လက်မလွှတ်နိုင်တဲ့ လက်လွှတ်ခြင...

By Change_7

1.6K 99 94

Boy Love More

လက်မလွှတ်နိုင်တဲ့ လက်လွှတ်ခြင်း

1.6K 99 94
By Change_7


ဒီနေ့မိုးတွေရွာနေတယ်...ဆောင်းတွင်းထဲမှာ မိုးရွာတာက ဖြစ်လေ့ဖြစ်ထရှိသလားဆိုတာ ကျနော် သေချာမသိပေမယ့် ကော်ဖီမချိုမခါးလေး တစ်ခွက်ကိုဖျော်လိုက်ပြီး ဆရာမပုညခင်ရဲ့ အိမ်မက်ဆက်ကြိုးစာအုပ်လေးနဲ့အတူ ဖုန်းကိုပါယူပြီး ကုတင်ပေါ်က  ပြတင်းပေါက်နားမှာ ခေါင်းဦးကိုမှီပြီးထိုင်လိုက်သည်။

အပြင်ဘက်မှာရှိတဲ့မိုးစက်မိုးပေါက်တွေကိုငေးကြည့်ရင်း မကြာခင်မှာ အာဏာသိမ်းခံရတာ 1နှစ်ပြည့်တော့မယ်ဟု စိတ်ထဲမှာ တွေးမိရင်း သက်ပြင်းကိုမသိမသာချမိလိုက်သည်။ယိုယွင်းပျက်ဆီးလာတဲ့ မြန်မာနိုင်ငံကြီးနဲ့အတူ စိတ်အစုံဟာလည်း ယိုယွင်းလာသည်က တားမရ။

မှုန်ဝါးဝါးဖြစ်နေသည့် အနာဂတ်ဟာ မိုးရေစက်‌ထဲက အမှူန်အမွှားလေးတွေလိုပင် ဘယ်ဆီဘယ်ဝယ်ဖမ်းဆုပ်ရမှန်းမသိ။
ထို့ကြောင့်စိတ်အစုံကို တည်ငြိမ်စေရန် စာအုပ်ကို ဖွှင့်ပြီး ဖတ်ဖို့ရာပြင်လိုက်သည်။

တစ်မျက်နှာ ၊နှစ်မျက်နှာ၊ သုံးမျက်နှာမြောက်ရောက်သည့်အခါတွင်တော့ စုစည်းမရတဲ့စိတ်အစုံကြောင့် စုတ်သတ်လိုက်ရင်း စာအုပ်ကိုပိတ်ပြီး ဘေးချလိုက်သည်။

“ကျစ်...စိတ်တွေက ဘာဖြစ်နေတာလဲ....”

မကြည်မလင်ဖြစ်မှုနှင့်အတူ ဖုန်းကိုကောက်ပြီး သီချင်းနားထောင်ဖို့ရာ ဖွှင့်လိုက်သည်။
ရည်ရွယ်ချက်က သီချင်းနားထောင်ရန်ဖြစ်သော်လည်း ဘယ်တုန်းကမှ ထိန်းချုပ်လို့ မရနိုင်ခဲ့သည့် စိတ်အစုံဟာ ဓာတ်ပုံ albumsဆီသို့ လက်ရောက်သွားသည်။

စိတ်ရဲ့စေစားမှုအတိုင်း ဓာတ်ပုံ‌ဖိုင်တွေကို ငူငူငိုင်ငိုင်ပဲကြည့်နေမိသည်။
ဟာသပုံလေးတွေမြင်သည့်အခါ ပြုံးယောင်သမ်းသွားသလို ဝမ်းနည်းစရာ ကဗျာတို့လေးတွေမြင်တိုင်း စိတ်အစုံကမှိုင်းညှို့သွားပြန်သည်။

သပိတ်မှောက်ဆန္ဒပြသည့်အချိန်တုန်းက အားလုံး ကမ္ဘာကြီးမှ နိုင်ငံအသီးသီး၏ attentionကောင်းကောင်းရစေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လုပ်ဆောင်ခဲ့သည့်ပုံများကိုမြင်တော့ နှုတ်ခမ်းတစ်စုံဟာကွေးညွှတ်သွားရသည်။

‌ကောင်လေးတွေ စကပ်လေးတွေနှင့် သပိတ်ပြပုံ၊LGBTQ+အသိုင်းအဝိုင်း၏ အင်နှင့်အားနှင့် ဆန္ဒပြပုံ၊‌ဆရာမများ ဝန်ထမ်းများ၏ CDMဆိုင်းပုဒ်များဖြင့် ဆန္ဒပြပုံမှအစ နောက်ဆုံး ပစ်ခတ်ဖြိုခွင်းမှုတွေဖြစ်တဲ့အထိ အမျိုးမျိုးသော ပုံများကိုကြည့်မိခိုက် စိတ်ဟာလည်း ပြန့်ကျဲလျှက်ရှိသည်။

ထိုပုံတွေဖုန်းထဲမှာ မိလျှင် အဖမ်းခံရမည်ဟု အမေကအမြဲတမ်းသတိပေးဖျက်ခိုင်းသော်လည်း တစ်ခါမှမဖျက်ရက်ခဲ့။ဒါတွေက တစ်ချိန်ချိန်မှာ ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့ အမှတ်တရကောင်းတွေအဖြစ်ရှိနေလိမ့်မည်ဖြစ်၍ မဖျက်ရက်ပေ။

Fav listထဲတွင် သေချာသိမ်းထားမိသည်။တစ်နေ့ မြန်မာနိုင်ငံကြီး ကျန်းမာပြီး အာဏာရူးလက်ကလွတ်သည့်တစ်နေ့ကျလျှင် ဒါတွေအကုန်လုံးကို ပုံတွေထုတ်ပြီး သိမ်းထားမည်ဟု ဆုံးဖြတ်လိုက်သည်။
ခုချိန်မှာ အမှတ်တရကောင်းမဟုတ်ပေမယ့် အနာဂတ်မှာတော့ ဒီအရာတွေက ကိုယ်လိပ်ပြာလုံလုံအသက်ရှင်နိုင်ဖို့အတွက် အကြောင်းပြချက်ကောင်းကောင်းတစ်ခုဖြစ်လာလိမ့်မည်ပေ။

ထိုပုံများထဲမှ ပုံတစ်ခုဆီသို့ လက်ကအရောက် တန့်သွားရသလို စိုက်ကြည့်မိနေသော မျက်ဝန်းတွေမှာလည်း ငွေ့ရီလေးတွေရစ်သိုင်းလာရသည်။

အမြဲတမ်းကိုယ့်ကိုအထိနာဆုံးဖြစ်အောင် ကိုင်အလှုပ်နိုင်ဆုံး ပုံလေးပါပဲ။
ပုံလေးကိုလက်ဖြင့်ဖွဖွလေးထိမိရင်း စိတ်အစုံဟာ ထိုအချိန်ဆီသို့တွေးမိသွားရသည်။

“ဒီမိုကရေစီရရှိရေး... ဒို့အရေး ..ဒို့အရေး ..”

“သပိတ် သပိတ် ..မှောက် မှောက်..”

“ဆန္ဒ ဆန္ဒ.. ပြ ပြ...”

“ရုံးမတက်နဲ့ ရုန်းထွက်...ရုံးမတက်နဲ့ ရုန်းထွက်....”

သံပြိုင်ဟစ်ကြွေးဆန္ဒပြမှုနှင့် အတူ လူအုပ်ကြီးလိုက်ဟာ အရန်မီးသတ်ရုံးရှေ့တည့်တည့်တွင် ရပ်တန့်သွားသည်။
လက်ဝဲဘက်တွင် ဘုရားကျောင်းရှိပြီး လက်ယာဘက်မှာတော့ လူနေရက်ကွက်လေးတစ်ခုပင်။

ရပ်တန့်သွားသော လူအုပ်ကြီးအား ရေဗူးဝေသူ မုန့်ဝေသူများဖြင့် တစ်ခဏအတွင်း ဆူညံသွားသည်။

မောမောနှင့် ရေဗူးကိုဖွှင့်သောက်ဖို့လုပ်လိုက်ရင်း ကိုယ်နှင့် ၁၀ပေအကွာမှ ကျောပြင်ကျယ်ကျယ်ဆီသို့ အကြည့်ဟာရောက်သွားရသည်။
စိတ်ချင်းဆက်‌နေသလို ထိုကျောပြင်ကျယ်ပိုင်ရှင်ဟာ နောက်သို့လှည့်ကြည့်လာသဖြင့် အမြန်ရှောင်လွဲလိုက်သော်လည်း လူတော့မိသွားရသည်။
ကိုယ့်ဆီ‌သို့ ခပ်တည်တည်တစ်ချက်ကြည့်ပြီး ရှေ့သို့ပြန်လှည့်သွားပါသော အကို။

ဟုတ်ပါတယ် သူကတော့ ကျနော့်ရဲ့အကိုပါပဲ။ထီမထင်ဟန် သူ့ပုံစံနှင့် ခပ်တည်တည်နေပုံ ခပ်ချေချေကြည့်ပုံက ကျနော့်အတွက်တော့ ကျင့်သားရနေပြီးသား အပြုအမူတစ်‌ခုပဲဖြစ်သည်။
ကိုယ်တစ်ဦးထဲကိုပဲ ထိုသို့ဆက်ဆံသလားဆိုတာ ကျနော်မသိပေမယ့် ထိုသို့ဆက်ဆံခံရတာကိုပင် ပျော်မွှေ့နေ‌မိသေးသည်။လုံးဝမသိချင်ယောင်ဆောင်သည်ထက်စာလျှင် ထိုကဲ့သို့ အကြည့်ခံရတာက မဆိုးဘူးပဲမဟုတ်ပါလား။

“ဟျောင့် ရေဗူးဖွှင့်ပြီး ဘာငေးနေတာလဲ....”

“အမ်...အင်း...ဟီး...”

ဘေးမှ သူငယ်ချင်းအသံကြောင့် အယောင်ယောင်အမှားမှားဖြင့် ရေသောက်လိုက်ပြီး ရီလိုက်သည်။

“ပေါတောတောနဲ့...မျက်နှာကိုက...”

“ဟီး မင်းကလည်းကွာ...”
ကျနော် အရှက်ပြေရီရင်း ဂုတ်ကို ဟိုဟိုဒီဒီပွတ်လိုက်သည်။
အဲ့ဒီလိုပဲ အကို့ဆီစိတ်ရောက်သွားရင် ပတ်ဝန်းကျင်အခြေအနေကို မေ့သွားတက်သည်ကအမြဲပင်။
အခုလည်း ဆန္ဒပြပွဲမှာဆိုသည်ကို ခဏမေ့သွားသည်။
ထို့နောက် ကျနော် တစ်ခုခုကိုသတိရသွားပြီး

“ဟျောင့် ဖုန်းပါလား...”

“အင်း ပါတယ်...မင်းဖုန်းကရော...”
သူငယ်ချင်းက သူ့ဖုန်းကိုထုတ်ကာ passwordဖြုတ်ပြီး လက်ထဲထည့်ပေးရင်း မေးလာသည်။

“အိမ်ထားခဲ့ရတယ်...အမေက ဖုန်းယူသွားမယ်ဆို မသွားရဘူးတဲ့ ကျပျောက်နေခဲ့ရင် အသစ်ဝယ်မပေးနိုင်ဘူးတဲ့လေ...”

“ယောက္ခမကြီးကလည်း အပေါက်ဆိုးလိုက်တာ....အဟားးးး”

“ချီး ယောက္ခမကြီး...”

“ဟားးးး ခေါ်မှာပဲ ...”
ဘေးကနေ အသားကုန်ရီနေသည့် ထိုကောင်ကို လျစ်လျူရှူလိုက်ပြီး Cameraကို ဖွှင့်ကာ ဆန္ဒပြသည့် လူများကို ရိုက်သလိုလိုဖြင့် ၁၀ပေအကွာမှ အကိုဆီသို့ချိန်လိုက်သည်။
ကိုယ့်ဘက်ကို ကျောပေးထားသော ကျောပြင်ကျယ်အား ၁ပုံ ၂ပုံမှ ၅ပုံအထိ ပုံအမျိုးမျိူး ရိုက်လိုက်သည်။

“အဟမ်း...၁၀ပေကောင် မင်းမှာလည်း အဲ့ဒုက္ခကမသေးဘူးနော်...."

“မင်းကလဲ....”

“မင်းကမလဲနဲ့...ဒီလောက်ထိ ၃နှစ်လုံးလုံး သောက်ဖက်အလုပ်မခံရတာတောင် ဇွဲကကောင်းတုန်းနော်...ငါသာဆို အဲ့လောက်ထိ ဘဝင်ကိုင်ပြီး ကိုယ့်ကိုချေပြနေရင် လစ်ပဲ....”

“မင်းကလဲ....”

“ဟင်းးးးး မင်းကို သနားလာလို့ပြောနေတာ...
စထွက်လာကတည်းက အနားကပ်လိုက်မလားဆိုတော့လည်း မဟုတ်ဘူး...အမြဲတမ်း ၁၀ပေလောက်ကနေ ဘာလဲ ကျောပြင်ကသိုင်းရှူနေတာလား...ဒါမှမဟုတ် ငေးကြည့်နေရတာကိုပဲပျော်နေတာလား...အဖက်မလုပ်ခံရတော့ စိတ်မမှန်တော့ဘူးထင်တယ်....”

ကိုယ့်သူငယ်ချင်းအတွက် စိတ်ပေါက်ပေါက်နှင့် ပြောပြီးမှ ဘေးကဘာအသံမှထွက်မလာ‌သဖြင့် ကြည့်လိုက်ရာ ကိုယ်တော်ချောက ဖုန်းကြီးကို ကြည့်ရင်း ငြိမ်နေသည်ကိုတွေ့လိုက်ရသည်။
ဒါပဲ စိတ်ကလည်း အထိခိုက်မခံအောင်နုသည့်ကောင်က အဲ့‌တစ်ယောက်ကို ဘာလို့ ဒီအချိန်ထိ ကြိုက်နေရတာလည်းဆိုတာ နားမလည်နိုင်။
၃,၄,၅လလည်းမဟုတ် ၃နှစ်ကျော်နေပြီဖြစ်သည်။

စစ သိခြင်းတုန်းက
* ငါယောင်္ကျားလေးတစ်ယောက်ကိုချစ်မိနေပြီ...*လို့ ပြောလာတုန်းက နောက်နေတာမှတ်ပြီး *ကောင်းတာပေါ့ မိန်းကလေးတွေလို ဇယားမရှုပ်တာပေါ့..*ဟု ခပ်ပေါ့ပေါ့ ပြောလိုက်မိသေးသည်။
သို့သော်လည်း
*ငါနောက်နေတာမဟုတ်ဘူး..ငါအတည်ပြောနေတာ... *ဆိုသည့် စကားတစ်ခွန်းအောက်မှာ ပထမဆုံးအနေဖြင့် တုန်လှုပ်မိသွားရသည်။
ယောင်္ကျားလေးတစ်ယောက်က မျိုးတူယောင်္ကျားလေးတစ်ယောက်ကို ချစ်မိသည့်ကိစ္စဟာ ထိုမျှလောက် ရိုးရှင်းပါရဲ့လား သူမသိပေမယ့် ဒီခရီးဟာ ချောမွေ့မနေဘူးဆိုတာတော့ သူသိသည်။

ထိုအချိန်တုန်းက ဘာပြောရမှန်းမသိ၍ စွံ့အနေမိခိုက် ညှိုးငယ်စွာဖြင့် * မင်းငါ့ကိုရွံသွားပြီလား ...*ဟူသော မေးခွန်းအောက်မှာပဲ *မဟုတ်ရပါဘူး..*ဟု အမြန်ရှင်းပြရင်း ကိုယ့်သူငယ်ချင်းအတွက် မျက်ရည်ကျမိသည်။
ခင်မင်လာသည့် ၁၀နှစ်တာကာလလုံးမှာ ထိုကဲ့သို့ထင်‌စေလောက်သော အမူအယာမျိုးတစ်ခါမှ မတွေ့ခဲ့ရသည့်အတွက်လည်း မယုံနိုင်အောင် ဖြစ်မိသည်။

*ဒီခရီးဟာ မင်းအတွက် အရမ်းပင်ပန်းနိုင်တယ်ဆိုတာသိရဲ့လား...*ဟူသော မေးခွန်းနောက်မှာပဲ
*ငါရဲ့ဖြစ်တည်မှုက ပတ်ဝန်းကျင်ကိုလိမ်ရင် လိမ်လို့ရနိုင်ပေမယ့် ငါ့ရဲ့စိတ်ကိုတော့ ငါလိမ်လို့မရဘူး...ဘယ်ကနေစပြီး ဘာတွေမှားယွင်းနေခဲ့လည်းဆိုတာ ငါမသိဘူး...ငါက မိန်းကလေးတစ်ယောက်လို ဝတ်စားအလှပြင်ချင်နေတာလည်းမဟုတ်ဘူး..ဒီတိုင်း ဒီတိုင်း ငါက ယောင်္ကျားလေးတစ်ယောက်အပေါ် ချစ်မိသွားယုံလေးပါ....*
ဟူသော အဖြေစကားအောက်မှာ ကိုယ့်အနာဂတ်ကြီး ကျပျောက်သွားသလိုခံစားရကာ ကျနော်သူ့ကိုတင်းတင်းကြပ်ကြပ်ဖက်ပြီး ငိုမိသည်။ကျနော် တကယ်ပဲ သူ့ကိုထိုကဲ့သို့မဖြစ်စေချင်ခဲ့ဘူး ။ဖြစ်နေမယ်လို့လည်း တစ်ခါမှ မတွေးခဲ့ဖူးဘူး။

Gayတစ်ယောက်အတွက် ရိုက်ခတ်မှုအပြင်းထန်ဆုံးက ပတ်ဝန်းကျင်ပင်မဟုတ်ပါလား။
ဆိုးဝါးတဲ့ ရိုက်ခတ်ဒဏ်၊ အတင်းတုတ်ကဲ့ရဲ့မှူတွေနှင့်အတူ အခြောက်ဆိုသည့်အသုံးအနှုန်းအောက်က အကြည့်များကို ကျနော့်သူငယ်ချင်း မခံနိုင်မှာဆိုးရသည်။ဝဋ်ကြွေးဆိုသည့်အသုံးအနှုန်းအောက်မှာ ပြိုကွဲသွားသည့် ဖြစ်တည်မှုတွေဟာလည်း မနဲမနော။ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားသည့်လူများဟာလည်း ၁၀ယောက်ထက်မနဲ။ ကျနော့်အတွက် ထူးပြီး သူကပြောင်းလဲသွားမှာ မဟုတ်ပေမယ့် သူ့အတွက်တော့ အခြေအနေတွေက အရင်ကထက်ပိုဆိုးသွားနိုင်သည်။

ထိုအချိန်တုန်းက
*သူကအဖြောင့်နော် မင်းမှာမျှော်လင့်ချက်မရှိနိုင်ဘူးဆိုတာရော သိရဲ့လား..*ဟု သတိပေးခဲ့သော်လည်း
*ငါ ငါဘာမှမမျှော်လင့်ပါဘူးကွာ...ငါဒီတိုင်းလေး... ဒီတိုင်းလေး... ချစ်နေယုံလေးပါ...*
ဟူသော စကားနောက်မှာပဲ မတားမြစ်နိုင်ခဲ့။
၃နှစ်လုံးလုံး သူဘယ်လောက်ပင်ပင်ပန်းပန်းဖြတ်ကျော်ခဲ့ရလဲဆိုတာ ကိုယ်အသိဆုံးပင်။
မျိုးတူယောင်္ကျားလေးတစ်ယောက်ကိုချစ်မိတာဟာ သူအတွက်မဆိုထားနှင့်
ဘေးကကြည့်နေခဲ့ရတဲ့ ကိုယ့်အတွက်တောင် မွန်းကြပ်ခဲ့ရသည်။
လျစ်လျူရှူခံရမှုတွေ မနှစ်မြို့တဲ့အကြည့်တွေကြားထဲ သူ့အစား မခံသိမခံသာ ဖြစ်ခဲ့သော်လည်း သကောင့်သားကတော့ ခန္ဓီတရားပြည့်လျှံစွာ ဆက်ချစ်နေတုန်းပင်။
ဘယ်လောက်ထိပင်ပန်းခဲ့လည်းဆိုတာ သိရက်နှင့် ခုလိုပြောထွက်လိုက်မိသည့်အပေါ်  အားနာမိသွားရသည်။

“ဆောဒီး ငါပြောချင်တာက....”

“ငါသိတယ်...ငါနားလည်ပါတယ်...မင်းပြောချင်တာ ငါတကယ်‌သဘောပေါက်ပါတယ်...ဒါပေမယ့်...ဒါပေမယ့်....ဒီထက်ပိုဝေးသွားမှာကြောက်လို့ ငါဘက်က ၁၀ပေအကွာအဝေးမှာ ငါ့ကိုငါ အကန့်အသတ်ထားခဲ့တာမျိူးပါ...ငါ လောဘတွေများလာရင် ငါပဲ ငါပဲ...”

“အင်းအင်း သိပြီ...မပြောနဲ့တော့နော်...ဒီပုံတွေ မင်းဆီပို့ပေးရမှာမလား...ငါသေချာ ဘေးကလူတွေကို ဝါးပြီး ပို့ပေးမယ်...”
ပြိုတော့မည့်မိုးလိုမျက်ဝန်းညိုတွေကြောင့် အမြန်စကားလွှဲလိုက်ရသည်။
ငိုခဲ့ရသည့်အချိန်တွေဟာ သူ့အတွက်လုံလောက်လွန်းနေပြီပဲမဟုတ်ပါလား။

“အင်း...မင်းကအကောင်းဆုံးပဲ...”

“ခွေးကောင်....ငါကတော့ မင်းကမကောင်းဆုံးပဲ...”

“ ဟားးးး”
သဘောကျစွာရီမိရင်း ရှေ့ကိုလှည့်အကြည့်ခိုက် ကိုယ့်ဆီသို့ကြည့်နေသော မျက်ဝန်းတစ်စုံနှင့်တွေ့လိုက်ရသည်။
ရှောင်လွှဲမသွားသည့် ထိုမျက်ဝန်းများက ကိုယ့်ကိုကြည့်ပြီး အထင်သေးနေသည်ဟု လိပ်ပြာမလုံစွာ ခံစားမိရင်း မခံနိုင်စွာပဲ မျက်လွှာချမိလိုက်သည်။

ထို့နောက်တွင်တော့ ဆန္ဒပြသည့် လူအုပ်ကြီးက ဆက်လက်ထွက်ခွာမည်ဖြစ်သောကြောင့် အမြန် လူမကွဲစေရန် စုရင်း တန်းစီလိုက်ကြသည်။

“အရေးကြီးပြီ ညီနောင်အပေါင်းတို့ သွေးစည်းကာ ညီစေညီကြစို့...ငါတို့ရဲ့ သမိုင်းသစ်ကို ...ငါတို့‌ သွေးနဲ့ရေးခဲ့ပြီ... သွေး
သစ္စာလည်းပြုခဲ့သည်....”

စိတ်ဓာတ်ထက်သန်စေရန်အားပေးလှုံ့ဆော်သော သီချင်းများကို သံပြိုင်အော်ဟစ်ရင်း စောနကအခြေအနေတွေအားလုံးကိုခဏမေ့သွားသည်။

စုရပ်ကိုပြန်ရောက်တော့မည်ဖြစ်သဖြင့် လမ်းမှာပဲ နေခဲ့သူအသီးသီးကြောင့် ကျနော်တို့နှစ်ယောက် အကိုတို့အနားသို့ ရောက်မှန်းအသိရောက်လာခဲ့သည်။

ရှေ့မှ သူ၏အပေါင်းအဖော်သူငယ်ချင်းများနှင့် အတူတူ အေးဆေးစွာပဲ လျှောက်နေသော အကို့ကျောပြင်ကျယ်ကိုကြည့်နေရင်း ဒါကျနော်အနီးကပ်ဆုံးရောက်ခဲ့ဖူးသည့် ၃ပေ အကွာပါလားဟု စိတ်ထဲမှ တွေးမိရင်း ပြုံးမိသွားရသည်။ကိုယ်နှင့်အကိုကြားထဲတွင် လူမရှိသော်လည်း ၃ပေလောက်ကနေ ရှေ့ကိုဆက်မတိုးရဲ ။ထိုအနီးစပ်ဆုံးရောက်ခဲ့ဖူးသည့် အကွာအဝေးမှာပင် တုန်ယင်နေသော ရင်ကို မသိမသာ ငြိမ်သက်အောင် ထိန်းနေရင်း လျှောက်နေမိသည်။

ထိုအချိန် ရှေ့မှ လူအုပ်ကြီးက ရပ်သွားသဖြင့် အကိုတို့အဖွဲ့လည်း ရပ်သွားသည်။
ကျနော်လည်း အလျှင်အမြန် ခြေလှမ်းကို ရပ်လိုက်သော်လည်း နောက်မှ လူများ၏ တွန်းထိုးမှုကြောင့် အကို့အနား ၅လက်မအကွာပဲရှိသည်အထိနီးကပ်သွားရသည်။

ခန္ဓာကိုယ်ကိုအကို့ကိုမထိမိစေရန် တောင့်ခံထားရင်း ကိုယ့်နှလုံးခုန်သံကို အကိုကြားသွားမည်ဆိုးသောကြောင့် အသက်ရှူပါအောင့်ထားမိသည်။
ဗရမ်းဗတာ‌ခုန်နေသည့် နှလုံးခုန်သံများအား တစ်ယောက်ယောက်ကြားသွားပါက ခုချက်ချင်းပင် အရေးပေါ်အခန်းထဲရောက်သွားနိုင်သည်အထိ ပြင်းထန်နေသည်။

ဘေးမှ ကျနော့်သူငယ်ချင်းက ကျနော့်အဖြစ်ကို ရိပ်မိသည့်အလား

“အဆင်ပြေရဲ့လား နေရာချင်းလဲမလား ...”
ဟူ၍ အကို့ကျောပြင်ကိုမေးငေါ့ပြရင်းအနားတိုးပြီး မေးလာသည်။

“ရပါတယ် ငါအဆင်ပြေတယ်...”

“အင်း...အဆင်ပြေရင်ပြီးတာပဲ...”

“ဟို ငါ့အကို့ကျောပြင်ကိုထိမိသွားမှာကြောက်တယ် ထိန်းထားပေးလို့ရလား....”

“အမ် နေရာလဲမလားဆိုတော့မဟုတ်ဘူး...”

“အဲ့လိုမဟုတ်ပါဘူး...အခွှင့်အရေးလေး ရှိတုန်းလေး အနီးစပ်ဆုံး အနားထိရောက်ဖူးချင်လို့...”

သူက ကျနော့်ကို မနိုင်သလိုကြည့်ရင်း
ပုခုံးကိုထိန်းဖက်လိုက်သည်။

“မင်းကတော့ကွာ...တကယ်ပါပဲ...”

“ဟီး....”
ကျနော် သဘောတကျပဲရီလိုက်မိသည်။
အမြဲတမ်း ကျနော့်အနားရှိပေးခဲ့ပြီး အပင်ပန်းဆုံးဆိုသည့်အချိန်တိုင်းအတူရှိနေပေး‌၊အတူခံစားပေးသော သူက ကျနော့်ဘဝအတွက်တော့ အစားထိုးမရနိုင်သည့်လူမျိုးပင်။

ထို့နောက်တွင်တော့ လူအုပ်ကြီးက ရှေ့သို့ ဆက်လက်ချီတက်သဖြင့် ကျနော်တို့လည်း နောက်မှ အသာကပ်လိုက်ခဲ့လိုက်သည်။
ထိုအချိန်တွင် ရုတ်တရက်ရပ်သွားသော အကို့ကြောင့် အရှိန်မထိန်းနိုင်ပဲ ပုခုံးစွန်းဆီသို့ မေးနှင့် တိုက်မိသွားရသည်။
ထင်မှတ်မထားသဖြင့် အမြန်အနောက်ဆုတ်မိရင်း အကိုများ သတိထားမိသွားပြီလားဟု တွေးမိရင်း ရင်တထိတ်ထိတ်ဖြင့် ကြည့်နေမိသည်။

သို့သော်အကိုကတော့ သတိထားမိပုံမပေါ် ပဲ ဆက်လျှောက်သွားတော့သည်။
ထိုအခါမှ မသိမသာ သပ်ပြင်းချမိသည်။
*ဟူးးးးတော်ပါသေးရဲ့....*

ထို့နောက်တွင်တော့ စုရပ်သို့ရောက်ပြီးနောက် အားလုံးကိုယ့်လမ်းကိုပြန်ခဲ့ကြသည်။

ညရောက်သည့်အခါတွင် ပို့ပေးလာသော ဓာတ်ပုံလေးများကို ကြည့်ရင်း ပြုံးမိသည်။
ဘယ်တုန်းကမှ မျက်နှာချင်းဆိုင်ကို‌ ရောက်အောင်မသွားရဲခဲ့။ ခုလိုနောက်ကျောလေးကနေပဲ ကိုယ်သတ်မှတ်ထားတဲ့ စည်းထဲကပဲ ငေးကြည့်ပြီး ငြိ‌တွယ်နေခဲ့မိတာ ၃နှစ်တောင်ကျော်လာခဲ့ပြီဖြစ်သည်။
Facebookမှာ တင်ထားသည့်ပုံလေးများကို ခိုးsaveရင်း mydayလေးတွေ အခေါက်ခေါက်အခါအခါဝင်ကြည့်ရင်းဖြင့် ၃နှစ်လုံးလုံးဖြတ်ကျော်လာခဲ့သည်။

လမ်းမှာတွေ့ရင်လည်းမသိချင်ယောင်ဆောင်ပြီး ကိုယ်ကပဲ မမြင်ချင်ယောင်ဆောင်ပစ်ခဲ့တာပဲဖြစ်သည်။
ကြောက်မိပါသည်။ကိုယ်ကအနီးစပ်ဆုံးထိတိုးကပ်ခဲ့ပြီးမှ တစ်ဖက်ကရလာဒ်က ဆိုးဝါးနေခဲ့ရင် အားလုံးထက်ပိုပြီး ခံစားရမည့်သူက ကျနော်ပင်မဟုတ်ပါလား။
Facebookမှာfriend မဖြစ်တော့မှာ mydayလေးတောင် ကြည့်ခွင့်မရတော့မှာ
Active nowလေးတောင် ငေးကြည့်ခွှင့်မရတော့မှာမျိုး အရမ်းကြောက်မိပါသည်။

ထို့နောက် ဆန္ဒပြတုန်းက ရိုက်လာခဲ့သည့် ပုံသုံးပုံကို Mydayတင်လိုက်ရင်း လိုင်းကိုဖွှင့်ထားပြီး လုပ်စရာရှိတာလုပ်နေလိုက်သည်။
အကုန်ပြီးစီးသည့်အချိန် ကိုယ်တင်ထားသည့်ပုံကို ပြန်ကြည့်ရင်း မဖြစ်နိုင်တာသိပေမယ့် အကိုများကြည့်‌သွားမလားဟူသော မျှော်လင့်ချက်သေးသေးလေးဖြင့် ကြည့်လိုက်မိသည်။

“ဟင်...”
တအံ့တဩဖြစ်သွားရသည်။အကိုက အကိုက ကြည့်သွားယုံတင်မကပဲ love reactလေးပါ ပေးသွားသေးသည်။
*ဒါကဘာလဲ...တကယ်ပဲဘာလဲ...*

‌ပျော်ရွှင်မှု၊ဝမ်းနည်းမှုဖြင့် လှိုက်တက်လာသည့် စိတ်အစုံနှင့်အတူ ထိုlove reactလေးသေးသေးလေးက ၃နှစ်တာလုံးငေးကြည့်ခဲ့သည့်စိတ်ကို အနီးစပ်ဆုံးထိရောက်‌နိုင်အောင် တွန်းအားတွေပေးခဲ့သည်။
တစ်သက်လုံး ကျောပြင်ကိုပဲငေးကြည့်မည်ဟု ဆုံးဖြတ်ထားသော ဆုံးဖြတ်ချက်တွေဟာ ပြိုပျက်သွားပြီး ပထမဆုံးအနေဖြင့် ကိုယ့်ကိုကိုယ် စွန့်စားချင်မိသည့်အထိ အားအင်တွေပေးခဲ့သည်။

စိတ်၏စေရာကို မထိန်းနိုင်လိုက်သည့် ဦးနှောက်က

“Hello...”
ဆိုပြီးပို့မိသွားသည်။

“Shit!!!ဘယ်လိုတွေတောင်လဲ....”
ပို့မိပြီးမှ အကို့ဘက်ကသာ ဘာreactionမှ မပေးခဲ့လျှင် ဘယ်လိုလုပ်မလဲဟုတွေးမိရင်း ဖုန်းကိုရှေ့တည့်တည့်ချပြီး ကိုယ်ပို့လိုက်သည့်စာကိုကြည့်နေမိသည်။

နာရီဝက်ခန့်ကြာပြီးနောက် တစ်ဖက်မှ
*Hello *ဆိုပြီး ပြန်ပို့လာသည်။
စာပြန်လာလိမ့်မည်ဟုမထင်ထားသဖြင့် ပျော်မိသွားသည်က စောင့်လိုက်ရသည့် နာရီဝက်ကိုပင်မေ့သွားသည်။
ထိုသို့ဖြင့်

“အကို ကျနော့်ကိုသိလား....”

နာရီဝက်အကြာတွင်

“မြင်ဖူးတယ်...”

* အကိုကချေလိုက်တာ...*

ထို့‌နောက်
“ဟုတ်အကို...ကျနော်ကတော့ အကို့ကိုသိတယ်...”

“ဟုတ်လား....”

“ဟုတ် ဘာလုပ်နေလဲဗျ...”

“ဖုန်းကြည့်...”

“ဟုတ် ဆောဒီးပါဗျ အနှောင့်အယှက်ဖြစ်သွားရင်...”

“ရတယ်...”

“ဟုတ်....”

ထိုသို့ဖြင့် နောက်ဟာတွေမှာတော့ 5,10မိနစ်လောက်ပဲကြာတော့သည်ဖြစ်သည်။
ခုလိုစာလေးပြန်‌သည်ကိုပင် အပျော်ကြီးပျော်မိကာ ရုပ်လုံးကြွလာပြီအထင်ဖြင့် အိမ်မက်တွေလှပခဲ့သည်။

အင်းးထိုအချိန်တုန်းကသာ ကျနော် helloဆိုပြီး မပို့မိခဲ့လျှင်ကောင်းသားဟု နောင်တရမိသည့်အချိန်သို့ ရောက်လာခဲ့သည့်နေ့ ထိုနေ့က ကျနော့်ကမ္ဘာတစ်ခုလုံး ၊‌ မျှော်လင့်ချက်အားလုံး ပျက်ဆီးသွားခဲ့သည်။

“အကို့ကို ကျနော်‌သဘောကျတယ်...”
ဟူသော ဖွှင့်ဟ ဝန်ခံမှုအပြီးနောက် ရင်ထိတ်စွာဖြင့် ပြန်စာကိုမျှောလင့်နေမိခိုက်
ဝင်လာသော စာတစ်‌စောင်ကြောင့်  ရင်ဘက်ဟာ အဆုပ်ဆုပ်အမွမွဖြစ်ခဲ့သည်။

“ကိုယ့်မှာအဲ့လိုဝဋ်ကြွေးမျိူးပါမလားဘူး...”တဲ့။

“ဟက် ပြောထွက်လိုက်တာ...ဝဋ်ကြွေးပါမလား ဘူးတဲ့လား...အဟွန်းးးးးဒီတိုင်း ဒီတိုင်း
ကိုယ်မင်းကိုစိတ်မဝင်စားဘူး လို့ငြင်းလိုက်ပါတော့လား ခုတော့..”
နာနာကျင်ကျင်ကျလာသည့် မျက်ရည်များကို မသုတ်ဖယ်မိ။

“ဆောဒီးပါဗျ အနှောင့်အယှက်ပေးမိပြီ...”ဟူသောအဆုံးသတ်စာတစ်စောင်ကိုပို့ပြီး လိုင်းပိတ်ကာ ဆင်းခဲ့မိသည်။

ဝဋ်ကြွေး...အင်း ဘယ်ဘုရားကများ လိင်တူကြိုက်သည်ကိုဝဋ်ကြွေးလို့ သတ်မှတ်ခဲ့ ဟောခဲ့ပါသလဲ ဟု အကို့ကို မေးကြည့်ချင်မိသည်။ရိုးရိုးရှင်းရှင်း ကျားတွေ မတွေထက် လူသားတစ်ယောက်က လူသားတစ်ယောက်ကို ချစ်မိသည်ဟု လှပစွာတွေးပေးလို့ ဘာလို့မရကြတာလဲဆိုတာ ကျနော်တကယ်နားမလည်နိုင်။

ယောင်္ကျားတစ်ယောက်က ယောင်္ကျားတစ်ယောက်ကို ချစ်မိသည်က ဘယ်နေရာတွေများမှားယွင်းသွားပါသလဲ...ချစ်ခြင်းမေတ္တာဆိုသည့်အရာက ကျားနဲမအတွင်းတွင်ပဲ ဖြစ်ရမည်ဟု သတ်မှတ်ထားပါသလား။
ယောင်္ကျားလေးအချင်းချင်း မိန်းကလေးအချင်းချင်း မေတ္တာမျှမိယုံနှင့် ဝဋ်ကြွေးဆိုသည့် ခေါင်းစဉ်အောက်ရောက်သွားရပါသလား။

မေးကြည့်ချင်ပါသည် ဒီကမ္ဘာပေါ်က လူသားတိုင်း တစ်ယောက်ချင်းဆီတိုင်းကို
ကျနော်တို့ရဲ့ဖြစ်တည်မှုက ဘယ်နေရာကများ မှားယွင်းနေခဲ့ပါသလဲဆိုတာ မေးကြည့်ချင်သည်။
အကယ်၍များ ဖြစ်တည်မှုတွေက မှားယွင်းနေခဲ့သည်ဆိုပါလျှင် တောင်းဆုတစ်ခုကိုပဲပြုမိမည်။
ဒီသံသရာမှာ ချစ်ခြင်း၊မုန်းခြင်း၊ဝမ်းနည်းခြင်း၊ပျော်ရွှင်ခြင်းတွေကို ခံစားရသည့် ရုပ်နှင့်နာမ်တွဲလျှက် ဘဝမျိုး မရပါစေနှင့်သားဟု ဆုတောင်းမိမည်ဖြစ်သည်။

အကြိမ်ကြိမ်ထိုပုံလေးကိုမြင်တိုင်း အကြိမ်ကြိမ်ထိုအချိန်တုန်းက အကြောင်းအရာများက စိမ်းသက်မနေပဲ ရင်ကိုဆုပ်ဖြဲ‌နိုင်‌တုန်းပင်ဖြစ်သည်။
အချိန်တွေနောက်ပြန်လှည့်လို့သာရမည်ဆိုလျှင် ၁၀ပေအကွာကအချိန်ကို မဟုတ်သေး အကို့ကိုမချစ်မိသေးခင် အကိုနှင့်မတွေ့ခဲ့သေးသည့် နေ့ရက်များကိုပြန်သွားချင်သည်။ဝဋ်ကြွေးလို့ လူတွေသတ်မှတ်ထားတဲ့ ဖြစ်တည်မှုတစ်ခုလုံးကို ပြောင်းလဲပစ်ချင်မိသည်။

စီးကျလာသည့် မျက်ဝန်းထောင့်စွန်းမှ မျက်ရည်များကို မသုတ်ဖယ်မိ။
အပြင်ဘက်မှာ တဖွဲဖွဲကျနေသည့်မိုးစက်များကိုကြည့်ရင်း

“အကိုပြောသလို ဒီအရာက ဝဋ်ကြွေးတစ်ခုဆိုလျှင် အမြန်ဆုံး‌ ကျေပါရစေတော့...”
ဟူ၍ တိုးတိုးဖွဖွ‌ရေရွတ်မိသည်။

စိတ်ကိုလောင်စာဖြည့်သည့်အလား ထွက်ပေါ်လာသော သီချင်းသံကြောင့် နာနာကျင်ကျင်ပဲပြုံးမိသည်။ကျနော်အကို့အပေါ် ဘယ်တုန်းကမှ မုန်းမရခဲ့ပေ။

🎼သူစိမ်းလို့မပြောပါနဲ့....ရင်းနှီးချင်သူအပြစ်ဖြစ်သွားလို့ပါ...သက်ဆိုင်ဖို့ရာ ခွှင့်မသာခဲ့ရင် နောက်ဆုတ်သွားမှာပါ...
မောင်းထုတ်ပစ်လိုက်မှာလား...ကစားဖို့အရုပ်တစ်ရုပ်ရသလိုပျော်ပြီး ..
မင်းကစားတော့မှာလား....
စေတနာထားရက်စက်တော့မှာလား.....

အိမ်မက်ထဲမှာပဲ နေပါရစေကွယ်...
ဝင်မလာစေချင်လဲကွယ်...အရသာရှိစွာခံယူဦးမယ်...အလွမ်းကတဆတ်ဆတ်နာတယ်..
တကယ်ဆို တားစီးထားတဲ့ စည်းတွေရှိတာ
ငါနားလည်ပါတယ်....မင်းကသနားရင်တော့
ဇွဲဆု ငါကံမကောင်းခဲ့ရင်....

လမင်းလေး...မင်းကတော့ သိနိုင်မယ်မထင်ဘူး...ငါ ညစဉ်မင်းကိုကြိတ်ပြီး ရူး..
ရင်ထဲမှာမောတာမရပ်သေးဘူး....
လမင်းလေး...မင်းကတော့ သိနိုင်မယ်မထင်ဘူး....အခွှင့်အရေးလေးရှိရင် မင်း‌ရှေ့မှောက်ခစားချင်တယ်...
ငါမင်းဘေးရှိချင်ခဲ့တာ ရှိချင်ခဲ့တာ..
ငါမြတ်နိုးလွန်းလို့.....🎼

“အကိုနဲ့ကျနော့်ကြားက ကျနော်တားခဲ့တဲ့ ၁၀ပေအကွာစည်းလေးမှာပဲ ကျနော်ရောင့်ရဲနေတက်ခဲ့ရင်ကောင်းမယ်...ဒီပုံလေးကိုမြင်တိုင်း အသစ်အသစ်အတိုင်းပဲ ထပ်ခါတလဲလဲ ခံစားရသော်လည်း ကျနော် မဖျက်ရက်ဘူး အကိုရယ်...အကိုပြောခဲ့သလိုပဲ ကျနော်ဝဋ်ကြွေးမကုန်သေးသ၍ အမြဲတမ်းအကို့ကိုပဲငေးကြည့်နေပါ့မယ်...”

CHANGE 🍁

#stroyvillechallenge
#photographs

Unicode 4044 words


ဒီေန႔မိုးေတြ႐ြာေနတယ္...ေဆာင္းတြင္းထဲမွာ မိုး႐ြာတာက ျဖစ္ေလ့ျဖစ္ထရွိသလားဆိုတာ က်ေနာ္ ေသခ်ာမသိေပမယ့္ ေကာ္ဖီမခ်ိဳမခါးေလး တစ္ခြက္ကိုေဖ်ာ္လိုက္ၿပီး ဆရာမပုညခင္ရဲ႕ အိမ္မက္ဆက္ႀကိဳးစာအုပ္ေလးနဲ႔အတူ ဖုန္းကိုပါယူၿပီး ကုတင္ေပၚက  ျပတင္းေပါက္နားမွာ ေခါင္းဦးကိုမွီၿပီးထိုင္လိုက္သည္။

အျပင္ဘက္မွာရွိတဲ့မိုးစက္မိုးေပါက္ေတြကိုေငးၾကည့္ရင္း မၾကာခင္မွာ အာဏာသိမ္းခံရတာ 1ႏွစ္ျပည့္ေတာ့မယ္ဟု စိတ္ထဲမွာ ေတြးမိရင္း သက္ျပင္းကိုမသိမသာခ်မိလိုက္သည္။ယိုယြင္းပ်က္ဆီးလာတဲ့ ျမန္မာႏိုင္ငံႀကီးနဲ႔အတူ စိတ္အစုံဟာလည္း ယိုယြင္းလာသည္က တားမရ။

မႈန္ဝါးဝါးျဖစ္ေနသည့္ အနာဂတ္ဟာ မိုးေရစက္‌ထဲက အမႉန္အမႊားေလးေတြလိုပင္ ဘယ္ဆီဘယ္ဝယ္ဖမ္းဆုပ္ရမွန္းမသိ။
ထို႔ေၾကာင့္စိတ္အစုံကို တည္ၿငိမ္ေစရန္ စာအုပ္ကို ဖႊင့္ၿပီး ဖတ္ဖို႔ရာျပင္လိုက္သည္။

တစ္မ်က္ႏွာ ၊ႏွစ္မ်က္ႏွာ၊ သုံးမ်က္ႏွာေျမာက္ေရာက္သည့္အခါတြင္ေတာ့ စုစည္းမရတဲ့စိတ္အစုံေၾကာင့္ စုတ္သတ္လိုက္ရင္း စာအုပ္ကိုပိတ္ၿပီး ေဘးခ်လိုက္သည္။

“က်စ္...စိတ္ေတြက ဘာျဖစ္ေနတာလဲ....”

မၾကည္မလင္ျဖစ္မႈႏွင့္အတူ ဖုန္းကိုေကာက္ၿပီး သီခ်င္းနားေထာင္ဖို႔ရာ ဖႊင့္လိုက္သည္။
ရည္႐ြယ္ခ်က္က သီခ်င္းနားေထာင္ရန္ျဖစ္ေသာ္လည္း ဘယ္တုန္းကမွ ထိန္းခ်ဳပ္လို႔ မရႏိုင္ခဲ့သည့္ စိတ္အစုံဟာ ဓာတ္ပုံ albumsဆီသို႔ လက္ေရာက္သြားသည္။

စိတ္ရဲ႕ေစစားမႈအတိုင္း ဓာတ္ပုံ‌ဖိုင္ေတြကို ငူငူငိုင္ငိုင္ပဲၾကည့္ေနမိသည္။
ဟာသပုံေလးေတြျမင္သည့္အခါ ၿပဳံးေယာင္သမ္းသြားသလို ဝမ္းနည္းစရာ ကဗ်ာတို႔ေလးေတြျမင္တိုင္း စိတ္အစုံကမႈိင္းညႇိဳ႕သြားျပန္သည္။

သပိတ္ေမွာက္ဆႏၵျပသည့္အခ်ိန္တုန္းက အားလုံး ကမာၻႀကီးမွ ႏိုင္ငံအသီးသီး၏ attentionေကာင္းေကာင္းရေစရန္ ကိုယ္စြမ္းဉာဏ္စြမ္းရွိသေလာက္ လုပ္ေဆာင္ခဲ့သည့္ပုံမ်ားကိုျမင္ေတာ့ ႏႈတ္ခမ္းတစ္စုံဟာေကြးၫႊတ္သြားရသည္။

‌ေကာင္ေလးေတြ စကပ္ေလးေတြႏွင့္ သပိတ္ျပပုံ၊LGBTQ+အသိုင္းအဝိုင္း၏ အင္ႏွင့္အားႏွင့္ ဆႏၵျပပုံ၊‌ဆရာမမ်ား ဝန္ထမ္းမ်ား၏ CDMဆိုင္းပုဒ္မ်ားျဖင့္ ဆႏၵျပပုံမွအစ ေနာက္ဆုံး ပစ္ခတ္ၿဖိဳခြင္းမႈေတြျဖစ္တဲ့အထိ အမ်ိဳးမ်ိဳးေသာ ပုံမ်ားကိုၾကည့္မိခိုက္ စိတ္ဟာလည္း ျပန႔္က်ဲလွ်က္ရွိသည္။

ထိုပုံေတြဖုန္းထဲမွာ မိလွ်င္ အဖမ္းခံရမည္ဟု အေမကအၿမဲတမ္းသတိေပးဖ်က္ခိုင္းေသာ္လည္း တစ္ခါမွမဖ်က္ရက္ခဲ့။ဒါေတြက တစ္ခ်ိန္ခ်ိန္မွာ ကိုယ္ျဖတ္သန္းခဲ့ဖူးတဲ့ အမွတ္တရေကာင္းေတြအျဖစ္ရွိေနလိမ့္မည္ျဖစ္၍ မဖ်က္ရက္ေပ။

Fav listထဲတြင္ ေသခ်ာသိမ္းထားမိသည္။တစ္ေန႔ ျမန္မာႏိုင္ငံႀကီး က်န္းမာၿပီး အာဏာ႐ူးလက္ကလြတ္သည့္တစ္ေန႔က်လွ်င္ ဒါေတြအကုန္လုံးကို ပုံေတြထုတ္ၿပီး သိမ္းထားမည္ဟု ဆုံးျဖတ္လိုက္သည္။
ခုခ်ိန္မွာ အမွတ္တရေကာင္းမဟုတ္ေပမယ့္ အနာဂတ္မွာေတာ့ ဒီအရာေတြက ကိုယ္လိပ္ျပာလုံလုံအသက္ရွင္ႏိုင္ဖို႔အတြက္ အေၾကာင္းျပခ်က္ေကာင္းေကာင္းတစ္ခုျဖစ္လာလိမ့္မည္ေပ။

ထိုပုံမ်ားထဲမွ ပုံတစ္ခုဆီသို႔ လက္ကအေရာက္ တန႔္သြားရသလို စိုက္ၾကည့္မိေနေသာ မ်က္ဝန္းေတြမွာလည္း ေငြ႕ရီေလးေတြရစ္သိုင္းလာရသည္။

အၿမဲတမ္းကိုယ့္ကိုအထိနာဆုံးျဖစ္ေအာင္ ကိုင္အလႈပ္ႏိုင္ဆုံး ပုံေလးပါပဲ။
ပုံေလးကိုလက္ျဖင့္ဖြဖြေလးထိမိရင္း စိတ္အစုံဟာ ထိုအခ်ိန္ဆီသို႔ေတြးမိသြားရသည္။

“ဒီမိုကေရစီရရွိေရး... ဒို႔အေရး ..ဒို႔အေရး ..”

“သပိတ္ သပိတ္ ..ေမွာက္ ေမွာက္..”

“ဆႏၵ ဆႏၵ.. ျပ ျပ...”

“႐ုံးမတက္နဲ႔ ႐ုန္းထြက္...႐ုံးမတက္နဲ႔ ႐ုန္းထြက္....”

သံၿပိဳင္ဟစ္ေႂကြးဆႏၵျပမႈႏွင့္ အတူ လူအုပ္ႀကီးလိုက္ဟာ အရန္မီးသတ္႐ုံးေရွ႕တည့္တည့္တြင္ ရပ္တန႔္သြားသည္။
လက္ဝဲဘက္တြင္ ဘုရားေက်ာင္းရွိၿပီး လက္ယာဘက္မွာေတာ့ လူေနရက္ကြက္ေလးတစ္ခုပင္။

ရပ္တန႔္သြားေသာ လူအုပ္ႀကီးအား ေရဗူးေဝသူ မုန႔္ေဝသူမ်ားျဖင့္ တစ္ခဏအတြင္း ဆူညံသြားသည္။

ေမာေမာႏွင့္ ေရဗူးကိုဖႊင့္ေသာက္ဖို႔လုပ္လိုက္ရင္း ကိုယ္ႏွင့္ ၁၀ေပအကြာမွ ေက်ာျပင္က်ယ္က်ယ္ဆီသို႔ အၾကည့္ဟာေရာက္သြားရသည္။
စိတ္ခ်င္းဆက္‌ေနသလို ထိုေက်ာျပင္က်ယ္ပိုင္ရွင္ဟာ ေနာက္သို႔လွည့္ၾကည့္လာသျဖင့္ အျမန္ေရွာင္လြဲလိုက္ေသာ္လည္း လူေတာ့မိသြားရသည္။
ကိုယ့္ဆီ‌သို႔ ခပ္တည္တည္တစ္ခ်က္ၾကည့္ၿပီး ေရွ႕သို႔ျပန္လွည့္သြားပါေသာ အကို။

ဟုတ္ပါတယ္ သူကေတာ့ က်ေနာ့္ရဲ႕အကိုပါပဲ။ထီမထင္ဟန္ သူ႔ပုံစံႏွင့္ ခပ္တည္တည္ေနပုံ ခပ္ေခ်ေခ်ၾကည့္ပုံက က်ေနာ့္အတြက္ေတာ့ က်င့္သားရေနၿပီးသား အျပဳအမူတစ္‌ခုပဲျဖစ္သည္။
ကိုယ္တစ္ဦးထဲကိုပဲ ထိုသို႔ဆက္ဆံသလားဆိုတာ က်ေနာ္မသိေပမယ့္ ထိုသို႔ဆက္ဆံခံရတာကိုပင္ ေပ်ာ္ေမႊ႕ေန‌မိေသးသည္။လုံးဝမသိခ်င္ေယာင္ေဆာင္သည္ထက္စာလွ်င္ ထိုကဲ့သို႔ အၾကည့္ခံရတာက မဆိုးဘူးပဲမဟုတ္ပါလား။

“ေဟ်ာင့္ ေရဗူးဖႊင့္ၿပီး ဘာေငးေနတာလဲ....”

“အမ္...အင္း...ဟီး...”

ေဘးမွ သူငယ္ခ်င္းအသံေၾကာင့္ အေယာင္ေယာင္အမွားမွားျဖင့္ ေရေသာက္လိုက္ၿပီး ရီလိုက္သည္။

“ေပါေတာေတာနဲ႔...မ်က္ႏွာကိုက...”

“ဟီး မင္းကလည္းကြာ...”
က်ေနာ္ အရွက္ေျပရီရင္း ဂုတ္ကို ဟိုဟိုဒီဒီပြတ္လိုက္သည္။
အဲ့ဒီလိုပဲ အကို႔ဆီစိတ္ေရာက္သြားရင္ ပတ္ဝန္းက်င္အေျခအေနကို ေမ့သြားတက္သည္ကအၿမဲပင္။
အခုလည္း ဆႏၵျပပြဲမွာဆိုသည္ကို ခဏေမ့သြားသည္။
ထို႔ေနာက္ က်ေနာ္ တစ္ခုခုကိုသတိရသြားၿပီး

“ေဟ်ာင့္ ဖုန္းပါလား...”

“အင္း ပါတယ္...မင္းဖုန္းကေရာ...”
သူငယ္ခ်င္းက သူ႔ဖုန္းကိုထုတ္ကာ passwordျဖဳတ္ၿပီး လက္ထဲထည့္ေပးရင္း ေမးလာသည္။

“အိမ္ထားခဲ့ရတယ္...အေမက ဖုန္းယူသြားမယ္ဆို မသြားရဘူးတဲ့ က်ေပ်ာက္ေနခဲ့ရင္ အသစ္ဝယ္မေပးႏိုင္ဘူးတဲ့ေလ...”

“ေယာကၡမႀကီးကလည္း အေပါက္ဆိုးလိုက္တာ....အဟားးးး”

“ခ်ီး ေယာကၡမႀကီး...”

“ဟားးးး ေခၚမွာပဲ ...”
ေဘးကေန အသားကုန္ရီေနသည့္ ထိုေကာင္ကို လ်စ္လ်ဴရႉလိုက္ၿပီး Cameraကို ဖႊင့္ကာ ဆႏၵျပသည့္ လူမ်ားကို ႐ိုက္သလိုလိုျဖင့္ ၁၀ေပအကြာမွ အကိုဆီသို႔ခ်ိန္လိုက္သည္။
ကိုယ့္ဘက္ကို ေက်ာေပးထားေသာ ေက်ာျပင္က်ယ္အား ၁ပုံ ၂ပုံမွ ၅ပုံအထိ ပုံအမ်ိဳးမ်ိဴး ႐ိုက္လိုက္သည္။

“အဟမ္း...၁၀ေပေကာင္ မင္းမွာလည္း အဲ့ဒုကၡကမေသးဘူးေနာ္...."

“မင္းကလဲ....”

“မင္းကမလဲနဲ႔...ဒီေလာက္ထိ ၃ႏွစ္လုံးလုံး ေသာက္ဖက္အလုပ္မခံရတာေတာင္ ဇြဲကေကာင္းတုန္းေနာ္...ငါသာဆို အဲ့ေလာက္ထိ ဘဝင္ကိုင္ၿပီး ကိုယ့္ကိုေခ်ျပေနရင္ လစ္ပဲ....”

“မင္းကလဲ....”

“ဟင္းးးးး မင္းကို သနားလာလို႔ေျပာေနတာ...
စထြက္လာကတည္းက အနားကပ္လိုက္မလားဆိုေတာ့လည္း မဟုတ္ဘူး...အၿမဲတမ္း ၁၀ေပေလာက္ကေန ဘာလဲ ေက်ာျပင္ကသိုင္းရႉေနတာလား...ဒါမွမဟုတ္ ေငးၾကည့္ေနရတာကိုပဲေပ်ာ္ေနတာလား...အဖက္မလုပ္ခံရေတာ့ စိတ္မမွန္ေတာ့ဘူးထင္တယ္....”

ကိုယ့္သူငယ္ခ်င္းအတြက္ စိတ္ေပါက္ေပါက္ႏွင့္ ေျပာၿပီးမွ ေဘးကဘာအသံမွထြက္မလာ‌သျဖင့္ ၾကည့္လိုက္ရာ ကိုယ္ေတာ္ေခ်ာက ဖုန္းႀကီးကို ၾကည့္ရင္း ၿငိမ္ေနသည္ကိုေတြ႕လိုက္ရသည္။
ဒါပဲ စိတ္ကလည္း အထိခိုက္မခံေအာင္ႏုသည့္ေကာင္က အဲ့‌တစ္ေယာက္ကို ဘာလို႔ ဒီအခ်ိန္ထိ ႀကိဳက္ေနရတာလည္းဆိုတာ နားမလည္ႏိုင္။
၃,၄,၅လလည္းမဟုတ္ ၃ႏွစ္ေက်ာ္ေနၿပီျဖစ္သည္။

စစ သိျခင္းတုန္းက
* ငါေယာက်ၤားေလးတစ္ေယာက္ကိုခ်စ္မိေနၿပီ...*လို႔ ေျပာလာတုန္းက ေနာက္ေနတာမွတ္ၿပီး *ေကာင္းတာေပါ့ မိန္းကေလးေတြလို ဇယားမရႈပ္တာေပါ့..*ဟု ခပ္ေပါ့ေပါ့ ေျပာလိုက္မိေသးသည္။
သို႔ေသာ္လည္း
*ငါေနာက္ေနတာမဟုတ္ဘူး..ငါအတည္ေျပာေနတာ... *ဆိုသည့္ စကားတစ္ခြန္းေအာက္မွာ ပထမဆုံးအေနျဖင့္ တုန္လႈပ္မိသြားရသည္။
ေယာက်ၤားေလးတစ္ေယာက္က မ်ိဳးတူေယာက်ၤားေလးတစ္ေယာက္ကို ခ်စ္မိသည့္ကိစၥဟာ ထိုမွ်ေလာက္ ႐ိုးရွင္းပါရဲ႕လား သူမသိေပမယ့္ ဒီခရီးဟာ ေခ်ာေမြ႕မေနဘူးဆိုတာေတာ့ သူသိသည္။

ထိုအခ်ိန္တုန္းက ဘာေျပာရမွန္းမသိ၍ စြံ႕အေနမိခိုက္ ညႇိဳးငယ္စြာျဖင့္ * မင္းငါ့ကို႐ြံသြားၿပီလား ...*ဟူေသာ ေမးခြန္းေအာက္မွာပဲ *မဟုတ္ရပါဘူး..*ဟု အျမန္ရွင္းျပရင္း ကိုယ့္သူငယ္ခ်င္းအတြက္ မ်က္ရည္က်မိသည္။
ခင္မင္လာသည့္ ၁၀ႏွစ္တာကာလလုံးမွာ ထိုကဲ့သို႔ထင္‌ေစေလာက္ေသာ အမူအယာမ်ိဳးတစ္ခါမွ မေတြ႕ခဲ့ရသည့္အတြက္လည္း မယုံႏိုင္ေအာင္ ျဖစ္မိသည္။

*ဒီခရီးဟာ မင္းအတြက္ အရမ္းပင္ပန္းႏိုင္တယ္ဆိုတာသိရဲ႕လား...*ဟူေသာ ေမးခြန္းေနာက္မွာပဲ
*ငါရဲ႕ျဖစ္တည္မႈက ပတ္ဝန္းက်င္ကိုလိမ္ရင္ လိမ္လို႔ရႏိုင္ေပမယ့္ ငါ့ရဲ႕စိတ္ကိုေတာ့ ငါလိမ္လို႔မရဘူး...ဘယ္ကေနစၿပီး ဘာေတြမွားယြင္းေနခဲ့လည္းဆိုတာ ငါမသိဘူး...ငါက မိန္းကေလးတစ္ေယာက္လို ဝတ္စားအလွျပင္ခ်င္ေနတာလည္းမဟုတ္ဘူး..ဒီတိုင္း ဒီတိုင္း ငါက ေယာက်ၤားေလးတစ္ေယာက္အေပၚ ခ်စ္မိသြားယုံေလးပါ....*
ဟူေသာ အေျဖစကားေအာက္မွာ ကိုယ့္အနာဂတ္ႀကီး က်ေပ်ာက္သြားသလိုခံစားရကာ က်ေနာ္သူ႔ကိုတင္းတင္းၾကပ္ၾကပ္ဖက္ၿပီး ငိုမိသည္။က်ေနာ္ တကယ္ပဲ သူ႔ကိုထိုကဲ့သို႔မျဖစ္ေစခ်င္ခဲ့ဘူး ။ျဖစ္ေနမယ္လို႔လည္း တစ္ခါမွ မေတြးခဲ့ဖူးဘူး။

Gayတစ္ေယာက္အတြက္ ႐ိုက္ခတ္မႈအျပင္းထန္ဆုံးက ပတ္ဝန္းက်င္ပင္မဟုတ္ပါလား။
ဆိုးဝါးတဲ့ ႐ိုက္ခတ္ဒဏ္၊ အတင္းတုတ္ကဲ့ရဲ႕မႉေတြႏွင့္အတူ အေျခာက္ဆိုသည့္အသုံးအႏႈန္းေအာက္က အၾကည့္မ်ားကို က်ေနာ့္သူငယ္ခ်င္း မခံႏိုင္မွာဆိုးရသည္။ဝဋ္ေႂကြးဆိုသည့္အသုံးအႏႈန္းေအာက္မွာ ၿပိဳကြဲသြားသည့္ ျဖစ္တည္မႈေတြဟာလည္း မနဲမေနာ။ကိုယ့္ကိုကိုယ္အဆုံးစီရင္သြားသည့္လူမ်ားဟာလည္း ၁၀ေယာက္ထက္မနဲ။ က်ေနာ့္အတြက္ ထူးၿပီး သူကေျပာင္းလဲသြားမွာ မဟုတ္ေပမယ့္ သူ႔အတြက္ေတာ့ အေျခအေနေတြက အရင္ကထက္ပိုဆိုးသြားႏိုင္သည္။

ထိုအခ်ိန္တုန္းက
*သူကအေျဖာင့္ေနာ္ မင္းမွာေမွ်ာ္လင့္ခ်က္မရွိႏိုင္ဘူးဆိုတာေရာ သိရဲ႕လား..*ဟု သတိေပးခဲ့ေသာ္လည္း
*ငါ ငါဘာမွမေမွ်ာ္လင့္ပါဘူးကြာ...ငါဒီတိုင္းေလး... ဒီတိုင္းေလး... ခ်စ္ေနယုံေလးပါ...*
ဟူေသာ စကားေနာက္မွာပဲ မတားျမစ္ႏိုင္ခဲ့။
၃ႏွစ္လုံးလုံး သူဘယ္ေလာက္ပင္ပင္ပန္းပန္းျဖတ္ေက်ာ္ခဲ့ရလဲဆိုတာ ကိုယ္အသိဆုံးပင္။
မ်ိဳးတူေယာက်ၤားေလးတစ္ေယာက္ကိုခ်စ္မိတာဟာ သူအတြက္မဆိုထားႏွင့္
ေဘးကၾကည့္ေနခဲ့ရတဲ့ ကိုယ့္အတြက္ေတာင္ မြန္းၾကပ္ခဲ့ရသည္။
လ်စ္လ်ဴရႉခံရမႈေတြ မႏွစ္ၿမိဳ႕တဲ့အၾကည့္ေတြၾကားထဲ သူ႔အစား မခံသိမခံသာ ျဖစ္ခဲ့ေသာ္လည္း သေကာင့္သားကေတာ့ ခႏၶီတရားျပည့္လွ်ံစြာ ဆက္ခ်စ္ေနတုန္းပင္။
ဘယ္ေလာက္ထိပင္ပန္းခဲ့လည္းဆိုတာ သိရက္ႏွင့္ ခုလိုေျပာထြက္လိုက္မိသည့္အေပၚ  အားနာမိသြားရသည္။

“ေဆာဒီး ငါေျပာခ်င္တာက....”

“ငါသိတယ္...ငါနားလည္ပါတယ္...မင္းေျပာခ်င္တာ ငါတကယ္‌သေဘာေပါက္ပါတယ္...ဒါေပမယ့္...ဒါေပမယ့္....ဒီထက္ပိုေဝးသြားမွာေၾကာက္လို႔ ငါဘက္က ၁၀ေပအကြာအေဝးမွာ ငါ့ကိုငါ အကန႔္အသတ္ထားခဲ့တာမ်ိဴးပါ...ငါ ေလာဘေတြမ်ားလာရင္ ငါပဲ ငါပဲ...”

“အင္းအင္း သိၿပီ...မေျပာနဲ႔ေတာ့ေနာ္...ဒီပုံေတြ မင္းဆီပို႔ေပးရမွာမလား...ငါေသခ်ာ ေဘးကလူေတြကို ဝါးၿပီး ပို႔ေပးမယ္...”
ၿပိဳေတာ့မည့္မိုးလိုမ်က္ဝန္းညိဳေတြေၾကာင့္ အျမန္စကားလႊဲလိုက္ရသည္။
ငိုခဲ့ရသည့္အခ်ိန္ေတြဟာ သူ႔အတြက္လုံေလာက္လြန္းေနၿပီပဲမဟုတ္ပါလား။

“အင္း...မင္းကအေကာင္းဆုံးပဲ...”

“ေခြးေကာင္....ငါကေတာ့ မင္းကမေကာင္းဆုံးပဲ...”

“ ဟားးးး”
သေဘာက်စြာရီမိရင္း ေရွ႕ကိုလွည့္အၾကည့္ခိုက္ ကိုယ့္ဆီသို႔ၾကည့္ေနေသာ မ်က္ဝန္းတစ္စုံႏွင့္ေတြ႕လိုက္ရသည္။
ေရွာင္လႊဲမသြားသည့္ ထိုမ်က္ဝန္းမ်ားက ကိုယ့္ကိုၾကည့္ၿပီး အထင္ေသးေနသည္ဟု လိပ္ျပာမလုံစြာ ခံစားမိရင္း မခံႏိုင္စြာပဲ မ်က္လႊာခ်မိလိုက္သည္။

ထို႔ေနာက္တြင္ေတာ့ ဆႏၵျပသည့္ လူအုပ္ႀကီးက ဆက္လက္ထြက္ခြာမည္ျဖစ္ေသာေၾကာင့္ အျမန္ လူမကြဲေစရန္ စုရင္း တန္းစီလိုက္ၾကသည္။

“အေရးႀကီးၿပီ ညီေနာင္အေပါင္းတို႔ ေသြးစည္းကာ ညီေစညီၾကစို႔...ငါတို႔ရဲ႕ သမိုင္းသစ္ကို ...ငါတို႔‌ ေသြးနဲ႔ေရးခဲ့ၿပီ... ေသြး
သစၥာလည္းျပဳခဲ့သည္....”

စိတ္ဓာတ္ထက္သန္ေစရန္အားေပးလႈံ႕ေဆာ္ေသာ သီခ်င္းမ်ားကို သံၿပိဳင္ေအာ္ဟစ္ရင္း ေစာနကအေျခအေနေတြအားလုံးကိုခဏေမ့သြားသည္။

စုရပ္ကိုျပန္ေရာက္ေတာ့မည္ျဖစ္သျဖင့္ လမ္းမွာပဲ ေနခဲ့သူအသီးသီးေၾကာင့္ က်ေနာ္တို႔ႏွစ္ေယာက္ အကိုတို႔အနားသို႔ ေရာက္မွန္းအသိေရာက္လာခဲ့သည္။

ေရွ႕မွ သူ၏အေပါင္းအေဖာ္သူငယ္ခ်င္းမ်ားႏွင့္ အတူတူ ေအးေဆးစြာပဲ ေလွ်ာက္ေနေသာ အကို႔ေက်ာျပင္က်ယ္ကိုၾကည့္ေနရင္း ဒါက်ေနာ္အနီးကပ္ဆုံးေရာက္ခဲ့ဖူးသည့္ ၃ေပ အကြာပါလားဟု စိတ္ထဲမွ ေတြးမိရင္း ၿပဳံးမိသြားရသည္။ကိုယ္ႏွင့္အကိုၾကားထဲတြင္ လူမရွိေသာ္လည္း ၃ေပေလာက္ကေန ေရွ႕ကိုဆက္မတိုးရဲ ။ထိုအနီးစပ္ဆုံးေရာက္ခဲ့ဖူးသည့္ အကြာအေဝးမွာပင္ တုန္ယင္ေနေသာ ရင္ကို မသိမသာ ၿငိမ္သက္ေအာင္ ထိန္းေနရင္း ေလွ်ာက္ေနမိသည္။

ထိုအခ်ိန္ ေရွ႕မွ လူအုပ္ႀကီးက ရပ္သြားသျဖင့္ အကိုတို႔အဖြဲ႕လည္း ရပ္သြားသည္။
က်ေနာ္လည္း အလွ်င္အျမန္ ေျခလွမ္းကို ရပ္လိုက္ေသာ္လည္း ေနာက္မွ လူမ်ား၏ တြန္းထိုးမႈေၾကာင့္ အကို႔အနား ၅လက္မအကြာပဲရွိသည္အထိနီးကပ္သြားရသည္။

ခႏၶာကိုယ္ကိုအကို႔ကိုမထိမိေစရန္ ေတာင့္ခံထားရင္း ကိုယ့္ႏွလုံးခုန္သံကို အကိုၾကားသြားမည္ဆိုးေသာေၾကာင့္ အသက္ရႉပါေအာင့္ထားမိသည္။
ဗရမ္းဗတာ‌ခုန္ေနသည့္ ႏွလုံးခုန္သံမ်ားအား တစ္ေယာက္ေယာက္ၾကားသြားပါက ခုခ်က္ခ်င္းပင္ အေရးေပၚအခန္းထဲေရာက္သြားႏိုင္သည္အထိ ျပင္းထန္ေနသည္။

ေဘးမွ က်ေနာ့္သူငယ္ခ်င္းက က်ေနာ့္အျဖစ္ကို ရိပ္မိသည့္အလား

“အဆင္ေျပရဲ႕လား ေနရာခ်င္းလဲမလား ...”
ဟူ၍ အကို႔ေက်ာျပင္ကိုေမးေငါ့ျပရင္းအနားတိုးၿပီး ေမးလာသည္။

“ရပါတယ္ ငါအဆင္ေျပတယ္...”

“အင္း...အဆင္ေျပရင္ၿပီးတာပဲ...”

“ဟို ငါ့အကို႔ေက်ာျပင္ကိုထိမိသြားမွာေၾကာက္တယ္ ထိန္းထားေပးလို႔ရလား....”

“အမ္ ေနရာလဲမလားဆိုေတာ့မဟုတ္ဘူး...”

“အဲ့လိုမဟုတ္ပါဘူး...အခႊင့္အေရးေလး ရွိတုန္းေလး အနီးစပ္ဆုံး အနားထိေရာက္ဖူးခ်င္လို႔...”

သူက က်ေနာ့္ကို မႏိုင္သလိုၾကည့္ရင္း
ပုခုံးကိုထိန္းဖက္လိုက္သည္။

“မင္းကေတာ့ကြာ...တကယ္ပါပဲ...”

“ဟီး....”
က်ေနာ္ သေဘာတက်ပဲရီလိုက္မိသည္။
အၿမဲတမ္း က်ေနာ့္အနားရွိေပးခဲ့ၿပီး အပင္ပန္းဆုံးဆိုသည့္အခ်ိန္တိုင္းအတူရွိေနေပး‌၊အတူခံစားေပးေသာ သူက က်ေနာ့္ဘဝအတြက္ေတာ့ အစားထိုးမရႏိုင္သည့္လူမ်ိဳးပင္။

ထို႔ေနာက္တြင္ေတာ့ လူအုပ္ႀကီးက ေရွ႕သို႔ ဆက္လက္ခ်ီတက္သျဖင့္ က်ေနာ္တို႔လည္း ေနာက္မွ အသာကပ္လိုက္ခဲ့လိုက္သည္။
ထိုအခ်ိန္တြင္ ႐ုတ္တရက္ရပ္သြားေသာ အကို႔ေၾကာင့္ အရွိန္မထိန္းႏိုင္ပဲ ပုခုံးစြန္းဆီသို႔ ေမးႏွင့္ တိုက္မိသြားရသည္။
ထင္မွတ္မထားသျဖင့္ အျမန္အေနာက္ဆုတ္မိရင္း အကိုမ်ား သတိထားမိသြားၿပီလားဟု ေတြးမိရင္း ရင္တထိတ္ထိတ္ျဖင့္ ၾကည့္ေနမိသည္။

သို႔ေသာ္အကိုကေတာ့ သတိထားမိပုံမေပၚ ပဲ ဆက္ေလွ်ာက္သြားေတာ့သည္။
ထိုအခါမွ မသိမသာ သပ္ျပင္းခ်မိသည္။
*ဟူးးးးေတာ္ပါေသးရဲ႕....*

ထို႔ေနာက္တြင္ေတာ့ စုရပ္သို႔ေရာက္ၿပီးေနာက္ အားလုံးကိုယ့္လမ္းကိုျပန္ခဲ့ၾကသည္။

ညေရာက္သည့္အခါတြင္ ပို႔ေပးလာေသာ ဓာတ္ပုံေလးမ်ားကို ၾကည့္ရင္း ၿပဳံးမိသည္။
ဘယ္တုန္းကမွ မ်က္ႏွာခ်င္းဆိုင္ကို‌ ေရာက္ေအာင္မသြားရဲခဲ့။ ခုလိုေနာက္ေက်ာေလးကေနပဲ ကိုယ္သတ္မွတ္ထားတဲ့ စည္းထဲကပဲ ေငးၾကည့္ၿပီး ၿငိ‌တြယ္ေနခဲ့မိတာ ၃ႏွစ္ေတာင္ေက်ာ္လာခဲ့ၿပီျဖစ္သည္။
Facebookမွာ တင္ထားသည့္ပုံေလးမ်ားကို ခိုးsaveရင္း mydayေလးေတြ အေခါက္ေခါက္အခါအခါဝင္ၾကည့္ရင္းျဖင့္ ၃ႏွစ္လုံးလုံးျဖတ္ေက်ာ္လာခဲ့သည္။

လမ္းမွာေတြ႕ရင္လည္းမသိခ်င္ေယာင္ေဆာင္ၿပီး ကိုယ္ကပဲ မျမင္ခ်င္ေယာင္ေဆာင္ပစ္ခဲ့တာပဲျဖစ္သည္။
ေၾကာက္မိပါသည္။ကိုယ္ကအနီးစပ္ဆုံးထိတိုးကပ္ခဲ့ၿပီးမွ တစ္ဖက္ကရလာဒ္က ဆိုးဝါးေနခဲ့ရင္ အားလုံးထက္ပိုၿပီး ခံစားရမည့္သူက က်ေနာ္ပင္မဟုတ္ပါလား။
Facebookမွာfriend မျဖစ္ေတာ့မွာ mydayေလးေတာင္ ၾကည့္ခြင့္မရေတာ့မွာ
Active nowေလးေတာင္ ေငးၾကည့္ခႊင့္မရေတာ့မွာမ်ိဳး အရမ္းေၾကာက္မိပါသည္။

ထို႔ေနာက္ ဆႏၵျပတုန္းက ႐ိုက္လာခဲ့သည့္ ပုံသုံးပုံကို Mydayတင္လိုက္ရင္း လိုင္းကိုဖႊင့္ထားၿပီး လုပ္စရာရွိတာလုပ္ေနလိုက္သည္။
အကုန္ၿပီးစီးသည့္အခ်ိန္ ကိုယ္တင္ထားသည့္ပုံကို ျပန္ၾကည့္ရင္း မျဖစ္ႏိုင္တာသိေပမယ့္ အကိုမ်ားၾကည့္‌သြားမလားဟူေသာ ေမွ်ာ္လင့္ခ်က္ေသးေသးေလးျဖင့္ ၾကည့္လိုက္မိသည္။

“ဟင္...”
တအံ့တဩျဖစ္သြားရသည္။အကိုက အကိုက ၾကည့္သြားယုံတင္မကပဲ love reactေလးပါ ေပးသြားေသးသည္။
*ဒါကဘာလဲ...တကယ္ပဲဘာလဲ...*

‌ေပ်ာ္႐ႊင္မႈ၊ဝမ္းနည္းမႈျဖင့္ လႈိက္တက္လာသည့္ စိတ္အစုံႏွင့္အတူ ထိုlove reactေလးေသးေသးေလးက ၃ႏွစ္တာလုံးေငးၾကည့္ခဲ့သည့္စိတ္ကို အနီးစပ္ဆုံးထိေရာက္‌ႏိုင္ေအာင္ တြန္းအားေတြေပးခဲ့သည္။
တစ္သက္လုံး ေက်ာျပင္ကိုပဲေငးၾကည့္မည္ဟု ဆုံးျဖတ္ထားေသာ ဆုံးျဖတ္ခ်က္ေတြဟာ ၿပိဳပ်က္သြားၿပီး ပထမဆုံးအေနျဖင့္ ကိုယ့္ကိုကိုယ္ စြန႔္စားခ်င္မိသည့္အထိ အားအင္ေတြေပးခဲ့သည္။

စိတ္၏ေစရာကို မထိန္းႏိုင္လိုက္သည့္ ဦးေႏွာက္က

“Hello...”
ဆိုၿပီးပို႔မိသြားသည္။

“Shit!!!ဘယ္လိုေတြေတာင္လဲ....”
ပို႔မိၿပီးမွ အကို႔ဘက္ကသာ ဘာreactionမွ မေပးခဲ့လွ်င္ ဘယ္လိုလုပ္မလဲဟုေတြးမိရင္း ဖုန္းကိုေရွ႕တည့္တည့္ခ်ၿပီး ကိုယ္ပို႔လိုက္သည့္စာကိုၾကည့္ေနမိသည္။

နာရီဝက္ခန႔္ၾကာၿပီးေနာက္ တစ္ဖက္မွ
*Hello *ဆိုၿပီး ျပန္ပို႔လာသည္။
စာျပန္လာလိမ့္မည္ဟုမထင္ထားသျဖင့္ ေပ်ာ္မိသြားသည္က ေစာင့္လိုက္ရသည့္ နာရီဝက္ကိုပင္ေမ့သြားသည္။
ထိုသို႔ျဖင့္

“အကို က်ေနာ့္ကိုသိလား....”

နာရီဝက္အၾကာတြင္

“ျမင္ဖူးတယ္...”

* အကိုကေခ်လိုက္တာ...*

ထို႔‌ေနာက္
“ဟုတ္အကို...က်ေနာ္ကေတာ့ အကို႔ကိုသိတယ္...”

“ဟုတ္လား....”

“ဟုတ္ ဘာလုပ္ေနလဲဗ်...”

“ဖုန္းၾကည့္...”

“ဟုတ္ ေဆာဒီးပါဗ် အေႏွာင့္အယွက္ျဖစ္သြားရင္...”

“ရတယ္...”

“ဟုတ္....”

ထိုသို႔ျဖင့္ ေနာက္ဟာေတြမွာေတာ့ 5,10မိနစ္ေလာက္ပဲၾကာေတာ့သည္ျဖစ္သည္။
ခုလိုစာေလးျပန္‌သည္ကိုပင္ အေပ်ာ္ႀကီးေပ်ာ္မိကာ ႐ုပ္လုံးႂကြလာၿပီအထင္ျဖင့္ အိမ္မက္ေတြလွပခဲ့သည္။

အင္းးထိုအခ်ိန္တုန္းကသာ က်ေနာ္ helloဆိုၿပီး မပို႔မိခဲ့လွ်င္ေကာင္းသားဟု ေနာင္တရမိသည့္အခ်ိန္သို႔ ေရာက္လာခဲ့သည့္ေန႔ ထိုေန႔က က်ေနာ့္ကမာၻတစ္ခုလုံး ၊‌ ေမွ်ာ္လင့္ခ်က္အားလုံး ပ်က္ဆီးသြားခဲ့သည္။

“အကို႔ကို က်ေနာ္‌သေဘာက်တယ္...”
ဟူေသာ ဖႊင့္ဟ ဝန္ခံမႈအၿပီးေနာက္ ရင္ထိတ္စြာျဖင့္ ျပန္စာကိုေမွ်ာလင့္ေနမိခိုက္
ဝင္လာေသာ စာတစ္‌ေစာင္ေၾကာင့္  ရင္ဘက္ဟာ အဆုပ္ဆုပ္အမြမြျဖစ္ခဲ့သည္။

“ကိုယ့္မွာအဲ့လိုဝဋ္ေႂကြးမ်ိဴးပါမလားဘူး...”တဲ့။

“ဟက္ ေျပာထြက္လိုက္တာ...ဝဋ္ေႂကြးပါမလား ဘူးတဲ့လား...အဟြန္းးးးးဒီတိုင္း ဒီတိုင္း
ကိုယ္မင္းကိုစိတ္မဝင္စားဘူး လို႔ျငင္းလိုက္ပါေတာ့လား ခုေတာ့..”
နာနာက်င္က်င္က်လာသည့္ မ်က္ရည္မ်ားကို မသုတ္ဖယ္မိ။

“ေဆာဒီးပါဗ် အေႏွာင့္အယွက္ေပးမိၿပီ...”ဟူေသာအဆုံးသတ္စာတစ္ေစာင္ကိုပို႔ၿပီး လိုင္းပိတ္ကာ ဆင္းခဲ့မိသည္။

ဝဋ္ေႂကြး...အင္း ဘယ္ဘုရားကမ်ား လိင္တူႀကိဳက္သည္ကိုဝဋ္ေႂကြးလို႔ သတ္မွတ္ခဲ့ ေဟာခဲ့ပါသလဲ ဟု အကို႔ကို ေမးၾကည့္ခ်င္မိသည္။႐ိုး႐ိုးရွင္းရွင္း က်ားေတြ မေတြထက္ လူသားတစ္ေယာက္က လူသားတစ္ေယာက္ကို ခ်စ္မိသည္ဟု လွပစြာေတြးေပးလို႔ ဘာလို႔မရၾကတာလဲဆိုတာ က်ေနာ္တကယ္နားမလည္ႏိုင္။

ေယာက်ၤားတစ္ေယာက္က ေယာက်ၤားတစ္ေယာက္ကို ခ်စ္မိသည္က ဘယ္ေနရာေတြမ်ားမွားယြင္းသြားပါသလဲ...ခ်စ္ျခင္းေမတၱာဆိုသည့္အရာက က်ားနဲမအတြင္းတြင္ပဲ ျဖစ္ရမည္ဟု သတ္မွတ္ထားပါသလား။
ေယာက်ၤားေလးအခ်င္းခ်င္း မိန္းကေလးအခ်င္းခ်င္း ေမတၱာမွ်မိယုံႏွင့္ ဝဋ္ေႂကြးဆိုသည့္ ေခါင္းစဥ္ေအာက္ေရာက္သြားရပါသလား။

ေမးၾကည့္ခ်င္ပါသည္ ဒီကမာၻေပၚက လူသားတိုင္း တစ္ေယာက္ခ်င္းဆီတိုင္းကို
က်ေနာ္တို႔ရဲ႕ျဖစ္တည္မႈက ဘယ္ေနရာကမ်ား မွားယြင္းေနခဲ့ပါသလဲဆိုတာ ေမးၾကည့္ခ်င္သည္။
အကယ္၍မ်ား ျဖစ္တည္မႈေတြက မွားယြင္းေနခဲ့သည္ဆိုပါလွ်င္ ေတာင္းဆုတစ္ခုကိုပဲျပဳမိမည္။
ဒီသံသရာမွာ ခ်စ္ျခင္း၊မုန္းျခင္း၊ဝမ္းနည္းျခင္း၊ေပ်ာ္႐ႊင္ျခင္းေတြကို ခံစားရသည့္ ႐ုပ္ႏွင့္နာမ္တြဲလွ်က္ ဘဝမ်ိဳး မရပါေစႏွင့္သားဟု ဆုေတာင္းမိမည္ျဖစ္သည္။

အႀကိမ္ႀကိမ္ထိုပုံေလးကိုျမင္တိုင္း အႀကိမ္ႀကိမ္ထိုအခ်ိန္တုန္းက အေၾကာင္းအရာမ်ားက စိမ္းသက္မေနပဲ ရင္ကိုဆုပ္ၿဖဲ‌ႏိုင္‌တုန္းပင္ျဖစ္သည္။
အခ်ိန္ေတြေနာက္ျပန္လွည့္လို႔သာရမည္ဆိုလွ်င္ ၁၀ေပအကြာကအခ်ိန္ကို မဟုတ္ေသး အကို႔ကိုမခ်စ္မိေသးခင္ အကိုႏွင့္မေတြ႕ခဲ့ေသးသည့္ ေန႔ရက္မ်ားကိုျပန္သြားခ်င္သည္။ဝဋ္ေႂကြးလို႔ လူေတြသတ္မွတ္ထားတဲ့ ျဖစ္တည္မႈတစ္ခုလုံးကို ေျပာင္းလဲပစ္ခ်င္မိသည္။

စီးက်လာသည့္ မ်က္ဝန္းေထာင့္စြန္းမွ မ်က္ရည္မ်ားကို မသုတ္ဖယ္မိ။
အျပင္ဘက္မွာ တဖြဲဖြဲက်ေနသည့္မိုးစက္မ်ားကိုၾကည့္ရင္း

“အကိုေျပာသလို ဒီအရာက ဝဋ္ေႂကြးတစ္ခုဆိုလွ်င္ အျမန္ဆုံး‌ ေက်ပါရေစေတာ့...”
ဟူ၍ တိုးတိုးဖြဖြ‌ေရ႐ြတ္မိသည္။

စိတ္ကိုေလာင္စာျဖည့္သည့္အလား ထြက္ေပၚလာေသာ သီခ်င္းသံေၾကာင့္ နာနာက်င္က်င္ပဲၿပဳံးမိသည္။က်ေနာ္အကို႔အေပၚ ဘယ္တုန္းကမွ မုန္းမရခဲ့ေပ။

🎼သူစိမ္းလို႔မေျပာပါနဲ႔....ရင္းႏွီးခ်င္သူအျပစ္ျဖစ္သြားလို႔ပါ...သက္ဆိုင္ဖို႔ရာ ခႊင့္မသာခဲ့ရင္ ေနာက္ဆုတ္သြားမွာပါ...
ေမာင္းထုတ္ပစ္လိုက္မွာလား...ကစားဖို႔အ႐ုပ္တစ္႐ုပ္ရသလိုေပ်ာ္ၿပီး ..
မင္းကစားေတာ့မွာလား....
ေစတနာထားရက္စက္ေတာ့မွာလား.....

အိမ္မက္ထဲမွာပဲ ေနပါရေစကြယ္...
ဝင္မလာေစခ်င္လဲကြယ္...အရသာရွိစြာခံယူဦးမယ္...အလြမ္းကတဆတ္ဆတ္နာတယ္..
တကယ္ဆို တားစီးထားတဲ့ စည္းေတြရွိတာ
ငါနားလည္ပါတယ္....မင္းကသနားရင္ေတာ့
ဇြဲဆု ငါကံမေကာင္းခဲ့ရင္....

လမင္းေလး...မင္းကေတာ့ သိႏိုင္မယ္မထင္ဘူး...ငါ ညစဥ္မင္းကိုႀကိတ္ၿပီး ႐ူး..
ရင္ထဲမွာေမာတာမရပ္ေသးဘူး....
လမင္းေလး...မင္းကေတာ့ သိႏိုင္မယ္မထင္ဘူး....အခႊင့္အေရးေလးရွိရင္ မင္း‌ေရွ႕ေမွာက္ခစားခ်င္တယ္...
ငါမင္းေဘးရွိခ်င္ခဲ့တာ ရွိခ်င္ခဲ့တာ..
ငါျမတ္ႏိုးလြန္းလို႔.....🎼

“အကိုနဲ႔က်ေနာ့္ၾကားက က်ေနာ္တားခဲ့တဲ့ ၁၀ေပအကြာစည္းေလးမွာပဲ က်ေနာ္ေရာင့္ရဲေနတက္ခဲ့ရင္ေကာင္းမယ္...ဒီပုံေလးကိုျမင္တိုင္း အသစ္အသစ္အတိုင္းပဲ ထပ္ခါတလဲလဲ ခံစားရေသာ္လည္း က်ေနာ္ မဖ်က္ရက္ဘူး အကိုရယ္...အကိုေျပာခဲ့သလိုပဲ က်ေနာ္ဝဋ္ေႂကြးမကုန္ေသးသ၍ အၿမဲတမ္းအကို႔ကိုပဲေငးၾကည့္ေနပါ့မယ္...”

CHANGE 🍁

#stroyvillechallenge
#photographs

Continue Reading

You'll Also Like

111K 3.5K 27
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...
33.4K 2.4K 31
« ហឹក អ្ហឹក ៗ ខ្ញុំមិនចង់បានបែបនិងទេ ខ្ញុំចង់ឲ្យប៉ាស្រឡាញ់ខ្ញុំក្នុងនាមស្នេហាមិនមែនរវាងប៉ាកូន » « រវាងយើងទៅមិនរួចទេជុងគុក ប៉ាមិនបានគិតលើឯងលើសពីចំណងប៉...
13.2K 880 11
Introduce Novel: having $/ex, dirty, rude, bad words, not for young, only in app here , not for social media (Writer by Admin: SIE)
149K 2.5K 66
Just some short stories about my favorite Ninjago couple, Jay and Nya. This book contains canon oneshots. I have a second book called "The Jaya Chro...