The Story Of Snowy Sect

Bởi HunSuZu-Han

693 32 2

ချစ်ရသူ၏အမုန်းကားဤကမ္ဘာပေါ်ဝယ်အနာကျင်ရဆုံးဖြစ်ရသည့်တိုင်သူသည်အနှီခံစားချက်လေးကိုပင်မစွန့်ပစ်နိုင်ခဲ့ နှစ်သက်မ... Xem Thêm

Chapter-2
Chapter-3
Chapter-4

Chapter-1

258 11 2
Bởi HunSuZu-Han

Unicode

ချစ်ရသူ၏အမုန်းကားဤကမ္ဘာပေါ်ဝယ်အနာကျင်ရဆုံးဖြစ်ရသည့်တိုင်သူသည်အနှီခံစားချက်လေးကိုပင်မစွန့်ပစ်နိုင်ခဲ့

နှစ်သက်မြတ်နိုးပါသည့်အကြင်သူသာ
သူ့နှလုံးသွေးကိုလိုအပ်ပါသတဲ့ဆို....

သူသည်သေဆုံးသွားချင်ပါ၏
ချစ်ရသူကားအမုန်းများပေးသည့်တိုင်
ချစ်ရသူအားချစ်သွားရင်းလျှင့်ပင်။

***********************************************
ကောင်းကင်ထက်တွင်လျှပ်စီးလျှပ်နွယ်တို့
ယှက်သန်းနေပုံမှာကြောက်ခမန်းလိလိ

လက်နက်တိုက်အတွင်းရှိနတ်လက်နတ်များ
အလိုလိုလှုပ်ခါနေပုံကား
ချက်ချင်းတိုက်ပွဲဝင်ကာမြောက်မြားစွာသော
အသက်များအားဇီဝိန်ချွေတော့မည့်ပမာ

ထို့အပြင်နဂါး
ဂဠုန်...တို့ဟစ်အော်သံမှာလည်း
မိုးခြိမ်းသံနဲ့အမျှကျယ်လောင်စွာဟိန်းလို့

တစ်ဖက်တွင်လည်း
နှစ်တစ်ထောင်အဖူးအငုံတည်နေသော
ဆယ်မိုင်ပတ်လည်ရှိမက်မွန်ပန်းတို့ပွင့်လန်း
လာချိန်မှာလည်းတပြိုင်နက်

အထက်တစ်လွှားတွင်မရသူမရှိလောက်အောင်
ကြာမျိုးငါးပါးရဲ့ရနံ့ဖြဖြသင်းပျံ့လျက်ရှိကာ

နှင်းတောင်ထွဋ်မှမြေခွေးဖြူငယ်တို့ရဲ့
အူသံတွေဟာလည်းလောကတစ်ခွင်ပျံ့နှံ့နှင့်လျက်

ရက်စက်ခြင်းနဲ့နူးညံံ့ခြင်း
ကြမ်းကြုတ်မှုနဲ့သိမ်မွေ့မှုသဘောတရား
မီးနဲ့ရေမျှတစွာပေါင်းစပ်သောည

သုံးလောကလုံးအုံးအုံးကြွကြွ
သောင်းသောင်းဖျဖျကြိုဆိုသောည

ထိုအချိန်အခါသမယတွင်
ကောင်းကင်ဘုံမင်းကြီး၏
အိမ်ရှေ့စံအလောင်းအလျားတစ်ပါးဖွားမြင်လေ၏
.....,...........................

လမ်းပျောက်သည်ဆိုသောကိစ္စရပ်မှာ
သူအသက်ရှင်နေထိုင်သည့်နှစ်ပေါင်း၂၀၀အတွင်း
မကြုံဖူးသည့်ကိစ္စတစ်ရပ်ပင်....

ဘယ်နေရာမဆိုကောင်းချီးတစ်ဖြာအဖြစ်
သတ်မှတ်ထားလေသည့်အနီရောင်ခြယ်ထားသောကောင်းကင်ဘုံထက်တွင်
အနှီနေရာကဲ့သို့ဆွတ်ဆွတ်ဖြူနေလေသော
စျာပနဆန်ဆန်နေရာမျိုးလည်းရှိသေးသတဲ့လား

ခံစားနေရသောအေးစက်စက်လေထုနဲ့
နှင်းအတိဖုံးလွှမ်းထားသည့်
ရှေ့မြင်ကွင်းတို့ဟာတစ်နည်းနည်းဖြင့်
စိတ်ဝင်စားစရာကောင်းနေလေသည်

အရှေ့ကိုခြေဖျားလေးထောက်ကာ
တစ်စုံတစ်ရာမြင်ရလေမလားလို့
ကြည့်လိုက်ပေမဲ့ရလဒ်ကအချည်းနှီးသာ

နတ်ရောင်နတ်ဝါပင်မဆိုထားနဲ့
သားရဲငှက်တစ်ကောင်တစ်လေကိုပင်မမြင်ရ

သို့သော်
လူပျိုပေါက်အရွယ်နတ်တစ်ပါးအနေနဲ့
စူးစမ်းလိုစိတ်ဆိုသောစကားလုံးမှာ
တစ်ကိုယ်လုံးအပြည့်ဖုံးလွှမ်းထားသည်မို့
သူရှေ့ကိုဖြေးဖြေးချင်းတိုးသွားလိုက်၏

ဘာအန္တရာယ်မှမခံစားမိပေမဲ့
တစထက်တစအေးအေးလာသည်မှာ
နွေးထွေးမှုတစ်ခုတစ်လေကိုတောင်
မဖမ်းမိသည့်အနေအထားပင်
ရှေ့မြင်ကွင်းတွင်ထင်ရှားစွာပိတ်ဆို့ထားသည့်
အနက်ရောင်အစည်းအတားကြောင့်
သူခြေစုံရပ်လိုက်မိသည်။

စိတ်စွမ်းအင်အနည်းငယ်စုစည်းကာ
အရံအတားကိုဖြတ်ကျော်ကြည့်တော့
လင်းခနဲဖြစ်သွားကာအကာအရံကတဖြည်းဖြည်းပျက်သွားချေ၏

''ဒီလောက်တောင်လွယ်တယ်လား....''

သူသည်သူ့လက်ကိုပြန်ကြည့်ရင်းအံ့အားသင့်စွာရေရွတ်လိုက်သည်။

အရံအတားမှလွန်သည်နှင့်ရုတ်တရတ်ချက်ချင်း
ပြောင်းလဲသွားသည့်ပတ်ဝန်းကျင်မှာ
မည်းမှောင်နေသောအခန်းထဲမှ
ပြတင်းပေါက်တံခါးကိုဖွင့်လိုက်လျှင်
နေရောင်အလင်းကိုစူးခနဲမြင်လိုက်ရသည့်အလား
ပြောင်းလဲသွားရလေတော့သည်။

သို့သော်ဖြူစွတ်စွတ်နှင်းများနှင့်
အေးတိအေးစက်ပတ်ဝန်းကျင် ကားမပြောင်းလဲပေ.....

နယ်မြေထဲသို့တဖြေးဖြေးဝင်ရောက်လာပြီးနောက်
အမွှေးတိုင်တစ်တိုင်ထွန်းစာကုန်လွန်သွားချိန်တွင်
ရေတံခွန်မှရေစီးကျသံနဲ့ငှက်ကျေးကျာသံတို့ကို
ပီပီသသကြားလာရသည်။

မျက်စိရှေ့တွင်အနည်းငယ်ရှုပ်ချင်နေသော
သစ်ပင်တို့အား
သူ့ခါးထက်တွင်ချိတ်ဆွဲထားသည့်ဓားမြှောင်ငယ်နှင့်ခုတ်ထွင်းရှင်းလင်းပစ်လိုက်သည်...

အတော်အတန်ရှင်းသွားသည်နှင့်
မြင်လိုက်ရသည်ကား
ရေပူစမ်းတစ်ခုပင်....

ချစ်စဖွယ်ကျောက်စရစ်ခဲလေးများအစီအရီနဲ့
ရေပူစမ်းလေးမှာသူသေချာမသိသော
စွမ်းအင်အနည်းငယ်ကူးလူးနေသလို

အငွေ့တထောင်းထောင်းထနေသော
ရေပူစမ်းသည်ကား
ရေမျက်နှာပြင်ကိုပင်မမြင်ရဘဲ
တိမ်စိုင်တိမ်လိပ်များသဖွယ်ဖြစ်တည်နေလေသည်။

အနီးအနားသို့ရောက်လေလေ
တဖြည်းဖြည်းနွေးလာသောခံစားချက်လေးကြေညင့်သူပြုံးလိုက်မိသည်

နောက်ဆုံးတော့ ဒီဘာမှန်းမသိတဲ့အေးစက်စက်နေရာကြီးမှာဒီလိုနွေးထွေးတဲ့ဝန်းကျင်ငယ်လေးတစ်ခုတော့ရှိနေသေးတာပဲ

ရေချိုးပစ်ရကောင်းမလားလို့တွေးကာရှိသေး
သူ့နားထဲခပ်သဲ့သဲ့ဝင်လာတဲ့ရေပွက်သံတချို့ကြောင့်
အဝတ်အစားတွေချွတ်ပစ်ရန်ပြင်နေတဲ့လက်ကိုပြန်
ရုတ်လိုက်မိသည်။

ရေတံခွန်စီးသံကြောင့်သိပ်မသိသာဘူးထင်ရပေမဲ့တကယ့်ကိုကွဲထွက်နေသော
အသံလှိုင်းတစ်ခုပင်...

ဤကဲ့သို့ထူးဆန်းသောနေရာတွင်
နေထိုင်မည့်သက်ရှိဆိုသည်မှာသူ့အတွက်သိပ်စိတ်ဝင်စားစရာကောင်းသည်မို့
ဖြည်းဖြည်းချင်းထိုအသံရှိရာဆီချဥ်းကပ်မိ၏

ကျောက်ဆောင်တစ်ခု
အမှန်ပင်
အသံလာရာကထိုကျောက်ဆောင်ရဲ့အနောက်ကလာတာဖြစ်မည်

အနီးအနားသို့ရောက်လေလေ
ဘာကြောင့်မှန်းမသိ
အန္တရာယ်မဟုတ်သည့်
စိတ်လှုပ်ရှားဖွယ်တစ်ခုခုကိုရင်ဆိုင်ရလိမ့်မည်ဟု
ခံစားနေမိလေသည်။

ရင်ဘက်ကိုဖိကာ
ခပ်ဖြေးဖြေးအသက်ရှူလိုက်ရင်း
ထိုအရာဆီချဥ်းကပ်လာသည်မှာအောင်မြင်လုနီးပါး

ခြေငါးလှမ်းအလို

လေးလှမ်းအလို

သုံးလှမ်းအလို

နှစ်လှမ်းအလို

တစ်လှမ်း

ဘုရားရေ......

ရုတ်တရတ်စူးခနဲဖြာကျလာသောနေရောင်ကြောင့်မျက်လုံးတို့ကိုရုတ်ချည်းမှိတ်ပစ်လိုက်ရပေသည်။

အရိပ်ကျရာတွင်တောက်လျှောက်နေမိသလိုဖြစ်နေ၍မျက်လုံးတို့မှာခံနိုင်ရည်မရှိဖြစ်သွားခဲ့သည်သာ

အချိန်အနည်းငယ်ကြာမှသူမျက်တောင်တို့ပုတ်ခတ်ပုတ်ခတ်ပြန်လုပ်ကာအမြင်အာရုံကို
ပြန်ယူရလေသည်

ရှင်းရှင်းလင်းလင်းမြင်လိုက်ရချိန်တွင်
အရာရာဟာသူ့အတွက်စူးရှတောက်ပလွန်းနေလေ၏

နေရောင်စူးစူး

တံလျှပ်ထင်နေသောရေပြင်လဲ့လဲ့

ကြွေကျနေသောမက်မွန်ပန်းအချို့

ထို့အ​ပြ​င်စူးရှနေလွန်းပါသောထိုသက်ရှိအရာ
အမှန်ပင် ထိုသက်ရှိအရာဟာ
နေရောင်ထက်ပင်စူးရှတောက်ပနေလေသဘ်
သက်ရှိဆိုသည်ထက်
နတ်တစ်ပါးဟုဆိုရပေမည်

ဒါမှမဟုတ်နတ်ဘုရားတစ်ပါးဟုပြောင်းလဲဆိုရပေမည်လား

ရေစိုကပ်နေသောအဖြူရောင်ဝတ်ရုံခပ်ပါးပါးသာ
ဝတ်ဆင်ထားပြီးနက်မှောင်စင်းနေသော
ဆံပင်တို့ကိုစည်းနှောင်ထားခြင်းမရှိပြေလျော့နေ
စေလျက်...

ရှည်မျောမျောသွယ်လျလျလက်အစုံဟာ
ကျောက်တုံးခပ်ကြီးကြီးတစ်ခုပေါ်
ထပ်တင်ထားကာ
ထိုလက်များအပေါ်တွင်
မျက်နှာတစ်ခြမ်းကိုတင်ထားလျက်

ရေစက်အချို့နဲ့နေရောင်လဲ့လဲ့ငြိထင်ဟပ်နေသော
မျက်နှာငယ်ဟာသူနှစ်200အတွင်းတစ်ခါမှမမြင်ခဲ့ဖူးသောမျက်နှာဖြစ်နေသည့်အပြင်

သူနှစ်200အတွင်းတစ်ခါမှမမြင်ခဲ့ဖူးသော
အလှတရားတစ်ခုပင်

တကယ်တကယ့်ကိုဘာနဲ့တင်စားလို့
ဘာနဲ့နှိုင်းယှဥ်ရမယ်မှန်းစကားလုံးရှာမတွေ့နိုင်လောက်သောအလှတရားတစ်ခုဖြစ်နေခဲ့လေခြင်း

တစ်လောကလုံးတွင်သူတစ်ယောက်တည်းရှိနေသည့်အတိုင်းအိပ်မောကျနေသော
ထိုအလှတရားလေးကဖြင့်
သူရှိနေမှန်းသတိထားမိဟန်မတူ

အဘယ်ကြောင့်သည်နေရာအား
အရံအတားချထားလဲဆိုသည်ကို
သူနည်းနည်းနားလည်လာသလိုပင်

ရတနာတစ်ပါးကိုဝှက်ထားခြင်း
တစ်နည်းအားဖြင့်
ခုနှစ်ပြည်ထောင်ကိုစစ်ခင်းနိုင်ပါစေသော
အန္တရာယ်တစ်ပါးကိုဝှက်ထားခြင်းသာ

ကြည့်နေရင်းကြည့်နေရင်း
ဘယ်လောက်ကြာသွားလဲမသိ

အနည်းငယ်လူးလွန့်လာသောအလှတရားလေး
ကြောင့်သူခြေလှမ်းတွေဆုတ်လိုက်မိသည်

ဘယ်လိုလုပ်ရမလဲ
နိုးလာတော့မှာ
နိုးလာလို့သူ့ကိုတွေ့ရင်ဘယ်လိုပြောရပါ့
လမ်းပျောက်လာတာပါလို့လား

ဒါမှမဟုတ်ခပ်တည်တည်နဲ့
အလှလေးကိုလာကာကွယ်စောင့်ရှောက်တာပါလို့လား...

သူတွေးနေရင်းမျက်တောင်ဖျားတွေလူးလပ်လာပါသည်....

အန္တရာယ်မရှိလောက်ပါဘူး

သေချာပေါက်
နူးညံ့ညင်သာတဲ့နတ်တစ်ပါးဖြစ်မှာပါ

ဟုတ်ပါတယ်သေချာပေါက်....

အတွေးဆုံးသည်နှင့်
ဖျတ်ခနဲပွင့်လာပါသောမျက်ဝန်းအစုံ....

ဘုရားရေ
ကောင်းကင်ယံကကြယ်တွေအကုန်
ဒီမျက်ဝန်းထဲကများထွက်ပေါ်လာပါလေသလား

လှသည်...

မဟုတ်
လှသည် ထက်ကိုပို၏

ထိုစဥ်လည်ပင်းထက်မှအေးစက်စက်အသိကြောင့်
သူ့အာရုံတွေလက်တွေ့ဘဝထဲသို့ပြန်ရောက်ရှိလာချိန်
ပထမဆုံးသတိထားမိသည်က
အလှလေး၏စူးရှခက်ထန်နေသောမျက်ဝန်းအစုံနဲ့.ထက်ရှလွန်းပါသော
ဓားသွား.....

ထိူဓားသွား၏ဦးတည်ရာကား
သူလည်ပင်းမှသွေးကြောတစ်နေရာထက်တွင်တိတိကျကျ

သူထင်မှတ်ထားသည်နှင့်တခြား
အလှလေးကားရက်စက်တတ်လေ၏

..,,......,...,.,,...,...

"ခင်ဗျားကျွန်တော့်ကိုဖမ်းပြီးဘာလုပ်မလို့လဲ''

အချုပ်အနှောင်အစီအရင်ထဲတွင်သုံးနာရီနီးပါး
ဒီစကားတစ်ခွန်းကိုထပ်ခါတလဲလဲပြောနေရတာ
ဘယ်နှစ်ကြိမ်ရှိပြီမှန်းမသိတော့

မျက်နှာချင်းဆိုင်ကကျောက်သားထိုင်ခုံထက်
ပြေပြစ်စွာထိုင်ရင်းလက်ဖက်ရည်တစ်ခွက်အေးဆေးထိုင်သောက်နေသော
အလှလေးကဖြင့်
သူထင်ထားတာမှန်သမျှနှင့်တခြားစီ

ဘာမပြောညာမပြောသူ့ကိုလည်ပင်းဓားထောက်ပြီးဒီဝါးရုံအိမ်ထဲဆွဲသွင်းလာသည့်အပြင်
ဘာမမေးညာမမေးနဲ့အချုပ်အနှောင်အစီအရင်ထဲတန်းထည့်ပစ်သည်

ထို့အပြင်ဘာစကားမှမပြောဘဲ
အဲ့အတိူင်းထိုင်နေလိုက်တာများသူရှိမနေသည့်အတိုင်း

"ဟေ့လူ
ကျွန်တော်မေးနေတာမကြားဖူးလား
နားပဲကန်းနေတာလားစကားပဲမပြောတတ်တာလား
ခင်ဗျားဘာမှမမေးရင်လည်းလွှတ်ပေးတော့ဗျာ''

လက်ဖက်ရည်ခွက်ကိုဒေါက်ခနဲချလိုက်သည့်အသံကဟိန်းထွက်လာလေသည်။
ထို့နောက်သူ့ကိုဖျတ်ခနဲမကျေမချမ်းကြည့်လိုက်သောအကြည့်နှင့်ဆုံ၏

အေးစက်ချက်က
ကြက်သီးထဖွယ်ရာပင်

"မင်းတကယ်အဲ့အချုပ်အနှောင်အစီအရင်ကို
မဖျက်နိုင်ဘူးလား''

"ခက်လိုက်တာကျနော်ဖြေနိုင်ရင်အစကတည်းကဖြေပြီးထွက်​ပြေးပြီးပြီပေါ့''

သူပြောတော့လည်းမလှုပ်မယှက်နေမြဲ
ကြာတော့သူစိတ်မရှည်ချင်တော့

"ဒီမှာ''

"ငြိမ်ငြိမ်နေစမ်းငါမင်းရဲ့ရောင်ဝါကိုအာရုံခံနေတယ်''

ပြောသည့်အတိုင်းငြိမ်ပေးနေလိုက်သည်။
သူ့ရဲ့နတ်ရောင်ဝါကခမည်းတော်ကိုယ်တိုင်
မိစ္ဆာများအလွယ်တကူအနှောင့်အယှက်မပေးနိုင်အောင်ဖျောက်ဖျက်ပေးခဲ့တာမို့သူဘယ်သူဘယ်ဝါဆိုတာလွယ်လွယ်ရှာတွေ့နိုင်စရာမရှိ

မွေးနေ့ရောက်မှထိန်းချုပ်နည်းသင်ပေးကာ
ရောင်ဝါပြန်အပ်မည်ဟုကိုယ်တိုင်ပြောထားခဲ့သည်မလား

"ထူးဆန်းတယ်''

နှုတ်ခမ်းလှုပ်ရုံမျှခပ်တိုးတိုးထွက်လာသောအသံလေး
သူကတော့ကြားဖြစ်အောင်ကြား၏

"ဘာမှမထူးဆန်းဘူး
ကျတော်ကသာမန်နတ်သူငယ်လေးပဲကို
ခင်ဗျားကဘာများထူးထူးဆန်းဆန်းရှာတွေ့မှာတဲ့လဲ''

သူ့ကိုတစ်ချက်စူးခနဲစိုက်ကြည့်ကာ
သူ့မျက်နှာအနီးတိုးကပ်လာတာမို့
သူဖျတ်ခနဲခေါင်းငုံ့ပစ်လိုက်မိသည်။

အန္တရာယ်များလွန်းတာကြောင့်
အန္တရာယ်များလွန်းအောင်လှရက်လွန်းတာကြောင့်

"ခင်ဗျား....''

"ဒါဆိုမင်းဘယ်လိုလုပ်ဒီအစည်းအတားကိုဖြတ်နိုင်ခဲ့တာလဲသာမန်နတ်သူငယ်လေးဆိုတဲ့မင်းကလေ''

တဖျတ်ဖျတ်လက်နေတဲ့မျက်ဝန်းအစုံက
သူ့ကိုစူးစိုက်ကြည့်နေလေတော့
အနေရခက်ကာစိတ်ထဲကျဥ်းကျပ်လှပါ၏

"​ပြောလေ...''

သူအသက်ရှူရတာတဖြည်းဖြည်းကြပ်လာမိသလိုပင်
ဒီလူ့မျက်ဝန်းတွေရဲ့အောက်မှာအရာရာအကုန်ဝန်ခံချင်မိလာတာမျိုး
မဟုတ်မှဒါဟာသူသုံးနေတဲ့ပညာတစ်မျိုးပဲလား

"ကျွန်တော်....''

''ဖိတ်ကြားလွှာလား....''

''အမ်....''

အနှီအလှလေးကသူဆွံ့အမိနေစဥ်အတွင်း
သူ့ရင်ဘက်အင်္ကျီစထဲလှစ်ခနဲတိုးဝင်လာရင်းတစ်စုံတစ်ခုကိုဆွဲထုတ်လိုက်လေသည်။

ဖြူဆွတ်နေသောလေးထောင့်ပုံကတ်ပြားလေးကိုအနီရောင်ကြိုးနဲ့ချည်နှောင်ထားလေသောအရာကားသူဒီလိုအေးစက်စက်နေရာကိုမျက်စိလည်ရောက်လာရသည့်တရားခံစစ်စစ်

ကတ်ပြားပေါ်တွင်နှင်းတောင်ထွဍ်၏တပည့်အဖြစ်ရွေးချယ်ခံရသူပိုင်လီဟူသောစာတစ်ကြောင်းသာရေးထားလေ၏

ထိုလူသည်အလုံးစုံကိုသိမြင်သွားရသည့်အလား

တွန့်ချိုးကျနေသောမျက်ခုံးအစုံကပြေလျော့သွားကာသူ့အားခပ်တုံးတုံးလူတစ်ယောက်နှယ်ကြည့်လာရင်းအချုပ်အနှောင်အစီအရင်ကိုပြန်ဖြည်ပေးလိုက်သည်။

''ဒီနေရာရဲ့အရှေ့တောင်ဘက်ကိုခြေလှမ်းတစ်ရာစာလှမ်းလိုက်ရင်မင်းအတွက်စီစဥ်ပေးမဲ့လူရှိလိမ့်မယ်.....

''.............''

ထိုစကားတစ်ခွန်းမှလွဲသူ့ကိုလှည့်ပင်မကြည့်ဘဲအပြင်ထွက်သွားလေသည့်အလှနတ်ဘုရားလေးကားခက်ထန်နေသောအငွေ့အသက်အပြည့်ဖြင့်

အကျိူးအကြောင်းဘာညာလို့တောင်ရှင်းမပြသွား
သောနတ်ဘုရားငယ်ကိုနတ်သူငယ်လေးပိုင်လီက
သူမှတ်သမျှတတ်သမျှနှင့်ကျိန်ဆဲလိုက်ရင်း
ထိုနတ်ဘုရားညွှန်သွားပါသောအရှေ့တောင်ဘက်ကိုဆတ်တောက်ဆတ်တောက်ထွက်သွားပါတော့သည်။

အပြင်ရောက်သွားပါသောနတ်ဘုရားလေးဟာ
သူ၏ဓားတော်လျန်ဟွားကိုဆင့်ခေါ်လိုက်ရင်း
ဝိညာဥ်စွမ်းအားပို့လွှတ်လျက်အသရေတင့်စေလိုက်သည်။
ပြာလဲ့လဲ့တောက်နေသောလျန်ဟွားဟာအရောင်အဝါတောက်လာ​တာနဲ့
မက်မွန်ပင်ထံဦးတည်လိုက်ကာလက်ကောက်ဝတ်အားသုံးလျက်ဓားသွားကိုတစ်ချက်ယမ်းလိုက်၏

ထိပ်ဖျားဆုံးမှကြွေကျလာသောမက်မွန်ပွင့်ဖတ်လေးဟာနှင်းထုအလယ်အထီးကျန်နေသည့်ပမာ

သူသည်လက်ဖဝါးဖြန့်ကာအနှီပွင့်ဖတ်လေးကိုခံယူလိုက်ရင်းနှူတ်ခမ်းအစွန်းတို့တစ်ချက်ကော့တက်လာလျက်...

''အရှေ့ပေါက်နဲ့အနောက်ပေါက်နဲ့မှားဝင်လာရတယ်လို့....ကျစ်...တုံးအလိုက်တာ''

*******************************************

ခြေလှမ်းတစ်ရာကွက်တိလှမ်းပြီးချိန်တွင်တွေ့လိုက်ရသောစံအိမ်တစ်ခုဟာနှင်းမှုန်တွေကြားမှကျောက်စိမ်းမြို့တော်အလား

ခမ်းနားကြီးကျယ်တယ်ဆိုတာထက်ကျက်သရေရှိကာကြော့ရှင်းတင့်တယ်သည့်အသွင်အပြင်မျိုးနှင့်ပင်

စံအိမ်အဝတွင်အမတသုံးပါးစောင့်ကြပ်လျက်ရှိပြီးလှံကိုကိုင်ဆောင်ထားကာခါးတွင်ဓားကိုယ်စီချိတ်ထားလျက်

မှုန်သုန်နေသောမျက်နှာထားတွေကအေးတိအေးစက်နဲ့ကြောက်လန့်ဖွယ်

''နေဦး....ဖိတ်ကြားလွှာပါလာသလား
မပါရင်ပြန်တော့....ဒါမင်းလာကစားရမဲ့နေရာမဟုတ်ဘူးကောင်လေး''

အဝင်ဝတွင်သူ့ရင်ဘက်ကိုလှံတံနဲ့တားပြီးပိတ်ဆို့ခံထားလိုက်ရတာမို့
ပိုင်လီအလိုမကျဖြစ်သွားရသည်။

သူ့တစ်သက်နဲ့တစ်ကိုယ်
ဤသို့နှယ်ခက်ခက်ထန်ထန်အဆက်ဆံမခံခဲ့ဖူးသည်မို့
စောစောကလည်းထိုအကျင့်မကောင်းသည့်နတ်ဘုရားကသူ့ကိုခက်ခက်ထန်ထန်ဆက်ဆံတာမှန်ပေမဲ့ရုပ်ချောတာကြောင့်ဒီမင်းသားကခွင့်လွှတ်ပေးလို့ရသေးသည်။

သို့သော်ဒီလိုရုပ်ဆိုးတဲ့တံခါးစောင့်တွေကိုတော့ဖြင့်ပိုင်လီကအဘယ်သို့နှယ်ခွင့်လွှတ်ပေးရမတဲ့လဲ

''ရာရာစစ.....မင်းတို့ကများငါကိုယ်တော်ကိုဘယ်သူလို့ထင်...''

''အိုက်ယား....စာသင်သားအသစ်ကလေးထပ်ရောက်လာတော့တာလား''

သူ့နောက်ကနေပုခုံးပေါ်လက်တစ်ဖက်တင်လာသည့်လူကြောင့်ပိုင်လီရပ်တန့်သွားရသည်။

ထိုပုဂ္ဂိုလ်ကဟိုနတ်ဘုရားလုပ်သည့်အတိုင်းထပ်တူသူ့ရင်ဘက်ထဲလက်ဝင်လာတာမို့ပိုင်လီနောက်ကိုချက်ချင်းပြန်ဆုတ်လိုက်ပါသော်လည်း
အချိန်မမီလိုက်

ဖိတ်ကြားလွှာကလျှောလျှောရှူရှူတစ်ဖက်ထံရောက်ရှိသွားရလေသည်။

''ဖိတ်ကြားလွှာလဲပါရဲ့သားနဲ့ဘာတွေရှုပ်နေတာတုန်းကောင်လေးရတောင်းရင်ပေးလိုက်ပေါ့.....

ရော့ဒီမှာ....အကိုကြီးတို့သူ့ကိုပေးဝင်လိုက်ကြတော့ဟုတ်ပြီလား''

တံခါးစောင့်ကဖိတ်ကြားလွှာကိုရိုရိုကျိုးကျိုးခယလှမ်းယူလိုက်ကာ

''ရွှိုက်ယန်ရှန်ကျွင်း....ဒီတစ်ခေါက်ပြန်လာတာစောလိုက်တာ''

''အင်း.....အောက်မှာသိပ်စိတ်ဝင်စားစရာမရှိတော့လို့...အယ်ဒီကောင်လေးမဝင်သေးဘူးလား
မင်းတို့လိုအသစ်လေးတွေကနာမည်စာရင်းအရင်သွင်းရဦးမှာလေ...နေ့လည်ကျအတန်းစတော့မှာအချိန်မရှိတော့ဘူး''

ပိုင်လီသည်အစကဖြစ်ပျက်နေသမျှအရာရာအကုန်နားမလည်နိုင်ခဲ့ပေမဲ့ထိုပုဂ္ဂိုလ်ရဲ့စကားတွေကြောင့်အကြောင်းအရာတချို့ကရေးတေးတေးပုံပေါ်လာလေ၏

ထို့နောက်သူသည်အစိမ်းရောင်နုနုဝတ်ရုံကို
ပနံလှစွာဝတ်ဆင်ထားပါသောပုဂ္ဂိုလ်အားကြည့်ကာမဝံ့မရဲဟန်ဖြင့်

''မဟုတ်မှ.... ဒီနေရာကနှင်းတောင်ထွဋ်လား....''

''မဟုတ်ရင်ရော.....ဒီနေရာက
​နေတောင်ထွဋ်ဖြစ်နိုင်မတဲ့လား''

နေရောင်နေပြောက်မရှိ
တဖွဲဖွဲကျနေသောနှင်းစက်တို့အားမေးငေါ့ကာဆိုလာသောရွိုက်ယန်ဟာအလွန်အမင်းပျင်းရိနေဟန်ဖြင့်...

''ကျွန်တော်.....ကျွန်တော်ကလမ်းပျောက်လာတာ''

''အင်း.....ဝှား''

သူသည်ပျင်းရိလွန်းသဖြင့်သမ်းဝေလိုက်ပြီးမှ
အနှီအူတိတူကြောင်လေးအားတစ်ချက်ကြည့်လိုက်ကာမေး၏

''မင်းကဘယ်သွားမှာမို့လဲ....''

''နှင်းတောင်ထွဋ်....''

''အမ်....ဘယ်လို''

''နှင်းတောင်ထွဋ် ကိုလာတာပညာသင်ဖို့ဒါပေမဲ့လမ်းတစ်ဝက်မှာတင်နှင်းမုန်တိုင်းမိသွားတာမို့
ကျွန်တော့်ကိုလိုက်ပို့တဲ့လူတွေနဲ့ကွဲသွားတာ.....
ဒီနေရာကဆက်သွယ်ရေးအစီအရင်လည်းသုံးမရ
ဘာမန္တန်မှလည်းရွတ်မရနဲ့လေ.....အဲ့ဒါနဲ့ကျွန်တော်လျှောက်သွားနေရင်း....ဒီနေရာရောက်လာတာ....မထင်ထားတာက''

''မထင်ထားတာက....မင်းလမ်းပျောက်လို့လျှောက်သွားရင်းရောက်လာတဲ့နေရာကနှင်းတောင်ထွဍ်ဖြစ်နေမယ်လို့လား.....ဟားဟား...စိတ်ဝင်စားစရာပဲ....စိတ်ဝင်စားစရာပဲ....လာလာ...ကောင်လေး
မင်းကြုံခဲ့ရတာလေးတွေအကုန်ဒီကိုကို့...ကိုပြောပြကြည့်....နားထောင်ကြည့်ရအောင်''

ရွှိုက်ယန်ကနောက်ဆုံးမှာပျင်းရိနေရာကအလွန်အမင်းတက်ကြွသွားရကာပျော်စရာလေးအားရှာတွေ့လိုက်ရသည့်အတိုင်းပိုင်လီကိုဆွဲခေါ်ကာအထဲသွင်းလိုက်တော့သည်။

''ပြောပါဦး....အရှေ့ဂိတ်ကဝင်လာရင်တော့မင်းသေချာပေါက်နှင်းတောင်ထွဋ်မှကြိုဆိုပါသည်။

အရေးကြီးမှဝင်လာရန်နဲ့
အပျင်းပြေလာစပ်စုသူများလှည့်ပြန်ကြရန်ဆိုတဲ့
မုခ်ဝကစကားလုံးကြီးတွေကိုတော့တွေ့ခဲ့ရမှာပဲ.....အခုမှသိတာဆိုတော့မင်း
ဘယ်အပေါက်ကဝင်လာတာလဲ''

ပိုင်လီသည်အစကမပြောချင်သော်လည်းအနှီပုဂ္ဂိုလ်ကနှင်းတောင်ထွဋ်ရဲ့အရေးပါတဲ့နတ်တစ်ပါးဖြစ်လောက်သည်ကြောင့်မလေးမစားမပြုဝံ့တော့
သူသည်ရိုးရိုးရှင်းရှင်းတစ်ခွန်းသာဆိုလိုက်၏

''ဒီအတိုင်းလမ်းပျောက်နေရင်းအရံအတားတစ်ခုကိုဖြတ်ဝင်လာတာပဲ....''

''..........''

''ဒါပဲလား....''

''အင်း.....ဒါပဲလေ''

ရွှိုက်ယန်သည်လွန်စွာမကျေနပ်သွားရကာ
မျက်နှာကမသာမယာနှင့်

''အာ.....ပျင်းစရာကြီး....နေပါဦးဒါဆိုဒီနေရာကိုမင်းဘယ်လိုရောက်လာတာလဲတစ်ယောက်ယောက်ကပြောလိုက်လို့လား
မင်းဘာသာမင်းလမ်းပျောက်ရင်းရောက်လာတာလား''

ပိုင်လီသည်သက်ပြင်းတစ်ချက်ချလျက်သူ့ကိုယ်သူစိတ်ရှည်ရှည်ထားဖို့ဆုံးမလိုက်သည်။

''နတ်ဘုရားတစ်ပါးကပြောလို့....''

အဆုံးတွင်ရွှိုက်ယန်ရဲ့မျက်လုံးတွေကတစ်ဖန်တောက်ပလာပြန်ကာ

''မင်းမြန်မြန်ပြော....အဲ့နတ်ဘုရားကဘယ်သူလဲ''

''ကျွန်တော်မသိဘူး.....''

''ဒါဆိုသူ့ပုံသဏ္ဍာန်ကရော....''

ပိုင်လီသည်အချိန်အတော်ကြာစဥ်းစားလိုက်ပြီးမှပြောလာ၏

''လှတယ်....''

''အမ်...ဘယ်လိုလှတာလဲ''

''တော်တော်လှတယ်....''

''ငါ့ထက်တောင်မှလား''

ပိုင်လီသည်နှာခေါင်းတစ်ချက်ရှုံ့လျက်တုံ့ဆိုင်းခြင်းအလျဥ်းမရှိ

''သေချာတာပေါ့.....''

'''..............''

ရွှိုက်ယန်သည်အစကအံ့အားတသင့်နှင့်
ကြောင်နေလျက်

ထိုမှတဆင့်သူသည်တစ်စုံတစ်ခုကိုတွေးမိသွားဟန်ဖြင့်အလေးအနက်

အဲ့နောက်မှာတော့သူသည်ပိုင်လီအားကြည့်ကာရယ်လာတော့သည်မှာခွက်ထိုးခွက်လန်......

''ဟားဟား....ဟားဟား....မင်းနာမည်ဘယ်သူ''

''ပိုင်လီ....''

''ပိုင်လီ...ဟားဟား....ရှောင်ပိုင်လီ
မင်းကတကယ့်လူကိုမှတွေ့လာခဲ့တာပဲသူကအဖြူရောင်ဝတ်တယ်ကြာပန်းပုံဓားကိုကိုင်တယ်စကားသိပ်မပြောဘူး....မျက်လုံးတအားလှတယ်
အေးစက်စက်နဲ့ရေသေကန်ကြီးလိုပဲ....တစ်ခုခုမသင်္ကါစရာတွေ့ရင်ဘာမပြောညာမပြောအချုပ်အနှောင်အစီအရင်ထဲတန်းထည့်တတ်တယ်.....မင်းရောအချုပ်အနှောင်အစီအရင်ထဲအထည့်ခံရသေးတယ်ဟုတ်.....''

ပိုင်လီသည်တအံ့တသြဖြစ်နေလျက်

''ခင်ဗျားဘယ်လိုလုပ်....''

''ရှင်းနေတာပဲ....ငါ့ထက်ချောလှတယ်ဆိုတဲ့နတ်ဘုရားကဒီနှင်းတောင်ထွဋ်မှာသူတစ်ယောက်တည်းပဲရှိနေတာကို.....ဒါနဲ့ဂုဏ်ယူပါတယ်ကောင်လေးမင်းတော့စောစောစီးစီးရှစ်စွမ်းကိုဂါရဝပြုခဲ့ရတာပဲ''

''ရှစ်စွမ်း.....ဂါရဝပြုတယ်''

ပိုင်လီသည်ရွှိုက်ယန်ကိုနားမလည်သည့်နှယ်ကြည့်ရင်းဆိုလာသည်မှာငတုံးလေးတစ်ယောက်ပမာ

ရွှိုက်ယန်ကတောင်တန်းပုံတွေဆွဲခြယ်ထားတဲ့ယပ်တောင်ကိုဖျတ်ခနဲဖွင့်ချလိုက်ကာပြုံးစစနဲ့

''အင်း....မင်းတွေ့ခဲ့တဲ့နတ်ဘုရားက
ဒီနှင်းတောင်ထွဋ်ရဲ့တစ်ဦးတည်းသောသခင်
မင်းရဲ့ရှစ်စွမ်းဖြစ်လာမဲ့သူ....ရှစ်ယင်ပဲ''

''....................''

***********************************************




***********************************************


ထို့အပြင်နဂါး

တစ်ဖက်တွင်လည်း



ရက်စက်ခြင်းနဲ့နူးညံ့ခြင်း


ထိုအချိန်အခါသမယတွင်
.....,...........................


ဈာပနဆန်ဆန်နေရာမျိုးလည်းရှိသေးသတဲ့လား




သို့သော်







ပီပီသသကြားလာရသည်။

သစ်ပင်တို့အား

မြင်လိုက်ရသည်ကား
ရေပူစမ်းတစ်ခုပင်....


ရေပူစမ်းသည်ကား



ရုတ်လိုက်မိသည်။

အသံလှိုင်းတစ်ခုပင်...


ကျောက်ဆောင်တစ်ခု
အမှန်ပင်

ဘာကြောင့်မှန်းမသိ
အန္တရာယ်မဟုတ်သည့်
ခံစားနေမိလေသည်။

ရင်ဘက်ကိုဖိကာ

ခြေငါးလှမ်းအလို

လေးလှမ်းအလို

သုံးလှမ်းအလို

နှစ်လှမ်းအလို

တစ်လှမ်း

ဘုရားရေ......



ပြန်ယူရလေသည်


နေရောင်စူးစူး



သက်ရှိဆိုသည်ထက်


စေလျက်...

ထပ်တင်ထားကာ
ထိုလက်များအပေါ်တွင်


အလှတရားတစ်ခုပင်


ထိုအလှတရားလေးကဖြင့်


တစ်နည်းအားဖြင့်



ဘယ်လိုလုပ်ရမလဲ
နိုးလာတော့မှာ




သေချာပေါက်

ဟုတ်ပါတယ်သေချာပေါက်....

အတွေးဆုံးသည်နှင့်

ဘုရားရေ

လှသည်...

မဟုတ်
လှသည် ထက်ကိုပို၏

ပထမဆုံးသတိထားမိသည်က
ဓားသွား.....

ထိုဓားသွား၏ဦးတည်ရာကား


..,,......,...,.,,...,...



အလှလေးကဖြင့်


အဲ့အတိုင်းထိုင်နေလိုက်တာများသူရှိမနေသည့်အတိုင်း

"ဟေ့လူ


အေးစက်ချက်က
ကြက်သီးထဖွယ်ရာပင်

မဖျက်နိုင်ဘူးလား''



"ဒီမှာ''




"ထူးဆန်းတယ်''


"ဘာမှမထူးဆန်းဘူး



"ခင်ဗျား....''



"​ပြောလေ...''


"ကျွန်တော်....''

''ဖိတ်ကြားလွှာလား....''

''အမ်....''







''.............''


အကျိုးအကြောင်းဘာညာလို့တောင်ရှင်းမပြသွား





*******************************************







စောစောကလည်းထိုအကျင့်မကောင်းသည့်မတ်ဘုရားကသူ့ကိုခက်ခက်ထန်ထန်ဆက်ဆံတာမှန်ပေမဲ့ရုပ်ချောတာကြောင့်ဒီမင်းသားကခွင့်လွှတ်ပေးလို့ရသေးသည်။





အချိန်မမီလိုက်










''မဟုတ်ရင်ရော.....ဒီနေရာက

နေရောင်နေပြောက်မရှိ


''အင်း.....ဝှား''



''နှင်းတောင်ထွဋ်....''

''အမ်....ဘယ်လို''





ဘယ်အပေါက်ကဝင်လာတာလဲ''

ပိုင်လီသည်အစကမပြောချင်သော်လည်းအနဗီပုဂ္ဂိုလ်ကနှင်းတောင်ထွဋ်ရဲ့အရေးပါတဲ့နတ်တစ်ပါးဖြစ်လောက်သည်ကြောင့်မလေးမစားမပြုဝံ့တော့


''..........''

''ဒါပဲလား....''

''အင်း.....ဒါပဲလေ''

မျက်နှာကမသာမယာနှင့်






''ကျွန်တော်မသိဘူး.....''



''လှတယ်....''

''အမ်...ဘယ်လိုလှတာလဲ''

''တော်တော်လှတယ်....''

''ငါ့ထက်တောင်မှလား''


''သေချာတာပေါ့.....''

'''..............''

ကြောင်နေလျက်




''ပိုင်လီ....''



''ခင်ဗျားဘယ်လိုလုပ်....''


''ရှစ်စွမ်း.....ဂါရဝပြုတယ်''




''....................''

***********************************************

Đọc tiếp

Bạn Cũng Sẽ Thích

156K 19.6K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.8M 300K 160
Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in coo - 108 Chapters + 6 extras တစ်ကြောင်...
861K 54K 26
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...
430K 53.1K 143
He's Super Sticky Chapter 223 "မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ ဖြည့်ဆည်း​ပေးမယ် ဆိုရင် မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်!" ဝိညာဉ်ရဲ့ မတည်မငြိမ် ဖြစ်မ...