'ဝဲ'

By La_Yaung_Nge01

96K 3.6K 141

အဝါရောင်ကျူးလစ်ပန်းလေးရဲ့ အဓိပ္ပာယ်က Hopeless loveတဲ့💛 အဝါေရာင္က်ဴးလစ္ပန္းေလးရဲ႕ အဓိပၸာယ္က Hopeless loveတဲ့💛 More

Intro
Part 2(U & Z)
Part 3 (U & Z)
Part 4 (U & Z)
Part 5 (U & Z)
Part 6 (U & Z)
Part 7 (U & Z)
Part 8 ( U & Z )
Part 9 ( U & Z )
Part 10 ( U & Z )
Part 11 ( U & Z )
Part 12 ( U & Z )
Part 13 ( U & Z )
Part 14 ( U & Z )
Part 15 ( U & Z )
Part 16 ( U & Z )
Part 17 ( U & Z )
Part 18 ( U & Z )
Part 19 ( U & Z )
Part 20 ( U & Z )
Part 21 ( U & Z )
Part 22 ( U & Z )
Part 23 ( U & Z )
Part 24 (Final)

Part 1(U & Z)

9.2K 328 18
By La_Yaung_Nge01

တွေ့ဆုံခြင်း

ကျူးလစ်ပန်း(Tulip flower)တွေအများကြီးထဲမှ အဝါရောင်ကျူးလစ်ပန်းလေးကို
ရှုးရှုးမူးမူးကြိုက်မိနေတယ် ကျူးလစ်ပန်းရဲ့
အဓိပ္ပာယ်က "အချစ်သင်္ကေတ"လို့ သိရှိရတယ်
အဝါရောင်ကျူးလစ်ပန်းလေးက
'hopeless love' မျှော်လင့်ချက်ကင်းမဲ့ရသောအချစ်၊ တစ်ဖက်သတ် သာချစ်ရသူ၊
ကိုယ်ကသာ အချစ်ကိုပေးဆပ်နေပြီး သူ့ဆီက ဘာမှမမျှော်လင့်သူတို့၏အချစ်ဆိုပြီး အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ကြတယ်

ကျနော့်ကို လူတစ်ယောက်က
အဝါရောင်ကျူးလစ်ပန်းလေးကို ပေးဖူးတယ် အခုထိ သိမ်းထားမိတယ် ပေးတဲ့သူကဘယ်သူလဲဆိုတာ မမှတ်မိပေမယ့် ကျနော့်ရဲ့စိတ်ထဲကနေ သူ့ကိုချစ်နေမိတယ်.......

"သား..ဘယ်သွားမလို့လဲ"

"ပါးပါးကလည်းကွာ ဘယ်သွားမလဲသိရဲ့သားနဲ့မေးနေပြန်ပြီ သားက စနေ၊တနင်္ဂနွေဆို
Mapleရဲ့ Book & Cafe ဆိုင်ကိုသွားနေကြလေ"

"အေးပါ မင်းအဖေနေရာ ရောက်မှ သိမယ်"

"ဟုတ်ကဲ့ပါ အခုတော့သွားတော့မယ်
ပါးပါး တာ့တာ "

"ဂရုစိုက်သွား"

သီချင်းညည်းရင်း ထွက်သွားလေသော
သားကိုကြည့်ရင်း သက်ပြင်းချလိုက်မိတယ်
သူ့အမေဆုံးသွားပြီးကတည်းကသားကိုကျုပ်ပဲ
ဂရုစိုက်လာခဲ့ရတာ အမေနေရာဆိုလည်း ကျုပ်
အဖေနေရာဆိုလည်း ကျုပ်ပဲလေ
ကျုပ်မှာ ဒီသားလေးတစ်ယောက်ပဲရှိတာ အဲ့တာကြောင့်အမြဲလိုလိုဂရုစိုက်နေရတာပေါ့........

ဒီနေ့ ကျမှMapleတို့ဆိုင်က လူတွေအရမ်းများနေတယ် ပုံမှန်ထိုင်နေကျ နေရာလေးတောင် လူဦးသွားလို့ တစ်ခြားနေရာမှာပြောင်းထိုင်
လိုက်ရသည်။ အခုထိုင်တဲ့နေရာလည်းကောင်းပါ
တယ်မှန်ကနေတစ်ဆင့် ကားလမ်းမကိုမြင်ရ
တယ်လေအတွေးတွေကိုရပ်တန့်လိုက်ပြီး
ဖတ်လက်စ စာအုပ်လေးကိုပြန်ဖတ်လိုက်တယ် ဒီနေ့တော့ ကော်ဖီမမှာတော့ဘူးပေါ့

စာဖတ်နေတုန်း ဆိုင် bellသံကြားလို့ကြည့်
လိုက်တော့ လူတစ်ယောက်ဆိုင်ထဲဝင်လာတယ်
အကုန်လုံးက သူ့ကိုဝိုင်းကြည့်နေပြီး တီးတိုးပြောနေကြသည်။

'ဟဲ့ အဲ့တာ SK Entertainmentက CEOမလား'
'ဟုတ်တယ် ချောလိုက်တာ'
'အယ် ဒီဘက်ကိုကြည့်နေပြီ'
'သူငါ့ကိုပြုံးပြသွားတာထင်တယ်'
'စိတ်ကူးယဉ်မနေနဲ့'

အဲ့ဒီလူက ကျနော်ဆီလမ်းလျှောက်လာတော့
ကျနော်လည်း ခနကြောင်သွားမိတယ်
ကျနော့်နားကပ်ပြီး ပြောလိုက်တာက....

'အစ်ကို အထဲဝင်မလို့ ညီနည်းနည်းလောက်
ဖယ်ပေးပါတဲ့'

ကျနော်လည်း ပြန်ပြုံးပြလိုက်ပြီး သူအထဲဝင်ဖို့အတွက် အပြင်ခနထွက်ပေးလိုက်တယ်

ကျနော့်ဘေးမှာရှိနေတာမလို့ သူ့ကိုတစ်ချက်
တစ်ချက် ခိုးကြည့်မိတယ် သူ့ရဲ့ရုပ်ရည်က ပြောစရာမလိုအောင် ကြည့်လို့ကောင်းတယ်
ဈေးကြီးတဲ့အသုံးအဆောင်တွေကိုဝတ်ထားပြီး
လက်က ထောင်မတ်နေတဲ့အကြောတွေက
လည်း ဆွဲဆောင်မှုရှိတယ် သူ့ရဲ့ခန္ဓာ
ကိုယ်ကလည်း.....

" ဟာ..ငါဘာတွေတွေးနေမိတာလဲ
လူတစ်ယောက်ကို ဘာလို့ body shaming လုပ်နေမိတာပါလိမ့်"

ကျနော်ပြောတာ ကျယ်သွားလို့အနားကလူတွေက
ဝိုင်းကြည့်နေကြတယ် အဲ့ထဲမှာဘေးနားက
သူလည်း ပါတာပေါ့

"ညီ..ဘာဖြစ်တာလဲ"

"အာ...ဘာမှမဟုတ်ပါဘူး sorry နော် အစ်ကို
နှောင့်ယှက်မိပြီ"

"ရပါတယ်"

"ဟုတ်"

ငါဒီနေ့ဘာတွေဖြစ်နေတာပါလိမ့် စိတ်တွေ
စုစည်းစမ်း...ဘေးနားကသူကလည်း အလုပ်ရှုပ်
နေတယ်ထင်တယ် laptopကိုကြည့်ရင်း ကော်ဖီသောက်နေတယ် အချိန်အတန်ကြာတော့
သူနေရာကနေထသွားပြီး ကောင်တာမှာ ပိုက်ဆံရှင်းနေတယ် ပြီးတော့ သူ့ကားထဲဝင်သွားတယ် လေ ceoဆိုတော့ အလုပ်များမှာပဲလေ ဒီနေ့ စာဖတ်ရတာ ဘယ်လိုမှအာရုံမရဘူး မဖတ်တော့တာပဲကောင်းတယ်

"Maple ငါပြန်ပြီ"

"ဂရုစိုက်ပြန်နော် ကြွေရုပ်"

"အေးပါ"

နာမည်က ကြွေရုပ်တဲ့လား စိတ်ဝင်စားဖို့တော့
ကောင်းပြီ မင်းလေး ကိုယ့်ဆီကနေလွတ်
အောင်ပြေးတော့ T-Shirt အဝါရောင်ဝတ်ဆင်
ထားပြီး ရွှေရောင်မျက်မှန်ကိုင်းလေးကို တပ်ထားတဲ့ ချစ်စရာကောင်လေးနောက်ကို ကားနဲ့တပ်ကြပ်မခွာ လိုက်နေမိသည်။

နောက်ဆုံးတော့ပန်းဆိုင်တစ်ခုထဲဝင်သွားသည်။ဆိုင်ထဲက ဝန်ထမ်းမလေးနဲ့ စကားပြော
ရင်း ရီမောနေသောကြောင့် စိတ်အလိုမကျမှုတွေ ဖြစ်လာခဲ့သည်။

"အဲ့ကောင်လေးအကြောင်းစုံစမ်းပေးထား"

"ဟုတ်ကဲ့boss"

"အိမ်ကိုပဲ မောင်းတော့"

ရုတ်တရက် ဆိုင်ရှေ့ကို ကြည့်မိလိုက်တော့ အရှိန်ပြင်းပြင်းနဲ့မောင်းထွက်သွားတဲ့ အနက်ရောင်ကားကြောင့် သက်ပြင်းချမိတယ် ဒီလိုသာမောင်းနေရင် ယာဉ်တိုက်မှုတွေဖြစ်
ကုန်မှာပေါ့ လူတွေက ကိုယ့်အကျိုးပဲကြည့်ကြတယ်

"သူဌေး ဒီနေ့နားလိုက်လေ ညီမဆိုင်ကြည့်နေပေးမယ် မနက်ဖြန်တစ်ရက်တော့ ခွင့်လိုချင်
တယ် အမေ့ကိုဆေးရုံပြရမှာမလို့"

"ရတယ်လေ ညီမသဘောပဲ မိဘကအရေးကြီးတယ်လေ အစ်ကို လခကြိုထုတ်ပေးရအုန်းမလား"

"ရတယ် သူဌေး ညီမမှာပိုက်ဆံရှိသေးတယ်"

"အဲ့တာဆို အစ်ကိုသွားတော့မယ်"

"ဟုတ်ကဲ့"

မေ့ပြီးစက်ဘီးမယူလာမိဘူး ဒီပုံစံအတိုင်း လမ်းလျှောက်သွားရင် ည၉နာရီလောက်မှာ
ပြန်ရောက်မယ့်ကိန်း ကားပဲဌားရတော့မယ် ရှေ့ကလာနေတဲ့ Taxi ကို လမ်းလှမ်းပြ
လိုက်တော့ ကားမောင်းတဲ့ အဖိုးက ကားရပ်ပေးတာနဲ့ ကားပေါ်တက်လာခဲ့သည် အဖိုးကိုကြည့်
ရတာ အသက်လေးနည်းနည်းကြီးနေပြီ

"အဖိုး ကားမောင်းတာ ဘယ်လောက်ရှိပြီလဲ"

"၃နှစ်ရှိပြီ ငါ့မြေးရဲ့ အဖိုးမှာ မြေးမလေး၂ ယောက်ရှိတယ်လေ သူ့တို့ကကျောင်းတက်နေရတော့ အဖိုးရဲ့ပင်စင်လစာနဲ့ မလောက်ဘူးလေ အဲ့တာကြောင့် Taxi မောင်းရတာပေါ့ ဒါနဲ့ငါ့မြေးက ဘာလို့မေးတာလဲ"

"ဘာမှမဟုတ်ပါဘူး ကျနော်လည်း အလုပ်မကောင်းရင် Taxiမောင်းရင်ကောင်းမလားလို့မေးတာ"

"မကောင်းဘူးငါ့မြေးရဲ့ အခုတောင်အုံနာကြေးပဲရသေးတယ်"

"ဟုတ်လား အဖိုး"

"ဟုတ်တယ်"

အဖိုးရဲ့အကြောင်းကိုကြားရတော့
စိတ်မကောင်းဖြစ်မိသွားတယ် ဘာမှဆက်မပြောတော့ဘဲ ငြိမ်ငြိမ်လေးနေလိုက်တော့သည်။
လောကမှာ အဆင်မပြေတဲ့မိသားစုတွေလည်းရှိတာပဲ ပိုက်ဆံချမ်းသာတဲ့သူတွေကသာ
ငွေကိုရေလိုသုံးဖြုန်းနေတာ ဆင်းရဲတဲ့လူတွေအဖို့ကတော့ ငွေရဖို့အတွက်ကြိုးစားလုပ်ကိုင်
နေရတာပဲ

"အဖိုး ဒီအိမ်ပဲ ကားရပ်လိုက်တော့
ကားခဘယ်လောက်လဲအဖိုး"

"၅၅၀၀ပဲပေးပါ"

"ရော့ အဖိုးဒီမှာ၁၀၀၀၀"

၁သောင်းတန်ရွက်လေးကိုပေးလိုက်တော့
အဖိုးကပြန်အမ်းဖို့အတွက် အကျီအိပ်ကပ်ထဲကပိုက်ဆံကိုထုတ်နေတယ်လေ

"ခနလေးအဖိုးပြန်အမ်းမယ် အယ်ငါ့မြေး ပိုက်
ဆံက ၂သောင်းဖြစ်နေတယ်"

"ကျနော်အဖိုးကိုပေးတာယူလိုက်တော့နော်"

"ကျေးဇူးပါ ငါ့မြေး"

ပိုက်ဆံပြန်ပေးဖို့ လုပ်နေတုန်း အဲ့ကောင်လေးက အနားကနေ ပြေးသွားပြီး ပိုတဲ့ပိုက်ဆံယူ
လိုက်ပါတာလို့ အော်သွားတယ်လေ ကျေးဇူးပါကောင်လေးရေ မင်းကျေးဇူးကြောင့်
အဖိုးမြေးမလေးစားချင်တဲ့ ကြက်ကြော်လေး
ဝယ်ကျွေးလို့ရပြီ

ကားပေါ်ကဆင်းလာပြီး အိမ်ထဲမြန်မြန်ပြေးဝင်
လာခဲ့တယ် မဟုတ်ရင် အဖိုးက ပိုက်ဆံပြန်ပေးနေမှာစိုးလို့ တံခါးဝရောက်မှပြေးတာရပ်ပြီး အမောဖြေနေမိတယ်

"သား ဘာလို့ပြေးလာတာလဲ အမောမခံနိုင်ဘူးဆိုတာသိရဲ့သားနဲ့"

"မဟုတ်ပါဘူး ပါးပါးရယ် ဒီတိုင်းပြေးလာတာပါ"

"သားလည်းနော် တယ်ခက်ပါလား သွား....
ရေသွားချိုးတော့ ပြီးရင်အောက်ဆင်းခဲ့ထမင်းစားမယ်"

"ဟုတ် ပါးပါး"

ပါးပါးကိုပြောပြီး အပေါ်တက်လာခဲ့တော့တယ်
တော်ပါသေးရဲ့ အများကြီးမဆူလို့ ပါးပါးက ကျနော်ကိုအရမ်းဂရုစိုက်တာလေ ကျနော်တစ်ခုခုဖြစ်မှာကြောက်တယ်လေ အခန်းထဲရောက်
တာနဲ့ လွယ်အိတ်ကို ခုံပေါ်မှာတင်ပြီး
ရေချိုးခန်းထဲဝင်လာတော့သည်။
ရေကိုမြန်မြန်ချိုးပြီး ညဝတ်အကျီကိုထုတ်ဝတ်
လိုက်တယ် ပြီးတာနဲ့အောက်ထပ်ကိုဆင်းလာ
လိုက်တော့တယ်

"ဒေါ်ကျင်ပါ ကျနော်တို့နဲ့တစ်ခါတည်းဝင်စားလေ"

"ဒေါ်ကျင်ကစားပြီးပြီ သားရဲ့အဖေနဲ့သာ စားတော့"

"ဟုတ်ကဲ့ အဖေထမင်းစားမယ်လေ"

"အေး..လာပြီ"

သားကခေါ်နေတာကြောင့် ဖတ်လက်စ သတင်းစာလေးကို ဘေးနားချပြီး ထမင်းစားခန်းထဲဝင်
လာတော့သည်

ဟင်းခတ်ချင်ရင် လူကြီးရဲ့ပန်းကန်ထဲဦးချပြီးမှ စားရမယ်လို့ပြောထားတာ အကျင့်ဖြစ်နေလို့ ပါးပါးပန်းကန်ထဲ ဟင်းထည့်ပြီးမှ စားလိုက်
တော့သည် ပါးပါးကထမင်းစားရင် စကားပြောတာမကြိုက်လို့ ထမင်းဝိုင်းလေးကတိတ်ဆိတ်
နေတာပေါ့

"ပါးပါး..သားလုပ်စရာလေးရှိလို့ အပေါ်တက်
နှင့်တော့မယ်"

"အေးပါ ညဘက် ညဉ့်နက်တဲ့အထိမနေနဲ့"

"ဟုတ်"

အခန်းထဲရောက်တာနဲ့ စာကြည့်စားပွဲခုံဆီသွားပြီး laptopကိုဖွင့်လိုက်တယ် မနက်ကတွေ့ခဲ့တဲ့ဟိုလူ့အကြောင်းကို ရှာဖို့အတွက်
SK Entertainment လို့ရိုက်ရှာလိုက်တယ် ကျနော်ပဲ social media ကို သိပ်မသုံးလို့ သူ့ကိုမသိတာလား မသိဘူး media ပေါ်မှာ သူ့အကြောင်းတွေပဲ ပလူပျံနေတာပဲ သူ့နာမည်က

*စိုင်းထက်ဉာဏ်*

ဒေါက်! ဒေါက်!

"သားရေ ဒေါ်ကျင်ဝင်ခဲ့မယ်နော်"

"ဟုတ်ကဲ့ ဒေါ်ကျင်"

ဒေါ်ကျင်က ကျနော်သောက်ဖို့အတွက် နွားနို့
ခွက်ကို ယူပြီး အပေါ်တက်လာတယ်လေ ကျနော်တော့ လူကြီးကိုအလုပ်ရှုပ်စေမိပြီ

"ဒေါ်ကျင်ရယ် ကျနော်လာယူမှာပေါ့
ဘာလို့အပေါ်တက်လာတာလဲ"

"သားသောက်ဖို့ပေါ့"

"ဟုတ်"

ကျနော့်ကိုနွားနို့ခွက်လေး ကမ်းပေးတာမို့ လှမ်းယူပြီးမော့သောက်လိုက်တယ် နွားနို့ခွက်လေးကိုဗန်းထဲပြန်ချမလို့လုပ်တော့ ဒေါ်ကျင်က laptopကိုငေး
ကြည့်နေတယ်လေ ဒေါ်ကျင်က မြန်မာစာတောင် သိပ်ဖတ်တတ်တာမဟုတ်ဘူး
Laptop ကို စူးစူးစိုက်စိုက်ကြည့်နေပြီး
ပါးစပ်ကအသံမထွက်ဘဲ စာလုံးပေါင်းနေသည်။

"ဒေါ်ကျင်ကို ကျနော်ပြောပြမယ် သူ့ကိုကျနော်
မနက်ကတွေ့လိုက်တယ် အဲ့တာသူ့အကြောင်း
သိချင်လို့ရှာကြည့်နေတာ"

"အော်...ဒါနဲ့..ဒီဟာကဘာလဲ G...o..o.."

"Good-looking ကြည့်လို့ကောင်းတယ်လို့ပြောတာ"

"ဒါကရော A..t..t..r"

"Attractive ဆွဲဆောင်မှုရှိတယ်လို့ပြောတာ"

"အော် ဒီကောင်လေးကချောသားပဲ အဲ့တာ
ကြောင့်သူ့ကို ကြည့်လို့ကောင်းပြီး ဆွဲဆောင်မှုရှိ
တယ်လို့ပြောတာလား"

"ဟုတ်တယ် ဒေါ်ကျင်"

"အေးကွယ် ဒေါ်ကျင်အောက်ဆင်းတော့မယ် သားလည်းစောစောအိပ်"

"ဟုတ်ကဲ့"

ဒေါ်ကျင်ထွက်သွားတာနဲ့ laptopပေါ်က ဟိုလူရဲ့
Accကို ဖုန်းနဲ့ရှာလိုက်တယ် ချက်ချင်းဆိုသလို ရှာလို့တွေ့တာနဲ့ သူ့ရဲ့accကိုအပ်လိုက်တယ်
မနက်စောစောထရမှာမလို့ဖုန်းကို alarm ပေးပြီး အိပ်လိုက်တော့တယ်

အဟက်! မြန်သားပဲ မင်းကလွယ်လွယ်နဲ့ငါ့ဆီ
ရောက်လာတာပဲ.......

La Yaung Nge(2.2.2022)
Comment ဝင်ရေးပါမကိုက်စားပါဘူး👀

ေတြ႕ဆုံျခင္း

က်ဴးလစ္ပန္း(Tulip flower)ေတြအမ်ားႀကီးထဲမွ အဝါေရာင္က်ဴးလစ္ပန္းေလးကို
ရႈးရႈးမူးမူးႀကိဳက္မိေနတယ္ က်ဴးလစ္ပန္းရဲ႕
အဓိပၸာယ္က "အခ်စ္သေကၤတ"လို႔ သိရွိရတယ္
အဝါေရာင္က်ဴးလစ္ပန္းေလးက
'hopeless love' ေမွ်ာ္လင့္ခ်က္ကင္းမဲ့ရေသာအခ်စ္၊ တစ္ဖက္သတ္ သာခ်စ္ရသူ၊
ကိုယ္ကသာ အခ်စ္ကိုေပးဆပ္ေနၿပီး သူ႔ဆီက ဘာမွမေမွ်ာ္လင့္သူတို႔၏အခ်စ္ဆိုၿပီး အမ်ိဳးမ်ိဳး အဓိပၸာယ္ဖြင့္ၾကတယ္

က်ေနာ့္ကို လူတစ္ေယာက္က
အဝါေရာင္က်ဴးလစ္ပန္းေလးကို ေပးဖူးတယ္ အခုထိ သိမ္းထားမိတယ္ ေပးတဲ့သူကဘယ္သူလဲဆိုတာ မမွတ္မိေပမယ့္ က်ေနာ့္ရဲ႕စိတ္ထဲကေန သူ႔ကိုခ်စ္ေနမိတယ္.......

"သား..ဘယ္သြားမလို႔လဲ"

"ပါးပါးကလည္းကြာ ဘယ္သြားမလဲသိရဲ႕သားနဲ႔ေမးေနျပန္ၿပီ သားက စေန၊တနဂၤေႏြဆို
Mapleရဲ႕ Book & Cafe ဆိုင္ကိုသြားေနၾကေလ"

"ေအးပါ မင္းအေဖေနရာ ေရာက္မွ သိမယ္"

"ဟုတ္ကဲ့ပါ အခုေတာ့သြားေတာ့မယ္
ပါးပါး တာ့တာ "

"ဂ႐ုစိုက္သြား"

သီခ်င္းညည္းရင္း ထြက္သြားေလေသာ
သားကိုၾကည့္ရင္း သက္ျပင္းခ်လိုက္မိတယ္
သူ႔အေမဆုံးသြားၿပီးကတည္းကသားကိုက်ဳပ္ပဲ
ဂ႐ုစိုက္လာခဲ့ရတာ အေမေနရာဆိုလည္း က်ဳပ္
အေဖေနရာဆိုလည္း က်ဳပ္ပဲေလ
က်ဳပ္မွာ ဒီသားေလးတစ္ေယာက္ပဲရွိတာ အဲ့တာေၾကာင့္အၿမဲလိုလိုဂ႐ုစိုက္ေနရတာေပါ့........

ဒီေန႔ က်မွMapleတို႔ဆိုင္က လူေတြအရမ္းမ်ားေနတယ္ ပုံမွန္ထိုင္ေနက် ေနရာေလးေတာင္ လူဦးသြားလို႔ တစ္ျခားေနရာမွာေျပာင္းထိုင္
လိုက္ရသည္။ အခုထိုင္တဲ့ေနရာလည္းေကာင္းပါ
တယ္မွန္ကေနတစ္ဆင့္ ကားလမ္းမကိုျမင္ရ
တယ္ေလအေတြးေတြကိုရပ္တန႔္လိုက္ၿပီး
ဖတ္လက္စ စာအုပ္ေလးကိုျပန္ဖတ္လိုက္တယ္ ဒီေန႔ေတာ့ ေကာ္ဖီမမွာေတာ့ဘူးေပါ့

စာဖတ္ေနတုန္း ဆိုင္ bellသံၾကားလို႔ၾကည့္
လိုက္ေတာ့ လူတစ္ေယာက္ဆိုင္ထဲဝင္လာတယ္
အကုန္လုံးက သူ႔ကိုဝိုင္းၾကည့္ေနၿပီး တီးတိုးေျပာေနၾကသည္။

'ဟဲ့ အဲ့တာ SK Entertainmentက CEOမလား'
'ဟုတ္တယ္ ေခ်ာလိုက္တာ'
'အယ္ ဒီဘက္ကိုၾကည့္ေနၿပီ'
'သူငါ့ကိုၿပဳံးျပသြားတာထင္တယ္'
'စိတ္ကူးယဥ္မေနနဲ႔'

အဲ့ဒီလူက က်ေနာ္ဆီလမ္းေလွ်ာက္လာေတာ့
က်ေနာ္လည္း ခနေၾကာင္သြားတယ္ က်ေနာ့္နားကပ္ၿပီး ေျပာလိုက္တာက...

'အစ္ကို အထဲဝင္မလို႔ ညီနည္းနည္းေလာက္
ဖယ္ေပးပါတဲ့'

က်ေနာ္လည္း ျပန္ၿပဳံးျပလိုက္ၿပီး သူအထဲဝင္ဖို႔အတြက္ အျပင္ခနထြက္ေပးလိုက္တယ္

က်ေနာ္ေဘးမွာရွိေနတာမလို႔ သူ႔ကိုတစ္ခ်က္
တစ္ခ်က္ ခိုးၾကည့္မိတယ္ သူ႔ရဲ႕႐ုပ္ရည္က ေျပာစရာမလိုေအာင္ ၾကည့္လို႔ေကာင္းတယ္
ေဈးႀကီးတဲ့အသုံးအေဆာင္ေတြကိုဝတ္ထားၿပီး
လက္က ေထာင္မတ္ေနတဲ့အေၾကာေတြက
လည္း ဆြဲေဆာင္မႈရွိတယ္ သူ႔ရဲ႕ခႏၶာ
ကိုယ္ကလည္း.....

" ဟာ..ငါဘာေတြေတြးေနမိတာလဲ
လူတစ္ေယာက္ကို ဘာလို႔ body shaming လုပ္ေနမိတာပါလိမ့္"

က်ေနာ္ေျပာတာ က်ယ္သြားလို႔အနားကလူေတြက ဝိုင္းၾကည့္ေနၾကတယ္ အဲ့ထဲမွာေဘးနားက သူလည္း ပါတာေပါ့

"ညီ..ဘာျဖစ္တာလဲ"

"အာ...ဘာမွမဟုတ္ပါဘူး sorry ေနာ္ အစ္ကိုေႏွာင့္ယွက္မိၿပီ"

"ရပါတယ္"

"ဟုတ္"

ငါဒီေန႔ဘာေတြျဖစ္ေနတာပါလိမ့္ စိတ္ေတြ
စုစည္းစမ္း...ေဘးနားကသူကလည္း အလုပ္ရႈပ္
ေနတယ္ထင္တယ္ laptopကိုၾကည့္ရင္း ေကာ္ဖီေသာက္ေနတယ္ အခ်ိန္အတန္ၾကာေတာ့
သူေနရာကေနထသြားၿပီး ေကာင္တာမွာ ပိုက္ဆံရွင္းေနတယ္ ၿပီးေတာ့ သူ႔ကားထဲဝင္သြားတယ္ ေလ ceoဆိုေတာ့ အလုပ္မ်ားမွာပဲေလ ဒီေန႔ စာဖတ္ရတာ ဘယ္လိုမွအာ႐ုံမရဘူး မဖတ္ေတာ့တာပဲေကာင္းတယ္

"Maple ငါျပန္ၿပီ"

"ဂ႐ုစိုက္ျပန္ေနာ္ ေႂကြ႐ုပ္"

"ေအးပါ"

နာမည္က ေႂကြ႐ုပ္တဲ့လား စိတ္ဝင္စားဖို႔ေတာ့
ေကာင္းၿပီ မင္းေလး ကိုယ့္ဆီကေနလြတ္
ေအာင္ေျပးေတာ့ T-Shirt အဝါေရာင္ဝတ္ဆင္
ထားၿပီး ေ႐ႊေရာင္မ်က္မွန္ကိုင္းေလးကို တပ္ထားတဲ့ ခ်စ္စရာေကာင္ေလးေနာက္ကို ကားနဲ႔တပ္ၾကပ္မခြာ လိုက္ေနမိသည္။

ေနာက္ဆုံးေတာ့ပန္းဆိုင္တစ္ခုထဲဝင္သြားသည္။ဆိုင္ထဲက ဝန္ထမ္းမေလးနဲ႔ စကားေျပာ
ရင္း ရီေမာေနေသာေၾကာင့္ စိတ္အလိုမက်မႈေတြ ျဖစ္လာခဲ့သည္။

"အဲ့ေကာင္ေလးအေၾကာင္းစုံစမ္းေပးထား"

"ဟုတ္ကဲ့boss"

"အိမ္ကိုပဲ ေမာင္းေတာ့"

႐ုတ္တရက္ ဆိုင္ေရွ႕ကို ၾကည့္မိလိုက္ေတာ့ အရွိန္ျပင္းျပင္းနဲ႔ေမာင္းထြက္သြားတဲ့ အနက္ေရာင္ကားေၾကာင့္ သက္ျပင္းခ်မိတယ္ ဒီလိုသာေမာင္းေနရင္ ယာဥ္တိုက္မႈေတြျဖစ္
ကုန္မွာေပါ့ လူေတြက ကိုယ့္အက်ိဳးပဲၾကည့္ၾကတယ္

"သူေဌး ဒီေန႔နားလိုက္ေလ ညီမဆိုင္ၾကည့္ေနေပးမယ္ မနက္ျဖန္တစ္ရက္ေတာ့ ခြင့္လိုခ်င္
တယ္ အေမ့ကိုေဆး႐ုံျပရမွာမလို႔"

"ရတယ္ေလ ညီမသေဘာပဲ မိဘကအေရးႀကီးတယ္ေလ အစ္ကို လခႀကိဳထုတ္ေပးရအုန္းမလား"

"ရတယ္ သူေဌး ညီမမွာပိုက္ဆံရွိေသးတယ္"

"အဲ့တာဆို အစ္ကိုသြားေတာ့မယ္"

"ဟုတ္ကဲ့"

ေမ့ၿပီးစက္ဘီးမယူလာမိဘူး ဒီပုံစံအတိုင္း လမ္းေလွ်ာက္သြားရင္ ည၉နာရီေလာက္မွာ
ျပန္ေရာက္မယ့္ကိန္း ကားပဲဌားရေတာ့မယ္ ေရွ႕ကလာေနတဲ့ Taxi ကို လမ္းလွမ္းျပ
လိုက္ေတာ့ ကားေမာင္းတဲ့ အဖိုးက ကားရပ္ေပးတာနဲ႔ ကားေပၚတက္လာခဲ့သည္ အဖိုးကိုၾကည့္
ရတာ အသက္ေလးနည္းနည္းႀကီးေနၿပီ

"အဖိုး ကားေမာင္းတာ ဘယ္ေလာက္ရွိၿပီလဲ"

"၃ႏွစ္ရွိၿပီ ငါ့ေျမးရဲ႕ အဖိုးမွာ ေျမးမေလး၂ ေယာက္ရွိတယ္ေလ သူ႔တို႔ကေက်ာင္းတက္ေနရေတာ့ အဖိုးရဲ႕ပင္စင္လစာနဲ႔ မေလာက္ဘူးေလ အဲ့တာေၾကာင့္ Taxi ေမာင္းရတာေပါ့ ဒါနဲ႔ငါ့ေျမးက ဘာလို႔ေမးတာလဲ"

"ဘာမွမဟုတ္ပါဘူး က်ေနာ္လည္း အလုပ္မေကာင္းရင္ Taxiေမာင္းရင္ေကာင္းမလားလို႔ေမးတာ"

"မေကာင္းဘူးငါ့ေျမးရဲ႕ အခုေတာင္အုံနာေၾကးပဲရေသးတယ္"

"ဟုတ္လား အဖိုး"

"ဟုတ္တယ္"

အဖိုးရဲ႕အေၾကာင္းကိုၾကားရေတာ့
စိတ္မေကာင္းျဖစ္မိသြားတယ္ ဘာမွဆက္မေျပာေတာ့ဘဲ ၿငိမ္ၿငိမ္ေလးေနလိုက္ေတာ့သည္။
ေလာကမွာ အဆင္မေျပတဲ့မိသားစုေတြလည္းရွိတာပဲ ပိုက္ဆံခ်မ္းသာတဲ့သူေတြကသာ
ေငြကိုေရလိုသုံးျဖဳန္းေနတာ ဆင္းရဲတဲ့လူေတြအဖို႔ကေတာ့ ေငြရဖို႔အတြက္ႀကိဳးစားလုပ္ကိုင္
ေနရတာပဲ

"အဖိုး ဒီအိမ္ပဲ ကားရပ္လိုက္ေတာ့
ကားခဘယ္ေလာက္လဲအဖိုး"

"၅၅၀၀ပဲေပးပါ"

"ေရာ့ အဖိုးဒီမွာ၁၀၀၀၀"

၁ေသာင္းတန္႐ြက္ေလးကိုေပးလိုက္ေတာ့
အဖိုးကျပန္အမ္းဖို႔အတြက္ အက်ီအိပ္ကပ္ထဲကပိုက္ဆံကိုထုတ္ေနတယ္ေလ

"ခနေလးအဖိုးျပန္အမ္းမယ္ အယ္ငါ့ေျမး ပိုက္
ဆံက ၂ေသာင္းျဖစ္ေနတယ္"

"က်ေနာ္အဖိုးကိုေပးတာယူလိုက္ေတာ့ေနာ္"

"ေက်းဇူးပါ ငါ့ေျမး"

ပိုက္ဆံျပန္ေပးဖို႔ လုပ္ေနတုန္း အဲ့ေကာင္ေလးက အနားကေန ေျပးသြားၿပီး ပိုတဲ့ပိုက္ဆံယူ
လိုက္ပါတာလို႔ ေအာ္သြားတယ္ေလ ေက်းဇူးပါေကာင္ေလးေရ မင္းေက်းဇူးေၾကာင့္
အဖိုးေျမးမေလးစားခ်င္တဲ့ ၾကက္ေၾကာ္ေလး
ဝယ္ေကြၽးလို႔ရၿပီ

ကားေပၚကဆင္းလာၿပီး အိမ္ထဲျမန္ျမန္ေျပးဝင္
လာခဲ့တယ္ မဟုတ္ရင္ အဖိုးက ပိုက္ဆံျပန္ေပးေနမွာစိုးလို႔ တံခါးဝေရာက္မွေျပးတာရပ္ၿပီး အေမာေျဖေနမိတယ္

"သား ဘာလို႔ေျပးလာတာလဲ အေမာမခံႏိုင္ဘူးဆိုတာသိရဲ႕သားနဲ႔"

"မဟုတ္ပါဘူး ပါးပါးရယ္ ဒီတိုင္းေျပးလာတာပါ"

"သားလည္းေနာ္ တယ္ခက္ပါလား သြား....
ေရသြားခ်ိဳးေတာ့ ၿပီးရင္ေအာက္ဆင္းခဲ့ထမင္းစားမယ္"

"ဟုတ္ ပါးပါး"

ပါးပါးကိုေျပာၿပီး အေပၚတက္လာခဲ့ေတာ့တယ္
ေတာ္ပါေသးရဲ႕ အမ်ားႀကီးမဆူလို႔ ပါးပါးက က်ေနာ္ကိုအရမ္းဂ႐ုစိုက္တာေလ က်ေနာ္တစ္ခုခုျဖစ္မွာေၾကာက္တယ္ေလ အခန္းထဲေရာက္
တာနဲ႔ လြယ္အိတ္ကို ခုံေပၚမွာတင္ၿပီး
ေရခ်ိဳးခန္းထဲဝင္လာေတာ့သည္။
ေရကိုျမန္ျမန္ခ်ိဳးၿပီး ညဝတ္အက်ီကိုထုတ္ဝတ္
လိုက္တယ္ ၿပီးတာနဲ႔ေအာက္ထပ္ကိုဆင္းလာ
လိုက္ေတာ့တယ္

"ေဒၚက်င္ပါ က်ေနာ္တို႔နဲ႔တစ္ခါတည္းဝင္စားေလ"

"ေဒၚက်င္ကစားၿပီးၿပီ သားရဲ႕အေဖနဲ႔သာ စားေတာ့"

"ဟုတ္ကဲ့ အေဖထမင္းစားမယ္ေလ"

"ေအး..လာၿပီ"

သားကေခၚေနတာေၾကာင့္ ဖတ္လက္စ သတင္းစာေလးကို ေဘးနားခ်ၿပီး ထမင္းစားခန္းထဲဝင္
လာေတာ့သည္

ဟင္းခတ္ခ်င္ရင္ လူႀကီးရဲ႕ပန္းကန္ထဲဦးခ်ၿပီးမွ စားရမယ္လို႔ေျပာထားတာ အက်င့္ျဖစ္ေနလို႔ ပါးပါးပန္းကန္ထဲ ဟင္းထည့္ၿပီးမွ စားလိုက္
ေတာ့သည္ ပါးပါးကထမင္းစားရင္ စကားေျပာတာမႀကိဳက္လို႔ ထမင္းဝိုင္းေလးကတိတ္ဆိတ္
ေနတာေပါ့

"ပါးပါး..သားလုပ္စရာေလးရွိလို႔ အေပၚတက္
ႏွင့္ေတာ့မယ္"

"ေအးပါ ညဘက္ ညဥ့္နက္တဲ့အထိမေနနဲ႔"

"ဟုတ္"

အခန္းထဲေရာက္တာနဲ႔ စာၾကည့္စားပြဲခုံဆီသြားၿပီး laptopကိုဖြင့္လိုက္တယ္ မနက္ကေတြ႕ခဲ့တဲ့ဟိုလူ႔အေၾကာင္းကို ရွာဖို႔အတြက္
SK Entertainment လို႔႐ိုက္ရွာလိုက္တယ္ က်ေနာ္ပဲ social media ကို သိပ္မသုံးလို႔ သူ႔ကိုမသိတာလား မသိဘူး media ေပၚမွာ သူ႔အေၾကာင္းေတြပဲ ပလူပ်ံေနတာပဲ သူ႔နာမည္က

*စိုင္းထက္ဉာဏ္*

ေဒါက္! ေဒါက္!

"သားေရ ေဒၚက်င္ဝင္ခဲ့မယ္ေနာ္"

"ဟုတ္ကဲ့ ေဒၚက်င္"

ေဒၚက်င္က က်ေနာ္ေသာက္ဖို႔အတြက္ ႏြားႏို႔
ခြက္ကို ယူၿပီး အေပၚတက္လာတယ္ေလ က်ေနာ္ေတာ့ လူႀကီးကိုအလုပ္ရႈပ္ေစမိၿပီ

"ေဒၚက်င္ရယ္ က်ေနာ္လာယူမွာေပါ့
ဘာလို႔အေပၚတက္လာတာလဲ"

"သားေသာက္ဖို႔ေပါ့"

"ဟုတ္"

က်ေနာ့္ကိုႏြားႏို႔ခြက္ေလး ကမ္းေပးတာမို႔ လွမ္းယူၿပီးေမာ့ေသာက္လိုက္တယ္ ႏြားႏို႔ခြက္ေလးကိုဗန္းထဲျပန္ခ်မလို႔လုပ္ေတာ့ ေဒၚက်င္က laptopကိုေငးၾကည့္ေနတယ္ေလ ေဒၚက်င္က ျမန္မာစာေတာင္ သိပ္ဖတ္တတ္တာမဟုတ္ဘူး
Laptop ကို စူးစူးစိုက္စိုက္ၾကည့္ေနၿပီး
ပါးစပ္ကအသံမထြက္ဘဲ စာလုံးေပါင္းေနသည္။

"ေဒၚက်င္ကို က်ေနာ္ေျပာျပမယ္ သူ႔ကိုက်ေနာ္
မနက္ကေတြ႕လိုက္တယ္ အဲ့တာသူ႔အေၾကာင္းသိခ်င္လို႔ရွာၾကည့္ေနတာ"

"ေအာ္...ဒါနဲ႔..ဒီဟာကဘာလဲ G...o..o.."

"Good-looking ၾကည့္လို႔ေကာင္းတယ္လို႔ေျပာတာ"

"ဒါကေရာ A..t..t..r"

"Attractive ဆြဲေဆာင္မႈရွိတယ္လို႔ေျပာတာ"

"ေအာ္ ဒီေကာင္ေလးကေခ်ာသားပဲ အဲ့တာ
ေၾကာင့္သူ႔ကို ၾကည့္လို႔ေကာင္းၿပီး ဆြဲေဆာင္မႈရွိ
တယ္လို႔ေျပာတာလား"

"ဟုတ္တယ္ ေဒၚက်င္"

"ေအးကြယ္ ေဒၚက်င္ေအာက္ဆင္းေတာ့မယ္ သားလည္းေစာေစာအိပ္"

"ဟုတ္ကဲ့"

ေဒၚက်င္ထြက္သြားတာနဲ႔ laptopေပၚက ဟိုလူရဲ႕
Accကို ဖုန္းနဲ႔ရွာလိုက္တယ္ ခ်က္ခ်င္းဆိုသလို ရွာလို႔ေတာ့တာနဲ႔ သူ႔ရဲ႕accကိုအပ္လိုက္တယ္
မနက္ေစာေစာထရမွာမလို႔ဖုန္းကို alarm ေပးၿပီး အိပ္လိုက္ေတာ့တယ္

အဟက္! ျမန္သားပဲ မင္းကလြယ္လြယ္နဲ႔ငါ့ဆီ
ေရာက္လာတာပဲ.......

La Yaung Nge(2.2.2022)
Comment ဝင္ေရးပါမကိုက္စားပါဘူး👀

Continue Reading

You'll Also Like

3.6M 152K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.2M 14.9K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...
76.3K 1.1K 32
Alena hasn't seen Anakin in 10 years. When he gets back to Coruscant, she is amazed at how much he has grown. Will she be able to save Anakin and als...
1.9M 113K 42
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...