GL အပိုင်းတိုများ

By Kuroburakku

31.8K 962 19

မိမိစိတ်ကူးထဲမှအကြောင်းအရာများကိုပုံဖော်ထားတာကြောင့် လက်တွေ့ဆန်မှဆန်ချင်မှာပါ။ အရေးအသားကလဲမကောင်းတာကြောင့်သည်... More

ချစ်ခြင်းကမ္ဘာ#1
ချစ်ခြင်းကမ္ဘာ#2
ဒါရာ၏တေး#1
ဒါရာ၏တေး#2
ဒါရာ၏တေး#3
I'm back ...FOR YOU#1
I'm back...FOR YOU#2

I should love her

2.5K 100 0
By Kuroburakku

"မင်္ဂလာပါဆရာ"

"မင်္ဂလာပါတပည့်တို့"

နှုတ်ဆက်ပြီးပြီးချင်းမြူနှင်းသတိထားမိသည်က ဆရာ့၏နောက်တွင်ကိုယ်လုံးသေးသေးနှင့်ကောင်မလေးတစ်ယောက်။

"ကဲတပည့်တို့ အားလုံးနဲ့မိတ်ဆက်ပေးစရာလူရှိတယ် ၊ ဟောဒါက ဒေါ်သက်ရွှေစင်တဲ့"

"ဟင်!!"

"ဘာဖြစ်တာလဲ သင်တန်းသူလေး"

မိမိထက်ငယ်မည်ဟုထင်ထားသော်လည်း ဆရာမှဒေါ်ဟုတပ်ကာမိတ်ဆက်ပေးသောကြောင့် ​မြူနှင်းအံ့သြမိ၍ အာမေဋိတ်ထွက်မိခြင်းဖြစ်သည်။ ​မြူနှင်း၏အသံကြောင့် တစ်ခန်းလုံး၏အာရုံမှာ မြူနှင်းဆီရောက်လာသည်၊ သူမအပါအဝင်။

"ဟီး ဘာမှမဖြစ်ပါဘူးဆရာ"

"ဒီနေ့ကစပြီး ဆရာမက ဆရာ့နေရာဝင်ပြီးဒီအတန်းကိုဆက်တာဝန်ယူသွားလိမ့်မယ် ၊ဆရာမကငယ်ငယ်လေးဆိုပြီး မလေးမစားတော့မလုပ်ကြနဲ့ပေါ့ကွာ ကဲဆရာ့ကိုခွင့်ပြုအုံး"

"မင်္ဂလာပါဆရာ"

ဆရာမှထိုင်ရန်အမူအယာပြသောကြောင့် တစ်တန်းလုံးထိုင်ကာ တစ်ယောက်နှင့်တစ်ယောက်တိုးတိုးစကားပြောနေကြသည်။ ​မြူနှင်းကတော့ တံခါးပေါက်ဝရှေ့တွင် ဆရာနှင့်စကားပြောနေသော ကိုယ်လုံးသေးသေးပိုင်ရှင်ဆီမှအကြည့်မခွာ။
ဘာတွေပြောနေကြမှန်း သေချာမသိ၊ ပြုံးလိုက်လျှင်မို့တက်သွားပါးဖောင်းဖောင်းပိုင်ရှင်ဆရာမသည် အရမ်းချစ်စရာကောင်းလွန်းသည်ကိုသာ မြူနှင်းသိသည်။

ကြည့်ကောင်းနေတုန်းရှိသေး ဆရာပြန်သွား၍ အခန်းတွင်းသို့သူမပြန်ဝင်လာသည်။

"ကဲ ... စာစသင်ရအောင် ဘယ်ကိုရောက်ပြီလဲ တစ်ယောက်လောက်ဆရာမကိုပြောပြပါ"

ခုဏကသူမဟုတ်တော့သည့်အတိုင်းပင်။မျက်နှာမှာတည်ငြိမ်၍ အပြုံးတစ်စက်ပင်မရှိ။တတ်လည်းတတ်နိုင်သည့်ကလေးပေါက်။
(အင်းပေါ့လေ ငယ်ငယ်လေးဆိုတော့ တပည့်တွေကြောက်အောင်/လေးစားအောင် မျက်နှာနဲ့ပဲဖြဲခြောက်ရမှာပေါ့)
ထိုသို့သာဖြူနှင်းတွေးယူလိုက်သည်။သို့သော် ချစ်ဖို့ကောင်းနေဆဲဆိုတာကိုတော့ဖြူနှင်းမညာနိုင်ပါ။အတွေးနှင့်သာယာနေချိန်

"page-54"

အာပြဲကြီးနှင့်ထပြောသော အတန်းသားစုတ်တစ်ကောင်ကိုမြူနှင်းမျက်စောင်းထိုးကြည့်မိလိုက်သည်။
(ဒါ သက်သက်မျက်နှာလုပ်တာ)

ဆရာမမှာတော့ခေါင်းတစ်ချက်ငြိမ့်ပြကာ ထိုစာမျက်နှာကိုဖွင့်ဟုဆိုပြီး စာစသင်လေတော့သည်။

•••တစ်တော့..တစ်တော့....တစ်တော့•••

အချိန်တွေကုန်ဆုံးနေသည်။ စာသင်နေသူဆရာမမှာလဲ ထိုင်၍ပင်မနားပဲ ရှေ့လျှောက်နောက်လျှောက်နှင့်ရှင်းပြပေးနေသလို ထိုင်ကြည့်နေသူမြူနှင်းမှာလဲမမောနိုင်၊ဆရာမဆီအကြည့်တစ်ဖဝါးမှမခွာပဲ ခေါင်းကို360°လှည့်နေသည်။ကျန်သည့်အရာများကိုမသိနိုင်တော့သလို သူသိသည်က ကလေးပေါက်ဟုသူတင်စားထားသောဆရာမကိုပင်။မြူနှင်းတစ်နေကုန်၊တစ်နေ့လုံးတစ်ညလုံးထိုင်ကြည့်နေချင်သည်။အတန်းချိန်ကုန်သွားမည်ကိုလဲအရမ်းစိုးရွံ့မိသည်။
ဆရာမက နေမင်းကြီးဆိုလျှင် နေမင်းကြီးကိုအမြဲမျှော်ကြည့်နေတတ်သည့် နေကြာပန်းလေးက မြူနှင်းဖြစ်မည်ထင်သည်။

!!တင်းတင်းတင်း!!

ကံကြမ္မာကမျက်နှာသာမပေးပါ... ။ကျယ်လောင်သောခေါင်းလောင်းသံကြောင့်မြူနှင်းနာရီကိုကြည့်လိုက်မိတော့... အတန်းချိန်ပြီးလေပြီ။

"ကဲဒါဆို ဒီနေ့ဒီလောက်နဲ့နားကြတာပေါ့ see you"

ထိုသို့ပြောကာ ထွက်ခွာသွားသောသူမ... see youတဲ့ youကိုအများသုံးသုံးသွားသော်လည်း မြူနှင်းကတော့ မိမိတစ်ယောက်တည်းအတွက်သုံးသွားသည်ကိုအတ္တကြီးစွာတွေးလိုက်သည်။
အနောက်သို့လိုက်ရန်ခြေလှမ်းပြင်လိုက်တော့

"ဟဲ့မြူနှင်း ဒါဘယ်သွားမလို့လဲ"

"ဘယ်သွားသွားပေါ့ဟာ နင်ကလည်း"

မြူနှင်းဒေါသထွက်နေလေပြီ..အလုိက်ကမ်းဆိုးမသိသောအချိန်ကအကုန်မြန်သလို ယခုအလိုက်ကမ်းဆိုးမသိသောသူငယ်ချင်းကလည်းသူ၏ခြေလှမ်းကိုတားလိုက်သည်မဟုတ်ပါလား။

"အေးပါ အေးပါဒါဆိုလဲသွားသွား"

ငါသိနေတယ်ဟူသောအကြည့်နှင့်မျက်စောင်းထိုးသောသူငယ်ချင်းကိုဥပေက္ခာပြုကာ အခန်းတွင်းမှအမြန်ထွက်လာခဲ့သည်။
အတန်းဆင်းချိန်မို့လူတွေကများနေသလို ခုဏကမှထွက်သွားသော ကိုယ်လုံးသေးပိုင်ရှင်မှာလည်း လေတိုက်၍များလွင့်သွားလေသလားမသိ၊ အရိပ်အယောင်တောင်မမြင်ရတော့။

"လူကောင်သေးသလို မြန်ကလည်းမြန်လိုက်တာ"

မြူနှင်းတစ်ယောက်တည်းမြည်တွန်တောက်တီးနေချိန် သူ၏နောက်ကျောမှ သူ့ကိုခဏခိုးကြည့်၍ ထွက်သွားသောကျောပြင်တစ်စုံကိုတော့ မမြင်လိုက်ရပါ။
.......................

ခြံရှေ့မှကားဟွန်းသံကြောင့် မြူနှင်းအိတ်ကိုလွယ်၍အခန်းထဲမှအမြန်ထွက်လာခဲ့သည်။

"မေမေရေ!!!!!သမီးသွားပြီနော်"

မီးဖိုချောင်မှ အမေ့တုန့်ပြန်သံကိုမစောင့်တော့ပဲ ဖိနပ္ကိုအျမန္စီးကာ ခြံရှေ့ကားရှိရာသို့အပြေးနှင်လေတော့သည်။ ကားတံခါးကိုဖွင့်ကာရှေ့ခန်းရှိ lover seatတွင်ဝင်ဝင်ထိုင်လိုက်ချင်း

"ဖြေးဖြေးလာလဲရပါတယ် နောက်မကျပါဘူး ကိုယ်စောပြီးထွက်လာတာပါ"

ဟု ပြောကာ မြူနှင်းကိုခါးပတ်ပတ်ပေးလာသည့်သူမ။မြူနှင်း၏ရင်ထဲက အကောင်စုတ်မှာ ကျယ်လောင်စွာတဒုန်းဒုန်းခုန်နေလေသည်။ ခါးပတ်ကိုပတ်ပေးပြီးကြည့်လာသောသူမကြောင့် မြူနှင်းရင်ခုန်သံရပ်တန့်သွားချင်သလို။
(သွားပြီ ကြားသွားပြီလားမသိဘူး)

"ကိုယ့်ဘာကိုယ် ပတ်ဖို့လဲ စဉ်းစားအုံး"

ထိုသို့ပြောပြီး အနက်ရောင်ကားလေးမှာလဲ ခြံရှေ့မှစတင်ထွက်ခွာခဲ့သည်။မသိသောသူများဆိုလျှင် ၁၅နှစ်အရွယ်ကလေးမလေးတစ်ယောက်က သူ့အစ်မကိုတင်၍ကားမောင်းနေသည်ဟုထင်ကြလိမ့်မယ်။ တကယ်တမ်းတွင်
သူမသည် ၂၂နှစ်ရှိပြီဖြစ်သလို မြူနှင်းမှာလည်း၁၉နှစ်အရွယ်ရှိလေပြီ။

​မြူနှင်းမှာတော့ကိုယ့်ရင်ခုန်သံကိုပြန်ထိန်းချုပ်ရင်း အတွေးများကပျံ့လွင့်လို့..။

ဒီနေ့က သင်တန်းနောက်ဆုံးရက်ဖြစ်သလို မြူနှင်းနှင့် သူမရင်းနှီးတာလဲကြာခဲ့ပြီဖြစ်သည်။ သူမဆိုသည်က တခြားသူမဟုတ် ၊မြူနှင်း၏ ကလေးပေါက် တစ်ဖြစ်လဲ ဆရာမ ဒေါ်သက်ရွှေစင်ပင်ဖြစ်သည်။

စတင်စကားပြောသည့်နေ့ကလည်း မြူနှင်းပိုက်ဆံအိတ်မေ့ကျန်ခဲ့လို့ဟုဆိုကာ သူမနားကပ်၍ နေ့လည်စာဝယ်ကျွေးရန် ပူဆာခြင်းဖြစ်သည်။ ထိုနေ့မှစ၍ မြူနှင်းသူမအနားကတစ်ဖဝါးမျှမခွာတော့ပေ။

"မင်းက ကော်လူသားလိုပဲ လူကိုကပ်နေတာ"
ဟုသူမပြောခဲ့ဖူးသည်။

သူမအပေါ်မြူနှင်း၏ ခံစားချက်ကို သူငယ်ချင်းများကလည်းသိသလို သူမကလည်းရိပ်မိမည်ထင်သည်။

သူမပြုံးတာရှားသောကြောင့် တစ်ခါတစ်ရံပြုံးသောအခါ မို့မို့တက်သွားသောပါးဖောင်းဖောင်းလေးကို မြူနှင်းမျက်တောင်မခတ်တမ်းကြည့်နေမိစမြဲ။ နူးညံ့ကာနမ်းရှိုက်လိုက်လျှင် အိဝင်သွားမည့်ပါးဖောင်းလေးကိုလဲ စိတ်ကူးထဲတွင် မြူနှင်း၏နှာထိပ်ချွန်ချွန်နှင့်မိတ်ဆက်ပေးနေစမြဲ။

မြူနှင်းကသွက်သည်မှန်သော်လဲ သူမနှင့်အတူရှိနေသည့်ကာလတစ်လျှောက် သူမ၏လက်ကိုပင်မကိုင်ခဲ့ဖူးပါ။ အသားယူသည်ဟုသူမထင်မှာကြောက်သလို မြူနှင်းကိုယ်တိုင်ကပင်သူမအနားရှိနေလျှင် ရင်တခုန်ခုန်နှင့်တုန်ရီနေခြင်းပင်ဖြစ်သည်။

"မင်းငြိမ်လှချည်လား."

အတွေးလွန်နေသောမြူနှင်းတစ်ယောက် သူမ၏အမေးကြောင့်သတိပြန်ဝင်လာခဲ့သည်။

"အမ်.. မြူနှင်း ဒီတိုင်းဟိုဟိုဒီဒီတွေးနေတာပါ"

ထိုစဉ်မှာပင်ဝင်းထဲရောက်ပြီဖြစ်သောကြောင့် ကားရပ်ရာနေရာတွင် ရပ်ကာမြူနှင်းတို့နှစ်ယောက်ကားထဲမှဆင်း၍ အတန်းဆီတူတူလျှောက်လာခဲ့ကြသည်။

နောက်ဆုံးနေ့ဖြစ်သောကြောင့် စာမသင်ကြတော့ဘဲ ဟိုဟိုဒီဒီစကားများနေကြသည်။ မြူနှင်းကတော့သူမအနားမှမခွာ ၊အတန်းထဲမှသူများကလည်းမြူနှင်းအကြောင်းသိသောကြောင့် လွှတ်ထားကြသည်။
သူမကတော့
"ကိုယ့်ကိုထိုင်ကြည့်နေလို့မင်းပျော်စရာမရှိဘူး သူငယ်ချင်းတွေနဲ့သွားနေ"
ဟုဆိုကာ laptopတစ်လုံးနှင့်အလုပ်ရှုပ်နေလေသည်။

အချိန်တွေကမြန်လွန်းလှသည်။ အတန်းဆင်းချိန်ရောက်၍အားလုံး ကိုနှုတ်ဆက်ပြီးပြန်ကြမည်အလုပ်..

"အားလုံးမပြန်ကြပါနဲ့အုံး ခဏစောင့်ကြအုံး" ဟုအော်ပြောလေသောမြူနှင်း။
အတန်းသားအားလုံးမှာလည်း ဘာလဲဟူသောအကြည့်နှင့် ခြေလှမ်းများရပ်ကာနေရာတွင်ရပ်၍ မြူနှင်းကိုကြည့်ကြသည်။

ထိုအခါမှမြူနှင်းက သူမဘက်လှည့်ကာ သူမ၏လက်အစုံကိုသေချာဆုပ်ကိုင်၍

"မ~~ မလည်းရိပ်မိပြီးသားဖြစ်မှာပါ မအပေါ်မြူနှင်းဘယ်လိုရှိလည်းဆိုတာ....ပြီးတော့ ဒီထဲကလူတွေအားလုံးကလည်းသိပြီးသားပါ ပထမတွေ့တဲ့နေ့ထဲက မြူနှင်း မကိုစွဲလမ်းနေခဲ့ရတာပါ...။ ရင်းနှီးလာတဲ့နောက်ပိုင်းမကိုချစ်တယ်ဆိုတာ မြူနှင်းသေချာသိခဲ့ရတယ်။ စိတ်ကစားတယ်လို့တော့မထင်လိုက်ပါနဲ့ မကုိအတည်ချစ်တာပါ တစ်ဘဝလုံးစာပါ။ မမိဘတွေကသဘောမတူရင် မြူနှင်းနဲ့တူတူနေပါ မြူနှင်းမေမေက မြူနှင်းဘာကိုသဘောကျလည်းဆိုတာသိပါတယ် မြူနှင်းတို့ကိုခွဲမှာမဟုတ်ပါဘူး....။

မ~~ မြူနှင်းအချစ်ကိုလက်ခံမယ်မလားဟင်?"

မျှော်လင့်ချက်မျက်ဝန်းအစုံနှင့်ကြည့်နေသောမြူနှင်း၊ မြူနှင်း၏မျက်ဝန်းများကိုကြည့်၍ ဘယ်လောက်လေးနက်စွာပြောနေကြောင်း လူတိုင်းသိနိုင်သည်။

"sorry ပါ မြူနှင်း ကိုယ်ချစ်တဲ့သူကို ကိုယ်ကိုယ်တိုင် လက်ထပ်ခွင့်တောင်းဖို့ဆုံးဖြတ်ထားတယ် ..ဆိုတော့အားလုံးအိမ်ပြန်ကြပါတော့"

ဟုဆိုကာ မြူနှင်းလက်ထဲမှလက်အစုံကိုရုန်းယူ၍ ထွက်ခွာသွားသောသူမ။
ပထမရက်ကလိုပင် ခဏလေးနှင့်ပျောက်သွားမည်ထင်သည်။

မတူညီသည်က သည်တစ်ခေါက်သူမနောက်ကိုလိုက်မည့်သူမရှိသလို မြူနှင်း၏ခြေလှမ်းများကိုတားမည့်သူရှိမနေတော့ပါ။

​အေးစက်သောကြမ်းပြင်ပေါ်အရုပ်ကြိုးပျက်ခွေယိုင်ကျပြီးအံကြိတ်ကာ မျက်ရည်များကိုထိန်းနေသောမိန်းကလေးတစ်ယောက်နှင့် ထိုမိန်းကလေး၏အနားတွင်ထိုင်ကာ​သနားသောမျက်ဝန်းနှင့် နှစ်သိမ့်ပေးနေကြသောသူအချို့ကတော့ ထပ်စောင်းအနေနှင့်ပါဝင်နေကြလေသည်။
......................

အချိန်တွေကအရမ်းကြာလွန်းသွားပြီ...။
ဒီနေ့နဲ့ဆို သူမ ငါ့ဘဝထဲကထွက်သွားတာ၄နှစ်ပြည့်ပြီ။
Diaryလေးရေ...
မင်းသိလား သူမကအရမ်းရက်စက်တာ..။
နေမင်းကြီးက နေကြာပန်းလေးကိုရက်စက်ခဲ့သလိုပေါ့။
ငါအခုဘွဲ့ရပြီးသွားပြီ... ငါအကြိမ်ကြိမ်ထပ်ချစ်ဖို့ကြိုးစားခဲ့တယ် ဒါပေမယ့်သူမကအချိန်ပြည့်လွမ်းမိုးနေတုန်း..
ငါသူမကိုမုန်းသင့်

•••တင်းတောင်•••တင်းတောင်••••

"သမီးရေ အမေမအားလို့ တံခါးလေးဖွင့်ပေးပါအုံးကွယ်!!!"

ထပ်ခါထပ်ခါမြည်နေသော လူခေါ်ဘဲလ်သံနှင့်အမေ့အသံကြောင့် ရေးလက်စမှရပ်ကာ မြူနှင်းအခန်းထဲမှထွက်လာခဲ့သည်။ ထို့နောက် တံခါးဝဆီသွား၍ တံခါးကိုဖွင့်လိုက်တော့ မမြင်ဖူးသည့်မျက်နှာစိမ်းနှစ်ဦး။ သူစိမ်းလင်မယားဟုဆိုရမည်။

"ဒါ ဒေါ်မြူမှုန်တို့အိမ်ဟုတ်ရဲ့လားမသိဘူးကွဲ့"

"ဟုတ်ပါတယ် "
ဟု​မြူနှင်းဆိုကာ အိမ်ထဲသို့လှမ်း၍
"မေမေရေ ဧည့်သည်တွေလာတယ်!! ဦးတို့ဝင်ပါရှင့်"

ဆိုပြီး ဧည့်ခန်းသို့လိုက်ပို့သည်။ မြူနှင်း၏အမေထွက်လာသောကြောင့်မြူနှင်းလဲ သူ၏အခန်းထဲသို့ပြန်ဝင်သွားလေသည်။

ဒိုင်ယာရီဆက်ရေးချင်စိတ်မရှိတော့သောကြောင့် ဒီအတိုင်းပစ်ထားကာကုတင်ပေါ်ပစ်လှဲ၍မျက်လုံးမှိတ်ထားလိုက်လေသည်။ ဧည့်ခန်းထဲမှလူကြီးများကတော့ဘာပြောနေကြမှန်းမသိရချေ။

ခဏအကြာ အခန်းတံခါးဖွင့်သံကြားသောကြောင့် မြူနှင်းခေါင်းထောင်ကြည့်လိုက်ရာ

"ဟင်!! "
ချက်ချင်းထထိုင်လိုက်မိသည်။

အမြင်မှားနေတာလားဟုမြူနှင်းမျက်လုံးကိုပွတ်၍ပြန်ကြည့်လိုက်သော်လည်း သေချာပါသည်။
သူမ မှ သူမအစစ်။

သူမကတော့သူ့အခန်းသယောင် သဘောထားသည်ထင် ။လျှောက်လာကာ အနားတွင်ပင်ဝင်ထိုင်လိုက်သေးသည်။
မြူနှင်းမျက်နှာလွဲလိုက်မိသည်။

"ဘာလာလုပ်တာလဲ ဆရာမ "

"မြူနှင်းက ကိုယ့်ကိုမကြိုဆိုချင်ဘူးလား?"

ခက်ပါသည်.. မိမိအခန်းထဲထိဝင်လာ၍ မိမိမေးခွန်းမေးသည်ကို မဖြေပဲ ပြန်၍ပင်မေးနေသည်။

"မဟုတ်ပါဘူး ဆရာမက အဆက်သွယ်ဖြတ်သွားတာကြာပြီဆိုတော့ ရုတ်တရက်အံ့သြသွားလို့ပါ"

"အင်းဟုတ်တယ် ကိုယ်ပြောခဲ့တာမှတ်မိလား ကိုယ်ချစ်တဲ့သူကို ကိုယ်ကိုယ်တိုင်လက်ထပ်ခွင့်တောင်းမှာလို့လေ အဲ့ဒီကိစ္စကြောင့်ဒီကိုရောက်နေတာ"

မြူနှင်းနှလုံးသားတည့်တည့်ကို သံချွန်စူးဝင်သွားသလိုပင်။
ဘာမှမမြင်ရသောလမိုက်ညတွင် မိမိမျက်လုံးကိုအဝတ်နက်နှင့်များထပ်ကာပိတ်စည်းလိုက်သလို။
(ဒါ...ဒါဆိုသူမက လက်ထပ်တော့မှာပေါ့)

"သြော်... ဒါဆို သူက ​မြူနှင်းတို့အပိုင်းကလား ဒါမှမဟုတ် ဆရာမက မြူနှင်းကိုဖိတ်စာလာဖိတ်တာလား"

"အဲ့တာတွေမေးတာထက် လက်ခဏပေးအုံး"

သူမဆီလှည့်၍ မြူနှင်းကြည့်လိုက်သည်။
"ဘာ..ဘာလုပ်မလို့လဲ"

"စကားများလိုက်တာ ပေးမှာသာပေးပါ စကားများတယ်"

မြူနှင်းသက်ပြင်းချကာ လက်ကိုသူမဆီထိုးပေးလိုက်သည်။

ရုတ်တရက် လက်သန်းကြွယ်ဆီမှအေးစက်စက်အထိအတွေ့။သိချင်စိတ်နှင့်လှည့်ကြည့်လိုက်တော့ မြူနှင်း၏လက်သန်းကြွယ်တွင်နေရာယူနေပြီးသား ငွေရောင်လက်စွပ်လေး။

"အင်း ကွက်တိပဲ "
သဘောကျဟန်နှင့်ပြောနေသောသူမ။

"ဆရာမ.. ဒါကဘာသဘောလဲ?"

"လက်သန်းကြွယ်မှာ လက်စွပ်ဝတ်ပေးတာ ဘာအဓိပ္ပါယ်လဲ ကိုယ်မပြောလဲသိမှာပါ ပြီးတော့ ဒီမှာ ကိုယ်လဲဆင်တူလေးဝတ်ထားတယ်"

ဟုပြောကာ လက်ကိုထောင်ပြသည့်သူမ။ ငွေရောင်လက်စွပ်လေးမှာတလက်လက်နှင့်။

"သိတော့သိပေမယ့်... ဆရာမက မြူနှင်းကိုငြင်းခဲ့တာမလား? ဒါက ဆရာမလက်ထပ်မယ့်သူအတွက်အစမ်းဝတ်ကြည့်ခိုင်းတာလား ဒါဆိုသူကမိန်းကလေးပေါ့"

မြူနှင်းအရမ်းဝမ်းနည်းသည် ။သူမ၏ ဇနီးလောင်းအတွက် လက်စွပ်တောင်အစမ်းဝတ်ခိုင်းနေသည်တဲ့လေ။
(ရှင်ကမိန်းကလေးကိုသဘောကျတယ်ဆိုရင်တောင် အဲ့ဒီမိန်းကလေးကကျွန်မပဲဖြစ်ချင်တယ်ရှင်ရယ်)

"မင်းဒီလောက်တုံးမှန်းကိုယ်မသိဘူး ဘယ်သူက လက်ထပ်လက်စွပ်ကိုတခြားသူကိုအစမ်းဝတ်ခိုင်းလို့လဲ ပြီးတော့ ကိုယ်မင်းကိုမငြင်းခဲ့ပါဘူး"

"ဟင်.. ဒါ.. ဒါဆို "

"ဟုတ်တယ် မင်းပြောတဲ့ကိုယ့်ရဲ့ဇနီးလောင်းက မင်းပဲ"
ထိုသို့ပြောကာမိမိလက်ဖမိုးကိုနမ်းရှိုက်လိုက်သောသူမ။

မြူနှင်း၏နှလုံးသားသည် တိုက်ပွဲမြေပြင်ပမာ တုန်လှုပ်နေသည်။ ကမ္ဘာ့စစ်ကြီးများ၏တိုက်ပွဲမြေပြင်များတောင် ယခု​မြူနှင်း၏နှလုံးသားလောက်တုန်လှုပ်မည်မထင်။

"ဒါပေမယ့်အဲ့နေ့က"

"ကိုယ်ငြင်းခဲ့တာမဟုတ်ပါဘူး အဲ့တုန်းကမင်းဘွဲ့မရသေးဘူးလေ ပြီးတော့ကိုယ့်Daddyရဲ့ကျန်းမာရေးအခြေနေကြောင့်ကိုယ်ချစ်ကြောင်းမပြခဲ့တာပါ"

"ဒါပေမယ့် အချိန်တွေအကြာကြီးပျောက်သွားတာကရော အဆက်သွယ်လည်းဘာလို့ဖျက်ခဲ့တာလည်း"

မြူနှင်းမယုံချင်သေးပါ ၊မိမိကခံစားခဲ့ရသူမဟုတ်ပါလား။

"ဒါကလည်း daddyက နိုင်ငံခြားထိသွားပြီးခွဲစိတ်ကုသရတာလေ အဲ့ထဲက ကုမ္ပဏီကို ကိုယ်ပဲဦးဆောင်ခဲ့ရတာ"

"မယုံရဲသေးဘူး "

ထိုသို့ပြောပြီးချိန် မြူနှင်း၏မျက်ဝန်းအစုံမှာဝိုင်းစက်သွားခဲ့ရသည်။ အကြောင်းမှာ မိမိနှုတ်ခမ်းပေါ်ထပ်တူကျလာသည့် သူမ၏နှုတ်ခမ်း။တစ်ချက်ဖိနမ်းကာပြန်လွှတ်ပေး၍ မြူနှင်းရင်ခွင်ထဲတိုးဝင်လာသောသူမ။

"ဒီလိုဆိုယုံမယ်မလား.. ပြီးတော့ အောက်မှာdaddyနဲ့ mommyလဲ ပါလာတယ် ကိုယ်တို့ဒီနေ့ပဲလက်မှတ်သွားထိုးကြမို့ မင်္ဂလာပွဲကိုတော​့ မင်းလေးကျင်းပချင်သလိုကျင်းပပေးမယ်"

မြူနှင်းအခုထိမယုံကြည်နိုင်သေးပါ ။ သူမက မိမိကိုချစ်သည်တဲ့လား။ ပြီးတော့ သူ့ကိုစနမ်းသည်တဲ့လား။

"sweetheart~"

"ဟင်.. ဘယ်လိုခေါ်လိုက်တာ?"
မယုံနိုင်လောက်သောအသုံးအနှုန်းကြောင့် ရင်ခွင်ထဲမှဆရာမပေါက်လေးအားငုံ့မို့ကြည့်လိုက်တော့ ချစ်စဖွယ်မျက်ဝန်းလေးနှင့်မော့ကြည့်လာသောသူမ။

"Sweetheart လို့ ဘာလဲမယုံကြည်တာလား ကိုယ်နဲ့ဝေးနေတုန်း တခြားသူရှိသွားတာလားဟင် ပြန်ပေးဒါဆိုလဲ လက်စွပ်ကို"

ပြောကာ ရင်ခွင်ထဲမှထွက်၍ မိမိလက်မှလက်စွပ်အားဖြုတ်ယူရန်ကြိုးစားနေသောသူမအား မြူနှင်းရင်ခွင်ထဲသို့တဖန်ပြန်ဖက်ထားလိုက်သည်။သေချာသည်က မြူနှင်းသည်တစ်ခါ သူမကိုထပ်လက်လွှတ်တော့မည်မဟုတ်။

"ဘယ်သူမှမရှိခဲ့ပါဘူးမရဲ့ မယုံကြည်နိုင်သေးလို့ပါ အခုတော့ယုံကြည်သွားပါပြီ ပြီးတော့မက ရက်စက်ခဲ့တာဆိုတော့နည်းနည်းလေးမူကြည့်ချင်လို့ပါ"

"ဟွန်း ဟုတ်လို့လား"

"ဟုတ်ပါတယ် nekoလေးကိုယ်တိုင်က လက်ထပ်ခွင့်တောင်းပြီးစနမ်းမှတော့ဘယ်Tachiက မပျော်ကျပဲနေနိုင်မှာလဲကွာ"

မြူနှင်း၏အပြောကြောင့် သူမ၏ ပါးမို့မို့လေးများရဲတက်သွားကာ
"neko tachiမလိုအပ်ပါဘူးနော် အချစ်ကအချစ်ပဲဟာကို"
ဟုပြန်လည်ချေပလေသည်။

(သြော် တတ်လည်းတတ်နိုင်ပါ့ သူပဲစလုပ်သူပဲရှက်)

မြူနှင်းတစ်ယောက်ရှက်နေသော သူမကိုအသည်းယားစွာဖြင့် ပါးမို့မို့လေးကို မြူနှင်း၏နှာခေါင်းချွန်ချွန်လေးနစ်ဝင်အောင်နမ်းရှိုက်လိုက်သည်။

သူမကအလှဆုံးအပြုံးပန်းတစ်ပွင့်ကိုပန်ဆင်၍ ထလုိက်ကာ
"ဧည့်ခန်းထဲမှာလူကြီးတွေစောင့်နေတာကြာပြီ သွားရအောင်လေ"

"မအရင်သွားနှင့် မြူနှင်းအဝတ်စားလဲပြီးထွက်လာခဲ့မယ်နော်"

"အင်းမြန်မြန်နော်" ဟုဆိုကာ သူမထွက်သွားလေသည်။

ခဏအကြာတွင်တော့ ခြံရှေ့မှထွက်သွားသောကားတစ်စီးနှင့် ကားထဲမှ လူငါးယောက်။

ရှေ့ခန်းတွင်တော့ တယားဝင် ဇနီးနှင့်မယားဖြစ်ကြတော့မည့်မိန်းကလေးနှစ်ဦး။

"မြူ.. မင်းထိုင်ပြီးနောက်ပိုင်း ဘယ်သူ့ကိုမှ lover seatမှာကိုယ်ပေးမထိုင်ခဲ့ဘူး"

"ဟီးး တစ်ကယ်လားမ ပြီး​တော့လာမြူလဲ sweetheartလို့ပဲခေါ်လေကွာ"

"ဟာဘယ်လိုဖြစ်နေတာလဲ အနောက်မှာလူကြီးတွေရှိနေတယ်လေ"

"မရဘူးကွာ ခေါ်ဆိုခေါ်"

"မြူနော် ကိုယ်စိတ်ကောက်ပစ်လိုက်မှာ"

ဟုဆိုကာ မျက်စောင်းတစ်ချက်ပစ်လွှတ်လာသောသူမကြောင့် မြူနှင်းချက်ချင်းတည်သွားကာ
(ဟွန်း ပြီးမှစတော့မယ်) ဟုတွေးနေသည်။

အနောက်မှလူကြီးများမှာလည်း မမြင်မကြားချင်ယောင်ဆောင်ကာအချင်းချင်းစကားပြောနေကြသည်။

(တကယ်တော့ ပထမနေ့ကတည်းက မင်းက ကိုယ့်ကိုစွဲလမ်းခဲ့တာဆို ကိုယ်ကမင်းကိုအဲ့နေ့ကတည်းကချစ်ခဲ့တာပါ ။ အတန်းချိန်ပြီးလို့ကိုယ်ပြန်သွားချင်ဟန်ဆောင်ပြီး ကိုယ်မင်းကို တိတ်တိတ်လေးချောင်းကြည့်နေခဲ့တာပါ ။ မင်းကိုယ့်ကိုမတွေ့လို့ မြည်တမ်းနေချိန်ထိ ​မင်းကိုကြည့်နေပြီးမှကိုယ်ပြန်သွားခဲ့တာပါကွာ)

ဟု သူမ၏စိတ်ထဲတွင်ပြောလိုက်သည့်စကားများကိုတော့ မြူနှင်းမကြားလိုက်နိုင်ပါ။

ကျန်ခဲ့သော အိမ်ထဲရှိအခန်းထဲမှ ဒိုင်ယာရီစာအုပ်လေးထဲတွင်တော့

.....
......
ငါသူမကိုချစ်သင့်တယ်။

##############End##################

Continue Reading

You'll Also Like

113K 3.6K 11
taehyung get married to jungkook even after knowing that he is in love with his ex. Even after three years jungkook is not ready to moved on. " Who...
SHHH! By love_iimagination

Mystery / Thriller

1.2K 70 8
-"Nga çfare ke frike?" -"Frike?...Ëhm epo mendoj qe nga perbindeshat.Ka perbindesha te ndryshem ne kete bote;perbindesha qe nuk e shohin veten dhe sh...
176K 352 19
Just a horny girl