ဖွဲ့နှောင်ရစ်သည် [ Complete ]

By yeiksaryar

362K 10.1K 374

ခရမ်းရောင်ဟာ အာရှတိုက်ရဲ့ မဟာအဆန်ဆုံးအရောင်တစ်ရောင်တဲ့။​ခရမ်းရောင် မိဖုရားကတော့ကိုယ့်တစ်ဘဝလုံးအတွက် မဟာအဆန်ဆု... More

အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း(၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)

အခန်း (၄)

12.2K 627 16
By yeiksaryar


နာကျင်ကျိန်းစပ်သွားသော ပါးပြင်ကိုအုပ်ကိုင်လျက်နှင့် ဒင်ဘယ်လ်သန့် ဖုန်းကိုင်လိုက်သည်။

"ဟဲလို ကိုကြီး"

"သန့်လေး"

"ဟုတ်"

"သဘက်ခါ ဒေါ်ကြီးတိုး ပြန်လာမယ်။အဲ့ဒါ သန့်လေး ဖြစ်ဖြစ်၊သန့်လေး မအားရင်လည်း တစ်ယောက် ယောက်ကို သွားကြိုခိုင်းလိုက်ဦး။"

"ဟင်၊ဒေါ်ကြီးတိုးက ဘာဖြစ်လို့ပြန်လာမှာလဲ၊သန့်လည်း ကုမ္ပဏီမှာနေတာ ဥစ္စာ။"

လူရောစိတ်ရော အမျိုးအမည်မသိသည့်ခံစားမှုတစ်မျိုး လှိုက်ဖိုခံစားနေရဆဲဆိုပေမယ့် ကိုကြီး မရိပ်မိစေရန် ပုံမှန်အသံဖြစ်အောင် ကြိုးစား၍ ပြောလိုက်သည်။

"နောက်တစ်လလောက်နေရင် ကိုကြီးလည်းပြန်လာမယ်လို့စဉ်းစားတယ်။ဒီက အလုပ်တွေ မပြတ်သေးလို့သာပဲ။ကိုကြီးတို့ သန့်စံအိမ်တော် ကိုလည်း ပစ်ထားတာကြာပြီမို့လားကွာ။ဦးဝေ လုပ်ကိုင်ကြည့်ရှု့ ပေးနေပေမယ့် ဦးဝေလည်း အသက်ရလာပြီလေ။အဲ့ဒါ ဒေါ်ကြီးတိုး ပြန်လာပြီး ခြံကိုပြုပြင် စီမံလို့ရအောင်လို့။သန့်လေး ဒေါ်ကြီးနဲ့အတူ အိမ်မှာပြန်နေရင်နေ၊ မဟုတ်ရင်လည်း ဒေါ်ကြီးကို ကုမ္ပဏီမှာ ခေါ်ထားလိုက်လေ"

"ကိုကြီးက ပြန်လာမယ်၊ဟုတ်လား။သန့်လေးကို ပြောတော့ ဟိုမှာပဲ တစ်သက်လုံးတောင် နေချင်တယ်ဆို"

"အင်းပါကွာ၊စိတ်ကူးက ဒီလိုပဲ ပြောင်းတတ်တာပဲ မို့လား။ဒါနဲ့ သန့်လေး နေရောကောင်းရဲ့လား။ထမင်းရော အများကြီးစားရဲ့လား"

"နေကောင်းပါတယ် ကိုကြီးရဲ့။နည်းနည်းတောင် ပြည့်လာသလိုပဲ။စိတ်ချမ်းသာလို့ဖြစ်မယ်။ထမင်းကတော့ special စီစဉ်ထားတယ်ဆိုပေမယ့် ကုမ္ပဏီလက်ရာလေ ကိုကြီး။ဒေါ်ကြီးလာရင် ထမင်း ဟင်း ကောင်းကောင်း ပြန်စားရတော့မယ်"

"အင်းပါ ဟုတ်ပါပြီ။ဒါနဲ့ ကလေးက ဘာတွေစိတ်ချမ်းသာစရာ တွေ့နေတာတုန်း"

ဒင်ဘယ်လ်သန့်ကို ကိုကြီးချစ်လာရင် ကလေး၊ ကလေးလေး ဟုခေါ်တတ်သည်။

"ဒါက top secrect "

"လုပ်ပါ။ပြောပြပါဦး။ကိုကြီးမှာ ဒီညီမလေးတစ်ယောက်တည်းရှိတာ။သိချင်တာပေါ့"

"ဟင့်အင်း၊ကိုကြီး စိတ်ဆိုးမှာ"

"ပြောကြည့်လိုက်ပေါ့ ကလေးက"

ဒင်ဘယ်လ်သန့် အသံလေး တည်သွားကာ

"ဟို၊သန့်လေး တစ်ချိန်လုံး စွဲလမ်းလာရတဲ့သူကို အနားမှာခေါ်ထားနိုင်ပြီ ကိုကြီး"

"ဟင်။ဘာ ဘာပြောတယ် သန့်လေး။ဟို။ခင်မင်း ခင်မင်းကိုများ"

"ဟုတ်တယ် ကိုကြီး။ကိုကြီး သန့်လေးကို စိတ်ဆိုးချင် စိတ်ဆိုးပါလေ။သန့်လေး လိုချင်တဲ့ အခြေအနေကို သန့်လေး လုပ်ယူတာ။ကိုယ့် နှလုံးအိမ်က လာတဲ့အသံနောက်ကို လိုက်တာ။"

"စိတ်ဆိုးတာ မဆိုးတာ မတွေးနိုင်တော့ဘူး သန့်လေး။သန့် သူ့ကို ချစ်လား။ချစ်နိုင်လား။နောက်ပြီး ခင်မင်းကရော သန့်ကို ပြန်ခံစားပေးနိုင်လား။စိတ်ဝင်စားရုံလောက်နဲ့ ဒီမိန်းကလေးကို ဘာမှထပ်မလုပ်ပါနဲ့။ကိုကြီးလည်း ကိုယ့်နှလုံးသားနောက် လိုက်ခဲ့ဖူးတာပဲကွာ။ဒါပေမယ့် ကိုကြီး ဘာရခဲ့လဲ။ကိုကြီးရဲ့ ဘဝတစ်လျှောက်လုံးကို သန့် မြင်လာခဲ့တာပဲ။တခြား ဘယ်မိန်းခလေး ယောက်ျားလေးကို မဆို သန့်လေး ခံစားပါ။ ပတ်သက်ပါကွာ။မတားပါဘူး။ဒါပေမယ့် ခင်မင်း ကိုတော့ မလုပ်ပါနဲ့တော့။သူ့အပေါ် ကိုကြီးလုပ်ခဲ့တဲ့အမှားတွေနဲ့တောင် များလှပါပြီ သန့်လေးရာ"

"ဒါက ကိုကြီးအပိုင်းလေ။သန့် သူ့ကို ချစ်လားဆို သန့်ကိုယ်တိုင်တောင် မသိသေးဘူး။ဒါပေမယ့် သူ့ကို ဒုတိယအကြိမ် တွေ့ လိုက်ရပြီးတဲ့နောက်မှာ အနားမှာပဲ မဖြစ်မနေ ထားချင်သွားတယ်။ပထမအကြိမ်ကတော့ ကိုကြီးသိတဲ့အတိုင်းပဲ။နောက်ပြီး ကိုကြီးရဲ့ညီမ မှန်း သူ ဒီနေ့ပဲ သိသွားပြီ။သန့် ရအောင် ရင်ဆိုင်ရမှာပေါ့"

"ပိုဆိုးကုန်ပြီပေါ့။သန့်လေးရာ။မလုပ်ပါနဲ့လား။နောက်ဆုတ်လိုက်ပါလား"

"နိုး။ဒီမိန်းမကိုပဲ ခံစားလို့ရတာ"

မောင်နှမ နှစ်ယောက်စလုံး ခဏ တိတ်ဆိတ်သွားသည်။တအောင့်ကြာတော့မှ

"ကိုကြီး ဖုန်းချလိုက်တော့မယ်"

ဒင်ဘယ်လ်သန့် ဘာမှ ပြန်မပြောခင် တစ်ဖက်မှ ဖုန်းချသွားသည်။ကိုကြီးအပေါ် အမှန်ကိုဖွင့်ပြောလိုက်ရ၍ သန့် ရင်ထဲ တစ်မျိုးတော့ ပေါ့သွားသည်။သို့သော် သူမကို ပါးရိုက်သွားသော အမျိုးသမီးကလေးကိုသတိရသွားပြီး တစ်မျိုး လေးလံသွားပြန်ပါသည်။သန့်ကလည်း သန့် ပဲလေ။အတင်းကာရော သွားလုပ်မိတာကိုး။ပထမတော့ မနေ့ညက ကားထဲကကိစ္စကို သန့် တောင်းပန်မလို့ပါပဲ။သို့သော် ဟိုလူနဲ့ဖုန်းတွေဘာတွေတောင် ပြောနေတာတွေ့တော့ သန့်စိတ်တိုသွားသည်။ဒါတောင် အခန်းထဲ ကော်ဖီမှာပြီး အေးဆေး ဆွေးနွေးဦးမလို့ပဲ။ဒေါ်ခင်မင်းရှိန်ကလည်း မလျှော့၊ သန့်ကလည်း မလျှော့။ဒါနဲ့ပဲ အခြေအနေတွေ လွန်ကုန်ပြန်သည်။

သူမ၏ မျက်နှာလေးကို နမ်းမိရင် သန့် ဘယ်လိုမှ စိတ်မထိန်းနိုင်တော့။အဆင့်တွေ တက်မိသည်။တစ်စုံတစ်ရာအပေါ် ပျော်ဝင်ကူးခတ်နေသလို အတောမသတ်ချင်။တဖြည်းဖြည်း ယစ်မူးရင်းနဲ့ ရမ္မက် ထန်လာသည်။သန့်အတွက် သူမ၏ ကိုယ်သင်းရနံ့ကစပြီး တစ်ကိုယ်လုံးမှာ တပ်မက်ချင်စရာ အတိ။နမ်းမယ် ထိပါးမယ်ရယ်လို့ မစဉ်းစားမကြံစည်ထားပေမယ့် သူမကိုထိမိ ကိုင်မိလိုက်ပြီးရင် ဘယ်လိုမှ ဆက်မထိန်းချုပ်နိုင်တော့ပါ။အခု ဖြစ်သွားသည့် ကိစ္စတွေကို ပြန်ရှင်းရမည်။လွယ်မယ်တော့ မထင်။သူ့ကို သူမ မုန်းသွားပြီလားမသိ။သန့်ကလည်း အလွန်အကျွံကို ကျူးလွန်မိသလိုဖြစ်သွားသည်ကိုး။ဒင်ဘယ်လ်သန့်တို့က ပို ပို၍ လိုချင်နေမိပြီ။ဝေးသွားလို့ မဖြစ်သေးဘူး ဒေါ်ခင်မင်းရှိန်ရေ။

........................

ဖုန်းချပြီး ကောင်းမြတ်သန့် မှိုင်နေသည်။မြန်မာပြည်ပြန်ပြီး သန့်လေး ဘာတွေလုပ်နေလဲ သူလုံးဝမသိ။အခုကိစ္စမှာ သန့်ကို အပြစ်မတင်ရက်။အကြောင်းမှာ သန့်လေး ကလေးဘဝကတည်းက ခင်မင်းကို စွဲစွဲလမ်းလမ်း ဖြစ်နေသည်ကို သူသိ၍ပင်။"သန့် အဲ့ဒီမမကို စိတ်ဝင်စားတယ်"။"သန့် အဲ့ဒီမမကို အိပ်မက် မက်ပြန်ပြီ ကိုကြီး"။"သန့်လေ အဲ့ဒီမမကို တစ်နေ့ကျရင် သွားပြန်ရှာမလို့"။"အဲ့ဒီမမ ကိုကြီးမိန်းမဖြစ်နေရင်တောင် သန့် သဘောကျမိမှာပဲ"။ဤသို့သောစကားတွေပြောပြီး ကြီးပြင်းလာသည့် ကလေးမို့ သူ အပြစ်မတင်ရက်ပေ။သို့သော် ခင်မင်းကို အရမ်းအားနာမိသည်။သန့် စိတ်ကိုလည်း သူ သိသည်။ဒါဆို ဒါမှရသည်။ငယ်ငယ်ကတည်းက စိတ်ခံစားမှု အားကောင်းသည်။သူမလေး ကြိုက်သည့် အစားအစာ၊အင်္ကျီ၊အရုပ် ဘာမဆို တစိုက်မတ်မတ် ကြိုက်တတ်သည်။သူမ သဘောကျသည့်အရာတွေအပေါ် ဘယ်တော့မှ ငြီးငွေ့လွယ်သည့်စိတ်မရှိ။

ဖေဖေနှင့်မေမေ မရှိကတည်းက သူတို့မောင်နှမ အတွယ်တာ ပိုခဲ့ကြသည်။အရမ်းငယ်သေးစဉ်မှာ သန့်လေး မိဘမဲ့ဖြစ်သွားတာကတစ်ကြောင်း၊သူ့ရဲ့ တစ်ဦးတည်းသော သွေးရင်းချာမို့ တစ်ကြောင်း သန့်လေးကို သူအထူးဂရုစိုက်သည်။အချစ်ပိုခဲ့သည်။သန့်ကလည်း လိမ္မာသည်။နိုင်ငံခြားမှာနေရပေမယ့် ဘယ်လိုအကြောင်းကြောင့်မှ မပျက်စီး။သူ့ကိုယ်သူ ငယ်ကတည်းက တည့်မတ်နိုင်သည်။သူ နိုင်ငံခြားထွက်လာတော့ သူနဲ့အတူ လိုက်လာခဲ့တုန်းက သန့်က အသက် ၁၃ နှစ်ပဲရှိသေးသည်။တစ်ခါတလေ ကောင်းမြတ်သန့် ကိုတောင် စိတ်ခွန်အားဖြစ်စေမည့်စကားမျိုး ပြောပေးနိုင်သည်။သန့်လေးက သူ့အနာဂတ်ကိုလည်း သူ့ဘာသာ တိတိကျကျ ပုံဖော်ယူသည်။နိုင်ငံခြားမှာ ဘွဲ့ယူပြီး မြန်မာပြည်ပြန်ကာ သူတို့မိဘတွေလက်ထက်က ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီကို ပြန်ဦးစီးသည်။သူထွက်မလာခင်ကတော့ သူ လုပ်ကိုင်ခဲ့သည်။သို့သော် သန့်က ရှယ်ယာတချို့ထပ်ဝယ်၍ ကုမ္ပဏီရှယ်ယာအများဆုံးလူအဖြစ် ဦးစီးတာမျိုးဖြစ်သည်။

ခင်မင်းရယ်။ငါလေ နင့်ကို မေ့မရပါဘူးဟာ။ငါ ငါမှားခဲ့ပါတယ်ဟာ။အရောင်ပါတဲ့အချစ်နဲ့ ပတ်သက်လို့မရဘူးဆိုတောင် အရောင်မပါတဲ့ ဖြူစင်တဲ့အချစ်မျိုး ငါ့ရင်ထဲမှာရှိပါသေးတယ်ဟာ။

အသံတိတ်စကားတွေပြောရင်း ကောင်းမြတ်သန့်စိတ်တွေ အတိတ်ကို ပြန်ရောက်သွားသည်။ထိုနေ့က လူရှင်းသည့်ကျောင်းဝင်း တစ်နေရာတွင် သူ မျက်ရည်ကျနေသည်။ဘယ်သူမှ မမြင်လောက်သည့် နေရာဟု သူထင်ပေမယ့်

"ဟိတ်"

"ခေါ်သံကြားရာကိုကြည့်လိုက်တော့ ဆံပင်ဂုတ်ဝဲနဲ့ သူ့လိုကျောင်းဝတ်စုံနဲ့ ကောင်မလေးတစ်ယောက်။"

"ဘာဖြစ်နေတာလဲ။နေမကောင်းလို့လား"

"မဟုတ်ပါဘူး"

"နင် ငိုနေတာလား။ငါ့ကိုပြောလေ။သူများ အနိုင်ကျင့်လိုက်လို့လား"

"မဟုတ်ပါဘူးဟာ"

သူ ဒီလောက်ပဲပြောပေမယ့် သူ့ဘေးနား သူမ လာထိုင်ချလိုက်သည်။ဘေးမှာ ပန်းခြုံလေးတွေနဲ့မို့ သူတို့နှစ်ယောက်ကို တော်ရုံလူတွေ မတွေ့နိုင်။

"ဘာဖြစ်လို့လဲ ဒါဆို"

"ငါ ဖေဖေနဲ့မေမေကို သတိရလို့ပါ"

"သြော် သူတို့က ဘယ်သွားကြလဲ"

ကောင်းမြတ်သန့် ထိုကောင်မလေးကို ခပ်ငေးငေးလေးကြည့်ပြီး

"ဆုံးကုန်ကြပြီ။ဒီနေ့ တစ်လပြည့်"

"စိတ်မကောင်းလိုက်တာ။ဒါပေမယ့် ဘာမှမဖြစ်ဘူး သိလား။ငါဆိုရင်လေ ဟိုးငယ်ငယ်ကတည်းက အဖေအမေ မရှိတော့တာ"

"ဟုတ်လား"

"အင်း။တကယ် ဘာမှမဖြစ်ဘူး။နင့်မှာ ဒေါ်လေးရှိလား။ငါ့မှာ ဒေါ်လေး ရှိတယ်။ငါ့မိဘတွေ မရှိတုန်းက ဘာမှမကြောက်ရဘူးတဲ့ ဒေါ်လေးက။ငါဆို ဒေါ်လေးနဲ့ နှစ်ယောက်တည်းနေတာလေ"

"ငါ့မှာ ဒေါ်လေးတော့မရှိဘူး။ဒါပေမယ့် ငါတို့အိမ်တော်ထိန်း ဒေါ်ကြီးတိုး နဲ့ ခြံထဲမှာဦးစီးလုပ်ကိုင်ပေးတဲ့ ဦးနိုင်ဝေတို့တော့ရှိတယ်"

"ဒေါ်ကြီးတို့က နင့်ကို မချစ်ဘူးလား"

"ချစ်တာပေါ့။သားသမီးအရင်းလို ချစ်တာ"

"အင်း အာ့ဆို။ကိုယ့်မှာမရှိတော့တဲ့အရာတွေအတွက် ပူဆွေးနေရတာမှန်ပေမယ့် ကိုယ့်မှာရှိတဲ့အရာတွေအပေါ် ပိုအာရုံစိုက်ပြီး ကုစားလိုက်ပေါ့။ရှိနေတဲ့အရာတွေကို ပိုတန်ဖိုးထားလိုက်ပါ။နင့်မှာ အိမ်​မွေးခွေးလေး ကြောင်လေး မရှိဘူးလား"

"အဲ့လိုတော့မရှိဘူး။ဒါပေမယ့် ညီမလေး ရှိတယ်"

"ပိုတောင်ကောင်းသေး။ငါ့မှာဆို မွေးချင်း အဖော်တောင်မရှိဘူး"

"ညီမလေးက ငယ်သေးတယ်။ခုမှ လေးတန်းပဲရှိသေးတာ"

"ဟုတ်လား"

"ဘာပဲဖြစ်ဖြစ် နင် စကားလာပြောပေးလို့ ငါ နေရနည်းနည်းသက်သာသွားပြီ။နင်က ဘယ်နှတန်းလဲ"

"ဆယ်တန်းလေ"

"ငါရောပဲ။ဒါဆို ငါတို့က ရွယ်တူတွေပေါ့"

အဲ့ဒီနေ့ကစပြီး သူနဲ့သူမ သူငယ်ချင်းတွေဖြစ်ခဲ့ကြသည်။အတန်းတူပေမယ့် အခန်းမတူကြပေ။အခန်းမတူသော်လည်း အားတဲ့အချိန်တိုင်း တစ်တွဲတွဲခင်ခဲ့ကြသည်။တက္ကသိုလ် တက်တဲ့အထိ ခင်ခဲ့ ရင်းနှီးခဲ့ကြသည်။ခင်မင်း ယူသည့်မေဂျာကို ကောင်းမြတ် လိုက်လျှောက်သဖြင့် မေဂျာလည်းအတူတူပင်။

တွဲလေ ခင်မင်း၏ စိတ်ဓာတ် အမူအကျင့်လေးတွေ ပိုသိလာရလေဖြစ်ကာ သူ့ဘက်က အကြင်နာပိုခဲ့မိသည်။ခင်မင်းကလည်း ပို၍ လှလာသည်။အရမ်းကြီး ထင်ပေါ်နေသည့်အလှမျိုးမဟုတ်ပေမယ့် ခင်မင်းက ဆွဲဆောင်မှုရှိသည်။တည်ငြိမ်သည့် သွင်ပြင်ဆောင်သည်။ကျက်သရေဖြာသည့် အလှမျိုး။အသားအရေမှာ စိုဝင်းဝင်းလေးဖြစ်နေပြီး အနားကပ်ရင်ရတတ်သည့် ကိုယ်သင်းနံ့က ငြိမ်းချမ်းသင်းမြနေတတ်သည်။တက္ကသိုလ်တက်စဉ်ကာလတွင် ခင်မင်းကို ချဉ်းကပ်ခဲ့သမျှကောင်လေးတွေကို ခင်မင်းငြင်းသည်။သူ မေးလျှင် ဘယ်သူ့ကိုမှ သူမ မခံစားမိသေးဟုပြောသည်။နောက်ဆုံးနှစ်တွင် ကောင်းမြတ်သန့် ဖွင့်ပြောလိုက်သည်။သို့သော် သူလည်း အငြင်းခံရသည်။

......................

ပြန်ရောက်ကတည်းက ခင်မင်း အခန်းထဲအောင်းနေမိသည်။ဒေါ်လေး မေးလျှင် နေမကောင်းလို့ဟု ဖြေထားသည်။တစ်ကယ်လည်း အဖျားဝင်ပြီထင်။ငိုလွန်း၍ပဲလားမသိ။ခေါင်းတွေ တစစ်စစ်ထိုးကိုက်နေသည်။ပြန်တွေးမိတိုင်း ခင်မင်း မျက်ရည်ကျသည်။ကိုယ့်ကိုယ်ကို မသန့်ရှင်းတော့သလို ခံစားရသည်။မိန်းကလေးတစ်ယောက်က ကျူးလွန်ထိပါး လိုက်ပေမယ့် သူမ၏ လျှို့ဝှက်အပ်သောနေရာထိ ပါကုန်သဖြင့် စိတ်ကို မဖြေနိုင်။ရှက်လည်းရှက် ဒေါသလည်းထွက်သည်။ဘယ် ဆန့်ကျင်ဘက် ယောက်ျားလေးတစ်ယောက်မှ မထိဖူးသေးသည့်အတွက် ခင်မင်းအဖို့ စိမ်းလှသည့် အထိအတွေ့လည်းဖြစ်သည်။ရုန်းရင်းကန်ရင်း ရင်ထဲလည်း တဒိန်းဒိန်း မြည်နေခဲ့ရသည်။ခင်မင်း စိတ်ထဲတွင် ခုထိ လန့်တုန်းပင်။ဖုန်းသံကယ်ပေလို့သာပဲ။မဟုတ်ရင် ခင်မင်း လွတ်မြောက်နိုင်ပါ့မလား။သူမအပေါ် အဘယ်မျှထိလုပ်မလဲ မတွေးတတ်ပါ။ဒီမိန်းကလေး ဘာကြောင့် သူမကို ဤသို့ပြုမူသလဲဟု ထပ်စဉ်းစားမိပြန်သည်။ကောင်းမြတ်သန့် နာမည်ကိုထုတ်ပြောသွားသဖြင့် ပို၍ ခါးသီးရသည်။စိတ်ရှုပ်ထွေးရသည်။

"ခင်မင်း နင့်ကိုငါချစ်တယ်"

"ဟင်။ဘာကြီး။အမယ်လေး ကောင်းမြတ်ရယ် ကိုယ့် သူငယ်ချင်းအရင်းကြီးကို ဘယ်လိုပြောလိုက်တယ်"

အဲ့ဒီတုန်းက ကောင်းမြတ်ကို မချစ်ဘူးဟု ပွင့်ပွင့်လင်းလင်းဖြေခဲ့သည်။။သူမစိတ်ထဲ ပေါ့ပေါ့ကလေးပင်။ရယ်ပင်ရယ်နေခဲ့သေးသည်။ဘွဲ့ယူပြီး ကောင်းမြတ်တစ်ယောက် သူတို့ရှယ်ယာပါသော ကုမ္ပဏီတွင် အလုပ်ဝင်လုပ်သည်။ကျောင်းတက်နေစဉ်ကလို အမြဲ မတွေ့ရတော့။တစ်ခါတလေ အိမ်လာလည်တတ်သည်။ကောင်းမြတ်တို့အိမ်ကိုတော့ ခင်မင်းတစ်ခါမှ လိုက်မလည်ဖြစ်ပါ။

ကျောင်းတက်ကတည်းက ခင်လာသည့် သူငယ်ချင်းတွေမို့ ဒေါ်လေးနဲ့လည်း ကောင်းမြတ်သန့် ရင်းနှီးသည်။တစ်နေ့တော့ အိမ်မှာ အလှူလုပ်လို့ဟု ဆို၍ ခင်မင်းကို ကောင်းမြတ်တို့ မောင်နှမ လာခေါ်သည်။ဒေါ်လေးက ဆိုင်တစ်ဖက်နဲ့မို့ ခင်မင်းနဲ့အတူ မလိုက်အားပါ။ကြိုပြီး ဖုန်းဆက်ထားသဖြင့် ပြင်ဆင်၍ ခင်မင်း စောင့်နေသည်။ကားပေါ်မှာမို့ ကောင်းမြတ်ညီမလေးကိုလည်း ခင်မင်း သေချာမကြည့်မိ၊ စကားမပြောမိခဲ့ပါ။တစ်ချက်ပဲ ပြုံး၍နုတ်ဆက်ခဲ့သည်။အဲ့ဒီနေ့က သူမ၏ ဘဝအချိုးအကွေ့ဖြစ်သွားမည်ဟု ခင်မင်း နည်းနည်းလေးမှ မတွေးမိခဲ့ပါ။

"သမီးရေ ခင်မင်း၊ထနိုင်ရဲ့လား"

"ဟုတ် ဒေါ်လေး"

လည်ပိတ်ဆွယ်တာအင်္ကျီလေးနှင့်အိမ်နေရင်း ချည်ထဘီကိုဝတ်ပြီး ခင်မင်း အခန်းထဲမှထွက်လာသည်။

"ဟယ်၊သမီးရယ် မျက်နှာလေးလည်း မို့အစ်လို့ပါလား။အရမ်းချမ်းနေလား။ခေါင်းကိုက်ရော မသက်သာဘူးလား။မှန်းစမ်း"

ဒေါ်လေး တရစပ်မေးရင်း နဖူးလေးစမ်းကြည့်သည်။

"ကိုယ်ပူသေးတယ်။ဆေးလေးတစ်လုံးလောက်ထိုးလိုက်ပါလား။ဒေါ်လေး ဆရာဝန် ဖုန်းဆက်ခေါ်လိုက်မယ်လေ"

"အာ ရတယ်ဒေါ်လေး။သမီး ဆေးမထိုးဘူးနော်။ဆေးပဲသောက်မှာ"

ဆေးထိုးရကြောက်သော ခင်မင်းအကြောင်းသိ၍ ဒေါ်လေးလည်း ဆက်မတိုက်တွန်းတော့ချေ။

"ကဲ ဆန်ပြုတ်ပူပူလေးသောက်လိုက်။ပြီးရင် ဆေးသောက်ဖို့ ဒီမှာ။သမီး အားလုံးလုပ်ပြီး ပြန်လှဲနေမှ ဒေါ်လေး ဆိုင်သွားမယ်။တစ်ခုခုဆို ဒေါ်လေးကို ချက်ချင်းဖုန်းဆက်နော်"

ပိုးထည်တိုက်မှာ ခင်မင်းတို့ အိမ် အောက်ထပ်တစ်ခြမ်းကို နေရာယူ၍ဖွင့်ထားသည်။ဆိုင်တွင် ဝန်ထမ်းကောင်မလေး သုံးယောက်ရှိသည်။ကောင်မလေးများမှာ အလုပ်ဝင်နေတာ နှစ်နဲ့ချီကြာနေပြီမို့ စိတ်ချရသည်။မိသားစုဝင်လိုလည်း အားကိုးရသည်။

ဒေါ်လေး ဆိုင်ဆင်းသွားမှ ခင်မင်း အခန်းထဲ ပြန်ဝင်ကာ ချည်အပါးသား အင်္ကျီအဝါရောင်လေး လှဲဝတ်ပြီး နားနေလိုက်သည်။လူက အရမ်း အားမနည်းပေမယ့် အဖျားရှိနေတော့ နေရ မသက်မသာဖြစ်ကာ ညောင်းကိုက်နေသည်။တချို့နေရာတွေ နာကျင်နေသည်။နေ့လည်လောက်ရောက်တော့

"မမခင်မင်း၊မမခင်မင်း"

အခန်းတံခါးခေါက်သံနှင့် ခေါ်သံကြား၍

"အင်း၊ဘယ်သူလဲ"

ထူးလည်းထူး၊အခန်းတံခါးထဖွင့်ပေးလိုက်စဉ်

"သမီးပါ၊ဒီမှာ ဧည့်သည်လာလို့ အိမ်လိုက်ဖွင့်ပေးပြီး လာပို့ပေးတာ။သမီးဆိုင်ပြန်သွားလိုက်ဦးမယ်ရှင့်"

ဆိုင်က ကောင်မလေးပြန်ထွက်သွားပြီး အခန်းဝတွင်မြင်လိုက်ရသူမှာ ဘော့စ်။ခင်မင်းအလျင်အမြန် တံခါးပြန်ပိတ်ဖို့လုပ်သည်။ဘော့စ်က အတင်းတိုးဝင်လာကာ

"ကိုယ့်အိမ်လာတဲ့ဧည့်သည်ကို ဒီလိုပဲ ကြိုဆိုရလား"

"မကြိုဆိုနိုင်ဘူး။ခု ပြန်ပါ"

"စိတ်လျှော့ပါဦး။အဖျားပိုတက်နေဦးမယ်"

ပြောရင်း လက်က နဖူးပေါ်ရောက်လာ၍

"အို မထိနဲ့"

ဘော့စ် လက်မှာ ပုတ်ထုတ်ခံလိုက်ရသည်။

"အပြင်ကဧည့်ခန်းမှာစောင့်ပါ။ကျွန်မလာခဲ့မယ်"

"ရပါတယ်။သက်သာသလို လှဲနေပါ။ဒီမှာပဲ စကားပြောမယ်လေ"

ပြောလည်းပြော ခင်မင်းကို ဖက်ပစ်လိုက်ပြီး ကုတင်နားရောက်အောင် ခေါ်လာသည်။ပြော၍ မရမှန်းသိတော့ ခင်မင်း အလိုက်သင့်ပဲနေလိုက်သည်။ခင်မင်းက ကုတင်ခေါင်းရင်းမှာမှီထိုင်နေ၍ ဘော့စ်က ခင်မင်းရဲ့ညာဘက်မှာ ခြေဆွဲထိုင်နေသည်။ခင်မင်း ဘော့စ်ကိုမကြည့်ပါ။

"ဒီမှာ ကြက်ကြော်ဝယ်လာတယ်။ခု စားလိုက်မလား"

"မစားချင်ပါဘူး။ဒီကို ဘာလာလုပ်တာလဲ ဘော့စ်"

ပြန်ဖြေသံမကြားရ၍ မျက်နှာလွှဲနေရာမှ ခင်မင်း ဘော့စ်ကိုကြည့်လိုက်စဉ်

"ဟင်"

ခင်မင်းလက်ပိုက်ထားလိုက်မိသည်။မျက်နှာ တစ်ခုလုံး ထူပူနီအန်း သွားသည်။ဒေါ်လေးမမြင်အောင် ဖုံးကွယ်နိုင်ခဲ့ပေမယ့် ရုတ်တရက်ရောက်လာသူကြောင့် အင်္ကျီ လဲဖို့မမှီလိုက်ပါ။ခင်မင်းကိုယ်တိုင်တောင် မေ့နေပြီး ဘော့စ် စိုက်ကြည့်နေမှ သတိပြန်ထားမိသည်။စောင်ပဲ ခြုံလိုက်ရမလိုလိုလုပ်ရင်း ကုတင်ပေါ်က ဆင်းဖို့လုပ်သည်။ဘော့စ် က ခင်မင်းကိုယ်လေးကို အသာထိန်းကိုင်၍

"ပြကြည့်၊နာနေလား"

"ဟင့်အင်း၊မကြည့်နဲ့"

ရုတ်တရက် ဝမ်းနည်းစိတ်ဖြစ်လာကာ ခင်မင်း ငိုတော့မလို မျက်နှာလေး ပျက်ယွင်းလာသည်။ဘော့စ်က ခင်မင်း လည်တိုင်ပေါ်က အနီကွက် တွေကို သေချာလိုက်ကြည့်၍ စိတ်မကောင်းသလိုဖြစ်မိသည်။အခန်းထဲနားနေဆဲမို့ အင်္ကျီမှာအပါးသားလေး လဲဝတ်ထားမိတာ ခင်မင်း မှားပြီ။လည်တိုင်နုနုပေါ်မှာရော ရင်ညွန့်ရေးရေးလေးပေါ်မှာရော ဘော့စ်ကြောင့် ရခဲ့တဲ့ marking ရာလေးတွေမှာ သိသာလွန်းနေသည်။နှစ်ယောက်လုံး ဘာစကားမှ မပြောနိုင်ခင်လေးမှာ အဖျားငွေ့ငွေ့နဲ့ပူနွေးထွေးအိနေသော ခန္ဓာကိုယ်လေးကို သန့် ခပ်တင်းတင်းလေး ဖက်ထားလိုက်မိသည်။

* * * * *

ဖတ်ပြီး vote ပေး ကြပါဦးနော်😉🖤

မန်ဘာဝင်ပြီး fb paid group မှာ စ/ဆုံးဖတ်လို့ရပါတယ်။

📢 cb ကနေ hi ​ပြီး fic ခေါင်းစဥ်နဲ့တကွ မန်ဘာဝင်ချင်လို့ပါလို့ တစ်ခါတည်း ပြောပေးပါ။

နာက်င္က်ိန္းစပ္သြားေသာ ပါးျပင္ကိုအုပ္ကိုင္လ်က္ႏွင့္ ဒင္ဘယ္လ္သန္႔ ဖုန္းကိုင္လိုက္သည္။

"ဟဲလို ကိုႀကီး"

"သန္႔ေလး"

"ဟုတ္"

"သဘက္ခါ ေဒၚႀကီးတိုး ျပန္လာမယ္။အဲ့ဒါ သန္႔ေလး ျဖစ္ျဖစ္၊သန္႔ေလး မအားရင္လည္း တစ္ေယာက္ ေယာက္ကို သြားႀကိဳခိုင္းလိုက္ဦး။"

"ဟင္၊ေဒၚႀကီးတိုးက ဘာျဖစ္လို႔ျပန္လာမွာလဲ၊သန္႔လည္း ကုမၸဏီမွာေနတာ ဥစၥာ။"

လူေရာစိတ္ေရာ အမ်ိဳးအမည္မသိတဲ့ခံစားမႈတစ္မ်ိဳး လိႈက္ဖိုခံစားေနရဆဲဆိုေပမယ့္ ကိုႀကီး မရိပ္မိေစရန္ ပုံမွန္အသံျဖစ္ေအာင္ ႀကိဳးစား၍ေျပာလိုက္သည္။

"ေနာက္တစ္လေလာက္ေနရင္ ကိုႀကီးလည္းျပန္လာမယ္လို႔စဥ္းစားတယ္။ဒီက အလုပ္ေတြ မျပတ္ေသးလို႔သာပဲ။ကိုႀကီးတို႔ သန္႔စံအိမ္ေတာ္ ကိုလည္း ပစ္ထားတာၾကာၿပီမို႔လားကြာ။ဦးေဝ လုပ္ကိုင္ၾကည့္႐ႈ႕ ေပးေနေပမယ့္ ဦးေဝလည္း အသက္ရလာၿပီေလ။အဲ့ဒါ ေဒၚႀကီးတိုး ျပန္လာၿပီး ျခံကိုျပဳျပင္ စီမံလို႔ရေအာင္လို႔။သန္႔ေလး ေဒၚႀကီးနဲ႔အတူ အိမ္မွာျပန္ေနရင္ေန မဟုတ္ရင္လည္း ေဒၚႀကီးကို ကုမၸဏီမွာ ေခၚထားလိုက္ေလ။"

"ကိုႀကီးက ျပန္လာမယ္၊ဟုတ္လား။သန္႔ေလးကို ေျပာေတာ့ ဟိုမွာပဲ တစ္သက္လုံးေတာင္ ေနခ်င္တယ္ဆို။"

"အင္းပါကြာ၊စိတ္ကူးက ဒီလိုပဲ ေျပာင္းတတ္တာပဲ မို႔လား။ဒါနဲ႔ သန္႔ေလး ေနေရာေကာင္းရဲ႕လား။ထမင္းေရာ အမ်ားႀကီးစားရဲ႕လား။"

"ေနေကာင္းပါတယ္ ကိုႀကီးရဲ႕။နည္းနည္းေတာင္ ျပည့္လာသလိုပဲ။စိတ္ခ်မ္းသာလို႔ျဖစ္မယ္။ထမင္းကေတာ့ special စီစဥ္ထားတယ္ဆိုေပမယ့္ ကုမၸဏီလက္ရာေလ ကိုႀကီး။ေဒၚႀကီးလာရင္ ထမင္း ဟင္း ေကာင္းေကာင္း ျပန္စားရေတာ့မယ္ ဟိဟိ။"

"အင္းပါ ဟုတ္ပါၿပီ။ဒါနဲ႔ ကေလးက ဘာေတြစိတ္ခ်မ္းသာစရာ ေတြ႕ေနတာတုန္း။"

ဒင္ဘယ္လ္သန္႔ကို ကိုႀကီးခ်စ္လာရင္ ကေလး၊ ကေလးေလး ဟုေခၚတတ္သည္။

"ဒါက top secrect "

"လုပ္ပါ။ေျပာျပပါဦး။ကိုႀကီးမွာ ဒီညီမေလးတစ္ေယာက္တည္း႐ွိတာ။သိခ်င္တာေပါ့။"

"ဟင့္အင္း၊ကိုႀကီး စိတ္ဆိုးမွာ"

"ေျပာၾကည့္လိုက္ေပါ့ ကေလးက"

ဒင္ဘယ္လ္သန္႔ အသံေလး တည္သြားကာ

"ဟို၊သန္႔ေလး တစ္ခ်ိန္လုံး စြဲလမ္းလာရတဲ့သူကို အနားမွာေခၚထားႏိုင္ၿပီ ကိုႀကီး။"

"ဟင္။ဘာ ဘာေျပာတယ္ သန္႔ေလး။ဟို။ခင္မင္း ခင္မင္းကိုမ်ား။"

"ဟုတ္တယ္ ကိုႀကီး။ကိုႀကီး သန္႔ေလးကို စိတ္ဆိုးခ်င္ စိတ္ဆိုးပါေလ။သန္႔ေလး လိုခ်င္တဲ့ အေျခအေနကို သန္႔ေလး လုပ္ယူတာ။ကိုယ့္ ႏွလုံးအိမ္က လာတဲ့အသံေနာက္ကို လိုက္တာ။"

"စိတ္ဆိုးတာ မဆိုးတာ မေတြးႏိုင္ေတာ့ဘူး သန္႔ေလး။
သန္႔ သူ႕ကို ခ်စ္လား။ခ်စ္ႏိုင္လား။ေနာက္ၿပီး ခင္မင္းကေရာ သန္႔ကို ျပန္ခံစားေပးႏိုင္လား။စိတ္ဝင္စား႐ုံေလာက္နဲ႔ ဒီမိန္းကေလးကို ဘာမွထပ္မလုပ္ပါနဲ႔။
ကိုႀကီးလည္း ကိုယ့္ႏွလုံးသားေနာက္ လိုက္ခဲ့ဖူးတာပဲကြာ။ဒါေပမယ့္ ကိုႀကီး ဘာရခဲ့လဲ။ကိုႀကီးရဲ႕ ဘဝတစ္ေလွ်ာက္လုံးကို သန္႔ ျမင္လာခဲ့တာပဲ။တျခား ဘယ္မိန္းခေလး ေယာက်္ားေလးကို မဆို သန္႔ေလး ခံစားပါ။ ပတ္သက္ပါကြာ။မတားပါဘူး။ဒါေပမယ့္ ခင္မင္း ကိုေတာ့ မလုပ္ပါနဲ႔ေတာ့။သူ႕အေပၚ ကိုႀကီးလုပ္ခဲ့တဲ့အမွားေတြနဲ႔ေတာင္ မ်ားလွပါၿပီ သန္႔ေလးရာ။"

"ဒါက ကိုႀကီးအပိုင္းေလ။သန္႔ သူ႕ကို ခ်စ္လားဆို သန္႔ကိုယ္တိုင္ေတာင္ မသိေသးဘူး။ဒါေပမယ့္ သူ႕ကို ဒုတိယအႀကိမ္ ေတြ႕ လိုက္ရၿပီးတဲ့ေနာက္မွာ အနားမွာပဲ မျဖစ္မေန ထားခ်င္သြားတယ္။ပထမအႀကိမ္ကေတာ့ ကိုႀကီးသိတဲ့အတိုင္းပဲ။ေနာက္ၿပီး ကိုႀကီးရဲ႕ညီမ မွန္း သူ ဒီေန႔ပဲ သိသြားၿပီ။သန္႔ ရေအာင္ ရင္ဆိုင္ရမွာေပါ့။"

"ပိုဆိုးကုန္ၿပီေပါ့။သန္႔ေလးရာ။မလုပ္ပါနဲ႔လား။ေနာက္ဆုတ္လိုက္ပါလား။"

"ႏိုး။ဒီမိန္းမကိုပဲ ခံစားလို႔ရတာ။"

ေမာင္ႏွမ ႏွစ္ေယာက္စလုံး ခဏ တိတ္ဆိတ္သြားသည္။တေအာင့္ၾကာေတာ့မွ

"ကိုႀကီး ဖုန္းခ်လိုက္ေတာ့မယ္"

ဒင္ဘယ္လ္သန္႔ ဘာမွ ျပန္မေျပာခင္ တစ္ဖက္မွ ဖုန္းခ်သြားသည္။ကိုႀကီးအေပၚ အမွန္ကိုဖြင့္ေျပာလိုက္ရ၍ သန္႔ ရင္ထဲ တစ္မ်ိဳးေတာ့ ေပါ့သြားသည္။သို႔ေသာ္ သူမကို ပါး႐ိုက္သြားေသာ အမ်ိဳးသမီးကေလးကိုသတိရသြားၿပီး တစ္မ်ိဳး ေလးလံသြားျပန္ပါသည္။သန္႔ကလည္း သန္႔ ပဲေလ။အတင္းကာေရာ သြားလုပ္မိတာကိုး။ပထမေတာ့ မေန႔ညက ကားထဲကကိစၥကို သန္႔ ေတာင္းပန္မလို႔ပါပဲ။သို႔ေသာ္ ဟိုလူနဲ႔ဖုန္းေတြဘာေတြေတာင္ ေျပာေနတာေတြ႕ေတာ့ သန္႔စိတ္တိုသြားသည္။
ဒါေတာင္ အခန္းထဲ ေကာ္ဖီမွာၿပီး ေအးေဆး ေဆြးေႏြးဦးမလို႔ပဲ။ေဒၚခင္မင္း႐ွိန္ကလည္း မေလွ်ာ့၊ သန္႔ကလည္း မေလွ်ာ့။ဒါနဲ႔ပဲ အေျခအေနေတြ လြန္ကုန္ျပန္သည္။

သူမ၏ မ်က္ႏွာေလးကို နမ္းမိရင္ သန္႔ ဘယ္လိုမွ စိတ္မထိန္းႏိုင္ေတာ့။အဆင့္ေတြ တက္မိသည္။တစ္စုံတစ္ရာအေပၚ ေပ်ာ္ဝင္ကူးခတ္ေနသလို အေတာမသတ္ခ်င္။တျဖည္းျဖည္း ယစ္မူးရင္းနဲ႔ ရမၼက္ ထန္လာသည္။သန္႔အတြက္ သူမ၏ ကိုယ္သင္းရနံ႔ကစၿပီး တစ္ကိုယ္လုံးမွာ တပ္မက္ခ်င္စရာ အတိ။နမ္းမယ္ ထိပါးမယ္ရယ္လို႔ မစဥ္းစားမၾကံစည္ထားေပမယ့္ သူမကိုထိမိ ကိုင္မိလိုက္ၿပီးရင္ ဘယ္လိုမွ ဆက္မထိန္းခ်ဳပ္ႏိုင္ေတာ့ပါ။ခု ျဖစ္သြားတဲ့ ကိစၥေတြကို ျပန္႐ွင္းရမည္။လြယ္မယ္ေတာ့ မထင္။သူ႕ကို သူမ မုန္းသြားၿပီလားမသိ။သန္႔ကလည္း အလြန္အကြၽံကို က်ဴးလြန္မိသလိုျဖစ္သြားသည္ကိုး။ဒင္ဘယ္လ္သန္႔တို႔က ပို ပို၍ လိုခ်င္ေနမိၿပီ။ေဝးသြားလို႔ မျဖစ္ေသးဘူး ေဒၚခင္မင္း႐ွိန္ေရ။

........................

ဖုန္းခ်ၿပီး ေကာင္းျမတ္သန္႔ မိႈင္ေနသည္။ျမန္မာျပည္ျပန္ၿပီး သန္႔ေလး ဘာေတြလုပ္ေနလဲ သူလုံးဝမသိ။အခုကိစၥမွာ သန္႔ကို အျပစ္မတင္ရက္။အေၾကာင္းမွာ သန္႔ေလး ကေလးဘဝကတည္းက ခင္မင္းကို စြဲစြဲလမ္းလမ္း ျဖစ္ေနသည္ကို သူသိလို႔ပင္။"သန္႔ အဲ့ဒီမမကို စိတ္ဝင္စားတယ္"။"သန္႔ အဲ့ဒီမမကို အိပ္မက္ မက္ျပန္ၿပီ ကိုႀကီး"။"သန္႔ေလ အဲ့ဒီမမကို တစ္ေန႔က်ရင္ သြားျပန္႐ွာမလို႔"။"အဲ့ဒီမမ ကိုႀကီးမိန္းမျဖစ္ေနရင္ေတာင္ သန္႔ သေဘာက်မိမွာပဲ"။ဤသို႔ေသာစကားေတြေျပာၿပီး ႀကီးျပင္းလာသည့္ ကေလးမို႔ သူ အျပစ္မတင္ရက္ေပ။ဒါေပမယ့္ ခင္မင္းကို အရမ္းအားနာမိသည္။သန္႔ စိတ္ကိုလည္း သူ သိသည္။ဒါဆို ဒါမွရသည္။ငယ္ငယ္ကတည္းက စိတ္ခံစားမႈ အားေကာင္းသည္။သူမေလး ႀကိဳက္သည့္ အစားအစာ၊အက်ႌ၊အ႐ုပ္ ဘာမဆို တစိုက္မတ္မတ္ ႀကိဳက္တတ္သည္။သူမ သေဘာက်သည့္အရာေတြအေပၚ ဘယ္ေတာ့မွ ၿငီးေငြ႕လြယ္တဲ့စိတ္မ႐ွိ။

ေဖေဖႏွင့္ေမေမ မ႐ွိကတည္းက သူတို႔ေမာင္ႏွမ အတြယ္တာ ပိုခဲ့ၾကသည္။အရမ္းငယ္ေသးစဥ္မွာ သန္႔ေလး မိဘမဲ့ျဖစ္သြားတာကတစ္ေၾကာင္း၊သူ႕ရဲ႕ တစ္ဦးတည္းေသာ ေသြးရင္းခ်ာမို႔ တစ္ေၾကာင္း သန္႔ေလးကို သူအထူးဂ႐ုစိုက္သည္။အခ်စ္ပိုခဲ့သည္။သန္႔ကလည္း လိမၼာသည္။ႏိုင္ငံျခားမွာေနရေပမယ့္ ဘယ္လိုအေၾကာင့္ေၾကာင့္မွ မပ်က္စီး။သူ႕ကိုယ္သူ ငယ္ကတည္းက တည့္မတ္ႏိုင္သည္။သူ ႏိုင္ငံျခားထြက္လာေတာ့ သူနဲ႔အတူ လိုက္လာခဲ့တုန္းက သန္႔က အသက္ ၁၃ ႏွစ္ပဲ႐ွိေသးသည္။တစ္ခါတေလ ေကာင္းျမတ္သန္႔ကိုေတာင္ စိတ္ခြန္အားျဖစ္ေစမယ့္စကားမ်ိဳး ေျပာေပးႏိုင္သည္။သန္႔ေလးက သူ႕အနာဂတ္ကိုလည္း သူ႕ဘာသာ တိတိက်က် ပုံေဖာ္ယူသည္။ႏိုင္ငံျခားမွာ ဘြဲ႕ယူၿပီး ျမန္မာျပည္ျပန္ကာ သူတို႔မိဘေတြလက္ထက္က ႐ွယ္ယာဝင္ထားတဲ့ ကုမၸဏီကို ျပန္ဦးစီးသည္။သူထြက္မလာခင္ကေတာ့ သူ လုပ္ကိုင္ခဲ့သည္။သို႔ေသာ္ သန္႔က ႐ွယ္ယာတခ်ိဳ႕ထပ္ဝယ္၍ ကုမၸဏီ႐ွယ္ယာအမ်ားဆုံးလူအျဖစ္ ဦးစီးတာမ်ိဳးျဖစ္သည္။

ခင္မင္းရယ္။ငါေလ နင့္ကို ေမ့မရပါဘူးဟာ။ငါ ငါမွားခဲ့ပါတယ္ဟာ။အေရာင္ပါတဲ့အခ်စ္နဲ႔ ပတ္သက္လို႔မရဘူးဆိုေတာင္ အေရာင္မပါတဲ့ ျဖဴစင္တဲ့အခ်စ္မ်ိဳး ငါ့ရင္ထဲမွာ႐ွိပါေသးတယ္ဟာ။

အသံတိတ္စကားေတြေျပာရင္း ေကာင္းျမတ္သန္႔စိတ္ေတြ အတိတ္ကို ျပန္ေရာက္သြားသည္။ထိုေန႔က လူ႐ွင္းသည့္ေက်ာင္းဝင္း တစ္ေနရာတြင္ သူ မ်က္ရည္က်ေနသည္။ဘယ္သူမွ မျမင္ေလာက္သည့္ ေနရာဟု သူထင္ေပမယ့္

"ဟိတ္"

"ေခၚသံၾကားရာကိုၾကည့္လိုက္ေတာ့ ဆံပင္ဂုတ္ဝဲနဲ႔ သူ႕လိုေက်ာင္းဝတ္စုံနဲ႔ ေကာင္မေလးတစ္ေယာက္။"

"ဘာျဖစ္ေနတာလဲ။ေနမေကာင္းလို႔လား"

"မဟုတ္ပါဘူး"

"နင္ ငိုေနတာလား။ငါ့ကိုေျပာေလ။သူမ်ား အႏိုင္က်င့္လိုက္လို႔လား"

"မဟုတ္ပါဘူးဟာ"

သူ ဒီေလာက္ပဲေျပာေပမယ့္ သူ႕ေဘးနား သူမ လာထိုင္ခ်လိုက္သည္။ေဘးမွာ ပန္းျခဳံေလးေတြနဲ႔မို႔ သူတို႔ႏွစ္ေယာက္ကို ေတာ္႐ုံလူေတြ မေတြ႕ႏိုင္။

"ဘာျဖစ္လို႔လဲ ဒါဆို"

"ငါ ေဖေဖနဲ႔ေမေမကို သတိရလို႔ပါ။"

"ေၾသာ္ သူတို႔က ဘယ္သြားၾကလဲ"

ေကာင္းျမတ္သန္႔ ထိုေကာင္မေလးကို ခပ္ေငးေငးေလးၾကည့္ၿပီး

"ဆုံးကုန္ၾကၿပီ။ဒီေန႔ တစ္လျပည့္။"

"စိတ္မေကာင္းလိုက္တာ။ဒါေပမယ့္ ဘာမွမျဖစ္ဘူး သိလား။ငါဆိုရင္ေလ ဟိုးငယ္ငယ္ကတည္းက အေဖအေမ မ႐ွိေတာ့တာ။"

"ဟုတ္လား"

"အင္း။တကယ္ ဘာမွမျဖစ္ဘူး။နင့္မွာ ေဒၚေလး႐ွိလား။ငါ့မွာ ေဒၚေလး ႐ွိတယ္။ငါ့မိဘေတြ မ႐ွိတုန္းက ဘာမွမေၾကာက္ရဘူးတဲ့ ေဒၚေလးက။ငါဆို ေဒၚေလးနဲ႔ ႏွစ္ေယာက္တည္းေနတာေလ။"

"ငါ့မွာ ေဒၚေလးေတာ့မ႐ွိဘူး။ဒါေပမယ့္ ငါတို႔အိမ္ေတာ္ထိန္း ေဒၚႀကီးတိုး နဲ႔ ျခံထဲမွာဦးစီးလုပ္ကိုင္ေပးတဲ့ ဦးႏိုင္ေဝတို႔ေတာ့႐ွိတယ္။"

"ေဒၚႀကီးတို႔က နင့္ကို မခ်စ္ဘူးလား"

"ခ်စ္တာေပါ့။သားသမီးအရင္းလို ခ်စ္တာ။"

"အင္း အာ့ဆို။ကိုယ့္မွာမ႐ွိေတာ့တဲ့အရာေတြအတြက္ ပူေဆြးေနရတာမွန္ေပမယ့္ ကိုယ့္မွာ႐ွိတဲ့အရာေတြအေပၚ ပိုအာ႐ုံစိုက္ၿပီး ကုစားလိုက္ေပါ့။႐ွိေနတဲ့အရာေတြကို ပိုတန္ဖိုးထားလိုက္ပါ။နင့္မွာ အိမ္ေမႊးေခြးေလး ေၾကာင္ေလး မ႐ွိဘူးလား။"

"အဲ့လိုေတာ့မ႐ွိဘူး။ဒါေပမယ့္ ညီမေလး ႐ွိတယ္။"

"ပိုေတာင္ေကာင္းေသး။ငါ့မွာဆို ေမြးခ်င္း အေဖာ္ေတာင္မ႐ွိဘူး။"

"ညီမေလးက ငယ္ေသးတယ္။ခုမွ ေလးတန္းပဲ႐ွိေသးတာ။"

"ဟုတ္လား"

"ဘာပဲျဖစ္ျဖစ္ နင္ စကားလာေျပာေပးလို႔ ငါ ေနရနည္းနည္းသက္သာသြားၿပီ။နင္က ဘယ္ႏွတန္းလဲ။"

"ဆယ္တန္းေလ"

"ငါေရာပဲ။ဒါဆို ငါတို႔က ႐ြယ္တူေတြေပါ့"

အဲ့ဒီေန႔ကစၿပီး သူနဲ႔သူမ သူငယ္ခ်င္းေတြျဖစ္ခဲ့ၾကသည္။အတန္းတူေပမယ့္ အခန္းမတူၾကေပ။အခန္းမတူေသာ္လည္း အားတဲ့အခ်ိန္တိုင္း တစ္တြဲတြဲခင္ခဲ့ၾကသည္။တကၠသိုလ္ တက္တဲ့အထိ ခင္ခဲ့ ရင္းႏွီးခဲ့ၾကသည္။ခင္မင္း ယူသည့္ေမဂ်ာကို ေကာင္းျမတ္ လိုက္ေလွ်ာက္သျဖင့္ ေမဂ်ာလည္းအတူတူပင္။တြဲေလ ခင္မင္း၏ စိတ္ဓာတ္ အမူအက်င့္ေလးေတြ ပိုသိလာရေလျဖစ္ကာ သူ႕ဘက္က အၾကင္နာပိုခဲ့မိသည္။ခင္မင္းကလည္း ပို၍ လွလာသည္။အရမ္းႀကီး ထင္ေပၚေနတဲ့အလွမ်ိဳးမဟုတ္ေပမယ့္ ခင္မင္းက ဆြဲေဆာင္မႈ႐ွိသည္။တည္ၿငိမ္တဲ့ သြင္ျပင္ေဆာင္သည္။က်က္သေရျဖာတဲ့အလွမ်ိဳး။အသားအေရမွာ စိုဝင္းဝင္းေလးျဖစ္ေနၿပီး အနားကပ္ရင္ရတဲ့ကိုယ္သင္းနံ႔က ၿငိမ္းခ်မ္းသင္းျမေနတတ္သည္။တကၠသိုလ္တက္စဥ္ကာလတြင္ ခင္မင္းကို ခ်ဥ္းကပ္ခဲ့သမွ်ေကာင္ေလးေတြကို ခင္မင္းျငင္းသည္။သူ ေမးလွ်င္ ဘယ္သူ႕ကိုမွ သူမ မခံစားမိေသးဟုေျပာသည္။ေနာက္ဆုံးႏွစ္တြင္ ေကာင္းျမတ္သန္႔ ဖြင့္ေျပာလိုက္သည္။သို႔ေသာ္ သူလည္း အျငင္းခံရသည္။

......................

ျပန္ေရာက္ကတည္းက ခင္မင္း အခန္းထဲေအာင္းေနမိသည္။ေဒၚေလး ေမးလွ်င္ ေနမေကာင္းလို႔ဟု ေျဖထားသည္။တစ္ကယ္လည္း အဖ်ားဝင္ၿပီထင္။ငိုလြန္း၍ပဲလားမသိ။ေခါင္းေတြ တစစ္စစ္ထိုးကိုက္ေနသည္။ျပန္ေတြးမိတိုင္း ခင္မင္း မ်က္ရည္က်သည္။ကိုယ့္ကိုယ္ကို မသန္႔႐ွင္းေတာ့သလို ခံစားရသည္။မိန္းကေလးတစ္ေယာက္က က်ဴးလြန္ထိပါး လိုက္ေပမယ့္ သူမ၏ လွ်ိဳ႕ဝွက္အပ္ေသာေနရာထိ ပါကုန္သျဖင့္ စိတ္ကို မေျဖႏိုင္။႐ွက္လည္း႐ွက္ ေဒါသလည္းထြက္သည္။ဘယ္ ဆန္႔က်င္ဘက္ ေယာက်္ားေလးတစ္ေယာက္မွ မထိဖူးေသးတဲ့အတြက္ ခင္မင္းအဖို႔ စိမ္းလွသည့္ အထိအေတြ႕လည္းျဖစ္သည္။႐ုန္းရင္းကန္ရင္း ရင္ထဲလည္း တဒိန္းဒိန္း ျမည္ေနခဲ့ရသည္။ခင္မင္း စိတ္ထဲတြင္ ခုထိ လန္႔တုန္းပင္။ဖုန္းသံကယ္ေပလို႔သာပဲ။မဟုတ္ရင္ ခင္မင္း လြတ္ေျမာက္ႏိုင္ပါ့မလား။သူမအေပၚ အဘယ္မွ်ထိလုပ္မလဲ မေတြးတတ္ပါ။ဒီမိန္းကေလး ဘာေၾကာင့္ သူမကို ဤသို႔ျပဳမူသလဲဟု ထပ္စဥ္းစားမိျပန္သည္။ေကာင္းျမတ္သန္႔ နာမည္ကိုထုတ္ေျပာသြားသျဖင့္ ပို၍ ခါးသီးရသည္။စိတ္႐ႈပ္ေထြးရသည္။

"ခင္မင္း နင့္ကိုငါခ်စ္တယ္"

"ဟင္။ဘာႀကီး။အမယ္ေလး ေကာင္းျမတ္ရယ္ ကိုယ့္ သူငယ္ခ်င္းအရင္းႀကီးကို ဘယ္လိုေျပာလိုက္တယ္။"

အဲ့ဒီတုန္းက ေကာင္းျမတ္ကို မခ်စ္ဘူးဟု ပြင့္ပြင့္လင္းလင္းေျဖခဲ့သည္။။သူမစိတ္ထဲ ေပါ့ေပါ့ကေလးပင္။ရယ္ပင္ရယ္ေနခဲ့ေသးသည္။ဘြဲ႕ယူၿပီး ေကာင္းျမတ္တစ္ေယာက္ သူတို႔႐ွယ္ယာပါေသာ ကုမၸဏီတြင္ အလုပ္ဝင္လုပ္သည္။ေက်ာင္းတက္ေနစဥ္ကလို အၿမဲ မေတြ႕ရေတာ့။တစ္ခါတေလ အိမ္လာလည္တတ္သည္။ေကာင္းျမတ္တို႔အိမ္ကိုေတာ့ ခင္မင္းတစ္ခါမွ လိုက္မလည္ျဖစ္ပါ။ေက်ာင္းတက္ကတည္းက ခင္လာသည့္ သူငယ္ခ်င္းေတြမို႔ ေဒၚေလးနဲ႔လည္း ေကာင္းျမတ္သန္႔ ရင္းႏွီးသည္။တစ္ေန႔ေတာ့ အိမ္မွာ အလႉလုပ္လို႔ဟု ဆို၍ ခင္မင္းကို ေကာင္းျမတ္တို႔ ေမာင္ႏွမ လာေခၚသည္။ေဒၚေလးက ဆိုင္တစ္ဖက္နဲ႔မို႔ ခင္မင္းနဲ႔အတူ မလိုက္အားပါ။ႀကိဳၿပီး ဖုန္းဆက္ထားသျဖင့္ ျပင္ဆင္၍ ခင္မင္း ေစာင့္ေနသည္။ကားေပၚမွာမို႔ ေကာင္းျမတ္ညီမေလးကိုလည္း ခင္မင္း ေသခ်ာမၾကည့္မိ စကားမေျပာမိခဲ့ပါ။တစ္ခ်က္ပဲ ျပဳံး၍ႏုတ္ဆက္ခဲ့သည္။အဲ့ဒီေန႔က သူမ၏ ဘဝအခ်ိဳးအေကြ႕ျဖစ္သြားမည္ဟု ခင္မင္း နည္းနည္းေလးမွ မေတြးမိခဲ့ပါ။

"သမီးေရ ခင္မင္း၊ထႏိုင္ရဲ႕လား"

"ဟုတ္ ေဒၚေလး"

လည္ပိတ္ဆြယ္တာအက်ႌေလးႏွင့္အိမ္ေနရင္း ခ်ည္ထဘီကိုဝတ္ၿပီး ခင္မင္း အခန္းထဲမွထြက္လာသည္။

"ဟယ္၊သမီးရယ္ မ်က္ႏွာေလးလည္း မို႔အစ္လို႔ပါလား။အရမ္းခ်မ္းေနလား။ေခါင္းကိုက္ေရာ မသက္သာဘူးလား။မွန္းစမ္း"

ေဒၚေလး တရစပ္ေမးရင္း နဖူးေလးစမ္းၾကည့္သည္။

"ကိုယ္ပူေသးတယ္။ေဆးေလးတစ္လုံးေလာက္ထိုးလိုက္ပါလား။ေဒၚေလး ဆရာဝန္ ဖုန္းဆက္ေခၚလိုက္မယ္ေလ"

"အာ ရတယ္ေဒၚေလး။သမီး ေဆးမထိုးဘူးေနာ္။ေဆးပဲေသာက္မွာ"

ေဆးထိုးရေၾကာက္ေသာ ခင္မင္းအေၾကာင္းသိ၍ ေဒၚေလးလည္း ဆက္မတိုက္တြန္းေတာ့ေခ်။

"ကဲ ဆန္ျပဳတ္ပူပူေလးေသာက္လိုက္။ၿပီးရင္ ေဆးေသာက္ဖို႔ ဒီမွာ။သမီး အားလုံးလုပ္ၿပီး ျပန္လွဲေနမွ ေဒၚေလး ဆိုင္သြားမယ္။တစ္ခုခုဆို ေဒၚေလးကို ခ်က္ခ်င္းဖုန္းဆက္ေနာ္။"

ပိုးထည္တိုက္မွာ ခင္မင္းတို႔ အိမ္ ေအာက္ထပ္တစ္ျခမ္းကို ေနရာယူ၍ဖြင့္ထားသည္။ဆိုင္တြင္ ဝန္ထမ္းေကာင္မေလး သုံးေယာက္႐ွိသည္။ေကာင္မေလးမ်ားမွာ အလုပ္ဝင္ေနတာ ႏွစ္နဲ႔ခ်ီၾကာေနၿပီမို႔ စိတ္ခ်ရသည္။မိသားစုဝင္လိုလည္း အားကိုးရသည္။

ေဒၚေလး ဆိုင္ဆင္းသြားမွ ခင္မင္း အခန္းထဲ ျပန္ဝင္ကာ ခ်ည္အပါးသား အက်ႌအဝါေရာင္ေလး လွဲဝတ္ၿပီး နားေနလိုက္သည္။လူက အရမ္း အားမနည္းေပမယ့္ အဖ်ား႐ွိေနေတာ့ ေနရ မသက္မသာျဖစ္ကာ ေညာင္းကိုက္ေနသည္။တခ်ိဳ႕ေနရာေတြ နာက်င္ေနသည္။ေန႔လည္ေလာက္ေရာက္ေတာ့

"မမခင္မင္း၊မမခင္မင္း"

အခန္းတံခါးေခါက္သံႏွင့္ ေခၚသံၾကား၍

"အင္း၊ဘယ္သူလဲ"

ထူးလည္းထူး၊အခန္းတံခါးထဖြင့္ေပးလိုက္စဥ္

"သမီးပါ၊ဒီမွာ ဧည့္သည္လာလို႔ အိမ္လိုက္ဖြင့္ေပးၿပီး လာပို႔ေပးတာ။သမီးဆိုင္ျပန္သြားလိုက္ဦးမယ္႐ွင့္။"

ဆိုင္က ေကာင္မေလးျပန္ထြက္သြားၿပီး အခန္းဝတြင္ျမင္လိုက္ရသူမွာ ေဘာ့စ္။ခင္မင္းအလ်င္အျမန္ တံခါးျပန္ပိတ္ဖို႔လုပ္သည္။ေဘာ့စ္က အတင္းတိုးဝင္လာကာ

"ကိုယ့္အိမ္လာတဲ့ဧည့္သည္ကို ဒီလိုပဲ ႀကိဳဆိုရလား"

"မႀကိဳဆိုႏိုင္ဘူး။ခု ျပန္ပါ။"

"စိတ္ေလွ်ာ့ပါဦး။အဖ်ားပိုတက္ေနဦးမယ္။"

ေျပာရင္း လက္က နဖူးေပၚေရာက္လာ၍

"အို မထိနဲ႔"

ေဘာ့စ္ လက္မွာ ပုတ္ထုတ္ခံလိုက္ရသည္။

"အျပင္ကဧည့္ခန္းမွာေစာင့္ပါ။ကြၽန္မလာခဲ့မယ္။"

"ရပါတယ္။သက္သာသလို လွဲေနပါ။ဒီမွာပဲ စကားေျပာမယ္ေလ။"

ေျပာလည္းေျပာ ခင္မင္းကို ဖက္ပစ္လိုက္ၿပီး ကုတင္နားေရာက္ေအာင္ ေခၚလာသည္။ေျပာ၍ မရမွန္းသိေတာ့ ခင္မင္း အလိုက္သင့္ပဲေနလိုက္သည္။ခင္မင္းက ကုတင္ေခါင္းရင္းမွာမွီထိုင္ေန၍ ေဘာ့စ္က ခင္မင္းရဲ႕ညာဘက္မွာ ေျခဆြဲထိုင္ေနသည္။ခင္မင္း ေဘာ့စ္ကိုမၾကည့္ပါ။

"ဒီမွာ ၾကက္ေၾကာ္ဝယ္လာတယ္။ခု စားလိုက္မလား။"

"မစားခ်င္ပါဘူး။ဒီကို ဘာလာလုပ္တာလဲ ေဘာ့စ္။"

ျပန္ေျဖသံမၾကားရ၍ မ်က္ႏွာလႊဲေနရာမွ ခင္မင္း ေဘာ့စ္ကိုၾကည့္လိုက္စဥ္

"ဟင္"

ခင္မင္းလက္ပိုက္ထားလိုက္မိသည္။မ်က္ႏွာ တစ္ခုလုံး ထူပူနီအန္း သြားသည္။ေဒၚေလးမျမင္ေအာင္ ဖုံးကြယ္ႏိုင္ခဲ့ေပမယ့္ ႐ုတ္တရက္ေရာက္လာသူေၾကာင့္ အက်ႌ မလွဲခင္လိုက္ပါ။ခင္မင္းကိုယ္တိုင္ေတာင္ ေမ့ေနၿပီး ေဘာ့စ္ စိုက္ၾကည့္ေနမွ သတိျပန္ထားမိသည္။ေစာင္ပဲ ျခဳံလိုက္ရမလိုလိုလုပ္ရင္း ကုတင္ေပၚက ဆင္းဖို႔လုပ္သည္။ေဘာ့စ္ က ခင္မင္းကိုယ္ေလးကို အသာထိန္းကိုင္၍

"ျပၾကည့္၊နာေနလား။"

"ဟင့္အင္း၊မၾကည့္နဲ႔။"

႐ုတ္တရက္ ဝမ္းနည္းစိတ္ျဖစ္လာကာ ခင္မင္း ငိုေတာ့မလို မ်က္ႏွာေလး ပ်က္ယြင္းလာသည္။ေဘာ့စ္က ခင္မင္း လည္တိုင္ေပၚက အနီကြက္ ေတြကို ေသခ်ာလိုက္ၾကည့္၍ စိတ္မေကာင္းသလိုျဖစ္မိသည္။အခန္းထဲနားေနဆဲမို႔ အက်ႌမွာအပါးသားေလး လဲဝတ္ထားမိတာ ခင္မင္း မွားၿပီ။လည္တိုင္ႏုႏုေပၚမွာေရာ ရင္ၫြန္႔ေရးေရးေလးေပၚမွာေရာ ေဘာ့စ္ေၾကာင့္ ရခဲ့တဲ့ marking ရာေလးေတြမွာ သိသာလြန္းေနသည္။ႏွစ္ေယာက္လုံး ဘာစကားမွ မေျပာႏိုင္ခင္ေလးမွာ အဖ်ားေငြ႕ေငြ႕နဲ႔ပူေႏြးေထြးအိေနေသာ ခႏၶာကိုယ္ေလးကို သန္႔ ခပ္တင္းတင္းေလး ဖက္ထားလိုက္မိသည္။

...............................

Continue Reading

You'll Also Like

271K 14.5K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
54.4K 4.8K 29
ကေလးေလးတစ္ေယာက္နဲ႔ ကုန္တိုက္ႀကီးတစ္ခုလံုးက္္ို ဦးစီးေနရတဲ့ အသက္ငယ္ငယ္ smartက်က် မိန္းကေလး တစ္ေယာက္ဆီကို မေမ်ွာ္လင့္ထားတဲ့ မိန္းကေလးတစ္ေယာက္က အတြင္းေ...
352K 16K 40
Unicode တန်ဖိုးထားတယ် ဆိုတာ တန်ဖိုးကြီးကြီး၊ မကြီးကြီး မြတ်နိုးနေမှ တန်ဖိုးထားရာ ရောက်တယ်။ Zawgyi တန္ဖိုးထားတယ္ ဆိုတာ တန္ဖိုးႀကီးႀကီး၊ မႀကီးႀကီး ျမတ္...
2.5M 189K 77
ျမတ္​ႏိုးစြာခ်စ္​ခ့ဲမိ​ေသာဤလူသားကို​"​ေမာင္​"ဟု႔​ေခၚသည္​ မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်