The Story Of Snowy Sect

By HunSuZu-Han

693 32 2

ချစ်ရသူ၏အမုန်းကားဤကမ္ဘာပေါ်ဝယ်အနာကျင်ရဆုံးဖြစ်ရသည့်တိုင်သူသည်အနှီခံစားချက်လေးကိုပင်မစွန့်ပစ်နိုင်ခဲ့ နှစ်သက်မ... More

Chapter-1
Chapter-2
Chapter-3

Chapter-4

71 6 0
By HunSuZu-Han

Unicode

တစ်ညလုံးအိပ်မပျော်ခဲ့သည့်ပိုင်လီသည်
နောက်ဆုံးဘယ်လိုမှဆက်အိပ်မရတော့သည့်အဆုံးအိပ်ရာမှထလိုက်ရတော့၏

လဝန်းပမာပြတင်းပေါက်အားဖွင့်လိုက်တာနဲ့
လေအေးတစ်သိုက်ကသူ့ကိုယ်ထံအတင်းအလုအယက်ပြေးဝင်လာကြသည်မှာအေးခဲသွားရမတတ်

အရုဏ်တက်ခါစအချိန်ဆို​ပေမဲ့နှင်းတောင်ထွဋ်လိုနေရာမျိုးတွင်တော့ညသန်းခေါင်အလားပိန်းပိတ်အောင်မှောင်နေဆဲပင်

နေ့ညမပြတ်ရွှေရောင်အလင်းတန်းများတဖိတ်ဖိတ်လက်နေတတ်သည့်ကောင်းကင်နန်းတော်နဲ့
အဆတစ်ရာအဆတစ်ထောင်ခြားနားနေသောနှင်းတောင်ထွဋ်လိုနေရာမှာသုံးလကျော်အောင်နေနိုင်ဖို့ဆိုတာပိုင်လီအတွက်အရမ်းကြီးတော့မလွယ်ကူလှချေ။

သို့သော်သူသည်တဖြည်းဖြည်းနှင့်ဤနေရာအားမဆိုစလောက်လေးအသားကျနေခဲ့လေပြီ။
မနက်စာစားပြီးချိန်တိုင်း
ဝါးရုံအိမ်ကလေးထဲပေရွက်လိပ်များပိုက်ကာ
စာသွားသင်ရသည့်အချိန်များ.....

ရှစ်စွမ်း၏အေးစက်စက်မျက်နှာနဲ့
ဆူပူကြိမ်းမောင်းသည့်အချိန်များ

ဆယ်ခါတစ်ခါမှမဆိုးဘူးလို့ချီးကျူးလိုက်တိုင်း
ထအော်မိမတတ်ပျော်ရသည့်အချိန်များ

ရွှိုက်ယန်ရှန့်ကျွင်း၏နားပူမတတ်စကားတို့အားနားထောင်ရခြင်းများ

စူးမင်ရဲ့ကျွန်တော်တို့ရှစ်ယင်ပေါင်းချုပ်စာအုပ်မျိုးစုံ
ဖတ်ရှုရခြင်းများ....

အနှီအေးခဲမတတ်နှင်းတောင်ထွဋ်တွင်ဤသို့ရှားရှားပါးပါးနွေးထွေးမှုလေးများအပေါ်သူသည်မသိလိုက်မသိဘာသာနှင့်အသားကျနေခဲ့လေပြီဖြစ်သည်။

ကောင်းကင်ဘုံမှသူ၏ဖခမည်းတော်နဲ့တခြားအပေါင်းအဖော်များအားတစ်ခါတစ်ရံလွမ်းမိပေမဲ့နှစ်သုံးရာဆိုတာခဏလေးနဲ့ကုန်ဆုံးသွားမှာဟူသောအသိကိုစွဲကပ်ထားသည်ကြောင့်အထီးကျန်ဝေဒနာဟာထင်သလောက်မပြင်းထန်တော့....

ထို့အပြင်ရှစ်စွမ်းကနှင်းမုန်တိုင်းမိ၍ခရီးရောက်မရောက်စိုးရိမ်ပူပန်နေမည့်သူ့မိသားစုအားစိတ်အေးသက်သာရှိစေရန်စာတစ်စောင်ရေးကာပို့လွှတ်ခဲ့ပြီးလေပြီ

နှင်းတောင်ထွဋ်မှာပညာလာသင်ကြားဖို့ရောက်သည်ဆိုကတည်းကအပြင်လောကနဲ့ဆက်သွယ်ခွင့်မရှိတော့ပေမဲ့

ရှစ်ယင်သည်
သူ၏
ဖိတ်ကြားလွှာပေါ်တွင်ရေးသား၍အစီအရင်တစ်ခုတည်ကာမူလနေရာပြန်ကျရောက်စေသည်မို့စည်းကမ်းအားဖောက်ဖျက်သည်ဟုမဆိုနိုင်

ရှစ်စွမ်းဖြစ်သူနှင့်သူ၏ဆက်ဆံရေးမှာကောင်းလှချည်ရဲ့လို့မဟုတ်ပေမဲ့
အထိုက်အလျောက်တော့ပြေပြစ်တယ်လို့ယူဆနိုင်လေ၏

ဒီပုံစံအတိုင်းလေးနဲ့နှစ်သုံးရာကိုငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းနိုင်ရင်ပဲမဆိုးဘူးလို့ပြောရမည်

မိုးကားလင်းစပြုလာပေပြီ
ပိုင်လီကမနက်ခင်းနေရောင်ခြည်ကို
အားမာန်ပြည့်စွာခံယူလိုက်ရင်း

ခိုင်မာစွာဆုံးဖြတ်လိုက်၏
ဒီနေ့
ဝိညာဥ်စွမ်းအားစမ်းသပ်မှုရလဒ်
ကောင်းကောင်းမွန်မွန်ထွက်လာပြီးလျှင်တော့
တခြားများများစားစားမတွေးတော့ဘဲလေ့ကျင့်ရေးတွင်သာအလုံးစုံမြှုပ်နှံပစ်လိုက်တော့မည်ဟူ၍......

*********************************************

နှင်းတောင်ထွဋ်ရှိလုံဝမ်ကျောက်တိုင်သည်
ကျောက်စိမ်းရောင်ဖြဖြတောက်လျက်
နှစ်ပေါင်းသောင်းချီတည်တံ့ခဲ့သောပြယုဂ်အဖြစ်
တည်တံ့မြဲမြံမှုများလွှမ်းခြုံထားလေ၏

ဤကျောက်တိုင်အတွင်းရှိဝိညာဥ်စွမ်းအားကျောက်တုံးရှေ့တွင်နှင်းတောင်ထွဋ်မှတပည့်ပေါင်းများစွာကသူတို့ဝိညာဥ်စွမ်းအားကိုစမ်းသပ်ခဲ့ကြပေသည်။

ထိုမှတဆင့်သူတို့၏ဝိညာဥ်စွမ်းအားအဆင့်အလိုက်ကျွမ်းကျင်အောင်လေ့လာသင်ကြားခဲ့ကြပြီးလောကအကျိုးကိုသယ်ပိုးနိုင်မည့်ပုဂ္ဂိုလ်များအဖြစ်ထွန်းပေါက်ခဲ့ကြပေ၏

ပိုင်လီသည်နည်းနည်းလေးမှစိတ်မလှုပ်ရှားပါဘူးလို့ပြောရင်လိမ်ညာရာကျလိမ့်မည်။
ဤသည်က
သူ့ဘဝ၏အရေးကြီးဆုံးသောအချိုးအကွေ့တစ်ခုဖြစ်လာမည့်အချိန်အပိုင်းအခြားဖြစ်၏

ဝိညာဥ်စွမ်းအားအမျိုးအစားထဲတွင်အမြင့်ဆုံးဖြစ်သောမီးစွမ်းအင်ရင်းမြစ်ဖြစ်လာရင်အကောင်းဆုံးဆိုပေမဲ့သူ့ကိုယ်ထဲကရင်းမြစ်အားသူကိုယ်တိုင်လည်းမယုံကြည်ဝံ့ပေ။

သူသည်အားကိုးတကြီးနှင့်ရှစ်စွမ်းဖြစ်သူအားစောင်းငဲ့ကြည့်မိသော်အနှီရေခဲပန်းပုကား
သူ့အတွက်နည်းနည်းလေးတောင်စိတ်ပူပေးပုံမရဘဲတည်တံ့အေးခဲနေသည်မှာထိုက်ချန်းတောင်အလား...

ပိုင်လီကသူ့ကိုယ်သူတစ်ချက်လှောင်ရယ်လိုက်မိသည်။

သူကဘာတွေများဒီလူ့ဆီကမျှော်လင့်နေမိပါလိမ့်

''စတော့လေ.....ဘယ်လိုလုပ်ရမလဲသိတယ်မလား''

ပိုင်လီကအသက်ကိုပြင်းပြင်းတစ်ချက်ရှိုက်လျက်
ရှစ်စွမ်းအားခေါင်းညိတ်ပြလိုက်ပြီး
ဝိညာဥ်စမ်းကျောက်တုံးရှေ့ရပ်လိုက်သည်။

ထို့နောက်သူ၏ချီစွမ်းအင်အားနှလုံးမှတစ်ဆင့်လက်နှစ်ဖက်ထံစီးဆင်းစေလိုက်စဥ်
အဖြူရောင်အလင်းထုကလေကိုခွင်းလျက်ဖြစ်တည်လာသည်။

အဖြူရောင်ကားဝိညာဥ်စွမ်းအင်ရင်းမြစ်မတည်သေးသောချီစွမ်းအင်ရင်းမြစ်
သက်သက်သာဖြစ်ပြီး

ဝိညာဥ်စွမ်းအားစမ်းသပ်ပြီးချိန်နောက်တွင်
ချီမှတစ်ဆင့်ဝိညာဥ်ရင်းမြစ်အဆင့်သို့တိုင်ပြောင်းလဲသွားမည်ဖြစ်သည်။

အရောင်အားဖြင့်သတ်မှတ်နိုင်သည်မှာမီးစွမ်းအင်နှင့်ရေစွမ်းအင်နှစ်မျိုးသာရှိပြီး

လေနှင့်မြေဟာပုံသဏ္ဍာန်အသေးစားအဖြစ်ပေါ်လာမည်ပင်

မီးစွမ်းအင်နီစွေးစွေး

ရေစွမ်းအင်ပြာလဲ့လဲ့

လေပွေသဏ္ဍာန်ငယ်နဲ့ကျောက်စိုင်ခဲရယ်

ရင်းမြစ်လေးခုတည်သတဲ့ကွယ်ဟူသောတေးသံချိုးပင်ရှိချေသေး၏

ပိုင်လီသည်ထိုအဖြူရောင်စွမ်းအင်ကိုလက်နှစ်ဖက်ယှက်ကာစုဝေးလိုက်ပြီးဝိညာဥ်စမ်းကျောက်တုံးထက်သို့လွှတ်တင်လိုက်သည်။

ထိုအခိုက်ဝိညာဥ်စမ်းကျောက်တုံး၏ရောင်ဝါကားဖြာလဲ့လာပြီးပိုင်လီ၏ချီစွမ်းအင်အားသိုင်းယှက်လာသည်မှာတယုတယပိုက်ထွေးထားလိုသည့်အလား

ခဏကြာတော့အသံကျယ်ကျယ်တစ်ခုမြည်ဟီးလာကာပိုင်လီ၏ဝိညာဥ်စွမ်းအားရင်းမြစ်ကို
စစ်ထုတ်ပေးလာချေလေ၏

ပိုင်လီမှာစိတ်လှုပ်ရှားလွန်း၍လက်ဝါးနှစ်ဖက်တွင်ချွေးများပင်စို့နင့်နေသည်။

သို့သော်
ဝိညာဥ်စမ်းကျောက်တုံးပေါ်ရှိပိုင်လီရဲ့ဝိညာဥ်စွမ်းအားဟာထူးဆန်းစွာဖြင့်တော်တော်နှင့်ပုံပေါ်မလာသေး

တော်တော်ကြာယိမ်းယိုင်လှုပ်ရှားပြီးကာမှအဖြူရောင်စွမ်းအင်ဟာသူတစ်ခါမှမမြင်ဖူးသောအရောင်အဆင်းတစ်ခုအဖြစ်သို့တဖြည်းဖြည်းပြောင်းလဲသွားတော့သည်။

ထို့အတူခက်ခက်ခဲခဲစစ်ထုတ်ပေးလိုက်ရဟန်ရှိသောဝိညာဥ်စမ်းကျောက်တုံးသည်လည်း
အလင်းဖြာထွက်မှုရပ်တန့်သွားကာ
ဟုတ်ခနဲငြိမ်ကျသွားချေ၏

ပိုင်လီ သည်စစ်ထုတ်ပေးလိုက်သောဝိညာဥ်စွမ်းအား၏အရောင်အဆင်းကိုကြည့်ကာ
ကြက်သေသေနေမိသည်။

အရောင်ကားအနီမဟုတ်အပြာမဟုတ်သဏ္ဍာန်အစိုင်အခဲမဟုတ်....

ယုတ်စွအဆုံးအနက်တောင်မဟုတ်သည့်
ခဲရောင်ဖျော့ဖျော့ပင်

ရှစ်ယင်၏မျက်ခုံးအစုံကစုကြုံ့သွားပြီး
ဝိညာဥ်စမ်းကျောက်တုံးထံစွမ်းအင်အနည်းငယ်ပို့ကာပြသနာရှိမရှိစစ်ဆေးလိုက်သည်။

အဖြေကားရှင်း၏

ဝိညာဥ်စမ်းကျောက်တုံးတွင်ပြသနာလုံးဝမရှိ

ဤသို့ဆိုပါလျှင်....။

ရှစ်ယင်သည်သူ၏တပည့်ထံချက်ချင်းအကြည့်ရောက်သွားရ၏

ပိုင်လီဟုန်ရိဟာအခုချိန်အထိတုန်လှုပ်ခြောက်ခြားလျက်ရှိကာမျက်နှာတွင်သွေးမရှိတော့သည့်နှယ်
ဖြူဖျော့နေသည်။

တစ်ကိုယ်လုံးကအနည်းငယ်တုန်ယင်နေပြီး
ယိုင်ထိုးလဲကျမတတ်ဖြစ်နေသည်မို့ရှစ်ယင်ကအမြန်ဆွဲထိန်းထားလိုက်ရလေ၏

ထိုအခါပိုင်လီကသူ့ထံအကြည့်ရောက်လာကာ
နှူတ်ခမ်းအစုံကလှုပ်ခတ်လာပြီး..

''ရှစ်စွမ်း....ကျွန်တော့်မှာတကယ်ပဲဝိညာဥ်စွမ်းအားမ.....မရှိတာလား''

ပိုင်လီသည်ခက်ခက်ခဲခဲဖြင့်စကားကိုအဆုံးသတ်လိုက်ပြီးလျှင်
လောကကြီးအားရင်မဆိုင်ရဲစွာ
မျက်လုံးအစုံကိုမှိတ်ချပစ်လိုက်မိသည်။

မီးစွမ်းအင်မဟုတ်သည်ကထား
ရေစွမ်းအင်ပင်ဖြစ်မနေ

အနည်းဆုံးလေနဲ့မြေတောင်ဟုတ်မနေခဲ့

ဤရလဒ်ကိုမူသူယောင်လို့တောင်တွေးမထားဖူးပေ
ဝိညာဥ်စွမ်းအားမရှိသည်တဲ့လား

သူ့မှာဝိညာဥ်စွမ်းအားလုံးဝမရှိဘူးတဲ့လား

ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ

သူကသေချာပေါက်ကိုသာမန်ဇစ်မြစ်မဟုတ်ပါဘဲနဲ့ဘယ်လိုလုပ်ပြီးများ

ပိုင်လီ့ဦးနှောက်ထဲတွင်ရှုပ်ထွေးမှုပေါင်းများစွာကြောင့်စတင်ကိုက်ခဲလာတော့၏

သူကသာမန်နတ်သူငယ်တစ်ပါးဆိုထားဦး
အနာဂတ်တွင်သူကကောင်းကင်ဘုံတစ်ခုလုံးကိုရင်ဝယ်ပိုက်ထားရမည့်သူ

ဤသို့ကြီးလေးလှစွာသောတာဝန်မျိုးကိုဝိညာဥ်စွမ်းအားလုံးဝမရှိပဲနဲ့သူကဘယ်လိုများ....

ပိုင်လီသည်အနှစ်နှစ်ရာသက်တမ်းနတ်ဘုရားငယ်အဆင့်သာရှိသေးသည့်အတွက်ထိုသို့သောကိစ္စမျိုးကိုခံနိုင်ရည်ရှိမနေခဲ့

ဘာကိုမှစဥ်းစားလို့မရအောင်ဘာကိုမှမဖြေရှင်းတတ်တော့အောင်ခေါင်းကချာချာလည်နေသည်မှာအိုးထိန်းစက်ပမာ

ရှစ်ယင်သည်သူ့အားထိန်းထားရင်းနှင့်သက်ပြင်းဖွဖွချလျက်နှုတ်ခမ်းပွင့်ဟရုံမျှစကားဆိုလာ၏

''မင်းယုံလား.....''

''..........''

ပိုင်လီကရှစ်စွမ်းအမေးကြောင့်မျက်လုံးများကိုဖွင့်လိုက်လေ၏

သို့သော်သူသည်တုံဏှိဘာဝေရှိဆဲဖြစ်ကာပြန်မတုံ့ပြန်နိုင်ပေ

ရှစ်ယင်သည်သူ့ပုခုံးထက်အသာပုတ်ပေးရင်း
ပြတ်သားစွာပြောလာ၏

''ငါကတော့မယုံဘူး....''

''.............''

''ဝိညာဥ်စွမ်းအားဆိုတာနှလုံးသားနဲ့တဆက်တည်းဖြစ်တဲ့သိဲဒ္ဓိအမြုတေကလာတာ...
ဝိညာဥ်စမ်းကျောက်တုံးဆီကလာတာမဟုတ်ဘူး''

''ရှစ်စွမ်း.....''

ပိုင်လီကသူ့အရှေ့ကနတ်ဘုရားကိုအံ့သြထိတ်လန့်စွာစိုက်ကြည့်နေမိသည်မှာသတိလက်လွတ်...

ဤသည်မှာတကယ်ပဲရှစ်ယင်ဟုတ်ပါရဲ့လားဟုသံသယဝင်ချင်နေသည့်အလား

ရှစ်ယင်ကတော့စိတ်အေးလက်အေးရှိလှစွာဖြင့်
ပိုင်လီကိုဆက်လက်အမိန့်ပေးလာချေ၏

''ထပ်စမ်းကြည့်.....''

ပိုင်လီသည်ဝိညာဥ်စမ်းကျောက်တုံးကိုမဝံ့မရဲစိုက်ကြည့်လိုက်ရင်း

''ဒါပေမဲ့.....''

ပိုင်လီ၏တွန့်ဆုတ်နေသော
အမူအယာကိုမြင်သည်နှင့်
ရှစ်ယင်ရဲ့လေသံကချက်ချင်း
မာထန်သွားရကာမာန်မဲတော့၏

''မင်းကငါ့တပည့်မဟုတ်ဘူးလား...
ဘာလို့အဲ့လောက်တောင်တွန့်တွန့်ဆုတ်ဆုတ်နဲ့ကြောက်လန့်နေရတာလဲ

ငါကမင်းကိုမိစ္ဆာတွေနဲ့ယှဥ်တောင်မတိုက်ခိုင်းရသေးဘူး

ဝိညာဥ်လေးထပ်စမ်းခိုင်းတာကိုပဲမင်းက
အသည်းငယ်တတ်တဲ့
သခင်မလေးလိုထိတ်လန့်နေပြီ''

ရှစ်ယင်ဆီမှအော်ငေါက်ခံလိုက်ရကာမှပိုင်လီ၏လွတ်ထွက်နေသောစိတ်များကခက်ခက်ခဲခဲနဲ့ပြန်လည်စုစည်းမိသွားရ၏

သူသည်ရှစ်စွမ်းအားလေးလေးနက်နက်ဖြင့်
ခေါင်းညိတ်ပြလိုက်ပြီး

ချီစွမ်းအင်တို့ကိုတစ်ဖန်စီးဆင်းစေလိုက်သည်။
သို့သော်ငြား
တစ်ကိုယ်လုံး
တဆတ်ဆတ်တုန်ရီနေသည်ကြောင့်ချီစွမ်းအင်အားသေချာပြန်မစုစည်းနိုင်ချေ။

အသက်ကိုဝဝရှူလျက်နောက်တစ်ဖန်ပြန်စုစည်းဖို့ကြိုးစားလိုက်သည့်အခိုက်အတန့်တွင်ရုတ်တရတ်သူ့ခေါင်းထက်သို့အနွေးဓာတ်တစ်ခုကစီးကူးလာသည်။

ပိုင်လီသည်ဆတ်ခနဲလန့်သွားကာရှစ်ယင်ကိုမျက်လုံးအဝိုင်းသားနဲ့မော့ကြည့်လိုက်လေ၏

ရှစ်စွမ်းဖြစ်သူရှစ်ယင်သည်သူ၏ခေါင်းကိုဖွဖွလေးပုတ်ပေးလာသည်မှာတယုတယရှိလှစွာဖြင့်

ခဏတာအချိန်လေးဆိုပေမဲ့ရုတ်ချည်းပိုင်လီ့တစ်ကိုယ်လုံးငြိမ်သက်သွားရသည်။

ရှစ်ယင်ကသူ့အားပေါက်ထွက်မတတ်စိုက်ကြည့်နေသည့်ပိုင်လီကြောင့်အနေရခက်စွာ
ချောင်းတစ်ချက်ဟန့်ပြီးနောက်ကိုဆုတ်လိုက်မိ၏
ပြီးမှပိုင်လီကိုတစ်ချက်ပြန်ကြည့်လာရင်း

''မင်းကိုမင်းယုံကြည်
မင်းရဲ့ဝိညာဥ်စွမ်းအားကိုယုံကြည်''

''............''

''ပြီးတော့ငါ့ကိုယုံကြည်လိုက်''

ရှစ်ယင်၏စကားဆုံးတာနဲ့ရုတ်တရတ်ဆိုသလိုပိုင်လီ့ကိုယ်တွင်း၌ချီစွမ်းအင်တွေပြည့်ဝလာသလိုခံစားလိုက်ရသည်။

သူသည်မျက်လုံးအစုံကိုမှိတ်လိုက်ပြီး
သိဒ္ဓိအမြုတေအတွင်းရှိသမျှစွမ်းအားတို့ကို
အာရုံစိုက်ထားလိုက်တော့သည်။

စက္ကန့်အနည်းငယ်ကြာပြီးချိန်တွင်ဖျတ်ခနဲပြန်ပွင့်လာသောပိုင်လီ့မျက်လုံးတို့ဟာအရှိန်အဝါတစ်မျိုးလွှမ်းနေလျက်

ပိုင်လီသည်လက်နှစ်ဖက်ယှက်ကာအဖြူရောင်အလင်းထုကိုနောက်တစ်ကြိမ်ဖန်တီးလိုက်ပြီးဝိညာဥ်စမ်းကျောက်တုံးထက်သို့တည်ငြိမ်စွာပို့လွှတ်လိုက်ချေသည်။

ချက်ချင်းဆိုသလိုဝိညာဥ်စမ်းကျောက်တုံးတွင်
အလင်းရောင်တစ်ဖန်ဖြာထွက်လာပြန်ကာပိုင်လီ၏စွမ်းအင်ထုကိုရစ်သိုင်းလိုက်လေ၏

ဒီတစ်ကြိမ်တွင်တော့ဝိညာဥ်စမ်းကျောက်တုံးသည်အချိန်တုံ့ဆိုင်းခြင်းရှိမနေဘဲ

အသံကျယ်ကျယ်မြည်ဟီးလာကာ​
စတင်ပြောင်းလဲလာလေသည်။

အဖြူရောင်အလင်းထုသည်အနီရောင်အဖြစ်တဖြည်းဖြည်းကူးပြောင်းသွားချိန်ပိုင်လီ၏မျက်လုံးအစုံဟာတဖျတ်ဖျတ်တောက်ပလာချေသည်။

သို့သော်ဝိညာဥ်စမ်းကျောက်တုံးကားရပ်ဆိုင်းသွားခြင်းမရှိပါဘဲနောက်ထပ်အရောင်တစ်မျိုးပြောင်းသွားပြန်သည်။

ဤကားအပြာရောင်ရှိသောရေစွမ်းအင်

ရှစ်ယင်သည်မူလအတိုင်းတည်ငြိမ်လျက်ရှိနေပါသော်ငြားမျက်လုံးများကားဝိညာဥ်စမ်းကျောက်တုံးထံစူးစူးစိုက်စိုက်ကြည့်လျက်....

ဝိညာဥ်စမ်းကျောက်တုံးသည်ထိုမှတစ်ဖန်လေပွေပုံသဏ္ဍာန်ပြောင်းလဲသွားရပြီး

များမကြာမီကျောက်စိုင်ခဲအသွင်သို့ရောက်ရှိသွားလေသည်။

ထို့နောက်စွမ်းအင်လေးခုကတစ်ခုကိုတစ်ခုလှည့်ပတ်ကာတစ်စုတစ်ဝေးတည်းဖြစ်သွားပြီး
နောက်ဆုံး
ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ဆင့်ကဲပြောင်းလဲသွားချေတော့၏။

ပိုင်လီသည်ယုံကြည်နိုင်စွမ်းမရှိစွာဖြင့်အံ့သြမှင်သက်နေလျက်သား

''ရှစ်စွမ်း..... ဒါ....ဒါက....မဟုတ်မှ''

ရှစ်ယင်မှာစိတ်သက်သာရာရသွားသည့်အလား
သက်ပြင်းချလာပြီးသူ၏တပည့်လေးကိုကြည့်ကာခေါင်းညိတ်ပြလိုက်သည်။

''အင်း....မင်းထင်နေတဲ့အတိုင်း''

''.............''

''အဲ့ဒါမင်းပိုင်ဆိုင်ထားတဲ့ငါးခုမြောက်ဝိညာဥ်စွမ်းအင်ပဲ....''

****************************************************

''ဘာရယ်.....ပိုင်လီဒီကောင်စုတ်လေးကငါးခုမြောက်ဝိညာဥ်စွမ်းအားပိုင်ရှင်...ဟုတ်လား''

ရွှိုက်ယန်၏မျက်နှာထက်တွင်မယုံကြည်နိုင်သည့်အရိပ်အယောင်များဖြင့်ပြည့်နှက်ကာ
ပိုင်လီ့ကိုအမဲဖျက်တော့မတတ်စိုက်ကြည့်လာသည်။

စူးမင်မှာလည်းရွှိုက်ယန်နည်း​တူပါပင်

ပိုင်လီကရယ်ချင်စိတ်ကိုမနည်းထိန်းထားရရင်းရှစ်ယင်ကားပကတိတည်ငြိမ်နေမြဲ

''မဖြစ်နိုင်လိုက်တာ...''

ပိုင်လီသည်နောက်ဆုံးတွင်ထိန်းမထားနိုင်တော့ဘဲဝင်ပြောလိုက်၏

''ရွှိုက်ယန်ရှန့်ကျွင်း....ဒါခင်ဗျားကကျွန်တော့်ကိုအထင်သေးလွန်းတာမဟုတ်ဘူးလား''

''ကိုယ့်ကိုကိုယ်အထင်ကြီးပြီးဝင့်ကြွားလွန်းရင်နောက်ဆုံးမှာပျက်စီးလိမ့်မယ်''

ရှစ်ယင်ကခပ်တည်တည်နှင့်ဝင်ဆုံးမသောအခါ
ပိုင်လီကစူပုတ်ပုတ်မျက်နှာနှင့်နှုတ်ပိတ်လိုက်ရသည်။

''ဟုတ်...ရှစ်စွမ်း''

ပိုင်လီ၏ဆူအောင့်အောင့်အသံကြောင့်ရွှိုက်ယန်ထံမှခစ်ခနဲရယ်သံထွက်ပေါ်လာသည်။

''ကြည့်ပါဦး....သူ့ရှစ်စွမ်းကျကြောက်တတ်လိုက်တာအမြီးလေးကိုကုပ်လို့''

ပိုင်လီသည်တုံ့ပြန်လိုက်ချင်သော်ငြားရှစ်စွမ်းကြောင့်မကြားချင်ယောင်သာဆောင်နေရချေသည်။

ရှစ်ယင်ကသူ၏ဝါးရုံအိမ်ငယ်ထဲပြည့်နှက်နေသောလူတွေကြောင့်ခေါင်းပင်မူးချင်တင်တင်

တစ်နေကုန်ပိုင်လီကိုဘယ်လိုမျိုးဝိညာဥ်ကြောဖွင့်ပေးရမလဲဆိုသည့်အကြောင်းကလည်းသူ့ခေါင်းကိုပိုနောက်ကျိစေသည်။

သူ၏နားထင်ထက်သို့လက်နှစ်ချောင်းနှင့်ဖိကပ်ပြီးနှိပ်နယ်လိုက်စဥ်ရုတ်တရတ်ဆိုသလိုပိုင်လီက
တစ်ခုခုကိုသတိထားမိသွားဟန်ဖြင့်

''ရှစ်စွမ်းခေါင်းကိုက်နေတာလား''

ရှစ်ယင်သည်ရုတ်ချည်းထိတ်လန့်သွားမိ၏
သူ့မျက်နှာသည်ပကတိရေသေကန်အလားဖြစ်သောကြောင့်သူခေါင်းကိုက်မကိုက်ဘယ်သူမှသတိမထားမိဖူးသည်ကြောင့်ပင်

သူသည်ကား
ယုတ်စွအဆုံးဖျားနာနေလျှင်တောင်မျက်နှာနီရဲရဲဖြစ်နေခြင်းမှအပတခြားထူးခြားလိမ့်မည်မဟုတ်ချေ။

ဤသည်ကိုဘယ်လိုလုပ်ပြီးပိုင်လီကသတိထားမိပါလိမ့်

'ရှိုက်ယန်သည်လည်းရေနွေးသောက်နေရင်းက
ပိုင်လီ့စကားကြောင့်မှင်သက်သွားရကာ

''မင်းကခေါင်းကိုက်တတ်သေးတာလား''

ရှစ်ယင် သည်စကားပြောချင်စိတ်မရှိလှသည်မို့
ခေါင်းသာညိတ်ပြလိုက်၏

ထိုအခါမှရွှိုက်ယန်ကလောလောလောလောနဲ့ထလာပြီးသူ့အားကုတင်ထက်သို့တွဲခေါ်ပို့ပေးလာသည်။

''ပြောတာတော့မဟုတ်ဘူး....ငါမင်းအတွက်ဆေးသွားကျို....''

''ရှစ်စွမ်းဒါလေးသောက်လိုက်ပါလား....''

ဘယ်တုန်းကအပြင်ထွက်သွားမှန်းမသိသည့်
ပိုင်လီကဆေးတချို့ကိုယူလာပြီးရှစ်ယင်ထံကမ်းပေးလာသည်။

ရွှိုက်ယန်သည်မျက်လုံးအပြူးသားဖြင့်

''မင်းဘယ်တုန်းကတည်းကဆေးကျိုထားတာလဲ
ဒီလောက်တောင်မြန်တယ်''

ပိုင်လီသည်သူ့အားမကြည့်ဘဲရှစ်ယင်ထံသို့စိုးရိမ်တကြီးကြည့်ရင်းပြန်ဖြေ၏

''နေ့လည်ကတည်းက...ရှစ်စွမ်းကြည့်ရတာမူမမှန်နေတာနဲ့''

ရှစ်ယင်သည်ပိုင်လီကမ်းပေးသောဆေးကိုသောက်ချလိုက်ပြီးမှတဖြည်းဖြည်းသက်သာလာတော့သည်။

''ငါဘာလုပ်ပေးရဦးမလဲ''

''ခေါင်းကိုက်တာလေးပဲကို...စိတ်ပူမနေနဲ့ပြန်တော့.လူတွေရှုပ်ရင်ပိုမူးတယ်''

ရွှိုက်ယန်သည်လည်းစကားများမနေတော့ဘဲရှစ်ယင်အလိုကျစူးမင်အားဆွဲခေါ်ပြီးပြန်သွား
တော့သည်။

ပိုင်လီကတော့
ပြန်ခိုင်းတာကိုမကြားသလိုလိုဘာလိုလိုနဲ့
ရှစ်ယင်ဘေးမှာမတ်တတ်ရပ်လျက်ကျန်နေရစ်၏

''မင်းမပြန်ဘူးလား....''

''ရှစ်စွမ်းအိပ်ပါ....ကျွန်တော်ရှစ်စွမ်းကိုစောင့်ကြည့်ပေးပါ့မယ်''

ရှစ်ယင်သည်သက်ပြင်းတစ်ချက်ချရင်းဘာမှဆက်မပြောတော့ပေ

သူသည်မျက်လုံးအစုံကိုမှိတ်ရင်းအိပ်ပျော်အောင်ကြိုးစားလိုက်သည်။

သို့သော်တော်တော်ကြာသည်အထိအိပ်မပျော်နိုင်တာမို့ဘေးနားကကျောက်ရုပ်တုလိုမားမားမတ်မတ်ရပ်နေသောပိုင်လီ့အားစကားစပြောလိုက်သည်။

''ပိုင်လီ.....မင်းမှာရှိတဲ့ဝိညာဥ်စွမ်းအားကပွင့်ထွက်မလာသေးဘူးဆိုတာသိတယ်မလား''

ပိုင်လီ၏ကိုယ်ကရုတ်တရတ်တောင့်တင့်သွားပြီးမှတဖြည်းဖြည်းပြေလျော့သွားကာပြန်ဖြေ၏

''ကျွန်တော်သိပါတယ်....ရှစ်စွမ်း''

ရှစ်ယင်ကသက်ပြင်းဖွဖွရှိုက်လျက်စကားဆက်သည်။

''မင်းကအနှစ်နှစ်ရာပဲရှိသေးတာအဲ့လောက်များတဲ့ဝိညာဥ်စွမ်းအားကိုထိန်းထားနိုင်တဲ့ကိုယ်ထည်မရှိသေးဘူး''

ပိုင်လီသည်ရှစ်ယင်ပြောသည့်စကားများအားငြိမ်ငြိမ်လေးဆက်နားထောင်နေ၏

သူ၏မျက်လုံးများကားလေးနက်မှုဖြင့်အရောင်လဲ့လျက်

''အနှစ်တစ်ရာ.....မင်းမှာနှစ်တစ်ရာပဲအချိန်ရှိတယ်....အဲ့နှစ်တစ်ရာအတွင်းဝိညာဥ်စွမ်းအားကိုထိန်းချူပ်နိုင်ရင်မင်းကငါးခုမြောက်ဝိညာဥ်စွမ်းအင်ကိုရလိမ့်မယ်....မဟုတ်ရင်..''

''..........''

''မဟုတ်ရင်တော့
ပထမရလဒ်ကအတည်ဖြစ်သွားလိမ့်မယ်....
ပိုင်လီဟုန်ရိ''

***********************************************

တစ္ညလုံးအိပ္မေပ်ာ္ခဲ့သည့္ပိုင္လီသည္
ေနာက္ဆုံးဘယ္လိုမွဆက္အိပ္မရေတာ့သည့္အဆုံးအိပ္ရာမွထလိုက္ရေတာ့၏

လဝန္းပမာျပတင္းေပါက္အားဖြင့္လိုက္တာနဲ႔
ေလေအးတစ္သိုက္ကသူ႕ကိုယ္ထံအတင္းအလုအယက္ေျပးဝင္လာၾကသည္မွာေအးခဲသြားရမတတ္

အ႐ုဏ္တက္ခါစအခ်ိန္ဆို​ေပမဲ့ႏွင္းေတာင္ထြဋ္လိုေနရာမ်ိဳးတြင္ေတာ့ညသန္းေခါင္အလားပိန္းပိတ္ေအာင္ေမွာင္ေနဆဲပင္

ေန႔ညမျပတ္ေ႐ႊေရာင္အလင္းတန္းမ်ားတဖိတ္ဖိတ္လက္ေနတတ္သည့္ေကာင္းကင္နန္းေတာ္နဲ႔
အဆတစ္ရာအဆတစ္ေထာင္ျခားနားေနေသာႏွင္းေတာင္ထြဋ္လိုေနရာမွာသုံးလေက်ာ္ေအာင္ေနႏိုင္ဖို႔ဆိုတာပိုင္လီအတြက္အရမ္းႀကီးေတာ့မလြယ္ကူလွေခ်။

သို႔ေသာ္သူသည္တျဖည္းျဖည္းႏွင့္ဤေနရာအားမဆိုစေလာက္ေလးအသားက်ေနခဲ့ေလၿပီ။
မနက္စာစားၿပီးခ်ိန္တိုင္း
ဝါး႐ုံအိမ္ကေလးထဲေပ႐ြက္လိပ္မ်ားပိုက္ကာ
စာသြားသင္ရသည့္အခ်ိန္မ်ား.....

႐ွစ္စြမ္း၏ေအးစက္စက္မ်က္ႏွာနဲ႔
ဆူပူႀကိမ္းေမာင္းသည့္အခ်ိန္မ်ား

ဆယ္ခါတစ္ခါမွမဆိုးဘူးလို႔ခ်ီးက်ဴးလိုက္တိုင္း
ထေအာ္မိမတတ္ေပ်ာ္ရသည့္အခ်ိန္မ်ား

႐ႊိဳက္ယန္႐ွန္႔ကြၽင္း၏နားပူမတတ္စကားတို႔အားနားေထာင္ရျခင္းမ်ား

စူးမင္ရဲ႕ကြၽန္ေတာ္တို႔႐ွစ္ယင္ေပါင္းခ်ဳပ္စာအုပ္မ်ိဳးစုံ
ဖတ္႐ႈရျခင္းမ်ား....

အႏွီေအးခဲမတတ္ႏွင္းေတာင္ထြဋ္တြင္ဤသို႔႐ွား႐ွားပါးပါးေႏြးေထြးမႈေလးမ်ားအေပၚသူသည္မသိလိုက္မသိဘာသာႏွင့္အသားက်ေနခဲ့ေလၿပီျဖစ္သည္။

ေကာင္းကင္ဘုံမွသူ၏ဖခမည္းေတာ္နဲ႔တျခားအေပါင္းအေဖာ္မ်ားအားတစ္ခါတစ္ရံလြမ္းမိေပမဲ့ႏွစ္သုံးရာဆိုတာခဏေလးနဲ႔ကုန္ဆုံးသြားမွာဟူေသာအသိကိုစြဲကပ္ထားသည္ေၾကာင့္အထီးက်န္ေဝဒနာဟာထင္သေလာက္မျပင္းထန္ေတာ့....

ထို႔အျပင္႐ွစ္စြမ္းကႏွင္းမုန္တိုင္းမိ၍ခရီးေရာက္မေရာက္စိုးရိမ္ပူပန္ေနမည့္သူ႕မိသားစုအားစိတ္ေအးသက္သာ႐ွိေစရန္စာတစ္ေစာင္ေရးကာပို႔လႊတ္ခဲ့ၿပီးေလၿပီ

ႏွင္းေတာင္ထြဋ္မွာပညာလာသင္ၾကားဖို႔ေရာက္သည္ဆိုကတည္းကအျပင္ေလာကနဲ႔ဆက္သြယ္ခြင့္မ႐ွိေတာ့ေပမဲ့

႐ွစ္ယင္သည္
သူ၏
ဖိတ္ၾကားလႊာေပၚတြင္ေရးသား၍အစီအရင္တစ္ခုတည္ကာမူလေနရာျပန္က်ေရာက္ေစသည္မို႔စည္းကမ္းအားေဖာက္ဖ်က္သည္ဟုမဆိုႏိုင္

႐ွစ္စြမ္းျဖစ္သူႏွင့္သူ၏ဆက္ဆံေရးမွာေကာင္းလွခ်ည္ရဲ႕လို႔မဟုတ္ေပမဲ့
အထိုက္အေလ်ာက္ေတာ့ေျပျပစ္တယ္လို႔ယူဆႏိုင္ေလ၏

ဒီပုံစံအတိုင္းေလးနဲ႔ႏွစ္သုံးရာကိုၿငိမ္းၿငိမ္းခ်မ္းခ်မ္းျဖတ္သန္းႏိုင္ရင္ပဲမဆိုးဘူးလို႔ေျပာရမည္

မိုးကားလင္းစျပဳလာေပၿပီ
ပိုင္လီကမနက္ခင္းေနေရာင္ျခည္ကို
အားမာန္ျပည့္စြာခံယူလိုက္ရင္း

ခိုင္မာစြာဆုံးျဖတ္လိုက္၏
ဒီေန႔
ဝိညာဥ္စြမ္းအားစမ္းသပ္မႈရလဒ္
ေကာင္းေကာင္းမြန္မြန္ထြက္လာၿပီးလွ်င္ေတာ့
တျခားမ်ားမ်ားစားစားမေတြးေတာ့ဘဲေလ့က်င့္ေရးတြင္သာအလုံးစုံျမႇဳပ္ႏွံပစ္လိုက္ေတာ့မည္ဟူ၍......

*********************************************

ႏွင္းေတာင္ထြဋ္႐ွိလုံဝမ္ေက်ာက္တိုင္သည္
ေက်ာက္စိမ္းေရာင္ျဖျဖေတာက္လ်က္
ႏွစ္ေပါင္းေသာင္းခ်ီတည္တံ့ခဲ့ေသာျပယုဂ္အျဖစ္
တည္တံ့ၿမဲျမံမႈမ်ားလႊမ္းျခဳံထားေလ၏

ဤေက်ာက္တိုင္အတြင္း႐ွိဝိညာဥ္စြမ္းအားေက်ာက္တုံးေ႐ွ႕တြင္ႏွင္းေတာင္ထြဋ္မွတပည့္ေပါင္းမ်ားစြာကသူတို႔ဝိညာဥ္စြမ္းအားကိုစမ္းသပ္ခဲ့ၾကေပသည္။

ထိုမွတဆင့္သူတို႔၏ဝိညာဥ္စြမ္းအားအဆင့္အလိုက္ကြၽမ္းက်င္ေအာင္ေလ့လာသင္ၾကားခဲ့ၾကၿပီးေလာကအက်ိဳးကိုသယ္ပိုးႏိုင္မည့္ပုဂၢိဳလ္မ်ားအျဖစ္ထြန္းေပါက္ခဲ့ၾကေပ၏

ပိုင္လီသည္နည္းနည္းေလးမွစိတ္မလႈပ္႐ွားပါဘူးလို႔ေျပာရင္လိမ္ညာရာက်လိမ့္မည္။
ဤသည္က
သူ႕ဘဝ၏အေရးႀကီးဆုံးေသာအခ်ိဳးအေကြ႕တစ္ခုျဖစ္လာမည့္အခ်ိန္အပိုင္းအျခားျဖစ္၏

ဝိညာဥ္စြမ္းအားအမ်ိဳးအစားထဲတြင္အျမင့္ဆုံးျဖစ္ေသာမီးစြမ္းအင္ရင္းျမစ္ျဖစ္လာရင္အေကာင္းဆုံးဆိုေပမဲ့သူ႕ကိုယ္ထဲကရင္းျမစ္အားသူကိုယ္တိုင္လည္းမယုံၾကည္ဝံ့ေပ။

သူသည္အားကိုးတႀကီးႏွင့္႐ွစ္စြမ္းျဖစ္သူအားေစာင္းငဲ့ၾကည့္မိေသာ္အႏွီေရခဲပန္းပုကား
သူ႕အတြက္နည္းနည္းေလးေတာင္စိတ္ပူေပးပုံမရဘဲတည္တံ့ေအးခဲေနသည္မွာထိုက္ခ်န္းေတာင္အလား...

ပိုင္လီကသူ႕ကိုယ္သူတစ္ခ်က္ေလွာင္ရယ္လိုက္မိသည္။

သူကဘာေတြမ်ားဒီလူ႕ဆီကေမွ်ာ္လင့္ေနမိပါလိမ့္

''စေတာ့ေလ.....ဘယ္လိုလုပ္ရမလဲသိတယ္မလား''

ပိုင္လီကအသက္ကိုျပင္းျပင္းတစ္ခ်က္႐ိႈက္လ်က္
႐ွစ္စြမ္းအားေခါင္းညိတ္ျပလိုက္ၿပီး
ဝိညာဥ္စမ္းေက်ာက္တုံးေ႐ွ႕ရပ္လိုက္သည္။

ထို႔ေနာက္သူ၏ခ်ီစြမ္းအင္အားႏွလုံးမွတစ္ဆင့္လက္ႏွစ္ဖက္ထံစီးဆင္းေစလိုက္စဥ္
အျဖဴေရာင္အလင္းထုကေလကိုခြင္းလ်က္ျဖစ္တည္လာသည္။

အျဖဴေရာင္ကားဝိညာဥ္စြမ္းအင္ရင္းျမစ္မတည္ေသးေသာခ်ီစြမ္းအင္ရင္းျမစ္
သက္သက္သာျဖစ္ၿပီး

ဝိညာဥ္စြမ္းအားစမ္းသပ္ၿပီးခ်ိန္ေနာက္တြင္
ခ်ီမွတစ္ဆင့္ဝိညာဥ္ရင္းျမစ္အဆင့္သို႔တိုင္ေျပာင္းလဲသြားမည္ျဖစ္သည္။

အေရာင္အားျဖင့္သတ္မွတ္ႏိုင္သည္မွာမီးစြမ္းအင္ႏွင့္ေရစြမ္းအင္ႏွစ္မ်ိဳးသာ႐ွိၿပီး

ေလႏွင့္ေျမဟာပုံသ႑ာန္အေသးစားအျဖစ္ေပၚလာမည္ပင္

မီးစြမ္းအင္နီေစြးေစြး

ေရစြမ္းအင္ျပာလဲ့လဲ့

ေလေပြသ႑ာန္ငယ္နဲ႔ေက်ာက္စိုင္ခဲရယ္

ရင္းျမစ္ေလးခုတည္သတဲ့ကြယ္ဟူေသာေတးသံခ်ိဳးပင္႐ွိေခ်ေသး၏

ပိုင္လီသည္ထိုအျဖဴေရာင္စြမ္းအင္ကိုလက္ႏွစ္ဖက္ယွက္ကာစုေဝးလိုက္ၿပီးဝိညာဥ္စမ္းေက်ာက္တုံးထက္သို႔လႊတ္တင္လိုက္သည္။

ထိုအခိုက္ဝိညာဥ္စမ္းေက်ာက္တုံး၏ေရာင္ဝါကားျဖာလဲ့လာၿပီးပိုင္လီ၏ခ်ီစြမ္းအင္အားသိုင္းယွက္လာသည္မွာတယုတယပိုက္ေထြးထားလိုသည့္အလား

ခဏၾကာေတာ့အသံက်ယ္က်ယ္တစ္ခုျမည္ဟီးလာကာပိုင္လီ၏ဝိညာဥ္စြမ္းအားရင္းျမစ္ကို
စစ္ထုတ္ေပးလာေခ်ေလ၏

ပိုင္လီမွာစိတ္လႈပ္႐ွားလြန္း၍လက္ဝါးႏွစ္ဖက္တြင္ေခြၽးမ်ားပင္စို႔နင့္ေနသည္။

သို႔ေသာ္
ဝိညာဥ္စမ္းေက်ာက္တုံးေပၚ႐ွိပိုင္လီရဲ႕ဝိညာဥ္စြမ္းအားဟာထူးဆန္းစြာျဖင့္ေတာ္ေတာ္ႏွင့္ပုံေပၚမလာေသး

ေတာ္ေတာ္ၾကာယိမ္းယိုင္လႈပ္႐ွားၿပီးကာမွအျဖဴေရာင္စြမ္းအင္ဟာသူတစ္ခါမွမျမင္ဖူးေသာအေရာင္အဆင္းတစ္ခုအျဖစ္သို႔တျဖည္းျဖည္းေျပာင္းလဲသြားေတာ့သည္။

ထို႔အတူခက္ခက္ခဲခဲစစ္ထုတ္ေပးလိုက္ရဟန္႐ွိေသာဝိညာဥ္စမ္းေက်ာက္တုံးသည္လည္း
အလင္းျဖာထြက္မႈရပ္တန္႔သြားကာ
ဟုတ္ခနဲၿငိမ္က်သြားေခ်၏

ပိုင္လီ သည္စစ္ထုတ္ေပးလိုက္ေသာဝိညာဥ္စြမ္းအား၏အေရာင္အဆင္းကိုၾကည့္ကာ
ၾကက္ေသေသေနမိသည္။

အေရာင္ကားအနီမဟုတ္အျပာမဟုတ္သ႑ာန္အစိုင္အခဲမဟုတ္....

ယုတ္စြအဆုံးအနက္ေတာင္မဟုတ္သည့္
ခဲေရာင္ေဖ်ာ့ေဖ်ာ့ပင္

႐ွစ္ယင္၏မ်က္ခုံးအစုံကစုၾကဳံ႕သြားၿပီး
ဝိညာဥ္စမ္းေက်ာက္တုံးထံစြမ္းအင္အနည္းငယ္ပို႔ကာျပသနာ႐ွိမ႐ွိစစ္ေဆးလိုက္သည္။

အေျဖကား႐ွင္း၏

ဝိညာဥ္စမ္းေက်ာက္တုံးတြင္ျပသနာလုံးဝမ႐ွိ

ဤသို႔ဆိုပါလွ်င္....။

႐ွစ္ယင္သည္သူ၏တပည့္ထံခ်က္ခ်င္းအၾကည့္ေရာက္သြားရ၏

ပိုင္လီဟုန္ရိဟာအခုခ်ိန္အထိတုန္လႈပ္ေျခာက္ျခားလ်က္႐ွိကာမ်က္ႏွာတြင္ေသြးမ႐ွိေတာ့သည့္ႏွယ္
ျဖဴေဖ်ာ့ေနသည္။

တစ္ကိုယ္လုံးကအနည္းငယ္တုန္ယင္ေနၿပီး
ယိုင္ထိုးလဲက်မတတ္ျဖစ္ေနသည္မို႔႐ွစ္ယင္ကအျမန္ဆြဲထိန္းထားလိုက္ရေလ၏

ထိုအခါပိုင္လီကသူ႕ထံအၾကည့္ေရာက္လာကာ
ႏႉတ္ခမ္းအစုံကလႈပ္ခတ္လာၿပီး..

''႐ွစ္စြမ္း....ကြၽန္ေတာ္႕မွာတကယ္ပဲဝိညာဥ္စြမ္းအားမ.....မ႐ွိတာလား''

ပိုင္လီသည္ခက္ခက္ခဲခဲျဖင့္စကားကိုအဆုံးသတ္လိုက္ၿပီးလွ်င္
ေလာကႀကီးအားရင္မဆိုင္ရဲစြာ
မ်က္လုံးအစုံကိုမွိတ္ခ်ပစ္လိုက္မိသည္။

မီးစြမ္းအင္မဟုတ္သည္ကထား
ေရစြမ္းအင္ပင္ျဖစ္မေန

အနည္းဆုံးေလနဲ႔ေျမေတာင္ဟုတ္မေနခဲ့

ဤရလဒ္ကိုမူသူေယာင္လို႔ေတာင္ေတြးမထားဖူးေပ
ဝိညာဥ္စြမ္းအားမ႐ွိသည္တဲ့လား

သူ႕မွာဝိညာဥ္စြမ္းအားလုံးဝမ႐ွိဘူးတဲ့လား

ဘယ္လိုျဖစ္ႏိုင္မွာတဲ့လဲ

သူကေသခ်ာေပါက္ကိုသာမန္ဇစ္ျမစ္မဟုတ္ပါဘဲနဲ႔ဘယ္လိုလုပ္ၿပီးမ်ား

ပိုင္လီ့ဦးေႏွာက္ထဲတြင္႐ႈပ္ေထြးမႈေပါင္းမ်ားစြာေၾကာင့္စတင္ကိုက္ခဲလာေတာ့၏

သူကသာမန္နတ္သူငယ္တစ္ပါးဆိုထားဦး
အနာဂတ္တြင္သူကေကာင္းကင္ဘုံတစ္ခုလုံးကိုရင္ဝယ္ပိုက္ထားရမည့္သူ

ဤသို႔ႀကီးေလးလွစြာေသာတာဝန္မ်ိဳးကိုဝိညာဥ္စြမ္းအားလုံးဝမ႐ွိပဲနဲ႔သူကဘယ္လိုမ်ား....

ပိုင္လီသည္အႏွစ္ႏွစ္ရာသက္တမ္းနတ္ဘုရားငယ္အဆင့္သာ႐ွိေသးသည့္အတြက္ထိုသို႔ေသာကိစၥမ်ိဳးကိုခံႏိုင္ရည္႐ွိမေနခဲ့

ဘာကိုမွစဥ္းစားလို႔မရေအာင္ဘာကိုမွမေျဖ႐ွင္းတတ္ေတာ့ေအာင္ေခါင္းကခ်ာခ်ာလည္ေနသည္မွာအိုးထိန္းစက္ပမာ

႐ွစ္ယင္သည္သူ႕အားထိန္းထားရင္းႏွင့္သက္ျပင္းဖြဖြခ်လ်က္ႏႈတ္ခမ္းပြင့္ဟ႐ုံမွ်စကားဆိုလာ၏

''မင္းယုံလား.....''

''..........''

ပိုင္လီက႐ွစ္စြမ္းအေမးေၾကာင့္မ်က္လုံးမ်ားကိုဖြင့္လိုက္ေလ၏

သို႔ေသာ္သူသည္တုံဏွိဘာေဝ႐ွိဆဲျဖစ္ကာျပန္မတုံ႔ျပန္ႏိုင္ေပ

႐ွစ္ယင္သည္သူ႕ပုခုံးထက္အသာပုတ္ေပးရင္း
ျပတ္သားစြာေျပာလာ၏

''ငါကေတာ့မယုံဘူး....''

''.............''

''ဝိညာဥ္စြမ္းအားဆိုတာႏွလုံးသားနဲ႔တဆက္တည္းျဖစ္တဲ့သိဲဒၶိအျမဳေတကလာတာ...
ဝိညာဥ္စမ္းေက်ာက္တုံးဆီကလာတာမဟုတ္ဘူး''

''႐ွစ္စြမ္း.....''

ပိုင္လီကသူ႕အေ႐ွ႕ကနတ္ဘုရားကိုအံ့ၾသထိတ္လန္႔စြာစိုက္ၾကည့္ေနမိသည္မွာသတိလက္လြတ္...

ဤသည္မွာတကယ္ပဲ႐ွစ္ယင္ဟုတ္ပါရဲ႕လားဟုသံသယဝင္ခ်င္ေနသည့္အလား

႐ွစ္ယင္ကေတာ့စိတ္ေအးလက္ေအး႐ွိလွစြာျဖင့္
ပိုင္လီကိုဆက္လက္အမိန္႔ေပးလာေခ်၏

''ထပ္စမ္းၾကည့္.....''

ပိုင္လီသည္ဝိညာဥ္စမ္းေက်ာက္တုံးကိုမဝံ့မရဲစိုက္ၾကည့္လိုက္ရင္း

''ဒါေပမဲ့.....''

ပိုင္လီ၏တြန္႔ဆုတ္ေနေသာ
အမူအယာကိုျမင္သည္ႏွင့္
႐ွစ္ယင္ရဲ႕ေလသံကခ်က္ခ်င္း
မာထန္သြားရကာမာန္မဲေတာ့၏

''မင္းကငါ့တပည့္မဟုတ္ဘူးလား...
ဘာလို႔အဲ့ေလာက္ေတာင္တြန္႔တြန္႔ဆုတ္ဆုတ္နဲ႔ေၾကာက္လန္႔ေနရတာလဲ

ငါကမင္းကိုမိစၧာေတြနဲ႔ယွဥ္ေတာင္မတိုက္ခိုင္းရေသးဘူး

ဝိညာဥ္ေလးထပ္စမ္းခိုင္းတာကိုပဲမင္းက
အသည္းငယ္တတ္တဲ့
သခင္မေလးလိုထိတ္လန္႔ေနၿပီ''

႐ွစ္ယင္ဆီမွေအာ္ေငါက္ခံလိုက္ရကာမွပိုင္လီ၏လြတ္ထြက္ေနေသာစိတ္မ်ားကခက္ခက္ခဲခဲနဲ႔ျပန္လည္စုစည္းမိသြားရ၏

သူသည္႐ွစ္စြမ္းအားေလးေလးနက္နက္ျဖင့္
ေခါင္းညိတ္ျပလိုက္ၿပီး

ခ်ီစြမ္းအင္တို႔ကိုတစ္ဖန္စီးဆင္းေစလိုက္သည္။
သို႔ေသာ္ျငား
တစ္ကိုယ္လုံး
တဆတ္ဆတ္တုန္ရီေနသည္ေၾကာင့္ခ်ီစြမ္းအင္အားေသခ်ာျပန္မစုစည္းႏိုင္ေခ်။

အသက္ကိုဝဝ႐ွဴလ်က္ေနာက္တစ္ဖန္ျပန္စုစည္းဖို႔ႀကိဳးစားလိုက္သည့္အခိုက္အတန္႔တြင္႐ုတ္တရတ္သူ႕ေခါင္းထက္သို႔အေႏြးဓာတ္တစ္ခုကစီးကူးလာသည္။

ပိုင္လီသည္ဆတ္ခနဲလန္႔သြားကာ႐ွစ္ယင္ကိုမ်က္လုံးအဝိုင္းသားနဲ႔ေမာ့ၾကည့္လိုက္ေလ၏

႐ွစ္စြမ္းျဖစ္သူ႐ွစ္ယင္သည္သူ၏ေခါင္းကိုဖြဖြေလးပုတ္ေပးလာသည္မွာတယုတယ႐ွိလွစြာျဖင့္

ခဏတာအခ်ိန္ေလးဆိုေပမဲ့႐ုတ္ခ်ည္းပိုင္လီ့တစ္ကိုယ္လုံးၿငိမ္သက္သြားရသည္။

႐ွစ္ယင္ကသူ႕အားေပါက္ထြက္မတတ္စိုက္ၾကည့္ေနသည့္ပိုင္လီေၾကာင့္အေနရခက္စြာ
ေခ်ာင္းတစ္ခ်က္ဟန္႔ၿပီးေနာက္ကိုဆုတ္လိုက္မိ၏
ၿပီးမွပိုင္လီကိုတစ္ခ်က္ျပန္ၾကည့္လာရင္း

''မင္းကိုမင္းယုံၾကည္
မင္းရဲ႕ဝိညာဥ္စြမ္းအားကိုယုံၾကည္''

''............''

''ၿပီးေတာ့ငါ့ကိုယုံၾကည္လိုက္''

႐ွစ္ယင္၏စကားဆုံးတာနဲ႔႐ုတ္တရတ္ဆိုသလိုပိုင္လီ့ကိုယ္တြင္း၌ခ်ီစြမ္းအင္ေတြျပည့္ဝလာသလိုခံစားလိုက္ရသည္။

သူသည္မ်က္လုံးအစုံကိုမွိတ္လိုက္ၿပီး
သိဒၶိအျမဳေတအတြင္း႐ွိသမွ်စြမ္းအားတို႔ကို
အာ႐ုံစိုက္ထားလိုက္ေတာ့သည္။

စကၠန္႔အနည္းငယ္ၾကာၿပီးခ်ိန္တြင္ဖ်တ္ခနဲျပန္ပြင့္လာေသာပိုင္လီ့မ်က္လုံးတို႔ဟာအ႐ွိန္အဝါတစ္မ်ိဳးလႊမ္းေနလ်က္

ပိုင္လီသည္လက္ႏွစ္ဖက္ယွက္ကာအျဖဴေရာင္အလင္းထုကိုေနာက္တစ္ႀကိမ္ဖန္တီးလိုက္ၿပီးဝိညာဥ္စမ္းေက်ာက္တုံးထက္သို႔တည္ၿငိမ္စြာပို႔လႊတ္လိုက္ေခ်သည္။

ခ်က္ခ်င္းဆိုသလိုဝိညာဥ္စမ္းေက်ာက္တုံးတြင္
အလင္းေရာင္တစ္ဖန္ျဖာထြက္လာျပန္ကာပိုင္လီ၏စြမ္းအင္ထုကိုရစ္သိုင္းလိုက္ေလ၏

ဒီတစ္ႀကိမ္တြင္ေတာ့ဝိညာဥ္စမ္းေက်ာက္တုံးသည္အခ်ိန္တုံ႔ဆိုင္းျခင္း႐ွိမေနဘဲ

အသံက်ယ္က်ယ္ျမည္ဟီးလာကာ​
စတင္ေျပာင္းလဲလာေလသည္။

အျဖဴေရာင္အလင္းထုသည္အနီေရာင္အျဖစ္တျဖည္းျဖည္းကူးေျပာင္းသြားခ်ိန္ပိုင္လီ၏မ်က္လုံးအစုံဟာတဖ်တ္ဖ်တ္ေတာက္ပလာေခ်သည္။

သို႔ေသာ္ဝိညာဥ္စမ္းေက်ာက္တုံးကားရပ္ဆိုင္းသြားျခင္းမ႐ွိပါဘဲေနာက္ထပ္အေရာင္တစ္မ်ိဳးေျပာင္းသြားျပန္သည္။

ဤကားအျပာေရာင္႐ွိေသာေရစြမ္းအင္

႐ွစ္ယင္သည္မူလအတိုင္းတည္ၿငိမ္လ်က္႐ွိေနပါေသာ္ျငားမ်က္လုံးမ်ားကားဝိညာဥ္စမ္းေက်ာက္တုံးထံစူးစူးစိုက္စိုက္ၾကည့္လ်က္....

ဝိညာဥ္စမ္းေက်ာက္တုံးသည္ထိုမွတစ္ဖန္ေလေပြပုံသ႑ာန္ေျပာင္းလဲသြားရၿပီး

မ်ားမၾကာမီေက်ာက္စိုင္ခဲအသြင္သို႔ေရာက္႐ွိသြားေလသည္။

ထို႔ေနာက္စြမ္းအင္ေလးခုကတစ္ခုကိုတစ္ခုလွည့္ပတ္ကာတစ္စုတစ္ေဝးတည္းျဖစ္သြားၿပီး
ေနာက္ဆုံး
ေ႐ႊေရာင္အလင္းတန္းတစ္ခုအျဖစ္သို႔ဆင့္ကဲေျပာင္းလဲသြားေခ်ေတာ့၏။

ပိုင္လီသည္ယုံၾကည္ႏိုင္စြမ္းမ႐ွိစြာျဖင့္အံ့ၾသမွင္သက္ေနလ်က္သား

''႐ွစ္စြမ္း..... ဒါ....ဒါက....မဟုတ္မွ''

႐ွစ္ယင္မွာစိတ္သက္သာရာရသြားသည့္အလား
သက္ျပင္းခ်လာၿပီးသူ၏တပည့္ေလးကိုၾကည့္ကာေခါင္းညိတ္ျပလိုက္သည္။

''အင္း....မင္းထင္ေနတဲ့အတိုင္း''

''.............''

''အဲ့ဒါမင္းပိုင္ဆိုင္ထားတဲ့ငါးခုေျမာက္ဝိညာဥ္စြမ္းအင္ပဲ....''

****************************************************

''ဘာရယ္.....ပိုင္လီဒီေကာင္စုတ္ေလးကငါးခုေျမာက္ဝိညာဥ္စြမ္းအားပိုင္႐ွင္...ဟုတ္လား''

႐ႊိဳက္ယန္၏မ်က္ႏွာထက္တြင္မယုံၾကည္ႏိုင္သည့္အရိပ္အေယာင္မ်ားျဖင့္ျပည့္ႏွက္ကာ
ပိုင္လီ့ကိုအမဲဖ်က္ေတာ့မတတ္စိုက္ၾကည့္လာသည္။

စူးမင္မွာလည္း႐ႊိဳက္ယန္နည္း​တူပါပင္

ပိုင္လီကရယ္ခ်င္စိတ္ကိုမနည္းထိန္းထားရရင္း႐ွစ္ယင္ကားပကတိတည္ၿငိမ္ေနၿမဲ

''မျဖစ္ႏိုင္လိုက္တာ...''

ပိုင္လီသည္ေနာက္ဆုံးတြင္ထိန္းမထားႏိုင္ေတာ့ဘဲဝင္ေျပာလိုက္၏

''႐ႊိဳက္ယန္႐ွန္႔ကြၽင္း....ဒါခင္ဗ်ားကကြၽန္ေတာ္႕ကိုအထင္ေသးလြန္းတာမဟုတ္ဘူးလား''

''ကိုယ့္ကိုကိုယ္အထင္ႀကီးၿပီးဝင့္ႂကြားလြန္းရင္ေနာက္ဆုံးမွာပ်က္စီးလိမ့္မယ္''

႐ွစ္ယင္ကခပ္တည္တည္ႏွင့္ဝင္ဆုံးမေသာအခါ
ပိုင္လီကစူပုတ္ပုတ္မ်က္ႏွာႏွင့္ႏႈတ္ပိတ္လိုက္ရသည္။

''ဟုတ္...႐ွစ္စြမ္း''

ပိုင္လီ၏ဆူေအာင့္ေအာင့္အသံေၾကာင့္႐ႊိဳက္ယန္ထံမွခစ္ခနဲရယ္သံထြက္ေပၚလာသည္။

''ၾကည့္ပါဦး....သူ႕႐ွစ္စြမ္းက်ေၾကာက္တတ္လိုက္တာအၿမီးေလးကိုကုပ္လို႔''

ပိုင္လီသည္တုံ႔ျပန္လိုက္ခ်င္ေသာ္ျငား႐ွစ္စြမ္းေၾကာင့္မၾကားခ်င္ေယာင္သာေဆာင္ေနရေခ်သည္။

႐ွစ္ယင္ကသူ၏ဝါး႐ုံအိမ္ငယ္ထဲျပည့္ႏွက္ေနေသာလူေတြေၾကာင့္ေခါင္းပင္မူးခ်င္တင္တင္

တစ္ေနကုန္ပိုင္လီကိုဘယ္လိုမ်ိဳးဝိညာဥ္ေၾကာဖြင့္ေပးရမလဲဆိုသည့္အေၾကာင္းကလည္းသူ႕ေခါင္းကိုပိုေနာက္က်ိေစသည္။

သူ၏နားထင္ထက္သို႔လက္ႏွစ္ေခ်ာင္းႏွင့္ဖိကပ္ၿပီးႏွိပ္နယ္လိုက္စဥ္႐ုတ္တရတ္ဆိုသလိုပိုင္လီက
တစ္ခုခုကိုသတိထားမိသြားဟန္ျဖင့္

''႐ွစ္စြမ္းေခါင္းကိုက္ေနတာလား''

႐ွစ္ယင္သည္႐ုတ္ခ်ည္းထိတ္လန္႔သြားမိ၏
သူ႕မ်က္ႏွာသည္ပကတိေရေသကန္အလားျဖစ္ေသာေၾကာင့္သူေခါင္းကိုက္မကိုက္ဘယ္သူမွသတိမထားမိဖူးသည္ေၾကာင့္ပင္

သူသည္ကား
ယုတ္စြအဆုံးဖ်ားနာေနလွ်င္ေတာင္မ်က္ႏွာနီရဲရဲျဖစ္ေနျခင္းမွအပတျခားထူးျခားလိမ့္မည္မဟုတ္ေခ်။

ဤသည္ကိုဘယ္လိုလုပ္ၿပီးပိုင္လီကသတိထားမိပါလိမ့္

'႐ိႈက္ယန္သည္လည္းေရေႏြးေသာက္ေနရင္းက
ပိုင္လီ့စကားေၾကာင့္မွင္သက္သြားရကာ

''မင္းကေခါင္းကိုက္တတ္ေသးတာလား''

႐ွစ္ယင္ သည္စကားေျပာခ်င္စိတ္မ႐ွိလွသည္မို႔
ေခါင္းသာညိတ္ျပလိုက္၏

ထိုအခါမွ႐ႊိဳက္ယန္ကေလာေလာေလာေလာနဲ႔ထလာၿပီးသူ႕အားကုတင္ထက္သို႔တြဲေခၚပို႔ေပးလာသည္။

''ေျပာတာေတာ့မဟုတ္ဘူး....ငါမင္းအတြက္ေဆးသြားက်ိဳ....''

''႐ွစ္စြမ္းဒါေလးေသာက္လိုက္ပါလား....''

ဘယ္တုန္းကအျပင္ထြက္သြားမွန္းမသိသည့္
ပိုင္လီကေဆးတခ်ိဳ႕ကိုယူလာၿပီး႐ွစ္ယင္ထံကမ္းေပးလာသည္။

႐ႊိဳက္ယန္သည္မ်က္လုံးအျပဴးသားျဖင့္

''မင္းဘယ္တုန္းကတည္းကေဆးက်ိဳထားတာလဲ
ဒီေလာက္ေတာင္ျမန္တယ္''

ပိုင္လီသည္သူ႕အားမၾကည့္ဘဲ႐ွစ္ယင္ထံသို႔စိုးရိမ္တႀကီးၾကည့္ရင္းျပန္ေျဖ၏

''ေန႔လည္ကတည္းက...႐ွစ္စြမ္းၾကည့္ရတာမူမမွန္ေနတာနဲ႔''

႐ွစ္ယင္သည္ပိုင္လီကမ္းေပးေသာေဆးကိုေသာက္ခ်လိုက္ၿပီးမွတျဖည္းျဖည္းသက္သာလာေတာ့သည္။

''ငါဘာလုပ္ေပးရဦးမလဲ''

''ေခါင္းကိုက္တာေလးပဲကို...စိတ္ပူမေနနဲ႔ျပန္ေတာ့.လူေတြ႐ႈပ္ရင္ပိုမူးတယ္''

႐ႊိဳက္ယန္သည္လည္းစကားမ်ားမေနေတာ့ဘဲ႐ွစ္ယင္အလိုက်စူးမင္အားဆြဲေခၚၿပီးျပန္သြား
ေတာ့သည္။

ပိုင္လီကေတာ့
ျပန္ခိုင္းတာကိုမၾကားသလိုလိုဘာလိုလိုနဲ႔
႐ွစ္ယင္ေဘးမွာမတ္တတ္ရပ္လ်က္က်န္ေနရစ္၏

''မင္းမျပန္ဘူးလား....''

''႐ွစ္စြမ္းအိပ္ပါ....ကြၽန္ေတာ္႐ွစ္စြမ္းကိုေစာင့္ၾကည့္ေပးပါ့မယ္''

႐ွစ္ယင္သည္သက္ျပင္းတစ္ခ်က္ခ်ရင္းဘာမွဆက္မေျပာေတာ့ေပ

သူသည္မ်က္လုံးအစုံကိုမွိတ္ရင္းအိပ္ေပ်ာ္ေအာင္ႀကိဳးစားလိုက္သည္။

သို႔ေသာ္ေတာ္ေတာ္ၾကာသည္အထိအိပ္မေပ်ာ္ႏိုင္တာမို႔ေဘးနားကေက်ာက္႐ုပ္တုလိုမားမားမတ္မတ္ရပ္ေနေသာပိုင္လီ့အားစကားစေျပာလိုက္သည္။

''ပိုင္လီ.....မင္းမွာ႐ွိတဲ့ဝိညာဥ္စြမ္းအားကပြင့္ထြက္မလာေသးဘူးဆိုတာသိတယ္မလား''

ပိုင္လီ၏ကိုယ္က႐ုတ္တရတ္ေတာင့္တင့္သြားၿပီးမွတျဖည္းျဖည္းေျပေလ်ာ့သြားကာျပန္ေျဖ၏

''ကြၽန္ေတာ္သိပါတယ္....႐ွစ္စြမ္း''

႐ွစ္ယင္ကသက္ျပင္းဖြဖြ႐ိႈက္လ်က္စကားဆက္သည္။

''မင္းကအႏွစ္ႏွစ္ရာပဲ႐ွိေသးတာအဲ့ေလာက္မ်ားတဲ့ဝိညာဥ္စြမ္းအားကိုထိန္းထားႏိုင္တဲ့ကိုယ္ထည္မ႐ွိေသးဘူး''

ပိုင္လီသည္႐ွစ္ယင္ေျပာသည့္စကားမ်ားအားၿငိမ္ၿငိမ္ေလးဆက္နားေထာင္ေန၏

သူ၏မ်က္လုံးမ်ားကားေလးနက္မႈျဖင့္အေရာင္လဲ့လ်က္

''အႏွစ္တစ္ရာ.....မင္းမွာႏွစ္တစ္ရာပဲအခ်ိန္႐ွိတယ္....အဲ့ႏွစ္တစ္ရာအတြင္းဝိညာဥ္စြမ္းအားကိုထိန္းခ်ဴပ္ႏိုင္ရင္မင္းကငါးခုေျမာက္ဝိညာဥ္စြမ္းအင္ကိုရလိမ့္မယ္....မဟုတ္ရင္..''

''..........''

''မဟုတ္ရင္ေတာ့
ပထမရလဒ္ကအတည္ျဖစ္သြားလိမ့္မယ္....
ပိုင္လီဟုန္ရိ''

***********************************************













































Continue Reading

You'll Also Like

287K 7.6K 74
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1M 54.6K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
625K 60K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
3.5M 218K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်