" လှိုင်း....ဒါက Bossပိုင်တဲ့ တိုက်ခန်းတွေကထဲတခုပဲ ဒီမှာစိတ်အဆင်ပြေသလိုနေနော် နောက်ရက်တွေကျ လွန်းနဲ့တွေ့ဖို့ အကိုလာခေါ်ပေးမယ် "
" ကျေးဇူးတင်ပါတယ်အကို...ကျတော်ဘယ်လိုကျေးဇူးပြန်ဆပ်ရမှန်းတောင် မသိတော့ပါဘူး "
" အဲ့ဒီကိစ္စအတွက် အားနာစရာမလိုပါဘူး Bossကညီလေးအတွက် အကောင်းဆုံးပြင်ဆင်ခိုင်းခဲ့တာပါ "
" ဒါပေမဲ့ကျတော် ဒီမှာအကြာကြီးမနေပါဘူးအကို ကျတော်အလုပ်အသစ်ရတာနဲ့ ဒီကနေထွက်သွားမှာပါ "
" လှိုင်းနဲ့သင့်တော်မဲ့ အလုပ်လဲအမြန်ဆုံးရှာတွေ့ပါစေလို့ အကိုဆုတောင်းပေးပါတယ် "
" ကျေးဇူးတင်ပါတယ် အကို "
" အဲ့တာဆို အကိုပြန်တော့မယ်နော် နောက်ရက်ကျအကိုထပ်ပီးလာခဲ့မယ် "
" ဟုတ်ကဲ့အကို "
ကလေးတယောက်လို အပြစ်ကင်းတဲ့အပြုံးလေးက ထိုကောင်လေးနဲ့ လိုက်ဖက်စွာပနံသင့်နေတယ်ထင်ပါတယ် မျက်လုံး၀ိုင်း၀ိုင်းလေးတွေက တဖက်လူကို ချစ်ခင်စိတ်၀င်စေသလို ထိုကောင်လေးရဲ့အသံကလဲ အရမ်းနူးညံ့ပီး အမြဲကြားချင်နေတဲ့အသံလိုမျိုးပါပဲ ဒါပေမဲ့ ကျတော်အတွက်တော့ အမြဲကြားချင်နေတဲ့အသံလေးက အကို့ရဲ့စိတ်မရှည်တဲ့ အသံလေးပဲဖြစ်မယ်ထင်တယ် ...
***
ဒီနေ့ကဘယ်လိုပြောရမလဲ ကျတော်တို့နှယောက်အတွက် First Dateလို့ပဲပြောရမလား အကိုနဲ့ပထမဆုံး အပြင်ထွက်ပီးလမ်းလျှောက်ထွက်ဖူးတာဒါပထမဆုံးပဲ လမ်းလျှောက်ထွက်တယ်ဆိုတာလဲ အကို့အိမ်နားက ပန်းခြံငယ်လေးထဲမှာပါပဲ ကျတော့်အတွက်သာ First Dateလိုမျိုးဖြစ်နေပေမဲ့ အကို့အတွက်ကတော့ အရမ်းလေးလေးနက်နက်ကြီးဖြစ်မဲ့ပုံမပေါ်ပါဘူး အကိုက ကျတော့်ကိုဂရုမှမစိုက်ပဲလေ...
" အကို "
" အင်း "
" ကျတော် အကို့လက်ကိုကိုင်ထားလို့ရမလား "
အကိုက ခဏတော့ကျတော့်ကို သေချာစိုက်ကြည့်လိုက်ပီး သူ့ရဲ့သွယ်လျလျလက်လေးကို ကျတော့်ဘက်ကိုကမ်းလှမ်းပေးလိုက်တယ်.....အကိုက ချစ်ဖို့ကောင်းလိုက်တာ
" အကို "
" ....."
" ကျတော် အကိုနဲ့အခုလို လမ်းလျှောက်ထွက်ရတာလေ အရမ်းပျော်တာပဲသိလား "
" ဘာလို့ မင်းရင်ထဲကခံစားချက်တွေအတိုင်း ခဏခဏထုတ်ပြောနေရတာလဲ "
" ဗျာ ကျတော်ကလေအဲ့လိုကြီးရင်ထဲမှာ မသိမ်းထားတတ်လို့ "
" ဒီပုံစံကကော ဘယ်လိုဖြစ်လာတာလဲ "
" အာ အဲ့တာကလေ ကျတော်အကိုသဘောကျမဲ့ပုံစံမျိုးလေး၀တ်လာတာ အကိုကအဖြူကြိုက်တယ်လေ"
" မင်းကတကယ်ရယ်ရတာပဲ "
" ကျတော့်ကြောင့် အကိုရယ်နေရင်ပဲ ကျေနပ်ပါပီ "
" အရူးလေး "
" အင်း အရူးလေးလို့ခေါ်လဲသဘောကျတယ် ကျတော်က တကယ်လဲအကို့ကြောင့် ရူးနေတာလေ "
" ဆမ်မီ မင်းတကယ်ရူးနေတာပဲ "
" အကို ကျတော့်ကို ခုနကဘယ်လိုခေါ်လိုက်တာလဲဟင် "
" ပိုခေါ်လို့ကောင်းအောင်လို့ ဆမ်မီလို့ခေါ်လိုက်တာလေ မကြိုက်လို့လား မကြိုက်ရင်လဲ မခေါ်တော့ဘူး "
" ကျတော်က မကြိုက်စရာလား ဘယ်သူမှမခေါ်တဲ့ နာမည်ကို အကိုကခေါ်တော့ ပိုတောင်သဘောကျသေးတယ် "
" အကို "
" မင်းက တော်တော်စကားများတာပဲ "
" ကျတော် အကို့ကိုနမ်းလို့ရမလား "
သူ့မျက်နှာလေးကို သေချာကြည့်ကာ တောင်းဆိုနေတဲ့ကောင်လေးရဲ့မျက်နှာကို မာန်ဟိန်းဘာမှပြန်မဖြေပဲငေးကြည့်နေလိုက်သည်
ဒီကောင်လေးမှာ အခွင့်အရေးတွေရှိပါလျှက်နဲ့ အသေးအမွှားလေးကအစ သူ့အကိုကို ခွင့်တောင်းတတ်တဲ့အကျင့်လေးကတော့ သဘောကျဖွယ်ရာအတိ...
အဖြေကို မျှော်လင့်ပီးစောင့်နေတဲ့ ကောင်လေးရဲ့မျက်နှာနား မာန်ဟိန်းချဥ်းကပ်သွားလိုက်ပီး ခြေဖျားထောက်ကာ အနမ်းလေးတပွင့်စွန့်ကြဲလိုက်သည် တဖက်ကောင်လေးကတော့ မျက်လုံးလေးကို အသာယာမှိတ်ကာ သူ့ဘက်မှအနမ်းတွေကို ပြန်စတင်လိုက်သည်
" ကျတော် အကို့ကို အရမ်းချစ်တာပဲ "
***
" တီ တီ "
ခြံရှေ့က ဘဲလ်တီးသံကြောင့် အိမ်ထဲမှာအထီးကျန်နေတဲ့ လှိုင်းတယောက်ချက်ချင်းပြေးထွက်လာခဲ့သည် ခြံရှေ့ကိုလှမ်းကြည့်လိုက်တော့ စားစရာတွေကို ယူလာပေးတဲ့ မထင်မှတ်ထားတဲ့ကောင်လေးတယောက်
" အကို "
ရှည်လျားတဲ့အရပ်ကြီးကြောင့် လှိုင်းမျက်နှာလေးက ထိုလူကိုမော့ကြည့်ကာ ပြုံးပြလိုက်သည် မှေးစင်းနေတဲ့မျက်လုံး....သဘာ၀အတိုင်းကော့ဆင်းနေတဲ့ မျက်တောင်ရှည်လေးတွေ...ဖြောင့်တန်းနေတဲ့ မျက်ခုံးထူထူလေးတွေက ထိုလူမျက်နှာလေးနဲ့ သင့်တင့်စွာကြည့်ကောင်းနေသည်
" မင်း ဘာမှမစားရသေးဘူးမှတ်လား "
" ဟုတ် "
" ရော့ ငါစားစရာတွေ၀ယ်လာပေးတယ် ပိုတာတွေကို ရေခဲသေတ္တာထဲထည့်ထားလိုက် "
စကားပြောနေရင်း ခြံထဲကနေတဆင့် အိမ်ထဲကို တုံ့ဆိုင်းခြင်းမရှိပဲ ဟန်နရီ၀င်သွားလိုက်သည်...လှိုင်းကတော့ သူ့နောက်ကနေ အသာလေးကပ်လိုက်လာသည်
" တကူးတကကြီးလာပို့ပေးရတာ အကို့အတွက်အလုပ်ရှုပ်ပါတယ် ကျတော်ကိုယ့်ဘာသာကိုယ်ပဲ နောက်နေ့ကျ အပြင်မှာထွက်၀ယ်ပါ့မယ်ဗျ "
ဟန်နရီကတော့ ဘာမှပြန်မဖြေပဲ အိမ်ထဲကိုပဲ ပတ်ကြည့်နေလိုက်သည် ရုတ်တရက် စားပွဲပေါ်က ထိုးလက်စ မာဖလာလေးကဟန်နရီရဲ့ အာရုံတွေကိုဆွဲဆောင်သွားသည်
" မင်းက ဒါတွေလဲထိုးတတ်တာလား "
" ဟုတ် ငယ်ငယ်လေးထဲက ချည်ထိုးတာတွေလေ့လာခဲ့တာဗျ ဒါလေးကလဲ အကို့အတွက်လုပ်ပေးနေတာ "
" ငါ့အတွက် ? "
" ဟုတ် ကျတော်အကို့ကို ဘာပေးရမှန်းမသိလို့ တတ်နိုင်တာလေးပဲပေးချင်လို့ပါ ဒါလေးပီးရင်လဲ လွန်းအတွက်တခုလုပ်ပေးအုံးမှာ "
ဟန်နရီ တဖက်ကိုမျက်နှာလှည့်ကာ ခပ်ရေးရေးလေးပြုံး
လိုက်ပီး စားပွဲကို လက်ထောက်ကာ ထိုကောင်လေးကိုပြန်ကြည့်လိုက်သည်
" မင်းဗိုက်ဆာနေပီမှတ်လား စားလေ "
သူယူလာပေးတဲ့ ကြက်ဆီထမင်းဘူးလေးကို တလုတ်ချင်းစားနေတဲ့ ကောင်လေးကို သနားတဲ့အကြည့်တွေနဲ့ ဟန်နရီကြည့်နေလိုက်သည်
" အကိုနဲ့ လွန်းနဲ့က ဘယ်လိုစတွေ့တာလဲဟင်"
မမျှော်လင့်ထားတဲ့မေးခွန်းလေးကြောင့် ဟန်နရီမျက်ခုံးလေးတွေ အနည်းငယ်တွန့်ကွေးသွားပီး လှိုင်းရှေ့ကထိုင်ခုံမှာ ခြေထောက်ချိတ်ကာ ထိုင်လိုက်သည်
" လွန်း အသက်9နှစ်လောက်တုန်းက အိမ်မှာအလုပ်လုပ်နေတဲ့ အဒေါ်တယောက်က ခေါ်လာတာ...အဲ့မှာစတွေ့တာ "
" လွန်းကကံကောင်းလိုက်တာ အကိုက လွန်းကိုတော်တော်ချစ်မဲ့ပုံပဲ "
" အင်း သူမရှိလို့မဖြစ်ဘူး "
လှိုင်းတယောက် နှုတ်ဆိတ်နေလိုက်ပီး ဟန်နရီကိုအပြုံးလေးနဲ့သာ တုံ့ပြန်လိုက်သည်
" အကို တက်တူးထိုးရတာ သဘောကျလား "
" သဘောကျတယ်ဆိုတာထက် ရူးသွပ်တာဆိုပိုမှန်မယ်ထင်တယ် "
" အဲ့တာဆို အကို့မှာ တက်တူးရှိတာပေါ့ "
" ခါးနဲ့ ရင်ဘတ်မှာရှိတယ် "
" ကျတော့်မှာလဲ တက်တူးရှိတယ် "
တဖက်ကောင်လေးကြောင့် ဟန်နရီအံ့သြစွာနဲ့ သူ့မျက်ခုံးလေးတွေကို တချက်ပင့်တင်လိုက်သည်...
" မင်းလို ဖြူဖြူသေးသေးလေးက တက်တူးထိုးရဲတယ်လား? "
" ဟုတ် ဒီမှာလေ ကျတော့်တက်တူး "
လက်ဖျံပေါ်က လိပ်ပြာပုံစံတက်တူးပိစိလေးကြောင့် ဟန်နရီသဘောကျစွာ ရယ်လိုက်သည်...ဒီကောင်လေး တော်တော်လေကျယ်တာပဲ
" မင်းတက်တူးက မင်းလိုပဲ သေးသေးလေးရယ် "
" ကျတော်လဲ သေးသေးလေးပဲထိုးရဲသေးလို့ "
" ထားပါတော့ အဲ့တော့ဒီမှာနေရတာ အဆင်ပြေတယ်မှတ်လား "
" ဟုတ် "
" အဲ့တာဆို ငါသွားတော့မယ် အိမ်မှာလွန်းမျှော်နေလောက်ပီ "
"ဟုတ်အကို ဂရုစိုက်ပီးပြန်ပါဗျ "
ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာ အိမ်ထဲကနေ ခြံပြင်ကိုဖြောင်းတန်းစွာလျှောက်သွားတဲ့ ဟန်နရီကို လှိုင်းတယောက် မျက်စိတဆုံးငေးကြည့်နေလိုက်သည် ကျယ်ပြန့်တဲ့ကျောပြင်ကျယ်ကြီးက အနောက်ကနေကြည့်ရင်တောင် တဖက်လူရဲ့စိတ်ကိုဆွဲဆောင်နိုင်သည် သူ့အရယ်အပြုံးကို တော်ရုံတန်ရုံမတွေ့ရပေမဲ့ ခဏတာတွေ့လိုက်ရတဲ့ အပြုံးရေးရေးလေးက ထိုလူနဲ့တကယ်လိုက်ဖက်နေတာပါပဲ....
လှိုင်းအိမ်ကနေ လွန်းရှိရာကို ဟန်နရီတန်းတန်းမက်မက်ပြန်လာလိုက်သည် လမ်းပေါ်က မီးရောင်ဖျဖျလေးတွေအောက်မှာ ပိုးစုန်းကြူးလေးတွေက ဟိုတကွက် ဒီတကွက်နဲ့ ညရဲ့အလှတရားကို ပုံဆောင်နေသယောင်ပင်...
အတွေးအာရုံတွေလွင့်မျောနေတုန်း Samဆီက ဖုန်း၀င်လာတာကြောင့် ဟန်နရီမဆိုင်းမတွဖုန်းကိုင်လိုက်သည်
" Hello "
" Boss.... ကျတော်အိမ်ပြန်လမ်းမှာ ကျတော့်ကားမှန်ကို လူသုံးယောက်က ရိုက်ခွဲသွားတယ် "
"ဘာ!မင်းကို ထိခိုက်အောင်လုပ်တာလား "
" ကျတော့်ကို ထိခိုက်အောင်လုပ်ချင်ရင် သူတို့အစထဲက ကျတော့်ကိုလာရိုက်မှာပေါ့ အခုက တမင်သပ်သပ်ကားကိုပဲရိုက်သွားတာ သတိပေးတဲ့ပုံစံမျိုးနဲ့ "
" တခြားဘာထူးခြားတာ တွေ့သေးလဲ "
" ကျတော် အဲ့ကောင်တွေအနောက်ကို ပညာပေးဖို့လိုက်သွားတော့ အဲ့ထဲက လူတယောက်က ကျတော့်လက်ကနာရီကို လာလုနေသေးတာ "
" နာရီ? "
" နာရီကတန်ဖိုးကြီးလို့ လုကြတာနေမှာပေါ့ ပိုက်ဆံရရင်ပီးရောဆိုတဲ့ လူတွေပဲနေမှာပါ "
" Shit!!!! အဲ့တာ ပိုက်ဆံလိုချင်လို့လုတာမဟုတ်ဘူး "
အထာပေါက်လွယ်တဲ့ဟန်နရီက ဖုန်းကို အမြန်ချလိုက်ပီး လမ်းတဖက်ကိုပြန်လှည့်ကာ ကားကိုအရှိန်ကုန် မြှင့်တင်ပီး မြန်နိုင်သမျှမြန်အောင် မောင်းနှင်လိုက်သည် နောက်တကြိမ်၀င်ရောက်လာတဲ့ Samရဲ့ဖုန်းကို ဟန်နရီအမြန်ကိုင်လိုက်ကာ Samကိုအော်ပြောလိုက်သည်
" အခုချက်ချင်း လှိုင်းဆီကို လိုက်လာခဲ့!!!!!!"
လှိုင်းဆီကို ဟန်နရီအမြန်ပြန်လာလိုက်ပီး ခြံရှေ့က Bellကိုအဆက်မပြတ်တီးလိုက်သည် အိမ်ထဲက ဘာမှမတုံ့ပြန်လာတာကြောင့် ဟန်နရီသူ့ကားထဲက သေနတ်ကိုယူပီး ခြံစည်းရိုးပေါ်ကနေ ကျော်ခွကာ အိမ်ထဲကို အမြန်၀င်လာလိုက်သည် အထဲကနေသော့ခပ်ထားတာကြောင့် ဟန်နရီ တဖက်ပြတင်းပေါက်ကို ခြေထောက်နဲ့ဆောင့်ကန်ကာ အိမ်အထဲကို၀င်ရောက်သွားလိုက်သည်
" လှိုင်း!!!!! မင်းဘယ်မှာလဲ "
တိတ်ဆိတ်ကာ ဘာသံမှမကြားရတာကြောင့် ဟန်နရီသေနတ်ကို မောင်းတင်ထားလိုက်သည်
" လှိုင်း!!! "
ဘာတခွန်းမှ မတုံ့ပြန်လာတာကြောင့် ဟန်နရီအိမ်ပေါ်ထပ်ကို အမြန်ပြေးတတ်သွားလိုက်သည်...အခန်းတံခါးလေးကနေ မီးရောင်ဖျော့ဖျော့လေးက တိုးထွက်လာတာကြောင့် ဟန်နရီထိုအခန်းတံခါးကို အမြန်ဆွဲဖွင့်လိုက်သည်
ကြမ်းပြင်မှာ လဲကျနေတဲ့ လှိုင်းရဲ့အနားကို ဟန်နရီအမြန်ပြေးသွားလိုက်ပီး လှိုင်းရဲ့ခေါင်းလေးကို မကာ သူ့ပေါင်ပေါ်မှာ လှိုင်းခန္ဓာကိုယ်တ၀က်ကို တင်ထားလိုက်သည်....
" လှိုင်း!!! လှိုင်း...."
ဘာတုံ့ပြန်မှုမှ မရှိတော့တဲ့ လှိုင်းကြောင့် ဟန်နရီ လှိုင်းရဲ့ Shirtအင်္ကျီ ကြယ်သီးသုံးလုံးလောက် အမြန်ဆွဲဖြုတ်လိုက်သည် Shirtကော်လံအောက်မှာ တိမ်မြှပ်နေတဲ့ လည်ပင်းပေါ်က ကြိုးအရာကြီးကြောင့် ဟန်နရီ နာကျဥ်းစွာ အော်လိုက်သည်
ခန္ဓာကိုယ်လေးက ပျော့ပျော့လေးရှိသေးတာကြောင့် သူထွက်သွားပီး မကြာခင်မှာပဲ ရန်သူတွေက လှိုင်းဆီလာခဲ့တယ်ဆိုတာ ဟန်နရီတန်းသိလိုက်သည် အဖြစ်အပျက်တွေက မျက်စိတမှိတ်လေးအတွင်းမှာတင် မြန်ဆန်လွန်းတာကြောင့် ယုံဖို့ခက်ခဲနေမှာအမှန်..
တဖက်မှာလဲ သူ့အတွက်ကြိုးစားပီးထိုးနေတဲ့ မာဖလာလေးကို တစစီဖျက်စီးသွားတာကြောင့် ဟန်နရီအံကိုကြိတ်ကာ မျက်ရည်တွေစီးကျလာသည်
" ငါ*ုးမသားတွေ!!!! "
အသက်မဲ့သွားပီဖြစ်တဲ့ လှိုင်းရဲ့ခန္ဓာကိုယ်လေးကို ဟန်နရီသေချာပွေ့ဖက်ထားလိုက်ပီး အသက်ရှုသံတွေတဖြည်းဖြည်းပြင်းလာကာ ဒေါသစိတ်တွေပေါက်ကွဲထွက်လာသည် အရင်ထဲက လွန်းရဲ့မိဘတွေကိစ္စကြောင့် အိမ်မက်ဆိုးကြီးထဲကနေ ရုန်းထွက်ဖို့အမြဲကြိုးစားခဲ့ရတာ....အခုလဲ ဒီအပြစ်မရှိတဲ့ကလေးက သူ့ကြောင့်ကြားထဲကနေ ဓားစာခံဖြစ်သွားရတာကြောင့် ဟန်နရီယူကျုံးမရဖြစ်နေရသည်....မလှမ်းမကမ်းမှာ ကျနေတဲ့ စာရွက်လေးကို ဟန်နရီအမြန်ဆွဲယူလိုက်ပီး ဖတ်ကြည့်လိုက်သည်
(" မြေပုံကိုငါ့ဆီအမြန်လာပေးလိုက်
မဟုတ်ရင် နောက်ထပ်အလှည့်ကျလာမှာက မင်းရဲ့အားနည်းချက်ဖြစ်တဲ့ လွန်းတာနေဆန်းဖြစ်သွားမယ်ထင်တယ် ")
" ငါ*ုးမသား ရှိန်းခန့်ပိုင်!!! "
ဟန်နရီ အံကိုကြိတ်ကာ မျက်လုံးကိုမှိတ်ထားလိုက်သည် ဒေါသစိတ်တွေဆူပွက်လာတာကို ထိန်းချုပ်ထားတာကြောင့် လည်ပင်းအကြောတွေ ထောင်လာကာ ပွင့်ထွက်တော့မည့်အတိုင်းပင်...ခံအပြင်းဆုံးက ရှိန်းခန့်ပိုင်ရဲ့နေရာက ဘယ်လိုမှရှာလို့မတွေ့တာကြောင့် ဟန်နရီပို၍ပေါက်ကွဲလာသည် တခြားသူတွေက ဟန်နရီအတွက် စာမဖွဲ့လောက်ပေမဲ့ ရှိန်းခန့်ပိုင်က ဟန်နရီအတွက် လျှော့တွက်လို့မရတဲ့ ရန်သူတယောက်ပင် ဟန်နရီလိုပဲ ရှိန်းခန့်ပိိုင်ကလဲ အရမ်းဥာဏ်များလွန်းတာကြောင့် အခုချိန်ထိ ဖမ်းမမိနိုင်တာတော့ မထူးဆန်းတော့ပါဘူး.....
" အကုန်ငါ့ကြောင့်.... အကုန်ငါ့ကြောင့်ချည်းပဲ!!!! စောက်ရေးမပါတဲ့ ဘ၀ကြီး...ငါပဲသေသွားရမှာ!!! "
ဟန်နရီရင်ခွင်ထဲက ကလေးငယ်ကတော့ ငြိမ်သက်စွာ ထာ၀ရအိပ်စက်လျှက်ပင်...
တွေ့ဆုံမှုတွေနောက်ကျခဲ့ပေမဲ့ ကျတော်အကို့ကို ချစ်တယ် ဒါပေမဲ့ ကျတော်ဘယ်တော့မှ ရှေ့ဆက်မှာမဟုတ်ဘူး
အကိုက ကျတော့်အချစ်ဆုံးသူငယ်ချင်းရဲ့ အားကိုးရာဖြစ်နေလို့ပါပဲ အကယ်၍နောက်ဘ၀ဆိုတာများရှိခဲ့ရင် အကိုနဲ့ပြန်တွေ့ဆုံပီး အကို့ရင်ခွင်ထဲမှာ ခိုလှုံပါရစေ🍁
****
7.2.22
Grey
**
" လႈိင္း....ဒါက Bossပိုင္တဲ့ တိုက္ခန္းေတြကထဲတခုပဲ ဒီမွာစိတ္အဆင္ေျပသလိုေနေနာ္ ေနာက္ရက္ေတြက် လြန္းနဲ႔ေတြ႕ဖို႔ အကိုလာေခၚေပးမယ္ "
" ေက်းဇူးတင္ပါတယ္အကို...က်ေတာ္ဘယ္လိုေက်းဇူးျပန္ဆပ္ရမွန္းေတာင္ မသိေတာ့ပါဘူး "
" အဲ့ဒီကိစၥအတြက္ အားနာစရာမလိုပါဘူး Bossကညီေလးအတြက္ အေကာင္းဆုံးျပင္ဆင္ခိုင္းခဲ့တာပါ "
" ဒါေပမဲ့က်ေတာ္ ဒီမွာအၾကာႀကီးမေနပါဘူးအကို က်ေတာ္အလုပ္အသစ္ရတာနဲ႔ ဒီကေနထြက္သြားမွာပါ "
" လႈိင္းနဲ႔သင့္ေတာ္မဲ့ အလုပ္လဲအျမန္ဆုံးရွာေတြ႕ပါေစလို႔ အကိုဆုေတာင္းေပးပါတယ္ "
" ေက်းဇူးတင္ပါတယ္ အကို "
" အဲ့တာဆို အကိုျပန္ေတာ့မယ္ေနာ္ ေနာက္ရက္က်အကိုထပ္ပီးလာခဲ့မယ္ "
" ဟုတ္ကဲ့အကို "
ကေလးတေယာက္လို အျပစ္ကင္းတဲ့အၿပဳံးေလးက ထိုေကာင္ေလးနဲ႔ လိုက္ဖက္စြာပနံသင့္ေနတယ္ထင္ပါတယ္ မ်က္လုံး၀ိုင္း၀ိုင္းေလးေတြက တဖက္လူကို ခ်စ္ခင္စိတ္၀င္ေစသလို ထိုေကာင္ေလးရဲ႕အသံကလဲ အရမ္းႏူးညံ့ပီး အၿမဲၾကားခ်င္ေနတဲ့အသံလိုမ်ိဳးပါပဲ ဒါေပမဲ့ က်ေတာ္အတြက္ေတာ့ အၿမဲၾကားခ်င္ေနတဲ့အသံေလးက အကို႔ရဲ႕စိတ္မရွည္တဲ့ အသံေလးပဲျဖစ္မယ္ထင္တယ္ ...
***
ဒီေန႔ကဘယ္လိုေျပာရမလဲ က်ေတာ္တို႔ႏွေယာက္အတြက္ First Dateလို႔ပဲေျပာရမလား အကိုနဲ႔ပထမဆုံး အျပင္ထြက္ပီးလမ္းေလွ်ာက္ထြက္ဖူးတာဒါပထမဆုံးပဲ လမ္းေလွ်ာက္ထြက္တယ္ဆိုတာလဲ အကို႔အိမ္နားက ပန္းၿခံငယ္ေလးထဲမွာပါပဲ က်ေတာ့္အတြက္သာ First Dateလိုမ်ိဳးျဖစ္ေနေပမဲ့ အကို႔အတြက္ကေတာ့ အရမ္းေလးေလးနက္နက္ႀကီးျဖစ္မဲ့ပုံမေပၚပါဘူး အကိုက က်ေတာ့္ကိုဂ႐ုမွမစိုက္ပဲေလ...
" အကို "
" အင္း "
" က်ေတာ္ အကို႔လက္ကိုကိုင္ထားလို႔ရမလား "
အကိုက ခဏေတာ့က်ေတာ့္ကို ေသခ်ာစိုက္ၾကည့္လိုက္ပီး သူ႔ရဲ႕သြယ္လ်လ်လက္ေလးကို က်ေတာ့္ဘက္ကိုကမ္းလွမ္းေပးလိုက္တယ္.....အကိုက ခ်စ္ဖို႔ေကာင္းလိုက္တာ
" အကို "
" ....."
" က်ေတာ္ အကိုနဲ႔အခုလို လမ္းေလွ်ာက္ထြက္ရတာေလ အရမ္းေပ်ာ္တာပဲသိလား "
" ဘာလို႔ မင္းရင္ထဲကခံစားခ်က္ေတြအတိုင္း ခဏခဏထုတ္ေျပာေနရတာလဲ "
" ဗ်ာ က်ေတာ္ကေလအဲ့လိုႀကီးရင္ထဲမွာ မသိမ္းထားတတ္လို႔ "
" ဒီပုံစံကေကာ ဘယ္လိုျဖစ္လာတာလဲ "
" အာ အဲ့တာကေလ က်ေတာ္အကိုသေဘာက်မဲ့ပုံစံမ်ိဳးေလး၀တ္လာတာ အကိုကအျဖဴႀကိဳက္တယ္ေလ"
" မင္းကတကယ္ရယ္ရတာပဲ "
" က်ေတာ့္ေၾကာင့္ အကိုရယ္ေနရင္ပဲ ေက်နပ္ပါပီ "
" အ႐ူးေလး "
" အင္း အ႐ူးေလးလို႔ေခၚလဲသေဘာက်တယ္ က်ေတာ္က တကယ္လဲအကို႔ေၾကာင့္ ႐ူးေနတာေလ "
" ဆမ္မီ မင္းတကယ္႐ူးေနတာပဲ "
" အကို က်ေတာ့္ကို ခုနကဘယ္လိုေခၚလိုက္တာလဲဟင္ "
" ပိုေခၚလို႔ေကာင္းေအာင္လို႔ ဆမ္မီလို႔ေခၚလိုက္တာေလ မႀကိဳက္လို႔လား ? မႀကိဳက္ရင္လဲ မေခၚေတာ့ဘူး "
" က်ေတာ္က မႀကိဳက္စရာလား ဘယ္သူမွမေခၚတဲ့ နာမည္ကို
အကိုကေခၚေတာ့ ပိုေတာင္သေဘာက်ေသးတယ္ "
" အကို "
" မင္းက ေတာ္ေတာ္စကားမ်ားတာပဲ "
" က်ေတာ္ အကို႔ကိုနမ္းလို႔ရမလား "
သူ႔မ်က္ႏွာေလးကို ေသခ်ာၾကည့္ကာ ေတာင္းဆိုေနတဲ့ေကာင္ေလးရဲ႕မ်က္ႏွာကို မာန္ဟိန္းဘာမွျပန္မေျဖပဲေငးၾကည့္ေနလိုက္သည္
ဒီေကာင္ေလးမွာ အခြင့္အေရးေတြရွိပါလွ်က္နဲ႔ အေသးအမႊားေလးကအစ သူ႔အကိုကို ခြင့္ေတာင္းတတ္တဲ့အက်င့္ေလးကေတာ့ သေဘာက်ဖြယ္ရာအတိ...
အေျဖကို ေမွ်ာ္လင့္ပီးေစာင့္ေနတဲ့ ေကာင္ေလးရဲ႕မ်က္ႏွာနား မာန္ဟိန္းခ်ဥ္းကပ္သြားလိုက္ပီး ေျခဖ်ားေထာက္ကာ အနမ္းေလးတပြင့္စြန္႔ႀကဲလိုက္သည္ တဖက္ေကာင္ေလးကေတာ့ မ်က္လုံးေလးကို အသာယာမွိတ္ကာ သူ႔ဘက္မွအနမ္းေတြကို ျပန္စတင္လိုက္သည္
" က်ေတာ္ အကို႔ကို အရမ္းခ်စ္တာပဲ "
***
" တီ တီ "
ၿခံေရွ႕က ဘဲလ္တီးသံေၾကာင့္ အိမ္ထဲမွာအထီးက်န္ေနတဲ့ လႈိင္းတေယာက္ခ်က္ခ်င္းေျပးထြက္လာခဲ့သည္ ၿခံေရွ႕ကိုလွမ္းၾကည့္လိုက္ေတာ့ စားစရာေတြကို ယူလာေပးတဲ့ မထင္မွတ္ထားတဲ့ေကာင္ေလးတေယာက္
" အကို "
ရွည္လ်ားတဲ့အရပ္ႀကီးေၾကာင့္ လႈိင္းမ်က္ႏွာေလးက ထိုလူကိုေမာ့ၾကည့္ကာ ၿပဳံးျပလိုက္သည္ ေမွးစင္းေနတဲ့မ်က္လုံး....သဘာ၀အတိုင္းေကာ့ဆင္းေနတဲ့ မ်က္ေတာင္ရွည္ေလးေတြ...ေျဖာင့္တန္းေနတဲ့ မ်က္ခုံးထူထူေလးေတြက ထိုလူမ်က္ႏွာေလးနဲ႔ သင့္တင့္စြာၾကည့္ေကာင္းေနသည္
" မင္း ဘာမွမစားရေသးဘူးမွတ္လား "
" ဟုတ္ "
" ေရာ့ ငါစားစရာေတြ၀ယ္လာေပးတယ္ ပိုတာေတြကို ေရခဲေသတၱာထဲထည့္ထားလိုက္ "
စကားေျပာေနရင္း ၿခံထဲကေနတဆင့္ အိမ္ထဲကို တုံ႔ဆိုင္းျခင္းမရွိပဲ ဟန္နရီ၀င္သြားလိုက္သည္...လႈိင္းကေတာ့ သူ႔ေနာက္ကေန အသာေလးကပ္လိုက္လာသည္
" တကူးတကႀကီးလာပို႔ေပးရတာ အကို႔အတြက္အလုပ္ရႈပ္ပါတယ္ က်ေတာ္ကိုယ့္ဘာသာကိုယ္ပဲ ေနာက္ေန႔က် အျပင္မွာထြက္၀ယ္ပါ့မယ္ဗ် "
ဟန္နရီကေတာ့ ဘာမွျပန္မေျဖပဲ အိမ္ထဲကိုပဲ ပတ္ၾကည့္ေနလိုက္သည္ ႐ုတ္တရက္ စားပြဲေပၚက ထိုးလက္စ မာဖလာေလးကဟန္နရီရဲ႕ အာ႐ုံေတြကိုဆြဲေဆာင္သြားသည္
" မင္းက ဒါေတြလဲထိုးတတ္တာလား "
" ဟုတ္ ငယ္ငယ္ေလးထဲက ခ်ည္ထိုးတာေတြေလ့လာခဲ့တာဗ် ဒါေလးကလဲ အကို႔အတြက္လုပ္ေပးေနတာ "
" ငါ့အတြက္ ? "
" ဟုတ္ က်ေတာ္အကို႔ကို ဘာေပးရမွန္းမသိလို႔ တတ္ႏိုင္တာေလးပဲေပးခ်င္လို႔ပါ ဒါေလးပီးရင္လဲ လြန္းအတြက္တခုလုပ္ေပးအုံးမွာ "
ဟန္နရီ တဖက္ကိုမ်က္ႏွာလွည့္ကာ ခပ္ေရးေရးေလးၿပဳံး
လိုက္ပီး စားပြဲကို လက္ေထာက္ကာ ထိုေကာင္ေလးကိုျပန္ၾကည့္လိုက္သည္
" မင္းဗိုက္ဆာေနပီမွတ္လား စားေလ "
သူယူလာေပးတဲ့ ၾကက္ဆီထမင္းဘူးေလးကို တလုတ္ခ်င္းစားေနတဲ့ ေကာင္ေလးကို သနားတဲ့အၾကည့္ေတြနဲ႔ ဟန္နရီၾကည့္ေနလိုက္သည္
" အကိုနဲ႔ လြန္းနဲ႔က ဘယ္လိုစေတြ႕တာလဲဟင္"
မေမွ်ာ္လင့္ထားတဲ့ေမးခြန္းေလးေၾကာင့္ ဟန္နရီမ်က္ခုံးေလးေတြ အနည္းငယ္တြန္႔ေကြးသြားပီး လႈိင္းေရွ႕ကထိုင္ခုံမွာ ေျခေထာက္ခ်ိတ္ကာ ထိုင္လိုက္သည္
" လြန္း အသက္9ႏွစ္ေလာက္တုန္းက အိမ္မွာအလုပ္လုပ္ေနတဲ့ အေဒၚတေယာက္က ေခၚလာတာ...အဲ့မွာစေတြ႕တာ "
" လြန္းကကံေကာင္းလိုက္တာ အကိုက လြန္းကိုေတာ္ေတာ္ခ်စ္မဲ့ပုံပဲ "
" အင္း သူမရွိလို႔မျဖစ္ဘူး "
လႈိင္းတေယာက္ ႏႈတ္ဆိတ္ေနလိုက္ပီး ဟန္နရီကိုအၿပဳံးေလးနဲ႔သာ တုံ႔ျပန္လိုက္သည္
" အကို တက္တူးထိုးရတာ သေဘာက်လား "
" သေဘာက်တယ္ဆိုတာထက္ ႐ူးသြပ္တာဆိုပိုမွန္မယ္ထင္တယ္ "
" အဲ့တာဆို အကို႔မွာ တက္တူးရွိတာေပါ့ "
" ခါးနဲ႔ ရင္ဘတ္မွာရွိတယ္ "
" က်ေတာ့္မွာလဲ တက္တူးရွိတယ္ "
တဖက္ေကာင္ေလးေၾကာင့္ ဟန္နရီအံ့ၾသစြာနဲ႔ သူ႔မ်က္ခုံးေလးေတြကို တခ်က္ပင့္တင္လိုက္သည္...
" မင္းလို ျဖဴျဖဴေသးေသးေလးက တက္တူးထိုးရဲတယ္လား? "
" ဟုတ္ ဒီမွာေလ က်ေတာ့္တက္တူး "
လက္ဖ်ံေပၚက လိပ္ျပာပုံစံတက္တူးပိစိေလးေၾကာင့္ ဟန္နရီသေဘာက်စြာ ရယ္လိုက္သည္...ဒီေကာင္ေလး ေတာ္ေတာ္ေလက်ယ္တာပဲ
" မင္းတက္တူးက မင္းလိုပဲ ေသးေသးေလးရယ္ "
" က်ေတာ္လဲ ေသးေသးေလးပဲထိုးရဲေသးလို႔ "
" ထားပါေတာ့ အဲ့ေတာ့ဒီမွာေနရတာ အဆင္ေျပတယ္မွတ္လား "
" ဟုတ္ "
" အဲ့တာဆို ငါသြားေတာ့မယ္ အိမ္မွာလြန္းေမွ်ာ္ေနေလာက္ပီ "
"ဟုတ္အကို ဂ႐ုစိုက္ပီးျပန္ပါဗ် "
ေဘာင္းဘီအိတ္ကပ္ထဲလက္ထည့္ကာ အိမ္ထဲကေန ၿခံျပင္ကိုေျဖာင္းတန္းစြာေလွ်ာက္သြားတဲ့ ဟန္နရီကို လႈိင္းတေယာက္ မ်က္စိတဆုံးေငးၾကည့္ေနလိုက္သည္ က်ယ္ျပန္႔တဲ့ေက်ာျပင္က်ယ္ႀကီးက အေနာက္ကေနၾကည့္ရင္ေတာင္ တဖက္လူရဲ႕စိတ္ကိုဆြဲေဆာင္ႏိုင္သည္ သူ႔အရယ္အၿပဳံးကို ေတာ္႐ုံတန္႐ုံမေတြ႕ရေပမဲ့ ခဏတာေတြ႕လိုက္ရတဲ့ အၿပဳံးေရးေရးေလးက ထိုလူနဲ႔တကယ္လိုက္ဖက္ေနတာပါပဲ....
လႈိင္းအိမ္ကေန လြန္းရွိရာကို ဟန္နရီတန္းတန္းမက္မက္ျပန္လာလိုက္သည္ လမ္းေပၚက မီးေရာင္ဖ်ဖ်ေလးေတြေအာက္မွာ ပိုးစုန္းၾကဴးေလးေတြက ဟိုတကြက္ ဒီတကြက္နဲ႔ ညရဲ႕အလွတရားကို ပုံေဆာင္ေနသေယာင္ပင္...
အေတြးအာ႐ုံေတြလြင့္ေမ်ာေနတုန္း Samဆီက ဖုန္း၀င္လာတာေၾကာင့္ ဟန္နရီမဆိုင္းမတြဖုန္းကိုင္လိုက္သည္
" Hello "
" Boss.... က်ေတာ္အိမ္ျပန္လမ္းမွာ က်ေတာ့္ကားမွန္ကို လူသုံးေယာက္က ႐ိုက္ခြဲသြားတယ္ "
"ဘာ!မင္းကို ထိခိုက္ေအာင္လုပ္တာလား "
" က်ေတာ့္ကို ထိခိုက္ေအာင္လုပ္ခ်င္ရင္ သူတို႔အစထဲက က်ေတာ့္ကိုလာ႐ိုက္မွာေပါ့ အခုက တမင္သပ္သပ္ကားကိုပဲ႐ိုက္သြားတာ သတိေပးတဲ့ပုံစံမ်ိဳးနဲ႔ "
" တျခားဘာထူးျခားတာ ေတြ႕ေသးလဲ "
" က်ေတာ္ အဲ့ေကာင္ေတြအေနာက္ကို ပညာေပးဖို႔လိုက္သြားေတာ့ အဲ့ထဲက လူတေယာက္က က်ေတာ့္လက္ကနာရီကို လာလုေနေသးတာ "
" နာရီ? "
" နာရီကတန္ဖိုးႀကီးလို႔ လုၾကတာေနမွာေပါ့ ပိုက္ဆံရရင္ပီးေရာဆိုတဲ့ လူေတြပဲေနမွာပါ "
" Shit!!!! အဲ့တာ ပိုက္ဆံလိုခ်င္လို႔လုတာမဟုတ္ဘူး "
အထာေပါက္လြယ္တဲ့ဟန္နရီက ဖုန္းကို အျမန္ခ်လိုက္ပီး လမ္းတဖက္ကိုျပန္လွည့္ကာ ကားကိုအရွိန္ကုန္ ျမႇင့္တင္ပီး ျမန္ႏိုင္သမွ်ျမန္ေအာင္ ေမာင္းႏွင္လိုက္သည္ ေနာက္တႀကိမ္၀င္ေရာက္လာတဲ့ Samရဲ႕ဖုန္းကို ဟန္နရီအျမန္ကိုင္လိုက္ကာ Samကိုေအာ္ေျပာလိုက္သည္
" အခုခ်က္ခ်င္း လႈိင္းဆီကို လိုက္လာခဲ့!!!!!!"
လႈိင္းဆီကို ဟန္နရီအျမန္ျပန္လာလိုက္ပီး ၿခံေရွ႕က Bellကိုအဆက္မျပတ္တီးလိုက္သည္ အိမ္ထဲက ဘာမွမတုံ႔ျပန္လာတာေၾကာင့္ ဟန္နရီသူ႔ကားထဲက ေသနတ္ကိုယူပီး ၿခံစည္း႐ိုးေပၚကေန ေက်ာ္ခြကာ အိမ္ထဲကို အျမန္၀င္လာလိုက္သည္ အထဲကေနေသာ့ခပ္ထားတာေၾကာင့္ ဟန္နရီ တဖက္ျပတင္းေပါက္ကို ေျခေထာက္နဲ႔ေဆာင့္ကန္ကာ အိမ္အထဲကို၀င္ေရာက္သြားလိုက္သည္
" လႈိင္း!!!!! မင္းဘယ္မွာလဲ "
တိတ္ဆိတ္ကာ ဘာသံမွမၾကားရတာေၾကာင့္ ဟန္နရီေသနတ္ကို ေမာင္းတင္ထားလိုက္သည္
" လႈိင္း!!! "
ဘာတခြန္းမွ မတုံ႔ျပန္လာတာေၾကာင့္ ဟန္နရီအိမ္ေပၚထပ္ကို အျမန္ေျပးတတ္သြားလိုက္သည္...အခန္းတံခါးေလးကေန မီးေရာင္ေဖ်ာ့ေဖ်ာ့ေလးက တိုးထြက္လာတာေၾကာင့္ ဟန္နရီထိုအခန္းတံခါးကို အျမန္ဆြဲဖြင့္လိုက္သည္
ၾကမ္းျပင္မွာ လဲက်ေနတဲ့ လႈိင္းရဲ႕အနားကို ဟန္နရီအျမန္ေျပးသြားလိုက္ပီး လႈိင္းရဲ႕ေခါင္းေလးကို မကာ သူ႔ေပါင္ေပၚမွာ လႈိင္းခႏၶာကိုယ္တ၀က္ကို တင္ထားလိုက္သည္....
" လႈိင္း!!! လႈိင္း...."
ဘာတုံ႔ျပန္မႈမွ မရွိေတာ့တဲ့ လႈိင္းေၾကာင့္ ဟန္နရီ လႈိင္းရဲ႕ Shirtအက်ႌ ၾကယ္သီးသုံးလုံးေလာက္ အျမန္ဆြဲျဖဳတ္လိုက္သည္ Shirtေကာ္လံေအာက္မွာ တိမ္ျမႇပ္ေနတဲ့ လည္ပင္းေပၚက ႀကိဳးအရာႀကီးေၾကာင့္ ဟန္နရီ နာက်ဥ္းစြာ ေအာ္လိုက္သည္
ခႏၶာကိုယ္ေလးက ေပ်ာ့ေပ်ာ့ေလးရွိေသးတာေၾကာင့္ သူထြက္သြားပီး မၾကာခင္မွာပဲ ရန္သူေတြက လႈိင္းဆီလာခဲ့တယ္ဆိုတာ ဟန္နရီတန္းသိလိုက္သည္ အျဖစ္အပ်က္ေတြက မ်က္စိတမွိတ္ေလးအတြင္းမွာတင္ ျမန္ဆန္လြန္းတာေၾကာင့္ ယုံဖို႔ခက္ခဲေနမွာအမွန္..
တဖက္မွာလဲ သူ႔အတြက္ႀကိဳးစားပီးထိုးေနတဲ့ မာဖလာေလးကို တစစီဖ်က္စီးသြားတာေၾကာင့္ ဟန္နရီအံကိုႀကိတ္ကာ မ်က္ရည္ေတြစီးက်လာသည္
" ငါ*ုးမသားေတြ!!!! "
အသက္မဲ့သြားပီျဖစ္တဲ့ လႈိင္းရဲ႕ခႏၶာကိုယ္ေလးကို ဟန္နရီေသခ်ာေပြ႕ဖက္ထားလိုက္ပီး အသက္ရႈသံေတြတျဖည္းျဖည္းျပင္းလာကာ ေဒါသစိတ္ေတြေပါက္ကြဲထြက္လာသည္ အရင္ထဲက လြန္းရဲ႕မိဘေတြကိစၥေၾကာင့္ အိမ္မက္ဆိုးႀကီးထဲကေန ႐ုန္းထြက္ဖို႔အၿမဲႀကိဳးစားခဲ့ရတာ....အခုလဲ ဒီအျပစ္မရွိတဲ့ကေလးက သူ႔ေၾကာင့္ၾကားထဲကေန ဓားစာခံျဖစ္သြားရတာေၾကာင့္ ဟန္နရီယူက်ဳံးမရျဖစ္ေနရသည္....မလွမ္းမကမ္းမွာ က်ေနတဲ့ စာ႐ြက္ေလးကို ဟန္နရီအျမန္ဆြဲယူလိုက္ပီး ဖတ္ၾကည့္လိုက္သည္
(" ေျမပုံကိုငါ့ဆီအျမန္လာေပးလိုက္
မဟုတ္ရင္ ေနာက္ထပ္အလွည့္က်လာမွာက မင္းရဲ႕အားနည္းခ်က္ျဖစ္တဲ့ လြန္းတာေနဆန္းျဖစ္သြားမယ္ထင္တယ္ ")
" ငါ*ုးမသား ရွိန္းခန္႔ပိုင္!!! "
ဟန္နရီ အံကိုႀကိတ္ကာ မ်က္လုံးကိုမွိတ္ထားလိုက္သည္ ေဒါသစိတ္ေတြဆူပြက္လာတာကို ထိန္းခ်ဳပ္ထားတာေၾကာင့္ လည္ပင္းအေၾကာေတြ ေထာင္လာကာ ပြင့္ထြက္ေတာ့မည့္အတိုင္းပင္...ခံအျပင္းဆုံးက ရွိန္းခန္႔ပိုင္ရဲ႕ေနရာက ဘယ္လိုမွရွာလို႔မေတြ႕တာေၾကာင့္ ဟန္နရီပို၍ေပါက္ကြဲလာသည္ တျခားသူေတြက ဟန္နရီအတြက္ စာမဖြဲ႕ေလာက္ေပမဲ့ ရွိန္းခန္႔ပိုင္က ဟန္နရီအတြက္ ေလွ်ာ့တြက္လို႔မရတဲ့ ရန္သူတေယာက္ပင္ ဟန္နရီလိုပဲ ရွိန္းခန္႔ပိိုင္ကလဲ အရမ္းဥာဏ္မ်ားလြန္းတာေၾကာင့္ အခုခ်ိန္ထိ ဖမ္းမမိႏိုင္တာေတာ့ မထူးဆန္းေတာ့ပါဘူး.....
" အကုန္ငါ့ေၾကာင့္.... အကုန္ငါ့ေၾကာင့္ခ်ည္းပဲ!!!! ေစာက္ေရးမပါတဲ့ ဘ၀ႀကီး...ငါပဲေသသြားရမွာ!!! "
ဟန္နရီရင္ခြင္ထဲက ကေလးငယ္ကေတာ့ ၿငိမ္သက္စြာ ထာ၀ရအိပ္စက္လွ်က္ပင္...
ေတြ႕ဆုံမႈေတြေနာက္က်ခဲ့ေပမဲ့ က်ေတာ္အကို႔ကို ခ်စ္တယ္ ဒါေပမဲ့ က်ေတာ္ဘယ္ေတာ့မွ ေရွ႕ဆက္မွာမဟုတ္ဘူး
အကိုက က်ေတာ့္အခ်စ္ဆုံးသူငယ္ခ်င္းရဲ႕ အားကိုးရာျဖစ္ေနလို႔ပါပဲ အကယ္၍ေနာက္ဘ၀ဆိုတာမ်ားရွိခဲ့ရင္ အကိုနဲ႔ျပန္ေတြ႕ဆုံပီး အကို႔ရင္ခြင္ထဲမွာ ခိုလႈံပါရေစ🍁
****
7.2.22
Grey