ဝါဂွမ်းလုံးကြီးကို လက်သီးနဲ့ထိုးနေရသလိုခံစားနေရတာကြောင့် ဒုတိယအကြီးအကဲနဲ့တတိယအကြီးအကဲတို့မှာ အောက်နှုတ်ခမ်းကိုဖိကိုက်ကာ အံကြိတ်လိုက်မိကြသည်။ ဒါကိုတွေ့တဲ့အခါ ခန်းမထဲက အစေခံတွေခမျာ တော်တော်လေးရယ်ချင်သွားကြပေမဲ့ မရယ်မိအောင် မနည်းထိန်းထားကြရ၏။ တစ်ချိန်တည်းမှာဘဲ ဒီလိုတုံးအချင်ယောင်ဆောင်နေတဲ့ သူတို့သခင်လေးကို တော်တော်လေးစားမိသွားကြသည်။
တတိယအကြီးအကဲမှာ အသက်ပြင်းပြင်းရှူလိုက်မိသည်။ သူ့ကို သိသိသာသာကို အရိပ်အမြွက်ပြပြီးပြီလို့ သူတော့ထင်သည်။ သူက သူတို့သခင်လေးအတွက် မသင့်တော်ဘူးလို့ ထုတ်မပြောရုံတမယ်ပင်။
ဒုတိယအကြီးအကဲမှာ မျက်နှာကြီးမည်းမှောင်သွားပြီး
"ကျုံးဟိုင်နယ်မြေက နံပါတ်တစ်ဂိုဏ်းဆိုတာ တုံထန်းနယ်မြေမှာဆိုရင် ထိပ်ဆုံး ငါးရာထဲကိုတောင်မှ မဝင်နိုင်ဘူး"
ရုန်ယ်က ခွန်းတုံ့ပြန်လိုက်၏။
"မဖြစ်နိုင်တာ... ကျိုရွှီဂိုဏ်းမှာ ကျွန်တော်သာရှိနေရင် အနည်းဆုံးတော့ ထိပ်ဆုံး ၅ဆင့်ထဲဝင်နိုင်ပါတယ်"
ဒုတိယအကြီးအကဲနဲ့တတိယအကြီးအကဲ "......"
ဒီကောင်လေးရဲ့ ယုံကြည်ချက်တွေက ဘယ်ကနေများ ရလာရတာလဲ...။
ဒုတိယအကြီးအကဲက အသံတိမ်တိမ်နဲ့ပြောလိုက်သည်။
"မိစ္ဆာကျင့်ကြံသူ အမေတစ်ယောက်ရှိနေတဲ့သူကို ယင်မိသားစုက ဘယ်တော့မှ လက်ခံပေးမှာမဟုတ်ဘူး"
"ဒါက လွယ်ပါတယ်.. ကျွန်တော့်အမေကို သူ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းကို ပြောင်းခိုင်းလိုက်မယ်လေ"
တတိယအကြီးအကဲရဲ့နဖူးပေါ်မှာ သွေးကြောတွေတောင် ထောင်တက်လာရ၏။
"ဒါပေမဲ့ သူကမွေးထဲက မိစ္ဆာကျင့်ကြံခြင်းလမ်းစဥ်ကို လိုက်လာတာလေ..သူ့ရဲ့ မိစ္ဆာဆန်ဆန်အမူအကျင့်တွေကိုတော့ ဘယ်လိုလုပ်ပြောင်းလဲလို့ရမှာလဲ"
အရမ်းသန့်စင်ပြီး တုံးအတဲ့ တစ်စုံတစ်ယောက်နဲ့ ရင်ဆိုင်ရတာ အရမ်းလွယ်ကူမယ်လို့ သူတို့တွေးခဲ့ကြပေမဲ့လည်း စိတ်ကူးထားတာနဲ့ ဆန့်ကျင်ဖက်ဖြစ်စွာနဲ့ သူတို့ဘာပြောပြော တစ်ဖက်သူက စိတ်ထဲတောင်မထည့်တာကြောင့် သူတို့မှာ ရူးသွပ်လုနီးနီးပင်..။
ရုန်ယိက မေးလိုက်၏။
"အကယ်၍ ကျွန်တော့်အမေသာ သူ့ရဲ့ မိစ္ဆာဆန်ဆန်အမူအကျင့်တွေကို ဖယ်ရှားနိုင်ခဲ့ရင်ရော.. ယင်မိသားစုက ကျွန်တော့်ကို လက်ခံပေးမှာလား"
တတိယအကြီးအကဲ "......"
ဒုတိယအကြီးအကဲ "......."
"ဒါ့အပြင် လက်ထပ်ကြမှာက ကျွန်တော်နဲ့ကျင်းရဲ့လေ.. သူလက်ခံရင် လုံလောက်ပြီမလား.. ကျွန်တော်က ကျင်းရဲ့နဲ့အတူနေမှာ.. ယင်မိသားစုတစ်ခုလုံးနဲ့နေမှာမှ မဟုတ်တာ.. ဘာလို့ ယင်မိသားစုရဲ့ ခွင့်ပြုချက်ကို လိုရမှာလဲ"
ဒုတိယအကြီးအကဲက
"ကျင်းရဲ့က ကျုပ်တို့မိသားစုရဲ့ သခင်လေးလေ.. သူ တစ်ခုခုလုပ်တဲ့အခါ မိသားစုတစ်ခုလုံးကို ပထမနေရာကနေ ထားရမှာပေါ့.. ယင်မိသားစုအတွက် မိသားစုကို အင်အားကြီးမားလာအောင် လုပ်ပေးနိုင်တဲ့ လိုက်ဖက်ညီတဲ့ ကျင့်ကြံဖော်တစ်ယောက်နဲ့သာ သူလက်ထပ်သင့်တာလေ"
ရုန်ယိက မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်ပြီး
"ဒါပေမဲ့ ကျွန်တော်တို့က လိုက်ဖက်ညီကြတယ်လေ"
ဒုတိယအကြီးအကဲ "......."
တတိယအကြီးအကဲ "......."
ဘာလို့ ဒီခေါင်းစဥ်ကြီးကိုဘဲ ပြန်ရောက်သွားရပြန်တာလဲဟ...
ကြည့်ရတာတော့ ရုန်ယိကို သူ့ဘာသာသိမ်ငယ်မိအောင်လုပ်ပြီး ယင်ကျင်းရဲ့ကိုထားသွားအောင်လုပ်တာက အလုပ်မဖြစ်တဲ့ပုံပင်..။
ဒုတိယအကြီးအကဲနဲ့တတိယအကြီးအကဲတို့မှာ အကြည့်ချင်းဆုံလိုက်ကြကာ
"အဲ့အကြောင်းကို နောက်မှဘဲပြောရအောင်..ရှောင်ယိ မင်း ကျင်းရဲ့ကို တစ်ကယ်သဘောကျတာလား"
ရုန်ယိက ခေါင်းငြိမ့်လိုက်၏။
"ဒါပေါ့... အရမ်းသဘောကျတာ"
"ဒီလိုဆိုရင် မင်းသူ့ကို အမြဲတမ်း ပထမနေရာမှာထားပြီး သူ့အတွက်တွေးပေးပြီး သူ့ကို ကောင်းမွန်တဲ့ဘဝမှာမနေစေချင်ဘူးလား"
"အင်း"
ရုန်ယိက ရှက်ရွံ့စွာနဲ့ ခေါင်းငုံ့ချလိုက်ပြီး
"ကျွန်တော်တို့ အတူစားသောက်ကြတဲ့အခါကျရင် သူ့ကိုအမြဲတမ်း အရင်ထည့်ပေးတာ... သူ့ကိုကျွေးပြီးမှ ကျွန်တော်စားတာလေ.. အိပ်တဲ့အခါကျရင်လည်း သူကောင်းကောင်းအိပ်ပျော်ပါ့မလား တွေးမိတယ်.. ပြီးတော့ ကျွန်တော့်လက်တွေ ခြေထောက်တွေက သူ့အပေါ်များ ဖိမိနေမလားလည်း စိုးရိမ်ရသေးတယ်..ပြီးတော့..."
"ရပြီ!"
တတိယအကြီးအကဲမှာ နောက်ဆုံးတော့ သူ့ရဲ့တုံးချင်ယောင်ဆောင်နေမှုတွေကို သည်းမခံနိုင်တော့ဘဲ သုန်မှုန်သွားရပြီး
"ရုန်ယိ မင်းသာ တစ်ကယ်ဘဲ ကျုပ်တို့သခင်လေးကို ချစ်တယ်ဆိုရင် သူ့ကိုထားပြီးထွက်သွားသင့်တယ်.. မင်းသာ သူ့ကိုဆက်ကပ်တွယ်နေရင် သူ အထင်သေးခံရတာဘဲရှိမယ်.. ဘာလို့ဆို ယင်မိသားစုက ကျင့်ကြံဆင့်နိမ့်ပြီး နောက်ခံမရှိတဲ့ သခင်မတစ်ယောက် မလိုအပ်လို့ဘဲ"
ဒုတိယအကြီးအကဲက ဆက်ပြောလာ၏။
"ရုန်ယိ မင်းသာ မင်းအမေကိုခေါ်ပြီး ဒီကထွက်သွားမယ်ဆိုရင် မင်းနဲ့မင်းအမေနှစ်ယောက်လုံး ဘဝတစ်လျှောက်လုံး သက်တောင့်သက်သာနေနိုင်ရစေမယ်ဆိုတာ ကျုပ်တို့အာမခံတယ်.. စိတ်ဝိညာဥ်ကျောက်တုံးလိုရင် ကျုပ်တို့က စိတ်ဝိညာဥ်ကျောက်တုံးပေးနိုင်တယ်... ပါဝင်ပစ္စည်းတွေ လိုအပ်တယ်ဆိုရင်လည်း ပါဝင်ပစ္စည်းတွေ ပေးနိုင်တယ်.. ပြီးတော့ မင်းတို့ကို ဘယ်သူမှ အနိုင်မကျင့်ရဲစေရဘူးဆိုတာလည်း အာမခံတယ်.. အိုး ဟုတ်သား.. မင်းအရင်က မင်းရဲ့ဆရာတူအစ်ကိုကြီးကို သဘောကျခဲ့တာမလား.. မင်းတို့နှစ်ယောက် ကျင့်ကြံဖက်တွေဖြစ်လာအောင် မင်းတို့ဂိုဏ်းချုပ်ကို ကျုပ်တို့သွားပြောပေးလို့ရတယ်.. ဂိုဏ်းချုပ်ရဲ့အမိန့်နဲ့ဆိုရင် မင်းရဲ့ဆရာတူအစ်ကိုကြီးလည်း ငြင်းရဲမှာမဟုတ်ဘူး"
ဘုန်း!!
ရုန်ယိ စားပွဲကို ထရိုက်လိုက်သည်။
"တော်လောက်ပြီ!"
ဒုတိယအကြီးအကဲ တတိယအကြီးအကဲနဲ့ ခန်းမထဲမှာရှိနေတဲ့သူတွေအကုန်လုံးမှာ လန့်ဖျပ်သွားကြရသည်။ အရင်က ရုန်ယိကို ဒီလိုပုံစံမျိုးနဲ့ ဘယ်သူမှမမြင်ဖူးခဲ့..။
"ခင်ဗျားတို့ ကျွန်တော့်ကို စော်ကားချင်ရင် တစ်ခြားနေရာရွေးလိုက်..ဒါက ရုန်အိမ်တော်.. ခင်ဗျားတို့ရဲ့ ယင်အိမ်တော်မဟုတ်ဘူး.. ခင်ဗျားတို့ လူယုတ်မာကြီးတွေ ဒီလိုစကားမျိုးနည်းနည်းလောက်ဘဲ ထပ်ပြောလာရင် ကျွန်တော့်ရဲ့ရိုင်းပြမှုကို အပြစ်လာမတင်ကြနဲ့.. ခင်ဗျားတို့အကုန်လုံးကို အပြင်ဘက်ကို ပစ်ထုတ်ဖို့ ကျန်းမုကိုခိုင်းလိုက်မယ်!"
ထိုအချိန်မှာ.ရုန်ယိက အိမ်တော်ရဲ့အရှင်သခင်တစ်ယောက်လိုမျိုး လွှမ်းမိုးနိုင်တဲ့အရှိန်အဝါတွေ ပြည့်နှက်နေတာကြောင့် လူတိုင်းကို ကြောင်အသွားစေ၏။
ထို့နောက် နောက်တစ်စက္ကန့်မှာဘဲ ရုန်ယိက ချက်ချင်း အပြုံးတစ်ပွင့်ချိတ်ဆွဲလိုက်ကာ
"ဒုတိယအကြီးအကဲ တတိယအကြီးအကဲ ခင်ဗျားတို့ဘယ်လိုထင်လဲ..ကျွန်တော့်ရဲ့ သရုပ်ဆောင်စွမ်းရည်က အစစ်နဲ့တူရဲ့လား.. အခု ကျွန်တော်က အိမ်တော်ရဲ့သခင်မနဲ့ တူသွားပြီလား"
"မင်း.. မင်း က ဟန်ဆောင်နေတာလား!"
ဒုတိယအကြီးအကဲမှာ ရင်ထဲတစ်မျိုးကြီးဖြစ်သွားရသည်။ အခုလေးတင် သူတို့မှာ သူ့ကြောင့် လန့်ဖျပ်သွားခဲ့ကြရပြီး အခုတော့ သူကဟန်ဆောင်နေတာပါလို့ ပြောလာပြန်လေသည်။
"ဟုတ်တယ်လေ.. ဒုတိယအကြီးအကဲနဲ့တတိယအကြီးအကဲတို့ကလည်း ကျွန်တော် စိတ်ဓာတ်ခိုင်မာလားဆိုပြီး ဟန်ဆောင်နေကြတာမဟုတ်ဘူးလား"
"ကျုပ်တို့က ဟန်ဆောင်နေတယ်!...."
တတိယအကြီးအကဲမှာ နှုတ်ခမ်းထောင့်တွေ တွန့်ချိတ်သွားရ၏။
ရုန်ယိက ပြုံးစိစိလုပ်ကာ
"မဟုတ်ဘူးလား.. ခင်ဗျားတို့က ကျွန်တော့်အပေါ် ဒီလောက်ကြင်နာတဲ့ဟာကို.. ကျွန်တော့်ကို ဒီလိုခက်ခဲအောင် ဘယ်လုပ်ရက်မှာလဲ."
သူ့မှာ အခုလောလောဆယ်တော့ ထိုသူတွေနဲ့ ရန်သူလုပ်ဖို့ အစီအစဥ်မရှိသေးပေ။
ဒုတိယအကြီးအကဲ "......"
အခုလောလောဆယ် သူတို့မှာ ရုန်ယိကို ဘာဆိုဘာမှမလုပ်နိုင်သေးဖူးဟု တွေးလိုက်မိကြသည်။ သူတို့ဘာပြောပြော ရုန်ယိက ဘာမှမတိမ်းညွတ်သလို မျက်နှာပျက်ယွင်းသွားတာမျိုးတောင်မှ မရှိပေ။ သူတို့ရဲ့ ပုံမှန်သုံးနေကျလှည့်ကွက်တွေကလည်း ရုန်ယိအပေါ်မှာ အသုံးမဝင်ပေ။ ချော့တစ်ခါခြောက်တစ်လှည့် နည်းလမ်းဘဲဖြစ်ဖြစ် သူ့ကို နားလည်အောင်ဘဲပြောပြော ရုန်ယိက သူတို့စကားတွေကို စိတ်ထဲကိုလုံးဝကိုမထည့်ပေ။
တတိယအကြီးအကဲက မျက်နှာကြီး.အှုံ့မှိုင်းသွားပြီး
"ကျုပ်တို့က မဟုတ်......"
သူ့စကားမဆုံးခင်မှာဘဲ အနက်ရောင်မြူတွေက သူတို့ကိုဝန်းရံလာ၏။
ဒုတိယအကြီးအကဲနဲ့တတိယအကြီးအကဲတို့မှာ အံ့အားသင့်သွားကြပြီး ပြတင်းပေါက်ကနေ အမြန်ခုန်ထွက်လိုက်ကြရသည်။
ချက်ချင်းဘဲ သူတို့သွေးတွေဆူပွက်လာတဲ့အပြင် သွေးကြောတွေပါ ဖောင်းတက်လာပြီး သွေးတွေပေါက်ထွက်လာတော့မလို ခံစားလိုက်ရသည်။ ပြီးတော့ လည်ပင်းက သွေးကြောတွေမှာ တင်းကြပ်သထက်တင်းလာကာ တဖြည်းဖြည်းနဲ့ အသက်ရှူလို့မရလုနီးပါးဖြစ်လာ၏။
ရုန်ယိက အမြန်အော်ပြောလိုက်သည်။
"ကျန်းမု ဘာလုပ်နေတာလဲ!"
"ဖေဖေ... သူတို့ကို အပြင်ကို ပစ်ထုတ်စေချင်တာမလား"
ပြောနေရင်းနဲ့ သူ့ရဲ့ဝတ်စုံလက်လေးကိုယမ်းကာ အကြီးအကဲနှစ်ယောက်ကို တံခါးအပြင်ကို ပစ်ထုတ်လိုက်လေသည်။
"ငါက နောက်နေတာပါ"
ကျန်းမုက နားမလည်ပေ။
"ဖေဖေ... နောက်တယ်ဆိုတာ ဘာလဲ"
သူ့ခေါင်းလေးထဲမှာတော့ နောက်တယ်ဆိုတဲ့ ဝေါဟာရက ရှိမနေပေ။
ဒုတိယအကြီးအကဲ "......"
တတိယအကြီးအကဲ "......"
ရုန်ယိက သူ့ကိုရှင်းပြလိုက်၏။
"အဲ့အဓိပ်ပ္ပါယ်က ငါပြောတာက အမှန်မဟုတ်ဘူးလို့ပြောတာ.. အမှန်တော့ မင်းကို သူတို့ကိုအပြင်ပစ်မထုတ်စေချင်ပါဘူး.. ဦးလေးဝမ်.. အကြီးအကဲနှစ်ယောက်ကို သွားထူပေးလိုက်ပါဦး"
"ဟုတ်ကဲ့"
ဝမ်ချွမ်က အစေခံတစ်ချို့နဲ့ အပြင်ကိုထွက်သွားလိုက်သည်။
ဒုတိယအကြီးအကဲနဲ့တတိယအကြီးအကဲတို့က သူတို့ကို ဒေါသထွက်ကာ ပြန်တွန်းထုတ်ပစ်လိုက်သည်။
"မလုပ်နဲ့!..ကျုပ်တို့ဘာသာ လျှောက်နိုင်တယ်"
ထို့နောက် တစ်ဖက်လှည့်ကာ တံခါးကနေထွက်သွားတော့သည်။
ရုန်ယိက အမြန်လှမ်းအော်ပြောလိုက်သည်။
"အကြီးအကဲတို့ ကျွန်တော်လိုက်ပို့ပေးပါရစေ"
"မလိုဘူး"
အကြီးအကဲတွေက နှာခေါင်းရှုံ့ကာ ဝတ်ရုံလက်စတွေခါယမ်းပြီး ထွက်သွားကြတော့သည်။
သူတို့ထွက်သွားတာကိုကြည့်ရင်းနဲ့ ဝမ်ချွမ်က ရုန်ယိကို အသံနိမ့်နိမ့်နဲ့ပြောလာသည်။
"သခင်လေး သူတို့က သခင်လေးကို ဖျောင်းဖျတာမအောင်မြင်သွားဘူးဆိုတော့ တစ်ခြားနည်းလမ်းတွေသုံးလာမှာ စိုးရတယ်"
ရုန်ယိက နှာခေါင်းရှုံ့လိုက်ပြီး
"သူတို့ ဘယ်နည်းလမ်းဘဲသုံးပါစေ ကျွန်တော်ရင်ဆိုင်နိုင်တယ်"
ကျန်းမုက ရုန်ယိဘေးကို ပျံသန်းလာသည်။
"ဖေဖေ... သားသူတို့ကို မရိုက်လိုက်ရသေးဘူး"
သူ သူတို့ကို မသေမရှင်ဖြစ်တဲ့အထိရိုက်လို့ရတယ်လို့ သူ့အဖေပြောထားတာ သူမှတ်မိသည်။
ရုန်ယိက သူ့ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး အတော်လေးရယ်ချင်သွားရသည်။
"အခွင့်အရေးထပ်ရမှာပါ"
ထိုအခါ ကျန်းမုက ယင်စန်စန်ကို ချီလိုက်ပြီး
"ညီလေးကို ကစားဖို့ခေါ်သွားတော့မယ်"
"ဟုတ်ပြီ"
အထဲပြန်ဝင်သွားပြီးနောက် ရုန်ယိ ယင်ကျင်းရဲ့ကို အကြီးအကဲနှစ်ယောက်အကြောင်းတွေ ပြောပြလိုက်သည်။
"ကလေးတွေအဖေ.. ကျွန်တော်နဲ့ ကျန်းမု အကြီးအကဲတွေကို အပြင်ကို ပစ်ထုတ်လိုက်ပြီး သူတို့ပြန်သွားပြီ"
ရှင်းဟယ်နဲ့ ကျားကစားနေတဲ့ ယင်ကျင်းရဲ့က သူ့ကိုတစ်ချက်ကြည့်လာပြီး
"နောက်တစ်ခါ လူများများခေါ်ထား.. ပြီးတော့ ယင်ထောင်ပြန်ရောက်လာရင် သူ့ကို ကျောင်းထပ်မသွားခိုင်းနဲ့တော့"
ရုန်ယိ ခေါင်းငြိမ့်လိုက်၏။ သူလည်းဘဲ ထိုအဘိုးကြီးနှစ်ယောက်က သူတို့ကလေးတွေကိုသုံးပြီး ခြိမ်းခြောက်လာမှာကို စိုးရိမ်နေတာဖြစ်လေသည်။ ဒါကလည်း သူအခုချက်ချင်း ထိုသူတွေနဲ့ ရန်ဖက်ဖြစ်အောင်မလုပ်ရသေးတာအတွက် အကြောင်းပြချက်တွေထဲက တစ်ချက်ဖြစ်ပေသည်။
"ကလေးတွေအဖေ... ကျွန်တော်ကတော့ သူတို့ကို ဒီအတိုင်းငြိမ်ခံမနေသင့်ဘူးလို့ ထင်တယ်.. မဟုတ်ရင် သူတို့က ကျွန်တော်တို့ကို သူတို့တွန်းတိုင်းရွေ့မဲ့သူတွေလို့ ထင်သွားလိမ့်မယ်"
ရှင်းဟယ်က ပြုံးလိုက်ကာ
"ဒါပေါ့.. ဒါကြောင့်မလို့ သခင်က သခင်မကြီးဆီက စာရပြီးတာနဲ့ သူတို့ကို အလုပ်ရှုပ်နေအောင်လို့ အစီအစဥ်တွေလုပ်ထားတယ်"
ယင်ကျင်းရဲ့က
"ဒါက ယာယီဘဲ"
ရုန်ယိက ယင်ကျင်းရဲ့ဘေးမှာ ထိုင်ကာ ပြုံးလိုက်ပြီး
"ဒီတော့ ခင်ဗျားတို့ရဲ့ အစီအစဥ်ကဘာလဲ"
ရှင်းဟယ်က ယင်ကျင်းရဲ့အစား ဖြေပေးလာသည်။
"သူတို့ပိုင်နက်မှာ ပြဿနာရှာဖို့ လူတွေလွှတ်ထားတယ် ဒီလိုဆို သူတို့ ပြဿနာကိုဖြေရှင်းဖို့ ပြန်ကိုပြန်ရလိမ့်မယ်.. ဒါပေမဲ့ အဲ့ကိစ္စတွေပြီးသွားရင် သူတို့ပြန်လာနိုင်သေးတယ် ဒါမှမဟုတ်ရင်လည်း သခင်လေးတို့ကို ဖျောင်းဖျနားချဖို့ တစ်ခြားအကြီးအကဲတွေကို လွှတ်မှာလည်း ဖြစ်နိုင်တယ်"
"ဒါပေမဲ့ ဒါက မင်းတို့ ကိုယ့်ဒုက္ခကိုယ်ရှာနေတာဘဲ မဟုတ်ဘူးလား.. ဘယ်လိုဘဲပြောပြော မင်းတို့ကလည်း ယင်မိသားဝင်တွေဘဲလေ"
"မဟုတ်ဘူး.. ဒါက ယင်မိသားစုနဲ့ ဘာမှမပတ်သတ်တဲ့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေလေ"
ရုန်ယိမှာ မျက်မှောင်ကြုတ်သွားပြီး
"ဒါကြီးက ဘယ်တော့များမှ ပြီးတော့မှာလဲ.. ဒီအဘိုးကြီးတွေက ဘာကိစ္စနဲ့များ အရမ်းအင်အားကြီးချင်နေရတာလဲ.. ခင်ဗျားနဲ့ချီလန်တို့ လက်ထပ်ပြီးတာနဲ့ ချီမိသားစုတစ်ခုလုံးကို သူတို့ရနိုင်မယ်လို့များတွေးနေတာလား.. ချီလန်မှာလည်း ဒီအခွင့်အရေးကို အသုံးချပြီး ယင်မိသားစုကို ပြောင်းလဲပစ်မယ့် အစီအစဉ်ရှိနေတာလည်း ဖြစ်နိုင်တာဘဲကို"
ယင်ကျင်းရဲ့က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး
"ကိုယ့်ကိုထားခဲ့.. ကလေးတွေကိုထားခဲ့.. ပြီးရင် ယင်မိသားစုနဲ့ စည်းတစ်ခုခြားပစ်လိုက် ဒါဆို သူတို့က မင်းကို ထပ်ပြီး ဒုက္ခပေးမှာ မဟုတ်တော့ဘူး"
"မရပါဘူး!"
ရုန်ယိက နှာခေါင်းရှုံ့လိုက်ပြီး
"ကျွန်တော် အသက်မရှိတော့တာကလွဲရင် ဘယ်သူမှ ကျွန်တော့်ကို ထွက်သွားခိုင်းလို့မရဘူး"
ယင်ကျင်းရဲ့မှာ နှုတ်ခမ်းတွေ အနည်းငယ်ကွေးတက်သွား၏။
"သခင်!.. သခင်လေး! သတင်းဆိုး သတင်းဆိုး!.."
ဝမ်ချွမ်က အော်ပြောရင်းနဲ့ အခန်းထဲကို ပြေးဝင်လာသည်။
ရှင်းဟယ်က မတ်တပ်ထရပ်လိုက်ပြီး
"ဘာဖြစ်လို့လဲ "
"လူတစ်ချို့က အပြင်ဘက်မှာ ပြဿနာလာရှာနေကြတယ်.. မြို့သခင်မရန်က လူတွေသတ်ခဲ့တယ်လို့လည်း ပြောနေကြတယ်"
"ဘာ!"
ရုန်ယိမှာ မတ်တပ်ထရပ်လိုက်မိ၏။
"သူတို့က ကျွန်တော့်အမေ လူတွေသတ်ခဲ့တယ်လို့ပြောနေတာလား.. သူက ဘယ်သူ့ကိုသတ်ခဲ့လို့လဲ"
"ကျွန်တော်လည်း မသိဘူး.. သူတို့ပြောတာတော့ ဟိုင်ရှန်းမြို့နဲ့ အနီးအနားမြို့က ကျင့်ကြံသူတော်တော်များများ သေသွားကြတယ်တဲ့.. မြို့သခင်မရန် လုပ်တာလို့ ပြောနေကြတယ်.. အဲ့တာကို တစ်ချို့ကမြင်လိုက်တယ်တဲ့ မြို့သခင်မရန်ကို ထုတ်ပေးဖို့ ပြောနေကြတယ်"
"ကျွန်တော့်အမေက ဒီရက်တွေမှာ အိမ်တော်ထဲမှာဘဲနေပြီး အပြင်ကို တစ်ခါမှတောင်မှ မထွက်ခဲ့တဲ့ဟာ.. ဒီလူတွေကို သူသတ်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. တစ်ယောက်ယောက်က သူ့ကို ေချာက်ချဖို့ ကြိုးစားနေတာဘဲ!"
ရုန်ယိ ယင်ကျင်းရဲ့ကို ကြည့်လိုက်ပြီး
"ကလေးတွေအဖေ... ဒါ အကြီးအကဲတွေရဲ့ လက်ချက်လို့ ခင်ဗျားထင်လား"
ရှင်းဟယ်က ပြောလာသည်။
"ဒါက ပြောဖို့တော့ခက်တယ်.. ဒီကိစ္စက သူတို့ လုပ်နေကျနဲ့ အတော်လေးတူတယ်.. တစ်ကယ်ဘဲ သူတို့သာဆိုရင် သူတို့တော်တော်မြန်တယ်လို့ဘဲ ပြောနိုင်တော့မယ်.. ကျွန်တော်တို့က သူတို့အတွက် ပြဿနာရှာပေးဖို့ စီစဥ်နေတုန်းဘဲရှိသေး.. သူတို့က ကျွန်တော်တို့အတွက် ပြဿနာရှာပေးလိုက်ပြီ"
"အရှက်မရှိလိုက်တာ.. အဲ့လူတွေကိုသတ်တာ တစ်ခြားသူဆိုတာ ဒီလောက်သိသာနေတဲ့ဟာ ဘယ်လိုလုပ်များ ကျွန်တော့်အမေကို ဓားစာခံဖြစ်အောင်လုပ်နိုင်ရတာလဲ"
ထိုလူတွေကိုသတ်တဲ့သူက ရှို့ကျို့ပြောတဲ့သူနဲ့ တစ်ယောက်တည်းဘဲ ဖြစ်လိမ့်မယ်လို့ ရုန်ယိကတော့ ထင်သည်။
"ဦးလေးဝမ် ဒီကိစ္စကို ကျွန်တော့်အမေမသိသေးဘူး ဟုတ်တယ်မလား"
ဝမ်ချွမ်က ခေါင်းခါပြလာပြီး
"သူက သူ့အခန်းထဲမှာ တရားထိုင်ကျင့်ကြံနေပါတယ်"
ရုတ်တရက် တဘုန်းဘုန်း အသံတွေကိုကြားလိုက်ရပြီး အိမ်တော်ထဲက အစီအရင်တွေကို တစ်ယောက်ယောက်က ချိုးဖျက်ဖို့ကြိုးစားနေလေသည်။
အချိန်အတော်လေးကြာမှ ထိုအသံတွေက ရပ်သွားလေတော့သည်။
ထိုအချိန်မှာ ရုန်စုက အခန်းထဲကို ဝင်လာကာ
"သခင် သခင်လေး.. ဟိုင်ရှန်းမြို့ခေါင်းဆောင်က သခင်တို့ကို တွေ့ဖို့မေးနေပါတယ်.. သူပြောတာတော့ သူက မြို့သခင်မရန်ရဲ့ ကိစ္စအတွက် ရောက်လာတာပါတဲ့"
************
Zawgyi
ဝါဂြမ္းလုံးႀကီးကို လက္သီးနဲ႕ထိုးေနရသလိုခံစားေနရတာေၾကာင့္ ဒုတိယအႀကီးအကဲနဲ႕တတိယအႀကီးအကဲတို႔မွာ ေအာက္ႏႈတ္ခမ္းကိုဖိကိုက္ကာ အံႀကိတ္လိုက္မိၾကသည္။ ဒါကိုေတြ႕တဲ့အခါ ခန္းမထဲက အေစခံေတြခမ်ာ ေတာ္ေတာ္ေလးရယ္ခ်င္သြားၾကေပမဲ့ မရယ္မိေအာင္ မနည္းထိန္းထားၾကရ၏။ တစ္ခ်ိန္တည္းမွာဘဲ ဒီလိုတုံးအခ်င္ေယာင္ေဆာင္ေနတဲ့ သူတို႔သခင္ေလးကို ေတာ္ေတာ္ေလးစားမိသြားၾကသည္။
တတိယအႀကီးအကဲမွာ အသက္ျပင္းျပင္းရႉလိုက္မိသည္။ သူ႕ကို သိသိသာသာကို အရိပ္အႁမြက္ျပၿပီးၿပီလို႔ သူေတာ့ထင္သည္။ သူက သူတို႔သခင္ေလးအတြက္ မသင့္ေတာ္ဘူးလို႔ ထုတ္မေျပာ႐ုံတမယ္ပင္။
ဒုတိယအႀကီးအကဲမွာ မ်က္ႏွာႀကီးမည္းေမွာင္သြားၿပီး
"က်ဳံးဟိုင္နယ္ေျမက နံပါတ္တစ္ဂိုဏ္းဆိုတာ တုံထန္းနယ္ေျမမွာဆိုရင္ ထိပ္ဆုံး ငါးရာထဲကိုေတာင္မွ မဝင္နိုင္ဘူး"
႐ုန္ယ္က ခြန္းတုံ႕ျပန္လိုက္၏။
"မျဖစ္နိုင္တာ... က်ိဳ႐ႊီဂိုဏ္းမွာ ကြၽန္ေတာ္သာရွိေနရင္ အနည္းဆုံးေတာ့ ထိပ္ဆုံး ၅ဆင့္ထဲဝင္နိုင္ပါတယ္"
ဒုတိယအႀကီးအကဲနဲ႕တတိယအႀကီးအကဲ "......"
ဒီေကာင္ေလးရဲ႕ ယုံၾကည္ခ်က္ေတြက ဘယ္ကေနမ်ား ရလာရတာလဲ...။
ဒုတိယအႀကီးအကဲက အသံတိမ္တိမ္နဲ႕ေျပာလိုက္သည္။
"မိစ္ဆာက်င့္ႀကံသူ အေမတစ္ေယာက္ရွိေနတဲ့သူကို ယင္မိသားစုက ဘယ္ေတာ့မွ လက္ခံေပးမွာမဟုတ္ဘူး"
"ဒါက လြယ္ပါတယ္.. ကြၽန္ေတာ့္အေမကို သူ႕ရဲ႕က်င့္ႀကံျခင္းနည္းလမ္းကို ေျပာင္းခိုင္းလိုက္မယ္ေလ"
တတိယအႀကီးအကဲရဲ႕နဖူးေပၚမွာ ေသြးေၾကာေတြေတာင္ ေထာင္တက္လာရ၏။
"ဒါေပမဲ့ သူကေမြးထဲက မိစ္ဆာက်င့္ႀကံျခင္းလမ္းစဥ္ကို လိုက္လာတာေလ..သူ႕ရဲ႕ မိစ္ဆာဆန္ဆန္အမူအက်င့္ေတြကိုေတာ့ ဘယ္လိုလုပ္ေျပာင္းလဲလို႔ရမွာလဲ"
အရမ္းသန့္စင္ၿပီး တုံးအတဲ့ တစ္စုံတစ္ေယာက္နဲ႕ ရင္ဆိုင္ရတာ အရမ္းလြယ္ကူမယ္လို႔ သူတို႔ေတြးခဲ့ၾကေပမဲ့လည္း စိတ္ကူးထားတာနဲ႕ ဆန့္က်င္ဖက္ျဖစ္စြာနဲ႕ သူတို႔ဘာေျပာေျပာ တစ္ဖက္သူက စိတ္ထဲေတာင္မထည့္တာေၾကာင့္ သူတို႔မွာ ႐ူးသြပ္လုနီးနီးပင္..။
႐ုန္ယိက ေမးလိုက္၏။
"အကယ္၍ ကြၽန္ေတာ့္အေမသာ သူ႕ရဲ႕ မိစ္ဆာဆန္ဆန္အမူအက်င့္ေတြကို ဖယ္ရွားနိုင္ခဲ့ရင္ေရာ.. ယင္မိသားစုက ကြၽန္ေတာ့္ကို လက္ခံေပးမွာလား"
တတိယအႀကီးအကဲ "......"
ဒုတိယအႀကီးအကဲ "......."
"ဒါ့အျပင္ လက္ထပ္ၾကမွာက ကြၽန္ေတာ္နဲ႕က်င္းရဲ႕ေလ.. သူလက္ခံရင္ လုံေလာက္ၿပီမလား.. ကြၽန္ေတာ္က က်င္းရဲ႕နဲ႕အတူေနမွာ.. ယင္မိသားစုတစ္ခုလုံးနဲ႕ေနမွာမွ မဟုတ္တာ.. ဘာလို႔ ယင္မိသားစုရဲ႕ ခြင့္ျပဳခ်က္ကို လိုရမွာလဲ"
ဒုတိယအႀကီးအကဲက
"က်င္းရဲ႕က က်ဳပ္တို႔မိသားစုရဲ႕ သခင္ေလးေလ.. သူ တစ္ခုခုလုပ္တဲ့အခါ မိသားစုတစ္ခုလုံးကို ပထမေနရာကေန ထားရမွာေပါ့.. ယင္မိသားစုအတြက္ မိသားစုကို အင္အားႀကီးမားလာေအာင္ လုပ္ေပးနိုင္တဲ့ လိုက္ဖက္ညီတဲ့ က်င့္ႀကံေဖာ္တစ္ေယာက္နဲ႕သာ သူလက္ထပ္သင့္တာေလ"
႐ုန္ယိက မ်က္ေတာင္ တဖ်တ္ဖ်တ္ခတ္လိုက္ၿပီး
"ဒါေပမဲ့ ကြၽန္ေတာ္တို႔က လိုက္ဖက္ညီၾကတယ္ေလ"
ဒုတိယအႀကီးအကဲ "......."
တတိယအႀကီးအကဲ "......."
ဘာလို႔ ဒီေခါင္းစဥ္ႀကီးကိုဘဲ ျပန္ေရာက္သြားရျပန္တာလဲဟ...
ၾကည့္ရတာေတာ့ ႐ုန္ယိကို သူ႕ဘာသာသိမ္ငယ္မိေအာင္လုပ္ၿပီး ယင္က်င္းရဲ႕ကိုထားသြားေအာင္လုပ္တာက အလုပ္မျဖစ္တဲ့ပုံပင္..။
ဒုတိယအႀကီးအကဲနဲ႕တတိယအႀကီးအကဲတို႔မွာ အၾကည့္ခ်င္းဆုံလိုက္ၾကကာ
"အဲ့အေၾကာင္းကို ေနာက္မွဘဲေျပာရေအာင္..ေရွာင္ယိ မင္း က်င္းရဲ႕ကို တစ္ကယ္သေဘာက်တာလား"
႐ုန္ယိက ေခါင္းၿငိမ့္လိုက္၏။
"ဒါေပါ့... အရမ္းသေဘာက်တာ"
"ဒီလိုဆိုရင္ မင္းသူ႕ကို အၿမဲတမ္း ပထမေနရာမွာထားၿပီး သူ႕အတြက္ေတြးေပးၿပီး သူ႕ကို ေကာင္းမြန္တဲ့ဘဝမွာမေနေစခ်င္ဘူးလား"
"အင္း"
႐ုန္ယိက ရွက္႐ြံ႕စြာနဲ႕ ေခါင္းငုံ႕ခ်လိဳက္ၿပီး
"ကြၽန္ေတာ္တို႔ အတူစားေသာက္ၾကတဲ့အခါက်ရင္ သူ႕ကိုအၿမဲတမ္း အရင္ထည့္ေပးတာ... သူ႕ကိုေကြၽးၿပီးမွ ကြၽန္ေတာ္စားတာေလ.. အိပ္တဲ့အခါက်ရင္လည္း သူေကာင္းေကာင္းအိပ္ေပ်ာ္ပါ့မလား ေတြးမိတယ္.. ၿပီးေတာ့ ကြၽန္ေတာ့္လက္ေတြ ေျခေထာက္ေတြက သူ႕အေပၚမ်ား ဖိမိေနမလားလည္း စိုးရိမ္ရေသးတယ္..ၿပီးေတာ့..."
"ရၿပီ!"
တတိယအႀကီးအကဲမွာ ေနာက္ဆုံးေတာ့ သူ႕ရဲ႕တုံးခ်င္ေယာင္ေဆာင္ေနမႈေတြကို သည္းမခံနိုင္ေတာ့ဘဲ သုန္မႈန္သြားရၿပီး
"႐ုန္ယိ မင္းသာ တစ္ကယ္ဘဲ က်ဳပ္တို႔သခင္ေလးကို ခ်စ္တယ္ဆိုရင္ သူ႕ကိုထားၿပီးထြက္သြားသင့္တယ္.. မင္းသာ သူ႕ကိုဆက္ကပ္တြယ္ေနရင္ သူ အထင္ေသးခံရတာဘဲရွိမယ္.. ဘာလို႔ဆို ယင္မိသားစုက က်င့္ႀကံဆင့္နိမ့္ၿပီး ေနာက္ခံမရွိတဲ့ သခင္မတစ္ေယာက္ မလိုအပ္လို႔ဘဲ"
ဒုတိယအႀကီးအကဲက ဆက္ေျပာလာ၏။
"႐ုန္ယိ မင္းသာ မင္းအေမကိုေခၚၿပီး ဒီကထြက္သြားမယ္ဆိုရင္ မင္းနဲ႕မင္းအေမႏွစ္ေယာက္လုံး ဘဝတစ္ေလွ်ာက္လုံး သက္ေတာင့္သက္သာေနနိုင္ရေစမယ္ဆိုတာ က်ဳပ္တို႔အာမခံတယ္.. စိတ္ဝိညာဥ္ေက်ာက္တုံးလိုရင္ က်ဳပ္တို႔က စိတ္ဝိညာဥ္ေက်ာက္တုံးေပးနိုင္တယ္... ပါဝင္ပစၥည္းေတြ လိုအပ္တယ္ဆိုရင္လည္း ပါဝင္ပစၥည္းေတြ ေပးနိုင္တယ္.. ၿပီးေတာ့ မင္းတို႔ကို ဘယ္သူမွ အနိုင္မက်င့္ရဲေစရဘူးဆိုတာလည္း အာမခံတယ္.. အိုး ဟုတ္သား.. မင္းအရင္က မင္းရဲ႕ဆရာတူအစ္ကိုႀကီးကို သေဘာက်ခဲ့တာမလား.. မင္းတို႔ႏွစ္ေယာက္ က်င့္ႀကံဖက္ေတြျဖစ္လာေအာင္ မင္းတို႔ဂိုဏ္းခ်ဳပ္ကို က်ဳပ္တို႔သြားေျပာေပးလို႔ရတယ္.. ဂိုဏ္းခ်ဳပ္ရဲ႕အမိန့္နဲ႕ဆိုရင္ မင္းရဲ႕ဆရာတူအစ္ကိုႀကီးလည္း ျငင္းရဲမွာမဟုတ္ဘူး"
ဘုန္း!!
႐ုန္ယိ စားပြဲကို ထရိုက္လိုက္သည္။
"ေတာ္ေလာက္ၿပီ!"
ဒုတိယအႀကီးအကဲ တတိယအႀကီးအကဲနဲ႕ ခန္းမထဲမွာရွိေနတဲ့သူေတြအကုန္လုံးမွာ လန့္ဖ်ပ္သြားၾကရသည္။ အရင္က ႐ုန္ယိကို ဒီလိုပုံစံမ်ိဳးနဲ႕ ဘယ္သူမွမျမင္ဖူးခဲ့..။
"ခင္ဗ်ားတို႔ ကြၽန္ေတာ့္ကို ေစာ္ကားခ်င္ရင္ တစ္ျခားေနရာေ႐ြးလိုက္..ဒါက ႐ုန္အိမ္ေတာ္.. ခင္ဗ်ားတို႔ရဲ႕ ယင္အိမ္ေတာ္မဟုတ္ဘူး.. ခင္ဗ်ားတို႔ လူယုတ္မာႀကီးေတြ ဒီလိုစကားမ်ိဳးနည္းနည္းေလာက္ဘဲ ထပ္ေျပာလာရင္ ကြၽန္ေတာ့္ရဲ႕ရိုင္းျပမႈကို အျပစ္လာမတင္ၾကနဲ႕.. ခင္ဗ်ားတို႔အကုန္လုံးကို အျပင္ဘက္ကို ပစ္ထုတ္ဖို႔ က်န္းမုကိုခိုင္းလိုက္မယ္!"
ထိုအခ်ိန္မွာ.႐ုန္ယိက အိမ္ေတာ္ရဲ႕အရွင္သခင္တစ္ေယာက္လိုမ်ိဳး လႊမ္းမိုးနိုင္တဲ့အရွိန္အဝါေတြ ျပည့္ႏွက္ေနတာေၾကာင့္ လူတိုင္းကို ေၾကာင္အသြားေစ၏။
ထို႔ေနာက္ ေနာက္တစ္စကၠန့္မွာဘဲ ႐ုန္ယိက ခ်က္ခ်င္း အၿပဳံးတစ္ပြင့္ခ်ိတ္ဆြဲလိုက္ကာ
"ဒုတိယအႀကီးအကဲ တတိယအႀကီးအကဲ ခင္ဗ်ားတို႔ဘယ္လိုထင္လဲ..ကြၽန္ေတာ့္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က အစစ္နဲ႕တူရဲ႕လား.. အခု ကြၽန္ေတာ္က အိမ္ေတာ္ရဲ႕သခင္မနဲ႕ တူသြားၿပီလား"
"မင္း.. မင္း က ဟန္ေဆာင္ေနတာလား!"
ဒုတိယအႀကီးအကဲမွာ ရင္ထဲတစ္မ်ိဳးႀကီးျဖစ္သြားရသည္။ အခုေလးတင္ သူတို႔မွာ သူ႕ေၾကာင့္ လန့္ဖ်ပ္သြားခဲ့ၾကရၿပီး အခုေတာ့ သူကဟန္ေဆာင္ေနတာပါလို႔ ေျပာလာျပန္ေလသည္။
"ဟုတ္တယ္ေလ.. ဒုတိယအႀကီးအကဲနဲ႕တတိယအႀကီးအကဲတို႔ကလည္း ကြၽန္ေတာ္ စိတ္ဓာတ္ခိုင္မာလားဆိုၿပီး ဟန္ေဆာင္ေနၾကတာမဟုတ္ဘူးလား"
"က်ဳပ္တို႔က ဟန္ေဆာင္ေနတယ္!...."
တတိယအႀကီးအကဲမွာ ႏႈတ္ခမ္းေထာင့္ေတြ တြန့္ခ်ိတ္သြားရ၏။
႐ုန္ယိက ၿပဳံးစိစိလုပ္ကာ
"မဟုတ္ဘူးလား.. ခင္ဗ်ားတို႔က ကြၽန္ေတာ့္အေပၚ ဒီေလာက္ၾကင္နာတဲ့ဟာကို.. ကြၽန္ေတာ့္ကို ဒီလိုခက္ခဲေအာင္ ဘယ္လုပ္ရက္မွာလဲ."
သူ႕မွာ အခုေလာေလာဆယ္ေတာ့ ထိုသူေတြနဲ႕ ရန္သူလုပ္ဖို႔ အစီအစဥ္မရွိေသးေပ။
ဒုတိယအႀကီးအကဲ "......"
အခုေလာေလာဆယ္ သူတို႔မွာ ႐ုန္ယိကို ဘာဆိုဘာမွမလုပ္နိုင္ေသးဖူးဟု ေတြးလိုက္မိၾကသည္။ သူတို႔ဘာေျပာေျပာ ႐ုန္ယိက ဘာမွမတိမ္းၫြတ္သလို မ်က္ႏွာပ်က္ယြင္းသြားတာမ်ိဳးေတာင္မွ မရွိေပ။ သူတို႔ရဲ႕ ပုံမွန္သုံးေနက်လွည့္ကြက္ေတြကလည္း ႐ုန္ယိအေပၚမွာ အသုံးမဝင္ေပ။ ေခ်ာ့တစ္ခါေျခာက္တစ္လွည့္ နည္းလမ္းဘဲျဖစ္ျဖစ္ သူ႕ကို နားလည္ေအာင္ဘဲေျပာေျပာ ႐ုန္ယိက သူတို႔စကားေတြကို စိတ္ထဲကိုလုံးဝကိုမထည့္ေပ။
တတိယအႀကီးအကဲက မ်က္ႏွာႀကီး.အႈံ႕မွိုင္းသြားၿပီး
"က်ဳပ္တို႔က မဟုတ္......"
သူ႕စကားမဆုံးခင္မွာဘဲ အနက္ေရာင္ျမဴေတြက သူတို႔ကိုဝန္းရံလာ၏။
ဒုတိယအႀကီးအကဲနဲ႕တတိယအႀကီးအကဲတို႔မွာ အံ့အားသင့္သြားၾကၿပီး ျပတင္းေပါက္ကေန အျမန္ခုန္ထြက္လိုက္ၾကရသည္။
ခ်က္ခ်င္းဘဲ သူတို႔ေသြးေတြဆူပြက္လာတဲ့အျပင္ ေသြးေၾကာေတြပါ ေဖာင္းတက္လာၿပီး ေသြးေတြေပါက္ထြက္လာေတာ့မလို ခံစားလိုက္ရသည္။ ၿပီးေတာ့ လည္ပင္းက ေသြးေၾကာေတြမွာ တင္းၾကပ္သထက္တင္းလာကာ တျဖည္းျဖည္းနဲ႕ အသက္ရႉလို႔မရလုနီးပါးျဖစ္လာ၏။
႐ုန္ယိက အျမန္ေအာ္ေျပာလိုက္သည္။
"က်န္းမု ဘာလုပ္ေနတာလဲ!"
"ေဖေဖ... သူတို႔ကို အျပင္ကို ပစ္ထုတ္ေစခ်င္တာမလား"
ေျပာေနရင္းနဲ႕ သူ႕ရဲ႕ဝတ္စုံလက္ေလးကိုယမ္းကာ အႀကီးအကဲႏွစ္ေယာက္ကို တံခါးအျပင္ကို ပစ္ထုတ္လိုက္ေလသည္။
"ငါက ေနာက္ေနတာပါ"
က်န္းမုက နားမလည္ေပ။
"ေဖေဖ... ေနာက္တယ္ဆိုတာ ဘာလဲ"
သူ႕ေခါင္းေလးထဲမွာေတာ့ ေနာက္တယ္ဆိုတဲ့ ေဝါဟာရက ရွိမေနေပ။
ဒုတိယအႀကီးအကဲ "......"
တတိယအႀကီးအကဲ "......"
႐ုန္ယိက သူ႕ကိုရွင္းျပလိုက္၏။
"အဲ့အဓိပ်ပ္ပါယ်က ငါေျပာတာက အမွန္မဟုတ္ဘူးလို႔ေျပာတာ.. အမွန္ေတာ့ မင္းကို သူတို႔ကိုအျပင္ပစ္မထုတ္ေစခ်င္ပါဘူး.. ဦးေလးဝမ္.. အႀကီးအကဲႏွစ္ေယာက္ကို သြားထူေပးလိုက္ပါဦး"
"ဟုတ္ကဲ့"
ဝမ္ခြၽမ္က အေစခံတစ္ခ်ိဳ႕နဲ႕ အျပင္ကိုထြက္သြားလိုက္သည္။
ဒုတိယအႀကီးအကဲနဲ႕တတိယအႀကီးအကဲတို႔က သူတို႔ကို ေဒါသထြက္ကာ ျပန္တြန္းထုတ္ပစ္လိုက္သည္။
"မလုပ္နဲ႕!..က်ဳပ္တို႔ဘာသာ ေလွ်ာက္နိုင္တယ္"
ထို႔ေနာက္ တစ္ဖက္လွည့္ကာ တံခါးကေနထြက္သြားေတာ့သည္။
႐ုန္ယိက အျမန္လွမ္းေအာ္ေျပာလိုက္သည္။
"အႀကီးအကဲတို႔ ကြၽန္ေတာ္လိုက္ပို႔ေပးပါရေစ"
"မလိုဘူး"
အႀကီးအကဲေတြက ႏွာေခါင္းရႈံ႕ကာ ဝတ္႐ုံလက္စေတြခါယမ္းၿပီး ထြက္သြားၾကေတာ့သည္။
သူတို႔ထြက္သြားတာကိုၾကည့္ရင္းနဲ႕ ဝမ္ခြၽမ္က ႐ုန္ယိကို အသံနိမ့္နိမ့္နဲ႕ေျပာလာသည္။
"သခင္ေလး သူတို႔က သခင္ေလးကို ေဖ်ာင္းဖ်တာမေအာင္ျမင္သြားဘူးဆိုေတာ့ တစ္ျခားနည္းလမ္းေတြသုံးလာမွာ စိုးရတယ္"
႐ုန္ယိက ႏွာေခါင္းရႈံ႕လိုက္ၿပီး
"သူတို႔ ဘယ္နည္းလမ္းဘဲသုံးပါေစ ကြၽန္ေတာ္ရင္ဆိုင္နိုင္တယ္"
က်န္းမုက ႐ုန္ယိေဘးကို ပ်ံသန္းလာသည္။
"ေဖေဖ... သားသူတို႔ကို မရိုက္လိုက္ရေသးဘူး"
သူ သူတို႔ကို မေသမရွင္ျဖစ္တဲ့အထိရိုက္လို႔ရတယ္လို႔ သူ႕အေဖေျပာထားတာ သူမွတ္မိသည္။
႐ုန္ယိက သူ႕ေခါင္းေလးကို ပြတ္ေပးလိုက္ၿပီး အေတာ္ေလးရယ္ခ်င္သြားရသည္။
"အခြင့္အေရးထပ္ရမွာပါ"
ထိုအခါ က်န္းမုက ယင္စန္စန္ကို ခ်ီလိုက္ၿပီး
"ညီေလးကို ကစားဖို႔ေခၚသြားေတာ့မယ္"
"ဟုတ္ၿပီ"
အထဲျပန္ဝင္သြားၿပီးေနာက္ ႐ုန္ယိ ယင္က်င္းရဲ႕ကို အႀကီးအကဲႏွစ္ေယာက္အေၾကာင္းေတြ ေျပာျပလိုက္သည္။
"ကေလးေတြအေဖ.. ကြၽန္ေတာ္နဲ႕ က်န္းမု အႀကီးအကဲေတြကို အျပင္ကို ပစ္ထုတ္လိုက္ၿပီး သူတို႔ျပန္သြားၿပီ"
ရွင္းဟယ္နဲ႕ က်ားကစားေနတဲ့ ယင္က်င္းရဲ႕က သူ႕ကိုတစ္ခ်က္ၾကည့္လာၿပီး
"ေနာက္တစ္ခါ လူမ်ားမ်ားေခၚထား.. ၿပီးေတာ့ ယင္ေထာင္ျပန္ေရာက္လာရင္ သူ႕ကို ေက်ာင္းထပ္မသြားခိုင္းနဲ႕ေတာ့"
႐ုန္ယိ ေခါင္းၿငိမ့္လိုက္၏။ သူလည္းဘဲ ထိုအဘိုးႀကီးႏွစ္ေယာက္က သူတို႔ကေလးေတြကိုသုံးၿပီး ၿခိမ္းေျခာက္လာမွာကို စိုးရိမ္ေနတာျဖစ္ေလသည္။ ဒါကလည္း သူအခုခ်က္ခ်င္း ထိုသူေတြနဲ႕ ရန္ဖက္ျဖစ္ေအာင္မလုပ္ရေသးတာအတြက္ အေၾကာင္းျပခ်က္ေတြထဲက တစ္ခ်က္ျဖစ္ေပသည္။
"ကေလးေတြအေဖ... ကြၽန္ေတာ္ကေတာ့ သူတို႔ကို ဒီအတိုင္းၿငိမ္ခံမေနသင့္ဘူးလို႔ ထင္တယ္.. မဟုတ္ရင္ သူတို႔က ကြၽန္ေတာ္တို႔ကို သူတို႔တြန္းတိုင္းေ႐ြ႕မဲ့သူေတြလို႔ ထင္သြားလိမ့္မယ္"
ရွင္းဟယ္က ၿပဳံးလိုက္ကာ
"ဒါေပါ့.. ဒါေၾကာင့္မလို႔ သခင္က သခင္မႀကီးဆီက စာရၿပီးတာနဲ႕ သူတို႔ကို အလုပ္ရႈပ္ေနေအာင္လို႔ အစီအစဥ္ေတြလုပ္ထားတယ္"
ယင္က်င္းရဲ႕က
"ဒါက ယာယီဘဲ"
႐ုန္ယိက ယင္က်င္းရဲ႕ေဘးမွာ ထိုင္ကာ ၿပဳံးလိုက္ၿပီး
"ဒီေတာ့ ခင္ဗ်ားတို႔ရဲ႕ အစီအစဥ္ကဘာလဲ"
ရွင္းဟယ္က ယင္က်င္းရဲ႕အစား ေျဖေပးလာသည္။
"သူတို႔ပိုင္နက္မွာ ျပႆနာရွာဖို႔ လူေတြလႊတ္ထားတယ္ ဒီလိုဆို သူတို႔ ျပႆနာကိုေျဖရွင္းဖို႔ ျပန္ကိုျပန္ရလိမ့္မယ္.. ဒါေပမဲ့ အဲ့ကိစၥေတြၿပီးသြားရင္ သူတို႔ျပန္လာနိုင္ေသးတယ္ ဒါမွမဟုတ္ရင္လည္း သခင္ေလးတို႔ကို ေဖ်ာင္းဖ်နားခ်ဖိဳ႕ တစ္ျခားအႀကီးအကဲေတြကို လႊတ္မွာလည္း ျဖစ္နိုင္တယ္"
"ဒါေပမဲ့ ဒါက မင္းတို႔ ကိုယ့္ဒုကၡကိုယ္ရွာေနတာဘဲ မဟုတ္ဘူးလား.. ဘယ္လိုဘဲေျပာေျပာ မင္းတို႔ကလည္း ယင္မိသားဝင္ေတြဘဲေလ"
"မဟုတ္ဘူး.. ဒါက ယင္မိသားစုနဲ႕ ဘာမွမပတ္သတ္တဲ့ သူတို႔ရဲ႕ ကိုယ္ေရးကိုယ္တာကိစၥေတြေလ"
႐ုန္ယိမွာ မ်က္ေမွာင္ၾကဳတ္သြားၿပီး
"ဒါႀကီးက ဘယ္ေတာ့မ်ားမွ ၿပီးေတာ့မွာလဲ.. ဒီအဘိုးႀကီးေတြက ဘာကိစၥနဲ႕မ်ား အရမ္းအင္အားႀကီးခ်င္ေနရတာလဲ.. ခင္ဗ်ားနဲ႕ခ်ီလန္တို႔ လက္ထပ္ၿပီးတာနဲ႕ ခ်ီမိသားစုတစ္ခုလုံးကို သူတို႔ရနိုင္မယ္လို႔မ်ားေတြးေနတာလား.. ခ်ီလန္မွာလည္း ဒီအခြင့္အေရးကို အသုံးခ်ၿပီး ယင္မိသားစုကို ေျပာင္းလဲပစ္မယ့္ အစီအစဥ္ရွိေနတာလည္း ျဖစ္နိုင္တာဘဲကို"
ယင္က်င္းရဲ႕က သူ႕ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး
"ကိုယ့္ကိုထားခဲ့.. ကေလးေတြကိုထားခဲ့.. ၿပီးရင္ ယင္မိသားစုနဲ႕ စည္းတစ္ခုျခားပစ္လိုက္ ဒါဆို သူတို႔က မင္းကို ထပ္ၿပီး ဒုကၡေပးမွာ မဟုတ္ေတာ့ဘူး"
"မရပါဘူး!"
႐ုန္ယိက ႏွာေခါင္းရႈံ႕လိုက္ၿပီး
"ကြၽန္ေတာ္ အသက္မရွိေတာ့တာကလြဲရင္ ဘယ္သူမွ ကြၽန္ေတာ့္ကို ထြက္သြားခိုင္းလို႔မရဘူး"
ယင္က်င္းရဲ႕မွာ ႏႈတ္ခမ္းေတြ အနည္းငယ္ေကြးတက္သြား၏။
"သခင္!.. သခင္ေလး! သတင္းဆိုး သတင္းဆိုး!.."
ဝမ္ခြၽမ္က ေအာ္ေျပာရင္းနဲ႕ အခန္းထဲကို ေျပးဝင္လာသည္။
ရွင္းဟယ္က မတ္တပ္ထရပ္လိုက္ၿပီး
"ဘာျဖစ္လို႔လဲ "
"လူတစ္ခ်ိဳ႕က အျပင္ဘက္မွာ ျပႆနာလာရွာေနၾကတယ္.. ၿမိဳ႕သခင္မရန္က လူေတြသတ္ခဲ့တယ္လို႔လည္း ေျပာေနၾကတယ္"
"ဘာ!"
႐ုန္ယိမွာ မတ္တပ္ထရပ္လိုက္မိ၏။
"သူတို႔က ကြၽန္ေတာ့္အေမ လူေတြသတ္ခဲ့တယ္လို႔ေျပာေနတာလား.. သူက ဘယ္သူ႕ကိုသတ္ခဲ့လို႔လဲ"
"ကြၽန္ေတာ္လည္း မသိဘူး.. သူတို႔ေျပာတာေတာ့ ဟိုင္ရွန္းၿမိဳ႕နဲ႕ အနီးအနားၿမိဳ႕က က်င့္ႀကံသူေတာ္ေတာ္မ်ားမ်ား ေသသြားၾကတယ္တဲ့.. ၿမိဳ႕သခင္မရန္ လုပ္တာလို႔ ေျပာေနၾကတယ္.. အဲ့တာကို တစ္ခ်ိဳ႕ကျမင္လိုက္တယ္တဲ့ ၿမိဳ႕သခင္မရန္ကို ထုတ္ေပးဖို႔ ေျပာေနၾကတယ္"
"ကြၽန္ေတာ့္အေမက ဒီရက္ေတြမွာ အိမ္ေတာ္ထဲမွာဘဲေနၿပီး အျပင္ကို တစ္ခါမွေတာင္မွ မထြက္ခဲ့တဲ့ဟာ.. ဒီလူေတြကို သူသတ္တယ္ဆိုတာ ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ.. တစ္ေယာက္ေယာက္က သူ႕ကို ေချာက်ချဖို့ ႀကိဳးစားေနတာဘဲ!"
႐ုန္ယိ ယင္က်င္းရဲ႕ကို ၾကည့္လိုက္ၿပီး
"ကေလးေတြအေဖ... ဒါ အႀကီးအကဲေတြရဲ႕ လက္ခ်က္လို႔ ခင္ဗ်ားထင္လား"
ရွင္းဟယ္က ေျပာလာသည္။
"ဒါက ေျပာဖို႔ေတာ့ခက္တယ္.. ဒီကိစၥက သူတို႔ လုပ္ေနက်နဲ႕ အေတာ္ေလးတူတယ္.. တစ္ကယ္ဘဲ သူတို႔သာဆိုရင္ သူတို႔ေတာ္ေတာ္ျမန္တယ္လို႔ဘဲ ေျပာနိုင္ေတာ့မယ္.. ကြၽန္ေတာ္တို႔က သူတို႔အတြက္ ျပႆနာရွာေပးဖို႔ စီစဥ္ေနတုန္းဘဲရွိေသး.. သူတို႔က ကြၽန္ေတာ္တို႔အတြက္ ျပႆနာရွာေပးလိုက္ၿပီ"
"အရွက္မရွိလိုက္တာ.. အဲ့လူေတြကိုသတ္တာ တစ္ျခားသူဆိုတာ ဒီေလာက္သိသာေနတဲ့ဟာ ဘယ္လိုလုပ္မ်ား ကြၽန္ေတာ့္အေမကို ဓားစာခံျဖစ္ေအာင္လုပ္နိုင္ရတာလဲ"
ထိုလူေတြကိုသတ္တဲ့သူက ရွို႔က်ိဳ႕ေျပာတဲ့သူနဲ႕ တစ္ေယာက္တည္းဘဲ ျဖစ္လိမ့္မယ္လို႔ ႐ုန္ယိကေတာ့ ထင္သည္။
"ဦးေလးဝမ္ ဒီကိစၥကို ကြၽန္ေတာ့္အေမမသိေသးဘူး ဟုတ္တယ္မလား"
ဝမ္ခြၽမ္က ေခါင္းခါျပလာၿပီး
"သူက သူ႕အခန္းထဲမွာ တရားထိုင္က်င့္ႀကံေနပါတယ္"
႐ုတ္တရက္ တဘုန္းဘုန္း အသံေတြကိုၾကားလိုက္ရၿပီး အိမ္ေတာ္ထဲက အစီအရင္ေတြကို တစ္ေယာက္ေယာက္က ခ်ိဳးဖ်က္ဖို႔ႀကိဳးစားေနေလသည္။
အခ်ိန္အေတာ္ေလးၾကာမွ ထိုအသံေတြက ရပ္သြားေလေတာ့သည္။
ထိုအခ်ိန္မွာ ႐ုန္စုက အခန္းထဲကို ဝင္လာကာ
"သခင္ သခင္ေလး.. ဟိုင္ရွန္းၿမိဳ႕ေခါင္းေဆာင္က သခင္တို႔ကို ေတြ႕ဖို႔ေမးေနပါတယ္.. သူေျပာတာေတာ့ သူက ၿမိဳ႕သခင္မရန္ရဲ႕ ကိစၥအတြက္ ေရာက္လာတာပါတဲ့"
************
7.2.2022