𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚...

By DVassan

29.4K 3.2K 175

Horror Ficအမျိုးအစားပါ... ပေါ့ပေါ့ပါးပါးနဲ့ ရေးထားတာမလို့ ကြောက်စရာကောင်းမယ်လို့ မထင်ပါဘူးခင်ဗျ... တစ်ချို့ဝ... More

Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep-39
Final

Ep-22

487 64 2
By DVassan

Unicode

ဆေးရုံပေါ်မှာဘဲ အချိန်ကုန်သွားတယ် ဟိုသရဲကိုမတွေ့ရသလို Navyကိုလည်းမတွေ့ရ... ထူးထူးခြားခြားဆိုလို့ Dr.Rayအပြုမူတွေပါဘဲ ရုတ်တရက်ကြီးနွေးနွေးထွေးထွေးဆက်ဆံနေတာ...

"ဆေးသောက်ပြီးပြီလား..."

"ဟုတ်ဒေါက်တာ..."

"ခဏနေ USဘက်ကလူတွေရောက်တော့မယ်... Honey Prinလည်းသက်သာတယ်လို့ကြားတယ်..."

"ဟုတ် ဒါနဲ့ဒေါက်တာ..."

"အင်း မေးလေ..."

"ကျွန်တော်တို့ဆေးရုံအမြန်ဆင်းချင်တယ်..."

"သက်သာရင်တော့ဆင်းရမှာပေါ့ ဘယ်လိုဖြစ်ပြီးအမြန်ဆင်းချင်နေတာလဲ..."

"ဒီလိုပါ ကျွန်တော်..."

စကားမဆုံးသေး USဘက်ကလူတွေရောက်လာတာမလို့ လူနာတွေလာခေါ်တာတဲ့...

"ကဲသွားကြစို့..."

"ဟုတ်ကဲ့..."

လူနာ၅ယောက်စုံတာနဲ့ တစ်ယောက်တစ်ခန်းဆီဝင်ရတယ် အခြေခံမေးခွန်းတွေအရင်စမေးပြီးတာနဲ့ ကြိုးတပ်ထားတဲ့ဦးထုပ်လာဆောင်းပေးတယ်...

"ခေါင်းထဲမှာဘာမှမတွေးဘဲနဲ့ ဒီရှေ့မှာပြထားတဲ့ပုံလေးကိုဘဲကြည့်နော်..."

"ဟုတ်..."

ပုံတွေက Navy Prinပုံတွေနဲ့ ပတ္တမြားလက်ခတ်စံအိမ်ရဲ့ပုံတွေပါ... မမြင်ဖူးတာဆိုလို့ Navy Prinရဲ့အလောင်းမြေချတဲ့ပုံ မြသောင်းအလောင်းကို အစ်ကိုဘသောင်းဆီပြန်မအပ်ဘဲ အလောင်းဖျောက်ပစ်ဖို့ ချောက်ထဲပစ်ချတဲ့ပုံ...

ဒီပုံတွေကို တခြားသူတွေကိုရောပြနေတာလား ငါတစ်ယောက်တည်းကိုဘဲပြနေတာလား... Navyပုံမြင်ရင် လူဟန်ဘယ်လိုတုံ့ပြန်မလဲ...

"ဘာတွေမြင်နေရသလဲ ပြောပါလူနာ..."

ချွေးတွေစီးကျလာတယ်... စက်က အလိမ်ဖော်စက်နဲ့သဏ္ဍာန်တူတယ် လက်မှာထိုးတာတဲ့ဆေးရည်က ဘိန်းလိုမျိုးဘဲ လူကိုမှိန်းစေပြီး ပါးစပ်ကထုတ်ပြောချင်လာတဲ့အထိဘဲ...

အမှန်တိုင်းမပြောချင်လို့ အောင့်အီးသည်းခံနေတာ ချွေးတွေထွက်လာတာကြည့်မကောင်း...

"လူနာ ပုံရိပ်တွေထဲဘာမြင်ရသလဲ မပြောဘူးဆိုရင် အဆိုးဆုံးကတော့လူနာရဲ့သည်းခြေအိတ်ပေါက်သွားပါလိမ့်မယ်..."

သည်းခြေပေါက်ရင် ရူးတတ်တယ် အသက်ပါသေသွားနိုင်တယ် ငါပြောလိုက်ရင် Navy မဟုတ်သေးဘူး ဟိုဝိညာဉ်က လူဟန်နဲ့ ငါ့အဘွားကိုသတ်လိမ့်မယ်...

"အား!......"

"လူနာအခြေနေမကောင်းဘူး အစွပ်ချွတ်ပေးလိုက်ကြ..."

အစွပ်ချွတ်ပေးပြီး တခြားအခန်းပြောင်းဖို့ပြင်နေကြတယ် ဆေးထိုးထားတဲ့အရှိန်ကြောင့် သတိမလစ်အောင်ထိန်းထားရင်း မျက်ခွံတွေကဖွင့်မရတော့...

"ကျန်တဲ့လူနာတွေက မြင်တာအကုန်ပြောနိုင်ပေမဲ့ ဒီလူနာကမူမမှန်ဘူး..."

"ဘာကိုဆိုလိုတာလဲ ပါမောက္ခ..."

"Dr.Ray မင်းကငါ့တပည့်မလို့တစ်ခုပြောပြမယ်... ငါဒီလိုသဘာဝလွန်ဖြစ်ရပ်တွေကို လေ့လာနေခဲ့တာ နှစ်၃၀ကျော်ရှိနေပြီ လုပ်သက်အရပြောရရင် ဒီလူနာတစ်ယောက်တည်း တောထဲမှာဖြစ်ပျက်တာကို အကုန်မှတ်မိနေနိုင်တယ်..."

"ဒါဆို ဘာလို့ထုတ်မပြောတာလဲ ပါမောက္ခ..."

"အင်း လူနေနေ သတ္တဝါနေနေ တစ်နည်း မမြင်ရတဲ့အရာဖြစ်နေပါစေ အားနည်းချက်ကို ချုပ်ကိုင်ကြတာ သဘာဝဘဲ..."

"ဆိုလိုတာက တစ်ခုခုကများသူ့ကို..."

"မှန်တယ် သူအမှန်တရားကိုမထုတ်ပြောရဲတာ ခြိမ်းခြောက်ခံနေရလို့ဘဲ..."

"ပါမောက္ခ ထူးဆန်းတာတစ်ခုရှိသေးတယ်..."

"ဘာများလဲ..."

"လူနာရဲ့ခန္ဓာကိုယ်ပေါ်မှာ ရုတ်တရက် တက်တူးပေါ်လာတာ ယုတ္တိရှိနိုင်လား..."

"လူတစ်သန်းမှာ တစ်ယောက်တော့ဖြစ်နိုင်ပေမဲ့ ဖြစ်နိုင်ချေနည်းတယ်..."

"အဲ့လူနာရဲ့လည်ပင်းမှာ တက်တူးပေါ်လာတာကို မျက်မြင်တွေ့ခဲ့ရတာပါ ပါမောက္ခ..."

"အင်း တာဝန်ပေးလို့သာ သုတေသနလုပ်ခွင့်ရတာ တကယ်တမ်းခံစားနေရတဲ့အငွေ့သက်က မကောင်းဘူး..."

ဆေးရုံတစ်ခုလုံးမီးပျက်သွားတယ် ပစ္စည်းတွေပြုတ်ကျသံကြားနေရပြီး ကလေးငိုသံလိုလို ရယ်သံတွေလိုလို တစ်စတစ်စပိုပြီးကျယ်လောင်လာတယ်...

"ပါမောက္ခ..."

"အခြေနေမကောင်းဘူး Dr.Ray ငါကြုံဖူးသမျှထဲ ဒါကအဆိုးဆုံးဖြစ်ရပ်ဖြစ်နိုင်တယ်... သတိထားကိုင်တွယ်ပါ..."

မီးမှိတ်တုတ်မှိတ်တုတ်ဖြစ်နေတာမလို့ အရှေ့မှာလာနေတဲ့အရာကိုမြင်နေရတယ်... လူတစ်ယောက် တုတ်ရှည်တစ်ချောင်းကိုင်ထားပြီး တဖြည်းဖြည်းနီးကပ်လာနေတယ်...

"ပါမောက္ခ ဒါကဘယ်လိုအရာမျိုးလဲ..."

ဘာသာမဲ့ဖြစ်တာကြောင့် သရဲတစ္ဆေရှိတာတွေ သဘာဝဖြစ်ရပ်လွန်တွေကို မယုံကြည်... အရိပ်မည်းကို ကိုယ်တွေ့ကြုံလိုက်ရတုန်းက ကြောက်လန့်မိပေမဲ့ အဲ့အရာကဘာဆိုတာမသိ...

အခုလည်း အနားကပ်နေပြီဖြစ်တဲ့လူတစ်ယောက်ကို မတုန်လှုပ်ဘဲ စောင့်ကြည့်နေမိတယ် ကာကွယ်ဖို့ခွဲစိပ်ဓားကိုအနောက်မှာဖွက်ထားပြီး အခန်းပတ်လည်ကိုသတိထားကြည့်မိနေတယ်...

"Dr.Ray အဲ့တာလူမဟုတ်ဘူး နောက်ဆုတ်နေ..."

ပါမောက္ခပြောတာကြားပေမဲ့ လက်ထဲကဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး အန္တရာယ်ပေးတာနဲ့ သွေးကြောမပေါက်အောင် ထိုးမဲ့နေရာကိုချိန်ဆထားလိုက်တယ်...

ထိုအချိန်ခဏလေးမှာဘဲ မျက်နှာရှေ့ကပ်လာတာတဲ့လူဟာ နားအနားကပ်ပြီး...

"မတွေ့ရတာကြာပြီနော်... ဘယ်လိုလဲ ကံကြမ္မာကိုယုံပြီလား..."

"နင်ဘယ်သူလဲ..."

"မင်းဘဝကိုစီစဉ်ပေးနေတဲ့သူလေ ပြီးတော့ငါခိုင်းတာကိုမင်းလုပ်ရမယ် မဟုတ်ရင် ဆေးရုံတက်နေတဲ့လူအိုတွေအကုန်လုံး သတ်ပစ်မယ်..."

"နင်ပြောတာယုံရမှာလား... ဖယ် မဖယ်ရင် ငါတကယ်ထိုးမှာ..."

ဓားကိုလည်ပင်းထောက်ထားလိုက်တယ်... မျက်နှာမမြင်ရတဲ့သူမလို့ လူလားဘာလဲတော့မသိ...

အနောက်ကကြည့်နေတဲ့ပါမောက္ခကတော့ ဘာမှန်းတန်းသိတယ်...

ဒါကလူမဟုတ်ဘူး ဝိညာဉ်တွေကိုထိန်းချူပ်ပေးနေတဲ့ သေမင်းရဲ့လက်ပါးစေဘဲ ဘယ်လိုဖြစ်ပြီး Dr.Rayကိုစကားကပ်ပြောနေရတာလဲ... အကယ်၍ သေမင်းရဲ့အသံကိုကြားနေရရင် ထိုလူဟာ သေသူအဖြစ်သတ်မှတ်ခြင်းခံထားရတာ...

"ဒါဆို Dr.Rayက..."

.........

"သခင်မ ဝင်္ကပါစံအိမ်မှာ အဆောင်ကပ်ထားတဲ့အင်းတွေအကုန်ကွာကြကုန်ပြီ..."

"ဘယ်လို ငါ့သားရော..."

"မမလေးနဲ့လေဆိပ်သွားပါတယ်... အခြေခံလုပ်သမားအိမ်ယာ ရုတ်တရက်မီးထလောင်ပါတယ်... အခြေနေကောင်းမလို့ရှိသေး စံအိမ်အပေါ်ထပ်ကနေ ငိုရယ်သံတွေ ကျယ်လောင်စွာကြားနေရပါတယ်..."

"ထိုင်းကဆရာတွေရော..."

"သခင်လေးအပြန်ဝင်ကြိုလာမှာပါ..."

"ဒီကအစွမ်းထက်တဲ့ပယောဂဆရာတွေအကုန်ပင့်ခဲ့ ငါအိမ်တော်ကိုကာကွယ်မှဖြစ်မယ် ဆေးရုံဆင်းဖို့လက်မှတ်ထိုးခဲ့ ပြီးတော့ ငါ့မြေးတွေနား ကိုယ်ရံတော်စီစဉ်ခဲ့ အိမ်တော်ထိန်းရော..."

"အဘနိုင်ထန်လူက ဘုန်းကြီးပင့်ဖို့သွားတာ လမ်းမှာ ငှက်ဆိုးတွေကားမှန်ကိုထိုးတိုက်တာမလို့ Accidentဖြစ်ပြီးဆုံးသွားပါပြီ..."

"ဘာ!... ဒါကိုအခုမှလာပြောနေရသလား အသုဘအစအဆုံးစီစဉ်ပေးလိုက် အိမ်တော်ထိန်းမြေးတွေကို ကျောင်းပြီးတဲ့အထိတာဝန်ယူပါမယ်ဆိုတဲ့ စာချုပ်မှာလက်မှတ်ထိုးပေးလိုက်... လျော်ကြေး လက်တလော သိန်း၁၀၀ပေးလိုက်..."

"ဟုတ်ကဲ့ပါ..."

ပြောနေရင်း မီးပျက်သွားတာမလို့စိုးရိမ်မိတယ် အခုUSကလူတွေ ငါ့မြေးတွေကိုစစ်နေတာ မဟုတ်မှလွဲရော မကောင်းဆိုးဝါးက...

"သခင်မအမြန်ပြန်မှဖြစ်ပါမယ် သခင်လေးအိမ်ရောက်ပြီးမကြာ ပုဏ္ဏကတိုက်သလို အိမ်ကပစ္စည်းတွေနဲ့ ပစ်ပေါက်ခံနေရပါတယ်..."

"အေး ငါ့မြေးတွေအတွက် စိတ်ချရမဲ့သူကိုစီစဉ်ခဲ့..."

ဆေးရုံကဆင်းခဲ့ရပေမဲ့ မြေးတွေကိုတော့စိတ်မချ အငြိုးရှိခဲ့တာမှန်ပေမဲ့ ဒါကဘိုးဘွားတွေလုပ်ခဲ့တဲ့အပြစ်ဒဏ် ငါ့မြေးတွေအထိ အဲ့ဒဏ်ကိုခံစားနေရမှာလား...

"သခင်မ ထိုင်းကဆရာတွေရွတ်ဖတ်နေပြီလို့အကြောင်းကြားပါတယ်..."

"အေး တရားခံအရင်သိအောင်စုံစမ်း အတွင်းသူလျှိုရှိရမယ်..."

"လူလုပ်စနက်လို့ပြောချင်တာလားသခင်မ..."

"ဒီလိုအရာတွေက လူကပင့်လို့ဝင်တာ အတွင်းသူလျှိုက တစ်ယောက်ယောက်ရဲ့လက်ပါးစေဘဲ..."

"ဒါဆို ဘယ်သူကများ အင်းချပ်တွေရှိတဲ့နေရာအကုန်သိနေရတာလဲ..."

"သန့်ရှင်းရေးအလုပ်သမားတွေအရင်စစ် ဒုတိယငါဆေးရုံမှာရှိနေတုန်း အလုပ်ထွက်သွားတဲ့သူတွေကိုစစ်..."

"ဟုတ်ကဲ့ပါသခင်မ..."

မဝေးတော့တဲ့အနေထားမှာ အိမ်တော်ကိုလှမ်းမြင်နေရပြီ...

မှုန်မှိုင်းနေတဲ့မိုးသားတိမ်စိုင်တွေရဲ့သဏ္ဍာန်က အရိုးခေါင်းနဲ့တူတယ်...အိမ်အနေထားကလည်း အရောင်ကျသွားသလိုဘဲ... ဝင်္ကပါစံအိမ်တော်အမည်နဲ့အညီ တဖြည်းဖြည်းရစ်ပတ်နှောင်တွယ်နေတဲ့ ဆူးပင်နွယ်တွေ...

"အမေရောက်လာပြီလား... ကျွန်တော်ဘာဆက်လုပ်ရမလဲမသိတော့ဘူး ဆရာတော်တော်များများထိထားတယ်..."

"မင်းဆေးရုံမှာသွားစောင့်နေ ကလေးတွေလည်းအခြနေမဟန်ဘူး..."

"ဒီမှာဖြစ်ပါ့မလား..."

"ဖြစ်တယ် မင်းသွားတော့ မင်းကလေးနှစ်ယောက် ဒုက္ခရောက်နေပြီ..."

"ဟုတ်အမေ..."

အိမ်ကအသက်ဝင်လာပြီး ကြောက်မက်ဖွယ်ကောင်းတဲ့အသွင်နဲ့...

"ငါတို့ပိုင်တဲ့ လောကလူသားတွေ သက်ရှိတွေမသက်ဆိုင်တဲ့ ကျမ်းစာပြန်ပေးစမ်း..."

ထိုင်းဆရာတွေက ဗမာလိုနားမလည်တာမလို့ ဘာသာပြန်ပေးတဲ့သူပြန်နဲ့... အိမ်ထဲကိုလည်းလူတွေဆွဲသွင်းခံနေရတယ်...

"မင်းပြောတဲ့ကျမ်းစာဆိုတာဘာလဲ... ငါတို့မသိဘူး ပြီးတော့မင်းကဘယ်သူလဲ အမည်နာမပြောစမ်း ငါဆရာအမိန့်..."

"ဟားဟား ဟား ဟား... လောကသဘာဝကိုဖီဆန်ပြီးတော့ အစွမ်းထက်တဲ့ ဂါထာ အင်း မန္တာန်တွေဆိုတာ ငါတို့ဖန်းဆင်းထားတဲ့အရာတွေ... မင်းတို့လူသားတွေသာ လောကမှာအသက်ရှင်နေရတာကို မတင့်တိမ်ကြဘဲ မဆိုင်တဲ့ပညာရပ်တွေကိုရူးသွပ်နေကြတာ အလိုရမ္မက်ကြီးတဲ့ တယ် ငမိုက်သားတွေ..."

လျှပ်စီးကြောင်းအမဲရောင်တွေ တလျှပ်လျှပ်နဲ့ တိမ်စိုင်းတွေနီရဲလာပြီး ကန်တော့ပွဲ အစီရင်တွေကို မိုးကြိုပစ်ချသွားတယ်...

"တောင်းပန်ရိုကျိုးတာကို ဥပေက္ခာပြုသလော... နတ်သိကြား လောကပါလနတ်မင်းကြီးလေးပါးအားတိုင်တည်၍ ဤအင်းတော်နဲ့ ယခုအပြစ်ကျူးလွန်နေတဲ့ အမည်မသိဝိညာဉ်အား ဖမ်းဆီးပေးပါ ငါဆရာအမိန့်..."

မကြာပါ ဆရာရဲ့ပါးစပ်ထဲကနေ သွေးတွေအန်တာမလို့ အကုန်ထိတ်လန့်ကုန်ကြပြီ...

"ဒါကဘာလဲဆရာ..."

"ပုဏ္ဏကမဟုတ် စုန်းကဝေမဟုတ် ပြုစားထားခြင်းလက္ခာတွေမရှိတဲ့ ဒီပညာရပ်က အရမ်းထူးဆန်းနေပြီ ဒီမှာခင်ဗျားဆီမှာကျမ်းစာရှိလား..."

"သူပြောနေတဲ့ကျမ်းစာဆိုတာ ဘာမှန်းတောင်မသိဘူး... အခုဆရာယာယီတဲထဲဝင်နားလိုက်ပါ ထိုင်းဆရာတွေက သူတို့ကြိုးစားမယ်ပြောပါတယ်..."

"အင်း ငါတို့တော့ ပိုင်နက်မှားထဲကိုရောက်နေပြီထင်ပါရဲ့..."

တစ်ယောက်ပြီးတစ်ယောက် ဂါထာ မန္တာန်ရွတ်နေပေမဲ့ ဘာမှမထူးခြား အထိခိုက်များလာပြီမလို့ အကြောက်တရားဝင်ကုန်ကြပြီ...

"ဒီအရာက Navy Prinတော့မဖြစ်နိုင်ဘူး ဘယ်သူများလဲ..."

"ဟား ဟား ဟားဟား... တယ် ငမိုက်သားတွေ မင်းတို့ဘုံ မစတည်ခင်ကတည်းက ဖြစ်တည်လာတဲ့ ငရဲဘုံသားဘဲကွ ဟား ဟားဟား..."

"ဘာကြောင့် ကျမ်းစာကိုရှာနေရတာလဲ..."

"ဟင့် မင်းတို့လူသားတွေ ဘုရားဌာပနာတွေကို ဖောက်ကြတယ်... စူးစမ်းလေ့လာတဲ့ပညာရပ်တွေနဲ့ စကြာဝဠာတစ်ခွင်မှာ နယ်ချဲ့ချင်နေကြတယ်... လောကရဲ့ပြစ်ဒဏ်ကိုမကြောက်မရွံ့ဘဲ လူအချင်းချင်းသတ်ဖြတ်ကြတယ် မတတ်သင့်တဲ့ပညာရပ်တွေကို အသက်စတေးပြီးသင်ယူချင်ကြတယ်... လက်နက်တွေတီထွင်ပြီး လူသားမျိုးနွယ်ပျောက်ကွယ်အောင်လုပ်နေတာလည်း မင်းတို့ဘဲ... အသက်ပြန်သွင်းတဲ့ကျမ်းစာကို မင်းတို့လူတွေဘဲ ခိုးယူသွားခဲ့ကြတာ အဲ့ကျမ်းစာယူတဲ့သူက မင်းမြေးတွေနဲ့ပတ်သက်နေတယ်..."

"အဲ့ဒါကြောင့်မလို့ သံဖြူဇရပ်ကိုသွားကြတာလား..."

"ခေတ်အဆက်ဆက် ရာစုနှစ်အဆက်ဆက် မင်းတို့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ တိရစ္ဆာန်တွေနဲ့ ကျန်တဲ့ဘုံသားတွေကို လူဆိုတဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့ မင်းတို့ညှင်းပန်းနှိပ်စက်ခဲ့ကြတယ်... အားကြီးတဲ့သူက အားနည်းတဲ့သူကို သတ်ဖြတ်ကြတယ် မင်းတို့တတ်တဲ့ပညာရပ်တွေနဲ့ ကောင်းကျိုးမပြုဘဲ ပညာရပ်တွေကိုစီးပွားရေးနယ်ရုပ်အဖြစ်ကစားကြတယ်... လူမျိုးရေးပြန့်ပွားဖို့အတွက် မိန်းမတွေကို မျိုးပွားစက်အဖြစ်မြင်နေကြတာလည်း မင်းတို့ဘဲ...လူ့လောကထဲတောင်မရောက်သေးတဲ့ကလေးငယ်တွေဟာ မိဘကိုနာကျင်စေတဲ့ပြစ်မှုနဲ့ ငရဲကျနေရတာလည်း မင်းတို့ကြောင့်ဘဲ မင်းတို့တွေသာမရှိတော့ရင် ဘဒ္ဒကမ္ဘာကြီးလည်း ငြိမ်းချမ်းသွားလောက်မယ်..."

အိမ်ကြီးတဖြည်းဖြည်းနဲ့ အရောင်ပြန်စိုလာတယ်...

"ကျမ်းစာကိုရှာဖို့ ဘိုဘိုဏီနဲ့လူလူဟန် လူသားနှစ်ယောက်စွမ်းဆောင်လိမ့်မယ်... သူတို့ရှာနိုင်ဖို့ သွေးသားတော်စပ်တဲ့မင်းက ဖန်တီးပေးလိုက်... မင်းသားသတ်ခဲ့တဲ့လူနှစ်ယောက်ရဲ့ကလေးဟာ မင်းတို့အတွက်ရန်သူလား မိတ်ဆွေဖြစ်မလားဆိုတာ ဒါကအဆုံးဖြတ်ပေးပါလိမ့်မယ်..."

အရာရာပုံမှန်ပြန်ဖြစ်သွားပြီး ဆရာတွေသွေးအန်နေတာလည်းရပ်သွားတယ်...

"ဒါကဘယ်လိုအရာမျိုးပါလိမ့်..."

"အင်း ပြောရမယ်ဆိုရင်တော့ ဒီကျမ်းစာ သို့မဟုတ် အစီရင်စာအုပ်က လူသေကို ပြန်အသက်သွင်းတဲ့နည်း ဒါမှမဟုတ် ယမမင်းပိုင်ဆိုင်တဲ့ မရဏကျမ်းစာဘဲဖြစ်လိမ့်မယ်..."

"ဒါမျိုးတွေကရှိလို့လားဆရာ..."

"သိပ်ကိုရှိတာပေါ့ ဘုရားလောင်းလက်ထပ်က ဂါထာနဲ့မန္တာန်တော်တော်များများကို မီးရှို့ပစ်ခဲ့တယ် လောကလူသားတွေအတွက် သက်ရှိတွေအတွက် အန္တရာယ်များတာမလို့ဘဲ..."

"ဒါဆို အခု မန္တာန်တွေ ဂါထာတွေ အင်းတွေကရော..."

"ဒါကျန်ခဲ့တဲ့လက်တစ်ဆုပ်စာပညာရပ်တွေပါဘဲ..."

"ကျမ်းစာကိုဘယ်လိုရှာခိုင်းရမလဲ... သူပြောတဲ့ ရန်သူဖြစ်မလား မိတ်ဆွေဖြစ်မလားဆိုတဲ့လူက ဘယ်သူလဲ..."

"သခင်မ..."

"ပြော ခွမ်ဖ..."

"လူနာတွေအကုန်အဆင်ပြေပါတယ် သခင်လေးလည်းအဆင်ပြေပါတယ်..."

"ဟိုဘက်ကစစ်တာ ဘာထူးခြားတာရှိလဲ..."

"မသိသေးပါဘူး တာဝန်ခံပါမောက္ခကတော့ ထိခိုက်ဒဏ်ရာရတယ်ကြားပါတယ်..."

"ထားလိုက်တော့ ကလေးတွေကိုဆေးရုံဆင်းဖို့အမြန်ဆုံးကြိုးစားတော့ ဘိုဏီနဲ့လူဟန်ခရီးသွားဖို့ လိုအပ်တာတွေစီစဉ်ပေးလိုက် မလှမ်းမကမ်းကနေ တောကျွမ်းကျင်တဲ့ကြေးစားတွေထည့်ပေးလိုက် လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးလိုက်..."

"မမလေးကို ခေါ်လာရတော့မလား..."

"မိဖူး... အင်း ငါ့မြေးလေးကို ဒီမှာဆက်ထားရင် သေတွင်းထဲတွန်းပို့နေသလိုဖြစ်လိမ့်မယ်... သူ့အမေရှိတဲ့နေရာကိုပို့ဖို့ပြင် သူ့အမေကိုသတင်းပို့လိုက် လိုအပ်တဲ့ငွေရေးကြေးရေးမှန်သမျှ စီစဉ်ဖို့နဲ့ သူတို့သားအဖတွေ အဲ့မှာအခြေချမယ်ဆိုတဲ့အကြောင်း..."

"သခင်မကရော..."

"စံအိမ်တော်ရဲ့ရန်ငြိုးတွေပြေပျောက်ဖို့ ငါစွမ်းဆောင်ရဦးမယ်..."

"ဟုတ်ကဲ့ပါ..."

ထိုအချိန်ဝယ် လေလွင့်လာတဲ့အင်းတစ်ချပ်က အိမ်တော်ရဲ့အပေါက်တည့်တည့်မှာ ကပ်သွားတယ်... အိမ်တော်ထဲက ငိုရယ်သံတွေလည်း တဖန်တိတ်ဆိတ်သွားပြန်တယ်...

.............

ဇာတ်ကောင်ဖန်တီးမှုသည် ကျွန်တော်ရဲ့စိတ်ကူးယဉ်ရေးသားခြင်းသာဖြစ်ပါတယ်... ဖြစ်နိုင်၏ မဖြစ်နိုင်၏ဆိုတာ ဆင်ခြင်သုံးသပ်ပါခင်ဗျ... လောကပညာရပ်တွေက မကြားဖူးတာတွေတောင်ရှိပါတယ် ficကို ficသဘောအရဘဲ ဖတ်ရှုပေးပါ...

Thanks all my reader😘😘😘...

#DVassan



...........



Zawgyi


"ဆေးသောက်ပြီးပြီလား..."

"ဟုတ်ဒေါက်တာ..."


"ဟုတ် ဒါနဲ့ဒေါက်တာ..."

"အင်း မေးလေ..."



"ဒီလိုပါ ကျွန်တော်..."


"ကဲသွားကြစို့..."

"ဟုတ်ကဲ့..."



"ဟုတ်..."








"အား!......"











"ဘာများလဲ..."






"ပါမောက္ခ..."










"နင်ဘယ်သူလဲ..."






"ဒါဆို Dr.Rayက..."

.........


"ဘယ်လို ငါ့သားရော..."


"ထိုင်းကဆရာတွေရော..."





"ဟုတ်ကဲ့ပါ..."











"ဟုတ်ကဲ့ပါသခင်မ..."





"ဒီမှာဖြစ်ပါ့မလား..."


"ဟုတ်အမေ..."









"ဒါကဘာလဲဆရာ..."





















"သခင်မ..."

"ပြော ခွမ်ဖ..."







"သခင်မကရော..."


"ဟုတ်ကဲ့ပါ..."


.............


Thanks all my reader😘😘😘...

#DVassan

Continue Reading

You'll Also Like

161K 3.1K 40
When Summer meets Calum in the summer. 2014 ~ 2015 © LongWayHomeLuke. All rights reserved Most Impressive Ranking: #1 Calum Hood FanFic (July 2018)...
18.1K 754 53
||HIGHEST RANK: #1 in KaneChronicles|| ||#20 in HeroesOfOlympus|| ||PJO Watty Award Winner|| This is a Percy Jackson/Kane Chronicles/Magnus Chase F...
11K 593 16
It's just imaginary..... စိတ်​ကူးယဉ်​သက်​သက်​သာဖြစ်​ပါသည်​။ အ​ကြောင်းအရာ​တွေအားလုံး စိတ်​ကူးယဉ်​ပြီး​ရေးထားတာပါ ပထမဆုံးအကြိမ်​​ရေးသားခြင်းမို့ အ​ရေ...
15.2K 316 18
"𝐲𝐨𝐮 𝐛𝐚𝐜𝐤𝐬𝐭𝐚𝐛𝐛𝐞𝐫!" 𝗌𝖺𝗆 𝗒𝖾𝗅𝗅𝖾𝖽 𝖺𝗌 𝗌𝗁𝖾 𝗅𝗈𝗈𝗄𝖾𝖽 𝖺𝗍 𝖾𝗍𝗁𝖺𝗇 and y/n. "𝐰𝐡𝐲?" Tara asked as she cried. " 𝐰𝐞 𝐚𝐥...