50 Shades of Kim

By Jinsoohyuk_0127

35.5K 2.9K 823

" ဦး ထင်နေသလိုမျိုး ထယ်က ပင်ကိုယ် အကျင့်စာရိတ္တဆိုးတဲ့ ကလေးတစ်ယောက် မဟုတ်ပါဘူး ဦးရယ်...ထယ့်ကို လွှမ်းမိုးထာ... More

Introduction
EPISODE - 2
EPISODE - 3
EPISODE - 4
EPISODE - 5
EPISODE - 6
EPISODE - 7
EPISODE - 8
EPISODE - 9
EPISODE - 10
EPISODE - 11 ❗
EPISODE - 12
EPISODE - 13
EPISODE - 14

EPISODE - 1

2.9K 273 67
By Jinsoohyuk_0127

EPISODE - 1 (Unicode)

ဇိမ်ခံပစ္စည်းမျိုးစုံဖြင့် အရောင်အဝါ တဖိတ်ဖိတ်တောက်ပလျှက် လူကုံထံတို့၏ ကြွယ်ဝခြင်းဝိသေသကို ဖော်ပြနေသော ခမ်းနားလှသည့် ဧည့်ခန်းအတွင်း၌ သုံးပွင့်ဆိုင် ခပ်လှမ်းလှမ်းထိုင်ကာ စကားဆိုနေကြသော လူသုံးယောက်ရှိနေသည်။

မဟော်ဂနီရောင် တဖိတ်ဖိတ်တောက်နေသော ဆိုဖာတစ်လုံးစီပေါ်တွင်ထိုင်နေကြသော ထိုလူသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြဟန် ခပ်တန်းတန်း မျက်နှာထားမျိုးဖြင့် ရှိနေကြပြီး တစ်ခါတရံပြုံးပြသည်ကလည်း ဟန်ဆောင်အပြုံးတုသာ ဖြစ်လိမ့်မည်။

" ဒေါ်လေးမရှိတုန်း မင်းဦးလေးဆုံးမသမျှကို သေချာနားထောင်ပြီး လိမ္လိမ်မာမာနေခဲ့နော် ထယ်ယောင်းလေး။ မင်း ဦးလေးက တက္ကသိုလ်က နည်းပြဆရာဆိုတော့ မင်းကို ကောင်းကောင်းမွန်မွန် ဆိုဆုံးမနိုင်မယ်ထင်လို့ ဒေါ်လေး ခရီးထွက်နေတဲ့အချိန် မင်းကို သူနဲ့အပ်ထားခဲ့မှာ။ သူက မကြာခင်မှာ ဒေါ်လေးနဲ့ လက်ထပ်ရမယ့်သူဆိုတော့ မင်းဦးလေးအရင်းလို သဘောထားပြီး သူ့ပြောစကားကို နားထောင်ရမယ် ကြားလား "

သူ့ခင်ပွန်းလောင်းရှေ့ရောက်မှ မပြောစဖူး ချိုချိုသာသာစကားတွေထွက်လာသော အဒေါ်ဖြစ်သူကြောင့် ထယ်ယောင်းစိတ်ထဲ 'သောက်ပိုတွေ'ဟု ရေရွတ်လိုက်သည်။ သို့သော် သူ့မျက်နှာထားက သူ့အတွင်းစိတ်နှင့် လားလားမှမဆိုင်။

လိုသည်ထက်ပင် ပိုပြုံးလျှက် အမြင်ကတ်လောက်ဖွယ်သော အပြုံးမျက်နှာဖြင့် အဒေါ်ဖြစ်သူ၏ ခင်ပွန်းလောင်းကို သိသိသာသာ စူးရဲစွာစိုက်ကြည့်ကာ အဒေါ်ဖြစ်သူဘက်ကို တစ်ဖန်ပြန််လှည့်ရင်း သူတုန့်ပြန်လာသည့်စကားက ဟာသဟုပင် ထင်ရက်စဖွယ်မရှိ။

" စိတ်ချပါ အဒေါ့်ခင်ပွန်းလောင်းကို ကျွန်တော့်ခင်ပွန်းလောင်းလို သဘောထားပြီး စိတ်ရောကိုယ်ပါပုံအပ်ပြီး ပြောသမျှနားထောင်ပါ့မယ်။ ခရီးသွားတာ သိပ်လည်းမကြာစေနဲ့နော်။ တော်ကြာ အဒေါ်ပြန်မလာခင် အဒေါ့်ယောက်ျားနဲ့ကျွန်တော် ညားနေမှဖြင့် "

ကျားသစ်ပျိုတစ်ကောင်ပမာ မာယာအပြည့်ဖြင့် စူးရဲတောက်ပသောမျက်ဝန်းအကြည့်တို့က သူ့စကားက ဟာသမဟုတ်မှန်း သိသာစေသည်။ သို့သော် အဒေါ်ဖြစ်သူမင်ယောင်းအဖို့က ဒီအကြည့်လောက်ကို စာဖွဲ့မည်မဟုတ်။

ကိုယ်ကျင့်တရားနှင့်ပတ်သက်လာလျှင် နာမည်ဂုဏ်သတင်းကောင်းသော သူ့ခင်ပွန်းလောင်းကို သူယုံကြည်သည်မို့ ထယ်ယောင်းစကားက အတည်ဖြစ်နေလျှင်ပင်  စိုးရိမ်စရာမလို။

ဂျွန်ဂျောင်ဂုလို ရှာမှရှားတဲ့သူရဲ့စိတ်​ကို လက်တောင့်လောက်ကလေးက ယိုင်နဲ့အောင် စွမ်းဆောင်နိုင်မှာတဲ့လား။ သူ့ခင်ပွန်းလောင်း ဂျွန်ဂျောင်ဂုက ဆင်ခြင်တုံတရားဖြင့် ထယ်ယောင်းအန္တရာယ်ကို ရှောင်တိမ်းသွားလိမ့််ည်။

" မလန့်သွားပါနဲ့ ဂျွန်ရယ် တူလေးက ဒီလိုပဲ ရုပ်တည်ကြီးနဲ့ စနောက်နေကျ။ မိဘမဲ့လေးဆိုပြီး အလိုလိုက်ထားတော့ လူကြီးသူမဆို မရိုမသေ သိပ်လုပ်တတ်တာပဲ။ သူ့ကို ဂျွန်ကိုယ်တိုင်ပဲ သွန်သင်ဆုံးမမှ ဖြစ်တော့မယ် ခစ်ခစ် "

မျက်လုံးအပြူးသားဖြင့် လန့်သွားရှာသူကြီးအား မလန့်အောင်ဖြေရှင်းရင်း ပါးပါးလေးပုတ်ကာ မိဘမဲ့ဟုနှိမ်ပြောသွားသော အဒေါ်ဖြစ်သူကြောင့် ထယ်ယောင်းစိတ်ထဲ တနုံ့နုံ့အံကြိတ်ရင်း ဘောင်ချာဆုတ်ရန် အကြွေးမှတ်ထားလိုက်သည်။

အခြေအနေက ကျားလက်ထဲ သမင်အပ်ကိုခဲ့ခြင်းလား သမင်လက်ထဲ ကျားကိုအပ်ခဲ့ခြင်းလား သေချာတော့မပြောနိုင်။ သို့သော် သူ့ခင်ပွန်းလောင်းနှင့် သူ့တူထယ်ယောင်းကို တစ်အိမ်တည်းအတူထားရစ်ခဲ့သည့် အကျိုးဆက်က ပြဿနာပေါင်းမြောက်များစွာတို့ကို အဖော်ခေါ်လာလိမ့်မည်။

" စိတ်ချပါ မင်ယောင်းရယ် ကိုယ် မင်းတူလေးကို သိသိသာသာပြောင်းလဲလာအောင် အမူအကျင့်ကောင်းတွေ သင်ပြပေးပါ့မယ်။ မင်းပြန်လာရင် ဒီကောင်လေး ဘယ်လိုတွေပြောင်းလဲနေမလဲဆိုတာ အခုကတည်းက ကြိုပြီးရင်ခုန်ထားပေတော့ "

အဟက် ဦးကပဲ ကျွန်တော့်ကို အမူအကျင့်ကောင်းတွေ သင်ပေးနိုင်မလား ကျွန်တော်ကပဲ ဦးကို အတတ်ကောင်းတွေ သင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ကြတာပေါ့။ ဦးစာသင်ပေးနေတဲ့ တပည့်တွေလိုမျိုး ထယ်က လွယ်လွယ်နဲ့သင်ပြလို့ရတဲ့ ကလေးမျိုးမဟုတ်ဘူး ဦးရဲ့။

ထယ့်ကို လိမ္မာလာအောင် သွန်သင်ပေးဖို့ထက် ဦးလက်ထပ်မယ့် မိန်းမကို အကျင့်စာရိတ္တကောင်းအောင် အရင်သင်ပြပေးသင့်တာ။ သူ့စကားကို နားထောင်ပြီး ထယ်ကိုလာရှုပ်မယ်ဆိုရင် ဦးပြန်ပေးဆပ်ရမယ့်ကြေးက အရမ်းကြီးသွားလိမ့်မယ်။

" ဒါဆို တူလေးကို ဂျွန့်လက်ထဲ ယုံယုံကြည်ကြည် အပ်ခဲ့ပြီနော်။ လိုက်မပို့နဲ့တော့..တူလေးနဲ့ ရင်းနှီးမှုရအောင် စကားပြောရင်းနေရစ်ခဲ့ "

ခရီးဆောင်အိတ်ကို ဟန်ပါပါဆွဲရင်း ကျော့ကျော့မော့မော့ ထွက်သွားပါသော သူမ...။ ဧည့်ခန်းထဲကျန်နေခဲ့သူနှစ်ဦးမှာတော့ တစ်ယောက်ကိုတစ်ယောက် မျက်ဝန်းအကြည့်ဖြင့် အကဲခတ်ရင်း စကားစရန်လမ်းကြောင်းရှာနေခဲ့၏။

" ဦးက အရမ်းယောက်ျားပီသပြီး ချောမောခံ့ညားလွန်းတယ်နော်။ ဒါကြောင့်လည်း ဒေါ်လေးက သဘောကျနေတာထင်တယ်။ ရင်အုပ်ကြီးကကျယ်တော့ ကျွန်တော် ဦး ရင်ခွင်ထဲဝင်အိပ်ရင် အရမ်းနွေးနေမှာပဲ "

စားမတတ်ဝါးမတတ် စူးရဲသောအကြည့်ဖြင့် စကားဆိုလာသော ထိုချာတိတ်ကြောင့် ဂျောင်ဂုခင်ဗျာ မျက်လုံးအပြူးသား ထပ်ဖြစ်ရပြန်သည်။ အကြည့်တွေကသာ ရဲတင်းလှသည်မဟုတ် စကားအပြောအဆိုကလည်း သိပ်ကိုရဲတင်းလွန်းသည်။

" မင်းက လူကြီးတွေဆို မခန့်လေးစားသိပ်လုပ်တာပဲ ချာတိတ်။ မင်းအကြည့်တွေက အရမ်းရဲတင်းပြီး အရိုအသေမဲ့လွန်းတယ် "

ရုပ်တည်ကြီးဖြင့် လူကြီးဆန်ဆန် လာဆူနေသော ထိုလဓကြီးကြောင့် ထယ်ယောင်း ရယ်ချင်စိတ်ကိုထိန်းမရဘဲ လှောင်သလိုမျက်နှာထားဖြင့် အသံထွက်ရယ်မိသည်။ ပထမကထက်ပင် ပိုရဲတင်းသောအကြည့်ဖြင့် ဂျောင်ဂုဘက်ကိုကြည့်လျှက် ထိုင်ရာကထလာကာ ဂျောင်ဂုရှိရာဆီ ဦးတည်လာနေတော့ ဂျောင်ဂုမှာ ထိတ်လန့်စပြုလာခဲ့သည်။

" ဟားဟား ဒီလိုအကြည့်လေးလောက်နဲ့ ရိုင်းတယ်ထင်နေရင် ဦးသိပ်မှားသွားပြီ။ ရဲတင်းပြီး ရိုင်းစိုင်းတယ်ဆိုတာမျိုးက ဒါမျိုးကိုခေါ်တာ ဦးရဲ့ "

ပြောပြောဆိုဆိုဖြင့် ဂျောင်ဂုအနားချဥ်းကပ်လာသော ထယ်ယောင်းက သူ့စကားဆုံးသည်နှင့် ဂျောင်ဂုပေါင်ပေါ်တက်ထိုင်ကာ ရုတ်တရက်ကြောင်ကြည့်နေသူကြီးအား မျက်ဝန်းချင်းဆုံစေလိုက်သည်။ အံသြထိတ်လန့်ပြီး ခပ်ဟဟဖြစ်နေသော နှုတ်ခမ်းအစုံကလည်း ထယ်ယောင်းရဲတင်းသောအနမ်းတို့ကို ခွင့်ပြုလိုက်ရ၏။

" မင်းတော်တော်လေး ဆိုးနေတာပဲ ကင်ထယ်ယောင်း။ ငါဘယ်သူဆိုတာ မင်းသိနေရက်နဲ့ ဒီလိုလုပ်ရပ်မျိုးကိုကွာ...ေတာက်! "

အနမ်းခံရပြီးမှ ဂျောင်ဂု သတိပြန်ဝင်ကာ ထယ်ယောင်းကိုတွန်းထုတ်ရင်း မကျေမနပ်တောက်ခေါက်တော့ ထယ်ယောင်းက ဂရုမစိုက်ဘဲ ရယ်မြဲရယ်နေဆဲ။ တစ်ခါမှ မနမ်းမခံရဖူးတဲ့ နှုတ်ခမ်းလိုမျိုး သူ့နှုတ်ခမ်းတွေကို နှမျောနေတဲ့ ဒီလူကြီးကို မရယ်ဘဲမနေနိုင်တာ့ပြီ။

" ဒီလောက်လေးနဲ့ ထယ့်ကို ဘာလို့ဒေါသထွက်နေရတာလဲ ဦးရဲ့။ မသိရင် ဦးနှုတ်ခမ်းတွေက တစ်ခါမှ အနမ်းမပေးဖူးသလိုနဲ့ ခိခိ..။ ဘာလဲ ထယ်နမ်းတာ မကောင်းလို့လား ဦး "

ဖြူစင်ချင်ဟန်ဆောင်သော အပြုံးလေးဖြင့် မျက်တောင်ကလေးပင့်ကာ မေးခွန်းပြန်ထုတ်လာသော ချာတိတ်​ကြောင့် ဦးလေးကြီးဂျွန်လည်း မျက်လုံးအပြူးသား ထပ်ဖြစ်ရပြန်သည်။ သူအနမ်းမပေးဖူးတာ ဒီကောင်လေး သိနေလို့ တမင်ပြောနေတာလား။

" ဟုတ်တယ် ငါမင်းအဒေါ်နဲ့တောင် တစ်ခါမှ အနမ်းမပေးဖူးသေးဘူး။ ငါ့ဘဝမှာ ပထမဆုံးအနမ်းကို လက်ထပ်တဲ့အချိန်ထိ ထိန်းသိမ်းထားချင်ခဲ့တာ။ အခုတော့ မင်းကြောင့် ငါ့စိတ်ကူးတွေ ပျက်စီးကုန်ပြီ သိရဲ့လား "

ထယ်ယောင်းက စိတ်လွတ်ကိုယ်လွတ် ထပ်ရယ်ပြန်သည်။ ဂျောဂုဒေါသထွက်နေသည်ကိုပင် အမှုမထားဘဲ အကြောက်အလန့်မရှိ ရယ်မောနိုင်သေးသည်က တော်ရုံသတ္တိမျိုးဖြင့် မဟုတ်နိုင်။

" ဒါဆို ထယ်က ဦးရဲ့ပထမဆုံးအနမ်းကို ရလိုက်တာပေါ့။ ထယ် မရည်ရွယ်ပါဘူး ဦးရယ်။ တကယ်လို့ ဦးနစ်နာတယ်ထင်ရင် ထယ် ဦးကို ေလျာ်ကြေးပေးမယ်လေ။ ဘယ်လောက်လိုချင်လဲသာ ပြော...ထယ် ရမယ့်အမွေတွေနဲ့ ဦးတစ်ကိုယ်လုံးကိုတောင် ဝယ်ပစ်လိုက်လို့ရတယ် "

သူဌေးသားပိီပီ ငွေစကားစပြောလာသော ချာတိတ်ကြောင့် ဂျောင်ဂု စိတ်ပျက်စွာ စုတ်သပ်လိုက်မိသည်။ သူ့အဒေါ်နှင့် လက်ထပ်ခါနီး ယောက်ျားတစ်ယောက်ကို ဒီလိုပြုမူဆက်ဆံနေခြင်းက မလုပ်သင့်မလုပ်အပ်သော လုပ်ရပ်မျိုးမဟုတ်လား။

" မင်းငါ့ကို ငွေနဲ့တန်ဖိုးဖြတ်ဖို့ ကြိုးစားနေတာလား ချာတိတ်။ ငါ့လိုလူက ငွေထက် ကိုယ်ကျင့်သိက္ခာကို ပိုတန်ဖိုးထားတတ်တယ်ဆိုတာ မင်းမသိသေးဘူးထင်.. "

ဂျောင်ဂုကို နှစ်ခွန်းမျှသာပြောခွင့်ပြုပြီး နောက်တစ်ကြိမ် ထပ်နမ်းလိုက်ပြန်သော ထယ်ယောင်း..။ လျော်ကြေးမယူဘူးဆို၍ နောက်တစ်ကြိမ်ထပ်နမ်းခြင်းက သူ့အလွန်မှမဟုတ်ဘဲ။

" လျော်ကြေးမပေးရဘူးဆိုလို့ နောက်တစ်ကြိမ်ထပ်နမ်းကြည့်တာ sorryနော် ဦး..။ မကျေနပ်ရင် ကျွန်တော့်ကိုပြန်နမ်းပြီး ကလဲ့စားချေပေါ့။ ဦး ကလဲ့စားချေတာကို ေစာင့်နေမယ် "

ဂျောင်ဂုကို နောက်တစ်ကြိမ်ထပ်နမ်းပြီး သူပြောချင်သမျှ ပြောလို့ဝတော့ ထယ်ယောင်းက နှုတ်ခမ်းကိုကိုက်ပြရင်း စိန်ခေါ်သလို မျက်စိတစ်ဖက်မှိတ်ပြကာ အနိုင်ပိုင်းလစ်ထွက်သွားခဲ့သည်။

ဂျောင်ဂုမှာတော့ ရဲတင်းလွန်းလှသော ထယ်ယောင်းကြောင့် အံသြသည့်အရှိန်မပြေဘဲ မျက်လုံးအပြူးသားဖြင့် ဧည့်ခန်းထဲကျန်ရစ်ခဲ့တော့သည်။

To be continued...

EPISODE - 1 (Zawgyi)

ဇိမ္ခံပစၥည္းမ်ိဳးစုံျဖင့္ အေရာင္အဝါ တဖိတ္ဖိတ္ေတာက္ပလွ်က္ လူကုံထံတို႔၏ ႂကြယ္ဝျခင္းဝိေသသကို ေဖာ္ျပေနေသာ ခမ္းနားလွသည့္ ဧည့္ခန္းအတြင္း၌ သုံးပြင့္ဆိုင္ ခပ္လွမ္းလွမ္းထိုင္ကာ စကားဆိုေနၾကေသာ လူသုံးေယာက္႐ွိေနသည္။

မေဟာ္ဂနီေရာင္ တဖိတ္ဖိတ္ေတာက္ေနေသာ ဆိုဖာတစ္လုံးစီေပၚတြင္ထိုင္ေနၾကေသာ ထိုလူသုံးေယာက္သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ မရင္းႏွီးၾကဟန္ ခပ္တန္းတန္း မ်က္ႏွာထားမ်ိဳးျဖင့္ ႐ွိေနၾကၿပီး တစ္ခါတရံျပဳံးျပသည္ကလည္း ဟန္ေဆာင္အျပဳံးတုသာ ျဖစ္လိမ့္မည္။

" ေဒၚေလးမ႐ွိတုန္း မင္းဦးေလးဆုံးမသမွ်ကို ေသခ်ာနားေထာင္ၿပီး လိမႅိမ္မာမာေနခဲ့ေနာ္ ထယ္ေယာင္းေလး။ မင္း ဦးေလးက တကၠသိုလ္က နည္းျပဆရာဆိုေတာ့ မင္းကို ေကာင္းေကာင္းမြန္မြန္ ဆိုဆုံးမႏိုင္မယ္ထင္လို႔ ေဒၚေလး ခရီးထြက္ေနတဲ့အခ်ိန္ မင္းကို သူနဲ႔အပ္ထားခဲ့မွာ။ သူက မၾကာခင္မွာ ေဒၚေလးနဲ႔ လက္ထပ္ရမယ့္သူဆိုေတာ့ မင္းဦးေလးအရင္းလို သေဘာထားၿပီး သူ႕ေျပာစကားကို နားေထာင္ရမယ္ ၾကားလား "

သူ႕ခင္ပြန္းေလာင္းေ႐ွ႕ေရာက္မွ မေျပာစဖူး ခ်ိဳခ်ိဳသာသာစကားေတြထြက္လာေသာ အေဒၚျဖစ္သူေၾကာင့္ ထယ္ေယာင္းစိတ္ထဲ 'ေသာက္ပိုေတြ'ဟု ေရ႐ြတ္လိုက္သည္။ သို႔ေသာ္ သူ႕မ်က္ႏွာထားက သူ႕အတြင္းစိတ္ႏွင့္ လားလားမွမဆိုင္။

လိုသည္ထက္ပင္ ပိုျပဳံးလွ်က္ အျမင္ကတ္ေလာက္ဖြယ္ေသာ အျပဳံးမ်က္ႏွာျဖင့္ အေဒၚျဖစ္သူ၏ ခင္ပြန္းေလာင္းကို သိသိသာသာ စူးရဲစြာစိုက္ၾကည့္ကာ အေဒၚျဖစ္သူဘက္ကို တစ္ဖန္ျပန္္လွည့္ရင္း သူတုန္႔ျပန္လာသည့္စကားက ဟာသဟုပင္ ထင္ရက္စဖြယ္မ႐ွိ။

" စိတ္ခ်ပါ အေဒၚ့ခင္ပြန္းေလာင္းကို ကြၽန္ေတာ္႕ခင္ပြန္းေလာင္းလို သေဘာထားၿပီး စိတ္ေရာကိုယ္ပါပုံအပ္ၿပီး ေျပာသမွ်နားေထာင္ပါ့မယ္။ ခရီးသြားတာ သိပ္လည္းမၾကာေစနဲ႔ေနာ္။ ေတာ္ၾကာ အေဒၚျပန္မလာခင္ အေဒၚ့ေယာက်္ားနဲ႔ကြၽန္ေတာ္ ညားေနမွျဖင့္ "

က်ားသစ္ပ်ိဳတစ္ေကာင္ပမာ မာယာအျပည့္ျဖင့္ စူးရဲေတာက္ပေသာမ်က္ဝန္းအၾကည့္တို႔က သူ႕စကားက ဟာသမဟုတ္မွန္း သိသာေစသည္။ သို႔ေသာ္ အေဒၚျဖစ္သူမင္ေယာင္းအဖို႔က ဒီအၾကည့္ေလာက္ကို စာဖြဲ႕မည္မဟုတ္။

ကိုယ္က်င့္တရားႏွင့္ပတ္သက္လာလွ်င္ နာမည္ဂုဏ္သတင္းေကာင္းေသာ သူ႕ခင္ပြန္းေလာင္းကို သူယုံၾကည္သည္မို႔ ထယ္ေယာင္းစကားက အတည္ျဖစ္ေနလွ်င္ပင္  စိုးရိမ္စရာမလို။

ဂြၽန္ေဂ်ာင္ဂုလို ႐ွာမွ႐ွားတဲ့သူရဲ႕စိတ္​ကို လက္ေတာင့္ေလာက္ကေလးက ယိုင္နဲ႔ေအာင္ စြမ္းေဆာင္ႏိုင္မွာတဲ့လား။ သူ႕ခင္ပြန္းေလာင္း ဂြၽန္ေဂ်ာင္ဂုက ဆင္ျခင္တုံတရားျဖင့္ ထယ္ေယာင္းအႏၲရာယ္ကို ေ႐ွာင္တိမ္းသြားလိမ့္္ည္။

" မလန္႔သြားပါနဲ႔ ဂြၽန္ရယ္ တူေလးက ဒီလိုပဲ ႐ုပ္တည္ႀကီးနဲ႔ စေနာက္ေနက်။ မိဘမဲ့ေလးဆိုၿပီး အလိုလိုက္ထားေတာ့ လူႀကီးသူမဆို မ႐ိုမေသ သိပ္လုပ္တတ္တာပဲ။ သူ႕ကို ဂြၽန္ကိုယ္တိုင္ပဲ သြန္သင္ဆုံးမမွ ျဖစ္ေတာ့မယ္ ခစ္ခစ္ "

မ်က္လုံးအျပဴးသားျဖင့္ လန္႔သြား႐ွာသူႀကီးအား မလန္႔ေအာင္ေျဖ႐ွင္းရင္း ပါးပါးေလးပုတ္ကာ မိဘမဲ့ဟုႏွိမ္ေျပာသြားေသာ အေဒၚျဖစ္သူေၾကာင့္ ထယ္ေယာင္းစိတ္ထဲ တႏုံ႔ႏုံ႔အံႀကိတ္ရင္း ေဘာင္ခ်ာဆုတ္ရန္ အေႂကြးမွတ္ထားလိုက္သည္။

အေျခအေနက က်ားလက္ထဲ သမင္အပ္ကိုခဲ့ျခင္းလား သမင္လက္ထဲ က်ားကိုအပ္ခဲ့ျခင္းလား ေသခ်ာေတာ့မေျပာႏိုင္။ သို႔ေသာ္ သူ႕ခင္ပြန္းေလာင္းႏွင့္ သူ႕တူထယ္ေယာင္းကို တစ္အိမ္တည္းအတူထားရစ္ခဲ့သည့္ အက်ိဳးဆက္က ျပႆနာေပါင္းေျမာက္မ်ားစြာတို႔ကို အေဖာ္ေခၚလာလိမ့္မည္။

" စိတ္ခ်ပါ မင္ေယာင္းရယ္ ကိုယ္ မင္းတူေလးကို သိသိသာသာေျပာင္းလဲလာေအာင္ အမူအက်င့္ေကာင္းေတြ သင္ျပေပးပါ့မယ္။ မင္းျပန္လာရင္ ဒီေကာင္ေလး ဘယ္လိုေတြေျပာင္းလဲေနမလဲဆိုတာ အခုကတည္းက ႀကိဳၿပီးရင္ခုန္ထားေပေတာ့ "

အဟက္ ဦးကပဲ ကြၽန္ေတာ္႕ကို အမူအက်င့္ေကာင္းေတြ သင္ေပးႏိုင္မလား ကြၽန္ေတာ္ကပဲ ဦးကို အတတ္ေကာင္းေတြ သင္ေပးႏိုင္မလားဆိုတာ ေစာင့္ၾကည့္ၾကတာေပါ့။ ဦးစာသင္ေပးေနတဲ့ တပည့္ေတြလိုမ်ိဳး ထယ္က လြယ္လြယ္နဲ႔သင္ျပလို႔ရတဲ့ ကေလးမ်ိဳးမဟုတ္ဘူး ဦးရဲ႕။

ထယ့္ကို လိမၼာလာေအာင္ သြန္သင္ေပးဖို႔ထက္ ဦးလက္ထပ္မယ့္ မိန္းမကို အက်င့္စာရိတၱေကာင္းေအာင္ အရင္သင္ျပေပးသင့္တာ။ သူ႕စကားကို နားေထာင္ၿပီး ထယ္ကိုလာ႐ႈပ္မယ္ဆိုရင္ ဦးျပန္ေပးဆပ္ရမယ့္ေၾကးက အရမ္းႀကီးသြားလိမ့္မယ္။

" ဒါဆို တူေလးကို ဂြၽန္႔လက္ထဲ ယုံယုံၾကည္ၾကည္ အပ္ခဲ့ၿပီေနာ္။ လိုက္မပို႔နဲ႔ေတာ့..တူေလးနဲ႔ ရင္းႏွီးမႈရေအာင္ စကားေျပာရင္းေနရစ္ခဲ့ "

ခရီးေဆာင္အိတ္ကို ဟန္ပါပါဆြဲရင္း ေက်ာ့ေက်ာ့ေမာ့ေမာ့ ထြက္သြားပါေသာ သူမ...။ ဧည့္ခန္းထဲက်န္ေနခဲ့သူႏွစ္ဦးမွာေတာ့ တစ္ေယာက္ကိုတစ္ေယာက္ မ်က္ဝန္းအၾကည့္ျဖင့္ အကဲခတ္ရင္း စကားစရန္လမ္းေၾကာင္း႐ွာေနခဲ့၏။

" ဦးက အရမ္းေယာက်္ားပီသၿပီး ေခ်ာေမာခံ့ညားလြန္းတယ္ေနာ္။ ဒါေၾကာင့္လည္း ေဒၚေလးက သေဘာက်ေနတာထင္တယ္။ ရင္အုပ္ႀကီးကက်ယ္ေတာ့ ကြၽန္ေတာ္ ဦး ရင္ခြင္ထဲဝင္အိပ္ရင္ အရမ္းေႏြးေနမွာပဲ "

စားမတတ္ဝါးမတတ္ စူးရဲေသာအၾကည့္ျဖင့္ စကားဆိုလာေသာ ထိုခ်ာတိတ္ေၾကာင့္ ေဂ်ာင္ဂုခင္ဗ်ာ မ်က္လုံးအျပဴးသား ထပ္ျဖစ္ရျပန္သည္။ အၾကည့္ေတြကသာ ရဲတင္းလွသည္မဟုတ္ စကားအေျပာအဆိုကလည္း သိပ္ကိုရဲတင္းလြန္းသည္။

" မင္းက လူႀကီးေတြဆို မခန္႔ေလးစားသိပ္လုပ္တာပဲ ခ်ာတိတ္။ မင္းအၾကည့္ေတြက အရမ္းရဲတင္းၿပီး အ႐ိုအေသမဲ့လြန္းတယ္ "

႐ုပ္တည္ႀကီးျဖင့္ လူႀကီးဆန္ဆန္ လာဆူေနေသာ ထိုလဓႀကီးေၾကာင့္ ထယ္ေယာင္း ရယ္ခ်င္စိတ္ကိုထိန္းမရဘဲ ေလွာင္သလိုမ်က္ႏွာထားျဖင့္ အသံထြက္ရယ္မိသည္။ ပထမကထက္ပင္ ပိုရဲတင္းေသာအၾကည့္ျဖင့္ ေဂ်ာင္ဂုဘက္ကိုၾကည့္လွ်က္ ထိုင္ရာကထလာကာ ေဂ်ာင္ဂု႐ွိရာဆီ ဦးတည္လာေနေတာ့ ေဂ်ာင္ဂုမွာ ထိတ္လန္႔စျပဳလာခဲ့သည်။

" ဟားဟား ဒီလိုအၾကည့္ေလးေလာက္နဲ႔ ႐ိုင္းတယ္ထင္ေနရင္ ဦးသိပ္မွားသြားၿပီ။ ရဲတင္းၿပီး ႐ိုင္းစိုင္းတယ္ဆိုတာမ်ိဳးက ဒါမ်ိဳးကိုေခၚတာ ဦးရဲ႕ "

ေျပာေျပာဆိုဆိုျဖင့္ ေဂ်ာင္ဂုအနားခ်ဥ္းကပ္လာေသာ ထယ္ေယာင္းက သူ႕စကားဆုံးသည္ႏွင့္ ေဂ်ာင္ဂုေပါင္ေပၚတက္ထိုင္ကာ ႐ုတ္တရက္ေၾကာင္ၾကည့္ေနသူႀကီးအား မ်က္ဝန္းခ်င္းဆုံေစလိုက္သည္။ အံၾသထိတ္လန္႔ၿပီး ခပ္ဟဟျဖစ္ေနေသာ ႏႈတ္ခမ္းအစုံကလည္း ထယ္ေယာင္းရဲတင္းေသာအနမ္းတို႔ကို ခြင့္ျပဳလိုက္ရ၏။

" မင္းေတာ္ေတာ္ေလး ဆိုးေနတာပဲ ကင္ထယ္ေယာင္း။ ငါဘယ္သူဆိုတာ မင္းသိေနရက္နဲ႔ ဒီလိုလုပ္ရပ္မ်ိဳးကိုကြာ...ေတာက္! "

အနမ္းခံရၿပီးမွ ေဂ်ာင္ဂု သတိျပန္ဝင္ကာ ထယ္ေယာင္းကိုတြန္းထုတ္ရင္း မေက်မနပ္ေတာက္ေခါက္ေတာ့ ထယ္ေယာင္းက ဂ႐ုမစိုက္ဘဲ ရယ္ၿမဲရယ္ေနဆဲ။ တစ္ခါမွ မနမ္းမခံရဖူးတဲ့ ႏႈတ္ခမ္းလိုမ်ိဳး သူ႕ႏႈတ္ခမ္းေတြကို ႏွေမ်ာေနတဲ့ ဒီလူႀကီးကို မရယ္ဘဲမေနႏိုင္တာ့ၿပီ။

" ဒီေလာက္ေလးနဲ႔ ထယ့္ကို ဘာလို႔ေဒါသထြက္ေနရတာလဲ ဦးရဲ႕။ မသိရင္ ဦးႏႈတ္ခမ္းေတြက တစ္ခါမွ အနမ္းမေပးဖူးသလိုနဲ႔ ခိခိ..။ ဘာလဲ ထယ္နမ္းတာ မေကာင္းလို႔လား ဦး "

ျဖဴစင္ခ်င္ဟန္ေဆာင္ေသာ အျပဳံးေလးျဖင့္ မ်က္ေတာင္ကေလးပင့္ကာ ေမးခြန္းျပန္ထုတ္လာေသာ ခ်ာတိတ္​ေၾကာင့္ ဦးေလးႀကီးဂြၽန္လည္း မ်က္လုံးအျပဴးသား ထပ္ျဖစ္ရျပန္သည္။ သူအနမ္းမေပးဖူးတာ ဒီေကာင္ေလး သိေနလို႔ တမင္ေျပာေနတာလား။

" ဟုတ္တယ္ ငါမင္းအေဒၚနဲ႔ေတာင္ တစ္ခါမွ အနမ္းမေပးဖူးေသးဘူး။ ငါ့ဘဝမွာ ပထမဆုံးအနမ္းကို လက္ထပ္တဲ့အခ်ိန္ထိ ထိန္းသိမ္းထားခ်င္ခဲ့တာ။ အခုေတာ့ မင္းေၾကာင့္ ငါ့စိတ္ကူးေတြ ပ်က္စီးကုန္ၿပီ သိရဲ႕လား "

ထယ္ေယာင္းက စိတ္လြတ္ကိုယ္လြတ္ ထပ္ရယ္ျပန္သည္။ ေဂ်ာဂုေဒါသထြက္ေနသည္ကိုပင္ အမႈမထားဘဲ အေၾကာက္အလန္႔မ႐ွိ ရယ္ေမာႏိုင္ေသးသည္က ေတာ္႐ုံသတၱိမ်ိဳးျဖင့္ မဟုတ္ႏိုင္။

" ဒါဆို ထယ္က ဦးရဲ႕ပထမဆုံးအနမ္းကို ရလိုက္တာေပါ့။ ထယ္ မရည္႐ြယ္ပါဘူး ဦးရယ္။ တကယ္လို႔ ဦးနစ္နာတယ္ထင္ရင္ ထယ္ ဦးကို ေလ်ာ္ေၾကးေပးမယ္ေလ။ ဘယ္ေလာက္လိုခ်င္လဲသာ ေျပာ...ထယ္ ရမယ့္အေမြေတြနဲ႔ ဦးတစ္ကိုယ္လုံးကိုေတာင္ ဝယ္ပစ္လိုက္လို႔ရတယ္ "

သူေဌးသားပိီပီ ေငြစကားစေျပာလာေသာ ခ်ာတိတ္ေၾကာင့္ ေဂ်ာင္ဂု စိတ္ပ်က္စြာ စုတ္သပ္လိုက္မိသည္။ သူ႕အေဒၚႏွင့္ လက္ထပ္ခါနီး ေယာက်္ားတစ္ေယာက္ကို ဒီလိုျပဳမူဆက္ဆံေနျခင္းက မလုပ္သင့္မလုပ္အပ္ေသာ လုပ္ရပ္မ်ိဳးမဟုတ္လား။

" မင္းငါ့ကို ေငြနဲ႔တန္ဖိုးျဖတ္ဖို႔ ႀကိဳးစားေနတာလား ခ်ာတိတ္။ ငါ့လိုလူက ေငြထက္ ကိုယ္က်င့္သိကၡာကို ပိုတန္ဖိုးထားတတ္တယ္ဆိုတာ မင္းမသိေသးဘူးထင္.. "

ေဂ်ာင္ဂုကို ႏွစ္ခြန္းမွ်သာေျပာခြင့္ျပဳၿပီး ေနာက္တစ္ႀကိမ္ ထပ္နမ္းလိုက္ျပန္ေသာ ထယ္ေယာင္း..။ ေလ်ာ္ေၾကးမယူဘူးဆို၍ ေနာက္တစ္ႀကိမ္ထပ္နမ္းျခင္းက သူ႕အလြန္မွမဟုတ္ဘဲ။

" ေလ်ာ္ေၾကးမေပးရဘူးဆိုလို႔ ေနာက္တစ္ႀကိမ္ထပ္နမ္းၾကည့္တာ sorryေနာ္ ဦး..။ မေက်နပ္ရင္ ကြၽန္ေတာ္႕ကိုျပန္နမ္းၿပီး ကလဲ့စားေခ်ေပါ့။ ဦး ကလဲ့စားေခ်တာကို ေစာင့္ေနမယ္ "

ေဂ်ာင္ဂုကို ေနာက္တစ္ႀကိမ္ထပ္နမ္းၿပီး သူေျပာခ်င္သမွ် ေျပာလို႔ဝေတာ့ ထယ္ေယာင္းက ႏႈတ္ခမ္းကိုကိုက္ျပရင္း စိန္ေခၚသလို မ်က္စိတစ္ဖက္မွိတ္ျပကာ အႏိုင္ပိုင္းလစ္ထြက္သြားခဲ့သည္။

ေဂ်ာင္ဂုမွာေတာ့ ရဲတင္းလြန္းလွေသာ ထယ္ေယာင္းေၾကာင့္ အံၾသသည့္အ႐ွိန္မေျပဘဲ မ်က္လုံးအျပဴးသားျဖင့္ ဧည့္ခန္းထဲက်န္ရစ္ခဲ့ေတာ့သည္။

To be continued...

Continue Reading

You'll Also Like

302K 6.7K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
267K 11.2K 40
ဤ Fic သည် အရမ်းရိုင်းစိုင်းသော အသုံးအနှုန်းတွေကိုသာသုံးထားသော Big Warning 🚨18+ Fic တပုဒ်ဖြစ်သည် ။
823K 38.1K 60
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
440K 15.6K 93
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...