မြို့အုပ်ရှောင်း [ Mayor Xiao...

By ShweYaminEain0805

85.1K 8.5K 448

"ရှောင်း! ကျွန်တော့်ရဲ့ရှောင်း..." "ပြောပါ ကျုပ်ရဲ့အသည်းအသက်ရေ ကျုပ်နားထောင်နေပါတယ်" More

2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20 (ဇာတ်သိမ်းပိုင်း)
Extra
Book Cover!!!
Book Order

1

12.5K 585 4
By ShweYaminEain0805

Unicode

Long Time No See ကလေးတို့ရေ....
CRIMINAL ပြီးထဲကစာသေချာမရေးဖြစ်တာ။
အခုတော့ "မြို့အုပ်ရှောင်း (Mayor Xiao)" ဆိုတဲ့ fiction လေးနဲ့ ပြန်လည် နှုတ်ဆက်ပါတယ်။

ဂျပန်ကိုလိုနီတွေကြီးစိုးတဲ့ ကာလနှင့် မြို့အုပ် ဝန်ထောက် အစရှိသည်တို့ကို​ အခြေခံကာ ရောစပ်ရေးထားခြင်းဖြစ်ပါတယ်။
Zhanyi Fiction ပါ။ Xiao Zhan အထက်လူပါ။

Fiction ထဲတွင်ပါဝင်သော Main Character [Xiao Zhan & Wang Yibo] မှလွဲ၍ အခြား character များ ၊ ဇာတ်လမ်းဇာတ်ကွက်များ ၊ မြို့အမည်များ၊ စကားစု များသည် စာရေးသူ၏ စိတ်ကူးယဥ်ဆန်ဆန်ဖန်တီးမှုများသာဖြစ်သည်။ စိတ်ကူးဟူသည် ယဥ်ဖို့သပ်သပ်မို့ လက်တွေ့တွင် လုံးဝ (လုံးဝ) မရှိနိုင်သလို ဖြစ်လည်းမဖြစ်နိုင်ပါ။

ရသစာစု ဖြစ်တာကြောင့် မည်သို့သော knowledge မှရမည်မဟုတ်ပါ။

ဒီတော့ အဆင်ပြေမယ်ဆို "မြို့အုပ်ရှောင်း" ဆိုတဲ့ Zhanyi Fiction လေးကို အတူတူလိုက်ဖတ်ပြီး စီးမျောပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

Part 1

မိုဟဲမြို့ငယ်၌ အိမ်ခြေ ၁၅၀ ဝန်းကျင်ခန့်သာရှိပြီး တစ်အိမ်နှင့် တစ်အိမ်မှာ ၃ပေခန့်လောက်သာကွာဝေးကြသည်။ တကယ်ပင် မြို့ငယ်ဟု ခေါ်ရလောက်သည်အထိ ကျဥ်းမြောင်းသေးကွေးလွန်းသည်ပင်။

ယခင်က မြို့ငယ်၏နာမည်ကို အတည်တကျပေးထားခြင်းမရှိပေမယ့် ဂျပန် ကိုလိုနီတို့ စတင်အုပ်စိုးသည့်အချိန်မှစလို့ မိုဟဲမြို့ငယ် ဟုခေါ်တွင်စေခြင်းဖြစ်သည်။

မြို့ငယ်အတွင်း ယနေ့တွင်မှ လူအများ အလုပ်ရှုပ်လျှက် ပြာယာခက်နေကြသည်။ မြို့ငယ်ရှိ အတင့်တယ်ဆုံး၂ထပ်အိမ်လေးကို မြို့သူမြို့သားများမှ တစ်ခမ်းတစ်နား ပြင်ဆင်ပေးနေကြခြင်း။ မိုဟဲလို မြို့အသေးလေးမှာ ထို ၂ထပ်အိမ်ကြီးသည် ဟီးလျှက်နေသည်။
ခြံနဲ့ဝန်းနဲ့ကိုး..။

"ချန်ဝေ့အကို ဒီနေ့မနက်ထဲက လူတွေဘာကြောင့် အပြေးအလွှားဖြစ်နေရတာလဲ"

"ဝေ... မသိသေးဘူးလား ရိပေါ်ရဲ့ ယနေ့ကျုပ်တို့မြို့ဆီ မြို့အုပ်အသစ်ရောက်မတဲ့ဗျ"

ကွမ်းတမြုံ့မြုံ့ဝါးရင်း ချန်ဝေ့အကိုက ရိပေါ်အမေးကို ပြန်ဖြေလိုက်သည်။

"ဟုတ်လား။ ဒါဖြင့် အရင်မြို့အုပ်ကရော... ကျွန်တော့် အထင်တော့ အရင်မြို့အုပ်က ကောင်းလွန်းပါတယ်"

"အေးဟေ့... ကောင်းလွန်းလို့လည်း သင်းတို့က မြို့အုပ်ရှန်းလီကို သဘောမကျကြတာရိပေါ်ရေး..။ အခု ကျုပ်တို့ဆီရောက်မယ့် မြို့အုပ်ကတော့ နာမည်ကြီးပဲ"

"ဘယ်လိုနာမည်ကြီးတာတုံး ချန်ဝေ့အကို"

ချန်ဝေ့အကို၏ အပြောကြောင့် ရိပေါ် ယနေ့ရောက်လာမည့် မြို့အုပ်မင်းအကြောင်း အနည်းငယ် စိတ်ဝင်စားသွားရပြီ။

"ဟ... တုံးလွန်းပြန်ရော ရိပေါ်ရယ်။ ဒီမြို့အုပ်က လာဘ်စား​တဲ့နေရာမှာထိပ် ဒါ့အပြင် လောင်းကစားကလည်းလုပ်သေး။ အားသာချက်ကတော့ ရုပ်ရည်အရာမှာ ဖြောင့်မတ်တည်ကြည်လွန်းလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေတာပဲ"

"အော်... အဲ့ဒီ့လောက်တောင်လား။ ဒါဖြင့် ကျွန်တော်တို့ ဒုက္ခရောက်ကြပြီပေါ့ ချန်ဝေ့အကိုရယ်"

"အရမ်းကြီးလည်းမစိုးရိမ်ပါနဲ့။ မြို့အုပ်လည်းသူ့အလုပ်သူလုပ် ၊ ကျုပ်တို့လည်း ကိုယ့်အလုပ်ကိုယ်လုပ်ကြတာပေါ့"

စကားစဖြတ်ကာ ပေါက်တူးကိုကိုင်လို့ ချန်ဝေ့အကို သွားလက်စလမ်းကို ဆက်သည်။

.
.
.

"ဒူ....ဒူ....ဒူ...."

မြို့ထဲမှ လူငယ်များ ဒါဘာ တက်ရန် အကြီးအကဲဖြစ်သူ အဘအိမ်မှ အချက်ပေးသံဖြစ်သည်။ မဟုတ်မှရှိရော... မြို့အုပ်အသစ်အကြောင်းဆွေးနွေးဖို့ရန်လော။

(ဒါဘာ = အစည်းအဝေး)

ခဏဆိုသလို အချိန်အတွင်းမှာ အဘ၏ အိမ်အတွင်း၌ မိန်းမပျိုများနှင့် ကာလသားများ စုဝေးသွား၏။

"ကယ်... မင်းတို့ကို အဘခေါ်ရတဲ့အကြောင်းအရင်းက ခုည အဘတို့ဆီရောက်လာမယ့် မြို့အုပ်မင်းအကြောင်း အနည်းကျဥ်းပြောပြထားချင်လို့ပဲ။ သတိထားစရာ သတိထား ... ​ရှောင်စရာရှိတာ ရှောင်ပေါ့ ဟုတ်ပလား"

"ဟုတ်ကဲ့ အဘ"

တစ်ညီတစ်ညာတည်းထွက်လာတဲ့ နာခံသံဟာ အကြီးအကဲထိန်းကွပ်မှူတော်ကြောင်း သက်သေ။

"သူ့နာမည်က ရှောင်းကျန့်!! မြို့အုပ်ရှောင်းကျန့်။
သူက နာမည်ကြီးတဲ့ မြို့အုပ်တစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံးလည်းသိနှင့်ကြပြီးဖြစ်မယ်ထင်တယ်။ ကယ်... အဘ အများကြီးမပြောတော့ဘူး။ အဘတို့ မြို့ရဲ့အသက်က အခုဆို ဒီမြို့အုပ်လက်ထဲရောက်သွားပြီ။ ဂျပန်တွေစေလွှတ်ထားတဲ့ မြို့အုပ်ဖြစ်တဲ့အတွက် အဘတို့ကပဲ အရာရာသည်းခံ လိုက်လျောရမယ့် အနေအထားမှာရှိတယ်"

"စိတ်ချပါ အဘ မြို့ကိုရော ကျွန်တော်တို့သူတွေကိုပါ အထိခိုက်မခံပါဘူး။ အဘမျက်နှာမပျက်ရအောင်လည်း ကျွန်တော်တို့ကြိုးစားနေထိုင်မှာပါ"

စန်းလန်၏ စကားကြောင့် အဘ မှာအားတက်ရသည်။ ဒီသူငယ်က တကယ်ပဲ မြို့အပေါ်ကြည့်တတ်သူဖြစ်လို့ အဘပိုပြီးစိတ်ချသွားပြီ။

"မဖြစ်မနေပြောစရာကျန်သေးတာက ဒီည မြို့အုပ်ရှောင်းကျန့်ကို ပျော်တော်ဆက်ရမယ်"

"ဟင်!"

"ဘယ်လို!!!"

"ဒါအဓိပ္ပါယ်လဲ"

သူငယ် အချင်းချင်း အပြန်အလှန် ကြည့်ကြရင်း အာမေဋိတ်တွေနှင့်အတူ အမေးဝါကျတွေပါ ပါလာခဲ့ရသည်။ မြို့ကို မြို့အုပ်တွေ ခဏခဏ အပြောင်းအလဲကျဖူးပါတယ်။ ဒါမျိုးတစ်ခါမှ မလုပ်ခဲ့ရဘူး။

"ပျော်တော်ဆက်ရမယ်ဟုတ်လား။ အဓိပ္ပါယ်မရှိလိုက်တာ အဘရာ... ကျုပ်တို့လူတွေဆီက ဒီမြို့အုပ်က ဘာတွေမျှော်လင့်နေတာလဲ"

စိတ်ဆက်လွန်းတဲ့ ချန်ဝေ့အကို သည်းမခံနိုင်တဲ့အဆုံးမှာ မကျေနပ်ခြင်းများစွာနှင့် အဘကို မေးခွန်းထုတ်လိုက်တယ်။

"ချန်ဝေ့အကို... စိတ်ထိန်းပါ အဘပြောတဲ့စကားကိုအရင်ဆုံးအောင်နားထောင်ကြတာပေါ့"

ဘေးမှ ရိပေါ်၏ နားချမှုကြောင့် ချန်ဝေ့အကို ခေတ္တငြိမ်ကျသွားခဲ့သည်။

"မင်းတို့တွေ ဘယ်လိုခံစားရမလဲ အဘသိပါတယ်။ ဒါပေမယ့်အဘတို့မှာ ရွေးချယ်စရာမရှိဘူး။ အဘတို့အားလုံးရဲ့ဘဝက ဒီနေ့လမ်းမလျှောက်လျှင် မနက်ဖြန်မှာပြေးနေရတာ... အဘတို့ရဲ့လမ်းမှာ ခလုတ်ကန်သင်း ရှိနေလို့မဖြစ်ဘူး ။ အရာရာမကြန့်ကြာဖို့အတွက် အရင်ဆုံး လမ်းကဖြူးနေဖို့လိုတယ်"

အဘရဲ့ စကားကြောင့်ပဲ အားလုံး မျက်နှာငယ်များနှင့် ဆွံ့အသွားခဲ့ရပြန်။

"အဘ ကျွန်တော်တစ်ခုလောက်မေးပါရစေ"

"မေးလေ ရိပေါ် ...ဘာလဲ"

"ပျော်တော်ဆက်က ဘာလုပ်ရမှာလဲ သူ့ကိုကပြရမှာလား ဒါမှမဟုတ်..."

"အဘကတော့ ကပြရုံလောက်ပဲမျှော်လင့်ပါတယ်"

"မျှော်လင့်တယ်? ဒါဆိုကျွန်တော်တို့သူတွေအတွက် လုံခြုံမှုမရှိနိုင်ဘူးပေါ့ အဲ့လိုလား"

အဘ ငြိမ်သွားပုံထောက်ရင် ဒီမြို့အုပ်က ဘယ်အတိုင်းအတာထိ ပျော်တော်ဆက်ခိုင်းမယ်ဆိုတာ မပြောလည်း ရိပေါ်သိပြီ။

"တစ်ယောက်တည်း သွားရမှာလား အဘ"

"အဘကတော့ ၄ ၅ ယောက်လောက် စုပြီးလွှတ်မလားစဥ်းစားနေတာ။ ပိုပြီး စိတ်ချရအောင်"

"ကျွန်တော် တစ်ယောက်အစားဝင်ပါရစေ"

"ရိပေါ်"

"ဖြစ်ပါ့မလား ရိပေါ်ရယ်"

"မဟုတ်တာရိပေါ်"

မြို့ခံများအားလုံး ရိပေါ်စကားကြောင့်အံ့သြရသည်။ သူတို့အစား ရိပေါ်က ဝင်ပြီး ပျော်တော်ဆက်ပေးမယ်တဲ့ မဖြစ်နိုင်တဲ့အရာကို။

"လက်ခံပေးပါအဘ အမျိုးသမီး ၄ဦးကြား ကျွန်တော် တစ်ယောက်ပါသွားရင် အတော်စိတ်အေးနေရပါပြီ"

"ဒါပေမယ့် ရိပေါ် မင်းက ယောကျ်ားလေးလေ သူသိသွားရင် အကုန်ဒုက္ခရောက်ကုန်မှာပေါ့"

"ကျွန်တော်အကြံပေးပါရစေ"

"ကျွန်တော် ယောကျ်ားလေးမှန်း မသိရလေအောင် တစ်ကိုယ်လုံး ပုဝါစအပါးနဲ့ဖြစ်ဖြစ်လုံအောင်ခြုံ........."

ရိပေါ်ရဲ့ အကြံပေးမှုအဆုံး အဘရော မြို့ငယ်ထဲကသူတွေပါအကုန် လက်ခံသွားကြတယ်။ ဝမ်ရိပေါ်က အစတည်းကထက်မြတ်တဲ့ကလေးတစ်ယောက်ပဲကို...။

..........
ည ၇ နာရီထိုးတာနှင့် မြို့ငယ်ထဲ လူတအုပ်အုပ်ဖြစ်လာကြသည်။

"မြို့အုပ်မင်းရောက်နေပြီတဲ့ဟေး..
၇နာရီခွဲအမှီသူ့ဆီလူစုဖို့မှာလိုက်တယ်။ အမြန်လုပ်ကြ"

မြို့ငယ်ထဲ အော်ဟစ်လို့ ဆော်အောပေးနေတဲ့ အကို ချုံးလီရဲ့ အသံထုမှာလည်းကြီးလှသည်။

စည်းကမ်းရှိတဲ့မြို့ငယ်၏ဓလေ့အရ အကြောင်းအရာတစ်ခုကို နှစ်ခါထပ်ပြောရန်မလို။ ၇ခွဲအတိတွင် မြို့အုပ်မင်း၏ ခြံဝင်း၌ လူအားလုံးစုနေကြပြီဖြစ်သည်။

"ချောလှပါချည်ရဲ့ဆို... ထွက်မလာသေးပါလား"

"အေးလေ ဘယ်လိုဖြစ်တာလဲ ငါတို့ကျ ၇ခွဲ ဆိုပြီး ၂ မိနစ်စွန်းနေပြီ"

"ရုပ်ချော''ဆိုး'' ဒို့တွေအပေါ်ကောင်းရင်ရပါပြီဟယ်"

"သူက ဘယ်နှလအုပ်ချုပ်မယ်ကြားလဲ"

"ဒါတော့ ဘယ်သိပါ့မလဲဟေ"

ကိုယ်ပြောချင်ရာ ထင်ရာမြင်ရာများကို ပြောနေကြသော လူငယ်များ၏အသံတိတ်ဆိတ်လို့သွားသည်။ အိမ်တံခါးပေါက်မှ ခြံဝန်းထဲသို့ ဝင်လာသောထိုလူသည် အင်မတန်ကြည့်ကောင်းလွန်းလှသည်။

ညိုစွေးစွေးရှိသော မာဖလာကို လည်ပင်းတွင်ဆွဲထားပြီး ချည်ထည် shirt အပေါ်မှ ဂျင်း coat ထပ်ကာဝတ်ဆင်ထားသည်။ ရှည်ပြီးသွယ်လျတဲ့လက်ချောင်းများနှင့် မိုးထိုးနေသော အရပ်အမောင်းမှာ လူတစ်အုပ်လုံးကိုဆွဲဆောင်သွားသည်။

ထင်းနေသောမေးရိုးများနှင့် တည်ကြည်နေသောမျက်နှာထားသည် ထိုလူနှင့်အလွန်မှလိုက်ဖက်လွန်းသည်။ ဟုတ်၏။ ထိုလူသည် မြို့အုပ်ရှောင်းကျန့်ဖြစ်သည်။

Wang's

Zawgyi

Long Time No See ကေလးတို႔ေရ....
CRIMINAL ၿပီးထဲကစာေသခ်ာမေရးျဖစ္တာ။
အခုေတာ့ "ၿမိဳ႕အုပ္ေရွာင္း (Mayor Xiao)" ဆိုတဲ့ fiction ေလးနဲ႕ ျပန္လည္ ႏႈတ္ဆက္ပါတယ္။

ဂ်ပန္ကိုလိုနီေတြႀကီးစိုးတဲ့ ကာလႏွင့္ ၿမိဳ႕အုပ္ ဝန္ေထာက္ အစရွိသည္တို႔ကို​ အေျခခံကာ ေရာစပ္ေရးထားျခင္းျဖစ္ပါတယ္။
Zhanyi Fiction ပါ။ Xiao Zhan အထက္လူပါ။

Fiction ထဲတြင္ပါဝင္ေသာ Main Character [Xiao Zhan & Wang Yibo] မွလြဲ၍ အျခား character မ်ား ၊ ဇာတ္လမ္းဇာတ္ကြက္မ်ား ၊ ၿမိဳ႕အမည္မ်ား၊ စကားစု မ်ားသည္ စာေရးသူ၏ စိတ္ကူးယဥ္ဆန္ဆန္ဖန္တီးမႈမ်ားသာျဖစ္သည္။ စိတ္ကူးဟူသည္ ယဥ္ဖို႔သပ္သပ္မို႔ လက္ေတြ႕တြင္ လုံးဝ (လုံးဝ) မရွိနိုင္သလို ျဖစ္လည္းမျဖစ္နိုင္ပါ။

ရသစာစု ျဖစ္တာေၾကာင့္ မည္သို႔ေသာ knowledge မွရမည္မဟုတ္ပါ။

ဒီေတာ့ အဆင္ေျပမယ္ဆို "ၿမိဳ႕အုပ္ေရွာင္း" ဆိုတဲ့ Zhanyi Fiction ေလးကို အတူတူလိုက္ဖတ္ၿပီး စီးေမ်ာေပးၾကဖို႔ ေမတၱာရပ္ခံပါတယ္။

Part 1

မိုဟဲၿမိဳ႕ငယ္၌ အိမ္ေျခ ၁၅၀ ဝန္းက်င္ခန့္သာရွိၿပီး တစ္အိမ္ႏွင့္ တစ္အိမ္မွာ ၃ေပခန့္ေလာက္သာကြာေဝးၾကသည္။ တကယ္ပင္ ၿမိဳ႕ငယ္ဟု ေခၚရေလာက္သည္အထိ က်ဥ္းေျမာင္းေသးေကြးလြန္းသည္ပင္။

ယခင္က ၿမိဳ႕ငယ္၏နာမည္ကို အတည္တက်ေပးထားျခင္းမရွိေပမယ့္ ဂ်ပန္ ကိုလိုနီတို႔ စတင္အုပ္စိုးသည့္အခ်ိန္မွစလို႔ မိုဟဲၿမိဳ႕ငယ္ ဟုေခၚတြင္ေစျခင္းျဖစ္သည္။

ၿမိဳ႕ငယ္အတြင္း ယေန႕တြင္မွ လူအမ်ား အလုပ္ရႈပ္လွ်က္ ျပာယာခက္ေနၾကသည္။ ၿမိဳ႕ငယ္ရွိ အတင့္တယ္ဆုံး၂ထပ္အိမ္ေလးကို ၿမိဳ႕သူၿမိဳ႕သားမ်ားမွ တစ္ခမ္းတစ္နား ျပင္ဆင္ေပးေနၾကျခင္း။ မိုဟဲလို ၿမိဳ႕အေသးေလးမွာ ထို ၂ထပ္အိမ္ႀကီးသည္ ဟီးလွ်က္ေနသည္။
ၿခံနဲ႕ဝန္းနဲ႕ကိုး..။

"ခ်န္ေဝ့အကို ဒီေန႕မနက္ထဲက လူေတြဘာေၾကာင့္ အေျပးအလႊားျဖစ္ေနရတာလဲ"

"ေဝ... မသိေသးဘူးလား ရိေပၚရဲ႕ ယေန႕က်ဳပ္တို႔ၿမိဳ႕ဆီ ၿမိဳ႕အုပ္အသစ္ေရာက္မတဲ့ဗ်"

ကြမ္းတၿမဳံ႕ၿမဳံ႕ဝါးရင္း ခ်န္ေဝ့အကိုက ရိေပၚအေမးကို ျပန္ေျဖလိုက္သည္။

"ဟုတ္လား။ ဒါျဖင့္ အရင္ၿမိဳ႕အုပ္ကေရာ... ကြၽန္ေတာ့္ အထင္ေတာ့ အရင္ၿမိဳ႕အုပ္က ေကာင္းလြန္းပါတယ္"

"ေအးေဟ့... ေကာင္းလြန္းလို႔လည္း သင္းတို႔က ၿမိဳ႕အုပ္ရွန္းလီကို သေဘာမက်ၾကတာရိေပၚေရး..။ အခု က်ဳပ္တို႔ဆီေရာက္မယ့္ ၿမိဳ႕အုပ္ကေတာ့ နာမည္ႀကီးပဲ"

"ဘယ္လိုနာမည္ႀကီးတာတုံး ခ်န္ေဝ့အကို"

ခ်န္ေဝ့အကို၏ အေျပာေၾကာင့္ ရိေပၚ ယေန႕ေရာက္လာမည့္ ၿမိဳ႕အုပ္မင္းအေၾကာင္း အနည္းငယ္ စိတ္ဝင္စားသြားရၿပီ။

"ဟ... တုံးလြန္းျပန္ေရာ ရိေပၚရယ္။ ဒီၿမိဳ႕အုပ္က လာဘ္စား​တဲ့ေနရာမွာထိပ္ ဒါ့အျပင္ ေလာင္းကစားကလည္းလုပ္ေသး။ အားသာခ်က္ကေတာ့ ႐ုပ္ရည္အရာမွာ ေျဖာင့္မတ္တည္ၾကည္လြန္းလို႔ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ျဖစ္ေနတာပဲ"

"ေအာ္... အဲ့ဒီ့ေလာက္ေတာင္လား။ ဒါျဖင့္ ကြၽန္ေတာ္တို႔ ဒုကၡေရာက္ၾကၿပီေပါ့ ခ်န္ေဝ့အကိုရယ္"

"အရမ္းႀကီးလည္းမစိုးရိမ္ပါနဲ႕။ ၿမိဳ႕အုပ္လည္းသူ႕အလုပ္သူလုပ္ ၊ က်ဳပ္တို႔လည္း ကိုယ့္အလုပ္ကိုယ္လုပ္ၾကတာေပါ့"

စကားစျဖတ္ကာ ေပါက္တူးကိုကိုင္လို႔ ခ်န္ေဝ့အကို သြားလက္စလမ္းကို ဆက္သည္။

.
.
.

"ဒူ....ဒူ....ဒူ...."

ၿမိဳ႕ထဲမွ လူငယ္မ်ား ဒါဘာ တက္ရန္ အႀကီးအကဲျဖစ္သူ အဘအိမ္မွ အခ်က္ေပးသံျဖစ္သည္။ မဟုတ္မွရွိေရာ... ၿမိဳ႕အုပ္အသစ္အေၾကာင္းေဆြးႏြေးဖို႔ရန္ေလာ။

(ဒါဘာ = အစည္းအေဝး)

ခဏဆိုသလို အခ်ိန္အတြင္းမွာ အဘ၏ အိမ္အတြင္း၌ မိန္းမပ်ိဳမ်ားႏွင့္ ကာလသားမ်ား စုေဝးသြား၏။

"ကယ္... မင္းတို႔ကို အဘေခၚရတဲ့အေၾကာင္းအရင္းက ခုည အဘတို႔ဆီေရာက္လာမယ့္ ၿမိဳ႕အုပ္မင္းအေၾကာင္း အနည္းက်ဥ္းေျပာျပထားခ်င္လို႔ပဲ။ သတိထားစရာ သတိထား ... ​ေရွာင္စရာရွိတာ ေရွာင္ေပါ့ ဟုတ္ပလား"

"ဟုတ္ကဲ့ အဘ"

တစ္ညီတစ္ညာတည္းထြက္လာတဲ့ နာခံသံဟာ အႀကီးအကဲထိန္းကြပ္မႉေတာ္ေၾကာင္း သက္ေသ။

"သူ႕နာမည္က ေရွာင္းက်န့္!! ၿမိဳ႕အုပ္ေရွာင္းက်န့္။
သူက နာမည္ႀကီးတဲ့ ၿမိဳ႕အုပ္တစ္ေယာက္ျဖစ္တယ္ဆိုတာ အားလုံးလည္းသိႏွင့္ၾကၿပီးျဖစ္မယ္ထင္တယ္။ ကယ္... အဘ အမ်ားႀကီးမေျပာေတာ့ဘူး။ အဘတို႔ ၿမိဳ႕ရဲ႕အသက္က အခုဆို ဒီၿမိဳ႕အုပ္လက္ထဲေရာက္သြားၿပီ။ ဂ်ပန္ေတြေစလႊတ္ထားတဲ့ ၿမိဳ႕အုပ္ျဖစ္တဲ့အတြက္ အဘတို႔ကပဲ အရာရာသည္းခံ လိုက္ေလ်ာရမယ့္ အေနအထားမွာရွိတယ္"

"စိတ္ခ်ပါ အဘ ၿမိဳ႕ကိုေရာ ကြၽန္ေတာ္တို႔သူေတြကိုပါ အထိခိုက္မခံပါဘူး။ အဘမ်က္ႏွာမပ်က္ရေအာင္လည္း ကြၽန္ေတာ္တို႔ႀကိဳးစားေနထိုင္မွာပါ"

စန္းလန္၏ စကားေၾကာင့္ အဘ မွာအားတက္ရသည္။ ဒီသူငယ္က တကယ္ပဲ ၿမိဳ႕အေပၚၾကည့္တတ္သူျဖစ္လို႔ အဘပိုၿပီးစိတ္ခ်သြားၿပီ။

"မျဖစ္မေနေျပာစရာက်န္ေသးတာက ဒီည ၿမိဳ႕အုပ္ေရွာင္းက်န့္ကို ေပ်ာ္ေတာ္ဆက္ရမယ္"

"ဟင္!"

"ဘယ္လို!!!"

"ဒါအဓိပၸါယ္လဲ"

သူငယ္ အခ်င္းခ်င္း အျပန္အလွန္ ၾကည့္ၾကရင္း အာေမဋိတ္ေတြႏွင့္အတူ အေမးဝါက်ေတြပါ ပါလာခဲ့ရသည္။ ၿမိဳ႕ကို ၿမိဳ႕အုပ္ေတြ ခဏခဏ အေျပာင္းအလဲက်ဖဴးပါတယ္။ ဒါမ်ိဳးတစ္ခါမွ မလုပ္ခဲ့ရဘူး။

"ေပ်ာ္ေတာ္ဆက္ရမယ္ဟုတ္လား။ အဓိပၸါယ္မရွိလိုက္တာ အဘရာ... က်ဳပ္တို႔လူေတြဆီက ဒီၿမိဳ႕အုပ္က ဘာေတြေမွ်ာ္လင့္ေနတာလဲ"

စိတ္ဆက္လြန္းတဲ့ ခ်န္ေဝ့အကို သည္းမခံနိုင္တဲ့အဆုံးမွာ မေက်နပ္ျခင္းမ်ားစြာႏွင့္ အဘကို ေမးခြန္းထုတ္လိုက္တယ္။

"ခ်န္ေဝ့အကို... စိတ္ထိန္းပါ အဘေျပာတဲ့စကားကိုအရင္ဆုံးေအာင္နားေထာင္ၾကတာေပါ့"

ေဘးမွ ရိေပၚ၏ နားခ်မႈေၾကာင့္ ခ်န္ေဝ့အကို ေခတၱၿငိမ္က်သြားခဲ့သည္။

"မင္းတို႔ေတြ ဘယ္လိုခံစားရမလဲ အဘသိပါတယ္။ ဒါေပမယ့္အဘတို႔မွာ ေ႐ြးခ်ယ္စရာမရွိဘူး။ အဘတို႔အားလုံးရဲ႕ဘဝက ဒီေန႕လမ္းမေလွ်ာက္လွ်င္ မနက္ျဖန္မွာေျပးေနရတာ... အဘတို႔ရဲ႕လမ္းမွာ ခလုတ္ကန္သင္း ရွိေနလို႔မျဖစ္ဘူး ။ အရာရာမၾကန့္ၾကာဖို႔အတြက္ အရင္ဆုံး လမ္းကျဖဴးေနဖို႔လိုတယ္"

အဘရဲ႕ စကားေၾကာင့္ပဲ အားလုံး မ်က္ႏွာငယ္မ်ားႏွင့္ ဆြံ႕အသြားခဲ့ရျပန္။

"အဘ ကြၽန္ေတာ္တစ္ခုေလာက္ေမးပါရေစ"

"ေမးေလ ရိေပၚ ...ဘာလဲ"

"ေပ်ာ္ေတာ္ဆက္က ဘာလုပ္ရမွာလဲ သူ႕ကိုကျပရမွာလား ဒါမွမဟုတ္..."

"အဘကေတာ့ ကျပ႐ုံေလာက္ပဲေမွ်ာ္လင့္ပါတယ္"

"ေမွ်ာ္လင့္တယ္? ဒါဆိုကြၽန္ေတာ္တို႔သူေတြအတြက္ လုံၿခဳံမႈမရွိနိုင္ဘူးေပါ့ အဲ့လိုလား"

အဘ ၿငိမ္သြားပုံေထာက္ရင္ ဒီၿမိဳ႕အုပ္က ဘယ္အတိုင္းအတာထိ ေပ်ာ္ေတာ္ဆက္ခိုင္းမယ္ဆိုတာ မေျပာလည္း ရိေပၚသိၿပီ။

"တစ္ေယာက္တည္း သြားရမွာလား အဘ"

"အဘကေတာ့ ၄ ၅ ေယာက္ေလာက္ စုၿပီးလႊတ္မလားစဥ္းစားေနတာ။ ပိုၿပီး စိတ္ခ်ရေအာင္"

"ကြၽန္ေတာ္ တစ္ေယာက္အစားဝင္ပါရေစ"

"ရိေပၚ"

"ျဖစ္ပါ့မလား ရိေပၚရယ္"

"မဟုတ္တာရိေပၚ"

ၿမိဳ႕ခံမ်ားအားလုံး ရိေပၚစကားေၾကာင့္အံ့ၾသရသည္။ သူတို႔အစား ရိေပၚက ဝင္ၿပီး ေပ်ာ္ေတာ္ဆက္ေပးမယ္တဲ့ မျဖစ္နိုင္တဲ့အရာကို။

"လက္ခံေပးပါအဘ အမ်ိဳးသမီး ၄ဦးၾကား ကြၽန္ေတာ္ တစ္ေယာက္ပါသြားရင္ အေတာ္စိတ္ေအးေနရပါၿပီ"

"ဒါေပမယ့္ ရိေပၚ မင္းက ေယာက်္ားေလးေလ သူသိသြားရင္ အကုန္ဒုကၡေရာက္ကုန္မွာေပါ့"

"ကြၽန္ေတာ္အႀကံေပးပါရေစ"

"ကြၽန္ေတာ္ ေယာက်္ားေလးမွန္း မသိရေလေအာင္ တစ္ကိုယ္လုံး ပုဝါစအပါးနဲ႕ျဖစ္ျဖစ္လုံေအာင္ၿခဳံ........."

ရိေပၚရဲ႕ အႀကံေပးမႈအဆုံး အဘေရာ ၿမိဳ႕ငယ္ထဲကသူေတြပါအကုန္ လက္ခံသြားၾကတယ္။ ဝမ္ရိေပၚက အစတည္းကထက္ျမတ္တဲ့ကေလးတစ္ေယာက္ပဲကို...။

..........
ည ၇ နာရီထိုးတာႏွင့္ ၿမိဳ႕ငယ္ထဲ လူတအုပ္အုပ္ျဖစ္လာၾကသည္။

"ၿမိဳ႕အုပ္မင္းေရာက္ေနၿပီတဲ့ေဟး..
၇နာရီခြဲအမွီသူ႕ဆီလူစုဖို႔မွာလိုက္တယ္။ အျမန္လုပ္ၾက"

ၿမိဳ႕ငယ္ထဲ ေအာ္ဟစ္လို႔ ေဆာ္ေအာေပးေနတဲ့ အကို ခ်ဳံးလီရဲ႕ အသံထုမွာလည္းႀကီးလွသည္။

စည္းကမ္းရွိတဲ့ၿမိဳ႕ငယ္၏ဓေလ့အရ အေၾကာင္းအရာတစ္ခုကို ႏွစ္ခါထပ္ေျပာရန္မလို။ ၇ခြဲအတိတြင္ ၿမိဳ႕အုပ္မင္း၏ ၿခံဝင္း၌ လူအားလုံးစုေနၾကၿပီျဖစ္သည္။

"ေခ်ာလွပါခ်ည္ရဲ႕ဆို... ထြက္မလာေသးပါလား"

"ေအးေလ ဘယ္လိုျဖစ္တာလဲ ငါတို႔က် ၇ခြဲ ဆိုၿပီး ၂ မိနစ္စြန္းေနၿပီ"

"႐ုပ္ေခ်ာ''ဆိုး'' ဒို႔ေတြအေပၚေကာင္းရင္ရပါၿပီဟယ္"

"သူက ဘယ္ႏွလအုပ္ခ်ဳပ္မယ္ၾကားလဲ"

"ဒါေတာ့ ဘယ္သိပါ့မလဲေဟ"

ကိုယ္ေျပာခ်င္ရာ ထင္ရာျမင္ရာမ်ားကို ေျပာေနၾကေသာ လူငယ္မ်ား၏အသံတိတ္ဆိတ္လို႔သြားသည္။ အိမ္တံခါးေပါက္မွ ၿခံဝန္းထဲသို႔ ဝင္လာေသာထိုလူသည္ အင္မတန္ၾကည့္ေကာင္းလြန္းလွသည္။

ညိုေစြးေစြးရွိေသာ မာဖလာကို လည္ပင္းတြင္ဆြဲထားၿပီး ခ်ည္ထည္ shirt အေပၚမွ ဂ်င္း coat ထပ္ကာဝတ္ဆင္ထားသည္။ ရွည္ၿပီးသြယ္လ်တဲ့လက္ေခ်ာင္းမ်ားႏွင့္ မိုးထိုးေနေသာ အရပ္အေမာင္းမွာ လူတစ္အုပ္လုံးကိုဆြဲေဆာင္သြားသည္။

ထင္းေနေသာေမးရိုးမ်ားႏွင့္ တည္ၾကည္ေနေသာမ်က္ႏွာထားသည္ ထိုလူႏွင့္အလြန္မွလိုက္ဖက္လြန္းသည္။ ဟုတ္၏။ ထိုလူသည္ ၿမိဳ႕အုပ္ေရွာင္းက်န့္ျဖစ္သည္။

Wang's

Continue Reading

You'll Also Like

248K 34.3K 107
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
2.4M 176K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
1.5M 191K 53
Title ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Co...