႐ြးရေတာ့မွာ "

စိတ္ပ်က္ပ်က္နဲ႕ေျပာလာသည့္ Chanyeolသည္ လုံးဝကိုမွိုင္က်သြားၿပီး စိတ္ဓာတ္က်ေနသည့္ပုံျဖစ္သည္။‌ေဘးနားကလဲ Chanyeolရဲ႕ပုံစံကိုၾကည့္ရင္း စိတ္မသက္မသာျဖစ္ရသည္။

အရင္က Chanyeolသိပ္ခ်စ္လွပါသည္ဆိုသည့္ Daisyသည္ အခုေတာ့ Chanyeolရဲ႕ႏွလုံးသားထဲမွာေတာင္မရွိေတာ့ပါ။ အရင္က Chanyeolမုန္းလွပါသည္ဆိုသည့္ Baekhyunကေတာ့ Chanyeolကို က်ရႈံးေအာင္လုပ္နိုင္ခဲ့သည္။

" ကို ဘာေတြစဥ္းစားေနတာလဲ "

ဇြန္းကိုကိုင္ကာ ေတြေဝေနသည့္ Chanyeolရဲ႕ လက္ေမာင္းအားခပ္ဖြဖြလႈပ္ကာ ေမးေတာ့ သတိေမ့ေနသူတစ္ေယာက္လို နိုးလာသည့္သူက မိမိအား ေၾကာင္ေတာင္ေတာင္မ်က္လုံးေတြနဲ႕ၾကည့္လာသည္။

" ကို ဘာေတြစဥ္းစားေနတာလဲလို႔ Daisyေမးေနတယ္ေလ "

" ေအာ္ အင္း ဒီတိုင္း ကုမၸဏီအေၾကာင္းပါ "

Chanyeolေျပာေပမဲ့ သူမက မသင္ကာစြာစိုက္ၾကည့္သည္။ေရွ႕မွာ သူရွိေနရဲ႕သားနဲ႕ အျခားကို စိတ္ေရာက္ေနသည့္ Chanyeolကို သူမ,မေက်နပ္ပါ။

တီ !

ထိုစဥ္ စားပြဲေပၚမွ သူမဖုန္းေလး ပြင့္လာၿပီး စာတစ္ေစာင္ေရာက္လာသည္ကိုအခ်က္ျပသည္။Chanyeolသူမဖုန္းကိုၾကည့္လိုက္ေတာ့ သူမကလ်င္ျမန္စြာပင္ ဖုန္းကိုေကာက္ယူလိုက္ကာ အိတ္ထဲထည့္လိုက္သည္။

" ကို စားေလ ဟင္းရည္ေတြေအးကုန္မယ္ "

ဖုန္းအေၾကာင္းကိုChanyeolဘက္ကစကားစမလာခင္မွာပင္ သူမကလ်င္ျမန္စြာအရင္လမ္းေၾကာင္းလႊဲလိုက္သည္။သို႔ေပမဲ့ သူမထက္ပင္လ်င္ျမန္တဲ့ Chanyeolကအ‌ေသအခ်ာပင္ျမင္လိုက္ရသည့္ သူမ၏ messageအေၾကာင္းကိုေတြးေနမိသည္။

'ျပင္ဆင္ၿပီးၿပီ'ဆိုဘဲ ဘယ္သူကို ျပင္ဆင္ခိုင္းထားတာလဲ ၿပီးေတာ့ ဘာကိုမ်ားလဲ !

Chanyeol မသင္ကာစြာ ၾကည့္မိေတာ့ သူမက ျဖဴ‌ေဖြးေသာသြားတို႔‌ေပၚေအာင္ရယ္ျပလာၿပီး Chanyeolပန္းကန္ထဲကို အသားတစ္ဖတ္ထည့္လာေပးသည္။

" ကိုထည့္စားေနာ္ ကိုအားရွိမွ Daisyေမြးလာမဲ့ ကေလးေလးကိုထိန္းနိုင္မွာ "

" ေကာင္းပါၿပီ "

Chanyeol သူမကို ၿပဳံးလ်က္ေျပာလိုက္ၿပီး သူမထည့္ေပးသည့္ အသားဖတ္အား စားလိုက္သည္ကို သူမကဝမ္းသာစြာၾကည့္ေနသည္။

ေနာက္ဆုံးေတာ့ ကိုျပန္ေရာက္လာၿပီ !

Chanyeolအသားဖတ္အားဝါးရင္း သူမအား ၿပဳံးလ်က္စိုက္ၾကည့္ေနသည္။ၿပီးေတာ့ သူမ၏မ်က္လုံးေတြကိုေသခ်ာစိုက္ၾကည့္ေနလိုက္သည္။

မင္းဘာေတြ ဖုံးကြယ္ထားလဲ Daisy !

Chanyeol , Daisyကိုၾကည့္ေလ ပေဟဠိဆန္လာေလျဖစ္သည္။ သူမ၏မ်က္လုံးေတြက ဟန္မေဆာင္တတ္ပါဘဲ Chanyeolအား တစ္ခုခုလိမ္ထား‌ေၾကာင္းကိုသက္ေသျပေနသလို Chanyeolကလည္းေသခ်ာေပါက္ ရိပ္မိေနသည္။ထိုေၾကာင့္ Chanyeolသူမ၏မ်က္လုံးေတြကိုသာ စိုက္ၾကည့္ကာ အေျဖရွာေနရသည္။

(To be continued)

ေန႕လည္ကအၿပီးေရးၿပီး တင္ဖို႔ပါဘဲ ထမင္းဆိပ္တက္ၿပီး အိပ္ေပ်ာ္သြားတာ ညေန 5ခြဲမွ နိုးတယ္ ... အဲ့ဒါနဲ႕ ဟိုဟာလုပ္ ဒီဟာလုပ္နဲ႕ျပင္ဆင္ရင္း အခုမွ အဆုံးသတ္ေရးတာ ၿပီးသြားတယ္ အဟဲ ><

-------------

Continue Reading

You'll Also Like

12.4K 357 52
WARNING: I DO NOT OWN THE TVD FRANCHISE OR ITS CHARACTERS! I ONLY OWN SKYLER MORGAN AND YASMINE HALE! ANOTHER WARNING: MY COUSIN AND I ARE BOTH THE...
31K 1K 10
Overwhelmed with pain and anxiety after his seventh detention with Umbridge, Harry decides to reach out to an old friend for help. Mentorfic.
401K 6.4K 79
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
469 271 58
It takes losing yourself to find the true version of you. A collection of over 35 poems and passages about heartbreak and self-discovery. If you rela...