Till The Day;...(completed)

By Heki-21

18.6K 1.7K 138

ကိုယ်စောင့်နေမှာပေါ့ မင်းမျက်ဝန်းက တိမ်စိုင်တွေ ငွေ့ရည်ဖွဲ့ဖို့ မင်းနှလုံးသားက ဒဏ်ရါတွေ နွေးထွေးစေဖို့ မင်းလက... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42(final)

19

284 32 5
By Heki-21

Zgy

Till the day;... 19

"ဘယ္လိုလုပ္ေပးမွာလဲ ဘတ္ဟြၽန္းရွီးး"

"ကြၽန္ေတာ့္ကို အခ်ိန္ေလးနည္းနည္းေလာက္ ထပ္ေပးရင္ ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ ျပန္ဆပ္ပါ့မယ္ သူ​ေ႒းကေတာ္.."

"ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ဆိုတာ ဘတ္ဟြၽန္း ညီမေလးေရာပါလား.."

"ဒီမွါ အန္တီႀကီး စကားကိုလက္လြတ္စပယ္ေျပာလို႔ ဘယ္ျဖစ္မလဲ.."

"ဟက္ ဘတ္ဟြၽန္းက ညီမေလးကို အထိမခံဘူးဆိုတာ တကယ္ပဲကို..."

"ဘယ္က သိထားလဲမသိေပမယ့္ သိခ်င္ရင္ ကြၽန္ေတာ့ကို ကိုယ္တိုင္ေမးၿပီး စံုစမ္းခေပးေပါ့
ႏွစ္ၪီးႏွစ္ဖက္ ပိုအႀကိဳးရိွတာေပါ့
မဟုတ္ဘူးလား.."

ခ်က္ခ်င္းေျပာင္းသြားတဲ့ ဘတ္ဟြၽန္းေလသံက အၿမဲနာခံတတ္တဲ့ ခပ္ေအးေအးေကာင္ေလးဆိုတာ ယံုႏိုင္ဖြယ္မရိွ။ သြားၾကားေစ့သံၾကားက အၿပံဳးက ေၾကာက္စရာေကာင္းလွသည္။ ဒီေကာင္ေလး ေတာ္ရံုမဟုတ္တာေတာ့ လက္ခံရမည္။

ဘတ္ဟြၽန္းဟာ ကားလမ္းမတစ္ေလ်ာက္ကို ေခါင္းငိုက္စိုက္ခ်လို႔ ေလ်ွာက္လာမိသည္။ ၿပီးေတာ့ ခုနေလးတင္ကမွ သူေျပာထားတဲ့ စကားေတြကို ျပန္ၾကားေယာင္ေနမိသည္။ ရာရာစစ ထိုမိန္းမက ဘယ္သူ႔ကို ထိဖို႔က်န္ေနတာလဲ။ ေဒါသစိတ္ဟာ ေရ႔ွကျမင္ေနရတဲ့ ဘီရာဘူးခြံအလြတ္ကို လႊဲကန္မိတဲ့အထိ။ တကယ္ပဲ ရာရာစစ ။

ဘတ္ဟြၽန္း အလုပ္ရွာေပမယ့္ မထိေရာက္ဘူးျဖစ္ေနတာေၾကာင့္ ဟိုတစ္ေန့က ခ်န္းေယာလ္အႀကံေပးသလို ဖုန္းတစ္လံုးဝယ္ရမည္။ ဝယ္ရမွာက ဟုတ္ေပမယ့္ ခက္တာက ဖုန္းဝယ္ဖို႔ေတာငိ ေငြမေလာက္ေတာ့။ မေလာက္ေတာ့ဆိုတာက ဖုန္းဝယ္လိုက္ရင္ ရႏိုင္ေပမယ့္ အိမ္အတြက္ ဘဲ့ဟာအတြက္ တျခားလိုအပ္တာေတြ ဝယ္ဖို႔ မက်န္ေတာ့မွာေၾကာင့္ ခုထိမဝယ္ျဖစ္။

ၿခံေရ႔ွမွာ ခ်န္းေယာလ္ရဲ့ ကားရပ္ထားတာေၾကာင့္ ခ်န္းေယာလ္ေရာက္ေနတာျဖစ္ေလာက္မည္။ ေဆးသုတ္ၿပီးထဲက ခ်န္းေယာလ္လီ ေရာက္မလာတာ တစ္ပတ္နီးပါးပင္။ ဘတ္ဟြၽန္းလဲ ရပ္ကြက္ထဲပတ္ၿပီး အန္တီႀကီးေတြခိုငိးသမ်ွလုပ္ေပးကာ အပိုေငြရွာရသည္။ ေျပာင္းလာတာမၾကာေသးေပမယ့္ လူေနအိမ္က်ဲတဲ့ ရပ္ကြက္ေလးထဲ ဘတ္ဟြၽန္းက ဝင္ဆန္႔ေအာင္ေနရင္း အလုပ္လဲလုပ္ေပးကာ ေပါင္းရသည္။

ဘတ္ဟြၽန္းသတိတရ စာတိုက္ပံုးေလးကို ၾကည့္မိေသးသည္။ တစပ္တည္း စူပုပ္ေနတတ္တဲ့ လူဂြစာေလးရဲ့ သူ႔ရဲ့စာတိုက္ပံုးေလးကိုထိလို႔ ျဖစ္ပ်က္သြားတဲ့ ရုပ္ကေလးပါျမင္ေယာင္မိလာေတာ့ ဘတ္ဟြၽန္း ရယ္မိေသးသည္။ စာတိုက္ပံုးေလးထဲမွာ စာတစ္ေစာင္။ တကယ္ပဲ ဘယ္သူကမ်ား ဘတ္ဟြၽန္းဆီ စာပို႔သတဲ့လဲ။ စဥ္းစားမရေပမယ့္ ထုတ္ေတာ့ ယူလိုက္ရသည္။

လိပ္စာက အေသအခ်ာကို ဘတ္ဟြၽန္းသို႔လို႔ ေရးထားတာျဖစ္သည္။ ဘယ္သူပါလိမ့္။ ဖြင့္ၾကည့္မလို႔ေပမယ့္

"ကေလး အိမ္ေရ႔ွမွာ ဘာလုပ္ေနတာလဲ လာေလ အျပင္မွာေအးတယ္။"

"ဗ်ာ ဟုတ္..."

အန္တီ။ ဟုတ္ပါတယ္ ထင္းရႉးေတာေလးေနာက္က အန္တီပါ။ ၿပီးေတာ့ ခ်န္းေယာလ္လီနဲ႔ တစ္စက္ေလးေတာင္မတူတဲ့ ခ်န္းေယာလ္လီရဲ့ အေမ။ ေနပါၪီး အန္တီက ဘယ္လိုလုပ္...

"ျမန္ျမန္လာ ..."

"ဟုတ္...."

ေတြးလက္စေတြ တိခနဲပ်က္က်သြားကာ အန္တီ့ေနာက္က ဘတ္ဟြၽန္းက နာခံတတ္တဲ့ ေခြးေပါက္ေလးေတြလို ။

ဘတ္ဟြၽန္းက စာအိတ္ကေလးကို အံဆြဲေလးထဲထည့္ရင္း ထမင္းပြဲျပင္ေနတဲ့ အန္တီ့ကိုကူရသည္။
သေကာင့္သားကေတာ့ သူနဲ႔မဆိုင္သလို ဘဲ့ဟာနားမွာငုတ္တုပ္။

"အန္တီ ကြၽန္ေတာ္ ဘာကူလုပ္ေပးရမလဲ.."

"ေရာ့ ဒီၾကက္သြန္နီေတြ ခ်န္းေယာလ္လီေရ႔ွခ်ေပးလိုက္ အခြံႏႊာလို႔.."

"ဗ်ာ..."

"ဘာလုပ္ေနတာလဲ ျမန္ျမန္သြားေပခ်ည္.."

ဘတ္ဟြၽန္း အထြန္႔မတက္ရဲေတာ့။ အန္တီက အခြံႏႊာတဲ့ ဆိုၿပီးသူ႔ေရ႔ွခ်ေပးေတာ့ ထိုဂ်စ္ကန္ကန္ေလးက မ်က္ခံုတန္းေတြ တြန္႔ခ်ိဳးခ်လိုက္ရင္း...
ဘာလုပ္တယ္ထင္ပါသလဲ.???
ဟုတ္ကဲ့ ဓားကေလးကို ေကာက္ကိုင္လို႔ ရူတည္တည္မ်က္ႏွာေပးနဲ႔ စႏႊာရတာပါပဲ။
ဒါေပမယ့္လဲ ဘယ္ေလာက္အေၾကာတင္းတင္း ၾကာရွည္မခံပါဘူး ခနေလးေနေတာ့ တရႉးရႉးတရွဲရွဲနဲ႔ မ်က္ရည္ေတြေရာ ႏွာရည္ေတြေရာ ရႊဲလို႔...
ဘတ္ဟြၽန္းကေတာ့ အန္တီ့နားမွာ လိုတာကူရင္း ရယ္ခ်င္တာ မနည္းေအာင့္ထားရတယ္။

ဒါေပမယ့္ ဘတ္ဟြၽန္းရဲ့ ရယ္ခ်င္စိတ္ဟာ ဘဲ့ဟာရဲ့ ဝါးလံုးကြဲရယ္သံေနာက္မွာေတာ့ မထိန္းႏိုငိမသိမ္းႏိုင္ကို ကပ္ပါသြားေတာ့တာပဲ။ ခင္မ်ားတို႔ပဲစဥ္းစားၾကည့္
တြန္႔ခ်ိဳးေနတဲ့ မ်က္ခံုးတန္းေတြ
နီရဲေနတဲ့ မ်က္ခမ္းစပ္ေတြ
ရဲပေတာင္းခတ္ေနတဲ့ ပါးျပင္ေတြ
ၿပီးေတာ့ နားရြက္ေတြ
တရႉံ႔ရႉံ႔ လုပ္ေနတဲ့ ႏွာေခါင္းနီနီရယ္
မ်က္ရည္စေတြၾကားကေန လူကို မၾကည္သလို လွမ္းၾကည့္လာတဲ့ ပံုရယ္
သူ႔ပံုစံက ကေလးေပါက္စေလး စိတ္ေကာက္ေပမယ့္ အေမ့ကိုေၾကာက္လို႔ ဂ်စ္ကန္ကန္ျဖစ္ေနတဲ့ ရုပ္ကေလးနဲ႔
ကဲေျပာ ကြၽန္ေတာ္မရီပဲ ေနႏိုင္ပါ့မလား..

အန္တီကေတာ့ ခပ္ဖြဖြၿပံဳးရင္း ခ်န္းေယာလ္လီကို ခ်စ္စႏိုးၾကည့္ေနေတာ့တာ။
အရြက္ေတြ သင္ေပးတဲ့ ဘဲ့ဟာရယ္
လက္တိုလက္ေတာင္းေလး ဘတ္ဟြၽန္းရယ္
ၿပီးေတာ့ ခိုင္းသမ်ွ မ်က္ႏွာတညိႀကီးနဲ႔ လုပ္ေပးတတ္တဲ့ ခ်န္းေယာလ္လီရယ္ေၾကာင့္
အန္တီ့ရဲ့ ထမင္းပြဲေလးဟာ စံုစံုလင္လင္
ဒါေပမယ့္ ခုထိ ဘာလို႔ ဒါေတြ လုပ္ေနမွန္း ဘတ္ဟြၽန္းမသိဘူး။ ဘတ္ဟြၽန္းဝငိလာတည္းက ဝိုင္းသာကူလုပ္ေနတာ မေမးျဖစ္ေသး။
ထို႔ေၾကာင့္..

"ဒါနဲ႔ေလ ဒါေတြ ဒီေလါက္အမ်ားႀကီးက ဘာလုပ္ဖို႔လဲ..."

"အိမ္သစ္တက္ေလ ကိုကိုရဲ့.."

"ခ်န္းေယာလ္လီနဲ႔ ဘတ္ဟြၽန္းလာခဲ့
ေရာ့ ဒါေတြ အိမ္နီးခ်ငိးေတြကို သြားေပးခ်ည္.."

"ဗ်ာ...."

ဒီတစ္ခါ မ်က္လံုးျပဴးသြားတာ ဘတ္ဟြၽန္းျဖစ္သည္။ အန္တီက ဘာလို႔ ဘတ္ဟြၽန္းတို႔ အိမ္သစ္တက္ပြဲကို လုပ္ေပးေနရသလဲ။ သို႔ေသာ္ ဘတ္ဟြၽန္းဘာမ်ွမေမးျမန္းရေသးခင္ ဟိုငဂ်စ္ေလးက ပန္းကန္ေတြမၿပီးေရ႔ွကသြားတာေၾကာငိ့ ဘတ္ဟြၽန္းလဲ အန္တီေပးတာေတြယူရင္း သူ႔ေနာက္လိုက္ရျပန္သည္။

လမ္းခုလတ္ေရာက္မွ...

"ခ်န္းေယာလ္လီ အန္တီက ဘယ္လိုျဖစ္လို႔.."

"ဟင္ ဘာလို႔ ဒီလိုေတြ လုပ္ေပးေနတာလဲလို႔..."

"ခ်န္းေယာလ္ ..."

"ဟင္လို႔ ငါျပန္ေပးဖို႔ မရိွဘူးေနာ္.."

တတြတ္တြတ္ေမးေနတာ ကရုမစိုက္ပဲရုတ္တရက္ႀကီး ရပ္သြားတဲ့ ေလာရွည္ေၾကာင့္ ဘတ္ဟြၽန္းကိုယ္ရိွန္မနည္းသပ္လိုက္ရသည္။

"ဘာ ဘာလို႔ ရပ္လိုက္တာလဲ.."

"ေနပါၪီး မင္းကို ဘယ္သူက အေႂကြးေတာင္းေနလို႔လဲ.."

"မသိဘူးေလ
ငါဆပ္ရမယ့္အေႂကြးက မ်ားပါတယ္ဆို ထပ္တိုးလာမွာဆိုးလို႔..."

"ဘာအေႂကြးမွ မေတာင္းဘူး အဲတာေၾကာင့္ ေက်းဇူးျပဳျပီး ပါးစပ္ေလးပိတ္ေပးထားလို႔ရမလား..."

ဘတ္ဟြၽန္း အေပၚႏႈတ္ခမ္းနဲ႔ ေအာက္ႏႈတ္ခမ္းကို ဖိပိတ္လိုက္ရင္း အသံမထြက္ေအာင္ ဇစ္ပိတ္သလို ပိတ္ထားလိုက္သည္။ ဆက္သြားတဲ္ သူ႔ေနာက္က ထပ္လိုကိေပမယ့္

"အာ့..."

အင္း အဲ့လိုပါပဲ ဘတ္ဟြၽန္းဆိုတာ ရပ္တာမျမင္လိုက္ပဲ သူေက်ာျပင္ကို နဖူးနဲ႔ တည့္တည့္ကို ေဆာင့္ေတာ့တာ။ နဂါးမ်က္လံုးေတြနဲ႔ စူးစိုက္ၾကည့္လာေတာ့ ဘတ္ဟြၽန္းကေတာ့ မခ်ိဳမခ်ည္ေလး ၿပံဳးျပလိုက္ရတာပါပဲ။ မခ်ိသြားၿဖဲေလးေပါ့။

အဲ့လိုနဲ႔ အန္တီေက်းဇူးနဲ႔ ဘတ္ဟြၽန္းက အိမ္နားက အေဒၚႀကီးေတြရဲ္ အခ်စ္ခံေလး ျဖစ္ရျပန္တာပါပဲ။ ဟိုတစ္ေယာက္ကေတာ့ စကားေျပာေနတ​ဲ့ ဘတ္ဟြၽန္းကို စိတ္မရွည္သလို ခဏခဏ လွမ္းၾကည့္ေနေတာ့ ဘတ္ဟြၽန္းမွာ အေဒၚႀကီးေတြကို ႏႈတ္ဆက္တာေတာင္ ၾကာၾကာမႏႈတ္ဆက္ရဲ။ ဟူး တကယ္ကို မလြယ္တာ အဲ့ဒီ ပတ္မ်ိဳးရိုးနဲ႔။

"ျပန္ေရာက္ပါၿပီ..."

"အင္း ျမန္ျမန္လာေတာ့ စားဖို႔ေစာင့္ေနတာ.."

ထမင္းဝိုင္းမွာ ဝင္ထိုင္ရင္း ဘတ္ဟြၽန္းနဲ႔ဘဲ့ဟာက

"ေကာင္း​ေကာင္းစားပါမယ္.."

လို႔ေျပာရင္း တကယ္ကို အရသာရိွရိွ စားေတာ့သည္။ ဘယ္ႏွပန္းကန္ေျမာက္မွန္းမသိေအာင္ စားၿပီးေနာက္ေတာ့ ဘတ္ဟြၽန္းတစ္ေယာက္ အစာမေၾကျဖစ္ေတာ့တာပဲ။

အေပါက္ဝနားမွာ ၿငိမ္ၿငိမ္ေလးထိုင္ရင္း ဘတ္ဟြၽန္းခံစားေနရတာ တကယ္ကို မအီမလည္။ အန္တီကေတာ့ ဘဲ့ဟာကို စာသင္ေပးမယ့္အေၾကာင္းေတြေရပက္မဝင္ေအာင္ေျပာရင္း ဘဲ့ဟာရဲ့ ဆံႏြယ္ရွည္ေတြကို က်စ္ဆံၿမီးေလးက်စ္ေပးေနတယ္။ ခ်န္းေယာလ္လီက မက္မြန္ပင္ႀကီးေအာက္မွာ စီးကရက္ဖြာလို႔။ အားလံုးက သာယာေနၾကတာ ဘတ္ဟြၽန္းတစ္ေယာက္သာ မဆံ့မၿပဲစားၿပီး လက္ထိုးေတာင္ အန္ျပစ္ရေတာ့မလိုကို ခံစားရခက္ေနေတာ့တာျဖစ္သည္။

ထိုစဥ္ လူရိပ္တစ္ခု ဘတ္ဟြၽန္းေပၚ က်လာတာမို႔ ၾကည့္မိေတာ့ ႏွစ္ေယာက္မရိွတဲ့ လူ႔ဂြစာေလး။

"စားတုန္းက မဆင္ျခင္ပဲနဲ႔ ခုေတာ့ စားပိုးနင့္ၿပီမလား.."

စကားကို ပုဆိန္နဲ႔ထုသလိုေျပာတယ္ဆိုတာ ပတ္ခ်န္းေယာလ္လိုလူမ်ိဳးကိုေျပာတာျဖစ္မည္။ တကယ္ကို ေျပာခ်လိုက္တာမ်ား လူကို ရစရာမရိွ။

"တိုး ဟိုဘက္ကို.."

ဘတ္ဟြၽန္းသူမျမင္ေအာင္ မ်က္ႏွာမဲ့ရင္း အထဲဝင္သာေအာင္ ေဘးတိုးေပးလိူက္သည္။သို႔ေသာ္ သူက ဘတ္ဟြၽန္းထင္သလို အထဲဝင္သြားတာမဟုတ္ပဲ ဘတ္ဟြၽန္းေဘးနား လာထိုင္ေလသည္။ ေလတၿပိဳက္အေဝ႔ွတြင္ သူ႔ဆီက စီးကရက္နံ႔ဟာ ဘတ္ဟြၽန္းဆီကို အလံုးအရင္းကို က်ီစယ္လာသည္။ စီးကရက္နံ႔ဟာ ေတာ္ေတာ္ကို အနံ႔စြဲတာပဲလို႔ ေတြးေနခ်ိန္ေလးမွာပဲ ဘတ္ဟြၽန္းရဲ့ ဘယ္ဘက္လက္ကေလးကို ဆြဲကိုင္ခံလိုက္ရတာေၾကာင့္ အေတြးစတို႔ျပတ္သြားရသည္။

လက္မနဲ႔ လက္ညိုးၾကားကို ဖိႏိွပ္ရင္း ေခ်သလိုလုပ္ေပးေနတာေၾကာင့္ ဘတ္ဟြၽန္း သူ႔မ်က္ႏွာကို တအံ့အၾသေငးမိသည္။ ထိုအခါသူက တစ္ေယာက္တည္းေရရြတ္သလိုေလး စကားဆိုလာသည္။

"အေမက အၿမဲေမ့ၿပီး ထမင္းခဏခဏစားတိုင္း လုပ္ေပးေနၾကမို႔ လုပ္တတ္ေနတာ
ၿပီးေတာ့ ငါ့ေရ႔ွမွာ တစ္ေယာက္ေယာက္ အစဟမေက်ျဖစ္ေနရင္ မေနတတ္လို႔.."

ခဏၾကာတဲ့အခါမွာေတာ့ တကယ္ကို အစာမေၾကျဖစ္ေနတာေတြ သက္သာသြားကာ ေနရတာအဆင္ေျပလာသည္။ ခ်န္းေယာလ္က တကယ္ပဲ အျမင္မေတာ္လို႔ လုပ္ေပးခဲ့တာပင္ ျဖစ္မည္.

"အဆင္ေျပသြားၿပီလား..."

"အင္း ေက်းဇူး ခ်န္းေယာလ္လီ..."

"အင္း.."

ထူးထူးဆန္းဆန္း ပတ္မ်ိဳးရိုးက ဘတ္ဟြၽန္းေက်းဇူးတင္တာကို အသိအမွတ္ျပဳသြားသတဲ့။ အင္းတဲ့ေလ။

*******

ဘဲ့ဟာကို သိပ္ၿပီးမွ ဘတ္ဟြၽန္းက ေန့လည္က ထည့္ထားတဲ့ စာအိတ္ေလးကို ေဖာကိၾကည့္ျဖစ္သည္။ တေနကုန္ ၾကည္ႏူးေနခဲ့သမ်ွ ဘတ္ဟြၽန္းမ်က္ႏွာဟာ ထိုစာကို ဖတ္ၿပီးတဲ့အခါမွာေတာ့ ရုတ္ခ်ည္းေျပာင္းလဲသြားေတာ့သည္။

အဓိပၸါယ္ေဖာ္ရန္ ခက္ေသာ ဘတ္ဟြၽန္းမ်က္ဝန္းေတြမွာ မ်ားစြာေသာ လိႈင္းေတျြဖတ္ေျပးသြားသည္။ ထိုအရာေတြရဲ့ တရားခံကိုေတာ့ ဘတ္ဟြၽန္းသာ သိလိမ့္မည္။

စာရြက္ျဖဴေလးရဲ့ ေထာင့္နားေလးမွာေတာ့ အဂၤလန္မွ လို႔ တပ္ထားတဲ့ လိပ္စာေလးဟာ ေလွာင္ရယ္လ်က္။...

ဘတ္ဟြၽန္းအတြက္ ထိုညတာဟာ ရွည္ခဲ့ျပန္တယ္။

#30.1.2022
#HEKI
အရွည္ႀကီးေနာ္ အသည္းတို႔...

Uni

Till the day;... 19

"ဘယ်လိုလုပ်ပေးမှာလဲ ဘတ်ဟျွန်းရှီးး"

"ကျွန်တော့်ကို အချိန်လေးနည်းနည်းလောက် ထပ်ပေးရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြန်ဆပ်ပါ့မယ် သူ​ေဋ္ဌးကတော်.."

"ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ဆိုတာ ဘတ်ဟျွန်း ညီမလေးရောပါလား.."

"ဒီမှါ အန်တီကြီး စကားကိုလက်လွတ်စပယ်ပြောလို့ ဘယ်ဖြစ်မလဲ.."

"ဟက် ဘတ်ဟျွန်းက ညီမလေးကို အထိမခံဘူးဆိုတာ တကယ်ပဲကို..."

"ဘယ်က သိထားလဲမသိပေမယ့် သိချင်ရင် ကျွန်တော့ကို ကိုယ်တိုင်မေးပြီး စုံစမ်းခပေးပေါ့
နှစ်ဦးနှစ်ဖက် ပိုအကြိုးရှိတာပေါ့
မဟုတ်ဘူးလား.."

ချက်ချင်းပြောင်းသွားတဲ့ ဘတ်ဟျွန်းလေသံက အမြဲနာခံတတ်တဲ့ ခပ်အေးအေးကောင်လေးဆိုတာ ယုံနိုင်ဖွယ်မရှိ။ သွားကြားစေ့သံကြားက အပြုံးက ကြောက်စရာကောင်းလှသည်။ ဒီကောင်လေး တော်ရုံမဟုတ်တာတော့ လက်ခံရမည်။

ဘတ်ဟျွန်းဟာ ကားလမ်းမတစ်လျောက်ကို ခေါင်းငိုက်စိုက်ချလို့ လျှောက်လာမိသည်။ ပြီးတော့ ခုနလေးတင်ကမှ သူပြောထားတဲ့ စကားတွေကို ပြန်ကြားယောင်နေမိသည်။ ရာရာစစ ထိုမိန်းမက ဘယ်သူ့ကို ထိဖို့ကျန်နေတာလဲ။ ဒေါသစိတ်ဟာ ရှေ့ကမြင်နေရတဲ့ ဘီရာဘူးခွံအလွတ်ကို လွှဲကန်မိတဲ့အထိ။ တကယ်ပဲ ရာရာစစ ။

ဘတ်ဟျွန်း အလုပ်ရှာပေမယ့် မထိရောက်ဘူးဖြစ်နေတာကြောင့် ဟိုတစ်နေ့က ချန်းယောလ်အကြံပေးသလို ဖုန်းတစ်လုံးဝယ်ရမည်။ ဝယ်ရမှာက ဟုတ်ပေမယ့် ခက်တာက ဖုန်းဝယ်ဖို့တောငိ ငွေမလောက်တော့။ မလောက်တော့ဆိုတာက ဖုန်းဝယ်လိုက်ရင် ရနိုင်ပေမယ့် အိမ်အတွက် ဘဲ့ဟာအတွက် တခြားလိုအပ်တာတွေ ဝယ်ဖို့ မကျန်တော့မှာကြောင့် ခုထိမဝယ်ဖြစ်။

ခြံရှေ့မှာ ချန်းယောလ်ရဲ့ ကားရပ်ထားတာကြောင့် ချန်းယောလ်ရောက်နေတာဖြစ်လောက်မည်။ ဆေးသုတ်ပြီးထဲက ချန်းယောလ်လီ ရောက်မလာတာ တစ်ပတ်နီးပါးပင်။ ဘတ်ဟျွန်းလဲ ရပ်ကွက်ထဲပတ်ပြီး အန်တီကြီးတွေခိုငိးသမျှလုပ်ပေးကာ အပိုငွေရှာရသည်။ ပြောင်းလာတာမကြာသေးပေမယ့် လူနေအိမ်ကျဲတဲ့ ရပ်ကွက်လေးထဲ ဘတ်ဟျွန်းက ဝင်ဆန့်အောင်နေရင်း အလုပ်လဲလုပ်ပေးကာ ပေါင်းရသည်။

ဘတ်ဟျွန်းသတိတရ စာတိုက်ပုံးလေးကို ကြည့်မိသေးသည်။ တစပ်တည်း စူပုပ်နေတတ်တဲ့ လူဂွစာလေးရဲ့ သူ့ရဲ့စာတိုက်ပုံးလေးကိုထိလို့ ဖြစ်ပျက်သွားတဲ့ ရုပ်ကလေးပါမြင်ယောင်မိလာတော့ ဘတ်ဟျွန်း ရယ်မိသေးသည်။ စာတိုက်ပုံးလေးထဲမှာ စာတစ်စောင်။ တကယ်ပဲ ဘယ်သူကများ ဘတ်ဟျွန်းဆီ စာပို့သတဲ့လဲ။ စဥ်းစားမရပေမယ့် ထုတ်တော့ ယူလိုက်ရသည်။

လိပ်စာက အသေအချာကို ဘတ်ဟျွန်းသို့လို့ ရေးထားတာဖြစ်သည်။ ဘယ်သူပါလိမ့်။ ဖွင့်ကြည့်မလို့ပေမယ့်

"ကလေး အိမ်ရှေ့မှာ ဘာလုပ်နေတာလဲ လာလေ အပြင်မှာအေးတယ်။"

"ဗျာ ဟုတ်..."

အန်တီ။ ဟုတ်ပါတယ် ထင်းရှူးတောလေးနောက်က အန်တီပါ။ ပြီးတော့ ချန်းယောလ်လီနဲ့ တစ်စက်လေးတောင်မတူတဲ့ ချန်းယောလ်လီရဲ့ အမေ။ နေပါဦး အန်တီက ဘယ်လိုလုပ်...

"မြန်မြန်လာ ..."

"ဟုတ်...."

တွေးလက်စတွေ တိခနဲပျက်ကျသွားကာ အန်တီ့နောက်က ဘတ်ဟျွန်းက နာခံတတ်တဲ့ ခွေးပေါက်လေးတွေလို ။

ဘတ်ဟျွန်းက စာအိတ်ကလေးကို အံဆွဲလေးထဲထည့်ရင်း ထမင်းပွဲပြင်နေတဲ့ အန်တီ့ကိုကူရသည်။
သကောင့်သားကတော့ သူနဲ့မဆိုင်သလို ဘဲ့ဟာနားမှာငုတ်တုပ်။

"အန်တီ ကျွန်တော် ဘာကူလုပ်ပေးရမလဲ.."

"ရော့ ဒီကြက်သွန်နီတွေ ချန်းယောလ်လီရှေ့ချပေးလိုက် အခွံနွှာလို့.."

"ဗျာ..."

"ဘာလုပ်နေတာလဲ မြန်မြန်သွားပေချည်.."

ဘတ်ဟျွန်း အထွန့်မတက်ရဲတော့။ အန်တီက အခွံနွှာတဲ့ ဆိုပြီးသူ့ရှေ့ချပေးတော့ ထိုဂျစ်ကန်ကန်လေးက မျက်ခုံတန်းတွေ တွန့်ချိုးချလိုက်ရင်း...
ဘာလုပ်တယ်ထင်ပါသလဲ.???
ဟုတ်ကဲ့ ဓားကလေးကို ကောက်ကိုင်လို့ ရူတည်တည်မျက်နှာပေးနဲ့ စနွှာရတာပါပဲ။
ဒါပေမယ့်လဲ ဘယ်လောက်အကြောတင်းတင်း ကြာရှည်မခံပါဘူး ခနလေးနေတော့ တရှူးရှူးတရှဲရှဲနဲ့ မျက်ရည်တွေရော နှာရည်တွေရော ရွှဲလို့...
ဘတ်ဟျွန်းကတော့ အန်တီ့နားမှာ လိုတာကူရင်း ရယ်ချင်တာ မနည်းအောင့်ထားရတယ်။

ဒါပေမယ့် ဘတ်ဟျွန်းရဲ့ ရယ်ချင်စိတ်ဟာ ဘဲ့ဟာရဲ့ ဝါးလုံးကွဲရယ်သံနောက်မှာတော့ မထိန်းနိုငိမသိမ်းနိုင်ကို ကပ်ပါသွားတော့တာပဲ။ ခင်များတို့ပဲစဥ်းစားကြည့်
တွန့်ချိုးနေတဲ့ မျက်ခုံးတန်းတွေ
နီရဲနေတဲ့ မျက်ခမ်းစပ်တွေ
ရဲပတောင်းခတ်နေတဲ့ ပါးပြင်တွေ
ပြီးတော့ နားရွက်တွေ
တရှူံ့ရှူံ့ လုပ်နေတဲ့ နှာခေါင်းနီနီရယ်
မျက်ရည်စတွေကြားကနေ လူကို မကြည်သလို လှမ်းကြည့်လာတဲ့ ပုံရယ်
သူ့ပုံစံက ကလေးပေါက်စလေး စိတ်ကောက်ပေမယ့် အမေ့ကိုကြောက်လို့ ဂျစ်ကန်ကန်ဖြစ်နေတဲ့ ရုပ်ကလေးနဲ့
ကဲပြော ကျွန်တော်မရီပဲ နေနိုင်ပါ့မလား..

အန်တီကတော့ ခပ်ဖွဖွပြုံးရင်း ချန်းယောလ်လီကို ချစ်စနိုးကြည့်နေတော့တာ။
အရွက်တွေ သင်ပေးတဲ့ ဘဲ့ဟာရယ်
လက်တိုလက်တောင်းလေး ဘတ်ဟျွန်းရယ်
ပြီးတော့ ခိုင်းသမျှ မျက်နှာတညိကြီးနဲ့ လုပ်ပေးတတ်တဲ့ ချန်းယောလ်လီရယ်ကြောင့်
အန်တီ့ရဲ့ ထမင်းပွဲလေးဟာ စုံစုံလင်လင်
ဒါပေမယ့် ခုထိ ဘာလို့ ဒါတွေ လုပ်နေမှန်း ဘတ်ဟျွန်းမသိဘူး။ ဘတ်ဟျွန်းဝငိလာတည်းက ဝိုင်းသာကူလုပ်နေတာ မမေးဖြစ်သေး။
ထို့ကြောင့်..

"ဒါနဲ့လေ ဒါတွေ ဒီလေါက်အများကြီးက ဘာလုပ်ဖို့လဲ..."

"အိမ်သစ်တက်လေ ကိုကိုရဲ့.."

"ချန်းယောလ်လီနဲ့ ဘတ်ဟျွန်းလာခဲ့
ရော့ ဒါတွေ အိမ်နီးချငိးတွေကို သွားပေးချည်.."

"ဗျာ...."

ဒီတစ်ခါ မျက်လုံးပြူးသွားတာ ဘတ်ဟျွန်းဖြစ်သည်။ အန်တီက ဘာလို့ ဘတ်ဟျွန်းတို့ အိမ်သစ်တက်ပွဲကို လုပ်ပေးနေရသလဲ။ သို့သော် ဘတ်ဟျွန်းဘာမျှမမေးမြန်းရသေးခင် ဟိုငဂျစ်လေးက ပန်းကန်တွေမပြီးရှေ့ကသွားတာကြောငိ့ ဘတ်ဟျွန်းလဲ အန်တီပေးတာတွေယူရင်း သူ့နောက်လိုက်ရပြန်သည်။

လမ်းခုလတ်ရောက်မှ...

"ချန်းယောလ်လီ အန်တီက ဘယ်လိုဖြစ်လို့.."

"ဟင် ဘာလို့ ဒီလိုတွေ လုပ်ပေးနေတာလဲလို့..."

"ချန်းယောလ် ..."

"ဟင်လို့ ငါပြန်ပေးဖို့ မရှိဘူးနော်.."

တတွတ်တွတ်မေးနေတာ ကရုမစိုက်ပဲရုတ်တရက်ကြီး ရပ်သွားတဲ့ လောရှည်ကြောင့် ဘတ်ဟျွန်းကိုယ်ရှိန်မနည်းသပ်လိုက်ရသည်။

"ဘာ ဘာလို့ ရပ်လိုက်တာလဲ.."

"နေပါဦး မင်းကို ဘယ်သူက အကြွေးတောင်းနေလို့လဲ.."

"မသိဘူးလေ
ငါဆပ်ရမယ့်အကြွေးက များပါတယ်ဆို ထပ်တိုးလာမှာဆိုးလို့..."

"ဘာအကြွေးမှ မတောင်းဘူး အဲတာကြောင့် ကျေးဇူးပြုပြီး ပါးစပ်လေးပိတ်ပေးထားလို့ရမလား..."

ဘတ်ဟျွန်း အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းကို ဖိပိတ်လိုက်ရင်း အသံမထွက်အောင် ဇစ်ပိတ်သလို ပိတ်ထားလိုက်သည်။ ဆက်သွားတဲ္ သူ့နောက်က ထပ်လိုကိပေမယ့်

"အာ့..."

အင်း အဲ့လိုပါပဲ ဘတ်ဟျွန်းဆိုတာ ရပ်တာမမြင်လိုက်ပဲ သူကျောပြင်ကို နဖူးနဲ့ တည့်တည့်ကို ဆောင့်တော့တာ။ နဂါးမျက်လုံးတွေနဲ့ စူးစိုက်ကြည့်လာတော့ ဘတ်ဟျွန်းကတော့ မချိုမချည်လေး ပြုံးပြလိုက်ရတာပါပဲ။ မချိသွားဖြဲလေးပေါ့။

အဲ့လိုနဲ့ အန်တီကျေးဇူးနဲ့ ဘတ်ဟျွန်းက အိမ်နားက အဒေါ်ကြီးတွေရဲ္ အချစ်ခံလေး ဖြစ်ရပြန်တာပါပဲ။ ဟိုတစ်ယောက်ကတော့ စကားပြောနေတ​ဲ့ ဘတ်ဟျွန်းကို စိတ်မရှည်သလို ခဏခဏ လှမ်းကြည့်နေတော့ ဘတ်ဟျွန်းမှာ အဒေါ်ကြီးတွေကို နှုတ်ဆက်တာတောင် ကြာကြာမနှုတ်ဆက်ရဲ။ ဟူး တကယ်ကို မလွယ်တာ အဲ့ဒီ ပတ်မျိုးရိုးနဲ့။

"ပြန်ရောက်ပါပြီ..."

"အင်း မြန်မြန်လာတော့ စားဖို့စောင့်နေတာ.."

ထမင်းဝိုင်းမှာ ဝင်ထိုင်ရင်း ဘတ်ဟျွန်းနဲ့ဘဲ့ဟာက

"ကောင်း​ကောင်းစားပါမယ်.."

လို့ပြောရင်း တကယ်ကို အရသာရှိရှိ စားတော့သည်။ ဘယ်နှပန်းကန်မြောက်မှန်းမသိအောင် စားပြီးနောက်တော့ ဘတ်ဟျွန်းတစ်ယောက် အစာမကြေဖြစ်တော့တာပဲ။

အပေါက်ဝနားမှာ ငြိမ်ငြိမ်လေးထိုင်ရင်း ဘတ်ဟျွန်းခံစားနေရတာ တကယ်ကို မအီမလည်။ အန်တီကတော့ ဘဲ့ဟာကို စာသင်ပေးမယ့်အကြောင်းတွေရေပက်မဝင်အောင်ပြောရင်း ဘဲ့ဟာရဲ့ ဆံနွယ်ရှည်တွေကို ကျစ်ဆံမြီးလေးကျစ်ပေးနေတယ်။ ချန်းယောလ်လီက မက်မွန်ပင်ကြီးအောက်မှာ စီးကရက်ဖွာလို့။ အားလုံးက သာယာနေကြတာ ဘတ်ဟျွန်းတစ်ယောက်သာ မဆံ့မပြဲစားပြီး လက်ထိုးတောင် အန်ပြစ်ရတော့မလိုကို ခံစားရခက်နေတော့တာဖြစ်သည်။

ထိုစဥ် လူရိပ်တစ်ခု ဘတ်ဟျွန်းပေါ် ကျလာတာမို့ ကြည့်မိတော့ နှစ်ယောက်မရှိတဲ့ လူ့ဂွစာလေး။

"စားတုန်းက မဆင်ခြင်ပဲနဲ့ ခုတော့ စားပိုးနင့်ပြီမလား.."

စကားကို ပုဆိန်နဲ့ထုသလိုပြောတယ်ဆိုတာ ပတ်ချန်းယောလ်လိုလူမျိုးကိုပြောတာဖြစ်မည်။ တကယ်ကို ပြောချလိုက်တာများ လူကို ရစရာမရှိ။

"တိုး ဟိုဘက်ကို.."

ဘတ်ဟျွန်းသူမမြင်အောင် မျက်နှာမဲ့ရင်း အထဲဝင်သာအောင် ဘေးတိုးပေးလိူက်သည်။သို့သော် သူက ဘတ်ဟျွန်းထင်သလို အထဲဝင်သွားတာမဟုတ်ပဲ ဘတ်ဟျွန်းဘေးနား လာထိုင်လေသည်။ လေတပြိုက်အဝှေ့တွင် သူ့ဆီက စီးကရက်နံ့ဟာ ဘတ်ဟျွန်းဆီကို အလုံးအရင်းကို ကျီစယ်လာသည်။ စီးကရက်နံ့ဟာ တော်တော်ကို အနံ့စွဲတာပဲလို့ တွေးနေချိန်လေးမှာပဲ ဘတ်ဟျွန်းရဲ့ ဘယ်ဘက်လက်ကလေးကို ဆွဲကိုင်ခံလိုက်ရတာကြောင့် အတွေးစတို့ပြတ်သွားရသည်။

လက်မနဲ့ လက်ညိုးကြားကို ဖိနှိပ်ရင်း ချေသလိုလုပ်ပေးနေတာကြောင့် ဘတ်ဟျွန်း သူ့မျက်နှာကို တအံ့အသြငေးမိသည်။ ထိုအခါသူက တစ်ယောက်တည်းရေရွတ်သလိုလေး စကားဆိုလာသည်။

"အမေက အမြဲမေ့ပြီး ထမင်းခဏခဏစားတိုင်း လုပ်ပေးနေကြမို့ လုပ်တတ်နေတာ
ပြီးတော့ ငါ့ရှေ့မှာ တစ်ယောက်ယောက် အစဟမကျေဖြစ်နေရင် မနေတတ်လို့.."

ခဏကြာတဲ့အခါမှာတော့ တကယ်ကို အစာမကြေဖြစ်နေတာတွေ သက်သာသွားကာ နေရတာအဆင်ပြေလာသည်။ ချန်းယောလ်က တကယ်ပဲ အမြင်မတော်လို့ လုပ်ပေးခဲ့တာပင် ဖြစ်မည်.

"အဆင်ပြေသွားပြီလား..."

"အင်း ကျေးဇူး ချန်းယောလ်လီ..."

"အင်း.."

ထူးထူးဆန်းဆန်း ပတ်မျိုးရိုးက ဘတ်ဟျွန်းကျေးဇူးတင်တာကို အသိအမှတ်ပြုသွားသတဲ့။ အင်းတဲ့လေ။

*******

ဘဲ့ဟာကို သိပ်ပြီးမှ ဘတ်ဟျွန်းက နေ့လည်က ထည့်ထားတဲ့ စာအိတ်လေးကို ဖောကိကြည့်ဖြစ်သည်။ တနေကုန် ကြည်နူးနေခဲ့သမျှ ဘတ်ဟျွန်းမျက်နှာဟာ ထိုစာကို ဖတ်ပြီးတဲ့အခါမှာတော့ ရုတ်ချည်းပြောင်းလဲသွားတော့သည်။

အဓိပ္ပါယ်ဖော်ရန် ခက်သော ဘတ်ဟျွန်းမျက်ဝန်းတွေမှာ များစွာသော လှိုင်းတွေဖြတ်ပြေးသွားသည်။ ထိုအရာတွေရဲ့ တရားခံကိုတော့ ဘတ်ဟျွန်းသာ သိလိမ့်မည်။

စာရွက်ဖြူလေးရဲ့ ထောင့်နားလေးမှာတော့ အင်္ဂလန်မှ လို့ တပ်ထားတဲ့ လိပ်စာလေးဟာ လှောင်ရယ်လျက်။...

ဘတ်ဟျွန်းအတွက် ထိုညတာဟာ ရှည်ခဲ့ပြန်တယ်။

#30.1.2022
#HEKI
အရှည်ကြီးနော် အသည်းတို့...

Continue Reading

You'll Also Like

10.7K 1.2K 34
ဘဝမွာ မထင္မွတ္ထားတဲ့ ေျပာင္းလဲမႉဆိုတာ ရွိပါတယ္.. ထို ေျပာင္းလဲမႉေျကာင့္ လူနွစ္ေယာက္ရဲ႕ ဘဝေလးကလည္း ေျပာင္းလဲနိုင္ပါတယ္ ... အရာအားလံုးကို အဆင္ေျပေအာင္...
50.3K 3.3K 35
မိဘတေထားခဲ့တဲ့လုပ်ငန်းကိုတိုးတက်အောင်ပဲဆောင်ရွက်နေပြီး အချစ်ဆိုတဲ့အရာကိုမေ့လျော့နေတဲ့ လူပျိုဟိုင်းကြီး Mew Suppasit❤️ စိတ်နှလုံးသားဖြူစင်သော်လည်း ကံ...
548K 8.5K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
7.7K 275 68
ဒီဇာတ်လမ်းရဲ့မူရင်း plot ကိုပြောင်းပြီးပြန်ရေးထားပါတယ်... Ficအသစ်မိတ်ဆက်တုန်းက မူရင်း plot ကိုအကျဥ်းချုံးပြီးပြောပြထားတာကြောင့်အချို့ကတော့ မူရင်းကဘယ်...