💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book. : 66
Chapter. : 17 - 26
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဥ္ ၆၆၊ အခန္း ၁၇။ စုိးရိမ္ၿခင္းကင္းေသာနန္၏ အရည္အခ်င္းကုိ ပုိင္ဆုိင္ထားၿခင္း
ရီ၀မ္၀မ္ ထုိဗြီဒီယုိကို ၾကည့္ရင္း ပါးစပ္အေဟာင္းသား ၿဖစ္သြားသည္ ။
ဗြီဒီယုိထဲက ထုိမိန္းမသည္ လူသားတစ္ေယာက္၏ အရွိန္ကုိ ေက်ာ္လြန္ကာ အလင္းလုိ ၿမန္ဆန္လြန္းသည္ ။
တုိက္ခုိက္လုိက္သည့္ အရိပ္ကိုသာ ၿမင္ရၿပီး တခနအတြင္း
လိဟန္ဖန္ ့ခမ်ာ လြင့္ပ်ံတက္သြားေလသည္ ။
လိဟန္ဖန္ ့သည္ အလြန္အမင္း ၿမန္စြာ လႈပ္ရွားလုိက္ၿပီး ခ်က္ခ်င္း ခုခံေတာ့၏ ။ သူမ ဘာေၾကာင့္ ထတုိက္ရသလဲကုိ ေမးလာေသာ္လည္း ထိုမိန္းမသည္ လူယုတ္မာအၿပံဳးသာ ၿပံဳးလာေလသည္ ။ သုိ့ေသာ္ ရုပ္ဆုိးပန္းဆုိးပုံ ရုပ္ဖ်က္ထားေလသၿဖင့္ ထိုလူယုတ္မာအၿပဳံးမွာ အင္မတန္ကို ေအာ့နွလံုးနာစရာ ေကာင္းလြန္းလွေခ်သည္ ။
ထုိ့ေနာက္တြင္ ထိုမိန္းမသည္ ဆုိင္တစ္ဆုိင္လံုးကို လုိက္ဖ်က္ဆီးပစ္ၿပီး အမိုးကို ဆြဲခ်ြတ္ပစ္ေခ်သည္ ။
ထုိဗြီဒီယုိထဲက မိန္းမသည္ကား တၿခားသူ မဟုတ္ဘဲ ရီ၀မ္၀မ္ကုိယ္တုိင္ပင္ ၿဖစ္ေန၏ ။
"ငါ"
ရီ၀မ္၀မ္ ပါးစပ္အေဟာင္းသား ၿဖစ္မိသြား၏ ။
သူမသည္ လိဟန္ဖန္ ့ ေပးလာသည့္ ေကာ့ေတ့ေလးတစ္ခြက္ကုိသာ ေသာက္မိၿပီး ေမွာက္သြားခဲ့တာ မဟုတ္ဘူးလား ။
ရီ၀မ္၀မ္သည္ သူမ၏ အရက္ခံနုိင္စြမး္အေၾကာင္း ေကာင္းေကာင္း သိထားပါေသာ္လည္း
အသိဥာဏ္ေတြ အေမွာင္က်သြားၿပီးေနာက္ ၿပဳလုပ္မိသည့္
သူမ၏ အၿပဳအမူ တုိ့ကုိေတာ့ နားမလည္နုိင္ပါေခ် ။ သူမ ဘယ္တုန္းကစၿပီးေတာ့ ေပါ့ပေရး ၿဖစ္သြားတတ္တာလဲ ။
ေပါ့ပေရးက ဟင္းနုႏြယ္စားၿပီးမွ ေၿပာင္းလဲတာပါ ၊
င့ါက်မွ အရက္ေသာက္ၿပီးေတာ့ ေၿပာင္းလဲတာတဲ့လား ။
“ဂ်ဴနီယာညီမေလး ရီ .. ညီမေလး အစ္ကုိနဲ့ သုိင္းၿပိဳင္ခ်င္တယ္ ဆုိရင္လည္း ပြင့္ပြင့္လင္းလင္းပဲ ေၿပာပါေတာ့လား ။ ဘာလို့ ခုိးေၾကာင္ခုိး၀ွက္ ထတုိက္ရတာလဲ”
“…” ငါလည္း ဘယ္လုိလုပ္ သိမွာလဲ ။
အရက္မူးၿပီး ဘာလုပ္မိလဲ မသိတာကို က်ိန္ဆုိက်ိန္ပါတယ္ ။
“ဒါေၾကာင့္ကုိး ဒါေၾကာင့္ကိုး”
ရီ၀မ္၀မ္ ဖိန့္ဖိန့္တုန္ဂုိဏ္းမွာတုန္းက
ရိေရႊ ့ဟန္၏ အရက္ကုိ ေသာက္မိၿပီးေနာက္
အသိဥာဏ္ေတြ အေမွာင္က်သြားမိရာကေန ၿပန္သတိရလာခ်ိန္တြင္ ဖိန့္ဖိန့္တုန္ဂုိဏ္းက လူတုိင္းသည္ သူမကုိ ရီပုိင္ဟု ၀ကြက္ ယံုၾကည္သြားခဲ့ၾကၿပီး ပထမအၾကီးအကဲ နွင့္ တတိယအၾကီးအကဲ သည္ပင္ သူမအေပၚ က်ိဳးႏြံလာၾကသည္ကုိ သူမ အမွတ္ရမိသြား၏ ။
သူမ မူးေနတုန္းက အရမ္းၾကီး ေၾကာက္စရာေကာင္းေအာင္ ၾကမ္းၿပခဲ့မိလုိ့မ်ားလား ။
သူမ မူးေနၿပီဆုိရင္ လံုး၀ခပ္မိမိခပ္မိုက္မိုက္ ၿဖစ္သြားတာမ်ားလား ။ ဒီလုိဆိုရင္ေတာ့ၿဖင့္ သူမ အခုကစၿပီး လြတ္လပ္ေသာနယ္ေၿမထဲမွာ လုပ္ခ်င္တာ လုပ္လုိ့ ရၿပီေပါ့ ။ သူမ ဘယ္သူ ့ကိုမွ ေၾကာက္စရာ မလုိေတာ့ဘူးေပါ့ ။
“ညီမေလးရဲ့ သုိင္းကြက္ေတြက စီနီယာအစ္မ
စုိးရိမ္ၿခင္းကင္းေသာနန္ နဲ့ ေတာ္ေတာ္ဆင္တယ္”
ရီ၀မ္၀မ္ တိတ္ဆိတ္သြားသၿဖင့္
လိဟန္ဖန္ ့က တိုးတုိးေလး ေၿပာလာသည္ ။
“…” ဆင္မွာေပါ့ ၊ ငါက စုိးရိမ္ၿခင္းကင္းေသာနန္ ပဲဟာ ။
သူ ့ရဲ့စကားေတြေၾကာင့္ ရီ၀မ္၀မ္ အေတြးၾကီး ေတြးမိသြားၿပီး ေနာက္တစ္ခုကို ထပ္ဆက္စပ္ေတြးမိသြား၏ ။
လိဟန္ဖန္ ့သည္ သူမ မူးေနခ်ိန္ ထုတ္သံုးသြားသည့္ သိုင္းကြက္ေတြက စုိးရိမ္ၿခင္းကင္းေသာနန္ နွင့္ ဆင္တူသည္ဟု ေၿပာသြားေလသည္ ။
ဧကႏၱ .. သူမသည္ အသိဥာဏ္ေတြ အေမွာင္က်သြားတုိင္း စုိးရိမ္ၿခင္းကင္းေသာနန္ ပိုင္ဆုိင္သည့္ မွတ္ဥာဏ္ေတြနွင့္ သုိင္းပညာေတြက ေပၚထြက္လာတတ္ေပလား ။
သုိ့ေသာ္ ေသေသခ်ာခ်ာ ေတြးၾကည့္ၿပန္ေတာ့လည္း မွတ္ဥာဏ္ေတြ ၿပန္ေပၚေပၚလာၿခင္းက မဟုတ္ၿပန္ေပ ။ ဗြီဒီယုိထဲကအတုိင္းဆုိ သူမသည္ အသိဥာဏ္အေမွာင္က်သြားတာနဲ့ ေကာင္းကင္ဘံုကုိလည္း ထိပါးရဲသည္ ၊ ေၿမၾကီးကိုလည္း က်ဴးေက်ာ္ရဲသည္ ၊ ေလကုိလည္း ထြင္းေဖာက္ရဲသည္ ။ သူမသာ မွတ္ဥာဏ္ေတြ ၿပန္ရသြားသည္ ဆုိလ်ွင္ အေၾကာင္းမရွိဘဲနွင့္ လိဟန္ဖန့္ကုိ ဘာေၾကာင့္ ထရုိက္ပါမည္နည္း ။
မဟုတ္မွလဲြေရာ .. ငါက မူးလာရင္ စုိးရိမ္ၿခင္းကင္းေသာနန္ရဲ့ သုိင္းပညာကုိပဲ ရတာလား ။ ဒီလုိဆုိရင္ေတာ့ …
ရီ၀မ္၀မ္ ေတြးမိေန၏ ။
“ညီမက စိုးရိမ္ၿခင္းကင္းေသာနန္ ၿဖစ္လုိ့ ေနမွာေပါ့”
ရီ၀မ္၀မ္ လိဟန္ဖန္ ့ကို ၾကည့္ကာ စလုိက္၏ ။
သူသည္ သူမကို ၾကည့္လာေသာ္လည္း ဘာမွေတာ့ မေၿပာေပ ။
သူ ့ကုိယ္ေပၚက ဖုန္ေတြကို ခါခ်လုိက္ၿပီး ဆုိင္၀န္ထမ္းဘက္ကို လွည့္လုိက္သည္ ။
“ပ်က္စီးသြားတာေတြကုိ ငါ့စာရင္းထဲ ထည့္လုိက္”
“ဟုတ္ကဲ့” ထို၀န္ထမ္းက ေခါင္းညိတ္ၿပလာသည္ ။
ထုိ့ေနာက္တြင္ လိဟန္ဖန္ ့သည္ တစ္ခ်က္မၾကည့္ဘဲ
ဆုိင္ထဲကေန ထြက္သြားေလၿပီ ။
“…” ငါက စုိးရိမ္ၿခင္းကင္းေသာနန္ပါဆုိေန ၊ ဒီလုိၾကီး ပစ္သြားရသလားလုိ့ ။
……………………………………………………...........................
စာစဥ္ ၆၆၊ အခန္း ၁၈။ သိုင္းၿပိဳင္ပြဲမွာ ၀င္ၿပိဳင္ၿပီ
လိဟန္ဖန္ ့ ထြက္သြားၿပီး မၾကာမီ
ရီ၀မ္၀မ္လည္း လွည့္ထြက္သြားလုိက္၏ ။
ထိုဆိုင္၀န္ထမ္း၏ သူမကို ေၾကာက္လန့္စြာ ၾကည့္ေနပံုက
အေတာ္ေလး ခံရခက္ေပသည္ ။
သူမ မွားမွန္း သိသၿဖင့္ ထုိုဆုိင္ထဲတြင္ ၾကာၾကာဆက္ေနလိုစိတ္လည္း မရွိေတာ့ေပ ။
အေဆာင္ခန္းဆီကုိ ၿပန္ေရာက္သြားခ်ိန္တြင္
လီရွင္းနွင့္ တၿခားသူမ်ားသည္ ၿပဴးက်ယ္ေနသည့္ မ်က္လံုးတုိ့ၿဖင့္ သူမကုိ ၾကည့္ေနၾကေလသည္ ။
"ညီမေလး စားလုိ့ ၿပီးခဲ့ၿပီလား ။ ညီမေလးအတြက္ ထမင္းေပါင္း ယူလာတယ္" လီရွင္းက အၿပံဳးၾကီး ၿပံဳးကာ ရီ၀မ္၀မ္ဆီကို အၿမန္ေလ်ွာက္လာသည္ ။
"ဖယ္စမ္းပါ" နွစ္က်ေၾကးစားတစ္ေယာက္က လီရွင္းကုိ တြန္းပစ္ၿပီး ၿပံဳးၿပံဳးၾကီး ၾကည့္လာၿပန္သည္ ။
"၀မ္ ညီမေလး ကုိၾကီး မင္းအတြက္ နို့လက္ဖက္ရည္နဲ့ စားေကာင္းတာေတြ ယူလာတယ္"
ရီ၀မ္၀မ္ ။ "…" ဘာေတြ ၿဖစ္ေနတာလဲ ။
အေဆာင္ထဲက လူတုိင္းသည္ သူမကုိ
ေနေကာင္းလား က်န္းမာလား ဘာညာသာရကာ နွင့္
ဘာလုိေသးလဲ ဘာလိုအပ္လဲ ေမးကာ ကပ္ဖားရပ္ဖား လုပ္ေနၾကေလသည္ ။
"၀မ္ ညီမေလးက အရမ္း မိုက္လုိက္တာ ..
ဖိန့္ဖိန့္တုန္ဂုိဏ္းက ခုနစ္စင္ၾကယ္ နဲ့ ၾကယ္ခုနစ္ကုိေတာင္
တကယ္ၾကီး ေဆာ္ပစ္နုိင္ခဲ့တယ္"
"ညီမေလး ၀မ္ ေနာက္တစ္ခါ မစ္ရွင္ထြက္ရင္
အစ္ကုိတုိ့ကုိပါ ေခၚသြားေပးပါလား ၊ ဒါဆုိ အစ္ကုိတုိ့လည္း
C အဆင့္ ေၾကးစားေတြ ၿဖစ္လာလုိ့ ရၿပီ"
ရီ၀မ္၀မ္ ထုိေတာ့မွ နားလည္သေဘာေပါက္သြား၏ ။
ဒါေၾကာင့္ သူတုိ့ ဒီေလာက္ ဖားေနတာကိုး .. ။
"ညီမေလး ၀မ္ သိလား ၊ ညီမေလးက ဒီမီးလ်ွံေက်ာင္း တစ္ေက်ာင္းလံုးမွာ အၾကီးအကဲေတြကုိ ၿပန္ေၿပာရဲတဲ့ ဒုတိယေၿမာက္ပဲ ။ ပထမတစ္ေယာက္က စီနီယာမမ စုိးရိမ္ၿခင္းကင္းေသာနန္"
"စီနီယာမမ စုိးရိမ္ၿခင္းကင္းေသာနန္က မီးလ်ွံေက်ာင္းေတာ္ရဲ့ လူစြမ္းေကာင္းမေလးေလ ၊ သူ တင္သြားတဲ့ စံခ်ိန္ေတြမွ မနည္းမေနာဘူး ။ အင္း .. စီနီယာမမ နန္လင္းလံုက အဲ့စံခ်ိန္ေတြအကုန္လံုးကုိ ခ်ိဳးပစ္လုိက္တာ နွေမ်ာစရာ ေကာင္းတယ္"
ရီ၀မ္၀မ္၏မ်က္၀န္းတုိ့ ေအးစက္လာသည္ ။
တစ္ေန့က်ရင္ ငါ့ဆီကေန နန္လင္းလုံ ခုိးသြားသမ်ွကုိ ငါ ၿပန္ယူမယ္ ။
ေနာက္တစ္ေန့ မနက္တြင္
ရီ၀မ္၀မ္ အၾကီးအကဲ ခံုး၏ စံအိမ္ဆီကုိ ေရာက္သြားခ်ိန္
ဧည့္ခန္းထဲတြင္ အၾကီးအကဲ ခံုး အၿပင္
ေနာက္ထပ္အမ်ိဳးသမီး တစ္ေယာက္ပါ ရွိေနေလသည္ ။
ရီ၀မ္၀မ္ ထိုအမ်ိဳးသမီးကို ၿမင္လုိက္ခ်ိန္တြင္ အၾကီးအကဲ ေလ်ာင္ဟယ္နွင့္ တစ္ဖက္တည္းက ၿဖစ္သည့္သူမွန္း
တန္းသိလုိက္ပါ၏ ။
“အၾကီးအကဲ ခံုး .. ရွင့္တပည့္မ သိုင္းၿပိဳင္ပြဲမွာ ၀င္ၿပိဳင္မွ ၿဖစ္လိမ့္မယ္”
ထိုအမ်ိဳးသမီးၾကီးက မဲ့ရြဲ ့စြာၿဖင့္ ေၿပာဆုိေနသည္ ။
အၾကီးအကဲ ခံုး သည္ ထုိအမ်ိဳးသမီးကုိ ၾကည့္လုိက္ကာ ..
“ရီ၀မ္၀မ္က D အဆင့္ ေၾကးစားပဲ ရွိေသးတယ္ ၊
၀င္ၿပိဳင္ဖို့ မၿဖစ္နုိင္ဘူး”
“အဟက္ .. အၾကီးအကဲ ခံုး ရာ ၊ ဒါေပမယ့္ ရွင့္တပည့္မက
A အဆင့္ မစ္ရွင္နွစ္ခုေတာင္ ၿပီးထားမွေတာ့ သူ ့ေၾကးစား အဆင့္ကို ထည့္တြက္ေနစရာ မလုိပါဘူးရွင္ ။ ၿပီးေတာ့ အၾကီးအကဲ ေလ်ာင္ဟယ္ကလည္း ေက်ာင္းအုပ္ဆီမွာ ခြင့္ေတာင္းၿပီးသြားၿပီ ၊ ေက်ာင္းအုပ္ကလည္း သေဘာတူလုိက္တယ္”
ထုိအမ်ိဳးသမီးၾကီးက ဟန္လုပ္ၿပံဳးကာ ၿပန္ေၿပာသည္ ။
အၾကီးအကဲ ခံုး ၿပန္မေၿပာရေသးခင္
ရီ၀မ္၀မ္ ထရပ္လုိက္ၿပီး ထိုအမ်ိဳးသမီးၾကီးကို ၾကည့္ကာ
ေအးစက္စြာ ေၿပာလုိက္သည္ ။
“အၾကီးအကဲ ေလ်ာင္ဟယ္ နဲ့ မန္ကဲကုိ ေၿပာလုိက္ ။
က်ြန္မ သုိင္းၿပိဳင္ပြဲမွာ ၀င္ၿပိဳင္မယ္”
ထိုအမ်ိဳးသမီးက ၿပံဳးကာ ေခါင္းညိတ္သည္ ။
“ဆရာၾကီး ခံုး ရွင္ကိုယ္တုိင္ ၾကားတယ္ေနာ္ ။ ရွင့္တပည့္မာကိုယ္တုိင္ကိုက ၀င္ၿပိဳင္ခ်င္ေနတာ ။
စကားဆုိတာ ေရလုိပဲ ၊ ေၿပာၿပီး ၿပန္ရုတ္လုိ့ မရဘူး”
အမ်ိဳးသမီးၾကီးက အၾကီးအကဲ ခံုးကုိ ၿပန္ေၿပာခြင့္ မေပးဘဲ ထြက္သြားေလၿပီ ။
ထိုအမ်ိဳးသမီး ထြက္သြားေတာ့ အၾကီးအကဲ ခံုး သည္
မရႊင္ၾကည္ေသာ မ်က္နွာ ၊ မႈန္မိႈင္းေသာ စိတ္ခံစားခ်က္ၿဖင့္ ရီ၀မ္၀မ္ဘက္ကို လွည့္ၾကည့္လာေလၿပီ ။
“သုိင္းၿပိဳင္ပြဲမွာ ၀င္ၿပိဳင္ဖုိ့ မင္းကို ဘယ္သူ ခြင့္ၿပဳထားလဲ”
“…” အရက္ေလ .. ။
“ရီ၀မ္၀မ္ … အၾကီးအကဲ ေလ်ာင္ဟယ္ က မင္း ၀င္ၿပိဳင္လုိ့
ရေအာင္ ေက်ာင္းအုပ္ဆီမွာ ဘာလို့ ခြင့့္သြားေတာင္းတာလဲ
သိလား ။ သူ မင္းကုိ ရွင္းခ်င္လုိ့ ၊ မင္းကုိ အေသသတ္ခ်င္လုိ့ ကြ”
ၿမင္ကြင္းတစ္ခုက အၾကီးအကဲ ခံုး ၏ စိတ္အာရံုတြင္ ထင္ဟပ္လာေလသည္ ။
“လြန္ခဲ့တဲ့တစ္နွစ္က သုိင္းအရမ္း ထူးခ်ြန္တဲ့ တပည့္ရင္း
တစ္ေယာက္ ငါ့ဆီမွာ ရွိတယ္ ။ သူ သံုးနွစ္ေလာက္သာ ထပ္ေစာင့္လုိက္ရင္ မင္းရဲ့စီနီယာအစ္မ စုိးရိမ္ၿခင္းကင္းေသာ ကုိ ေက်ာ္သြားေလာက္တယ္”
ရီ၀မ္၀မ္လည္း ဖုန္းထင္းအေၾကာင္းကုိ ေက်ာင္းက တၿခားေက်ာင္းသားမ်ားဆီကေန ၾကားထားပါ၏ ။
ဖုန္းထင္းသည္ သုိင္းၿပိဳင္ပြဲတြင္ ၀င္ၿပိဳင္ခဲ့ၿပီး ၿပိဳင္ဘက္ကင္း ၿဖစ္လာခါနီးတြင္ အၾကီးအကဲ ေလ်ာင္ဟယ္ ၏ အၾကီးဆံုး တပည့္နွင့္ ရင္ဆုိင္ခဲ့ရေလသည္ ။
အၾကီးအကဲ ေလ်ာင္ဟယ္ ၏ ထိုအၾကီးဆံုးတပည့္နွင့္ ရင္ဆုိင္တုိက္ခုိက္ေနရင္း သူ ေသပြဲ၀င္ခဲ့ရေလသည္ ။
သုိင္းၿပိဳင္ပြဲဆုိသည္မွာ အရႈံးအနိမ့္ သဲကြဲမွ ရပ္ရသည္ခ်ည္းမို့
ေသပြဲနွင့္ ရင္ဆုိင္ရသည္တုိ့လည္း ရွိတတ္သည္ခ်ည္းသာ ။
……………………………………………………………....................
စာစဥ္ ၆၆၊ အခန္း ၁၉။ ဂ်ိဘုရင္နွင့္ အရွင္နတ္ဆိုး
ေလ်ာင္ဟယ္သည္ ဖုန္းထင္းအား တမင္ သတ္ပစ္ခဲ့ေသာ္လည္း အရွိန္မထိန္းနုိင္ဘဲ မေတာ္တဆ သတ္မိခဲ့ၿခင္းပါဟု ထုတ္ေဖာ္ေၿပာၾကားလာခဲ့ၿခင္းေၾကာင့္
ေက်ာင္းေတာ္က ထိုကိစၥကုိ အေရးမယူနုိင္ဘဲ လႊတ္ေပး ခဲ့ရ၏ ။
"ဒီတစ္ေခါက္ သုိင္း၀င္ၿပိဳင္တာက မင္းရဲ့ စီနီယာအစ္ကိုၾကီး ထင္းဖုန္းလုိပဲ အဆံုးသတ္လိမ့္မယ္"
အၾကီးအကဲ ခံုး သည္ ခပ္ဖြဖြေလး သက္ၿပင္းခ်လိုက္၏ ။
"ဒါေပမယ့္ .. ေနာက္ဆံုးပြဲအထိကုိ မ၀င္သြားနဲ့ ။ ေလ်ာင္ဟယ္ရဲ့ တပည့္ေတြနဲ့ ထိပ္တုိက္မတုိးရင္ ဘာမွ ၿပသနာမရွိဘူး"
ရီ၀မ္၀မ္သည္လည္း ေနာက္ဆံုးပြဲစဥ္အထိ ေရာက္နုိင္မေရာက္နုိင္ကုိ မသိပါေခ် ။ သုိ့ေသာ္ သူမသည္ ပြဲပင္ မ၀င္ခင္ အၿပင္မွာ ၾကိဳေၾကာက္ေခ်းပန္းေနမည့္ သူမ်ိဳး ဟုတ္လုိ့လား ။
အေစာနက သူမ ေတြးမိသည္မွာ သူမသာ ဒီၿပိဳင္ပြဲကုိ ၀င္မၿပိဳင္ခဲ့ရင္ သူမဆရာသည္ မ်က္နွာပ်က္ရေပလိမ့္မည္ ။
ဟူး .. လုပ္ၿပီးတာေတြက လုပ္ၿပီးေနၿပီပဲဟာ ၊ ထားလုိက္ေတာ့ ။
ငါ့မွာ ရွိသေလာက္နဲ့ပဲ စြမ္းေဆာင္ရ တာေပါ့ ။
သူတုိ့ကုိ ငါက ေၾကာက္ေနစရာလား ။
"ဆရာ့မွာ အရက္ရွိလား"
ရီ၀မ္၀မ္ ေမးလုိက္သည့္ စကားေၾကာင့္
အၾကီးအကဲ ခံုး အ့ံၿသသြား၏ ။
"မင္းက ေၾကးစားတစ္ေယာက္ ၊ ၿပီးေတာ့လည္း
မိန္းကေလး အရက္ေတြ အရမ္းမေသာက္နဲ့"
ဟု အၾကီးအကဲ ခံုး က ၿပန္ေၿပာသည္ ။
အၾကီးအကဲ ခံုး သည္ သူမကုိ အရက္ေပးခ်င္ဟန္ မရွိေနသၿဖင့္ ရီ၀မ္၀မ္ အားတင္းကာ လက္ေလ်ွာ့လုိက္ရ၏ ။
စံအိမ္ကာ ထြက္ၿပီးေနာက္ ရီ၀မ္၀မ္ ခ်က္ခ်င္း ထုိလက္ဖက္ရည္ဆိုင္ကို ေလွ်ာက္သြားလုိက္သည္ ။
"ဒီထဲကုိ ဟုိတစ္ေခါက္တုန္းက အရက္ၿပင္းၿပင္း ပါတဲ့ ေကာ့ေတးေတြ ၿဖည့္ေပး"
ရီ၀မ္၀မ္ အရက္ဘူးသီးတစ္လံုးကုိ ထုတ္ယူလုိက္ၿပီး ထုိ၀န္ထမ္းကို ေပးလုိက္သည္ ။
ထုိ၀န္ထမ္းေလး၏ ထိတ္လန့္တုန္ရီစြာ အရက္ၿဖည့္ေနပံုကို ၾကည့္ရင္း ရီ၀မ္၀မ္ အတုိင္းထက္အလြန္ကုိ အံ့ၿသေနမိ၏ ။
ငါက မေကာင္းဆုိး၀ါးမို့လို့လား ။ အဲ့ေလာက္ေတာင္ ေၾကာက္ဖုိ့ ေကာင္းေနလို့လား ။
ပိုက္ဆံရွင္းၿပီးေနာက္တြင္ ထုိဘူးသီးေၿခာက္အရက္ကို ယူသြားလိုက္ေတာ့သည္ ။
အရက္အစြမ္း အံ့မခန္းပဲ ။
သုိင္းၿပိဳင္ပြဲရဲ့ အေၿဖက နင့္အေပၚမွာပဲ လံုး၀ မူတည္သြားၿပီ
ေနာ္ ၊ အရက္ေလး ။
မ်က္ေတာင္တစ္ခတ္ အတြင္းမွာပင္
သံုးရက္ ၿပည့္သြားေလၿပီ ။
မီးလ်ွံေက်ာင္းေတာ္၏ ေတာင္ထပ္ေပၚတြင္ လူေတြ ၿပည့္က်ပ္ေန၏ ။
ေတြ ့ရခဲတတ္သည့္ A အဆင့္ ေၾကးစားမ်ားကုိပါ မ်က္စိတဆံုး ၿမင္ေနရၿပီး ေရႊေရာင္ တလက္လက္ ၿဖစ္ေနသည့္ S အဆင့္ ေၾကးစားမ်ားပင္ မ်ားစြာ ရွိေနၾကေလသည္ ။
သုိင္းၿပိဳင္ပြဲၾကီးမွာ တစ္နာရီအတြင္း တရား၀င္ စေတာ့မည္ ။
ရီ၀မ္၀မ္သည္ ခါးထက္တြင္ ဘူးသီးအရက္ကုိ ခ်ိတ္ဆြဲထားၿပီး ေလ်ွာက္လာကာ ထိုေနရာကို ၾကည့္ေနေလသည္ ။
မီးလ်ွံေက်ာင္းေတာ္က တကယ့္ကို မဟာေက်ာင္းေတာ္ၾကီး သံုးေက်ာင္းထဲက တစ္ေက်ာင္း ၿဖစ္ထုိက္ပါေပ၏ ။
တကယ့္ကို ထူးၿခားေၿပာင္ေၿမာက္လြန္းေပသည္ ။
အဆင့္ၿမင့္ေၾကးစားမ်ားေရာ အၾကီးအကဲမ်ား အားလံုးပါ လူအင္အားေရာ အရည္အခ်င္းပါ
တၿခားသာမန္ေၾကးစားေက်ာင္းမ်ားနွင့္ အၿခားနားၾကီး ၿခားနားလွေပသည္ ။
ဖိန့္ဖိန့္တုန္ဂိုဏ္းက လူအင္အားအလံုးအရင္းနွင့္ လာတုိက္လ်ွင္ပင္ သူတုိ့သာ လြင့္ပ်ံသြားေပလိမ့္မည္ ။
မၾကာခင္ ရီ၀မ္၀မ္ ဧည့္သည္ေတာ္မ်ားအတြက္ သီးသန့္ခ်ေပးထားေသာ ေနရာဆီကုိ ေရာက္ရွိသြား၏ ။
သူမသည္ စကားေၿပာဖုိ့ရာ အၾကီးအကဲ ခံုး ကို လုိက္ရွာၾကည့္လုိက္ေသာ္လည္း ရွာမေတြ ့မိေသးခင္ အင္အားအၿပည့္ပါေသာ လက္တစ္စံုက သူမပုခံုးေပၚကို
ခပ္ဖြဖြေလး သက္ဆင္းလာေခ်သည္ ။
ရီ၀မ္၀မ္ ခ်က္ခ်င္း လွည့္ၾကည့္လုိက္၏ ။
“ဂ်ိရိႈ ့ရန္”
ထုိေယာက်ာ္း၏ သိမ္ေမြ ့ႏူးညံ့ေသာ အၿပံဳးကုိ ၿမင္လုိက္ၿပီး
ရီ၀မ္၀မ္ အံ့ၿသသြားသည္ ။
သူမအေရွ့က အၿဖဴေရာင္၀တ္စံုနွင့္ ထုိေယာက်ာ္းမွာ ဂ်ိရိႈ ့ရန္ကလြဲၿပီး တၿခားမရွိေလၿပီ ။
ရီ၀မ္၀မ္ စကားေၿပာဖုိ့ လုပ္လုိက္ခ်ိန္ ေက်ာထဲ စိမ့္ခနဲ ၿဖစ္မိသြားသၿဖင့္ ဧည့္သည္ေတာ္ေနရာဆီ မသိလုိက္ဘဲ လွည့္ၾကည့္မိသြား၏ ။
၀တ္စံုၿပည့္ ၀တ္ဆင္ထားေသာ ေယာက်ာ္းတစ္ေယာက္ ။ ထုိသူ၏မ်က္၀န္းတုိ့သည္ ေႏြးေထြးမႈ အလ်ဥ္းမရွိဘဲ ေအးစက္ေနသည္မွာ ညမင္းၾကီးလားပင္ ေအာက္ေမ့ရ၏ ။
“အရွင္နတ္ဆိုး” ရီ၀မ္၀မ္ အံ့ၿသသြား၏ ။
ဘာေတြ ၿဖစ္ေနတာလဲ ။
ဘာလို့ ဂ်ိရိႈ ့ရန္ ေရာ အရွင္နတ္ဆိုးေရာ ဒီကို ေရာက္ေနတာလဲ ။
အရွင္နတ္ဆုိးသည္ ရီ၀မ္၀မ္၏ ဘယ္ဘက္ပုခံုးေပၚ မုိးထားေသာ
ဂ်ိရိႈ ့ရန္၏လက္ကုိ ၾကည့္ကာ ပိုလ့ုိပင္ ေအးခဲလာေတာ့သည္ ။
ဂ်ိရိႈ ့ရန္သည္ကေတာ့ အရွင္နတ္ဆုိးကုိ သတိမၿပဳမိသလိုလုိ ၿပဳကာ ရီ၀မ္၀မ္အေပၚတြင္သာ အာရံုအၿပည့္ စိုက္ထားၿပီး ခပ္ေဖ်ာ့ေဖ်ာ့ေလး ရယ္ေမာလုိက္ကာ ေမးလာသည္ ။
“ေရွာင္ဖန္း .. မီးလ်ွံေက်ာင္းေတာ္မွာ အဆင္ေၿပရဲ့လား”
“ဘာလုိ့ ဒီကုိ ေရာက္လာတာလဲ”
ရီ၀မ္၀မ္သည္ မ်က္ေမွာင္အၾကဳတ္ၾကီး ၾကဳတ္ေနမိ၏ ။
လာတာကေတာ့ ထားပါဦး ၊ ဒါေပမယ့္ ဘာလုိ့ ဂ်ိဘုရင္ေရာ အရွင္နတ္ဆိုးေရာ နွစ္ေယာက္စလံုး ေရာက္လာရတာလဲ ။
……………………………………………………………....................
စာစဥ္ ၆၆၊ အခန္း ၂၀။ ရီ၀မ္၀မ္ရဲ့ အလွည့္
"မီးလ်ွံေက်ာင္းေတာ္က ကိုယ္တုိ့ကို ဖိတ္ထားလုိ့"
ဂ်ိရိႈ ့ရန္က ခပ္ၿပံဳးၿပံဳးေလး ဆုိသည္ ။
ထုိအခုိက္တြင္ အၾကီးအကဲ ေလ်ာင္ဟယ္သည္ မန္ကဲနွင့္ တၿခားေက်ာင္းသားမ်ားကုိ ေခၚေဆာင္ကာ အရွင္နတ္ဆိုးဆီကုိ ေလွ်ာက္သြားၾကသည္ ။
"အရွင္နတ္ဆုိး ဒီေန့ ၾကြလာတာ သိပ္ကို ဂုဏ္ယူမိပါတယ္ ဗ်ာ"
ေလ်ာင္ဟယ္က ခပ္ၿပံဳးၿပံဳးၿဖင့္ ႏႈတ္ဆက္လုိက္သည္ ။
"အင္း" အရွင္နတ္ဆိုးသည္ ရႈတည္တည္ပင္ ၿပန္ဆုိၿပီး ေလ်ာင္ဟယ္အား သူ ့ေဘးတြင္ ထုိင္ခြင့္ေပးလုိက္၏ ။
"ဆရာ .. အဲ့ဒီရီ လည္းပဲ ၀င္ၿပိဳင္မယ္တဲ့"
မန္ကဲက ေအးစက္စြာၿဖင့္ ေၿပာလာသည္ ။
"စိတ္ခ် ဆရာ ၊ အၾကီးအကဲ ခံုး က ဒီေန့လည္း ေနာက္ထပ္တပည့္တစ္ေယာက္ကုိ ဆံုးရံႈးေစရမယ္ ။
အဲ့ဒီရီ၀မ္၀မ္ ေသကို ေသေစရမယ္"
ေလ်ာင္ဟယ္က ေခါင္းညိတ္ၿပလုိက္ၿပီး အရွင္နတ္ဆိုး ဘက္ကုိ လွည့္သြား၏ ။
"ခြင့္လႊတ္ပါဗ်ာ အရွင္နတ္ဆိုး ။ အခုတေလာ အၾကီးအကဲ ခံုး ဆီမွာ ရီ၀မ္၀မ္လုိ့ ေခၚတဲ့ တပည့္တစ္ေယာက္ ေပၚလာတယ္ ေလ ။ သူက က်ဳပ္တပည့္ကို ထပ္ခါထပ္ခါ စိ္န္ေခၚေနေတာ့ က်ဳပ္တပည့္လည္း ဒီေန့ေတာ့ နည္းနည္းေလး ရက္စက္လိမ့္မယ္"
အရွင္နတ္ဆိုးသည္ ေဆာင္းရာသီ၏ အေအးဆံုးေသာ
ေန့လို ေအးခဲလြန္းေသာ မ်က္၀န္းတုိ့ၿဖင့္ ေလ်ာင္ဟယ္အား ခပ္တင္းတင္း စုိက္ၾကည့္လုိက္ကာ …
"အဲ့ဒီလုိလား"
"တကယ္လုိ့ အရွင္နတ္ဆုိးလည္း စိတ္၀င္စားမယ္ဆုိရင္
အတူတူ ၾကည့္ၾကတာေပါ့ဗ်ာ ။ ဘယ္လိုလဲ"
"ေကာင္းၿပီ"
အရွင္နတ္ဆိုးသည္ သူ ့ဆီကေန အၾကည့္လႊဲလုိက္ၿပီး တခ်က္တခ်က္တြင္ အေ၀းမွာ ရွိေနေသာ ရီ၀မ္၀မ္ နွင့္ ဂ်ိဘုရင္ကိုု လွည့္လွည့္ ၾကည့္ေနမိ၏ ။
အရွင္နတ္ဆိုးနွင့္ ဂ်ိဘုရင္ နွစ္ေယာက္စလံုးသည္ မီးလ်ွံေက်ာင္းေတာ္က ဂုိဏ္းသားမ်ားနွင့္ အလုပ္ကိစၥ ရွိလုိ့ ေရာက္လာၾကၿခင္း ၿဖစ္၏ ။ ဒီေန့တြင္ အၾကီးအကဲ ခံုး က ဂ်ိရိႈ ့ရန္အား ဖိတ္ေခၚထားၿခင္း ၿဖစ္ၿပီး အရွင္နတ္ဆိုးကိုမူ ေလ်ာင္ဟယ္က ဖိတ္ထားၿခင္း ၿဖစ္ေပသည္ ။
အရွင္နတ္ဆိုး၏ နံေဘးတြင္မူ က်န္းယန္မွာ ဇေ၀ဇ၀ါ ၿဖစ္ေန၏ ။
အဲ့ဒီဆတ္စလူးမက ဘယ္လိုလုပ္ၿပီး မီးလ်ွံေက်ာင္းသား ၿဖစ္ေနတာလဲ ။ မိတ္ကပ္ၿပင္ထားတာ အက်ည္းတန္ေနေပမယ့္လည္း
သူ ၿပာၿဖစ္သြားရင္ေတာင္မွ သူ ့မ်က္လံုးနဲ့ သူ ့အၿပဳအမူကုိ ၿမင္တာနဲ့
ငါ တန္းသိတယ္ ။
က်န္းယန္သည္ အနည္းငယ္ စိတ္ရႈပ္ေထြးေနေသာ္လည္း ဘာမွေတာ့ မေၿပာလုိက္ေပ ။
လာမည့္ ၿပိဳင္ပြဲေတြကုိသာ သူ ေမွ်ာ္လင့္တစား ေစာင့္ၾကည့္ေနလုိက္၏ ။ အၾကီးအကဲ ေလ်ာင္ဟယ္သည္ အလြန္အမင္း စြမ္းလြန္းလွၿပီး သူ၏ တပည့္မ်ားသည္လည္း လြတ္လပ္ေသာနယ္ေၿမထဲတြင္ အေတာ္ေလး နာမည္ၾကီး လွေပသည္မို့ သူတုိ့ေတြသာ သူနွင့္ သူ့သခင္အစား ထုိဆတ္စလူးမကို ပညာေပးလုိက္နုိင္ရင္ သူ အေတာ္ၾကီး နွလံုးပီတိ ဂြမ္းဆီ ထိမိမည္မွာ အမွန္ပင္ ။
“၀မ္၀မ္ .. ဆရာေၿပာတာကို နားေထာင္ ။ အေကာင္းဆံုး
ၾကိဳးစား ၊ ဒါေပမယ့္ အေလာတၾကီး မတုိက္နဲ့ ၊ ေခါင္းမမာနဲ့ ။ ရႈံးေတာ့မယ္ထင္ရင္ ခ်က္ခ်င္း အရႈံးေပးၿပီလုိ့ ေအာ္လုိက္”
အၾကီးအကဲ ခံုး သည္ ရီ၀မ္၀မ္ကို မွာေနသည္မွာ တဖြဖြ ။
“နားလည္ပါၿပီ ဆရာ” ရီ၀မ္၀မ္ ၿပန္ေၿဖလုိက္သည္ ။
“ဂ်ဴနီယာညီမေလး စိတ္မပူနဲ့ ။ စီနီယာအစ္ကုိၾကီးက ညီမေလးကို ေစာင့္ၾကည့္ေနေပးမယ္ ။ ညီမေလးကို အနုိင္က်င့္ရဲတဲ့သူ ၊
ေသေအာင္ တုိက္ရဲတဲ့သူ ရွိရင္ ပြဲၿပီးတာနဲ့ ဒုတိယစီနီယာအစ္ကုိၾကီးက အဲ့ေကာင္ရဲ့ေခါင္းကို ရုိက္ခြဲပစ္မယ္”
အရပ္ရွည္ရွည္ ၊ ေတာင့္ေတာင့္ေၿဖာင့္ေၿဖာင့္ ေယာက်ာ္းတစ္ေယာက္က အၾကီးအကဲ ခံုး ၏ နံေဘးကေန စေနာက္ေနသည္ ။
ထုိလူသည္ကား က်န္းဟူ ဟု အမည္ရ၏ ။ သူသည္ အၾကီးအကဲ ခံုး ၏ ဒုတိယတပည့္ ၿဖစ္ၿပီး သုိင္းပညာတြင္ စြမ္းလြန္းေပသည္ ။ သူသည္ မီးလ်ွံေက်ာင္းေတာ္ထဲတြင္ ရက္စက္သည္ဟု နာမည္သတင္း ေက်ာ္ေဇာသူ ၿဖစ္၏ ။
ဘာေၾကာင့္မွန္း မသိေသာ္လည္း က်န္းဟူသည္
ထုိဂ်ဴနီယာ ညီမေလးကုိ ၿမင္ၿမင္ခ်င္းမွာပင္ ရင္ထဲ အလိုလုိ ရင္းနွီးက်ြမ္း၀င္ေနမိ၏ ။ သူမ၏ မ်က္နွာက အင္မတန္ အက်ည္းတန္လြန္းတာေတာင္မွ သူ ခင္ခင္မင္မင္ ေနခ်င္၏ ။
“ေက်းဇူးတင္ပါတယ္ ဒုတိယ အစ္ကုိၾကီး”
ရီ၀မ္၀မ္ ရယ္ေမာမိသြားသည္ ။
ဒီဒုတိယအစ္ကုိၾကီးအေၾကာင္းကုိ ရီ၀မ္၀မ္ မသိပါေသာ္လည္း
သူ ့ကုိ တရင္းတနီွး ရွိသလုိ ရင္ထဲမွာ ခံစားေနမိ၏ ။ သူမသည္ စုိးရိမ္ၿခင္းကင္းေသာနန္ ၿဖစ္ခဲ့စဥ္က က်န္းဟူနွင့္ ေတာ္ေတာ္ေလး ခင္ခင္မင္မင္ ရွိခဲ့ၿခင္းေၾကာင့္သာ ၿဖစ္ရေပမည္ ၊ မဟုတ္ပါက အခုလို ရင္းနွီးေနသည့္ ခံစားခ်က္မ်ိဳးကုိ သူမ ခံစားရလိမ့္မည္ မဟုတ္ေပ ။
“အားလံုးပဲ .. က်ြန္ေတာ္က ဒီသုိင္းၿပိဳင္ပြဲမွာ ဒုိင္လူၾကီးပါ ။ သုိင္းၿပိဳင္ပြဲက အရႈံးအနိုင္ ကြဲတာနဲ့ အဆံုးသတ္ရမွာ ၿဖစ္ၿပီး ၿပိဳင္ပြဲ၀င္သူေတြကုိ မဲႏႈိက္ၿပီး ဆံုးၿဖတ္သြားပါမယ္”
အသက္ၾကီးၾကီး ေယာက်ာ္းတစ္ေယာက္က စင္အလယ္တြင္ ရပ္ၿပီး ေၾကညာလာသည္ ။
ထုိသုိ့ ေၿပာလုိက္ၿပီးေနာက္ ဘူးတစ္ဘူးထဲက ေဘာလံုးနွစ္လံုးကုိ
သူ ႏိႈက္လုိက္သည္ ။ ေဘာလံုးတစ္လံုးဆီတြင္ နံပတ္တစ္ခုဆီ ေရးထား၏ ။
“နံပတ္ ၁၁ .. စင္ၿမင့္ေပၚ တက္လာခဲ့ပါ”
C အဆင့္ ေၾကးစားတစ္ေယာက္က ခ်က္ခ်င္း စင္ၿမင့္ေပၚကုိ တက္လာသည္ ။
“နံပတ္ ၈ ၊ စင္ၿမင့္ေပၚကုိ တက္လာခဲ့ပါ”
ဒုိင္လူၾကီးက ဆက္ကာ ေၿပာသည္ ။
“နံပတ္ ၈ ဘယ္သူလဲ”
တံု ့ၿပန္သံ မၾကားရသၿဖင့္
ဒုိင္လူၾကီးမွာ မ်က္ေမွာင္ၾကဳတ္လာသည္ ။
“က်ြန္မ က်ြန္မက နံပတ္ ၈”
ရီ၀မ္၀မ္ ထရပ္လုိက္ၿပီး စင္ၿမင့္ေပၚ အၿမန္တက္သြား လုိက္သည္ ။
အၾကီးအကဲမ်ား နွင့္ အဆင့္ၿမင့္ေၾကးစားမ်ားသည္ မီးခုိးေရာင္၀တ္စံု ၀တ္ထားေသာ ရီ၀မ္၀မ္ စင္ေပၚတက္လာ တာကုိ ၿမင္လုိက္ၿပီး မ်က္ေမွာင္ၾကဳတ္ကုန္ၾက၏ ။
D အဆင့္ ေၾကးစားတစ္ေယာက္က ၀င္ၿပိဳင္ရဲတယ္တဲ့လား ။
သူ ဘယ္ကေန သတိၱေတြ ရထားတာလဲ ။
C အဆင့္ ေၾကးစားမ်ားသည္ပင္ အခုလို ၿပိဳင္ပြဲထဲ ၀င္မၿပိဳင္၀ံ့
ၾကပါေခ် ။ အခ်က္က်က် ေၿပာရမည္ဆုိရင္
B အဆင့္ ေၾကးစားမ်ားနွင့္ ထိုထက္ၿမင့္ေသာ ေၾကးစားမ်ား
သာလ်ွင္ ၀င္ၿပိဳင္ရဲၾကၿခင္း ၿဖစ္၏ ။
……………………………………………………………….................
စာစဥ္ ၆၆၊ အခန္း ၂၁။ ရက္စက္တယ္
ေၿပာရမည္ဆုိရင္ B အဆင့္ နွင့္ ထိုအထက္ ေၾကးစားမ်ားသာ မီးလ်ွံေက်ာင္းေတာ္၏ သုိင္းၿပိဳင္ပြဲကုိ ၀င္ၿပိဳင္ၾက၏ ။
D အဆင့္ ေၾကးစားမ်ားကုိ ၀င္မၿပိဳင္ရဟု မကန့္သတ္ထား
ေသာ္လည္း အမ်ားစုက ကုိယ့္ကုိယ္ကုိ အရွက္မခြဲလုိၾကပါေပ ။
စင္ၿမင့္နားတြင္ ေၾကးစားေတြ တဖြဲ ့ၾကီး ရွိေနသည္ ။
စင္ၿမင့္ေပၚကုိ ရီ၀မ္၀မ္ တက္လာသည္ကုိ ၿမင္ၿပီး
တစ္ခ်ိဳ့မွာ မ်က္လံုးၿပဴးသြားၾက၏ ။
လြန္ခဲ့သည့္ရက္မ်ားက ေၾကးစားမ်ားစြာသည္ ရီ၀မ္၀မ္
A အဆင့္ မစ္ရွင္နွစ္ခု ၿပီးခဲ့ေၾကာင္း သတင္းပုိ့တာကို
ကိုယ္တုိင္ ၿမင္ေတြ ့ခဲ့ၾကပါေသာ္လည္း မီးလ်ွံေက်ာင္းေတာ္ဆုိသည္မွာ ေၿမာက္ၿမားလွစြာေသာ ေၾကးစားမ်ား၏ အိမ္သဖြယ္ ၿဖစ္ေနၿခင္းမို့ ထိုအေၾကာင္းကို မသိၾကသည့္ ေၾကးစားမ်ား မ်ားစြာရွိေနၾကသၿဖင့္
D အဆင့္သာ ရွိသည့္ ေၾကးစားေလးတစ္ေယာက္က အခုလုိ ၿပိဳင္ပြဲၾကီးကုိ ေထာင္လႊားေမာက္မာစြာ လာၿပိဳင္ရဲသည္ဟု ေတြးထင္ေနၾကၿခင္းပင္ ။
ဧည့္သည္ေတာ္ေနရာတြင္ ဂ်ိရိႈ ့ရန္သည္ အၾကီးအကဲ ခံုး ၏
နံေဘးတြင္ ထုိင္ကာ တခ်က္တခ်က္ စကားေၿပာေနသလုိ အရွင္နတ္ဆိုးသည္ကေတာ့ စင္ၿမင့္ထက္ကုိ တက္သြားသည့္ ရီ၀မ္၀မ္ကုိသာ မမွိတ္မသုန္ ၾကည့္ေနေလသည္ ။
မၾကာမီ ရီ၀မ္၀မ္သည္ စင္ၿမင့္ထက္ကုိ ေရာက္ရွိသြားေလၿပီ ။
"နံပတ္ ၁၁ လိေဟာ္ ၊ C အဆင့္ ေၾကးစား"
ထုိေယာက်ာ္းက တီမထင္ဟန္ ၿပံဳးကာ
ရီ၀မ္၀မ္ကုိ ၾကည့္ေနသည္ ။
ငါ့ကံက ေကာင္းလြန္းလွခ်ည္လား ။
ဒီတစ္ေခါက္ သုိင္းလာၿပိဳင္တဲ့သူေတြထဲမွာ D အဆင့္ ေၾကးစားက တစ္ေယာက္ပဲ ပါလာတာကို အဲ့တစ္ေယာက္နဲ့မွ ငါ တန္းတုိးတယ္ ။ ဟားဟား .. ငါေတာ့ ၁ မွတ္ အလကား ရေတာ့မွာပဲ ။
"နံပတ္ ၈ ၊ ရီ၀မ္၀မ္ ။ D အဆင့္ ေၾကးစား"
ရီ၀မ္၀မ္ လည္း ၿပန္ႏႈတ္ဆက္လုိက္၏ ။
"ဟားဟား … ညီမေလးက D အဆင့္ ေၾကးစားပဲ ရွိေသးတယ္ ၊ ဒီလုိသုိင္းၿပိဳင္ပြဲၾကီးကုိေတာင္ ၀င္လာၿပီး ၿပိဳင္ရဲတယ္ဆုိေတာ့ သတိၱကေတာ့ ေၿပာင္တယ္ကြာ ။
စိတ္ခ် .. ငါ ညွာေပးမွာပါ"
ထုိေယာက်ာ္းက ေၿပာၿပီး အေရွ့ကို တက္လာကာ ခ်က္ခ်င္းပင္ ရီ၀မ္၀မ္ေရွ့ကို ေရာက္သြား၏ ။
သူ ့လုိ C အဆင့္ ေၾကးစားမ်ားသည္ D အဆင့္ ေၾကးစား မ်ားထက္ေတာ့ ခြန္အားၾကီးၾကေသာ္လည္း အဆင့္တစ္ခုပဲ ကြာသၿဖင့္ သိပ္ေတာ့ အၿခားနားၾကီး မၿခားနားပါေခ် ။
ရီ၀မ္၀မ္ သက္ၿပင္းေလးၾကီး တစ္ခ်က္ ခ်လုိက္ၿပီး အေတြးတုိ့ကို ခ်က္ခ်င္း စုစည္းလိုက္သည္ ။
သူမ၏ပတ္၀န္းက်င္က အရာရာတုိင္းသည္ သူမ၏ၿမင္ကြင္းထဲ အရွိန္ေနွးသြား၏ ။
သူမသည္ တရုတ္ၿပည္ စီ မိသားစုကတည္းက ဒီစြမ္းရည္ကုိ ပိုင္ဆုိင္ထားခ့ဲၿခင္း ၿဖစ္၏ ။ ဟုိစဥ္က သူမကုိယ္သူမ သုိင္းပညာတြင္ ပါရမီပါလာၿခင္းဟု ထင္ထားခဲ့မိေသာ္လည္း တကယ္တမ္းတြင္ ထိုစြမ္းရည္မ်ားသည္ သူမ မွတ္ဥာဏ္အအုပ္မခံရခင္ စိုးရိမ္ၿခင္းကင္းေသာနန္ အၿဖစ္ ရွိခဲ့စဥ္က ပုိင္ဆုိင္ခဲ့ေသာ စြမ္းရည္မ်ား ၿဖစ္ဟန္တူ၏ ။
“ဟုိ D အဆင့္ ေၾကးစားက ၾကက္ေသေသသြားတာေတာ့ မဟုတ္ပါဘူးေနာ္”
ေၾကးစားတစ္ေယာက္က လႊတ္ခနဲ ထုတ္ေၿပာမိသည့္ စကားအဆံုးတြင္ ေၾကးစားမ်ားအားလံုး ရယ္ေမာၾကေတာ့သည္ ။
ေဖာင္း
အသံအက်ယ္ၾကီးတစ္သံ ပ်ံ့လြင့္လာသည္ ။
လိေဟာ္ သည္ ရီ၀မ္၀မ္ကို လက္သီးတစ္လံုး ပစ္သြင္းလုိက္ ေသာ္လည္း ဘယ္သူမွ ဘာမွ မသိလုိက္ခင္မွာပင္
ထိုေက်ာက္ရုပ္ၾကီးလုိ ၿငိမ္သက္ေနခဲ့သည့္ ရီ၀မ္၀မ္က သူ၏၀င္လာသည့္ ထုိလက္ကုိ ဖမ္းဆုပ္ပစ္လုိက္ကာ
စင္ေပၚကေန လ်ွပ္တစ္ၿပက္ ပစ္ေပါက္ပစ္လုိက္ေလသည္ ။
“#၁၁ လိေဟာ္ စင္ေပၚကေန က်သြားပါၿပီ"
#၈ ရီ၀မ္၀မ္က အနုိင္ရသြားပါၿပီ”
ဒုိင္လူၾကီးက ခ်က္ခ်င္းပင္ မတ္တပ္ထရပ္ၿပီး
အားလံုးအား ေၾကညာေပးလာ၏ ။
“ေသစမ္း”
လိေဟာ္ သည္ ဖင္နွစ္ဖက္ကုိ ပြတ္သပ္ကာ ခ်ီးစားလုိက္ရသည့္ မ်က္နွာၿဖင့္ ရီ၀မ္၀မ္ကုိ ၾကည့္လုိက္၏ ။ သူ ့လုိ အရြယ္ေရာက္ၿပီးသား ေယာက်ာ္းရင့္မာၾကီး တစ္ေယာက္က D အဆင့္သာ ရွိသည့္ ေၾကးစား မိန္းကေလး တစ္ေယာက္၏ စင္ေပၚကေန ပစ္ေပါက္ခံလုိက္ ရသည္တဲ့လား ။
င့ါလုိ ေပါင္ ၁၈၀ ရွိဆယ္ ရွိေနတဲ့ ေယာက်ာ္းၾကီးကေလ .. ။
“မင္း အရွက္မရွိဘူး ။ မင္း ငါ သတိလက္လြတ္ ၿဖစ္သြားေအာင္လုိ့ တမင္တကာ မလႈပ္ဘဲ ရပ္ေနတာမလား”
လိေဟာ္က ရီ၀မ္၀မ္ကုိ နာက်င္ေၾကကြဲစြာ လက္ညွိဳးထုိး၏ ။
သူ ဒီေန့ အရွက္ၿဗန္းၿဗန္း ကြဲခဲ့ေလၿပီ မဟုတ္လား ။
Dအဆင့္ ေၾကးစားေလးတစ္ေယာက္ကမ်ား ..
ဟူး .. ငါကိုက မေပါ့ဆလုိက္သင့္တာပါေလ ။
……………………………………………………………….................
စာစဥ္ ၆၆၊ အခန္း ၂၂။ မ်က္နွာသာ ေပးေနတာကုိ ေရာင့္တက္မလာနဲ့
သုိင္းၿပိဳင္ပြဲသည္ စကာရံုရွိေသးသည္ ၊
သူ ့မွာ တန္းရႈံးနိမ့္သြားခဲ့ရေလရာ အလြန္အမင္းပင္ ရွက္ဖြယ္လိလိ ၿဖစ္လြန္းလွ၏ ။
"အနုိင္ေပးတဲ့အတြက္ ေက်းဇူးပါ"
ရီ၀မ္၀မ္ လက္သီးနွစ္ဖက္ကုိ ဆုပ္လုိက္ကာ
ရႈံးနိမ့္သြားၿပီ ၿဖစ္သည့္ လိေဟာ္ကုိ ေၿပာလုိက္၏ ။
"ဘယ္သူက မင္းကုိ အနုိင္ေပးလုိ့လဲ ဟြန့္"
လိေဟာ္က မဲ့ကာရြဲ ့ကာ ၿပန္ေၿပာသည္ ။
"…"ေယာက်ာ္းၾကီးၿဖစ္ၿပီး ရႈံးတာေလာက္ေလးကုိ ခံၿပင္းေနလုိက္တာ ။
ၿပိဳင္ပြဲမွာ ၿပီးသြားခဲ့ၿပီ ၿဖစ္သၿဖင့္ ရီ၀မ္၀မ္သည္လည္း
စင္ၿမင့္ေပၚကေန ဆင္းလိုက္သလုိ ဒုိင္လူၾကီးသည္လည္း ဆက္ကာ မဲႏိႈက္လုိက္သည္တြင္ B အဆင့္ နွင့္ A အဆင့္ ေၾကးစားတုိ့ မဲက်သြားေလသည္ ။
B အဆင့္ ေၾကးစားမွာ စိတ္ဓာတ္ခ်ံဳးခ်ံဳး က်သြား၏ ။ သူသည္ ကံစမ္းဖုိ့ လာၿခင္းသက္သက္သာ ၿဖစ္ေပမည့္ အခုေလာက္ၿမန္ၿမန္ၾကီး A အဆင့္ ေၾကးစားနွင့္ သြားတုိးလိမ့္မည္ဟု ထင္မထားမိခဲ့ေပ ။
B အဆင့္ ေၾကးစားခမ်ာ A အဆင့္ ေၾကးစား၏ ၿပိဳင္ဘက္ မဟုတ္တာေၾကာင့္ မၾကာခင္ခနအတြင္းမွာပင္ နာက်င္စြာ လူးလွိမ့္ေနရေတာ့၏ ။
ရီ၀မ္၀မ္ စင္ၿမင့္ကုိ အကဲခတ္ေနသည္ ။
စင္ၿမင့္၏ အရြယ္အစားမွာ အသင့္အတင့္ပင္ ။
သူမသာ စၿပီး မတုိက္ခုိက္သေရြ ့တစ္ဖက္က
တုိက္ခုိက္လာတာကိုသာ ေစာင့္ဆုိင္းေနသေရြ ့တစ္ဖက္က ၿပိဳင္ဘက္ကို သူမ ေကာင္းေကာင္းၾကီး နွိပ္ကြပ္ထားနုိင္၏ ။ ထုိ့ၿပင္ စင္ၿမင့္၏ အရြယ္အစားေၾကာင့္ သူမသည္ ဒီနည္းလမ္းကို သံုးၿပီး ၿပိဳင္ဘက္ကို စင္ေပၚကေန ၿမန္ၿမန္ ပစ္ခ်ပစ္နုိင္ေပသည္ ။
အလြန္အမင္း စြမ္းလြန္းေသာ ၿပိဳင္ဘက္နွင့္ ရင္ဆုိင္ရရင္ေတာင္ ရႈံးပါၿပီဟု ခ်က္ခ်င္း ၀န္ခံလုိက္လုိ့ ရနုိင္၏ ။ ရႈံးပါၿပီပင္ ၀န္ခံလုိ့ မရရင္ေတာ့ သူမတြင္ အရက္ဘူး ရွိေနေသးေပသည္ ။
ရီ၀မ္၀မ္သည္ တတ္နုိင္သေလာက္ေတာ့
အရက္ကို မေသာက္လုိပါေခ် ။ အရက္မူးေနတုန္း သူမသည္ စုိးရိမ္ၿခင္းကင္းေသာနန္၏ အစြမ္းအစေတြကုိ ၿပန္ရရွိလာမည္ ဆုိေသာ္လည္း ထိုစြမ္းအားမ်ားကို သူမ ထိန္းခ်ဳပ္နုိင္လိမ့္မည္ မဟုတ္ေပ ။ မူးေနခ်ိန္ ဘာလုပ္မိမလဲ ဘယ္သူ သိပါ့မလဲ ။
မေတာ္လို့ စင္ေပၚကေန ခုန္ခ်ၿပီး ဒုိင္လူၾကီးကုိ သြားခ်မိရင္
ေရာ ။ သို့ဆုိရင္ေတာ့ သူမသည္ မီးလွ်ံေက်ာင္းေတာ္၏ ဟားတုိက္ရယ္ေမာစရာ ၿပက္လံုးတစ္ပုဒ္ ၿဖစ္လာေပလိမ့္မည္ ။
တၿခားသူေတြ တုိက္ေနတာကုိ ၾကည့္ရင္း ၾကည့္ရင္းကေန
ရီ၀မ္၀မ္ စိတ္မပါ ၿဖစ္လာရ၏ ။
ထုိေၾကးစားအမ်ားစုမွာ ခုနစ္စင္ၾကယ္ နွင့္ ၾကယ္ခုနစ္
ထက္ပင္ ေပ်ာ့ညံ့ေနသည့္အၿပင္ ရီ၀မ္၀မ္ကိုယ္တုိင္ကလည္း သံုးရက္ၾကာတစ္ခါ ကေတာက္ကဆ ၿဖစ္တတ္သည့္
ငါးရက္ၾကာတစ္ခါ ထုိးၾကသတ္ၾကသည့္ ထုိခုနစ္စင္ၾကယ္နွင့္ ၾကယ္ခုနစ္တုိ့၏ ရန္ပြဲကုိပင္ ရုိးအီေနသူ ၿဖစ္ေလရကား
ခုနစ္စင္ၾကယ္နွင့္ ၾကယ္ခုနစ္တုိ့ေလာက္ေတာင္ အရည္အခ်င္းမရွိၾကေသာ ထုိသူမ်ားအား
ရီ၀မ္၀မ္ မည္သုိ့ စိတ္၀င္စားနုိင္ပါေတာ့မည္နည္း ။
“#၁၆၅ ဟုန္ယြင္ နဲ့ #၈ ရီ၀မ္၀မ္”
ဒိုင္လူၾကီးက ေၾကညာလာ၏ ။
အ၀ါေရာင္၀တ္စံုနွင့္ မိန္းမတစ္ေယာက္က ခ်က္ခ်င္း စင္ေပၚကုိ တက္လာသည္ ။
ေခၚသံကုိ ၾကားလုိက္သည္နွင့္
ရီ၀မ္၀မ္လည္း ခ်က္ခ်င္း တက္သြားလုိက္၏ ။
“ဒီေၾကးစားနွစ္ေယာက္ထဲမွာ တစ္ေယာက္က
D အဆင့္ ၊ ေနာက္တစ္ေယာက္က C အဆင့္ ။
ဟားဟား .. နွစ္ေယာက္စလံုး ကံေတြ ေကာင္းခ်က္ကြာ”
“ငါ့အၿမင္ေတာ့ ရီ၀မ္၀မ္ကမွ ပိုကံေကာင္းမယ္ ထင္တယ္ ။ တစ္ပြဲထဲမွာတင္ C အဆင့္ ေၾကးစားနွစ္ေယာက္ေတာင္
ေတြ ့ထားတာ”
“D အဆင့္ နဲ့ C အဆင့္ .. ပ်င္းဖုိ့ေကာင္းလုိက္တာကြာ”
ထိုလူသစ္နွစ္ေယာက္ကို ေတြ ့လုိက္ၾကၿပီး ေၾကးစားအမ်ားစုမွာ စိတ္ပ်က္လက္ပ်က္ၿဖင့္ ေခါင္းခါကာ ဆက္ၾကည့္လုိစိတ္ မရွိဘဲ ထြက္သြားလုိစိတ္သာ ရွိလာၾက ေတာ့၏ ။
“#၁၆၅ ဟုန္ယြင္ ၊ C အဆင့္ ေၾကးစား”
ထုိမိန္းမက အမူအရာကင္းမဲ့စြာၿဖင့္ ရီ၀မ္၀မ္ကုိ ၾကည့္ကာ ေၿပာလုိက္သည္ ။
“#၈ ရီ၀မ္၀မ္ ၊ D အဆင့္ ေၾကးစား”
ရီ၀မ္၀မ္လည္း ေၿပာလုိက္၏ ။
“ငါ D အဆင့္ ေၾကးစားတစ္ေယာက္ကုိ မတုိက္ခ်င္ဘူး ၊ ဒီေတာ့ နင့္ဟာနင္ လိမ့္မလား ၊ ဒါမွမဟုတ္ ငါကုိယ္တုိင္ ကန္ခ်ေပးရမလား”
ဟုန္ယြင္က ေအးစက္စြာ ေမးလာသည္ ။
“လာတုိက္လွည့္”
ရီ၀မ္၀မ္လည္း သူမမ်က္လံုးတုိ့ကုိ ၾကည့္ကာ ေၿပာလုိက္သည္ ။
ထုိမိန္းမမွာ မ်က္ေမွာင္နည္းနည္း ၾကဳတ္လာ၏ ။
“ရီ၀မ္၀မ္ .. မ်က္နွာသာ ေပးေနတာကုိ ေရာင့္တက္မလာနဲ့ ။
နင္က D အဆင့္ ေၾကးစားသာသာေလးပဲ ရွိေသးတာ ၊ တစ္ခါနုိင္လုိက္တာနဲ့ ေနာက္တစ္ခါပါ နိုင္နုိင္မယ္မ်ား မွတ္ေနလား”
ဟုန္ယြင္၏ မ်က္လံုးတုိ့မွာ ေအးစက္လာၿပီး ရီ၀မ္၀မ္ဆီကုိ ခ်က္ခ်င္း ေၿပးတက္သြားေလၿပီ ။
သုိ့ေသာ္ ဟုန္ယြင္ တုိက္ခုိက္လုိက္သည္နွင့္ ခ်က္ခ်င္းပင္
ရီ၀မ္၀မ္သည္ သူမ၏လက္ကို ဖမ္းဆုပ္ပစ္လုိက္၏ ။
ဟုန္ယြင္မွာ မ်က္နွာပ်က္သြားၿပီး ဘာမွ မလုပ္လုိက္နုိင္ေသးခင္ ရီ၀မ္၀မ္၏လက္ကေန ထူးဆန္းေသာ အားလႈိင္းတစ္လိႈင္း ထြက္ေပၚလာေလသည္ ။
တခနအၾကာတြင္ ဟုန္ယြင္ ဟန္ခ်က္ပ်က္သြားၿပီး ထိုထူးဆန္းသည့္အားေၾကာင့္ ၾကိဳးပ်က္သည့္စြန္တစ္ခုလို လြင့္ပ်ံတက္သြားေတာ့၏ ။
…………………………………………………………………................
စာစဥ္ ၆၆၊ အခန္း ၂၃။ လူစြမ္းေကာင္းမေလး ေရာက္လာၿပီ
ေဖာင္း
အသံအက်ယ္ၾကီး ထြက္လာၿပီး ဟုန္ယြင္္ ေၿမၾကီးေပၚ ၿပဳတ္က်သြားသည္ ။
"အနုိင္ေပးတဲ့အတြက္ ေက်းဇူးပါ"
ရီ၀မ္၀မ္ ဟုန္ယြင္ကုိ တစ္ခ်က္ၾကည့္လုိက္ၿပီးေနာက္
အၾကည့္လႊဲကာ ဆုိလုိက္သည္ ။
"နင္"
ထုိရႈတည္တည္ေနေနေသာ ရီ၀မ္၀မ္ေၾကာင့္ ဟုန္ယြင္ ေဒါသတလိမ့္လိမ့္ တက္ကာ ေမာ့ၾကည့္လုိက္၏ ။
D အဆင့္ ေၾကးစားမကမ်ား .. ေတာက္ ။
"ဟားဟားဟား အားရတယ္ကြာ"
လီရွင္းသည္ ေပ်ာ္ရႊင္၀မ္းေၿမာက္စြာၿဖင့္ လက္ခုပ္တီးသည္ ။
"အဲ့ဒီ C အဆင့္ကဟာေတြ ငါတုိ့ D အဆင့္ ေၾကးစားေတြကို အထင္ေသးခ်င္ဦး"
လီရွင္း၏ နံေဘးတြင္ ရပ္ေနသည့္ တစ္ေဆာင္ထဲေန ေၾကးစားမ်ားလည္း ေထာက္ခံစြာ ေခါင္းညိတ္လာၾကသည္ ။
"A အဆင့္ မစ္ရွင္နွစ္ခုကို ၿပီးသြားၿပီဆုိေတာ့
၀မ္၀မ္ရဲ့ ဂုဏ္ၿပဳမွတ္ေတြက B အဆင့္ ေၾကးစား ၿဖစ္လုိ့
ရေနၿပီ မလား"
"ဒါေပါ့ဟ ။ B ထိပ္တန္းအဆင့္ ေၾကးစား ၿဖစ္ရင္ၿဖစ္
မၿဖစ္ရင္ A အဆင့္ ေၾကးစား ၿဖစ္ပဲ ။ င့ါၾကည့္ရသေလာက္ ငါ့ညီမေလး ၀မ္၀မ္ က ဒီရမွတ္ေတြကုိ ဘယ္လုိသံုးလုိ့ ရလဲကုိ မသိေသးဘူး ၊ ဒီရလဒ္ေတြနဲ့ အဆင့္တုိးလုိ့ ရတယ္ ဆုိတာကိုလည္း မသိေသးဘူး ။ အင္း .. ညီမေလး ၀မ္၀မ္ကေတာ့ တကယ့္ကို ငါ့ညီမေလး ပီသတယ္ကြာ ၊ လံုး၀ကုိ အရည္အခ်င္းရွိတယ္"
လီရွင္းက ေခါင္းညိတ္ကာ ေၿပာလာသည္ ။
D ေၾကးစားမ်ားစြာမွာ လီရွင္းကို ၾကည့္လိုက္ၾကသည္ ။
သူတုိ့သည္ အရွက္မရွိ မ်က္နွာေၿပာင္သူမ်ားကုိ ၿမင္ဖူးၾကေသာ္လည္း သူမကုိ ညီမေလးအရင္းဟု ေၿပာေလာက္ေအာင္ထိ အရွက္မဲ့သူမ်ားကုိေတာ့ မၿမင္ဖူးပါေခ် ။
ၿပိဳင္ပြဲေတြ တသီတတန္း ၿပီးၿပီးေနာက္ ေန့လည္ခင္း ေရာက္လာၿပီမုိ့ သုိင္းၿပိဳင္ပြဲမွာ ရပ္နားခ်ိန္ ေရာက္လာခဲ့၏ ။
ရီ၀မ္၀မ္သည္ တစ္မနက္ခင္းလံုး နွစ္ပြဲသာ ၀င္ၿပိဳင္ရေသးၿပီး ထိုနွစ္ပြဲစလံုးကုိ အၿပတ္အသတ္ အနုိင္ရထားခဲ့ေလသည္ ။
အၾကီးအကဲ ခံုး က ရီ၀မ္၀မ္ဘက္ကို လွည့္ေၿပာလာသည္ ။
“ဒီေနာက္ပုိင္းကုိ ကံေကာင္းေတာ့မွာ မဟုတ္ဘူး ။
C အဆင့္ ေၾကးစားေတြအကုန္လံုး ရႈံးကုန္ၿပီ ၊ ၿပိဳင္ပြဲတစ္ခုလံုး မွာ
D အဆင့္ ေၾကးစားဆိုလုိ့ တပည့္တစ္ေယာက္ထဲပဲ က်န္ေတာ့တယ္ ။ က်န္တဲ့သူေတြအကုန္လံုးက B အဆင့္နဲ့ အဲ့အထက္ေတြခ်ည္းပဲ”
သြယ္၀ုိက္ေသာနည္းအားၿဖင့္ အၾကီးအကဲ ခံုး သည္
ရီ၀မ္၀မ္အား ေခါင္းမမာဖုိ့ ပြဲမွ ထြက္ဖုိ့ ေၿပာေနၿခင္းသာ ။
“နားလည္ပါၿပီ ဆရာ”
ရီ၀မ္၀မ္လည္း ေခါင္းညိတ္ၿပီး ၿပန္ေၿဖလုိက္၏ ။
ဟာသပဲ … ငါ့ဆီမွာ ဆရာ ခံုး သင္ေပးထားတဲ့ လ်ိဳ့၀ွက္သုိင္း
ေတာင္ ထုတ္မသံုးရေသးဘူး ၊ အရႈံးေပးစရာလား ။
ငါ တတ္ထားတဲ့အဲ့သုိင္းနဲ့ဆုိ B အဆင့္္ ေၾကးစားကို ရွင္းဖို့ေလာက္က အေသးအမႊားပဲ ။
ဆရာ ခံုး သာ သူ သင္ေပးထားသည့္ လ်ွိဳ့၀ွက္သုိင္းကို
သူ ့တပည့္ တတ္ေၿမာက္ေနၿပီမွန္း သိသြားခဲ့ရင္
ဘယ္လုိၿဖစ္သြားမလဲ သိခ်င္စမ္းပါ၏ ။
“ၿမန္ၿမန္ေလး ၾကည့္ၾက”
လူတစ္ေယာက္က တုန္လႈပ္စြာ ထေၿပာသည္ ။
လူတုိင္း အေရွ့ကို ၾကည့္လုိက္ၾကသည္ ။
လိမ္မာရုိက်ိဳးသည့္ အမူအရာ ရွိေသာ မိန္းမတစ္ေယာက္ သည္ အၾကီးအကဲ ေလ်ာင္ဟယ္၏ နံေဘးတြင္ ရွိေသာ အထူးဧည့္သည္ေတာ္ ထိုင္ခံုဆီ စိမ္ေၿပနေၿပ ေလွ်ာက္လာေနေလသည္ ။
“ဖ်ား ဖ်ား ေသစမ္း .. အဲ့တစ္ေယာက္က နန္ နန္ လင္းလုံ မလား”
“ခ်ီးပဲ .. မီးလ်ွံေက်ာင္းေတာ္ရဲ့ စံခ်ိန္ေတြကို ခ်ိဳးသြားတဲ့ လူစြမ္းေကာင္းမေလး နန္လင္းလံု ၊ စီနီယာ မမ နန္ မလား”
“စီနီယာမမ နန္လင္းလံု ပါ ေရာက္လာလိမ့္မယ္လို့ ထင္မထားမိဘူး”
“လာ ေသာက္ခြက္ေၿပာင္ေနတာလား ။ စီနီယာ အစ္မ
နန္လင္းလံု က အၾကီးအကဲ ေလ်ာင္ဟယ္ရဲ့ တပည့္ ၊
ဒီမီးလ်ွံေက်ာင္းရဲ့ ေက်ာင္းသားတစ္ေယာက္ ၿဖစ္ခဲ့ဖူးတာပဲ
ဟာ .. ဒီလုိပြဲၾကီးမ်ဳိး လာတက္ရမွာေပါ့ဟ”
“ဟိုတုန္းက စီနီယာမမ နန္လင္းလံု ၀င္ၿပိဳင္တုန္းကဆုိ
၂၈ ပြဲစလံုးကုိ ဆက္တုိက္ ရႈံးပြဲမရွိဘဲကုိ နုိင္ထားတာေနာ္ ။
၂၉ ပြဲေၿမာက္မွာ သြမ့္ေဖးယန္ နဲ့ ေတြ ့ေတာ့မွပဲ အရႈံးေပးသြားၿပီးေတာ့ ဒုတိယေနရာကုိ ရသြားတာ”
“စီနီယာမမ နန္ က ငယ္ေသးေတာ့ သြမ့္ေဖးယန္ ကို ဘယ္ယွဥ္နုိင္ပါဦးမလဲ ။ အခုဆုိ သြမ့္ေဖးယန္ ဆုိတာလည္း
စီနီယာမမ နန္ ကို မၿပိဳင္နုိင္ေတာ့ပါဘူးဟာ”
လူတုိင္း နန္လင္းလံု၏ ရုပ္ရည္ကုိ ခ်ီးက်ဴးေနကာ အထင္ၾကီးစြာၿဖင့္ ၾကည့္ေနၾကသည္ ။
သူမကို တစ္ခ်က္မွ မၾကည့္ဘဲ ေအးစက္စက္သာ ရွိေနသူမွာ အၾကီးအကဲ ခံုး တစ္ေယာက္သာ ရွိ၏ ။
“#၃၂၉ ယြင္ဖုန္း နဲ့ #၈ ရီ၀မ္၀မ္”
မၾကာခင္ အခ်ိန္တုိအနားယူခ်ိန္ ၿပီးဆံုးသြားခဲ့ၿပီး
ဒုိင္လူၾကီးက ထပ္ေၾကညာလာၿပန္သည္ ။
အရိပ္တစ္ရိပ္က ေလထဲ ၀ွီးခနဲ ေပၚလာၿပီး
ေယာက္်ားတစ္ေယာက္က စင္ေပၚမွာ ေပၚလာေလၿပီ ။
ရီ၀မ္၀မ္လည္း ၿမန္ၿမန္ပင္ တက္သြားလုိက္၏ ။
“ယြင္ေဖး ၊ A အဆင့္ ေၾကးစား”
ထုိလူက ရီ၀မ္၀မ္ကုိ ေၿပာသည္ ။
“ရီ၀မ္၀မ္ ၊ D အဆင့္ ေၾကးစား”
ရီ၀မ္၀မ္လည္း ေၿပာသည္ ။
ငါေလးက အဲ့ေလာက္ေတာင္မွ ကံဆုိးေနတာလား ။
B အဆင့္ ေၾကးစားနဲ့ တစ္ေယာက္ေတာင္မွ မေတြ ့ရဘဲ
A အဆင့္ ေၾကးစားနဲ့မွ တန္းတုိးရတယ္လို့ ။
…………………………………………………………......................
စာစဥ္ ၆၆၊ အခန္း ၂၄။ ရန္သူေတြ ထိပ္တုိက္ေတြ ့ၿပီ
"ဟားဟား .. အဲ့ D အဆင့္ ေၾကးစားေလးကေတာ့
ကံဆုိးမုိးေမွာင္ က်ၿပီ"
" A အဆင့္ ေၾကးစား ယြင္ဖုန္း နဲ့မွ တည့္တည့္တုိးရ
တယ္လုိ့ .. က်ြတ္ က်ြတ္ က်ြတ္ ၊ သူ ့ကံကေတာ့လား"
စင္ေအာက္က ေၾကးစားမ်ားစြာမွာ ရယ္ေမာလာၾကသည္ ။
၀ွစ္ခ်္
A အဆင့္ ေၾကးစား တစ္ေယာက္ ၿဖစ္သည့္ ယြင္ဖုန္း သည္ စကားတစ္ခြန္း မဆိုဘဲ ခ်က္ခ်င္း တုိက္ခုိက္ေလသည္ ။
ရီ၀မ္၀မ္လည္း ခ်က္ခ်င္းပင္ စိတ္တုိ့ ဗလာၿဖစ္သြားၿပီး
ယြင္ဖုန္း၏ လ်ွပ္စီးလုိ လ်င္ၿမန္ေသာ သိုင္းကြက္က
သူမ၏အၿမင္ထဲတြင္ ေနွးေကြးလာ၏ ။
၀ွစ္ခ်္
ရီ၀မ္၀မ္သည္ ခြန္အားမ်ားကုိ လက္ဖ၀ါးဆီ ပုိ့လုိက္ၿပီး ေတာင္ၾကီးတစ္ေတာင္လုိ ေလးလံသိပ္သည္းေသာ
ခြန္အားၿဖင့္ သူ ့ကုိ တုိက္ခုိက္ပစ္လုိက္၏ ။
"အၾကီးအကဲ ခံုး ရဲ့ ဗုဒၶလက္၀ါး"
ရီ၀မ္၀မ္၏ လက္ဖ၀ါးတြင္ ပါလာေသာ ခြန္အားၾကီးကုိ အာရံုခံမိလုိက္ေသာေၾကာင့္ A အဆင့္ ေၾကးစားတစ္ေယာက္ ၿဖစ္သည့္ ယြင္ဖုန္းမွာ အံ့ၿသမိသြားသၿဖင့္ ထုိလက္၀ါးကို မေရွာင္လိုက္နုိင္ေတာ့ ။
ဗုဒၶလက္၀ါးသည္ အၾကီးအကဲ ခံုး ထြင္ထားေသာ လ်ိဳ့၀ွက္သုိင္း ၿဖစ္ၿပီး အၿပင္လူမ်ားကို လက္ဆင့္ကမ္းၿခင္း မရွိခဲ့ဖူးပါေခ် ။
ေဖာင္း
လက္ဖ၀ါးခ်င္း ထိပ္တုိက္ေတြ ့လုိက္ၿပီး အသံၾကီးတစ္သံ ဟိန္းထြက္သြားသည္ ။
ယြင္ဖုန္းမွာလည္း မ်က္ေမွာင္အၾကီးၾကီး ၾကဳတ္သြားကာ
ဟန္ခ်က္ မထိန္းနုိင္ေတာ့ဘဲ အေနာက္သုိ့ ေၿခလွမ္းအမ်ားၾကီး ဆုတ္မိသြား၏ ။
ပရိသတ္မ်ားအားလံုး အံ့ၿသသြားၾကသည္ ။
အထူးသၿဖင့္ အၾကီးအကဲမ်ားသည္လည္း ရီ၀မ္၀မ္ဘက္သို့ လွည့္ၾကည့္ၾကေတာ့သည္ ။
ရီ၀မ္၀မ္ေတာ့ ကံဆုိးမုိးေမွာင္ က်ေလၿပီဟု
ေတြးထင္ထားၾကသည့္ ေၾကးစားမ်ားမွာလည္း
မ်က္နွာေပၚက အၿပံဳးတုိ့ ေတာင့္တင္းသြားၾက၏ ။
A အဆင့္ ေၾကးစား ယြင္ဖုန္း ကို D အဆင့္ ေၾကးစားက အလဲထိုးနုိင္တယ္တဲ့လား ။
ေလ်ာင္ဟယ္၏ နံေဘးတြင္ ရွိေနသည့္ မန္ကဲသည္
ႏႈတ္ခမ္းတုိ့ တြန္ ့ေကြးတက္လာေလၿပီ ။
"သူ ဒါေၾကာင့္မို့ ၀င္ၿပိဳင္ရဲတဲ့ သတိၱ ရွိေနတာကိုး ။ လတ္စသတ္ေတာ့ အၾကီးအကဲ ခံုး ရဲ့ ဗုဒၶလက္၀ါးသုိင္းကုိ တတ္ထားတာကိုး ။ အၾကီးအကဲ ခံုး က D အဆင့္ ေၾကးစားတစ္ေယာက္ကို ဘာလို့ တပည့္အၿဖစ္ လက္ခံခဲ့လဲ အခုမွပဲ ရွင္းသြားၿပီ ။ သူနဲ့ အဲ့တစ္ေယာက္က ဟုိးကတည္းက ပတ္သက္မႈရွိေနၿပီးေတာ့ သူ ့ရဲ့ ဗုဒၶလက္၀ါး ကို ဟုိးကတည္းက သင္ေပးထားတာပဲ ေနမယ္"
ဒီလုိဆုိေတာ့လည္း ေကာင္းတာပဲ ။ ရီ၀မ္၀မ္သာ ရႈံးနိမ့္သြားမယ္ဆုိရင္ ငါ သူ ့ကုိ ဘယ္လိုလုပ္ စင္ေပၚမွာ နွိပ္စက္ၿပီးေတာ့ သတ္ပစ္လုိ့ ရေတာ့မွာလဲ ။
နန္လင္းလံုသည္ ထုိသုိင္းၿပိဳင္ပြဲကို နည္းနည္းေလးမွ စိတ္မ၀င္စားသေယာင္ ၿပဳကာ တစ္ခ်ိန္လံုးလံုး မ်က္လံုးပိတ္ ထားေလသည္ ။
အထူးဧည္သည့္ေတာ္ ထုိင္ခံုတြင္မူ အၾကီးအကဲ ခံုး မွာ
၀ုန္းခနဲ ထရပ္လုိက္ၿပီး ထိတ္လန့္အံ့အားသင့္စြာၿဖင့္
ရီ၀မ္၀မ္ကုိ စုိက္ၾကည့္ေနသည္ ။
“ဆရာ … ဆရာ့ ရဲ့ ဗုဒၶလက္၀ါး ။ အဲ့ဒါ သင္ေပးထားတာ
နွစ္ရက္ပဲ ရွိေသးတာမလား” စီနီယာ ဒုတိယအစ္ကုိၾကီး
က်န္းဟူသည္ အံ့ၿသစြာၿဖင့္ ေမးလာသည္ ။
ဂ်ိရိႈ ့ရန္သည္ကေတာ့ ခပ္ၿပံဳးၿပံဳးသာ ၊
ဘာတစ္ခြန္းမွ ၀င္ေၿပာၿခင္း မရွိပါေခ် ။
ၾကည့္ရတာ ရီ၀မ္၀မ္ကုိ မီးလွ်ံေက်ာင္းေတာ္ကုိ ပုိ ့ၿပီး စုိးရိမ္ၿခင္းကင္းေသာနန္၏ မွတ္ဥာဏ္ေတြ တၿဖည္းၿဖည္းခ်င္း
ဆယ္ယူဖို့ စိတ္ကူးက မွန္သြားခဲ့ၿပီ ထင္တယ္ ။
“ဘယ္လိုလုပ္ ၿဖစ္နုိင္မွာလဲ”
အၾကီးအကဲ ခံုး မွာ ထိတ္လန့္ေန၏ ။
နွစ္ရက္ေလာက္သာ ရွိေသးသည္ ၊ သို့တုိင္ေအာင္ ရီ၀မ္၀မ္မွာ သူ၏ ဗုဒၶလက္၀ါးကို က်ြမ္းက်င္ပိုင္နုိင္စြာ တတ္ေၿမာက္သြားခဲ့ၿပီတ့ဲလား ။ အၾကီးအကဲ ခံုး သည္ သူမ ထိုသုိင္းကုိ တတ္ဖို့ အခ်ိန္သံုးနွစ္ေလာက္ လုိလိမ့္မည္ဟု မွန္းထားတာသာ ။
စုိးရိမ္ၿခင္းကင္းေသာနန္ပင္ အခ်ိန္တစ္နွစ္ ယူခဲ့ရသည့္ ထုိသုိင္းကုိ ရီ၀မ္၀မ္က နွစ္ရက္ထဲနဲ့ တတ္သြားခဲ့သည္လား ။
အၾကီးအကဲ ခုံး ထိတ္လန့္တုန္လႈပ္သြား၏ ။
ေဖာင္း
စင္ၿမင့္ထက္ကေန ေနာက္ထပ္ အသံက်ယ္ၾကီး
တစ္သံ ထြက္လာၿပီး ယြင္ဖုန္း၏ နဖူးကေန
ေခ်ြးေတြ စီးက်လာေလၿပီ ။
ဗုဒၶလက္၀ါးသုိင္းမွာ တုိက္စစ္ေရာ ခံစစ္ပါ နွစ္မ်ိဳးစလံုး
အတြက္ ၿဖစ္ေနတာေၾကာင့္ သူ သူမနားကုိ နည္းနည္းေလးမွ ကပ္မသြားနုိင္ပါေခ် ။
ယြင္ဖုန္း အံၾကိတ္လုိက္၏ ။
သူသည္ ထိုဗုဒၶလက္၀ါးသိုင္းအား လံုး၀ မယွဥ္နုိင္သၿဖင့္
အားတင္းကာ လက္သီးဆုပ္လုိက္ၿပီး ေၾကညာလုိက္ေတာ့သည္ ။
“ဂ်ဴနီယာညီမေလး ရီ က တကယ့္ကို ေတာ္ပါတယ္ ၊
ငါ အရႈံးေပးၿပီ”
သူ ့စကား ထြက္လာသည္တြင္ လူတုိင္း ရုတ္ရုတ္သဲသဲ ၿဖစ္ကုန္သည္ ။
A အဆင့္ ေၾကးစားတစ္ေယာက္က D အဆင့္ ေၾကးစားေလး တစ္ေယာက္ကို အရႈံးေပးလုိက္တယ္လား ။
ဒုိင္လူၾကီးက ရလဒ္ေတြကုိ ေၾကညာၿပီးေနာက္တြင္
ရီ၀မ္၀မ္ ထြက္မသြားရေသးခင္ သူမကုိ ဆြဲထားေလသည္ ။ သူမ၏ၿပိဳင္ဘက္သည္ကား B အဆင့္ ေၾကးစား ၿဖစ္၏ ။
“ေသၿပီ”
B အဆင့္ ေၾကးစားမွာ ရီ၀မ္၀မ္ကုိ ေၾကာက္အားပုိစြာ ၾကည့္လာသည္ ။
“ငါ ဘာလို့ ဒီေလာက္ေတာင္ ကံဆုိးရတာလဲ ။
ယြင္ဖုန္းေတာင္ အရႈံးေပးရတဲ့ဟာ .. ငါက ဘယ္လိုလုပ္ နုိင္မွာလဲ”
သူသည္ ရီ၀မ္၀မ္ကုိ ေၿပာခြင့္ မေပးေနဘဲ ခ်က္ခ်င္း ေခါင္းအတင္း ခါၿပေတာ့၏ ။
“ဂ်ဴနီယာညီမေလးက ေတာ္ပါတယ္ ၊ ငါ အရႈံးေပးတယ္”
ထုိသုိ့ ေၿပာၿပီး သူသည္ အေနာက္ကုိ တစ္ခ်က္ၿပန္မၾကည့္ဘဲ စင္ေပၚကေန ဆင္းသြားေတာ့သည္ ။
“#၄ က်န္းဟူ နဲ့ #၁၀ မန္ထင္း”
က်န္းဟူ ၊ အၾကီးအကဲ ခံုး၏ ဒုတိယတပည့္ ။
မန္ထင္း ၊ အၾကီးအကဲ ေလ်ာင္ဟယ္၏ ဒုတိယတပည့္ ။
………………………………………………………………..................
စာစဥ္ ၆၆၊ အခန္း ၂၅။ ၂၇ ပြဲလံုးကုိ အနုိင္ရၿပီ
ဒုိင္လူၾကီးသည္ ဒုတိယ စီနီယာအစ္ကုိ နွင့္ ေလ်ာင္ဟယ္၏ ဒုတိယတပည့္ နာမည္တုိ့ကုိ ေၾကညာေပးလာသည္ ။
"က်န္းဟူ ဂရုစုိက္"
အၾကီးအကဲ ခံုး က သတိေပးစကား ဆုိလုိက္၏ ။
"စိတ္ခ်ပါ ဆရာ"
က်န္းဟူသည္ ေခါင္းညိတ္ၿပၿပီး စင္ၿမင့္ေပၚကုိ အၿမန္တက္ သြား၏ ။
ၿပိဳင္ပြဲသည္ ေနာက္ဆံုးတြင္ S အဆင့္ ေၾကးစားနွစ္ေယာက္ ၿပိဳင္သည့္ပြဲ ေရာက္လာေလၿပီ ။ ထို့ၿပင္
တစ္ေယာက္မွာ အၾကီးအကဲ ခံုး၏ ဒုတိယ တပည့္ ၿဖစ္ေနၿပီး ေနာက္တစ္ေယာက္မွာ အၾကီးအကဲ ေလ်ာင္ဟယ္၏ ဒုတိယတပည့္ ၿဖစ္ေနေလသည္ ။
လြန္ခဲ့သည့္နွစ္ေပါင္းမ်ားစြာက အခုလိုၿပိဳင္ပြဲမွာ
အၾကီးအကဲ ခံုး တန္ဖိုးထားရသည့္ တပည့္တစ္ေယာက္အား အၾကီးအကဲ ေလ်ာင္ဟယ္၏ အၾကီးဆံုးတပည့္က ေသေအာင္ ရုိက္သတ္ပစ္ခဲ့ေလသည္ ။
အခုပြဲသည္လည္း ထုိပြဲသို့နွယ္ အၾကိတ္အနွယ္ ၿဖစ္လာလိမ့္မည္ ။
"ဟားဟား က်န္းဟူ ငါ ဒီေန့ စိတ္ေကာင္း၀င္ေနေတာ့
ငါ မင္းကုိ ေၿခေထာက္တစ္ေခ်ာင္းပဲ ခ်ိဳးေပးပါ့မယ္ကြာ"
မန္ထင္းက သူ ့ကုိ ၾကည့္ကာ ေၿပာလုိက္သည္ ။
"သြားေသလုိက္"
က်န္းဟူသည္ ေဒါသတၾကီး ေအာ္ဟစ္လုိက္ၿပီး
မန္ထင္းဆီသုိ့ လက္သီးတစ္လံုး ပစ္သြင္းလာေလၿပီ ။
သုိ့ေသာ္ မန္ထင္းမွာ အလြန္တရာ ၿမန္ဆန္လြန္းသၿဖင့္ က်န္းဟူ၏လက္သီးမွာ သူ ့ဆီကုိ က်ေရာက္ၿခင္း မရွိလိုက္ ။
က်န္းဟူသည္ အလြန္အမင္း ခြန္အားၾကီးလွသၿဖင့္ သူ၏ လက္သီးစာကုိ မိသြားပါက မန္ထင္းေရာ တၿခား S အဆင့္ ေၾကးစားမ်ားေရာ အၿပင္းအထန္ ဒဏ္ရာရသြားၾကမည္ ၿဖစ္ေသာ္လည္း မန္ထင္းသည္ အလြန္တရာ ဥာဏ္ေကာင္း လြန္းၿပီး က်န္းဟူကုိ သူ ့နား ကပ္ခြင့္ မေပးပါေခ် ။ သူတုိ့ၾကားတြင္ အကြာအေ၀းတစ္ခု ၿခားထားၿပီး က်န္းဟူကုိ အားကုန္ေအာင္သာ လုပ္ေန၏ ။
အထူးဧည့္သည္ေတာ္ ထုိင္ခံုတြင္ ရီ၀မ္၀မ္မွာ မ်က္ေမွာင္ အၾကဳတ္ၾကီး ၾကဳတ္ေနသည္ ။
ဒုတိယ စီနီယာအစ္ကုိၾကီး က်န္းဟူသည္ ရုိးေၿဖာင့္သည့္ စရုိက္သဘာ၀ ရွိၿပီး ေစာ္ကားေမာ္ကားလုပ္ၿခင္းကုိ သည္းမခံနုိင္သူ ၿဖစ္တာေၾကာင့္ မန္ထင္းက သူ ့ကုိ တစ္ပန္းသာေနေလသည္ ။
ဒုတိယစီနီယာအစ္ကိုၾကီး က်န္းဟူ မွာ စရုိက္တြင္ အားနည္းခ်က္ ရွိေနေသးတာေၾကာင့္ အခုထိ ေက်ာင္းကေန ဆင္းခြင့္ မရေသးၿခင္း ၿဖစ္သည္ဟု အၾကီးအကဲ ခံုး အရင္က ေၿပာခဲ့ဖူး၏ ။
သူသည္ ေသြးပူလြယ္တာေၾကာင့္ ေက်ာင္းက စစ္သည့္ စာေမးပြဲတြင္ ေတာက္ေလ်ွာက္ က်ရႈံးခဲ့ရသည္ ။
အခု ၾကည့္ရသည္မွာ အၾကီးအကဲ ခံုး ေၿပာသြားသည္နွင့္ တစ္ပံုစံတည္းပင္ ။ ထုိသို့သာမဟုတ္ရင္ ထိုမန္ထင္းမွာ က်န္းဟူအတြက္ လံုး၀ကုိ ၿပိဳင္ဘက္ မဟုတ္ပါေခ် ။
က်န္းဟူနွင့္ မန္ထင္းတို့မွာ တစ္ပြဲမွ မတုိက္ရေသးတာေၾကာင့္ မန္ထင္းမွာ အားသိပ္မကုန္ေသးေသာ္လည္း က်န္းဟူသည္ကေတာ့ ေဟာဟဲေဟာဟဲလုိက္ကာ အေမာၾကီး ေမာေနေလၿပီ ။
ေဖာင္း
မန္ထင္းသည္ ဟာကြက္တစ္ခုကို ေတြ ့လိုက္ၿပီး က်န္းဟူ၏ ဘယ္ဘက္ညွိဳ့သက်ည္းကုိ ကန္ေက်ာက္ပစ္လုိက္၏ ။
က်န္းဟူ၏နဖူးတြင္ ေခ်ြးသီးေခ်ြးေပါက္ေတြ ၿပိဳက်လာၿပီး မ်က္နွာမွာ အေရာင္မရွိေတာ့ ။ သူ မာန္သြင္းလုိက္ၿပီး မန္ထင္း၏ မ်က္နွာကုိ လက္ေကာက္၀တ္နွင့္ ၿဖတ္ရုိက္ပစ္လုိက္၏ ။
က်န္းဟူ၏ထိုလက္သာ မန္ထင္း၏ ေခါင္းေပၚ က်ေရာက္သြားပါက ေခါင္းကြဲမည္မွာ က်ိန္းေသသည္ ။
ထိုအံ့ဖြယ္လိလိ ခြန္အားၾကီးမွာ အလြန္ အံ့ၿသဖို့ေကာင္းလွ၏။ က်န္းဟူေလာက္ ခြန္အားၾကီးသူမ်ိဳးကို ရီ၀မ္၀မ္ တစ္ခါမွ
မေတြ ့ခဲ့ဖူးပါေခ် ။
ကံမေကာင္းစြာၿဖင့္ မန္ထင္းမွာ ဥာဏ္ထက္ၿပီး က်န္းဟူထက္ သိုင္းပညာေတာ္ေန၏ ။
“ဟားဟားဟား .. အၾကီးအကဲ ခံုး ရဲ့ တပည့္ေတြ အကုန္လံုး က အမိႈက္ေတြခ်ည္းပါလား”
မန္ထင္းသည္ ရႈံ ့မဲ့ကာ မွတ္ခ်က္ၿပဳလုိက္ၿပီး က်န္းဟူ၏ ထုိေသေစနုိင္ေသာ လက္သီးခ်က္ကို ေရွာင္လုိက္သလို တစ္ခ်ိန္တည္းမွာလည္း က်န္းဟူ၏ ညွိဳ့သက်ည္းအား အားၿပင္းၿပင္းၿဖင့္ ရုိက္ခ်ပစ္လုိက္ေလသည္ ။
က်န္းဟူ၏ ဘယ္ေၿခေထာက္မွာ အနာၾကီး နာက်င္သြားရၿပီး
သူ အေနာက္ကုိ ယိုင္ကာ ဆုတ္မိသြားရ၏ ။
“ဘယ္ကုိ ေၿပးမလို့လဲ”
က်န္းဟူ အားကုန္သြားၿပီကို ေတြ ့လိုက္သည္နွင့္
မန္ထင္းသည္ ၿပံဳးကာ အားအၿပည့္ ထုတ္သံုးေတာ့ေလၿပီ ။
အသက္တစ္ရွဴစာ အခ်ိန္အတြင္း က်န္းဟူခမ်ာ ေၿမၾကီးေပၚ လဲက်သြားေတာ့ၿပီး မန္ထင္းသည္ က်န္းဟူ၏ဗိုက္ေပၚ တက္နင္းကာ ဆုိလာသည္ ။
“က်ြတ္ က်ြတ္ .. သနားစရာေလးကြာ”
“မန္ထင္း အနုိင္ရရွိသြားပါၿပီ”
အနုိင္ရသူ သဲကြဲသြားသၿဖင့္ ဒုိင္လူၾကီးက ခ်က္ခ်င္း ေၾကညာေပးလာသည္ ။
က်န္းဟူမွာ အနုိင္မခံ အရႈံးမေပးလုိပါေသာ္လည္း အားမတန္မာန္ေလ်ွာ့ေနၿပီမို့ အရႈံးေပးလုိက္ရပါ၏ ။
“ဆရာ တပည့္”
ထမ္းစင္ေပၚကေန က်န္းဟူသည္ လက္သီးနွစ္လံုး က်စ္က်စ္ပါေအာင္ ဆုပ္ထားရင္း တစ္ခုေသာအရာကုိ ေၿပာလုိဟန္ၿဖင့္
ဆရာၿဖစ္သူ အၾကီးအကဲ ခံုး ကုိ ၾကည့္လိုက္သည္ ။
“အရင္ ေဆးကုသမႈ ခံယူခ်ည္”
ဆရာၿဖစ္သူ အၾကီးအကဲ ခံုး က မ်က္ေမွာင္ၾကဳတ္ကာ အမိန့္ေပးလိုက္ရာ ..
“အၾကီးအကဲ ခံုး နဲ့ အၾကီးအကဲ ေလ်ာင္ဟယ္ ရဲ့ တပည့္ေတြၾကားမွာ အကြာၾကီး ကြာေနေသးတုန္းပါလား”
“ဒီနွစ္ေတြမွာ အၾကီးအကဲ ေလ်ာင္ဟယ္ က အၾကီးအကဲ ခံုး ကုိ ဖိနွိပ္ထားနုိင္တာလည္း မဆန္းေတာ့ပါဘူးဟယ္”
ေခါင္းေဆာင္မ်ားနွင့္ ေၾကးစားမ်ားမွာ ကုိယ္စီကိုယ္စီ အေတြးေတြကုိ ေဖာ္ထုတ္လာၾကသည္ ။
မၾကာခင္ ရီ၀မ္၀မ္၏အလွည့္ ထပ္မံ က်ေရာက္လာေခ်ၿပီ ။
…………………………………………………………………...............
စာစဥ္ ၆၆၊ အခန္း ၂၆။ အတူတူတက္ၾက
ေနသည္ အေနာက္အရပ္ကုိ ေစာင္းလာေလၿပီ ၿဖစ္သလို ထိပ္ဆံုးေၾကးစား ၁၀ ေယာက္ေလာက္သာ ၿပိဳင္ဖို့
က်န္ေတာ့ေလၿပီ ။
S အဆင့္ ေၾကးစားမွာ ၉ ေယာက္ က်န္ခဲ့ၿပီး
D အဆင့္ ေၾကးစားက တစ္ေယာက္ ၿဖစ္၏ ။
"ဘုရားေရ .. D အဆင့္ ေၾကးစားေလးတစ္ေယာက္က
၂၇ ပြဲကုိ ဆက္တုိက္ကို နုိင္ေနတာပါလား"
"ဟုိတုန္းကဆို စီနီယာမမ နန္လင္းလံုက ၂၈ ပြဲနဲ့ စံခ်ိန္တင္ထားတာ မလား"
"ဒီတစ္ခါေတာ့ ပြဲသိမ္းပါၿပီကြာ ၊ အေစာက အဲ့ဒီ ရီ၀မ္၀မ္
S အဆင့္ ေၾကးစားေတြ တစ္ေယာက္နဲ့မွ ရင္မဆုိင္ရေသး လို့ပါ"
"ဟြန္ ့… ဒီတစ္ေခါက္ ၿပိဳင္ပြဲမွာ တကယ္ၾကမ္းတဲ့
S အဆင့္ ေၾကးစားေဟာင္းေတြ ၀င္မၿပိဳင္ၾကလုိ့ေပါ့ ။ စီနီယာအစ္ကုိၾကီး ေသမင္း တုိ့နွစ္က ေၾကးစားေတြ ေရာက္မလာၾကလုိ့သာ ၊ မဟုတ္လုိ့ကေတာ့လား
သူ ထိပ္ဆံုး ၁၀ ထဲကို ပါပါလိမ့္မယ္ အားၾကီးၾကီး"
"#၈ ရီ၀မ္၀မ္ နဲ့ #၂ မန္ကဲ"
ဒုိင္လူၾကီးက တုိတုိတုတ္တုတ္ပင္ ေၾကညာလာသည္ ။
ကြင္းၿပင္ၾကီးတစ္ခုလံုး အပ္က်သံ ၾကားရေလာက္ေအာင္ကုိ အတိတိတ္ဆိတ္သြားေလၿပီ ။
မန္ကဲက စင္ၿမင့္ေပၚကုိ ေအးစက္စြာ ေလ်ွာက္လာသည္ ။
“ဂ်ဴနီယာညီမေလး မန္ကဲ .. နည္းနည္းေလာက္ေတာ့ ညွာေပးလုိက္ဦးေနာ္”
မန္ထင္းက ထိပ္ဆံုး ၁၀ ေယာက္ေနရာကေန ဂုဏ္ရွိန္ၿမင့္စြာ ေလွာင္ေၿပာင္ေၿပာ လာသည္ ။
“ဟုတ္ပါၿပီ စီနီယာအစ္ကုိၾကီးရဲ့”
မန္ကဲ ၿပန္ေၿပာသည့္စကားမွာ ေအးစက္စက္ ။
စင္ၿမင့္ထက္တြင္ ရီ၀မ္၀မ္သည္ မန္ကဲကို ၾကည့္ေနရာမွ
နံပတ္ ၁၀ တြင္ ထုိင္ေနသည့္ မန္ထင္းဘက္ကုိ
လွည့္ၾကည့္လုိက္သည္ ။
“ေနဦး”
ရီ၀မ္၀မ္ ထေၿပာလုိက္ေသာေၾကာင့္
လူတုိင္း သူမကို လွည့္ၾကည့္လာၾကသည္ ။
သူ အရႈံးေပးေတာ့မလုိ့လား ။
ရီ၀မ္၀မ္သည္ အၾကီးအကဲ ခံုး ၏ တပည့္ ၿဖစ္ေနသၿဖင့္
အၾကီးအကဲ ေလ်ာင္ဟယ္၏ တပည့္မ်ားက သူမကုိ သက္ညွာေပးလိမ့္မွာ မဟုတ္သည္က နားလည္လုိ့ရပါ၏ ။
အၾကီးအကဲ ခံုး သည္ စိတ္ေက်နပ္စြာၿဖင့္ ေခါင္းညိတ္လုိက္
သည္ ။ ထိပ္ဆံုး ၁၀ ေယာက္ထဲ ၀င္နုိင္ၿခင္းကပင္
အေတာ္ေလး ေကာင္းမြန္သာလြန္ေနေလၿပီ ။
ရီ၀မ္၀မ္သည္ ဗုဒၶလက္၀ါးသုိင္းကို က်ြမ္းက်င္ရင္ေတာင္
မန္ကဲ၏ ၿပိဳင္ဘက္ မဟုတ္တာေၾကာင့္ အရႈံးေပးလုိက္ၿခင္းက လက္သင့္ခံလုိ့ ရပါ၏ ။ သူ နားလည္ေပးနုိင္ပါ၏ ။
မန္ကဲက ရီ၀မ္၀မ္ကုိ ၾကည့္လုိက္သည္ ။
သူမအေနၿဖင့္ ရီ၀မ္၀မ္က အရႈံးေပးခ်င္ရင္ပင္
သူမ ခြင့္မၿပဳနုိင္ပါေခ် ။ ထုိမိန္းကေလးသည္
စကားတတ္လြန္းခဲ့သည္ မဟုတ္ပါလား ။
အရွင္နတ္ဆုိး၏ အမူအရာကင္းမဲ့ေသာ အၾကည့္က
ရီ၀မ္၀မ္ေပၚ သက္ဆင္းလာ၏ ။
“ၿပိဳင္ပြဲ၀င္ #၈ ဘာေၿပာခ်င္လုိ့လဲ”
ဒုိင္လူၾကီးသည္ စင္ၿမင့္ထက္ကုိ ခပ္ၿမန္ၿမန္ တက္လာၿပီး ေမးခြန္းထုတ္၏ ။
“ဒီလုိပြဲမ်ိဳးက အဓိပၸာယ္မရွိဘူးလုိ့ ခံစားရလုိ့”
ထိုသည္ကား ရီ၀မ္၀မ္ ဒိုင္လူၾကီးကို ေၿပာလုိက္သည့္ စကားတစ္ခြန္း ။
အဓိပၸာယ္ မရွိဘူးလား ။
လူတုိင္း ဇေ၀ဇ၀ါ ၿဖစ္ကုန္၏ ။
အဓိပၸာယ္ မရွိဘူး ဆုိတာက ဘာအဓိပၸာယ္လဲ ။
“ဒီတုိင္း အရႈံးမေပးခ်င္လုိ့ သက္သက္မဲ့ ဂြင္ဆင္တာ
ေနမွာေပါ့ေအ ။ ဒါေပမယ့္လည္း အလကားပါပဲ ။
အဲ့ဒီ ဂ်ဴနီယာညီမေလးက တကယ္ကို ေတာ္တယ္လို့ေတာ့ ေၿပာလုိ့ရတယ္ဟ ။ မီးလွ်ံေက်ာင္းေတာ္ရဲ့ သိုင္းၿပိဳင္ပြဲရာဇ၀င္မွာ
ထိပ္ဆံုး ၁၀ ေယာက္ထဲကုိ ၀င္နုိင္ခဲ့တဲ့ D အဆင့္ ေၾကးစားဆုိလုိ့
သူက ပထမဆံုးပဲ”
“အၾကီးအကဲ ေလ်ာင္ဟယ္ ရဲ့ တပည့္ ၊ S အဆင့္ေၾကးစား
မန္ကဲ နဲ့ ထိပ္တုိက္ရင္ဆုိင္ရမွေတာ့ အရႈံးေပးလုိက္တာက စဥ္းစားဥာဏ္ရွိၿခင္းတမ်ိဳးပါပဲေလ ။ ရန္သူ ရန္သူခ်င္း
ထိပ္တုိက္ေတြ ့ဖုိ့ကေတာ့ .. အင္း ငါ ၾကားတာေတာ့
ရီ၀မ္၀မ္က အၾကီးအကဲ ခံုး ရဲ့ အမည္ခံ တပည့္ ဆုိ”
စင္ၿမင့္ေပၚတြင္ ရွိေနသည့္ ဒုိင္လူၾကီးကေတာ့ မ်က္ေမွာင္ၾကဳတ္သြားၿပီး ေမးလာသည္ ။
“ဘာလုိခ်င္တာလဲ”
“မန္ကဲအၿပင္ကုိ” ရီ၀မ္၀မ္သည္ နံပတ္ ၁၀ ဘက္ကုိ
လွည့္လုိက္ကာ မန္ထင္းအား လက္ညွိဳးထုိးလုိက္ၿပီး ..
“သူ ့ကုိလည္း စိန္ေခၚတယ္”
“ဘာ”
ဒုိင္လူၾကီးမွာ အံ့အားသင့္သြား၏ ။
သူက မန္ကဲအၿပင္ မန္ထင္းကိုပါ စိန္ေခၚခ်င္ေနတာလား ။
“မန္ကဲ ကုိ အနုိင္ရရင္ မန္ထင္းနဲ့ ဆက္တုိက္မယ္လုိ့
ေၿပာေနတာလား”
ဒုိင္လူၾကီးမွာ မေသမခ်ာ ေ၀၀ါးေသာ စိတ္ၿဖင့္
ေမးၾကည့္လုိက္သည္တြင္ ရီ၀မ္၀မ္က ေခါင္းခါသည္ ။
“က်ြန္မ ေၿပာတာက … မန္ကဲနဲ့ မန္ထင္းကို တစ္ၿပိဳင္တည္း လာတုိက္ေစခ်င္တာ”
ကြင္းၿပင္ၾကီးတစ္ခုလံုး ေ၀ါခနဲ ညံသြားသည္ ။
အၾကီးအကဲ ခံုး သည္ပင္ အံ့ၿသမိသြား၏ ။
သူ ့ရဲ့ တပည့္မေလးက ရူးသြားၿပီလား ။
“ငါလခြမ္း .. ရီ၀မ္၀မ္ သတိၱေတြ စြတ္ေကာင္းလွခ်ည္လား”
“သူ ရူးသြားၿပီလား”
“S အဆင့္ ေၾကးစား နွစ္ေယာက္ကုိ သြားၿပီး စိန္ေခၚတယ္ ..
မန္ထင္း နဲ့ မန္ကဲ နွစ္ေယာက္စလံုးကိုေလ ။
၂ ေယာက္ ၁ ေယာက္ ခ်ေတာ့မွာလား”
"လာေနာက္ေနတာလား ။ မန္ထင္းက မန္ကဲထက္ တစ္ဆင့္ၾကီးကုိ ကြာေသးတာဟ ။ ဒါကုိ သူက နွစ္ေယာက္တစ္ေယာက္ သြားစိန္ေနတာ"
………………………………………………………………..................
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘
စာစဥ္ ၆၆ ၿပီးပါၿပီ ။
....
Unicode
💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 66
Chapter. : 17 - 26
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၆၊ အခန်း ၁၇။ စိုးရိမ်ခြင်းကင်းသောနန်၏ အရည်အချင်းကို ပိုင်ဆိုင်ထားခြင်း
ရီဝမ်ဝမ် ထိုဗွီဒီယိုကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည် ။
ဗွီဒီယိုထဲက ထိုမိန်းမသည် လူသားတစ်ယောက်၏ အရှိန်ကို ကျော်လွန်ကာ အလင်းလို မြန်ဆန်လွန်းသည် ။
တိုက်ခိုက်လိုက်သည့် အရိပ်ကိုသာ မြင်ရပြီး တခနအတွင်း
လိဟန်ဖန့်ခမျာ လွင့်ပျံတက်သွားလေသည် ။
လိဟန်ဖန့်သည် အလွန်အမင်း မြန်စွာ လှုပ်ရှားလိုက်ပြီး ချက်ချင်း ခုခံတော့၏ ။ သူမ ဘာကြောင့် ထတိုက်ရသလဲကို မေးလာသော်လည်း ထိုမိန်းမသည် လူယုတ်မာအပြုံးသာ ပြုံးလာလေသည် ။ သို့သော် ရုပ်ဆိုးပန်းဆိုးပုံ ရုပ်ဖျက်ထားလေသဖြင့် ထိုလူယုတ်မာအပြုံးမှာ အင်မတန်ကို အော့နှလုံးနာစရာ ကောင်းလွန်းလှချေသည် ။
ထို့နောက်တွင် ထိုမိန်းမသည် ဆိုင်တစ်ဆိုင်လုံးကို လိုက်ဖျက်ဆီးပစ်ပြီး အမိုးကို ဆွဲချွတ်ပစ်ချေသည် ။
ထိုဗွီဒီယိုထဲက မိန်းမသည်ကား တခြားသူ မဟုတ်ဘဲ ရီဝမ်ဝမ်ကိုယ်တိုင်ပင် ဖြစ်နေ၏ ။
"ငါ"
ရီဝမ်ဝမ် ပါးစပ်အဟောင်းသား ဖြစ်မိသွား၏ ။
သူမသည် လိဟန်ဖန့် ပေးလာသည့် ကော့တေ့လေးတစ်ခွက်ကိုသာ သောက်မိပြီး မှောက်သွားခဲ့တာ မဟုတ်ဘူးလား ။
ရီဝမ်ဝမ်သည် သူမ၏ အရက်ခံနိုင်စွမ်းအကြောင်း ကောင်းကောင်း သိထားပါသော်လည်း
အသိဉာဏ်တွေ အမှောင်ကျသွားပြီးနောက် ပြုလုပ်မိသည့်
သူမ၏ အပြုအမူ တို့ကိုတော့ နားမလည်နိုင်ပါချေ ။ သူမ ဘယ်တုန်းကစပြီးတော့ ပေါ့ပရေး ဖြစ်သွားတတ်တာလဲ ။
ပေါ့ပရေးက ဟင်းနုနွယ်စားပြီးမှ ပြောင်းလဲတာပါ ၊
င့ါကျမှ အရက်သောက်ပြီးတော့ ပြောင်းလဲတာတဲ့လား ။
“ဂျူနီယာညီမလေး ရီ .. ညီမလေး အစ်ကိုနဲ့ သိုင်းပြိုင်ချင်တယ် ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့လား ။ ဘာလို့ ခိုးကြောင်ခိုးဝှက် ထတိုက်ရတာလဲ”
“…” ငါလည်း ဘယ်လိုလုပ် သိမှာလဲ ။
အရက်မူးပြီး ဘာလုပ်မိလဲ မသိတာကို ကျိန်ဆိုကျိန်ပါတယ် ။
“ဒါကြောင့်ကိုး ဒါကြောင့်ကိုး”
ရီဝမ်ဝမ် ဖိန့်ဖိန့်တုန်ဂိုဏ်းမှာတုန်းက
ရိရွှေ့ဟန်၏ အရက်ကို သောက်မိပြီးနောက်
အသိဉာဏ်တွေ အမှောင်ကျသွားမိရာကနေ ပြန်သတိရလာချိန်တွင် ဖိန့်ဖိန့်တုန်ဂိုဏ်းက လူတိုင်းသည် သူမကို ရီပိုင်ဟု ဝကွက် ယုံကြည်သွားခဲ့ကြပြီး ပထမအကြီးအကဲ နှင့် တတိယအကြီးအကဲ သည်ပင် သူမအပေါ် ကျိုးနွံလာကြသည်ကို သူမ အမှတ်ရမိသွား၏ ။
သူမ မူးနေတုန်းက အရမ်းကြီး ကြောက်စရာကောင်းအောင် ကြမ်းပြခဲ့မိလို့များလား ။
သူမ မူးနေပြီဆိုရင် လုံးဝခပ်မိမိခပ်မိုက်မိုက် ဖြစ်သွားတာများလား ။ ဒီလိုဆိုရင်တော့ဖြင့် သူမ အခုကစပြီး လွတ်လပ်သောနယ်မြေထဲမှာ လုပ်ချင်တာ လုပ်လို့ ရပြီပေါ့ ။ သူမ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူးပေါ့ ။
“ညီမလေးရဲ့ သိုင်းကွက်တွေက စီနီယာအစ်မ
စိုးရိမ်ခြင်းကင်းသောနန် နဲ့ တော်တော်ဆင်တယ်”
ရီဝမ်ဝမ် တိတ်ဆိတ်သွားသဖြင့်
လိဟန်ဖန့်က တိုးတိုးလေး ပြောလာသည် ။
“…” ဆင်မှာပေါ့ ၊ ငါက စိုးရိမ်ခြင်းကင်းသောနန် ပဲဟာ ။
သူ့ရဲ့စကားတွေကြောင့် ရီဝမ်ဝမ် အတွေးကြီး တွေးမိသွားပြီး နောက်တစ်ခုကို ထပ်ဆက်စပ်တွေးမိသွား၏ ။
လိဟန်ဖန့်သည် သူမ မူးနေချိန် ထုတ်သုံးသွားသည့် သိုင်းကွက်တွေက စိုးရိမ်ခြင်းကင်းသောနန် နှင့် ဆင်တူသည်ဟု ပြောသွားလေသည် ။
ဧကန္တ .. သူမသည် အသိဉာဏ်တွေ အမှောင်ကျသွားတိုင်း စိုးရိမ်ခြင်းကင်းသောနန် ပိုင်ဆိုင်သည့် မှတ်ဉာဏ်တွေနှင့် သိုင်းပညာတွေက ပေါ်ထွက်လာတတ်ပေလား ။
သို့သော် သေသေချာချာ တွေးကြည့်ပြန်တော့လည်း မှတ်ဉာဏ်တွေ ပြန်ပေါ်ပေါ်လာခြင်းက မဟုတ်ပြန်ပေ ။ ဗွီဒီယိုထဲကအတိုင်းဆို သူမသည် အသိဉာဏ်အမှောင်ကျသွားတာနဲ့ ကောင်းကင်ဘုံကိုလည်း ထိပါးရဲသည် ၊ မြေကြီးကိုလည်း ကျူးကျော်ရဲသည် ၊ လေကိုလည်း ထွင်းဖောက်ရဲသည် ။ သူမသာ မှတ်ဉာဏ်တွေ ပြန်ရသွားသည် ဆိုလျှင် အကြောင်းမရှိဘဲနှင့် လိဟန်ဖန့်ကို ဘာကြောင့် ထရိုက်ပါမည်နည်း ။
မဟုတ်မှလွဲရော .. ငါက မူးလာရင် စိုးရိမ်ခြင်းကင်းသောနန်ရဲ့ သိုင်းပညာကိုပဲ ရတာလား ။ ဒီလိုဆိုရင်တော့ …
ရီဝမ်ဝမ် တွေးမိနေ၏ ။
“ညီမက စိုးရိမ်ခြင်းကင်းသောနန် ဖြစ်လို့ နေမှာပေါ့”
ရီဝမ်ဝမ် လိဟန်ဖန့်ကို ကြည့်ကာ စလိုက်၏ ။
သူသည် သူမကို ကြည့်လာသော်လည်း ဘာမှတော့ မပြောပေ ။
သူ့ကိုယ်ပေါ်က ဖုန်တွေကို ခါချလိုက်ပြီး ဆိုင်ဝန်ထမ်းဘက်ကို လှည့်လိုက်သည် ။
“ပျက်စီးသွားတာတွေကို ငါ့စာရင်းထဲ ထည့်လိုက်”
“ဟုတ်ကဲ့” ထိုဝန်ထမ်းက ခေါင်းညိတ်ပြလာသည် ။
ထို့နောက်တွင် လိဟန်ဖန့်သည် တစ်ချက်မကြည့်ဘဲ
ဆိုင်ထဲကနေ ထွက်သွားလေပြီ ။
“…” ငါက စိုးရိမ်ခြင်းကင်းသောနန်ပါဆိုနေ ၊ ဒီလိုကြီး ပစ်သွားရသလားလို့ ။
……………………………………………………...........................
စာစဉ် ၆၆၊ အခန်း ၁၈။ သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်ပြီ
လိဟန်ဖန့် ထွက်သွားပြီး မကြာမီ
ရီဝမ်ဝမ်လည်း လှည့်ထွက်သွားလိုက်၏ ။
ထိုဆိုင်ဝန်ထမ်း၏ သူမကို ကြောက်လန့်စွာ ကြည့်နေပုံက
အတော်လေး ခံရခက်ပေသည် ။
သူမ မှားမှန်း သိသဖြင့် ထိုဆိုင်ထဲတွင် ကြာကြာဆက်နေလိုစိတ်လည်း မရှိတော့ပေ ။
အဆောင်ခန်းဆီကို ပြန်ရောက်သွားချိန်တွင်
လီရှင်းနှင့် တခြားသူများသည် ပြူးကျယ်နေသည့် မျက်လုံးတို့ဖြင့် သူမကို ကြည့်နေကြလေသည် ။
"ညီမလေး စားလို့ ပြီးခဲ့ပြီလား ။ ညီမလေးအတွက် ထမင်းပေါင်း ယူလာတယ်" လီရှင်းက အပြုံးကြီး ပြုံးကာ ရီဝမ်ဝမ်ဆီကို အမြန်လျှောက်လာသည် ။
"ဖယ်စမ်းပါ" နှစ်ကျကြေးစားတစ်ယောက်က လီရှင်းကို တွန်းပစ်ပြီး ပြုံးပြုံးကြီး ကြည့်လာပြန်သည် ။
"ဝမ် ညီမလေး ကိုကြီး မင်းအတွက် နို့လက်ဖက်ရည်နဲ့ စားကောင်းတာတွေ ယူလာတယ်"
ရီဝမ်ဝမ် ။ "…" ဘာတွေ ဖြစ်နေတာလဲ ။
အဆောင်ထဲက လူတိုင်းသည် သူမကို
နေကောင်းလား ကျန်းမာလား ဘာညာသာရကာ နှင့်
ဘာလိုသေးလဲ ဘာလိုအပ်လဲ မေးကာ ကပ်ဖားရပ်ဖား လုပ်နေကြလေသည် ။
"ဝမ် ညီမလေးက အရမ်း မိုက်လိုက်တာ ..
ဖိန့်ဖိန့်တုန်ဂိုဏ်းက ခုနစ်စင်ကြယ် နဲ့ ကြယ်ခုနစ်ကိုတောင်
တကယ်ကြီး ဆော်ပစ်နိုင်ခဲ့တယ်"
"ညီမလေး ဝမ် နောက်တစ်ခါ မစ်ရှင်ထွက်ရင်
အစ်ကိုတို့ကိုပါ ခေါ်သွားပေးပါလား ၊ ဒါဆို အစ်ကိုတို့လည်း
C အဆင့် ကြေးစားတွေ ဖြစ်လာလို့ ရပြီ"
ရီဝမ်ဝမ် ထိုတော့မှ နားလည်သဘောပေါက်သွား၏ ။
ဒါကြောင့် သူတို့ ဒီလောက် ဖားနေတာကိုး .. ။
"ညီမလေး ဝမ် သိလား ၊ ညီမလေးက ဒီမီးလျှံကျောင်း တစ်ကျောင်းလုံးမှာ အကြီးအကဲတွေကို ပြန်ပြောရဲတဲ့ ဒုတိယမြောက်ပဲ ။ ပထမတစ်ယောက်က စီနီယာမမ စိုးရိမ်ခြင်းကင်းသောနန်"
"စီနီယာမမ စိုးရိမ်ခြင်းကင်းသောနန်က မီးလျှံကျောင်းတော်ရဲ့ လူစွမ်းကောင်းမလေးလေ ၊ သူ တင်သွားတဲ့ စံချိန်တွေမှ မနည်းမနောဘူး ။ အင်း .. စီနီယာမမ နန်လင်းလုံက အဲ့စံချိန်တွေအကုန်လုံးကို ချိုးပစ်လိုက်တာ နှမျောစရာ ကောင်းတယ်"
ရီဝမ်ဝမ်၏မျက်ဝန်းတို့ အေးစက်လာသည် ။
တစ်နေ့ကျရင် ငါ့ဆီကနေ နန်လင်းလုံ ခိုးသွားသမျှကို ငါ ပြန်ယူမယ် ။
နောက်တစ်နေ့ မနက်တွင်
ရီဝမ်ဝမ် အကြီးအကဲ ခုံး၏ စံအိမ်ဆီကို ရောက်သွားချိန်
ဧည့်ခန်းထဲတွင် အကြီးအကဲ ခုံး အပြင်
နောက်ထပ်အမျိုးသမီး တစ်ယောက်ပါ ရှိနေလေသည် ။
ရီဝမ်ဝမ် ထိုအမျိုးသမီးကို မြင်လိုက်ချိန်တွင် အကြီးအကဲ လျောင်ဟယ်နှင့် တစ်ဖက်တည်းက ဖြစ်သည့်သူမှန်း
တန်းသိလိုက်ပါ၏ ။
“အကြီးအကဲ ခုံး .. ရှင့်တပည့်မ သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်မှ ဖြစ်လိမ့်မယ်”
ထိုအမျိုးသမီးကြီးက မဲ့ရွဲ့စွာဖြင့် ပြောဆိုနေသည် ။
အကြီးအကဲ ခုံး သည် ထိုအမျိုးသမီးကို ကြည့်လိုက်ကာ ..
“ရီဝမ်ဝမ်က D အဆင့် ကြေးစားပဲ ရှိသေးတယ် ၊
ဝင်ပြိုင်ဖို့ မဖြစ်နိုင်ဘူး”
“အဟက် .. အကြီးအကဲ ခုံး ရာ ၊ ဒါပေမယ့် ရှင့်တပည့်မက
A အဆင့် မစ်ရှင်နှစ်ခုတောင် ပြီးထားမှတော့ သူ့ကြေးစား အဆင့်ကို ထည့်တွက်နေစရာ မလိုပါဘူးရှင် ။ ပြီးတော့ အကြီးအကဲ လျောင်ဟယ်ကလည်း ကျောင်းအုပ်ဆီမှာ ခွင့်တောင်းပြီးသွားပြီ ၊ ကျောင်းအုပ်ကလည်း သဘောတူလိုက်တယ်”
ထိုအမျိုးသမီးကြီးက ဟန်လုပ်ပြုံးကာ ပြန်ပြောသည် ။
အကြီးအကဲ ခုံး ပြန်မပြောရသေးခင်
ရီဝမ်ဝမ် ထရပ်လိုက်ပြီး ထိုအမျိုးသမီးကြီးကို ကြည့်ကာ
အေးစက်စွာ ပြောလိုက်သည် ။
“အကြီးအကဲ လျောင်ဟယ် နဲ့ မန်ကဲကို ပြောလိုက် ။
ကျွန်မ သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်မယ်”
ထိုအမျိုးသမီးက ပြုံးကာ ခေါင်းညိတ်သည် ။
“ဆရာကြီး ခုံး ရှင်ကိုယ်တိုင် ကြားတယ်နော် ။ ရှင့်တပည့်မာကိုယ်တိုင်ကိုက ဝင်ပြိုင်ချင်နေတာ ။
စကားဆိုတာ ရေလိုပဲ ၊ ပြောပြီး ပြန်ရုတ်လို့ မရဘူး”
အမျိုးသမီးကြီးက အကြီးအကဲ ခုံးကို ပြန်ပြောခွင့် မပေးဘဲ ထွက်သွားလေပြီ ။
ထိုအမျိုးသမီး ထွက်သွားတော့ အကြီးအကဲ ခုံး သည်
မရွှင်ကြည်သော မျက်နှာ ၊ မှုန်မှိုင်းသော စိတ်ခံစားချက်ဖြင့် ရီဝမ်ဝမ်ဘက်ကို လှည့်ကြည့်လာလေပြီ ။
“သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ မင်းကို ဘယ်သူ ခွင့်ပြုထားလဲ”
“…” အရက်လေ .. ။
“ရီဝမ်ဝမ် … အကြီးအကဲ လျောင်ဟယ် က မင်း ဝင်ပြိုင်လို့
ရအောင် ကျောင်းအုပ်ဆီမှာ ဘာလို့ ခွင့်သွားတောင်းတာလဲ
သိလား ။ သူ မင်းကို ရှင်းချင်လို့ ၊ မင်းကို အသေသတ်ချင်လို့ ကွ”
မြင်ကွင်းတစ်ခုက အကြီးအကဲ ခုံး ၏ စိတ်အာရုံတွင် ထင်ဟပ်လာလေသည် ။
“လွန်ခဲ့တဲ့တစ်နှစ်က သိုင်းအရမ်း ထူးချွန်တဲ့ တပည့်ရင်း
တစ်ယောက် ငါ့ဆီမှာ ရှိတယ် ။ သူ သုံးနှစ်လောက်သာ ထပ်စောင့်လိုက်ရင် မင်းရဲ့စီနီယာအစ်မ စိုးရိမ်ခြင်းကင်းသော ကို ကျော်သွားလောက်တယ်”
ရီဝမ်ဝမ်လည်း ဖုန်းထင်းအကြောင်းကို ကျောင်းက တခြားကျောင်းသားများဆီကနေ ကြားထားပါ၏ ။
ဖုန်းထင်းသည် သိုင်းပြိုင်ပွဲတွင် ဝင်ပြိုင်ခဲ့ပြီး ပြိုင်ဘက်ကင်း ဖြစ်လာခါနီးတွင် အကြီးအကဲ လျောင်ဟယ် ၏ အကြီးဆုံး တပည့်နှင့် ရင်ဆိုင်ခဲ့ရလေသည် ။
အကြီးအကဲ လျောင်ဟယ် ၏ ထိုအကြီးဆုံးတပည့်နှင့် ရင်ဆိုင်တိုက်ခိုက်နေရင်း သူ သေပွဲဝင်ခဲ့ရလေသည် ။
သိုင်းပြိုင်ပွဲဆိုသည်မှာ အရှုံးအနိမ့် သဲကွဲမှ ရပ်ရသည်ချည်းမို့
သေပွဲနှင့် ရင်ဆိုင်ရသည်တို့လည်း ရှိတတ်သည်ချည်းသာ ။
……………………………………………………………....................
စာစဉ် ၆၆၊ အခန်း ၁၉။ ဂျိဘုရင်နှင့် အရှင်နတ်ဆိုး
လျောင်ဟယ်သည် ဖုန်းထင်းအား တမင် သတ်ပစ်ခဲ့သော်လည်း အရှိန်မထိန်းနိုင်ဘဲ မတော်တဆ သတ်မိခဲ့ခြင်းပါဟု ထုတ်ဖော်ပြောကြားလာခဲ့ခြင်းကြောင့်
ကျောင်းတော်က ထိုကိစ္စကို အရေးမယူနိုင်ဘဲ လွှတ်ပေး ခဲ့ရ၏ ။
"ဒီတစ်ခေါက် သိုင်းဝင်ပြိုင်တာက မင်းရဲ့ စီနီယာအစ်ကိုကြီး ထင်းဖုန်းလိုပဲ အဆုံးသတ်လိမ့်မယ်"
အကြီးအကဲ ခုံး သည် ခပ်ဖွဖွလေး သက်ပြင်းချလိုက်၏ ။
"ဒါပေမယ့် .. နောက်ဆုံးပွဲအထိကို မဝင်သွားနဲ့ ။ လျောင်ဟယ်ရဲ့ တပည့်တွေနဲ့ ထိပ်တိုက်မတိုးရင် ဘာမှ ပြသနာမရှိဘူး"
ရီဝမ်ဝမ်သည်လည်း နောက်ဆုံးပွဲစဉ်အထိ ရောက်နိုင်မရောက်နိုင်ကို မသိပါချေ ။ သို့သော် သူမသည် ပွဲပင် မဝင်ခင် အပြင်မှာ ကြိုကြောက်ချေးပန်းနေမည့် သူမျိုး ဟုတ်လို့လား ။
အစောနက သူမ တွေးမိသည်မှာ သူမသာ ဒီပြိုင်ပွဲကို ဝင်မပြိုင်ခဲ့ရင် သူမဆရာသည် မျက်နှာပျက်ရပေလိမ့်မည် ။
ဟူး .. လုပ်ပြီးတာတွေက လုပ်ပြီးနေပြီပဲဟာ ၊ ထားလိုက်တော့ ။
ငါ့မှာ ရှိသလောက်နဲ့ပဲ စွမ်းဆောင်ရ တာပေါ့ ။
သူတို့ကို ငါက ကြောက်နေစရာလား ။
"ဆရာ့မှာ အရက်ရှိလား"
ရီဝမ်ဝမ် မေးလိုက်သည့် စကားကြောင့်
အကြီးအကဲ ခုံး အံ့သြသွား၏ ။
"မင်းက ကြေးစားတစ်ယောက် ၊ ပြီးတော့လည်း
မိန်းကလေး အရက်တွေ အရမ်းမသောက်နဲ့"
ဟု အကြီးအကဲ ခုံး က ပြန်ပြောသည် ။
အကြီးအကဲ ခုံး သည် သူမကို အရက်ပေးချင်ဟန် မရှိနေသဖြင့် ရီဝမ်ဝမ် အားတင်းကာ လက်လျှော့လိုက်ရ၏ ။
စံအိမ်ကာ ထွက်ပြီးနောက် ရီဝမ်ဝမ် ချက်ချင်း ထိုလက်ဖက်ရည်ဆိုင်ကို လျှောက်သွားလိုက်သည် ။
"ဒီထဲကို ဟိုတစ်ခေါက်တုန်းက အရက်ပြင်းပြင်း ပါတဲ့ ကော့တေးတွေ ဖြည့်ပေး"
ရီဝမ်ဝမ် အရက်ဘူးသီးတစ်လုံးကို ထုတ်ယူလိုက်ပြီး ထိုဝန်ထမ်းကို ပေးလိုက်သည် ။
ထိုဝန်ထမ်းလေး၏ ထိတ်လန့်တုန်ရီစွာ အရက်ဖြည့်နေပုံကို ကြည့်ရင်း ရီဝမ်ဝမ် အတိုင်းထက်အလွန်ကို အံ့သြနေမိ၏ ။
ငါက မကောင်းဆိုးဝါးမို့လို့လား ။ အဲ့လောက်တောင် ကြောက်ဖို့ ကောင်းနေလို့လား ။
ပိုက်ဆံရှင်းပြီးနောက်တွင် ထိုဘူးသီးခြောက်အရက်ကို ယူသွားလိုက်တော့သည် ။
အရက်အစွမ်း အံ့မခန်းပဲ ။
သိုင်းပြိုင်ပွဲရဲ့ အဖြေက နင့်အပေါ်မှာပဲ လုံး၀ မူတည်သွားပြီ
နော် ၊ အရက်လေး ။
မျက်တောင်တစ်ခတ် အတွင်းမှာပင်
သုံးရက် ပြည့်သွားလေပြီ ။
မီးလျှံကျောင်းတော်၏ တောင်ထပ်ပေါ်တွင် လူတွေ ပြည့်ကျပ်နေ၏ ။
တွေ့ရခဲတတ်သည့် A အဆင့် ကြေးစားများကိုပါ မျက်စိတဆုံး မြင်နေရပြီး ရွှေရောင် တလက်လက် ဖြစ်နေသည့် S အဆင့် ကြေးစားများပင် များစွာ ရှိနေကြလေသည် ။
သိုင်းပြိုင်ပွဲကြီးမှာ တစ်နာရီအတွင်း တရားဝင် စတော့မည် ။
ရီဝမ်ဝမ်သည် ခါးထက်တွင် ဘူးသီးအရက်ကို ချိတ်ဆွဲထားပြီး လျှောက်လာကာ ထိုနေရာကို ကြည့်နေလေသည် ။
မီးလျှံကျောင်းတော်က တကယ့်ကို မဟာကျောင်းတော်ကြီး သုံးကျောင်းထဲက တစ်ကျောင်း ဖြစ်ထိုက်ပါပေ၏ ။
တကယ့်ကို ထူးခြားပြောင်မြောက်လွန်းပေသည် ။
အဆင့်မြင့်ကြေးစားများရော အကြီးအကဲများ အားလုံးပါ လူအင်အားရော အရည်အချင်းပါ
တခြားသာမန်ကြေးစားကျောင်းများနှင့် အခြားနားကြီး ခြားနားလှပေသည် ။
ဖိန့်ဖိန့်တုန်ဂိုဏ်းက လူအင်အားအလုံးအရင်းနှင့် လာတိုက်လျှင်ပင် သူတို့သာ လွင့်ပျံသွားပေလိမ့်မည် ။
မကြာခင် ရီဝမ်ဝမ် ဧည့်သည်တော်များအတွက် သီးသန့်ချပေးထားသော နေရာဆီကို ရောက်ရှိသွား၏ ။
သူမသည် စကားပြောဖို့ရာ အကြီးအကဲ ခုံး ကို လိုက်ရှာကြည့်လိုက်သော်လည်း ရှာမတွေ့မိသေးခင် အင်အားအပြည့်ပါသော လက်တစ်စုံက သူမပုခုံးပေါ်ကို
ခပ်ဖွဖွလေး သက်ဆင်းလာချေသည် ။
ရီဝမ်ဝမ် ချက်ချင်း လှည့်ကြည့်လိုက်၏ ။
“ဂျိရှို့ရန်”
ထိုယောကျာ်း၏ သိမ်မွေ့နူးညံ့သော အပြုံးကို မြင်လိုက်ပြီး
ရီဝမ်ဝမ် အံ့သြသွားသည် ။
သူမအရှေ့က အဖြူရောင်ဝတ်စုံနှင့် ထိုယောကျာ်းမှာ ဂျိရှို့ရန်ကလွဲပြီး တခြားမရှိလေပြီ ။
ရီဝမ်ဝမ် စကားပြောဖို့ လုပ်လိုက်ချိန် ကျောထဲ စိမ့်ခနဲ ဖြစ်မိသွားသဖြင့် ဧည့်သည်တော်နေရာဆီ မသိလိုက်ဘဲ လှည့်ကြည့်မိသွား၏ ။
ဝတ်စုံပြည့် ဝတ်ဆင်ထားသော ယောကျာ်းတစ်ယောက် ။ ထိုသူ၏မျက်ဝန်းတို့သည် နွေးထွေးမှု အလျဉ်းမရှိဘဲ အေးစက်နေသည်မှာ ညမင်းကြီးလားပင် အောက်မေ့ရ၏ ။
“အရှင်နတ်ဆိုး” ရီဝမ်ဝမ် အံ့သြသွား၏ ။
ဘာတွေ ဖြစ်နေတာလဲ ။
ဘာလို့ ဂျိရှို့ရန် ရော အရှင်နတ်ဆိုးရော ဒီကို ရောက်နေတာလဲ ။
အရှင်နတ်ဆိုးသည် ရီဝမ်ဝမ်၏ ဘယ်ဘက်ပုခုံးပေါ် မိုးထားသော
ဂျိရှို့ရန်၏လက်ကို ကြည့်ကာ ပိုလ့ိုပင် အေးခဲလာတော့သည် ။
ဂျိရှို့ရန်သည်ကတော့ အရှင်နတ်ဆိုးကို သတိမပြုမိသလိုလို ပြုကာ ရီဝမ်ဝမ်အပေါ်တွင်သာ အာရုံအပြည့် စိုက်ထားပြီး ခပ်ဖျော့ဖျော့လေး ရယ်မောလိုက်ကာ မေးလာသည် ။
“ရှောင်ဖန်း .. မီးလျှံကျောင်းတော်မှာ အဆင်ပြေရဲ့လား”
“ဘာလို့ ဒီကို ရောက်လာတာလဲ”
ရီဝမ်ဝမ်သည် မျက်မှောင်အကြုတ်ကြီး ကြုတ်နေမိ၏ ။
လာတာကတော့ ထားပါဦး ၊ ဒါပေမယ့် ဘာလို့ ဂျိဘုရင်ရော အရှင်နတ်ဆိုးရော နှစ်ယောက်စလုံး ရောက်လာရတာလဲ ။
……………………………………………………………....................
စာစဉ် ၆၆၊ အခန်း ၂၀။ ရီဝမ်ဝမ်ရဲ့ အလှည့်
"မီးလျှံကျောင်းတော်က ကိုယ်တို့ကို ဖိတ်ထားလို့"
ဂျိရှို့ရန်က ခပ်ပြုံးပြုံးလေး ဆိုသည် ။
ထိုအခိုက်တွင် အကြီးအကဲ လျောင်ဟယ်သည် မန်ကဲနှင့် တခြားကျောင်းသားများကို ခေါ်ဆောင်ကာ အရှင်နတ်ဆိုးဆီကို လျှောက်သွားကြသည် ။
"အရှင်နတ်ဆိုး ဒီနေ့ ကြွလာတာ သိပ်ကို ဂုဏ်ယူမိပါတယ် ဗျာ"
လျောင်ဟယ်က ခပ်ပြုံးပြုံးဖြင့် နှုတ်ဆက်လိုက်သည် ။
"အင်း" အရှင်နတ်ဆိုးသည် ရှုတည်တည်ပင် ပြန်ဆိုပြီး လျောင်ဟယ်အား သူ့ဘေးတွင် ထိုင်ခွင့်ပေးလိုက်၏ ။
"ဆရာ .. အဲ့ဒီရီ လည်းပဲ ဝင်ပြိုင်မယ်တဲ့"
မန်ကဲက အေးစက်စွာဖြင့် ပြောလာသည် ။
"စိတ်ချ ဆရာ ၊ အကြီးအကဲ ခုံး က ဒီနေ့လည်း နောက်ထပ်တပည့်တစ်ယောက်ကို ဆုံးရှုံးစေရမယ် ။
အဲ့ဒီရီဝမ်ဝမ် သေကို သေစေရမယ်"
လျောင်ဟယ်က ခေါင်းညိတ်ပြလိုက်ပြီး အရှင်နတ်ဆိုး ဘက်ကို လှည့်သွား၏ ။
"ခွင့်လွှတ်ပါဗျာ အရှင်နတ်ဆိုး ။ အခုတလော အကြီးအကဲ ခုံး ဆီမှာ ရီဝမ်ဝမ်လို့ ခေါ်တဲ့ တပည့်တစ်ယောက် ပေါ်လာတယ် လေ ။ သူက ကျုပ်တပည့်ကို ထပ်ခါထပ်ခါ စိန်ခေါ်နေတော့ ကျုပ်တပည့်လည်း ဒီနေ့တော့ နည်းနည်းလေး ရက်စက်လိမ့်မယ်"
အရှင်နတ်ဆိုးသည် ဆောင်းရာသီ၏ အအေးဆုံးသော
နေ့လို အေးခဲလွန်းသော မျက်ဝန်းတို့ဖြင့် လျောင်ဟယ်အား ခပ်တင်းတင်း စိုက်ကြည့်လိုက်ကာ …
"အဲ့ဒီလိုလား"
"တကယ်လို့ အရှင်နတ်ဆိုးလည်း စိတ်ဝင်စားမယ်ဆိုရင်
အတူတူ ကြည့်ကြတာပေါ့ဗျာ ။ ဘယ်လိုလဲ"
"ကောင်းပြီ"
အရှင်နတ်ဆိုးသည် သူ့ဆီကနေ အကြည့်လွှဲလိုက်ပြီး တချက်တချက်တွင် အဝေးမှာ ရှိနေသော ရီဝမ်ဝမ် နှင့် ဂျိဘုရင်ကို လှည့်လှည့် ကြည့်နေမိ၏ ။
အရှင်နတ်ဆိုးနှင့် ဂျိဘုရင် နှစ်ယောက်စလုံးသည် မီးလျှံကျောင်းတော်က ဂိုဏ်းသားများနှင့် အလုပ်ကိစ္စ ရှိလို့ ရောက်လာကြခြင်း ဖြစ်၏ ။ ဒီနေ့တွင် အကြီးအကဲ ခုံး က ဂျိရှို့ရန်အား ဖိတ်ခေါ်ထားခြင်း ဖြစ်ပြီး အရှင်နတ်ဆိုးကိုမူ လျောင်ဟယ်က ဖိတ်ထားခြင်း ဖြစ်ပေသည် ။
အရှင်နတ်ဆိုး၏ နံဘေးတွင်မူ ကျန်းယန်မှာ ဇဝေဇဝါ ဖြစ်နေ၏ ။
အဲ့ဒီဆတ်စလူးမက ဘယ်လိုလုပ်ပြီး မီးလျှံကျောင်းသား ဖြစ်နေတာလဲ ။ မိတ်ကပ်ပြင်ထားတာ အကျည်းတန်နေပေမယ့်လည်း
သူ ပြာဖြစ်သွားရင်တောင်မှ သူ့မျက်လုံးနဲ့ သူ့အပြုအမူကို မြင်တာနဲ့
ငါ တန်းသိတယ် ။
ကျန်းယန်သည် အနည်းငယ် စိတ်ရှုပ်ထွေးနေသော်လည်း ဘာမှတော့ မပြောလိုက်ပေ ။
လာမည့် ပြိုင်ပွဲတွေကိုသာ သူ မျှော်လင့်တစား စောင့်ကြည့်နေလိုက်၏ ။ အကြီးအကဲ လျောင်ဟယ်သည် အလွန်အမင်း စွမ်းလွန်းလှပြီး သူ၏ တပည့်များသည်လည်း လွတ်လပ်သောနယ်မြေထဲတွင် အတော်လေး နာမည်ကြီး လှပေသည်မို့ သူတို့တွေသာ သူနှင့် သူ့သခင်အစား ထိုဆတ်စလူးမကို ပညာပေးလိုက်နိုင်ရင် သူ အတော်ကြီး နှလုံးပီတိ ဂွမ်းဆီ ထိမိမည်မှာ အမှန်ပင် ။
“ဝမ်ဝမ် .. ဆရာပြောတာကို နားထောင် ။ အကောင်းဆုံး
ကြိုးစား ၊ ဒါပေမယ့် အလောတကြီး မတိုက်နဲ့ ၊ ခေါင်းမမာနဲ့ ။ ရှုံးတော့မယ်ထင်ရင် ချက်ချင်း အရှုံးပေးပြီလို့ အော်လိုက်”
အကြီးအကဲ ခုံး သည် ရီဝမ်ဝမ်ကို မှာနေသည်မှာ တဖွဖွ ။
“နားလည်ပါပြီ ဆရာ” ရီဝမ်ဝမ် ပြန်ဖြေလိုက်သည် ။
“ဂျူနီယာညီမလေး စိတ်မပူနဲ့ ။ စီနီယာအစ်ကိုကြီးက ညီမလေးကို စောင့်ကြည့်နေပေးမယ် ။ ညီမလေးကို အနိုင်ကျင့်ရဲတဲ့သူ ၊
သေအောင် တိုက်ရဲတဲ့သူ ရှိရင် ပွဲပြီးတာနဲ့ ဒုတိယစီနီယာအစ်ကိုကြီးက အဲ့ကောင်ရဲ့ခေါင်းကို ရိုက်ခွဲပစ်မယ်”
အရပ်ရှည်ရှည် ၊ တောင့်တောင့်ဖြောင့်ဖြောင့် ယောကျာ်းတစ်ယောက်က အကြီးအကဲ ခုံး ၏ နံဘေးကနေ စနောက်နေသည် ။
ထိုလူသည်ကား ကျန်းဟူ ဟု အမည်ရ၏ ။ သူသည် အကြီးအကဲ ခုံး ၏ ဒုတိယတပည့် ဖြစ်ပြီး သိုင်းပညာတွင် စွမ်းလွန်းပေသည် ။ သူသည် မီးလျှံကျောင်းတော်ထဲတွင် ရက်စက်သည်ဟု နာမည်သတင်း ကျော်ဇောသူ ဖြစ်၏ ။
ဘာကြောင့်မှန်း မသိသော်လည်း ကျန်းဟူသည်
ထိုဂျူနီယာ ညီမလေးကို မြင်မြင်ချင်းမှာပင် ရင်ထဲ အလိုလို ရင်းနှီးကျွမ်းဝင်နေမိ၏ ။ သူမ၏ မျက်နှာက အင်မတန် အကျည်းတန်လွန်းတာတောင်မှ သူ ခင်ခင်မင်မင် နေချင်၏ ။
“ကျေးဇူးတင်ပါတယ် ဒုတိယ အစ်ကိုကြီး”
ရီဝမ်ဝမ် ရယ်မောမိသွားသည် ။
ဒီဒုတိယအစ်ကိုကြီးအကြောင်းကို ရီဝမ်ဝမ် မသိပါသော်လည်း
သူ့ကို တရင်းတနှီး ရှိသလို ရင်ထဲမှာ ခံစားနေမိ၏ ။ သူမသည် စိုးရိမ်ခြင်းကင်းသောနန် ဖြစ်ခဲ့စဉ်က ကျန်းဟူနှင့် တော်တော်လေး ခင်ခင်မင်မင် ရှိခဲ့ခြင်းကြောင့်သာ ဖြစ်ရပေမည် ၊ မဟုတ်ပါက အခုလို ရင်းနှီးနေသည့် ခံစားချက်မျိုးကို သူမ ခံစားရလိမ့်မည် မဟုတ်ပေ ။
“အားလုံးပဲ .. ကျွန်တော်က ဒီသိုင်းပြိုင်ပွဲမှာ ဒိုင်လူကြီးပါ ။ သိုင်းပြိုင်ပွဲက အရှုံးအနိုင် ကွဲတာနဲ့ အဆုံးသတ်ရမှာ ဖြစ်ပြီး ပြိုင်ပွဲဝင်သူတွေကို မဲနှိုက်ပြီး ဆုံးဖြတ်သွားပါမယ်”
အသက်ကြီးကြီး ယောကျာ်းတစ်ယောက်က စင်အလယ်တွင် ရပ်ပြီး ကြေညာလာသည် ။
ထိုသို့ ပြောလိုက်ပြီးနောက် ဘူးတစ်ဘူးထဲက ဘောလုံးနှစ်လုံးကို
သူ နှိုက်လိုက်သည် ။ ဘောလုံးတစ်လုံးဆီတွင် နံပတ်တစ်ခုဆီ ရေးထား၏ ။
“နံပတ် ၁၁ .. စင်မြင့်ပေါ် တက်လာခဲ့ပါ”
C အဆင့် ကြေးစားတစ်ယောက်က ချက်ချင်း စင်မြင့်ပေါ်ကို တက်လာသည် ။
“နံပတ် ၈ ၊ စင်မြင့်ပေါ်ကို တက်လာခဲ့ပါ”
ဒိုင်လူကြီးက ဆက်ကာ ပြောသည် ။
“နံပတ် ၈ ဘယ်သူလဲ”
တုံ့ပြန်သံ မကြားရသဖြင့်
ဒိုင်လူကြီးမှာ မျက်မှောင်ကြုတ်လာသည် ။
“ကျွန်မ ကျွန်မက နံပတ် ၈”
ရီဝမ်ဝမ် ထရပ်လိုက်ပြီး စင်မြင့်ပေါ် အမြန်တက်သွား လိုက်သည် ။
အကြီးအကဲများ နှင့် အဆင့်မြင့်ကြေးစားများသည် မီးခိုးရောင်ဝတ်စုံ ဝတ်ထားသော ရီဝမ်ဝမ် စင်ပေါ်တက်လာ တာကို မြင်လိုက်ပြီး မျက်မှောင်ကြုတ်ကုန်ကြ၏ ။
D အဆင့် ကြေးစားတစ်ယောက်က ဝင်ပြိုင်ရဲတယ်တဲ့လား ။
သူ ဘယ်ကနေ သတ္တိတွေ ရထားတာလဲ ။
C အဆင့် ကြေးစားများသည်ပင် အခုလို ပြိုင်ပွဲထဲ ဝင်မပြိုင်ဝံ့
ကြပါချေ ။ အချက်ကျကျ ပြောရမည်ဆိုရင်
B အဆင့် ကြေးစားများနှင့် ထိုထက်မြင့်သော ကြေးစားများ
သာလျှင် ဝင်ပြိုင်ရဲကြခြင်း ဖြစ်၏ ။
……………………………………………………………….................
စာစဉ် ၆၆၊ အခန်း ၂၁။ ရက်စက်တယ်
ပြောရမည်ဆိုရင် B အဆင့် နှင့် ထိုအထက် ကြေးစားများသာ မီးလျှံကျောင်းတော်၏ သိုင်းပြိုင်ပွဲကို ဝင်ပြိုင်ကြ၏ ။
D အဆင့် ကြေးစားများကို ဝင်မပြိုင်ရဟု မကန့်သတ်ထား
သော်လည်း အများစုက ကိုယ့်ကိုယ်ကို အရှက်မခွဲလိုကြပါပေ ။
စင်မြင့်နားတွင် ကြေးစားတွေ တဖွဲ့ကြီး ရှိနေသည် ။
စင်မြင့်ပေါ်ကို ရီဝမ်ဝမ် တက်လာသည်ကို မြင်ပြီး
တစ်ချို့မှာ မျက်လုံးပြူးသွားကြ၏ ။
လွန်ခဲ့သည့်ရက်များက ကြေးစားများစွာသည် ရီဝမ်ဝမ်
A အဆင့် မစ်ရှင်နှစ်ခု ပြီးခဲ့ကြောင်း သတင်းပို့တာကို
ကိုယ်တိုင် မြင်တွေ့ခဲ့ကြပါသော်လည်း မီးလျှံကျောင်းတော်ဆိုသည်မှာ မြောက်မြားလှစွာသော ကြေးစားများ၏ အိမ်သဖွယ် ဖြစ်နေခြင်းမို့ ထိုအကြောင်းကို မသိကြသည့် ကြေးစားများ များစွာရှိနေကြသဖြင့်
D အဆင့်သာ ရှိသည့် ကြေးစားလေးတစ်ယောက်က အခုလို ပြိုင်ပွဲကြီးကို ထောင်လွှားမောက်မာစွာ လာပြိုင်ရဲသည်ဟု တွေးထင်နေကြခြင်းပင် ။
ဧည့်သည်တော်နေရာတွင် ဂျိရှို့ရန်သည် အကြီးအကဲ ခုံး ၏
နံဘေးတွင် ထိုင်ကာ တချက်တချက် စကားပြောနေသလို အရှင်နတ်ဆိုးသည်ကတော့ စင်မြင့်ထက်ကို တက်သွားသည့် ရီဝမ်ဝမ်ကိုသာ မမှိတ်မသုန် ကြည့်နေလေသည် ။
မကြာမီ ရီဝမ်ဝမ်သည် စင်မြင့်ထက်ကို ရောက်ရှိသွားလေပြီ ။
"နံပတ် ၁၁ လိဟော် ၊ C အဆင့် ကြေးစား"
ထိုယောကျာ်းက တီမထင်ဟန် ပြုံးကာ
ရီဝမ်ဝမ်ကို ကြည့်နေသည် ။
ငါ့ကံက ကောင်းလွန်းလှချည်လား ။
ဒီတစ်ခေါက် သိုင်းလာပြိုင်တဲ့သူတွေထဲမှာ D အဆင့် ကြေးစားက တစ်ယောက်ပဲ ပါလာတာကို အဲ့တစ်ယောက်နဲ့မှ ငါ တန်းတိုးတယ် ။ ဟားဟား .. ငါတော့ ၁ မှတ် အလကား ရတော့မှာပဲ ။
"နံပတ် ၈ ၊ ရီဝမ်ဝမ် ။ D အဆင့် ကြေးစား"
ရီဝမ်ဝမ် လည်း ပြန်နှုတ်ဆက်လိုက်၏ ။
"ဟားဟား … ညီမလေးက D အဆင့် ကြေးစားပဲ ရှိသေးတယ် ၊ ဒီလိုသိုင်းပြိုင်ပွဲကြီးကိုတောင် ဝင်လာပြီး ပြိုင်ရဲတယ်ဆိုတော့ သတ္တိကတော့ ပြောင်တယ်ကွာ ။
စိတ်ချ .. ငါ ညှာပေးမှာပါ"
ထိုယောကျာ်းက ပြောပြီး အရှေ့ကို တက်လာကာ ချက်ချင်းပင် ရီဝမ်ဝမ်ရှေ့ကို ရောက်သွား၏ ။
သူ့လို C အဆင့် ကြေးစားများသည် D အဆင့် ကြေးစား များထက်တော့ ခွန်အားကြီးကြသော်လည်း အဆင့်တစ်ခုပဲ ကွာသဖြင့် သိပ်တော့ အခြားနားကြီး မခြားနားပါချေ ။
ရီဝမ်ဝမ် သက်ပြင်းလေးကြီး တစ်ချက် ချလိုက်ပြီး အတွေးတို့ကို ချက်ချင်း စုစည်းလိုက်သည် ။
သူမ၏ပတ်ဝန်းကျင်က အရာရာတိုင်းသည် သူမ၏မြင်ကွင်းထဲ အရှိန်နှေးသွား၏ ။
သူမသည် တရုတ်ပြည် စီ မိသားစုကတည်းက ဒီစွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်၏ ။ ဟိုစဉ်က သူမကိုယ်သူမ သိုင်းပညာတွင် ပါရမီပါလာခြင်းဟု ထင်ထားခဲ့မိသော်လည်း တကယ်တမ်းတွင် ထိုစွမ်းရည်များသည် သူမ မှတ်ဉာဏ်အအုပ်မခံရခင် စိုးရိမ်ခြင်းကင်းသောနန် အဖြစ် ရှိခဲ့စဉ်က ပိုင်ဆိုင်ခဲ့သော စွမ်းရည်များ ဖြစ်ဟန်တူ၏ ။
“ဟို D အဆင့် ကြေးစားက ကြက်သေသေသွားတာတော့ မဟုတ်ပါဘူးနော်”
ကြေးစားတစ်ယောက်က လွှတ်ခနဲ ထုတ်ပြောမိသည့် စကားအဆုံးတွင် ကြေးစားများအားလုံး ရယ်မောကြတော့သည် ။
ဖောင်း
အသံအကျယ်ကြီးတစ်သံ ပျံ့လွင့်လာသည် ။
လိဟော် သည် ရီဝမ်ဝမ်ကို လက်သီးတစ်လုံး ပစ်သွင်းလိုက် သော်လည်း ဘယ်သူမှ ဘာမှ မသိလိုက်ခင်မှာပင်
ထိုကျောက်ရုပ်ကြီးလို ငြိမ်သက်နေခဲ့သည့် ရီဝမ်ဝမ်က သူ၏ဝင်လာသည့် ထိုလက်ကို ဖမ်းဆုပ်ပစ်လိုက်ကာ
စင်ပေါ်ကနေ လျှပ်တစ်ပြက် ပစ်ပေါက်ပစ်လိုက်လေသည် ။
“#၁၁ လိဟော် စင်ပေါ်ကနေ ကျသွားပါပြီ"
#၈ ရီဝမ်ဝမ်က အနိုင်ရသွားပါပြီ”
ဒိုင်လူကြီးက ချက်ချင်းပင် မတ်တပ်ထရပ်ပြီး
အားလုံးအား ကြေညာပေးလာ၏ ။
“သေစမ်း”
လိဟော် သည် ဖင်နှစ်ဖက်ကို ပွတ်သပ်ကာ ချီးစားလိုက်ရသည့် မျက်နှာဖြင့် ရီဝမ်ဝမ်ကို ကြည့်လိုက်၏ ။ သူ့လို အရွယ်ရောက်ပြီးသား ယောကျာ်းရင့်မာကြီး တစ်ယောက်က D အဆင့်သာ ရှိသည့် ကြေးစား မိန်းကလေး တစ်ယောက်၏ စင်ပေါ်ကနေ ပစ်ပေါက်ခံလိုက် ရသည်တဲ့လား ။
င့ါလို ပေါင် ၁၈၀ ရှိဆယ် ရှိနေတဲ့ ယောကျာ်းကြီးကလေ .. ။
“မင်း အရှက်မရှိဘူး ။ မင်း ငါ သတိလက်လွတ် ဖြစ်သွားအောင်လို့ တမင်တကာ မလှုပ်ဘဲ ရပ်နေတာမလား”
လိဟော်က ရီဝမ်ဝမ်ကို နာကျင်ကြေကွဲစွာ လက်ညှိုးထိုး၏ ။
သူ ဒီနေ့ အရှက်ဗြန်းဗြန်း ကွဲခဲ့လေပြီ မဟုတ်လား ။
Dအဆင့် ကြေးစားလေးတစ်ယောက်ကများ ..
ဟူး .. ငါကိုက မပေါ့ဆလိုက်သင့်တာပါလေ ။
……………………………………………………………….................
စာစဉ် ၆၆၊ အခန်း ၂၂။ မျက်နှာသာ ပေးနေတာကို ရောင့်တက်မလာနဲ့
သိုင်းပြိုင်ပွဲသည် စကာရုံရှိသေးသည် ၊
သူ့မှာ တန်းရှုံးနိမ့်သွားခဲ့ရလေရာ အလွန်အမင်းပင် ရှက်ဖွယ်လိလိ ဖြစ်လွန်းလှ၏ ။
"အနိုင်ပေးတဲ့အတွက် ကျေးဇူးပါ"
ရီဝမ်ဝမ် လက်သီးနှစ်ဖက်ကို ဆုပ်လိုက်ကာ
ရှုံးနိမ့်သွားပြီ ဖြစ်သည့် လိဟော်ကို ပြောလိုက်၏ ။
"ဘယ်သူက မင်းကို အနိုင်ပေးလို့လဲ ဟွန့်"
လိဟော်က မဲ့ကာရွဲ့ကာ ပြန်ပြောသည် ။
"…"ယောကျာ်းကြီးဖြစ်ပြီး ရှုံးတာလောက်လေးကို ခံပြင်းနေလိုက်တာ ။
ပြိုင်ပွဲမှာ ပြီးသွားခဲ့ပြီ ဖြစ်သဖြင့် ရီဝမ်ဝမ်သည်လည်း
စင်မြင့်ပေါ်ကနေ ဆင်းလိုက်သလို ဒိုင်လူကြီးသည်လည်း ဆက်ကာ မဲနှိုက်လိုက်သည်တွင် B အဆင့် နှင့် A အဆင့် ကြေးစားတို့ မဲကျသွားလေသည် ။
B အဆင့် ကြေးစားမှာ စိတ်ဓာတ်ချုံးချုံး ကျသွား၏ ။ သူသည် ကံစမ်းဖို့ လာခြင်းသက်သက်သာ ဖြစ်ပေမည့် အခုလောက်မြန်မြန်ကြီး A အဆင့် ကြေးစားနှင့် သွားတိုးလိမ့်မည်ဟု ထင်မထားမိခဲ့ပေ ။
B အဆင့် ကြေးစားခမျာ A အဆင့် ကြေးစား၏ ပြိုင်ဘက် မဟုတ်တာကြောင့် မကြာခင်ခနအတွင်းမှာပင် နာကျင်စွာ လူးလှိမ့်နေရတော့၏ ။
ရီဝမ်ဝမ် စင်မြင့်ကို အကဲခတ်နေသည် ။
စင်မြင့်၏ အရွယ်အစားမှာ အသင့်အတင့်ပင် ။
သူမသာ စပြီး မတိုက်ခိုက်သရွေ့တစ်ဖက်က
တိုက်ခိုက်လာတာကိုသာ စောင့်ဆိုင်းနေသရွေ့တစ်ဖက်က ပြိုင်ဘက်ကို သူမ ကောင်းကောင်းကြီး နှိပ်ကွပ်ထားနိုင်၏ ။ ထို့ပြင် စင်မြင့်၏ အရွယ်အစားကြောင့် သူမသည် ဒီနည်းလမ်းကို သုံးပြီး ပြိုင်ဘက်ကို စင်ပေါ်ကနေ မြန်မြန် ပစ်ချပစ်နိုင်ပေသည် ။
အလွန်အမင်း စွမ်းလွန်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရရင်တောင် ရှုံးပါပြီဟု ချက်ချင်း ဝန်ခံလိုက်လို့ ရနိုင်၏ ။ ရှုံးပါပြီပင် ဝန်ခံလို့ မရရင်တော့ သူမတွင် အရက်ဘူး ရှိနေသေးပေသည် ။
ရီဝမ်ဝမ်သည် တတ်နိုင်သလောက်တော့
အရက်ကို မသောက်လိုပါချေ ။ အရက်မူးနေတုန်း သူမသည် စိုးရိမ်ခြင်းကင်းသောနန်၏ အစွမ်းအစတွေကို ပြန်ရရှိလာမည် ဆိုသော်လည်း ထိုစွမ်းအားများကို သူမ ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ ။ မူးနေချိန် ဘာလုပ်မိမလဲ ဘယ်သူ သိပါ့မလဲ ။
မတော်လို့ စင်ပေါ်ကနေ ခုန်ချပြီး ဒိုင်လူကြီးကို သွားချမိရင်
ရော ။ သို့ဆိုရင်တော့ သူမသည် မီးလျှံကျောင်းတော်၏ ဟားတိုက်ရယ်မောစရာ ပြက်လုံးတစ်ပုဒ် ဖြစ်လာပေလိမ့်မည် ။
တခြားသူတွေ တိုက်နေတာကို ကြည့်ရင်း ကြည့်ရင်းကနေ
ရီဝမ်ဝမ် စိတ်မပါ ဖြစ်လာရ၏ ။
ထိုကြေးစားအများစုမှာ ခုနစ်စင်ကြယ် နှင့် ကြယ်ခုနစ်
ထက်ပင် ပျော့ညံ့နေသည့်အပြင် ရီဝမ်ဝမ်ကိုယ်တိုင်ကလည်း သုံးရက်ကြာတစ်ခါ ကတောက်ကဆ ဖြစ်တတ်သည့်
ငါးရက်ကြာတစ်ခါ ထိုးကြသတ်ကြသည့် ထိုခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်တို့၏ ရန်ပွဲကိုပင် ရိုးအီနေသူ ဖြစ်လေရကား
ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်တို့လောက်တောင် အရည်အချင်းမရှိကြသော ထိုသူများအား
ရီဝမ်ဝမ် မည်သို့ စိတ်ဝင်စားနိုင်ပါတော့မည်နည်း ။
“#၁၆၅ ဟုန်ယွင် နဲ့ #၈ ရီဝမ်ဝမ်”
ဒိုင်လူကြီးက ကြေညာလာ၏ ။
အဝါရောင်ဝတ်စုံနှင့် မိန်းမတစ်ယောက်က ချက်ချင်း စင်ပေါ်ကို တက်လာသည် ။
ခေါ်သံကို ကြားလိုက်သည်နှင့်
ရီဝမ်ဝမ်လည်း ချက်ချင်း တက်သွားလိုက်၏ ။
“ဒီကြေးစားနှစ်ယောက်ထဲမှာ တစ်ယောက်က
D အဆင့် ၊ နောက်တစ်ယောက်က C အဆင့် ။
ဟားဟား .. နှစ်ယောက်စလုံး ကံတွေ ကောင်းချက်ကွာ”
“ငါ့အမြင်တော့ ရီဝမ်ဝမ်ကမှ ပိုကံကောင်းမယ် ထင်တယ် ။ တစ်ပွဲထဲမှာတင် C အဆင့် ကြေးစားနှစ်ယောက်တောင်
တွေ့ထားတာ”
“D အဆင့် နဲ့ C အဆင့် .. ပျင်းဖို့ကောင်းလိုက်တာကွာ”
ထိုလူသစ်နှစ်ယောက်ကို တွေ့လိုက်ကြပြီး ကြေးစားအများစုမှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါကာ ဆက်ကြည့်လိုစိတ် မရှိဘဲ ထွက်သွားလိုစိတ်သာ ရှိလာကြ တော့၏ ။
“#၁၆၅ ဟုန်ယွင် ၊ C အဆင့် ကြေးစား”
ထိုမိန်းမက အမူအရာကင်းမဲ့စွာဖြင့် ရီဝမ်ဝမ်ကို ကြည့်ကာ ပြောလိုက်သည် ။
“#၈ ရီဝမ်ဝမ် ၊ D အဆင့် ကြေးစား”
ရီဝမ်ဝမ်လည်း ပြောလိုက်၏ ။
“ငါ D အဆင့် ကြေးစားတစ်ယောက်ကို မတိုက်ချင်ဘူး ၊ ဒီတော့ နင့်ဟာနင် လိမ့်မလား ၊ ဒါမှမဟုတ် ငါကိုယ်တိုင် ကန်ချပေးရမလား”
ဟုန်ယွင်က အေးစက်စွာ မေးလာသည် ။
“လာတိုက်လှည့်”
ရီဝမ်ဝမ်လည်း သူမမျက်လုံးတို့ကို ကြည့်ကာ ပြောလိုက်သည် ။
ထိုမိန်းမမှာ မျက်မှောင်နည်းနည်း ကြုတ်လာ၏ ။
“ရီဝမ်ဝမ် .. မျက်နှာသာ ပေးနေတာကို ရောင့်တက်မလာနဲ့ ။
နင်က D အဆင့် ကြေးစားသာသာလေးပဲ ရှိသေးတာ ၊ တစ်ခါနိုင်လိုက်တာနဲ့ နောက်တစ်ခါပါ နိုင်နိုင်မယ်များ မှတ်နေလား”
ဟုန်ယွင်၏ မျက်လုံးတို့မှာ အေးစက်လာပြီး ရီဝမ်ဝမ်ဆီကို ချက်ချင်း ပြေးတက်သွားလေပြီ ။
သို့သော် ဟုန်ယွင် တိုက်ခိုက်လိုက်သည်နှင့် ချက်ချင်းပင်
ရီဝမ်ဝမ်သည် သူမ၏လက်ကို ဖမ်းဆုပ်ပစ်လိုက်၏ ။
ဟုန်ယွင်မှာ မျက်နှာပျက်သွားပြီး ဘာမှ မလုပ်လိုက်နိုင်သေးခင် ရီဝမ်ဝမ်၏လက်ကနေ ထူးဆန်းသော အားလှိုင်းတစ်လှိုင်း ထွက်ပေါ်လာလေသည် ။
တခနအကြာတွင် ဟုန်ယွင် ဟန်ချက်ပျက်သွားပြီး ထိုထူးဆန်းသည့်အားကြောင့် ကြိုးပျက်သည့်စွန်တစ်ခုလို လွင့်ပျံတက်သွားတော့၏ ။
…………………………………………………………………................
စာစဉ် ၆၆၊ အခန်း ၂၃။ လူစွမ်းကောင်းမလေး ရောက်လာပြီ
ဖောင်း
အသံအကျယ်ကြီး ထွက်လာပြီး ဟုန်ယွင် မြေကြီးပေါ် ပြုတ်ကျသွားသည် ။
"အနိုင်ပေးတဲ့အတွက် ကျေးဇူးပါ"
ရီဝမ်ဝမ် ဟုန်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်
အကြည့်လွှဲကာ ဆိုလိုက်သည် ။
"နင်"
ထိုရှုတည်တည်နေနေသော ရီဝမ်ဝမ်ကြောင့် ဟုန်ယွင် ဒေါသတလိမ့်လိမ့် တက်ကာ မော့ကြည့်လိုက်၏ ။
D အဆင့် ကြေးစားမကများ .. တောက် ။
"ဟားဟားဟား အားရတယ်ကွာ"
လီရှင်းသည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် လက်ခုပ်တီးသည် ။
"အဲ့ဒီ C အဆင့်ကဟာတွေ ငါတို့ D အဆင့် ကြေးစားတွေကို အထင်သေးချင်ဦး"
လီရှင်း၏ နံဘေးတွင် ရပ်နေသည့် တစ်ဆောင်ထဲနေ ကြေးစားများလည်း ထောက်ခံစွာ ခေါင်းညိတ်လာကြသည် ။
"A အဆင့် မစ်ရှင်နှစ်ခုကို ပြီးသွားပြီဆိုတော့
ဝမ်ဝမ်ရဲ့ ဂုဏ်ပြုမှတ်တွေက B အဆင့် ကြေးစား ဖြစ်လို့
ရနေပြီ မလား"
"ဒါပေါ့ဟ ။ B ထိပ်တန်းအဆင့် ကြေးစား ဖြစ်ရင်ဖြစ်
မဖြစ်ရင် A အဆင့် ကြေးစား ဖြစ်ပဲ ။ င့ါကြည့်ရသလောက် ငါ့ညီမလေး ဝမ်ဝမ် က ဒီရမှတ်တွေကို ဘယ်လိုသုံးလို့ ရလဲကို မသိသေးဘူး ၊ ဒီရလဒ်တွေနဲ့ အဆင့်တိုးလို့ ရတယ် ဆိုတာကိုလည်း မသိသေးဘူး ။ အင်း .. ညီမလေး ဝမ်ဝမ်ကတော့ တကယ့်ကို ငါ့ညီမလေး ပီသတယ်ကွာ ၊ လုံးဝကို အရည်အချင်းရှိတယ်"
လီရှင်းက ခေါင်းညိတ်ကာ ပြောလာသည် ။
D ကြေးစားများစွာမှာ လီရှင်းကို ကြည့်လိုက်ကြသည် ။
သူတို့သည် အရှက်မရှိ မျက်နှာပြောင်သူများကို မြင်ဖူးကြသော်လည်း သူမကို ညီမလေးအရင်းဟု ပြောလောက်အောင်ထိ အရှက်မဲ့သူများကိုတော့ မမြင်ဖူးပါချေ ။
ပြိုင်ပွဲတွေ တသီတတန်း ပြီးပြီးနောက် နေ့လည်ခင်း ရောက်လာပြီမို့ သိုင်းပြိုင်ပွဲမှာ ရပ်နားချိန် ရောက်လာခဲ့၏ ။
ရီဝမ်ဝမ်သည် တစ်မနက်ခင်းလုံး နှစ်ပွဲသာ ဝင်ပြိုင်ရသေးပြီး ထိုနှစ်ပွဲစလုံးကို အပြတ်အသတ် အနိုင်ရထားခဲ့လေသည် ။
အကြီးအကဲ ခုံး က ရီဝမ်ဝမ်ဘက်ကို လှည့်ပြောလာသည် ။
“ဒီနောက်ပိုင်းကို ကံကောင်းတော့မှာ မဟုတ်ဘူး ။
C အဆင့် ကြေးစားတွေအကုန်လုံး ရှုံးကုန်ပြီ ၊ ပြိုင်ပွဲတစ်ခုလုံး မှာ
D အဆင့် ကြေးစားဆိုလို့ တပည့်တစ်ယောက်ထဲပဲ ကျန်တော့တယ် ။ ကျန်တဲ့သူတွေအကုန်လုံးက B အဆင့်နဲ့ အဲ့အထက်တွေချည်းပဲ”
သွယ်ဝိုက်သောနည်းအားဖြင့် အကြီးအကဲ ခုံး သည်
ရီဝမ်ဝမ်အား ခေါင်းမမာဖို့ ပွဲမှ ထွက်ဖို့ ပြောနေခြင်းသာ ။
“နားလည်ပါပြီ ဆရာ”
ရီဝမ်ဝမ်လည်း ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏ ။
ဟာသပဲ … ငါ့ဆီမှာ ဆရာ ခုံး သင်ပေးထားတဲ့ လျို့ဝှက်သိုင်း
တောင် ထုတ်မသုံးရသေးဘူး ၊ အရှုံးပေးစရာလား ။
ငါ တတ်ထားတဲ့အဲ့သိုင်းနဲ့ဆို B အဆင့် ကြေးစားကို ရှင်းဖို့လောက်က အသေးအမွှားပဲ ။
ဆရာ ခုံး သာ သူ သင်ပေးထားသည့် လျှို့ဝှက်သိုင်းကို
သူ့တပည့် တတ်မြောက်နေပြီမှန်း သိသွားခဲ့ရင်
ဘယ်လိုဖြစ်သွားမလဲ သိချင်စမ်းပါ၏ ။
“မြန်မြန်လေး ကြည့်ကြ”
လူတစ်ယောက်က တုန်လှုပ်စွာ ထပြောသည် ။
လူတိုင်း အရှေ့ကို ကြည့်လိုက်ကြသည် ။
လိမ်မာရိုကျိုးသည့် အမူအရာ ရှိသော မိန်းမတစ်ယောက် သည် အကြီးအကဲ လျောင်ဟယ်၏ နံဘေးတွင် ရှိသော အထူးဧည့်သည်တော် ထိုင်ခုံဆီ စိမ်ပြေနပြေ လျှောက်လာနေလေသည် ။
“ဖျား ဖျား သေစမ်း .. အဲ့တစ်ယောက်က နန် နန် လင်းလုံ မလား”
“ချီးပဲ .. မီးလျှံကျောင်းတော်ရဲ့ စံချိန်တွေကို ချိုးသွားတဲ့ လူစွမ်းကောင်းမလေး နန်လင်းလုံ ၊ စီနီယာ မမ နန် မလား”
“စီနီယာမမ နန်လင်းလုံ ပါ ရောက်လာလိမ့်မယ်လို့ ထင်မထားမိဘူး”
“လာ သောက်ခွက်ပြောင်နေတာလား ။ စီနီယာ အစ်မ
နန်လင်းလုံ က အကြီးအကဲ လျောင်ဟယ်ရဲ့ တပည့် ၊
ဒီမီးလျှံကျောင်းရဲ့ ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးတာပဲ
ဟာ .. ဒီလိုပွဲကြီးမျိုး လာတက်ရမှာပေါ့ဟ”
“ဟိုတုန်းက စီနီယာမမ နန်လင်းလုံ ဝင်ပြိုင်တုန်းကဆို
၂၈ ပွဲစလုံးကို ဆက်တိုက် ရှုံးပွဲမရှိဘဲကို နိုင်ထားတာနော် ။
၂၉ ပွဲမြောက်မှာ သွမ့်ဖေးယန် နဲ့ တွေ့တော့မှပဲ အရှုံးပေးသွားပြီးတော့ ဒုတိယနေရာကို ရသွားတာ”
“စီနီယာမမ နန် က ငယ်သေးတော့ သွမ့်ဖေးယန် ကို ဘယ်ယှဉ်နိုင်ပါဦးမလဲ ။ အခုဆို သွမ့်ဖေးယန် ဆိုတာလည်း
စီနီယာမမ နန် ကို မပြိုင်နိုင်တော့ပါဘူးဟာ”
လူတိုင်း နန်လင်းလုံ၏ ရုပ်ရည်ကို ချီးကျူးနေကာ အထင်ကြီးစွာဖြင့် ကြည့်နေကြသည် ။
သူမကို တစ်ချက်မှ မကြည့်ဘဲ အေးစက်စက်သာ ရှိနေသူမှာ အကြီးအကဲ ခုံး တစ်ယောက်သာ ရှိ၏ ။
“#၃၂၉ ယွင်ဖုန်း နဲ့ #၈ ရီဝမ်ဝမ်”
မကြာခင် အချိန်တိုအနားယူချိန် ပြီးဆုံးသွားခဲ့ပြီး
ဒိုင်လူကြီးက ထပ်ကြေညာလာပြန်သည် ။
အရိပ်တစ်ရိပ်က လေထဲ ဝှီးခနဲ ပေါ်လာပြီး
ယောက်ျားတစ်ယောက်က စင်ပေါ်မှာ ပေါ်လာလေပြီ ။
ရီဝမ်ဝမ်လည်း မြန်မြန်ပင် တက်သွားလိုက်၏ ။
“ယွင်ဖေး ၊ A အဆင့် ကြေးစား”
ထိုလူက ရီဝမ်ဝမ်ကို ပြောသည် ။
“ရီဝမ်ဝမ် ၊ D အဆင့် ကြေးစား”
ရီဝမ်ဝမ်လည်း ပြောသည် ။
ငါလေးက အဲ့လောက်တောင်မှ ကံဆိုးနေတာလား ။
B အဆင့် ကြေးစားနဲ့ တစ်ယောက်တောင်မှ မတွေ့ရဘဲ
A အဆင့် ကြေးစားနဲ့မှ တန်းတိုးရတယ်လို့ ။
…………………………………………………………......................
စာစဉ် ၆၆၊ အခန်း ၂၄။ ရန်သူတွေ ထိပ်တိုက်တွေ့ပြီ
"ဟားဟား .. အဲ့ D အဆင့် ကြေးစားလေးကတော့
ကံဆိုးမိုးမှောင် ကျပြီ"
" A အဆင့် ကြေးစား ယွင်ဖုန်း နဲ့မှ တည့်တည့်တိုးရ
တယ်လို့ .. ကျွတ် ကျွတ် ကျွတ် ၊ သူ့ကံကတော့လား"
စင်အောက်က ကြေးစားများစွာမှာ ရယ်မောလာကြသည် ။
ဝှစ်ချ်
A အဆင့် ကြေးစား တစ်ယောက် ဖြစ်သည့် ယွင်ဖုန်း သည် စကားတစ်ခွန်း မဆိုဘဲ ချက်ချင်း တိုက်ခိုက်လေသည် ။
ရီဝမ်ဝမ်လည်း ချက်ချင်းပင် စိတ်တို့ ဗလာဖြစ်သွားပြီး
ယွင်ဖုန်း၏ လျှပ်စီးလို လျင်မြန်သော သိုင်းကွက်က
သူမ၏အမြင်ထဲတွင် နှေးကွေးလာ၏ ။
ဝှစ်ချ်
ရီဝမ်ဝမ်သည် ခွန်အားများကို လက်ဖဝါးဆီ ပို့လိုက်ပြီး တောင်ကြီးတစ်တောင်လို လေးလံသိပ်သည်းသော
ခွန်အားဖြင့် သူ့ကို တိုက်ခိုက်ပစ်လိုက်၏ ။
"အကြီးအကဲ ခုံး ရဲ့ ဗုဒ္ဓလက်ဝါး"
ရီဝမ်ဝမ်၏ လက်ဖဝါးတွင် ပါလာသော ခွန်အားကြီးကို အာရုံခံမိလိုက်သောကြောင့် A အဆင့် ကြေးစားတစ်ယောက် ဖြစ်သည့် ယွင်ဖုန်းမှာ အံ့သြမိသွားသဖြင့် ထိုလက်ဝါးကို မရှောင်လိုက်နိုင်တော့ ။
ဗုဒ္ဓလက်ဝါးသည် အကြီးအကဲ ခုံး ထွင်ထားသော လျို့ဝှက်သိုင်း ဖြစ်ပြီး အပြင်လူများကို လက်ဆင့်ကမ်းခြင်း မရှိခဲ့ဖူးပါချေ ။
ဖောင်း
လက်ဖဝါးချင်း ထိပ်တိုက်တွေ့လိုက်ပြီး အသံကြီးတစ်သံ ဟိန်းထွက်သွားသည် ။
ယွင်ဖုန်းမှာလည်း မျက်မှောင်အကြီးကြီး ကြုတ်သွားကာ
ဟန်ချက် မထိန်းနိုင်တော့ဘဲ အနောက်သို့ ခြေလှမ်းအများကြီး ဆုတ်မိသွား၏ ။
ပရိသတ်များအားလုံး အံ့သြသွားကြသည် ။
အထူးသဖြင့် အကြီးအကဲများသည်လည်း ရီဝမ်ဝမ်ဘက်သို့ လှည့်ကြည့်ကြတော့သည် ။
ရီဝမ်ဝမ်တော့ ကံဆိုးမိုးမှောင် ကျလေပြီဟု
တွေးထင်ထားကြသည့် ကြေးစားများမှာလည်း
မျက်နှာပေါ်က အပြုံးတို့ တောင့်တင်းသွားကြ၏ ။
A အဆင့် ကြေးစား ယွင်ဖုန်း ကို D အဆင့် ကြေးစားက အလဲထိုးနိုင်တယ်တဲ့လား ။
လျောင်ဟယ်၏ နံဘေးတွင် ရှိနေသည့် မန်ကဲသည်
နှုတ်ခမ်းတို့ တွန့်ကွေးတက်လာလေပြီ ။
"သူ ဒါကြောင့်မို့ ဝင်ပြိုင်ရဲတဲ့ သတ္တိ ရှိနေတာကိုး ။ လတ်စသတ်တော့ အကြီးအကဲ ခုံး ရဲ့ ဗုဒ္ဓလက်ဝါးသိုင်းကို တတ်ထားတာကိုး ။ အကြီးအကဲ ခုံး က D အဆင့် ကြေးစားတစ်ယောက်ကို ဘာလို့ တပည့်အဖြစ် လက်ခံခဲ့လဲ အခုမှပဲ ရှင်းသွားပြီ ။ သူနဲ့ အဲ့တစ်ယောက်က ဟိုးကတည်းက ပတ်သက်မှုရှိနေပြီးတော့ သူ့ရဲ့ ဗုဒ္ဓလက်ဝါး ကို ဟိုးကတည်းက သင်ပေးထားတာပဲ နေမယ်"
ဒီလိုဆိုတော့လည်း ကောင်းတာပဲ ။ ရီဝမ်ဝမ်သာ ရှုံးနိမ့်သွားမယ်ဆိုရင် ငါ သူ့ကို ဘယ်လိုလုပ် စင်ပေါ်မှာ နှိပ်စက်ပြီးတော့ သတ်ပစ်လို့ ရတော့မှာလဲ ။
နန်လင်းလုံသည် ထိုသိုင်းပြိုင်ပွဲကို နည်းနည်းလေးမှ စိတ်မဝင်စားသယောင် ပြုကာ တစ်ချိန်လုံးလုံး မျက်လုံးပိတ် ထားလေသည် ။
အထူးဧည်သည့်တော် ထိုင်ခုံတွင်မူ အကြီးအကဲ ခုံး မှာ
ဝုန်းခနဲ ထရပ်လိုက်ပြီး ထိတ်လန့်အံ့အားသင့်စွာဖြင့်
ရီဝမ်ဝမ်ကို စိုက်ကြည့်နေသည် ။
“ဆရာ … ဆရာ့ ရဲ့ ဗုဒ္ဓလက်ဝါး ။ အဲ့ဒါ သင်ပေးထားတာ
နှစ်ရက်ပဲ ရှိသေးတာမလား” စီနီယာ ဒုတိယအစ်ကိုကြီး
ကျန်းဟူသည် အံ့သြစွာဖြင့် မေးလာသည် ။
ဂျိရှို့ရန်သည်ကတော့ ခပ်ပြုံးပြုံးသာ ၊
ဘာတစ်ခွန်းမှ ဝင်ပြောခြင်း မရှိပါချေ ။
ကြည့်ရတာ ရီဝမ်ဝမ်ကို မီးလျှံကျောင်းတော်ကို ပို့ပြီး စိုးရိမ်ခြင်းကင်းသောနန်၏ မှတ်ဉာဏ်တွေ တဖြည်းဖြည်းချင်း
ဆယ်ယူဖို့ စိတ်ကူးက မှန်သွားခဲ့ပြီ ထင်တယ် ။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အကြီးအကဲ ခုံး မှာ ထိတ်လန့်နေ၏ ။
နှစ်ရက်လောက်သာ ရှိသေးသည် ၊ သို့တိုင်အောင် ရီဝမ်ဝမ်မှာ သူ၏ ဗုဒ္ဓလက်ဝါးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားခဲ့ပြီတဲ့လား ။ အကြီးအကဲ ခုံး သည် သူမ ထိုသိုင်းကို တတ်ဖို့ အချိန်သုံးနှစ်လောက် လိုလိမ့်မည်ဟု မှန်းထားတာသာ ။
စိုးရိမ်ခြင်းကင်းသောနန်ပင် အချိန်တစ်နှစ် ယူခဲ့ရသည့် ထိုသိုင်းကို ရီဝမ်ဝမ်က နှစ်ရက်ထဲနဲ့ တတ်သွားခဲ့သည်လား ။
အကြီးအကဲ ခုံး ထိတ်လန့်တုန်လှုပ်သွား၏ ။
ဖောင်း
စင်မြင့်ထက်ကနေ နောက်ထပ် အသံကျယ်ကြီး
တစ်သံ ထွက်လာပြီး ယွင်ဖုန်း၏ နဖူးကနေ
ချွေးတွေ စီးကျလာလေပြီ ။
ဗုဒ္ဓလက်ဝါးသိုင်းမှာ တိုက်စစ်ရော ခံစစ်ပါ နှစ်မျိုးစလုံး
အတွက် ဖြစ်နေတာကြောင့် သူ သူမနားကို နည်းနည်းလေးမှ ကပ်မသွားနိုင်ပါချေ ။
ယွင်ဖုန်း အံကြိတ်လိုက်၏ ။
သူသည် ထိုဗုဒ္ဓလက်ဝါးသိုင်းအား လုံး၀ မယှဉ်နိုင်သဖြင့်
အားတင်းကာ လက်သီးဆုပ်လိုက်ပြီး ကြေညာလိုက်တော့သည် ။
“ဂျူနီယာညီမလေး ရီ က တကယ့်ကို တော်ပါတယ် ၊
ငါ အရှုံးပေးပြီ”
သူ့စကား ထွက်လာသည်တွင် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည် ။
A အဆင့် ကြေးစားတစ်ယောက်က D အဆင့် ကြေးစားလေး တစ်ယောက်ကို အရှုံးပေးလိုက်တယ်လား ။
ဒိုင်လူကြီးက ရလဒ်တွေကို ကြေညာပြီးနောက်တွင်
ရီဝမ်ဝမ် ထွက်မသွားရသေးခင် သူမကို ဆွဲထားလေသည် ။ သူမ၏ပြိုင်ဘက်သည်ကား B အဆင့် ကြေးစား ဖြစ်၏ ။
“သေပြီ”
B အဆင့် ကြေးစားမှာ ရီဝမ်ဝမ်ကို ကြောက်အားပိုစွာ ကြည့်လာသည် ။
“ငါ ဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ ။
ယွင်ဖုန်းတောင် အရှုံးပေးရတဲ့ဟာ .. ငါက ဘယ်လိုလုပ် နိုင်မှာလဲ”
သူသည် ရီဝမ်ဝမ်ကို ပြောခွင့် မပေးနေဘဲ ချက်ချင်း ခေါင်းအတင်း ခါပြတော့၏ ။
“ဂျူနီယာညီမလေးက တော်ပါတယ် ၊ ငါ အရှုံးပေးတယ်”
ထိုသို့ ပြောပြီး သူသည် အနောက်ကို တစ်ချက်ပြန်မကြည့်ဘဲ စင်ပေါ်ကနေ ဆင်းသွားတော့သည် ။
“#၄ ကျန်းဟူ နဲ့ #၁၀ မန်ထင်း”
ကျန်းဟူ ၊ အကြီးအကဲ ခုံး၏ ဒုတိယတပည့် ။
မန်ထင်း ၊ အကြီးအကဲ လျောင်ဟယ်၏ ဒုတိယတပည့် ။
………………………………………………………………..................
စာစဉ် ၆၆၊ အခန်း ၂၅။ ၂၇ ပွဲလုံးကို အနိုင်ရပြီ
ဒိုင်လူကြီးသည် ဒုတိယ စီနီယာအစ်ကို နှင့် လျောင်ဟယ်၏ ဒုတိယတပည့် နာမည်တို့ကို ကြေညာပေးလာသည် ။
"ကျန်းဟူ ဂရုစိုက်"
အကြီးအကဲ ခုံး က သတိပေးစကား ဆိုလိုက်၏ ။
"စိတ်ချပါ ဆရာ"
ကျန်းဟူသည် ခေါင်းညိတ်ပြပြီး စင်မြင့်ပေါ်ကို အမြန်တက် သွား၏ ။
ပြိုင်ပွဲသည် နောက်ဆုံးတွင် S အဆင့် ကြေးစားနှစ်ယောက် ပြိုင်သည့်ပွဲ ရောက်လာလေပြီ ။ ထို့ပြင်
တစ်ယောက်မှာ အကြီးအကဲ ခုံး၏ ဒုတိယ တပည့် ဖြစ်နေပြီး နောက်တစ်ယောက်မှာ အကြီးအကဲ လျောင်ဟယ်၏ ဒုတိယတပည့် ဖြစ်နေလေသည် ။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာက အခုလိုပြိုင်ပွဲမှာ
အကြီးအကဲ ခုံး တန်ဖိုးထားရသည့် တပည့်တစ်ယောက်အား အကြီးအကဲ လျောင်ဟယ်၏ အကြီးဆုံးတပည့်က သေအောင် ရိုက်သတ်ပစ်ခဲ့လေသည် ။
အခုပွဲသည်လည်း ထိုပွဲသို့နှယ် အကြိတ်အနှယ် ဖြစ်လာလိမ့်မည် ။
"ဟားဟား ကျန်းဟူ ငါ ဒီနေ့ စိတ်ကောင်းဝင်နေတော့
ငါ မင်းကို ခြေထောက်တစ်ချောင်းပဲ ချိုးပေးပါ့မယ်ကွာ"
မန်ထင်းက သူ့ကို ကြည့်ကာ ပြောလိုက်သည် ။
"သွားသေလိုက်"
ကျန်းဟူသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး
မန်ထင်းဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလာလေပြီ ။
သို့သော် မန်ထင်းမှာ အလွန်တရာ မြန်ဆန်လွန်းသဖြင့် ကျန်းဟူ၏လက်သီးမှာ သူ့ဆီကို ကျရောက်ခြင်း မရှိလိုက် ။
ကျန်းဟူသည် အလွန်အမင်း ခွန်အားကြီးလှသဖြင့် သူ၏ လက်သီးစာကို မိသွားပါက မန်ထင်းရော တခြား S အဆင့် ကြေးစားများရော အပြင်းအထန် ဒဏ်ရာရသွားကြမည် ဖြစ်သော်လည်း မန်ထင်းသည် အလွန်တရာ ဉာဏ်ကောင်း လွန်းပြီး ကျန်းဟူကို သူ့နား ကပ်ခွင့် မပေးပါချေ ။ သူတို့ကြားတွင် အကွာအဝေးတစ်ခု ခြားထားပြီး ကျန်းဟူကို အားကုန်အောင်သာ လုပ်နေ၏ ။
အထူးဧည့်သည်တော် ထိုင်ခုံတွင် ရီဝမ်ဝမ်မှာ မျက်မှောင် အကြုတ်ကြီး ကြုတ်နေသည် ။
ဒုတိယ စီနီယာအစ်ကိုကြီး ကျန်းဟူသည် ရိုးဖြောင့်သည့် စရိုက်သဘာ၀ ရှိပြီး စော်ကားမော်ကားလုပ်ခြင်းကို သည်းမခံနိုင်သူ ဖြစ်တာကြောင့် မန်ထင်းက သူ့ကို တစ်ပန်းသာနေလေသည် ။
ဒုတိယစီနီယာအစ်ကိုကြီး ကျန်းဟူ မှာ စရိုက်တွင် အားနည်းချက် ရှိနေသေးတာကြောင့် အခုထိ ကျောင်းကနေ ဆင်းခွင့် မရသေးခြင်း ဖြစ်သည်ဟု အကြီးအကဲ ခုံး အရင်က ပြောခဲ့ဖူး၏ ။
သူသည် သွေးပူလွယ်တာကြောင့် ကျောင်းက စစ်သည့် စာမေးပွဲတွင် တောက်လျှောက် ကျရှုံးခဲ့ရသည် ။
အခု ကြည့်ရသည်မှာ အကြီးအကဲ ခုံး ပြောသွားသည်နှင့် တစ်ပုံစံတည်းပင် ။ ထိုသို့သာမဟုတ်ရင် ထိုမန်ထင်းမှာ ကျန်းဟူအတွက် လုံးဝကို ပြိုင်ဘက် မဟုတ်ပါချေ ။
ကျန်းဟူနှင့် မန်ထင်းတို့မှာ တစ်ပွဲမှ မတိုက်ရသေးတာကြောင့် မန်ထင်းမှာ အားသိပ်မကုန်သေးသော်လည်း ကျန်းဟူသည်ကတော့ ဟောဟဲဟောဟဲလိုက်ကာ အမောကြီး မောနေလေပြီ ။
ဖောင်း
မန်ထင်းသည် ဟာကွက်တစ်ခုကို တွေ့လိုက်ပြီး ကျန်းဟူ၏ ဘယ်ဘက်ညှို့သကျည်းကို ကန်ကျောက်ပစ်လိုက်၏ ။
ကျန်းဟူ၏နဖူးတွင် ချွေးသီးချွေးပေါက်တွေ ပြိုကျလာပြီး မျက်နှာမှာ အရောင်မရှိတော့ ။ သူ မာန်သွင်းလိုက်ပြီး မန်ထင်း၏ မျက်နှာကို လက်ကောက်ဝတ်နှင့် ဖြတ်ရိုက်ပစ်လိုက်၏ ။
ကျန်းဟူ၏ထိုလက်သာ မန်ထင်း၏ ခေါင်းပေါ် ကျရောက်သွားပါက ခေါင်းကွဲမည်မှာ ကျိန်းသေသည် ။
ထိုအံ့ဖွယ်လိလိ ခွန်အားကြီးမှာ အလွန် အံ့သြဖို့ကောင်းလှ၏။ ကျန်းဟူလောက် ခွန်အားကြီးသူမျိုးကို ရီဝမ်ဝမ် တစ်ခါမှ
မတွေ့ခဲ့ဖူးပါချေ ။
ကံမကောင်းစွာဖြင့် မန်ထင်းမှာ ဉာဏ်ထက်ပြီး ကျန်းဟူထက် သိုင်းပညာတော်နေ၏ ။
“ဟားဟားဟား .. အကြီးအကဲ ခုံး ရဲ့ တပည့်တွေ အကုန်လုံး က အမှိုက်တွေချည်းပါလား”
မန်ထင်းသည် ရှုံ့မဲ့ကာ မှတ်ချက်ပြုလိုက်ပြီး ကျန်းဟူ၏ ထိုသေစေနိုင်သော လက်သီးချက်ကို ရှောင်လိုက်သလို တစ်ချိန်တည်းမှာလည်း ကျန်းဟူ၏ ညှို့သကျည်းအား အားပြင်းပြင်းဖြင့် ရိုက်ချပစ်လိုက်လေသည် ။
ကျန်းဟူ၏ ဘယ်ခြေထောက်မှာ အနာကြီး နာကျင်သွားရပြီး
သူ အနောက်ကို ယိုင်ကာ ဆုတ်မိသွားရ၏ ။
“ဘယ်ကို ပြေးမလို့လဲ”
ကျန်းဟူ အားကုန်သွားပြီကို တွေ့လိုက်သည်နှင့်
မန်ထင်းသည် ပြုံးကာ အားအပြည့် ထုတ်သုံးတော့လေပြီ ။
အသက်တစ်ရှူစာ အချိန်အတွင်း ကျန်းဟူခမျာ မြေကြီးပေါ် လဲကျသွားတော့ပြီး မန်ထင်းသည် ကျန်းဟူ၏ဗိုက်ပေါ် တက်နင်းကာ ဆိုလာသည် ။
“ကျွတ် ကျွတ် .. သနားစရာလေးကွာ”
“မန်ထင်း အနိုင်ရရှိသွားပါပြီ”
အနိုင်ရသူ သဲကွဲသွားသဖြင့် ဒိုင်လူကြီးက ချက်ချင်း ကြေညာပေးလာသည် ။
ကျန်းဟူမှာ အနိုင်မခံ အရှုံးမပေးလိုပါသော်လည်း အားမတန်မာန်လျှော့နေပြီမို့ အရှုံးပေးလိုက်ရပါ၏ ။
“ဆရာ တပည့်”
ထမ်းစင်ပေါ်ကနေ ကျန်းဟူသည် လက်သီးနှစ်လုံး ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း တစ်ခုသောအရာကို ပြောလိုဟန်ဖြင့်
ဆရာဖြစ်သူ အကြီးအကဲ ခုံး ကို ကြည့်လိုက်သည် ။
“အရင် ဆေးကုသမှု ခံယူချည်”
ဆရာဖြစ်သူ အကြီးအကဲ ခုံး က မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်ရာ ..
“အကြီးအကဲ ခုံး နဲ့ အကြီးအကဲ လျောင်ဟယ် ရဲ့ တပည့်တွေကြားမှာ အကွာကြီး ကွာနေသေးတုန်းပါလား”
“ဒီနှစ်တွေမှာ အကြီးအကဲ လျောင်ဟယ် က အကြီးအကဲ ခုံး ကို ဖိနှိပ်ထားနိုင်တာလည်း မဆန်းတော့ပါဘူးဟယ်”
ခေါင်းဆောင်များနှင့် ကြေးစားများမှာ ကိုယ်စီကိုယ်စီ အတွေးတွေကို ဖော်ထုတ်လာကြသည် ။
မကြာခင် ရီဝမ်ဝမ်၏အလှည့် ထပ်မံ ကျရောက်လာချေပြီ ။
…………………………………………………………………...............
စာစဉ် ၆၆၊ အခန်း ၂၆။ အတူတူတက်ကြ
နေသည် အနောက်အရပ်ကို စောင်းလာလေပြီ ဖြစ်သလို ထိပ်ဆုံးကြေးစား ၁၀ ယောက်လောက်သာ ပြိုင်ဖို့
ကျန်တော့လေပြီ ။
S အဆင့် ကြေးစားမှာ ၉ ယောက် ကျန်ခဲ့ပြီး
D အဆင့် ကြေးစားက တစ်ယောက် ဖြစ်၏ ။
"ဘုရားရေ .. D အဆင့် ကြေးစားလေးတစ်ယောက်က
၂၇ ပွဲကို ဆက်တိုက်ကို နိုင်နေတာပါလား"
"ဟိုတုန်းကဆို စီနီယာမမ နန်လင်းလုံက ၂၈ ပွဲနဲ့ စံချိန်တင်ထားတာ မလား"
"ဒီတစ်ခါတော့ ပွဲသိမ်းပါပြီကွာ ၊ အစောက အဲ့ဒီ ရီဝမ်ဝမ်
S အဆင့် ကြေးစားတွေ တစ်ယောက်နဲ့မှ ရင်မဆိုင်ရသေး လို့ပါ"
"ဟွန့်… ဒီတစ်ခေါက် ပြိုင်ပွဲမှာ တကယ်ကြမ်းတဲ့
S အဆင့် ကြေးစားဟောင်းတွေ ဝင်မပြိုင်ကြလို့ပေါ့ ။ စီနီယာအစ်ကိုကြီး သေမင်း တို့နှစ်က ကြေးစားတွေ ရောက်မလာကြလို့သာ ၊ မဟုတ်လို့ကတော့လား
သူ ထိပ်ဆုံး ၁၀ ထဲကို ပါပါလိမ့်မယ် အားကြီးကြီး"
"#၈ ရီဝမ်ဝမ် နဲ့ #၂ မန်ကဲ"
ဒိုင်လူကြီးက တိုတိုတုတ်တုတ်ပင် ကြေညာလာသည် ။
ကွင်းပြင်ကြီးတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင်ကို အတိတိတ်ဆိတ်သွားလေပြီ ။
မန်ကဲက စင်မြင့်ပေါ်ကို အေးစက်စွာ လျှောက်လာသည် ။
“ဂျူနီယာညီမလေး မန်ကဲ .. နည်းနည်းလောက်တော့ ညှာပေးလိုက်ဦးနော်”
မန်ထင်းက ထိပ်ဆုံး ၁၀ ယောက်နေရာကနေ ဂုဏ်ရှိန်မြင့်စွာ လှောင်ပြောင်ပြော လာသည် ။
“ဟုတ်ပါပြီ စီနီယာအစ်ကိုကြီးရဲ့”
မန်ကဲ ပြန်ပြောသည့်စကားမှာ အေးစက်စက် ။
စင်မြင့်ထက်တွင် ရီဝမ်ဝမ်သည် မန်ကဲကို ကြည့်နေရာမှ
နံပတ် ၁၀ တွင် ထိုင်နေသည့် မန်ထင်းဘက်ကို
လှည့်ကြည့်လိုက်သည် ။
“နေဦး”
ရီဝမ်ဝမ် ထပြောလိုက်သောကြောင့်
လူတိုင်း သူမကို လှည့်ကြည့်လာကြသည် ။
သူ အရှုံးပေးတော့မလို့လား ။
ရီဝမ်ဝမ်သည် အကြီးအကဲ ခုံး ၏ တပည့် ဖြစ်နေသဖြင့်
အကြီးအကဲ လျောင်ဟယ်၏ တပည့်များက သူမကို သက်ညှာပေးလိမ့်မှာ မဟုတ်သည်က နားလည်လို့ရပါ၏ ။
အကြီးအကဲ ခုံး သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်
သည် ။ ထိပ်ဆုံး ၁၀ ယောက်ထဲ ဝင်နိုင်ခြင်းကပင်
အတော်လေး ကောင်းမွန်သာလွန်နေလေပြီ ။
ရီဝမ်ဝမ်သည် ဗုဒ္ဓလက်ဝါးသိုင်းကို ကျွမ်းကျင်ရင်တောင်
မန်ကဲ၏ ပြိုင်ဘက် မဟုတ်တာကြောင့် အရှုံးပေးလိုက်ခြင်းက လက်သင့်ခံလို့ ရပါ၏ ။ သူ နားလည်ပေးနိုင်ပါ၏ ။
မန်ကဲက ရီဝမ်ဝမ်ကို ကြည့်လိုက်သည် ။
သူမအနေဖြင့် ရီဝမ်ဝမ်က အရှုံးပေးချင်ရင်ပင်
သူမ ခွင့်မပြုနိုင်ပါချေ ။ ထိုမိန်းကလေးသည်
စကားတတ်လွန်းခဲ့သည် မဟုတ်ပါလား ။
အရှင်နတ်ဆိုး၏ အမူအရာကင်းမဲ့သော အကြည့်က
ရီဝမ်ဝမ်ပေါ် သက်ဆင်းလာ၏ ။
“ပြိုင်ပွဲဝင် #၈ ဘာပြောချင်လို့လဲ”
ဒိုင်လူကြီးသည် စင်မြင့်ထက်ကို ခပ်မြန်မြန် တက်လာပြီး မေးခွန်းထုတ်၏ ။
“ဒီလိုပွဲမျိုးက အဓိပ္ပာယ်မရှိဘူးလို့ ခံစားရလို့”
ထိုသည်ကား ရီဝမ်ဝမ် ဒိုင်လူကြီးကို ပြောလိုက်သည့် စကားတစ်ခွန်း ။
အဓိပ္ပာယ် မရှိဘူးလား ။
လူတိုင်း ဇဝေဇဝါ ဖြစ်ကုန်၏ ။
အဓိပ္ပာယ် မရှိဘူး ဆိုတာက ဘာအဓိပ္ပာယ်လဲ ။
“ဒီတိုင်း အရှုံးမပေးချင်လို့ သက်သက်မဲ့ ဂွင်ဆင်တာ
နေမှာပေါ့အေ ။ ဒါပေမယ့်လည်း အလကားပါပဲ ။
အဲ့ဒီ ဂျူနီယာညီမလေးက တကယ်ကို တော်တယ်လို့တော့ ပြောလို့ရတယ်ဟ ။ မီးလျှံကျောင်းတော်ရဲ့ သိုင်းပြိုင်ပွဲရာဇဝင်မှာ
ထိပ်ဆုံး ၁၀ ယောက်ထဲကို ဝင်နိုင်ခဲ့တဲ့ D အဆင့် ကြေးစားဆိုလို့
သူက ပထမဆုံးပဲ”
“အကြီးအကဲ လျောင်ဟယ် ရဲ့ တပည့် ၊ S အဆင့်ကြေးစား
မန်ကဲ နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှတော့ အရှုံးပေးလိုက်တာက စဉ်းစားဉာဏ်ရှိခြင်းတမျိုးပါပဲလေ ။ ရန်သူ ရန်သူချင်း
ထိပ်တိုက်တွေ့ဖို့ကတော့ .. အင်း ငါ ကြားတာတော့
ရီဝမ်ဝမ်က အကြီးအကဲ ခုံး ရဲ့ အမည်ခံ တပည့် ဆို”
စင်မြင့်ပေါ်တွင် ရှိနေသည့် ဒိုင်လူကြီးကတော့ မျက်မှောင်ကြုတ်သွားပြီး မေးလာသည် ။
“ဘာလိုချင်တာလဲ”
“မန်ကဲအပြင်ကို” ရီဝမ်ဝမ်သည် နံပတ် ၁၀ ဘက်ကို
လှည့်လိုက်ကာ မန်ထင်းအား လက်ညှိုးထိုးလိုက်ပြီး ..
“သူ့ကိုလည်း စိန်ခေါ်တယ်”
“ဘာ”
ဒိုင်လူကြီးမှာ အံ့အားသင့်သွား၏ ။
သူက မန်ကဲအပြင် မန်ထင်းကိုပါ စိန်ခေါ်ချင်နေတာလား ။
“မန်ကဲ ကို အနိုင်ရရင် မန်ထင်းနဲ့ ဆက်တိုက်မယ်လို့
ပြောနေတာလား”
ဒိုင်လူကြီးမှာ မသေမချာ ေ၀ဝါးသော စိတ်ဖြင့်
မေးကြည့်လိုက်သည်တွင် ရီဝမ်ဝမ်က ခေါင်းခါသည် ။
“ကျွန်မ ပြောတာက … မန်ကဲနဲ့ မန်ထင်းကို တစ်ပြိုင်တည်း လာတိုက်စေချင်တာ”
ကွင်းပြင်ကြီးတစ်ခုလုံး ဝေါခနဲ ညံသွားသည် ။
အကြီးအကဲ ခုံး သည်ပင် အံ့သြမိသွား၏ ။
သူ့ရဲ့ တပည့်မလေးက ရူးသွားပြီလား ။
“ငါလခွမ်း .. ရီဝမ်ဝမ် သတ္တိတွေ စွတ်ကောင်းလှချည်လား”
“သူ ရူးသွားပြီလား”
“S အဆင့် ကြေးစား နှစ်ယောက်ကို သွားပြီး စိန်ခေါ်တယ် ..
မန်ထင်း နဲ့ မန်ကဲ နှစ်ယောက်စလုံးကိုလေ ။
၂ ယောက် ၁ ယောက် ချတော့မှာလား”
"လာနောက်နေတာလား ။ မန်ထင်းက မန်ကဲထက် တစ်ဆင့်ကြီးကို ကွာသေးတာဟ ။ ဒါကို သူက နှစ်ယောက်တစ်ယောက် သွားစိန်နေတာ"
………………………………………………………………..................
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘
စာစဉ် ၆၆ ပြီးပါပြီ ။