ချစ်မိခဲ့တဲ့ ၉ နှစ်တာ

By reta-nan

106K 11.2K 2K

လူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမယ်လို့ ကျွန်တော်ယုံတယ် ။ မတော်တဆ အဲ့ဒီအခွင့်အရေးက က... More

info
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
21
22
23
24
25
26
27
28
29
30
31
32
33
34
Final

20

2K 246 34
By reta-nan

သရီနိုးလာတော့ ဟန်ကတဖက်ကုတင်တွင် နှစ်ခြိုက်စွာအိပ်မောကျနေဆဲပင် ။ မနေ့ညကတစ်ညလုံး ဟန်နဲ့အတူရှိခဲ့တယ်ဟူသောစိတ်ကြောင့် သူ့ရင်သည်တသိမ့်သိမ့်တုန်လာလေ၏ ။ ဟန်နိုးသွားမှာစိုးတာကြောင့် သူကခုတင်ပေါ်မှ အသာအယာထလာပြီးနောက် မျက်နှာပင်မသစ်ရသေးဘဲ ဟန်၏ခုတင်နားသို့ ခြေသံဖွဖွဖြင့် နင်းလျှောက်လာလိုက်သည် ။ ဟန်ကအအိပ်ဆတ်မှန်းသူသိတာကြောင့် သူသည်ခုတင်အောက်မှာပင် ဒူးတစ်ဖက်ထောက်ထိုင်ရင်း ခုတင်ပေါ်သို့ လက်နှစ်ဖက်တင်ကာ မေးတင်ရင်း ဟန်၏ဖြူကြည်သောမျက်နှာကို ငေးမောလိုက်မိသည်။

သူသည်ဟန်၏မျက်နှာနုနုကို ထိတွေ့ချင်ပါသော်လည်း လက်ရှိအခြေအနေကို သဘောပေါက်နေသောအခါ သူ၏စိတ်ဆန္ဒကို ထိန်းချုပ်ထားလိုက်လေသည် ။ ဟန်ကတော့ အိပ်နေရင်း အိမ်မက်ထဲတွင်စားကောင်းတာများတွေ့နေသလားမသိ သူ၏ပါးစပ်က တပြင်ပြင်နှင့်။

အမှန်ဆိုရင် ဒီနံနက်ခင်းမျိုးက သူ့အတွက်အဆန်းတကြယ်မဟုတ်ချေ ။ သူသည်ကိုးနှစ်တာကာလလုံးတွင် ဟန်အိပ်နေပုံကို မရေတွက်နိုင်အောင် မြင်ဖူးခဲ့ပြီးပြီ ။ အတိတ်ကိုသာပြန်မလာခဲ့ပါက သူသေဆုံးသည်အထိ မြင်နိုင်ခွင့်ရှိသောအရာဖြစ်သည် ။ အခုတော့ ထိုအရာက သူနှင့်မဆိုင်တော့သကဲ့သို့ သူစိမ်းဆန်လွန်းအားကြီးနေ၏ ။ သူ၏အောင်မြင်မှုနှင့် ဟန့်ကိုလဲလှယ်ခဲ့မိသည့်အပေါ် နောင်တရသလားဟူသောမေးခွန်းမျိုး သူ့ကိုယ်သူတစ်ခါမှမမေးခဲ့ဖူးသော်လည်း သူသည်တင်းခံကာ နောင်တမရဘူးဟု ဆိုမိမည်ထင်၏ ။

သူနှင့်အတူရှိခဲ့ဖူးသောအနာဂတ်တွင် သူနှင့်ဟန်သည်အကြိမ်ပေါင်းမရေတွက်နိုင်စွာ ရန်ဖြစ်ခဲ့ရဖူးသည် ။ ဟန်ကလည်းသူ့ကိုစိတ်ပျက်သလို သူကလည်းဟန့်ကိုစိတ်ပျက်ခဲ့မိသည် ။ အဆုံးတွင် ဟန်ကသူ့အားသတ်ပစ်ဖို့အထိ ဒေါသထွက်ခဲ့သည် ။ အခုချိန်မှာ သူဟာဟန့်အနားမှာရှိနေခွင့်ရသောသူမဟုတ်ဘူးဆိုရင်တောင် ဟန်တောက်ပနေတာကို မြင်ခွင့်ရသူဖြစ်သဖြင့် ထိုအရာကိုပီတိဟုသာ ခေါ်ဆိုလိုက်ချင်သည် ။ ထိုသို့မဟုတ် သူ၏အပြစ်ရှိစိတ်ကို ဤသို့ဖြေသိမ့်ခဲ့မိလေ၏ ။

သူ၏လက်ချောင်းသည် ဟန်၏မျက်နှာပေါ်တွင် ထိကပ်လုဆဲဆဲဖြစ်နေလေသည် ။ သူမှတ်မိခဲ့သော ဤမျက်နှာလေး သူနမ်းရှိူက်ခဲ့ဖူးသော ဤနူတ်ခမ်းလေးသည် အရင်လိုစွဲမက်ဖွယ်ကောင်းဆဲသော်ငြား အရင်ကထက်ပိုနှစ်လိုဖွယ်ကောင်းမှန်း သူသတိထားမိလာသည် ။

ဟန်၏ကိုယ်လေးသည် အိပ်နေရင်းနှင့်တစ်ချက်တွန့်ကွေးလာပြီးနောက် သူ၏မျက်ခွံတို့သည်ချက်ချင်းပင် ဖွင့်လာလေသည် ။ ထိုအချိန်ဟန်က သူ့ကိုမြင်သွားပြီးနောက် အနည်းငယ်ထိတ်လန့်သွားပုံပေါ်လေသည် ။

" သရီ .... "

" နိုးလာပြီလား ၊ နောက်ကျမှာစိုးလို့ မင်းကိုနိုးမလို့ပဲ "

သရီက အရှက်ပြေအကြောင်းပြချက်ပေးရင်း ဒူးတစ်ဖက်ထောက်ထိုင်နေရာမှ ထရပ်လိုက်သည်။ ဟန်ကလည်း ကမန်းကတမ်းထလာကာ လက်ထဲကနာရီကိုကြည့်လိုက်သည် ။

" အို .... ငါတို့နံနက်စာစားဖို့ အချိန်ကော ရှိပါ့မလား "

" အရမ်းကြီးအလျင်မလိုပါနဲ့ ၊ နံနက်စာကိုအေးဆေးစားပြီးမှ သွားကြတာပေါ့ ။ မနက် ၉ နာရီလောက်မှာ ကိစ္စဖြတ်နိုင်ရင် နေ့လည်လောက်ဆို ပြန်ရောက်နိုင်ပါတယ် "

" ငါတို့ကိုကြိုဖို့ လူတစ်ယောက်လွှတ်ခိုင်းထားတယ် ။ သူရောက်တော့မယ်ထင်တယ် ၊ မင်းပြီးရင် lobby မှာအရင်သွားစောင့်နေလိုက် "

" ငါကဘာကြောင့် လမ်းညွှန်တစ်ယောက်ကို စောင့်နေရမှာလဲ ။ စောင့်ချင်းစောင့် သူတို့ကစောင့်နေရမှာမဟုတ်လား "

ဟန်သည်ရေချိုးခန်းကို ဝင်ရန်ပြင်နေရင်းနှင့်ပင် သရီ့ကိုမျက်လုံးပြူးကာကြည့်လာလေသည် ။ W one ရဲ့ အထွေထွေမန်နေဂျာက အတော်လေးကို ကြီးမြတ်နေလို့လား ။

" မင်းဘယ်တုန်းက ဒီလောက်ထိကြီးကျယ်သွားတာလဲ "

သူ့အပြောကြောင့် သရီအနည်းငယ်ရှက်ရွံမိသွားသည် ။ သူကဂုဏ်မှောက်မာလို့မဟုတ်ဘဲ ဟန်နဲ့အတူ အချိန်အနည်းငယ်ပိုရှိချင်နေလို့ မဟုတ်လား ။

" ငါလည်းအခုမှနိုးတာလေ ၊ မျက်နှာတောင် မသစ်ရသေးဘူး ။ ဒါကြောင့် ငါ့မှာအချိန်သိပ်မပိုဘူးလို့ ပြောတာ ။ ငါ့ကိုအဲ့ကနေ မျက်လုံးပြူးကြည့်မနေနဲ့ ရာမင်းဟန် ။ အအေးပတ်တော့မှာပဲ အမြန်ရေချိုးပြီး ထွက်ခဲ့ "

" မင်းဘာကြောင့် ဒီလောက်ထိ ဆတ်ဆတ်ထိမခံ ဖြစ်နေရတာလဲ သရီ ။ ငါကမင်းကိုဒီအတိုင်း စနောက်ရုံပါ ။ ပြီးတော့ မင်းကကော အရင်နိုးနှင့်နေပြီး ဘာကြောင့်ရေကို အရင်မချိုးရတာလဲ ။ အချိန်ကမလောက်ငှတဲ့ထဲ မင်းကအရင်နိုးပြီး ဘာမှကိုအဆင်သင့် မပြင်ထားဘူး "

ဟန်ကသရီ့ကို လှမ်းအပြစ်တင်ရင်း ရေချိုးခန်းထဲသို့ ဝင်မည်အပြု သရီကလျင်မြန်စွာပင် သူ့အနားရောက်လာကာ ငုံ့မိုးကြည့်လိုက်သည်။

" ငါ့ကိုမြင်တိုင်း အပြစ်တင်တတ်တဲ့မင်းရဲ့စရိုက်က အရင်ကနေအခုထိ အဲ့ဒီလိုပဲ ။ ဒါတွေကြောင့် ငါတို့ဝေးခဲ့ရတယ်ဆိုတာ မင်းသိလား ဟန် ... "

" ငါက ဘာကိုသိရမှာလဲ မအေဘေးရဲ့ ။ ငါ့ဆီကအဖြေတောင်းပြီး အရူးကွက်နင်းသွားတာ မင်းလေ ။ မင်းကြောင့် ငါဘယ်လောက်ထိ အရှက်ရခဲ့လဲ ၊ မင်းကြောင့်ငါဘယ်လောက်ထိ နာကျင်ခဲ့ရလဲဆိုတာ မင်းသိသလား ။ ဒါကြောင့် ငါ့ရှေ့မှာ ငါ့ကိုသိပ်ပြီးသိနေတဲ့ပုံ မဖမ်းစမ်းနဲ့ ၊ ငါသည်းမခံနိုင်တဲ့တစ်နေ့ မင်းကိုသတ်ပစ်မိလိမ့်မယ် "

ဟန်ကသရီ၏ရင်ဘတ်ကို သူ၏လက်ဖြင့်တွန်းလိုက်ပြီးနောက် မီးဝင်းဝင်းတောက်နေသောမျက်လုံးဖြင့် အော်ဟစ်ဆဲဆိုလိုက်သည်။ သရီ တခဏတော့ အံသြထိတ်လန့်သွားကာ နောက်ကိုခြေနှစ်လမ်းဆုတ်လိုက်မိပေမယ့် ချက်ချင်းပင်ဟန်၏လက်ကို ပြန်ဆွဲယူကာ ရင်ဘတ်ချင်းအပ်လိုက်လေသည် ။

" ငါမင်းကိုဘာကြောင့် မသိရမှာလဲ ။ မင်းကိုယ်မင်းသိတာထက်ကို ငါမင်းကိုပိုသိနေသေးတယ် ။ မင်း ဘယ်လောက်ထိဒေါသကြီးလဲ သိလား ။ မင်းဘယ်လောက်ထိ အတ္တကြီးပြီး ငါ့အပေါ်ရက်စက်နိုင်လဲ မင်းကိုယ်မင်းသိလား "

" ငါ့ကိုလွှတ်ပေးစမ်း ခွေးသား ... "

" မင်းရဲ့အဲ့ဒီဒေါသစိတ်ကြောင့် ငါတို့ဝေးရတာ သိလား ... ရာ .. မင်း.. ဟန် "

" ငါ့ကိုဒေါသထွက်အောင် လုပ်နေတာက မင်းမဟုတ်လား ။ မင်းကဒီနှစ်တွေမှာ ငါ့အတွက်စိတ်အနှောက်ယှက် အပေးဆုံးလူပဲ ။ ငါမင်းကို သိပ်မုန်းတယ် ... ခွန်းသရီ "

" အေး ... မင်းသိပ်မုန်းတဲ့ငါက မင်းကိုတခြားသူတွေထက်ပိုပြီး ထိတွေ့ခဲ့ဖူးတယ်ဆိုရင် မင်းရဲ့ဒေါသစိတ်က ထားစရာနေရာကော ရှိပါဦးမလား ဟမ့် ။ မင်းရဲခန္ဓာကိုယ်မှာ မှဲ့ဘယ်နှစ်လုံးရှိလဲဆိုတာ ငါဘာကြောင့် အတိအကျသိနေလဲသိလား ။ ငါမင်းနဲ့အကြိမ်ပေါင်း မရေနိုင်အောင် Fuck ခဲ့ဖူးလို့ကွ ၊ မုန်းလေ ... ငါ့ကိုဒီထက်ပို မုန်းစမ်းပါ "

" ခွန်းသရီ ... ခွေးကောင် "

သရီသည် ဟန့်ကိုဟောက်လိုက်ရင်း သူ၏ရင်ခွင်ထဲတွင်ရောက်နေသော ပြည့်ပြည့်ဖောင်းဖောင်းကောင်လေးကို အသည်းယားစွာတစ်ချက်ကြည့်ပြီးနောက် တင်းထားသောစိတ်သည် ချက်ချင်းပင်ပြိုကျသွားလေသည် ။ သူသည်သူ၏လက်ကို ဟန်၏ခါးကိုချုပ်ထားရာမှလွှတ်ပြီး မျက်နှာနှစ်ဖက်ကိုအုပ်ကိုင်လိုက်သည် ။ ထို့နောက် နူတ်ခမ်းပါးတစ်စုံကို အငမ်းမရနမ်းရှိုက်လိုက်လေသည်။

ဒီနေ့မှာ ဟန်သာသူ့ကိုရန်မစရင် သူဤသို့ပြုလိမ့်မည်မဟုတ် ။ ဟန်သာသူ့ကိုအမြဲတမ်း မုန်းတီးမနေခဲ့ရင် ဤသို့တဇွတ်ထိုးဆန်သော လုပ်ရပ်မျိုးလုပ်မိလိမ့်မည်မဟုတ် ။

ဟန်ကသူ၏လက်ထဲမှ ရုန်းထွက်ဖို့ကြိုးစားသဖြင့် သူသည်ပိုမိုတင်းကျပ်စွာရစ်တွယ်ရင်း တိုးကာနမ်းရှိူက်လိုက်မိသည်။ ဟန်ကသူ့အောက်နူတ်ခမ်းကို ကိုက်လိုက်ပေမယ့် သရီသည်အလွတ်မပေးဘဲ ဆက်တိုက်စုပ်ယူကာ နမ်းရှိူက်နေခဲ့လေသည် ။ သူ၏နူတ်ခမ်းမှထွက်လာသော သွေးစတို့ပင်တံတွေးနဲ့ရောကာ ဟန်၏ပါးစပ်ထဲသို့ ဝင်ရောက်လာလေသည် ။

ဟန်ကအသက်ရှူဖို့ကြိုးစားရင်း သူ၏ခြေထောက်ကို ဆောင့်နင်းလိုက်သဖြင့် သူသည်အနည်းငယ်သတိလက်သွားပြီးနောက် ဟန့်ကိုလွှတ်ပေးလိုက်မိသည်။

" ဖြန်း .... "

လက်စောင်းထက်လှသော လက်ဝါးသည်ရှောင်ချိန်ပင်မရဘဲ သူ့ပါးပေါ်သို့ တန်းတန်းမတ်မတ်နေရာယူလာသည်။ သူ၏ခေါင်းသည် တဖက်သို့လည်ထွက်သွားသော်ငြား ဒေါသမထွက်ခဲ့ဘဲ ဟန့်ကိုသာသဘောကျစွာကြည့်ရင်း ရယ်မိသည်။ အဲ့လောက်ထိဒေါသကြီးတဲ့ကောင် အခုတော့ဘာတတ်နိုင်သေးလဲ ။

" ခွန်းသရီ ..... မင်းကိုယ်မင်းဘာထင်နေလို့ ငါ့ကိုစော်စော်ကားကားပြောရတာလဲ ။ မင်းသိထားဖို့က .... "

ဟန်သည်စကားပြောလို့မှမဆုံး သရီ၏ဂွကြားတနေရာသို့ အကြည့်ရောက်သွားကာ သူ့မျက်နှာကချက်ချင်းပင် မဲမှောင်သွားလေသည် ။ ဒီသေသင့်တဲ့ကောင်ကတော့ ။

ဟန်ကစကားပြောနေရာမှ ရပ်သွားသဖြင့် သရီသည်သူ့အောက်ကို သူပြန်ငုံ့ကြည့်လိုက်လေရာ အခြေအနေကို အတော်ကိုရှက်စရာကောင်းနေမှန်း သိလိုက်လေသည် ။ သို့သော်ပြန်လည်ပြင်ဆင်ဖို့ရာ နောက်ကျသွားလေသည် ။ ဟန်ကတော့ ဘာပြောကောင်းမလဲ ဒေါသကထားစရာနေရာပင် မရှိတော့ ။

" မင်းရဲ့ခြေထောက်ကိုမကန်ဘဲ အငယ်ကောင်ကိုကန်ခဲ့သင့်တာ ။ ခွေးကောင် ..... မင်း ... မင်း ... "

သူ့မှာဆက်ဆဲချင်သော်လည်း ဆဲစရာစကားရှာမတွေ့သဖြင့် တခဏတော့ ကြောင်တောင်တောင်ဖြစ်သွားသည် ။ ထို့နောက်မှ သရီ၏ခြေထောက်ကို နောက်တဖန်တက်နင်းပြီး ရေချိုးခန်းထဲသို့ ချက်ချင်းပြေးဝင်သွားလေသည် ။ သို့သော်မကြာလိုက် ရေချိုးခန်းတံခါးက ချက်ချင်းပင်ပြန်ပွင့်လာပြီး ဟန်ကသူ၏မျက်နှာပေါ်သို့ တဘက်ကိုပစ်တင်ပြီးနောက် ဒေါသတကြီးအော်ဟစ်လိုက်သည် ။

" စောစောစီးစီး ကျက်သရေမရှိအောင်လို့ ရပ်နေတာလား ။ မင်းကိစ္စမင်း အရင်သွားရှင်းစမ်း "

ဟန်သည် သူ၏လည်ဂုတ်ကိုဖိပြီး စိတ်ဖိစီးစွာဖြင့် ခုတင်ပေါ်ပြန်ထိုင်လိုက်သည် ။ သူ့အခြေအနေကိုသူသိသော သရီသည်လည်း ဟန့်ကိုဒေါသထွက်ဖို့ ပြောဆိုမနေတော့ဘဲ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည် ။

တခဏအကြာ ရေချိုးခန်းထဲက ပြန်ထွက်လာတော့ ဟန်ကိုအခန်းထဲမတွေ့တော့ ။ ဖြစ်နိုင်တာက ဟန်တစ်ယောက် ရေတောင်မချိုးဘဲ lobby သို့ဆင်းသွားပုံရသည်။

ဒီအခြေအနေမျိုးဖြစ်သွားတာတောင် သူ့ကိုဆဲဆိုကာ ခြေထောက်နင်းသွားရုံနဲ့ပြီးသွားသော ဟန်၏ဒေါသကို သူမယုံနိုင်ဖြစ်ရ၏ ။ အနည်းဆုံးတော့ ခေါင်းကွဲမယ်ထင်ခဲ့တာ ။

*******

အလုပ်ကိစ္စ အဆင်ပြေသွားပြီးနောက် သူနှင့်ဟန်သည် ချက်ချင်းပင်ပြန်လာခဲ့ကြသည် ။ အသွားတုန်းကလို ဟန်ကတော့ အိပ်စက်မနေတော့ဘဲ ကားပြတင်းအပြင်ဖက်ကိုသာ ငေးကြည့်နေလေ၏ ။ ထိုအေးစက်စက်အခြေအနေသည် သက်သောင့်သက်သာမရှိသော်လည်း အခုထိဟန့်ဆီကနေ အနာတရကင်းကင်းနေနိုင်တာကပဲ အခြေအနေကောင်းနေလေပြီ ။

" ငါ့ကိုဒေါသထွက်နေတုန်းလား ... "

" မင်းရဲ့သောက်ပါးစပ်ကို ပိတ်ထားစမ်း ... "

ဒီလောက်ဆိုရင် ဟန်တကယ်ဒေါသမပြေသေးမှန်း သိသာလှသည်။ သို့သော်အခြေအနေက သိပ်မဆိုးမနေ၍ သရီကရဲဆေးတင်ကာ တီးတိုးပြောလိုက်သည်။

" တောင်းပန်ပါတယ် .. "

" မင်းရဲ့ သောက်ပါးစပ်ကို ပိတ်ထားဆိုနေမှ .. "

" အွန်းပါ ... "

" ငါရဲ့အိမ်မက်ထဲကလို မင်းကိုသတ်ပစ်လို့ရရင် ဆယ်ခါပြန်သတ်ပြီးနေပြီ ။ မင်း ... မင်းက ငါ့အတွက်တကယ့်ကို ဝဋ္ဋ်ကြွေးပဲ "

" ငါ့ကိုအဲ့လောက်ထိတောင် မုန်းတာလား ။ တစ်ခါသတ်ပြီးတာတောင် မလုံလောက်သေးဘူး အိမ်မက်ထဲထိ လိုက်သတ်တယ်ဆိုတော့ "

" မင်း သောက်ပါးစပ်ကိုပိတ် ... အဲ့ဒီသောက်ပါးစပ်ကို ပိတ်ထားစမ်း... "

ဟန်တစ်ယောက် ရုတ်တရက်ဆိုသလို သူ၏ခြေထောက်ကိုမပြီး သရီ၏လက်မောင်းကို ဆင့်ကာဆင့်ကာ ကန်လိုက်လေသည်။ သရီသည်ကားမောင်းနေရင်း ရုတ်တရက်တိုက်ခိုက်ခံလိုက်ရသဖြင့် စိုးရိမ်ကာ ကားကိုလမ်းဘေးသို့ချက်ချင်းထိုးရပ်လိုက်သည်။

ထို့နောက်သူ့အားရန်စသော ခြေထောက်ကို ခြေကျင်းဝတ်မှဆွဲယူကာ ခါးကိုအနည်းငယ်ကိုင်းလိုက်လေ၏ ။

" မင်းသေချင်နေတာလား ဟန် ။ ကားမောင်းနေတဲ့အချိန်မှာ မင်းရဲ့အပြုအမူက ဘယ်လောက်တောင် အန္တာရာယ်များလဲ မသိဘူးလား ဟမ့် "
" မင်းကြောင့်ဖြစ်တာလေ ခွေးကောင်ရဲ့ ၊ ငါ့ကိုလွှတ်စမ်း ... ငါမင်းနဲ့တစ်ကားထဲအတူ မစီးနိုင်ဘူး ။ ငါ့ကားပေါ်ကချက်ချင်းထွက် "

" မင်းရူးနေလား ... ဟန် ။ မင်းရဲ့လုပ်ရပ်တွေက တစ်ခါထက်တစ်ခါ ပိုအဓိပ္ပါယ်မဲ့လာပြီနော် .... အ ... "

သူသတိလက်လွှတ်ဖြစ်သွားသော တခဏ ဟန်ကသူ့မျက်နှာကို ခြေထောက်ဖြင့် ကန်လိုက်လေသည် ။ အားမပြင်းသော်လည်း မျက်နှာကဲ့သို့သော နုနယ်သောနေရာသည် ကန်ချက်ကြောင့် အနည်းငယ်နာကျင်သွားသည် ။

" မင်း မဆင်းရင် ငါဆင်းမယ် ။ ဒီနေ့တော့ မင်းမသေရင် ငါသေမှအေးမှာ "

" ဒါဆိုလည်း ဆင်းလေ ။ ငါကဘာလို့ဆင်းရမှာလဲ ၊ ဒီခရီးက မင်းစီစဉ်လို့ ငါကအဖော်အဖြစ် ပါလာတာလေ ။ မင်းကြောင့်ဖြစ်လို့ မင်းဆင်း "

" မင်း ... ငါ့ကိုလွှတ် ခွေးသူတောင်းစား "

သရီကလည်း စိတ်တိုတိုနှင့် ဟန်၏ခြေထောက်ကို လွှတ်လိုက်တော့ ဟန်ကအထုပ်အပိုးပင်မယူဘဲ ကားပေါ်ကချက်ချင်းဆင်းသွားလေသည်။ အဲ့ဒီဒေါသအိုးကို မှတ်လောက်အောင် ပညာတော့ပေးမှ ။ ကားပေါ်မှဇက်တောက်ဇက်တောက်နှင့် ဆင်းသွားသောဟန်သည် နီးမြန်းသောမျက်နှာဖြင့် သရီကိုဆဲဆိုရင်း တစ်ယောက်တည်းရှေ့ကိုဆက်လျှောက်ကာ ဖြတ်သွားဖြတ်လာ ခရီးကြုံကားတစ်စီးတလေများရှိမလားဟူသော မျှော်လင့်ချက်ဖြင့် နောက်ကိုလည်း မကြာခဏလှည့်ကြည့်လေသည်။

သရီက ကားကိုဖြေးညင်းစွာမောင်းရင်း ဟန် စိတ်ဆိုးပြေကာ ကားပေါ်ပြန်တက်မည့်အချိန်ကို စောင့်နေသော်လည်း ဟန်ကခေါင်းမာစွာဖြင့် နောက်တွင် ကျန်နေရစ်လေသည် ။ သရီကရှေ့ကိုဆက်မသွားဘဲ ကားကိုရပ်ကာစောင့်နေလျှင် ဟန်ကလည်းရှေ့ဆက်မလာဘဲ ရောက်တဲ့နေရာမှာပင်ကျောက်ချကာရပ်ရင်း လမ်းကြုံကားကိုစောင့်နေလေ၏။

ထိုသို့နှင့် ဆယ့်ငါးမိနစ်စွန်းစွန်းတွင် ဟန်၏မျက်နှာသည် ဒေါသရိပ်မှတဖြည်းဖြည်းနှင့် သူ့ကိုယ်သူနားမလည်ဟန်ပြောင်းလဲလာ၏ ။ ဒီကားကသူ့ကားဖြစ်နေတာကို သူကဘာကြောင့်ကားပေါ်က ဆင်းခဲ့ရတာလဲ ။ သူကသာ ဟိုခွေးကောင်ကို ကားပေါ်ကကန်ချသင့်တာမဟုတ်လား ။

သရီသည်အတန်ကြာသည်အထိ ကားပေါ်တွင်စောင့်နေသော်လည်း ဟန်ကပေါ်မလာသဖြင့် နောက်ဆုံးတွင် စိတ်လျော့ကာ ကားပေါ်မှဆင်းလာပြီး ဟန့်ဆီလျှောက်လာခဲ့သည်။

" ဒေါသကိုလျော့ပြီး ကားပေါ်ပြန်တက်ခဲ့ ဟန် ။ မကြာခင်နေမြင့်တော့မယ် ၊ မင်းရဲ့အသားတွေနေလောင်နိုင်တယ်နော်။ ပြီးတော့ မင်းရဲ့တန်ဖိုးရှိတဲ့အချိန်တွေလည်း ပုပ်ကုန်လိမ့်မယ် "

" လိုက်ဘူး ... "

ဟန်က တဖက်သို့မျက်နှာကိုလွှဲပစ်သည်။ သူကသရီ၏မျက်နှာကို မမြင်ချင်သည့်ပုံစံနှင့် ။ နူတ်ခမ်းကိုတောင် အနည်းငယ်ဆူလိုက်လေသေး၏ ။ သရီကဟန့်ကိုကြည့်ပြီး သဘောကျစွာတစ်ချက်ပြုံးမိသွားသည် ။ ဘယ်တော့မှပြောင်းလဲမသွားတဲ့ ဟန့်ရဲ့ခေါင်းမာမှုကို သိနေသဖြင့် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုပါ သိနေတာကြောင့် သူချက်ချင်းပင် ဟန်ကိုခါးမှပွေ့ချီပြီး ပခုံးပေါ်တင်လိုက်သည် ။

" ဒီအရွယ်ထိရောက်နေပြီ ဘာမဟုတ်တာလေးနဲ့ စိတ်ကောက်နေတုန်းပဲ ။ မင်းကိုယ်မင်း boss တစ်ယောက်ဆိုတာကို မေ့နေတာလား "

" ဘာလုပ်တာလဲ ခွေးကောင် .. သရီ ၊ ငါ့ကိုအခုချက်ချင်း အောက်ပြန်ချစမ်း "

" ငါ့ကိုဆဲလိုက်တော့ကော မင်းရဲ့ဒေါသကလျော့သွားသလား ။ ဒါဆိုအဝဆဲ ... မင်းဘယ်လောက်ထိရိုင်းလဲဆိုတာ ငါအသိဆုံးမို့ မင်းကိုဗွေမယူဘူး "

" မအေဘေးရဲ့ ... မင်းကဘာနဲ့စပ်ထားလို့ ဒီလောက်ထိအရေထူနေရတာလဲ ။ ငါမင်းရဲ့အရေခွံကိုနွှာပစ်မယ်ကြည့်ထား ၊ ငါ့ကိုအောက်ချပေးစမ်း "

" နားညည်းလိုက်တာ ... တိတ်တိတ်နေ ... "

သရီသည်ပြောရင်းဆိုရင်း ဟန်၏တင်ပါးကိုခပ်ဆတ်ဆတ်တစ်ချက်ရိုက်လိုက်ပြီးနောက် ကားဆီသို့လျှောက်လာလိုက်သည် ။ သို့သော်ကားနားမရောက်မှီပင် ဟန်ကဇာတိပြလာလေသည်။

" အား .... ၊ ရာ.. မင်းဟန် "

သရီသည် ကားနားထိသူ့ကိုရောက်အောင်သယ်သွားပြီးနောက် ကားတံခါးကိုဖွင့်ကာ အထဲကိုပစ်ထည့်လိုက်သည်။ ထို့နောက် နာကျင်သွားသောနားရွက်တစ်ဖက်ကို ပြန်ထိကိုင်ရင်း ဟန်ကိုကြည့်လိုက်သည်။ နားရွက်အသားကဘယ်လောက်ထိ နုသလဲဆိုတာ ဒင်းမသိလေရော ။ ကိုက်စရာနေရာ ဒီလောက်များတဲ့ထဲ ဒီနားရွက်ကိုမှရွေးကိုက်ရတယ်လို့ ။ ဟန်ကသာသူ့ကိုခွေးကောင်ဆိုပြီး ဆက်တိုက်ဆဲနေတာ ၊ တကယ်တမ်းခွေးစိတ်ပေါက်တာ ဒင်းပင်မဟုတ်သလော ။

ဟန်ကတော့ ကျေနပ်သွားဟန်ဖြင့် ခပ်မဲ့မဲ့ရယ်ရင်း ကားတံခါးကိုဆောင့်ပိတ်လိုက်သည်။ လမ်းလျှောက်ရတာသိပ်ပင်ပန်းမှန်းသိသွားလို့ နောက်တစ်ခေါက်ထပ်ဆင်းဖို့အကြောင်းမရှိတော့ ။

" အခုချက်ချင်း ကားလာမောင်းစမ်း "

သူ့ရဲ့ကိုယ်ပိုင် ဒရိုင်ဘာကိုစေခိုင်းသည့်နှယ် ဟန်ကသူ့ကိုအထက်စီးမှခိုင်းလာသောကြောင့် သရီမှာ ပြန်ပြောရနိုးနိုး မပြောရနိုးနိုးနှင့် ။ နောက်ထပ်ပြသနာတွေကို မလိုချင်တော့သဖြင့် သရီသည်အောင့်သက်သက်နှင့် ကားထဲကိုပြန်ဝင်လာလေတော့သည်။ ထို့နောက်သူ့ဘေးတွင် မျက်လုံးမှိတ်ကာ မှိန်းနေသော ဟန့်ကိုကြည့်ပြီး စိတ်ထဲကနေ မကျေနပ်စွာ ရေရွှတ်မိသည်။ ဘယ်ဘဝပဲရောက်ရောက် သူဟန်ကိုအရှူံးပေးနေရတုန်း ။

သူ့လိုအရည်အချင်းရှိသော မန်နေဂျာတစ်ဦးကို တခြားကုမ္ပဏီမှ ပိုမိုကောင်းမွန်သောအခွင့်အလမ်းများဖြင့် ကမ်းလှမ်းသဖြင့် သူသည် W One ၏အားထားရသော သူတစ်ဦးဖြစ်သည် ။ ထို့ကြောင့် ဥက္ကဌဟောင်းပင် သူ့အားဖိအားအလွန်အကျွံမပေးပေ ။ သို့ပေမယ့် တစ်နေ့သူ့ရှေ့တွင် ဟန်ပြန်ရောက်လာပြီး သူ့ကိုနည်းမျိုးစုံစိတ်အနှောက်ယှက်ပေးလိမ့်မည်ဟု မထင်ထားသဖြင့် အစပိုင်းက နေသားမကျခဲ့သော်ငြား ယခုတော့တဖြည်းဖြည်းနှင့် နေသားကြလာလေ၏ ။ အမှန်တော့ ဟန်နဲ့ရှိနေတာက သူ့ရဲ့ပုံမှန်ဘဝပဲမဟုတ်လား။ 



-----------------

ဒီနေ့အတွက် အပြင်မထွက်တဲ့သူတွေ အေးဆေးဖတ်လို့ရအောင် ညနေကျရင် တစ်ပိုင်းထပ်တင်ပေးမယ်နော် ။





Zawgyi






သရီႏိုးလာေတာ့ ဟန္ကတဖက္ကုတင္တြင္ ႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနဆဲပင္ ။ မေန႔ညကတစ္ညလုံး ဟန္နဲ႔အတူရွိခဲ့တယ္ဟူေသာစိတ္ေၾကာင့္ သူ႔ရင္သည္တသိမ့္သိမ့္တုန္လာေလ၏ ။ ဟန္ႏိုးသြားမွာစိုးတာေၾကာင့္ သူကခုတင္ေပၚမွ အသာအယာထလာၿပီးေနာက္ မ်က္ႏွာပင္မသစ္ရေသးဘဲ ဟန္၏ခုတင္နားသို႔ ေျခသံဖြဖြျဖင့္ နင္းေလွ်ာက္လာလိုက္သည္ ။ ဟန္ကအအိပ္ဆတ္မွန္းသူသိတာေၾကာင့္ သူသည္ခုတင္ေအာက္မွာပင္ ဒူးတစ္ဖက္ေထာက္ထိုင္ရင္း ခုတင္ေပၚသို႔ လက္ႏွစ္ဖက္တင္ကာ ေမးတင္ရင္း ဟန္၏ျဖဴၾကည္ေသာမ်က္ႏွာကို ေငးေမာလိုက္မိသည္။

သူသည္ဟန္၏မ်က္ႏွာႏုႏုကို ထိေတြ႕ခ်င္ပါေသာ္လည္း လက္ရွိအေျခအေနကို သေဘာေပါက္ေနေသာအခါ သူ၏စိတ္ဆႏၵကို ထိန္းခ်ဳပ္ထားလိုက္ေလသည္ ။ ဟန္ကေတာ့ အိပ္ေနရင္း အိမ္မက္ထဲတြင္စားေကာင္းတာမ်ားေတြ႕ေနသလားမသိ သူ၏ပါးစပ္က တျပင္ျပင္ႏွင့္။

အမွန္ဆိုရင္ ဒီနံနက္ခင္းမ်ိဳးက သူ႔အတြက္အဆန္းတၾကယ္မဟုတ္ေခ် ။ သူသည္ကိုးႏွစ္တာကာလလုံးတြင္ ဟန္အိပ္ေနပုံကို မေရတြက္ႏိုင္ေအာင္ ျမင္ဖူးခဲ့ၿပီးၿပီ ။ အတိတ္ကိုသာျပန္မလာခဲ့ပါက သူေသဆုံးသည္အထိ ျမင္ႏိုင္ခြင့္ရွိေသာအရာျဖစ္သည္ ။ အခုေတာ့ ထိုအရာက သူႏွင့္မဆိုင္ေတာ့သကဲ့သို႔ သူစိမ္းဆန္လြန္းအားႀကီးေန၏ ။ သူ၏ေအာင္ျမင္မႈႏွင့္ ဟန႔္ကိုလဲလွယ္ခဲ့မိသည့္အေပၚ ေနာင္တရသလားဟူေသာေမးခြန္းမ်ိဳး သူ႔ကိုယ္သူတစ္ခါမွမေမးခဲ့ဖူးေသာ္လည္း သူသည္တင္းခံကာ ေနာင္တမရဘူးဟု ဆိုမိမည္ထင္၏ ။

သူႏွင့္အတူရွိခဲ့ဖူးေသာအနာဂတ္တြင္ သူႏွင့္ဟန္သည္အႀကိမ္ေပါင္းမေရတြက္ႏိုင္စြာ ရန္ျဖစ္ခဲ့ရဖူးသည္ ။ ဟန္ကလည္းသူ႔ကိုစိတ္ပ်က္သလို သူကလည္းဟန႔္ကိုစိတ္ပ်က္ခဲ့မိသည္ ။ အဆုံးတြင္ ဟန္ကသူ႔အားသတ္ပစ္ဖို႔အထိ ေဒါသထြက္ခဲ့သည္ ။ အခုခ်ိန္မွာ သူဟာဟန႔္အနားမွာရွိေနခြင့္ရေသာသူမဟုတ္ဘူးဆိုရင္ေတာင္ ဟန္ေတာက္ပေနတာကို ျမင္ခြင့္ရသူျဖစ္သျဖင့္ ထိုအရာကိုပီတိဟုသာ ေခၚဆိုလိုက္ခ်င္သည္ ။ ထိုသို႔မဟုတ္ သူ၏အျပစ္ရွိစိတ္ကို ဤသို႔ေျဖသိမ့္ခဲ့မိေလ၏ ။

သူ၏လက္ေခ်ာင္းသည္ ဟန္၏မ်က္ႏွာေပၚတြင္ ထိကပ္လုဆဲဆဲျဖစ္ေနေလသည္ ။ သူမွတ္မိခဲ့ေသာ ဤမ်က္ႏွာေလး သူနမ္းရွိူက္ခဲ့ဖူးေသာ ဤႏူတ္ခမ္းေလးသည္ အရင္လိုစြဲမက္ဖြယ္ေကာင္းဆဲေသာ္ျငား အရင္ကထက္ပိုႏွစ္လိုဖြယ္ေကာင္းမွန္း သူသတိထားမိလာသည္ ။

ဟန္၏ကိုယ္ေလးသည္ အိပ္ေနရင္းႏွင့္တစ္ခ်က္တြန႔္ေကြးလာၿပီးေနာက္ သူ၏မ်က္ခြံတို႔သည္ခ်က္ခ်င္းပင္ ဖြင့္လာေလသည္ ။ ထိုအခ်ိန္ဟန္က သူ႔ကိုျမင္သြားၿပီးေနာက္ အနည္းငယ္ထိတ္လန႔္သြားပုံေပၚေလသည္ ။

" သရီ .... "

" ႏိုးလာၿပီလား ၊ ေနာက္က်မွာစိုးလို႔ မင္းကိုႏိုးမလို႔ပဲ "

သရီက အရွက္ေျပအေၾကာင္းျပခ်က္ေပးရင္း ဒူးတစ္ဖက္ေထာက္ထိုင္ေနရာမွ ထရပ္လိုက္သည္။ ဟန္ကလည္း ကမန္းကတမ္းထလာကာ လက္ထဲကနာရီကိုၾကည့္လိုက္သည္ ။

" အို .... ငါတို႔နံနက္စာစားဖို႔ အခ်ိန္ေကာ ရွိပါ့မလား "

" အရမ္းႀကီးအလ်င္မလိုပါနဲ႔ ၊ နံနက္စာကိုေအးေဆးစားၿပီးမွ သြားၾကတာေပါ့ ။ မနက္ ၉ နာရီေလာက္မွာ ကိစၥျဖတ္ႏိုင္ရင္ ေန႔လည္ေလာက္ဆို ျပန္ေရာက္ႏိုင္ပါတယ္ "

" ငါတို႔ကိုႀကိဳဖို႔ လူတစ္ေယာက္လႊတ္ခိုင္းထားတယ္ ။ သူေရာက္ေတာ့မယ္ထင္တယ္ ၊ မင္းၿပီးရင္ lobby မွာအရင္သြားေစာင့္ေနလိုက္ "

" ငါကဘာေၾကာင့္ လမ္းၫႊန္တစ္ေယာက္ကို ေစာင့္ေနရမွာလဲ ။ ေစာင့္ခ်င္းေစာင့္ သူတို႔ကေစာင့္ေနရမွာမဟုတ္လား "

ဟန္သည္ေရခ်ိဳးခန္းကို ဝင္ရန္ျပင္ေနရင္းႏွင့္ပင္ သရီ႕ကိုမ်က္လုံးျပဴးကာၾကည့္လာေလသည္ ။ W one ရဲ႕ အေထြေထြမန္ေနဂ်ာက အေတာ္ေလးကို ႀကီးျမတ္ေနလို႔လား ။

" မင္းဘယ္တုန္းက ဒီေလာက္ထိႀကီးက်ယ္သြားတာလဲ "

သူ႔အေျပာေၾကာင့္ သရီအနည္းငယ္ရွက္႐ြံမိသြားသည္ ။ သူကဂုဏ္ေမွာက္မာလို႔မဟုတ္ဘဲ ဟန္နဲ႔အတူ အခ်ိန္အနည္းငယ္ပိုရွိခ်င္ေနလို႔ မဟုတ္လား ။

" ငါလည္းအခုမွႏိုးတာေလ ၊ မ်က္ႏွာေတာင္ မသစ္ရေသးဘူး ။ ဒါေၾကာင့္ ငါ့မွာအခ်ိန္သိပ္မပိုဘူးလို႔ ေျပာတာ ။ ငါ့ကိုအဲ့ကေန မ်က္လုံးျပဴးၾကည့္မေနနဲ႔ ရာမင္းဟန္ ။ အေအးပတ္ေတာ့မွာပဲ အျမန္ေရခ်ိဳးၿပီး ထြက္ခဲ့ "

" မင္းဘာေၾကာင့္ ဒီေလာက္ထိ ဆတ္ဆတ္ထိမခံ ျဖစ္ေနရတာလဲ သရီ ။ ငါကမင္းကိုဒီအတိုင္း စေနာက္႐ုံပါ ။ ၿပီးေတာ့ မင္းကေကာ အရင္ႏိုးႏွင့္ေနၿပီး ဘာေၾကာင့္ေရကို အရင္မခ်ိဳးရတာလဲ ။ အခ်ိန္ကမေလာက္ငွတဲ့ထဲ မင္းကအရင္ႏိုးၿပီး ဘာမွကိုအဆင္သင့္ မျပင္ထားဘူး "

ဟန္ကသရီ႕ကို လွမ္းအျပစ္တင္ရင္း ေရခ်ိဳးခန္းထဲသို႔ ဝင္မည္အျပဳ သရီကလ်င္ျမန္စြာပင္ သူ႔အနားေရာက္လာကာ ငုံ႔မိုးၾကည့္လိုက္သည္။

" ငါ့ကိုျမင္တိုင္း အျပစ္တင္တတ္တဲ့မင္းရဲ႕စ႐ိုက္က အရင္ကေနအခုထိ အဲ့ဒီလိုပဲ ။ ဒါေတြေၾကာင့္ ငါတို႔ေဝးခဲ့ရတယ္ဆိုတာ မင္းသိလား ဟန္ ... "

" ငါက ဘာကိုသိရမွာလဲ မေအေဘးရဲ႕ ။ ငါ့ဆီကအေျဖေတာင္းၿပီး အ႐ူးကြက္နင္းသြားတာ မင္းေလ ။ မင္းေၾကာင့္ ငါဘယ္ေလာက္ထိ အရွက္ရခဲ့လဲ ၊ မင္းေၾကာင့္ငါဘယ္ေလာက္ထိ နာက်င္ခဲ့ရလဲဆိုတာ မင္းသိသလား ။ ဒါေၾကာင့္ ငါ့ေရွ႕မွာ ငါ့ကိုသိပ္ၿပီးသိေနတဲ့ပုံ မဖမ္းစမ္းနဲ႔ ၊ ငါသည္းမခံႏိုင္တဲ့တစ္ေန႔ မင္းကိုသတ္ပစ္မိလိမ့္မယ္ "

ဟန္ကသရီ၏ရင္ဘတ္ကို သူ၏လက္ျဖင့္တြန္းလိုက္ၿပီးေနာက္ မီးဝင္းဝင္းေတာက္ေနေသာမ်က္လုံးျဖင့္ ေအာ္ဟစ္ဆဲဆိုလိုက္သည္။ သရီ တခဏေတာ့ အံၾသထိတ္လန႔္သြားကာ ေနာက္ကိုေျခႏွစ္လမ္းဆုတ္လိုက္မိေပမယ့္ ခ်က္ခ်င္းပင္ဟန္၏လက္ကို ျပန္ဆြဲယူကာ ရင္ဘတ္ခ်င္းအပ္လိုက္ေလသည္ ။

" ငါမင္းကိုဘာေၾကာင့္ မသိရမွာလဲ ။ မင္းကိုယ္မင္းသိတာထက္ကို ငါမင္းကိုပိုသိေနေသးတယ္ ။ မင္း ဘယ္ေလာက္ထိေဒါသႀကီးလဲ သိလား ။ မင္းဘယ္ေလာက္ထိ အတၱႀကီးၿပီး ငါ့အေပၚရက္စက္ႏိုင္လဲ မင္းကိုယ္မင္းသိလား "

" ငါ့ကိုလႊတ္ေပးစမ္း ေခြးသား ... "

" မင္းရဲ႕အဲ့ဒီေဒါသစိတ္ေၾကာင့္ ငါတို႔ေဝးရတာ သိလား ... ရာ .. မင္း.. ဟန္ "

" ငါ့ကိုေဒါသထြက္ေအာင္ လုပ္ေနတာက မင္းမဟုတ္လား ။ မင္းကဒီႏွစ္ေတြမွာ ငါ့အတြက္စိတ္အေႏွာက္ယွက္ အေပးဆုံးလူပဲ ။ ငါမင္းကို သိပ္မုန္းတယ္ ... ခြန္းသရီ "

" ေအး ... မင္းသိပ္မုန္းတဲ့ငါက မင္းကိုတျခားသူေတြထက္ပိုၿပီး ထိေတြ႕ခဲ့ဖူးတယ္ဆိုရင္ မင္းရဲ႕ေဒါသစိတ္က ထားစရာေနရာေကာ ရွိပါဦးမလား ဟမ့္ ။ မင္းရဲခႏၶာကိုယ္မွာ မွဲ႔ဘယ္ႏွစ္လုံးရွိလဲဆိုတာ ငါဘာေၾကာင့္ အတိအက်သိေနလဲသိလား ။ ငါမင္းနဲ႔အႀကိမ္ေပါင္း မေရႏိုင္ေအာင္ Fuck ခဲ့ဖူးလို႔ကြ ၊ မုန္းေလ ... ငါ့ကိုဒီထက္ပို မုန္းစမ္းပါ "

" ခြန္းသရီ ... ေခြးေကာင္ "

သရီသည္ ဟန႔္ကိုေဟာက္လိုက္ရင္း သူ၏ရင္ခြင္ထဲတြင္ေရာက္ေနေသာ ျပည့္ျပည့္ေဖာင္းေဖာင္းေကာင္ေလးကို အသည္းယားစြာတစ္ခ်က္ၾကည့္ၿပီးေနာက္ တင္းထားေသာစိတ္သည္ ခ်က္ခ်င္းပင္ၿပိဳက်သြားေလသည္ ။ သူသည္သူ၏လက္ကို ဟန္၏ခါးကိုခ်ဳပ္ထားရာမွလႊတ္ၿပီး မ်က္ႏွာႏွစ္ဖက္ကိုအုပ္ကိုင္လိုက္သည္ ။ ထို႔ေနာက္ ႏူတ္ခမ္းပါးတစ္စုံကို အငမ္းမရနမ္းရႈိက္လိုက္ေလသည္။

ဒီေန႔မွာ ဟန္သာသူ႔ကိုရန္မစရင္ သူဤသို႔ျပဳလိမ့္မည္မဟုတ္ ။ ဟန္သာသူ႔ကိုအၿမဲတမ္း မုန္းတီးမေနခဲ့ရင္ ဤသို႔တဇြတ္ထိုးဆန္ေသာ လုပ္ရပ္မ်ိဳးလုပ္မိလိမ့္မည္မဟုတ္ ။

ဟန္ကသူ၏လက္ထဲမွ ႐ုန္းထြက္ဖို႔ႀကိဳးစားသျဖင့္ သူသည္ပိုမိုတင္းက်ပ္စြာရစ္တြယ္ရင္း တိုးကာနမ္းရွိူက္လိုက္မိသည္။ ဟန္ကသူ႔ေအာက္ႏူတ္ခမ္းကို ကိုက္လိုက္ေပမယ့္ သရီသည္အလြတ္မေပးဘဲ ဆက္တိုက္စုပ္ယူကာ နမ္းရွိူက္ေနခဲ့ေလသည္ ။ သူ၏ႏူတ္ခမ္းမွထြက္လာေသာ ေသြးစတို႔ပင္တံေတြးနဲ႔ေရာကာ ဟန္၏ပါးစပ္ထဲသို႔ ဝင္ေရာက္လာေလသည္ ။

ဟန္ကအသက္ရႉဖို႔ႀကိဳးစားရင္း သူ၏ေျခေထာက္ကို ေဆာင့္နင္းလိုက္သျဖင့္ သူသည္အနည္းငယ္သတိလက္သြားၿပီးေနာက္ ဟန႔္ကိုလႊတ္ေပးလိုက္မိသည္။

" ျဖန္း .... "

လက္ေစာင္းထက္လွေသာ လက္ဝါးသည္ေရွာင္ခ်ိန္ပင္မရဘဲ သူ႔ပါးေပၚသို႔ တန္းတန္းမတ္မတ္ေနရာယူလာသည္။ သူ၏ေခါင္းသည္ တဖက္သို႔လည္ထြက္သြားေသာ္ျငား ေဒါသမထြက္ခဲ့ဘဲ ဟန႔္ကိုသာသေဘာက်စြာၾကည့္ရင္း ရယ္မိသည္။ အဲ့ေလာက္ထိေဒါသႀကီးတဲ့ေကာင္ အခုေတာ့ဘာတတ္ႏိုင္ေသးလဲ ။

" ခြန္းသရီ ..... မင္းကိုယ္မင္းဘာထင္ေနလို႔ ငါ့ကိုေစာ္ေစာ္ကားကားေျပာရတာလဲ ။ မင္းသိထားဖို႔က .... "

ဟန္သည္စကားေျပာလို႔မွမဆုံး သရီ၏ဂြၾကားတေနရာသို႔ အၾကည့္ေရာက္သြားကာ သူ႔မ်က္ႏွာကခ်က္ခ်င္းပင္ မဲေမွာင္သြားေလသည္ ။ ဒီေသသင့္တဲ့ေကာင္ကေတာ့ ။

ဟန္ကစကားေျပာေနရာမွ ရပ္သြားသျဖင့္ သရီသည္သူ႔ေအာက္ကို သူျပန္ငုံ႔ၾကည့္လိုက္ေလရာ အေျခအေနကို အေတာ္ကိုရွက္စရာေကာင္းေနမွန္း သိလိုက္ေလသည္ ။ သို႔ေသာ္ျပန္လည္ျပင္ဆင္ဖို႔ရာ ေနာက္က်သြားေလသည္ ။ ဟန္ကေတာ့ ဘာေျပာေကာင္းမလဲ ေဒါသကထားစရာေနရာပင္ မရွိေတာ့ ။

" မင္းရဲ႕ေျခေထာက္ကိုမကန္ဘဲ အငယ္ေကာင္ကိုကန္ခဲ့သင့္တာ ။ ေခြးေကာင္ ..... မင္း ... မင္း ... "

သူ႔မွာဆက္ဆဲခ်င္ေသာ္လည္း ဆဲစရာစကားရွာမေတြ႕သျဖင့္ တခဏေတာ့ ေၾကာင္ေတာင္ေတာင္ျဖစ္သြားသည္ ။ ထို႔ေနာက္မွ သရီ၏ေျခေထာက္ကို ေနာက္တဖန္တက္နင္းၿပီး ေရခ်ိဳးခန္းထဲသို႔ ခ်က္ခ်င္းေျပးဝင္သြားေလသည္ ။ သို႔ေသာ္မၾကာလိုက္ ေရခ်ိဳးခန္းတံခါးက ခ်က္ခ်င္းပင္ျပန္ပြင့္လာၿပီး ဟန္ကသူ၏မ်က္ႏွာေပၚသို႔ တဘက္ကိုပစ္တင္ၿပီးေနာက္ ေဒါသတႀကီးေအာ္ဟစ္လိုက္သည္ ။

" ေစာေစာစီးစီး က်က္သေရမရွိေအာင္လို႔ ရပ္ေနတာလား ။ မင္းကိစၥမင္း အရင္သြားရွင္းစမ္း "

ဟန္သည္ သူ၏လည္ဂုတ္ကိုဖိၿပီး စိတ္ဖိစီးစြာျဖင့္ ခုတင္ေပၚျပန္ထိုင္လိုက္သည္ ။ သူ႔အေျခအေနကိုသူသိေသာ သရီသည္လည္း ဟန႔္ကိုေဒါသထြက္ဖို႔ ေျပာဆိုမေနေတာ့ဘဲ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားလိုက္သည္ ။

တခဏအၾကာ ေရခ်ိဳးခန္းထဲက ျပန္ထြက္လာေတာ့ ဟန္ကိုအခန္းထဲမေတြ႕ေတာ့ ။ ျဖစ္ႏိုင္တာက ဟန္တစ္ေယာက္ ေရေတာင္မခ်ိဳးဘဲ lobby သို႔ဆင္းသြားပုံရသည္။

ဒီအေျခအေနမ်ိဳးျဖစ္သြားတာေတာင္ သူ႔ကိုဆဲဆိုကာ ေျခေထာက္နင္းသြား႐ုံနဲ႔ၿပီးသြားေသာ ဟန္၏ေဒါသကို သူမယုံႏိုင္ျဖစ္ရ၏ ။ အနည္းဆုံးေတာ့ ေခါင္းကြဲမယ္ထင္ခဲ့တာ ။

*******

အလုပ္ကိစၥ အဆင္ေျပသြားၿပီးေနာက္ သူႏွင့္ဟန္သည္ ခ်က္ခ်င္းပင္ျပန္လာခဲ့ၾကသည္ ။ အသြားတုန္းကလို ဟန္ကေတာ့ အိပ္စက္မေနေတာ့ဘဲ ကားျပတင္းအျပင္ဖက္ကိုသာ ေငးၾကည့္ေနေလ၏ ။ ထိုေအးစက္စက္အေျခအေနသည္ သက္ေသာင့္သက္သာမရွိေသာ္လည္း အခုထိဟန႔္ဆီကေန အနာတရကင္းကင္းေနႏိုင္တာကပဲ အေျခအေနေကာင္းေနေလၿပီ ။

" ငါ့ကိုေဒါသထြက္ေနတုန္းလား ... "

" မင္းရဲ႕ေသာက္ပါးစပ္ကို ပိတ္ထားစမ္း ... "

ဒီေလာက္ဆိုရင္ ဟန္တကယ္ေဒါသမေျပေသးမွန္း သိသာလွသည္။ သို႔ေသာ္အေျခအေနက သိပ္မဆိုးမေန၍ သရီကရဲေဆးတင္ကာ တီးတိုးေျပာလိုက္သည္။

" ေတာင္းပန္ပါတယ္ .. "

" မင္းရဲ႕ ေသာက္ပါးစပ္ကို ပိတ္ထားဆိုေနမွ .. "

" အြန္းပါ ... "

" ငါရဲ႕အိမ္မက္ထဲကလို မင္းကိုသတ္ပစ္လို႔ရရင္ ဆယ္ခါျပန္သတ္ၿပီးေနၿပီ ။ မင္း ... မင္းက ငါ့အတြက္တကယ့္ကို ဝဋၬ္ေႂကြးပဲ "

" ငါ့ကိုအဲ့ေလာက္ထိေတာင္ မုန္းတာလား ။ တစ္ခါသတ္ၿပီးတာေတာင္ မလုံေလာက္ေသးဘူး အိမ္မက္ထဲထိ လိုက္သတ္တယ္ဆိုေတာ့ "

" မင္း ေသာက္ပါးစပ္ကိုပိတ္ ... အဲ့ဒီေသာက္ပါးစပ္ကို ပိတ္ထားစမ္း... "

ဟန္တစ္ေယာက္ ႐ုတ္တရက္ဆိုသလို သူ၏ေျခေထာက္ကိုမၿပီး သရီ၏လက္ေမာင္းကို ဆင့္ကာဆင့္ကာ ကန္လိုက္ေလသည္။ သရီသည္ကားေမာင္းေနရင္း ႐ုတ္တရက္တိုက္ခိုက္ခံလိုက္ရသျဖင့္ စိုးရိမ္ကာ ကားကိုလမ္းေဘးသို႔ခ်က္ခ်င္းထိုးရပ္လိုက္သည္။

ထို႔ေနာက္သူ႔အားရန္စေသာ ေျခေထာက္ကို ေျခက်င္းဝတ္မွဆြဲယူကာ ခါးကိုအနည္းငယ္ကိုင္းလိုက္ေလ၏ ။

" မင္းေသခ်င္ေနတာလား ဟန္ ။ ကားေမာင္းေနတဲ့အခ်ိန္မွာ မင္းရဲ႕အျပဳအမူက ဘယ္ေလာက္ေတာင္ အႏၲာရာယ္မ်ားလဲ မသိဘူးလား ဟမ့္ "
" မင္းေၾကာင့္ျဖစ္တာေလ ေခြးေကာင္ရဲ႕ ၊ ငါ့ကိုလႊတ္စမ္း ... ငါမင္းနဲ႔တစ္ကားထဲအတူ မစီးႏိုင္ဘူး ။ ငါ့ကားေပၚကခ်က္ခ်င္းထြက္ "

" မင္း႐ူးေနလား ... ဟန္ ။ မင္းရဲ႕လုပ္ရပ္ေတြက တစ္ခါထက္တစ္ခါ ပိုအဓိပၸါယ္မဲ့လာၿပီေနာ္ .... အ ... "

သူသတိလက္လႊတ္ျဖစ္သြားေသာ တခဏ ဟန္ကသူ႔မ်က္ႏွာကို ေျခေထာက္ျဖင့္ ကန္လိုက္ေလသည္ ။ အားမျပင္းေသာ္လည္း မ်က္ႏွာကဲ့သို႔ေသာ ႏုနယ္ေသာေနရာသည္ ကန္ခ်က္ေၾကာင့္ အနည္းငယ္နာက်င္သြားသည္ ။

" မင္း မဆင္းရင္ ငါဆင္းမယ္ ။ ဒီေန႔ေတာ့ မင္းမေသရင္ ငါေသမွေအးမွာ "

" ဒါဆိုလည္း ဆင္းေလ ။ ငါကဘာလို႔ဆင္းရမွာလဲ ၊ ဒီခရီးက မင္းစီစဥ္လို႔ ငါကအေဖာ္အျဖစ္ ပါလာတာေလ ။ မင္းေၾကာင့္ျဖစ္လို႔ မင္းဆင္း "

" မင္း ... ငါ့ကိုလႊတ္ ေခြးသူေတာင္းစား "

သရီကလည္း စိတ္တိုတိုႏွင့္ ဟန္၏ေျခေထာက္ကို လႊတ္လိုက္ေတာ့ ဟန္ကအထုပ္အပိုးပင္မယူဘဲ ကားေပၚကခ်က္ခ်င္းဆင္းသြားေလသည္။ အဲ့ဒီေဒါသအိုးကို မွတ္ေလာက္ေအာင္ ပညာေတာ့ေပးမွ ။ ကားေပၚမွဇက္ေတာက္ဇက္ေတာက္ႏွင့္ ဆင္းသြားေသာဟန္သည္ နီးျမန္းေသာမ်က္ႏွာျဖင့္ သရီကိုဆဲဆိုရင္း တစ္ေယာက္တည္းေရွ႕ကိုဆက္ေလွ်ာက္ကာ ျဖတ္သြားျဖတ္လာ ခရီးႀကဳံကားတစ္စီးတေလမ်ားရွိမလားဟူေသာ ေမွ်ာ္လင့္ခ်က္ျဖင့္ ေနာက္ကိုလည္း မၾကာခဏလွည့္ၾကည့္ေလသည္။

သရီက ကားကိုေျဖးညင္းစြာေမာင္းရင္း ဟန္ စိတ္ဆိုးေျပကာ ကားေပၚျပန္တက္မည့္အခ်ိန္ကို ေစာင့္ေနေသာ္လည္း ဟန္ကေခါင္းမာစြာျဖင့္ ေနာက္တြင္ က်န္ေနရစ္ေလသည္ ။ သရီကေရွ႕ကိုဆက္မသြားဘဲ ကားကိုရပ္ကာေစာင့္ေနလွ်င္ ဟန္ကလည္းေရွ႕ဆက္မလာဘဲ ေရာက္တဲ့ေနရာမွာပင္ေက်ာက္ခ်ကာရပ္ရင္း လမ္းႀကဳံကားကိုေစာင့္ေနေလ၏။

ထိုသို႔ႏွင့္ ဆယ့္ငါးမိနစ္စြန္းစြန္းတြင္ ဟန္၏မ်က္ႏွာသည္ ေဒါသရိပ္မွတျဖည္းျဖည္းႏွင့္ သူ႔ကိုယ္သူနားမလည္ဟန္ေျပာင္းလဲလာ၏ ။ ဒီကားကသူ႔ကားျဖစ္ေနတာကို သူကဘာေၾကာင့္ကားေပၚက ဆင္းခဲ့ရတာလဲ ။ သူကသာ ဟိုေခြးေကာင္ကို ကားေပၚကကန္ခ်သင့္တာမဟုတ္လား ။

သရီသည္အတန္ၾကာသည္အထိ ကားေပၚတြင္ေစာင့္ေနေသာ္လည္း ဟန္ကေပၚမလာသျဖင့္ ေနာက္ဆုံးတြင္ စိတ္ေလ်ာ့ကာ ကားေပၚမွဆင္းလာၿပီး ဟန႔္ဆီေလွ်ာက္လာခဲ့သည္။

" ေဒါသကိုေလ်ာ့ၿပီး ကားေပၚျပန္တက္ခဲ့ ဟန္ ။ မၾကာခင္ေနျမင့္ေတာ့မယ္ ၊ မင္းရဲ႕အသားေတြေနေလာင္ႏိုင္တယ္ေနာ္။ ၿပီးေတာ့ မင္းရဲ႕တန္ဖိုးရွိတဲ့အခ်ိန္ေတြလည္း ပုပ္ကုန္လိမ့္မယ္ "

" လိုက္ဘူး ... "

ဟန္က တဖက္သို႔မ်က္ႏွာကိုလႊဲပစ္သည္။ သူကသရီ၏မ်က္ႏွာကို မျမင္ခ်င္သည့္ပုံစံႏွင့္ ။ ႏူတ္ခမ္းကိုေတာင္ အနည္းငယ္ဆူလိုက္ေလေသး၏ ။ သရီကဟန႔္ကိုၾကည့္ၿပီး သေဘာက်စြာတစ္ခ်က္ၿပဳံးမိသြားသည္ ။ ဘယ္ေတာ့မွေျပာင္းလဲမသြားတဲ့ ဟန႔္ရဲ႕ေခါင္းမာမႈကို သိေနသျဖင့္ ဘယ္လိုကိုင္တြယ္ရမလဲဆိုတာကိုပါ သိေနတာေၾကာင့္ သူခ်က္ခ်င္းပင္ ဟန္ကိုခါးမွေပြ႕ခ်ီၿပီး ပခုံးေပၚတင္လိုက္သည္ ။

" ဒီအ႐ြယ္ထိေရာက္ေနၿပီ ဘာမဟုတ္တာေလးနဲ႔ စိတ္ေကာက္ေနတုန္းပဲ ။ မင္းကိုယ္မင္း boss တစ္ေယာက္ဆိုတာကို ေမ့ေနတာလား "

" ဘာလုပ္တာလဲ ေခြးေကာင္ .. သရီ ၊ ငါ့ကိုအခုခ်က္ခ်င္း ေအာက္ျပန္ခ်စမ္း "

" ငါ့ကိုဆဲလိုက္ေတာ့ေကာ မင္းရဲ႕ေဒါသကေလ်ာ့သြားသလား ။ ဒါဆိုအဝဆဲ ... မင္းဘယ္ေလာက္ထိ႐ိုင္းလဲဆိုတာ ငါအသိဆုံးမို႔ မင္းကိုေဗြမယူဘူး "

" မေအေဘးရဲ႕ ... မင္းကဘာနဲ႔စပ္ထားလို႔ ဒီေလာက္ထိအေရထူေနရတာလဲ ။ ငါမင္းရဲ႕အေရခြံကိုႏႊာပစ္မယ္ၾကည့္ထား ၊ ငါ့ကိုေအာက္ခ်ေပးစမ္း "

" နားညည္းလိုက္တာ ... တိတ္တိတ္ေန ... "

သရီသည္ေျပာရင္းဆိုရင္း ဟန္၏တင္ပါးကိုခပ္ဆတ္ဆတ္တစ္ခ်က္႐ိုက္လိုက္ၿပီးေနာက္ ကားဆီသို႔ေလွ်ာက္လာလိုက္သည္ ။ သို႔ေသာ္ကားနားမေရာက္မွီပင္ ဟန္ကဇာတိျပလာေလသည္။

" အား .... ၊ ရာ.. မင္းဟန္ "

သရီသည္ ကားနားထိသူ႔ကိုေရာက္ေအာင္သယ္သြားၿပီးေနာက္ ကားတံခါးကိုဖြင့္ကာ အထဲကိုပစ္ထည့္လိုက္သည္။ ထို႔ေနာက္ နာက်င္သြားေသာနား႐ြက္တစ္ဖက္ကို ျပန္ထိကိုင္ရင္း ဟန္ကိုၾကည့္လိုက္သည္။ နား႐ြက္အသားကဘယ္ေလာက္ထိ ႏုသလဲဆိုတာ ဒင္းမသိေလေရာ ။ ကိုက္စရာေနရာ ဒီေလာက္မ်ားတဲ့ထဲ ဒီနား႐ြက္ကိုမွေ႐ြးကိုက္ရတယ္လို႔ ။ ဟန္ကသာသူ႔ကိုေခြးေကာင္ဆိုၿပီး ဆက္တိုက္ဆဲေနတာ ၊ တကယ္တမ္းေခြးစိတ္ေပါက္တာ ဒင္းပင္မဟုတ္သေလာ ။

ဟန္ကေတာ့ ေက်နပ္သြားဟန္ျဖင့္ ခပ္မဲ့မဲ့ရယ္ရင္း ကားတံခါးကိုေဆာင့္ပိတ္လိုက္သည္။ လမ္းေလွ်ာက္ရတာသိပ္ပင္ပန္းမွန္းသိသြားလို႔ ေနာက္တစ္ေခါက္ထပ္ဆင္းဖို႔အေၾကာင္းမရွိေတာ့ ။

" အခုခ်က္ခ်င္း ကားလာေမာင္းစမ္း "

သူ႔ရဲ႕ကိုယ္ပိုင္ ဒ႐ိုင္ဘာကိုေစခိုင္းသည့္ႏွယ္ ဟန္ကသူ႔ကိုအထက္စီးမွခိုင္းလာေသာေၾကာင့္ သရီမွာ ျပန္ေျပာရႏိုးႏိုး မေျပာရႏိုးႏိုးႏွင့္ ။ ေနာက္ထပ္ျပသနာေတြကို မလိုခ်င္ေတာ့သျဖင့္ သရီသည္ေအာင့္သက္သက္ႏွင့္ ကားထဲကိုျပန္ဝင္လာေလေတာ့သည္။ ထို႔ေနာက္သူ႔ေဘးတြင္ မ်က္လုံးမွိတ္ကာ မွိန္းေနေသာ ဟန႔္ကိုၾကည့္ၿပီး စိတ္ထဲကေန မေက်နပ္စြာ ေရ႐ႊတ္မိသည္။ ဘယ္ဘဝပဲေရာက္ေရာက္ သူဟန္ကိုအရႉံးေပးေနရတုန္း ။

သူ႔လိုအရည္အခ်င္းရွိေသာ မန္ေနဂ်ာတစ္ဦးကို တျခားကုမၸဏီမွ ပိုမိုေကာင္းမြန္ေသာအခြင့္အလမ္းမ်ားျဖင့္ ကမ္းလွမ္းသျဖင့္ သူသည္ W One ၏အားထားရေသာ သူတစ္ဦးျဖစ္သည္ ။ ထို႔ေၾကာင့္ ဥကၠဌေဟာင္းပင္ သူ႔အားဖိအားအလြန္အကြၽံမေပးေပ ။ သို႔ေပမယ့္ တစ္ေန႔သူ႔ေရွ႕တြင္ ဟန္ျပန္ေရာက္လာၿပီး သူ႔ကိုနည္းမ်ိဳးစုံစိတ္အေႏွာက္ယွက္ေပးလိမ့္မည္ဟု မထင္ထားသျဖင့္ အစပိုင္းက ေနသားမက်ခဲ့ေသာ္ျငား ယခုေတာ့တျဖည္းျဖည္းႏွင့္ ေနသားၾကလာေလ၏ ။ အမွန္ေတာ့ ဟန္နဲ႔ရွိေနတာက သူ႔ရဲ႕ပုံမွန္ဘဝပဲမဟုတ္လား။ 



-----------------

ဒီေန႔အတြက္ အျပင္မထြက္တဲ့သူေတြ ေအးေဆးဖတ္လို႔ရေအာင္ ညေနက်ရင္ တစ္ပိုင္းထပ္တင္ေပးမယ္ေနာ္ ။






Continue Reading

You'll Also Like

1.3M 137K 70
Love has no race!
221K 22K 71
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
3.4M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
183K 18.8K 113
ဘာသာပြန်သူ - စွဲညို့အသင်း