နေခြည်နွေးနွေးက ခွန်ပြည့်တို့နှစ်ယောက်အပေါ် နွေးထွေးစွာခြုံလွှမ်း၏။ နိုးနိုးချင်း မျက်လုံးမဖွင့်ရသေးခင်မှာပင် ရင်ခွင်ထဲကတလှုပ်လှုပ်နဲ့ ဂဏှာမငြိမ်တဲ့ကောင်လေးကြောင့် ခွန်ပြည့်မျက်မှောင်ကျူံ့လိုက်မိ၏။
"လေပြေ ငြိမ်ငြိမ်နေလို့မရဘူးလား"
မျက်လုံးကို အားယူဖွင့်ပြီးတာနဲ့ စဆူသောမောင့်အသံ. ။
"ငါနိုးနေပြီလေ. မအိပ်ချင်တော့ဘူး"
"အစောကြီးရှိသေးတာကိုး"
လေပြေ့ကိုမချစ်တော့ဘူးဆိုသောမောင်သည် လေပြေကို သူ့လက်တွေကြားကလွှတ်မပေးသေး. တစ်ညလုံးသူကိုယ်ကိုသိမ်းကျူံးဖက်ထားရတာမို့ မောင်လက်မောင်းနာနေတော့မှာအသေအချာ။
"ငါက အိမ်မှာဆိုအစောကြီးထနေကျ"
"ပြီးရင် ကျောင်းမှာအတိုးချပြီးပြန်အိပ်နေကျ ဟုတ်လား"
မောင်အသံက ပြုံးရယ်သံတစ်၀က်နဲ့. မောင်က ကျောင်းတုန်းကအကြောင်းတွေကို တခုတ်တရမှတ်မိနေပေးတုန်းလား။
"ဒါပေမယ့် အကျင့်ဖြစ်နေပြီလေ မောင်ရဲ့"
"အင်းပါ. မအိပ်ချငရင်လဲထ. မောင်တို့ဒီနေ့အပြင်သွားကြမယ်"
"ဟင်. ဘယ်သွားကြမလဲ"
သူ့ကိုဖျက်ခနဲမော့ကြည့်လာတဲ့ မျက်၀န်းပြာတွေ. စိတ်လှုပ်ရှားလို့နေပုံမို့ ခွန်ပြည့်သဘောကျစွာပြုံးကြည့်လိုက်မိ၏. သူ့ရဲ့စိတ်အေးချမ်းမှုအတိုင်းအတာက ဒီမျက်၀န်းတွေအပေါ်မှာမူတည်နေတုန်းဘဲ.။
"ဟိုရောက်ရင်သိမှာပေါ့.. ကဲ ထ မောင်လဲလက်ညောင်းနေပြီ"
"မောင်ပြောပြ"
"မပြောပြပါဘူး"
"မောင်"
"ဗျာ.. မောင်ရေချိုးလိုက်ဦးမယ်. ပြီးရင် လေပြေချိုးလိုက်နော်"
မောင်က သူပြောချင်တာပြောပြီးတာနဲ့ ရေချိုးခန်းဘက်လျှောက်သွားတာမို့ လေပြေအလိုမကျစွာကျန်ခဲ့ရ၏. မောင်က လက်မောင်းတစ်ဖက်ကို နှိပ်နယ်နေတာမို့ ညတုန်းကအဖြစ်အပျက်ကိုသတိရသွားရသလို။
တစ်ညလုံး သူ့ကိုဖက်ထားခဲ့တဲ့မောင်. နိုးလာချိန်မှာလဲ လေပြေဆိုဖာပေါ်ရောက်နေတဲ့အကြောင်းကို တစ်ခွန်းမဟ.မောင် သိနေတာဘဲ. ညက
မောင်က သိသိရက်နဲ့ သူ့ကိုဖက်ထားခဲ့တာလား မောင်ကတကယ့်လူလည်ဘဲ။
လေပြေပါးလေးတွေနီရဲတက်လာတာမို့ ကို့ပါးကိုခပ်ကြမ်းကြမ်းပွတ်လိုက်မိ၏.. ဒါမှမဟုတ်လဲ မောင်ကငါ့ကိုမေးရလောက်တဲ့အထိ အဖက်မလုပ်တာလဲဖြစ်နိုင်တာဘဲ. ကိုယ့်ကိုကိုယ် အထင်ကြီးနေမိပြန်ပြီဘဲ လေပြေလျှမ်းခရေ။
"လေပြေ ရေချိုးတော့လေ"
"ဟင်"
ရေချိုးခန်းထဲကနေ တဘက်တစ်ပိုင်းခါးပတ်ပြီးထွက်လာတဲ့မောင်ကြောင့် လေပြေရုတ်တရက်ကြောင်ကြည့်နေမိ၏. မောင့်ကို ဒီလိုပုံနဲ့မြင်ရတာပထမဦးဆုံးမို့ သူနဲ့မောင့်ရဲ့နီးစပ်မှုကိုပြန်တွေးသွားမိ၏။
နောက်ဆို သူက မောင့်ရဲ့ဒီလိုပုံတွေကို မကြာခဏတွေ့ရတော့မှာပေါ့.. အားကစားသမားဖြစ်တာမို့ မောင့်ရဲ့ကိုယ်ဟန်က ငေးမောချင်စရာ. မြင့်မားလှတဲ့အရပ်နဲ့ အမြှောင်လိုက်ဖြစ်နေတဲ့ကြွက်သားတွေ.အသားဖြူတာမို့ ခါးစပ်မှမွှေးညှင်းတစ်လျှောက်က အတိုင်းသား.။
သေချာကြည့်မှ မောင့်လက်မောင်းတွေနဲ့ သူ့လက်သွယ်တွေက တခြားစီ.. ရှပ်လက်ရှည်ကိုခေါက်၀တ်တာများလွန်းတာမို့ မောင့်လက်မောင်းတွေကို သူသေချာမမြင်ဖူးခဲ့.။
"ကြည့်လို့ကောင်းလား"
"ဟမ်"
လေပြေ ငေးနေမိတာ မောင်သူ့အနီးရောက်လာမှန်းပင် မသိလောက်တဲ့အထိ. သူ့ကို ငုံ့မိုးကြည့်နေတဲ့မောင့်အကြည့်စူးစူးတွေထဲမှာ စနောက်လိုဟန်အပြည့်စီး၀င်နေခဲ့လျက်. မောင်ဟာ သူ့ဘ၀ရဲ့အပျော်ဆုံးအချိန်ဟာ လေပြေ့ကိုစရတဲ့အချိန်ဘဲလို့ မကြာခဏရယ်ရင်းဆိုတတ်သေးသည်မဟုတ်ပါလား.။
"ကိုင်ကြည့်ချင်လဲ ကိုင်လို့ရတယ်လေ. မောင်က မင်းယောင်္ကျားဘဲကိုး"
"မကိုင်ကြည့်ချင်ပါဘူး. ဘာလို့ကိုင်ကြည့်ချင်ရမှာလဲ. အဟင်း မင်းနဲ့ငါက တူတူဘဲကိုး"
"ဟား. မောင်ကတော့မတူဘူးထင်တာဘဲ"
"တူပါတယ်"
လေပြေက သူ့ဗိုက်လေးကို လက်လေးနဲ့အုပ်ကိုင်ရင်း ခွန်ပြည့်ကို မျက်ဆံလေးလှန်ကြည့်ကာ မကျေမနပ်ဆို၏.. ခွန်ပြည့် ဟန်မဆောင်နိုင် ..အော်ရယ်မိပြန်၏. လေပြေ့ရဲ့ အဲ့လိုအထိမခံဖြစ်နေပုံကို ကြည့်နေရတာဟာ ခွန်ပြည့်အတွက် ပျော်ရွင်မှုပင်။
"မရယ်နဲ့. မောင်အဲ့လိုရယ်ရင် ငါအရမ်းမုန်းတာဘဲ"
"အင်း မောင်ကလဲ မင်းအဲ့လိုစွာရင်."
အရမ်းချစ်တာဘဲ. ပြောနေကျစကားကို ခွန်ပြည့်စိတ်ထဲကဘဲ ဆက်ပြောလိုက်မိ၏. လေပြေအကြည့်တွေကို အမြန်ရှောင်လွှဲလိုက်ရင်း
"ရေသွားချိုးတော့ မောင်ရေနွေးစပ်ပေးထားတယ်. အကြာကြီးမချိုးနဲ့. အအေးမိရင် ဆေးခန်းရှာမပေးဘူး"
"ငါကလဲ အသေခံလိုက်မှာ"
သူ့ကို မျက်စောင်းထိုးကာ ရွဲ့သွားတဲ့လေပြေဟာ တကယ့်ကလေးပေါက်စလေးလို. ။ ဒါပေမယ့် သူ့စကားနာခံစွာနဲ့ ခပ်မြန်မြန်ချိုးပြီးထွက်လာမှာကိုသိတာမို့ ဘာမှဆက်မဆိုမိတော့.။
...💜...
လေပြေတို့ရဲ့ကားလေးက လမ်းကွေ့လေးတွေကို တဆင့်ဆင့်ဖြတ်ကျော်ကာ မြင်မြင်သမျှရှုခင်းတို့က စိမ်းစိုလို့နေ၏. အတန်ကြာကားစီးပြီးတဲ့နောက်မှာ စက်လှေဆိပ်သို့ရောက်၏။
မောင်ကသာကျောပိုးအိတ်တစ်အိတ်လွယ်ထားပြီး လေပြေကခြေလွတ်.လက်လွတ်။ မောင့်ကျောပိုးအိတ်ထဲမှာ လမ်းတွင်၀ယ်ယူခဲ့တဲ့ ရေဗူး၊
မုန့်အချို့နဲ့အ၀တ်အစားအပိုတစ်ချို့. စက်လှေဆိပ်မှာ မောင့်အသိဆိုသူဦးလေးကြီးနဲ့မောင်ကမိတ်ဆက်ပေး၏. မောင့်လိုဘဲစကားသံနဲနဲဝဲပေမယ့် မောင်နဲ့မတူစွာရှမ်းစကားအလွန်တတ်၏။
လမ်းတစ်လျှောက်လုံးစက်လှေသမားနဲ့ ရှမ်းစကားတွေချည်းပြောနေတာမို့ မောင့်ကိုနားလည်လားမေးမိတော့ မောင်လဲနားမလည်ဘူးလို့ဆိုကာ ရှက်ပြုံးပြုံး၏။ မောင်ဟာ ဘုရားစူးရှမ်းသွေးပါပါသည်။
"မောင် . အာ ခွန်ပြည့်"
လေပြေက ခေါ်နေကျနာမ်စားကိုခေါပြီးမှ မောင့်အသိတွေကိုသတိရကာ အမြန်ပြောင်း၏. မောင်က မျက်မှောင်ကျုံသွားရင်း
"ခေါ်နေကျအတိုင်းခေါ် လေပြေ"
မောင့်အသံက မာဆတ်ဆတ်. လေပြေ ဘာမှအထွန့်တက်မနေတော့။ မောင်တောင်အဆင်ပြေရင် သူကဘာအရေးရှိမည်နည်း။
"ဒါဘာမြစ်လို့ခေါ်တာလဲဟင်. မောင်သိတော့ သိပါတယ်နော်"
"ရွဲ့လိုက်တာကွာ. ပေါင်းလောင်းမြစ်တဲ့"
မောင်က ရေပြင်စိမ်းစိမ်းကိုလက်နဲ့တစ်ချက်လှမ်းဆော့ရင်း တောင်တန်းတွေကိုငေးနေ၏. အဆုံးမရှိတဲ့ကောင်းကင်ကျယ်. မြင့်မားလှတဲ့တောင်တန်းစိမ်းတွေနဲ့ ရေပြင်ကျယ်တို့စုံဆည်းရာ. ဒီလိုနေရာမျိုးဟာ လေပြေသဘောကျဆုံးနေရာ။ အနားမှာ မောင်ကရှိနေလေတော့ လေပြေ့အတွက်အရာရာဟာ အေးချမ်းနေ၏။
မြစ်ရေထဲကနေထိုးထွက်နေတဲ့အပင်တွေရှိတာမို့ သတိထား၍မောင်းရသည်.. မတ်စောက်နေတဲ့တောင်ကုန်းတွေပေါ်မှာ ငှက်ပျောခင်းများကို အစီအရီစိုက်ပျိုးထား၏။
"ပေါင်းလောင်းမှာက ငှက်ပျောထွက်တာကလဲ အဓိကဘဲ. စီးပွားဖြစ်စိုက်ပျိုးတာပေါ့"
မောင့်အသိလမ်းပြဦးလေးက ရှင်းပြပေး၏..။
"ဒီမှာက လှေကားထစ်စိုက်ပျိုးရေးထွန်းကားတယ်မလား ဦးလေး"
"ဘာလီထက်လှတဲ့ ပင်လောင်းတဲ့ မကြားဖူးဘူးလား"
မောင်က အလေးမထားဟန်ပြောပေမယ့် သူ့မွေးရပ်မြေအတွက် ဂုဏ်ယူနေပုံပေါ်သည်။
လိန်းလီတံတားကြီးအောက်ကဖြတ်ကျော်လာချိန်မှာတော့ ဦးလေးကရေအားလျှပ်စစ်အတွက်တည်ဆောက်ခဲ့ရတဲ့အကြောင်းကိုပြန်ပြောပြ၏. ယခင်ကတော့ တံတားအနီးအနား၀န်းကျင်တွေ ကျေးရွာအချို့နဲ့ဘုရားစေတီတို့ရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ ပေါင်းလောင်းမြို့ရေအားလျှပ်စစ်စီမံကိန်းအတွက် ရေအောက်ရောက်ခဲ့ရကြောင်းပြောပြသည်။
ထိုစကားပြောချိန်တွင် အနည်းငယ်ဆွေးမြေ့ဟန်ပေါ်ပေမယ့် ကျေးရွာသစ်ကို တောင်ပေါ်မှာပြန်လည်ထူထောင်ခဲ့ကြောင်းနဲ့ ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်း၌ အလှဆုံးနဲ့အရှည်ဆုံးကြိုးတံတားအဖြစ် စိမ်းစိုလှပစွာတည်ရှိနေသော သူတို့မြို့တံတားအတွက် ဂုဏ်ယူကြောင်းပြောနေပြန်လေသည်။
သူတို့မြို့ကိုအလေးထားကာ ချစ်လွန်းလှတဲ့ တောင်ပေါ်သားတွေပင်..။
"ခု ဘယ်သွားနေကြတာလဲ မောင်"
လေပြေက တိတ်ဆိတ်နေတဲ့မောင့်ကိုကြည့်ကာ ခပ်တိုးတိုးမေး၏. စိမ်းစိုလှပလွန်းတဲ့ပါတ်၀န်းကျင်ကြောင့်ပျော်ရွှင်နေမိပေမယ့် သိချင်စိတ်ကထိန်းမရ. မောင်က ခပ်လှောင်လှောင်ပြုံးသော်လည်းပြန်မဖြေ. လေပြေဘာမေးမေးရှင်းပြတတ်တဲ့ဦးလေးကလဲ မကြားဟန်ပြုနေတာမို့လေပြေစိတ်ထဲမှာ မကျေနပ်။
တစ်နာရီနီးပါးစပ်လှေစီးပြီးတဲ့နောက်မှာ ဆိပ်ကမ်းစပ်သို့ရောက်လာ၏... လေပြေတို့ရပ်နေတဲ့မြေမာတွေဟာ မိုးတွင်းဆိုရေအောက်ရောက်ရှိသွားမည့်အကြောင်းသိရသည်။ မြင်ရတဲ့တောအုပ်ကြီးကို လေပြေမိန်းမောစွာလှမ်းကြည့်နေမိခိုက် မောင်ကလေပြေ့လက်ကိုလှမ်းဆွဲရင်း
"လာ လေပြေ နှစ်နာရီလောက်တော့ မောင်တို့လျှောက်ရမယ်. လျှောက်နိုင်တယ်မလား. မောင်ကုန်းမပိုးဘူးနော်"
မောင့်အသံက ခပ်မြူးမြူး. လေပြေက တောအုပ်ကိုကြည့်ရင်း အားတင်းပြုံးသာပြုံး၏. မေးလဲမဖြေတာမို့ မောင့်ကိုဘာမှထပ်မမေးချင်. မောင်ခေါ်တဲ့နောက်လိုက်ရုံမှအပ အခြားမရှိ.။
တောအုပ်ထဲ ၀င်လာချိန်မှာ ခပ်စိမ်းစိမ်းမြင်ကွင်းအစုံကြောင့် လေပြေအပျော်ကြီးပျော်မိပေမယ့် နာရီ၀က်နီးပါးကြာလာတော့ နဖူးမှာချွေးစက စို့နင့်နင့်။
ပေ ၁၀၀ခန့်မြင့်သော် သစ်ပင်ကြီးတွေကို စိတ်၀င်တစားမော့ကြည့်လိုက်. မကြာခဏကမ်းပေးတဲ့မောင့်လက်ကိုစွဲကိုင်လျှောက်လိုက်ဖြင့်. ခပ်တိမ်တိမ်စမ်းချောင်းလေးတွေကိုမကြာခဏဖြတ်ကျော်ရတဲ့အခါ.. လေပြေရေဆော့ချင်စိတ်က ထိန်းမရ. လေပြေက ရေမြင်ရင်ဆော့ချင်သည့် ကလေးသာသာ။
မောင်က လေပြေ့လက်ကိုလှမ်းဆွဲရင်း မြန်မြန်လျှောက်ခိုင်းသည့်အခါမျိုးမှာ ကျန်ခဲ့တဲ့စမ်းချောင်းခပ်တိမ်တိမ်လေးတွေကို နှမြောတသကြည့်လိုက်. မောင့်ကို ဆူဆောင့်လိုက်ဖြင့်.။
ချောင်းစပ်တစ်နေရာမှာ ခဏနားကာ နေလည်စာစားဖို့ မောင်ကအချိန်ယူ၏. လမ်းပြဦးလေးရှေ့ လေပြေ့ကိုမေးဆတ်ပြရင်း သူက စားချိန်တန်လို့မစားရရင် သိပ်စိတ်ကောက်တတ်တာ
ဗျ. ခွေးပေါက်လေးလိုဘဲ လို့ ရယ်ကျဲကျဲပြောသေးသည်။
ထို့နောက် လမ်းတွေဆက်လျှောက်လာရင်း ရန်ကုန်ရောက်ရင်လက်မှတ်ထိုးကြမည့်အကြောင်းကို မဆီမဆိုင်ထပြော၏. လူစိမ်းတွေရှေ့ ယောင်္ကျားလေးနှစ်ယောက်ဖြစ်သည့် သူတို့လက်ထပ်ဖို့အကြောင်း မောင်ပြောနေပုံက ထမင်းစားရေသောက်သည့်နှယ် ခပ်လွယ်လွယ်. လေပြေကသာ ရှက်မိရသည်။
လမ်းတစ်လျှောက် တဲအိမ်လေးတစ်လုံးတွေ့တဲ့အချိန်မှာ ခဏနား၏. တောင်ပေါ်သူအန်တီကြီးက မောင့်မျက်နှာကိုကြည့်ကာ သိပ်ချောကြောင်းချီးမွန်းစကားဆိုတော့ မောင်ကသူ့လည်ပင်းသူပွတ်ကာ ရှက်နေမှ မောင်လဲရှက်တတ်သားဘဲလို့ လေပြေခပ်ရွဲ့ရွဲ့တွေးမိ၏။
လမ်းတစ်လျှောက် လဲကျနေတဲ့သစ်ပင်ကြီးတွေပေါ်၊ ဝါးလုံးတန်းလေးတွေပေါ်နဲ့ သစ်သားတံတားလေးတွေပေါ် စသဖြင့် အဆင့်ဆင့်ဖြတ်ကျော်လာပြီးတဲ့နောက်မှာတော့ တဝုန်းဝုန်းနဲ့ဆူညံသံတွေကို လေပြေကြားယောင်လာ၏. လေပြေထင်တာမမှားဘူးဆို ကျိန်းသေရေစီးဆင်းသံ. ခပ်မောမောနှင့်ပင် လေပြေပြုံးကာ မောင့်ကိုကြည့်မိ၏.။
"အင်း ရေတံခွန်. ရေတံခွန်မှတ်လား မောင်. မောင်တို့မြို့က ရေတံခွန်သိပ်ပေါတယ်လေ. ဟုတ်တယ်မလား"
လေပြေက ထခုန်တော့မယ့် ကလေးလေးလို မြူးတူးတူးဖြစ်လာ၏ . ခွန်ပြည့်က မျက်နှာကိုခပ်တည်တည်လုပ်နေပေမယ့် ရေတံခွန်နားအမြန်ရောက်ချင်ပြီ. လေပြေ့ရဲ့မျက်၀န်းထဲက လျှံထွက်လာမယ့် ပြာလဲ့လဲ့အရောင်လေးတွေကို မြင်ချင်လှပြီ. လေပြေပျော်ရွင်မှုကိုမြင်ရရင် သူကျေနပ်၏. အထူးသဖြင့် သူ့ရဲ့ဖန်တီးမှုကြောင့် လေပြေပျော်သွားတဲ့အခါမျိုးတွေမှာ သူသိပ်ကျေနပ်ရသည်။
လေပြေက မောင့်ထံမှအဖြေပြန်မရသော်ငြား ခြေလှမ်းတို့သွက်လာလျက်.. နီးကပ်လာတဲ့ရေစီးသံက သူ့ရင်ခုန်သံကိုမြန်စေ၏. မောင်ပြီးရင် သူ့ကိုရင်ခုန်အောင်လုပ်နိုင်တဲ့အရာက လှပတဲ့ရှုခင်းတွေဖြစ်လိမ့်မည်။
အမြန်ဆုံးလျှောက်လာတဲ့နောက်မှာတော့ တွေ့ပါပြီ.။ အဆူညံဆုံးရေစီးဆင်းသံနဲ့အတူ တသွင်သွင်စီးဆင်းနေတဲ့ ဘုံအဆင့်ဆင့်နဲ့ရေတံခွန်..။
လေပြေက ဟေးခနဲအော်ကာ ရေတံခွန်နားပြေးသွား၏. နောက်က ခွန်ပြည့်ရဲ့ရယ်သံခပ်ဩဩလေးလွင့်ပျံသွား၏. လေပြေရဲ့ဒီပျော်ရွင်မှုက သူ့ကြောင့်ဖြစ်ပေါ်ရတယ်ဆိုတဲ့အသိက တောလမ်းကိုဖြတ်ကျော်လာရတဲ့ ပင်ပန်းမှုကို လျော့ပါးသွားစေတာအမှန်။
လေပြေက ရောက်စကတည်းက ရေတံခွန်နားကမခွာ. ခွန်ပြည့်ကိုရေဆော့ဖို့ခွင့်တောင်းပေမယ့် ခွန်ပြည့်ကပေးမဆော့သေးတာမို့ ဆန္ဒပြကာ သစ်သားခုံတန်းတွေပေါ် တစ်ယောက်ထဲထိုင်ရင်း ရေတံခွန်ကိုငေးနေ၏။
ခွန်ပြည့်က ဦးလေးနဲ့ရေတံခွန်အပေါ်ဆင့်ကို ထပ်တက်ဖို့၊ မတက်ဖို့ဆွေးနွေးနေရတုန်း။ ရာသီဥတုက သိပ်အကောင်းကြီးမဟုတ်သလို
အပေါ်ဆင့်က ရေစီးကြမ်းတာမို့ အနည်းငယ်အန္တရာယ်ရှိကြောင်းရှင်းပြနေ၏. နောက်ထပ်တစ်နာရီကျော်လောက်ထပ်လျှောက်ရမည့်အကြောင်းကြားရတော့ ခွန်ပြည့်မောမောနှင့်ပင်ရယ်မိ၏။
သူက ရှမ်းကိုအလည်မကြာခဏရောက်သော်ငြား နမ့်မွန်ရေတံခွန်နဲ့ စင်းဆင်းရေတံခွန်လောက်သာ သွားဖြစ်၏. အသွားအလာအခက်အခဲရှိတာမို့ ဟားကိုလာဖို့ကမစဥ်းစားဖြစ်. လေပြေကိုရောက်ဖူးစေချင်တဲ့စိတ်ဖြင့်သာ။
"မောင် ငါဒီတစ်သက်ရေဆော့ရမှာလား"
လေပြေအသံက မခံချင်စိတ်ကြောင့် ခပ်ရွဲ့ရွဲ့. မောင်က ချုပ်ချယ်လွန်းလှပြီ။
"ဆော့ရမှာပေါ့ လေပြေရ. ဒီလာထိုင်ဦး"
"..
"ဆူပုပ်မနေနဲ့. မောင်စဥ်းစားနေတာ. ဒီမှာက ဟားကြီးနဲ့ဟားငယ်ဆိုပြီး ရေတံခွန်ကိုနှစ်ပိုင်းခွဲထားတာလေ. မောင်တို့ရောက်နေတာဟားငယ်. ဟားကြီးကိုဆက်သွားဖို့က တစ်နာရီကျော်လျှောက်ရမှာ. လေပြေသွားချင်သေးလား။ ဟိုးအပေါ်ကိုလေ"
မောင် လေပြေ့ကိုမေးပုံက ကလေးတစ်ယောက်ကို အလိုလိုက်သည့် လူကြီးတစ်ယောက်ပုံမို့ လေပြေရှက်ရပြန်၏. သူစိမ်းတွေရှိခါမှ မောင်က သူ့ကိုပိုဂရုစိုက်နေပုံ. တမင်သက်သက် လေပြေရှက်ရအောင် စနေရော့လားဘဲ။
"လျှောက်မယ်လေ"
"ဟင်း. ဒါဆို မသွားတော့ဘူး ဦးလေး. ကျွန်တော်တို့ဒီည ဒီမှာဘဲတဲထိုးအိပ်ပြီး မနက်ကျပြန်ကျတာပေါ့"
"မောင်!!!"
တမင်သက်သက်မေးပြီးမှ သူလုပ်ချင်တာလုပ်နေသောမောင့်ကြောင့် လေပြေဒေါသကယမ်းပုံမီးကျ. မောင်က ခေါင်းပါမော့လှန်ချပြီး တဟားဟားအော်ရယ်၏။
ဦးလေးက သူ့ကိစ္စပြီးသွားသည့်နှယ် ခပ်ဝေးဝေးသို့ရှောင်ထွက်သွားပေးကာ ရွက်ဖျင်တဲထိုးဖို့လုပ်နေလေပြီ။ လေပြေက ရယ်လို့မပြီးနိုင်သောမောင့်ရင်ဘတ်ကို ဆောင့်တွန်းရင်း
"မောင်လုပ်ချင်ရာလုပ်မယ်ဆို ငါ့ကိုဘာလို့လာမေးသေးလဲ"
"မောင်ဝေခွဲမရဖြစ်နေလို့လေ. မောင်ကလေပြေလုပ်ချင်တာဆို မလုပ်ပေးဘူးလို့ တွေးလိုက်တာ"
"ကျစ်. မောင့်ကိုမုန်းလိုက်တာ"
"မောင်ကလဲ လေပြေ့ကို ချစ်မှမချစ်တော့ဘဲ"
လေပြေ ဆွံအစွာ မောင့်ကိုငေးကြည့်မိ၏. မောင်က အရယ်ရပ်ရင်း အကြည့်လွှဲသွား၏။
"သွား. ရေသွားဆော့တော့. သတိထားဆော့နော် ခြေချော်ပြီးပြုတ်ကျမယ်"
ခွန်ပြည့်က ဦးအောင်လှည့်ထွက်လာပြီးမှ စိတ်ထဲမကောင်း. အရာရာအဆင်ပြေပြီဆို လေပြေ့ကိုအနိုင်လိုချင်တဲ့သူ့မာနဟာခေါင်းထောင်လာမြဲ. ရေအရမ်းဆော့တဲ့လေပြေအန္တရာယ်များမှာမို့လို့ မသွားဖို့ဆုံးဖြတ်လိုက်ပေမယ့် လေပြေ့ကိုစနောက်ချင်ရုံသက်သက်ခေါ်စမိခြင်း။
ဒါပေမယ့် လေပြေ့အပေါ်မကျေနပ်သည့် သူ့စိတ်အခံကသူ့ကိုဒုက္ခပေးနေတုန်း။ ခေါင်းကိုခပ်ဖြည်းဖြည်းခါရင်း လေပြေလုပ်ထားတဲ့အမှားကိုပြန်တွေးလိုက်၏။
မောင်မှန်တယ် လေပြေ. မင်း အဲ့လောက်တော့ မောင့်ကိုပြန်ပေးဆပ်သင့်တယ်. မောင် မင်းကိုဘယ်လောက်ချစ်ခဲ့လဲ မင်းမှမသိနိုင်ဘဲ..။
#Unicode
ေနျခည္ေႏြးေႏြးက ခြန္ျပည့္တို႔ႏွစ္ေယာက္အေပၚ ေႏြးေထြးစြာျခဳံလႊမ္း၏။ ႏိုးႏိုးခ်င္း မ်က္လုံးမဖြင့္ရေသးခင္မွာပင္ ရင္ခြင္ထဲကတလႈပ္လႈပ္နဲ႔ ဂဏွာမၿငိမ္တဲ့ေကာင္ေလးေၾကာင့္ ခြန္ျပည့္မ်က္ေမွာင္က်ံဴ႕လိုက္မိ၏။
"ေလေျပ ၿငိမ္ၿငိမ္ေနလို႔မရဘူးလား"
မ်က္လုံးကို အားယူဖြင့္ၿပီးတာနဲ႔ စဆူေသာေမာင့္အသံ. ။
"ငါႏိုးေနၿပီေလ. မအိပ္ခ်င္ေတာ့ဘူး"
"အေစာႀကီး႐ွိေသးတာကိုး"
ေလေျပ့ကိုမခ်စ္ေတာ့ဘူးဆိုေသာေမာင္သည္ ေလေျပကို သူ႕လက္ေတြၾကားကလႊတ္မေပးေသး. တစ္ညလုံးသူကိုယ္ကိုသိမ္းက်ံဴးဖက္ထားရတာမို႔ ေမာင္လက္ေမာင္းနာေနေတာ့မွာအေသအခ်ာ။
"ငါက အိမ္မွာဆိုအေစာႀကီးထေနက်"
"ၿပီးရင္ ေက်ာင္းမွာအတိုးခ်ၿပီးျပန္အိပ္ေနက် ဟုတ္လား"
ေမာင္အသံက ျပဳံးရယ္သံတစ္၀က္နဲ႔. ေမာင္က ေက်ာင္းတုန္းကအေၾကာင္းေတြကို တခုတ္တရမွတ္မိေနေပးတုန္းလား။
"ဒါေပမယ့္ အက်င့္ျဖစ္ေနၿပီေလ ေမာင္ရဲ႕"
"အင္းပါ. မအိပ္ခ်ငရင္လဲထ. ေမာင္တို႔ဒီေန႔အျပင္သြားၾကမယ္"
"ဟင္. ဘယ္သြားၾကမလဲ"
သူ႕ကိုဖ်က္ခနဲေမာ့ၾကည့္လာတဲ့ မ်က္၀န္းျပာေတြ. စိတ္လႈပ္႐ွားလို႔ေနပုံမို႔ ခြန္ျပည့္သေဘာက်စြာျပဳံးၾကည့္လိုက္မိ၏. သူ႕ရဲ႕စိတ္ေအးခ်မ္းမႈအတိုင္းအတာက ဒီမ်က္၀န္းေတြအေပၚမွာမူတည္ေနတုန္းဘဲ.။
"ဟိုေရာက္ရင္သိမွာေပါ့.. ကဲ ထ ေမာင္လဲလက္ေညာင္းေနၿပီ"
"ေမာင္ေျပာျပ"
"မေျပာျပပါဘူး"
"ေမာင္"
"ဗ်ာ.. ေမာင္ေရခ်ိဳးလိုက္ဦးမယ္. ၿပီးရင္ ေလေျပခ်ိဳးလိုက္ေနာ္"
ေမာင္က သူေျပာခ်င္တာေျပာၿပီးတာနဲ႔ ေရခ်ိဳးခန္းဘက္ေလွ်ာက္သြားတာမို႔ ေလေျပအလိုမက်စြာက်န္ခဲ့ရ၏. ေမာင္က လက္ေမာင္းတစ္ဖက္ကို ႏွိပ္နယ္ေနတာမို႔ ညတုန္းကအျဖစ္အပ်က္ကိုသတိရသြားရသလို။
တစ္ညလုံး သူ႕ကိုဖက္ထားခဲ့တဲ့ေမာင္. ႏိုးလာခ်ိန္မွာလဲ ေလေျပဆိုဖာေပၚေရာက္ေနတဲ့အေၾကာင္းကို တစ္ခြန္းမဟ.ေမာင္ သိေနတာဘဲ. ညက
ေမာင္က သိသိရက္နဲ႔ သူ႕ကိုဖက္ထားခဲ့တာလား ေမာင္ကတကယ့္လူလည္ဘဲ။
ေလေျပပါးေလးေတြနီရဲတက္လာတာမို႔ ကို႔ပါးကိုခပ္ၾကမ္းၾကမ္းပြတ္လိုက္မိ၏.. ဒါမွမဟုတ္လဲ ေမာင္ကငါ့ကိုေမးရေလာက္တဲ့အထိ အဖက္မလုပ္တာလဲျဖစ္ႏိုင္တာဘဲ. ကိုယ့္ကိုကိုယ္ အထင္ႀကီးေနမိျပန္ၿပီဘဲ ေလေျပလွ်မ္းခေရ။
"ေလေျပ ေရခ်ိဳးေတာ့ေလ"
"ဟင္"
ေရခ်ိဳးခန္းထဲကေန တဘက္တစ္ပိုင္းခါးပတ္ၿပီးထြက္လာတဲ့ေမာင္ေၾကာင့္ ေလေျပ႐ုတ္တရက္ေၾကာင္ၾကည့္ေနမိ၏. ေမာင့္ကို ဒီလိုပုံနဲ႔ျမင္ရတာပထမဦးဆုံးမို႔ သူနဲ႔ေမာင့္ရဲ႕နီးစပ္မႈကိုျပန္ေတြးသြားမိ၏။
ေနာက္ဆို သူက ေမာင့္ရဲ႕ဒီလိုပုံေတြကို မၾကာခဏေတြ႕ရေတာ့မွာေပါ့.. အားကစားသမားျဖစ္တာမို႔ ေမာင့္ရဲ႕ကိုယ္ဟန္က ေငးေမာခ်င္စရာ. ျမင့္မားလွတဲ့အရပ္နဲ႔ အေျမႇာင္လိုက္ျဖစ္ေနတဲ့ႂကြက္သားေတြ.အသားျဖဴတာမို႔ ခါးစပ္မွေမႊးညႇင္းတစ္ေလွ်ာက္က အတိုင္းသား.။
ေသခ်ာၾကည့္မွ ေမာင့္လက္ေမာင္းေတြနဲ႔ သူ႕လက္သြယ္ေတြက တျခားစီ.. ႐ွပ္လက္႐ွည္ကိုေခါက္၀တ္တာမ်ားလြန္းတာမို႔ ေမာင့္လက္ေမာင္းေတြကို သူေသခ်ာမျမင္ဖူးခဲ့.။
"ၾကည့္လို႔ေကာင္းလား"
"ဟမ္"
ေလေျပ ေငးေနမိတာ ေမာင္သူ႕အနီးေရာက္လာမွန္းပင္ မသိေလာက္တဲ့အထိ. သူ႕ကို ငုံ႔မိုးၾကည့္ေနတဲ့ေမာင့္အၾကည့္စူးစူးေတြထဲမွာ စေနာက္လိုဟန္အျပည့္စီး၀င္ေနခဲ့လ်က္. ေမာင္ဟာ သူ႕ဘ၀ရဲ႕အေပ်ာ္ဆုံးအခ်ိန္ဟာ ေလေျပ့ကိုစရတဲ့အခ်ိန္ဘဲလို႔ မၾကာခဏရယ္ရင္းဆိုတတ္ေသးသည္မဟုတ္ပါလား.။
"ကိုင္ၾကည့္ခ်င္လဲ ကိုင္လို႔ရတယ္ေလ. ေမာင္က မင္းေယာက်ၤားဘဲကိုး"
"မကိုင္ၾကည့္ခ်င္ပါဘူး. ဘာလို႔ကိုင္ၾကည့္ခ်င္ရမွာလဲ. အဟင္း မင္းနဲ႔ငါက တူတူဘဲကိုး"
"ဟား. ေမာင္ကေတာ့မတူဘူးထင္တာဘဲ"
"တူပါတယ္"
ေလေျပက သူ႕ဗိုက္ေလးကို လက္ေလးနဲ႔အုပ္ကိုင္ရင္း ခြန္ျပည့္ကို မ်က္ဆံေလးလွန္ၾကည့္ကာ မေက်မနပ္ဆို၏.. ခြန္ျပည့္ ဟန္မေဆာင္ႏိုင္ ..ေအာ္ရယ္မိျပန္၏. ေလေျပ့ရဲ႕ အဲ့လိုအထိမခံျဖစ္ေနပုံကို ၾကည့္ေနရတာဟာ ခြန္ျပည့္အတြက္ ေပ်ာ္႐ြင္မႈပင္။
"မရယ္နဲ႔. ေမာင္အဲ့လိုရယ္ရင္ ငါအရမ္းမုန္းတာဘဲ"
"အင္း ေမာင္ကလဲ မင္းအဲ့လိုစြာရင္."
အရမ္းခ်စ္တာဘဲ. ေျပာေနက်စကားကို ခြန္ျပည့္စိတ္ထဲကဘဲ ဆက္ေျပာလိုက္မိ၏. ေလေျပအၾကည့္ေတြကို အျမန္ေ႐ွာင္လႊဲလိုက္ရင္း
"ေရသြားခ်ိဳးေတာ့ ေမာင္ေရေႏြးစပ္ေပးထားတယ္. အၾကာႀကီးမခ်ိဳးနဲ႔. အေအးမိရင္ ေဆးခန္း႐ွာမေပးဘူး"
"ငါကလဲ အေသခံလိုက္မွာ"
သူ႕ကို မ်က္ေစာင္းထိုးကာ ႐ြဲ႕သြားတဲ့ေလေျပဟာ တကယ့္ကေလးေပါက္စေလးလို. ။ ဒါေပမယ့္ သူ႕စကားနာခံစြာနဲ႔ ခပ္ျမန္ျမန္ခ်ိဳးၿပီးထြက္လာမွာကိုသိတာမို႔ ဘာမွဆက္မဆိုမိေတာ့.။
...💜...
ေလေျပတို႔ရဲ႕ကားေလးက လမ္းေကြ႕ေလးေတြကို တဆင့္ဆင့္ျဖတ္ေက်ာ္ကာ ျမင္ျမင္သမွ်႐ႈခင္းတို႔က စိမ္းစိုလို႔ေန၏. အတန္ၾကာကားစီးၿပီးတဲ့ေနာက္မွာ စက္ေလွဆိပ္သို႔ေရာက္၏။
ေမာင္ကသာေက်ာပိုးအိတ္တစ္အိတ္လြယ္ထားၿပီး ေလေျပကေျခလြတ္.လက္လြတ္။ ေမာင့္ေက်ာပိုးအိတ္ထဲမွာ လမ္းတြင္၀ယ္ယူခဲ့တဲ့ ေရဗူး၊
မုန္႔အခ်ိဳ႕နဲ႔အ၀တ္အစားအပိုတစ္ခ်ိဳ႕. စက္ေလွဆိပ္မွာ ေမာင့္အသိဆိုသူဦးေလးႀကီးနဲ႔ေမာင္ကမိတ္ဆက္ေပး၏. ေမာင့္လိုဘဲစကားသံနဲနဲဝဲေပမယ့္ ေမာင္နဲ႔မတူစြာ႐ွမ္းစကားအလြန္တတ္၏။
လမ္းတစ္ေလွ်ာက္လုံးစက္ေလွသမားနဲ႔ ႐ွမ္းစကားေတြခ်ည္းေျပာေနတာမို႔ ေမာင့္ကိုနားလည္လားေမးမိေတာ့ ေမာင္လဲနားမလည္ဘူးလို႔ဆိုကာ ႐ွက္ျပဳံးျပဳံး၏။ ေမာင္ဟာ ဘုရားစူး႐ွမ္းေသြးပါပါသည္။
"ေမာင္ . အာ ခြန္ျပည့္"
ေလေျပက ေခၚေနက်နာမ္စားကိုေခါၿပီးမွ ေမာင့္အသိေတြကိုသတိရကာ အျမန္ေျပာင္း၏. ေမာင္က မ်က္ေမွာင္က်ံဳသြားရင္း
"ေခၚေနက်အတိုင္းေခၚ ေလေျပ"
ေမာင့္အသံက မာဆတ္ဆတ္. ေလေျပ ဘာမွအထြန္႔တက္မေနေတာ့။ ေမာင္ေတာင္အဆင္ေျပရင္ သူကဘာအေရး႐ွိမည္နည္း။
"ဒါဘာျမစ္လို႔ေခၚတာလဲဟင္. ေမာင္သိေတာ့ သိပါတယ္ေနာ္"
"႐ြဲ႕လိုက္တာကြာ. ေပါင္းေလာင္းျမစ္တဲ့"
ေမာင္က ေရျပင္စိမ္းစိမ္းကိုလက္နဲ႔တစ္ခ်က္လွမ္းေဆာ့ရင္း ေတာင္တန္းေတြကိုေငးေန၏. အဆုံးမ႐ွိတဲ့ေကာင္းကင္က်ယ္. ျမင့္မားလွတဲ့ေတာင္တန္းစိမ္းေတြနဲ႔ ေရျပင္က်ယ္တို႔စုံဆည္းရာ. ဒီလိုေနရာမ်ိဳးဟာ ေလေျပသေဘာက်ဆုံးေနရာ။ အနားမွာ ေမာင္က႐ွိေနေလေတာ့ ေလေျပ့အတြက္အရာရာဟာ ေအးခ်မ္းေန၏။
ျမစ္ေရထဲကေနထိုးထြက္ေနတဲ့အပင္ေတြ႐ွိတာမို႔ သတိထား၍ေမာင္းရသည္.. မတ္ေစာက္ေနတဲ့ေတာင္ကုန္းေတြေပၚမွာ ငွက္ေပ်ာခင္းမ်ားကို အစီအရီစိုက္ပ်ိဳးထား၏။
"ေပါင္းေလာင္းမွာက ငွက္ေပ်ာထြက္တာကလဲ အဓိကဘဲ. စီးပြားျဖစ္စိုက္ပ်ိဳးတာေပါ့"
ေမာင့္အသိလမ္းျပဦးေလးက ႐ွင္းျပေပး၏..။
"ဒီမွာက ေလွကားထစ္စိုက္ပ်ိဳးေရးထြန္းကားတယ္မလား ဦးေလး"
"ဘာလီထက္လွတဲ့ ပင္ေလာင္းတဲ့ မၾကားဖူးဘူးလား"
ေမာင္က အေလးမထားဟန္ေျပာေပမယ့္ သူ႕ေမြးရပ္ေျမအတြက္ ဂုဏ္ယူေနပုံေပၚသည္။
လိန္းလီတံတားႀကီးေအာက္ကျဖတ္ေက်ာ္လာခ်ိန္မွာေတာ့ ဦးေလးကေရအားလွ်ပ္စစ္အတြက္တည္ေဆာက္ခဲ့ရတဲ့အေၾကာင္းကိုျပန္ေျပာျပ၏. ယခင္ကေတာ့ တံတားအနီးအနား၀န္းက်င္ေတြ ေက်း႐ြာအခ်ိဳ႕နဲ႔ဘုရားေစတီတို႔႐ွိခဲ့ေပမယ့္ ယခုအခ်ိန္မွာေတာ့ ေပါင္းေလာင္းၿမိဳ႕ေရအားလွ်ပ္စစ္စီမံကိန္းအတြက္ ေရေအာက္ေရာက္ခဲ့ရေၾကာင္းေျပာျပသည္။
ထိုစကားေျပာခ်ိန္တြင္ အနည္းငယ္ေဆြးေျမ့ဟန္ေပၚေပမယ့္ ေက်း႐ြာသစ္ကို ေတာင္ေပၚမွာျပန္လည္ထူေထာင္ခဲ့ေၾကာင္းနဲ႔ ယခုအခ်ိန္တြင္ ျမန္မာႏိုင္ငံအတြင္း၌ အလွဆုံးနဲ႔အ႐ွည္ဆုံးႀကိဳးတံတားအျဖစ္ စိမ္းစိုလွပစြာတည္႐ွိေနေသာ သူတို႔ၿမိဳ႕တံတားအတြက္ ဂုဏ္ယူေၾကာင္းေျပာေနျပန္ေလသည္။
သူတို႔ၿမိဳ႕ကိုအေလးထားကာ ခ်စ္လြန္းလွတဲ့ ေတာင္ေပၚသားေတြပင္..။
"ခု ဘယ္သြားေနၾကတာလဲ ေမာင္"
ေလေျပက တိတ္ဆိတ္ေနတဲ့ေမာင့္ကိုၾကည့္ကာ ခပ္တိုးတိုးေမး၏. စိမ္းစိုလွပလြန္းတဲ့ပါတ္၀န္းက်င္ေၾကာင့္ေပ်ာ္႐ႊင္ေနမိေပမယ့္ သိခ်င္စိတ္ကထိန္းမရ. ေမာင္က ခပ္ေလွာင္ေလွာင္ျပဳံးေသာ္လည္းျပန္မေျဖ. ေလေျပဘာေမးေမး႐ွင္းျပတတ္တဲ့ဦးေလးကလဲ မၾကားဟန္ျပဳေနတာမို႔ေလေျပစိတ္ထဲမွာ မေက်နပ္။
တစ္နာရီနီးပါးစပ္ေလွစီးၿပီးတဲ့ေနာက္မွာ ဆိပ္ကမ္းစပ္သို႔ေရာက္လာ၏... ေလေျပတို႔ရပ္ေနတဲ့ေျမမာေတြဟာ မိုးတြင္းဆိုေရေအာက္ေရာက္႐ွိသြားမည့္အေၾကာင္းသိရသည္။ ျမင္ရတဲ့ေတာအုပ္ႀကီးကို ေလေျပမိန္းေမာစြာလွမ္းၾကည့္ေနမိခိုက္ ေမာင္ကေလေျပ့လက္ကိုလွမ္းဆြဲရင္း
"လာ ေလေျပ ႏွစ္နာရီေလာက္ေတာ့ ေမာင္တို႔ေလွ်ာက္ရမယ္. ေလွ်ာက္ႏိုင္တယ္မလား. ေမာင္ကုန္းမပိုးဘူးေနာ္"
ေမာင့္အသံက ခပ္ျမဴးျမဴး. ေလေျပက ေတာအုပ္ကိုၾကည့္ရင္း အားတင္းျပဳံးသာျပဳံး၏. ေမးလဲမေျဖတာမို႔ ေမာင့္ကိုဘာမွထပ္မေမးခ်င္. ေမာင္ေခၚတဲ့ေနာက္လိုက္႐ုံမွအပ အျခားမ႐ွိ.။
ေတာအုပ္ထဲ ၀င္လာခ်ိန္မွာ ခပ္စိမ္းစိမ္းျမင္ကြင္းအစုံေၾကာင့္ ေလေျပအေပ်ာ္ႀကီးေပ်ာ္မိေပမယ့္ နာရီ၀က္နီးပါးၾကာလာေတာ့ နဖူးမွာေခြၽးစက စို႔နင့္နင့္။
ေပ ၁၀၀ခန္႔ျမင့္ေသာ္ သစ္ပင္ႀကီးေတြကို စိတ္၀င္တစားေမာ့ၾကည့္လိုက္. မၾကာခဏကမ္းေပးတဲ့ေမာင့္လက္ကိုစြဲကိုင္ေလွ်ာက္လိုက္ျဖင့္. ခပ္တိမ္တိမ္စမ္းေခ်ာင္းေလးေတြကိုမၾကာခဏျဖတ္ေက်ာ္ရတဲ့အခါ.. ေလေျပေရေဆာ့ခ်င္စိတ္က ထိန္းမရ. ေလေျပက ေရျမင္ရင္ေဆာ့ခ်င္သည့္ ကေလးသာသာ။
ေမာင္က ေလေျပ့လက္ကိုလွမ္းဆြဲရင္း ျမန္ျမန္ေလွ်ာက္ခိုင္းသည့္အခါမ်ိဳးမွာ က်န္ခဲ့တဲ့စမ္းေခ်ာင္းခပ္တိမ္တိမ္ေလးေတြကို ႏွေျမာတသၾကည့္လိုက္. ေမာင့္ကို ဆူေဆာင့္လိုက္ျဖင့္.။
ေခ်ာင္းစပ္တစ္ေနရာမွာ ခဏနားကာ ေနလည္စာစားဖို႔ ေမာင္ကအခ်ိန္ယူ၏. လမ္းျပဦးေလးေ႐ွ႕ ေလေျပ့ကိုေမးဆတ္ျပရင္း သူက စားခ်ိန္တန္လို႔မစားရရင္ သိပ္စိတ္ေကာက္တတ္တာ
ဗ်. ေခြးေပါက္ေလးလိုဘဲ လို႔ ရယ္က်ဲက်ဲေျပာေသးသည္။
ထို႔ေနာက္ လမ္းေတြဆက္ေလွ်ာက္လာရင္း ရန္ကုန္ေရာက္ရင္လက္မွတ္ထိုးၾကမည့္အေၾကာင္းကို မဆီမဆိုင္ထေျပာ၏. လူစိမ္းေတြေ႐ွ႕ ေယာက်ၤားေလးႏွစ္ေယာက္ျဖစ္သည့္ သူတို႔လက္ထပ္ဖို႔အေၾကာင္း ေမာင္ေျပာေနပုံက ထမင္းစားေရေသာက္သည့္ႏွယ္ ခပ္လြယ္လြယ္. ေလေျပကသာ ႐ွက္မိရသည္။
လမ္းတစ္ေလွ်ာက္ တဲအိမ္ေလးတစ္လုံးေတြ႕တဲ့အခ်ိန္မွာ ခဏနား၏. ေတာင္ေပၚသူအန္တီႀကီးက ေမာင့္မ်က္ႏွာကိုၾကည့္ကာ သိပ္ေခ်ာေၾကာင္းခ်ီးမြန္းစကားဆိုေတာ့ ေမာင္ကသူ႕လည္ပင္းသူပြတ္ကာ ႐ွက္ေနမွ ေမာင္လဲ႐ွက္တတ္သားဘဲလို႔ ေလေျပခပ္႐ြဲ႕႐ြဲ႕ေတြးမိ၏။
လမ္းတစ္ေလွ်ာက္ လဲက်ေနတဲ့သစ္ပင္ႀကီးေတြေပၚ၊ ဝါးလုံးတန္းေလးေတြေပၚနဲ႔ သစ္သားတံတားေလးေတြေပၚ စသျဖင့္ အဆင့္ဆင့္ျဖတ္ေက်ာ္လာၿပီးတဲ့ေနာက္မွာေတာ့ တဝုန္းဝုန္းနဲ႔ဆူညံသံေတြကို ေလေျပၾကားေယာင္လာ၏. ေလေျပထင္တာမမွားဘူးဆို က်ိန္းေသေရစီးဆင္းသံ. ခပ္ေမာေမာႏွင့္ပင္ ေလေျပျပဳံးကာ ေမာင့္ကိုၾကည့္မိ၏.။
"အင္း ေရတံခြန္. ေရတံခြန္မွတ္လား ေမာင္. ေမာင္တို႔ၿမိဳ႕က ေရတံခြန္သိပ္ေပါတယ္ေလ. ဟုတ္တယ္မလား"
ေလေျပက ထခုန္ေတာ့မယ့္ ကေလးေလးလို ျမဴးတူးတူးျဖစ္လာ၏ . ခြန္ျပည့္က မ်က္ႏွာကိုခပ္တည္တည္လုပ္ေနေပမယ့္ ေရတံခြန္နားအျမန္ေရာက္ခ်င္ၿပီ. ေလေျပ့ရဲ႕မ်က္၀န္းထဲက လွ်ံထြက္လာမယ့္ ျပာလဲ့လဲ့အေရာင္ေလးေတြကို ျမင္ခ်င္လွၿပီ. ေလေျပေပ်ာ္႐ြင္မႈကိုျမင္ရရင္ သူေက်နပ္၏. အထူးသျဖင့္ သူ႕ရဲ႕ဖန္တီးမႈေၾကာင့္ ေလေျပေပ်ာ္သြားတဲ့အခါမ်ိဳးေတြမွာ သူသိပ္ေက်နပ္ရသည္။
ေလေျပက ေမာင့္ထံမွအေျဖျပန္မရေသာ္ျငား ေျခလွမ္းတို႔သြက္လာလ်က္.. နီးကပ္လာတဲ့ေရစီးသံက သူ႕ရင္ခုန္သံကိုျမန္ေစ၏. ေမာင္ၿပီးရင္ သူ႕ကိုရင္ခုန္ေအာင္လုပ္ႏိုင္တဲ့အရာက လွပတဲ့႐ႈခင္းေတြျဖစ္လိမ့္မည္။
အျမန္ဆုံးေလွ်ာက္လာတဲ့ေနာက္မွာေတာ့ ေတြ႕ပါၿပီ.။ အဆူညံဆုံးေရစီးဆင္းသံနဲ႔အတူ တသြင္သြင္စီးဆင္းေနတဲ့ ဘုံအဆင့္ဆင့္နဲ႔ေရတံခြန္..။
ေလေျပက ေဟးခနဲေအာ္ကာ ေရတံခြန္နားေျပးသြား၏. ေနာက္က ခြန္ျပည့္ရဲ႕ရယ္သံခပ္ဩဩေလးလြင့္ပ်ံသြား၏. ေလေျပရဲ႕ဒီေပ်ာ္႐ြင္မႈက သူ႕ေၾကာင့္ျဖစ္ေပၚရတယ္ဆိုတဲ့အသိက ေတာလမ္းကိုျဖတ္ေက်ာ္လာရတဲ့ ပင္ပန္းမႈကို ေလ်ာ့ပါးသြားေစတာအမွန္။
ေလေျပက ေရာက္စကတည္းက ေရတံခြန္နားကမခြာ. ခြန္ျပည့္ကိုေရေဆာ့ဖို႔ခြင့္ေတာင္းေပမယ့္ ခြန္ျပည့္ကေပးမေဆာ့ေသးတာမို႔ ဆႏၵျပကာ သစ္သားခုံတန္းေတြေပၚ တစ္ေယာက္ထဲထိုင္ရင္း ေရတံခြန္ကိုေငးေန၏။
ခြန္ျပည့္က ဦးေလးနဲ႔ေရတံခြန္အေပၚဆင့္ကို ထပ္တက္ဖို႔၊ မတက္ဖို႔ေဆြးေႏြးေနရတုန္း။ ရာသီဥတုက သိပ္အေကာင္းႀကီးမဟုတ္သလို
အေပၚဆင့္က ေရစီးၾကမ္းတာမို႔ အနည္းငယ္အႏၲရာယ္႐ွိေၾကာင္း႐ွင္းျပေန၏. ေနာက္ထပ္တစ္နာရီေက်ာ္ေလာက္ထပ္ေလွ်ာက္ရမည့္အေၾကာင္းၾကားရေတာ့ ခြန္ျပည့္ေမာေမာႏွင့္ပင္ရယ္မိ၏။
သူက ႐ွမ္းကိုအလည္မၾကာခဏေရာက္ေသာ္ျငား နမ့္မြန္ေရတံခြန္နဲ႔ စင္းဆင္းေရတံခြန္ေလာက္သာ သြားျဖစ္၏. အသြားအလာအခက္အခဲ႐ွိတာမို႔ ဟားကိုလာဖို႔ကမစဥ္းစားျဖစ္. ေလေျပကိုေရာက္ဖူးေစခ်င္တဲ့စိတ္ျဖင့္သာ။
"ေမာင္ ငါဒီတစ္သက္ေရေဆာ့ရမွာလား"
ေလေျပအသံက မခံခ်င္စိတ္ေၾကာင့္ ခပ္႐ြဲ႕႐ြဲ႕. ေမာင္က ခ်ဳပ္ခ်ယ္လြန္းလွၿပီ။
"ေဆာ့ရမွာေပါ့ ေလေျပရ. ဒီလာထိုင္ဦး"
"..
"ဆူပုပ္မေနနဲ႔. ေမာင္စဥ္းစားေနတာ. ဒီမွာက ဟားႀကီးနဲ႔ဟားငယ္ဆိုၿပီး ေရတံခြန္ကိုႏွစ္ပိုင္းခြဲထားတာေလ. ေမာင္တို႔ေရာက္ေနတာဟားငယ္. ဟားႀကီးကိုဆက္သြားဖို႔က တစ္နာရီေက်ာ္ေလွ်ာက္ရမွာ. ေလေျပသြားခ်င္ေသးလား။ ဟိုးအေပၚကိုေလ"
ေမာင္ ေလေျပ့ကိုေမးပုံက ကေလးတစ္ေယာက္ကို အလိုလိုက္သည့္ လူႀကီးတစ္ေယာက္ပုံမို႔ ေလေျပ႐ွက္ရျပန္၏. သူစိမ္းေတြ႐ွိခါမွ ေမာင္က သူ႕ကိုပိုဂ႐ုစိုက္ေနပုံ. တမင္သက္သက္ ေလေျပ႐ွက္ရေအာင္ စေနေရာ့လားဘဲ။
"ေလွ်ာက္မယ္ေလ"
"ဟင္း. ဒါဆို မသြားေတာ့ဘူး ဦးေလး. ကြၽန္ေတာ္တို႔ဒီည ဒီမွာဘဲတဲထိုးအိပ္ၿပီး မနက္က်ျပန္က်တာေပါ့"
"ေမာင္!!!"
တမင္သက္သက္ေမးၿပီးမွ သူလုပ္ခ်င္တာလုပ္ေနေသာေမာင့္ေၾကာင့္ ေလေျပေဒါသကယမ္းပုံမီးက်. ေမာင္က ေခါင္းပါေမာ့လွန္ခ်ၿပီး တဟားဟားေအာ္ရယ္၏။
ဦးေလးက သူ႕ကိစၥၿပီးသြားသည့္ႏွယ္ ခပ္ေဝးေဝးသို႔ေ႐ွာင္ထြက္သြားေပးကာ ႐ြက္ဖ်င္တဲထိုးဖို႔လုပ္ေနေလၿပီ။ ေလေျပက ရယ္လို႔မၿပီးႏိုင္ေသာေမာင့္ရင္ဘတ္ကို ေဆာင့္တြန္းရင္း
"ေမာင္လုပ္ခ်င္ရာလုပ္မယ္ဆို ငါ့ကိုဘာလို႔လာေမးေသးလဲ"
"ေမာင္ေဝခြဲမရျဖစ္ေနလို႔ေလ. ေမာင္ကေလေျပလုပ္ခ်င္တာဆို မလုပ္ေပးဘူးလို႔ ေတြးလိုက္တာ"
"က်စ္. ေမာင့္ကိုမုန္းလိုက္တာ"
"ေမာင္ကလဲ ေလေျပ့ကို ခ်စ္မွမခ်စ္ေတာ့ဘဲ"
ေလေျပ ဆြံအစြာ ေမာင့္ကိုေငးၾကည့္မိ၏. ေမာင္က အရယ္ရပ္ရင္း အၾကည့္လႊဲသြား၏။
"သြား. ေရသြားေဆာ့ေတာ့. သတိထားေဆာ့ေနာ္ ေျခေခ်ာ္ၿပီးျပဳတ္က်မယ္"
ခြန္ျပည့္က ဦးေအာင္လွည့္ထြက္လာၿပီးမွ စိတ္ထဲမေကာင္း. အရာရာအဆင္ေျပၿပီဆို ေလေျပ့ကိုအႏိုင္လိုခ်င္တဲ့သူ႕မာနဟာေခါင္းေထာင္လာၿမဲ. ေရအရမ္းေဆာ့တဲ့ေလေျပအႏၲရာယ္မ်ားမွာမို႔လို႔ မသြားဖို႔ဆုံးျဖတ္လိုက္ေပမယ့္ ေလေျပ့ကိုစေနာက္ခ်င္႐ုံသက္သက္ေခၚစမိျခင္း။
ဒါေပမယ့္ ေလေျပ့အေပၚမေက်နပ္သည့္ သူ႕စိတ္အခံကသူ႕ကိုဒုကၡေပးေနတုန္း။ ေခါင္းကိုခပ္ျဖည္းျဖည္းခါရင္း ေလေျပလုပ္ထားတဲ့အမွားကိုျပန္ေတြးလိုက္၏။
ေမာင္မွန္တယ္ ေလေျပ. မင္း အဲ့ေလာက္ေတာ့ ေမာင့္ကိုျပန္ေပးဆပ္သင့္တယ္. ေမာင္ မင္းကိုဘယ္ေလာက္ခ်စ္ခဲ့လဲ မင္းမွမသိႏိုင္ဘဲ..။
#Zawgyi
#Blfic
-Hanna
2022 Jan 29 Sat
10:43PM