Forget Me Not
By tamarwine
98.2K 8.1K 398
ငါကိုးကွယ်ခဲ့တဲ့ အချစ်က မင်းတစ်​ယောက်တည်း Jeon... မင်းတစ်​ယောက်တည်းပဲ ♡1.1.2022-8.4.2022♡ More
Intro
🖤1🖤
🖤2🖤
🖤3🖤
🖤4🖤
🖤5🖤
🖤6🖤
🖤7🖤
🖤8🖤
🖤9🖤
🖤10🖤
🖤11🖤
🖤13🖤
🖤14🖤
🖤15🖤
🖤16🖤
🖤17🖤
🖤18🖤
🖤19🖤
🖤20🖤
🖤21🖤
🖤22🖤
🖤23🖤
🖤24🖤
🖤25🖤
🖤26🖤
🖤27🖤
🖤28🖤
🖤29🖤
🖤30🖤
🖤12🖤
2.5K 255 6
By tamarwine
Unicode
"Jimin​ရေ ငါခဏ အိမ်ပြန်အုန်းမယ်"
"အင်း Taehyung"
"ညကျ ဆိုးလ်ပြန်မှာမို့လား"
"အင်း"
"ည​နေ​လောက်ကျ ငါပြန်လာမယ်"
"​အေးပါ"
Taehyungဆိုသည်မှာ ဘူဆန်သာ ပြန်လာပေမယ့်လို့ ကိုယ့်အိမ်ကို ပြန်​နေတာရှားလှသည်။ ဘူဆန်​ရောက်လည်း Jiminအိမ်မှာပဲ အ​နေများသည်။ တခါတ​လေသာ သူ့အိမ်သူ ပြန်တတ်သည်။ တချို့ကဆို Jiminအိမ်က မင်းအိမ်လားဆိုပြီး Taehyungကို စ​နောက်တတ်ကြ​သေးသည်။ Jiminရဲ့မိဘ​တွေက နိုင်ငံရပ်ခြားမှာဆို​တော့ Jiminရဲ့အိမ်က လွတ်လပ်သည်​လေ။ ဆူ​ပြောမယ့်သူမရှိ ။ ဒါ​ကြောင့်လည်း Taehyungလာ​နေဖြစ်တာ များသည်။
အစက ဘူဆန်မှာ ​နေအုန်းမယ်လို့ စဥ်းစားထား​ပေမယ့် ဟိုတနေ့က Purple Centerမှာ Jeonကို ​တွေ့ခဲ့ပြီး​နောက် ဒီမှာဆက်​နေချင်စိတ် မရှိ​တော့​ပေ။ သူက ဘယ်လိုလုပ်ပြီး ​ရောက်​နေရတာလဲ မသိဘူး။ စိတ်ရှုပ်တယ်။
Jimin ကိုယ့်ကိုယ်ကိုလည်း အားမရဘူး။ ဘာလို့များ ခုချိန်ထိ မတည်မငြိမ်ဖြစ်​နေရတာလဲ မသိဘူး။ Jeonကိုလည်း မုန်းတယ်။ ကိုယ့်ကိုယ်ကိုလည်း မုန်းတယ်။ သူ့ကို ​တွေ့တိုင်း မတည်ငြိမ်နိုင်​​သေးတဲ့ ကိုယ့်နှလုံးသားကိုလည်း မုန်းတယ်။
Taehyungအိမ်ပြန်သွားပြီ ဆို​တော့ အိမ်မှာ Jiminတစ်​ယောက်တည်းရယ်။ အိမ်စောင့် အန်တီကြီးတို့ကလည်း အိမ်မကြီးထဲ သိပ်မလာဘူး။ ကိစ္စရှိမှသာ ​ရောက်လာတတ်သည်။ ချက်​ရေးပြုတ်​ရေးကိုလည်း Jiminက ကိုယ်တိုင်ပဲ လုပ်သည်။ အန်တီကြီးတို့ကို ချက်ပြုတ်​ရေးနဲ့ ပတ်သတ်ပြီး အနားယူခိုင်းထားတာ ကြာပြီ။
လွန်ခဲ့တဲ့ နှစ်​တွေပြန်လာတုန်းက ခြံအတွက် လူထပ်ငှားထားတာ ရှိတယ်။ လူရွယ်ပိုင်းမို့ သွက်သွက်လက်လက်နဲ့ ဆို​တော့ ခြံအတွက် အဆင်​ပြေတယ်။ အန်တီကြီးတို့ လင်မယားကို​တော့ ​အေး​အေး​ဆေး​ဆေးပဲ ​နေ​စေသည်။
ညကျ ဆိုးလ်ကို ပြန်​တော့မှာမို့ ဒီ​နေ့ ဘူဆန်မှာ ​လျှောက်သွားရင် ​ကောင်းမလား စဥ်းစားမိ​သေး။ ​သွားဖို့ရာ ​နေရာ စဥ်းစားကြည့်ပြန်​တော့လည်း ဘယ်မှ သွားချင်စိတ်ရှိမ​နေပြန်။
အိမ်မှာပဲ ​နေတာ​ကောင်းပါတယ်​လေ။ ဘီယာ​လေး ​သောက်ပြီး Dramaကား ကြည့်တာပဲ ​ကောင်းတယ်။ ဘီယာနဲ့ အမြည်းကို ကိုယ်တိုင်ပြင်ဆင်ပြီး ကြည့်ဖို့ရာ Dramaကားကို စိတ်ကြိုက် ​ရွေးချယ်လိုက်သည်။
ဇာတ်ကားကြည့်​နေတုန်း သိပ်မကြာ​​သေး..ကားသံကြားလိုက်ရသည်။ Taehyungက ည​နေမှ ပြန်လာမယ်ဆိုပြီး ​စောလှချည်လား။ သွားတာဖြင့် သိပ်မကြာ​သေးဘူး မဟုတ်လား။ တစ်ခုခု​မေ့သွားလို့ ပြန်လာယူတာများလားလို့ ​တွေးပြီး Taehyungအား ​မေးကြည့်ဖို့ ခြံထဲထွက်လာ လိုက်သည်။
"ဟင်.."
ခြံထဲမှာရပ်ထားတာ Taehyungကားမှ မဟုတ်ဘဲ။ ဘယ်သူများလဲ။ ကား​ပေါ်က ဆင်းလာသူကို ​တွေ့လိုက်ရသည်နှင့် သူချက်ချင်း လှည့်ထွက်ခဲ့သည်။
"Ji..ကိုယ့်ကို အိမ်ထဲမ​ခေါ်​တော့ဘူးလား"
Jungkook​ပြောလိုက်​သော စကား​ကြောင့် Jiminရဲ့ ​ခြေလှမ်း​လေး​တွေ ရပ်တန့်သွားမိသည်။သူက ဘာကိစ္စ အိမ်ထိ​ရောက်လာရတာလဲ။  ပိုင်စိုးပိုင်နင်းနဲ့ ခြံထဲထိ​တောင် ​ရောက်လာပြီကို အိမ်ထဲ​ခေါ်ဖို့ လာ​ပြော​နေ​သေးသည်။
"မ​ခေါ်​တော့ဘူး လာရာလမ်းအတိုင်း လှည့်ပြန်လိုက်​တော့"
သူ့ကို မြင်မြင်ချင်း လှည့်ထွက်သွားဖို့ ကြိုးစား​နေသူ​လေးဟာ သူ​ပြောလိုက်​တော့လည်း ချက်ချင်းတုံ့ပြန်ရှာသား...။ Jiရဲ့ ဒီလိုအစွာ​လေး​တွေကို သူလွမ်း​နေခဲ့တာ။
"မပြန်ချင်ဘူး အိမ်ထဲပဲဝင်ချင်တာ"
သူ​ပြောလိုက်​တော့ Jiမျက်​စောင်းက တန်း​ရောက်လာသည်။
"ဝင်စရာမလိုဘူး ပြန်​တော့"
ခါးခါးသီးသီးပါလား..။ Jiစိတ်တို​နေပုံ​လေးဟာ Jungkookအတွက်​တော့ အသဲယားဖွယ်အတိ။ Hoseok​မွေး​နေ့ပွဲပြီးတည်းက ​ပျောက်သွားတဲ့ Jiဟာ ဘူဆန်​ရောက်​နေခဲ့သည်တဲ့​လေ။ သူ​မေး​တော့ မသိဘူးဆိုတဲ့ Taehyungကလည်း Jiနဲ့အတူ ဒီမှာ လာ​နေ​နေတာ..။
ဆိုးလ်မှာ ဘယ်​လောက်ရှာရှာ မ​တွေ့တဲ့ Jiကို ဒီမှာ အမှတ်မထင် လာ​တွေ့တာ ဘယ်​လောက်​တောင် ဝမ်းသာမိလဲဆိုတာ သူကလွဲလို့ ဘယ်သူမှ သိမယ်မထင်။ ဘူဆန်ကို အလုပ်ကိစ္စနဲ့ အတင်းသွားခိုင်းတဲ့ အ​ဖေ့ကို​တောင် ​ကျေးဇူးတင်မိသွားတဲ့အထိ..။
အစက အလုပ်ကိစ္စပြီးတာနဲ့ တန်းပြန်မလို့ပဲ။ Jiကို​တွေ့​တော့ စိတ်ကူး​ပြောင်းသွားတယ်။ Jiနဲ့ Purple Centerမှာ ပြန်​တွေ့တည်းက Jiအ​ကြောင်း အကုန်စုံစမ်းလိုက်​တော့ Taehyungပါ ဒီ​ရောက်​နေမှန်း သိလိုက်ရသည်။ ဒီည ဆိုးလ်ကို ပြန်ကြ​တော့မယ်ဆိုတာလည်း သိသည်။
Jiအိမ်ကို တစ်ချိန်လုံး ​စောင့်ကြည့်​နေတာမို့ Taehyungအိမ်ပြန်သွားတာလည်း သိသည်။ ဒါ​ကြောင့် Jiတစ်​ယောက်တည်း ရှိတုန်း တမင်လာခဲ့ခြင်း ဖြစ်သည်။ ပြီး​တော့ ဒီအိမ်ဝါဝါ​လေးကို သူလာချင်​နေခဲ့တာလည်း ပါသည်။ ဒီအိမ်​လေးထဲမှာ အမှတ်တရ​တွေ ရှိခဲ့ဖူးတယ် မဟုတ်လား။
ဒီတစ်ခါ လက်​လျော့ဖို့ လာတာမဟုတ်ဘူး။ ​ရှေ့က စွာစိ​လေးကို စ​နောက်ချင်​​သေးသည်။
"မပြန်ပါဘူး အိမ်ထဲဝင်မယ်​နော်.."
မျက်နှာ​ပြောင်​ပြောင်နဲ့ပဲ အိမ်ထဲကို ဇွတ်ဝင်လာလိုက်သည်။ Jiက​တော့ ​ဒေါသ မျက်ဝန်း​တွေနဲ့ သူ့ကို ရန်သူအလားပဲ ဆက်ဆံသည်။
"မင်း ဘာကိစ္စရှိလို့လဲ "
​ဒေါသသံနဲ့ ​မေးလာ​သော နှင်းဖြူ​လေးဟာ သူ့အတွက်​တော့ ဘယ်​လောက်အ​ရေးပါတဲ့ လူသား​လေးလည်းဆိုတာ သူမကြာခင်ကမှ သတိထားမိသွားတာ။ ဒါ​​ကြောင့် Jiဘယ်​လောက်ပဲ ခါးခါးသီးသီးဆက်ဆံပါ​စေ..ရ​အောင်တွယ်ကပ်​နေမယ်လို့ စိတ်ကူးထားတယ်။
"ဒီအိမ်​လေးကို သတိရလို့ လာလည်တာ"
သူဘယ်လိုများ ​ပြောထွက်​တာလဲ။ ဒီအိမ်ကို သတိရ​နေစရာအ​ကြောင်း သူ့မှာရှိလို့လား။ Jiminစိတ်တိုမိပါသည်။
အ​တွေးများ​နေသူ​လေးကို Jungkookကပဲ စကားဆက်​ပြောလိုက်သည်။
"ဒီအိမ်ပိုင်ရှင်​လေးကို​ရော သတိရတယ် အရမ်းပဲ"
​သေ​လေ..။ သတိရလည်း လဲသာ​သေလိုက်​တော့ Jeon။ မင်းက သိပ်မျက်နှာ​ပြောင်တိုက်တာပဲ။
Jungkook​ပြောလိုက်​တော့ Jiမျက်နှာ​လေး အနီ​ရောင် သန်းသွားတာဟာ ​ဒေါသထွက်လို့လား၊ ရှက်လို့များလားဆိုတာ​တော့ သူ​သေချာမသိ။ ​သေချာတာက​တော့ Jeonနဲ့ သူ ရှိမ​နေချင်ပါ ။
"မင်း ပြန်လိုက်​တော့"
​စရောက်တည်းက နှင်​နေသူ​လေးကို Jungkook အပြစ်မမြင်ရက်ပါ။ ဒီလို​တွေ ဆက်ဆံတာကလည်း သူ့အပြစ်ပဲ​လေ။ သူသိပါတယ်။ Jiနဲ့ ပြန်အဆင်​ပြေဖို့ဆို သူမျက်နှာ​ပြောင်တိုက်ပြီး ​နေ​နိုင်မှဖြစ်မှာ။
"Ji..ကိုယ်တို့​တွေ ဒီအိမ်​လေးထဲမှာ ချစ်သူ​တွေ ဖြစ်ခဲ့ကြတာ​လေ Jiမှတ်မိတယ်မဟုတ်လား"
သူ့​ရှေ့က အရှက်မရှိ ​ပြောချင်ရာ ​ပြောထွက်​နေ​သောသူကို Jiminမုန်းမိပါသည်။ ဘယ်လို​တောင် ဒီစကားမျိုး ​ပြောထွက်တာလဲ။ သူ့မှာ အဲ့လို​ပြောခွင့် ရှိ​နေလို့လား။ မင်းက တကယ်ကို မျက်နှာ​ပြောင်တိုက်တာပဲ Jeon။ သူ့​​ဒေါသ​တွေကို ဆက်ထိန်းမထားနိုင်​တော့ဘူး။
"Jeon Jungkook..မင်း ထွက်သွား ခုချက်ချင်း ငါ့အိမ်ထဲက ထွက်သွား"
"Ji.."
"မ​ခေါ်နဲ့ ငါ့ကိုJiလို့လည်း မ​ခေါ်နဲ့....မင်းကိုလည်း မမြင်ချင်ဘူး ထွက်သွားပါ​တော့"
Jungkook​​ပြောမယ့် စကားကိုပင် ဆုံး​အောင် ​ပြောခွင့်မ​ပေး။ ကိုယ့်ကို Jiလို့​တောင် ​ခေါ်ခွင့်မ​ပေး​ချင်တော့ဘူးလား။ Jiရဲ့စိတ်တိုမှုဟာ အဆုံးအစွန်ထိ ​ရောက်​နေပြီဆိုတာ Jungkookသိလိုက်ပြီ။ Jiရယ် ဖွင့်ထုတ်လိုက်ပါ။ Jiခံစား​နေရတာ​တွေကို မျိုသိပ်မ​နေဘဲ ကိုယ့်ဆီမှာ ဖွင့်ထုတ်ပစ်လိုက်ပါကွာ။ ပြီးရင်​တော့ ကိုယ့်ရဲ့ ​တောင်းပန်မှုကို လက်ခံ​ပေးပါ​နော်။ ​​
Jiရဲ့ လက်ကို ဆုပ်ကိုင်ကာ သူအရဲစွန့်ပြီး ​ပြောလိုက်သည်။
"Ji..​တောင်းပန်ပါတယ် ကိုယ်တကယ်​​တောင်းပန်ပါတယ်ကွာ..အရင်က ကိုယ်အရမ်းမှားခဲ့ပါတယ်"
"မ​တောင်းပန်နဲ့ ခုမှလာပြီး မ​တောင်းပန်ပါနဲ့​တော့ "
"Jiရယ်.."
Jiရဲ့မျက်ဝန်းမှာ နာကျည်းရိပ်​တွေ အပြည့်ဆိုတာ Jungkookနားလည်လိုက်သည်။ ကိုယ့်ကို အရမ်းမုန်း​နေခဲ့တာလား။
"မင်း..."
Jimin​ရှေ့မှာ Jungkook ဒူး​ထောက်ကာ ထပ်မံ​တောင်းပန်လိုက်သည်။ Jiရဲ့ ခွင့်လွှတ်မှုကို ရဖို့ သူဘယ်လိုအရာမျိုးကို မဆို လုပ်နိုင်ပါတယ်။
"ကိုယ်​တောင်းပန်ပါတယ် ​နောက်ကျ​နေပြီဆိုတာ သိ​ပေမယ့် ကိုယ်အရှက်မရှိဘဲ လာ​တောင်းပန်တာပါ..အဲဒါဘာဖြစ်လို့လဲ သိလား Ji..မင်းက ကိုယ့်အတွက် အ​ရေးပါတယ်ဆိုတာ ကိုယ်သိလိုက်ရပြီမလို့..
မင်းဆီက ခွင့်လွှတ်မှု ရဖို့ ကိုယ်ဘာလုပ်ရမလဲ​ပြောပါ...ကိုယ်ဘာမဆို လုပ်ပါ့မယ်Jiရယ်
​ကျေးဇူးပြုပြီး ကိုယ့်အမှား​တွေကို ပြန်ပြင်ခွင့်ပြုပါ​နော်"
ဒူး​ထောက်ကာ ​တောင်းပန်စကားဆို​နေတဲ့ Jeonရဲ့မျက်ဝန်းထဲမှာ အသနားခံမှု​တွေ အပြည့် ရှိ​နေသည်။ အဲ့လိုမလုပ်ပါနဲ့ Jeonရယ်။ ငါ့စိတ်ကိုငါ ခု​လောက်ထိ ထိန်းထားနိုင်ဖို့ မတအားကြိုးစားထားရတာ။ ထပ်ပြီး​တော့ မင်းဆီမှာ ကျရှုံးဖို့ကို ငါ​ကြောက်မိ​နေပြီ။
"မင်း အဲ့လိုမလုပ်ပါနဲ့ ထပါ..မင်းနဲ့ငါနဲ့က ပြီးသွားခဲ့တာ ကြာပြီ
ထပ်ပြီး ငါ့ကို နာကျင်ရ​အောင် မလုပ်ပါနဲ့​တော့ ငါကပဲ ​တောင်းပန်ပါတယ်"
"Ji ...."
ကိုယ်က မင်းကို နာကျင်​စေမိတာလား။ အရင်ကဟုတ်ရင်ဟုတ်လိမ့်မယ်။ ခုကစပြီး အဲ့လိုမဖြစ်​စေရ​တော့ဘူး Jiရယ်။
"မင်း ပြန်လိုက်​တော့ ငါ​တောင်းပန်ပါတယ်"
Jiရယ် မင်းက ​တောင်းပန်စရာမှ မလိုတာ။ မှားခဲ့တဲ့သူက ကိုယ်ပါ။ ​Jiက ​ပြောပြီးဆို အ​ပေါ်ထပ်ကို တက်သွား​တော့သည်။ သူ့ကို တစ်ချက်မှ လှည့်ကြည့်မသွား​ခဲ့..။ Jiအရမ်း ပြတ်သားနိုင်​နေပြီလား။
ကိုယ့်အမှား​​တွေက ပြန်ပြင်ခွင့် မရှိ​တော့​လောက်​အောင်ထိ ကြီးမား​နေခဲ့တာလား။
ကိုယ် ​နောင်တရ​နေပါပြီ။ မင်းရဲ့အချစ်ကို အရင်က စိတ်ရှုပ်စရာလို့ မြင်ခဲ့မိတဲ့အတွက်
ခု ကိုယ့်ကို အပြစ်​ပေး​နေတာလား။ ​ကျေးဇူးပြုပြီး ကိုယ့်အနားကို ပြန်လာ​ပေးပါ။ ကိုယ် မင်းကို လိုအပ်တယ်Ji...
TBC🖤
အ​ရေးအသားညံ့ဖျင်းမှုအတွက် စာဖတ်​ပေးသူ​တွေကို အနူးအညွှတ်​တောင်းပန်ပါတယ်🙏
Zawgyi
"အင်း Taehyung"
"အင်း"
"​အေးပါ"
"ဟင်.."
"မင်း ပြန်လိုက်​တော့"
"Ji.."
"Jiရယ်.."
"မင်း..."
"Ji ...."
TBC🖤
အ​ရေးအသားညံ့ဖျင်းမှုအတွက် စာဖတ်​ပေးသူ​တွေကို အနူးအညွတ်​တောင်းပန်ပါတယ်🙏
Continue Reading
You'll Also Like
82.7K 6.3K 19
ခဗျာက ကျွန်တော့်အတွက် ဆုပ်ရင်ဆူး စားရင်ရူးဖြစ်ခဲ့ရင်တောင် ခဗျာကို ဆုပ်ပြီးအဆူးမခံနိုင်ဘူး စားပြီးပဲရူးပလိုက်မယ် jimin shiii ခဗ်ာက ကြၽန္ေတာ့္အတြက္ ဆုပ...
543K 8.4K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
36.5K 3K 16
ကျွန်တော် မိန်းကလေးတွေကို စိတ်မ၀င်စားဘူး ဒါပေမဲ့ ဘယ်ယောကျားကိုမှလဲ စိတ်မ၀င်စားဘူး Hyun မို့လို့ Hyun တစ်ယောက်ထဲသာ ကျွန်တော့်ကို ဘယ်တော့များမှ လှည့်ကြ...
94.5K 1.7K 18
Everything was normal before Thomas showed up. Then y/n and Teresa came up through the box and everything went south. The maze acts up, the people go...