ကျတော့်ရဲ့ နဂါးကောင်လေး(MM tr...
Oleh mizzle69
218K 39.2K 1.1K
ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး Lebih Banyak
ဇာတ်လမ်း အကျဥ်း
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 12
chapter 13
chapter 14
chapter 15
chapter 16
chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28 ( Uni)
Chapter 28 (Zawgyi)
Chapter 29 (part 1)
Chapter 29 (Part 2)
Chapter 30 (Part 1)
Chapter 30 ( Part 2)
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Request !! Please..🫶
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
chapter 11
3.1K 715 9
Oleh mizzle69
Uni
Nan HuaiLin နိုးလာတော့ ဆေးရုံက ကုတင်ပေါ်မှာ လဲလျောင်းနေပြီး သူ့ရဲ့လက်ဖမိုးပေါ်မှာ ဆေးထိုးအပ်တစ်ခုနှင့်အတူ ဆေးရည်တွေထိုးသွင်းခံနေရတာကို သတိထားမိတယ်။
သူထထိုင်လိုက်ကာ ဖုန်းထားတဲ့နေရာကို လက်လှမ်းလိုက်တယ်။ ဒါပေမယ့် အိတ်ကပ်တွေကို ဟိုစမ်းဒီစမ်းရှာကြည့်ပေမယ့် ဘာမှမတွေ့ဘူး။
အဲ့ဒီအချိန်မှာ Fei Chengက လမ်းလျှောက်ပြီး ဝင်လာတယ်။
"မင်းနိုးပြီလား?" သူရဲ့ လက်ထဲမှာရှိတဲ့ ဖုန်းကို ကမ်းပေးလာတယ်။ "မင်းဆီကို ဖုန်းခေါ်တဲ့လူရှိတယ်"
Nan HuaiLinဖုန်းကို လှမ်းယူကာ သူ့ကို ခိုးကြည့်လိုက်ပြီး မြန်မြန်ပဲ ဖုန်းဆီအကြည့်ပြန်ပို့ကာ စကားပြောလိုက်တော့ သူ့ရဲ့အသံကအက်ကွဲနေတယ်။
"ကျတော်ကို ဆေးရုံခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ်။ အခု ခင်ဗျားပြန်လို့ရပါပြီ"
အဲ့လိုပြောလိုက်ပေမယ့် Fei Chengက ဆက်ထိုင်နေတယ်။
"ကိုယ့်မှာ ဘာလုပ်စရာမှ မရှိဘူး။ အဲ့တော့ မင်းနဲ့ အချိန်ခနလောက် အတူနေပေးမယ်"
Nan HuaiLin ငြင်းလိုက်တယ်။ "မဟုတ်ပါဘူး။ ခင်ဗျား သွားလို့ရပါတယ်"
Fei Chengက သူ့ကို စိုက်ကြည့်လာပြီး "မင်း ကိုယ့်ကို မကြိုက်ဘူးလို့ ကိုယ်ဘာလို့ခံစားမိနေတာလဲ?"
"ခင်ဗျား အတွေးလွန်နေပါပြီ။ ကျတော်က ခင်ဗျားကိုတောင် သေချာသိတာမှ မဟုတ်ဘဲနဲ့ ဘယ်လိုလုပ် ကျတော်က ခင်ဗျားကို မကြိုက်ရမှာလဲ? ကျတော်က ခင်ဗျားကို အနှောင့်အယှက်မပေးချင်ရုံပါ"
Fei Cheng သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေကို ပင့်တင်လိုက်မိပြီး "ကိုယ့်နာမည်က Fei Cheng။ အဲ့ဒီစကားလုံးက ' မြို့ ' ကို ဆိုလိုတာ။ မင်း ကိုယ့်ရဲ့နာမည်ကို သိသွားပြီဆိုရင် ကိုယ်တို့တစ်ယောက်ကိုတစ်ယောက်သိသွားပြီ"
ဒါဆို Fei Zhengရဲ့ ညီက Fei Chengလို့ ခေါ်တာပေါ့။
Nan HuaiLin သူ့ကို ထပ်ပြီး ကြည့်လိုက်တယ်။
အဲ့ဒီနေ့က သူ့ရဲ့မျက်နှာတစ်ဝက်ကို နေကာမျက်မှန်နောက်မှာ တစ်နေကုန်မချွတ်ဘဲ ကွယ်ထားခဲ့တာဆိုတော့ သူ့ရဲ့ပုံစံက ဘယ်လိုရှိမလဲဆိုတာကို Nan HuaiLin အလွယ်တကူ မသိခဲ့ဘူး။ ဒါကြောင့် သူ့မျက်နှာကို သေသေချာချာ မြင်ခွင့်ရတာ ဒီနေ့က ပထမဆုံးနေ့ပဲ။
တစ်ခွန်းတည်းပြောရရင် ' ချောတယ် '
နှစ်ခွန်းပြောရရင် ' အရမ်း ချောတယ် '
သုံးခွန်းကြီးများတောင်ပြောရရင် 'ပိုးစိုးပက်စက် အရမ်းအရမ်း ချောတယ်'
Fei Chengနဲ့ ယှဉ်ရင် သူက ရွံ့ထဲက ဘဲရုပ်ဆိုးလိုပဲလို့ Nan HuaiLin ခံစားရတယ်။
"ကျတော် ဖုန်းပြောမလို့"
"He DingHongဆီကို ခေါ်မှာလား?"
"ဟုတ်တယ်"
"အဲ့တာဆို ခေါ်စရာမလိုဘူး။ အဲ့ဒီအကြောင်းကို ကိုယ် သူနဲ့ရှင်းပြီးသွားပြီ"
Nan HuaiLinအခုမှ ခေါ်ခါစပဲ ရှိသေးတဲ့ဖုန်းကို ချလိုက်ပြီး Fei Chengကို ကြည့်လိုက်တယ်။
"ခင်ဗျား သူ့ကို ဘာပြောလိုက်တာလဲ?"
Nan HauiLinက သူ့ကို အဲ့လိုစိုက်ကြည့်လာတော့ သူ့ရဲ့ နှလုံးသားက ရုတ်တရက် ထပြီး နည်းနည်းလေး အနှောင့်အယှက်ပေးလာတယ်။
သူတို့က တစ်ခါတည်းပဲ ဆုံဖူးသေးတာဆိုပေမယ့် သူ့ရဲ့အိပ်မက်တွေထဲမှာ Nan HuaiLinနဲ့အတူ နှစ်ခါတောင် အိပ်ပြီးပြီ။ မနေ့ညက အိပ်မက်က သူ့စိတ်ထဲမှာ တကယ်ဖြစ်ပျက်ခဲ့သလို ပိုပြီး လက်တွေ့ဆန်တယ်လို့ ထင်တယ်။ အဲ့ဒီအကြောင်းကို နည်းနည်းစဉ်းစားလိုက်ရုံနဲ့ သူ့ရဲ့ ခန္ဓာကိုယ်က ပူပြီး တောက်လောင်လာတယ်။
အချိန်ခနလောက် စောင့်ဆိုင်းနေပေမယ့် အဖြေပြန်မလာတော့ Nan HuaiLin အရမ်းသိချင်လာပြီး မေးလိုက်တယ်။
"ခင်ဗျား ဘာဖြစ်လို့ ဘာမှ ပြန်မပြောတာလဲ?"
Fei Cheng ကို့ယို့ကားယားနဲ့ ချောင်းဟန့်လိုက်ပြီး "ကိုယ် သူ့ကို ပြောလိုက်တာက မင်းက အဖျားမိပြီး ဆေးရုံပေါ်ရောက်နေလို့ သူ့ကို လာမတွေ့နိုင်ဘူးလို့"
"အဲ့တော့ သူက ဘာပြန်ပြောလဲ?"
"သူပြောတာက မင်းကို မနက်ဖြန်ကြရင် ပြန်ခေါ်မယ်တဲ့ "
"အို့" Nan HuaiLin စကားပြောတာကို ရပ်တန့်လိုက်တော့ လေထုက ချက်ချင်းပဲ တိတ်ဆိတ်ငြိမ်သက်သွားတယ်။
Nan HuaiLinက သူ့ရဲ့ဖုန်းပေါ်ကို အကြည့်လွှဲကာ ခေါင်းငုံ့လိုက်တယ်။
Fei Chengကတော့ Nan HuaiLinကို တိတ်တိတ်လေး ကြည့်နေတယ်။
Fei Chengရဲ့ စိတ်ထဲမှာ ထူးဆန်းနေတယ်။ ဒီမျက်နှာလေးက နာကျင်မှုကို ခံစားနေရမှန်း အရမ်းသိသာတယ်။ ဒါကိုပဲ ဘယ်လိုဖြစ်ပြီး အဲ့ဒီမျက်နှာလေးက သူ့ကို အရမ်းနှစ်သက်ဖွယ်ကောင်းစေတာလဲ? အနုပညာလောကမှာရှိတဲ့ ရုပ်ချောတဲ့ မင်းသား မင်းသမီးတွေထက်တောင် အဲ့ဒီမျက်နှာလေးက ပိုပြီး နှစ်သက်ဖွယ်ကောင်းတယ်လို့ ထင်ရတယ်။ သူကပဲ အလှရသ ခံစားတဲ့နေရာမှာ ပြဿနာ ရှိနေတာများလား?
[ဒါကိုပြောချင်တာ Love has no eyes မြန်မာလိုက အချစ်က မျက်ကန်း 😎။ စတာ😂 စတာ😂 အချစ်မှာ မျက်စိမရှိဘူးတဲ့]
"ဟေး" Fei Chengက ရုတ်တရက် စကားစလာတယ်။ "ကိုယ့်ကို မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါ"
"ဘာမေးမှာလဲ?"
"အဲ့ဒီနေ့က မြေအောက်ရထားပေါ်မှာ....." Fei Chengက နှစ်စက္ကန့်လောက်ရပ်သွားပြီး "မင်း ဘာဖြစ်လို့ ငိုခဲ့တာလဲ?"
Nan HuaiLinက မျက်လွှာချသွားပြီး ခနလောက်တိတ်နေတယ်။
"ကျတော်မဖြေလို့ ရမလား?"
Fei Chengက ခေါင်းညိမ့်တယ်။
"အဲ့တာဆို နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးမယ်"
Nan HuaiLin မသိမသာလေး သက်ပြင်းခိုးချလိုက်ရတယ်။
"မေးပါ"
"မင်းမှာ ကောင်လေးရှိလား?" Fei Chengက အချိန်တွေ ဆွဲမနေပဲ သူသိချင်တဲ့အရာကို တဲ့တိုးမေးလိုက်တယ်။
Fei Chengက USမှာ မွေးဖွားခဲ့တာဖြစ်တယ်။ တရုတ်ပြည်ကို မူလတန်းအရွယ်လောက်မှာ ရောက်လာခဲ့ပြီး USကို ပြန်သွားတဲ့အချိန်မှာ ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်နေပြီ။ ယေဘုယျအားဖြင့်ပြောရရင် သူ့ကို အနောက်တိုင်းနိုင်းငံ ယဉ်ကျေးမှုတွေက တော်တော်လေး လွှမ်းမိုးထားတယ်။ ဒါကြောင့် သူ့ရဲ့ အပြောအဆိုနှင့် အပြုအမူတွေက အရမ်းပဲ တဲ့တိုးဆန်တယ်။
"ရှိတယ်"
Fei Chengက သူ့ကို ဘာကြောင့် ဒီလိုမေးခွန်းမျိုးမေးလဲ ဆိုတာရော သူကလည်း ဘာကြောင့်မို့လို ဒီလိုမျိုးလိမ်လှည်ပြီး ဖြေလိုက်မိလဲ ဆိုတာရော Nan HuaiLin မစဉ်းစားတတ်တော့ဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ ဉီးနှောက်ထက် သူ့ရဲ့ ပါးစပ်က ပိုမြန်နေတယ်။
Fei Cheng ခေါင်းညိမ့်ပြလိုက်တယ်။ ဒါပေမယ့် ဘယ်လိုစိတ်ထိခိုက်တဲ့ အမူအရာကိုမှ မပြသမိအောင် ထိန်းလိုက်တယ်။
Fei Cheng ဆေးသွင်းထားတဲ့ပုလင်းကို ကြည့်လိုက်တော့ တော်တော်များများကျန်နေသေးတယ်။
အဲ့ဒီနောက် သူ စကားပြောတာကို ရပ်လိုက်ကာ Nan HuaiLinရဲ့ ဘေးမှာ ဝင်ထိုင်ရင်း ဖုန်းကစားနေလိုက်တယ်။
စကားပြောနေတာကို ရုတ်တရက်ကြီး အဆုံးသတ်လိုက်တာကြောင့် Nan HuaiLinနည်းနည်းတောင် စဉ်းစားမရဖြစ်ပြီး ကြောင်အသွားတယ်။
သူ Fei Chengကို ချောင်းကြည့်နေရင်း ရုတ်တရက် အရေးကြီးတဲ့ အရာတစ်ခုကို သတိရသွားတယ်။ သူ့ရဲ့ဖုန်းကို ကတိုက်ကရိုက်ဖွင့်လိုက်ကာ Ruan Xinရဲ့ weibo ဆီကို စာပို့လိုက်တယ်။ [လက်ထောက် Ruan ကျတော့်ရဲ့ အလုပ်နဲ့ ပတ်သက်ပြီး Mr.Fei စိတ်ကျေနပ်မှု ရှိသေးရဲ့လား?]
ငါးမိနစ်လောက်စောင့်ပြီးနောက် Ruan Xinဆီက စာ ပြန်လာတယ်။ [Mr.Feiက သူ စိတ်ကျေနပ်မှု မရှိဘူးလို့မပြောဘူး။ အဲ့ဒါက စိတ်ကျေနပ်တယ် ဆိုတာကို ပြောတာပဲ]
Nan HuaiLinရဲ့ နှလုံးသားထဲမှာ ပျော်ရွှင်မှုရော စိုးရိမ်မှုရော နှစ်ခုစလုံး ဝင်ရောက်နေတယ်။
ဒါပေမယ့် ပျော်ရွှင်မှု သေးသေးလေးတော့ ပိုများမယ်ထင်တယ်။ ဒါနဲ့ သူက အကောင်းမြင်စိတ်ရှိတာပဲ။
ရုတ်တရက် သူ့ရဲ့ အစာအိမ်က အသံမြည်လာတယ်။ Nan HuaiLin မြန်မြန်ပဲ အဲ့ဒီအပေါ်ကို ဖုံးအုပ်လိုက်တယ်။
Fei Chengက သူ့ကို ကြည့်လာပြီး "မင်း ဘာစားချင်လဲ? ကိုယ်တစ်ခုခုသွားဝယ်ပေးမယ်"
Nan HuaiLin အိုးတို့အန်းတန်းတဲ့ ရှက်ရွံစွာ ပြန်ကြည့်ကာ "မဝယ်ပေးပါနဲ့ ရပါတယ်။ ကျတော် အခုတလော ဝိတ်ချနေလို့။ ညစာရှောင်နေတယ်"
Fei Chengက မတ်တပ်ထရပ်တယ်။
"ဟန်ဆောင်မနေနဲ့။ ကိုယ်ဝယ်ခဲ့တာပဲ စားတော့"
Fei Chengရဲ့ ဖြောင့်တန်းနေတဲ့ ကျောပြင်ကို Nan HuaiLinငေးကြည့်မိပြီး သူ့နဲ့ နည်းနည်းလေး ထိတွေ့မိရုံနဲ့ကို စိတ်ထဲမှာ ဘယ်လိုကြီးလဲ မသိဘူး ခံစားနေရတယ်။ သူ့ကို Nan HuaiLinရဲ့ နှလုံးသားထဲမှာ တိတ်တိတ်လေး အမှတ်ပေးလိုက်မိတယ်။ ခင်ဗျားက အရမ်းကူညီချင်စိတ်ရှိတာပဲ။
အစားအသောက်တွေနဲ့ Fei Cheng ပြန်လာတဲ့အခါ Nan HuaiLinက ကုတင်ပေါ်မှာ အိပ်ပျော်နေတယ်။
Fei Chengက သူ့ကို နိုးပြီး အိပ်ရေးမပျက်စေချင်ဘူး။ ဒါကြောင့် ပါလာတဲ့အရာတွေကို စားပွဲပေါ် ညင်ညင်သာသာတင်ကာ တိတ်တိတ်လေးဝင်ထိုင်လိုက်တယ်။
သူ့ရဲ့မျက်လုံးတွေက Nan HuaiLinရဲ့ အိပ်ပျော်နေတဲ့ မျက်နှာပေါ်ကို ကျရောက်လာတယ်။ အဲ့ဒီမျက်နှာလေးက မလှပဘူးဆိုတာ သေချာတယ်။ ဒါပေမယ့် သူ အကြည့်မလွှဲနိုင်ဘူး။ ဒါက တော်တော်လေးကို ထူးဆန်းတယ်။
အစက်ချထားတဲ့ဆေးတွေ ကုန်ခါနီးတော့ Fei Cheng သူနာပြုတစ်ယောက်ကို ဆေးထိုးအပ်ဖြုတ်ဖို့ ခေါ်လိုက်တယ်။
ဆေးထိုးအပ်ကိုဖယ်လိုက်တဲ့အချိန် နာကျင်မှု သေးသေးလေးကြောင့် Nan HuaiLinနိုးလာတယ်။ ပြီးတော့ ဒီအခြေအနေကို နားလည်ဖို့ စက္ကန့်အနည်းငယ်လောက်တွေဝေသွားတယ်။
သူ ဖြေးဖြေးချင်းပဲ ထထိုင်လိုက်ပြီး Fei Chengကို စကားပြောလိုက်တော့ အိပ်ရာထခါစမို့ သူ့အသံတွေက လုံးထွေးနေတယ်။
"ကျတော် တောင်းပန်ပါတယ်။ ကျတော် အိပ်မိသွားတယ်"
"သွားစို့။ ကိုယ်မင်းကို အိမ်ပြန် လိုက်ပို့ပေးမယ်"
Nan HuaiLin သူ့ရဲ့ ရူးဖိနပ်ကို ပြန်ပြင်စီးနေပြီး "မဟုတ်တာ။ ကျတော် ခင်ဗျားရဲ့ အချိန်တော်တော်များများကို ယူမိပြီးသွားပါပြီ။ ကျတော်ဘာသာပဲ လမ်းလျှောက်သွားလိုက်ပါ့မယ်"
သူက မတ်တပ်ထရပ်လိုက်ကာ "စကားမစပ် ဆေးဖိုး ဘယ်လောက်ပေးလိုက်ရလဲဟင်? ကျတော် ခင်ဗျားဆီကို ပြန်ပြီးလွှဲပေးမယ်"
Fei Chengက သူ့ရဲ့ ဖုန်းကို ဆွဲထုတ်လိုက်ပြီး "ကိုယ့်ကို WeChatမှာ အပ်လိုက်"
"WeChatကို အပ်စရာမလိုဘူးလေ။ ငွေလက်ခံရရှိဖို့က QRကုဒ်ကို စကင်ဖတ်ရုံနဲ့တင် ရပါတယ်"
Fei Chengရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေ ကွေးသွားတယ်။
"ကိုယ် မင်းရဲ့ WeChatကို အပ်လို့ရမလား?"
အဲ့ဒီအခါမှသာ Nan HuaiLin သူ ဘာကိုပြောချင်လဲဆိုတာ သဘောပေါက်သွားတယ်။ ဒါကြောင့် Nan HuaiLinမှာ သူ့ရဲ့ WeChatကို အပ်ရမဲ့အလုပ်တစ်ခု ပိုသွားပြီး အဲ့ဒီကနေတစ်ဆင့် သူ့ကို ပိုက်ဆံလွှဲပေးလိုက်တယ်။
ဆေးရုံကနေ ထွက်လာပြီးတဲ့အချိန် Nan HuaiLin စကားစလိုက်တယ်။
"အဲ့တာဆို .....နောက်မှ တွေ့မယ်လေ"
"အမ်..ဘိုင်"
Nan HuaiLin မြေအောက်ရထားဘူတာရုံဆီကို ဉီးတည်ပြီး လမ်းလျှောက်လာလိုက်တယ်။
Fei Chengကလည်း သူ့ရဲ့အနောက်ဘက် ခပ်လှမ်းလှမ်းလောက်မှာ ကပ်ပြီးလိုက်လာတယ်။
Nan HuaiLin နည်းနည်းကြာကြာ လမ်းလျှောက်ပြီးနောက် ရပ်လိုက်ကာ နောက်ကို လှည့်ကြည့်လိုက်တယ်။
"ခင်ဗျားဘာလို့ ကျတော့်နောက်ကို လိုက်လာတာလဲ?"
Fei Chengက ပြုံးလိုက်ပြီး "ကိုယ်က ဘာလို့ မင်းနောက်ကို လိုက်ရမှာလဲ?"
Nan HuaiLin, ".........."
Fei Chengရဲ့ ခြေတံရှည်တွေက ခြေလှမ်းနည်းနည်းလောက် လှမ်းပြီးတဲ့အခါမှာ Nan HuaiLinရဲ့ အရှေ့ကိုရောက်သွားတယ်။
"ဒါဆို အခု ကိုယ့်ကိုပြန်လိုက်ဖို့ မင်းရဲ့ အလှည့်ဖြစ်သွားပြီလား?"
Nan HuaiLin မရေမရာမေးကြည့်လိုက်တယ်။ "ခင်ဗျားကလည်း မြေအောက်ရထားစီးဖို့ သွားမလို့လား?"
Fei Chengက သူ့ရဲ့မေးခွန်းတွေကို မေးခွန်းတစ်ခုနဲ့ ပြန်ဖြေနေဆဲပဲ။
"ကိုယ်က အဲ့လိုလုပ်လို့ မရဘူးလား?"
Nan HuainLin မသိမသာလေး ရှက်မိသွားတယ်။ သူထင်တာက Fei Chengလို ချမ်းသာတဲ့ လူတစ်ယောက်က အများသုံးယာဉ်တွေကို အသုံးပြုမှာ မဟုတ်ဘူးလို့။
ရုတ်တရက် သူ ပထမဆုံးအကြိမ် Fei Chengနဲ့တွေ့ခဲ့တာက မြေအောက်ရထားပေါ်မှာ ဆိုတာကို သတိရသွားတယ်။ သူ အရမ်းပဲ ရှက်သွားမိပြီး သူ့ရဲ့ခေါင်းကို ငုံ့ကာ အရှေ့ကိုပဲ လမ်းလျှောက်သွားလိုက်တယ်။
Nan HuaiLinရဲ့နောက်က Fei Chengရဲ့ မျက်နှာပေါ်မှာ ကျေနပ်အားရတဲ့အပြုံးကြီး စွန်းထင်းနေတယ်။
သူတို့ မြေအောက်ရထားဘူတာရုံဆီကို ဝင်ခဲ့တော့ အဲ့ဒီမှာ မမျှော်လင့်ဘဲ လူတွေက အရမ်းများနေတယ်။ ရှည်လျားတဲ့ ပလက်ဖောင်းပေါ်မှာ လူတွေက အပြည့်ပဲ။
Nan HuaiLinရဲ့ နောက်မှာရှိတဲ့ Fei Chengက သူတို့နှစ်ယောက်ရဲ့ပုံစံကို တိတ်တိတ်လေး အချိန်ခနလောက်ယူပြီး နှိုင်းယှဉ်ကြည့်နေတယ်။ Nan HuaiLinရဲ့ ခေါင်းက သူ့ရဲ့ မေးစေ့ကို မှီရုံတင်လေးပဲ။
သူ့ရဲ့ လက်တွေနဲ့ Nan HuaiLinကို ထိန်းကိုင်ထားဖို့ ဒါက အရမ်းကောင်းတဲ့ အရပ်ကွာခြားမှုပဲလို့ Fei Cheng ပြုံးပြုံးကြီး တွေးမိတယ်။
_________________
8. 2. 22 (Tues)
AN/ Mizzleရဲ့ ပြဇာတ်ငယ်...
Fei Cheng : "ကိုယ့်ကို ရှက်သွားတာလား "
Nan HuaiLin : "ခင်ဗျားကို စကားမပြောဘူး"
Fei Cheng : "Nan ကိုယ် မင်းကို နာမည်တစ်ခုလောက်ပေးချင်လို့"
Nan HuaiLin : "ဘာနာမည်လဲ?😪"
(Mizzle : ပြောတော့ စကားမပြောဘူးဆို..)
Fei Cheng : "ကိုယ်ရဲ့ ညှို့ဓာတ်လေး"
Nan HuaiLin : "!!!!!😳"
______
Mizzle ကြယ်လိုချင်လို့ 😁
_____________
Zawgyi
"ဟုတ်တယ်"
"ဘာမေးမှာလဲ?"
"ကျတော်မဖြေလို့ ရမလား?"
"မေးပါ"
"ရှိတယ်"