(Completed) Reborn as a good...

By Xiao_Yiii

1.9M 298K 9K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《112》

10.4K 1.7K 53
By Xiao_Yiii

Unicode

အခန်း(၁၁၂) - ကားတိုက်မှု

ထွက်လာတဲ့ နာမည်သုံးမျိုးထဲမှာ ရိဟန်ကတော့ ဝေချွမ်းကို သံသယဝင်မိပြီး အဓိကအာရုံစိုက်လိုက်သည်။ အကြောင်းကတော့  'စိတ်ရောဂါ' ကြောင့်ပဲ။ သူက ဖုန်းကို ကောက်ကိုင်လိုက်၍ သူ့ကိုယ်ရံတော်တစ်ယောက်အား ခေါ်လိုက်၏။

"ချန်ဖုန်း(Bodyguard A) ဒီကိုခဏလောက် လာခဲ့ပါဦး"

မကြာခင်မှာ အရပ်ရှည်ရှည်နဲ့ ချန်ဖုန်းက အခန်းထဲသို့ ဝင်လာကာ ရိဟန်အား လေးလေးစားစား နှုတ်ဆက်လေသည်။

"သခင်ငယ်လေး"

ရိဟန်က ထိုလူသုံးယောက်ရဲ့ အချက်အလက်များ ပါဝင်သည့် စာရွက်အား email ကနေ ကော်ပီကူးယူလိုက်ပြီး ပြောလိုက်သည်။

"လူတစ်ချို့လောက် ရှာပြီး ဒီလူတွေကို ဘယ်သူမှ မသိအောင် စုံစမ်းပေးပါ, သူတို့ဘာလုပ်နေလဲ ဘယ်သွားလဲ ဘယ်သူတွေနဲ့ စကားပြောလဲ ဆိုတာ ကျွန်တော်သိချင်တယ်, ပြီးတော့, တစ်စုံတစ်ယောက်ကို လွှတ်ပြီး သူတို့ကို စောင့်ကြည့်ပေးထား, ခင်ဗျားရဲ့ မြင်ကွင်းအောက်ကနေ လွတ်ထွက်မသွားစေနဲ့, မြန်မြန်လေးလုပ်ပေး, မှတ်ထားနော် ဒီအကြောင်း ဘယ်သူမှ မသိစေနဲ့"

"ဟုတ်ကဲ့ပါ, ဆရာ"

ချန်ဖုန်းက စာရွက်ကို လက်ခံယူလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

"စိတ်မပူပါနဲ့, သခင်ငယ်လေး, တတ်နိုင်သမျှ အမြန်ဆုံး ကျွန်တော်လုပ်ပေးပါ့မယ်"

"ကျွန်တော့်ဘေးက လူတွေထဲမှာ" ရိဟန်က ခေါင်းညိတ်ပြလိုက်ပြီး ပြောသည်။

"ခင်ဗျားက လုပ်နိုင်စွမ်း အမြင့်ဆုံးပဲ, ဒီကိစ္စကို ခင်ဗျားကိုင်တွယ်ပေးရင် ကျွန်တော်စိတ်ချနိုင်ပြီ, သွားတော့"

ချန်ဖုန်း၏  ယောက်ျားဆန်သော နှလုံးသားက ချက်ချင်း ထိသွားရသည်။ သူ့မျက်လုံးများက တစ်လက်လက်တောက်ပနေပြီး ကျယ်လောင်စွာ ပြန်ဖြေလာ၏။

"စိတ်မပျက်စေရပါဘူး!" ထို့နောက် သူတစ်ခါမှ မဖြစ်ဘူးတဲ့ ယုံကြည်ချက်တစ်ခုနဲ့အတူ ထွက်သွားတော့သည်။

ချန်ဖုန်းက လျင်မြန်စွာ လုပ်ဆောင်လေသည်။ ထိုနေ့ ညနေခင်းမှာပင် ရိဟန်အား ဖုန်းဆက်ပြီး သတင်းတင်ပို့လာ၏။

"သခင်ငယ်လေး, လူတွေအားလုံး အဆင့်သင့်ဖြစ်ပါပြီ, လီမောက်နဲ့ ထောင်ကျန်းဖိင်တို့က အဆင်ပြေပေမယ့် ဝေချွမ်းနဲ့ ပတ်သတ်လို့တော့ တစ်ခုခုရှိနေတယ်" ချင်ဖုန်းက ပြောသည်။

"အဲ့ဒါဘာလဲ?" ရိဟန်က ကြောက်လန့်တကြား အေးခဲသွားရလေသည်။

"အဲ့ဒီလူက အလုပ်ပြုတ်သွားပြီးနောက်ပိုင်း ကောင်းမွန်တဲ့ အချိန်တွေ မရှိခဲ့ဘူး" ချန်ဖုန်းက ပြန်ဖြေသည်။

"သူက ဟော်တယ်နဲ့ ကုန်တိုက်လို နေရာမျိုးမှာ လုံခြုံရေး လုပ်ခဲ့ပေမယ့် သူ့စိတ်ကျန်းမာရေးက ကြည့်ရတာ မတည်ငြိမ်ပုံပဲ, အဲ့ဒီအလုပ်တွေမှာ သိပ်မမြဲဘူး, အခု အနောက်ပိုင်းခရိုင်မှာ နေနေတယ်, သူနဲ့အတူတူ နေတဲ့ တစ်ယောက်တည်းသောလူက မုဆိုးမ သူ့အမေပဲ, အဲ့ဒီလူက မကြာခဏ ဆိုသလို သခင်မလေး ရွှယ်ချင်းက သူ့မိန်းမဖြစ်ရက်နဲ့ တစ်ခြားယောကျာ်းတစ်ယောက်နဲ့ ထွက်ပြေးသွားတာပါလို့ အော်ဟစ်ကြွားဝါတတ်တယ် သူ့ပတ်ဝန်းကျင်ကလည်း သခင်မလေး ရွှယ်ချင်းကို မသိကြတဲ့အတွက် အဲ့ဒါက မှန်တယ်လို့ပဲ ထင်နေကြတာ, တစ်ချို့ဆိုရင် 'ထွက်ပြေးသွားတဲ့မိန်းမ' ကြောင့် သူ့ရောဂါအခြေအနေက ပိုဆိုးလာတယ်လို့တောင် ထင်နေကြတယ်"

"ဒီခွေးကောင်ကတော့!" ရိဟန်က အံကိုကြိတ်ရင်း ဒေါသတကြီး ဖြစ်သွား၏။

"ဘယ်လိုများ သူက မမရဲ့ ဂုဏ်သတင်းကို ဖျတ်ဆီးရဲရတာလဲ?"

"သူက အရမ်းယုံကြည်မှု ရှိနေပြီး  သူ့ဇာတ်လမ်းသူ ယုံနေတာ" ဖုန်းကနေတစ်ဆင့် ပြန်ဖြေသံ ထွက်လာသည်။

"ကြည့်ရတာ သူကိုယ်တိုင်ကပါ အဲ့ဒါက အမှန်တရားလို့ ယုံကြည်နေပုံပဲ, ဒါပေမဲ့ အဲ့ဒါက အရေးကြီးဆုံး အချက်အလက် မဟုတ်သေးဘူး, လွန်ခဲ့တဲ့ ရက်အနည်ငယ်တုန်းက အမျိုးသမီး လှလှလေးတစ်ယောက် ရုတ်တရက် ပေါ်လာတယ်, သူမက တစ်ညလုံးတောင် နေခဲ့သေးတယ်, အဲ့ဒီအချိန်ကတည်းက သူမက မကြာခဏ ပေါ်လာတတ်တယ်, ဝေချွမ်းရဲ့ ဒေါသက ပိုပြီးတောင် ပေါက်ကွဲထွက်လာပုံပဲ, တစ်ခါတစ်လေဆိုရင် 'သူ့ကိုသတ်မယ် သူမကို သတ်မယ်' လို့ ပြောလေ့ရှိတယ်, သူ့အိမ်နီးနားချင်းတွေလည်း သူ့ကိုရှောင်ရှားကုန်ကြပြီ, အခု သူနဲ့ အဲ့ဒီအမျိုးသမီးက ကားသွားငှားနေကြတယ်, သူတို့ ကားငှားလိုက်ပေမယ့် အဲ့ဒီအမျိုးသမီးကတော့ မစီးသွားဘူး, ဝေချွမ်းတစ်ယောက်တည်း မောင်းထွက်သွားတာ, အခု ကျွန်တော်တို့လူတွေ သူ့နောက် လိုက်နေကြတယ်"

ရိဟန်ရဲ့ တစ်ကိုယ်လုံး အေးစိမ့်မှုတစ်ခု ဖြတ်သန်းသွားသည်။ ချက်ချင်းပင်သူက အရင်ဘဝက ချန်ထျန်းယောင်ရဲ့ ကြောက်စရာကောင်းတဲ့ ခန္တာကိုယ်အကြောင်း သတိရသွား၏။

"ကျွန်တော့်အမ အခုဘယ်မှာလဲ?" သူက ဖုန်းကနေတစ်ဆင့် အော်လိုက်လေသည်။

"ကျွန်တော်မသိဘူး" ချန်ဖုန်းက စိတ်ရှုပ်ထွေးစွာဖြင့် ပြန်ဖြေသည်။ သခင်ငယ်လေးက ဒီသတင်းကြောင့် တုန်လှုပ်သွားမယ်လို့ သူမထင်ခဲ့မိပေ။

ရိဟန်က အလျင်စလို ဖုန်းချလိုက်ပြီး ရွှယ်ချင်းအား ဖုန်းပြန်ခေါ်လေသည်။ သူက တောက်လျှောက်ခေါ်နေပေမယ့်လည်း သူမရဲ့ နံပါတ်က တစ်ချိန်လုံး မအားပါဘူးဟု ပြောနေသည်။

အခုချိန်မှာ ရိဟန်က ထိတ်လန့်မှုဖြင့် လွှမ်းခြုံနေလေပြီ။ သူက ချန်ထျန်းယောင်အား ခေါ်လိုက်သောအခါ ကံကောင်းထောက်မစွာဖြင့် ထိုလူက အလျင်အမြန် ပြန်ဖြေလာသည်။

"ရိဟန်?" ထျန်းယောင်က ပြောသည်။

"တစ်ခုခု လိုအပ်တာ ရှိလို့လား?"

"ထျန်းယောင်, ခင်ဗျားအခု ကျွန်တော့်အမနဲ့ အတူတူ ရှိနေတာလား?" ရိဟန်ရဲ့ ပါးစပ်ကနေ စကားလုံးများ အလျင်စလို ထွက်ကျလာသည်။

"ဟင့်အင်း, ကိုယ်ကအခု ရုံးမှာ, တစ်ခုခုဖြစ်လို့လား?" ထျန်းယောင်က ကြောင်တောင်တောင် ဖြစ်သွားမိသည်။

"သူမအခု အန္တာရယ် ရှိနေနိုင်တယ် ဒါပေမဲ့ ဖုန်းမကိုင်လို့!" ရိဟန်က မျက်ရည်ကျလုနီးပါးပင်။

"ဘာဖြစ်တယ်?" ထျန်းယောင်က ထိတ်လန့်တကြား ထအော်မိ၏။

"ရွှယ်ချင်းကအခု ရုံးခန်းမှာ ရှိနေလောက်တယ်, ကိုယ်အခု ချက်ချင်းသွားလိုက်မယ်!"

'အင်း' ဆိုတဲ့စကားလုံးက ရိဟန်ရဲ့ နှုတ်ခမ်းမှ ထွက်သွားသည့် တစ်ခဏမှာပင် ထျန်းယောင်က ဖုန်းချသွားတော့သည်။ သူက ဘာဆက်လုပ်ရမှန်း မသိတော့ပဲ ရွှယ်ချင်းအား နောက်တစ်ခေါက် ဖုန်းထပ်ခေါ်ပေမယ့် ဆက်သွယ်လို့ မရသေးပေ။ သူက ဖုန်းအား အိတ်ကပ်ထဲ ထည့်လိုက်ပြီး သူ့သော့အား ပြေးယူကာ အိမ်ထဲကနေ အလျင်စလို ထွက်တော့သည်။

"သခင်ငယ်လေး" အန်တီယန်းက သူ့ကိုလှမ်းအော်ခေါ်သည်။

"ဘယ်သွားမလို့လဲ? ဒါရိုက်ဘာခေါ်ပေးမယ်လေ!"

"ရတယ်" ရိဟန်က သူ့ခြေလှမ်းကို မရပ်တန့်ပဲ ပြန်အော်ပြောသည်

"ကျွန်တော် ကိုယ့်ဘာသာကိုယ် မောင်းသွားလိုက်မယ်"

အန်တီယန်းက စိတ်ပူပန်မှုများနဲ့ လှည်ပတ်နေတဲ့အချိန်မှာ အသိတရားတစ်ခုက သူမကိုရိုက်ခတ်လိုက်သည်။ သူက အိမ်ဖုန်းဆီ ပြေးသွားပြီး ကျင်းယွမ်အား ခေါ်လိုက်၏။ ကျင်းယွမ်က သူ့ရုံးသို့ ပြန်ရောက်ခါစအချိန်မှာပင် သူ့ဖုန်းက မည်လာသည်။ တစ်ချက်ကြည့်ရုံနဲ့ ဒါက ပိုင်မိသားစု အိမ်ဖုန်းဆိုတာ သိလေသည်။ သူက ရိဟန်များလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖုန်းကိုင်လိုက်သော်လည်း အန်တီယန်း အသံကိုသာ ကြားလိုက်ရသည်။

"Mr မု, အခုလေးတင် သခင်ငယ်လေးက ဘာဖြစ်လို့လဲမသိဘူး ဖုန်းပြောပြီးတာနဲ့ ပြေးထွက်သွားတယ်" အန်တီယန်းက စိုးရိမ်တကြီးဖြစ်နေသည်။

"သူက ဒါရိုက်ဘာလည်း မခေါ်ပဲ သူ့ဘာသာသူ မောင်းသွားတာ, သူပြောတာတော့ ကိုယ့်ဘာသာကိုယ်ပဲ မောင်းသွားမယ်တဲ့! ဒါက အရမ်းအန္တာရယ်များတယ်!"

ကျင်းယွမ်သည်လည်း အံအားသင့်သွားမိသည်။ သူ့အသေးလေးက သူ့စကားကို အမြဲ နားထောင်တယ် ဆိုတာ သူသိသည်လေ။ ဒီမနက် အိမ်ကနေ ထွက်လာတုန်းက ဖြစ်နိုင်ရင် ရိဟန်ကို အိမ်ကနေ မထွက်သွားနဲ့လို့ မှာခဲ့သည်သာ။ အကယ်၍ ရိဟန်က ထွက်သွားမယ် ဆိုရင်လည်း ကျင်းယွမ်ကို အရင်ဆုံး ခေါ်လိမ့်မယ်။ ကျင်းယွမ်အနေနဲ့ ရိဟန်ကို ကိုယ်တိုင်သွားကြိုပေးမှာပင်။ ဘာလို့များ ဒီလိုအချိန်မျိုးမှာ သူ့အသေးလေးက အပြေးအလွှားနဲ့ အိမ်ကနေ ထွက်သွားပြီး ကိုယ်တိုင်မောင်းသွားရတာလဲ?

"စိတ်မပူနဲ့" ကျင်းယွမ်က ပြန်ပြောသည်။

"ကျွန်တော်သူ့ကို သွားရှာလိုက်မယ်"

ကျင်းယွမ်က ဖုန်းချလိုက်ပြီးတာနဲ့ ရိဟန်အား ပြန်ခေါ်လိုက်သည်။ သို့သော်လည်း ရိဟန်ရဲ့ ဖုန်းက ရွှယ်ချင်းကို တောက်လျှောက်ခေါ်နေတာကြောင့် မအားပေ။ ကျင်းယွမ်ရဲ့ ဖုန်းခေါ်ဆိုမှုက မရောက်ဘူးဖြစ်နေသည်။ ကျင်းယွမ်က သူ့စားပွဲကို တွန်းထုတ်လိုက်ပြီး သူ့အပေါ်ဝတ်ကိုပင် မယူတော့ပဲ ရုံးခန်းကနေ ပြေးထွက်သွားတော့၏။

အန်တီယန်းက ဖုန်းအား ဖုန်းအိမ်ပေါ် ပြန်တင်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

အန်, နေဦး, ဘာလို့သူ Mr မုကို ဖုန်းအရင် ခေါ်မိပါလိမ့်? သခင်ကြီးကို ဖြစ်ဖြစ် သခင်လေးကိုဖြစ်ဖြစ် ခေါ်လိုက်ရမှာ မဟုတ်ဘူးလား? ဘယ်လိုပဲဖြစ်ဖြစ်ပါ Mr မုကို ခေါ်လိုက်တာလည်း ဘာမှ မထူးခြားပါဘူး

ရိဟန်က ကားဂိုဒေါင်ဆီ သွားပြီး နီလာပြာရောင် ပြိုင်ကား တစ်စီးအား ယူထုတ်လာသည်။ ၎င်းသည် အရင်နှစ်က သူ့အကိုကြီးဆီက ရထားသော မွေးနေ့လက်ဆောင်ပင်။ သူ့မိသားစုက သူ့ကို ကားလက်ဆောင် ပေးပေမယ့်လည်း ဘယ်သူကမှ သူကိုယ်တိုင် မောင်းနှင်ခွင့် မပေးချေ။ ပုံမှန်ဆိုရင် ဒါရိုက်ဘာနဲ့ပဲ သွားရတာကြောင့် ထိုကားက ဂိုဒေါင်ထဲမှာ တစ်နှစ်ပတ်လုံး ရှိနေသည်။

ထိုကားကို တစ်ခါတစ်လေ ပုံမှန်စစ်ဆေးခြင်းနှင့် ပြုပြင် ထိန်းသိမ်းခြင်းအတွက်သာ ထုတ်ယူတတ်ပေသည်။ ရိဟန်သည် သူ့အကိုကြီးကသူ့ကို ဘာကြောင့် ကားတစ်စီး လက်ဆောင်ပေးခဲ့လဲ ဆိုတာ မသိပေမယ့် အခုချိန်မှာတော့ ထိုလက်ဆောင်အတွက် အရမ်းကျေးဇူးတင်နေမိသည်။ ဒါက သူသုံးနိုင်တဲ့တစ်ခုတည်းသော ကားသော့ပင်။ အကယ်၍ သူစီးနေကျ ယဉ်မောင်းပါတဲ့ ကားဆိုရင် စောင့်နေရမှာ။ လက်ရှိအချိန်မှာ  တစ်စက္ကန့်လေးတောင် မဖြုန်းတီးနိုင်ဘူးလေ။

သူ့နှလုံးသားက တစ်ဆတ်ဆတ် ခုန်နေမိသည်။ အကယ်၍ အဲ့ဒီ ဆိုက်ကိုကောင်က ဒီနေ့ သူ့အမကို ပစ်မှတ်ထားတာ မဟုတ်ဘူးဆိုရင်တော့ ကိစ္စမရှိဘူး။ ဒါပေမဲ့ ရွှယ်ချင်းနဲ့ ထျန်းယောင်တို့ သူ့ရှေ့မှာ ကျန်းကျန်းမာမာနဲ့ မတ်တပ်လာမရပ်ပြသ၍ သူ့စိုးရိမ်မှုကို ရပ်လို့မရတာတော့ မတတ်နိုင်ဘူး။

ထိုသို့ မောင်းသွားနေတဲ့ တစ်လျှောက်လုံး သူက ရွှယ်ချင်းဖုန်းအား တောက်လျှောက် ခေါ်နေပါသော်လည်း သူမရဲ့ ဖုန်းကတော့ တစ်ချိန်လုံး မအားပါဟုသာ ပြနေသည်။ missed call ပေါင်း ဒါဇင်ကျော်ပြီးနောက်မှာတော့ သူမရဲ့ ဖုန်းက ပိတ်ကျသွားတော့၏။ ရိဟန်မှာ မယုံနိုင်လောက်အောင်ပင် စိတ်ဓာတ်ကျသွားရတော့သည်။ သူ့ခြေထောက်က gas pedal အား ဖိနင်းထားတာကြောင့် ကားက အဆောက်အဦးတွေကြားထဲ တရိပ်ရိပ်ပြေးနေသည်။ ထိုအချိန်မှာပဲ ကျင်းယွမ်ဆီက ဖုန်းဝင်လာလေသည်။

"ဟန်ဟန်, မင်းဘယ်မှာလဲ?" ရိဟန်ပြန်ဖြေလိုက်တဲ့ တစ်ခဏမှာပဲ ကျင်းယွမ်က ပြောလာသည်။
"ဘာဖြစ်လို့လဲ?"

ရိဟန်က သူဘာလုပ်နေလဲ ဆိုတာ တစ်ဖက်လူ ဘယ်လိုသိသွားလဲ ဂရုမစိုက်နိုင်တော့ပေ။ သူ့ချစ်သူရဲ့ အသံကို ကြားလိုက်ရတဲ့အချိန်မှာ သူ့နှလုံးသားက တည်ငြိမ်သွားရသည်လေ။ သူက အကြိမ်အနည်းငယ် အသက်ပြင်းပြင်း ရှုလိုက်ပြီးမှ အနည်းငယ် စိတ်ငြိမ်သွားသည်။

"မမမှာ အန္တာရယ် ရှိနေပုံရတယ်" ရိဟန်က ပြောသည်။
"ငါသူ့ဆီ သွားနေတာ!"

"ရွှယ်ချင်းက အခုဘယ်မှာလဲ?" ကျင်းယွမ်က မေးသည်

"ကိုယ့်ကိုပြော, ကိုယ်သွားလိုက်မယ်!"

"ငါထျန်းယောင်ကို ဖုန်းခေါ်ထားတယ်, သူပြောတာတော့ သူမက ရုံးမှာ ရှိနေလိမ့်မယ်တဲ့, ငါအခု သွားစစ်ကြည့်မလို့, စိတ်ပူတာကို မထိန်းနိုင်တော့ဘူး"

လူငယ်လေးရဲ့ အသံထဲက ထိတ်လန့်မှုကို ကြားရတာကြောင့် ကျင်းယွမ်ရဲ့ စိုးရိမ်မှုများ တိုးလာသည်။

"ဟန်ဟန် မလန့်နဲ့" သူက ချောမော့လိုက်သည်။

"ရွှယ်ချင်းက အခု ရုံးမှာမှတ်လား ဟုတ်တယ်နော်? ကိုယ်အဲ့ဒီကို မကြာခင် ရောက်မယ်, သူမကို ဘယ်လို အန္တာရယ်မှ ကျရောက်စေမှာမဟုတ်ဘူး, ဂရုတစိုက်မောင်းနော်, လုံခြုံရေး ခါးပတ်ရော ပတ်ထားရဲ့လား?"

ရိဟန်က ပျာယာခတ်နေတဲ့ အခြေအနေနဲ့ ကားကို ဂိုဒေါင်ထဲက ချက်ချင်း ထုတ်လာပြီး မောင်းထွက်လာတာလေ... ဘယ်လိုလုပ် အဲ့ဒါကိုဝတ်ဖို့ သတိရမှာလဲ? ထိုသတိပေးစကားကို ကြားလိုက်ရတော့မှသာ သူ့လက်ကို စတီရီယာတိုင်ကနေ မလိုက်ပြီး လုံခြုံရေးခါးပတ်ကို ကောက်တပ်လိုက်ရသည်။

"တပ်လိုက်ပြီ" သူက အပြစ်ရှိဟန်လေးဖြင့် ပြန်ဖြေလာသည်။

ဘယ်လောက်တောင်လဲ မသိတဲ့ မီးပွိုင့်များစွာကို ဖြတ်ကျော်ပြီးနောက်မှာ နောက်ဆုံးတော့ ပိုင် group ရဲ့ ရုံးခန်းအဆောက်အဦး ရှိရာသို့ ချဉ်းကပ်လာသည်။ အဝေးကနေ ရုံးခန်းတံခါးကနေ ထွက်လာတဲ့ ရွှယ်ချင်းနဲ့ အနီးအနား ကားပါကင်က ထွက်လာတဲ့ ထျန်းယောင်အား မြင်နေရ၏။ သူက စိတ်သက်သာရာရစွာ သက်ပြင်းချဖို့ ပြင်လိုက်စဉ်မှာပင် နောက်ဆက်ဖြစ်သွားတဲ့အရာက သူ့မျက်စံများအား ကြောက်လန့်တကြား ကျယ်လောင်သွားစေသည်။

ထူးခြားနေတဲ့ ငွေရောင် Volkswagen တစ်စီးက ရုတ်တရက် အရှိန်မြှင့်လာပြီး ရွှယ်ချင်းဆီကို ဦးတည်နေတယ်!

ရိဟန်ရဲ့ စိတ်တစ်ခုလုံး ဗလာဖြစ်သွားသည်။ သူက gas pedal အား ဖိနင်းချလိုက်ပြီး ဘေးတစ်ဖက်ကနေ ငွေရောင်ကားဆီ မောင်းဝင်သွားတော့သည်။

ထျန်းယောင်သည် ရွှယ်ချင်းက သူမရဲ့ ရုံးခန်းထဲကနေ အဆင်ပြေစွာ ထွက်လာတာမြင်တော့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူက စကားလှမ်းပြောဖို့ ပြင်လိုက်တဲ့အချိန်မှာ ကားတစ်စီးက ရွှယ်ချင်းဘက်ကို မောင်းဝင်လာတာကို မြင်လိုက်ရတယ်!

သူက တစက္ကန့်တောင် တုန့်ဆိုင်းမနေ။ သူမကို လှမ်းဆွဲကာ ဖက်လိုက်ပြီး သူ့လက်မောင်းကြားထဲ ဖက်ထားရင်းဖြင့်ပင် ဘေးတစ်ဖက်ကို လှိမ့်လိုက်သည်။ ထို့နောက် သူ့ခြေထောက်နေရာက စူးရှရှ ထိုးခွဲသွားတဲ့ နာကျင်မှုအား ခံစားလိုက်ရပြီး သူ့နောက်ကျောမှ ကျယ်လောင်သည့် တိုက်သံတစ်ခုအား ကြားလိုက်ရလေသည်။ 

သူ့ဘေးက လူများဆီက ကြောက်လန့်တကြား အော်ဟစ်သံများကိုလည်း ကြားရလေသည်။ သူလှည့်ကြည့်လိုက်သောအခါ Volkswagen  ကားက သူ့ခြေထောက်ကို ရှပ်တိုက်သွားတဲ့အချိန်မှာပဲ နီလာပြာရောင် ပြိုင်ကားတစ်စီးက ထောင့်တစ်နေရာက ဝင်လာခြင်းပင်။ ငွေရောင်ကားက သက်ရောက်မှု ကြီးကြီးမားမား ခံလိုက်ရတာကြောင့် မြေပြင်နှင့် ပေအနည်းငယ်လောက် ကွာဝေးသွားရ၏။ ယာဉ်တိုက်မှု ပြီးသွားတဲ့အချိန်မှာ ကားနှစ်စီးလုံးရဲ့ ရှေ့ပိုင်းက အတော်လေး စုတ်ပျက်နေသည်။ 

ထျန်းယောင်မှာ သေခြင်းတရားနဲ့ လက်တကမ်းအလို ဖြစ်သွားတာကြောင့် တစ်ကိုယ်လုံး ချွေးအေးများ ထွက်လာရသည်။ အကယ်၍ အဲ့ဒီ ပြိုင်ကားကြောင့်သာ မဟုတ်ဘူးဆိုရင် သူသေသွားမှာ သေချာပေါက်ပဲ။ အကယ်၍ ရွှယ်ချင်းက အဆင်ပြေရင်တောင်မှပေါ့

သူက သူ့လက်မောင်းကြားထဲက လူကို အမြန်အဆန် ကြည့်လိုက်၏။ ရွှယ်ချင်းက ထိတ်လန့်သွားသော်လည်း ရုပ်ပိုင်းဆိုင်ရာ အရတော့ အဆင်ပြေသည်။ သို့သော်လည်း ဒီနေ့သူမက စကတ်ဝတ်ထားတာကြောင့် လှိမ့်လိုက်တဲ့အချိန်မှာ သူ့မရဲ့ ဒူးခေါင်းတစ်ခုလုံး ပွန်းပဲ့သွားသည်။

ထျန်းယောင်က အသက်ပြင်းပြင်း ရှုထုတ်လိုက်ပြီး ရွှယ်ချင်းအား ထနိုင်စေရန် ကူညီပေးလေသည်။ သူကပြိုင်ကားထဲက ကားမောင်းသမားကို သွားစစ်ဆေးဖို့ ပြင်လိုက်တဲ့အချိန်မှာ ဘရိတ်အုတ်လိုက်တဲ့ အသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူလှမ်းကြည့်လိုက်တော့ ကားထဲက ပြေးထွက်လာသည့် ကျင်းယွမ်အား မြင်လိုက်ရလေသည်။ ထိုလူက ရုံးဝတ်စုံအား ဝတ်ဆင်ထားဆဲပင်။ ကျင်းယွမ်က ပြိုင်ကားရှိရာသို့ တန်းတန်းမတ်မတ် ပြေးသွားပြီး ယာဉ်မောင်း၏ ဘေးတံခါးကို ကျယ်ကျယ်ဖွင့်ကြည့်လိုက်သည်။ ရွှယ်ချင်းက သူမရဲ့ ကယ်တင်သူအား ချောင်းကြည့်လိုက်တာကြောင့် ကြောက်လန့်တကြား အော်လိုက်မိတော့၏။ သူမတစ်ကိုယ်လုံးက နေရာမှာတင် တုန်ယင်သွားသည်။

ကားမောင်းသူက ပိုင်ရိဟန်ပင်။ သူက ဒါရိုက်ဘာထိုင်ခုံမှာ ထိုင်နေပြီး သူ့နှဖူးက သွေးများစီးကျနေရင်းဖြင့် ငြိမ်သက်နေသည်။ ကြည့်ရတာ ဆိုးဝါးတဲ့မြင်ကွင်းတစ်ခုပဲ။

ကျင်းယွမ်မှာ အသက်ရှုမြန်ဆန်လာကာ ကားတံခါးဘောင်ကို ကိုင်ပြီး သူ့ကိုယ်သူ ထောက်ပံ့လိုက်ရသည်။ ဒီလိုမျိုး ကူကယ်ရာမဲ့ပြီး ဆုံးရှုံးသလို ခံစားရတာ ပထမဆုံးအကြိမ်ပဲ။ သူရိဟန်ကို ထိသင့်ရဲ့လားတောင် မသိတော့ဘူး။ ထျန်းယောင်က ဖုန်းကို ချက်ချင်းထုတ်ပြီး လူနာတင်ယာဉ်လှမ်းခေါ်လိုက်သည်။ ဘယ်သူကမှ ရိဟန်ကို မထိရဲကြ။ နောက်ဆုံးတော့ လူနာတင်ကား ရောက်လာတဲ့အထိ စောင့်နေကြရသည်။ ထို့နောက် ဆေးမှုးများ ရောက်လာပြီး ထိုအမျိုးသားလေးရဲ့ လုံခြုံရေးခါးပတ်အား ဖြုတ်ပေးကာ ညင်ညင်သာသာနဲ့ ထမ်းစင်ပေါ် သယ်သွားကြ၏။

ကျင်းယွမ်၊ ထျန်းယောင်နဲ့ ရွှယ်ချင်းတို့ အားလုံး လူနာတင်ယာဉ်ပေါ် တက်လိုက်ကြလေသည်။ ငွေရောင် Volkswagen ကားထဲက သတိလစ်နေသည့် ကားမောင်းသူကိုလည်း ပိုင်မိသားစု သက်တော်စောင့်များက ဆွဲထုတ်ပြီး ဆေးရုံပို့ပေးလိုက်ရသည်။

လူနာတင်ယာဉ်၏ ဥသြသံကို ဖွင့်လိုက်တဲ့အချိန်မှာ ထျန်းယောင်က ကပ္ပတိန်ချန်ကို ဖုန်းဆက်ပြီး ဖြစ်ခဲ့သမျှကို အသေးစိတ် ဖော်ပြလိုက်သည်။ ကပ္ပတိန်ချန်က ထျန်းယောင်အား သူနဲ့ဖန်းရီတို့ ဆေးရုံသွားပြီး ဒါရိုက်ဘာကို ဖမ်းဆီးလိုက်မည်ဖြစ်ကြောင်း ကတိပေးလာသည်။

ရိဟန်အား ဆေးရုံအရေးပေါ်ခန်းဆီ ခေါ်သွားတဲ့အချိန်မှ သုံးယောက်သား အသက်ဝဝရှုမိသည်။ သူနာပြုတစ်ယောက် ထွက်လာပြီး ပဏာမ စစ်ဆေးမှုများအရ ရိဟန်မှာ အသက်အန္တာရယ် မရှိဘူးလို့ အကြောင်းကြားမှသာ စိတ်သက်သာရာရလေသည်။

ထျန်းယောင်က ရွှယ်ချင်းရဲ့ ပွန်းပဲ့ရာများကို ပြန်သတိရသွားသည်။ သူက သူမအတွက် ဆရာဝန်ရှာပေးဖို့ ထလိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်မှာ ဒူးထောက်ကျသွားပြီး ကြမ်းပြင်ပေါ် ပစ်ကျသွား၏။ ကျန်တဲ့နှစ်ယောက်က ကြောက်လန့်တကြားဖြင့် သူ့ကို ထူမရန် ပြေးလာသော်လည်း ထျန်းယောင်က ခါးသက်သက်အပြုံးဖြင့် သူ့လက်ကို ဝှေ့ယမ်းပြလေသည်။ သူက ယောင်ကိုင်းနေတဲ့ ညာဘက်ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ဘောင်းဘီကို လိပ်တင်လိုက်သည်။ ထိုကားက သူ့ခြေထောက်ကို ပွတ်သွားရုံမဟုတ်ဘူးလေ တိုက်ပါတိုက်သွားတာ... ရိဟန်အတွက် အရမ်းစိတ်ပူပန်နေလို့သာ နာကျင်မှုကနေ ကင်းဝေးနေအောင်ကူညီပေးခဲ့တာပဲ

ထိတ်လန့်တကြား လေပွေတစ်ခုက စင်္ကြန်ဆီသို့ နောက်တစ်ဖန် တိုးဝင်လာတော့သည်။ နောက်ဆုံးမှာတော့ သူ့ခြေထောက်က ကျိုးသွားတာဖြစ်ကြောင်း ဆရာဝန်ဆီက အကြောင်းကြားချက် ရလိုက်တော့လေသည်။

1.2.2022

===========

Translator Note

Silent strike မှာ ပါဝင်ပေးကြသူ အားလုံးကို ကျေးဇူးအန္တဏပါရှင်။ အားလုံးဘေးကင်းကျန်းမာပြီး စိတ်လက်ချမ်းသာကြပါစေ။ 

===========
Zawgyi

အခန္း(၁၁၂) - ကားတိုက္မႈ

ထြက္လာတဲ့ နာမည္သံုးမ်ိဳးထဲမွာ ရိဟန္ကေတာ့ ေဝခၽြမ္းကို သံသယဝင္မိၿပီး အဓိကအာရံုစိုက္လိုက္သည္။ အေၾကာင္းကေတာ့  'စိတ္ေရာဂါ' ေၾကာင့္ပဲ။ သူက ဖုန္းကို ေကာက္ကိုင္လိုက္၍ သူ႔ကိုယ္ရံေတာ္တစ္ေယာက္အား ေခၚလိုက္၏။

"ခ်န္ဖုန္း(Bodyguard A) ဒီကိုခဏေလာက္ လာခဲ့ပါဦး"

မၾကာခင္မွာ အရပ္ရွည္ရွည္နဲ႔ ခ်န္ဖုန္းက အခန္းထဲသို႔ ဝင္လာကာ ရိဟန္အား ေလးေလးစားစား ႏႈတ္ဆက္ေလသည္။

"သခင္ငယ္ေလး"

ရိဟန္က ထိုလူသံုးေယာက္ရဲ႔ အခ်က္အလက္မ်ား ပါဝင္သည့္ စာရြက္အား email ကေန ေကာ္ပီကူးယူလိုက္ၿပီး ေျပာလိုက္သည္။

"လူတစ္ခ်ိဳ႔ေလာက္ ရွာၿပီး ဒီလူေတြကို ဘယ္သူမွ မသိေအာင္ စံုစမ္းေပးပါ, သူတို႔ဘာလုပ္ေနလဲ ဘယ္သြားလဲ ဘယ္သူေတြနဲ႔ စကားေျပာလဲ ဆိုတာ ကၽြန္ေတာ္သိခ်င္တယ္, ၿပီးေတာ့, တစ္စံုတစ္ေယာက္ကို လႊတ္ၿပီး သူတို႔ကို ေစာင့္ၾကည့္ေပးထား, ခင္ဗ်ားရဲ႔ ျမင္ကြင္းေအာက္ကေန လြတ္ထြက္မသြားေစနဲ႔, ျမန္ျမန္ေလးလုပ္ေပး, မွတ္ထားေနာ္ ဒီအေၾကာင္း ဘယ္သူမွ မသိေစနဲ႔"

"ဟုတ္ကဲ့ပါ, ဆရာ"

ခ်န္ဖုန္းက စာရြက္ကို လက္ခံယူလိုက္ၿပီး ေလးေလးနက္နက္ ေျပာလိုက္သည္။

"စိတ္မပူပါနဲ႔, သခင္ငယ္ေလး, တတ္ႏိုင္သမွ် အျမန္ဆံုး ကၽြန္ေတာ္လုပ္ေပးပါ့မယ္"

"ကၽြန္ေတာ့္ေဘးက လူေတြထဲမွာ" ရိဟန္က ေခါင္းညိတ္ျပလိုက္ၿပီး ေျပာသည္။

"ခင္ဗ်ားက လုပ္ႏိုင္စြမ္း အျမင့္ဆံုးပဲ, ဒီကိစၥကို ခင္ဗ်ားကိုင္တြယ္ေပးရင္ ကၽြန္ေတာ္စိတ္ခ်ႏိုင္ၿပီ, သြားေတာ့"

ခ်န္ဖုန္း၏  ေယာက္်ားဆန္ေသာ ႏွလံုးသားက ခ်က္ခ်င္း ထိသြားရသည္။ သူ႔မ်က္လံုးမ်ားက တစ္လက္လက္ေတာက္ပေနၿပီး က်ယ္ေလာင္စြာ ျပန္ေျဖလာ၏။

"စိတ္မပ်က္ေစရပါဘူး!" ထို႔ေနာက္ သူတစ္ခါမွ မျဖစ္ဘူးတဲ့ ယံုၾကည္ခ်က္တစ္ခုနဲ႔အတူ ထြက္သြားေတာ့သည္။

ခ်န္ဖုန္းက လ်င္ျမန္စြာ လုပ္ေဆာင္ေလသည္။ ထိုေန႔ ညေနခင္းမွာပင္ ရိဟန္အား ဖုန္းဆက္ၿပီး သတင္းတင္ပို႔လာ၏။

"သခင္ငယ္ေလး, လူေတြအားလံုး အဆင့္သင့္ျဖစ္ပါၿပီ, လီေမာက္နဲ႔ ေထာင္က်န္းဖိင္တို႔က အဆင္ေျပေပမယ့္ ေဝခၽြမ္းနဲ႔ ပတ္သတ္လို႔ေတာ့ တစ္ခုခုရွိေနတယ္" ခ်င္ဖုန္းက ေျပာသည္။

"အဲ့ဒါဘာလဲ?" ရိဟန္က ေၾကာက္လန္႔တၾကား ေအးခဲသြားရေလသည္။

"အဲ့ဒီလူက အလုပ္ျပဳတ္သြားၿပီးေနာက္ပိုင္း ေကာင္းမြန္တဲ့ အခ်ိန္ေတြ မရွိခဲ့ဘူး" ခ်န္ဖုန္းက ျပန္ေျဖသည္။

"သူက ေဟာ္တယ္နဲ႔ ကုန္တိုက္လို ေနရာမ်ိဳးမွာ လံုျခံဳေရး လုပ္ခဲ့ေပမယ့္ သူ႔စိတ္က်န္းမာေရးက ၾကည့္ရတာ မတည္ၿငိမ္ပံုပဲ, အဲ့ဒီအလုပ္ေတြမွာ သိပ္မၿမဲဘူး, အခု အေနာက္ပိုင္းခ႐ိုင္မွာ ေနေနတယ္, သူနဲ႔အတူတူ ေနတဲ့ တစ္ေယာက္တည္းေသာလူက မုဆိုးမ သူ႔အေမပဲ, အဲ့ဒီလူက မၾကာခဏ ဆိုသလို သခင္မေလး ရႊယ္ခ်င္းက သူ႔မိန္းမျဖစ္ရက္နဲ႔ တစ္ျခားေယာက်ာ္းတစ္ေယာက္နဲ႔ ထြက္ေျပးသြားတာပါလို႔ ေအာ္ဟစ္ႂကြားဝါတတ္တယ္ သူ႔ပတ္ဝန္းက်င္ကလည္း သခင္မေလး ရႊယ္ခ်င္းကို မသိၾကတဲ့အတြက္ အဲ့ဒါက မွန္တယ္လို႔ပဲ ထင္ေနၾကတာ, တစ္ခ်ိဳ႔ဆိုရင္ 'ထြက္ေျပးသြားတဲ့မိန္းမ' ေၾကာင့္ သူ႔ေရာဂါအေျခအေနက ပိုဆိုးလာတယ္လို႔ေတာင္ ထင္ေနၾကတယ္"

"ဒီေခြးေကာင္ကေတာ့!" ရိဟန္က အံကိုႀကိတ္ရင္း ေဒါသတႀကီး ျဖစ္သြား၏။

"ဘယ္လိုမ်ား သူက မမရဲ႔ ဂုဏ္သတင္းကို ဖ်တ္ဆီးရဲရတာလဲ?"

"သူက အရမ္းယံုၾကည္မႈ ရွိေနၿပီး  သူ႔ဇာတ္လမ္းသူ ယံုေနတာ" ဖုန္းကေနတစ္ဆင့္ ျပန္ေျဖသံ ထြက္လာသည္။

"ၾကည့္ရတာ သူကိုယ္တိုင္ကပါ အဲ့ဒါက အမွန္တရားလို႔ ယံုၾကည္ေနပံုပဲ, ဒါေပမဲ့ အဲ့ဒါက အေရးႀကီးဆံုး အခ်က္အလက္ မဟုတ္ေသးဘူး, လြန္ခဲ့တဲ့ ရက္အနည္ငယ္တုန္းက အမ်ိဳးသမီး လွလွေလးတစ္ေယာက္ ႐ုတ္တရက္ ေပၚလာတယ္, သူမက တစ္ညလံုးေတာင္ ေနခဲ့ေသးတယ္, အဲ့ဒီအခ်ိန္ကတည္းက သူမက မၾကာခဏ ေပၚလာတတ္တယ္, ေဝခၽြမ္းရဲ႔ ေဒါသက ပိုၿပီးေတာင္ ေပါက္ကြဲထြက္လာပံုပဲ, တစ္ခါတစ္ေလဆိုရင္ 'သူ႔ကိုသတ္မယ္ သူမကို သတ္မယ္' လို႔ ေျပာေလ့ရွိတယ္, သူ႔အိမ္နီးနားခ်င္းေတြလည္း သူ႔ကိုေရွာင္ရွားကုန္ၾကၿပီ, အခု သူနဲ႔ အဲ့ဒီအမ်ိဳးသမီးက ကားသြားငွားေနၾကတယ္, သူတို႔ ကားငွားလိုက္ေပမယ့္ အဲ့ဒီအမ်ိဳးသမီးကေတာ့ မစီးသြားဘူး, ေဝခၽြမ္းတစ္ေယာက္တည္း ေမာင္းထြက္သြားတာ, အခု ကၽြန္ေတာ္တို႔လူေတြ သူ႔ေနာက္ လိုက္ေနၾကတယ္"

ရိဟန္ရဲ႔ တစ္ကိုယ္လံုး ေအးစိမ့္မႈတစ္ခု ျဖတ္သန္းသြားသည္။ ခ်က္ခ်င္းပင္သူက အရင္ဘဝက ခ်န္ထ်န္းေယာင္ရဲ႔ ေၾကာက္စရာေကာင္းတဲ့ ခႏာၱကိုယ္အေၾကာင္း သတိရသြား၏။

"ကၽြန္ေတာ့္အမ အခုဘယ္မွာလဲ?" သူက ဖုန္းကေနတစ္ဆင့္ ေအာ္လိုက္ေလသည္။

"ကၽြန္ေတာ္မသိဘူး" ခ်န္ဖုန္းက စိတ္ရႈပ္ေထြးစြာျဖင့္ ျပန္ေျဖသည္။ သခင္ငယ္ေလးက ဒီသတင္းေၾကာင့္ တုန္လႈပ္သြားမယ္လို႔ သူမထင္ခဲ့မိေပ။

ရိဟန္က အလ်င္စလို ဖုန္းခ်လိုက္ၿပီး ရႊယ္ခ်င္းအား ဖုန္းျပန္ေခၚေလသည္။ သူက ေတာက္ေလွ်ာက္ေခၚေနေပမယ့္လည္း သူမရဲ႔ နံပါတ္က တစ္ခ်ိန္လံုး မအားပါဘူးဟု ေျပာေနသည္။

အခုခ်ိန္မွာ ရိဟန္က ထိတ္လန္႔မႈျဖင့္ လႊမ္းျခံဳေနေလၿပီ။ သူက ခ်န္ထ်န္းေယာင္အား ေခၚလိုက္ေသာအခါ ကံေကာင္းေထာက္မစြာျဖင့္ ထိုလူက အလ်င္အျမန္ ျပန္ေျဖလာသည္။

"ရိဟန္?" ထ်န္းေယာင္က ေျပာသည္။

"တစ္ခုုခု လိုအပ္တာ ရွိလို႔လား?"

"ထ်န္းေယာင္, ခင္ဗ်ားအခု ကၽြန္ေတာ့္အမနဲ႔ အတူတူ ရွိေနတာလား?" ရိဟန္ရဲ႔ ပါးစပ္ကေန စကားလံုးမ်ား အလ်င္စလို ထြက္က်လာသည္။

"ဟင့္အင္း, ကိုယ္ကအခု ရံုးမွာ, တစ္ခုခုျဖစ္လို႔လား?" ထ်န္းေယာင္က ေၾကာင္ေတာင္ေတာင္ ျဖစ္သြားမိသည္။

"သူမအခု အႏာၱရယ္ ရွိေနႏိုင္တယ္ ဒါေပမဲ့ ဖုန္းမကိုင္လို႔!" ရိဟန္က မ်က္ရည္က်လုနီးပါးပင္။

"ဘာျဖစ္တယ္?" ထ်န္းေယာင္က ထိတ္လန္႔တၾကား ထေအာ္မိ၏။

"ရႊယ္ခ်င္းကအခု ရံုးခန္းမွာ ရွိေနေလာက္တယ္, ကိုယ္အခု ခ်က္ခ်င္းသြားလိုက္မယ္!"

'အင္း' ဆိုတဲ့စကားလံုးက ရိဟန္ရဲ႔ ႏွဳတ္ခမ္းမွ ထြက္သြားသည့္ တစ္ခဏမွာပင္ ထ်န္းေယာင္က ဖုန္းခ်သြားေတာ့သည္။ သူက ဘာဆက္လုပ္ရမွန္း မသိေတာ့ပဲ ရႊယ္ခ်င္းအား ေနာက္တစ္ေခါက္ ဖုန္းထပ္ေခၚေပမယ့္ ဆက္သြယ္လို႔ မရေသးေပ။ သူက ဖုန္းအား အိတ္ကပ္ထဲ ထည့္လိုက္ၿပီး သူ႔ေသာ့အား ေျပးယူကာ အိမ္ထဲကေန အလ်င္စလို ထြက္ေတာ့သည္။

"သခင္ငယ္ေလး" အန္တီယန္းက သူ႔ကိုလွမ္းေအာ္ေခၚသည္။

"ဘယ္သြားမလို႔လဲ? ဒါ႐ိုက္ဘာေခၚေပးမယ္ေလ!"

"ရတယ္" ရိဟန္က သူ႔ေျခလွမ္းကို မရပ္တန္႔ပဲ ျပန္ေအာ္ေျပာသည္

"ကၽြန္ေတာ္ ကိုယ့္ဘာသာကိုယ္ ေမာင္းသြားလိုက္မယ္"

အန္တီယန္းက စိတ္ပူပန္မႈမ်ားနဲ႔ လွည္ပတ္ေနတဲ့အခ်ိန္မွာ အသိတရားတစ္ခုက သူမကို႐ိုက္ခတ္လိုက္သည္။ သူက အိမ္ဖုန္းဆီ ေျပးသြားၿပီး က်င္းယြမ္အား ေခၚလိုက္၏။ က်င္းယြမ္က သူ႔ရံုးသို႔ ျပန္ေရာက္ခါစအခ်ိန္မွာပင္ သူ႔ဖုန္းက မည္လာသည္။ တစ္ခ်က္ၾကည့္ရံုနဲ႔ ဒါက ပိုင္မိသားစု အိမ္ဖုန္းဆိုတာ သိေလသည္။ သူက ရိဟန္မ်ားလား ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ဖုန္းကိုင္လိုက္ေသာ္လည္း အန္တီယန္း အသံကိုသာ ၾကားလိုက္ရသည္။

"Mr မု, အခုေလးတင္ သခင္ငယ္ေလးက ဘာျဖစ္လို႔လဲမသိဘူး ဖုန္းေျပာျပီးတာနဲ႔ ေျပးထြက္သြားတယ္" အန္တီယန္းက စိုးရိမ္တႀကီးျဖစ္ေနသည္။

"သူက ဒါ႐ိုက္ဘာလည္း မေခၚပဲ သူ႔ဘာသာသူ ေမာင္းသြားတာ, သူေျပာတာေတာ့ ကိုယ့္ဘာသာကိုယ္ပဲ ေမာင္းသြားမယ္တဲ့! ဒါက အရမ္းအႏာၱရယ္မ်ားတယ္!"

က်င္းယြမ္သည္လည္း အံအားသင့္သြားမိသည္။ သူ႔အေသးေလးက သူ႔စကားကို အၿမဲ နားေထာင္တယ္ ဆိုတာ သူသိသည္ေလ။ ဒီမနက္ အိမ္ကေန ထြက္လာတုန္းက ျဖစ္ႏိုင္ရင္ ရိဟန္ကို အိမ္ကေန မထြက္သြားနဲ႔လို႔ မွာခဲ့သည္သာ။ အကယ္၍ ရိဟန္က ထြက္သြားမယ္ ဆိုရင္လည္း က်င္းယြမ္ကို အရင္ဆံုး ေခၚလိမ့္မယ္။ က်င္းယြမ္အေနနဲ႔ ရိဟန္ကို ကိ္ုယ္တိုင္သြားႀကိဳေပးမွာပင္။ ဘာလို႔မ်ား ဒီလိုအခ်ိန္မ်ိဳးမွာ သူ႔အေသးေလးက အေျပးအလႊားနဲ႔ အိမ္ကေန ထြက္သြားၿပီး ကိုယ္တိုင္ေမာင္းသြားရတာလဲ?

"စိတ္မပူနဲ႔" က်င္းယြမ္က ျပန္ေျပာသည္။

"ကၽြန္ေတာ္သူ႔ကို သြားရွာလိုက္မယ္"

က်င္းယြမ္က ဖုန္းခ်လိုက္ၿပီးတာနဲ႔ ရိဟန္အား ျပန္ေခၚလိုက္သည္။ သို႔ေသာ္လည္း ရိဟန္ရဲ႔ ဖုန္းက ရႊယ္ခ်င္းကို ေတာက္ေလွ်ာက္ေခၚေနတာေၾကာင့္ မအားေပ။ က်င္းယြမ္ရဲ႔ ဖုန္းေခၚဆိုမႈက မေရာက္ဘူးျဖစ္ေနသည္။ က်င္းယြမ္က သူ႔စားပြဲကို တြန္းထုတ္လိုက္ၿပီး သူ႔အေပၚဝတ္ကိုပင္ မယူေတာ့ပဲ ရံုးခန္းကေန ေျပးထြက္သြားေတာ့၏။

အန္တီယန္းက ဖုန္းအား ဖုန္းအိမ္ေပၚ ျပန္တင္လိုက္ၿပီး စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္သည္။

အန္, ေနဦး, ဘာလို႔သူ Mr မုကို ဖုန္းအရင္ ေခၚမိပါလိမ့္? သခင္ႀကီးကို ျဖစ္ျဖစ္ သခင္ေလးကိုျဖစ္ျဖစ္ ေခၚလိုက္ရမွာ မဟုတ္ဘူးလား? ဘယ္လိုပဲျဖစ္ျဖစ္ပါ Mr မုကို ေခၚလိုက္တာလည္း ဘာမွ မထူးျခားပါဘူး

ရိဟန္က ကားဂိုေဒါင္ဆီ သြားၿပီး နီလာျပာေရာင္ ၿပိဳင္ကား တစ္စီးအား ယူထုတ္လာသည္။ ၎သည္ အရင္ႏွစ္က သူ႔အကိုႀကီးဆီက ရထားေသာ ေမြးေန႔လက္ေဆာင္ပင္။ သူ႔မိသားစုက သူ႔ကို ကားလက္ေဆာင္ ေပးေပမယ့္လည္း ဘယ္သူကမွ သူကိုယ္တိုင္ ေမာင္းႏွင္ခြင့္ မေပးေခ်။ ပံုမွန္ဆိုရင္ ဒါ႐ိုက္ဘာနဲ႔ပဲ သြားရတာေၾကာင့္ ထိုကားက ဂိုေဒါင္ထဲမွာ တစ္ႏွစ္ပတ္လံုး ရွိေနသည္။

ထိုကားကို တစ္ခါတစ္ေလ ပုံမွန္စစ္ေဆးျခင္းႏွင့္ ျပဳျပင္ ထိန္းသိမ္းျခင္းအတြက္သာ ထုတ္ယူတတ္ေပသည္။ ရိဟန္သည္ သူ႔အကိုႀကီးကသူ႔ကို ဘာေၾကာင့္ ကားတစ္စီး လက္ေဆာင္ေပးခဲ့လဲ ဆိုတာ မသိေပမယ့္ အခုခ်ိန္မွာေတာ့ ထိုလက္ေဆာင္အတြက္ အရမ္းေက်းဇူးတင္ေနမိသည္။ ဒါက သူသံုးႏိုင္တဲ့တစ္ခုတည္းေသာ ကားေသာ့ပင္။ အကယ္၍ သူစီးေနက် ယဥ္ေမာင္းပါတဲ့ ကားဆိုရင္ ေစာင့္ေနရမွာ။ လက္ရွိအခ်ိန္မွာ  တစ္စကၠန႔္ေလးေတာင္ မျဖဳန္းတီးႏိုင္ဘူးေလ။

သူ႔ႏွလံုးသားက တစ္ဆတ္ဆတ္ ခုန္ေနမိသည္။ အကယ္၍ အဲ့ဒီ ဆိုက္ကိုေကာင္က ဒီေန႔ သူ႔အမကို ပစ္မွတ္ထားတာ မဟုတ္ဘူးဆိုရင္ေတာ့ ကိစၥမရွိဘူး။ ဒါေပမဲ့ ရႊယ္ခ်င္းနဲ႔ ထ်န္းေယာင္တို႔ သူ႔ေရွ႕မွာ က်န္းက်န္းမာမာနဲ႔ မတ္တပ္လာမရပ္ျပသ၍ သူ႔စိုးရိမ္မႈကို ရပ္လို႔မရတာေတာ့ မတတ္ႏိုင္ဘူး။

ထိုသို႔ ေမာင္းသြားေနတဲ့ တစ္ေလွ်ာက္လံုး သူက ရႊယ္ခ်င္းဖုန္းအား ေတာက္ေလွ်ာက္ ေခၚေနပါေသာ္လည္း သူမရဲ႔ ဖုန္းကေတာ့ တစ္ခ်ိန္လံုး မအားပါဟုသာ ျပေနသည္။ missed call ေပါင္း ဒါဇင္ေက်ာ္ၿပီးေနာက္မွာေတာ့ သူမရဲ႔ ဖုန္းက ပိတ္က်သြားေတာ့၏။ ရိဟန္မွာ မယံုႏိုင္ေလာက္ေအာင္ပင္ စိတ္ဓာတ္က်သြားရေတာ့သည္။ သူ႔ေျခေထာက္က gas pedal အား ဖိနင္းထားတာေၾကာင့္ ကားက အေဆာက္အဦးေတြၾကားထဲ တရိပ္ရိပ္ေျပးေနသည္။ ထိုအခ်ိန္မွာပဲ က်င္းယြမ္ဆီက ဖုန္းဝင္လာေလသည္။

"ဟန္ဟန္, မင္းဘယ္မွာလဲ?" ရိဟန္ျပန္ေျဖလိုက္တဲ့ တစ္ခဏမွာပဲ က်င္းယြမ္က ေျပာလာသည္။
"ဘာျဖစ္လို႔လဲ?"

ရိဟန္က သူဘာလုပ္ေနလဲ ဆိုတာ တစ္ဖက္လူ ဘယ္လိုသိသြားလဲ ဂ႐ုမစိုက္ႏိုင္ေတာ့ေပ။ သူ႔ခ်စ္သူရဲ႔ အသံကို ၾကားလိုက္ရတဲ့အခ်ိန္မွာ သူ႔ႏွလံုးသားက တည္ၿငိမ္သြားရသည္ေလ။ သူက အႀကိမ္အနည္းငယ္ အသက္ျပင္းျပင္း ရွဳလိုက္ၿပီးမွ အနည္းငယ္ စိတ္ျငိမ္သြားသည္။

"မမမွာ အႏာၱရယ္ ရွိေနပံုရတယ္" ရိဟန္က ေျပာသည္။
"ငါသူ႔ဆီ သြားေနတာ!"

"ရႊယ္ခ်င္းက အခုဘယ္မွာလဲ?" က်င္းယြမ္က ေမးသည္

"ကိုယ့္ကိုေျပာ, ကိုယ္သြားလိုက္မယ္!"

"ငါထ်န္းေယာင္ကို ဖုန္းေခၚထားတယ္, သူေျပာတာေတာ့ သူမက ရံုးမွာ ရွိေနလိမ့္မယ္တဲ့, ငါအခု သြားစစ္ၾကည့္မလို႔, စိတ္ပူတာကို မထိန္းႏိုင္ေတာ့ဘူး"

လူငယ္ေလးရဲ႔ အသံထဲက ထိတ္လန္႔မႈကို ၾကားရတာေၾကာင့္ က်င္းယြမ္ရဲ႔ စိုးရိမ္မႈမ်ား တိုးလာသည္။

"ဟန္ဟန္ မလန္႔နဲ႔" သူက ေခ်ာေမာ့လိုက္သည္။

"ရႊယ္ခ်င္းက အခု ရံုးမွာမွတ္လား ဟုတ္တယ္ေနာ္? ကိုယ္အဲ့ဒီကို မၾကာခင္ ေရာက္မယ္, သူမကို ဘယ္လို အႏာၱရယ္မွ က်ေရာက္ေစမွာမဟုတ္ဘူး, ဂ႐ုတစိုက္ေမာင္းေနာ္, လံုျခံဳေရး ခါးပတ္ေရာ ပတ္ထားရဲ႔လား?"

ရိဟန္က ပ်ာယာခတ္ေနတဲ့ အေျခအေနနဲ႔ ကားကို ဂိုေဒါင္ထဲက ခ်က္ခ်င္း ထုတ္လာၿပီး ေမာင္းထြက္လာတာေလ... ဘယ္လိုလုပ္ အဲ့ဒါကိုဝတ္ဖို႔ သတိရမွာလဲ? ထိုသတိေပးစကားကို ၾကားလိုက္ရေတာ့မွသာ သူ႔လက္ကို စတီရီယာတိုင္ကေန မလိုက္ၿပီး လံုျခံဳေရးခါးပတ္ကို ေကာက္တပ္လိုက္ရသည္။

"တပ္လိုက္ၿပီ" သူက အျပစ္ရွိဟန္ေလးျဖင့္ ျပန္ေျဖလာသည္။

ဘယ္ေလာက္ေတာင္လဲ မသိတဲ့ မီးပြိဳင့္မ်ားစြာကို ျဖတ္ေက်ာ္ၿပီးေနာက္မွာ ေနာက္ဆံုးေတာ့ ပိုင္ group ရဲ႔ ရံုးခန္းအေဆာက္အဦး ရွိရာသို႔ ခ်ဥ္းကပ္လာသည္။ အေဝးကေန ရံုးခန္းတံခါးကေန ထြက္လာတဲ့ ရႊယ္ခ်င္းနဲ႔ အနီးအနား ကားပါကင္က ထြက္လာတဲ့ ထ်န္းေယာင္အား ျမင္ေနရ၏။ သူက စိတ္သက္သာရာရစြာ သက္ျပင္းခ်ဖို႔ ျပင္လိုက္စဥ္မွာပင္ ေနာက္ဆက္ျဖစ္သြားတဲ့အရာက သူ႔မ်က္စံမ်ားအား ေၾကာက္လန္႔တၾကား က်ယ္ေလာင္သြားေစသည္။

ထူးျခားေနတဲ့ ေငြေရာင္ Volkswagen တစ္စီးက ႐ုတ္တရက္ အရွိန္ျမႇင့္လာၿပီး ရႊယ္ခ်င္းဆီကို ဦးတည္ေနတယ္!

ရိဟန္ရဲ႔ စိတ္တစ္ခုလံုး ဗလာျဖစ္သြားသည္။ သူက gas pedal အား ဖိနင္းခ်လိုက္ၿပီး ေဘးတစ္ဖက္ကေန ေငြေရာင္ကားဆီ ေမာင္းဝင္သြားေတာ့သည္။

ထ်န္းေယာင္သည္ ရႊယ္ခ်င္းက သူမရဲ႔ ရံုးခန္းထဲကေန အဆင္ေျပစြာ ထြက္လာတာျမင္ေတာ့ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္၏။ သူက စကားလွမ္းေျပာဖို႔ ျပင္လိုက္တဲ့အခ်ိန္မွာ ကားတစ္စီးက ရႊယ္ခ်င္းဘက္ကို ေမာင္းဝင္လာတာကို ျမင္လိုက္ရတယ္!

သူက တစကၠန္႔ေတာင္ တုန္႔ဆိုင္းမေန။ သူမကို လွမ္းဆြဲကာ ဖက္လိုက္ၿပီး သူ႔လက္ေမာင္းၾကားထဲ ဖက္ထားရင္းျဖင့္ပင္ ေဘးတစ္ဖက္ကို လွိမ့္လိုက္သည္။ ထို႔ေနာက္ သူ႔ေျခေထာက္ေနရာက စူးရွရွ ထိုးခြဲသြားတဲ့ နာက်င္မႈအား ခံစားလိုက္ရၿပီး သူ႔ေနာက္ေက်ာမွ က်ယ္ေလာင္သည့္ တိုက္သံတစ္ခုအား ၾကားလိုက္ရေလသည္။ 

သူ႔ေဘးက လူမ်ားဆီက ေၾကာက္လန္႔တၾကား ေအာ္ဟစ္သံမ်ားကိုလည္း ၾကားရေလသည္။ သူလွည့္ၾကည့္လိုက္ေသာအခါ Volkswagen  ကားက သူ႔ေျခေထာက္ကို ရွပ္တိုက္သြားတဲ့အခ်ိန္မွာပဲ နီလာျပာေရာင္ ၿပိဳင္ကားတစ္စီးက ေထာင့္တစ္ေနရာက ဝင္လာျခင္းပင္။ ေငြေရာင္ကားက သက္ေရာက္မႈ ႀကီးႀကီးမားမား ခံလိုက္ရတာေၾကာင့္ ေျမျပင္ႏွင့္ ေပအနည္းငယ္ေလာက္ ကြာေဝးသြားရ၏။ ယာဥ္တိုက္မႈ ၿပီးသြားတဲ့အခ်ိန္မွာ ကားႏွစ္စီးလံုးရဲ႔ ေရွ႕ပိုင္းက အေတာ္ေလး စုတ္ပ်က္ေနသည္။ 

ထ်န္းေယာင္မွာ ေသျခင္းတရားနဲ႔ လက္တကမ္းအလို ျဖစ္သြားတာေၾကာင့္ တစ္ကိုယ္လံုး ေခၽြးေအးမ်ား ထြက္လာရသည္။ အကယ္၍ အဲ့ဒီ ၿပိဳင္ကားေၾကာင့္သာ မဟုတ္ဘူးဆိုရင္ သူေသသြားမွာ ေသခ်ာေပါက္ပဲ။ အကယ္၍ ရႊယ္ခ်င္းက အဆင္ေျပရင္ေတာင္မွေပါ့

သူက သူ႔လက္ေမာင္းၾကားထဲက လူကို အျမန္အဆန္ ၾကည့္လိုက္၏။ ရႊယ္ခ်င္းက ထိတ္လန္႔သြားေသာ္လည္း ႐ုပ္ပိုင္းဆိုင္ရာ အရေတာ့ အဆင္ေျပသည္။ သို႔ေသာ္လည္း ဒီေန႔သူမက စကတ္ဝတ္ထားတာေၾကာင့္ လွိမ့္လိုက္တဲ့အခ်ိန္မွာ သူ႔မရဲ႔ ဒူးေခါင္းတစ္ခုလံုး ပြန္းပဲ့သြားသည္။

ထ်န္းေယာင္က အသက္ျပင္းျပင္း ရွဳထုတ္လိုက္ၿပီး ရႊယ္ခ်င္းအား ထႏိုင္ေစရန္ ကူညီေပးေလသည္။ သူကၿပိဳင္ကားထဲက ကားေမာင္းသမားကို သြားစစ္ေဆးဖို႔ ျပင္လိုက္တဲ့အခ်ိန္မွာ ဘရိတ္အုတ္လိုက္တဲ့ အသံတစ္ခုက က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။ သူလွမ္းၾကည့္လိုက္ေတာ့ ကားထဲက ေျပးထြက္လာသည့္ က်င္းယြမ္အား ျမင္လိုက္ရေလသည္။ ထိုလူက ရံုးဝတ္စံုအား ဝတ္ဆင္ထားဆဲပင္။ က်င္းယြမ္က ၿပိဳင္ကားရွိရာသို႔ တန္းတန္းမတ္မတ္ ေျပးသြားၿပီး ယာဥ္ေမာင္း၏ ေဘးတံခါးကို က်ယ္က်ယ္ဖြင့္ၾကည့္လိုက္သည္။ ရႊယ္ခ်င္းက သူမရဲ႔ ကယ္တင္သူအား ေခ်ာင္းၾကည့္လိုက္တာေၾကာင့္ ေၾကာက္လန္႔တၾကား ေအာ္လိုက္မိေတာ့၏။ သူမတစ္ကိုယ္လံုးက ေနရာမွာတင္ တုန္ယင္သြားသည္။

ကားေမာင္းသူက ပိုင္ရိဟန္ပင္။ သူက ဒါ႐ိုက္ဘာထိုင္ခံုမွာ ထိုင္ေနၿပီး သူ႔ႏွဖူးက ေသြးမ်ားစီးက်ေနရင္းျဖင့္ ၿငိမ္သက္ေနသည္။ ၾကည့္ရတာ ဆိုးဝါးတဲ့ျမင္ကြင္းတစ္ခုပဲ။

က်င္းယြမ္မွာ အသက္ရွဳျမန္ဆန္လာကာ ကားတံခါးေဘာင္ကို ကိုင္ၿပီး သူ႔ကိုယ္သူ ေထာက္ပံ့လိုက္ရသည္။ ဒီလိုမ်ိဳး ကူကယ္ရာမဲ့ၿပီး ဆံုးရွံုးသလို ခံစားရတာ ပထမဆံုးအႀကိမ္ပဲ။ သူရိဟန္ကို ထိသင့္ရဲ႔လားေတာင္ မသိေတာ့ဘူး။ ထ်န္းေယာင္က ဖုန္းကို ခ်က္ခ်င္းထုတ္ၿပီး လူနာတင္ယာဥ္လွမ္းေခၚလိုက္သည္။ ဘယ္သူကမွ ရိဟန္ကို မထိရဲၾက။ ေနာက္ဆံုးေတာ့ လူနာတင္ကား ေရာက္လာတဲ့အထိ ေစာင့္ေနၾကရသည္။ ထို႔ေနာက္ ေဆးမႈးမ်ား ေရာက္လာၿပီး ထိုအမ်ိဳးသားေလးရဲ႔ လံုျခံဳေရးခါးပတ္အား ျဖဳတ္ေပးကာ ညင္ညင္သာသာနဲ႔ ထမ္းစင္ေပၚ သယ္သြားၾက၏။

က်င္းယြမ္၊ ထ်န္းေယာင္နဲ႔ ရႊယ္ခ်င္းတို႔ အားလံုး လူနာတင္ယာဥ္ေပၚ တက္လိုက္ၾကေလသည္။ ေငြေရာင္ Volkswagen ကားထဲက သတိလစ္ေနသည့္ ကားေမာင္းသူကိုလည္း ပိုင္မိသားစု သက္ေတာ္ေစာင့္မ်ားက ဆြဲထုတ္ၿပီး ေဆးရံုပို႔ေပးလိုက္ရသည္။

လူနာတင္ယာဥ္၏ ဥၾသသံကို ဖြင့္လိုက္တဲ့အခ်ိန္မွာ ထ်န္းေယာင္က ကပၸတိန္ခ်န္ကို ဖုန္းဆက္ၿပီး ျဖစ္ခဲ့သမွ်ကို အေသးစိတ္ ေဖာ္ျပလိုက္သည္။ ကပၸတိန္ခ်န္က ထ်န္းေယာင္အား သူနဲ႔ဖန္းရီတို႔ ေဆးရံုသြားၿပီး ဒါ႐ိုက္ဘာကို ဖမ္းဆီးလိုက္မည္ျဖစ္ေၾကာင္း ကတိေပးလာသည္။

ရိဟန္အား ေဆးရံုအေရးေပၚခန္းဆီ ေခၚသြားတဲ့အခ်ိန္မွ သံုးေယာက္သား အသက္ဝဝရႈမိသည္။ သူနာျပဳတစ္ေယာက္ ထြက္လာၿပီး ပဏာမ စစ္ေဆးမႈမ်ားအရ ရိဟန္မွာ အသက္အႏာၱရယ္ မရွိဘူးလို႔ အေၾကာင္းၾကားမွသာ စိတ္သက္သာရာရေလသည္။

ထ်န္းေယာင္က ရႊယ္ခ်င္းရဲ႔ ပြန္းပဲ့ရာမ်ားကို ျပန္သတိရသြားသည္။ သူက သူမအတြက္ ဆရာဝန္ရွာေပးဖို႔ ထလိုက္ၿပီး ေျခလွမ္းအနည္းငယ္ လွမ္းၿပီးေနာက္မွာ ဒူးေထာက္က်သြားၿပီး ၾကမ္းျပင္ေပၚ ပစ္က်သြား၏။ က်န္တဲ့ႏွစ္ေယာက္က ေၾကာက္လန္႔တၾကားျဖင့္ သူ႔ကို ထူမရန္ ေျပးလာေသာ္လည္း ထ်န္းေယာင္က ခါးသက္သက္အျပံဳးျဖင့္ သူ႔လက္ကို ေဝွ႕ယမ္းျပေလသည္။ သူက ေယာင္ကိုင္းေနတဲ့ ညာဘက္ေျခေထာက္ကို ဆန္႔ထုတ္လိုက္ၿပီး သူ႔ေဘာင္းဘီကို လိပ္တင္လိုက္သည္။ ထိုကားက သူ႔ေျခေထာက္ကို ပြတ္သြားရံုမဟုတ္ဘူးေလ တိုက္ပါတိုက္သြားတာ... ရိဟန္အတြက္ အရမ္းစိတ္ပူပန္ေနလို႔သာ နာက်င္မႈကေန ကင္းေဝးေနေအာင္ကူညီေပးခဲ့တာပဲ

ထိတ္လန္႔တၾကား ေလေပြတစ္ခုက စၾကၤန္ဆီသို႔ ေနာက္တစ္ဖန္ တိုးဝင္လာေတာ့သည္။ ေနာက္ဆံုးမွာေတာ့ သူ႔ေျခေထာက္က က်ိဳးသြားတာျဖစ္ေၾကာင္း ဆရာဝန္ဆီက အေၾကာင္းၾကားခ်က္ ရလိုက္ေတာ့ေလသည္။

1.2.2022

===========

Translator Note

Silent strike မွာ ပါဝင္ေပးၾကသူ အားလံုးကို ေက်းဇူးအႏၲဏပါရွင္။ အားလံုးေဘးကင္းက်န္းမာၿပီး စိတ္လက္ခ်မ္းသာၾကပါေစ။ 

===========

Continue Reading

You'll Also Like

89.2K 14.9K 17
小花神和帝君 >> 大青Q3 Status - 15 chapters + 1 side story This is just a pure fan-translation.
12K 912 16
manhua myanmar translation Associated names : Governor is sick in the head There is something wrong with the Governor Du zhu you bing 督主有病 Author(s)...
208K 14.7K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
39.7K 5.3K 44
{Own Creation} ♦️သွေးစွန်းသောဓားနှင့် သန့်စင်သောနှလုံးသား♦️ သွေးစွန်းနေတဲ့ ဓားတစ်လက်။ သန့်စင်နေသော နှလုံးသား။ ဆန့်ကျင်ဘက်နှစ်ခု...။ ရည်ရွယ်ချက်မျိုးစ...