Unicode
ရင်းယွဲ့အဆောင်သည်အန်းဟုန်စံအိမ်တော်၏အတွင်းဘက်ကျကျတွင်တည်ရှိလေ၏
စာသင်သားများနေထိုင်ရာရင်းယွဲ့အဆောင်ဟာ
သူနေထိုင်ခဲ့တဲ့နေရာ၏လေးပုံတစ်ပုံသာကျယ်ဝန်းပေမဲ့အရမ်းကြီးလည်းကျဥ်းမနေချေ။
အဖြူရောင်အုတ်ချပ်များတွင်ပြာလဲ့လဲ့ရောင်ဝါတစ်ခုလွှမ်းထားလျက်ရှိပြီးရွှိုက်ယန်ကအနှီရောင်ဝါသည်သူ၏ရှစ်စွမ်းဖြစ်လာမည့်ရှစ်ယင်ဆိုသောနတ်ဘုရား၏အကာအကွယ်အစီအရင်ဟုဆိုလေသည်။
အဆောင်တံခါးဝတွင်
ထားရှိသည့်
ရွှေဝါရောင်သန်းပါသော
နှစ်တစ်ထောင်ကမ္ဘာဦးပင်အသေးစားလေးတွေကအမြင်တင့်စဖွယ်ကောင်းသည်ကြောင့်ပိုင်လီကလက်နဲ့ဖွဖွလေးထိလိုက်မိသည်။
အထဲရှိပရိဘောဂပစ္စည်းများကားအပိုအလိုမရှိ
ရိုးရိုးရှင်းရှင်းနှင့်နှစ်သက်ဖွယ်ရာ
ငြိမ်းအေးခြင်းနှင့်တိတ်ဆိတ်ခြင်းကြီးစိုးထားသည့်နေရာတွင်ပြာလဲ့လဲ့ရောင်ဝါတစ်ခုကနွေးထွေးမှုအားဖြန့်ကျက်ထားလျက်
''ဒီကိုလာပိုင်လီ.....နာမည်စာရင်းသွင်းခဲ့ပြီမလား''
ပိုင်လီကနာမည်နှင့်လိုက်ဖက်လှသောရင်းယွဲ့အဆောင်ကိုတမေ့တမောငေးနေရာမှသူ့နာမည်ခေါ်သံကြောင့်ရှေ့ပြန်လှည့်လိုက်သည်။
''ရော့....ဒါမင်းအတွက်''
အပြာရောင်တူညီဝတ်စုံတစ်ထည်နဲ့တံဆိပ်တစ်ခုကိုထည့်ထားသည့်ဗန်းတစ်ချပ်အားသူ့အားကမ်းလာသည်မို့ပိုင်လီလှမ်းယူလိုက်သည်။
''နေရာအရင်ချပြီးရင်
ရေချိုးလိုက်....ခနနေမင်းရဲ့ရှစ်စွမ်းရောက်လာလိမ့်မယ်''
ပိုင်လီသည်
အဆောင်မှူးဖြစ်သူစူးမင်အားခေါင်းညိတ်ပြလိုက်ပြီးနေရာချသင့်သည့်ပစ္စည်းများအားနေရာချလိုက်တော့သည်။
သူ့တွင်ပစ္စည်းဟူ၍များများစားစားတော့သိပ်မပါ
အပြင်ဝတ်စုံသုံးလေးစုံနဲ့သူနေ့စဥ်ယူသွားတတ်သည့်ပစ္စည်းများသာ
မြန်မြန်ဆန်ဆန်နေရာချပြီးသည့်နောက်ဗန်းထဲကဝတ်စုံကိုယူလိုက်ရင်းရေချိုးဖို့အရင်ပြင်လိုက်သည်။
ဝါးပင်များနဲ့ကာထားသောရေချိုးခန်းဟာတစ်ယောက်ချင်းစီအတွက်သီးသန့်ထားပေးသည်မို့ပိုင်လီစိတ်သက်သာရာရသွားရ၏
သူသည်အများနဲ့ရေမချိုးတတ်သေးပေ...
အတွင်းဝတ်ရုံကိုချွတ်ချလိုက်ပြီးရေနွေးကန်ထဲဝင်ထိုင်လိုက်သည်နှင့်တစ်ကိုယ်လုံးမှာရှိတဲ့အကြောအချင်တွေအကုန်ပြေလျော့သွားရတာချက်ချင်း
နေလို့ကောင်းလိုက်တာ....
ဒါကြောင့်ဟိုနတ်ဘုရားလေးကအိပ်ပျော်သွားတာနေမယ်...
နေလို့ကောင်းလွန်းလို့လေ
ပိုင်လီကအတွေးတစ်ခုကြောင့်ပြုံးလိုက်ရင်း
နောက်တစ်ခါတွေ့ရင်ဘယ်လိုဘယ်ပုံမျိူးရင်ဆိုင်ရမလဲဆိုတာစဥ်းစားနေမိ၏
သေချာတာတော့သူ့ရှစ်စွမ်းဖြစ်လာမည့်ပုဂ္ဂိုလ်လေးကသူ့အားအမြင်ကြည်တော့မည်မဟုတ်ပေ
ကိုယ်ကိုအနည်းငယ်လူးလွန့်လိုက်တော့
ဝါးရွက်စိမ်းမြမြတို့ကပါးပြင်ထက်လာရောက်
ကျီစယ်လာ၏
သူသည်ယားယံမှုကြောင့်တိုးတိုးလေးရယ်လိုက်မိချေသည်။
ဒီနေရာကထင်ထားသလောက်လည်းအေးစက်မနေဘူးပဲ......
နှင်းတောင်ထွဋ်ကိုသူပညာလာသင်ဖို့အရွေးခံရတုန်းကဖခမည်းတော်ကဝမ်းသာလို့မဆုံးခဲ့ပေ
သူကတော့နေရာအစိမ်းသက်သက်ကြီးမှာတစ်ယောက်တည်းနှစ်သုံးရာလောက်နေရမည့်အရေးမို့စူပုတ်နေကာသုံးလတိတိအခန်းတံခါးပိတ်ကာစိတ်ကောက်ခဲ့ဖူးသေးသည်။
နှင်းတောင်ထွဋ်ကကောင်းကင်ဘုံမှာတော့ဒဏ္ဍာရီလာလျှိုု့ဝှက်လွန်းသောနေရာဒေသတစ်ခုအဖြစ်ကျော်ကြားလေ၏
ပြောကြသည်ကနှင်းတောင်ထွဋ်မှာအင်မတန်မှထူးချွန်ပေသည့်နတ်ဘုရားတစ်ပါးရှင်သန်နေထိုင်သည်ဟူ၍
အနှီနတ်ဘုရားသည်နှစ်ပေါင်းရှစ်သောင်းကျော်ကြာအောင်အသက်ရှည်ခဲ့ပြီးသူ့တွင်ရှိသောပညာရပ်ပေါင်းများစွာအားသူ၏တစ်ဦးတည်းသောတပည့်ဖြစ်သူကျင်ယန်းနတ်မင်းကိုလွှဲပြောင်းပေးအပ်ခဲ့လေသည်။
ကျင်ယန်းနတ်ဘုရားဟာထိုနတ်ဘုရားအိုကြီး၏နောက်ဆုံးစကားဖြစ်သောပညာပင်လယ်ရေကိုတစ်ဦးတည်းခပ်သောက်လို့မကုန်ဆုံးလေနှင့်လောကကြီးအားကောင်းကျိုးသယ်ပိုးပေးမည့်နတ်ဘုရားတချို့အားမျှဝေကာပျိုးထောင်ပေးပါဆိုသည်အားလိုက်နာကာနှင်းတောင်ထွဋ်ကိုပြင်ပလောကနဲ့စတင်ထိတွေ့စေသည်။
နှင်းတောင်ထွဋ်၏အကြီးအမှူးနေရာအား
ကျင်ယန်းနတ်ဘုရား၏သားစဥ်မြေးဆက်ကလွှဲပြောင်းလေ့ရှိပြီးနှစ်တစ်ထောင်မှ
တစ်ခါတပည့်ရွေးချယ်လေ့ရှိချေသည်။
တပည့်ရွေးချယ်သည်ဆိုခြင်းကား
ပြိုင်ပွဲတွေဘာတွေကျင်းပစေကာရွေးချယ်လေခြင်းမဟုတ်
ဒီအတိုင်းကြုံရာကျပန်းဖိတ်ကြားလွှာငါးစောင်အားစိတ်စွမ်းအင်ပို့လျက်ပစ်ကြဲချလိုက်ခြင်း
အမှန်ကိုကြုံရာကျပန်းရွေးချယ်ခြင်းပင်
ထိုဖိတ်ကြားလွှာရောက်ရှိသွားသောအိမ်တော်မှနှစ်ငါးရာဝန်းကျင်နတ်တစ်ပါးရှိပါကနှင်းတောင်ထွဋ်တွင်ပညာလာသင်ကြားနိုင်ပြီး
မရှိပါကအခွင့်အရေးမရနိုင်တော့ချေ။
နှစ်ငါးရာဝန်းကျင်ရှိသောနတ်ဘုရားတစ်ပါးကအနှီဖိတ်ကြားလွှာအားထိလိုက်သည်နှင့်
ထိုနတ်ဘုရား၏
အမည်နာမကအလိုလိုဖိတ်ကြားလွှာတွင်နာမည်နဲ့ပုံတွဲပေါ်လာမည်ဖြစ်သည်။
လိမ်ညာ၍မရ....မသမာနည်းသုံး၍မရ
မဟုတ်ပါကဖိတ်ကြားလွှာသည်အလိုလိုကွယ်ပျောက်သွားမည်သာ....
ကောင်းကင်ဘုံအနှံ့ရှိနတ်ဘုရားပေါင်းသောင်းခြောက်ထောင်ထဲတွင်နှစ်တစ်ထောင်မှ
တပည့်
ငါးယောက်သာရွေးသောကြီးကျယ်ခမ်းနားလှပါသောနှင်းတောင်ထွဋ်မှဖိတ်ကြားလွှာက
ပိုင်လီ့နန်းဆောင်ရှေ့တည့်တည့်ကြီးကျလာတာကံကောင်းတာလားကံဆိုးတာလားမသိတော့
ပိုင်လီသည်အခုမှနှစ်နှစ်ရာဝန်းကျင်သာရှိသေး၍
သင်ကြားပေးမည့်ဆရာအားမရွေးချယ်ရသေးပေ
အနှီအခွင့်အရေးမှယအင်မတန်ရှားပါးလွန်းသည်ကအမှန်
နှင်းတောင်ထွဋ်မှသင်ကြားပေးခံချင်တဲ့နတ်ဘုရားဆိုတာစီလိုက်ရင်လူ့ပြည်နှစ်ပြည်စာလောက်ရှိပေမည်။
ရှိဆိုနှစ်တစ်ထောင်မှငါးယောက်ဆိုတဲ့အတိုင်း
ထိုသင်ကြားပေးခံရသည့်
တပည့်ငါးယောက်စီတိုင်းဟာသမိုင်းတစ်လျှောက်
ချွင်းချက်မရှိအောင်မြင်မှု
အထွဋ်အထိပ်ကိုမရောက်ဖူးသူမရှိခဲ့ဖူးချေ။
နေနတ်ဘုရားကျူးချွဲ့.....လေနတ်ဘုရားဖုန့်ယွင်
အမတစာပေပညါရှင်ရိလန်....စစ်နတ်ဘုရားကူရှန်း....
မြေနတ်ဘုရားအားခွင့်အစရှိသောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များဟာနှင်းတောင်ထွဋ်မှရွေးချယ်ခံထားရသည့်တပည့်များဖြစ်ကြလေသည်။
ထို့အပြင်နှင်းတောင်ထွဋ်တွင်ထူးခြားချက်တစ်ခုရှိသေးလေ၏
ဤသည်မှာလူတိုင်း၏ဇစ်မြစ်ကိုဖုံးကွယ်ထားရခြင်းပင်
တစ်ဦးချင်းစီ၏အမည်အသက်နှင့်ဝိညာဥ်စွမ်းအားမှလွဲအခြားသိခွင့်မရှိ
သင်ကြားပေးမည့်ဆရာများသည်လည်းသိခွင့်မရှိသလိုတပည့်အချင်းချင်းလည်းသိခွင့်မရှိချေ။
အစကမှတ်ညဏ်ဖျက်သည့်နည်းကိုသုံးပါသော်လည်းဝိညာဥ်ရင်းမြစ်ကိုပါထိခိုက်ဖူးသည်ကြောင့်နှုတ်ပိတ်သည့်နည်းကိုပြောင်းလဲခဲ့ကြ၏
မိမိ၏မိဘနာမည်သို့မဟုတ်တခြားအကြောင်းအရာများဟာဘယ်နည်းနဲ့မဆိုသိလွယ်စေသော်လည်းထိုမန္တန်အစည်းအတားကြောင့်လွယ်လင့်တကူပေါက်ကရစကားများအဖြစ်ပြောင်းလဲသွားမည်သာ.....
ဤသည်မှာထူးဆန်းပေမဲ့မျိုးရိုးအဆက်ဆက်ကထိုစည်းကမ်းအားလိုက်နာခဲ့ကြ၏
ပိုင်လီ၏ဇစ်မြစ်ကားလွယ်လွယ်နှင့်ဖုံးဖိမရနိုင်
သူ့ဖခမည်းတော်သည်ထိုအကြောင်းကြောင့်
မိစ္ဆာများနှောင့်ယှက်မှာစိုးရိမ်တယ်ဆိုတဲ့စကားနဲ့သူ့ကိုယ်ပေါ်မှနတ်ရောင်ဝါများနဲ့ကျင့်စဥ်တချို့ကိုဖယ်ရှားပစ်လိုက်တာဖြစ်မည်။
သူ့ဖခမည်းတော်ကဒီကိုမလာခင်ဘယ်သူ့မဆိုသည်းခံတတ်ဖို့နဲ့လူတိုင်းအပေါ်လိုက်လျောညီထွေနေတတ်ဖို့အခါခါခေါ်ယူဆုံးမခဲ့သည်ကြောင့်ပိုင်လီသည်အတတ်နိုင်ဆုံးယဥ်ကျေးလိမ္မာပြဖို့ဆုံးဖြတ်လိုက်လေသည်။
********************************************
''.ကျန်တဲ့တပည့်တွေကရော''
ရေချိုးခန်းကထွက်လာသည့်ပိုင်လီအားစူးမင်သည်ခေတ္တမျှသတိလက်လွတ်ဖြစ်စွာကြည့်မိသွားသည်။
အပြာနုရောင်ဝတ်စုံနဲ့လိုက်ဖက်သည့်သွယ်လျလျကိုယ်လုံးနဲ့ခါးထက်မှဖဲကြိုးဖြူစရစ်ပတ်ထားပုံက
တော်တော်လေးကိုကြည့်လို့ကောင်းနေလေ၏
ဆံစတို့ကိုတစ်ဝက်သိမ်းတစ်ဝက်ချထားပုံကလည်းရင်သပ်ရှုမောဖွယ်ရာ
''ဟိုဟာ...ကျန်တဲ့တပည့်တွေရောဗျ....''
ပိုင်လီ သည်
သူပြောလိုက်သည့်စကား
ယဥ်ကျေးသမှုမရှိရာရောက်သွားသည်အထင်နှင့်
ပြန်ပြင်ပြောကာမေးလိုက်သည်။
ထိုအခါမှ
ရင်းယွဲ့အဆောင်မှူးဖြစ်သည့်စူးမင်သည်သူ့အားသနားစဖွယ်ကြည့်လာရင်း
''မင်းမသိသေးဘူးလား....မင်းကတပည့်ငါးယောက်ထဲမှာနောက်ကျပြီးရောက်လာတာလေ
သူတို့လေးယောက်စလုံးဝိညာဥ်စွမ်းအားစမ်းသပ်ပြီးလို့ကိုက်ညီတဲ့ဆရာကိုယ်စီရွေးပြီးပြီ
သူတို့ဆရာကိုယ်စီနဲ့တောင်ထွဋ်ငယ်တစ်လုံးစီပေါ်ရောက်နေကြတာကြာပေါ့
မင်းကိုသင်ပေးမှာဆိုလို့
အရွေးမခံလိုက်ရတဲ့ရှစ်ယင်တစ်ယောက်ပဲကျန်တော့တယ်''
''နှင်းတောင်ထွဋ် ကတစ်လုံးတည်းရှိတာမဟုတ်ဘူးလား''
''နှင်းတောင်ထွဋ်ကထိပ်ဆုံးတောင်လေသူ့အလယ်မှာဝန်းရံထားတဲ့အခြားတောင်ထွဋ်ငယ်လေးလုံးရှိသေးတယ်အဲ့မှာမီးရေလေမြေဝိညာဥ်စွမ်းအားလေးပါးကိုတစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ဆရာလေးပါးနေတယ်သခင်ငယ်လေးရဲ့''
''ဒါဆိုကျွန်တော့်ရှစ်စွမ်းကသေချာပေါက်ရှစ်ယင်တစ်ယောက်တည်းဖြစ်နိုင်တာမှမဟုတ်ဘဲ
ဝိညာဥ်စွမ်းအားကိုစမ်းသပ်ပြီးမှမီးဆိုမီးရေဆိုရေ
သက်ဆိုင်တဲ့ဆရာဆီသွားရမှာမဟုတ်လား
တကယ်လို့ကျွန်တော်ကမီးစွမ်းအင်အရင်းအမြစ်ဖြစ်နေပြီးသူကရေဆိုရင်...''
ဤမေးခွန်းကိုသူသေချာပေါက်မေးရပေမည်။
ဒီနှင်းတောင်ထွဋ်ကကြုံရာလူတပည့်ခေါ်တာထားဦးကြုံရာလူကျန်ရာလူကိုဆရာတော်ရမည်ဆိုသည်ကတော့
စူးမင်သည်သူ့အားခပ်ဟဟရယ်လာရင်း..ပြန်ဖြေသည်
အသံအနေအထားကအမြင့်ရောက်လွန်နေသည့်ဒေါင်းတစ်ကောင်ပမာ....
''ကျွန်တော်မေးပါရစေ.....သခင်ငယ်လေးက
ဘာလို့များကျွန်တော်တို့ရှစ်ယင်ကို
မီးဆိုမီးရေဆိုရေတစ်မျိုးတည်းတတ်မယ်လို့ထင်လိုက်ရတာလဲ''
''...........''
''ဟွန်း....ကျွန်တော်တို့ရဲ့နှင်းတောင်ထွဋ်သခင်ရှစ်ယင်ကသခင်လေးရဲ့ဝိညာဥ်စွမ်းအား
ဘာဆိုတာဂရုစိုက်စရာလိုမနေဘူး
...ရှစ်ယင်...သူကငါးခုမြောက်ဝိညာဥ်စွမ်းအားနဲ့မွေးဖွားလာတဲ့နတ်ဘုရားလေ''
***********************************************
''ဟားဟား.....လုပ်စမ်းပါရှစ်ယင်ရယ်
အဲ့ကောင်စုတ်လေးနဲ့မင်းဘယ်လိုတွေ့တာလဲပြောပြစမ်းပါ....လမ်းပျောက်နေတဲ့အူတူတူတပည့်အသစ်ကလေးကိုမင်းဘယ်လိုလမ်းပြလိုက်သလဲ
ငါတကယ်သိချင်လွန်းလို့....''
ရှစ်ယင်သည်စိတ်ကုန်နေသည့်မျက်နှာဖြင့်ရွှိုက်ယန်ကိုတစ်ချက်ကြည့်လိုက်ရင်း
တစ်လုံးချင်းစီပြောလေ၏
''မင်း...ပါးစပ်ပိတ်မလား...ငါတောင်အောက်ရောက်အောင်ကန်ချပေးရမလား''
ရွှိုက်ယန်သည်အကြောက်အလန့်မရှိသည့်နှယ်ရှစ်ယင်အားတဟားဟားလှောင်ရယ်ဆဲသာ
''ထားပါ....နှစ်ပေါင်းနှစ်ထောင်လောက်တောင်တပည့်လက်မခံဘဲအိပ်ချည်းနေတဲ့မင်းကအခုလိုအလုပ်လေးအကိုင်လေးရှိသွားတာတော်တော်ကောင်းတဲ့ကိစ္စပဲ....ငါကောင်းလီကိုပြောပြီးသေရည်လေးဘာလေးပြင်ခိုင်းရမယ်...မင်းတပည့်အသစ်ကလေးကိုကြိုရသေးတာပေါ့''
''.............''
''ဒါနဲ့အဲ့ကောင်လေးကလေ.....
မင်းတွေ့ခဲ့တဲ့နတ်ဘုရားပုံသဏ္ဍာန်ကဘယ်လိုလဲလို့ငါမေးတော့ဘယ်လိုပြန်ဖြေတယ်ထင်လဲ''
ရှစ်ယင်သည်အရေးမစိုက်ဟန်ဖြင့်ပြန်မဖြေသော်လည်းတစ်စုံတစ်ရာကိုမသိမသာနားစွင့်ထားလေသည်။
ရွှိုက်ယန်သည်တိုးတိုးကြိတ်ကြိတ်ဖြင့်
''လှတယ်တဲ့....''
.''.......''
''တော်တော်လှတယ်တဲ့.....ဟားဟား''
ရှစ်ယင်၏နားရွက်ဖျားလေးများကားနီစွေးသွားရသည်မှာချက်ချင်း...
ရွှိုက်ယန်သည်အခုထိအတောမသတ်နိုင်စွာရယ်မောနေမြဲ...
''အဲ့ကောင်လေး.....အဲ့ကောင်လေးကတကယ်မလွယ်ဘူးတစ်မိုးအောက်တစ်ယောက်
နှင်းတောင်ထွဋ်ရဲ့သခင်လေးရှစ်ယင်ကိုလှတယ်လို့ပြောရဲတယ်....ဟားဟား...မဆိုးဘူး....
မဆိုးဘူး....နောင်အနာဂတ်မှာထူးချွန်မှာအမှန်ပဲ''
''ရွှိုက်ယန်.....''
အေးစက်စက်အသံနှင့်အတူ
မျက်နှာတည်တည်နဲ့အကြည့်ခံလိုက်တာကြောင့်ရွှိုက်ယန်သည်စနောက်တာချက်ချင်းရပ်လိုက်ရသည်။
သူသည်မကြောက်လန့်ဘူးဆိုသည့်တိုင်
အနှီရှစ်ယင်၏စိတ်လက်တစ်ဆစ်ကိုတော့သိပ်မထိရဲချေ။
ရွှိုက်ယန်ကအိန္ဒြေ
ဆည်သည့်အနေဖြင့်
ယပ်တောင်အားဖြန့်ချလိုက်ကာ
ချောင်းတစ်ချက်ဟန့်လိုက်ပြီးမှ
''အဟမ်း....ဝိညာဥ်စွမ်းအားစမ်းသပ်ပြီးပြီလား''
''ဟင့်အင်း...... ''
''သူ့စွမ်းအားဘာပဲဖြစ်ဖြစ်မင်းအတွက်အရေးထားစရာမလိုပါဘူး....ဒီနှစ်သုံးထောင်အတွင်းမှ
ရှားရှားပါးပါးတပည့်တစ်ယောက်ရတာမင်းသေချာပေါက်ကိုဂရုတစိုက်ပျိူးထောင်ပေးရမယ်နော်''
ရှစ်ယင်သည်ခေါင်းညိတ်လိုက်
ပြီးကာမှ
တစ်ခုခုကိုအလိုမကျဟန်ဖြင့်မျက်မှောင်ကြုံ့လိုက်ရင်း
''သူကအရံအတားကိုဖြတ်ကျော်နိုင်ခဲ့တယ်''
တည်ကျသွားသောရှစ်ယင်၏မျက်နှာကြောင့်ရွှိုက်ယန်သည်လည်းစိတ်ထဲချက်ချင်းလေးပင်သွားရသည်။
သူသည်ယပ်တောင်ကိုခေါက်ကာပြန်သိမ်းလိုက်ရင်းအဝေးတစ်နေရာကိုငေးမောကြည့်ကာသက်ပြင်းချမိ၏
''တော်ဝင်မျိုးနွယ်အရံအတားဆိုတာ
တော်ဝင်မျိုးနွယ်တွေပဲ
အလိုလို
ဖြတ်ကျော်နိုင်မှာ......ဒီကောင်လေးရဲ့ဇစ်မြစ်ကရိုးရှင်းနိုင်မှာမဟုတ်ဘူး''
ရှစ်ယင်ကနှုတ်ခမ်းတစ်ချက်မဲ့ကာပြုံးရင်း
သူ၏ဓားတော်လျန်ဟွားအားဖွဖွပွတ်သပ်လိုက်သည်။
''ဖိတ်ကြားလွှာကတိုက်တိုက်ဆိုင်ဆိုင်ကောင်းကင်နန်းတော်ကိုရောက်သွားရတယ်လို့....''
''သိပ်အတွေးမစောနဲ့ဦး....ရှစ်ယင်
တော်ဝင်မျိုးနွယ်ဆိုတိုင်းအဲ့ပုဂ္ဂိုလ်ရဲ့သားဖြစ်ချင်မှဖြစ်မှာပါ....
တော်ဝင်မျိုးနွယ်တွေဆိုတာကောင်းကင်မှာမှိုလိုပေါက်နေတာသူကဆွေမျိုးဝေးတဲ့အနွယ်လည်းဖြစ်နိုင်တာပဲလေ.....သူ့နတ်ရောင်ဝါကလည်းသိပ်မရှိတာမင်းအမြင်ပဲ''
''ငါသိတယ်....အဲ့ဒါကပိုထူးဆန်းနေတာ''
''တကယ်လို့မင်းမသင်္ကါရင်ငါတိုးတိုးတိတ်တိတ်စုံစမ်းလိုက်ရမလား''
ရှစ်ယင်သည်မျက်လွှာချလျက်အသက်ကိုပြင်းပြင်းတစ်ခါရှူလိုက်ပြီးမှ
''ဟင့်အင်း....နှင်းတောင်ထွဋ်ရဲ့စည်းမျဥ်းတွေကိုဖောက်ဖျက်လို့မရဘူး....''
''ကျစ်....ရှစ်ယင်ငါပြောတာကတိုးတိုးတိတ်တိတ်''
''ထားလိုက်တော့....စည်းကမ်းကစည်းကမ်းပဲ
ကံကြမ္မာကသူ့ကိုငါ့တပည့်အဖြစ်ရွေးချယ်ပြီးမှတော့သင်ပြပေးရုံအပြင်မရှိဘူး''
''..........''
''မင်းစိတ်ချပါ...နှစ်သုံးရာပြီးရင်သူ့ဘာသာတော်ဝင်မျိုးနွယ်မကလို့ကောင်းကင်ဧကရာဇ်ဖြစ်
ဖြစ်ငါနဲ့သက်ဆိုင်တော့မှာမှမဟုတ်တာ''
ရွှိုက်ယန်သည်တစ်ခုခုကိုပြောမလိုပြင်လိုက်စဥ်
စူးရှရှ
အော်ခေါ်သံတစ်ခုအားကြားလိုက်ရတာကြောင့်နှုတ်ပိတ်လိုက်ရသည်
''ရှစ်ယင်ရှန့်ကျွင်း....ရွှိုက်ယန်ရှန့်ကျွင်း
သခင်လေးတို့ရောက်လာကြပြီလား...ကောင်းလိုက်တာ''
ထိုအခါမှရွှိုက်ယန်ကသူတို့နှစ်ယောက်အန်းဟုန်စံအိမ်ဆီရောက်လာတာသတိပြုမိတော့၏
ရွှိုက်ယန်သည်သူ၏မျက်ခုံးအစုံအားလက်နဲ့အသာဖျစ်လိုက်ရင်း
''အဲ့ကောင်လေး စူးမင်ဘာလို့တစ်နေ့တစ်ခြားအသံစူးလာရတာလဲ''
ရှစ်ယင်ကသူ့ပုခုံးကိုလက်နဲ့အသာပုတ်ကာ
ခပ်ထေ့ထေ့ဆို၏
''အဲ့ဒါမင်းနဲ့တူလာတာမဟုတ်ဘူးလား....''
ရွှိုက်ယန်ကမျက်စောင်းတစ်ချက်ထိုးရင်းအထဲဝင်လိုက်သည်။
ရှစ်ယင်ကားစံအိမ်ကိုစူးခနဲတစ်ချက်စိုက်ကြည့်ပြီးမှအတွင်းသို့ခြေချလေသည်။
''လာလာ....မြန်မြန်ဝင်ကျွန်တော်ရေနွေးငွေ့တွေတစ်အိမ်လုံးအခုလေးတင်မှလွှတ်ထားတာသခင်လေးတို့လာရင်နွေးနေအောင်လို့လေ''
''မဆိုးဘူးပဲစူးမင်....အိမ်ကိုဘယ်လိုထိန်းသိမ်းရမလဲတောင်သိနေပြီပဲ....ဒါနဲ့ဟိုကောင်လေးရော''
ရွှိုက်ယန်မေးခွန်းမဆုံးသေးခင်မှာပဲ
ရင်းယွဲ့ဆောင်ကနေထွက်လာသောပိုင်လီအားတွေ့လိုက်ရသည်။
အပြာရောင်ဝတ်ရုံရှည်နဲ့ကျော့ရှင်းတင့်တယ်ပါသည့်လူငယ်လေးသည်ရွှိုက်ယန်နဲ့စူးမင်ထံအကြည့်တစ်ချက်တောင်မရောက်ဘဲ
ရှစ်ယင်ဆီတွင်သာမြဲမြဲမြံနေလျက်
သူသည်ရှစ်ယင်ထံသို့တည်ငြိမ်စွာလှမ်းလာရင်း
နီးတယ်လည်းမဆိုသာဝေးတယ်လည်းမဆိုသာသည့်သင့်တော်လျောက်ပတ်သောအကွာအဝေးတွင်ဒူးတစ်ဖက်
ထောက်ချလျက်လက်အစုံကိုသွယ်ယှက်လိုက်ကာ
''တပည့်ပိုင်လီ.....ပိုင်လီဟုန်ရိကရှစ်စွမ်းကိုဂါရဝပြုအပ်ပါတယ်....ရှစ်စွမ်းလက်ခံပေးပါ''
**********************************************
ရင္းယြဲ႕အေဆာင္သည္အန္းဟုန္စံအိမ္ေတာ္၏အတြင္းဘက္က်က်တြင္တည္႐ွိေလ၏
စာသင္သားမ်ားေနထိုင္ရာရင္းယြဲ႕အေဆာင္ဟာ
သူေနထိုင္ခဲ့တဲ့ေနရာ၏ေလးပုံတစ္ပုံသာက်ယ္ဝန္းေပမဲ့အရမ္းႀကီးလည္းက်ဥ္းမေနေခ်။
အျဖဴေရာင္အုတ္ခ်ပ္မ်ားတြင္ျပာလဲ့လဲ့ေရာင္ဝါတစ္ခုလႊမ္းထားလ်က္႐ွိၿပီး႐ႊိဳက္ယန္ကအႏွီေရာင္ဝါသည္သူ၏႐ွစ္စြမ္းျဖစ္လာမည့္႐ွစ္ယင္ဆိုေသာနတ္ဘုရား၏အကာအကြယ္အစီအရင္ဟုဆိုေလသည္။
အေဆာင္တံခါးဝတြင္
ထား႐ွိသည့္
ေ႐ႊဝါေရာင္သန္းပါေသာ
ႏွစ္တစ္ေထာင္ကမ႓ာဦးပင္အေသးစားေလးေတြကအျမင္တင့္စဖြယ္ေကာင္းသည္ေၾကာင့္ပိုင္လီကလက္နဲ႔ဖြဖြေလးထိလိုက္မိသည္။
အထဲ႐ွိပရိေဘာဂပစၥည္းမ်ားကားအပိုအလိုမ႐ွိ
႐ိုး႐ိုး႐ွင္း႐ွင္းႏွင့္ႏွစ္သက္ဖြယ္ရာ
ၿငိမ္းေအးျခင္းႏွင့္တိတ္ဆိတ္ျခင္းႀကီးစိုးထားသည့္ေနရာတြင္ျပာလဲ့လဲ့ေရာင္ဝါတစ္ခုကေႏြးေထြးမႈအားျဖန္႔က်က္ထားလ်က္
''ဒီကိုလာပိုင္လီ.....နာမည္စာရင္းသြင္းခဲ့ၿပီမလား''
ပိုင္လီကနာမည္ႏွင့္လိုက္ဖက္လွေသာရင္းယြဲ႕အေဆာင္ကိုတေမ့တေမာေငးေနရာမွသူ႕နာမည္ေခၚသံေၾကာင့္ေ႐ွ႕ျပန္လွည့္လိုက္သည္။
''ေရာ့....ဒါမင္းအတြက္''
အျပာေရာင္တူညီဝတ္စုံတစ္ထည္နဲ႔တံဆိပ္တစ္ခုကိုထည့္ထားသည့္ဗန္းတစ္ခ်ပ္အားသူ႕အားကမ္းလာသည္မို႔ပိုင္လီလွမ္းယူလိုက္သည္။
''ေနရာအရင္ခ်ၿပီးရင္
ေရခ်ိဳးလိုက္....ခနေနမင္းရဲ႕႐ွစ္စြမ္းေရာက္လာလိမ့္မယ္''
ပိုင္လီသည္
အေဆာင္မႉးျဖစ္သူစူးမင္အားေခါင္းညိတ္ျပလိုက္ၿပီးေနရာခ်သင့္သည့္ပစၥည္းမ်ားအားေနရာခ်လိုက္ေတာ့သည္။
သူ႕တြင္ပစၥည္းဟူ၍မ်ားမ်ားစားစားေတာ့သိပ္မပါ
အျပင္ဝတ္စုံသုံးေလးစုံနဲ႔သူေန႔စဥ္ယူသြားတတ္သည့္ပစၥည္းမ်ားသာ
ျမန္ျမန္ဆန္ဆန္ေနရာခ်ၿပီးသည့္ေနာက္ဗန္းထဲကဝတ္စုံကိုယူလိုက္ရင္းေရခ်ိဳးဖို႔အရင္ျပင္လိုက္သည္။
ဝါးပင္မ်ားနဲ႔ကာထားေသာေရခ်ိဳးခန္းဟာတစ္ေယာက္ခ်င္းစီအတြက္သီးသန္႔ထားေပးသည္မို႔ပိုင္လီစိတ္သက္သာရာရသြားရ၏
သူသည္အမ်ားနဲ႔ေရမခ်ိဳးတတ္ေသးေပ...
အတြင္းဝတ္႐ုံကိုခြၽတ္ခ်လိုက္ၿပီးေရေႏြးကန္ထဲဝင္ထိုင္လိုက္သည္ႏွင့္တစ္ကိုယ္လုံးမွာ႐ွိတဲ့အေၾကာအခ်င္ေတြအကုန္ေျပေလ်ာ့သြားရတာခ်က္ခ်င္း
ေနလို႔ေကာင္းလိုက္တာ....
ဒါေၾကာင့္ဟိုနတ္ဘုရားေလးကအိပ္ေပ်ာ္သြားတာေနမယ္...
ေနလို႔ေကာင္းလြန္းလို႔ေလ
ပိုင္လီကအေတြးတစ္ခုေၾကာင့္ျပဳံးလိုက္ရင္း
ေနာက္တစ္ခါေတြ႕ရင္ဘယ္လိုဘယ္ပုံမ်ိဴးရင္ဆိုင္ရမလဲဆိုတာစဥ္းစားေနမိ၏
ေသခ်ာတာေတာ့သူ႕႐ွစ္စြမ္းျဖစ္လာမည့္ပုဂၢိဳလ္ေလးကသူ႕အားအျမင္ၾကည္ေတာ့မည္မဟုတ္ေပ
ကိုယ္ကိုအနည္းငယ္လူးလြန္႔လိုက္ေတာ့
ဝါး႐ြက္စိမ္းျမျမတို႔ကပါးျပင္ထက္လာေရာက္
က်ီစယ္လာ၏
သူသည္ယားယံမႈေၾကာင့္တိုးတိုးေလးရယ္လိုက္မိေခ်သည္။
ဒီေနရာကထင္ထားသေလာက္လည္းေအးစက္မေနဘူးပဲ......
ႏွင္းေတာင္ထြဋ္ကိုသူပညာလာသင္ဖို႔အေ႐ြးခံရတုန္းကဖခမည္းေတာ္ကဝမ္းသာလို႔မဆုံးခဲ့ေပ
သူကေတာ့ေနရာအစိမ္းသက္သက္ႀကီးမွာတစ္ေယာက္တည္းႏွစ္သုံးရာေလာက္ေနရမည့္အေရးမို႔စူပုတ္ေနကာသုံးလတိတိအခန္းတံခါးပိတ္ကာစိတ္ေကာက္ခဲ့ဖူးေသးသည္။
ႏွင္းေတာင္ထြဋ္ကေကာင္းကင္ဘုံမွာေတာ့ဒ႑ာရီလာလွ်ိဳု႕ဝွက္လြန္းေသာေနရာေဒသတစ္ခုအျဖစ္ေက်ာ္ၾကားေလ၏
ေျပာၾကသည္ကႏွင္းေတာင္ထြဋ္မွာအင္မတန္မွထူးခြၽန္ေပသည့္နတ္ဘုရားတစ္ပါး႐ွင္သန္ေနထိုင္သည္ဟူ၍
အႏွီနတ္ဘုရားသည္ႏွစ္ေပါင္း႐ွစ္ေသာင္းေက်ာ္ၾကာေအာင္အသက္႐ွည္ခဲ့ၿပီးသူ႕တြင္႐ွိေသာပညာရပ္ေပါင္းမ်ားစြာအားသူ၏တစ္ဦးတည္းေသာတပည့္ျဖစ္သူက်င္ယန္းနတ္မင္းကိုလႊဲေျပာင္းေပးအပ္ခဲ့ေလသည္။
က်င္ယန္းနတ္ဘုရားဟာထိုနတ္ဘုရားအိုႀကီး၏ေနာက္ဆုံးစကားျဖစ္ေသာပညာပင္လယ္ေရကိုတစ္ဦးတည္းခပ္ေသာက္လို႔မကုန္ဆုံးေလႏွင့္ေလာကႀကီးအားေကာင္းက်ိဳးသယ္ပိုးေပးမည့္နတ္ဘုရားတခ်ိဳ႕အားမွ်ေဝကာပ်ိဳးေထာင္ေပးပါဆိုသည္အားလိုက္နာကာႏွင္းေတာင္ထြဋ္ကိုျပင္ပေလာကနဲ႔စတင္ထိေတြ႕ေစသည္။
ႏွင္းေတာင္ထြဋ္၏အႀကီးအမႉးေနရာအား
က်င္ယန္းနတ္ဘုရား၏သားစဥ္ေျမးဆက္ကလႊဲေျပာင္းေလ့႐ွိၿပီးႏွစ္တစ္ေထာင္မွ
တစ္ခါတပည့္ေ႐ြးခ်ယ္ေလ့႐ွိေခ်သည္။
တပည့္ေ႐ြးခ်ယ္သည္ဆိုျခင္းကား
ၿပိဳင္ပြဲေတြဘာေတြက်င္းပေစကာေ႐ြးခ်ယ္ေလျခင္းမဟုတ္
ဒီအတိုင္းၾကဳံရာက်ပန္းဖိတ္ၾကားလႊာငါးေစာင္အားစိတ္စြမ္းအင္ပို႔လ်က္ပစ္ႀကဲခ်လိုက္ျခင္း
အမွန္ကိုၾကဳံရာက်ပန္းေ႐ြးခ်ယ္ျခင္းပင္
ထိုဖိတ္ၾကားလႊာေရာက္႐ွိသြားေသာအိမ္ေတာ္မွႏွစ္ငါးရာဝန္းက်င္နတ္တစ္ပါး႐ွိပါကႏွင္းေတာင္ထြဋ္တြင္ပညာလာသင္ၾကားႏိုင္ၿပီး
မ႐ွိပါကအခြင့္အေရးမရႏိုင္ေတာ့ေခ်။
ႏွစ္ငါးရာဝန္းက်င္႐ွိေသာနတ္ဘုရားတစ္ပါးကအႏွီဖိတ္ၾကားလႊာအားထိလိုက္သည္ႏွင့္
ထိုနတ္ဘုရား၏
အမည္နာမကအလိုလိုဖိတ္ၾကားလႊာတြင္နာမည္နဲ႔ပုံတြဲေပၚလာမည္ျဖစ္သည္။
လိမ္ညာ၍မရ....မသမာနည္းသုံး၍မရ
မဟုတ္ပါကဖိတ္ၾကားလႊာသည္အလိုလိုကြယ္ေပ်ာက္သြားမည္သာ....
ေကာင္းကင္ဘုံအႏွံ႔႐ွိနတ္ဘုရားေပါင္းေသာင္းေျခာက္ေထာင္ထဲတြင္ႏွစ္တစ္ေထာင္မွ
တပည့္
ငါးေယာက္သာေ႐ြးေသာႀကီးက်ယ္ခမ္းနားလွပါေသာႏွင္းေတာင္ထြဋ္မွဖိတ္ၾကားလႊာက
ပိုင္လီ့နန္းေဆာင္ေ႐ွ႕တည့္တည့္ႀကီးက်လာတာကံေကာင္းတာလားကံဆိုးတာလားမသိေတာ့
ပိုင္လီသည္အခုမွႏွစ္ႏွစ္ရာဝန္းက်င္သာ႐ွိေသး၍
သင္ၾကားေပးမည့္ဆရာအားမေ႐ြးခ်ယ္ရေသးေပ
အႏွီအခြင့္အေရးမွယအင္မတန္႐ွားပါးလြန္းသည္ကအမွန္
ႏွင္းေတာင္ထြဋ္မွသင္ၾကားေပးခံခ်င္တဲ့နတ္ဘုရားဆိုတာစီလိုက္ရင္လူ႕ျပည္ႏွစ္ျပည္စာေလာက္႐ွိေပမည္။
႐ွိဆိုႏွစ္တစ္ေထာင္မွငါးေယာက္ဆိုတဲ့အတိုင္း
ထိုသင္ၾကားေပးခံရသည့္
တပည့္ငါးေယာက္စီတိုင္းဟာသမိုင္းတစ္ေလွ်ာက္
ခြၽင္းခ်က္မ႐ွိေအာင္ျမင္မႈ
အထြဋ္အထိပ္ကိုမေရာက္ဖူးသူမ႐ွိခဲ့ဖူးေခ်။
ေနနတ္ဘုရားက်ဴးခြၽဲ႕.....ေလနတ္ဘုရားဖုန္႔ယြင္
အမတစာေပပညါ႐ွင္ရိလန္....စစ္နတ္ဘုရားကူ႐ွန္း....
ေျမနတ္ဘုရားအားခြင့္အစ႐ွိေသာပုဂၢိဳလ္ထူးပုဂၢိဳလ္ျမတ္မ်ားဟာႏွင္းေတာင္ထြဋ္မွေ႐ြးခ်ယ္ခံထားရသည့္တပည့္မ်ားျဖစ္ၾကေလသည္။
ထို႔အျပင္ႏွင္းေတာင္ထြဋ္တြင္ထူးျခားခ်က္တစ္ခု႐ွိေသးေလ၏
ဤသည္မွာလူတိုင္း၏ဇစ္ျမစ္ကိုဖုံးကြယ္ထားရျခင္းပင္
တစ္ဦးခ်င္းစီ၏အမည္အသက္ႏွင့္ဝိညာဥ္စြမ္းအားမွလြဲအျခားသိခြင့္မ႐ွိ
သင္ၾကားေပးမည့္ဆရာမ်ားသည္လည္းသိခြင့္မ႐ွိသလိုတပည့္အခ်င္းခ်င္းလည္းသိခြင့္မ႐ွိေခ်။
အစကမွတ္ညဏ္ဖ်က္သည့္နည္းကိုသုံးပါေသာ္လည္းဝိညာဥ္ရင္းျမစ္ကိုပါထိခိုက္ဖူးသည္ေၾကာင့္ႏႈတ္ပိတ္သည့္နည္းကိုေျပာင္းလဲခဲ့ၾက၏
မိမိ၏မိဘနာမည္သို႔မဟုတ္တျခားအေၾကာင္းအရာမ်ားဟာဘယ္နည္းနဲ႔မဆိုသိလြယ္ေစေသာ္လည္းထိုမႏၲန္အစည္းအတားေၾကာင့္လြယ္လင့္တကူေပါက္ကရစကားမ်ားအျဖစ္ေျပာင္းလဲသြားမည္သာ.....
ဤသည္မွာထူးဆန္းေပမဲ့မ်ိဳး႐ိုးအဆက္ဆက္ကထိုစည္းကမ္းအားလိုက္နာခဲ့ၾက၏
ပိုင္လီ၏ဇစ္ျမစ္ကားလြယ္လြယ္ႏွင့္ဖုံးဖိမရႏိုင္
သူ႕ဖခမည္းေတာ္သည္ထိုအေၾကာင္းေၾကာင့္
မိစၧာမ်ားေႏွာင့္ယွက္မွာစိုးရိမ္တယ္ဆိုတဲ့စကားနဲ႔သူ႕ကိုယ္ေပၚမွနတ္ေရာင္ဝါမ်ားနဲ႔က်င့္စဥ္တခ်ိဳ႕ကိုဖယ္႐ွားပစ္လိုက္တာျဖစ္မည္။
သူ႕ဖခမည္းေတာ္ကဒီကိုမလာခင္ဘယ္သူ႕မဆိုသည္းခံတတ္ဖို႔နဲ႔လူတိုင္းအေပၚလိုက္ေလ်ာညီေထြေနတတ္ဖို႔အခါခါေခၚယူဆုံးမခဲ့သည္ေၾကာင့္ပိုင္လီသည္အတတ္ႏိုင္ဆုံးယဥ္ေက်းလိမၼာျပဖို႔ဆုံးျဖတ္လိုက္ေလသည္။
********************************************
''.က်န္တဲ့တပည့္ေတြကေရာ''
ေရခ်ိဳးခန္းကထြက္လာသည့္ပိုင္လီအားစူးမင္သည္ေခတၱမွ်သတိလက္လြတ္ျဖစ္စြာၾကည့္မိသြားသည္။
အျပာႏုေရာင္ဝတ္စုံနဲ႔လိုက္ဖက္သည့္သြယ္လ်လ်ကိုယ္လုံးနဲ႔ခါးထက္မွဖဲႀကိဳးျဖဴစရစ္ပတ္ထားပုံက
ေတာ္ေတာ္ေလးကိုၾကည့္လို႔ေကာင္းေနေလ၏
ဆံစတို႔ကိုတစ္ဝက္သိမ္းတစ္ဝက္ခ်ထားပုံကလည္းရင္သပ္႐ႈေမာဖြယ္ရာ
''ဟိုဟာ...က်န္တဲ့တပည့္ေတြေရာဗ်....''
ပိုင္လီ သည္
သူေျပာလိုက္သည့္စကား
ယဥ္ေက်းသမႈမ႐ွိရာေရာက္သြားသည္အထင္ႏွင့္
ျပန္ျပင္ေျပာကာေမးလိုက္သည္။
ထိုအခါမွ
ရင္းယြဲ႕အေဆာင္မႉးျဖစ္သည့္စူးမင္သည္သူ႕အားသနားစဖြယ္ၾကည့္လာရင္း
''မင္းမသိေသးဘူးလား....မင္းကတပည့္ငါးေယာက္ထဲမွာေနာက္က်ၿပီးေရာက္လာတာေလ
သူတို႔ေလးေယာက္စလုံးဝိညာဥ္စြမ္းအားစမ္းသပ္ၿပီးလို႔ကိုက္ညီတဲ့ဆရာကိုယ္စီေ႐ြးၿပီးၿပီ
သူတို႔ဆရာကိုယ္စီနဲ႔ေတာင္ထြဋ္ငယ္တစ္လုံးစီေပၚေရာက္ေနၾကတာၾကာေပါ့
မင္းကိုသင္ေပးမွာဆိုလို႔
အေ႐ြးမခံလိုက္ရတဲ့႐ွစ္ယင္တစ္ေယာက္ပဲက်န္ေတာ့တယ္''
''ႏွင္းေတာင္ထြဋ္ ကတစ္လုံးတည္း႐ွိတာမဟုတ္ဘူးလား''
''ႏွင္းေတာင္ထြဋ္ကထိပ္ဆုံးေတာင္ေလသူ႕အလယ္မွာဝန္းရံထားတဲ့အျခားေတာင္ထြဋ္ငယ္ေလးလုံး႐ွိေသးတယ္အဲ့မွာမီးေရေလေျမဝိညာဥ္စြမ္းအားေလးပါးကိုတစ္ဖက္ကမ္းခပ္ကြၽမ္းက်င္တဲ့ဆရာေလးပါးေနတယ္သခင္ငယ္ေလးရဲ႕''
''ဒါဆိုကြၽန္ေတာ္႕႐ွစ္စြမ္းကေသခ်ာေပါက္႐ွစ္ယင္တစ္ေယာက္တည္းျဖစ္ႏိုင္တာမွမဟုတ္ဘဲ
ဝိညာဥ္စြမ္းအားကိုစမ္းသပ္ၿပီးမွမီးဆိုမီးေရဆိုေရ
သက္ဆိုင္တဲ့ဆရာဆီသြားရမွာမဟုတ္လား
တကယ္လို႔ကြၽန္ေတာ္ကမီးစြမ္းအင္အရင္းအျမစ္ျဖစ္ေနၿပီးသူကေရဆိုရင္...''
ဤေမးခြန္းကိုသူေသခ်ာေပါက္ေမးရေပမည္။
ဒီႏွင္းေတာင္ထြဋ္ကၾကဳံရာလူတပည့္ေခၚတာထားဦးၾကဳံရာလူက်န္ရာလူကိုဆရာေတာ္ရမည္ဆိုသည္ကေတာ့
စူးမင္သည္သူ႕အားခပ္ဟဟရယ္လာရင္း..ျပန္ေျဖသည္
အသံအေနအထားကအျမင့္ေရာက္လြန္ေနသည့္ေဒါင္းတစ္ေကာင္ပမာ....
''ကြၽန္ေတာ္ေမးပါရေစ.....သခင္ငယ္ေလးက
ဘာလို႔မ်ားကြၽန္ေတာ္တို႔႐ွစ္ယင္ကို
မီးဆိုမီးေရဆိုေရတစ္မ်ိဳးတည္းတတ္မယ္လို႔ထင္လိုက္ရတာလဲ''
''...........''
''ဟြန္း....ကြၽန္ေတာ္တို႔ရဲ႕ႏွင္းေတာင္ထြဋ္သခင္႐ွစ္ယင္ကသခင္ေလးရဲ႕ဝိညာဥ္စြမ္းအား
ဘာဆိုတာဂ႐ုစိုက္စရာလိုမေနဘူး
...႐ွစ္ယင္...သူကငါးခုေျမာက္ဝိညာဥ္စြမ္းအားနဲ႔ေမြးဖြားလာတဲ့နတ္ဘုရားေလ''
***********************************************
''ဟားဟား.....လုပ္စမ္းပါ႐ွစ္ယင္ရယ္
အဲ့ေကာင္စုတ္ေလးနဲ႔မင္းဘယ္လိုေတြ႕တာလဲေျပာျပစမ္းပါ....လမ္းေပ်ာက္ေနတဲ့အူတူတူတပည့္အသစ္ကေလးကိုမင္းဘယ္လိုလမ္းျပလိုက္သလဲ
ငါတကယ္သိခ်င္လြန္းလို႔....''
႐ွစ္ယင္သည္စိတ္ကုန္ေနသည့္မ်က္ႏွာျဖင့္႐ႊိဳက္ယန္ကိုတစ္ခ်က္ၾကည့္လိုက္ရင္း
တစ္လုံးခ်င္းစီေျပာေလ၏
''မင္း...ပါးစပ္ပိတ္မလား...ငါေတာင္ေအာက္ေရာက္ေအာင္ကန္ခ်ေပးရမလား''
႐ႊိဳက္ယန္သည္အေၾကာက္အလန္႔မ႐ွိသည့္ႏွယ္႐ွစ္ယင္အားတဟားဟားေလွာင္ရယ္ဆဲသာ
''ထားပါ....ႏွစ္ေပါင္းႏွစ္ေထာင္ေလာက္ေတာင္တပည့္လက္မခံဘဲအိပ္ခ်ည္းေနတဲ့မင္းကအခုလိုအလုပ္ေလးအကိုင္ေလး႐ွိသြားတာေတာ္ေတာ္ေကာင္းတဲ့ကိစၥပဲ....ငါေကာင္းလီကိုေျပာၿပီးေသရည္ေလးဘာေလးျပင္ခိုင္းရမယ္...မင္းတပည့္အသစ္ကေလးကိုႀကိဳရေသးတာေပါ့''
''.............''
''ဒါနဲ႔အဲ့ေကာင္ေလးကေလ.....
မင္းေတြ႕ခဲ့တဲ့နတ္ဘုရားပုံသ႑ာန္ကဘယ္လိုလဲလို႔ငါေမးေတာ့ဘယ္လိုျပန္ေျဖတယ္ထင္လဲ''
႐ွစ္ယင္သည္အေရးမစိုက္ဟန္ျဖင့္ျပန္မေျဖေသာ္လည္းတစ္စုံတစ္ရာကိုမသိမသာနားစြင့္ထားေလသည္။
႐ႊိဳက္ယန္သည္တိုးတိုးႀကိတ္ႀကိတ္ျဖင့္
''လွတယ္တဲ့....''
.''.......''
''ေတာ္ေတာ္လွတယ္တဲ့.....ဟားဟား''
႐ွစ္ယင္၏နား႐ြက္ဖ်ားေလးမ်ားကားနီေစြးသြားရသည္မွာခ်က္ခ်င္း...
႐ႊိဳက္ယန္သည္အခုထိအေတာမသတ္ႏိုင္စြာရယ္ေမာေနၿမဲ...
''အဲ့ေကာင္ေလး.....အဲ့ေကာင္ေလးကတကယ္မလြယ္ဘူးတစ္မိုးေအာက္တစ္ေယာက္
ႏွင္းေတာင္ထြဋ္ရဲ႕သခင္ေလး႐ွစ္ယင္ကိုလွတယ္လို႔ေျပာရဲတယ္....ဟားဟား...မဆိုးဘူး....
မဆိုးဘူး....ေနာင္အနာဂတ္မွာထူးခြၽန္မွာအမွန္ပဲ''
''႐ႊိဳက္ယန္.....''
ေအးစက္စက္အသံႏွင့္အတူ
မ်က္ႏွာတည္တည္နဲ႔အၾကည့္ခံလိုက္တာေၾကာင့္႐ႊိဳက္ယန္သည္စေနာက္တာခ်က္ခ်င္းရပ္လိုက္ရသည္။
သူသည္မေၾကာက္လန္႔ဘူးဆိုသည့္တိုင္
အႏွီ႐ွစ္ယင္၏စိတ္လက္တစ္ဆစ္ကိုေတာ့သိပ္မထိရဲေခ်။
႐ႊိဳက္ယန္ကအိေႁႏၵ
ဆည္သည့္အေနျဖင့္
ယပ္ေတာင္အားျဖန္႔ခ်လိုက္ကာ
ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ၿပီးမွ
''အဟမ္း....ဝိညာဥ္စြမ္းအားစမ္းသပ္ၿပီးၿပီလား''
''ဟင့္အင္း...... ''
''သူ႕စြမ္းအားဘာပဲျဖစ္ျဖစ္မင္းအတြက္အေရးထားစရာမလိုပါဘူး....ဒီႏွစ္သုံးေထာင္အတြင္းမွ
႐ွား႐ွားပါးပါးတပည့္တစ္ေယာက္ရတာမင္းေသခ်ာေပါက္ကိုဂ႐ုတစိုက္ပ်ိဴးေထာင္ေပးရမယ္ေနာ္''
႐ွစ္ယင္သည္ေခါင္းညိတ္လိုက္
ၿပီးကာမွ
တစ္ခုခုကိုအလိုမက်ဟန္ျဖင့္မ်က္ေမွာင္ၾကဳံ႕လိုက္ရင္း
''သူကအရံအတားကိုျဖတ္ေက်ာ္ႏိုင္ခဲ့တယ္''
တည္က်သြားေသာ႐ွစ္ယင္၏မ်က္ႏွာေၾကာင့္႐ႊိဳက္ယန္သည္လည္းစိတ္ထဲခ်က္ခ်င္းေလးပင္သြားရသည္။
သူသည္ယပ္ေတာင္ကိုေခါက္ကာျပန္သိမ္းလိုက္ရင္းအေဝးတစ္ေနရာကိုေငးေမာၾကည့္ကာသက္ျပင္းခ်မိ၏
''ေတာ္ဝင္မ်ိဳးႏြယ္အရံအတားဆိုတာ
ေတာ္ဝင္မ်ိဳးႏြယ္ေတြပဲ
အလိုလို
ျဖတ္ေက်ာ္ႏိုင္မွာ......ဒီေကာင္ေလးရဲ႕ဇစ္ျမစ္က႐ိုး႐ွင္းႏိုင္မွာမဟုတ္ဘူး''
႐ွစ္ယင္ကႏႈတ္ခမ္းတစ္ခ်က္မဲ့ကာျပဳံးရင္း
သူ၏ဓားေတာ္လ်န္ဟြားအားဖြဖြပြတ္သပ္လိုက္သည္။
''ဖိတ္ၾကားလႊာကတိုက္တိုက္ဆိုင္ဆိုင္ေကာင္းကင္နန္းေတာ္ကိုေရာက္သြားရတယ္လို႔....''
''သိပ္အေတြးမေစာနဲ႔ဦး....႐ွစ္ယင္
ေတာ္ဝင္မ်ိဳးႏြယ္ဆိုတိုင္းအဲ့ပုဂၢိဳလ္ရဲ႕သားျဖစ္ခ်င္မွျဖစ္မွာပါ....
ေတာ္ဝင္မ်ိဳးႏြယ္ေတြဆိုတာေကာင္းကင္မွာမိႈလိုေပါက္ေနတာသူကေဆြမ်ိဳးေဝးတဲ့အႏြယ္လည္းျဖစ္ႏိုင္တာပဲေလ.....သူ႕နတ္ေရာင္ဝါကလည္းသိပ္မ႐ွိတာမင္းအျမင္ပဲ''
''ငါသိတယ္....အဲ့ဒါကပိုထူးဆန္းေနတာ''
''တကယ္လို႔မင္းမသကၤါရင္ငါတိုးတိုးတိတ္တိတ္စုံစမ္းလိုက္ရမလား''
႐ွစ္ယင္သည္မ်က္လႊာခ်လ်က္အသက္ကိုျပင္းျပင္းတစ္ခါ႐ွဴလိုက္ၿပီးမွ
''ဟင့္အင္း....ႏွင္းေတာင္ထြဋ္ရဲ႕စည္းမ်ဥ္းေတြကိုေဖာက္ဖ်က္လို႔မရဘူး....''
''က်စ္....႐ွစ္ယင္ငါေျပာတာကတိုးတိုးတိတ္တိတ္''
''ထားလိုက္ေတာ့....စည္းကမ္းကစည္းကမ္းပဲ
ကံၾကမၼာကသူ႕ကိုငါ့တပည့္အျဖစ္ေ႐ြးခ်ယ္ၿပီးမွေတာ့သင္ျပေပး႐ုံအျပင္မ႐ွိဘူး''
''..........''
''မင္းစိတ္ခ်ပါ...ႏွစ္သုံးရာၿပီးရင္သူ႕ဘာသာေတာ္ဝင္မ်ိဳးႏြယ္မကလို႔ေကာင္းကင္ဧကရာဇ္ျဖစ္
ျဖစ္ငါနဲ႔သက္ဆိုင္ေတာ့မွာမွမဟုတ္တာ''
႐ႊိဳက္ယန္သည္တစ္ခုခုကိုေျပာမလိုျပင္လိုက္စဥ္
စူး႐ွ႐ွ
ေအာ္ေခၚသံတစ္ခုအားၾကားလိုက္ရတာေၾကာင့္ႏႈတ္ပိတ္လိုက္ရသည္
''႐ွစ္ယင္႐ွန္႔ကြၽင္း....႐ႊိဳက္ယန္႐ွန္႔ကြၽင္း
သခင္ေလးတို႔ေရာက္လာၾကၿပီလား...ေကာင္းလိုက္တာ''
ထိုအခါမွ႐ႊိဳက္ယန္ကသူတို႔ႏွစ္ေယာက္အန္းဟုန္စံအိမ္ဆီေရာက္လာတာသတိျပဳမိေတာ့၏
႐ႊိဳက္ယန္သည္သူ၏မ်က္ခုံးအစုံအားလက္နဲ႔အသာဖ်စ္လိုက္ရင္း
''အဲ့ေကာင္ေလး စူးမင္ဘာလို႔တစ္ေန႔တစ္ျခားအသံစူးလာရတာလဲ''
႐ွစ္ယင္ကသူ႕ပုခုံးကိုလက္နဲ႔အသာပုတ္ကာ
ခပ္ေထ့ေထ့ဆို၏
''အဲ့ဒါမင္းနဲ႔တူလာတာမဟုတ္ဘူးလား....''
႐ႊိဳက္ယန္ကမ်က္ေစာင္းတစ္ခ်က္ထိုးရင္းအထဲဝင္လိုက္သည္။
႐ွစ္ယင္ကားစံအိမ္ကိုစူးခနဲတစ္ခ်က္စိုက္ၾကည့္ၿပီးမွအတြင္းသို႔ေျခခ်ေလသည္။
''လာလာ....ျမန္ျမန္ဝင္ကြၽန္ေတာ္ေရေႏြးေငြ႕ေတြတစ္အိမ္လုံးအခုေလးတင္မွလႊတ္ထားတာသခင္ေလးတို႔လာရင္ေႏြးေနေအာင္လို႔ေလ''
''မဆိုးဘူးပဲစူးမင္....အိမ္ကိုဘယ္လိုထိန္းသိမ္းရမလဲေတာင္သိေနၿပီပဲ....ဒါနဲ႔ဟိုေကာင္ေလးေရာ''
႐ႊိဳက္ယန္ေမးခြန္းမဆုံးေသးခင္မွာပဲ
ရင္းယြဲ႕ေဆာင္ကေနထြက္လာေသာပိုင္လီအားေတြ႕လိုက္ရသည္။
အျပာေရာင္ဝတ္႐ုံ႐ွည္နဲ႔ေက်ာ့႐ွင္းတင့္တယ္ပါသည့္လူငယ္ေလးသည္႐ႊိဳက္ယန္နဲ႔စူးမင္ထံအၾကည့္တစ္ခ်က္ေတာင္မေရာက္ဘဲ
႐ွစ္ယင္ဆီတြင္သာၿမဲၿမဲျမံေနလ်က္
သူသည္႐ွစ္ယင္ထံသို႔တည္ၿငိမ္စြာလွမ္းလာရင္း
နီးတယ္လည္းမဆိုသာေဝးတယ္လည္းမဆိုသာသည့္သင့္ေတာ္ေလ်ာက္ပတ္ေသာအကြာအေဝးတြင္ဒူးတစ္ဖက္
ေထာက္ခ်လ်က္လက္အစုံကိုသြယ္ယွက္လိုက္ကာ
''တပည့္ပိုင္လီ.....ပိုင္လီဟုန္ရိက႐ွစ္စြမ္းကိုဂါရဝျပဳအပ္ပါတယ္....႐ွစ္စြမ္းလက္ခံေပးပါ''
**********************************************