The Marionette Villain's Stag...

By Syota_

20.9K 2.4K 192

Have you seen a marionette , who control his own strings , play on the stage perfectly ? | Author : Syota | G... More

α€‡α€¬α€α€Ία€œα€™α€Ία€Έα€™α€­α€α€Ία€†α€€α€Ί [ Unicode ]
α€‡α€¬α€α€Ία€œα€™α€Ία€Έα€™α€­α€α€Ία€†α€€α€Ί [ Zawgyi ]
OFFICAL ARTS COLLECTION
Chapter (1) : Deus Lo Blessing - 1
Chapter (2) : Deus lo blessing 2.
Chapter ( 3 ) : First mission - 1 .
Chapter (4) : First Mission - 2 .
Chapter (5) : First Mission - 3
Chapter ( 6 ) : First Mission - 4 .
CHAPTER (8) : Evil snakes' admixture
Chapter ( 7 ) : inauspicious comet and someone's rebirth
Chapter (10 ) : Stings Gon' Disarray 1
Chapter ( 11 ) : strings gon' dissary - 2
Chapter ( 12 ) : Omasuri
Chapter ( 13 ): Oh He is a Hamster
Chapter ( 14 ) : Empire's Jade
Chapter ( 15 ) : Impacts
Chapter ( 16 ) : My Carriage
Chapter ( 17 ) : What's his Antipathy
Chapter ( 18 ) : The Greatest Goddess's halo
Chapter ( 19 ) : Anytime
CHAPTER ( 20 ) : Aberacio Temple

Chapter (9) : INSIDE THE BOX

623 106 6
By Syota_

[ ZAWGYI ]

အခန္း ( ၉ )

《 ေသတၲာထဲမွ ပစၥည္း 》

- ငါးကန္တကယ္ေဆးလို႔ရတာလား -

     ရု(သ္)လက္(စ္) သည္ ထိုေန႔ညက ေယာ့(ခ္) ၏ ျပင္းထန္ေသာ ခႏၶာကုိယ္အေျခအေနေၾကာင့္ စုေဆာင္းထားေသာ စြမ္းအင္မ်ား အလံုးစံု အသံုးျပဳ၍ ေယာ့(ခ္) အား ျပန္ကယ္ခဲ့သည္ ။ သို႔ေသာ္ စြမ္းအင္မွာ နည္းလြန္းသျဖင့္ ေယာ့(ခ္) ဘက္မွ မွတ္ဉာဏ္မ်ားလည္း ပ်က္စီးၿပီး ၊ system မွ မန္မိုရီကဒ္မ်ားလည္း အသစ္တစ္ဖန္ လဲလွယ္ကုန္၏ ။

     ေယာ့(ခ္) သာ သူ(မ) မရွိတုန္း ပထမဆံုး မစ္ရွစ္အား မထမ္းေဆာင္ထားပါက စြမ္းအင္ စုေဆာင္းႏႈန္းမွာ အေတာ္ေလး ေႏွးေကြးေနေပမည္ ။ ကံေကာင္းေထာက္မစြာျဖင့္ မစ္ရွင္ ေအာင္ျမင္ခဲ့ၿပီး ၊ အမွတ္မ်ားစြာရခဲ့၏ ။

    ' ငါ မစ္ရွင္လုပ္ထားတဲ့ ဆုေၾကးေရာ ? '

    [ ဘာဆုေၾကးကို လိုခ်င္ေနတာလဲ ၊ သင့္ရဲ႕ တာဝန္ၿပီးေျမာက္တဲ့ အမွတ္ေတြကို စြမ္းအင္ျဖည့္ဖို႔ သံုးလိုက္ၿပီ ]

    ' .... '

    ေယာ့(ခ္) ဘာမွ ဆက္မေျပာေတာ့ဘဲ အိမ္ေရွ႕စံ နန္းေဆာင္ဆီသို႔ ျပန္လိုက္သည္ ။

     " အရွင့္သား .... အရိပ္နက္ကိုယ္ရံေတာ္ေတြကို မ်က္ေျခဖ်က္ၿပီး ဘယ္သြားေနတာပါလဲ ... " 

     ဟစ္စလင္းတစ္ေယာက္ မည္သည့္အခ်ိန္ကတည္းက တံခါးေရွ႕တြင္ ရပ္ေစာင့္ေနသလဲ မသိရေပ ။ ေယာ့(ခ္) လာသည္ႏွင့္ တန္းေမးလာ၏ ။

     " ဒီလိုပဲ တစ္ေနရာရာေပါ့...မင္းသိစရာမလိုပါဘူး "

      ေယာ့(ခ္) သည္ အမူအရာမပါစြာျဖင့္သာ ေျပာလာၿပီး ၊ ဟစ္စလင္းအား ေက်ာ္သြားလိုက္၏ ။ ဟစ္စလင္းသည္ အေနာက္မွ သက္ျပင္းခ်ကာ အေစခံမ်ားအား ေယာ့(ခ္) အတြက္ ခ်ိဳးေရျပင္ဆင္ခိုင္းလိုက္ေတာ့သည္ ။

     ေယာ့(ခ္) အခန္းထဲ ဝင္လိုက္ၿပီး ဝတ္ရံုၿခံဳလႊာကို ခြၽတ္ကာ အိပ္ရာေပၚ ခႏၶာကုိယ္အား ပစ္လွဲလိုက္၏။ ထို႔ေနာက္ မ်က္ႏွာေဘးတြင္ ရွိေနေသာ ကႏုတ္ေသတၲာအေပၚအား ပြတ္သပ္လိုက္သည္ ။

     [ ေသတၲာက ဘာေသတၲာလဲ  ... ]

     '  ဒီအတိုင္း အတင္းအဓမၼဝယ္ခိုင္းလို႔ .... စိန္ ခုႏွစ္စ ေစ်းဆစ္ၿပီး ဝယ္ခဲ့တယ္ '

      [  ... အထဲက ဘာပါတာလဲ ကြၽႏု္ပ္စစ္ေဆးၾကည့္လို႔ မရဘူးျဖစ္ေနတယ္ .. ]

      ' ငါလည္းမသိဘူး.. '

      [ ဘာမွန္းမသိတဲ့ ပစၥည္းကို စိန္စခုႏွစ္စေတာင္ ေပးၿပီး ဝယ္လိုက္တယ္ ဟုတ္လား.. သင္ ရူးေနတာမ်ိဳးေတာ့ မဟုတ္ဘူးမလား... ]

       ' မရူးဘူးေဟ...  ငါေျပာတယ္ ဖိအားေပးခံရတာပါဆို '

       [ သင္က ေယာ့(ခ္) ရဲ႕ ခႏၶာကုိယ္ထဲမွာေနာ္.. အိမ္ေရွ႕စံဆိုတာ ဘယ္သူလဲ.. ခြန္အားႀကီးတယ္ ၊ စြမ္းအားႀကီးတယ္ ၊ ဓားအေဝ့တစ္ခ်က္နဲ႔ ရန္သူ တစ္သိန္းကို သုတ္သင္နိုင္တယ္ .. သင္ အ,လွေခ်လား.. ဘယ့္ႏွယ္ ဖိအားေပးခံရတယ္လို႔.. ]

       ' မင္းေျပာတဲ့ ေနာက္ဆံုးတစ္ခုက သူဧကရာဇ္ျဖစ္မွ ... '

       [ ဘယ္လိုပဲျဖစ္ျဖစ္ေလ... သင္ ေပ်ာ့ညံ့တာပဲကို ]

       ' ငါက သာမန္ကမာၻမွာ သာမန္လူလိုေနလာတာ ၊ စြမ္းအင္ဘာညာဆိုတာ ဝတၳဳေတြ ဇာတ္ကားေတြ ရုပ္ျပစာအုပ္ေတြမွာပဲ ျမင္ဖူးတယ္ ... မတတ္ဘူး  ... '

        [ သင္ .. ကြၽႏ္ုပ္မရွိတဲ့ ရက္ေလးနည္းနည္းအတြင္း ဘာေတြမ်ားလုပ္ေနတာလဲ သိခ်င္မိတယ္ ]

        ' ေလွ်ာက္သြားေနတာေလ ပ်င္းလို႔ '

        [ ကြၽႏု္ပ္ေျပာရင္လည္း မေကာင္းရွိေတာ့မယ္ ... ၊ သင္ နည္းနည္းပါးပါးေလ့လာေလ ၊ တံုးေနလား ]

        ' ဦးေလးက ငါ့ကို ဓားေရးသင္ေပးေပမဲ့ ၊ တစ္ရက္တည္းသင္ၿပီး ေနာက္ရက္က်ေတာ့ အလုပ္ကိစၥရွိလာတယ္ေလ ၊ မယ္ေတာ္ နဲ႔ နည္းျပက ငါ့ကို အိမ္ေရွ႕စံေရးရာေတြပဲ သင္ေပးတယ္ ဘယ္လိုေနရမယ္ ဘာညာနဲ႔ ... ၊ ေနာက္ၿပီး ဝုဖန္ ... အဲ့ေကာင္က ငါ့ကို သံသယဝင္ၿပီး အျမင္မၾကည္ျဖစ္တုန္းပဲဟ ... ၊ ငါ ဒီေရာက္ေနတံုး ေမရီဆူး¹ ဇာတ္ေကာင္လိုခံစားရတယ္ လူေတြက ငါ့ကို ယံုၿပီး စည္းရံုးရလြယ္တယ္ .. ငါ့ကိုေၾကာက္တဲ့ အေစခံေတြလည္း အခုဆို ရင္းႏွီးသြားၿပီ ၊ ရိုလန္ကလည္း လြယ္လြယ္ခြင့္လႊတ္ေပးတယ္ ၊ ဧကရီကလည္း နည္းနည္းေလးနဲ႔တင္ ေျပလည္သြားတယ္... မန္ဒရီကေတာ့ ငါ့ကို မဆူရဲေတာ့ဘူး.. ဒါေပမဲ့ ဘာလို႔ ဝုဖန္ဆီမွာက် အလုပ္မလုပ္တာလဲ .. အဲ့ေကာင္ ငါ့ကို ျမင္တိုင္း သတ္ခ်င္ေနေတာ့တာ ... ေတာ္ေသးတယ္ ငါ အလုပ္ဆက္မလုပ္ဖို႔ ေျပာထားလိုက္ေတာ့ ဧကရာဇ္က ဝုဖန္ကို အေရွ႕ဘက္နယ္ေျမကိုင္တဲ့ စစ္သူႀကီးေနရာမွာ အစားထိုးခိုင္းလိုက္တယ္ဆိုလားပဲ ... '

       [ သူမ်ား အားမကိုးဘဲ ကုိယ္တိုင္ ေလ့က်င့္ရင္ ေႁမြကိုက္မွာဆိုးလို႔လား .. ]

        ' ငါက လူရိုက္တာကြၽမ္းက်င္ေပမဲ့ ဓားရွည္ကိုင္ၿပီး ခ်လြမ္ခ်လြမ္နဲ႔ မခ်တတ္ပါဘူးေနာ္ '

       [ ... အဲ့တာေၾကာင့္ ေလ့လာလို႔ေျပာေနတာေလ !!  ေနာက္ၿပီး ေမရီဆူးေရာင္ဝါဆိုတာက လက္ခံသူ host ေတြကို ကနဦးကာလအတြင္း မစ္ရွင္ထမ္းေဆာင္တာအဆင္ေျပေအာင္ နတ္ဘုရားေရာင္ဝါက ေထာက္ပံ့ေပးထားလို႔ပဲ ၊ ေနာက္က်ရင္ အဲ့ ေမရီဆူးေရာင္ဝါက တေျဖးေျဖး ေပ်ာက္ကြယ္သြားလိမ့္မယ္ ... ]
      ' အဲ့လိုလား... '

      [ အင္း... အဲ့လို .. ၊ ဒါနဲ႔ ေသတၱာကိုဖြင့္ၾကည့္ေလ အထဲမွာဘာရွိလဲ သိရေအာင္ ]

      '  မင္းတအားစပ္စုတာပဲ ဟိုညကကိစၥေတြ သိပ္မမွတ္ေပမဲ့ ငါ အဲ့ ျမက္ခင္းဆီ ေရာက္သြားတာ မင္းစပ္စုခ်င္လို႔ဆိုတာေတာ့ သိေသးတယ္ '

      [ ဟုတ္လား မမွတ္မိဘူး ၊ ဖြင့္မွာသာဖြင့္ ]

      ေယာ့(ခ္)လည္း ေသတၲာထဲမွ ပစၥည္းအား သိခ်င္ေနေသာေၾကာင့္ ဖြင့္ၾကည့္ရန္ ႀကံလိုက္သည္ ။ ေယာလ္ လယ္ရန္ ဆိုေသာ မိန္းကေလးအား ေပးရမည္ဆိုေသာ္လည္း ဖြင့္ၾကည့္ရံုျဖင့္ ဘာမွေတာ့ မျဖစ္ေလာက္ေပ ။

      သူ လွဲေလ်ာင္းေနရာမွ ထ,ထိုင္လိုက္ၿပီး ေသတၱာဘူး၏ ခလုတ္အား ဖြင့္လိုက္ေတာ့၏ ၊ ေသတၲာဘူးမွာ ေခ်ာက္ခနဲ ပြင့္သြားၿပီး သူလည္း အဖံုးကို လွန္လိုက္ေတာ့သည္ ။

      အတြင္းထဲတြင္ ေက်ာက္စိမ္းျဖဴ အလံုးေလးတစ္ခု ရွိေနၿပီး ဘာမွ ေထြေထြထူးထူးဟုတ္မေနေခ် ။

      ' စစ္ၾကည့္လို႔ရလား '

      [ အင္း ]

      ရု(သ္)လက္(စ္)သည္ ေက်ာက္စိမ္းလံုးအား စစ္ေဆးၾကည္္ၿပီး အျပာေရာင္ စခရင္ေပၚတြင္ ေက်ာက္စိမ္းလံုး ပံုႏွင့္ အခ်က္အလက္မ်ား ေပၚလာေတာ့သည္ ။

     [ သန္႔စင္ေက်ာက္စိမ္းျဖဴ အမ်ိဳးအစားမွ ထုတ္လုပ္ထားၿပီး အလွဆင္ရန္ အသံုးျပဳေသာ အဆင္တန္ဆာတစ္ခု ၊ ပစၥည္းမ်ား ႏွင့္ ေရမ်ားအား သန္႔စင္ေသာ အသံုးအေဆာင္အျဖစ္လည္း အသံုးျပဳႏိုင္ၿပီး ၊ ညဘက္တြင္ အလင္းေရာင္ ရႏိုင္ကာ ညလင္းပုလဲ ႏွင့္ ဆင္တူသည္ ။

    ထုတ္ကုန္ရင္းျမစ္ - // ERROR // ]

      ' ... ငါ... ရူးေနတာပဲ... '

      ေယာ့(ခ္) စိတ္ဓာတ္က်သြားသလိုခံစားရၿပီး ၊ အလိမ္ခံလိုက္ရသလိုလဲ ခံစားရသည္ ။ ညလင္းပုလဲ ႏွင့္ ငါးကန္ထဲ ထည့္သည့္ သန္႔ရွင္းေက်ာက္တံုးေလး ေရာစပ္ထားသလို ပစၥည္းအား စိန္စ ခုႏွစ္တံုးေပး၍ ဝယ္ခဲ့မိသည္ ။

      အားးးးးး ငါ့ပိုက္ဆံေတြ !!!!
 

***

      ဆံႏြယ္ျဖဴသည္ လြင့္ေမ်ာလ်က္ ၊ မိန္းမငယ္ေလးကား ေမွာ္ကႏုတ္ သြင္းထိုးထားသည့္ ေသတၱာဘူးကို ကိုင္ေဆာင္ကာ ၿမိဳ႕လမ္းေလွ်ာက္ ေအးေအးလူလူသြားေနခဲ့သည္ ။ သူ(မ)၏ ေနဗီျပာႏုႏုဝတ္စံုေလး၏ အနားစတို႔သည္ ေျခတစ္လွမ္း လွမ္းေလးတိုင္း ယိမ္းခါေနၿပီး ၊ အျမင္အားျဖင့္ အလြန္ေပါ့ပါးေနဟန္ရ၏ ။

       လူလပ္ေသာ လမ္းၾကားတစ္ခုဆီသို႔ ေရာက္ေသာအခါ အေဆာက္အအံုအေပၚမွ အနက္ေရာင္ဝတ္စံုႏွင့္ လူႏွစ္ေယာက္ခုန္ဆင္းလာၿပီး ၊ မိန္းကေလး၏ အေရွ႕တြင္ ဒူးတစ္ဖက္ ေထာက္ခ်လာသည္ ။

      " ေခါင္းေဆာင္ .. "

      ျပင္းထန္ေသာ ေလစိမ္းသည္ ၿမိဳ႕အႏွံ႔တိုက္ခိုက္သြားၿပီး လႊင့္လူးေနေသာ ေနဗီျပာဂါဝန္ႏုႏုေလး၏ အနားသတ္မ်ားသည္ ေနဗီျပာမႈိင္းမႈိင္းရွိေသာ ဝတ္ရံုတစ္ခုအျဖစ္သို႔ ေျပာင္းလဲေရာက္ရွိသြားၿပီး ၊ မိန္းမငယ္ေလးမွ အရပ္ရွည္ရွည္ႏွင့္ ခန္႔ညားလွပေသာ အသားညိဳညိဳ အမ်ိဳးသားတစ္ေယာက္အသြင္သို႔ ပေဟဠိဟန္စြာ ကူးေျပာင္းသြားခဲ့ေတာ့သည္ ။ အမ်ိဳးသား၏ ဆံႏြယ္မ်ားမွာ မိန္းကေလး အသြင္နွင့္ အလားသ႑ာန္တူစြာ ႏွင္းမႈန္ကဲ့သို႔ ျဖဴစြတ္လ်က္ရွိေသာ္ျငား နီေစြးေတာက္ပေသာ ပတၲျမားမ်က္လံုးတို႔မူ ပယင္းႏွယ္ ဝါညိဳေရာင္အျဖစ္ ျခယ္သခံလိုက္ရသည္ ။ ယင္းမ်က္လံုးတို႔္မွာ အလြန္ စူးရွၿပီး ၊ မျမင္နိုင္ေသာ ေအးစက္စက္ ဓားသြားမ်ား ႏွစ္ျမႇုပ္ထားသည့္အလား ။ ဘယ္ဘက္နားတြင္ အနီေရာင္ေတာက္ေတာက္ အရည္မ်ား တစ္ဝက္မွ် ထည့္ထားေသာ လွပသည့္ သံုးေျမႇာင့္ဖန္ဘူးေလးအား နားကပ္သဖြယ္ ဆြဲထားၿပီး ေခါင္းေလးလႈပ္တိုင္း နားကပ္ေလးမွာလည္း လႈပ္ရမ္းသြားလ်က္ ၊ အထဲရွိ အရည္မ်ားမွာလည္း လႈိင္းလံုးေလးမ်ား ရိုက္ခတ္သလို လႈပ္လီလႈပ္လဲ့ရွိလာသည္ ။ ထိုသူသည္ အမူအရာမပါစြာျဖင့္ ပ်င္းပ်င္းရိရိရွိလ်က္ လက္ထဲမွ ေသတၱာအား အနက္ေရာင္ဝတ္ရံုနွင့္ လူဆီသို႔ ပစ္ေပးလိုက္သည္ ။

      " လာတဲ့ေနရာကို ျပန္ပို႔ေပးလိုက္.... ၊ ရာရာစစ ငါ့သားေကာင္ကုိ ျဖတ္ခုတ္ရဲတယ္ ... "

      " နားလည္ပါၿပီ ေခါင္းေဆာင္ "

      သူ ပ်င္းရိစြာျဖင့္ အက်ယ္ႀကီးသန္းေဝလိုက္ၿပီး ၊ ဂုတ္အနီးတစ္ဝိုက္ ျပန္႔က်ဲေနေသာ ဆံပင္တိုမ်ားအား ေက်ာ္၍ ဂုတ္အား ကိုင္ကာ ပ်င္းပ်င္းရိရိျဖင့္ ထပ္ေျပာလာသည္ ။

      " အဲ့အိမ္ေရွ႕စံဆိုတဲ့ဟာေလးကို ေသခ်ာၾကည့္ဖို႔ လူလႊတ္ထားလိုက္ ..... အရိပ္နက္တာလား ျဖဴတာလား အဲ့ကေကာင္ေတြ ဘာေသာက္သံုးမွမက်ဘူး ၊ ငါခ်ည္းဝင္ပါေနရတာ ေအးေအးေဆးေဆးအိပ္လို႔ကိုမရဘူး ၊ ဒင္းတို႔ ေကာင္းက်ိဳးနဲ႔ အိမ္ေရွ႕စံဆိုတဲ့ဟာေလးက ေသေတာ့မယ္ "

       " ေခါင္းေဆာင္ဘာသာ ဝင္ပါလိုက္တာေလ ... ၊ အရင္က ၿမိဳ႕ၿပိဳတာေတာင္လွည့္မၾကည့္ဘဲနဲ႔  ...  "

      တစ္ခ်ိန္လံုး ၿငိမ္ေနေသာ အေနာက္မွ ဝတ္ရံုနက္ တစ္ေယာက္က သူ(မ)၏ ကေလးဆန္ေသာ အသံေလးျဖင့္ ဝင္ေျပာလာသည္ ။

      " ငါ့ေသာက္ေၾကာင္းေလ .. "

      သူ(မ) သက္ျပင္းခ်လိုက္ၿပီး ဘာမွဆက္ေျပာမလာေတာ့ေပ ။ မေျပာခ်င္ေတာ့တာလည္း ျဖစ္မည္ ။ သူတို႔၏ ေခါင္းေဆာင္ မည္မွ်ထိ အျမင္ကတ္စရာေကာင္းသလဲ သူတို႔သာ အသိဆံုးျဖစ္၏ ။ ေၾကာက္စရာသာ မေကာင္းပါလွ်င္ ရိုက္သတ္မိေနသည္မွာ ၾကာလွၿပီပင္ ။

      ေခါင္းေဆာင္မွာ စကားအနည္းငယ္ေျပာၿပီးေနာက္ ၊ လယ္ရန္အိမ္ေတာ္သို႔ ျပန္သြားၿပီး ၊ လက္ေအာက္ငယ္သားႏွစ္ေယာက္လည္း ေပးခဲ့ေသာ တာဝန္အားထမ္းေဆာင္လာရျပန္၏ ။

     ဤကဲ့သို႔ ေသတၱာသည္ မြန္ျမတ္ျခင္းအျဖဴေရာင္နတ္မိမယ္အား ကိုးကြယ္ေသာ သူမ်ားမွ တီထြင္ထားျခင္းျဖစ္သည္ ။ အထဲတြင္ ၿမိဳ႕တစ္ၿမိဳ႕ေလာက္အသာေလး ၿဖိဳဖ်က္ပစ္နိုင္သည့္ စြမ္းအားမ်ား ရွိေနၿပီး ၊ ေသတၲာအား ဖြင့္သည့္လူအေပၚမူတည္၍ ပို၍ ခြန္အား ႀကီးလာႏိုင္သည္ ။ မြန္ျမတ္ျခင္းအျဖဴေရာင္နတ္မိမယ္အား ကိုးကြယ္ေသာ သူမ်ားအား မိစာၦကုိးကြယ္သူဟုေခၚနိုင္ၿပီး ဤကမာၻကပ္ဆိုက္ပ်က္ဆီးရန္ မိစာၦဘုရင္အား ႏႈိးရန္ နွင့္ စြမ္းအားႀကီးလာရန္သာ ရည္႐ြယ္ေနၾကေသာသူမ်ားပင္ ။ ထိုသို႔ေသာသူမ်ားထဲမွ ၁၀၀ ပံု ၉၉ ပံုသည္ ဦးေႏွာက္ ေဆးခံထားရ ၿပီး ၊ ေရွ႕မၾကည့္ ေနာက္မၾကည့္ျဖင့္ ဤသို႔ အႏၲရာယ္မ်ားေသာ ပစၥည္းကိုပင္ ေစ်းကြက္တြင္ ခ်ခင္းရဲၾကေသး၏ ။

     " ကေလာက္စ္....  "

     " ဟဲ့ အဲ့နာမည္မေခၚနဲ႔  "

     ကေလာက္စ္သည္ ေဒါသထြက္ထြက္ျဖင့္ သူ(မ)၏ ဝတ္ရံုေခါင္းစြပ္အား ခြၽတ္ခ်ကာ တစ္ဖက္လူ၏ လက္ေမာင္းကို အားျဖင့္ ရိုက္ခ်လိုက္၏ ။

     " ဒီေသတၱာက ဘယ္ကလာတာတုန္း .. ငါ ေခါင္းေဆာင္ကို မေမးခဲ့မိဘူး... "

      " ဒါရွာ.. နင္ေသာက္အ,လား... ဦးေႏွာက္မရွိဘူးလား... ေမွာင္ခိုေစ်းကြက္ထဲကပဲ ျဖစ္မွာေပါ့ ေသနာေကာင္ရဲ႕ "

      ကေလာက္စ္သည္ လွပေသာ အပန္းေရာင္ဆံႏြယ္ရွည္တို႔ရွိၿပီး လႈိင္းလံုးေလးးမ်ားကဲ့သို႔ တင္ပါးအထိ ေကာက္ေကာက္ေလး ဖ်ာက်ေနသည္ ။ လံုးဝန္းေသာ အပန္းေရာင္ေတာက္ေတာက္မ်က္လံုးမ်ားသည္ ခ်စ္ရည္႐ႊမ္းခ်င္စရာေကာင္းၿပီး ၊ သြားတက္ေလးလည္းပါကာ နဖူးတည့္တည့္တြင္ အပန္းေရာင္ဆြဲသီးငယ္ေလး တြဲက်လ်က္ရွိ၏။ သူ(မ) ပံုစံေလးမွာ အလြန္ခ်စ္စရာေကာင္းေနၿပီး ဆြဲေဆာင္မႈရွိလြန္းလွကာ ၾကမ္းတမ္းေသာ စကားမ်ား ေျပာဆိုေနသည္ကိုပင္ အလွအပက ေပ်ာက္ပ်ယ္သြားျခင္းမရွိ ၊ ျဖဴစင္လြန္းေနသလို ခံစားရေပသည္ ။

     သို႔ေသာ္ ဝမ္းနည္းစြာျဖင့္ ယင္းအလွအပတို႔သည္ ဒါရွာအတြက္ အလုပ္မျဖစ္ခဲ့ေပ ။

     ဒါရွာသည္ သူ(မ)အား ေသတၱာျဖင့္ ပစ္ေပါက္ၿပီး ေမွာင္ခိုေစ်းကြက္ဆီသို႔ ဦးတည္လိုက္၏ ။ ကေလာက္စ္မွာေတာ့ ေသတၲာျဖင့္ မထိေအာင္ ေရွာင္၍ ေသတၲာကိုလည္း ဖမ္းလိုက္ရေသးသည္ ။

     ဒါရွာ ႏွင့္ ကေလာက္စ္တို႔ ေမွာင္ခိုေစ်းထဲသြားၿပီး ပစၥည္းတည္ေနရာအား ရွာေတြ႕ေသာအခါ ေခြးမႈိင္မႈိင္သြားရျပန္၏။

     ကေလာက္စ္သည္ ရစရာမရွိေအာင္ ျပာက်ေနေသာ ဆိုင္အား ၾကည့္ကာ စိတ္ပ်က္လက္ပ်က္ေျပာလာသည္ ။

     " ... ငါတို႔ ဘာလုပ္ဖို႔ဒီကိုလာတာလဲ... "

**

    တစ္ဖက္မွာေတာ့ ခ်စ္လွစြာေသာ ေခါင္းေဆာင္မွာ အိပ္ခန္းထဲ၌ ဂါဝန္ေ႐ြးေနရင္း တစ္စံုတစ္ခုအား သတိရသြား၏။

     " အာ.. ဆိုင္က ငါမီးၿမိဳက္ၿပီးသြားၿပီပဲ... အရိုးျပာပဲ ေကာက္ခိုင္းၿပီး ထပ္ဖ်က္ဆီးရင္ေကာင္းမလား... က်စ္.. ဒါေတြအကုန္ အိမ္ေရွ႕စံဆိုတဲ့ ဟာေလးေၾကာင့္ပဲ ... "

      သူသည္ ခုတင္ေပၚရွိ ဂါဝန္ ဆယ္စံုထဲမွ အျဖဴေရာင္တစ္ထည္အား ေကာက္ကိုင္ကာ ေသခ်ာၾကည့္လိုက္သည္ ။

      " ဒီ ဂါဝန္က အဆင္ေရာေျပပါ့မလား... "

**--

     ညဘက္သို႔ ေရာက္ေသာအခါ ေယာ့(ခ္) သည္ အဝတ္အစားလဲလိုက္ၿပီး ဟစ္စလင္းအလစ္ ထပ္မံ ခိုးထြက္ရျပန္သည္ ။ ဟစ္စလင္းမိပါက အတားခံရမည္မွာ က်ိန္းေသျဖစ္၏ ။

     ကတိအတိုင္း လယ္ရန္အိမ္ေတာ္ဆီသို႔ ဦးတည္လိုက္သည္ ။ လယ္ရန္မိသားစု သည္ အထက္တန္းလႊာမ်ိဳးရိုးျမႇင့္ မိသားစုတစ္ခုျဖစ္ၿပီး ရတနာတူးေဖာ္ေသာ ေက်ာက္တြင္း မ်ားစြာပိုင္ဆိုင္သည့္ ကုန္သည္မ်ားျဖစ္ၾက၏ ။ ဝတၳဳထဲတြင္ မ်ားမ်ားစားစားေဖာ္ထားျခင္းမရွိဘဲ ေယာ့(ခ္) သိသေလာက္ လယ္ရန္မိသားစုမွာ အျခားမိသားစုမ်ားလို မိသားစုဝင္ အေျမာက္အျမားမရွိဘဲ ၊ အေနေအးလြန္းေသာ လူမ်ားျဖစ္ၾက၏ ။ ထို႔ေၾကာင့္ မည္သူမွ် သူတို႔ အိမ္ေတာ္အေၾကာင္း တိတိက်က်မသိၾကဘဲ ေက်ာက္မ်က္ရတနာ ကုန္သည္မ်ားဟုသာ သိရွိထားၾကသည္ ။

     လယ္ရန္အိမ္ေတာ္သည္ ၿမိဳ႕ေတာ္ဝန္း၏ လူေနက်ဲေသာ ရပ္ဝန္းတြင္ တည္ရွိသည္ ။ အိမ္ေတာ္ႀကီးတစ္ခုျဖစ္ေသာ္လည္း ထူးဆန္းစြာျဖင့္ အေစာင့္အၾကပ္တစ္ေယာက္မွ ရွိမေနေသာေၾကာင့္ လြယ္လြယ္ကူကူျဖင့္ ခိုးဝင္နိုင္ခဲ့၏ ။

     ေယာ့(ခ္) သည္ မိန္းကေလး ေယာ(လ္) ေျပာခဲ့သည့္အတိုင္း ကုန္ျမင့္လြင္ျပင္ဆီသို႔ သြားလိုက္ေသာအခါ အျဖဴေရာင္ဂါဝန္ပါးပါးျဖင့္ သူ႔အား ရပ္ေစာင့္ေနေသာ မိန္းကေလးအား ေတြ႕လိုက္ရေတာ့၏ ။

     အျဖဴေရာင္ ဂါဝန္ေလးႏွင့္ အျဖဴေရာင္ ဆံႏြယ္တို႔သည္ တစ္သားတည္းရွိေနၿပီး ညအခ်ိန္ ေမွာင္နက္နက္ထဲ လွပေသာ ပုလဲျဖဴေလးသည္ အထင္းသား ေပၚလြင္ေနသလိုရွိသည္ ။

     ေယာ့(ခ္) သူ(မ)ဆီ သြားလိုက္ၿပီး ေသေသခ်ာခ်ာထုပ္ပိုးထားေသာ ေသတၲာအား ပစ္ေပးလိုက္သည္ ။ ေယာ(လ္) မွာေတာ့ သူ(မ) လည္ပင္းတြင္ သီဆြဲထားေသာ ပုလင္းေလးအား ျဖဳတ္ေပးလိုက္၏။ ဆြဲႀကိဳးအား ျဖဳတ္လိုက္ေသာအခါ ျဖဴေဖြးႏုညႇက္ေနေသာ လည္တိုင္ေလးတြင္ အနီေရာင္ အေၾကာင္းတစ္ခု ေပၚလာေတာ့၏ ။

     ေယာ့(ခ္) လစ္လ်ဴရႈလိုက္ၿပီး ပုလင္းကိုသာ ယူလိုက္သည္ ။ ပုလင္းေလးထဲမွ အၾကည္ေရာင္ အရည္တို႔မွာ လႈပ္ခါေနၿပီး ေယာ့(ခ္) လက္ထဲေရာက္ေသာအခါ အနက္ေရာင္ဘက္သို႔ တေျဖးေျဖးကူးေျပာင္းလာ၏ ။  ေယာ့(ခ္) ၏ စိုးရိမ္သြားေသာ မ်က္ႏွာေၾကာင့္ ေယာ(လ္) တစ္ေယာက္ ပယ္ပယ္နွယ္နွယ္ ရယ္ခ်င္မိသြားသည္ ။ သို႔ေသာ္ အမူအရာအား ထိန္း၍

     " အရွင့္သားက ဒီ အဆိပ္အေၾကာင္း မသိပံုပဲေနာ္ .. ၊ ဒီအဆိပ္က ကိုင္ေဆာင္သူရဲ႕ မန္နာ² အလိုက္ အေရာင္ေျပာင္းတတ္တယ္ေလ ... ၊ အရွင့္သားရဲ႕ အေရာင္အရဆိုရင္ ...  "
    
     ေယာ(လ္) သည္ သူ(မ)၏ ခ်စ္စရာေကာင္းေသာ မ်က္ႏွာေလးေပၚတြင္ အဓိပၸါယ္ မ်ားစြာ ပုန္းေအာင္းေနသည္ထင္ရေသာ အၿပံဳးေလးတစ္ခု ဆင္ျမန္းလ်က္ အေရွ႕သို႔ လွမ္းလာကာ ေယာ့(ခ္) ၏ အနီးေရာက္ေသာ္ တိုးဖ်ေသာ အသံေလးျဖင့္ ကြယ္ဝွက္စြာေျပာလာသည္ ။

     " မေကာင္းဆိုးဝါးပဲ... "

      သူ(မ) သက္ျပင္းေသးေသးေလး ခ်လိုက္ၿပီး

     "  လူေတြက ပစ္ပယ္တယ္ ... က်က္သေရမရွိတဲ့ ထီးနန္း ၊ အာဏာ ၊ ေငြေၾကးအတြက္ပဲ ၾကည့္ၾကတယ္ .. ေအာက္တန္းက်ၿပီး ညစ္ပတ္ေနတယ္ ဒီလိုကမာၻႀကီး မမုန္းဘူးလား ... အရွင္.. "

      ေယာ(လ္) သည္ မ်က္ဝန္းမ်ားအား စိုက္ၾကည့္ေနခဲ့ကာ ေယာ့(ခ္) ၏ ဘယ္ဘက္မ်က္ဝန္းအား ကာရံထားေသာ မ်က္လံုးကာမွာ အားျပင္းျပင္းျဖင့္ ပ်က္ထြက္သြားၿပီး သမုဒၵရာထဲ ကူးလူးေနေသာ အနီေရာင္ ငါးေလးသဖြယ္ လႈပ္လီလႈပ္လဲ့ ရွိေနတတ္သည့္ အနီေရာင္ေလးမွာ ရူးရူးနွမ္းနွမ္း ခုန္ေပါက္လာၿပီး အျပာေရာင္မ်က္ဝန္းအိမ္အား ဝါးၿမိဳကာစျပဳလာ၏ ။ ေယာ့(ခ္) သည္ နာက်င္မႈေၾကာင့္ ဖိထားမိလိုက္ၿပီး ေယာ(လ္) ၏ အၿပံဳးေလးမွာ ေတာ့ ႀကီးသထက္ႀကီးလာသည္ ။

      တဒဂၤမွ် ၾကာေသာ ေယာ့(ခ္) တစ္ေယာက္ တည္ၿငိမ္သြားၿပီး ေယာ(လ္) ၏လည္ပင္းအား လက္ျဖင့္ ညႇစ္ယူကာ ေျမျပင္ေပၚတြန္းလွဲခ်လိုက္၏ ။ သူ ျပန္ေကာင္းလာေသာအခါ စိတ္ပ်က္သြားေသာ ေယာ(လ္)၏ မ်က္နွာအား ေသခ်ာျမင္လိုက္ေပသည္ ။ ဤေကာင္မေလးမွ အေတာ္ပင္ အႏၲရာယ္မ်ားေပ၏ ။

     " မင္းဘယ္သူလဲ.. ငါ့ဆီက ဘာလိုခ်င္လို႔လဲ "

     " အိုး... အရွင့္သား သိပ္ကို ေဒါသထြက္ေနပါေရာလား.. "

     ေယာ(လ္) သည္ သူ႔အေပၚ တက္ဖိကာ လည္ပင္းညႇစ္ထားေသာ ေယာ့(ခ္) အား ဘာမွမျဖစ္သည့္ ပံုံစံျဖင့္ ဆြဲလိုက္ၿပီး မ်က္ႏွာ ႏွစ္ခုအား နီးကပ္သြားေစ၏ ။

      " တို႔ အမွန္ေတြမ်ား ေျပာလိုက္မိလုိ႔လား... အရွင့္သား ဒီကမာၻႀကီးကို မုန္းသင့္တာပဲ ....  "

      " ငါေမးေနတာပဲေျဖ ... ၊ အဲ့ည... အဲ့ညက ငါ့ကို ေမ့လဲေအာင္ လုပ္တာလဲ မင္းပဲမလား.. "

      ေယာ(လ္) ၏ ခ်ိဳၿမိန္ေသာ အသံေလးမွာ ညဳတုတုအသံအျဖစ္သို႔ ေျပာင္းလဲလာၿပီး ေယာ့(ခ္) ၏ မ်က္ႏွာေလးအား ပြတ္သပ္လုိက္၏ ။

     " အရွင့္သား သိပ္ဆိုးတာပဲ ... မိန္းကေလးကို ဘာလို႔ အတင္းေတြ ေဟာက္ေနရတာလဲ ၊ တို႔ စိတ္မေကာင္းျဖစ္တာေပါ့လုိ႔ ... ညႇာညႇာတာတာေလး ရွိပါဦး"

     " သာမန္ မိန္းကေလးဆို ငါ့လက္ထဲ ထည့္ထားတဲ့ အား နဲ႔ ေသေနၿပီ ၊ ေတာင္းပန္ပါတယ္ ငါက ပံုမွန္မဟုတ္ဘူးဆိုရင္ မညႇာတတ္ဘူး .. "

     " ... အာ... အရွင့္သားလဲ ပံုမွန္မဟုတ္ဘူးေလ... အရွင့္သားက မေကာင္းဆိုးဝါး တစ္ေကာင္ပဲ ၊ ကိုယ့္ကုိယ့္ကုိယ္လည္း မွန္ထဲ ျပန္ၾကည့္ၾကည့္ပါဦး ... "

     " ငါေတာ့ မွန္ၾကည့္တိုင္း အလွေလးတစ္ေယာက္ပဲ ျမင္တယ္ ... "

     ေယာ့(ခ္) ၏ ေပါ့ပ်က္ပ်က္ အၿပံဳးေလးတစ္ခု ထုတ္လိုက္ၿပီး ေျပာလာသည္ ။ ေယာ(လ္) မွာေတာ့ မ်က္လံုး ျပဴးက်ယ္သြားၿပီးေနာက္ မ်က္နွာတစ္ခုလံုး ေမွာင္မဲသြားလ်က္ တည္ၾကည္သြားေသာ မ်က္ႏွာသည္ ေအးစက္မႈတို႔ ဖံုးလႊမ္းကာ အနီေရာင္မ်က္လံုးတို႔သည္ ညအေမွာင္ထဲ လင္းလက္လာခဲ့သည္ ။

     " မင္းကို တကမာၻလံုးက ႀကိဳးကိုင္ေနတာပဲ ၊ မင္းမွာ ဝမ္းနည္းမႈေတြ ဘယ္ေလာက္ေတာင္ မ်ားျပားခဲ့ရလဲ ၊ ဘယ္သူမွ မင္းကိုဂရုမစိုက္တဲ့အခ်ိန္ေတြ ... ဘယ္သူမွ မင္းကို မျမင္ၾကတဲ့အခ်ိန္ ... မင္းအထီးက်န္ေနတယ္လို႔ ေျပာတိုင္း ဘယ္သူကမွ နားမေထာင္ေပးတဲ့အခ်ိန္ .. ျပန္ေတြးၾကည့္စမ္းပါ.. တစ္ျခားသူေတြ နဲ႔ မင္း နဲ႔... ဒီလို ကမာၻႀကီးက မွ်တမႈဆိုတာ မရွိဘူးမဟုတ္လား..... မင္းမုန္းလိုက္စမ္းပါ .. ေဒါသေတြ ေပါက္ကြဲလိုက္စမ္းပါ .... ငါက မင္းအေနာက္မွာ ရွိေပးမယ္ေလ..... ကမာၻႀကီးက မသန္႔စင္ေတာ့ဘူး ... လူေတြက ပ်က္စီးေနၾကၿပီပဲ .... "

      လင္းလက္ေနေသာ မ်က္ဝန္းနီနီမ်ားသည္ ေယာ့(ခ္) အား ၿငိမ္က်သြားေစၿပီး ညိဳ႕ခံလိုက္ရသလုိ မ်က္ဝန္းတို႔ ဗလာျဖစ္သြားခဲ့သည္ ။

      ေယာ(လ္) မွာ ၿပံဳးစစ ျဖစ္လာခဲ့ၿပီး ၊ မၾကာခင္ အၿပံဳးတို႔ ထပ္၍ ေပ်ာက္သြားရျပန္သည္ ။

      ေယာ့(ခ္) သည္ သူ(မ) အေပၚမွ ထလိုက္ၿပီး အဝတ္မ်ားအား ဖုန္ခါသလို ခါလိုက္သည္ ။ ထို႔ေနာက္ အဆင့္ျမႇင့္စိန္မ်ားထည့္ထားသည္ အထုပ္ေလးအား ေယာ(လ္) ထံသို႔ ပစ္ေပးၿပီး ေအးစက္စက္ျဖင့္ ဆိုလာ၏ ။

     " ေသတၲာထဲမွာ ငါးကန္ေဆးတဲ့ ေက်ာက္တံုးပဲ ပါတယ္ ၊ အဆိပ္ရည္ကို ဒီအတုိင္းယူရမွာ အားနာလို႔ အပိုယူထားလိုက္ ... ၊ ေဆးဖိုးဝါးခ အေနနဲ႔သံုးလိုက္လု႔ိလဲ ရတယ္ေလ "

      ေယာ့(ခ္)သည္ သေရာ္ၿပံဳးေလး ၿပံဳးၿပလိုက္သည္ ။ ေယာ(လ္) မွာ ေျမျပင္ေပၚတြင္ အေပၚပိုင္းအနည္းငယ္ ထနိုင္ၿပီး သူ(မ)၏ ခါးတြင္ ထိုးစိုက္ေနေသာ ဓားေျမႇာင္အား စိုက္ၾကည့္ေနမိ၏ ။

     " အာ ... ေနာက္ၿပီး ..ကမာၻႀကီးကို မမုန္းႏိုင္လို႔ ေတာင္းပန္ပါတယ္ .... ဒီကမာၻႀကီးက ညစ္ပတ္ေနတာမွန္ေပမဲ့  ငါကလည္း သန္႔စင္ေနတာမ်ိဳးမွ မဟုတ္ပဲ ... "

      ေယာ့(ခ္) သည္ ေအးေအးလူလူျဖင့္ ျပန္သြားလိုက္ၿပီး ေယာ(လ္) အား ထားခဲ့လိုက္သည္ ။

      ေယာ(လ္) မွာ ေဒါသထြက္လြန္းသျဖင့္ ရယ္ပင္ရယ္ခ်လာကာ ခါးတြင္ စိုက္ေနေသာ ဓားေျမႇာင္အား ဆြဲႏုတ္၍ လႊင့္ပစ္လိုက္၏ ။

     " ဟက္ ... ကစားပြဲက ပိုလြယ္လာတယ္ ထင္မိထားခဲ့တာ .... ဆိုးတာပဲ  "

     ေယာ(လ္) သည္ စိန္ထုပ္ေလးအား ေကာက္ယူလိုက္ၿပီး လက္ထဲတြင္ ျပာအျဖစ္ အမႈန္႔ေၿခလိုက္သည္ ။ ထို႔ေနာက္ အ ျပာမႈိင္းမႈိင္း ျပာမႈန္႔မ်ားအား ခါခ်လိုက္ၿပီး ေသတၱာဘူးအား ဖြင့္လိုက္သည္ ။

     သူမွန္းထားသည့္အတိုင္း အိမ္ေရွ႕စံဆိုသည့္ဟာေလးမွာ စပ္စုခဲ့ေသး၏ ။ သူသာ ေမွာင္ခိုေစ်းကတည္းက ေသတၲာ ခိုး လဲမထားပါလွ်င္ အခုေလာက္ဆို မေကာင္းဆိုးဝါးေျပာင္းၿပီး အင္ပါယာၿမိဳ႕ထဲေသာင္းက်န္းေနေလာက္ေနၿပီပင္ ။

    သူသည္ အထဲမွ ေက်ာက္စိမ္းလံုးေလးအား ထုတ္ယူလိုက္ၿပီးေသခ်ာၾကည့္လိုက္သည္ ။

    " ငါ့ရဲ႕ အသက္သြင္းေဆးလံုးက ဘယ္လိုျဖစ္ၿပီး ငါးကန္ေဆးတဲ့ ေက်ာက္တုံးျဖစ္သြားတာလဲ ..."

    သူ မ်က္လံုးလွန္လိုက္ၿပီး ' ငါးကန္ေဆးသည့္ ေက်ာက္တံုး ' အား အရည္အျဖစ္ ေျပာင္းလဲေစလ်က္ ဓားထိုးခံလိုက္ရသည့္ ေနရာေပၚ ေလာင္းထည့္လိုက္ကာ ျပန္လည္ ေကာင္းမြန္သြားေစ၏ ။

      စြမ္းအင္မ်ားကို စုစည္းၿပီး ေနာက္ထပ္ေသာ ေဆးလံုးေလးထပ္လုပ္ကာ လက္ထဲတြင္ ပြတ္သပ္ေဆာ့ကစားရင္း အိမ္ေတာ္ဆီသို႔ တေ႐ြ႕ေ႐ြ႕ျပန္လုိက္သည္ ။

      " .... ငါးကန္ တကယ္ ေဆးလို႔ရလို႔လား .. "

*****
FOOT NOTES

[1] အျပစ္ကင္းစင္ၿပီး ၿပီးျပည့္စံုလြန္းတဲ့ ဇာတ္ေကာင္မ်ိဳးပါ ၊ သူေျပာသမွ် လူတိုင္းက ယံုၿပီး က်ဆင္းေနတတ္ပါတယ္ ။

[2] chakra တို႔ ခ်ီစြမ္းအင္ အတြင္းအားလိုမ်ိဳးကို ဆိုလုတာပါ ။

******

စာေရးသူမွာေျပာစရာရွိပါတယ္

     ေယာလ္ လယ္ရန္ က နာမည္အတုေပါ့ ။

< ML ရဲ႕ ပထမဆံုး form >

ဆံပင္ အျဖဴေရာင္ အရွည္
skin အနက္ေရာင္ နဲ႔ အနီေရာင္လင္းလင္း ေသြးေၾကာ..
မ်က္လံုးအနီေရာင္ေတာက္ေတာက္

< ဒုတိယ form >

Femalw with Giant D(u)ck ( lamo )
ဆံပင္ အျဖဴအရွည္
အသားျဖဴဥ
မ်က္လံုးအနီေရာင္

< တတိယ form >

ဆံပင္အျဖဴေရာင္အတို
ပယင္းေရာင္ မ်က္လံုး
ဘယ္ဘက္မွာ ပုလင္း နားကပ္ေလး~
အသားက ညိဳညိဳ

ML ရဲ႕ အေရာင္ကေတာ့ ေနဗီျပာမႈိင္းမႈိင္းျဖစ္ၿပီး
york ကေတာ့  အျပာႏုႏုျဖစ္ပါတယ္

××××

YORCK CHIBI STICKER ေလး နဲ႔ Sketch ေလး ဆြဲျဖစ္တာ:3

( will add photo soon lmao )





•••

[ Unicode ]

အခန်း ( )

သေတ္တာထဲမှ ပစ္စည်း

- ငါးကန်တကယ်ဆေးလို့ရတာလား -

     ရု(သ်)လက်(စ်) သည် ထိုနေ့ညက ယော့(ခ်) ၏ ပြင်းထန်သော ခန္ဓာကိုယ်အခြေအနေကြောင့် စုဆောင်းထားသော စွမ်းအင်များ အလုံးစုံ အသုံးပြု၍ ယော့(ခ်) အား ပြန်ကယ်ခဲ့သည် ။ သို့သော် စွမ်းအင်မှာ နည်းလွန်းသဖြင့် ယော့(ခ်) ဘက်မှ မှတ်ဉာဏ်များလည်း ပျက်စီးပြီး ၊ system မှ မန်မိုရီကဒ်များလည်း အသစ်တစ်ဖန် လဲလှယ်ကုန်၏ ။

     ယော့(ခ်) သာ သူ(မ) မရှိတုန်း ပထမဆုံး မစ်ရှစ်အား မထမ်းဆောင်ထားပါက စွမ်းအင် စုဆောင်းနှုန်းမှာ အတော်လေး နှေးကွေးနေပေမည် ။ ကံကောင်းထောက်မစွာဖြင့် မစ်ရှင် အောင်မြင်ခဲ့ပြီး ၊ အမှတ်များစွာရခဲ့၏ ။

    ' ငါ မစ်ရှင်လုပ်ထားတဲ့ ဆုကြေးရော ? '

    [ ဘာဆုကြေးကို လိုချင်နေတာလဲ ၊ သင့်ရဲ့ တာဝန်ပြီးမြောက်တဲ့ အမှတ်တွေကို စွမ်းအင်ဖြည့်ဖို့ သုံးလိုက်ပြီ ]

    ' .... '

    ယော့(ခ်) ဘာမှ ဆက်မပြောတော့ဘဲ အိမ်ရှေ့စံ နန်းဆောင်ဆီသို့ ပြန်လိုက်သည် ။

     " အရှင့်သား .... အရိပ်နက်ကိုယ်ရံတော်တွေကို မျက်ခြေဖျက်ပြီး ဘယ်သွားနေတာပါလဲ ... " 

     ဟစ်စလင်းတစ်ယောက် မည်သည့်အချိန်ကတည်းက တံခါးရှေ့တွင် ရပ်စောင့်နေသလဲ မသိရပေ ။ ယော့(ခ်) လာသည်နှင့် တန်းမေးလာ၏ ။

     " ဒီလိုပဲ တစ်နေရာရာပေါ့...မင်းသိစရာမလိုပါဘူး "

      ယော့(ခ်) သည် အမူအရာမပါစွာဖြင့်သာ ပြောလာပြီး ၊ ဟစ်စလင်းအား ကျော်သွားလိုက်၏ ။ ဟစ်စလင်းသည် အနောက်မှ သက်ပြင်းချကာ အစေခံများအား ယော့(ခ်) အတွက် ချိုးရေပြင်ဆင်ခိုင်းလိုက်တော့သည် ။

     ယော့(ခ်) အခန်းထဲ ဝင်လိုက်ပြီး ဝတ်ရုံခြုံလွှာကို ချွတ်ကာ အိပ်ရာပေါ် ခန္ဓာကိုယ်အား ပစ်လှဲလိုက်၏။ ထို့နောက် မျက်နှာဘေးတွင် ရှိနေသော ကနုတ်သေတ္တာအပေါ်အား ပွတ်သပ်လိုက်သည် ။

     [ သေတ္တာက ဘာသေတ္တာလဲ  ... ]

     '  ဒီအတိုင်း အတင်းအဓမ္မဝယ်ခိုင်းလို့ .... စိန် ခုနှစ်စ ဈေးဆစ်ပြီး ဝယ်ခဲ့တယ် '

      [  ... အထဲက ဘာပါတာလဲ ကျွန်ုပ်စစ်ဆေးကြည့်လို့ မရဘူးဖြစ်နေတယ် .. ]

      ' ငါလည်းမသိဘူး.. '

      [ ဘာမှန်းမသိတဲ့ ပစ္စည်းကို စိန်စခုနှစ်စတောင် ပေးပြီး ဝယ်လိုက်တယ် ဟုတ်လား.. သင် ရူးနေတာမျိုးတော့ မဟုတ်ဘူးမလား... ]

       ' မရူးဘူးဟေ...  ငါပြောတယ် ဖိအားပေးခံရတာပါဆို '

       [ သင်က ယော့(ခ်) ရဲ့ ခန္ဓာကိုယ်ထဲမှာနော်.. အိမ်ရှေ့စံဆိုတာ ဘယ်သူလဲ.. ခွန်အားကြီးတယ် ၊ စွမ်းအားကြီးတယ် ၊ ဓားအဝေ့တစ်ချက်နဲ့ ရန်သူ တစ်သိန်းကို သုတ်သင်နိုင်တယ် .. သင် အ,လှချေလား.. ဘယ့်နှယ် ဖိအားပေးခံရတယ်လို့.. ]

       ' မင်းပြောတဲ့ နောက်ဆုံးတစ်ခုက သူဧကရာဇ်ဖြစ်မှ ... '

       [ ဘယ်လိုပဲဖြစ်ဖြစ်လေ... သင် ပျော့ညံ့တာပဲကို ]

       ' ငါက သာမန်ကမ္ဘာမှာ သာမန်လူလိုနေလာတာ ၊ စွမ်းအင်ဘာညာဆိုတာ ဝတ္ထုတွေ ဇာတ်ကားတွေ ရုပ်ပြစာအုပ်တွေမှာပဲ မြင်ဖူးတယ် ... မတတ်ဘူး  ... '

        [ သင် .. ကျွန်ုပ်မရှိတဲ့ ရက်လေးနည်းနည်းအတွင်း ဘာတွေများလုပ်နေတာလဲ သိချင်မိတယ် ]

        ' လျှောက်သွားနေတာလေ ပျင်းလို့ '

        [ ကျွန်ုပ်ပြောရင်လည်း မကောင်းရှိတော့မယ် ... ၊ သင် နည်းနည်းပါးပါးလေ့လာလေ ၊ တုံးနေလား ]

        ' ဦးလေးက ငါ့ကို ဓားရေးသင်ပေးပေမဲ့ ၊ တစ်ရက်တည်းသင်ပြီး နောက်ရက်ကျတော့ အလုပ်ကိစ္စရှိလာတယ်လေ ၊ မယ်တော် နဲ့ နည်းပြက ငါ့ကို အိမ်ရှေ့စံရေးရာတွေပဲ သင်ပေးတယ် ဘယ်လိုနေရမယ် ဘာညာနဲ့ ... ၊ နောက်ပြီး ဝုဖန် ... အဲ့ကောင်က ငါ့ကို သံသယဝင်ပြီး အမြင်မကြည်ဖြစ်တုန်းပဲဟ ... ၊ ငါ ဒီရောက်နေတုံး မေရီဆူး¹ ဇာတ်ကောင်လိုခံစားရတယ် လူတွေက ငါ့ကို ယုံပြီး စည်းရုံးရလွယ်တယ် .. ငါ့ကိုကြောက်တဲ့ အစေခံတွေလည်း အခုဆို ရင်းနှီးသွားပြီ ၊ ရိုလန်ကလည်း လွယ်လွယ်ခွင့်လွှတ်ပေးတယ် ၊ ဧကရီကလည်း နည်းနည်းလေးနဲ့တင် ပြေလည်သွားတယ်... မန်ဒရီကတော့ ငါ့ကို မဆူရဲတော့ဘူး.. ဒါပေမဲ့ ဘာလို့ ဝုဖန်ဆီမှာကျ အလုပ်မလုပ်တာလဲ .. အဲ့ကောင် ငါ့ကို မြင်တိုင်း သတ်ချင်နေတော့တာ ... တော်သေးတယ် ငါ အလုပ်ဆက်မလုပ်ဖို့ ပြောထားလိုက်တော့ ဧကရာဇ်က ဝုဖန်ကို အရှေ့ဘက်နယ်မြေကိုင်တဲ့ စစ်သူကြီးနေရာမှာ အစားထိုးခိုင်းလိုက်တယ်ဆိုလားပဲ ... '

       [ သူများ အားမကိုးဘဲ ကိုယ်တိုင် လေ့ကျင့်ရင် မြွေကိုက်မှာဆိုးလို့လား .. ]

        ' ငါက လူရိုက်တာကျွမ်းကျင်ပေမဲ့ ဓားရှည်ကိုင်ပြီး ချလွမ်ချလွမ်နဲ့ မချတတ်ပါဘူးနော် '

       [ ... အဲ့တာကြောင့် လေ့လာလို့ပြောနေတာလေ !!  နောက်ပြီး မေရီဆူးရောင်ဝါဆိုတာက လက်ခံသူ host တွေကို ကနဦးကာလအတွင်း မစ်ရှင်ထမ်းဆောင်တာအဆင်ပြေအောင် နတ်ဘုရားရောင်ဝါက ထောက်ပံ့ပေးထားလို့ပဲ ၊ နောက်ကျရင် အဲ့ မေရီဆူးရောင်ဝါက တဖြေးဖြေး ပျောက်ကွယ်သွားလိမ့်မယ် ... ]
      ' အဲ့လိုလား... '

      [ အင်း... အဲ့လို .. ၊ ဒါနဲ့ သေတ္တာကိုဖွင့်ကြည့်လေ အထဲမှာဘာရှိလဲ သိရအောင် ]

      '  မင်းတအားစပ်စုတာပဲ ဟိုညကကိစ္စတွေ သိပ်မမှတ်ပေမဲ့ ငါ အဲ့ မြက်ခင်းဆီ ရောက်သွားတာ မင်းစပ်စုချင်လို့ဆိုတာတော့ သိသေးတယ် '

      [ ဟုတ်လား မမှတ်မိဘူး ၊ ဖွင့်မှာသာဖွင့် ]

      ယော့(ခ်)လည်း သေတ္တာထဲမှ ပစ္စည်းအား သိချင်နေသောကြောင့် ဖွင့်ကြည့်ရန် ကြံလိုက်သည် ။ ယောလ် လယ်ရန် ဆိုသော မိန်းကလေးအား ပေးရမည်ဆိုသော်လည်း ဖွင့်ကြည့်ရုံဖြင့် ဘာမှတော့ မဖြစ်လောက်ပေ ။

      သူ လှဲလျောင်းနေရာမှ ထ,ထိုင်လိုက်ပြီး သေတ္တာဘူး၏ ခလုတ်အား ဖွင့်လိုက်တော့၏ ၊ သေတ္တာဘူးမှာ ချောက်ခနဲ ပွင့်သွားပြီး သူလည်း အဖုံးကို လှန်လိုက်တော့သည် ။

      အတွင်းထဲတွင် ကျောက်စိမ်းဖြူ အလုံးလေးတစ်ခု ရှိနေပြီး ဘာမှ ထွေထွေထူးထူးဟုတ်မနေချေ ။

      ' စစ်ကြည့်လို့ရလား '

      [ အင်း ]

      ရု(သ်)လက်(စ်)သည် ကျောက်စိမ်းလုံးအား စစ်ဆေးကြည်ပြီး အပြာရောင် စခရင်ပေါ်တွင် ကျောက်စိမ်းလုံး ပုံနှင့် အချက်အလက်များ ပေါ်လာတော့သည် ။

     [ သန့်စင်ကျောက်စိမ်းဖြူ အမျိုးအစားမှ ထုတ်လုပ်ထားပြီး အလှဆင်ရန် အသုံးပြုသော အဆင်တန်ဆာတစ်ခု ၊ ပစ္စည်းများ နှင့် ရေများအား သန့်စင်သော အသုံးအဆောင်အဖြစ်လည်း အသုံးပြုနိုင်ပြီး ၊ ညဘက်တွင် အလင်းရောင် ရနိုင်ကာ ညလင်းပုလဲ နှင့် ဆင်တူသည် ။

    ထုတ်ကုန်ရင်းမြစ် - // ERROR // ]

      ' ... ငါ... ရူးနေတာပဲ... '

      ယော့(ခ်) စိတ်ဓာတ်ကျသွားသလိုခံစားရပြီး ၊ အလိမ်ခံလိုက်ရသလိုလဲ ခံစားရသည် ။ ညလင်းပုလဲ နှင့် ငါးကန်ထဲ ထည့်သည့် သန့်ရှင်းကျောက်တုံးလေး ရောစပ်ထားသလို ပစ္စည်းအား စိန်စ ခုနှစ်တုံးပေး၍ ဝယ်ခဲ့မိသည် ။

      အားးးးးး ငါ့ပိုက်ဆံတွေ !!!!
 

***

      ဆံနွယ်ဖြူသည် လွင့်မျောလျက် ၊ မိန်းမငယ်လေးကား မှော်ကနုတ် သွင်းထိုးထားသည့် သေတ္တာဘူးကို ကိုင်ဆောင်ကာ မြို့လမ်းလျှောက် အေးအေးလူလူသွားနေခဲ့သည် ။ သူ(မ)၏ နေဗီပြာနုနုဝတ်စုံလေး၏ အနားစတို့သည် ခြေတစ်လှမ်း လှမ်းလေးတိုင်း ယိမ်းခါနေပြီး ၊ အမြင်အားဖြင့် အလွန်ပေါ့ပါးနေဟန်ရ၏ ။

       လူလပ်သော လမ်းကြားတစ်ခုဆီသို့ ရောက်သောအခါ အဆောက်အအုံအပေါ်မှ အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်ခုန်ဆင်းလာပြီး ၊ မိန်းကလေး၏ အရှေ့တွင် ဒူးတစ်ဖက် ထောက်ချလာသည် ။

      " ခေါင်းဆောင် .. "

      ပြင်းထန်သော လေစိမ်းသည် မြို့အနှံ့တိုက်ခိုက်သွားပြီး လွှင့်လူးနေသော နေဗီပြာဂါဝန်နုနုလေး၏ အနားသတ်များသည် နေဗီပြာမှိုင်းမှိုင်းရှိသော ဝတ်ရုံတစ်ခုအဖြစ်သို့ ပြောင်းလဲရောက်ရှိသွားပြီး ၊ မိန်းမငယ်လေးမှ အရပ်ရှည်ရှည်နှင့် ခန့်ညားလှပသော အသားညိုညို အမျိုးသားတစ်ယောက်အသွင်သို့ ပဟေဠိဟန်စွာ ကူးပြောင်းသွားခဲ့တော့သည် ။ အမျိုးသား၏ ဆံနွယ်များမှာ မိန်းကလေး အသွင်နှင့် အလားသဏ္ဍာန်တူစွာ နှင်းမှုန်ကဲ့သို့ ဖြူစွတ်လျက်ရှိသော်ငြား နီစွေးတောက်ပသော ပတ္တမြားမျက်လုံးတို့မူ ပယင်းနှယ် ဝါညိုရောင်အဖြစ် ခြယ်သခံလိုက်ရသည် ။ ယင်းမျက်လုံးတို့်မှာ အလွန် စူးရှပြီး ၊ မမြင်နိုင်သော အေးစက်စက် ဓားသွားများ နှစ်မြှုပ်ထားသည့်အလား ။ ဘယ်ဘက်နားတွင် အနီရောင်တောက်တောက် အရည်များ တစ်ဝက်မျှ ထည့်ထားသော လှပသည့် သုံးမြှောင့်ဖန်ဘူးလေးအား နားကပ်သဖွယ် ဆွဲထားပြီး ခေါင်းလေးလှုပ်တိုင်း နားကပ်လေးမှာလည်း လှုပ်ရမ်းသွားလျက် ၊ အထဲရှိ အရည်များမှာလည်း လှိုင်းလုံးလေးများ ရိုက်ခတ်သလို လှုပ်လီလှုပ်လဲ့ရှိလာသည် ။ ထိုသူသည် အမူအရာမပါစွာဖြင့် ပျင်းပျင်းရိရိရှိလျက် လက်ထဲမှ သေတ္တာအား အနက်ရောင်ဝတ်ရုံနှင့် လူဆီသို့ ပစ်ပေးလိုက်သည် ။

      " လာတဲ့နေရာကို ပြန်ပို့ပေးလိုက်.... ၊ ရာရာစစ ငါ့သားကောင်ကို ဖြတ်ခုတ်ရဲတယ် ... "

      " နားလည်ပါပြီ ခေါင်းဆောင် "

      သူ ပျင်းရိစွာဖြင့် အကျယ်ကြီးသန်းဝေလိုက်ပြီး ၊ ဂုတ်အနီးတစ်ဝိုက် ပြန့်ကျဲနေသော ဆံပင်တိုများအား ကျော်၍ ဂုတ်အား ကိုင်ကာ ပျင်းပျင်းရိရိဖြင့် ထပ်ပြောလာသည် ။

      " အဲ့အိမ်ရှေ့စံဆိုတဲ့ဟာလေးကို သေချာကြည့်ဖို့ လူလွှတ်ထားလိုက် ..... အရိပ်နက်တာလား ဖြူတာလား အဲ့ကကောင်တွေ ဘာသောက်သုံးမှမကျဘူး ၊ ငါချည်းဝင်ပါနေရတာ အေးအေးဆေးဆေးအိပ်လို့ကိုမရဘူး ၊ ဒင်းတို့ ကောင်းကျိုးနဲ့ အိမ်ရှေ့စံဆိုတဲ့ဟာလေးက သေတော့မယ် "

       " ခေါင်းဆောင်ဘာသာ ဝင်ပါလိုက်တာလေ ... ၊ အရင်က မြို့ပြိုတာတောင်လှည့်မကြည့်ဘဲနဲ့  ...  "

      တစ်ချိန်လုံး ငြိမ်နေသော အနောက်မှ ဝတ်ရုံနက် တစ်ယောက်က သူ(မ)၏ ကလေးဆန်သော အသံလေးဖြင့် ဝင်ပြောလာသည် ။

      " ငါ့သောက်ကြောင်းလေ .. "

      သူ(မ) သက်ပြင်းချလိုက်ပြီး ဘာမှဆက်ပြောမလာတော့ပေ ။ မပြောချင်တော့တာလည်း ဖြစ်မည် ။ သူတို့၏ ခေါင်းဆောင် မည်မျှထိ အမြင်ကတ်စရာကောင်းသလဲ သူတို့သာ အသိဆုံးဖြစ်၏ ။ ကြောက်စရာသာ မကောင်းပါလျှင် ရိုက်သတ်မိနေသည်မှာ ကြာလှပြီပင် ။

      ခေါင်းဆောင်မှာ စကားအနည်းငယ်ပြောပြီးနောက် ၊ လယ်ရန်အိမ်တော်သို့ ပြန်သွားပြီး ၊ လက်အောက်ငယ်သားနှစ်ယောက်လည်း ပေးခဲ့သော တာဝန်အားထမ်းဆောင်လာရပြန်၏ ။

     ဤကဲ့သို့ သေတ္တာသည် မွန်မြတ်ခြင်းအဖြူရောင်နတ်မိမယ်အား ကိုးကွယ်သော သူများမှ တီထွင်ထားခြင်းဖြစ်သည် ။ အထဲတွင် မြို့တစ်မြို့လောက်အသာလေး ဖြိုဖျက်ပစ်နိုင်သည့် စွမ်းအားများ ရှိနေပြီး ၊ သေတ္တာအား ဖွင့်သည့်လူအပေါ်မူတည်၍ ပို၍ ခွန်အား ကြီးလာနိုင်သည် ။ မွန်မြတ်ခြင်းအဖြူရောင်နတ်မိမယ်အား ကိုးကွယ်သော သူများအား မိစ္ဆာကိုးကွယ်သူဟုခေါ်နိုင်ပြီး ဤကမ္ဘာကပ်ဆိုက်ပျက်ဆီးရန် မိစ္ဆာဘုရင်အား နှိုးရန် နှင့် စွမ်းအားကြီးလာရန်သာ ရည်ရွယ်နေကြသောသူများပင် ။ ထိုသို့သောသူများထဲမှ ၁၀၀ ပုံ ၉၉ ပုံသည် ဦးနှောက် ဆေးခံထားရ ပြီး ၊ ရှေ့မကြည့် နောက်မကြည့်ဖြင့် ဤသို့ အန္တရာယ်များသော ပစ္စည်းကိုပင် ဈေးကွက်တွင် ချခင်းရဲကြသေး၏ ။

     " ကလောက်စ်....  "

     " ဟဲ့ အဲ့နာမည်မခေါ်နဲ့  "

     ကလောက်စ်သည် ဒေါသထွက်ထွက်ဖြင့် သူ(မ)၏ ဝတ်ရုံခေါင်းစွပ်အား ချွတ်ချကာ တစ်ဖက်လူ၏ လက်မောင်းကို အားဖြင့် ရိုက်ချလိုက်၏ ။

     " ဒီသေတ္တာက ဘယ်ကလာတာတုန်း .. ငါ ခေါင်းဆောင်ကို မမေးခဲ့မိဘူး... "

      " ဒါရှာ.. နင်သောက်အ,လား... ဦးနှောက်မရှိဘူးလား... မှောင်ခိုဈေးကွက်ထဲကပဲ ဖြစ်မှာပေါ့ သေနာကောင်ရဲ့ "

      ကလောက်စ်သည် လှပသော အပန်းရောင်ဆံနွယ်ရှည်တို့ရှိပြီး လှိုင်းလုံးလေးးများကဲ့သို့ တင်ပါးအထိ ကောက်ကောက်လေး ဖျာကျနေသည် ။ လုံးဝန်းသော အပန်းရောင်တောက်တောက်မျက်လုံးများသည် ချစ်ရည်ရွှမ်းချင်စရာကောင်းပြီး ၊ သွားတက်လေးလည်းပါကာ နဖူးတည့်တည့်တွင် အပန်းရောင်ဆွဲသီးငယ်လေး တွဲကျလျက်ရှိ၏။ သူ(မ) ပုံစံလေးမှာ အလွန်ချစ်စရာကောင်းနေပြီး ဆွဲဆောင်မှုရှိလွန်းလှကာ ကြမ်းတမ်းသော စကားများ ပြောဆိုနေသည်ကိုပင် အလှအပက ပျောက်ပျယ်သွားခြင်းမရှိ ၊ ဖြူစင်လွန်းနေသလို ခံစားရပေသည် ။

     သို့သော် ဝမ်းနည်းစွာဖြင့် ယင်းအလှအပတို့သည် ဒါရှာအတွက် အလုပ်မဖြစ်ခဲ့ပေ ။

     ဒါရှာသည် သူ(မ)အား သေတ္တာဖြင့် ပစ်ပေါက်ပြီး မှောင်ခိုဈေးကွက်ဆီသို့ ဦးတည်လိုက်၏ ။ ကလောက်စ်မှာတော့ သေတ္တာဖြင့် မထိအောင် ရှောင်၍ သေတ္တာကိုလည်း ဖမ်းလိုက်ရသေးသည် ။

     ဒါရှာ နှင့် ကလောက်စ်တို့ မှောင်ခိုဈေးထဲသွားပြီး ပစ္စည်းတည်နေရာအား ရှာတွေ့သောအခါ ခွေးမှိုင်မှိုင်သွားရပြန်၏။

     ကလောက်စ်သည် ရစရာမရှိအောင် ပြာကျနေသော ဆိုင်အား ကြည့်ကာ စိတ်ပျက်လက်ပျက်ပြောလာသည် ။

     " ... ငါတို့ ဘာလုပ်ဖို့ဒီကိုလာတာလဲ... "

**

    တစ်ဖက်မှာတော့ ချစ်လှစွာသော ခေါင်းဆောင်မှာ အိပ်ခန်းထဲ၌ ဂါဝန်ရွေးနေရင်း တစ်စုံတစ်ခုအား သတိရသွား၏။

     " အာ.. ဆိုင်က ငါမီးမြိုက်ပြီးသွားပြီပဲ... အရိုးပြာပဲ ကောက်ခိုင်းပြီး ထပ်ဖျက်ဆီးရင်ကောင်းမလား... ကျစ်.. ဒါတွေအကုန် အိမ်ရှေ့စံဆိုတဲ့ ဟာလေးကြောင့်ပဲ ... "

      သူသည် ခုတင်ပေါ်ရှိ ဂါဝန် ဆယ်စုံထဲမှ အဖြူရောင်တစ်ထည်အား ကောက်ကိုင်ကာ သေချာကြည့်လိုက်သည် ။

      " ဒီ ဂါဝန်က အဆင်ရောပြေပါ့မလား... "

**--

     ညဘက်သို့ ရောက်သောအခါ ယော့(ခ်) သည် အဝတ်အစားလဲလိုက်ပြီး ဟစ်စလင်းအလစ် ထပ်မံ ခိုးထွက်ရပြန်သည် ။ ဟစ်စလင်းမိပါက အတားခံရမည်မှာ ကျိန်းသေဖြစ်၏ ။

     ကတိအတိုင်း လယ်ရန်အိမ်တော်ဆီသို့ ဦးတည်လိုက်သည် ။ လယ်ရန်မိသားစု သည် အထက်တန်းလွှာမျိုးရိုးမြှင့် မိသားစုတစ်ခုဖြစ်ပြီး ရတနာတူးဖော်သော ကျောက်တွင်း များစွာပိုင်ဆိုင်သည့် ကုန်သည်များဖြစ်ကြ၏ ။ ဝတ္ထုထဲတွင် များများစားစားဖော်ထားခြင်းမရှိဘဲ ယော့(ခ်) သိသလောက် လယ်ရန်မိသားစုမှာ အခြားမိသားစုများလို မိသားစုဝင် အမြောက်အမြားမရှိဘဲ ၊ အနေအေးလွန်းသော လူများဖြစ်ကြ၏ ။ ထို့ကြောင့် မည်သူမျှ သူတို့ အိမ်တော်အကြောင်း တိတိကျကျမသိကြဘဲ ကျောက်မျက်ရတနာ ကုန်သည်များဟုသာ သိရှိထားကြသည် ။

     လယ်ရန်အိမ်တော်သည် မြို့တော်ဝန်း၏ လူနေကျဲသော ရပ်ဝန်းတွင် တည်ရှိသည် ။ အိမ်တော်ကြီးတစ်ခုဖြစ်သော်လည်း ထူးဆန်းစွာဖြင့် အစောင့်အကြပ်တစ်ယောက်မှ ရှိမနေသောကြောင့် လွယ်လွယ်ကူကူဖြင့် ခိုးဝင်နိုင်ခဲ့၏ ။

     ယော့(ခ်) သည် မိန်းကလေး ယော(လ်) ပြောခဲ့သည့်အတိုင်း ကုန်မြင့်လွင်ပြင်ဆီသို့ သွားလိုက်သောအခါ အဖြူရောင်ဂါဝန်ပါးပါးဖြင့် သူ့အား ရပ်စောင့်နေသော မိန်းကလေးအား တွေ့လိုက်ရတော့၏ ။

     အဖြူရောင် ဂါဝန်လေးနှင့် အဖြူရောင် ဆံနွယ်တို့သည် တစ်သားတည်းရှိနေပြီး ညအချိန် မှောင်နက်နက်ထဲ လှပသော ပုလဲဖြူလေးသည် အထင်းသား ပေါ်လွင်နေသလိုရှိသည် ။

     ယော့(ခ်) သူ(မ)ဆီ သွားလိုက်ပြီး သေသေချာချာထုပ်ပိုးထားသော သေတ္တာအား ပစ်ပေးလိုက်သည် ။ ယော(လ်) မှာတော့ သူ(မ) လည်ပင်းတွင် သီဆွဲထားသော ပုလင်းလေးအား ဖြုတ်ပေးလိုက်၏။ ဆွဲကြိုးအား ဖြုတ်လိုက်သောအခါ ဖြူဖွေးနုညှက်နေသော လည်တိုင်လေးတွင် အနီရောင် အကြောင်းတစ်ခု ပေါ်လာတော့၏ ။

     ယော့(ခ်) လစ်လျူရှုလိုက်ပြီး ပုလင်းကိုသာ ယူလိုက်သည် ။ ပုလင်းလေးထဲမှ အကြည်ရောင် အရည်တို့မှာ လှုပ်ခါနေပြီး ယော့(ခ်) လက်ထဲရောက်သောအခါ အနက်ရောင်ဘက်သို့ တဖြေးဖြေးကူးပြောင်းလာ၏ ။  ယော့(ခ်) ၏ စိုးရိမ်သွားသော မျက်နှာကြောင့် ယော(လ်) တစ်ယောက် ပယ်ပယ်နှယ်နှယ် ရယ်ချင်မိသွားသည် ။ သို့သော် အမူအရာအား ထိန်း၍

     " အရှင့်သားက ဒီ အဆိပ်အကြောင်း မသိပုံပဲနော် .. ၊ ဒီအဆိပ်က ကိုင်ဆောင်သူရဲ့ မန်နာ² အလိုက် အရောင်ပြောင်းတတ်တယ်လေ ... ၊ အရှင့်သားရဲ့ အရောင်အရဆိုရင် ...  "
    
     ယော(လ်) သည် သူ(မ)၏ ချစ်စရာကောင်းသော မျက်နှာလေးပေါ်တွင် အဓိပ္ပါယ် များစွာ ပုန်းအောင်းနေသည်ထင်ရသော အပြုံးလေးတစ်ခု ဆင်မြန်းလျက် အရှေ့သို့ လှမ်းလာကာ ယော့(ခ်) ၏ အနီးရောက်သော် တိုးဖျသော အသံလေးဖြင့် ကွယ်ဝှက်စွာပြောလာသည် ။

     " မကောင်းဆိုးဝါးပဲ... "

      သူ(မ) သက်ပြင်းသေးသေးလေး ချလိုက်ပြီး

     "  လူတွေက ပစ်ပယ်တယ် ... ကျက်သရေမရှိတဲ့ ထီးနန်း ၊ အာဏာ ၊ ငွေကြေးအတွက်ပဲ ကြည့်ကြတယ် .. အောက်တန်းကျပြီး ညစ်ပတ်နေတယ် ဒီလိုကမ္ဘာကြီး မမုန်းဘူးလား ... အရှင်.. "

      ယော(လ်) သည် မျက်ဝန်းများအား စိုက်ကြည့်နေခဲ့ကာ ယော့(ခ်) ၏ ဘယ်ဘက်မျက်ဝန်းအား ကာရံထားသော မျက်လုံးကာမှာ အားပြင်းပြင်းဖြင့် ပျက်ထွက်သွားပြီး သမုဒ္ဒရာထဲ ကူးလူးနေသော အနီရောင် ငါးလေးသဖွယ် လှုပ်လီလှုပ်လဲ့ ရှိနေတတ်သည့် အနီရောင်လေးမှာ ရူးရူးနှမ်းနှမ်း ခုန်ပေါက်လာပြီး အပြာရောင်မျက်ဝန်းအိမ်အား ဝါးမြိုကာစပြုလာ၏ ။ ယော့(ခ်) သည် နာကျင်မှုကြောင့် ဖိထားမိလိုက်ပြီး ယော(လ်) ၏ အပြုံးလေးမှာ တော့ ကြီးသထက်ကြီးလာသည် ။

      တဒင်္ဂမျှ ကြာသော ယော့(ခ်) တစ်ယောက် တည်ငြိမ်သွားပြီး ယော(လ်) ၏လည်ပင်းအား လက်ဖြင့် ညှစ်ယူကာ မြေပြင်ပေါ်တွန်းလှဲချလိုက်၏ ။ သူ ပြန်ကောင်းလာသောအခါ စိတ်ပျက်သွားသော ယော(လ်)၏ မျက်နှာအား သေချာမြင်လိုက်ပေသည် ။ ဤကောင်မလေးမှ အတော်ပင် အန္တရာယ်များပေ၏ ။

     " မင်းဘယ်သူလဲ.. ငါ့ဆီက ဘာလိုချင်လို့လဲ "

     " အိုး... အရှင့်သား သိပ်ကို ဒေါသထွက်နေပါရောလား.. "

     ယော(လ်) သည် သူ့အပေါ် တက်ဖိကာ လည်ပင်းညှစ်ထားသော ယော့(ခ်) အား ဘာမှမဖြစ်သည့် ပုံစံဖြင့် ဆွဲလိုက်ပြီး မျက်နှာ နှစ်ခုအား နီးကပ်သွားစေ၏ ။

      " တို့ အမှန်တွေများ ပြောလိုက်မိလို့လား... အရှင့်သား ဒီကမ္ဘာကြီးကို မုန်းသင့်တာပဲ ....  "

      " ငါမေးနေတာပဲဖြေ ... ၊ အဲ့ည... အဲ့ညက ငါ့ကို မေ့လဲအောင် လုပ်တာလဲ မင်းပဲမလား.. "

      ယော(လ်) ၏ ချိုမြိန်သော အသံလေးမှာ ညုတုတုအသံအဖြစ်သို့ ပြောင်းလဲလာပြီး ယော့(ခ်) ၏ မျက်နှာလေးအား ပွတ်သပ်လိုက်၏ ။

     " အရှင့်သား သိပ်ဆိုးတာပဲ ... မိန်းကလေးကို ဘာလို့ အတင်းတွေ ဟောက်နေရတာလဲ ၊ တို့ စိတ်မကောင်းဖြစ်တာပေါ့လို့ ... ညှာညှာတာတာလေး ရှိပါဦး"

     " သာမန် မိန်းကလေးဆို ငါ့လက်ထဲ ထည့်ထားတဲ့ အား နဲ့ သေနေပြီ ၊ တောင်းပန်ပါတယ် ငါက ပုံမှန်မဟုတ်ဘူးဆိုရင် မညှာတတ်ဘူး .. "

     " ... အာ... အရှင့်သားလဲ ပုံမှန်မဟုတ်ဘူးလေ... အရှင့်သားက မကောင်းဆိုးဝါး တစ်ကောင်ပဲ ၊ ကိုယ့်ကိုယ့်ကိုယ်လည်း မှန်ထဲ ပြန်ကြည့်ကြည့်ပါဦး ... "

     " ငါတော့ မှန်ကြည့်တိုင်း အလှလေးတစ်ယောက်ပဲ မြင်တယ် ... "

     ယော့(ခ်) ၏ ပေါ့ပျက်ပျက် အပြုံးလေးတစ်ခု ထုတ်လိုက်ပြီး ပြောလာသည် ။ ယော(လ်) မှာတော့ မျက်လုံး ပြူးကျယ်သွားပြီးနောက် မျက်နှာတစ်ခုလုံး မှောင်မဲသွားလျက် တည်ကြည်သွားသော မျက်နှာသည် အေးစက်မှုတို့ ဖုံးလွှမ်းကာ အနီရောင်မျက်လုံးတို့သည် ညအမှောင်ထဲ လင်းလက်လာခဲ့သည် ။

     " မင်းကို တကမ္ဘာလုံးက ကြိုးကိုင်နေတာပဲ ၊ မင်းမှာ ဝမ်းနည်းမှုတွေ ဘယ်လောက်တောင် များပြားခဲ့ရလဲ ၊ ဘယ်သူမှ မင်းကိုဂရုမစိုက်တဲ့အချိန်တွေ ... ဘယ်သူမှ မင်းကို မမြင်ကြတဲ့အချိန် ... မင်းအထီးကျန်နေတယ်လို့ ပြောတိုင်း ဘယ်သူကမှ နားမထောင်ပေးတဲ့အချိန် .. ပြန်တွေးကြည့်စမ်းပါ.. တစ်ခြားသူတွေ နဲ့ မင်း နဲ့... ဒီလို ကမ္ဘာကြီးက မျှတမှုဆိုတာ မရှိဘူးမဟုတ်လား..... မင်းမုန်းလိုက်စမ်းပါ .. ဒေါသတွေ ပေါက်ကွဲလိုက်စမ်းပါ .... ငါက မင်းအနောက်မှာ ရှိပေးမယ်လေ..... ကမ္ဘာကြီးက မသန့်စင်တော့ဘူး ... လူတွေက ပျက်စီးနေကြပြီပဲ .... "

      လင်းလက်နေသော မျက်ဝန်းနီနီများသည် ယော့(ခ်) အား ငြိမ်ကျသွားစေပြီး ညို့ခံလိုက်ရသလို မျက်ဝန်းတို့ ဗလာဖြစ်သွားခဲ့သည် ။

      ယော(လ်) မှာ ပြုံးစစ ဖြစ်လာခဲ့ပြီး ၊ မကြာခင် အပြုံးတို့ ထပ်၍ ပျောက်သွားရပြန်သည် ။

      ယော့(ခ်) သည် သူ(မ) အပေါ်မှ ထလိုက်ပြီး အဝတ်များအား ဖုန်ခါသလို ခါလိုက်သည် ။ ထို့နောက် အဆင့်မြှင့်စိန်များထည့်ထားသည် အထုပ်လေးအား ယော(လ်) ထံသို့ ပစ်ပေးပြီး အေးစက်စက်ဖြင့် ဆိုလာ၏ ။

     " သေတ္တာထဲမှာ ငါးကန်ဆေးတဲ့ ကျောက်တုံးပဲ ပါတယ် ၊ အဆိပ်ရည်ကို ဒီအတိုင်းယူရမှာ အားနာလို့ အပိုယူထားလိုက် ... ၊ ဆေးဖိုးဝါးခ အနေနဲ့သုံးလိုက်လုိ့လဲ ရတယ်လေ "

      ယော့(ခ်)သည် သရော်ပြုံးလေး ပြုံးပြလိုက်သည် ။ ယော(လ်) မှာ မြေပြင်ပေါ်တွင် အပေါ်ပိုင်းအနည်းငယ် ထနိုင်ပြီး သူ(မ)၏ ခါးတွင် ထိုးစိုက်နေသော ဓားမြှောင်အား စိုက်ကြည့်နေမိ၏ ။

     " အာ ... နောက်ပြီး ..ကမ္ဘာကြီးကို မမုန်းနိုင်လို့ တောင်းပန်ပါတယ် .... ဒီကမ္ဘာကြီးက ညစ်ပတ်နေတာမှန်ပေမဲ့  ငါကလည်း သန့်စင်နေတာမျိုးမှ မဟုတ်ပဲ ... "

      ယော့(ခ်) သည် အေးအေးလူလူဖြင့် ပြန်သွားလိုက်ပြီး ယော(လ်) အား ထားခဲ့လိုက်သည် ။

      ယော(လ်) မှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချလာကာ ခါးတွင် စိုက်နေသော ဓားမြှောင်အား ဆွဲနုတ်၍ လွှင့်ပစ်လိုက်၏ ။

     " ဟက် ... ကစားပွဲက ပိုလွယ်လာတယ် ထင်မိထားခဲ့တာ .... ဆိုးတာပဲ  "

     ယော(လ်) သည် စိန်ထုပ်လေးအား ကောက်ယူလိုက်ပြီး လက်ထဲတွင် ပြာအဖြစ် အမှုန့်ခြေလိုက်သည် ။ ထို့နောက် အ ပြာမှိုင်းမှိုင်း ပြာမှုန့်များအား ခါချလိုက်ပြီး သေတ္တာဘူးအား ဖွင့်လိုက်သည် ။

     သူမှန်းထားသည့်အတိုင်း အိမ်ရှေ့စံဆိုသည့်ဟာလေးမှာ စပ်စုခဲ့သေး၏ ။ သူသာ မှောင်ခိုဈေးကတည်းက သေတ္တာ ခိုး လဲမထားပါလျှင် အခုလောက်ဆို မကောင်းဆိုးဝါးပြောင်းပြီး အင်ပါယာမြို့ထဲသောင်းကျန်းနေလောက်နေပြီပင် ။

    သူသည် အထဲမှ ကျောက်စိမ်းလုံးလေးအား ထုတ်ယူလိုက်ပြီးသေချာကြည့်လိုက်သည် ။

    " ငါ့ရဲ့ အသက်သွင်းဆေးလုံးက ဘယ်လိုဖြစ်ပြီး ငါးကန်ဆေးတဲ့ ကျောက်တုံးဖြစ်သွားတာလဲ ..."

    သူ မျက်လုံးလှန်လိုက်ပြီး ' ငါးကန်ဆေးသည့် ကျောက်တုံး ' အား အရည်အဖြစ် ပြောင်းလဲစေလျက် ဓားထိုးခံလိုက်ရသည့် နေရာပေါ် လောင်းထည့်လိုက်ကာ ပြန်လည် ကောင်းမွန်သွားစေ၏ ။

      စွမ်းအင်များကို စုစည်းပြီး နောက်ထပ်သော ဆေးလုံးလေးထပ်လုပ်ကာ လက်ထဲတွင် ပွတ်သပ်ဆော့ကစားရင်း အိမ်တော်ဆီသို့ တရွေ့ရွေ့ပြန်လိုက်သည် ။

      " .... ငါးကန် တကယ် ဆေးလို့ရလို့လား .. "

*****
FOOT NOTES

[1] အပြစ်ကင်းစင်ပြီး ပြီးပြည့်စုံလွန်းတဲ့ ဇာတ်ကောင်မျိုးပါ ၊ သူပြောသမျှ လူတိုင်းက ယုံပြီး ကျဆင်းနေတတ်ပါတယ် ။

[2] chakra တို့ ချီစွမ်းအင် အတွင်းအားလိုမျိုးကို ဆိုလုတာပါ ။

******

စာရေးသူမှာပြောစရာရှိပါတယ်

     ယောလ် လယ်ရန် က နာမည်အတုပေါ့ ။

< ML ရဲ့ ပထမဆုံး form >

ဆံပင် အဖြူရောင် အရှည်
skin အနက်ရောင် နဲ့ အနီရောင်လင်းလင်း သွေးကြော..
မျက်လုံးအနီရောင်တောက်တောက်

< ဒုတိယ form >

Femalw with Giant D(u)ck ( lamo )
ဆံပင် အဖြူအရှည်
အသားဖြူဥ
မျက်လုံးအနီရောင်

< တတိယ form >

ဆံပင်အဖြူရောင်အတို
ပယင်းရောင် မျက်လုံး
ဘယ်ဘက်မှာ ပုလင်း နားကပ်လေး~
အသားက ညိုညို

ML ရဲ့ အရောင်ကတော့ နေဗီပြာမှိုင်းမှိုင်းဖြစ်ပြီး
york ကတော့  အပြာနုနုဖြစ်ပါတယ်

××××

YORCK CHIBI STICKER လေး နဲ့ Sketch လေး ဆွဲဖြစ်တာ:3

( will add photo soon lmao )





Continue Reading

You'll Also Like

12.7K 927 61
Just like how two shores of sea can never meet, they can never meet too, might be physically but never mentally. The other shore is too far to even t...
6.1M 394K 74
Losing this war means captured by the enemy empire and considered as their prostitutes and servants. Dreaming that situation made my heart race even...
45.3K 1.4K 60
Camille is a student at Venezia Academy who loves to read books, particularly novels. She is, nevertheless, a target of the school bullies. She fell...
16.2K 1.3K 35
Disclaimer: this is a work of fiction. Every characters (beside my OCs) belongs to Maharishi Ved Vyas. "RAGHUKUL REET SADA CHALI AAYI, PRAN JAYE PAR...