Zawgyi
💎Part-2💎
🌹စေတန်နတ်ဆိုး၏။
ကြင်ယာတော်ဖြစ်လာခြင်း🌹
နောက်ငါးနှစ်ခဲ့ကြာသောအခါ,
ဈေးတန်းရောင်းတန်းတစ်ခုတွင်ဖြစ်
ပေ၏။
လူအများမှာလည်း သက်ဆိုင်ရာ
အလုပ်ကိုယ်စီများဖြင့်
တက်ညီလက်ညီလှုပ်ရှားခါနေကြပေ၏။
ပန်းရောင်းတဲ့သူကရောင်း
အစားအသောက်ရောင်းသူကရောင်းနှင့်
စုံစုံလင်လင်ဖြင့် လူစုံတက်စုံဖြင့်
စည်းကားနေသောမြို့ငယ်လေးတစ်ခုတွင်
" အစ်မ ဆိုင်ထဲကိုဝင်ပြီးလည်း
အားပေးလို့ရပါတယ်နော် တစ်ခုဝယ်
တစ်ခုလက်ဆောင်အပိုပေးအစီစဉ်တွေလည်းရှိပါတယ်ရှင့် "
" ပန်းလေးတွေကအရမ်း
လှတယ် ဝယ်သွားပါအုန်းလား? "
"ဗြဲးး"
" သားလေး မေမေဗူးဖောင်းထပ်ဝယ်
ပေးမယ်လေနော် မငိုနဲ့တော့
တိတ်တိတ် "
ဗူးဖောင်းရောင်းသူမှလည်းသူ၏။
ဗူးဖောင်းများအား
တစ်ခုချင်းစီထုတ်ပြလျက်
စာသောက်ဆိုင်များမှာဆိုရင်လည်း
ခုံလွတ်များပင်မရှိလောက်အောင်
လူအများမှာကြိတ်ကြိတ်တိုးအားပေးလျှက်
စားသောက်ခါနေကြပေ၏။
ထို့နောက်ခဏအကြာ
ထိုစားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ
ကျောက်မျက်ရတနာ
အရောင်းအဝယ်ဆိုင်တစ်ဆိုင်တွင်
အသက်အနည်းငယ်ကြီးဟန်ရှိသည့်
လင်မယားနှစ်ယောက်လည်း
ရီရီမောမောဖြင့် ဝင်လာခဲ့နေလျှင်
" မဂ်လာပါရှင်
ဘာများ အလိုရှိပါသလဲရှင် "
ဟု ထိုအရောင်းဆိုင်မှ ဆိုင်ဝန်ထမ်းမှ
မေးလျှင်
"" ဦးဇနီးအတွက်ကွာ ဝယ်ပေးချင်လို့
ဒီဆိုင်က အကောင်းဆုံးနဲ့အလှဆုံး
ဆိုတဲ့ပစ္စည်းတွေကိုဘဲ ဦးတို့ကို
လုပ်ပြရေ ""
"" ဟုတ်ကဲ့ပါရှင့် ဒီဘက်ကိုသာ
ကြွခဲ့ပါရှင် မနေ့ကမှရောက်တဲ့
အသစ်စက်စက် အရမ်းကိုလှတဲ့
ပစ္စည်းလေးတွေ ညီမတို့မှာ
အများကြီးရောက်နေပါတယ်ရှင့် ""
ထိုချမ်းသာရွယ်ဝသည့် သူဌေးလင်မယားနှစ်ယောက်လည်း သဲလင်းကျောက်နှင့်ပြုလုပ်ထားသော လှပသော ပစ္စည်းများအားရွေးကြနေရင်း
"ယောက်ျား ဒီဟာလေး မလှဘူးလား"
ထိုအမျိုးသမီးလက်ညိုးထိုးပြသည့်
သဲလင်းကျောက်ဟာဆိုရင်ဖြင့်
ပုံသဏ္ဏာန်အားဖြင့် တြိဂံလိုလိုပုံကိုမှ
အပေါ်အောက်ကျွံသောသဏ္ဏာန်ရှိပြီး
တြိဂံပုံကိုမှ ဆောင့်ထိုး
ပြောင်းပြန်ဆက်ဖြစ်နေခါ
အရောင်မှာလည်း
မဲနက်နေလျှက်
တောက်ပခါနေပေ၏။
"လှတာပေါ့ မင်းနဲ့ဆို အရမ်းတော်ဝင်ဆန်တာဘဲ
ဟ ဟ ဟ"
"လူကြီးမင်းတို့ စိတ်ကြိုက်တွေ့တယ်ဆိုတော့
ဝမ်းသာပါတယ်ရှင် ကျွန်မတို့ဆိုင်မှာ
ဒီလိုပုံစံ အမျိုးအစားက တော်တော်ရှားတာ
လူကြီးမင်းတို့တော်တော်ကံကောင်းတာဘဲ"
"ဟုတ်လား ဒီလိုဆိုရင်တော့
အရမ်းကို ကြိုက်သွားပြီကွယ်
ယောင်္ကျား
ကျွန်မတို့ဒါဘဲယူလိုက်ကြမလား"
"ကိုယ်ရဲ့မိန်းမမွေးနေ့ဘဲ ကြိုက်တာယူ
ဝယ်ပေးရမှာပေါ့ hahaha"
"ဟုတ်ကဲ့ ဝယ်ယူအားပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်ရှင်"
ဤသို့ဖြင့် ထိုလင်မယားနှစ်ဦးလည်း
လော့ကပ်သီးကိုမှ
ဆွဲကြိုးဖြင့်တွဲလျက် ဝယ်လိုက်ကြပေတော့သည်။
ထိုအချိန်မှာပင် ထိုသူတို့၏။
မလှမ်းမကမ်းအနားတစ်နေရာတွင်
ဝတ်ရုံအမဲဝတ်ဆက်ဝတ်ဆင်ထားသော
မျက်နှာမဖော်လိုသူ
အမျိုးသမီးတစ်ဦးမှ မိမိတို့အား
စောင့်ကြည့်နေသည်ကို
သတိထားမိပုံမပေါ်ပေ။
ဤသိုဖြင့်
အိမ်သို့ပြန်ရောက်လာသောအခါ
ထိုအမျိုးသမီးလည်း
မှန်ရှေ့မှာထိုင်နေရင်း
ဆွဲကြိုးအား စမ်း၍ဝတ်ကြည့်နေ၏။
ထို့နောက် မှန်ထဲမှနေ၍
မျက်နှာဖုံးအဖြူရောင်ကိုတပ်ဆင်ကာ အနက်ရောင်အဝတ်အစားဝတ်ထားသူ
တစ်ဦးမှ မိမိအား
အနောက်မှစောင့်ကြည့်နေသည်ကို
သတိထားမိပုံမပေါ်ပေ။
ဆွဲကြိုးကိုသာအာရုံရှိနေသည်မှာ
အမှန်။
"" လှလိုက်တာ ချဝတ်လို့
မဖြစ်သေးပါဘူး
ဖြုတ်ထားအုန်းမှပါလေ ယောက်ျားနဲ့
ညကျရင်ညစားအတူစားသွားမှဘဲ
ဝတ်သွားရမယ် ""
ဟု၍ပြောလည်းပြော
ဆွဲကြိုးအားဖြုတ်၍
မှန်ခုံပေါ်သို့အတင်
ဆွဲကြိုးမှာ အောက်သို့လျှောကျသွား
နေတော့သည်။
" တောက် "
"" အော် ဒီဆွဲကြိုးကတော့လေ ""
ဟု၍ပြောလည်းပြော
ပစ္စည်းအားကုန်း၍ ကောက်လိုက်ပြီးလျှင်
အမှတ်မထင်
မှန်ထဲသို့ ကြည့်လိုက်နေသောအခါ
ပြက်ကနဲ သူ၏နောက်ကျောမှ နေ၍
လူတစ်ယောက်
ဖြတ်သွားသည်ကို တွေ့လိုက်ရလေ၏။
"ငါဘဲ အမြင်မှားတာလား?"
ထိုသို့ပြောနေစဉ်အတွင်းမှာတင်
ထပ်မံ၍
ဖြက်ကနဲအရိပ်တစ်ခုထပ်တွေ့တာကြောင့်
မှန်ရှေ့ကိုလည်း ကြည့်လိုက်မိသည်နှင့်အတူ ထိုအမျိုးသမီးလည်း ထိပ်လန့်စွာ
အော်လိုက်မိနေတော့သည်။
" အား ! ! ! ""
သာယာလှပသောမနက်ခင်း
မနက်ပင်ဖြစ်ပေ၏။
ကျေးငှက်များမှာလည်း
သာယာစွာမြည်တမ်းလျှက်
ထိုအချိန်တွင်ဝယ်တစ်စုံတစ်ယောက်မှဆို
ဖာပေါ်တွင်အထာကျကျထိုင်နေခါ
သတင်းစာဖတ်နေပေ၏။
သူ၏။ ဘေးနားတွင်လည်း
ခန့်ငြားချောမောသည့်မျက်နှာ
အသွင်ရှိသည့်အမျိုးသားတစ်ဦးမှနေ၍
ကရားထဲမှ ကော်ဖီအေးကို ငှဲ့ခါ
ထည့်ပေးနေ၏။
" သုံးဆောင်လို့ရပါပြီ
သခင်လေးတော်ဝင် "
တော်ဝင်လည်း စားပွဲခုံပေါ်မှ
ကော်ဖီခွက်အား
ကိုင်ပြီးလျှင် တစ်ငုံသောက်လိုက်ခါ
နေပြီးလျှင်
ကော်ဖီ၏။ခါးသက်သောအရသာရ
ကြောင့်
မျက်နှာမှာအနည်းငယ်ရှုံ့မဲ့သွားနေ၏။
" အဆင်မပြေလို့ပါလား
သခင်လေး တော်ဝင် "
" ဒီ ကော်ဖီက ငါ့သောက်နေကျကော်ဖီမဟုတ်ဘူးဘဲ "
"ဟုတ်ပါတယ် သခင်လေး မနေ့ကမှ
နိုင်ငံခြားကအသစ်သွင်းတဲ့ထုတ်ကုန်အသစ်ပါ"
တော်ဝင်သွေးလည်း
ဘာမှမပြောတော့ဘဲ ကော်ဖီခွက်ထဲသို့
ရေခဲတုံးများထပ်ထည့်၍ပြီးလျှင်
ခွက်အားလှုပ်ခတ်ခါနေ၍အပြီး
သတင်းစာအား
ဆက်၍ဖတ်နေတော့သည်။
သတင်းစာထဲတွေ နေအိမ်ရှိ
ဓါးချက်များနှင့်အမျိုးသမီးတစ်ဦး
သေနေသော်လည်း အဖြေရှာလို့မတွေ့ကြောင်း
ဆွဲကြိုးတွေ့သော်လည်း
လော့ကပ်သီးပျောက်နေကြောင်း
ဖတ်၍အပြီး သလင်းကျောက်အကြောင်းဆက်၍
စိတ်ဝင်တစားဖတ်နေရာမှ သူ၏။
ဘေးနားရှိ အမျိုးသားတစ်ဦးအား
သူ၏။ဘက်မှနေ၍ စကားစခါ
အရင်ပြောလိုက်နေ၏။
" အခုတစ်လော သလင်းကျောက်အကြောင်းအတော်
ခေတ်စားနေတယ်နော် အထိန်းတော်လွန်း "
လွန်းစေတန်လည်း တော်ဝင်သွေး
ပြောသည့်စကားကို
မကြားချင်ယောင်ဆောင်လိုက်ရင်း
စကားလမ်းကြောင်းပြောင်းလိုက်နေ၏။
" သခင်လေးတော်ဝင် နေ့လည်ပိုင်းကျရင်
ကျောက်မြတ်ရတနာဖွင့်ပွဲအခမ်းအနားသွားရပါမယ်
ညနေကျရင်လည်း Noriကုမ္ပဏီက
သူဋ္ဌေးနဲ့လည်းတွေ့ဆုံဖို့ရှိပါသေးတယ် "
တော်ဝင်လည်း လွန်းစေတန်၏။စကားကြောင့်
ကော်ဖီအား စားပွဲပေါ်သို့တင်လိုက်ရင်း
ထိုင်နေရာမှ ထလာနေပြီးလျှင်
"ငါ့အသက် ၁၈နှစ်ဘဲပြည့်တော့မယ်
ဒီလောက်ကတော့ငါလည်းသိပါတယ်"
"ဒါနဲ့ သခင်လေးတော်ဝင်"
"ဘာပြောစရာကျန်သေးလို့လဲ?"
"ဒီနေ့ ကျွန်တော်မျိုး သခင်လေး
နောက်ကိုမလိုက်နိုင်တော့ဘူးထင်တယ်"
"ရတယ် ငါ့ဘာသာဘဲသွားလိုက်တော့မယ်"
ဟု၍ တော်ဝင်သွေးလည်း
ပြောပြီးသည်နှင့်အတူစေတန်၏။လက်ထဲသို့
သတင်းစာလိပ်အားထည့်ပေး၍အပြီး
ထိုနေရာမှ
ထွက်သွားနေတော့သည်။
ညနေပိုင်းသို့ရောက်သောအခါ
တော်ဝင်သွေးလည်း
အိမ်သို့ပြန်လာနေပြီး စေတန်အား
တွေ့သွားသောအခါ နှာခမ်းတွန့်ရုံ
ပြုံးပြလိုက်နေပြီး
" ငါဒီနေ့ သလင်းကျောက်ကြယ်သီးဝယ်လာခဲ့တယ်"
စေတန်လည်း တော်ဝင်သွေး၏။
စကား၏။အဆုံး
ဘာမှဆက်၍မပြောဘဲနှင့်သာနေလိုက်
နေတော့သည်။
ညနက်တစ်ခေါင်ရန်ကျော်အချိန်သို့
ရောက်သောအခါ
စေတန်လည်း
သလင်းကျောက်ကြယ်သီးကို
သဘောကျစွာအသေချာစိုက်ကြည့်နေရင်း
" ညဘက်ဆို ပိုလှသလိုဘဲ "
ထိုနောကအခဏအကြာ
ပြတင်းပေါက်တံခါးမှာ
ပွင့်ထွက်သွားနေပြီး
မိုးသက်လေးပြင်းများမှာလည်းပြင်းထန်စွာ
တိုက်ခတ်လာပေ၏။
"Hahahaha"
ထို့နောက် အမျိုးသား
တစ်ယောက်၏။
ရီသံအားကြားလိုက်ရနေပြီး
ကျီးကန်းတစ်ကောင် မှာလည်း
အခန်းထဲသို့ အရှိန်ဖြင့် ပျံသန်းခါ
ဝင်လာနေတော့သည်။
မိုးများမှာလည်းသည်းထန်စွာအဆက်မပြတ်
ရွာသွန်းလျှက်
အမှောင်ထဲတွင်လည်း နီရဲ၍
တောက်ပနေသောမျက်ဝန်းတစ်စုံမှာ
ထွက်ပေါ်လာနေတော့သည်။
" မင်းဘယ်သူလဲ? "
လျှပ်စီးများမှာလည်း တစ်ပျက်ပျက်
လဲ့နေသောအချိန်
ပြတင်းပေါက်နားတွေ ရပ်နေသော အလွန်
ခန့်ငြားချောမောသော အမျိုးသားအား
တစ်ဦးအား တွေ့သွားနေတော့သည်။
ထိုအမျိုးသားလည်း တော်ဝင်နှင့်
မျက်လုံးချင်းဆုံသွားလျှင် တော်ဝင်အားတစ်ချက်ပြုံးပြလိုက်နေ၏။
ထို့နောက်အပြင်ဘက်တွင်လည်း
လျှပ်စီးများမှာလည်း တစ်ဖျက်ဖျက်ဖြင့်
လင်းလက်ခါနေပေလျှက်...
" ဒါကို
မင်းနဲ့ထိုက်တန်တယ်လို့
မင်းကထင်နေတာလား?"
ဟု၍ သူ၏။စကားဆုံးသည်နှင့်
တစ်ပြိုက်နက်
တော်ဝင်အားဓားဖြင့်တိုက်ခိုက်ရန်အတွက်
ပြေးလာခဲ့နေတော့သည်။
တော်ဝင်သွေးအား ဓားဖြင့်
တိုက်ခိုက်ရန်ကြိုးစားသည့်အချိန်မှာဘဲ
စေတန်လည်း အရှေ့မှဝင်လာ၍
သူ၏။ ဓါးဖြင့်ကာလိုက်ခါပြီးသည်နှင့်
တစ်ပြိုက်နက်
ထိုနတ်ဆိုးနှင့်အတူတိုက်ခိုက်နေကြရင်း
အပြင်ဘက်ရှိ သစ်ပင်တစ်ပင်ပေါ်သို့
ရောက်သွားနေတော့သည်။
ထို့နောက်မှ နတ်ဆိုးနှစ်ဦးလည်း
တိုက်ခိုက်နေသည်ရပ်လိုက်ကြရင်း
မိုးသက်လေပြင်းများမှာလည်း
သူတို့နှစ်ဦးနှင့်အတူ ငြိမ်သက်
သွားကြနေတော့သည်။
" မင်းကဘာလို့လုပ်
ဒီကိုရောက်နေရတာတုန်း ?"
"ပြောရရင်အရှည်ကြီးဘဲ
ငါတို့gangထဲရော
ပြန်မလာတော့ဘူးလား?"
"အခုလက်ရှိ
ငါသူ့ကိုကာကွယ်ပေးနေတယ် အခုလည်း
ငါသွားမှရတော့မယ် Demo "
Demoလည်းစေတန်အား
ပြုံးပြလိုက်ပြီးသည်နှင့်အတူအငွေ့တွေလိုမျိုး
တစ်ရွှေ့ရွှေ့ဖြင့်သာ
ပျောက်ကွယ်သွားနေတော့သည်။
လွန်းစေတန်
အိမ်ထဲသို့ပြန်ဝင်လာခဲ့လျှင်...,
" လွန်းစေတန် မင်းအဆင်ပြေရဲ့လား?"
"အင်း ပြေပါတယ်
ဒါနဲ့ လွန်း စေတန် လို့ခေါ်လိုက်တာလား
သခင်လေးတော်ဝင်?"
" အဟမ်း ငါ...ငါဘယ်တုန်းက
ခေါ်မိလို့လဲ ?"
" အခုဘဲ ခေါ်လိုက်တာလေ
မဟုတ်လို့လား? "
" ဘာတွေလာပြောနေတာလဲ? "
ဟု၍ တော်ဝင်သွေးလည်း
ပြောလည်းပြော ရုပ်တည်ကြီးဖြင့်
ရှက်ရမ်းရမ်း၍ အိပ်ခန်းထဲသို့သာ
ဝင်သွားနေတော့သည်။