"သားငယ္ေလး..ထမင္းမစားေသးဘူးလား..."
ေမေမက ေနာက္ကေနေအာ္ေခၚေနတာကို " ေနာက္မွ.."လို႔ျပန္ေျဖကာ ေလွကားထစ္ေတြေပၚကိုေျပးတက္လိုက္မိသည္။ၿပီးေတာ့မွ အားနာသြားရကာ...ေမေမ့ကိုလွည့္ၾကည့္ရင္း မ်က္လုံးေလးေတြရီေဝသြားေအာင္ၿပဳံးလိုက္ၿပီး...
" ဗိုက္မဆာေသးဘူး ... ေမေမရဲ႕... ခဏေနမွစားမယ္ေနာ္..."
ေလသံခ်ိဳကေလးေသြးၿပီးမွျပန္ေျပးတက္သြားတာကို ေမေမကေတာ့ ဘာမွမေျပာပဲၿပဳံးၾကည့္ရင္းက်န္ခဲ့သည္။ေမေမကေတာ့ ခ်မ္းကို ဘယ္ေတာ့မွဆူဖို႔စိတ္မကူး။ဘာလုပ္လုပ္ခ်စ္ေနတာပဲ။ဘြားဘြားသာဆို "လူႀကီးကိုစကားေျပာတာ မ်က္ႏွာခ်င္းဆိုင္ၿပီးေသခ်ာမေျပာဘူးလား" ဆိုၿပီးဆူမွာ..။ခါတိုင္းပိတ္ေလ့မရွိတဲ့...(ပိတ္မပိတ္ေတာင္ ကိုယ့္ဟာကိုယ္သတိထားမိတာမဟုတ္ပါဘူး) အခန္းတံခါးကို ဒီေန႕ေတာ့ ေသေသခ်ာခ်ာေလးေစ့ပိတ္လိုက္သည္။ၿပီးေတာ့မွ ျပာရင့္ေသာ ညေကာင္းကင္အေရာင္နဲ႕ အိပ္ရာခင္းစဖားဖားေဝေဝျဖာက်ေနေသာ ေမြ႕ရာထူထူေပၚကို ဒိုင္ဗင္ပစ္ဝင္ကာ ေမွာက္ရက္ႀကီးၿငိမ္သက္ေနမိေလသည္။
ထမင္းမစားခ်င္ပါဘူး.. ထမင္းမွမဟုတ္ အခုခ်ိန္မွာ ဘာကိုမွမစားခ်င္....
မနက္ထဲက စားထားတဲ့တစ္နပ္စာပဲ ဗိုက္ထဲမွာရွိတာ... အဲ့ဒါကလည္း အခုခ်ိန္ေလာက္ဆို အစာေက်ေလာက္ၿပီ...ဒါေပမယ့္...ရင္ထဲမွာ အလိုလိုျပည့္ေန၏။ေရေတာင္မေသာက္ခ်င္။မ်က္လုံးေတြကိုမွိတ္ထားေပမယ့္ တစ္မ်ိဳးေသာေရာင္စဥ္ေတြယွက္ျဖာေနသည့္ အၾကည့္ေႏြးေႏြးေတြကိုျမင္ေယာင္ဆဲ။နားနားကပ္ကာအခုပဲေျပာလိုက္သလို စကားသံေတြကို ပဲ့တင္ထပ္ေနသလို ၾကားေယာင္ဆဲ။
ေဆး႐ုံမွာတုန္းကေတာ့ ဘယ္သူေတြဘာေျပာေနသလဲဆိုတာပင္ မသိနိုင္မၾကားနိုင္ေလာက္ေအာင္ထူပူေနခဲ့တာ။ၿပီးေတာ့ ကိုကို႔ကို မ်က္လုံးခ်င္းမဆုံမိေအာင္ အသည္းအသန္ေရွာင္ဖယ္ေနခဲ့ရတာ။အေရွ႕ကိုအတင္းတိုးၿပီး ကေလးေပါက္စကိုအရမ္းပဲစိတ္ဝင္စားေနသေယာင္ ငုံ႕ၾကည့္ေနခဲ့ရတာ လည္ပင္းေတြေတာင္ေညာင္းယူရပါေရာ။တကယ္ဆို ဒါေလာက္ျဖစ္စရာဘာလိုလဲေနာ္.... ကိုကို႔စကားက ဘာမွမွမဟုတ္တာ... ရိုးရိုးေျပာတာလို႔ေတြးလည္းရသလို.... စေနာက္သလို မသိသလိုပုံစံနဲ႕ ေအးေအးေဆးေဆးရယ္ေမာေနလိုက္ရင္လည္းၿပီးေနတာ.... ဘာအေတြ႕အႀကဳံမွမရွိဖူးတာလည္း မဟုတ္ပဲနဲ႕....အရင္ကလည္း သူငယ္ခ်င္းေကာင္မေလးေတြ အခုမွျမင္ဖူးတဲ့မိန္းကေလးေတြနဲ႕ေတာင္ မထိခလုတ္က်ီစယ္ေနာက္ေျပာင္ဖူးတာေတြ မေရတြက္နိုင္ေအာင္ရွိဖူးတာပဲဟာ..
ဒီစကားေလးေလာက္ကိုတုန္လႈပ္ေနစရာလား....
ဒါေပမယ့္ ခ်မ္းအဲ့ဒီလိုမေနနိုင္ခဲ့ဘူး...ဘာျဖစ္လို႔ပါလိမ့္ကိုကိုေရ..
ကိုကိုမို႔လို႔ပဲထင္ပါရဲ႕ေနာ္.... တျခားလူေတြမဟုတ္ပဲ... ကိုကိုျဖစ္ေနလို႔ထင္ပါရဲ႕...ၿပီးေတာ့... တသက္လုံးရိုးရွင္းျဖဴစင္စြာ အေရာင္မစြန္းထင္းပဲ ခင္တြယ္ေနခဲ့တယ္လို႔ ထင္ေနမိခဲ့တဲ့ ကိုယ့္ရင္ဘတ္ထဲမွာ ဘာေတြရွိေနသလဲဆိုတာကိုလည္း ...အဲ့ဒီခဏေလးမွာ သိသာထင္ရွားစြာ သိျမင္သြားခဲ့မိလို႔ထင္ပါရဲ႕...
ေမာင္ႏွမခ်င္းတူတူမွာေတာင္ မဏိတို႔ကို ေသြးလည္းပိုရင္းတာမို႔ ကိုကိုပိုခ်စ္သြားမွာစိုးရိမ္ခဲ့ဖူးတာေတြ.... ၿခံထဲကိုလာတဲ့ မိန္းကေလးေတြနဲ႕ ရင္းရင္းႏွီးႏွီးခင္မင္ၿပဳံးရယ္စကားေျပာေနရင္ ဘာကိုမွန္းမသိမႀကိဳက္နိုင္ျဖစ္ဖူးတာေတြ.....နီးနီးနားနားမွာရွိတဲ့ ေမာင္ႏွမေတြထဲက မမႀကီးေ႐ႊစင္က်ေတာ့ အသက္ကြာလို႔အဖြဲ႕က်လိဳ႕မရ.... ကိုကိုသိဒၶိက်ေတာ့လည္း စိတ္မထင္ရင္ မထင္သလိုေဟာက္ပစ္တတ္တာ...မဏိတို႔နဲ႕က်ေတာ့ ႐ြယ္တူေတြလိုမို႔ ရန္ျဖစ္လိုက္ျပန္ခ်စ္လိုက္....
အၿမဲသည္းခံကာ စိတ္ရွည္စြာ အတူကစားေပးတာက ကိုကိုတမန္ပါပဲ..ငယ္ငယ္ေလးထဲက ဘယ္သူနဲ႕မွမတူေအာင္ ခ်မ္းကိုအႏြံအတာခံ ယုယအလိုလိုက္တတ္တာေတြကို ရင္ထဲမွာအၿမဲပဲ မွတ္မွတ္ထင္ထင္ရွိေနၿပီးသားပါ.... အဲ့ဒါေၾကာင့္လည္း ကိုကို႔ရဲ႕အၾကင္နာေတြ သူမ်ားကိုမွ်ေဝေပးလိုက္ရမွာ မသိစိတ္က ႏွေမ်ာတြန႔္တိုေနခဲ့တယ္ထင္ပါရဲ႕...
မ်က္ႏွာေအာက္မွာရွိေနတဲ့ေၾကာင္႐ုပ္ေခါင္းအုံးေလးကိုဆြဲထုတ္ၿပီး တစ္ဖက္ကိုလွိမ့္ခ်လိဳက္သည္။အိပ္ရာခင္းနဲ႕ဆင္တူ ၾကယ္နဲ႕လေတြပါေသာ ေခါင္းအုံးကို ေခါင္းေအာက္မွာခု... လက္ထဲကေၾကာင္႐ုပ္ေခါင္းအုံးျပားျပားေလးကိုရင္ဘတ္ေပၚတင္ၿပီးဖက္ပိုက္ကာ ႏႈတ္ခမ္းေလးတြန႔္ေကာ့ေအာင္ပင္ ၿပဳံးေနမိရ၏။
ျပန္ခါနီးေတာ့ ကိုကိုက စၾကၤန္လမ္းအထိလိုက္ပို႔တာေလ.... အရိပ္တၾကည့္ၾကည့္နဲ႕ ကိုကိုေဘးက ပါလာေနမွန္းသိေပမယ့္ လုံးဝေမာ့မၾကည့္မိ.... အၾကည့္ကိုတမင္ပင္လႊဲထားမိခဲ့တာ.... ေမေမကဘာမွမသိပဲ...
" ဟင္... ကိုမန္က ျပန္လိုက္မလို႔လား... ေမေမ့ကို ထားခဲ့မွာလား..."
နားမလည္ပါးမလည္နဲ႕ေမးေတာ့မွ ကိုကိုအီလည္လည္နဲ႕ ေအာက္အထိဆင္းမလိုက္ပဲ က်န္ေနခဲ့သည္။ေျပာသမွ်စကားတိုင္းကို မတုံ႕ျပန္မိေတာ့တာမို႔....လုံးဝမ်က္ႏွာမေကာင္းေတာ့ပဲ ၿငိမ္သက္စြာက်န္ေနခဲ့ပုံကို အရမ္းပဲ အားနာသနားသြားရကာ...လမ္းခြဲခါနီးမွ ခ်မ္းကိုကို႔ကို တစ္ခ်က္ေမာ့ၾကည့္လိုက္မိသည္။မ်က္ဝန္းေလးေတြလင္းလဲ့သြားတဲ့ကိုကို႔ကို ႏႈတ္ဆက္သလို ေယာင္ေယာင္ေလးၿပဳံးျပၿပီးတာနဲ႕ကားရွိရာကို အေျပးပင္ဆင္းလာခဲ့မိတာ။ကားေပၚေရာက္လို႔ထိုင္လည္းထိုင္မိေရာ... ရင္ေတြအရမ္းခုန္ၿပီး အသက္ရႈလို႔ေတာင္ မဝေအာင္ပင္ေမာေနပါေရာ။ေမေမက အဲ့ေလာက္ေဆာ့ရမလားလို႔ ဆူတာေတာင္ခံရေသးသည္။
ခ်မ္းကေဆာ့တာမွမဟုတ္တာ.... ကိုကို႔ေၾကာင့္ပါ ေမေမရယ္...
တိုးတိတ္စြာေျပာကာ....ေခါင္းအုံးေလးကို ရင္ဘတ္ေပၚကေန မ်က္ႏွာေပၚ ဖိအုပ္ကာ ခ်မ္းၿငိမ္သက္ေနမိေတာ့သည္။
ဒီလိုခံစားခ်က္မ်ိဳး ဘဝမွာဘယ္တုန္းကမွမခံစားဖူးပါဘူးေလ..
တိမ္ေတြေပၚမွာလြင့္ေမ်ာေနရသလိုပါပဲ...
တၿငိမ့္ၿငိမ့္နဲ႕ လွိုက္ေမာရင္ခုန္လိုက္ရတာ....
ၿပီးေတာ့ အဲ့ဒီတိမ္ေတြက ပန္းႏုေရာင္...
ျမင္ျမင္သမွ်ကပန္းႏုေရာင္....
ထိေတြ႕မိသမွ်ကပန္းႏုေရာင္...
အသက္ရႈရတာေတာင္ ပန္းႏုေရာင္ေလထုထဲေရာက္ေနရသလို...
အဲ့ဒါဘာေၾကာင့္ပါလိမ့္.....ကိုကို
ကိုကိုသာ အနားမွာရွိရင္ ဒီလိုခံစားခ်က္မ်ိဳးကို ေန႕တိုင္းပဲခံစားေနရမွာလား ....
_______________________________________________________________________________________________________________________________________
"သားငယ်လေး..ထမင်းမစားသေးဘူးလား..."
မေမေက နောက်ကနေအော်ခေါ်နေတာကို " နောက်မှ.."လို့ပြန်ဖြေကာ လှေကားထစ်တွေပေါ်ကိုပြေးတက်လိုက်မိသည်။ပြီးတော့မှ အားနာသွားရကာ...မေမေ့ကိုလှည့်ကြည့်ရင်း မျက်လုံးလေးတွေရီဝေသွားအောင်ပြုံးလိုက်ပြီး...
" ဗိုက်မဆာသေးဘူး ... မေမေရဲ့... ခဏနေမှစားမယ်နော်..."
လေသံချိုကလေးသွေးပြီးမှပြန်ပြေးတက်သွားတာကို မေမေကတော့ ဘာမှမပြောပဲပြုံးကြည့်ရင်းကျန်ခဲ့သည်။မေမေကတော့ ချမ်းကို ဘယ်တော့မှဆူဖို့စိတ်မကူး။ဘာလုပ်လုပ်ချစ်နေတာပဲ။ဘွားဘွားသာဆို "လူကြီးကိုစကားပြောတာ မျက်နှာချင်းဆိုင်ပြီးသေချာမပြောဘူးလား" ဆိုပြီးဆူမှာ..။ခါတိုင်းပိတ်လေ့မရှိတဲ့...(ပိတ်မပိတ်တောင် ကိုယ့်ဟာကိုယ်သတိထားမိတာမဟုတ်ပါဘူး) အခန်းတံခါးကို ဒီနေ့တော့ သေသေချာချာလေးစေ့ပိတ်လိုက်သည်။ပြီးတော့မှ ပြာရင့်သော ညကောင်းကင်အရောင်နဲ့ အိပ်ရာခင်းစဖားဖားဝေဝေဖြာကျနေသော မွေ့ရာထူထူပေါ်ကို ဒိုင်ဗင်ပစ်ဝင်ကာ မှောက်ရက်ကြီးငြိမ်သက်နေမိလေသည်။
ထမင်းမစားချင်ပါဘူး.. ထမင်းမှမဟုတ် အခုချိန်မှာ ဘာကိုမှမစားချင်....
မနက်ထဲက စားထားတဲ့တစ်နပ်စာပဲ ဗိုက်ထဲမှာရှိတာ... အဲ့ဒါကလည်း အခုချိန်လောက်ဆို အစာကျေလောက်ပြီ...ဒါပေမယ့်...ရင်ထဲမှာ အလိုလိုပြည့်နေ၏။ရေတောင်မသောက်ချင်။မျက်လုံးတွေကိုမှိတ်ထားပေမယ့် တစ်မျိုးသောရောင်စဉ်တွေယှက်ဖြာနေသည့် အကြည့်နွေးနွေးတွေကိုမြင်ယောင်ဆဲ။နားနားကပ်ကာအခုပဲပြောလိုက်သလို စကားသံတွေကို ပဲ့တင်ထပ်နေသလို ကြားယောင်ဆဲ။
ဆေးရုံမှာတုန်းကတော့ ဘယ်သူတွေဘာပြောနေသလဲဆိုတာပင် မသိနိုင်မကြားနိုင်လောက်အောင်ထူပူနေခဲ့တာ။ပြီးတော့ ကိုကို့ကို မျက်လုံးချင်းမဆုံမိအောင် အသည်းအသန်ရှောင်ဖယ်နေခဲ့ရတာ။အရှေ့ကိုအတင်းတိုးပြီး ကလေးပေါက်စကိုအရမ်းပဲစိတ်ဝင်စားနေသယောင် ငုံ့ကြည့်နေခဲ့ရတာ လည်ပင်းတွေတောင်ညောင်းယူရပါရော။တကယ်ဆို ဒါလောက်ဖြစ်စရာဘာလိုလဲနော်.... ကိုကို့စကားက ဘာမှမှမဟုတ်တာ... ရိုးရိုးပြောတာလို့တွေးလည်းရသလို.... စနောက်သလို မသိသလိုပုံစံနဲ့ အေးအေးဆေးဆေးရယ်မောနေလိုက်ရင်လည်းပြီးနေတာ.... ဘာအတွေ့အကြုံမှမရှိဖူးတာလည်း မဟုတ်ပဲနဲ့....အရင်ကလည်း သူငယ်ချင်းကောင်မလေးတွေ အခုမှမြင်ဖူးတဲ့မိန်းကလေးတွေနဲ့တောင် မထိခလုတ်ကျီစယ်နောက်ပြောင်ဖူးတာတွေ မရေတွက်နိုင်အောင်ရှိဖူးတာပဲဟာ..
ဒီစကားလေးလောက်ကိုတုန်လှုပ်နေစရာလား....
ဒါပေမယ့် ချမ်းအဲ့ဒီလိုမနေနိုင်ခဲ့ဘူး...ဘာဖြစ်လို့ပါလိမ့်ကိုကိုရေ..
ကိုကိုမို့လို့ပဲထင်ပါရဲ့နော်.... တခြားလူတွေမဟုတ်ပဲ... ကိုကိုဖြစ်နေလို့ထင်ပါရဲ့...ပြီးတော့... တသက်လုံးရိုးရှင်းဖြူစင်စွာ အရောင်မစွန်းထင်းပဲ ခင်တွယ်နေခဲ့တယ်လို့ ထင်နေမိခဲ့တဲ့ ကိုယ့်ရင်ဘတ်ထဲမှာ ဘာတွေရှိနေသလဲဆိုတာကိုလည်း ...အဲ့ဒီခဏလေးမှာ သိသာထင်ရှားစွာ သိမြင်သွားခဲ့မိလို့ထင်ပါရဲ့...
မောင်နှမချင်းတူတူမှာတောင် မဏိတို့ကို သွေးလည်းပိုရင်းတာမို့ ကိုကိုပိုချစ်သွားမှာစိုးရိမ်ခဲ့ဖူးတာတွေ.... ခြံထဲကိုလာတဲ့ မိန်းကလေးတွေနဲ့ ရင်းရင်းနှီးနှီးခင်မင်ပြုံးရယ်စကားပြောနေရင် ဘာကိုမှန်းမသိမကြိုက်နိုင်ဖြစ်ဖူးတာတွေ.....နီးနီးနားနားမှာရှိတဲ့ မောင်နှမတွေထဲက မမကြီးရွှေစင်ကျတော့ အသက်ကွာလို့အဖွဲ့ကျလို့မရ.... ကိုကိုသိဒ္ဓိကျတော့လည်း စိတ်မထင်ရင် မထင်သလိုဟောက်ပစ်တတ်တာ...မဏိတို့နဲ့ကျတော့ ရွယ်တူတွေလိုမို့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်....
အမြဲသည်းခံကာ စိတ်ရှည်စွာ အတူကစားပေးတာက ကိုကိုတမန်ပါပဲ..ငယ်ငယ်လေးထဲက ဘယ်သူနဲ့မှမတူအောင် ချမ်းကိုအနွံအတာခံ ယုယအလိုလိုက်တတ်တာတွေကို ရင်ထဲမှာအမြဲပဲ မှတ်မှတ်ထင်ထင်ရှိနေပြီးသားပါ.... အဲ့ဒါကြောင့်လည်း ကိုကို့ရဲ့အကြင်နာတွေ သူများကိုမျှဝေပေးလိုက်ရမှာ မသိစိတ်က နှမျောတွန့်တိုနေခဲ့တယ်ထင်ပါရဲ့...
မျက်နှာအောက်မှာရှိနေတဲ့ကြောင်ရုပ်ခေါင်းအုံးလေးကိုဆွဲထုတ်ပြီး တစ်ဖက်ကိုလှိမ့်ချလိုက်သည်။အိပ်ရာခင်းနဲ့ဆင်တူ ကြယ်နဲ့လတွေပါသော ခေါင်းအုံးကို ခေါင်းအောက်မှာခု... လက်ထဲကကြောင်ရုပ်ခေါင်းအုံးပြားပြားလေးကိုရင်ဘတ်ပေါ်တင်ပြီးဖက်ပိုက်ကာ နှုတ်ခမ်းလေးတွန့်ကော့အောင်ပင် ပြုံးနေမိရ၏။
ပြန်ခါနီးတော့ ကိုကိုက စင်္ကြန်လမ်းအထိလိုက်ပို့တာလေ.... အရိပ်တကြည့်ကြည့်နဲ့ ကိုကိုဘေးက ပါလာနေမှန်းသိပေမယ့် လုံးဝမော့မကြည့်မိ.... အကြည့်ကိုတမင်ပင်လွှဲထားမိခဲ့တာ.... မေမေကဘာမှမသိပဲ...
" ဟင်... ကိုမန်က ပြန်လိုက်မလို့လား... မေမေ့ကို ထားခဲ့မှာလား..."
နားမလည်ပါးမလည်နဲ့မေးတော့မှ ကိုကိုအီလည်လည်နဲ့ အောက်အထိဆင်းမလိုက်ပဲ ကျန်နေခဲ့သည်။ပြောသမျှစကားတိုင်းကို မတုံ့ပြန်မိတော့တာမို့....လုံးဝမျက်နှာမကောင်းတော့ပဲ ငြိမ်သက်စွာကျန်နေခဲ့ပုံကို အရမ်းပဲ အားနာသနားသွားရကာ...လမ်းခွဲခါနီးမှ ချမ်းကိုကို့ကို တစ်ချက်မော့ကြည့်လိုက်မိသည်။မျက်ဝန်းလေးတွေလင်းလဲ့သွားတဲ့ကိုကို့ကို နှုတ်ဆက်သလို ယောင်ယောင်လေးပြုံးပြပြီးတာနဲ့ကားရှိရာကို အပြေးပင်ဆင်းလာခဲ့မိတာ။ကားပေါ်ရောက်လို့ထိုင်လည်းထိုင်မိရော... ရင်တွေအရမ်းခုန်ပြီး အသက်ရှုလို့တောင် မဝအောင်ပင်မောနေပါရော။မေမေက အဲ့လောက်ဆော့ရမလားလို့ ဆူတာတောင်ခံရသေးသည်။
ချမ်းကဆော့တာမှမဟုတ်တာ.... ကိုကို့ကြောင့်ပါ မေမေရယ်...
တိုးတိတ်စွာပြောကာ....ခေါင်းအုံးလေးကို ရင်ဘတ်ပေါ်ကနေ မျက်နှာပေါ် ဖိအုပ်ကာ ချမ်းငြိမ်သက်နေမိတော့သည်။
ဒီလိုခံစားချက်မျိုး ဘဝမှာဘယ်တုန်းကမှမခံစားဖူးပါဘူးလေ..
တိမ်တွေပေါ်မှာလွင့်မျောနေရသလိုပါပဲ...
တငြိမ့်ငြိမ့်နဲ့ လှိုက်မောရင်ခုန်လိုက်ရတာ....
ပြီးတော့ အဲ့ဒီတိမ်တွေက ပန်းနုရောင်...
မြင်မြင်သမျှကပန်းနုရောင်....
ထိတွေ့မိသမျှကပန်းနုရောင်...
အသက်ရှုရတာတောင် ပန်းနုရောင်လေထုထဲရောက်နေရသလို...
အဲ့ဒါဘာကြောင့်ပါလိမ့်.....ကိုကို
ကိုကိုသာ အနားမှာရှိရင် ဒီလိုခံစားချက်မျိုးကို နေ့တိုင်းပဲခံစားနေရမှာလား ....
_______________________________________________________________________________________________________________________________________