𝐓𝐇𝐄 𝐁𝐄𝐀𝐔𝐓𝐘 𝐐𝐔𝐄𝐄�...

By Wangxiaowifey

281K 23.5K 2.4K

⚠️⚠️For yizhan only .Take care of your reading list. ချစ်မြတ်နိုးရတဲ့တစ်ဦးသောချစ်သူ ရှောင်းက ဖခင်ဖြစ်သူ ဧကရာဇ... More

Intro
part- 1
part-2
part-3
Part-4
part-5
part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part -21
Part -22
Part-23
Part -24
Part - 25
Part -26 😼
Part-27
Part -28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part -35
Part-36🍑
Part-37
Part-38
Part-39
Part-40🌝 ( final )

Part-20

7K 593 110
By Wangxiaowifey

ကျီကျင့်နန်းဆောင်မှာ အလုပ်လုပ်နေတဲ့ အရှင့်မျက်နှာခပ်ပြုံးပြုံးကို ကုန်းကုန်းလှမ်းကြည့်နေမိသည်။ ညီလာခံကဆင်းလာပြီး ရှောင်းဖေးသတင်းကြားပြီးကတည်းကပြုံးနေတာအခုထိပင်ဖြစ်သည်။ အဲ့လောက်တောင်ပဲ ဘာတွေသဘောကျစရာပါလို့လဲ။ ဒါက ကုန်းကုန်းစိတ်ထဲမှာ နည်းနည်းလွန်တယ်လို့ တွေးနေမိ၏။

" အရှင် "

" အင်း! "

ကုန်းကုန်းလှမ်းခေါ်တဲ့အခါ ရိပေါ်ကလက်ထဲကစုတ်တံကိုသာ အာရုံစိုက်ရင်းပြန်ဖြေသည်။

" ယုံဖေး ..ကိစ္စ ဘယ်လိုလုပ်မလဲ "

ဝမ်ရိပေါ်နှုတ်ခမ်းတစ်ဖက်အပေါ်ကွေးတက်သွားရုံမျှ အသံတိတ်ပြုံးသည်။ ကုန်းကုန်းသည်အရှင့်ရဲ့အဖြေကို စိတ်ဝင်တစားမျှော်လင့်နေမိသည်။

" ငါကိုယ်တော်က ဘယ်တော့မှ သူတစ်ပါးအပေါ်မတရားအနိုင်မယူဘူး။ တစ်ပါးသူက အနိုင်ကျင့်တာမျိုးကိုလည်းမကြိုက်ဘူး။ ဒါပေမယ့် ဒီနေ့ကိစ္စက ယုံဖေးအတွက် သက်သေချင်စရာကောင်းလောက်အောင်ပြင်းထန်တယ်ဆိုပေမယ့် သတ်သေသွားရင်လည်း ငါကိုယ်တော်နှမြောမှာမဟုတ်ဘူး။ သူက ရီယမ်အပေါ်ကျူးလွန်ထားတာ။ အဲ့ကိစ္စမှာ တစ်စိတ်တစ်ပိုင်းပါဝင်နေတယ်ဆိုတာ ကိုယ်တော်ရိပ်မိပြီးသား။ ရှောင်းသာ သူဆိုတာလက်ပူးလက်ကြပ်ထပ်သိသွားရင် အခုလိုအခြေနေမျိုးလောက်နဲ့ပြီးမယ်လို့မထင်ဘူး။ အဲ့တော့ သူဒီလောက်တော့ခံရဖို့ထိုက်တန်တယ်လို့ ကိုယ်တော်မြင်တယ် "

" ဒါဆို ရှောင်းဖေးက အခုသတင်းဖြန့်တဲ့ကိစ္စကြောင့်ရိုက်တာမဟုတ်ဘူးပေါ့ "

" ဒါကအကြောင်းပြချက်သက်သက်ပါ။ ရီယမ်ကိစ္စမှာ ယုံဖေးတစ်စိတ်တစ်ပိုင်းပါဝင်နေတာကို ရှောင်းကသိနေလို့ပါ။ ဘယ်တုန်းက ရှောင်းက အားလုံးရဲ့အမြင်မှာ ဒီလိုကိစ္စတွေအတွက် လိုက်ခံစားနေဖူးလို့လဲ "

အရှင်ပြောတာလည်းဟုတ်ပါတယ်။ ရှောင်းဖေးက သူ့အတင်းဘယ်လိုပြောပြော အာရုံစိုက်ခဲ့ဖူးတာမှမဟုတ်တာ။

" ဒါဆို ကျိုးသားရင့်က အပြစ်မရှိပဲ အခုလိုခံလိုက်ရတာလား "

ရိပေါ်ခဏတာ တွေးမိသွားသည်။ ထို့နောက်ချီကုန်းကုန်းကို ခေါင်းခါပြလိုက်သည်။

" ဒီကိစ္စမှာ သူမပါဝင်ဘူးဆိုတာ ကိုယ်တော်ယုံတယ်။ ဒါပေမယ့် ကျိုးသားရင့်ကလည်းအဆိပ်ရှိသူတစ်ယောက်ပါကုန်းကုန်း။ သူ့အဖေရဲ့နောက်ခံအင်အားကမသေးဘူးလေ။ ယုံဖေးထက်တောင်ပိုအန္တရာယ်များတဲ့ထဲပါတယ်။ အခုလိုရှင်းထုတ်လိုက်တာလည်းမမှားပါဘူး "

" ဒါပေမယ့်မတရားဘူးလို့ခံစားနေရတယ် "

ချီကုန်းကုန်းအပြောကို ရိပေါ်ဟက်ခနဲရယ်ချလိုက်သည်။

" ကိုယ်တော့်မှာ အရင်ကတည်းက အနောက်ဆောင်မှာဖိရားတွေ မောင်းမတွေကို ဖယ်ရှားဖို့စီစဉ်ထားပြီးသား။ တခြားသူတွေကို ဖယ်ရမခက်လောက်ပေမယ့် ဒီသုံးယောက်ကိုဖယ်ရခက်မယ်ဆိုတာ ကိုယ်တော်အရင်ကတည်းကသိတယ်။ ဒါပေမယ့်အဲ့မတိုင်ခင်မှာ ဒါတွေအကုန်ဖြစ်ကုန်တယ်။ ကိုယ်တော်လူမသတ်ချင်ဘူး။ ဒါ့ကြောင့် နည်းလမ်းတကျနဲ့ဖယ်ရှားဖို့ပဲ စဉ်းစားခဲ့တယ်။ အခုတော့ အဲ့လိုလုပ်လို့မရတော့ဘူးဆိုတာကို နားလည်လာတယ်။သူတို့က ကိုယ်တော့်ရဲ့သွေးသားအပေါ်ကြံစည်ခဲ့တယ်လေ။ မေတ္တာဆိုတာ ထားသင့်ထားအပ်တဲ့အရာပေါ်မှာပဲထားလို့ရတာ။ ရှောင်းသာလုပ်ချင်ကိုင်ချင်စိတ်ရှိရင် ကိုယ်တော်အနောက်ကနေ အတတ်နိုင်ဆုံးပံ့ပိုးပေးနေမှာပဲ "

ချီကုန်းကုန်းသက်ပြင်းအသာချသည်။ အရှင့်ကိုနားမလည်နိုင်ပါ။ ဘာလို့များ နောက်ကနေ ရှောင်းဖေးပြောင်းလဲသွားမှုအပေါ်အားပေးအားမြှောက်ပြုနေရတာလဲ။ အဲ့လိုလွှတ်ထားရာကနေလမ်းမှားရောက်သွားရင် ဘယ်လိုလုပ်လိမ့်မလဲ။

" ဒါနဲ့ ကုန်းကုန်းကို ပြင်ခိုင်းထားတဲ့စောင်းရပြီလား "

" ဒီနေ့ရတော့မှာပါအရှင်။ အရှင်ပြောတဲ့အတိုင်း ထင်းရှူးသားနဲ့ သေချာကျစ်ထားတဲ့ သင်အူကြိုးကိုသုံးထားပါတယ် "

" အင်း! ပြီးတာနဲ့ ရှောင်းဖေး အဆောင်ကိုတိုးတိုးတိတ်တိတ်လက်ဆောင်သွားပေးလိုက် "

ဟင်! လက်ဆောင်ပေးတာ ဘာလို့တိုးတိုးတိတ်တိတ်လဲ။ ထပ်ပြီးတော့များ.. ကုန်းကုန်း အရှင့်ကိုလှမ်းကြည့်တဲ့အခါ အရှင်သည် သေချာပေါက်ကိုပြုံး‌နေသည်။ ထပ်ပြီးအကြံစည်တွေ! ကုန်းကုန်းတစ်ကယ်မထင်မိပါ။ ဘယ်လိုလုပ်ပြီးများ ဒီလိုအကြံစည်တွေ အရှင့်မှာရော ရှောင်းဖေးအပေါ်မှာပါရှိလာခဲ့ရတာလဲ။

" အရှင် ဒါကနောက်ထပ်ခြေလှမ်းလား ! အရမ်းဆိုးဆိုးဝါးဝါးတွေမလုပ်ပါနဲ့လားအရှင်။ ကျွန်တော့်ရဲ့အမြင်မှာ အရှင်ရော ရှောင်းဖေးရော အရမ်းပြောင်းလဲသွားသလိုခံစားနေရတယ် "

" ဟားဟား! "

ကုန်းကုန်းသည် အားရပါးရ ရယ်မောနေတဲ့အရှင့်ကိုသာ သေချာကြည့်မိပါတော့သည်။ သူပြောတဲ့ထဲဘာတွေများရယ်စရာပါသွားလို့လဲ။

" လူတိုင်းကပြောင်းလဲနိုင်ပါတယ် ကုန်းကုန်း "

ဝမ်ရိပေါ် ကုန်းကုန်းကို ဒီတစ်ခွန်းသာပြောမိတော့သည်။ မှန်ပါတယ် သူအစက ရှောင်းအခုလိုပြောင်းလဲသွားတာကိုတောင်သူကြောက်ခဲ့တယ်။ ဒါ့ကြောင့် အနားမှာထိန်းခိုင်းဖို့အတွက် စန်းကျင့်ကို တမင်ပို့ပေးခဲ့တယ်။

ရှောင်းငိုပြီး သူ့ကိုပြောခဲ့တုန်းကစကားတွေဆို သူ့နားထဲကထွက်ကိုမထွက်ခဲ့ဘူး။ မိဘတစ်ယောက်မို့လို့ ကိုယ့်သားသမီးထိခိုက်ရင် နာကျင်ရတာခြင်းတူတူပါဘဲ။ ကိုယ်တိုင်မွေးထားလို့ပဲဖြစ်ဖြစ် ကိုယ်တိုင်မမွေးထားလို့ပဲဖြစ်ဖြစ် ဒါက သူ့သွေးသားအရင်းပါ။ ရှောင်း ပြောသလိုခံစားချက်မတူဘူးဆိုတာ သူများအတွက်ဆို ဟုတ်ချင်ဟုတ်လိမ့်မယ်။ သူ့အတွက်တော့ ရှောင်းနဲ့ထပ်တူခံစားရတယ်။

ကုသမှုသာမအောင်မြင်ခဲ့ဖူးလို့တွေးလိုက်ရင် ရိပေါ်ရူးသွားနိုင်တယ်။အဲ့မှာတင်ပဲ သူရှောင်းရဲ့စိတ်ကိုအများကြီးနားလည်ခဲ့တယ်။သွေးသားရင်းဆိုတာမှန်ပေမယ့် လုပ်ထုံးလုပ်နည်းတွေကြောင့် လုပ်တဲ့သူကိုသတ်ပစ်ချင်ရင်တောင် စိတ်တွေကိုအများကြီးထိန်းချုပ်ခဲ့ရတယ်။

သူအချိန်တော်တော်ကြာစဉ်းစားပြီးတဲ့နောက်မှာတော့ ရှောင်းကိုပြောင်းလဲခွင့်ပြုလိုက်သလို သူကိုယ်တိုင်လည်းပြောင်းလဲပစ်ခဲ့တယ်။ သူလုပ်လို့မရတဲ့အပိုင်းမို့ လုပ်လို့ရတဲ့ ရှောင်းရဲ့အပိုင်းကနေ သူအပြည့်ဝနောက်ကနေထောက်ပံ့ပေးမယ်။ မတရားတာသိရင်တောင်မျက်လုံးလွှဲပစ်မယ်။ ရှောင်းနဲ့သူ့မိသားစုဘယ်သူ့အပေါ်မဆိုထိခိုက်လာသူကို ထိုနည်းနဲ့သာတုံ့ပြန်မယ်။

အရာရာတိုင်းမှာ သွေးအေးပြီး မေတ္တာထားနေရင် တစ်ချိန် ကိုယ့်လည်ပင်းကို ဓားပြန်ထောက်သွားနိုင်တယ်လေ။ ဒါ့ကြောင့် အစွယ်ဖြတ်သင့်သမျှသူအကုန်အစွယ်ဖြတ်ပြီး သတ်သင့်တဲ့လူမှန်သမျှအကုန်သတ်ပစ်ရမှာပဲ။ ရိပေါ်ကိုယ်တိုင် သူချစ်ရတဲ့သူတွေအတွက် ထိုသို့ ပြောင်းလဲ တွေးခေါ်ပစ်ခဲ့သည်။

" ကုန်းကုန်း "

တိတ်ဆိတ်နေတဲ့အခန်းထဲ ဝမ်ရိပေါ်အသံနှင့်ဖြိုခွင်းလိုက်သည်။ ဦးညွတ်လာတဲ့ ကုန်းကုန်းက ရိပေါ်ပြောမယ့်စကားကို ဂရုတစိုက်နားထောင်သည်။

"မယ်တော်တို့ကို ပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ပေးလိုက်တော့"

" အမိန့်တိုင်းပါအရှင် "

ဝမ်ရိပေါ်လက်သာခါပြလိုက်သည်။ ထွက်သွားတဲ့ကုန်းကုန်းသည် လှစ်ခနဲနေအောင်အဆောင်တွင်းမှထွက်သွားတော့သည်။ရိပေါ်သည်လည်း ရေးလက်စ စာပါ်မှာသာအာရုံပြန်စိုက်ခဲ့သည်။

" သခင်လေး "

ပြုံးပျော်နေတဲ့စန်းကျင့်က ရှောင်ကျန့်အနားမှာတဝဲလည်လည်။ ပြန်လာတဲ့လမ်းတောက်လျှောက်လည်း စန်းကျင့်ပြုံးနေသလို အခုလည်းအနားမှာတွတ်ထိုးနေတော့သည်။

ရှောင်းကျန့်ရီယမ်လေးကိုနို့တိုက်နေရင်း စန်းကျင့်ပုံစံကြောင့်ပြုံးမိသည်။

"ငြိမ်ငြိမ်လေးထိုင်နေလို့မရဘူးလား! မျက်စိတွေနောက်လာပြီ"

ရှောင်းကျန့်ပြောတဲ့အခါ စန်းကျင့်ကသူ့ရဲ့ညာလက်ကို မြှောက်ကိုင်ထားကာ ရှောင်းကျန့်ဘေးနားဝင်ထိုင်သည်။

" ဒီရွှေချထားရမယ့်လက်ကို ဒီနေ့အလုပ်တွေဘာဆိုဘာမှလာမခိုင်းပါနဲ့သခင်လေး။ အတတ်နိုင်ဆုံးရီယမ်လေးကိုတောင်မချီဘူး။ တစ်ရက်လောက်တော့ ဒီတိုင်းထားပါရစေ..နော်.နော်လို့ "

ကလေးလိုဂျီကျနေတဲ့စန်းကျင့်ကြောင့် ရှောင်းကျန့်ပြုံးလိုက်မိသည်။

" အဲ့လောက်တောင်ပဲကျေနပ်နေတာလား "

" ဒါပေါ့ ! စန်းကျင့် သူ့ကိုအစကတည်းမုန်းတာ။ အချိန်အခုလိုကြာသွားတာတောင် လက်စားချေရမယ်လို့တောင်မထင်မိဘူး။အခုဆို ကျေနပ်လွန်းလို့ ထမင်းတောင်စားမဝင်တာကိုကြည့်ပါလား "

ရှောင်းကျန့် ပြုံးလျက်နှင့်ပင် ခေါင်းညိတ်ပြပါလိုက်တော့သည်။

"ဪ! ပြောဖို့မေ့နေတာ! ထျန်းယော့က အရှင်ပို့ခိုင်းတဲ့ ဗျက်စောင်းလာပို့သွားတယ်။ ဟိုတစ်နေ့က သခင်လေးက အတီးသင်သွားတယ်တဲ့။ အဲ့ဒါ ထပ်ပြီးလေ့ကျင့်လို့ရအောင်လာပို့ပေးတာတဲ့။ လက်ဆောင်ပေးတာကတော့ တခြားသူတွေအတွက်လျှို့ဝှက်ချက်တဲ့။ တော်ကြာမနာလိုကြကုန်ရင်..."

စန်းကျင့်ဆက်ပြောမယ့်စကားကို ရှောင်းကျန့်သိတာမို့ ခေါင်းညိတ်ပြလိုက်သည်။

" အရှင်မင်းကြီးကြွချီလာပါတယ် "

" အယ်! စန်းကျင့်သွားတော့မယ်နော်! စန်းကျင့်ကိုဘာမှမခိုင်းနဲ့! အရှင့်ကိုဧည့်ခံဖို့တခြားလူလွှတ်လိုက်ပါ့မယ့်သခင်လေး "

ပြောပြီး လက်တစ်မြှောက်ကာထွက်ပြေးသွားတဲ့ စန်းကျင့်သည် လှစ်ခနဲရယ်။

" ရှောင်း "

ရိပေါ်က နာမည်လှမ်းခေါ်ရင်းအနားလာထိုင်သည် ။ရှောင်းကျန့် ရိပေါ်ကိုမော့သာကြည့်လိုက်သည်။

" စန်းကျင့်လက်ကဘာဖြစ်တာလဲ ပြေးထွက်သွားတာ တန်းနေရော "

" သူ့ရဲ့ရွှေချထားရမယ့်လက်ကို အရှင်လာတော့ ဧည့်ခံရမှာစိုးလို့တဲ့ထွက်ပြေးသွားတာ "

ရိပေါ်ပြုံးမိသွားသည်။ ရှင်ဘုရင်ကိုတောင်ကြောက်ရကောင်းမှန်းမသိတဲ့ဟာလေး။

နို့စို့နေတဲ့ ရီယမ်က လူကသာအိပ်ပျော်နေပေမယ့် နှုတ်ခမ်းတွေက အစို့မပြတ် လှုပ်ရွနေတုန်းပင်။

ရိပေါ် ပါးဖောင်းဖောင်းလေးတွေကိုလက်ညှိုးနဲ့တို့ထိလိုက်သည်။ အိစက်နေတဲ့အသားတွေက အသည်းတယားယားဖြစ်စေသည်။

" အရှင် မယ်တော်တို့ကို လွှတ်ပေးလိုက်ပြီဆို "

" အင်း! လုံလောက်ပြီထင်လို့ပါ "

" ဒါဆို ရှောင်းကျန့်အလိုက်တသိနဲ့သွားနှုတ်ဆက်ရတေ့ာမှာပေါ့ "

" ကိုယ်နဲ့သွားမယ် တစ်ယောက်တည်းစိတ်မချဘူး "

" ရီယမ်လေးကို ခေါ်သွားမှာပေါ့။ မယ်တော်တို့ကအခုထိရီယမ်ကိုမှမတွေ့ရသေးတာ ။ တွေ့သွားရင် ရှောင်းကျန့်အပေါ်အမြင်မကြည်တာတွေ တစ်မျိုးတစ်ဖုံပြောင်းလဲ သွားနိုင်တာပဲမဟုတ်လား။ ရှောင်းကျန့်ကိုမုန်းရင်တောင် သွေးသားအရင်းဖြစ်တဲ့ ရီယမ်လေးကိုတော့မုန်းမယ်မထင်ပါဘူး "

ရိပေါ်လည်း သူ့မယ်တော်နှစ်ပါးရဲ့အတွင်းစိတ်ကိုမခန့်မှန်းနိုင်တာမို့လို့ ဘာပြောရမလဲတကယ်မသိပါ။ မယ်တော်တို့က အလုပ်တစ်ခုကို သွေးအေးအေးနဲ့အရမ်းလုပ်နိုင်တဲ့သူတွေ။ ရှောင်းအပေါ်မကျေနပ်တွေထလုပ်မှာသာစိုးသည်။

"ဘာပဲဖြစ်ဖြစ် သတိထားရမယ်။ ကလေးကို ဘာမှမလုပ်နိုင်ရင်တောင် ရှောင်းအပေါ် တစ်ခုခုလုပ်မှာကိုယ်ကြောက်တယ်"

"ရှောင်းကျန့်ကအရင်လိုမတုံးတော့ဘူးလေ။ ထင်သလောက်လည်း မယ်တော်တို့ကမဆိုးပါဘူး ။ အရှင်မစိုးရိမ်ပါနဲ့"

ရိပေါ်အသံတိတ်ပြုံးလိုက်ရင်း ရှောင်းကျန့်ရဲ့ပါးအိအိလေးကို သူ့နှုတ်ခမ်းထူထူတွေ နစ်ဝင်သွားသည်အထိ ဖိကပ်နမ်းလိုက်သည်။

ရှောင်းကျန့်ရဲ့အပြုံးတွေသည် သူ့အတွက်တော့ ကမ္ဘာကြီးတစ်ခုဆိုတာထက်ပိုသည်။ အဆင်မပြေခဲ့တဲ့အချစ်ခရီးလမ်းမှာ နှစ်ယောက်လုံး စိတ်တအားပင်ပန်းခဲ့ရသည်။ အခုတော့ တော်တော်လေး အဆင်ပြေနေပါပြီ။ ပင်ပန်းချိန်တိုင်းအနားမှာရှိနေတာနဲ့တင် ရိပေါ် အတော်လေးစိတ်သက်သာရသည်။

🔸🔸🔸🔸

"အခုတလော အရှင်က ရှောင်းဖေးကို စောင်းတီးသင်ပေးနေတယ်တဲ့လေ။ အလုပ်မအားတဲ့ကြားက အလုပ်တွေ ပစ်ပြီးတော့ကိုသင်ပေးနေတာ"

"နင်ကဘယ်လိုသိလဲ ထင်ကြေးတွေနဲ့စွတ်ပြောမနေနဲ့"

"စွတ်ပြောနေတာမဟုတ်ဘူး! အရှင့်ဆီ မုန့်သွားဆက်သရင်းနဲ့သိလာတာ။ အရှင်က ရှောင်းဖေးနောက်ကနေ ဟော့ဒီ့လို လက်ကိုထပ်ကိုင်ထားရင်း စောင်းကြိုးတွေပေါ်မှာ ယှက်ပြေးနေတာ။ မြင်လိုက်ရတဲ့မြင်ကွင်းက ငါ့အသည်းနှလုံးတွေ တဆက်ဆက်ကိုတုန်သွားစေတာ။ အဲ့မြင်ကွင်းကြည့်ပြီး အကြိမ်ကြိမ်စိတ်ကူးယဥ်နေမိတာ..အင်း ..ဖြစ်မလာနိုင်တော့ဘူးထင်ပါတယ်"

ဥယျာဉ်ထဲမှာ မုန့်အချိုစားရင်းထိုင်ပြောနေကြတဲ့မောင်းမအငယ်တွေရဲ့စကားကို ထိုက်ဖေးနားထောင်နေမိသည်။

" အရှင့်အဆောင်မှာဆို နေ့တိုင်းအဲ့အသံကြားနေရတာ။ တစ်ခါတလေ ချန်ချွန်းနန်းဆောင်မှာလည်း ညဘက်တွေဆိုကြားနေရတယ်။ ငါတို့စောင်းတီးပြတုန်းကကြ တစ်ပုဒ်လုံးပြီးအောင်တောင်နားမထောင်သွားဘူး ။ ဟိုတစ်ခါ အရှင်ကပြဇာတ်ကြိုက်တယ်ဆိုလို့ ချူးဖင်က ကြိုးစားပြီး ကပြသေးတယ်လေ။ ဒါပေမယ့် အရှင့်ရဲ့စိတ်ဝင်စားမှုကိုမရခဲ့ပြန်ဘူး"

တသောသောနဲ့ညည်းနေကြတဲ့ အငယ်တစ်သိုက်က မင်းကြီးဆီက အချစ်ခံရအောင် အမျိုးမျိုးကြိုးစားခဲ့ကြပါသည်။သို့သော် အရှင်ကအရှင်ပဲလေ။အရှင့်နှလုံးသားက တစ်ယောက်သောသူဆီမှာ သေချာပေါက် အပ်နှင်းပြီးနေမှတော့ ဘယ်လိုလုပ် တခြားသူတွေကချစ်ခင်ခြင်းထပ်ရတော့မှာလဲ။

အရှင်ကလွတ်နေတဲ့မိဖုရားနေရာတွေလည်းထပ်မမြှောက်တော့တဲ့အခါကြတော့ သူ့တို့မှာ ကြိုးစားသမျှက အရာမထင်။ အရှင့်ကိုတိုက်တွန်းပေးမယ့် သူတွေကလည်း မရှိပြန်။ အရှင့်အပေါ်အာဏာသက်ရောက်သူဆိုလို့ ရှောင်းဖေးတစ်ယောက်သာရှိတော့သည်။ ရာထူးအတိုးခံရအောင် အကုန်လုံးက ရှောင်းဖေးကိုပဲ ပြေးကပ်ရမည့်အတိုင်းပင်။

အကုန်လုံးက ရှောင်းဖေးရဲ့အလှတရားကြောင့်အရှင်ကအခုလိုရုန်းမထွက်နိုင်ဘူးထင်ကြကာ အနောက်ဆောင်တစ်ခုလုံးက မောင်းမတွေက ရှောင်းဖေးကိုလိုက်အတုယူကြသည်။

အဝတ်စားဝတ်ဆင်ပုံနဲ့ ဆံပင်အပြင်အဆင်ကအစ ရှောင်းဖေးလို တစ်ဝက်ချပြီး အပေါ်ဆံထုံးမှာ ဆံထိုးနှစ်ခုလိုက်ထိုးသည်။ နှဖူးမှာလည်း ရှောင်းဖေးမှာမွေးရာပါ ပါတဲ့ကျူရှားရစ်ကိုဆေးရောင်စုံတွေနဲ့လိုက်ဆွဲကြပြန်သည်။အဝါတစ်မျိုး၊အနီတစ်မျိုးနဲ့ အဖြူအနီစပ်ကတစ်မျိုးဆွဲကြသည်။ အဆိုးဆုံးကတော့ ရှောင်းဖေးရဲ့နေပုံထိုင်ပုံတင်မက ‌အပြုံးကိုပါလိုက်အတုခိုးကြပြန်သည်။

ဒီအခြေနေက ထိုက်မုန့်ဟွမ်အတွက်မြင်နေရတာ တအားကို မျက်စိနောက်စရာကောင်းသည်။သူလိုဖေးတစ်ယောက်တောင်မှ အရှင့်ကိုမဆွဲဆောင်နိုင်တာ သူတို့လိုမောင်းမအငယ်တွေက ရှောင်းဖေးလိုလိုက်တုရုံနဲ့ အရှင့်ဆီကအချစ်ကိုရမတဲ့လား။

' ဟွန့်! ငတုံးတွေ '

ထိုက်မုန့်ဟွမ် နှုတ်မှခပ်တိုးတိုးရေရွတ်လိုက်မိသည်။ အခုလည်း ရှောင်းဖေးက စောင်းတစ်ခေါတ်ထပြန်တော့ စောင်းတွေလိုက်တီးနေကြပြန်ပြီ။

>>>>>

" မယ်မယ် ယူလာပါပြီ "

ကျင်ရှို့ သခင်မယူခိုင်းတဲ့ ဗျက်စောင်းအညိုလေးကို ထုတ်လာခဲ့သည်။မတီးတာကြာပြီဖြစ်ပေမယ့် ပုံမှန်တိုက်ချွတ်ပေးနေကြမို့ ထင်းရှူးသားလေးက ပြောင်လက်နေတော့သည်။

အပြစ်ပေးခံရပြီးထဲက သုံးရက်လောက်က နာကျင်မှုကြောင့်ရော ရှက်တာရောပါ ပေါင်းကာ အိပ်ဆောင်ထဲကပါအပြင်မထွက်ရဲခဲ့ဘူး။ အခုတော့ ကြားနေရတဲ့သတင်းတွေကြောင့် ဒီတိုင်းထိုင်မနေနိုင်တော့ပေ။ အရှင့်ဆီက လက်ဆောင်ရထားတဲ့ ဗျက်စောင်းကိုသတိတရထုတ်ကြည့်မိသည်။

အရှင်ကသူ့အဆောင်လာရင် သူအမြဲတီးပြတဲ့စောင်းလက်ရာကိုကြိုက်နှစ်သက်သည်။သူ့ရဲ့တစ်ဖက်ကမ်းကပ်တက်ကျွမ်းတဲ့ပညာဆိုလည်းမမှားပေ။

အခုတော့အလာကြဲသွားတဲ့အရှင့်အတွက် ဒီစောင်းက အဖော်မဲ့နေလေပြီ။ ဘယ်တော့များမှထပ်ပြီး တီးပြခွင့်ရမလည်းမသိပေမယ့် အရှင်ကတော့ လက်ရာအသစ်ကိုသဘောကျနေပြီလေ။

ဒါ့ကြောင့်ပဲ ဒါလေးကိုထုတ်လာမိသည်။အရင်လိုပြင်ဆင်ပြီး လေး၊ငါး ညလောက်စောင်းတီးနေမိရင် အရှင်များသူ့အဆောင်ကို ရောက်လာလေမလားဆိုတဲ့စိတ်နှင့် လုပ်မိပြန်သည်။

ရှောင်းကျန့် စောင်းတီးနေရင်းနှင့်ပင် အတွေးကဟိုရောက် ဒီရောက်ဖြစ်နေတော့သည်။ စိတ်လည်းမပါပေ။ သံစဉ်တွေကလည်း သူ့စိတ်ထဲကလို မညီမညာတွေထွက်လာသည်။အကြောင်းမှာ ရိပေါ်ဟာ အခုညလည်း သူ့အဆောင်မလာဘဲယုံဖေးအဆောင်ကိုရောက်သွားတာကြောင့်ဖြစ်သည်။

ဒီလိုရောက်ရောက်သွားတာ နှစ်ည၊သုံးညမကတော့ပေ။ ကြာလာတော့ သည်းခံတဲ့အတိုင်းတာကလွန်လာလေပြီ။အစကတော့ စောင်းလက်‌ဆောင်ပေးတော့ ပျော်ခဲ့ပေမယ့် အခုတော့ လက်သာရာနောက်လိုက်သွားတော့ ရှောင်းကျန့်မပျော်တော့ပေ ပြီးတော့ အရှင်လက်ဆောင်ပေးတဲ့စောင်းက ယုံဖေးကိုအရင်တုန်းကပေးထားတဲ့ပစ္စည်းနဲ့တစ်ပုံစံတည်းရယ်။

သေချာပေါက်သူအလုပ်စသင့်နေပြီပေါ့။ ဒီအခြေနေတွေက သူ့ကိုမြန်မြန်လုပ်ဖို့တွန်းအားပေးနေခဲ့သည်။

" သခင်လေး.."

အလျင်စလိုဝင်လာတဲ့ စန်းကျင့်က မျက်နှာမသာယာပေ။ ရှောင်းကျန့် ကြိုးပေါ်ကသူ့လက်တွေကိုရပ်တန့်လိုက်သည်။ တွန့်ချိုးနေတဲ့ မျက်ခုံးစိမ်းဖန့်ဖန့်က အလိုမကျမှုတွေ အတိုင်းသားပေါ်နေတော့သည်။

" ဘာဖြစ်လာတာလဲ "

" ဟို! အရှင်..အရှင်က ဒီညယုံဖေးကို အိပ်ဆောင်ဝင်ဖို့နာမည်ပြားလှန်လိုက်တယ်တဲ့ "

တင်းတင်းစေ့ထားတဲ့ သခင်လေးရဲ့ပါးစပ်မှ ဘာတစ်ခွန်းမှ ထွက်မလာခဲ့ပေ။ အဲ့အစား မေးရိုးတင်းတင်းတွေလှုပ်ခါသွားတာကိုသာမြင်လိုက်ရသည်။

" သခင်လေး..အဆင်ပြေရဲ့လား "

သာမန်ထက်ပိုငြိမ်သက်နေတာကြောင့် စန်းကျင့်မေးလိုက်မိသည်။ သက်ပြင်းယဲ့ယဲ့ချသံကိုသာကြားလိုက်ရပြီး စောင်းကြိုးပေါ်ကလက်တွေရပ်တန့်သွားသည်။တစ်ဆက်တည်းမှာပဲ ‌စောင်းကြိုးကို တင်းတင်းဆွဲလိုက်တာကြောင့် ကြိုးရဲ့ထိပ်ကနေ ဖက်ခနဲမြည်အောင် ပြတ်ထွက်သွားတော့သည်။

နာသွားပုံရတဲ့သခင်လေးရဲ့လက်ကို ကြည့်ပေးဖို့ရှေ့တိုးလိုက်ပေမယ့်..

"ဟိုရက်က ငါရှာထားတဲ့လူကို သွားခေါ်လာခဲ့! ဘယ်သူမှမမြင်စေနဲ့ "

" ဟုတ် "

အမိန့်ပေးတဲ့အခါ အဆောင်ကနေအမြန်ပဲ ပြေးထွက်ရင်း သခင်လေးနဲ့ သွားဖူးတဲ့ နန်းတော်အနောက်ဘက်ခြမ်းကို တိတ်တိတ်ကလေးထွက်လာခဲ့သည်။

ရှောင်းကျန့် စန်းကျင့်ထွက်သွားတာနဲ့ သူ့ရဲ့စောင်းကနေပြတ်ထွက်သွားတဲ့ ကြိုးကိုဖြုတ်လိုက်သည်။

" ကိုယ့်အတွက် နာကျင်စေရင်၊ အန္တရာယ်ဖြစ်စေရင် အခုလိုမျိုး ဖြုတ်ပြီး ပယ်ရှားလိုက်တာ အကောင်းဆုံးပဲ ကြိုးမစုံလို့ အသံတွေမစုံတော့ပေမဲ့လည်းပေါ့ "

ရှောင်းကျန့်နှုတ်မှ ခပ်တိုးတိုးရွတ်ရင်း ရှသွားတဲ့လက်ကို ဆေးသွားထည့်လိုက်သည်။

ယုံချွေ့နန်းဆောင်မှာတော့ ယုံဖင်းဟယ်က စိတ်လှုပ်ရှားမှုကြောင့် ခြေဖျားလက်ဖျားတွေတောင်အေးစက်နေခဲ့သည်။ အလှပြင်ပေးနေတဲ့ ကျင်ရှို့ကလည်း သူတို့သခင်မအတွက် ဂရုတစိုက်လိမ်းခြယ်ပေးနေသည်။အရိုက်ခံထားရတဲ့မျက်နှာက အနည်းငယ်ညိုမည်းစွဲချင်နေသေးပေမယ့် အရှင့်ရဲ့ဆေးကောင်းတွေကြောင့် တော်တော်လေးသက်သာနေပါပြီ။

" မင်းကြီးကြွချီလာပါပြီ "

ယုံဖင်းဟယ်အမြန်ပဲထလိုက်ကာ အရှင့်ရှေ့ဂါရဝပြုလိုက်သည်။ဝမ်ရိပေါ်ခုံမှာဝင်ထိုင်လိုက်ရင်း ကုန်းကုန်းဆီကပါလာတဲ့ရေနွေးအိုးကိုလှမ်းယူလိုက်သည်။ကုန်းကုန်းကိုတော့လက်ခါကာ ထွက်သွားဖို့အချက်ပြလိုက်သည်။

" ထိုင်လေ "

မတ်တပ်ရပ်နေသေးတဲ့ ယုံဖင်းဟယ်က အရှင့်ဆီက ခွင့်ပြုချက်ရတာနဲ့ ဝင်ထိုင်သည်။ ရှက်နေတဲ့သူမရဲ့မျက်နှာကို ဝမ်ရိပေါ်ကြည့်နေမိသည်။

ဝမ်ရိပေါ်ကြည့်နေတာကိုသိနေတော့ ယုံဖင်းဟယ်မှာ မနေတတ်အောင်ကို ဖြစ်လာသည်။ကိုယ့်အဆောင်လာဖူးတာ တစ်ကြိမ်မကပေမယ့် ဒီတစ်ခါလာတာကတော့အခြေနေမတူဘူးလေ။

အရှင့်ဘက်ကအခုလို လက်ခံလိမ့်မယ်လို့တောင် သူမ မထင်ထားခဲ့ပါ။ဘာပဲဖြစ်ဖြစ် သူ့ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှတော့ ပြန်ရုန်းမထွက်နိုင်အောင်ချည်နှောင်ပစ်ရတော့မှာ‌ပေါ့။

ရှောင်းဖေးရဲ့ကိုယ်ဝန်ကိုတောင် သားအရင်းလိုချစ်ပေးနိုင်သေးတာ အရှင့်ရဲ့သွေးသားအရင်းသာဆို ဘယ်လောက်တောင် နေရာပေးပြီး မြှောက်စားထားလိုက်မလဲ။ တွေးရင်းနဲ့ပင် ယုံဖေးမှာ ရင်တွေလှိုက်ဖိုလာခဲ့သည်။

အရှင်ကယောက်ကျားတစ်ယောက်ထံမှာပဲ နစ်မွန်းနေတာကြာခဲ့ပြီ။အခုလိုသူ့ဆီအခွင့်ရေးရောက်လာတဲ့အချိန်မှာတော့ ယုံဖေးက အရှင်ချစ်မြတ်နိုးရပါတယ်ဆိုတဲ့ ရှောင်းဖေးထက် သာအောင်ကိုအရှင့်ကိုပြုစုပေးချင်သည်။

" ယုံဖေး ငှဲ့ပေးပါ့မယ့်အရှင် "

ယုံဖင်းဟယ်အလိုက်တသိနဲ့ အရှင်ယူလာတဲ့ ရေနွေးအိုးထဲက ရေနွေးကို အရှင့်ထဲဖြည့်ပေးလိုက်သည်။ထည့်ပေးလာတဲ့ရေနွေးကို ဝမ်ရိပေါ် တစ်ငုံယူသောက်သည်။

" ယုံဖေးလည်းသောက်ပါ။ ဒါကယုံဖေးအတွက် အဓိကယူလာတာ။ မိန်းကလေးအတွက် ခွန်အားတိုးစေတယ်တဲ့။ ကိုယ်တော် ယုံဖေးအတွက်စဉ်းစားမိသွားတာနဲ့ သမားတော်ကိုသေချာစပ်ခိုင်းလိုက်တာ "

ဝမ်ရိပေါ်ကပြောရင်း ယုံဖေးကိုတစ်ခွက်ငှဲ့ထည့်ပေးသည်။ယုံဖင်းဖယ်မှာတော့ ဒီစကားကြောင့်ပဲ မျက်နှာတွေရဲတက်လာကာ မထားတတ်အောင်ဖြစ်နေသည်။

ရှက်ရှက်နဲ့ပဲ ရှေ့ကခွက်ကိုကောက်မော့လိုက်သည်။ပြုံးပြတဲ့အရှင့်အပြုံးတွေက အရမ်းကိုတောက်ပနေတော့ ယုံဖင်းဟယ်တစ်ယောက်နှလုံးခုန်တာတောင်မူမမှန်ချင်တော့။

" အရှင့်ကို အရင်ဆုံးစောင်းတီးပြီးဖျော်ဖြေပေးလို့ရမလား "

ရိပေါ်ပြုံးကာ ခေါင်းညိတ်ပြလိုက်တော့ ယုံဖင်းဟယ်က အမြန်ပဲသူ့ရဲ့စောင်းကိုသွားထုတ်လာပြီးရိပေါ်နဲ့မျက်နှာချင်းဆိုင် ခုတင်မှာ ဝင်ထိုင်ကာ ကိုယ်ဟန်အနေအထားပြင်ရင်း စတင်တီးခပ်ပြသည်။

သီချင်းတစ်ပုဒ်လုံးပြီးသွားတဲ့အချိန်မှာတော့ ယုံဖင်းဟယ်လည်း အချိန်လင့်နေပြီမို့ မျက်လုံးလေးတွေစင်းနေလေပြီ။

ယုံဖင်းဟယ် အခုထိလန်းဆန်းနေသေးတဲ့အရှင့်ကိုကြည့်လိုက်ကာ ပြုံးပြလိုက်သည်။

" အရှင် ဖင်းဟယ်အိပ်ချင်နေပြီ။ အရှင်ရောမအိပ်ချင်သေးဘူးလားဟင် "

" ကိုယ်တော်မအိပ်ချင်သေးဘူး။ ဖင်းဟယ်အိပ်ချင်နေပြီဆို ကိုယ်တော်ချော့သိပ်မယ်။ လာခဲ့ ဒီကို "

ဝမ်ရိပေါ်လက်ပြကာ ခေါ်တဲ့အခါ ယုံဖင်းဟယ်အမြန်ထကာ အရှင့်ရှေ့မတ်တပ်သွားရပ်သည်။ ရုတ်တရက်သူ့လက်ကနေဆွဲချခံလိုက်ရပြီး အရှင့်ပေါင်ပေါ်ထိုင်လျက်သားဖြစ်သွားသည်။

တုန်ယင်နေတဲ့နှလုံးခုန်သံတွေသည်လည်း မူမမှန်တော့ပါ။ အမြန်ပဲအရှင့်လည်တိုင်ကို သိုင်းဖက်လိုက်ရင်း လည်ပင်းကြားခေါင်းဝင်တိုးလိုက်တော့သည်။

ပြန်ဖက်ခံထားရသည့် သူ့ခန္ဓာကိုယ်သည်လည်း တင်းတင်းကြပ်ကြပ်ရယ်။သူဒီလိုမရနိုင်တော့ဘူးလို့ ထင်မှတ်ထားခဲ့ထားခဲ့ရတာ။ အခုတော့သူအောက်ကျခဲ့ရသမျှပြန်ခေါင်းမတ်နိုင်ပါပြီ။

တိုးကပ်သွားမိတဲ့သူ့နှုတ်ခမ်းတွေသည် အရှင့်ရဲ့ ရဲပြီး ပိရိသေသပ်တဲ့ နှုတ်ခမ်းထူထူတစ်စုံဆီသို့သာ။
.
.
.
" သခင်လေး ရောက်ပါပြီ "

ရှောင်းကျန့်ရှေ့ ဒူးထောက်ချလာတဲ့ထိုသူနဲ့အတူ ရှောင်းကျန့်နှုတ်ခမ်းတွေ ကွေးညွတ်သွားခဲ့သည်။

" သွားမယ် "

ရှောင်းကျန့်အချက်ပြကာ ရှေ့ကဦးဆောင်ထွက်သည်။

" သခင်လေး စန်းကျင့်လိုက်ခဲ့မယ်လေ "

" နေခဲ့ ! ရီယမ်ကိုပဲသေချာထိန်းထား။ စိတ်ချမယ် "

ပြောပြီးတာနဲ့ ထွက်သွားတဲ့သခင်လေးနဲ့ထိုလူကိုကြည့်ပြီး စန်းကျင့်အဆောင်ထဲ တစ်ယောက်တည်းကျန်ခဲ့တော့သည်။

Words - 4060
Tue ,Feb 1

▶️▶️▶️▶️▶️

က်ီက်င့္နန္းေဆာင္မွာ အလုပ္လုပ္ေနတဲ့ အ႐ွင့္မ်က္ႏွာခပ္ျပဳံးျပဳံးကို ကုန္းကုန္းလွမ္းၾကည့္ေနမိသည္။ ညီလာခံကဆင္းလာၿပီး ေ႐ွာင္းေဖးသတင္းၾကားၿပီးကတည္းကျပဳံးေနတာအခုထိပင္ျဖစ္သည္။ အဲ့ေလာက္ေတာင္ပဲ ဘာေတြသေဘာက်စရာပါလို႔လဲ။ ဒါက ကုန္းကုန္းစိတ္ထဲမွာ နည္းနည္းလြန္တယ္လို႔ ေတြးေနမိ၏။

" အ႐ွင္ "

" အင္း! "

ကုန္းကုန္းလွမ္းေခၚတဲ့အခါ ရိေပၚကလက္ထဲကစုတ္တံကိုသာ အာ႐ုံစိုက္ရင္းျပန္ေျဖသည္။

" ယုံေဖး ..ကိစၥ ဘယ္လိုလုပ္မလဲ "

ဝမ္ရိေပၚႏႈတ္ခမ္းတစ္ဖက္အေပၚေကြးတက္သြား႐ုံမွ် အသံတိတ္ျပဳံးသည္။ ကုန္းကုန္းသည္အ႐ွင့္ရဲ႕အေျဖကို စိတ္ဝင္တစားေမွ်ာ္လင့္ေနမိသည္။

" ငါကိုယ္ေတာ္က ဘယ္ေတာ့မွ သူတစ္ပါးအေပၚမတရားအႏိုင္မယူဘူး။ တစ္ပါးသူက အႏိုင္က်င့္တာမ်ိဳးကိုလည္းမႀကိဳက္ဘူး။ ဒါေပမယ့္ ဒီေန႔ကိစၥက ယုံေဖးအတြက္ သက္ေသခ်င္စရာေကာင္းေလာက္ေအာင္ျပင္းထန္တယ္ဆိုေပမယ့္ သတ္ေသသြားရင္လည္း ငါကိုယ္ေတာ္ႏွေျမာမွာမဟုတ္ဘူး။ သူက ရီယမ္အေပၚက်ဴးလြန္ထားတာ။ အဲ့ကိစၥမွာ တစ္စိတ္တစ္ပိုင္းပါဝင္ေနတယ္ဆိုတာ ကိုယ္ေတာ္ရိပ္မိၿပီးသား။ ေ႐ွာင္းသာ သူဆိုတာလက္ပူးလက္ၾကပ္ထပ္သိသြားရင္ အခုလိုအေျခေနမ်ိဳးေလာက္နဲ႔ၿပီးမယ္လို႔မထင္ဘူး။ အဲ့ေတာ့ သူဒီေလာက္ေတာ့ခံရဖို႔ထိုက္တန္တယ္လို႔ ကိုယ္ေတာ္ျမင္တယ္ "

" ဒါဆို ေ႐ွာင္းေဖးက အခုသတင္းျဖန္႔တဲ့ကိစၥေၾကာင့္႐ိုက္တာမဟုတ္ဘူးေပါ့ "

" ဒါကအေၾကာင္းျပခ်က္သက္သက္ပါ။ ရီယမ္ကိစၥမွာ ယုံေဖးတစ္စိတ္တစ္ပိုင္းပါဝင္ေနတာကို ေ႐ွာင္းကသိေနလို႔ပါ။ ဘယ္တုန္းက ေ႐ွာင္းက အားလုံးရဲ႕အျမင္မွာ ဒီလိုကိစၥေတြအတြက္ လိုက္ခံစားေနဖူးလို႔လဲ "

အ႐ွင္ေျပာတာလည္းဟုတ္ပါတယ္။ ေ႐ွာင္းေဖးက သူ႕အတင္းဘယ္လိုေျပာေျပာ အာ႐ုံစိုက္ခဲ့ဖူးတာမွမဟုတ္တာ။

" ဒါဆို က်ိဳးသားရင့္က အျပစ္မ႐ွိပဲ အခုလိုခံလိုက္ရတာလား "

ရိေပၚခဏတာ ေတြးမိသြားသည္။ ထို႔ေနာက္ခ်ီကုန္းကုန္းကို ေခါင္းခါျပလိုက္သည္။

" ဒီကိစၥမွာ သူမပါဝင္ဘူးဆိုတာ ကိုယ္ေတာ္ယုံတယ္။ ဒါေပမယ့္ က်ိဳးသားရင့္ကလည္းအဆိပ္႐ွိသူတစ္ေယာက္ပါကုန္းကုန္း။ သူ႕အေဖရဲ႕ေနာက္ခံအင္အားကမေသးဘူးေလ။ ယုံေဖးထက္ေတာင္ပိုအႏၲရာယ္မ်ားတဲ့ထဲပါတယ္။ အခုလို႐ွင္းထုတ္လိုက္တာလည္းမမွားပါဘူး "

" ဒါေပမယ့္မတရားဘူးလို႔ခံစားေနရတယ္ "

ခ်ီကုန္းကုန္းအေျပာကို ရိေပၚဟက္ခနဲရယ္ခ်လိုက္သည္။

" ကိုယ္ေတာ့္မွာ အရင္ကတည္းက အေနာက္ေဆာင္မွာဖိရားေတြ ေမာင္းမေတြကို ဖယ္႐ွားဖို႔စီစဥ္ထားၿပီးသား။ တျခားသူေတြကို ဖယ္ရမခက္ေလာက္ေပမယ့္ ဒီသုံးေယာက္ကိုဖယ္ရခက္မယ္ဆိုတာ ကိုယ္ေတာ္အရင္ကတည္းကသိတယ္။ ဒါေပမယ့္အဲ့မတိုင္ခင္မွာ ဒါေတြအကုန္ျဖစ္ကုန္တယ္။ ကိုယ္ေတာ္လူမသတ္ခ်င္ဘူး။ ဒါ့ေၾကာင့္ နည္းလမ္းတက်နဲ႔ဖယ္႐ွားဖို႔ပဲ စဥ္းစားခဲ့တယ္။ အခုေတာ့ အဲ့လိုလုပ္လို႔မရေတာ့ဘူးဆိုတာကို နားလည္လာတယ္။သူတို႔က ကိုယ္ေတာ့္ရဲ႕ေသြးသားအေပၚၾကံစည္ခဲ့တယ္ေလ။ ေမတၱာဆိုတာ ထားသင့္ထားအပ္တဲ့အရာေပၚမွာပဲထားလို႔ရတာ။ ေ႐ွာင္းသာလုပ္ခ်င္ကိုင္ခ်င္စိတ္႐ွိရင္ ကိုယ္ေတာ္အေနာက္ကေန အတတ္ႏိုင္ဆုံးပံ့ပိုးေပးေနမွာပဲ "

ခ်ီကုန္းကုန္းသက္ျပင္းအသာခ်သည္။ အ႐ွင့္ကိုနားမလည္ႏိုင္ပါ။ ဘာလို႔မ်ား ေနာက္ကေန ေ႐ွာင္းေဖးေျပာင္းလဲသြားမႈအေပၚအားေပးအားေျမႇာက္ျပဳေနရတာလဲ။ အဲ့လိုလႊတ္ထားရာကေနလမ္းမွားေရာက္သြားရင္ ဘယ္လိုလုပ္လိမ့္မလဲ။

" ဒါနဲ႔ ကုန္းကုန္းကို ျပင္ခိုင္းထားတဲ့ေစာင္းရၿပီလား "

" ဒီေန႔ရေတာ့မွာပါအ႐ွင္။ အ႐ွင္ေျပာတဲ့အတိုင္း ထင္း႐ွဴးသားနဲ႔ ေသခ်ာက်စ္ထားတဲ့ သင္အူႀကိဳးကိုသုံးထားပါတယ္ "

" အင္း! ၿပီးတာနဲ႔ ေ႐ွာင္းေဖး အေဆာင္ကိုတိုးတိုးတိတ္တိတ္လက္ေဆာင္သြားေပးလိုက္ "

ဟင္! လက္ေဆာင္ေပးတာ ဘာလို႔တိုးတိုးတိတ္တိတ္လဲ။ ထပ္ၿပီးေတာ့မ်ား.. ကုန္းကုန္း အ႐ွင့္ကိုလွမ္းၾကည့္တဲ့အခါ အ႐ွင္သည္ ေသခ်ာေပါက္ကိုျပဳံး‌ေနသည္။ ထပ္ၿပီးအၾကံစည္ေတြ! ကုန္းကုန္းတစ္ကယ္မထင္မိပါ။ ဘယ္လိုလုပ္ၿပီးမ်ား ဒီလိုအၾကံစည္ေတြ အ႐ွင့္မွာေရာ ေ႐ွာင္းေဖးအေပၚမွာပါ႐ွိလာခဲ့ရတာလဲ။

" အ႐ွင္ ဒါကေနာက္ထပ္ေျခလွမ္းလား ! အရမ္းဆိုးဆိုးဝါးဝါးေတြမလုပ္ပါနဲ႔လားအ႐ွင္။ ကြၽန္ေတာ့္ရဲ႕အျမင္မွာ အ႐ွင္ေရာ ေ႐ွာင္းေဖးေရာ အရမ္းေျပာင္းလဲသြားသလိုခံစားေနရတယ္ "

" ဟားဟား! "

ကုန္းကုန္းသည္ အားရပါးရ ရယ္ေမာေနတဲ့အ႐ွင့္ကိုသာ ေသခ်ာၾကည့္မိပါေတာ့သည္။ သူေျပာတဲ့ထဲဘာေတြမ်ားရယ္စရာပါသြားလို႔လဲ။

" လူတိုင္းကေျပာင္းလဲႏိုင္ပါတယ္ ကုန္းကုန္း "

ဝမ္ရိေပၚ ကုန္းကုန္းကို ဒီတစ္ခြန္းသာေျပာမိေတာ့သည္။ မွန္ပါတယ္ သူအစက ေ႐ွာင္းအခုလိုေျပာင္းလဲသြားတာကိုေတာင္သူေၾကာက္ခဲ့တယ္။ ဒါ့ေၾကာင့္ အနားမွာထိန္းခိုင္းဖို႔အတြက္ စန္းက်င့္ကို တမင္ပို႔ေပးခဲ့တယ္။

ေ႐ွာင္းငိုၿပီး သူ႕ကိုေျပာခဲ့တုန္းကစကားေတြဆို သူ႕နားထဲကထြက္ကိုမထြက္ခဲ့ဘူး။ မိဘတစ္ေယာက္မို႔လို႔ ကိုယ့္သားသမီးထိခိုက္ရင္ နာက်င္ရတာျခင္းတူတူပါဘဲ။ ကိုယ္တိုင္ေမြးထားလို႔ပဲျဖစ္ျဖစ္ ကိုယ္တိုင္မေမြးထားလို႔ပဲျဖစ္ျဖစ္ ဒါက သူ႕ေသြးသားအရင္းပါ။ ေ႐ွာင္း ေျပာသလိုခံစားခ်က္မတူဘူးဆိုတာ သူမ်ားအတြက္ဆို ဟုတ္ခ်င္ဟုတ္လိမ့္မယ္။ သူ႕အတြက္ေတာ့ ေ႐ွာင္းနဲ႔ထပ္တူခံစားရတယ္။

ကုသမႈသာမေအာင္ျမင္ခဲ့ဖူးလို႔ေတြးလိုက္ရင္ ရိေပၚ႐ူးသြားႏိုင္တယ္။အဲ့မွာတင္ပဲ သူေ႐ွာင္းရဲ႕စိတ္ကိုအမ်ားႀကီးနားလည္ခဲ့တယ္။ေသြးသားရင္းဆိုတာမွန္ေပမယ့္ လုပ္ထုံးလုပ္နည္းေတြေၾကာင့္ လုပ္တဲ့သူကိုသတ္ပစ္ခ်င္ရင္ေတာင္ စိတ္ေတြကိုအမ်ားႀကီးထိန္းခ်ဳပ္ခဲ့ရတယ္။

သူအခ်ိန္ေတာ္ေတာ္ၾကာစဥ္းစားၿပီးတဲ့ေနာက္မွာေတာ့ ေ႐ွာင္းကိုေျပာင္းလဲခြင့္ျပဳလိုက္သလို သူကိုယ္တိုင္လည္းေျပာင္းလဲပစ္ခဲ့တယ္။ သူလုပ္လို႔မရတဲ့အပိုင္းမို႔ လုပ္လို႔ရတဲ့ ေ႐ွာင္းရဲ႕အပိုင္းကေန သူအျပည့္ဝေနာက္ကေနေထာက္ပံ့ေပးမယ္။ မတရားတာသိရင္ေတာင္မ်က္လုံးလႊဲပစ္မယ္။ ေ႐ွာင္းနဲ႔သူ႕မိသားစုဘယ္သူ႕အေပၚမဆိုထိခိုက္လာသူကို ထိုနည္းနဲ႔သာတုံ႔ျပန္မယ္။

အရာရာတိုင္းမွာ ေသြးေအးၿပီး ေမတၱာထားေနရင္ တစ္ခ်ိန္ ကိုယ့္လည္ပင္းကို ဓားျပန္ေထာက္သြားႏိုင္တယ္ေလ။ ဒါ့ေၾကာင့္ အစြယ္ျဖတ္သင့္သမွ်သူအကုန္အစြယ္ျဖတ္ၿပီး သတ္သင့္တဲ့လူမွန္သမွ်အကုန္သတ္ပစ္ရမွာပဲ။ ရိေပၚကိုယ္တိုင္ သူခ်စ္ရတဲ့သူေတြအတြက္ ထိုသို႔ ေျပာင္းလဲ ေတြးေခၚပစ္ခဲ့သည္။

" ကုန္းကုန္း "

တိတ္ဆိတ္ေနတဲ့အခန္းထဲ ဝမ္ရိေပၚအသံႏွင့္ၿဖိဳခြင္းလိုက္သည္။ ဦးၫြတ္လာတဲ့ ကုန္းကုန္းက ရိေပၚေျပာမယ့္စကားကို ဂ႐ုတစိုက္နားေထာင္သည္။

"မယ္ေတာ္တို႔ကို ျပစ္ဒဏ္ကေနကင္းလြတ္ခြင့္ေပးလိုက္ေတာ့"

" အမိန္႔တိုင္းပါအ႐ွင္ "

ဝမ္ရိေပၚလက္သာခါျပလိုက္သည္။ ထြက္သြားတဲ့ကုန္းကုန္းသည္ လွစ္ခနဲေနေအာင္အေဆာင္တြင္းမွထြက္သြားေတာ့သည္။ရိေပၚသည္လည္း ေရးလက္စ စာပၚမွာသာအာ႐ုံျပန္စိုက္ခဲ့သည္။

" သခင္ေလး "

ျပဳံးေပ်ာ္ေနတဲ့စန္းက်င့္က ေ႐ွာင္က်န္႔အနားမွာတဝဲလည္လည္။ ျပန္လာတဲ့လမ္းေတာက္ေလွ်ာက္လည္း စန္းက်င့္ျပဳံးေနသလို အခုလည္းအနားမွာတြတ္ထိုးေနေတာ့သည္။

ေ႐ွာင္းက်န္႔ရီယမ္ေလးကိုႏို႔တိုက္ေနရင္း စန္းက်င့္ပုံစံေၾကာင့္ျပဳံးမိသည္။

"ၿငိမ္ၿငိမ္ေလးထိုင္ေနလို႔မရဘူးလား! မ်က္စိေတြေနာက္လာၿပီ"

ေ႐ွာင္းက်န္႔ေျပာတဲ့အခါ စန္းက်င့္ကသူ႕ရဲ႕ညာလက္ကို ေျမႇာက္ကိုင္ထားကာ ေ႐ွာင္းက်န္႔ေဘးနားဝင္ထိုင္သည္။

" ဒီေ႐ႊခ်ထားရမယ့္လက္ကို ဒီေန႔အလုပ္ေတြဘာဆိုဘာမွလာမခိုင္းပါနဲ႔သခင္ေလး။ အတတ္ႏိုင္ဆုံးရီယမ္ေလးကိုေတာင္မခ်ီဘူး။ တစ္ရက္ေလာက္ေတာ့ ဒီတိုင္းထားပါရေစ..ေနာ္.ေနာ္လို႔ "

ကေလးလိုဂ်ီက်ေနတဲ့စန္းက်င့္ေၾကာင့္ ေ႐ွာင္းက်န္႔ျပဳံးလိုက္မိသည္။

" အဲ့ေလာက္ေတာင္ပဲေက်နပ္ေနတာလား "

" ဒါေပါ့ ! စန္းက်င့္ သူ႕ကိုအစကတည္းမုန္းတာ။ အခ်ိန္အခုလိုၾကာသြားတာေတာင္ လက္စားေခ်ရမယ္လို႔ေတာင္မထင္မိဘူး။အခုဆို ေက်နပ္လြန္းလို႔ ထမင္းေတာင္စားမဝင္တာကိုၾကည့္ပါလား "

ေ႐ွာင္းက်န္႔ ျပဳံးလ်က္ႏွင့္ပင္ ေခါင္းညိတ္ျပပါလိုက္ေတာ့သည္။

"ဪ! ေျပာဖို႔ေမ့ေနတာ! ထ်န္းေယာ့က အ႐ွင္ပို႔ခိုင္းတဲ့ ဗ်က္ေစာင္းလာပို႔သြားတယ္။ ဟိုတစ္ေန႔က သခင္ေလးက အတီးသင္သြားတယ္တဲ့။ အဲ့ဒါ ထပ္ၿပီးေလ့က်င့္လို႔ရေအာင္လာပို႔ေပးတာတဲ့။ လက္ေဆာင္ေပးတာကေတာ့ တျခားသူေတြအတြက္လွ်ိဳ႕ဝွက္ခ်က္တဲ့။ ေတာ္ၾကာမနာလိုၾကကုန္ရင္..."

စန္းက်င့္ဆက္ေျပာမယ့္စကားကို ေ႐ွာင္းက်န္႔သိတာမို႔ ေခါင္းညိတ္ျပလိုက္သည္။

" အ႐ွင္မင္းႀကီးႂကြခ်ီလာပါတယ္ "

" အယ္! စန္းက်င့္သြားေတာ့မယ္ေနာ္! စန္းက်င့္ကိုဘာမွမခိုင္းနဲ႔! အ႐ွင့္ကိုဧည့္ခံဖို႔တျခားလူလႊတ္လိုက္ပါ့မယ့္သခင္ေလး "

ေျပာၿပီး လက္တစ္ေျမႇာက္ကာထြက္ေျပးသြားတဲ့ စန္းက်င့္သည္ လွစ္ခနဲရယ္။

" ေ႐ွာင္း "

ရိေပၚက နာမည္လွမ္းေခၚရင္းအနားလာထိုင္သည္ ။ေ႐ွာင္းက်န္႔ ရိေပၚကိုေမာ့သာၾကည့္လိုက္သည္။

" စန္းက်င့္လက္ကဘာျဖစ္တာလဲ ေျပးထြက္သြားတာ တန္းေနေရာ "

" သူ႕ရဲ႕ေ႐ႊခ်ထားရမယ့္လက္ကို အ႐ွင္လာေတာ့ ဧည့္ခံရမွာစိုးလို႔တဲ့ထြက္ေျပးသြားတာ "

ရိေပၚျပဳံးမိသြားသည္။ ႐ွင္ဘုရင္ကိုေတာင္ေၾကာက္ရေကာင္းမွန္းမသိတဲ့ဟာေလး။

ႏို႔စို႔ေနတဲ့ ရီယမ္က လူကသာအိပ္ေပ်ာ္ေနေပမယ့္ ႏႈတ္ခမ္းေတြက အစို႔မျပတ္ လႈပ္႐ြေနတုန္းပင္။

ရိေပၚ ပါးေဖာင္းေဖာင္းေလးေတြကိုလက္ညိႇဳးနဲ႔တို႔ထိလိုက္သည္။ အိစက္ေနတဲ့အသားေတြက အသည္းတယားယားျဖစ္ေစသည္။

" အ႐ွင္ မယ္ေတာ္တို႔ကို လႊတ္ေပးလိုက္ၿပီဆို "

" အင္း! လုံေလာက္ၿပီထင္လို႔ပါ "

" ဒါဆို ေ႐ွာင္းက်န္႔အလိုက္တသိနဲ႔သြားႏႈတ္ဆက္ရေတ့ာမွာေပါ့ "

" ကိုယ္နဲ႔သြားမယ္ တစ္ေယာက္တည္းစိတ္မခ်ဘူး "

" ရီယမ္ေလးကို ေခၚသြားမွာေပါ့။ မယ္ေတာ္တို႔ကအခုထိရီယမ္ကိုမွမေတြ႕ရေသးတာ ။ ေတြ႕သြားရင္ ေ႐ွာင္းက်န္႔အေပၚအျမင္မၾကည္တာေတြ တစ္မ်ိဳးတစ္ဖုံေျပာင္းလဲ သြားႏိုင္တာပဲမဟုတ္လား။ ေ႐ွာင္းက်န္႔ကိုမုန္းရင္ေတာင္ ေသြးသားအရင္းျဖစ္တဲ့ ရီယမ္ေလးကိုေတာ့မုန္းမယ္မထင္ပါဘူး "

ရိေပၚလည္း သူ႕မယ္ေတာ္ႏွစ္ပါးရဲ႕အတြင္းစိတ္ကိုမခန္႔မွန္းႏိုင္တာမို႔လို႔ ဘာေျပာရမလဲတကယ္မသိပါ။ မယ္ေတာ္တို႔က အလုပ္တစ္ခုကို ေသြးေအးေအးနဲ႔အရမ္းလုပ္ႏိုင္တဲ့သူေတြ။ ေ႐ွာင္းအေပၚမေက်နပ္ေတြထလုပ္မွာသာစိုးသည္။

"ဘာပဲျဖစ္ျဖစ္ သတိထားရမယ္။ ကေလးကို ဘာမွမလုပ္ႏိုင္ရင္ေတာင္ ေ႐ွာင္းအေပၚ တစ္ခုခုလုပ္မွာကိုယ္ေၾကာက္တယ္"

"ေ႐ွာင္းက်န္႔ကအရင္လိုမတုံးေတာ့ဘူးေလ။ ထင္သေလာက္လည္း မယ္ေတာ္တို႔ကမဆိုးပါဘူး ။ အ႐ွင္မစိုးရိမ္ပါနဲ႔"

ရိေပၚအသံတိတ္ျပဳံးလိုက္ရင္း ေ႐ွာင္းက်န္႔ရဲ႕ပါးအိအိေလးကို သူ႕ႏႈတ္ခမ္းထူထူေတြ နစ္ဝင္သြားသည္အထိ ဖိကပ္နမ္းလိုက္သည္။

ေ႐ွာင္းက်န္႔ရဲ႕အျပဳံးေတြသည္ သူ႕အတြက္ေတာ့ ကမ႓ာႀကီးတစ္ခုဆိုတာထက္ပိုသည္။ အဆင္မေျပခဲ့တဲ့အခ်စ္ခရီးလမ္းမွာ ႏွစ္ေယာက္လုံး စိတ္တအားပင္ပန္းခဲ့ရသည္။ အခုေတာ့ ေတာ္ေတာ္ေလး အဆင္ေျပေနပါၿပီ။ ပင္ပန္းခ်ိန္တိုင္းအနားမွာ႐ွိေနတာနဲ႔တင္ ရိေပၚ အေတာ္ေလးစိတ္သက္သာရသည္။

🔸🔸🔸🔸

"အခုတေလာ အ႐ွင္က ေ႐ွာင္းေဖးကို ေစာင္းတီးသင္ေပးေနတယ္တဲ့ေလ။ အလုပ္မအားတဲ့ၾကားက အလုပ္ေတြ ပစ္ၿပီးေတာ့ကိုသင္ေပးေနတာ"

"နင္ကဘယ္လိုသိလဲ ထင္ေၾကးေတြနဲ႔စြတ္ေျပာမေနနဲ႔"

"စြတ္ေျပာေနတာမဟုတ္ဘူး! အ႐ွင့္ဆီ မုန္႔သြားဆက္သရင္းနဲ႔သိလာတာ။ အ႐ွင္က ေ႐ွာင္းေဖးေနာက္ကေန ေဟာ့ဒီ့လို လက္ကိုထပ္ကိုင္ထားရင္း ေစာင္းႀကိဳးေတြေပၚမွာ ယွက္ေျပးေနတာ။ ျမင္လိုက္ရတဲ့ျမင္ကြင္းက ငါ့အသည္းႏွလုံးေတြ တဆက္ဆက္ကိုတုန္သြားေစတာ။ အဲ့ျမင္ကြင္းၾကည့္ၿပီး အႀကိမ္ႀကိမ္စိတ္ကူးယဥ္ေနမိတာ..အင္း ..ျဖစ္မလာႏိုင္ေတာ့ဘူးထင္ပါတယ္"

ဥယ်ာဥ္ထဲမွာ မုန္႔အခ်ိဳစားရင္းထိုင္ေျပာေနၾကတဲ့ေမာင္းမအငယ္ေတြရဲ႕စကားကို ထိုက္ေဖးနားေထာင္ေနမိသည္။

" အ႐ွင့္အေဆာင္မွာဆို ေန႔တိုင္းအဲ့အသံၾကားေနရတာ။ တစ္ခါတေလ ခ်န္ခြၽန္းနန္းေဆာင္မွာလည္း ညဘက္ေတြဆိုၾကားေနရတယ္။ ငါတို႔ေစာင္းတီးျပတုန္းကၾက တစ္ပုဒ္လုံးၿပီးေအာင္ေတာင္နားမေထာင္သြားဘူး ။ ဟိုတစ္ခါ အ႐ွင္ကျပဇာတ္ႀကိဳက္တယ္ဆိုလို႔ ခ်ဴးဖင္က ႀကိဳးစားၿပီး ကျပေသးတယ္ေလ။ ဒါေပမယ့္ အ႐ွင့္ရဲ႕စိတ္ဝင္စားမႈကိုမရခဲ့ျပန္ဘူး"

တေသာေသာနဲ႔ညည္းေနၾကတဲ့ အငယ္တစ္သိုက္က မင္းႀကီးဆီက အခ်စ္ခံရေအာင္ အမ်ိဳးမ်ိဳးႀကိဳးစားခဲ့ၾကပါသည္။သို႔ေသာ္ အ႐ွင္ကအ႐ွင္ပဲေလ။အ႐ွင့္ႏွလုံးသားက တစ္ေယာက္ေသာသူဆီမွာ ေသခ်ာေပါက္ အပ္ႏွင္းၿပီးေနမွေတာ့ ဘယ္လိုလုပ္ တျခားသူေတြကခ်စ္ခင္ျခင္းထပ္ရေတာ့မွာလဲ။

အ႐ွင္ကလြတ္ေနတဲ့မိဖုရားေနရာေတြလည္းထပ္မေျမႇာက္ေတာ့တဲ့အခါၾကေတာ့ သူ႕တို႔မွာ ႀကိဳးစားသမွ်က အရာမထင္။ အ႐ွင့္ကိုတိုက္တြန္းေပးမယ့္ သူေတြကလည္း မ႐ွိျပန္။ အ႐ွင့္အေပၚအာဏာသက္ေရာက္သူဆိုလို႔ ေ႐ွာင္းေဖးတစ္ေယာက္သာ႐ွိေတာ့သည္။ ရာထူးအတိုးခံရေအာင္ အကုန္လုံးက ေ႐ွာင္းေဖးကိုပဲ ေျပးကပ္ရမည့္အတိုင္းပင္။

အကုန္လုံးက ေ႐ွာင္းေဖးရဲ႕အလွတရားေၾကာင့္အ႐ွင္ကအခုလို႐ုန္းမထြက္ႏိုင္ဘူးထင္ၾကကာ အေနာက္ေဆာင္တစ္ခုလုံးက ေမာင္းမေတြက ေ႐ွာင္းေဖးကိုလိုက္အတုယူၾကသည္။

အဝတ္စားဝတ္ဆင္ပုံနဲ႔ ဆံပင္အျပင္အဆင္ကအစ ေ႐ွာင္းေဖးလို တစ္ဝက္ခ်ၿပီး အေပၚဆံထုံးမွာ ဆံထိုးႏွစ္ခုလိုက္ထိုးသည္။ ႏွဖူးမွာလည္း ေ႐ွာင္းေဖးမွာေမြးရာပါ ပါတဲ့က်ဴ႐ွားရစ္ကိုေဆးေရာင္စုံေတြနဲ႔လိုက္ဆြဲၾကျပန္သည္။အဝါတစ္မ်ိဳး၊အနီတစ္မ်ိဳးနဲ႔ အျဖဴအနီစပ္ကတစ္မ်ိဳးဆြဲၾကသည္။ အဆိုးဆုံးကေတာ့ ေ႐ွာင္းေဖးရဲ႕ေနပုံထိုင္ပုံတင္မက ‌အျပဳံးကိုပါလိုက္အတုခိုးၾကျပန္သည္။

ဒီအေျခေနက ထိုက္မုန္႔ဟြမ္အတြက္ျမင္ေနရတာ တအားကို မ်က္စိေနာက္စရာေကာင္းသည္။သူလိုေဖးတစ္ေယာက္ေတာင္မွ အ႐ွင့္ကိုမဆြဲေဆာင္ႏိုင္တာ သူတို႔လိုေမာင္းမအငယ္ေတြက ေ႐ွာင္းေဖးလိုလိုက္တု႐ုံနဲ႔ အ႐ွင့္ဆီကအခ်စ္ကိုရမတဲ့လား။

' ဟြန္႔! ငတုံးေတြ '

ထိုက္မုန္႔ဟြမ္ ႏႈတ္မွခပ္တိုးတိုးေရ႐ြတ္လိုက္မိသည္။ အခုလည္း ေ႐ွာင္းေဖးက ေစာင္းတစ္ေခါတ္ထျပန္ေတာ့ ေစာင္းေတြလိုက္တီးေနၾကျပန္ၿပီ။

>>>>>

" မယ္မယ္ ယူလာပါၿပီ "

က်င္႐ိႈ႕ သခင္မယူခိုင္းတဲ့ ဗ်က္ေစာင္းအညိဳေလးကို ထုတ္လာခဲ့သည္။မတီးတာၾကာၿပီျဖစ္ေပမယ့္ ပုံမွန္တိုက္ခြၽတ္ေပးေနၾကမို႔ ထင္း႐ွဴးသားေလးက ေျပာင္လက္ေနေတာ့သည္။

အျပစ္ေပးခံရၿပီးထဲက သုံးရက္ေလာက္က နာက်င္မႈေၾကာင့္ေရာ ႐ွက္တာေရာပါ ေပါင္းကာ အိပ္ေဆာင္ထဲကပါအျပင္မထြက္ရဲခဲ့ဘူး။ အခုေတာ့ ၾကားေနရတဲ့သတင္းေတြေၾကာင့္ ဒီတိုင္းထိုင္မေနႏိုင္ေတာ့ေပ။ အ႐ွင့္ဆီက လက္ေဆာင္ရထားတဲ့ ဗ်က္ေစာင္းကိုသတိတရထုတ္ၾကည့္မိသည္။

အ႐ွင္ကသူ႕အေဆာင္လာရင္ သူအၿမဲတီးျပတဲ့ေစာင္းလက္ရာကိုႀကိဳက္ႏွစ္သက္သည္။သူ႕ရဲ႕တစ္ဖက္ကမ္းကပ္တက္ကြၽမ္းတဲ့ပညာဆိုလည္းမမွားေပ။

အခုေတာ့အလာႀကဲသြားတဲ့အ႐ွင့္အတြက္ ဒီေစာင္းက အေဖာ္မဲ့ေနေလၿပီ။ ဘယ္ေတာ့မ်ားမွထပ္ၿပီး တီးျပခြင့္ရမလည္းမသိေပမယ့္ အ႐ွင္ကေတာ့ လက္ရာအသစ္ကိုသေဘာက်ေနၿပီေလ။

ဒါ့ေၾကာင့္ပဲ ဒါေလးကိုထုတ္လာမိသည္။အရင္လိုျပင္ဆင္ၿပီး ေလး၊ငါး ညေလာက္ေစာင္းတီးေနမိရင္ အ႐ွင္မ်ားသူ႕အေဆာင္ကို ေရာက္လာေလမလားဆိုတဲ့စိတ္ႏွင့္ လုပ္မိျပန္သည္။

ေ႐ွာင္းက်န္႔ ေစာင္းတီးေနရင္းႏွင့္ပင္ အေတြးကဟိုေရာက္ ဒီေရာက္ျဖစ္ေနေတာ့သည္။ စိတ္လည္းမပါေပ။ သံစဥ္ေတြကလည္း သူ႕စိတ္ထဲကလို မညီမညာေတြထြက္လာသည္။အေၾကာင္းမွာ ရိေပၚဟာ အခုညလည္း သူ႕အေဆာင္မလာဘဲယုံေဖးအေဆာင္ကိုေရာက္သြားတာေၾကာင့္ျဖစ္သည္။

ဒီလိုေရာက္ေရာက္သြားတာ ႏွစ္ည၊သုံးညမကေတာ့ေပ။ ၾကာလာေတာ့ သည္းခံတဲ့အတိုင္းတာကလြန္လာေလၿပီ။အစကေတာ့ ေစာင္းလက္‌ေဆာင္ေပးေတာ့ ေပ်ာ္ခဲ့ေပမယ့္ အခုေတာ့ လက္သာရာေနာက္လိုက္သြားေတာ့ ေ႐ွာင္းက်န္႔မေပ်ာ္ေတာ့ေပ ၿပီးေတာ့ အ႐ွင္လက္ေဆာင္ေပးတဲ့ေစာင္းက ယုံေဖးကိုအရင္တုန္းကေပးထားတဲ့ပစၥည္းနဲ႔တစ္ပုံစံတည္းရယ္။

ေသခ်ာေပါက္သူအလုပ္စသင့္ေနၿပီေပါ့။ ဒီအေျခေနေတြက သူ႕ကိုျမန္ျမန္လုပ္ဖို႔တြန္းအားေပးေနခဲ့သည္။

" သခင္ေလး.."

အလ်င္စလိုဝင္လာတဲ့ စန္းက်င့္က မ်က္ႏွာမသာယာေပ။ ေ႐ွာင္းက်န္႔ ႀကိဳးေပၚကသူ႕လက္ေတြကိုရပ္တန္႔လိုက္သည္။ တြန္႔ခ်ိဳးေနတဲ့ မ်က္ခုံးစိမ္းဖန္႔ဖန္႔က အလိုမက်မႈေတြ အတိုင္းသားေပၚေနေတာ့သည္။

" ဘာျဖစ္လာတာလဲ "

" ဟို! အ႐ွင္..အ႐ွင္က ဒီညယုံေဖးကို အိပ္ေဆာင္ဝင္ဖို႔နာမည္ျပားလွန္လိုက္တယ္တဲ့ "

တင္းတင္းေစ့ထားတဲ့ သခင္ေလးရဲ႕ပါးစပ္မွ ဘာတစ္ခြန္းမွ ထြက္မလာခဲ့ေပ။ အဲ့အစား ေမး႐ိုးတင္းတင္းေတြလႈပ္ခါသြားတာကိုသာျမင္လိုက္ရသည္။

" သခင္ေလး..အဆင္ေျပရဲ႕လား "

သာမန္ထက္ပိုၿငိမ္သက္ေနတာေၾကာင့္ စန္းက်င့္ေမးလိုက္မိသည္။ သက္ျပင္းယဲ့ယဲ့ခ်သံကိုသာၾကားလိုက္ရၿပီး ေစာင္းႀကိဳးေပၚကလက္ေတြရပ္တန္႔သြားသည္။တစ္ဆက္တည္းမွာပဲ ‌ေစာင္းႀကိဳးကို တင္းတင္းဆြဲလိုက္တာေၾကာင့္ ႀကိဳးရဲ႕ထိပ္ကေန ဖက္ခနဲျမည္ေအာင္ ျပတ္ထြက္သြားေတာ့သည္။

နာသြားပုံရတဲ့သခင္ေလးရဲ႕လက္ကို ၾကည့္ေပးဖို႔ေ႐ွ႕တိုးလိုက္ေပမယ့္..

"ဟိုရက္က ငါ႐ွာထားတဲ့လူကို သြားေခၚလာခဲ့! ဘယ္သူမွမျမင္ေစနဲ႔ "

" ဟုတ္ "

အမိန္႔ေပးတဲ့အခါ အေဆာင္ကေနအျမန္ပဲ ေျပးထြက္ရင္း သခင္ေလးနဲ႔ သြားဖူးတဲ့ နန္းေတာ္အေနာက္ဘက္ျခမ္းကို တိတ္တိတ္ကေလးထြက္လာခဲ့သည္။

ေ႐ွာင္းက်န္႔ စန္းက်င့္ထြက္သြားတာနဲ႔ သူ႕ရဲ႕ေစာင္းကေနျပတ္ထြက္သြားတဲ့ ႀကိဳးကိုျဖဳတ္လိုက္သည္။

" ကိုယ့္အတြက္ နာက်င္ေစရင္၊ အႏၲရာယ္ျဖစ္ေစရင္ အခုလိုမ်ိဳး ျဖဳတ္ၿပီး ပယ္႐ွားလိုက္တာ အေကာင္းဆုံးပဲ ႀကိဳးမစုံလို႔ အသံေတြမစုံေတာ့ေပမဲ့လည္းေပါ့ "

ေ႐ွာင္းက်န္႔ႏႈတ္မွ ခပ္တိုးတိုး႐ြတ္ရင္း ႐ွသြားတဲ့လက္ကို ေဆးသြားထည့္လိုက္သည္။

ယုံေခြၽ႕နန္းေဆာင္မွာေတာ့ ယုံဖင္းဟယ္က စိတ္လႈပ္႐ွားမႈေၾကာင့္ ေျခဖ်ားလက္ဖ်ားေတြေတာင္ေအးစက္ေနခဲ့သည္။ အလွျပင္ေပးေနတဲ့ က်င္႐ိႈ႕ကလည္း သူတို႔သခင္မအတြက္ ဂ႐ုတစိုက္လိမ္းျခယ္ေပးေနသည္။အ႐ိုက္ခံထားရတဲ့မ်က္ႏွာက အနည္းငယ္ညိဳမည္းစြဲခ်င္ေနေသးေပမယ့္ အ႐ွင့္ရဲ႕ေဆးေကာင္းေတြေၾကာင့္ ေတာ္ေတာ္ေလးသက္သာေနပါၿပီ။

" မင္းႀကီးႂကြခ်ီလာပါၿပီ "

ယုံဖင္းဟယ္အျမန္ပဲထလိုက္ကာ အ႐ွင့္ေ႐ွ႕ဂါရဝျပဳလိုက္သည္။ဝမ္ရိေပၚခုံမွာဝင္ထိုင္လိုက္ရင္း ကုန္းကုန္းဆီကပါလာတဲ့ေရေႏြးအိုးကိုလွမ္းယူလိုက္သည္။ကုန္းကုန္းကိုေတာ့လက္ခါကာ ထြက္သြားဖို႔အခ်က္ျပလိုက္သည္။

" ထိုင္ေလ "

မတ္တပ္ရပ္ေနေသးတဲ့ ယုံဖင္းဟယ္က အ႐ွင့္ဆီက ခြင့္ျပဳခ်က္ရတာနဲ႔ ဝင္ထိုင္သည္။ ႐ွက္ေနတဲ့သူမရဲ႕မ်က္ႏွာကို ဝမ္ရိေပၚၾကည့္ေနမိသည္။

ဝမ္ရိေပၚၾကည့္ေနတာကိုသိေနေတာ့ ယုံဖင္းဟယ္မွာ မေနတတ္ေအာင္ကို ျဖစ္လာသည္။ကိုယ့္အေဆာင္လာဖူးတာ တစ္ႀကိမ္မကေပမယ့္ ဒီတစ္ခါလာတာကေတာ့အေျခေနမတူဘူးေလ။

အ႐ွင့္ဘက္ကအခုလို လက္ခံလိမ့္မယ္လို႔ေတာင္ သူမ မထင္ထားခဲ့ပါ။ဘာပဲျဖစ္ျဖစ္ သူ႕ဆီဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာမွေတာ့ ျပန္႐ုန္းမထြက္ႏိုင္ေအာင္ခ်ည္ေႏွာင္ပစ္ရေတာ့မွာ‌ေပါ့။

ေ႐ွာင္းေဖးရဲ႕ကိုယ္ဝန္ကိုေတာင္ သားအရင္းလိုခ်စ္ေပးႏိုင္ေသးတာ အ႐ွင့္ရဲ႕ေသြးသားအရင္းသာဆို ဘယ္ေလာက္ေတာင္ ေနရာေပးၿပီး ေျမႇာက္စားထားလိုက္မလဲ။ ေတြးရင္းနဲ႔ပင္ ယုံေဖးမွာ ရင္ေတြလိႈက္ဖိုလာခဲ့သည္။

အ႐ွင္ကေယာက္က်ားတစ္ေယာက္ထံမွာပဲ နစ္မြန္းေနတာၾကာခဲ့ၿပီ။အခုလိုသူ႕ဆီအခြင့္ေရးေရာက္လာတဲ့အခ်ိန္မွာေတာ့ ယုံေဖးက အ႐ွင္ခ်စ္ျမတ္ႏိုးရပါတယ္ဆိုတဲ့ ေ႐ွာင္းေဖးထက္ သာေအာင္ကိုအ႐ွင့္ကိုျပဳစုေပးခ်င္သည္။

" ယုံေဖး ငွဲ႔ေပးပါ့မယ့္အ႐ွင္ "

ယုံဖင္းဟယ္အလိုက္တသိနဲ႔ အ႐ွင္ယူလာတဲ့ ေရေႏြးအိုးထဲက ေရေႏြးကို အ႐ွင့္ထဲျဖည့္ေပးလိုက္သည္။ထည့္ေပးလာတဲ့ေရေႏြးကို ဝမ္ရိေပၚ တစ္ငုံယူေသာက္သည္။

" ယုံေဖးလည္းေသာက္ပါ။ ဒါကယုံေဖးအတြက္ အဓိကယူလာတာ။ မိန္းကေလးအတြက္ ခြန္အားတိုးေစတယ္တဲ့။ ကိုယ္ေတာ္ ယုံေဖးအတြက္စဥ္းစားမိသြားတာနဲ႔ သမားေတာ္ကိုေသခ်ာစပ္ခိုင္းလိုက္တာ "

ဝမ္ရိေပၚကေျပာရင္း ယုံေဖးကိုတစ္ခြက္ငွဲ႔ထည့္ေပးသည္။ယုံဖင္းဖယ္မွာေတာ့ ဒီစကားေၾကာင့္ပဲ မ်က္ႏွာေတြရဲတက္လာကာ မထားတတ္ေအာင္ျဖစ္ေနသည္။

႐ွက္႐ွက္နဲ႔ပဲ ေ႐ွ႕ကခြက္ကိုေကာက္ေမာ့လိုက္သည္။ျပဳံးျပတဲ့အ႐ွင့္အျပဳံးေတြက အရမ္းကိုေတာက္ပေနေတာ့ ယုံဖင္းဟယ္တစ္ေယာက္ႏွလုံးခုန္တာေတာင္မူမမွန္ခ်င္ေတာ့။

" အ႐ွင့္ကို အရင္ဆုံးေစာင္းတီးၿပီးေဖ်ာ္ေျဖေပးလို႔ရမလား "

ရိေပၚျပဳံးကာ ေခါင္းညိတ္ျပလိုက္ေတာ့ ယုံဖင္းဟယ္က အျမန္ပဲသူ႕ရဲ႕ေစာင္းကိုသြားထုတ္လာၿပီးရိေပၚနဲ႔မ်က္ႏွာခ်င္းဆိုင္ ခုတင္မွာ ဝင္ထိုင္ကာ ကိုယ္ဟန္အေနအထားျပင္ရင္း စတင္တီးခပ္ျပသည္။

သီခ်င္းတစ္ပုဒ္လုံးၿပီးသြားတဲ့အခ်ိန္မွာေတာ့ ယုံဖင္းဟယ္လည္း အခ်ိန္လင့္ေနၿပီမို႔ မ်က္လုံးေလးေတြစင္းေနေလၿပီ။

ယုံဖင္းဟယ္ အခုထိလန္းဆန္းေနေသးတဲ့အ႐ွင့္ကိုၾကည့္လိုက္ကာ ျပဳံးျပလိုက္သည္။

" အ႐ွင္ ဖင္းဟယ္အိပ္ခ်င္ေနၿပီ။ အ႐ွင္ေရာမအိပ္ခ်င္ေသးဘူးလားဟင္ "

" ကိုယ္ေတာ္မအိပ္ခ်င္ေသးဘူး။ ဖင္းဟယ္အိပ္ခ်င္ေနၿပီဆို ကိုယ္ေတာ္ေခ်ာ့သိပ္မယ္။ လာခဲ့ ဒီကို "

ဝမ္ရိေပၚလက္ျပကာ ေခၚတဲ့အခါ ယုံဖင္းဟယ္အျမန္ထကာ အ႐ွင့္ေ႐ွ႕မတ္တပ္သြားရပ္သည္။ ႐ုတ္တရက္သူ႕လက္ကေနဆြဲခ်ခံလိုက္ရၿပီး အ႐ွင့္ေပါင္ေပၚထိုင္လ်က္သားျဖစ္သြားသည္။

တုန္ယင္ေနတဲ့ႏွလုံးခုန္သံေတြသည္လည္း မူမမွန္ေတာ့ပါ။ အျမန္ပဲအ႐ွင့္လည္တိုင္ကို သိုင္းဖက္လိုက္ရင္း လည္ပင္းၾကားေခါင္းဝင္တိုးလိုက္ေတာ့သည္။

ျပန္ဖက္ခံထားရသည့္ သူ႕ခႏၶာကိုယ္သည္လည္း တင္းတင္းၾကပ္ၾကပ္ရယ္။သူဒီလိုမရႏိုင္ေတာ့ဘူးလို႔ ထင္မွတ္ထားခဲ့ထားခဲ့ရတာ။ အခုေတာ့သူေအာက္က်ခဲ့ရသမွ်ျပန္ေခါင္းမတ္ႏိုင္ပါၿပီ။

တိုးကပ္သြားမိတဲ့သူ႕ႏႈတ္ခမ္းေတြသည္ အ႐ွင့္ရဲ႕ ရဲၿပီး ပိရိေသသပ္တဲ့ ႏႈတ္ခမ္းထူထူတစ္စုံဆီသို႔သာ။
.
.
.
" သခင္ေလး ေရာက္ပါၿပီ "

ေ႐ွာင္းက်န္႔ေ႐ွ႕ ဒူးေထာက္ခ်လာတဲ့ထိုသူနဲ႔အတူ ေ႐ွာင္းက်န္႔ႏႈတ္ခမ္းေတြ ေကြးၫြတ္သြားခဲ့သည္။

" သြားမယ္ "

ေ႐ွာင္းက်န္႔အခ်က္ျပကာ ေ႐ွ႕ကဦးေဆာင္ထြက္သည္။

" သခင္ေလး စန္းက်င့္လိုက္ခဲ့မယ္ေလ "

" ေနခဲ့ ! ရီယမ္ကိုပဲေသခ်ာထိန္းထား။ စိတ္ခ်မယ္ "

ေျပာၿပီးတာနဲ႔ ထြက္သြားတဲ့သခင္ေလးနဲ႔ထိုလူကိုၾကည့္ၿပီး စန္းက်င့္အေဆာင္ထဲ တစ္ေယာက္တည္းက်န္ခဲ့ေတာ့သည္။

Words - 4060
Tue ,Feb 1

▶️▶️▶️▶️▶️

Continue Reading

You'll Also Like

112K 913 23
book of imagines for the england squad! most of these are from my tumblr x i do take requests too!
149K 6.6K 34
I do not own anything from the amazing works of C L Stone. Just a humble fan. First fan fiction please take it easy on me. Sang and the boys have fin...
167K 5.2K 23
Jimin is in high school and he is constantly bullied by the popular kids in school. Little do they know the reason Jimin comes with more bruises than...
89K 5.3K 46
ဘယ်သူမှ မမြင်ရတဲ့ နှလုံးသား ကတော့ ဘယ်လောက်ပဲ ချစ်တတ် ပါတယ်ပြောပြော လူတွေဆိုတာ မြင်ရတဲ့ အပြင်ပန်း ပုံသဏ္ဌာန် ကိုပဲ ဝေဖန်တတ်ကြတာ သဘာဝ ပါပဲ။ ဘယ္သူမွ မျမ...