စက္ခုဝတီပြည်သို့ စင်သီယာ ရောက...

By morA_nyein

27.6K 3.2K 204

‼️Fantasy Fiction‼️ AgeGap morA_nyein 2.4.2023 More

𝘚𝘪𝘯 𝘛𝘩𝘪 𝘠𝘢𝘳
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃ ( ဇာတ်သိမ်းခန်း )

အခန်း ၁

1.8K 176 13
By morA_nyein

လြန္ခဲ့ေသာ နွစ္ေပါင္းေျမာက္မ်ားစြာက စကၡဳဝတီျပည္ ၌ တိုင္းျပည္အုပ္စိုးေသာ ျပည့္ရွင္မင္းျမတ္ စကၡဳပါလ ၏ အင္မတန္မွ တန္ဖိုးထား ျမတ္နိုးရေသာ မိဖုရား သီရိမဟာေဒဝီမွာ သားဆက္ျပန္႔ပြားဖို႔ အေရးကို မေအာင္ျမင္ မျဖစ္ထြန္း၍ စိတ္ပူပန္ေသာက ေရာက္ေနရသည္မွာ ေန႔စဥ္ရက္တိုင္း အလိုလိုပင္ျဖစ္သည္ ။

တစ္ေန႔ေသာအခါ၌ ျပည့္ရွင္မင္း စကၡဳပါလ၏ ေ႐ႊေရာင္ဝင္းဝါလွေသာ နန္းေတာ္ႀကီး၌ နန္းေဆာင္အတြင္းရိွ ေ႐ႊပလႅင္ထက္၌ အေႁခြအရံမ်ားစြာပတ္ရံထားရာ ထိုင္ကာ စက္ေတာ္ေခၚေနေသာ မိဖုရား သီရိမဟာေဒဝီဟာ ႏူးညံ့လြန္းေသာ ညာဘက္ လက္ေခ်ာင္းသြယ္သြယ္ေလးေတြအား သူမရဲ႕ ပါးျပင္ေပၚ၌ ေတ့ထား၍ ဘယ္ဘက္လက္ေခ်ာင္းကေလးေတြဟာလည္း ေ႐ႊပလႅင္အား ေတာက္ခါ ေတာက္ခါနဲ႔ စည္းခ်က္မွန္စြာ အခ်က္ခ်ေနလ်က္ရိွသည္ ။

ေဘးနားရိွ အေႁခြအရံနွစ္ဦးမွာ ေ႐ႊယက္ေတာင္ေတာ္ႀကီးမ်ားကိုင္၍ မိဖုရားအား ေအးခ်မ္းေစရာ ေလေအးေအးေလးမ်ားကို ျဖည္းညႇင္းစြာ သယ္ေဆာင္ေပးေနပါသည္ ။

ထိုအခ်ိန္၌ နန္းေဆာင္တံခါးမကို ဖြင့္ၿပီး အေဆာင္ေတာ္ထဲသို႔ ဝင္လာေသာ အထိန္းေတာ္ႀကီး တစ္ဦးဟာ မိဖုရား သီရိမဟာေဒဝီရဲ႕ အနားသို႔ ကပ္ကာ တီးတိုးစြာ ေျပာပါေတာ့သည္ ။

" ေလ်ွာက္တင္လိုေၾကာင္းပါ ဖုရား ။ အေနာက္နန္းေဆာင္၌ စံျမန္းေတာ္မူေသာ မိဖုရားငယ္၌ သားဆက္ပြားဖို႔ ပဋိသေႏၶ ယူလိုက္ပါၿပီ ျဖစ္ေၾကာင္းပါ ဖုရား ။ "

" ဘယ္လို ဘယ္လို ။ ပဋိသေႏၶ ယူလိုက္ၿပီ သတဲ့လား ။ "

" မွန္လွပါ ဖုရား ။ "

(ဖုရား =/= ဘုရား)

မိဖုရားသီရိမဟာေဒဝိဟာ မ်က္လံုးမ်ားဖြင့္ ေဒါသမ်ား ေထာင္းကနဲထြက္ကာ ထိုင္ရာမွ ထလိုက္ၿပီး နန္းေဆာင္အတြင္း၌ သူမရဲ႕ လက္ေတြကို က်စ္က်စ္ပါေအာင္ ကိုင္ထားၿပီး ထိုင္မသိမ္းအနားစကို ေျခဖ်ားေလးနဲ႔ ယက္ကန္ယက္ကန္ လုပ္ၿပီး ဟိုသည္ေလ်ွာက္ ဒီသည္ေလ်ွာက္ျဖင့္ ပူပန္ေသာက ေရာက္ေနရျပန္ေလသည္ ။

မိဖုရားႀကီးအဖို႔ေတာ့ မ်ိဳးဆက္ပြားဖို႔အေရး အင္မတန္မွ ခက္ခဲလွသည္ ။ နန္းတြင္းသမားေတာ္ေတြနဲ႔လည္း ကုသလို႔ ကုန္လုၿပီ ။ မိဖုရားႀကီးရဲ႕ ပဋိသေႏၶကေတာ့ ဆက္ပြားရန္ မေအာင္ျမင္ပါ ။ မိဖုရားငယ္ေတြမယ္ေတာ့ တစ္ပါးၿပီးတစ္ပါး ဘုရင္မင္းျမတ္ေပ်ာ္စံရာဆီသို႔ မိဖုရားႀကီးသို႔အမွီ လက္ဦးမႈအရယူေနၾကပါေတာ့သည္ ။

ၿပီးေနာက္ မိဖုရားႀကီးမွာ စိုးရိမ္ပူပန္ႀကီးစြာျဖင့္ ေ႐ႊပလႅင္ထက္၌ ျပန္လည္ကာ ထိုင္ခ်လိုက္ၿပီး ေျခေတာ္ရင္း၌ ရို႕က်ိဳးစြာ ထိုင္ေနေသာ အထိန္းေတာ္ႀကီးအား ။

" အထိန္းေတာ္ႀကီး ။ "

" မွန္ပါ့ ဖုရား ။ "

" ေရွးတစ္ခါက ေလ်ွာက္ခဲ့တဲ့ 'စင္သီယာ' ဆိုတာ ဘယ္သူပါလိမ့္ ။ "

" ကြၽန္ေတာ္မ်ိဳးမ ေလ်ွာက္တင္ခဲ့သည္ကား 'စင္သီယာ' မွာ 'စုန္းမ' သာ ျဖစ္ပါ၏ ဖုရား ။ "

" စုန္းမ တဲ့လားကြဲ႕ ။ "

" မွန္လွပါ ဖုရား ။ လိုတိုင္းရ တတိုင္းရေအာင္ ျဖည့္ဆည္းေပးတတ္သည့္ စုန္းမ သည္သာ ျဖစ္ပါ၏ ဖုရား ။ "

" ကိုင္း ။ ဒီကေန႔အခါ ညခ်မ္းကိုေတာ့ ဘုရင္မင္းျမတ္ ငါ့ဆီ၌ လာေရာက္ စက္ေတာ္ေခၚနိုင္မည္ မဟုတ္ ။ ဒါ့ေၾကာင့္ပင္ စင္သီယာ စုန္းမ ဆီ သြားေရာက္ဖို႔အတြက္ အထိန္းေတာ္ႀကီး စီစဥ္ေပးစမ္းပါေလ့ ။ "

" မွန္လွပါ ဖုရား ။ ကြၽန္ေတာ္မ်ိဳးမ တာဝန္သာ ထားပါေလ့ ဖုရား ။ သို႔ေပသို႔ စင္သီယာ သည္ကား ကြၽန္ေတာ္မ်ိဳးမတို႔ သိၾကေသာ စုန္းမမ်ိဳး မဟုတ္ပါေၾကာင္း ဖုရား ။ "

" ဘယ္လို ဘယ္လို ျပန္ေျပာစမ္းပါ့ အထိန္းေတာ္ႀကီးရဲ႕ ။ "

" မွန္ပါ့ ။ စင္သီယာ သည္ကား ေရွးအနာဂါတ္ နွစ္ေပါင္း၂၀၀၀ နီးပါးမွ လာေသာ စုန္းမ သာ ျဖစ္ပါ၏ ဖုရား ။ အင္မတန္မွ ရက္စက္စြာ ဆိုးသြမ္းလွၿပီး စုန္းတို႔တိုင္းျပည္မွ နယ္နွင္ေပးျခင္း ခံရေသာ စုန္းမ သည္သာ ျဖစ္ပါ၏ ဖုရား ။ "

" တယ္မ်ား ရက္စက္လွလို႔လား ။ ေျပာစမ္းပါ အထိန္းေတာ္ႀကီး ရ ။ "

" မွန္ပါ့ ။ စင္သီယာ ျပဳစားလိုက္ေလေသာ သူမ်ားဟာ နတ္ဘုရားေတာင္ ဆင္းကယ္၍ မရနိုင္ေလာက္ေအာင္ပါပင္ ဖုရား ။ ေပးသည္က နည္းနည္း တန္ေၾကးျပန္ေတာင္းသည္က မ်ားမ်ားပါ ဖုရား ။ "

" ေကာင္းၿပီ ေကာင္းၿပီ ။ ရိွသမ်ွ ေ႐ႊ ေငြ စည္းစိမ္း ဥစၥာ အလံုးစံုအား ယူလာၾကပါေလ့ ။ ဒီစည္းစိမ္ေတြနဲ႔ဆို စင္သီယာ ေက်နပ္ေတာ္မူမွာပါေလ့ ။ "

" မွန္လွပါ ဖုရား ။ "

" ကေန႔ည ခရီးနွင္ဖို႔ အသင့္ လုပ္ထားေပေတာ့့ ။ "

" မွန္ပါ့ ဖုရား ။ "

ဟု ဆိုကာ အထိန္းေတာ္ႀကီးလည္း မိဖုရား ေျခေတာ္ရင္းမွ ခစားေနရင္း အျဖည္းျဖည္း အေနာက္သို႔ စုတ္ကာ နန္းေဆာင္ အျပင္သို႔ ထြက္သြားပါေပေတာ့သည္ ။

ေ႐ႊပလႅင္ထက္က မိဖုရားသီမဟာေဒဝီသည္ကား ေခါင္းေလးတၿငိမ့္ၿငိမ့္လုပ္ကာ သက္ျပင္းေလးမ်ားကို ျဖည္းညႇင္းစြာသာ ခ်ေနပါေတာ့သည္ ။

စင္သီယာကို အားကိုတႀကီးျပဳဖို႔အတြက္ မိဖုရားႀကီးမွာ စိတ္အားထက္သန္ေနသည္ ။ မိဖုရား သီရိမဟာေဒဝီမွာ လိုခ်င္တာရဖို႔ လြယ္ကူေပမယ့္ စင္သီယာ ကူညီမွရနိုင္မည့္ တန္ဖိုးႀကီးကိစၥေတြရိွေနၿပီ ။

^ ^ ^ ^ ^

စကၡဳဝတီနန္းေတာ္ ၏ ေတာ္ဘက္ျခမ္းရိွ ေမွာင္မဲနက္နဲေသာ ေတာအုပ္ႀကီး၌ အင္မတန္မွ ေျခာက္ျခားဖြယ္ေကာင္းေသာ ေနအိမ္ေလး၌ စင္သီယာ ဆိုေသာ စုန္းမ ေနထိုင္ေလသည္ ။

အေငြ႕တေထာင္းေထာင္း ထြက္ေနေသာ အိမ္ရဲ႕မီးခိုးတိုင္း ေဘးပတ္ပတ္လည္၌ ေမွာင္မဲေနေသာ ေတာနက္ႀကီး ၊ တံခါးေပါက္တစ္ခုနွင့္ ျပတင္းေပါက္ တစ္ခုသာ ပါေပမယ့္လို႔ ေမွာင္မဲလို႔ေနပါေပသည္ ။

ထိုအခ်ိန္ ေတာလမ္းတစ္ေလ်ွာက္ မီးတုတ္ႀကီးမ်ားနွင့္ ဝင္းလဲ့လဲ့ ျမင္ရေသာ မိဖုရားသီရိမဟာေဒဝီ နဲ႔အေႁခြအရံမ်ားစြာဟာ စင္သီယာ၏ အိမ္ေတာ္ဆီသို႔ ႂကြခ်ီျမန္းေတာ္ မူေလသည္ ။ စင္သီယာ၏ အိမ္ေတာ္ပတ္ပတ္လည္သို႔ မီးတုတ္ႀကီးမ်ားနွင့္ ပတ္ရံထားေတာ့ အိမ္ေတာ္၏ ပံုသ႑ာန္ အလံုးပတ္လည္ကို ေကာင္းစြာ ျမင္ရပါေတာ့သည္ ။ ေရနံေစးေတြ လိမ္းသုတ္ထားတာေၾကာင့္ မဲေနေလသည္ ။

မိဖုရားသီရိမဟာေဒဝီရဲ႕ အေနာက္၌ မ်က္ေျခမျပတ္ လိုက္ပါလာၾကေသာ သစၥာေစာင့္ အေႁခြအရံမ်ားနွင့္ အထိန္းေတာ္ႀကီးတို႔ ပါလာၾကၿပီး အထိန္းေတာ္ႀကီးဟာ ။

" ကြၽန္ေတာ္မ်ိဳးမ စင္သီယာအား မိဖုရားကို ခစားဖို႔ သြားေလ်ွာက္လိုက္ပါ့မယ္ ဖုရား ။ "

" အို ဘယ္ျဖစ္ပါ့မလဲ အထိန္းေတာ္ႀကီး ။ ငါ မိဖုရားက စင္သီယာကို ေတြ႕ခ်င္လို႔ လာျခင္းပဲ ။ အားလံုး ဒီမွာသာ ေနခဲ့ၾကေလ့ ။ "

" မျဖစ္သင့္ပါ ဖုရား ။ ကြၽန္ေတာ္မ်ိဳးမပါ မိဖုရား နဲ႔ လိုက္ခဲ့ပါမည္ ဖုရား ။ "

" ေကာင္းၿပီ ေကာင္းၿပီ ။ "

ဟု ဆိုကာ မိဖုရားသီရိမဟာေဒဝီ နွင့္ အထိန္းေတာ္ႀကီးတို႔ နွစ္ေယာက္သာ အေႁခြအရံမ်ား ရပ္ေနသည့္ေနရာမွ စင္သီယာ၏ အိမ္ေတာ္အေရွ႕သို႔ ျဖည္းညႇင္းစြာ ေျခလွမ္းလွမ္းရင္း သြားေနၾကခ်ိန္ အိမ္ေတာ္ တံခါးမဟာ ဒုန္းခနဲ ပြင့္ထြက္သြားၿပီး မီးအလင္းေရာင္ကို ရွင္းလင္းစြာ ျမင္ေတြ႕လိုက္ရပါေတာ့သည္ ။

ထိတ္လန္႔စရာ အျဖစ္ပ်က္ေၾကာင့္ မိဖုရားမွာ ေျခလွမ္းမ်ား တုန္႔ခနဲ ရပ္ဆိုင္းသြားရၿပီး အထိန္းေတာ္ႀကီးသည္ကား မ်က္လံုးမ်ား ျပဴးက်ယ္သြားပါေပေတာ့သည္ ။

သီရိမဟာေဒဝီ မိဖုရားသည္ မ်က္ဝန္းေတာ္မ်ား စံုမွိတ္ကာ သက္ျပင္းမ်ားသာ ခ်မိပါေတာ့သည္ ။ ၿပီးေနာက္ တုန္လႈပ္ကာေနေသာ ေျခလွမ္းမ်ားနွင့္ စင္သီယာ၏ အိမ္ေတာ္ဆီသို႔ ဝင္ေရာက္ခဲ့ပါေပေတာ့သည္ ။

အထိန္းေတာ္ႀကီး နွင့္ သီရိမဟာေဒဝီ မိဖုရား တို႔နွစ္ဦးဟာ စင္သီယာစုန္းမ အိမ္ေတာ္ထဲသို႔ ဝင္သြားၾကသည့္ အခ်ိန္၌ ဘယ္ဘက္အျခမ္းက မီးဖိုႀကီးအတြင္း၌ မီးဟာ ျပင္းထန္စြာ ေတာက္ေလာင္ေနၿပီး အလယ္တည့္တည့္၌ ပိတ္စမ်ား တြဲလြဲက်ေနၿပီး လူအိပ္နိုင္ေသာ သစ္သားစင္(ကုတင္) တစ္ခုရိွၿပီး ထိုအေရွ႕ဘက္အျခမ္း၌ စုန္းတို႔ ျပဳစားရာ ဖန္လံုး ၊ ေဆးရည္ ၊ အရိုးေခါင္း တစ္ခုပါ ရိွသည့္ စားပြဲခံု၌ ကတၱီပါအနီေရာင္ေတာက္ေတာက္နဲ႔ ခမ္းနားစြာ ခင္းက်င္းထားသည္မွာ ေၾကာက္စရာအလြန္ ေကာင္းေနျပန္သည္ ။

ညာဘက္ျပတင္းေပါက္ အျခမ္း၌ က်ီးကန္တစ္ေကာင္ ေၾကာင္အမဲတစ္ေကာင္ ယုန္အမဲတစ္ေကာင္တို႔ဟာ ခံုအျမင့္ တန္းအျမင့္ေပၚ၌ ကိုယ္စီရိွေနၾကၿပီး ထိုခံုအျမင့္၌လည္း လက္တစ္ျပားစာ နီးပါးရိွေသာ နွင္းဆီပန္းအနီေရာင္ႀကီးကိုပါ ဖင္ဝိုင္းႀကီးေသာ ပန္းအိုးနွင့္ ထိုးထားပါေသးသည္ ။

ထိုအခ်ိန္ ။

" စင္သီယာ အိမ္ေတာ္အတြင္း မရိွနိုင္ေလာက္ဘူး ထင္ပါ၏ ဖုရား ။ "

" ေခတၱေလာက္ ေစာင့္ၾကည့္ပါ ။ "

သီရိမဟာေဒဝီ မိဖုရား နွင့္ အထိန္းေတာ္ႀကီး တို႔ နွစ္ဦးဟာ စုန္းမအိမ္ေတာ္အတြင္း၌ အရိပ္အကဲ ၾကည့္ေနၾကရင္း ၾသဇာႀကီးမားလွေသာ ရယ္သံတစ္ခုကို ၾကားလိုက္ရပါေတာ့သည္ ။

" အဟားဟားဟား ။ "

" ဟင္ အထိန္းေတာ္ႀကီး ။ "

" စင္သီယာ ျဖစ္ေလာက္ပါ၏ ဖုရား ။ "

" သိပ္ဟုတ္တာေပါ့ သိပ္မွန္တာေပါ့ ။ "

ဟု ေျပာလိုက္ေသာ စင္သီယာဟာ အမဲေရာင္ပိတ္စမ်ား တြဲေလာင္းက်ေနေသာ ေနရာ၌ ထြက္လာခဲ့ျခင္းပင္ ။ အနီေရာင္ ထိုင္မသိမ္းကို ခမ္းနားလွပစြာ ဝတ္ထားၿပီး ဝတ္ရံုအမဲေရာင္ပိတ္စကိုပါ လြမ္းၿခံဳထားသည္ စင္သီယာ စုန္းမ ဟာ ဝင္းဝါလြန္းလွတဲ့ အသားအရည္နွင့္ အင္မတန္မွ လွပေနလြန္းပါေပသည္ ။

မိဖုရားကဲ့သို႔ ေမာင္းမမ်ား အေႁခြအရံမ်ားကဲ့လို႔ ဆံႏြယ္ေတြအား သသပ္လွပစြာ ထံုးေခြထားျခင္းမရိွ နက္ေမွာင္ေျဖာင့္ဆင္းေပ်ာ့ေျပာင္းေသာ ဆံႏြယ္ေတြအား ျဖန္႔ကာခ်ထား၍ နားအေနာက္ဘက္သို႔ လ်ွိဳသြင္းထားပါေတာ့သည္ ။ မ်က္နွာအေရွ႕၌လည္း အမဲေရာင္ပိတ္စအပါးေလးကို နွာတံမွစ၍ အုပ္မိုးထားသည္ေၾကာင့္ သူမ၏ နီေသြးျဖာေသာ သိမ္းငွက္မ်က္လံုး ေျမေခြးအျမႇီးနွင့္ တူေသာ မ်က္ခံုး တို႔ကိုသာ ေျခာက္ျခားစြာျမင္ေတြ႕ရသည္ ။

နီေသြးျဖာေသာ မ်က္ဝန္နက္ႀကီးမ်ားကို ေၾကာက္လန္႔ေနေပမယ့္လို႔ မိဖုရားသီရိမဟာေဒဝီမွာ သက္ျပင္းခိုးခ်၍ အသံကိုနွိမ့္ကာ ။

" စင္သီယာ ။ "

" ဘာေၾကာင့္မ်ားပါလဲ ။ နန္းေတာ္အတြင္း ပဋိသေႏၶ ယူေနၾကတဲ့ မိဖုရားငယ္ေတြေၾကာင့္ စိတ္ပူပင္ေသာက ေရာက္ေနလို႔ ငါ့ဆီ ေရာက္လာေလသလား ။ "

" ဟုတ္ေလစြ ။ သိပ္မွန္ပါသည္ စင္သီယာ ။ "

" အဟားဟား ။ ေ႐ႊပလႅင္မဟုတ္ေသာ သစ္သားပလႅင္ မွာ ေခတၱအနားယူပါ ။ "

ဟု စင္သီယာဟာ မိဖုရားသီရိမဟာေဒဝီအား ႐ြဲ႕ေစာင္းေျပာဆိုလိုက္သည္ ။ မိဖုရားဟာ သူမရဲ႕လက္ကေလး နွစ္ဖက္ကို စုပ္ကိုင္ရင္း ခံုေပၚ၌ ျဖည္းညႇင္းစြာသာ ထိုင္လိုက္ပါေတာ့သည္ ။ အထိန္းေတာ္ႀကီးကေတာ့ မိဖုရား၏ ညာဘက္အျခမ္း၌ မတ္တပ္သာ ရပ္ေနပါေတာ့သည္ ။

အသက္ရွဴသံမ်ားနဲ႔ အတူတူ ေၾကာက္႐ြံ႕ထိတ္လန္႔ေနေသာ မိဖုရားကိုၾကည့္ရင္း စင္သီယာတစ္ေယာက္ မဲ့ၿပံဳးၿပံဳးသည္ ။

စုန္းမ စင္သီယာ ၏ မ်က္ဝန္းမ်ားဟာ ရယ္သေယာင္ ျပဳကာျဖင့္ မိဖုရားထိုင္ေနေသာ သူမ၏ စုန္းပစၥည္းတို႔ ထားရိွရာ စားပြဲခံု၏ အေရွ႕ဘက္က ေနာက္မွီပါေသာ ခံုအျမင့္၌ ထိုင္လိုက္ပါေတာ့သည္ ။ ၿပီးေနာက္ သူမရဲ႕ သိမ္းငွက္မ်က္ဝန္းနွင့္ သီရိမဟာေဒဝီမိဖုရားကို ၾကည့္ေနရင္းမွ မိဖုရားဟာလည္း ေၾကာက္လန္႔စြာ တုန္ရီေသာ ေလသံျဖင့္ တီးတိုးေျပာသည္ ။

" ပဋိသေႏၶ ရနိုင္ရန္အတြက္ ကူညီေပးပါေလ့ စင္သီယာ ။ အကြၽႏု္ပ္ အသင္အလိုရိွသမ်ွကို ျဖည့္ဆည္းေပးပါမည္ ။ "

စင္သီယာဟာ မိဖုရားရဲ႕စကားကိုၾကား၍ သေဘာက်စြာျဖင့္ ပိတ္စေအာက္က သူမရဲ႕နႈတ္ခမ္းကို ဝိုင္းလိုက္ကာျဖင့္ ။

"အို ။ အဟားဟားဟား ။ ေကာင္းပါၿပီ ေကာင္းပါၿပီ ။ ငါ စင္သီယာ ။ ကူညီေပးပါ့မယ္ ။ "

စင္သီယာ၏ ၿပံဳးသေယာင္ျပဳလိုက္ေသာ မ်က္ဝန္းမ်ားေၾကာင့္ သီရိမဟာေဒဝီ မိဖုရားမွာ သက္ျပင္းခ်၍သာ ၿပံဳးမိပါေတာ့သည္ ။ စင္သီယာဟာ သူမရဲ႕စားပြဲေပၚက ဓာတ္လံုး ၊ အရိုးေခါင္း ၊ ေဆးရည္ေတြထဲက ေ႐ြးခ်ယ္ဖို႔အတြက္ ပိတ္စအေပၚ၌ ေမးစိေလးကို လက္ညိဳးေလးနွင့္ ေတာက္ခါ ေတာက္ခါ လုပ္ၿပီး သူမရဲ႕ ဘက္ဘယ္အျခမ္း မ်က္ခံုးဟာ အေပၚဘက္သို႔ အနည္းငယ္ပင့္တင္ကာျဖင့္ ။

" အင္း ။ ဒါေလးဆို ပဋိသေႏၶ ယူဖို႔ အေကာင္းဆံုးပါပဲ ။ "

ဟု ဆိုကာ ပိတ္စအနီေရာင္ေလးနဲ႔ ပတ္ထားေသာ ပစၥည္းတစ္ခုကို မိဖုရားအေရွ႕သို႔ လက္လွမ္းကာ ခ်ေပးလိုက္ပါေတာ့သည္ ။ သီရိမဟာေဒဝီမိဖုရားဟာ ထိုပစၥည္းကို ၾကည့္ေနရင္းမွ တုန္ရီေသာ လက္မ်ားနွင့္ ဖြင့္မည့္အခ်ိန္ စင္သီယာဟာ လက္ကိုပိုက္လိုက္ကာ ေျခခ်ိတ္ထိုင္ရင္းျဖင္ ။

" အရွင္မင္းျမတ္ရဲ႕ စားေတာ္အုပ္မွာ ဤအေစ့ကို ႀကိတ္ၿပီး ထည့္လိုက္စမ္းပါေလ့ ။ မိဖုရားရဲ႕ စားေတာ္အုပ္မွာလည္း ထည့္ဖို႔ မေမ့ပါနွင့္ ။ "

ဟု ဆိုလိုက္သည္ ။ ထိုအခ်ိန္ မိဖုရားေဘးက အထိန္းေတာ္ႀကီးဟာ စင္သီယာအား မယံုၾကည္ေသာ အၾကည့္ ေလသံျဖင့္ ။

" သင့္ကို အဘယ္လို႔ ယံုရမည္နည္း ။ ဤ အေစ့ဟာ အဆိပ္သီး ျဖစ္မည္ဆို အဘယ္လုပ္မည္နည္း ။ "

" အို ။ တယ္ရိုင္းစိုင္းလိုက္တဲ့ မိန္းမ ။ ငါ့လို စုန္းမမ်ိဳးကို ဤအေစ့အတြက္ ေစာ္ကားရဲသလား ။ "

ဟု ေဒါသႀကီးစြာ ေျပာလိုက္ၿပီး သူမရဲ႕လက္ေတြကပါ စားပြဲေပၚသို႔ ဒုန္းခနဲ က်ေရာက္ခဲ့သည္ ။ မိဖုရားမွာ တုန္လႈပ္ေျခာက္ျခားစြာျဖင့္ ။

" မဟုတ္ရပါဘူး ။ အဲ့သလို မဟုတ္ရပါဘူး စင္သီယာ ။ အသင္ ေျပာသလို အကြၽႏု္ပ္ လိုက္နာပါ့မယ္ ။ "

" ငါ၏ ေဒါသကို တူးစြလိုက္တာပဲ ။ "

" မစဥ္းစား မဆင္ျခင္ေသာ အကြၽႏု္ပ္၏ အထိန္းေတာ္ႀကီးအတြက္ အကြၽႏု္ပ္ ေတာင္းပန္ေၾကာင္းပါ ။ အထိန္းေတာ္ႀကီး ကိုယ့္အမွားကိုယ္သိရင္ စင္သီယာအား ရို႕က်ိဳးစြာ ေတာင္းပန္ပါေလ့ ။ "

ဟု ဆိုလိုက္ေသာ မိဖုရားေၾကာင့္ အထိန္းေတာ္ႀကီးမွာ မေတာင္းပန္ခ်င္ေပမယ့္လည္း ဒူးတုတ္ထိုင္ခ်ကာျဖင့္ စင္သီယာအား ေတာင္းပန္စကားမ်ား ေျပာေနပါေတာ့သည္ ...

" အကြၽန္ုပ္၏ အမွားအတြက္ ေတာင္းပန္ပါသည္ စင္သီယာ ။ အကြၽႏု္ပ္ကုိ ခြင့္လႊတ္ပါ ။ "

ထိုသို႔ ေတာင္းပန္ေနတဲ့ အထိန္းေတာ္ႀကီးကို ငုံ႔ၾကည့္ရင္း ဟက္ဟက္ပက္ပက္ ရယ္ပါေတာ့သည္ ။

" အဟားဟားဟား ။ အသင့္ရဲ႕ အမွားဟာ နွမ္းေစ့လို ေသးငယ္သည္မွ မဟုတ္ဘဲ ။ ငါ့ရဲ႕ ပညာကို ေစာ္ကားခဲ့လို႔ အသင္တစ္ေန႔ ျပန္ေပးဆပ္ေစရမည္ ။ "

စင္သီယာ၏ ေဒါသေတြဟာ သိမ္းငွက္မ်က္ဝန္း၌ ဟုန္းဟုန္းေတာက္ ေလာင္ၿမိဳက္ေနခဲ့ပါေတာ့သည္ ။

× × × × ×

1.2.2022
morA_nyein
12.4.2023










လွန်ခဲ့သော နှစ်ပေါင်းမြောက်များစွာက စက္ခုဝတီပြည် ၌ တိုင်းပြည်အုပ်စိုးသော ပြည့်ရှင်မင်းမြတ် စက္ခုပါလ ၏ အင်မတန်မှ တန်ဖိုးထား မြတ်နိုးရသော မိဖုရား သီရိမဟာဒေဝီမှာ သားဆက်ပြန့်ပွားဖို့ အရေးကို မအောင်မြင် မဖြစ်ထွန်း၍ စိတ်ပူပန်သောက ရောက်နေရသည်မှာ နေ့စဉ်ရက်တိုင်း အလိုလိုပင်ဖြစ်သည် ။

တစ်နေ့သောအခါ၌ ပြည့်ရှင်မင်း စက္ခုပါလ၏ ရွှေရောင်ဝင်းဝါလှသော နန်းတော်ကြီး၌ နန်းဆောင်အတွင်းရှိ ရွှေပလ္လင်ထက်၌ အခြွေအရံများစွာပတ်ရံထားရာ ထိုင်ကာ စက်တော်ခေါ်နေသော မိဖုရား သီရိမဟာဒေဝီဟာ နူးညံ့လွန်းသော ညာဘက် လက်ချောင်းသွယ်သွယ်လေးတွေအား သူမရဲ့ ပါးပြင်ပေါ်၌ တေ့ထား၍ ဘယ်ဘက်လက်ချောင်းကလေးတွေဟာလည်း ရွှေပလ္လင်အား တောက်ခါ တောက်ခါနဲ့ စည်းချက်မှန်စွာ အချက်ချနေလျက်ရှိသည် ။

ဘေးနားရှိ အခြွေအရံနှစ်ဦးမှာ ရွှေယက်တောင်တော်ကြီးများကိုင်၍ မိဖုရားအား အေးချမ်းစေရာ လေအေးအေးလေးများကို ဖြည်းညှင်းစွာ သယ်ဆောင်ပေးနေပါသည် ။

ထိုအချိန်၌ နန်းဆောင်တံခါးမကို ဖွင့်ပြီး အဆောင်တော်ထဲသို့ ဝင်လာသော အထိန်းတော်ကြီး တစ်ဦးဟာ မိဖုရား သီရိမဟာဒေဝီရဲ့ အနားသို့ ကပ်ကာ တီးတိုးစွာ ပြောပါတော့သည် ။

" လျှောက်တင်လိုကြောင်းပါ ဖုရား ။ အနောက်နန်းဆောင်၌ စံမြန်းတော်မူသော မိဖုရားငယ်၌ သားဆက်ပွားဖို့ ပဋိသန္ဓေ ယူလိုက်ပါပြီ ဖြစ်ကြောင်းပါ ဖုရား ။ "

" ဘယ်လို ဘယ်လို ။ ပဋိသန္ဓေ ယူလိုက်ပြီ သတဲ့လား ။ "

" မှန်လှပါ ဖုရား ။ "

(ဖုရား =/= ဘုရား)

မိဖုရားသီရိမဟာဒေဝိဟာ မျက်လုံးများဖွင့် ဒေါသများ ထောင်းကနဲထွက်ကာ ထိုင်ရာမှ ထလိုက်ပြီး နန်းဆောင်အတွင်း၌ သူမရဲ့ လက်တွေကို ကျစ်ကျစ်ပါအောင် ကိုင်ထားပြီး ထိုင်မသိမ်းအနားစကို ခြေဖျားလေးနဲ့ ယက်ကန်ယက်ကန် လုပ်ပြီး ဟိုသည်လျှောက် ဒီသည်လျှောက်ဖြင့် ပူပန်သောက ရောက်နေရပြန်လေသည် ။

မိဖုရားကြီးအဖို့တော့ မျိုးဆက်ပွားဖို့အရေး အင်မတန်မှ ခက်ခဲလှသည် ။ နန်းတွင်းသမားတော်တွေနဲ့လည်း ကုသလို့ ကုန်လုပြီ ။ မိဖုရားကြီးရဲ့ ပဋိသန္ဓေကတော့ ဆက်ပွားရန် မအောင်မြင်ပါ ။ မိဖုရားငယ်တွေမယ်တော့ တစ်ပါးပြီးတစ်ပါး ဘုရင်မင်းမြတ်ပျော်စံရာဆီသို့ မိဖုရားကြီးသို့အမှီ လက်ဦးမှုအရယူနေကြပါတော့သည် ။

ပြီးနောက် မိဖုရားကြီးမှာ စိုးရိမ်ပူပန်ကြီးစွာဖြင့် ရွှေပလ္လင်ထက်၌ ပြန်လည်ကာ ထိုင်ချလိုက်ပြီး ခြေတော်ရင်း၌ ရို့ကျိုးစွာ ထိုင်နေသော အထိန်းတော်ကြီးအား ။

" အထိန်းတော်ကြီး ။ "

" မှန်ပါ့ ဖုရား ။ "

" ရှေးတစ်ခါက လျှောက်ခဲ့တဲ့ 'စင်သီယာ' ဆိုတာ ဘယ်သူပါလိမ့် ။ "

" ကျွန်တော်မျိုးမ လျှောက်တင်ခဲ့သည်ကား 'စင်သီယာ' မှာ 'စုန်းမ' သာ ဖြစ်ပါ၏ ဖုရား ။ "

" စုန်းမ တဲ့လားကွဲ့ ။ "

" မှန်လှပါ ဖုရား ။ လိုတိုင်းရ တတိုင်းရအောင် ဖြည့်ဆည်းပေးတတ်သည့် စုန်းမ သည်သာ ဖြစ်ပါ၏ ဖုရား ။ "

" ကိုင်း ။ ဒီကနေ့အခါ ညချမ်းကိုတော့ ဘုရင်မင်းမြတ် ငါ့ဆီ၌ လာရောက် စက်တော်ခေါ်နိုင်မည် မဟုတ် ။ ဒါ့ကြောင့်ပင် စင်သီယာ စုန်းမ ဆီ သွားရောက်ဖို့အတွက် အထိန်းတော်ကြီး စီစဉ်ပေးစမ်းပါလေ့ ။ "

" မှန်လှပါ ဖုရား ။ ကျွန်တော်မျိုးမ တာဝန်သာ ထားပါလေ့ ဖုရား ။ သို့ပေသို့ စင်သီယာ သည်ကား ကျွန်တော်မျိုးမတို့ သိကြသော စုန်းမမျိုး မဟုတ်ပါကြောင်း ဖုရား ။ "

" ဘယ်လို ဘယ်လို ပြန်ပြောစမ်းပါ့ အထိန်းတော်ကြီးရဲ့ ။ "

" မှန်ပါ့ ။ စင်သီယာ သည်ကား ရှေးအနာဂါတ် နှစ်ပေါင်း၂၀၀၀ နီးပါးမှ လာသော စုန်းမ သာ ဖြစ်ပါ၏ ဖုရား ။ အင်မတန်မှ ရက်စက်စွာ ဆိုးသွမ်းလှပြီး စုန်းတို့တိုင်းပြည်မှ နယ်နှင်ပေးခြင်း ခံရသော စုန်းမ သည်သာ ဖြစ်ပါ၏ ဖုရား ။ "

" တယ်များ ရက်စက်လှလို့လား ။ ပြောစမ်းပါ အထိန်းတော်ကြီး ရ ။ "

" မှန်ပါ့ ။ စင်သီယာ ပြုစားလိုက်လေသော သူများဟာ နတ်ဘုရားတောင် ဆင်းကယ်၍ မရနိုင်လောက်အောင်ပါပင် ဖုရား ။ ပေးသည်က နည်းနည်း တန်ကြေးပြန်တောင်းသည်က များများပါ ဖုရား ။ "

" ကောင်းပြီ ကောင်းပြီ ။ ရှိသမျှ ရွှေ ငွေ စည်းစိမ်း ဥစ္စာ အလုံးစုံအား ယူလာကြပါလေ့ ။ ဒီစည်းစိမ်တွေနဲ့ဆို စင်သီယာ ကျေနပ်တော်မူမှာပါလေ့ ။ "

" မှန်လှပါ ဖုရား ။ "

" ကနေ့ည ခရီးနှင်ဖို့ အသင့် လုပ်ထားပေတော့ ။ "

" မှန်ပါ့ ဖုရား ။ "

ဟု ဆိုကာ အထိန်းတော်ကြီးလည်း မိဖုရား ခြေတော်ရင်းမှ ခစားနေရင်း အဖြည်းဖြည်း အနောက်သို့ စုတ်ကာ နန်းဆောင် အပြင်သို့ ထွက်သွားပါပေတော့သည် ။

ရွှေပလ္လင်ထက်က မိဖုရားသီမဟာဒေဝီသည်ကား ခေါင်းလေးတငြိမ့်ငြိမ့်လုပ်ကာ သက်ပြင်းလေးများကို ဖြည်းညှင်းစွာသာ ချနေပါတော့သည် ။

စင်သီယာကို အားကိုတကြီးပြုဖို့အတွက် မိဖုရားကြီးမှာ စိတ်အားထက်သန်နေသည် ။ မိဖုရား သီရိမဟာဒေဝီမှာ လိုချင်တာရဖို့ လွယ်ကူပေမယ့် စင်သီယာ ကူညီမှရနိုင်မည့် တန်ဖိုးကြီးကိစ္စတွေရှိနေပြီ ။

^ ^ ^ ^ ^

စက္ခုဝတီနန်းတော် ၏ တော်ဘက်ခြမ်းရှိ မှောင်မဲနက်နဲသော တောအုပ်ကြီး၌ အင်မတန်မှ ခြောက်ခြားဖွယ်ကောင်းသော နေအိမ်လေး၌ စင်သီယာ ဆိုသော စုန်းမ နေထိုင်လေသည် ။

အငွေ့တထောင်းထောင်း ထွက်နေသော အိမ်ရဲ့မီးခိုးတိုင်း ဘေးပတ်ပတ်လည်၌ မှောင်မဲနေသော တောနက်ကြီး ၊ တံခါးပေါက်တစ်ခုနှင့် ပြတင်းပေါက် တစ်ခုသာ ပါပေမယ့်လို့ မှောင်မဲလို့နေပါပေသည် ။

ထိုအချိန် တောလမ်းတစ်လျှောက် မီးတုတ်ကြီးများနှင့် ဝင်းလဲ့လဲ့ မြင်ရသော မိဖုရားသီရိမဟာဒေဝီ နဲ့အခြွေအရံများစွာဟာ စင်သီယာ၏ အိမ်တော်ဆီသို့ ကြွချီမြန်းတော် မူလေသည် ။ စင်သီယာ၏ အိမ်တော်ပတ်ပတ်လည်သို့ မီးတုတ်ကြီးများနှင့် ပတ်ရံထားတော့ အိမ်တော်၏ ပုံသဏ္ဍာန် အလုံးပတ်လည်ကို ကောင်းစွာ မြင်ရပါတော့သည် ။ ရေနံစေးတွေ လိမ်းသုတ်ထားတာကြောင့် မဲနေလေသည် ။

မိဖုရားသီရိမဟာဒေဝီရဲ့ အနောက်၌ မျက်ခြေမပြတ် လိုက်ပါလာကြသော သစ္စာစောင့် အခြွေအရံများနှင့် အထိန်းတော်ကြီးတို့ ပါလာကြပြီး အထိန်းတော်ကြီးဟာ ။

" ကျွန်တော်မျိုးမ စင်သီယာအား မိဖုရားကို ခစားဖို့ သွားလျှောက်လိုက်ပါ့မယ် ဖုရား ။ "

" အို ဘယ်ဖြစ်ပါ့မလဲ အထိန်းတော်ကြီး ။ ငါ မိဖုရားက စင်သီယာကို တွေ့ချင်လို့ လာခြင်းပဲ ။ အားလုံး ဒီမှာသာ နေခဲ့ကြလေ့ ။ "

" မဖြစ်သင့်ပါ ဖုရား ။ ကျွန်တော်မျိုးမပါ မိဖုရား နဲ့ လိုက်ခဲ့ပါမည် ဖုရား ။ "

" ကောင်းပြီ ကောင်းပြီ ။ "

ဟု ဆိုကာ မိဖုရားသီရိမဟာဒေဝီ နှင့် အထိန်းတော်ကြီးတို့ နှစ်ယောက်သာ အခြွေအရံများ ရပ်နေသည့်နေရာမှ စင်သီယာ၏ အိမ်တော်အရှေ့သို့ ဖြည်းညှင်းစွာ ခြေလှမ်းလှမ်းရင်း သွားနေကြချိန် အိမ်တော် တံခါးမဟာ ဒုန်းခနဲ ပွင့်ထွက်သွားပြီး မီးအလင်းရောင်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပါတော့သည် ။

ထိတ်လန့်စရာ အဖြစ်ပျက်ကြောင့် မိဖုရားမှာ ခြေလှမ်းများ တုန့်ခနဲ ရပ်ဆိုင်းသွားရပြီး အထိန်းတော်ကြီးသည်ကား မျက်လုံးများ ပြူးကျယ်သွားပါပေတော့သည် ။

သီရိမဟာဒေဝီ မိဖုရားသည် မျက်ဝန်းတော်များ စုံမှိတ်ကာ သက်ပြင်းများသာ ချမိပါတော့သည် ။ ပြီးနောက် တုန်လှုပ်ကာနေသော ခြေလှမ်းများနှင့် စင်သီယာ၏ အိမ်တော်ဆီသို့ ဝင်ရောက်ခဲ့ပါပေတော့သည် ။

အထိန်းတော်ကြီး နှင့် သီရိမဟာဒေဝီ မိဖုရား တို့နှစ်ဦးဟာ စင်သီယာစုန်းမ အိမ်တော်ထဲသို့ ဝင်သွားကြသည့် အချိန်၌ ဘယ်ဘက်အခြမ်းက မီးဖိုကြီးအတွင်း၌ မီးဟာ ပြင်းထန်စွာ တောက်လောင်နေပြီး အလယ်တည့်တည့်၌ ပိတ်စများ တွဲလွဲကျနေပြီး လူအိပ်နိုင်သော သစ်သားစင်(ကုတင်) တစ်ခုရှိပြီး ထိုအရှေ့ဘက်အခြမ်း၌ စုန်းတို့ ပြုစားရာ ဖန်လုံး ၊ ဆေးရည် ၊ အရိုးခေါင်း တစ်ခုပါ ရှိသည့် စားပွဲခုံ၌ ကတ္တီပါအနီရောင်တောက်တောက်နဲ့ ခမ်းနားစွာ ခင်းကျင်းထားသည်မှာ ကြောက်စရာအလွန် ကောင်းနေပြန်သည် ။

ညာဘက်ပြတင်းပေါက် အခြမ်း၌ ကျီးကန်တစ်ကောင် ကြောင်အမဲတစ်ကောင် ယုန်အမဲတစ်ကောင်တို့ဟာ ခုံအမြင့် တန်းအမြင့်ပေါ်၌ ကိုယ်စီရှိနေကြပြီး ထိုခုံအမြင့်၌လည်း လက်တစ်ပြားစာ နီးပါးရှိသော နှင်းဆီပန်းအနီရောင်ကြီးကိုပါ ဖင်ဝိုင်းကြီးသော ပန်းအိုးနှင့် ထိုးထားပါသေးသည် ။

ထိုအချိန် ။

" စင်သီယာ အိမ်တော်အတွင်း မရှိနိုင်လောက်ဘူး ထင်ပါ၏ ဖုရား ။ "

" ခေတ္တလောက် စောင့်ကြည့်ပါ ။ "

သီရိမဟာဒေဝီ မိဖုရား နှင့် အထိန်းတော်ကြီး တို့ နှစ်ဦးဟာ စုန်းမအိမ်တော်အတွင်း၌ အရိပ်အကဲ ကြည့်နေကြရင်း သြဇာကြီးမားလှသော ရယ်သံတစ်ခုကို ကြားလိုက်ရပါတော့သည် ။

" အဟားဟားဟား ။ "

" ဟင် အထိန်းတော်ကြီး ။ "

" စင်သီယာ ဖြစ်လောက်ပါ၏ ဖုရား ။ "

" သိပ်ဟုတ်တာပေါ့ သိပ်မှန်တာပေါ့ ။ "

ဟု ပြောလိုက်သော စင်သီယာဟာ အမဲရောင်ပိတ်စများ တွဲလောင်းကျနေသော နေရာ၌ ထွက်လာခဲ့ခြင်းပင် ။ အနီရောင် ထိုင်မသိမ်းကို ခမ်းနားလှပစွာ ဝတ်ထားပြီး ဝတ်ရုံအမဲရောင်ပိတ်စကိုပါ လွမ်းခြုံထားသည် စင်သီယာ စုန်းမ ဟာ ဝင်းဝါလွန်းလှတဲ့ အသားအရည်နှင့် အင်မတန်မှ လှပနေလွန်းပါပေသည် ။

မိဖုရားကဲ့သို့ မောင်းမများ အခြွေအရံများကဲ့လို့ ဆံနွယ်တွေအား သသပ်လှပစွာ ထုံးခွေထားခြင်းမရှိ နက်မှောင်ဖြောင့်ဆင်းပျော့ပြောင်းသော ဆံနွယ်တွေအား ဖြန့်ကာချထား၍ နားအနောက်ဘက်သို့ လျှိုသွင်းထားပါတော့သည် ။ မျက်နှာအရှေ့၌လည်း အမဲရောင်ပိတ်စအပါးလေးကို နှာတံမှစ၍ အုပ်မိုးထားသည်ကြောင့် သူမ၏ နီသွေးဖြာသော သိမ်းငှက်မျက်လုံး မြေခွေးအမြှီးနှင့် တူသော မျက်ခုံး တို့ကိုသာ ခြောက်ခြားစွာမြင်တွေ့ရသည် ။

နီသွေးဖြာသော မျက်ဝန်နက်ကြီးများကို ကြောက်လန့်နေပေမယ့်လို့ မိဖုရားသီရိမဟာဒေဝီမှာ သက်ပြင်းခိုးချ၍ အသံကိုနှိမ့်ကာ ။

" စင်သီယာ ။ "

" ဘာကြောင့်များပါလဲ ။ နန်းတော်အတွင်း ပဋိသန္ဓေ ယူနေကြတဲ့ မိဖုရားငယ်တွေကြောင့် စိတ်ပူပင်သောက ရောက်နေလို့ ငါ့ဆီ ရောက်လာလေသလား ။ "

" ဟုတ်လေစွ ။ သိပ်မှန်ပါသည် စင်သီယာ ။ "

" အဟားဟား ။ ရွှေပလ္လင်မဟုတ်သော သစ်သားပလ္လင် မှာ ခေတ္တအနားယူပါ ။ "

ဟု စင်သီယာဟာ မိဖုရားသီရိမဟာဒေဝီအား ရွဲ့စောင်းပြောဆိုလိုက်သည် ။ မိဖုရားဟာ သူမရဲ့လက်ကလေး နှစ်ဖက်ကို စုပ်ကိုင်ရင်း ခုံပေါ်၌ ဖြည်းညှင်းစွာသာ ထိုင်လိုက်ပါတော့သည် ။ အထိန်းတော်ကြီးကတော့ မိဖုရား၏ ညာဘက်အခြမ်း၌ မတ်တပ်သာ ရပ်နေပါတော့သည် ။

အသက်ရှူသံများနဲ့ အတူတူ ကြောက်ရွံ့ထိတ်လန့်နေသော မိဖုရားကိုကြည့်ရင်း စင်သီယာတစ်ယောက် မဲ့ပြုံးပြုံးသည် ။

စုန်းမ စင်သီယာ ၏ မျက်ဝန်းများဟာ ရယ်သယောင် ပြုကာဖြင့် မိဖုရားထိုင်နေသော သူမ၏ စုန်းပစ္စည်းတို့ ထားရှိရာ စားပွဲခုံ၏ အရှေ့ဘက်က နောက်မှီပါသော ခုံအမြင့်၌ ထိုင်လိုက်ပါတော့သည် ။ ပြီးနောက် သူမရဲ့ သိမ်းငှက်မျက်ဝန်းနှင့် သီရိမဟာဒေဝီမိဖုရားကို ကြည့်နေရင်းမှ မိဖုရားဟာလည်း ကြောက်လန့်စွာ တုန်ရီသော လေသံဖြင့် တီးတိုးပြောသည် ။

" ပဋိသန္ဓေ ရနိုင်ရန်အတွက် ကူညီပေးပါလေ့ စင်သီယာ ။ အကျွန်ုပ် အသင်အလိုရှိသမျှကို ဖြည့်ဆည်းပေးပါမည် ။ "

စင်သီယာဟာ မိဖုရားရဲ့စကားကိုကြား၍ သဘောကျစွာဖြင့် ပိတ်စအောက်က သူမရဲ့နှုတ်ခမ်းကို ဝိုင်းလိုက်ကာဖြင့် ။

"အို ။ အဟားဟားဟား ။ ကောင်းပါပြီ ကောင်းပါပြီ ။ ငါ စင်သီယာ ။ ကူညီပေးပါ့မယ် ။ "

စင်သီယာ၏ ပြုံးသယောင်ပြုလိုက်သော မျက်ဝန်းများကြောင့် သီရိမဟာဒေဝီ မိဖုရားမှာ သက်ပြင်းချ၍သာ ပြုံးမိပါတော့သည် ။ စင်သီယာဟာ သူမရဲ့စားပွဲပေါ်က ဓာတ်လုံး ၊ အရိုးခေါင်း ၊ ဆေးရည်တွေထဲက ရွေးချယ်ဖို့အတွက် ပိတ်စအပေါ်၌ မေးစိလေးကို လက်ညိုးလေးနှင့် တောက်ခါ တောက်ခါ လုပ်ပြီး သူမရဲ့ ဘက်ဘယ်အခြမ်း မျက်ခုံးဟာ အပေါ်ဘက်သို့ အနည်းငယ်ပင့်တင်ကာဖြင့် ။

" အင်း ။ ဒါလေးဆို ပဋိသန္ဓေ ယူဖို့ အကောင်းဆုံးပါပဲ ။ "

ဟု ဆိုကာ ပိတ်စအနီရောင်လေးနဲ့ ပတ်ထားသော ပစ္စည်းတစ်ခုကို မိဖုရားအရှေ့သို့ လက်လှမ်းကာ ချပေးလိုက်ပါတော့သည် ။ သီရိမဟာဒေဝီမိဖုရားဟာ ထိုပစ္စည်းကို ကြည့်နေရင်းမှ တုန်ရီသော လက်များနှင့် ဖွင့်မည့်အချိန် စင်သီယာဟာ လက်ကိုပိုက်လိုက်ကာ ခြေချိတ်ထိုင်ရင်းဖြင် ။

" အရှင်မင်းမြတ်ရဲ့ စားတော်အုပ်မှာ ဤအစေ့ကို ကြိတ်ပြီး ထည့်လိုက်စမ်းပါလေ့ ။ မိဖုရားရဲ့ စားတော်အုပ်မှာလည်း ထည့်ဖို့ မမေ့ပါနှင့် ။ "

ဟု ဆိုလိုက်သည် ။ ထိုအချိန် မိဖုရားဘေးက အထိန်းတော်ကြီးဟာ စင်သီယာအား မယုံကြည်သော အကြည့် လေသံဖြင့် ။

" သင့်ကို အဘယ်လို့ ယုံရမည်နည်း ။ ဤ အစေ့ဟာ အဆိပ်သီး ဖြစ်မည်ဆို အဘယ်လုပ်မည်နည်း ။ "

" အို ။ တယ်ရိုင်းစိုင်းလိုက်တဲ့ မိန်းမ ။ ငါ့လို စုန်းမမျိုးကို ဤအစေ့အတွက် စော်ကားရဲသလား ။ "

ဟု ဒေါသကြီးစွာ ပြောလိုက်ပြီး သူမရဲ့လက်တွေကပါ စားပွဲပေါ်သို့ ဒုန်းခနဲ ကျရောက်ခဲ့သည် ။ မိဖုရားမှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် ။

" မဟုတ်ရပါဘူး ။ အဲ့သလို မဟုတ်ရပါဘူး စင်သီယာ ။ အသင် ပြောသလို အကျွန်ုပ် လိုက်နာပါ့မယ် ။ "

" ငါ၏ ဒေါသကို တူးစွလိုက်တာပဲ ။ "

" မစဉ်းစား မဆင်ခြင်သော အကျွန်ုပ်၏ အထိန်းတော်ကြီးအတွက် အကျွန်ုပ် တောင်းပန်ကြောင်းပါ ။ အထိန်းတော်ကြီး ကိုယ့်အမှားကိုယ်သိရင် စင်သီယာအား ရို့ကျိုးစွာ တောင်းပန်ပါလေ့ ။ "

ဟု ဆိုလိုက်သော မိဖုရားကြောင့် အထိန်းတော်ကြီးမှာ မတောင်းပန်ချင်ပေမယ့်လည်း ဒူးတုတ်ထိုင်ချကာဖြင့် စင်သီယာအား တောင်းပန်စကားများ ပြောနေပါတော့သည် ...

" အကျွန်ုပ်၏ အမှားအတွက် တောင်းပန်ပါသည် စင်သီယာ ။ အကျွန်ုပ်ကို ခွင့်လွှတ်ပါ ။ "

ထိုသို့ တောင်းပန်နေတဲ့ အထိန်းတော်ကြီးကို ငုံ့ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်ပါတော့သည် ။

" အဟားဟားဟား ။ အသင့်ရဲ့ အမှားဟာ နှမ်းစေ့လို သေးငယ်သည်မှ မဟုတ်ဘဲ ။ ငါ့ရဲ့ ပညာကို စော်ကားခဲ့လို့ အသင်တစ်နေ့ ပြန်ပေးဆပ်စေရမည် ။ "

စင်သီယာ၏ ဒေါသတွေဟာ သိမ်းငှက်မျက်ဝန်း၌ ဟုန်းဟုန်းတောက် လောင်မြိုက်နေခဲ့ပါတော့သည် ။

× × × × ×

1.2.2022
morA_nyein
12.4.2023

Continue Reading

You'll Also Like

10.6K 158 13
This will pretty much consist of random ideas I have that won't fit into other fanfics I'm writing or planning. Suggestions are welcomed and apprecia...
64.1K 2.6K 42
Edit - ဖြစ်ရပ်မှန်ဟု ဆိုသော်လည်း နောက်ပိုင်းတွေ ကွဲလွဲနိုင်သည်။ ဖြစ်ရပ်မှန်က ဘယ်လိုမှန်းမသိပင်မယ့် ကိုယ့်ဇာတ်ကောင်တွေကို ပေါင်းစေချင်တယ်။
10K 408 19
ကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။
3.5K 169 13
Jennie kim a 1st year college student who is inlove with kim taehyung but taehyung dont feel same as her,she always get taehyung's attention,but he a...