Amor is so Dumm

By MochiCookie95

171K 24.1K 4.4K

Amor {proper noun} god of love, son of Venus, Cupid. (Unicode... More

Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22 ⚠️
Ep-23
Ep-24
Ep-25
The End
Extra-1

Extra-2

5.6K 640 114
By MochiCookie95

Unicode,

"တကယ်လို့များ အဲ့ဘိုးတော်က မင်းကို ပညာလာပြရင် ငြိမ်ခံနေခဲ့စရာ အကြောင်းမရှိဘူးနော် ချက်ခြင်းပြန်လုပ်ခဲ့ ကျန်တာ အကုန် ငါရှင်းမယ် နားလည်လား"

လူမိုက်အားပေး ဆရာကြီးပေါက်စ အသံက မိုးလင်းတာနဲ့ ကြွက်တွင်း တိုက်ခန်းလေးထဲ ဆူညံ့နေလေ၏။ ထုံးစံအတိုင်းပါပဲ.. မနက်စာအတွက် အလုပ်ရှုပ်နေတဲ့ Jungkook နဲ့ ထိုင်ခုံလေးမှာ အခန့်သား ထိုင်ကာ ဆရာလုပ်နေတဲ့ သခင်လေးတို့ရဲ့ ရိုးရှင်းသာယာသော သာမန်မနက်ခင်းတွေထဲမှ တစ်ခု။

နှစ်ယောက်အတူတူ အိပ်ရာဝင်၊ နှစ်ယောက်အတူတူ နိုးထ၊ နှစ်ယောက်အတူတူ အလုပ်သွား၊ Toilet ဝင်ခြင်းမှတစ်ပါး ဘယ်အရာကိုမဆို နှစ်ယောက်အတူ လုပ်ရသည့် Jeon Jungkook ၏ တရားဝင် အကြင်ခင်ပွန်း Park Jimin တစ်ပိုင်း Grazie တစ်ပိုင်း ဘဝကို Jimin အင်မတန် နှစ်သက်လာသည်။ ဘယ်တော့မှ ရိုးအီမသွားနိုင်တဲ့ ခေါက်ရိုးကျိုး အချစ် Drama လေးလို ဘဝက Grazie ရဲ့ လက်တွေ့ဘဝပါ ဆိုတာကတော့ အနှစ်သက်ရဆုံး အပိုင်းပေါ့..။

"ဝိုး ရောက်နေပြီပဲ"

ဆံသဆိုင်လေးရှေ့ တံမြက်စည်း လှဲနေသည့် Taehyung အား Jimin နှုတ်ဆက်လိုက်သည်မို့ Taehyung ပုံစံက ကြောင်တောင်တောင် ဖြစ်သွားလေသည်။ Hobi ကလည်း အံ့ဩသွားသလို ကြည့်ရင်း..

"အသိတွေလား"

"မသိသေးပါဘူး.. ဒီတိုင်း ဝန်ထမ်း အသစ် ရောက်နေတယ် ထင်လို့ ပြောတာ"

Jimin စကားကို Hobi က နားလည်သွားသလို ခေါင်းညိတ်ပြရင်း Taehyung အား ညွှန်ပြလျက်..

"ဟုတ်တယ်... သူက ဝန်ထမ်း အသစ်လေ မနေ့ညနေကမှ မိသားစု လုပ်ငန်း အဆင်မပြေလို့ပါ ဆိုပြီး အလုပ် လာလျှောက်လို့ ငါ ခန့်လိုက်တာ Kim Taehyung တဲ့ မင်းနဲ့ ရွယ်တူပဲ.. Taehyung ရေ သူကတော့.. အင်း.. ဘယ်လို မိတ်ဆက်ပေးရပါ့.. ငါ့ဝန်ထမ်းမဟုတ်တဲ့ နေ့တိုင်း အလုပ်လာဆင်းနေတဲ့သူ လို့ပြောရမလား"

Hobi စကားကြောင့် Taehyung နားမလည်သလို ကြောင်တောင်တောင် ဖြစ်သွားသည်ကို Jimin က မျက်စောင်းထိုးရင်း ခါးထောက်ကာ..

"ဆံပင်ဆိုင်သူဌေး အခု အဖော်ရတော့ ငါ့ကို အပြစ်ပြောတာလား"

"မဟုတ်ပါဘူး.. နောက်တာ နောက်တာ"

Hobi က ရယ်ရင်း ပြောလိုက်သည်ကို Jimin မျက်မှောင်ကြုတ် နှာခေါင်းရှုံ့ ပြလိုက်မိသည်။ Hobi ပြောသလို ဝန်ထမ်းမဟုတ် (လစာမယူ အလုပ်မလုပ်) ပဲ Jimin အလုပ်ဆင်းနေတာ တစ်ပတ်လောက်တော့ ရှိပြီမို့ Hobi နဲ့ အနည်းငယ် ရင်းနှီးနေပြီ ဖြစ်သည်။ Jimin က Taehyung ဘက်လှည့်ကာ ပြုံးပြရင်း..

"ငါက ပုံမှန်လိုဆို အာရုံနောက်လို့ သူငယ်ချင်းမထားပေမယ့် မင်းကိုတော့ ခြွင်းချက် အနေနဲ့ သူငယ်ချင်းတော်ပေးပါ့မယ်"

ပြောပြီး ဆံသဆိုင်လေးထဲ ဝင်ကာ အခန့်သား ဖုန်းထိုင်သုံးနေတဲ့ Jimin စကားကြောင့် Taehyung မသိမသာ နှာခေါင်းရှုံ့လိုက်မိသည်။

"မိတ်ဆက်တာလည်း အကြောကြီးနဲ့"

"ဟား ဟား နောက်နှစ်ရက်လောက်ဆို နေသားကျသွားမှာရယ် သူက အဲ့လိုပဲ.. ငါ့ဆီ အလုပ်လာဆင်းမယ် ပြောတုန်းကတောင် ဘယ်တွေ ပြောသွားလဲ ငါကို နားမလည်လိုက်ဘူး"

Hobi က ပခုံးပုတ်ကာ ရယ်ရင်း ပြောနေသည်မို့ Taehyung ပြုံးရင်းသာ ခေါင်းညိတ်ပြလိုက်သည်။ ဆံသဆိုင်လေးထဲ လိုက်ဝင်လာတော့ ဆုံလည်ထိုင်ခုံမှာ အခန့်သား ထိုင်နေတဲ့ Jimin က လက်ပိုက်လိုက်ပြီး ဆရာကြီးစတိုင်လ်ဖြင့် Taehyung အား အသံတိုးတိုးပြောလေသည်။

"ခုနက အကြည့်တွေ ငါ သိတယ်နော်"

"ဟင်.. ငါ့ကိုပြောတာလား"

Taehyung က သူ့ရင်ဘတ်သူ လက်ညှိုးထိုးကာ မေးလိုက်သည်ကို Jimin က ခေါင်းညိတ်ပြလေသည်။

"မင်း ဆံပင်ဆိုင်သူဌေးကို ကြည့်နေတဲ့ အကြည့်တွေကို ပြောတာ.. စိတ်မပူပါနဲ့ ဒီက စီနီယာ Hyung က နှုတ်လုံပါတယ်"

"ဘာကို စီနီယာလဲ"

"ဒီဆံပင်ဆိုင်ကို ငါ အရင်ရောက်တာလေ ငါက စီနီယာပေါ့"

ဂုဏ်ယူဝံ့ကြွားစွာ ရင်ဘတ်ကို ကော့ထားရင်း ခါးထောက်ကာ ပြောလိုက်သည့် Jimin ကြောင့် Taehyung နှာခေါင်း ရှုံ့လိုက်မိသည်။

"အချစ်ရေးမှာလည်း ငါက စီနီယာလေ.. အဟင်း ငါက ပုံမှန်လိုဆို မကြွားတတ်ပေမယ့်.."

Jimin က ဆက်မပြောပဲ ဘယ်ဘက် လက်သူကြွယ်က လက်စွပ်လေးကို ညွှန်ပြလေသည်။ ပြီးမှ မျက်ဝန်းလှလှလေးတွေ မှိတ်မတတ် ပြုံးပြကာ..

"ငါက အိမ်ထောင်သည်ပါ.. လက်ထပ်ထားပြီးသား မနက်က ငါ့ကို လာပို့တဲ့သူ မြင်လိုက်တယ် မလား ငယ်ငယ် သန့်သန့်ချောချောလေးလေ.. အဲ့တာငါ့ ယောက်ျားပဲ"

'တော်သေးတယ် မကြွားတတ်လို့' လို့ Taehyung ကြိတ်တွေးလိုက်ရင်း စိတ်မပါသလို ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ဒါကို Jimin က သတိထားမိပုံမပေါ် လက်သူကြွယ်က လက်စွပ်လေးအား မြတ်နိုးစွာ ထိတွေ့နေရင်း သူပြောချင်တာသာ ဆက်ပြောနေလေ၏။

"ဟိုဖက်လမ်းက အကောက်ခွန်ရုံးမှာ အလုပ်လုပ်တာ.. အလုပ်လုပ်တယ် ဆိုပေမယ့် ငွေကြောင့် လုံးဝ မဟုတ်ဘူးနော်၊ သူက ဝါသနာပါလို့ ငါက ထောက်ပံ့ပေးတဲ့ သဘောရယ်ပါ.. တကယ်က ငါတို့နှစ်ယောက်လုံး ဝက်ဝက်ကွဲ သူဌေးတွေလေ"

နားမထောင်ချင်လည်း အတင်း လွှတ်ပြောပြနေသော Jimin ကြောင့် Taehyung သက်ပြင်း ခိုးချလိုက်မိသည်။ 'ဆံသဆရာလေးနဲ့ ရင်းနှီးချင်လို့ အလုပ်လာလုပ်ပါတယ်ဆို အဲ့ ဝက်ဝက်ကွဲတွေ ကြက်ကြက်ကွဲတွေ ငါက ဘာလုပ်ရမှာလဲ' လို့ ရင်ထဲမှာ အော်နေသည်ကို Jimin ကြားရင် အိပ်မက်ထဲကလို အဆုံးမရှိ ရန်ပွဲတွေ စကြလေမလား..။

"သူက ငါ့ကို အရမ်းချစ်တာ.. ငါက ပုံမှန်လိုဆို ငါ့အိမ်ထောင်ရေး အကြောင်း ထုတ်ပြောလေ့ မရှိပေမယ့် မင်းကိုတော့ စီနီယာ တစ်ယောက် အနေနဲ့ မျှဝေပေးတာ"

"ဟင်း ဟင်း နေပါစေ.. လေလုံးပိမယ့် ပညာတွေ မလိုချင်ပါဘူး"

Taehyung စကားကြောင့် ပြုံးနေသည့် Jimin မျက်နှာ ချက်ခြင်း တည်သွားလေသည်။ စိတ်လျော့ လိုက်သလို သက်ပြင်းရှည် တစ်ချက်ဆွဲချကာ လက်ပြန်ပိုက်လိုက်ပြီး..

"မိသားစုလုပ်ငန်း အဆင်မပြေတဲ့သူက အလုပ်ကို ပြိုင်ကားနဲ့ လာတာပဲလား"

"ဘယ်လိုလုပ်သိတာလဲ"

Taehyung က အံ့ဩသွားသလို မျက်လုံးမျက်စံပြူးသွားသည်ကို Jimin နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။ အရာအားလုံးက သူ့အရာနဲ့သူ လည်ပတ်နေသလောက်မို့ မက်ခဲ့ဖူးသည့် အိပ်မက်ရှည်ကြီးဟာလည်း သာမန်အိပ်မက် မဟုတ်ဘူး ဆိုတာ တဖြည်းဖြည်း ယုံကြည် လက်ခံလာမိသည်။

"မနက်က တွေ့လိုက်လို့ပဲ ထားပါ"

"ဟီး လျှို့ဝှက်ပေးပါနော်.. ငါတို့ သူငယ်ချင်းတွေမဟုတ်လား"

ခုနက နှာခေါင်းတရှုံ့ရှုံ့ လုပ်နေရာကနေ ချက်ခြင်း ပုံစံပြောင်းကာ အသားကုန် ရယ်ပြနေတဲ့ Taehyung အား Jimin မျက်စောင်းထိုးလိုက်မိသည်။

"ဒီတိုင်းတော့ မရဘူး နှုတ်ပိတ်ခ အနေနဲ့..."

Jimin ဆက်မပြောပဲ စဉ်းစားနေလေသလို ခေါင်းတညိတ်ညိတ်ဟန်ပြုနေသည်ကို Taehyung စောင့်နေရသည်။ နောက်မှ Jimin က သူ့ဟာသူ ခေါင်းပြန်ခါရင်း..

"နိူး နိူး.. ငါ က အကုန် ပြည့်စုံနေတဲ့ သူဆိုတော့ ဘာမှ မလိုဘူး.. ဒီတိုင်းပဲ အာချောင်လိုက် တော့မယ် ဆံပင်ဆိုင်သူဌေးရေ.. အု အု"

Taehyung ချက်ခြင်း အလျင်အမြန် Jimin ပါးစပ်ကို သူ့လက်ဖြင့် ပိတ်လိုက်ပေမယ့် Hobi အနောက်မှ ထွက်လာလေသည်။

"ကြက်မွှေးလေး သွားယူတာကို ဘာလို့ ငါ့ကို အဲ့လောက်ခေါ်နေကြတာလဲ.. ဘာလဲ ရင်းနှီးသွားကြပြီလား"

"ဟီး ဟုတ်တယ် Hyung အရမ်း ရင်းနှီးသွားကြပြီ မွေးကတည်းက ပခုံးဖက်ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေလိုပဲ နော့် Jimin"

Taehyung စကားကို Jimin နှာခေါင်းရှုံ့ကာ မျက်စောင်းထိုးလိုက်သည်။ Hobi က နားမလည်သလို ကြောင်အမ်းအမ်းဖြင့်သာ ခေါင်းညိတ်ပြလေသည်။ မလုံမလဲ ဖြစ်နေသည့် Taehyung ပုံစံကြောင့် Jimin ကျေနပ်စွာ ခိုးပြုံးလိုက်မိသည်။ အနိုင်ကျင့်ဖို့ရန် အကွက်ထဲတော့ ဝင်နေပြီမို့ အကြောဆန့်လိုက်ရင်း..

"အား.. ရာသီဥတုက နည်းနည်း အိုက်စက်စက်နဲ့ ပူသလိုလိုပဲ Iced Americano လေး တစ်ခွက်လောက် သောက်ချင်လိုက်တာ"

"ငါဝယ်တိုက်မယ်.. ငါဝယ်တိုက်မယ်"

ချက်ခြင်း တုံ့ဆိုင်းခြင်းမရှိ ဖြေလိုက်တဲ့ Taehyung ကြောင့် Jimin ပြုံးပြကာ..

"အဲ့လိုလုပ်မလား"

လောလောဆယ်တော့ နှုတ်ပိတ်ဖို့သာ အဓိကမို့ Taehyung ခေါင်းတဆက်ဆက် ညိတ်ပြလိုက်ရသည်။

"ဆံပင်ဆိုင် သူဌေးရော ဘာသောက်မလဲ သူဝယ်တိုက်မယ်တဲ့"

"Jimin ရာ ဒီနေ့မှ အလုပ်စဆင်းတဲ့သူကို လန့်ပြေးအောင် လုပ်နေတာလား.. အားနာစရာ ငါက ဆိုင်ရှင်လေ ငါ ဝယ်တိုက်ရမှာပေါ့"

"ကော်ဖီဖိုးက ဘယ်လောက်ရှိမှာမို့လဲ.. ဆံပင်ဆိုင်သူဌေး အားနာလား ငါတော့ အားမနာဘူး"

Jimin စကားကို Hobi က သဘောကျစွာရယ်ရင်း Cashier ကောင်တာ အံ့ဆွဲလေးထဲမှ ပိုက်ဆံထုတ်ကာ..

"မင်းအတွက် ဘာမှ မဟုတ်ပေမယ့် Taehyung အတွက်ကျ သုံးယောက်စာဆို များမှာလေ.. သူက မိသားစု စီးပွါးရေး အဆင်မပြေတာကို"

Hobi စကားကို Jimin က ရယ်ရင်း Taehyung ဘက်လှည့်ကာ မျက်ခုံးပင့်ပြလေသည်။

"မိသားစု စီးပွါးရေးက သူနဲ့ပဲ အဆင်မပြေတာ မဟုတ်ဘူးလား"

"Jimin ကတော့ တကယ်ပါပဲ အားလည်းမနာတတ်ဘူး"

"ဆံပင်ဆိုင်သူဌေးက ဘာသိလို့လဲ.. ဒီကောင်က.."

"ကျွန်တော် အဆင်ပြေပါတယ် ကျွန်တော် ဝယ်တိုက်ပါ့မယ် အလုပ်စဆင်းတဲ့ အမှတ်တရပေါ့ အဟင်း ဟင်း"

Jimin ဆက်မပြောနိုင်အောင် Taehyung တစ်ယောက် အမြန် ကြားဖြတ် ပြောလိုက်ရသည်။ Jimin ကတော့ ကျေနပ်စွာပြုံးရင်း လက်ပိုက်ကာ ထပ်အတွန့်တက်သေးသည်။

"Waffle ရော စားမှာနော်"

"အေးပါကွာ"

Jimin နဲ့ Taehyung နှစ်ယောက်အတူ လမ်းလျှောက်ကာ ဆံသဆိုင်လေးအား စွန့်ခွါပြီး ကော်ဖီဆိုင်လေး ဆီ လျှောက်လှမ်းလာကြသည်။

"မင်းက အရမ်းတုံးတာပဲ မြို့ကြွက်ရာ ဒီတိုင်း ကားနဲ့လာပြီး ချစ်တယ်ပြောလိုက် ပြီးနေတာကို"

"ငြင်းခံရရင် ဘယ်လိုလုပ်မလဲကွ.. ဒီတိုင်း သံယောဇဉ်တွယ်ပြီး မငြင်းနိုင်တော့တာ ပိုမကောင်းဘူးလား ဟဲဟဲ"

Taehyung အကြံအား Jimin ရယ်လိုက်မိသည်။ အင်း.. သူပြောတာလည်း ဟုတ်တာပဲလေ..။

"ဟုတ်ပါတယ်.. ဒီတိုင်းနေပြီး ဆံပင်ဆိုင်သူဌေး မငြင်းနိုင်တော့မယ် အချိန်ကျ ဖွင့်ပြောပေါ့"

"ဝါး.. မင်းက ထင်သလောက် လက်ပေါက်မကပ်ဘူးပဲ"

"မင်းလည်း ထင်သလောက် မတုံးဘူးပဲ"

"Ya!! ဒီနေ့မှ သိတဲ့ ငါ့ကိုတုံးတယ်တွေရော မြို့ကြွက်တွေရော"

Taehyung အာခေါင်ခြစ်ကာ ရန်ထောင်လိုက်သည်ကို Jimin သဘောကျစွာ ရယ်လေသည်။ လူငယ်ကောင်လေးနှစ်ယောက်ရဲ့ တီးတိုးစကားများသံနှင့် ရယ်သံလေးများက ကြွက်တွင်း ရပ်ကွက်လေး ကို သာယာစေသည်။

"အော.. ဟိုမှာ မင်းပြောတဲ့ မင်းယောက်ျား မလား"

Taehyung ညွှန်ပြရာ ကော်ဖီဆိုင်လေးထဲ ကြိုရောက်နေသည့် Jungkook နဲ့ အတူ သူတို့ရုံးမှ အပေါင်းအပါတချို့အား မြင်လိုက်ရသည်။ တစ်ရုံးလုံးစာဟု ထင်ရသည့် ကော်ဖီခွက်များအား ခေါက်တုံ့ခေါက်ပြန် သယ်နေရသော Jungkook ကြောင့် Jimin သက်ပြင်းချလိုက်မိသည်။

"ဒီငတုံးကတော့.. ငါ ဒီလောက် အတန်တန် မှာထားတာကို"

Jimin ကော်ဖီဆိုင်လေးထဲ ခပ်သုတ်သုတ် ဝင်သွားသည်အား Taehyung နောက်မှ အမှီလိုက်ရသည်။

"ဖြည်းဖြည်း သွားပါ Park Jimin ရာ.. မင်း ယောက်ျားက ထွက်ပြေးမှာလည်း မဟုတ်"

Taehyung စကားကို Jimin နားမဝင်ပါ။ အာရုံထဲရောက်နေသည့် တစ်ခုတည်းသော အရာက တာဝန်ခံ ဆိုသူ အဘိုးကြီးအား နှိမ်နင်းဖို့။

"Jeon Jungkook အဲ့တာ ဘာလုပ်နေတာလဲ"

Jungkook ကောင်တာမှ ကော်ဖီခွက်လေးတွေ သယ်ပြီး စားပွဲဝိုင်းလေးဆီ အရောက် နောက်မှ ကြားလိုက်ရတဲ့ ငေါက်သံကြောင့် ကျောပင် တွန့်သွားသည်။

"Hyung ဘယ်လိုဖြစ်ပြီး"

"ဆံပင်ဆိုင်က သူငယ်ချင်းအသစ် Kim Taehyung က ကော်ဖီတိုက်မယ်ဆိုလို့ ရောက်လာတာ.. မင်းကရော ဘယ်လိုဖြစ်ပြီး စားပွဲထိုး လာလုပ်နေတာလဲ"

"အာ.. Hyung ကလည်း အဲ့လို မဟုတ်တာကို"

Jungkook က စားပွဲဝိုင်းတွင် ထိုင်နေကြသော ရုံးဝန်ထမ်းဖော်များကို အားနာနေဟန် ဖြေသည်။ Jimin က မျက်နှာက စိတ်ဆိုးနေသလို တင်းမာနေပြီး လက်ပိုက်ကာ..

"မင်းတို့ ရုံးရဲ့ တာဝန်ထဲ ကော်ဖီဆိုင်မှာ စားပွဲထိုးတာကို ပါတာလား"

"Hyung.."

Jungkook တားသလို Jimin လက်မောင်း လာကိုင်သည်ကို Jimin ဆတ်ခနဲ ဖြုတ်ချလိုက်ပြီး သူ့စကားကိုသာ ဆက်ပြောသည်။

"ဒါမှမဟုတ် မင်းတို့ရုံးက လုပ်ဖော်ကိုင်ဖက်တွေက ခြေတွေ လက်တွေ မပါလို့လား"

Jimin စကားကြောင့် ရုံးဝန်ထမ်းတချို့က အားနာသလို ခေါင်းငုံ့ထားကြသည်။ တချို့ကတော့ မျက်စိမျက်နှာပျက်လို့ ကော်ဖီဆိုင် အပြင်ကိုသာ ငေးမောနေကြသည်။ Taehyung မှာလည်း ဘေးကနေ ရပ်နေရတာ အားနာတာမို့ ကော်ဖီဆိုင် မျက်နှာကြက်အား အကြောင်းပြချက်မရှိ မော့ကြည့်နေလေသည်။ ထိုစဉ် တာဝန်ခံရဲ့ လက်ထောက် ထင်ရသည့် သူတစ်ယောက်က ထကာ..

"ဒီက.. ဘယ်သူမို့ ဒီလို ရိုင်းရိုင်းစိုင်းစိုင်းတွေ လာပြောနေတာလဲ"

"ငါလား.. Jeon Jungkook ရဲ့ ပိုင်ရှင်"

Jimin အဖြေကြောင့် ရုံးဝန်ထမ်းတချို့ထံမှ တီးတိုးစကားများ ပိကျိပိကျိဖြင့် ထွက်လာလေသည်။ Jungkook ကတော့ ဂုဏ်ယူဝမ်းမြောက်စွာ ပြုံးရင်း..

"ကျွန်တော့် အမျိုးသားပါ"

"မဟုတ်သေးဘူး ဘယ်လောက်ပဲ အမျိုးသားနေနေ ရုံးက အထက်လူကြီးကို အဲ့လို မျက်လုံးကြီးပြူးကြည့်စရာ လိုလို့လား.. ပြီးတော့ မင်း တစ်ယောက်ပဲ ခိုင်းနေတာမှ မဟုတ်တာ ခါတိုင်း Yoongi ရော ခိုင်းတာပဲလေ ဒီနေ့ သူမလာလို့ မင်းတစ်ယောက်ပဲ လုပ်ရတာဆိုတာ မင်းယောက်ျားကို ရှင်းပြလိုက်စမ်း"

တာဝန်ခံ Gumshin က Jungkook အား အမိန့်ပေးသလို ဝင်ဟောက်လိုက်တာမို့ Jimin ပိုစိတ်တိုမိသည်။ Jungkook က အားနာနေဟန် လက်ပိုက်ကာ ရင်ကော့ရပ်နေသည့် Jimin ဘက်လှည့်၍..

"ဟုတ်တယ် Hyung ရဲ့ ခါတိုင်း နှစ်ယောက်လုပ်ရတာ ဒီနေ့မှ အဲ့ Hyung က မလာလို့ မောင်တစ်ယောက်တည်း.."

"တိတ်စမ်း.. သူများ ကော်ဖီခွက် သယ်ပေးရအောင်လို့ မင်းကို ငါ ဒီအလုပ်ထဲ ထည့်ခဲ့တာ မဟုတ်ဘူး.. မင်း အထက်လူကြီး နာမည်ပြောစမ်း"

ဒေါသထွက်ကာ ဘောင်းဘီ အိတ်ထဲမှ ဖုန်းကို ထုတ်ပြီး တစ်ယောက်တစ်ယောက်ဆီ ခေါ်နေဟန် ပြုနေသည့် Jimin ကြောင့် တာဝန်ခံ Gumshin ပုံစံက နည်းနည်းတော့ တုန်လှုပ်သွားဟန်ပေါ်သည်။ Jimin သတိထားမိပေမယ့် ဂရုမစိုက်သလို တားနေသည့် Taehyung လက်နဲ့ Jungkook လက်ကို ဖြုတ်ချကာ နံပါတ်တစ်ခုအား နိုပ်လိုက်သည်။

"ဟဲလို Joon လား.. ကျွန်တော်ပါ အကူညီ တောင်းစရာရှိလို့ Hyung တောင်ကိုရီးယားက အကောင်ကြီးကြီးတွေနဲ့ အချိတ်အဆက်ရှိတယ်မလား"

"ဘယ်ရှိမလဲ ငါက ကိုရီးယားကို ခဏ ခဏ သွားတယ် ဆိုတာ စီးပွါးရေး ဖက်စပ်လောက်ပဲကို"

တစ်ဖက်ဖုန်းထဲက Joon ရဲ့ အိပ်ချင်မူးတူး အဖြေကို လစ်လျူရူကာ Jimin ပြုံးပြီး ခေါင်းညိတ်ရင်း..

"အင်း.. အစိုးရပိုင်းကလေ.."

"ပိုလို့တောင် မရှိသေး ဘာလို့လဲ"

"ဒီမှာလေ Jeon Jungkook ကို အလုပ် လုပ်ပါစေ ဆိုပြီး အကောက်ခွန်ရုံးထဲ ထည့်ပေးထားတာ ကော်ဖီခွက်သယ်နေရလို့ တိုင်လို့ရတဲ့ နေရာ ရှိလားလို့"

"အဲ့တာကို နိုင်ငံခြား Call နဲ့ ဘာလင်ထိ လှမ်းဆက်တာလား၊ ဘာလင်က ဆိုးလ်ထက် ရှစ်နာရီ နောက်ကျတယ်ဆိုတာ မသိတာလား၊ ဒီမှာ မနက် နှစ်နာရီကျော်ပဲ ရှိသေးတာကို.. Grazie တို့ကတော့ အချစ်ကြောင့် ဘာမှ မမြင်တော့ဘူးပဲ"

အိပ်ချင်မူးတူး အသံဖြင့်တောင် ရန်ထောင်နေနိုင်သေးသည့် Joon စကားကြောင့် Jimin ရယ်ချင်ပေမယ့် ထိန်းကာ ပြုံးရင်း..

"အာ.. ရှိတယ်လား.."

"မင်းကတော့ ခက်ပြီ မရှိပါဘူးဆို"

တစ်ဖက်ဖုန်းထဲ ပြောချင်တာပြောနေတဲ့ Jimin အား Namjoon နားလည်မည် မဟုတ်ပါ။

"အင်း အင်း.. နာမည်နဲ့ ရာထူးမေးပြီး Hyung ဆီ မက်ဆေ့ပို့လိုက်မယ်"

"ဘယ်သူ့နာမည်နဲ့ ရာထူးတုန်းဟ.. ငါ က ဘာလုပ်ရမှာလဲ"

"အင်း ကျေးဇူးနော် Hyung"

"ဘာကို.."

Joon စကားမဆုံးခင် Jimin ဖုန်းချက်ခြင်း ချလိုက်ပြီး တာဝန်ခံ Gumshin နှင့် ခုနက ဝင် ဟောက်စား လုပ်ထားသည့် လူကို မေးငေါ့ပြကာ မက်ဆေ့ ရိုက်ဟန် ပြုလိုက်သည်။

"နာမည်နဲ့ ရာထူးပြော"

Jimin မေးခွန်းကြောင့် စိုးရိမ်သလို တုန်လှုပ်သွားကြတဲ့ တာဝန်ခံ Gumshin နဲ့ သူ့လက်ထောက်ကြောင့် Jungkook ကြားထဲကနေ နေရခက်နေမိသည်။

"Hyung.. မောင် အဆင်ပြေတယ်ဆို"

"ငါ မပြေဘူး.. ဟိုဘိုးတော်တွေ ပြော.. နာမည်နဲ့ ရာထူး"

"ဟို.. ဒီကညီလေး အစ်ကိုတို့ကို အထင်လွဲနေပုံပဲနော်.."

"ဟုတ်ပါတယ်.. Jeon Jungkook က ဝန်ထမ်းသစ်ဖြစ်ပြီး အသက်အငယ်ဆုံးဆိုတော့ အစ်ကိုတို့က အကူညီတောင်းတဲ့ သဘောပါ"

လေသံပျော့ကာ ပြောင်းသွားတဲ့ တာဝန်ခံကြီးနဲ့ သူ့လက်ထောက်ကြောင့် Jimin ခနဲ့သလို ပြုံးလိုက်မိသည်။ ပြီးမှ ဘောင်းဘီအိတ်ထဲက ပိုက်ဆံအိတ်လေးကို ဖွင့်ပြီး အရင် ဂျာမနီမှာတုန်းက အသုံးပြုခဲ့သည့် Business card လေးအား ထုတ်ကာ လှမ်းပေးလိုက်သည်။

"ဒီက ကျွန်တော့် Business card ပါ.. ဒီတစ်ခါတော့ နားလည်ပေးလိုက်ပါ့မယ် နောက်တစ်ခါ ကျွန်တော့် ခင်ပွန်းကို လုပ်ငန်းနဲ့ မသက်ဆိုင်တာတွေ ခိုင်းနေတာပဲ ဖြစ်ဖြစ် သာမန်ထက် အလုပ်တွေ ဖိခိုင်းနေတာပဲ ဖြစ်ဖြစ် သိရတာနဲ့ ချက်ချင်း သက်ဆိုင်ရာဆီ သတင်းပို့ တိုင်းကြားမှာပါ"

"စိတ်ချပါ ညီ အစ်ကိုတို့က အဲ့လိုစိတ် လုံးဝမရှိပါဘူး တစ်ကယ်.."

Jimin Business card အား ကြည့်ပြီး အလန့်တကြား ပြုံးရယ်ပြနေကြသည်မို့ Jimin ကျေနပ်စွာ ပြုံးလိုက်မိသည်။ ပြောပါတယ်.. ချမ်းသာတဲ့ ဘဝက Park Jimin အတွက် အကောင်းဆုံးပဲ လို့..။ Jungkook မျက်နှာ လှမ်းကြည့်မိတော့ အနည်းငယ် ညှိုးနွမ်းနေသယောင်မို့ Jimin ခပ်နာနာလေး တစ်ချက် ရိုက်လိုက်မိသည်။

"ပြုံးထားစမ်းပါ မောင်ရာ.. မင်းအတွက် လုပ်ပေးနေတာကို"

"မောင် အဆင်ပြေပါတယ်ဆို Hyung ရယ်"

နှုတ်ခမ်းအောက်က မဲ့လေး ပေါ်အောက်အထိ နှုတ်ခမ်းပါးလေးကို ထော်ကာ ဖြေသည့် Jungkook အား Jimin မျက်စောင်းထိုးလိုက်မိသည်။ Jungkook ရင်ဘတ်အား ခပ်ကြမ်းကြမ်း တစ်ချက် ရိုက်လိုက်ပြီး..

"တော်ပြီ ဆက်မငြင်းနဲ့တော့ ငါ စကားမများချင်ဘူး.. ငါ ဆံပင်ဆိုင် ပြန်ရဦးမှာ"

"ဂရုစိုက်ပြန်ဦးနော် Hyung"

ကော်ဖီဆိုင်လေးထဲ ဝယ်စရာရှိတာ ဝယ်ခဲ့ပြီး Jimin နဲ့ Taehyung ဘီဘီ ဆံသဆိုင်လေးဆီကိုသာ ပြန်လာခဲ့ကြသည်။ လေတွေပေါ အချိန်တွေ ဖြုန်းပြီးနောက်မှာတော့ တစ်နေကုန် မျှော်လင့်နေခဲ့ရသော ညနေ ငါးနာရီ အချိန်လေးကို ရောက်လာလေတော့သည်။

"မောင် လာကြိုပါပြီ"

"ငါ ပြန်ပြီ ဆံပင်ဆိုင်သူဌေးနဲ့ မြို့ကြွက်ရေ"

"သူ့ယောက်ျားလာတော့ ငါတို့တောင် လှည့်မကြည့်တော့ဘူး ကြွကြွ"

Taehyung စကားကို Jimin ရယ်ကာ လျှာထုတ်ပြောင်ပြပြီး ဆံသဆိုင်လေးထဲမှ ထွက်လာခဲ့သည်။ Jungkook လည်း Hobi နှင့် Taehyung အား ခေါင်းညိတ် နှုတ်ဆက်ပြီး အိမ်ပြန်လမ်းလေးဆီ ချစ်ခင်ပွန်းလေး လက်ကိုဆွဲကာ ထွက်လာခဲ့သည်။ တိတ်ဆိတ်နေသော အိမ်ပြန်လမ်းလေးဟာ တစ်ခုခု လိုအပ်နေသလိုမို့ Jimin ဘက်ကပဲ စကား စလိုက်သည်။

"မောင် ငါ့ကို ကျောပိုး"

Jungkook ဘာမှ ပြန်မပြောပါ ပြုံးရုံသာ ပြုံးပြီး သူ့ကျောပေါ် တက်နိုင်ရန် ခါးလေးကိုင်းပေးလေသည်။

"ငါ ကားစီးရတာထက် မင်းကျောပေါ်တက်ရတာကို ပိုကြိုက်တာ သိတယ်မလား"

"မောင့်ယောက်ျားက မောင့်ကို ချစ်မှ မချစ်တာ အနိုင်ကျင့်ရလို့ ပျော်နေတာကိုး"

ရယ်ကာ ပြောလိုက်တဲ့ Jungkook စကားကြောင့် Jimin အပြစ်ပေးသည့်အနေဖြင့် မျက်စိရှေ့ ရောက်နေသည့် Jungkook ခေါင်းအား နာနာလေး ခေါက်လိုက်သည်။

"ပြောပြန်ပြီ အဲ့စကား.. ငါတို့ လက်ထပ်ထားတာ တစ်နှစ်တောင်ကျော်နေပြီနော် ငါသာမချစ်ရင် တစ်ရက်တောင် ခံမှာ မဟုတ်ဘူး ရှင်းလား"

"စတာပါ Hyung ရဲ့"

Jungkook ရယ်သံလေးနဲ့ အတူ ပြန်တိတ်ဆိတ်သွားတဲ့ စကားဝိုင်းလေးအား Jimin အလိုမကျမိပါ။ Jeon Jungkook ဆိုတာ အမြဲရေပက်မဝင်အောင် လေပေါတဲ့ ကောင်လေးမဟုတ်လား..။ ဘာလို့ ဒီနေ့မှ တိတ်ဆိတ်နေပါလိမ့်...။

"Jeon Jungkook"

"ဗျာ"

"မင်း ဘာဖြစ်နေတာလဲ.. တစ်ခုခု ဖြစ်နေသလိုပဲ"

Jimin မေးခွန်းကို Jungkook မဖြေပါ အချိန်အကြာကြီး တိတ်ဆိတ်နေလေသည်။ Jimin အားမလို အားမရ ဖြစ်မိတာမို့ Jungkook ပခုံးထက် မေးလေးတင်ကာ နီးကပ်နေသည့် ပါးလေးအား အနမ်းပေးကာ ထပ်မေးလိုက်သည်။

"ဘာဖြစ်နေတာလဲလို့ မေးနေတာကို"

"မောင့်ယောက်ျား မောင့်ကို ချစ်တယ်မလား"

"ဆိုပါတော့"

Jimin အဖြေကြောင့် Jungkook ပြုံးသွားလေသည်။ ပြီးမှ ခေါင်းခြင်း ဖွဖွလေး တိုက်လိုက်ကာ..

"အဲ့တာဆို မောင် နည်းနည်းဆူချင်တယ် ရမလား"

"ဆူတာက ဆူလို့ ရတာက ရပါတယ် ဒါပေမယ့် နားထောင် မထောင် အာမ မခံဘူးနော်.. ငါက အဘိုးဆူတာတောင် နားထောင်တဲ့သူ မဟုတ်ဘူး"

Jungkook ဘာမှ ဆက်မပြောပဲ ရယ်သာ ရယ်လေနေသည်။ ခဏ အကြာမှ သက်ပြင်း တိုးတိုးလေး တစ်ချက်ချကာ..

"မောင့်ယောက်ျား ကော်ဖီဆိုင်ထဲကလို လုပ်ရပ်မျိုးကို မောင် မလုပ်စေချင်ဘူး"

"ဘာလို့လဲ ငါ့ယောက်ျား ငါ ကာကွယ်တာလေ"

Jimin ရန်ထောင်သလို ချက်ချင်း ပက်ခနဲ ပြန်ပြောလိုက်သည်ကို Jungkook သက်ပြင်းချလေသည်။

"မောင် သိပါတယ်.. ဒါပေမယ့်.. Hyung က အဲ့လိုဝင်ပြောပေးတော့ မောင်က အသုံးမကျ သလိုကြီး.. မောင်လည်း ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါတယ်ဗျ"

"မင်းအဘပဲ ကာကွယ်"

ကျောပေါ်ကနေ ခုန်ဆင်းကာ Jungkook လက်မောင်းအား ဖြန်းခနဲ မြည်အောင် ရိုက်လေသည်။

"မင်း တုံးအပြီး ငြိမ်ခံနေလို့ ငါ ဝင်ပါနေရတာ.. ကျေးဇူးမတင် *င်လှန်မပြနဲ့"

"မောင် သိပါတယ် ဒါပေမယ့် အဲ့တာက အလုပ်ဆိုတော့ ဘာမှ မဆိုင်တဲ့ Hyung က.."

"ငါက ဘာမှမဆိုင်တဲ့လူလား.. မင်း အနိုင်ကျင့်ခံနေရတာ ငါနဲ့ မဆိုင်ဘူးလား"

"အာ.. ရှုပ်ကုန်ပြီ မောင်ပြောချင်တာ.."

"ဘာမှဆက်မပြောနဲ့ သောက်တုံး.. မကွာရှင်းချင်ရင် ကိုယ့်ပါးစပ် ကိုယ်ပိတ်ပြီး နောက်က လိုက်ခဲ့"

ဆောင့်အောင့် ဆဲဆိုကာ ထွက်သွားသည့် Jimin ကြောင့် Jungkook ကိုယ့်ခေါင်းကိုယ်သာ ကုပ်လိုက်မိသည်။

ထိုနေ့က တစ်ညလုံး Jimin ဘက်မှ ဘာစကားမှဆက်မပြေတော့သလို တင်းမာလွန်းလှတဲ့ မျက်နှာထားကြောင့် Jungkook လည်း ဘာမှ အစပြုပြီး မဟရဲ။ အခန်းပြင် ထုတ်ထားတဲ့ ခေါင်းအုံးလေးကို ပိုက်ကာ TV ရှေ့က ခုံလေးထက် အိပ်ရာဝင်ခဲ့ရသည်။ နောက်ရက်မနက်လည်း Jimin က သူ့ဟာသူ အိပ်ရာထကာ စကားတစ်ခွန်းပင်မပြောပဲ မပြောပဲ ထွက်သွားလေသည်။ စားမယ့်သူ မရှိသည့် မနက်စာလေးအား ငေးရင်း Jungkook သက်ပြင်း ချမိပြန်သည်။ ဒီလိုနဲ့ အမှိုက်လေးက စတဲ့မီးဟာ အချစ် ပြသာဒ်ကြီးပါ မီးထဲ ပါလေတော့မလား မသိ..။

"Ya~ မင်းတို့ ပြောကြည့်စမ်းပါ ငါမှားလားလို့"

ဒေါသထွက်နေသလို ဒူးတစ်ဖက် ထောင်ပြီး ထိုင်ကာ ထမင်းလိပ်အား မလှီးထားပဲ အချောင်းလိုက် ဆွဲစားရင်း မေးလိုက်သည့် Jimin အမေးကြောင့် Hobi နဲ့ Taehyung တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်မိသည်။ Hobi က သက်ပြင်းတိုးတိုးလေး ချကာ..

"မမှားပေမယ့်.. အင်း.. မှန်တယ်ရယ် လို့လည်း မဟုတ်သေးဘူးလေ၊ Jungkook ပြောတာလည်း မှန်တယ်၊ ပြောရရင် မင်းက အပြင်ကလူကို ရုံးဝန်ထမ်းတွေ ရှေ့မှာ သူ့အထက်လူကြီးကို သွားခြိမ်းခြောက်သလို ဖြစ်သွားတာကိုး.. အဲ့ကျ သူ့အတွက်ကျ နောက်ရက် ရုံးဆက်သွားဖို့ ဘယ်ကောင်းမလဲ"

"အဲ့တာတော့ ဟုတ်တယ်.. အဲ့တုန်းက တခြားဝန်ထမ်းတွေက Jungkook ကိုပဲ ဝိုင်းကြည့်ပြီး အတင်းပြောနေကြသလိုပဲ"

Hobi စကားအဆုံးမှာ Taehyung က ဝင်ထောက်ခံသည်မို့ Jimin သက်ပြင်းသာ ချလိုက်မိသည်။

"ငါကတော့ ငါ့ကိုယ်ကိုငါ အရမ်း မိမိုက်နေမှာပဲ တွေးထားတာကို.. ဒီငတုံးတွေက ငါ့မိမိုက်မှုကို မမြင်တတ်လိုက်တာ"

တချက်ချက် သွားနေတဲ့ နာရီသံတွေကြောင့် ခါတိုင်း မျှော်နေကြ ညနေငါးနာရီကို ရောက်မှာ စိုးရိမ်နေမိသလို ခံစားလာရသည်။ သူတကယ်ပဲ Jungkook နေရခက်အောင် တဇွတ်ထိုး လုပ်လိုက်မိပြီလား...။

"ငါ ပြန်တော့မယ်"

"ဟင် မင်း ယောက်ျားကို မစောင့်တော့ဘူးလား"

Hobi က Customer ရှိနေသည့်မို့ ဆံပင်ညှပ်ပေးနေရင်း မေးလိုက်သည်။ Jimin က အားမရှိသလို ခေါင်းခါပြရင်း..

"တော်ပါ.. ငါ မှန်တယ်ဆိုတဲ့ အကြောင်းပြချက် မတွေ့မချင်း သူ့ကို မတွေ့ချင်ဘူး"

အတူပြန်နေကြ လမ်းလေးမှာ တစ်ယောက်တည်း လမ်းလျှောက်ရတဲ့ ညနေခင်းလောက် အထီးကျန်ပြီး ကြေကွဲဖွယ်ကောင်းတာ မရှိပါ။ ငိုချင်မိပေမယ့် ငါ့အမှား မဟုတ်ဘူးဆိုတဲ့ အသိမာနကြောင့် ငိုလည်း မငိုချင်။ ကျလာတော့မလို တွဲခိုလာတဲ့ မျက်ရည်တို့ကို မျက်တောင်ခတ်ကာ ပြန်သိမ်းဆည်းလိုက်ရတဲ့ ညနေခင်းဟာ ဘဝတစ်လျှောက် ကြုံခဲ့ဖူးသမျှ ညနေခင်းထဲ ဝမ်းနည်းဖို့ အကောင်းဆုံးပါပဲ။ တစ်ခါတလေကျ အသည်းကွဲဖို့အတွက် မိုးရွာစရာ မလိုဘူးဆိုတာကို နေသာနေတဲ့ ညနေခင်းလေးက တစ်ကွက်ပြလိုက်လေသည်။

"Hyung.. ညစာ စားရအောင်"

အခန်းတံခါးကို ခေါက်ပြီး မေးလာတဲ့ အသံချိုချိုလေးကြောင့် Jimin ငိုချလိုက်ချင်မိပြီ။ ကြည့်ပါ့လား.. ခေါ်တာတောင် ပြောင်းသွားပြီ.. Hyung တဲ့..။ ခါတိုင်းလည်း တစ်ခါတလေ ညှပ်ခေါ်တတ်ပေမယ့် ဒီနေ့မှ ဆတ်ဆတ်ထိမခံတဲ့ ရင်ဘတ်က နာကျင်နေမိသည်။

"မောင့်ယောက်ျား.."

အခန်းအပြင်က အသံတိုးတိုးလေးက မသိရင် ကိုယ့်စိတ်ထဲက စကားတွေ ကြားနေရသလိုလို။ တင်းခံထားသည့် ကြားက Jimin မျက်ရည်တို့ စီးကျလာလေသည်။ အမှန်အတိုင်း ဝန်ခံရရင် ခါတိုင်းလို သာမန်အတိုင်း စိတ်ဆိုးနေကြတာထက် Jungkook စိတ်ထဲ သူ့ကို အပြစ်တစ်ခုလို့ မြင်သွားမှာကို Jimin ကြောက်သည်။ ဘဝတစ်လျှောက်လုံး အပြစ် ကျူးလွန်ခဲ့တာတွေ များခဲ့ပေမယ့် Jungkook အပြစ်မြင်မှာ မကြိုက်ပါ။ ကိုယ့်ဆံပင်ကိုယ် ဖွလိုက်ပြီး ဒူးလေးထောင်ဖက်လိုက်ကာ ကျုံ့ကျုံ့လေး ခေါင်းမှောက် အသံတိတ် ငိုနေမိသည်။

"မောင် တောင်းပန်ပါတယ်"

Jimin ငိုချလိုက်မိသည်။ သို့ပေမယ့် ဝမ်းနည်းလို့တော့ မဟုတ်ပါ။

"မကောင်းတဲ့ ကောင်လေး.. သူက အရင် တောင်းပန်တော့ ငါက ဘာဆက်လုပ်ရမှာလဲ"

တိုးတိုးလေး အပြစ်ဆိုသံ အဆုံးမှာ Jimin ချက်ချင်း မှန်တင်ခုံ ရှေ့ပြေးရပ်ကာ မှန်ကြည့်ရင်း ပါးပြင်မှ မျက်ရည်တွေ ဖယ်ရှားလိုက်သည်။ ခုနက ဖွထားလို့ ရှုပ်ပွနေသည့် ဆံပင်များအား ပုံမပျက်စေရန် ခေါင်းဖြီးလိုက်သည်။

"တကယ်ဆို Hyung နေရာမှာ မောင်ဆိုလည်း အဲ့လို လုပ်မိမယ် ထင်ပါတယ်.. အဲ့တာကြောင့် မောင့်ယောက်ျားကို တကယ် အကြီးကြီး တောင်းပန်ပါတယ်"

မှန်ထဲမှ ခေါင်းဖြီးနေသည့် ပုံရိပ်လေးဟာ နှစ်ခြိုက်စွာ ပြုံးသွားလေသည်။ ဒါဟာ Jeon Jungkook ကို သူရွေးချယ်ခဲ့တာ ဘယ်တော့မှ မမှားပါဘူးဆိုတဲ့ သက်သေ အထောက်အထားတွေလေ။ အဲ့တာတွေ ကြောင့်လည်း သခင်လေး Grazie အချစ်မှာ ပြန်မထနိုင်အောင် ကျရှုံးနေတာ ဖြစ်နိုင်ပါတယ်..။

"ဒီသောက်ရူးကတော့.."

နှစ်ခြိုက်စွာ ပြုံးနေသည့်ကြားထဲက တိုးတိုးလေး ကျိန်ဆဲလိုက်သေးသည်။ အတတ်နိုင်ဆုံး မျက်နှာထားကို တင်းထားကာ အခန်းတံခါး ဆောင့်ဖွင့်လိုက်တော့ အခန်းရှေ့နား ငိုမဲ့မဲ့ ရပ်နေသော ငတုံးလေးအား မြင်လိုက်ရသည်။ Jimin ထွက်လာတာနဲ့ ထိုကောင်လေးဟာ မျက်တောင်ပုတ်ခတ် ပုတ်ခတ်ဟန်ပြုရင်း..

"တောင်းပန်ပါတယ် Hyung"

"ဒါပဲ မင်းက၊ မင်းပဲ စိတ်ဆိုးတယ် ပြီးရင် ငါက ဘာမှ ရေရေရာရာ မပြောရသေး တောင်းပန်ပါတယ် ပြောတော့ ငါက ဘာဆက်ပြောရမှာလဲ"

"မောင် မောင့်ယောက်ျားကို စိတ်မဆိုးပါဘူး.. ဒီတိုင်း နည်းနည်းလေး ဆုံးမတာပါ"

မျက်လုံးဝိုင်းလေးထဲ မျက်ရည်တို့ တွဲခိုရစ်သိမ်းကာ နှာသံ တရှုံ့ရှုံ့နဲ့ ပြောလိုက်တဲ့ ပုံစံကြောင့် Jimin မရယ်မိအောင် ကိုယ့်ကိုကိုယ် တော်တော် ထိန်းထားရသည်။ မသိရင် ကိုယ်ကပဲ ဆိုးသွမ်းနေလို့ ဆုံးမ မနိုင်တဲ့ ပုံစံနဲ့ ငိုပြနေလေရဲ့..။

"ဒီမှာမောင်"

"ဟုတ်"

'မောင်' ဆိုသည့် နာမ်စားလေးကြောင့် ဆရာကြီးပေါက်စ စိတ်ဆိုးပြေနေပြီ ဆိုတာ Jungkook အလိုလို သိ၏။ သို့ပေမယ့် ခါးထောက်ကာ ဆူဖို့အသင့်ပြင်နေသည့် ပုံစံကြောင့် Jungkook အမြန်လက်ပိုက်ကာ ဖြေလိုက်ရသည်။ Jungkook အပြုအမူကြောင့် Jimin မထိန်းနိုင်တော့ပဲ ပြုံးမိသွားလေသည်။ အပြုံးလှလှလေးကို မြင်လိုက်ရမှ Jungkook မှာလည်း မျက်ရည်တွေကြား လိုက်ပြုံးနိုင်တော့သည်။ အတင်း ပြုံးပြနေသည့် ကောင်လေးအား Jimin မျက်စောင်း တစ်ချက်ထိုးလိုက်ပြီးမှ..

"မင်းက ဘာကိစ္စငါ့ကို ဆုံးမတာလဲ၊ ငါ မင်းထက် နှစ် နှစ် နီးပါး ကြီးတယ်နော်.. နှစ် နှစ်ဆိုတာ သိပ်မကွာဘူးလို့ ထင်ရပေမယ့် လအနေနဲ့ဆို 24 လ၊ အပတ်အနေနဲ့ဆို 104 ပတ်၊ ရက်အနေနဲ့ဆို ရက်ပေါင်း 730၊ နာရီနဲ့ဆို 17520 နာရီ၊ မိနစ်နဲ့ဆို 1051200 မိနစ်.. အဲ့တော့ ငါမင်းထက် နယ်ပယ် အသီးသီးမှာ ဝါရင့်ပြီးသား"

"ဟုတ်"

ဘယ်ကတည်းက တွက်ချက်ထားမှန်း မသိတဲ့ ဆရာကြီးပေါက်စကြောင့် Jungkook ရယ်ချင်ပေမယ့် စိတ်ဆိုးပေါ် စိတ်ကောက်ဆင့်သွားမည် စိုးရသေးသည်မို့ မရယ်ရဲပါ။ လက်ပိုက်ပြီးတော့သာ ပြောသမျှ ခေါင်းညိတ်ပြလိုက်ရသည်။

"တစ်နေ့ကို ထမင်းသုံးနပ် စားတယ် ထားဦး.. ငါက မင်းထက် ထမင်းပန်းကန်ပေါင်း 2190 လောက် စားခဲ့တာ"

"ဟုတ် လေးစားပါတယ်ဗျ"

ပြုံးစိစိနဲ့ ဖြေလိုက်တဲ့ Jungkook ကြောင့် Jimin ရယ်လိုက်မိတော့သည်။ Jungkook ရင်ဘတ်အား တဖြန်းဖြန်း ရိုက်ရင်း..

"မရယ်နဲ့.. ငါ အတည်ပြောနေတာနော်"

"Hyung လည်းရယ်တာပဲလေ"

ပုတ်ရိုက်နေသည့် လက်ဖောင်းဖောင်းလေး နှစ်ဖက်အား Jungkook အမိအရ ဖမ်းဆုပ်လိုက်ပြီး ဆွဲကာ တစ်ကိုယ်လုံး ရင်ခွင်ထဲ ဆွဲသိမ်းထားလိုက်သည်။

"မင်းက ငါ့ကို မလေးစားဘူး ဟာသ လုပ်တယ်"

"လေးစားပါတယ်ဆို.. မောင်က မောင့်ယောက်ျားကို ချစ်ကြောက်ရိုသေလေးပါဗျ"

"နောက်တစ်ခါ ငါ့ကို ဆူဖို့ မကြိုးစားနဲ့.. မင်းက ငါ့ကို လက်ထပ်ထားတာလေ အဲ့တော့ ငါ မှားမှားမှန်မှန် လက်ခံပေးရတော့မှာ နားလည်လား"

"ဟုတ်ကဲ့ပါ.. မောင် နောက် ပိုသတိထားပါ့မယ်"

ပိုမိုတင်းကြပ်စွာ ဖက်လိုက်ရင်း ဖြေလိုက်သည့် Jungkook ကြောင့် Jimin ရင်ခွင်ထဲမှ ခိုးပြုံးလိုက်မိသည်။

"ချစ်တယ်.. မောင်"

"မင်္ဂလာ သက်တမ်း တစ်နှစ်ကျော်မှာတော့ မောင့်ယောက်ျား ဆီက ဒီလိုလေးတွေ ကြားရသေးသားပဲ"

Jungkook ရယ်ရင်း ပြောလိုက်သည်မို့ Jimin ပါ လိုက်ရယ်မိသည်။ ရယ်သံလွင်လွင်လေးအား Jungkook မြတ်နိုးစွာ နားထောင်ရင်း အသည်းယားကာ ဆွဲညှစ်ပြီး တစ်ပတ်လှည့်လိုက်သည်။ မြေပြင်နဲ့ ခြေထောက် လွှတ်သွားသည်မို့ Jimin က တဖုန်းဖုန်း ထုရိုက်လေတော့သည်။

"နှစ်ယောက်လုံး ပစ်လဲကုန်မယ် သောက်ရူးရဲ့"

"မောင့်ယောက်ျား အပြစ်နော်.. အသည်းယားစရာကောင်းအောင် ချစ်ဖို့ကောင်းပြနေတာကို"

မိမိအား Jungkook အပြစ်မြင်မှာ ကြောက်ပါသည် ဆိုတဲ့ သခင်လေးဟာ ဒီတစ်ခါတော့ ပြုံးရယ်နေလေသည်။ အချစ်က သိပ်ကြောက်ဖို့ ကောင်းတာပဲ...။ .........။

"မောင့်ယောက်ျား ခန္ဓာကိုယ်လေးက ဖက်လုံးလေးကျနေတာပဲကွာ"

"အခု ငါ့ကို လေးထောင့်တုံးရှည်ရှည်ကြီးနဲ့ နိူင်းလိုက်တာလား"

Jimin ရဲ့ ရန်ထောင်သံ စကားကြောင့် Jungkook ပွေ့ဖက်ထားရာမှ ရယ်လေတော့သည်။ ပူးကပ်ထားသည့် ခန္ဓာကိုယ်လေးကို ခဏ ခွါလိုက်ရင်း ရင်ခွင်ထဲက ကြွေရုပ်လေးအား ငေးမောကြည့်မိတော့ ကြွေရုပ်လေးက မျက်စောင်း သေးသေးလေး မေတ္တာဖြင့် လှမ်းပို့လေသည်။

"အဟမ်း ငါက ပုံမှန်လိုဆို ကြွက်သားဗလတွေ ရှိပါတယ်.. အခုက ညဝတ်အထူကြီး ဝတ်ထားရလို့ပါကွ.. ပြီးတော့ မင်းနဲ့ရပြီး နောက်ပိုင်း သိပ် လေ့ကျင့်ခန်း မလုပ်ဖြစ်လို့သာ မပေါ်သလို ဖြစ်နေတာ"

"မောင်က အဲ့လို ပြောတာမဟုတ်ပါဘူးဗျာ ဖက်လိုက်တဲ့ အချိန်တိုင်းမှာ အိအိလေးနဲ့ နွေးနွေးလေးလို့ ပြောချင်တာပါ"

"ပြီးရော"

နဖူးလေးနမ်းကာ ဖြေလိုက်တဲ့ Jungkook ကြောင့် ကြွေရုပ်လေးဟာ ချက်ခြင်း ကျေအေးပေးသည်။ ထိုညက ညနေနဲ့မတူ။ အစစအရာရာ လှပနေခဲ့သည်။ တစ်ညတာ ခွဲအိပ်ထားရသည့်ဒဏ်ကြောင့် ငတုံးလေးဟာလည်း အတိုးချ ပွေ့ဖက်နေသလို သခင်လေး Grazie ဟာလည်း တစ်ညတာ ခွဲခွါခဲ့ရတဲ့ ရင်ဘတ်ကျယ်ကြီးရဲ့ နွေးထွေးမှုကို အပြည့်အဝ ခံစားနေလေသည်။ .......။

"ပြန်အဆင်ပြေသွားကြတော့လည်း အမြင်ကတ်စရာပဲ"

ညနေ ငါးနာရီမှာ နာရီတကြည့်ကြည့် ဖြစ်နေသည့် Jimin အား ကြည့်ရင်း Taehyung တီးတိုး အတင်းတုတ်လိုက်သည်ကို Hobi က ရယ်လေသည်။

"သွားမစပါနဲ့ကွာ.. သူအဆင်ပြေရင် ငါတို့ဆိုင်လည်း ရာသီဥတု ကောင်းပါတယ် ဟဲဟဲ"

"မောင်လာကြိုပါပြီ"

တစ်နေကုန် မျှော်လင်းစောင့်စားနေရသည့် Alarm သံ ချိုချိုလေးကြောင့် Jimin ထိုင်နေရာမှ အလင်းထက် မြန်သည့်နူန်းဖြင့် ဖြတ်ခနဲ ထလိုက်လေသည်။

"ဆံပင်ဆိုင်သူဌေးနဲ့ မြို့ကြွက်ရေ ငါက ဆိုင်တံခါးချတဲ့အထိ နေပေးချင်ပေမယ့် ငါ့ယောက်ျားက လာကြိုနေပြီမို့.."

"တော်စမ်းပါ.. မိုးလင်း ဆိုင်ရောက်ကတည်းက ပြန်ချင်နေတဲ့သူကများ.."

Taehyung ကြားဖြတ်စကားကြောင့် Jungkook ရော Hobi ပြုံးစိစိ ဖြစ်သွားလေသည်။ Jimin က Taehyung အား မျက်စောင်းဖိုးရင်း..

"ငါပြန်ရင် မင်းပျော်တယ် မဟုတ်ဘူးလား.. ဆံပင်ဆိုင်သူဌေးနဲ့ နှစ်ယောက်တည်း ကျန်ခဲ့လို့လေ"

"Ya~~"

Jimin စကားကြောင့် Taehyung ချက်ခြင်း အော်လေသည်။ Hobi မျက်လုံးတို့လည်း ဝိုင်းစက်လို့ နားရွက်လေးများလည်း ရဲနေလေသည်။ Jimin ကျေနပ်စွာပြုံးလိုက်ရင်း လက်ပြနှုတ်ဆက်ကာ..

"အဆင်ပြေကြပါစေ ငါပြန်ပြီ ဘိုင်"

Taehyung ရဲ့ ပွစိ ပွစိ အော်သံနဲ့အတူ ကျန်ခဲ့သည့် ဆံသဆိုင်လေးအား Jimin ပြောင်ပြကာ ထွက်လာခဲ့သည်။ လုပ်ချင်တာ လုပ်ရရင် ကျေနပ်နေတတ်သော ဆရာကြီးပေါက်စအား ငေးရင်း Jungkook အတူ လိုက် ပြုံးနေမိသည်။

"မောင် ငါ့ကို ကျောပိုးလေ"

"ဟုတ်ကဲ့ပါဗျာ"

Jimin တစ်ယောက် Jungkook ကျောပြင်ပေါ် ရောက်တာနဲ့ ထုံးစံအတိုင်း ခိုးနမ်းရင်း စတင် ဆရာလုပ်လေတော့သည်။

"ဟိုဘိုးတော် မင်းကို အနိုင်ကျင့်သေးလား"

"ဟင့်အင်း.. မောင့်ကို စိုက်တောင် မကြည့်ရဲတော့ဘူးရယ်"

"ကောင်းတယ် မင်းကို သူတစ်ခုခု လုပ်ရင် ငါ့ကို ချက်ခြင်းပြန်တိုင် ကြားလား"

"Hyung.."

"ဘာလဲ မဆုံးမနဲ့နော်.. အခန်းပြင် ထွက်အိပ်ချင်ရင်တော့ ဆုံးမ"

Jungkook ဘာမှ မပြောရသေးခင် Jimin ချက်ခြင်း ဦးအောင် ငေါက်လိုက်သည်ကို Jungkook ရယ်လေသည်။

"မဆုံးမရဲပါဘူးဗျာ.. မောင်က အရာအားလုံးထက် မောင့်ယောက်ျားကသာ မောင့်ကမ္ဘာပါ"

"ပြီးရော.. ငါက မင်းကို ကာကွယ် စောင့်ရှောက်ချင်လို့ ပြောနေတာ အဲ့တာမှ လာဆုံးမရင်လည်း အသေသတ်ပစ်မှာ"

"ဟား.. မောင့်ယောက်ျားကတော့ တကယ်ပါပဲ"

ပတ်ဝန်းကျင် တစ်ခွင်ဟာ ရယ်သံများနှင် ပြည့်နှက်နေလေ၏။ နေဝင်ချိန်မို့ ကောင်းကင်တစ်ခွင်ဟာလည်း ပုစွန်ဆီရောင်တိမ်တိုက်များနှင့် လှပနေလေသည်။ ကြွက်တွင်း ရပ်ကွက်လေးရဲ့ ပတ်ဝင်းကျင်မှ လူတော်တော်များများဟာလည်း ညနေစောင်းတိုင်း ကျောပိုး ပြန်တတ်ကြသည့် ဒီကောင်လေး နှစ်ယောက်ကို မျက်မှန်းတန်းမိနေလောက်မည် ဖြစ်သည်။

"Hyung က မောင့် ကို စောင့်ရှောက်စရာ မလိုပါဘူးဗျ.. မောင်ကပဲ Hyung ကို တစ်သက်လုံး ကာကွယ် စောင့်ရှောက်သွားမှာ"

Jungkook စကားကြောင့် Jimin သဘောကျစွာ ပြုံးလိုက်မိသည်။ Jungkook ပခုံးအား ဖွဖွလေး တစ်ချက် ငုံကိုက်လိုက်ပြီး ပခုံးလေးထက် မေးတင်ကာ..

"ငါ ဗိုက်ဆာနေပြီ"

"ဟိုဘက်လမ်းမှာ Cotton Candy ဆိုင် အသစ်ဖွင့်ထားတာ မနက်ကတွေ့တယ် ဝင်ဝယ်မလား"

"တော်ပြီ"

ပခုံးထက်မေးတင်ထားရာမှ ချက်ချင်း ဆတ်ခနဲ ခေါင်းထောင် ဖြေလိုက်သည့် Jimin ကြောင့် Jungkook စက္ကန့်ပိုင်းလောက် ကြောင်သွားသည်။

"ဟင်.. ဘာလို့လဲ Hyung ရဲ့.. Hyung Cotton Candy ကြိုက်တယ် မဟုတ်ဘူးလား"

"ကြိုက်ပေမယ့် အဲ့ဆိုင်ကတော့ တစ်သက်လုံး မစားဘူး.. ငါလည်း မစားဘူး မင်းလည်း မစားရဘူး ဘယ်သူမှ မစားရဘူး ကတိနော်"

"ဟုတ်ကဲ့ပါ"

ဘာကြောင့်လဲဆိုတာ Jungkook ရေရေရာရာ မသိပေမယ့် သခင်လေး အမိန့်အတိုင်း ထိုဆိုင်မှ တစ်သက်တာ ဝယ်မစားရန် ကိုယ့်ကိုကိုယ် သတိပေးနေလိုက်သည်။ ထိုမှ Jimin လည်း စိတ်ချသွားသလို Jungkook ပခုံးထက် မေးလေး ပြန်တင်လာသည်။ မနက်ကမှ အသစ်လာဖွင့်တဲ့ Cotton Candy ဆိုင်လေးအား ရှောင်ဖယ်ချင်သည့် Jimin ရဲ့ ခံစားချက်ကို သူကိုယ်တိုင်အပြင် ဘယ်သူကမှ နားလည်ကြမယ် မဟုတ်ပါ။

တိမ်တောက်နေတဲ့ ညနေလေးဟာ ချစ်ကြည်နူးစရာ ကောင်လေးနှစ်ယောက်ကြောင့် ပန်းချီကား တစ်ချပ်လို လှပနေလေ၏။ ယောက်ျားမျက်နှာ တစ်ကမ္ဘာ လုပ်နေသည့် ငတုံးလေး တစ်ယောက်ရယ်၊ သူ့ကျောပြင်ပေါ်က ဆရာကြီးပေါက်စလေး Grazie ရယ်၊ ကောင်းကင်ပြာကြီးရယ်၊ ပုဇွန်ဆီရောင် တိမ်တိုက်တွေရယ်၊ ပြီးတော့ မြားနတ်မောင် အဒေါ်ကြီး ရှုပ်ထားတဲ့ ဇာတ်လမ်းကြောင့် အလကား Boycott ခံနေရတဲ့ လမ်းတစ်ဖက်က Cotton Candy လှည်းလေးရယ်...။

ပြီးပါပြီ

MochiCookie95

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ငြိမ်နေခဲ့တာ ကြာပြီထင်လို့ စာအုပ်လေးထုတ်တုန်းက ထပ်ဖြည့်ထားတဲ့ extra အသစ်လေး လာပေးတာပါရှင့်
မသိလိုက်လို့ မဝယ်လိုက်ရတဲ့သူတွေက အခု ဝယ်ချင်တယ်ဆို Starlight Memories Page မှာ Instock ထားရောင်းပေးပါတယ် မ ပေးတဲ့ Pin လေးကတော့ preorder တွေပဲမို့ ပါတော့မှာမဟုတ်တော့ပါဘူးရှင့်
စာလုံးပေါင်းအမှားပါရင် ခွင့်လွှတ်ပါဦးနော် 💕

Zawgyi,

"တကယ္လို႔မ်ား အဲ့ဘိုးေတာ္က မင္းကို ပညာလာျပရင္ ၿငိမ္ခံေနခဲ့စရာ အေၾကာင္းမရွိဘူးေနာ္ ခ်က္ျခင္းျပန္လုပ္ခဲ့ က်န္တာ အကုန္ ငါရွင္းမယ္ နားလည္လား"

လူမိုက္အားေပး ဆရာႀကီးေပါက္စ အသံက မိုးလင္းတာနဲ႔ ႂကြက္တြင္း တိုက္ခန္းေလးထဲ ဆူညံ့ေနေလ၏။ ထုံးစံအတိုင္းပါပဲ.. မနက္စာအတြက္ အလုပ္ရႈပ္ေနတဲ့ Jungkook နဲ႔ ထိုင္ခုံေလးမွာ အခန္႔သား ထိုင္ကာ ဆရာလုပ္ေနတဲ့ သခင္ေလးတို႔ရဲ႕ ႐ိုးရွင္းသာယာေသာ သာမန္မနက္ခင္းေတြထဲမွ တစ္ခု။

ႏွစ္ေယာက္အတူတူ အိပ္ရာဝင္၊ ႏွစ္ေယာက္အတူတူ ႏိုးထ၊ ႏွစ္ေယာက္အတူတူ အလုပ္သြား၊ Toilet ဝင္ျခင္းမွတစ္ပါး ဘယ္အရာကိုမဆို ႏွစ္ေယာက္အတူ လုပ္ရသည့္ Jeon Jungkook ၏ တရားဝင္ အၾကင္ခင္ပြန္း Park Jimin တစ္ပိုင္း Grazie တစ္ပိုင္း ဘဝကို Jimin အင္မတန္ ႏွစ္သက္လာသည္။ ဘယ္ေတာ့မွ ႐ိုးအီမသြားႏိုင္တဲ့ ေခါက္႐ိုးက်ိဳး အခ်စ္ Drama ေလးလို ဘဝက Grazie ရဲ႕ လက္ေတြ႕ဘဝပါ ဆိုတာကေတာ့ အႏွစ္သက္ရဆုံး အပိုင္းေပါ့..။

"ဝိုး ေရာက္ေနၿပီပဲ"

ဆံသဆိုင္ေလးေရွ႕ တံျမက္စည္း လွဲေနသည့္ Taehyung အား Jimin ႏႈတ္ဆက္လိုက္သည္မို႔ Taehyung ပုံစံက ေၾကာင္ေတာင္ေတာင္ ျဖစ္သြားေလသည္။ Hobi ကလည္း အံ့ဩသြားသလို ၾကည့္ရင္း..

"အသိေတြလား"

"မသိေသးပါဘူး.. ဒီတိုင္း ဝန္ထမ္း အသစ္ ေရာက္ေနတယ္ ထင္လို႔ ေျပာတာ"

Jimin စကားကို Hobi က နားလည္သြားသလို ေခါင္းညိတ္ျပရင္း Taehyung အား ၫႊန္ျပလ်က္..

"ဟုတ္တယ္... သူက ဝန္ထမ္း အသစ္ေလ မေန႔ညေနကမွ မိသားစု လုပ္ငန္း အဆင္မေျပလို႔ပါ ဆိုၿပီး အလုပ္ လာေလွ်ာက္လို႔ ငါ ခန္႔လိုက္တာ Kim Taehyung တဲ့ မင္းနဲ႔ ႐ြယ္တူပဲ.. Taehyung ေရ သူကေတာ့.. အင္း.. ဘယ္လို မိတ္ဆက္ေပးရပါ့.. ငါ့ဝန္ထမ္းမဟုတ္တဲ့ ေန႔တိုင္း အလုပ္လာဆင္းေနတဲ့သူ လို႔ေျပာရမလား"

Hobi စကားေၾကာင့္ Taehyung နားမလည္သလို ေၾကာင္ေတာင္ေတာင္ ျဖစ္သြားသည္ကို Jimin က မ်က္ေစာင္းထိုးရင္း ခါးေထာက္ကာ..

"ဆံပင္ဆိုင္သူေဌး အခု အေဖာ္ရေတာ့ ငါ့ကို အျပစ္ေျပာတာလား"

"မဟုတ္ပါဘူး.. ေနာက္တာ ေနာက္တာ"

Hobi က ရယ္ရင္း ေျပာလိုက္သည္ကို Jimin မ်က္ေမွာင္ၾကဳတ္ ႏွာေခါင္းရႈံ႕ ျပလိုက္မိသည္။ Hobi ေျပာသလို ဝန္ထမ္းမဟုတ္ (လစာမယူ အလုပ္မလုပ္) ပဲ Jimin အလုပ္ဆင္းေနတာ တစ္ပတ္ေလာက္ေတာ့ ရွိၿပီမို႔ Hobi နဲ႔ အနည္းငယ္ ရင္းႏွီးေနၿပီ ျဖစ္သည္။ Jimin က Taehyung ဘက္လွည့္ကာ ၿပဳံးျပရင္း..

"ငါက ပုံမွန္လိုဆို အာ႐ုံေနာက္လို႔ သူငယ္ခ်င္းမထားေပမယ့္ မင္းကိုေတာ့ ႁခြင္းခ်က္ အေနနဲ႔ သူငယ္ခ်င္းေတာ္ေပးပါ့မယ္"

ေျပာၿပီး ဆံသဆိုင္ေလးထဲ ဝင္ကာ အခန္႔သား ဖုန္းထိုင္သုံးေနတဲ့ Jimin စကားေၾကာင့္ Taehyung မသိမသာ ႏွာေခါင္းရႈံ႕လိုက္မိသည္။

"မိတ္ဆက္တာလည္း အေၾကာႀကီးနဲ႔"

"ဟား ဟား ေနာက္ႏွစ္ရက္ေလာက္ဆို ေနသားက်သြားမွာရယ္ သူက အဲ့လိုပဲ.. ငါ့ဆီ အလုပ္လာဆင္းမယ္ ေျပာတုန္းကေတာင္ ဘယ္ေတြ ေျပာသြားလဲ ငါကို နားမလည္လိုက္ဘူး"

Hobi က ပခုံးပုတ္ကာ ရယ္ရင္း ေျပာေနသည္မို႔ Taehyung ၿပဳံးရင္းသာ ေခါင္းညိတ္ျပလိုက္သည္။ ဆံသဆိုင္ေလးထဲ လိုက္ဝင္လာေတာ့ ဆုံလည္ထိုင္ခုံမွာ အခန္႔သား ထိုင္ေနတဲ့ Jimin က လက္ပိုက္လိုက္ၿပီး ဆရာႀကီးစတိုင္လ္ျဖင့္ Taehyung အား အသံတိုးတိုးေျပာေလသည္။

"ခုနက အၾကည့္ေတြ ငါ သိတယ္ေနာ္"

"ဟင္.. ငါ့ကိုေျပာတာလား"

Taehyung က သူ႔ရင္ဘတ္သူ လက္ညႇိဳးထိုးကာ ေမးလိုက္သည္ကို Jimin က ေခါင္းညိတ္ျပေလသည္။

"မင္း ဆံပင္ဆိုင္သူေဌးကို ၾကည့္ေနတဲ့ အၾကည့္ေတြကို ေျပာတာ.. စိတ္မပူပါနဲ႔ ဒီက စီနီယာ Hyung က ႏႈတ္လုံပါတယ္"

"ဘာကို စီနီယာလဲ"

"ဒီဆံပင္ဆိုင္ကို ငါ အရင္ေရာက္တာေလ ငါက စီနီယာေပါ့"

ဂုဏ္ယူဝံ့ႂကြားစြာ ရင္ဘတ္ကို ေကာ့ထားရင္း ခါးေထာက္ကာ ေျပာလိုက္သည့္ Jimin ေၾကာင့္ Taehyung ႏွာေခါင္း ရႈံ႕လိုက္မိသည္။

"အခ်စ္ေရးမွာလည္း ငါက စီနီယာေလ.. အဟင္း ငါက ပုံမွန္လိုဆို မႂကြားတတ္ေပမယ့္.."

Jimin က ဆက္မေျပာပဲ ဘယ္ဘက္ လက္သူႂကြယ္က လက္စြပ္ေလးကို ၫႊန္ျပေလသည္။ ၿပီးမွ မ်က္ဝန္းလွလွေလးေတြ မွိတ္မတတ္ ၿပဳံးျပကာ..

"ငါက အိမ္ေထာင္သည္ပါ.. လက္ထပ္ထားၿပီးသား မနက္က ငါ့ကို လာပို႔တဲ့သူ ျမင္လိုက္တယ္ မလား ငယ္ငယ္ သန္႔သန္႔ေခ်ာေခ်ာေလးေလ.. အဲ့တာငါ့ ေယာက္်ားပဲ"

'ေတာ္ေသးတယ္ မႂကြားတတ္လို႔' လို႔ Taehyung ႀကိတ္ေတြးလိုက္ရင္း စိတ္မပါသလို ၿပဳံးကာ ေခါင္းညိတ္ျပလိုက္သည္။ ဒါကို Jimin က သတိထားမိပုံမေပၚ လက္သူႂကြယ္က လက္စြပ္ေလးအား ျမတ္ႏိုးစြာ ထိေတြ႕ေနရင္း သူေျပာခ်င္တာသာ ဆက္ေျပာေနေလ၏။

"ဟိုဖက္လမ္းက အေကာက္ခြန္႐ုံးမွာ အလုပ္လုပ္တာ.. အလုပ္လုပ္တယ္ ဆိုေပမယ့္ ေငြေၾကာင့္ လုံးဝ မဟုတ္ဘူးေနာ္၊ သူက ဝါသနာပါလို႔ ငါက ေထာက္ပံ့ေပးတဲ့ သေဘာရယ္ပါ.. တကယ္က ငါတို႔ႏွစ္ေယာက္လုံး ဝက္ဝက္ကြဲ သူေဌးေတြေလ"

နားမေထာင္ခ်င္လည္း အတင္း လႊတ္ေျပာျပေနေသာ Jimin ေၾကာင့္ Taehyung သက္ျပင္း ခိုးခ်လိုက္မိသည္။ 'ဆံသဆရာေလးနဲ႔ ရင္းႏွီးခ်င္လို႔ အလုပ္လာလုပ္ပါတယ္ဆို အဲ့ ဝက္ဝက္ကြဲေတြ ၾကက္ၾကက္ကြဲေတြ ငါက ဘာလုပ္ရမွာလဲ' လို႔ ရင္ထဲမွာ ေအာ္ေနသည္ကို Jimin ၾကားရင္ အိပ္မက္ထဲကလို အဆုံးမရွိ ရန္ပြဲေတြ စၾကေလမလား..။

"သူက ငါ့ကို အရမ္းခ်စ္တာ.. ငါက ပုံမွန္လိုဆို ငါ့အိမ္ေထာင္ေရး အေၾကာင္း ထုတ္ေျပာေလ့ မရွိေပမယ့္ မင္းကိုေတာ့ စီနီယာ တစ္ေယာက္ အေနနဲ႔ မွ်ေဝေပးတာ"

"ဟင္း ဟင္း ေနပါေစ.. ေလလုံးပိမယ့္ ပညာေတြ မလိုခ်င္ပါဘူး"

Taehyung စကားေၾကာင့္ ၿပဳံးေနသည့္ Jimin မ်က္ႏွာ ခ်က္ျခင္း တည္သြားေလသည္။ စိတ္ေလ်ာ့ လိုက္သလို သက္ျပင္းရွည္ တစ္ခ်က္ဆြဲခ်ကာ လက္ျပန္ပိုက္လိုက္ၿပီး..

"မိသားစုလုပ္ငန္း အဆင္မေျပတဲ့သူက အလုပ္ကို ၿပိဳင္ကားနဲ႔ လာတာပဲလား"

"ဘယ္လိုလုပ္သိတာလဲ"

Taehyung က အံ့ဩသြားသလို မ်က္လုံးမ်က္စံျပဴးသြားသည္ကို Jimin ႏွစ္ၿခိဳက္စြာ ၿပဳံးလိုက္မိသည္။ အရာအားလုံးက သူ႔အရာနဲ႔သူ လည္ပတ္ေနသေလာက္မို႔ မက္ခဲ့ဖူးသည့္ အိပ္မက္ရွည္ႀကီးဟာလည္း သာမန္အိပ္မက္ မဟုတ္ဘူး ဆိုတာ တျဖည္းျဖည္း ယုံၾကည္ လက္ခံလာမိသည္။

"မနက္က ေတြ႕လိုက္လို႔ပဲ ထားပါ"

"ဟီး လွ်ိဳ႕ဝွက္ေပးပါေနာ္.. ငါတို႔ သူငယ္ခ်င္းေတြမဟုတ္လား"

ခုနက ႏွာေခါင္းတရႈံ႕ရႈံ႕ လုပ္ေနရာကေန ခ်က္ျခင္း ပုံစံေျပာင္းကာ အသားကုန္ ရယ္ျပေနတဲ့ Taehyung အား Jimin မ်က္ေစာင္းထိုးလိုက္မိသည္။

"ဒီတိုင္းေတာ့ မရဘူး ႏႈတ္ပိတ္ခ အေနနဲ႔..."

Jimin ဆက္မေျပာပဲ စဥ္းစားေနေလသလို ေခါင္းတညိတ္ညိတ္ဟန္ျပဳေနသည္ကို Taehyung ေစာင့္ေနရသည္။ ေနာက္မွ Jimin က သူ႔ဟာသူ ေခါင္းျပန္ခါရင္း..

"ႏိူး ႏိူး.. ငါ က အကုန္ ျပည့္စုံေနတဲ့ သူဆိုေတာ့ ဘာမွ မလိုဘူး.. ဒီတိုင္းပဲ အာေခ်ာင္လိုက္ ေတာ့မယ္ ဆံပင္ဆိုင္သူေဌးေရ.. အု အု"

Taehyung ခ်က္ျခင္း အလ်င္အျမန္ Jimin ပါးစပ္ကို သူ႔လက္ျဖင့္ ပိတ္လိုက္ေပမယ့္ Hobi အေနာက္မွ ထြက္လာေလသည္။

"ၾကက္ေမႊးေလး သြားယူတာကို ဘာလို႔ ငါ့ကို အဲ့ေလာက္ေခၚေနၾကတာလဲ.. ဘာလဲ ရင္းႏွီးသြားၾကၿပီလား"

"ဟီး ဟုတ္တယ္ Hyung အရမ္း ရင္းႏွီးသြားၾကၿပီ ေမြးကတည္းက ပခုံးဖက္ေပါင္းခဲ့တဲ့ သူငယ္ခ်င္းေတြလိုပဲ ေနာ့္ Jimin"

Taehyung စကားကို Jimin ႏွာေခါင္းရႈံ႕ကာ မ်က္ေစာင္းထိုးလိုက္သည္။ Hobi က နားမလည္သလို ေၾကာင္အမ္းအမ္းျဖင့္သာ ေခါင္းညိတ္ျပေလသည္။ မလုံမလဲ ျဖစ္ေနသည့္ Taehyung ပုံစံေၾကာင့္ Jimin ေက်နပ္စြာ ခိုးၿပဳံးလိုက္မိသည္။ အႏိုင္က်င့္ဖို႔ရန္ အကြက္ထဲေတာ့ ဝင္ေနၿပီမို႔ အေၾကာဆန္႔လိုက္ရင္း..

"အား.. ရာသီဥတုက နည္းနည္း အိုက္စက္စက္နဲ႔ ပူသလိုလိုပဲ Iced Americano ေလး တစ္ခြက္ေလာက္ ေသာက္ခ်င္လိုက္တာ"

"ငါဝယ္တိုက္မယ္.. ငါဝယ္တိုက္မယ္"

ခ်က္ျခင္း တုံ႔ဆိုင္းျခင္းမရွိ ေျဖလိုက္တဲ့ Taehyung ေၾကာင့္ Jimin ၿပဳံးျပကာ..

"အဲ့လိုလုပ္မလား"

ေလာေလာဆယ္ေတာ့ ႏႈတ္ပိတ္ဖို႔သာ အဓိကမို႔ Taehyung ေခါင္းတဆက္ဆက္ ညိတ္ျပလိုက္ရသည္။

"ဆံပင္ဆိုင္ သူေဌးေရာ ဘာေသာက္မလဲ သူဝယ္တိုက္မယ္တဲ့"

"Jimin ရာ ဒီေန႔မွ အလုပ္စဆင္းတဲ့သူကို လန္႔ေျပးေအာင္ လုပ္ေနတာလား.. အားနာစရာ ငါက ဆိုင္ရွင္ေလ ငါ ဝယ္တိုက္ရမွာေပါ့"

"ေကာ္ဖီဖိုးက ဘယ္ေလာက္ရွိမွာမို႔လဲ.. ဆံပင္ဆိုင္သူေဌး အားနာလား ငါေတာ့ အားမနာဘူး"

Jimin စကားကို Hobi က သေဘာက်စြာရယ္ရင္း Cashier ေကာင္တာ အံ့ဆြဲေလးထဲမွ ပိုက္ဆံထုတ္ကာ..

"မင္းအတြက္ ဘာမွ မဟုတ္ေပမယ့္ Taehyung အတြက္က် သုံးေယာက္စာဆို မ်ားမွာေလ.. သူက မိသားစု စီးပြါးေရး အဆင္မေျပတာကို"

Hobi စကားကို Jimin က ရယ္ရင္း Taehyung ဘက္လွည့္ကာ မ်က္ခုံးပင့္ျပေလသည္။

"မိသားစု စီးပြါးေရးက သူနဲ႔ပဲ အဆင္မေျပတာ မဟုတ္ဘူးလား"

"Jimin ကေတာ့ တကယ္ပါပဲ အားလည္းမနာတတ္ဘူး"

"ဆံပင္ဆိုင္သူေဌးက ဘာသိလို႔လဲ.. ဒီေကာင္က.."

"ကြၽန္ေတာ္ အဆင္ေျပပါတယ္ ကြၽန္ေတာ္ ဝယ္တိုက္ပါ့မယ္ အလုပ္စဆင္းတဲ့ အမွတ္တရေပါ့ အဟင္း ဟင္း"

Jimin ဆက္မေျပာႏိုင္ေအာင္ Taehyung တစ္ေယာက္ အျမန္ ၾကားျဖတ္ ေျပာလိုက္ရသည္။ Jimin ကေတာ့ ေက်နပ္စြာၿပဳံးရင္း လက္ပိုက္ကာ ထပ္အတြန္႔တက္ေသးသည္။

"Waffle ေရာ စားမွာေနာ္"

"ေအးပါကြာ"

Jimin နဲ႔ Taehyung ႏွစ္ေယာက္အတူ လမ္းေလွ်ာက္ကာ ဆံသဆိုင္ေလးအား စြန္႔ခြါၿပီး ေကာ္ဖီဆိုင္ေလး ဆီ ေလွ်ာက္လွမ္းလာၾကသည္။

"မင္းက အရမ္းတုံးတာပဲ ၿမိဳ႕ႂကြက္ရာ ဒီတိုင္း ကားနဲ႔လာၿပီး ခ်စ္တယ္ေျပာလိုက္ ၿပီးေနတာကို"

"ျငင္းခံရရင္ ဘယ္လိုလုပ္မလဲကြ.. ဒီတိုင္း သံေယာဇဥ္တြယ္ၿပီး မျငင္းႏိုင္ေတာ့တာ ပိုမေကာင္းဘူးလား ဟဲဟဲ"

Taehyung အႀကံအား Jimin ရယ္လိုက္မိသည္။ အင္း.. သူေျပာတာလည္း ဟုတ္တာပဲေလ..။

"ဟုတ္ပါတယ္.. ဒီတိုင္းေနၿပီး ဆံပင္ဆိုင္သူေဌး မျငင္းႏိုင္ေတာ့မယ္ အခ်ိန္က် ဖြင့္ေျပာေပါ့"

"ဝါး.. မင္းက ထင္သေလာက္ လက္ေပါက္မကပ္ဘူးပဲ"

"မင္းလည္း ထင္သေလာက္ မတုံးဘူးပဲ"

"Ya!! ဒီေန႔မွ သိတဲ့ ငါ့ကိုတုံးတယ္ေတြေရာ ၿမိဳ႕ႂကြက္ေတြေရာ"

Taehyung အာေခါင္ျခစ္ကာ ရန္ေထာင္လိုက္သည္ကို Jimin သေဘာက်စြာ ရယ္ေလသည္။ လူငယ္ေကာင္ေလးႏွစ္ေယာက္ရဲ႕ တီးတိုးစကားမ်ားသံႏွင့္ ရယ္သံေလးမ်ားက ႂကြက္တြင္း ရပ္ကြက္ေလး ကို သာယာေစသည္။

"ေအာ.. ဟိုမွာ မင္းေျပာတဲ့ မင္းေယာက္်ား မလား"

Taehyung ၫႊန္ျပရာ ေကာ္ဖီဆိုင္ေလးထဲ ႀကိဳေရာက္ေနသည့္ Jungkook နဲ႔ အတူ သူတို႔႐ုံးမွ အေပါင္းအပါတခ်ိဳ႕အား ျမင္လိုက္ရသည္။ တစ္႐ုံးလုံးစာဟု ထင္ရသည့္ ေကာ္ဖီခြက္မ်ားအား ေခါက္တုံ႔ေခါက္ျပန္ သယ္ေနရေသာ Jungkook ေၾကာင့္ Jimin သက္ျပင္းခ်လိုက္မိသည္။

"ဒီငတုံးကေတာ့.. ငါ ဒီေလာက္ အတန္တန္ မွာထားတာကို"

Jimin ေကာ္ဖီဆိုင္ေလးထဲ ခပ္သုတ္သုတ္ ဝင္သြားသည္အား Taehyung ေနာက္မွ အမွီလိုက္ရသည္။

"ျဖည္းျဖည္း သြားပါ Park Jimin ရာ.. မင္း ေယာက္်ားက ထြက္ေျပးမွာလည္း မဟုတ္"

Taehyung စကားကို Jimin နားမဝင္ပါ။ အာ႐ုံထဲေရာက္ေနသည့္ တစ္ခုတည္းေသာ အရာက တာဝန္ခံ ဆိုသူ အဘိုးႀကီးအား ႏွိမ္နင္းဖို႔။

"Jeon Jungkook အဲ့တာ ဘာလုပ္ေနတာလဲ"

Jungkook ေကာင္တာမွ ေကာ္ဖီခြက္ေလးေတြ သယ္ၿပီး စားပြဲဝိုင္းေလးဆီ အေရာက္ ေနာက္မွ ၾကားလိုက္ရတဲ့ ေငါက္သံေၾကာင့္ ေက်ာပင္ တြန႔္သြားသည္။

"Hyung ဘယ္လိုျဖစ္ၿပီး"

"ဆံပင္ဆိုင္က သူငယ္ခ်င္းအသစ္ Kim Taehyung က ေကာ္ဖီတိုက္မယ္ဆိုလို႔ ေရာက္လာတာ.. မင္းကေရာ ဘယ္လိုျဖစ္ၿပီး စားပြဲထိုး လာလုပ္ေနတာလဲ"

"အာ.. Hyung ကလည္း အဲ့လို မဟုတ္တာကို"

Jungkook က စားပြဲဝိုင္းတြင္ ထိုင္ေနၾကေသာ ႐ုံးဝန္ထမ္းေဖာ္မ်ားကို အားနာေနဟန္ ေျဖသည္။ Jimin က မ်က္ႏွာက စိတ္ဆိုးေနသလို တင္းမာေနၿပီး လက္ပိုက္ကာ..

"မင္းတို႔ ႐ုံးရဲ႕ တာဝန္ထဲ ေကာ္ဖီဆိုင္မွာ စားပြဲထိုးတာကို ပါတာလား"

"Hyung.."

Jungkook တားသလို Jimin လက္ေမာင္း လာကိုင္သည္ကို Jimin ဆတ္ခနဲ ျဖဳတ္ခ်လိုက္ၿပီး သူ႔စကားကိုသာ ဆက္ေျပာသည္။

"ဒါမွမဟုတ္ မင္းတို႔႐ုံးက လုပ္ေဖာ္ကိုင္ဖက္ေတြက ေျခေတြ လက္ေတြ မပါလို႔လား"

Jimin စကားေၾကာင့္ ႐ုံးဝန္ထမ္းတခ်ိဳ႕က အားနာသလို ေခါင္းငုံ႔ထားၾကသည္။ တခ်ိဳ႕ကေတာ့ မ်က္စိမ်က္ႏွာပ်က္လို႔ ေကာ္ဖီဆိုင္ အျပင္ကိုသာ ေငးေမာေနၾကသည္။ Taehyung မွာလည္း ေဘးကေန ရပ္ေနရတာ အားနာတာမို႔ ေကာ္ဖီဆိုင္ မ်က္ႏွာၾကက္အား အေၾကာင္းျပခ်က္မရွိ ေမာ့ၾကည့္ေနေလသည္။ ထိုစဥ္ တာဝန္ခံရဲ႕ လက္ေထာက္ ထင္ရသည့္ သူတစ္ေယာက္က ထကာ..

"ဒီက.. ဘယ္သူမို႔ ဒီလို ႐ိုင္း႐ိုင္းစိုင္းစိုင္းေတြ လာေျပာေနတာလဲ"

"ငါလား.. Jeon Jungkook ရဲ႕ ပိုင္ရွင္"

Jimin အေျဖေၾကာင့္ ႐ုံးဝန္ထမ္းတခ်ိဳ႕ထံမွ တီးတိုးစကားမ်ား ပိက်ိပိက်ိျဖင့္ ထြက္လာေလသည္။ Jungkook ကေတာ့ ဂုဏ္ယူဝမ္းေျမာက္စြာ ၿပဳံးရင္း..

"ကြၽန္ေတာ့္ အမ်ိဳးသားပါ"

"မဟုတ္ေသးဘူး ဘယ္ေလာက္ပဲ အမ်ိဳးသားေနေန ႐ုံးက အထက္လူႀကီးကို အဲ့လို မ်က္လုံးႀကီးျပဴးၾကည့္စရာ လိုလို႔လား.. ၿပီးေတာ့ မင္း တစ္ေယာက္ပဲ ခိုင္းေနတာမွ မဟုတ္တာ ခါတိုင္း Yoongi ေရာ ခိုင္းတာပဲေလ ဒီေန႔ သူမလာလို႔ မင္းတစ္ေယာက္ပဲ လုပ္ရတာဆိုတာ မင္းေယာက္်ားကို ရွင္းျပလိုက္စမ္း"

တာဝန္ခံ Gumshin က Jungkook အား အမိန္႔ေပးသလို ဝင္ေဟာက္လိုက္တာမို႔ Jimin ပိုစိတ္တိုမိသည္။ Jungkook က အားနာေနဟန္ လက္ပိုက္ကာ ရင္ေကာ့ရပ္ေနသည့္ Jimin ဘက္လွည့္၍..

"ဟုတ္တယ္ Hyung ရဲ႕ ခါတိုင္း ႏွစ္ေယာက္လုပ္ရတာ ဒီေန႔မွ အဲ့ Hyung က မလာလို႔ ေမာင္တစ္ေယာက္တည္း.."

"တိတ္စမ္း.. သူမ်ား ေကာ္ဖီခြက္ သယ္ေပးရေအာင္လို႔ မင္းကို ငါ ဒီအလုပ္ထဲ ထည့္ခဲ့တာ မဟုတ္ဘူး.. မင္း အထက္လူႀကီး နာမည္ေျပာစမ္း"

ေဒါသထြက္ကာ ေဘာင္းဘီ အိတ္ထဲမွ ဖုန္းကို ထုတ္ၿပီး တစ္ေယာက္တစ္ေယာက္ဆီ ေခၚေနဟန္ ျပဳေနသည့္ Jimin ေၾကာင့္ တာဝန္ခံ Gumshin ပုံစံက နည္းနည္းေတာ့ တုန္လႈပ္သြားဟန္ေပၚသည္။ Jimin သတိထားမိေပမယ့္ ဂ႐ုမစိုက္သလို တားေနသည့္ Taehyung လက္နဲ႔ Jungkook လက္ကို ျဖဳတ္ခ်ကာ နံပါတ္တစ္ခုအား ႏိုပ္လိုက္သည္။

"ဟဲလို Joon လား.. ကြၽန္ေတာ္ပါ အကူညီ ေတာင္းစရာရွိလို႔ Hyung ေတာင္ကိုရီးယားက အေကာင္ႀကီးႀကီးေတြနဲ႔ အခ်ိတ္အဆက္ရွိတယ္မလား"

"ဘယ္ရွိမလဲ ငါက ကိုရီးယားကို ခဏ ခဏ သြားတယ္ ဆိုတာ စီးပြါးေရး ဖက္စပ္ေလာက္ပဲကို"

တစ္ဖက္ဖုန္းထဲက Joon ရဲ႕ အိပ္ခ်င္မူးတူး အေျဖကို လစ္လ်ဴ႐ူကာ Jimin ၿပဳံးၿပီး ေခါင္းညိတ္ရင္း..

"အင္း.. အစိုးရပိုင္းကေလ.."

"ပိုလို႔ေတာင္ မရွိေသး ဘာလို႔လဲ"

"ဒီမွာေလ Jeon Jungkook ကို အလုပ္ လုပ္ပါေစ ဆိုၿပီး အေကာက္ခြန္႐ုံးထဲ ထည့္ေပးထားတာ ေကာ္ဖီခြက္သယ္ေနရလို႔ တိုင္လို႔ရတဲ့ ေနရာ ရွိလားလို႔"

"အဲ့တာကို ႏိုင္ငံျခား Call နဲ႔ ဘာလင္ထိ လွမ္းဆက္တာလား၊ ဘာလင္က ဆိုးလ္ထက္ ရွစ္နာရီ ေနာက္က်တယ္ဆိုတာ မသိတာလား၊ ဒီမွာ မနက္ ႏွစ္နာရီေက်ာ္ပဲ ရွိေသးတာကို.. Grazie တို႔ကေတာ့ အခ်စ္ေၾကာင့္ ဘာမွ မျမင္ေတာ့ဘူးပဲ"

အိပ္ခ်င္မူးတူး အသံျဖင့္ေတာင္ ရန္ေထာင္ေနႏိုင္ေသးသည့္ Joon စကားေၾကာင့္ Jimin ရယ္ခ်င္ေပမယ့္ ထိန္းကာ ၿပဳံးရင္း..

"အာ.. ရွိတယ္လား.."

"မင္းကေတာ့ ခက္ၿပီ မရွိပါဘူးဆို"

တစ္ဖက္ဖုန္းထဲ ေျပာခ်င္တာေျပာေနတဲ့ Jimin အား Namjoon နားလည္မည္ မဟုတ္ပါ။

"အင္း အင္း.. နာမည္နဲ႔ ရာထူးေမးၿပီး Hyung ဆီ မက္ေဆ့ပို႔လိုက္မယ္"

"ဘယ္သူ႔နာမည္နဲ႔ ရာထူးတုန္းဟ.. ငါ က ဘာလုပ္ရမွာလဲ"

"အင္း ေက်းဇူးေနာ္ Hyung"

"ဘာကို.."

Joon စကားမဆုံးခင္ Jimin ဖုန္းခ်က္ျခင္း ခ်လိုက္ၿပီး တာဝန္ခံ Gumshin ႏွင့္ ခုနက ဝင္ ေဟာက္စား လုပ္ထားသည့္ လူကို ေမးေငါ့ျပကာ မက္ေဆ့ ႐ိုက္ဟန္ ျပဳလိုက္သည္။

"နာမည္နဲ႔ ရာထူးေျပာ"

Jimin ေမးခြန္းေၾကာင့္ စိုးရိမ္သလို တုန္လႈပ္သြားၾကတဲ့ တာဝန္ခံ Gumshin နဲ႔ သူ႔လက္ေထာက္ေၾကာင့္ Jungkook ၾကားထဲကေန ေနရခက္ေနမိသည္။

"Hyung.. ေမာင္ အဆင္ေျပတယ္ဆို"

"ငါ မေျပဘူး.. ဟိုဘိုးေတာ္ေတြ ေျပာ.. နာမည္နဲ႔ ရာထူး"

"ဟို.. ဒီကညီေလး အစ္ကိုတို႔ကို အထင္လြဲေနပုံပဲေနာ္.."

"ဟုတ္ပါတယ္.. Jeon Jungkook က ဝန္ထမ္းသစ္ျဖစ္ၿပီး အသက္အငယ္ဆုံးဆိုေတာ့ အစ္ကိုတို႔က အကူညီေတာင္းတဲ့ သေဘာပါ"

ေလသံေပ်ာ့ကာ ေျပာင္းသြားတဲ့ တာဝန္ခံႀကီးနဲ႔ သူ႔လက္ေထာက္ေၾကာင့္ Jimin ခနဲ႔သလို ၿပဳံးလိုက္မိသည္။ ၿပီးမွ ေဘာင္းဘီအိတ္ထဲက ပိုက္ဆံအိတ္ေလးကို ဖြင့္ၿပီး အရင္ ဂ်ာမနီမွာတုန္းက အသုံးျပဳခဲ့သည့္ Business card ေလးအား ထုတ္ကာ လွမ္းေပးလိုက္သည္။

"ဒီက ကြၽန္ေတာ့္ Business card ပါ.. ဒီတစ္ခါေတာ့ နားလည္ေပးလိုက္ပါ့မယ္ ေနာက္တစ္ခါ ကြၽန္ေတာ့္ ခင္ပြန္းကို လုပ္ငန္းနဲ႔ မသက္ဆိုင္တာေတြ ခိုင္းေနတာပဲ ျဖစ္ျဖစ္ သာမန္ထက္ အလုပ္ေတြ ဖိခိုင္းေနတာပဲ ျဖစ္ျဖစ္ သိရတာနဲ႔ ခ်က္ခ်င္း သက္ဆိုင္ရာဆီ သတင္းပို႔ တိုင္းၾကားမွာပါ"

"စိတ္ခ်ပါ ညီ အစ္ကိုတို႔က အဲ့လိုစိတ္ လုံးဝမရွိပါဘူး တစ္ကယ္.."

Jimin Business card အား ၾကည့္ၿပီး အလန႔္တၾကား ၿပဳံးရယ္ျပေနၾကသည္မို႔ Jimin ေက်နပ္စြာ ၿပဳံးလိုက္မိသည္။ ေျပာပါတယ္.. ခ်မ္းသာတဲ့ ဘဝက Park Jimin အတြက္ အေကာင္းဆုံးပဲ လို႔..။ Jungkook မ်က္ႏွာ လွမ္းၾကည့္မိေတာ့ အနည္းငယ္ ညႇိဳးႏြမ္းေနသေယာင္မို႔ Jimin ခပ္နာနာေလး တစ္ခ်က္ ႐ိုက္လိုက္မိသည္။

"ၿပဳံးထားစမ္းပါ ေမာင္ရာ.. မင္းအတြက္ လုပ္ေပးေနတာကို"

"ေမာင္ အဆင္ေျပပါတယ္ဆို Hyung ရယ္"

ႏႈတ္ခမ္းေအာက္က မဲ့ေလး ေပၚေအာက္အထိ ႏႈတ္ခမ္းပါးေလးကို ေထာ္ကာ ေျဖသည့္ Jungkook အား Jimin မ်က္ေစာင္းထိုးလိုက္မိသည္။ Jungkook ရင္ဘတ္အား ခပ္ၾကမ္းၾကမ္း တစ္ခ်က္ ႐ိုက္လိုက္ၿပီး..

"ေတာ္ၿပီ ဆက္မျငင္းနဲ႔ေတာ့ ငါ စကားမမ်ားခ်င္ဘူး.. ငါ ဆံပင္ဆိုင္ ျပန္ရဦးမွာ"

"ဂ႐ုစိုက္ျပန္ဦးေနာ္ Hyung"

ေကာ္ဖီဆိုင္ေလးထဲ ဝယ္စရာရွိတာ ဝယ္ခဲ့ၿပီး Jimin နဲ႔ Taehyung ဘီဘီ ဆံသဆိုင္ေလးဆီကိုသာ ျပန္လာခဲ့ၾကသည္။ ေလေတြေပါ အခ်ိန္ေတြ ျဖဳန္းၿပီးေနာက္မွာေတာ့ တစ္ေနကုန္ ေမွ်ာ္လင့္ေနခဲ့ရေသာ ညေန ငါးနာရီ အခ်ိန္ေလးကို ေရာက္လာေလေတာ့သည္။

"ေမာင္ လာႀကိဳပါၿပီ"

"ငါ ျပန္ၿပီ ဆံပင္ဆိုင္သူေဌးနဲ႔ ၿမိဳ႕ႂကြက္ေရ"

"သူ႔ေယာက္်ားလာေတာ့ ငါတို႔ေတာင္ လွည့္မၾကည့္ေတာ့ဘူး ႂကြႂကြ"

Taehyung စကားကို Jimin ရယ္ကာ လွ်ာထုတ္ေျပာင္ျပၿပီး ဆံသဆိုင္ေလးထဲမွ ထြက္လာခဲ့သည္။ Jungkook လည္း Hobi ႏွင့္ Taehyung အား ေခါင္းညိတ္ ႏႈတ္ဆက္ၿပီး အိမ္ျပန္လမ္းေလးဆီ ခ်စ္ခင္ပြန္းေလး လက္ကိုဆြဲကာ ထြက္လာခဲ့သည္။ တိတ္ဆိတ္ေနေသာ အိမ္ျပန္လမ္းေလးဟာ တစ္ခုခု လိုအပ္ေနသလိုမို႔ Jimin ဘက္ကပဲ စကား စလိုက္သည္။

"ေမာင္ ငါ့ကို ေက်ာပိုး"

Jungkook ဘာမွ ျပန္မေျပာပါ ၿပဳံး႐ုံသာ ၿပဳံးၿပီး သူ႔ေက်ာေပၚ တက္ႏိုင္ရန္ ခါးေလးကိုင္းေပးေလသည္။

"ငါ ကားစီးရတာထက္ မင္းေက်ာေပၚတက္ရတာကို ပိုႀကိဳက္တာ သိတယ္မလား"

"ေမာင့္ေယာက္်ားက ေမာင့္ကို ခ်စ္မွ မခ်စ္တာ အႏိုင္က်င့္ရလို႔ ေပ်ာ္ေနတာကိုး"

ရယ္ကာ ေျပာလိုက္တဲ့ Jungkook စကားေၾကာင့္ Jimin အျပစ္ေပးသည့္အေနျဖင့္ မ်က္စိေရွ႕ ေရာက္ေနသည့္ Jungkook ေခါင္းအား နာနာေလး ေခါက္လိုက္သည္။

"ေျပာျပန္ၿပီ အဲ့စကား.. ငါတို႔ လက္ထပ္ထားတာ တစ္ႏွစ္ေတာင္ေက်ာ္ေနၿပီေနာ္ ငါသာမခ်စ္ရင္ တစ္ရက္ေတာင္ ခံမွာ မဟုတ္ဘူး ရွင္းလား"

"စတာပါ Hyung ရဲ႕"

Jungkook ရယ္သံေလးနဲ႔ အတူ ျပန္တိတ္ဆိတ္သြားတဲ့ စကားဝိုင္းေလးအား Jimin အလိုမက်မိပါ။ Jeon Jungkook ဆိုတာ အၿမဲေရပက္မဝင္ေအာင္ ေလေပါတဲ့ ေကာင္ေလးမဟုတ္လား..။ ဘာလို႔ ဒီေန႔မွ တိတ္ဆိတ္ေနပါလိမ့္...။

"Jeon Jungkook"

"ဗ်ာ"

"မင္း ဘာျဖစ္ေနတာလဲ.. တစ္ခုခု ျဖစ္ေနသလိုပဲ"

Jimin ေမးခြန္းကို Jungkook မေျဖပါ အခ်ိန္အၾကာႀကီး တိတ္ဆိတ္ေနေလသည္။ Jimin အားမလို အားမရ ျဖစ္မိတာမို႔ Jungkook ပခုံးထက္ ေမးေလးတင္ကာ နီးကပ္ေနသည့္ ပါးေလးအား အနမ္းေပးကာ ထပ္ေမးလိုက္သည္။

"ဘာျဖစ္ေနတာလဲလို႔ ေမးေနတာကို"

"ေမာင့္ေယာက္်ား ေမာင့္ကို ခ်စ္တယ္မလား"

"ဆိုပါေတာ့"

Jimin အေျဖေၾကာင့္ Jungkook ၿပဳံးသြားေလသည္။ ၿပီးမွ ေခါင္းျခင္း ဖြဖြေလး တိုက္လိုက္ကာ..

"အဲ့တာဆို ေမာင္ နည္းနည္းဆူခ်င္တယ္ ရမလား"

"ဆူတာက ဆူလို႔ ရတာက ရပါတယ္ ဒါေပမယ့္ နားေထာင္ မေထာင္ အာမ မခံဘူးေနာ္.. ငါက အဘိုးဆူတာေတာင္ နားေထာင္တဲ့သူ မဟုတ္ဘူး"

Jungkook ဘာမွ ဆက္မေျပာပဲ ရယ္သာ ရယ္ေလေနသည္။ ခဏ အၾကာမွ သက္ျပင္း တိုးတိုးေလး တစ္ခ်က္ခ်ကာ..

"ေမာင့္ေယာက္်ား ေကာ္ဖီဆိုင္ထဲကလို လုပ္ရပ္မ်ိဳးကို ေမာင္ မလုပ္ေစခ်င္ဘူး"

"ဘာလို႔လဲ ငါ့ေယာက္်ား ငါ ကာကြယ္တာေလ"

Jimin ရန္ေထာင္သလို ခ်က္ခ်င္း ပက္ခနဲ ျပန္ေျပာလိုက္သည္ကို Jungkook သက္ျပင္းခ်ေလသည္။

"ေမာင္ သိပါတယ္.. ဒါေပမယ့္.. Hyung က အဲ့လိုဝင္ေျပာေပးေတာ့ ေမာင္က အသုံးမက် သလိုႀကီး.. ေမာင္လည္း ကိုယ့္ကိုကိုယ္ ကာကြယ္ႏိုင္ပါတယ္ဗ်"

"မင္းအဘပဲ ကာကြယ္"

ေက်ာေပၚကေန ခုန္ဆင္းကာ Jungkook လက္ေမာင္းအား ျဖန္းခနဲ ျမည္ေအာင္ ႐ိုက္ေလသည္။

"မင္း တုံးအၿပီး ၿငိမ္ခံေနလို႔ ငါ ဝင္ပါေနရတာ.. ေက်းဇူးမတင္ *င္လွန္မျပနဲ႔"

"ေမာင္ သိပါတယ္ ဒါေပမယ့္ အဲ့တာက အလုပ္ဆိုေတာ့ ဘာမွ မဆိုင္တဲ့ Hyung က.."

"ငါက ဘာမွမဆိုင္တဲ့လူလား.. မင္း အႏိုင္က်င့္ခံေနရတာ ငါနဲ႔ မဆိုင္ဘူးလား"

"အာ.. ရႈပ္ကုန္ၿပီ ေမာင္ေျပာခ်င္တာ.."

"ဘာမွဆက္မေျပာနဲ႔ ေသာက္တုံး.. မကြာရွင္းခ်င္ရင္ ကိုယ့္ပါးစပ္ ကိုယ္ပိတ္ၿပီး ေနာက္က လိုက္ခဲ့"

ေဆာင့္ေအာင့္ ဆဲဆိုကာ ထြက္သြားသည့္ Jimin ေၾကာင့္ Jungkook ကိုယ့္ေခါင္းကိုယ္သာ ကုပ္လိုက္မိသည္။

ထိုေန႔က တစ္ညလုံး Jimin ဘက္မွ ဘာစကားမွဆက္မေျပေတာ့သလို တင္းမာလြန္းလွတဲ့ မ်က္ႏွာထားေၾကာင့္ Jungkook လည္း ဘာမွ အစျပဳၿပီး မဟရဲ။ အခန္းျပင္ ထုတ္ထားတဲ့ ေခါင္းအုံးေလးကို ပိုက္ကာ TV ေရွ႕က ခုံေလးထက္ အိပ္ရာဝင္ခဲ့ရသည္။ ေနာက္ရက္မနက္လည္း Jimin က သူ႔ဟာသူ အိပ္ရာထကာ စကားတစ္ခြန္းပင္မေျပာပဲ မေျပာပဲ ထြက္သြားေလသည္။ စားမယ့္သူ မရွိသည့္ မနက္စာေလးအား ေငးရင္း Jungkook သက္ျပင္း ခ်မိျပန္သည္။ ဒီလိုနဲ႔ အမႈိက္ေလးက စတဲ့မီးဟာ အခ်စ္ ျပသာဒ္ႀကီးပါ မီးထဲ ပါေလေတာ့မလား မသိ..။

"Ya~ မင္းတို႔ ေျပာၾကည့္စမ္းပါ ငါမွားလားလို႔"

ေဒါသထြက္ေနသလို ဒူးတစ္ဖက္ ေထာင္ၿပီး ထိုင္ကာ ထမင္းလိပ္အား မလွီးထားပဲ အေခ်ာင္းလိုက္ ဆြဲစားရင္း ေမးလိုက္သည့္ Jimin အေမးေၾကာင့္ Hobi နဲ႔ Taehyung တစ္ေယာက္ မ်က္ႏွာ တစ္ေယာက္ ၾကည့္လိုက္မိသည္။ Hobi က သက္ျပင္းတိုးတိုးေလး ခ်ကာ..

"မမွားေပမယ့္.. အင္း.. မွန္တယ္ရယ္ လို႔လည္း မဟုတ္ေသးဘူးေလ၊ Jungkook ေျပာတာလည္း မွန္တယ္၊ ေျပာရရင္ မင္းက အျပင္ကလူကို ႐ုံးဝန္ထမ္းေတြ ေရွ႕မွာ သူ႔အထက္လူႀကီးကို သြားၿခိမ္းေျခာက္သလို ျဖစ္သြားတာကိုး.. အဲ့က် သူ႔အတြက္က် ေနာက္ရက္ ႐ုံးဆက္သြားဖို႔ ဘယ္ေကာင္းမလဲ"

"အဲ့တာေတာ့ ဟုတ္တယ္.. အဲ့တုန္းက တျခားဝန္ထမ္းေတြက Jungkook ကိုပဲ ဝိုင္းၾကည့္ၿပီး အတင္းေျပာေနၾကသလိုပဲ"

Hobi စကားအဆုံးမွာ Taehyung က ဝင္ေထာက္ခံသည္မို႔ Jimin သက္ျပင္းသာ ခ်လိုက္မိသည္။

"ငါကေတာ့ ငါ့ကိုယ္ကိုငါ အရမ္း မိမိုက္ေနမွာပဲ ေတြးထားတာကို.. ဒီငတုံးေတြက ငါ့မိမိုက္မႈကို မျမင္တတ္လိုက္တာ"

တခ်က္ခ်က္ သြားေနတဲ့ နာရီသံေတြေၾကာင့္ ခါတိုင္း ေမွ်ာ္ေနၾက ညေနငါးနာရီကို ေရာက္မွာ စိုးရိမ္ေနမိသလို ခံစားလာရသည္။ သူတကယ္ပဲ Jungkook ေနရခက္ေအာင္ တဇြတ္ထိုး လုပ္လိုက္မိၿပီလား...။

"ငါ ျပန္ေတာ့မယ္"

"ဟင္ မင္း ေယာက္်ားကို မေစာင့္ေတာ့ဘူးလား"

Hobi က Customer ရွိေနသည့္မို႔ ဆံပင္ညႇပ္ေပးေနရင္း ေမးလိုက္သည္။ Jimin က အားမရွိသလို ေခါင္းခါျပရင္း..

"ေတာ္ပါ.. ငါ မွန္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္ မေတြ႕မခ်င္း သူ႔ကို မေတြ႕ခ်င္ဘူး"

အတူျပန္ေနၾက လမ္းေလးမွာ တစ္ေယာက္တည္း လမ္းေလွ်ာက္ရတဲ့ ညေနခင္းေလာက္ အထီးက်န္ၿပီး ေၾကကြဲဖြယ္ေကာင္းတာ မရွိပါ။ ငိုခ်င္မိေပမယ့္ ငါ့အမွား မဟုတ္ဘူးဆိုတဲ့ အသိမာနေၾကာင့္ ငိုလည္း မငိုခ်င္။ က်လာေတာ့မလို တြဲခိုလာတဲ့ မ်က္ရည္တို႔ကို မ်က္ေတာင္ခတ္ကာ ျပန္သိမ္းဆည္းလိုက္ရတဲ့ ညေနခင္းဟာ ဘဝတစ္ေလွ်ာက္ ႀကဳံခဲ့ဖူးသမွ် ညေနခင္းထဲ ဝမ္းနည္းဖို႔ အေကာင္းဆုံးပါပဲ။ တစ္ခါတေလက် အသည္းကြဲဖို႔အတြက္ မိုး႐ြာစရာ မလိုဘူးဆိုတာကို ေနသာေနတဲ့ ညေနခင္းေလးက တစ္ကြက္ျပလိုက္ေလသည္။

"Hyung.. ညစာ စားရေအာင္"

အခန္းတံခါးကို ေခါက္ၿပီး ေမးလာတဲ့ အသံခ်ိဳခ်ိဳေလးေၾကာင့္ Jimin ငိုခ်လိုက္ခ်င္မိၿပီ။ ၾကည့္ပါ့လား.. ေခၚတာေတာင္ ေျပာင္းသြားၿပီ.. Hyung တဲ့..။ ခါတိုင္းလည္း တစ္ခါတေလ ညႇပ္ေခၚတတ္ေပမယ့္ ဒီေန႔မွ ဆတ္ဆတ္ထိမခံတဲ့ ရင္ဘတ္က နာက်င္ေနမိသည္။

"ေမာင့္ေယာက္်ား.."

အခန္းအျပင္က အသံတိုးတိုးေလးက မသိရင္ ကိုယ့္စိတ္ထဲက စကားေတြ ၾကားေနရသလိုလို။ တင္းခံထားသည့္ ၾကားက Jimin မ်က္ရည္တို႔ စီးက်လာေလသည္။ အမွန္အတိုင္း ဝန္ခံရရင္ ခါတိုင္းလို သာမန္အတိုင္း စိတ္ဆိုးေနၾကတာထက္ Jungkook စိတ္ထဲ သူ႔ကို အျပစ္တစ္ခုလို႔ ျမင္သြားမွာကို Jimin ေၾကာက္သည္။ ဘဝတစ္ေလွ်ာက္လုံး အျပစ္ က်ဴးလြန္ခဲ့တာေတြ မ်ားခဲ့ေပမယ့္ Jungkook အျပစ္ျမင္မွာ မႀကိဳက္ပါ။ ကိုယ့္ဆံပင္ကိုယ္ ဖြလိုက္ၿပီး ဒူးေလးေထာင္ဖက္လိုက္ကာ က်ဳံ႔က်ဳံ႔ေလး ေခါင္းေမွာက္ အသံတိတ္ ငိုေနမိသည္။

"ေမာင္ ေတာင္းပန္ပါတယ္"

Jimin ငိုခ်လိုက္မိသည္။ သို႔ေပမယ့္ ဝမ္းနည္းလို႔ေတာ့ မဟုတ္ပါ။

"မေကာင္းတဲ့ ေကာင္ေလး.. သူက အရင္ ေတာင္းပန္ေတာ့ ငါက ဘာဆက္လုပ္ရမွာလဲ"

တိုးတိုးေလး အျပစ္ဆိုသံ အဆုံးမွာ Jimin ခ်က္ခ်င္း မွန္တင္ခုံ ေရွ႕ေျပးရပ္ကာ မွန္ၾကည့္ရင္း ပါးျပင္မွ မ်က္ရည္ေတြ ဖယ္ရွားလိုက္သည္။ ခုနက ဖြထားလို႔ ရႈပ္ပြေနသည့္ ဆံပင္မ်ားအား ပုံမပ်က္ေစရန္ ေခါင္းၿဖီးလိုက္သည္။

"တကယ္ဆို Hyung ေနရာမွာ ေမာင္ဆိုလည္း အဲ့လို လုပ္မိမယ္ ထင္ပါတယ္.. အဲ့တာေၾကာင့္ ေမာင့္ေယာက္်ားကို တကယ္ အႀကီးႀကီး ေတာင္းပန္ပါတယ္"

မွန္ထဲမွ ေခါင္းၿဖီးေနသည့္ ပုံရိပ္ေလးဟာ ႏွစ္ၿခိဳက္စြာ ၿပဳံးသြားေလသည္။ ဒါဟာ Jeon Jungkook ကို သူေ႐ြးခ်ယ္ခဲ့တာ ဘယ္ေတာ့မွ မမွားပါဘူးဆိုတဲ့ သက္ေသ အေထာက္အထားေတြေလ။ အဲ့တာေတြ ေၾကာင့္လည္း သခင္ေလး Grazie အခ်စ္မွာ ျပန္မထႏိုင္ေအာင္ က်ရႈံးေနတာ ျဖစ္ႏိုင္ပါတယ္..။

"ဒီေသာက္႐ူးကေတာ့.."

ႏွစ္ၿခိဳက္စြာ ၿပဳံးေနသည့္ၾကားထဲက တိုးတိုးေလး က်ိန္ဆဲလိုက္ေသးသည္။ အတတ္ႏိုင္ဆုံး မ်က္ႏွာထားကို တင္းထားကာ အခန္းတံခါး ေဆာင့္ဖြင့္လိုက္ေတာ့ အခန္းေရွ႕နား ငိုမဲ့မဲ့ ရပ္ေနေသာ ငတုံးေလးအား ျမင္လိုက္ရသည္။ Jimin ထြက္လာတာနဲ႔ ထိုေကာင္ေလးဟာ မ်က္ေတာင္ပုတ္ခတ္ ပုတ္ခတ္ဟန္ျပဳရင္း..

"ေတာင္းပန္ပါတယ္ Hyung"

"ဒါပဲ မင္းက၊ မင္းပဲ စိတ္ဆိုးတယ္ ၿပီးရင္ ငါက ဘာမွ ေရေရရာရာ မေျပာရေသး ေတာင္းပန္ပါတယ္ ေျပာေတာ့ ငါက ဘာဆက္ေျပာရမွာလဲ"

"ေမာင္ ေမာင့္ေယာက္်ားကို စိတ္မဆိုးပါဘူး.. ဒီတိုင္း နည္းနည္းေလး ဆုံးမတာပါ"

မ်က္လုံးဝိုင္းေလးထဲ မ်က္ရည္တို႔ တြဲခိုရစ္သိမ္းကာ ႏွာသံ တရႈံ႕ရႈံ႕နဲ႔ ေျပာလိုက္တဲ့ ပုံစံေၾကာင့္ Jimin မရယ္မိေအာင္ ကိုယ့္ကိုကိုယ္ ေတာ္ေတာ္ ထိန္းထားရသည္။ မသိရင္ ကိုယ္ကပဲ ဆိုးသြမ္းေနလို႔ ဆုံးမ မႏိုင္တဲ့ ပုံစံနဲ႔ ငိုျပေနေလရဲ႕..။

"ဒီမွာေမာင္"

"ဟုတ္"

'ေမာင္' ဆိုသည့္ နာမ္စားေလးေၾကာင့္ ဆရာႀကီးေပါက္စ စိတ္ဆိုးေျပေနၿပီ ဆိုတာ Jungkook အလိုလို သိ၏။ သို႔ေပမယ့္ ခါးေထာက္ကာ ဆူဖို႔အသင့္ျပင္ေနသည့္ ပုံစံေၾကာင့္ Jungkook အျမန္လက္ပိုက္ကာ ေျဖလိုက္ရသည္။ Jungkook အျပဳအမူေၾကာင့္ Jimin မထိန္းႏိုင္ေတာ့ပဲ ၿပဳံးမိသြားေလသည္။ အၿပဳံးလွလွေလးကို ျမင္လိုက္ရမွ Jungkook မွာလည္း မ်က္ရည္ေတြၾကား လိုက္ၿပဳံးႏိုင္ေတာ့သည္။ အတင္း ၿပဳံးျပေနသည့္ ေကာင္ေလးအား Jimin မ်က္ေစာင္း တစ္ခ်က္ထိုးလိုက္ၿပီးမွ..

"မင္းက ဘာကိစၥငါ့ကို ဆုံးမတာလဲ၊ ငါ မင္းထက္ ႏွစ္ ႏွစ္ နီးပါး ႀကီးတယ္ေနာ္.. ႏွစ္ ႏွစ္ဆိုတာ သိပ္မကြာဘူးလို႔ ထင္ရေပမယ့္ လအေနနဲ႔ဆို 24 လ၊ အပတ္အေနနဲ႔ဆို 104 ပတ္၊ ရက္အေနနဲ႔ဆို ရက္ေပါင္း 730၊ နာရီနဲ႔ဆို 17520 နာရီ၊ မိနစ္နဲ႔ဆို 1051200 မိနစ္.. အဲ့ေတာ့ ငါမင္းထက္ နယ္ပယ္ အသီးသီးမွာ ဝါရင့္ၿပီးသား"

"ဟုတ္"

ဘယ္ကတည္းက တြက္ခ်က္ထားမွန္း မသိတဲ့ ဆရာႀကီးေပါက္စေၾကာင့္ Jungkook ရယ္ခ်င္ေပမယ့္ စိတ္ဆိုးေပၚ စိတ္ေကာက္ဆင့္သြားမည္ စိုးရေသးသည္မို႔ မရယ္ရဲပါ။ လက္ပိုက္ၿပီးေတာ့သာ ေျပာသမွ် ေခါင္းညိတ္ျပလိုက္ရသည္။

"တစ္ေန႔ကို ထမင္းသုံးနပ္ စားတယ္ ထားဦး.. ငါက မင္းထက္ ထမင္းပန္းကန္ေပါင္း 2190 ေလာက္ စားခဲ့တာ"

"ဟုတ္ ေလးစားပါတယ္ဗ်"

ၿပဳံးစိစိနဲ႔ ေျဖလိုက္တဲ့ Jungkook ေၾကာင့္ Jimin ရယ္လိုက္မိေတာ့သည္။ Jungkook ရင္ဘတ္အား တျဖန္းျဖန္း ႐ိုက္ရင္း..

"မရယ္နဲ႔.. ငါ အတည္ေျပာေနတာေနာ္"

"Hyung လည္းရယ္တာပဲေလ"

ပုတ္႐ိုက္ေနသည့္ လက္ေဖာင္းေဖာင္းေလး ႏွစ္ဖက္အား Jungkook အမိအရ ဖမ္းဆုပ္လိုက္ၿပီး ဆြဲကာ တစ္ကိုယ္လုံး ရင္ခြင္ထဲ ဆြဲသိမ္းထားလိုက္သည္။

"မင္းက ငါ့ကို မေလးစားဘူး ဟာသ လုပ္တယ္"

"ေလးစားပါတယ္ဆို.. ေမာင္က ေမာင့္ေယာက္်ားကို ခ်စ္ေၾကာက္႐ိုေသေလးပါဗ်"

"ေနာက္တစ္ခါ ငါ့ကို ဆူဖို႔ မႀကိဳးစားနဲ႔.. မင္းက ငါ့ကို လက္ထပ္ထားတာေလ အဲ့ေတာ့ ငါ မွားမွားမွန္မွန္ လက္ခံေပးရေတာ့မွာ နားလည္လား"

"ဟုတ္ကဲ့ပါ.. ေမာင္ ေနာက္ ပိုသတိထားပါ့မယ္"

ပိုမိုတင္းၾကပ္စြာ ဖက္လိုက္ရင္း ေျဖလိုက္သည့္ Jungkook ေၾကာင့္ Jimin ရင္ခြင္ထဲမွ ခိုးၿပဳံးလိုက္မိသည္။

"ခ်စ္တယ္.. ေမာင္"

"မဂၤလာ သက္တမ္း တစ္ႏွစ္ေက်ာ္မွာေတာ့ ေမာင့္ေယာက္်ား ဆီက ဒီလိုေလးေတြ ၾကားရေသးသားပဲ"

Jungkook ရယ္ရင္း ေျပာလိုက္သည္မို႔ Jimin ပါ လိုက္ရယ္မိသည္။ ရယ္သံလြင္လြင္ေလးအား Jungkook ျမတ္ႏိုးစြာ နားေထာင္ရင္း အသည္းယားကာ ဆြဲညႇစ္ၿပီး တစ္ပတ္လွည့္လိုက္သည္။ ေျမျပင္နဲ႔ ေျခေထာက္ လႊတ္သြားသည္မို႔ Jimin က တဖုန္းဖုန္း ထု႐ိုက္ေလေတာ့သည္။

"ႏွစ္ေယာက္လုံး ပစ္လဲကုန္မယ္ ေသာက္႐ူးရဲ႕"

"ေမာင့္ေယာက္်ား အျပစ္ေနာ္.. အသည္းယားစရာေကာင္းေအာင္ ခ်စ္ဖို႔ေကာင္းျပေနတာကို"

မိမိအား Jungkook အျပစ္ျမင္မွာ ေၾကာက္ပါသည္ ဆိုတဲ့ သခင္ေလးဟာ ဒီတစ္ခါေတာ့ ၿပဳံးရယ္ေနေလသည္။ အခ်စ္က သိပ္ေၾကာက္ဖို႔ ေကာင္းတာပဲ...။ .........။

"ေမာင့္ေယာက္်ား ခႏၶာကိုယ္ေလးက ဖက္လုံးေလးက်ေနတာပဲကြာ"

"အခု ငါ့ကို ေလးေထာင့္တုံးရွည္ရွည္ႀကီးနဲ႔ ႏိူင္းလိုက္တာလား"

Jimin ရဲ႕ ရန္ေထာင္သံ စကားေၾကာင့္ Jungkook ေပြ႕ဖက္ထားရာမွ ရယ္ေလေတာ့သည္။ ပူးကပ္ထားသည့္ ခႏၶာကိုယ္ေလးကို ခဏ ခြါလိုက္ရင္း ရင္ခြင္ထဲက ေႂကြ႐ုပ္ေလးအား ေငးေမာၾကည့္မိေတာ့ ေႂကြ႐ုပ္ေလးက မ်က္ေစာင္း ေသးေသးေလး ေမတၱာျဖင့္ လွမ္းပို႔ေလသည္။

"အဟမ္း ငါက ပုံမွန္လိုဆို ႂကြက္သားဗလေတြ ရွိပါတယ္.. အခုက ညဝတ္အထူႀကီး ဝတ္ထားရလို႔ပါကြ.. ၿပီးေတာ့ မင္းနဲ႔ရၿပီး ေနာက္ပိုင္း သိပ္ ေလ့က်င့္ခန္း မလုပ္ျဖစ္လို႔သာ မေပၚသလို ျဖစ္ေနတာ"

"ေမာင္က အဲ့လို ေျပာတာမဟုတ္ပါဘူးဗ်ာ ဖက္လိုက္တဲ့ အခ်ိန္တိုင္းမွာ အိအိေလးနဲ႔ ေႏြးေႏြးေလးလို႔ ေျပာခ်င္တာပါ"

"ၿပီးေရာ"

နဖူးေလးနမ္းကာ ေျဖလိုက္တဲ့ Jungkook ေၾကာင့္ ေႂကြ႐ုပ္ေလးဟာ ခ်က္ျခင္း ေက်ေအးေပးသည္။ ထိုညက ညေနနဲ႔မတူ။ အစစအရာရာ လွပေနခဲ့သည္။ တစ္ညတာ ခြဲအိပ္ထားရသည့္ဒဏ္ေၾကာင့္ ငတုံးေလးဟာလည္း အတိုးခ် ေပြ႕ဖက္ေနသလို သခင္ေလး Grazie ဟာလည္း တစ္ညတာ ခြဲခြါခဲ့ရတဲ့ ရင္ဘတ္က်ယ္ႀကီးရဲ႕ ေႏြးေထြးမႈကို အျပည့္အဝ ခံစားေနေလသည္။ .......။

"ျပန္အဆင္ေျပသြားၾကေတာ့လည္း အျမင္ကတ္စရာပဲ"

ညေန ငါးနာရီမွာ နာရီတၾကည့္ၾကည့္ ျဖစ္ေနသည့္ Jimin အား ၾကည့္ရင္း Taehyung တီးတိုး အတင္းတုတ္လိုက္သည္ကို Hobi က ရယ္ေလသည္။

"သြားမစပါနဲ႔ကြာ.. သူအဆင္ေျပရင္ ငါတို႔ဆိုင္လည္း ရာသီဥတု ေကာင္းပါတယ္ ဟဲဟဲ"

"ေမာင္လာႀကိဳပါၿပီ"

တစ္ေနကုန္ ေမွ်ာ္လင္းေစာင့္စားေနရသည့္ Alarm သံ ခ်ိဳခ်ိဳေလးေၾကာင့္ Jimin ထိုင္ေနရာမွ အလင္းထက္ ျမန္သည့္ႏူန္းျဖင့္ ျဖတ္ခနဲ ထလိုက္ေလသည္။

"ဆံပင္ဆိုင္သူေဌးနဲ႔ ၿမိဳ႕ႂကြက္ေရ ငါက ဆိုင္တံခါးခ်တဲ့အထိ ေနေပးခ်င္ေပမယ့္ ငါ့ေယာက္်ားက လာႀကိဳေနၿပီမို႔.."

"ေတာ္စမ္းပါ.. မိုးလင္း ဆိုင္ေရာက္ကတည္းက ျပန္ခ်င္ေနတဲ့သူကမ်ား.."

Taehyung ၾကားျဖတ္စကားေၾကာင့္ Jungkook ေရာ Hobi ၿပဳံးစိစိ ျဖစ္သြားေလသည္။ Jimin က Taehyung အား မ်က္ေစာင္းဖိုးရင္း..

"ငါျပန္ရင္ မင္းေပ်ာ္တယ္ မဟုတ္ဘူးလား.. ဆံပင္ဆိုင္သူေဌးနဲ႔ ႏွစ္ေယာက္တည္း က်န္ခဲ့လို႔ေလ"

"Ya~~"

Jimin စကားေၾကာင့္ Taehyung ခ်က္ျခင္း ေအာ္ေလသည္။ Hobi မ်က္လုံးတို႔လည္း ဝိုင္းစက္လို႔ နား႐ြက္ေလးမ်ားလည္း ရဲေနေလသည္။ Jimin ေက်နပ္စြာၿပဳံးလိုက္ရင္း လက္ျပႏႈတ္ဆက္ကာ..

"အဆင္ေျပၾကပါေစ ငါျပန္ၿပီ ဘိုင္"

Taehyung ရဲ႕ ပြစိ ပြစိ ေအာ္သံနဲ႔အတူ က်န္ခဲ့သည့္ ဆံသဆိုင္ေလးအား Jimin ေျပာင္ျပကာ ထြက္လာခဲ့သည္။ လုပ္ခ်င္တာ လုပ္ရရင္ ေက်နပ္ေနတတ္ေသာ ဆရာႀကီးေပါက္စအား ေငးရင္း Jungkook အတူ လိုက္ ၿပဳံးေနမိသည္။

"ေမာင္ ငါ့ကို ေက်ာပိုးေလ"

"ဟုတ္ကဲ့ပါဗ်ာ"

Jimin တစ္ေယာက္ Jungkook ေက်ာျပင္ေပၚ ေရာက္တာနဲ႔ ထုံးစံအတိုင္း ခိုးနမ္းရင္း စတင္ ဆရာလုပ္ေလေတာ့သည္။

"ဟိုဘိုးေတာ္ မင္းကို အႏိုင္က်င့္ေသးလား"

"ဟင့္အင္း.. ေမာင့္ကို စိုက္ေတာင္ မၾကည့္ရဲေတာ့ဘူးရယ္"

"ေကာင္းတယ္ မင္းကို သူတစ္ခုခု လုပ္ရင္ ငါ့ကို ခ်က္ျခင္းျပန္တိုင္ ၾကားလား"

"Hyung.."

"ဘာလဲ မဆုံးမနဲ႔ေနာ္.. အခန္းျပင္ ထြက္အိပ္ခ်င္ရင္ေတာ့ ဆုံးမ"

Jungkook ဘာမွ မေျပာရေသးခင္ Jimin ခ်က္ျခင္း ဦးေအာင္ ေငါက္လိုက္သည္ကို Jungkook ရယ္ေလသည္။

"မဆုံးမရဲပါဘူးဗ်ာ.. ေမာင္က အရာအားလုံးထက္ ေမာင့္ေယာက္်ားကသာ ေမာင့္ကမာၻပါ"

"ၿပီးေရာ.. ငါက မင္းကို ကာကြယ္ ေစာင့္ေရွာက္ခ်င္လို႔ ေျပာေနတာ အဲ့တာမွ လာဆုံးမရင္လည္း အေသသတ္ပစ္မွာ"

"ဟား.. ေမာင့္ေယာက္်ားကေတာ့ တကယ္ပါပဲ"

ပတ္ဝန္းက်င္ တစ္ခြင္ဟာ ရယ္သံမ်ားႏွင္ ျပည့္ႏွက္ေနေလ၏။ ေနဝင္ခ်ိန္မို႔ ေကာင္းကင္တစ္ခြင္ဟာလည္း ပုစြန္ဆီေရာင္တိမ္တိုက္မ်ားႏွင့္ လွပေနေလသည္။ ႂကြက္တြင္း ရပ္ကြက္ေလးရဲ႕ ပတ္ဝင္းက်င္မွ လူေတာ္ေတာ္မ်ားမ်ားဟာလည္း ညေနေစာင္းတိုင္း ေက်ာပိုး ျပန္တတ္ၾကသည့္ ဒီေကာင္ေလး ႏွစ္ေယာက္ကို မ်က္မွန္းတန္းမိေနေလာက္မည္ ျဖစ္သည္။

"Hyung က ေမာင့္ ကို ေစာင့္ေရွာက္စရာ မလိုပါဘူးဗ်.. ေမာင္ကပဲ Hyung ကို တစ္သက္လုံး ကာကြယ္ ေစာင့္ေရွာက္သြားမွာ"

Jungkook စကားေၾကာင့္ Jimin သေဘာက်စြာ ၿပဳံးလိုက္မိသည္။ Jungkook ပခုံးအား ဖြဖြေလး တစ္ခ်က္ ငုံကိုက္လိုက္ၿပီး ပခုံးေလးထက္ ေမးတင္ကာ..

"ငါ ဗိုက္ဆာေနၿပီ"

"ဟိုဘက္လမ္းမွာ Cotton Candy ဆိုင္ အသစ္ဖြင့္ထားတာ မနက္ကေတြ႕တယ္ ဝင္ဝယ္မလား"

"ေတာ္ၿပီ"

ပခုံးထက္ေမးတင္ထားရာမွ ခ်က္ခ်င္း ဆတ္ခနဲ ေခါင္းေထာင္ ေျဖလိုက္သည့္ Jimin ေၾကာင့္ Jungkook စကၠန႔္ပိုင္းေလာက္ ေၾကာင္သြားသည္။

"ဟင္.. ဘာလို႔လဲ Hyung ရဲ႕.. Hyung Cotton Candy ႀကိဳက္တယ္ မဟုတ္ဘူးလား"

"ႀကိဳက္ေပမယ့္ အဲ့ဆိုင္ကေတာ့ တစ္သက္လုံး မစားဘူး.. ငါလည္း မစားဘူး မင္းလည္း မစားရဘူး ဘယ္သူမွ မစားရဘူး ကတိေနာ္"

"ဟုတ္ကဲ့ပါ"

ဘာေၾကာင့္လဲဆိုတာ Jungkook ေရေရရာရာ မသိေပမယ့္ သခင္ေလး အမိန႔္အတိုင္း ထိုဆိုင္မွ တစ္သက္တာ ဝယ္မစားရန္ ကိုယ့္ကိုကိုယ္ သတိေပးေနလိုက္သည္။ ထိုမွ Jimin လည္း စိတ္ခ်သြားသလို Jungkook ပခုံးထက္ ေမးေလး ျပန္တင္လာသည္။ မနက္ကမွ အသစ္လာဖြင့္တဲ့ Cotton Candy ဆိုင္ေလးအား ေရွာင္ဖယ္ခ်င္သည့္ Jimin ရဲ႕ ခံစားခ်က္ကို သူကိုယ္တိုင္အျပင္ ဘယ္သူကမွ နားလည္ၾကမယ္ မဟုတ္ပါ။

တိမ္ေတာက္ေနတဲ့ ညေနေလးဟာ ခ်စ္ၾကည္ႏူးစရာ ေကာင္ေလးႏွစ္ေယာက္ေၾကာင့္ ပန္းခ်ီကား တစ္ခ်ပ္လို လွပေနေလ၏။ ေယာက္်ားမ်က္ႏွာ တစ္ကမာၻ လုပ္ေနသည့္ ငတုံးေလး တစ္ေယာက္ရယ္၊ သူ႔ေက်ာျပင္ေပၚက ဆရာႀကီးေပါက္စေလး Grazie ရယ္၊ ေကာင္းကင္ျပာႀကီးရယ္၊ ပုဇြန္ဆီေရာင္ တိမ္တိုက္ေတြရယ္၊ ၿပီးေတာ့ ျမားနတ္ေမာင္ အေဒၚႀကီး ရႈပ္ထားတဲ့ ဇာတ္လမ္းေၾကာင့္ အလကား Boycott ခံေနရတဲ့ လမ္းတစ္ဖက္က Cotton Candy လွည္းေလးရယ္...။

ၿပီးပါၿပီ

MochiCookie95

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ၿငိမ္ေနခဲ့တာ ၾကာၿပီထင္လို႔ စာအုပ္ေလးထုတ္တုန္းက ထပ္ျဖည့္ထားတဲ့ extra အသစ္ေလး လာေပးတာပါရွင့္
မသိလိုက္လို႔ မဝယ္လိုက္ရတဲ့သူေတြက အခု ဝယ္ခ်င္တယ္ဆို Starlight Memories Page မွာ Instock ထားေရာင္းေပးပါတယ္ မ ေပးတဲ့ Pin ေလးကေတာ့ preorder ေတြပဲမို႔ ပါေတာ့မွာမဟုတ္ေတာ့ပါဘူးရွင့္
စာလုံးေပါင္းအမွားပါရင္ ခြင့္လႊတ္ပါဦးေနာ္ 💕

Continue Reading

You'll Also Like

71.1K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
65.3K 7.7K 15
complete💛 -ရွာကကာလသား ကိုလူပျိုဂျွန်‌ဂျောင်ဂုများ‌ကျောင်းဆရာလေးနားကကိုမခွာဘူးဟေ။ cover CRD!
565K 49.2K 29
Taekook Fanfiction Jeon Kim Own creation
206K 23K 35
"ချစ်ခြင်းတရားဟာ ယစ်မူးစေတတ်ရင် မင်းဟာ စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးတစ်မျိုး.....~~" "ခ်စ္ျခင္းတရားဟာ ယစ္မူးေစတတ္ရင္ မင္းဟာ စြဲလမ္းေစတတ္တဲ့ မူးယစ္ေဆးတစ္မ...