The Crown ✅

Por Ciel_Zizawar

227K 15.5K 1K

Plundering The Crown. The Beginning of TawWin Nation. Own Universe. ✅ အပိုင်း ၃၂ နောက်ပိုင်း paid gp ရှိပါတ... Más

အခန်း ၁။
အခန်း ၂။ ⚠
အခန်း ၃။
အခန်း ၄။
အခန်း ၅။ ⚠
အခန်း ၆။
အခန်း ၇။
အခန်း ၈။
အခန်း ၉။ ⚠
အခန်း ၁၀။
အခန်း ၁၁။
အခန်း ၁၂
အခန်း ၁၃။ ⚠
အခန်း ၁၄။
အခန်း ၁၅။ (ဒုတိယပိုင်း)
အခန်း ၁၆။
အခန်း ၁၇။
အခန်း ၁၈။
အခန်း ၁၉။
အခန်း ၂၀။ ⚠
အခန်း ၂၁။
အခန်း ၂၂။
အခန်း ၂၃။
အခန်း ၂၄.၁။
အခန်း ၂၄။
အခန်း ၂၅။
အခန်း ၂၆။
အခန်း ၂၇။
အခန်း ၂၈။ ⚠
အခန်း ၂၉။
အခန်း ၃၀။
အခန်း ၃၁။ ⚠(Special Present)
အခန်း ၃၂။ (Final)
မုန့်ဖိုး
paid for fund

အခန်း ၁၅။ (ပထမပိုင်း)

4.7K 429 36
Por Ciel_Zizawar

Unicode

" အား! "

ပျော့ဖတ်စွာ လန်ကွာသွားသောလက်သည်းခွံသည် ကြမ်းပြင်ပေါ်တွင် သွေးများရဲ၍ ရှိနေသည်။

အသံတွေအက်ကွဲလို့ တစ်ကိုယ်လုံးတုန်ယင်နေသောလူက မျက်နှာတစ်ခုလုံးဖူးယောင်ကာ လူရုပ်ပင်မပေါက်တော့။

ကျိုးကြေထားသောခြေချောင်းများက ရုပ်ပျက်ဆင်းပျက်ဖြစ်နေကာ သွေးအလိမ်းလိမ်းနှင့်ပေပွနေပြန်သည်။

" တော် တော်..ပါ..တော့ "

အသက်အားပြင်းပြစွာရှူပြီးမှ တစ်လုံးချင်းပြောလာသောစကားများက ဂရုဏာသက်ဖွယ်ရာ။ လက်ပြင်ကျော၊ ခါးပြင်နှင့် ပေါင်ရင်းနားရှိသော လေးထောင့်ပုံသွေးကွက်များသည်လည်း မြင်ဖွယ်ရာပင်မရှိ။ ထိုလေးထောင့်ဆန်ဆန်သွေးကွက်များမှာ အသားလွှာခြစ်နှင့် ခြစ်ချခံထားရသည့် အရေပြားကွက်တွေဖြစ်သည်မို့ အလွန်ကိုပျက်စီးယိုယွင်းနေချေပြီဖြစ်သည်။

" ကိစ္စတုံးလိုက်ပါတော့ကွာ အတော်ရွံစရာကောင်းနေပြီဟ "

" ဆရာက ပညာပြခိုင်းလိုက်လို့ပါ "

" နေစောင်းနေပြီကွ "

" အေးပါ အခုပဲလက်စသတ်လိုက်မယ် "

ထို့နောက်တော့ လက်ခေါက်တင်ထားသည့်လူက ခါးကြားကပစ္စတိုကိုထုတ်ကာ silencer တပ်၍ နှဖူးအတည့်သို့ ဖောက်ခနဲနေအောင် ကျဥ်သွင်းလိုက်လေတော့သည်။

ထိုမျှဒုက္ခခံလိုက်ရရင်တော်ရောပေါ့။ ဒီလူ့တစ်ကိုယ်လုံး​ ခေါင်းအစခြေအဆုံး ရစရာပင်မရှိခဲ့ဘူးမို့လားလေ။

//

အအေးဒဏ်ကြောင့် တဆစ်ဆစ်အုံကိုက်နေသောလက်ပြင်ကြောဒဏ်အား ဂရုမပြုနိုင်ဘဲ ဆေးရုံကုတင်ထက်တွင်လှဲလျောင်းနေသည့် မဟာမြတ်သူ၏လက်ဖဝါးကို သူကျစ်ကျစ်ပါအောင်ဆုပ်ထွေးထားမိသည်။

တဖွဖွနမ်းရှိုက်ရင်း နှဖူးပြင်မှဆံနွယ်တွေကိုလည်းသပ်သင်ပေးကာ သူ့ကိုယ်လုံးပေါ်တွင်လည်း ပတ်တီးစီးရာကြီးနှင့် လက်ရှည်တစ်ထည်သာခြုံထားလေသည်။

နစ်မွန်းနေသောမျက်ဝန်းများက နီရဲလျက်သား။ ကိုယ်ဝန်ကြောင့် စိတ်အထိမခံဖြစ်ကာ အလန့်လွန်သွားသည်မို့ သတိမေ့သွားတာဖြစ်၏ တွေးမိလိုက်တိုင်း လက်သီးကိုတင်းတင်းဆုပ်၍ အံကိုကြိတ်မိသည်အထိ။

ဦးလှသောင်းကို လွယ်လွယ်ပေးမသေနိုင်ပါ။ လိုအပ်သည်ထက်ပိုအောင် နှိပ်စက်ကလူပြုပြီးမှသာ အရှင်လတ်လတ်ငရဲခံခိုင်းဦးမည်။

သည်လူ့သေဆုံးခြင်းအတွက် မည်သည့်ဝမ်းနည်းမှုမှအစိုးမရစေရ။ ဒါသူ့ရဲ့သဘောထားကြီးမှုအပိုင်းအစမျှသာ။

" မောင်နိမိတ် ဒေါက်တာခေါ်နေတယ် "

" ကျွန်တော်လာခဲ့ပါ့မယ် "

လက်ထဲထွေးပွေ့ထားသည့်လက်နုလေးများအား ခြုံစောင်အောက်သွင်းပေးကာ နှဖူးပြင်အားတစ်ချက်မျှငုံ့နမ်းမိသေးသည်။ ထို့နောက်တော့ အိမ်ထိန်းဦးမောင်နဲ့အတူ ဆေးရုံခန်းထဲကထွက်လာခဲ့တော့၏။ အပေါက်ဝတွင်ရှိသည့် အစောင့်နှစ်ယောက်ကိုလည်း သေချာမှာပြုခဲ့ဖို့သူမမေ့။

" ဒါကတော့ သန္ဒြေတည်စဦးမို့ စိုးရိမ်စရာသိပ်တော့မရှိဘူး ဒါပေမဲ့သွေးနုသားနုနဲ့ accident ရှိထား​တော့ ခဏခဏအထိတ်တလန့်တော့မဖြစ်စေချင်တော့ဘူး "

" ဟုတ်ကဲ့ပါ ကျွန်တော်ပိုဂရုစိုက်လိုက်ပါ့မယ် "

" ငှက်သိုက်တို့ ကြက်ပေါင်းရည်တို့ အဟာရဖြစ်မယ့် အားဆေးပုလင်းတွေ အဟာရဖြစ်မယ့်အစားအစာတွေများများကျွေးပေးပါ "

" ဘာတွေသတိထားပေးရဦးမလဲဗျ "

" ဒါပါပဲ သူ့ကိုအထိတ်အလန့်တွေထပ်မဖြစ်စေချင်ဘူး "

" ဟုတ်ကဲ့ "

" ပြီးတော့ ၃ လလောက်ထိပဲ ဖုံးကွယ်လို့ရလိမ့်မယ် နိမိတ် သူ့ဗိုက်ကသိသိသာသာထွက်လာမှာပဲမို့ ကိုယ်ပြောတာသဘောပေါက်သလား "

" ကျွန်တော်နားလည်ပါတယ် ကျွန်တော်ကိုယ်တိုင်သူ့ကိုပြောပါ့မယ် "

" အင်း သွေးနုသားနုကဖျက်ချရလွယ်တယ်နိမိတ် အဆင်ပြေစေချင်တယ် တကယ်လို့အတည်ပြုဖြစ်ကြပြီဘာညာဆိုလည်း ကိုယ်ကပဲအသိဆရာဝန်ဆီဗိုက်အပ်ပေးပါ့မယ် "

" ကျွန်တော်ပိုဂရုစိုက်လိုက်ပါ့မယ် "

" ကောင်းပါပြီ ဒါဖြင့်ရင်လည်း မင်းဒဏ်ရာကိုဆေးနည်းနည်းထပ်ထည့်ရအောင် "

ဖောက်ဝင်ခံထားရသည့်ဒဏ်ကို ချုပ်ထားရသည်မို့ အအေးဓာတ်စိမ့်သည့်အခါတိုင်းတွင် အတွင်းဒဏ်မှတဆစ်ဆစ်ကိုက်ခဲလာတတ်လေသည်။ ဒါတောင်ညမရောက်သေး။ မိုးကလည်းမရွာဘူးမို့သာသိပ်မအေးတာဖြစ်သည်။ မဟုတ်ပါက ဘယ်လောက်များဒဏ်ခံလိုက်ရမည်နည်း။

" အင်း... "

အသံရှည်ဆွဲ၍ညည်းညူလာသောလူနာကြောင့် သူနာပြုမလေးက ဆေးပုလင်းလဲနေရာမှ အပြုံးလေးဖြင့်တုံ့ပြန်လာလေသည်။ ထို့နောက်အနားကိုကပ်လာကာမဟာမြတ်သူအား တစ်ကိုယ်စာထိုင်နိုင်ဖို့ ကုတင်မြှင့်ပေးလေသည်။

" သတိရလာပြီလား ဝမ်းသာပါတယ် "

" ဟုတ်ကဲ့ ဟို.. "

ကောင်မလေးအား ခေါင်းလေးငြိမ့်ပြပြီးမှ သူ့စိုးရိမ်မျက်ဝန်းတွေအားမြင်လျှင် ကောင်မလေးကပြုံးတုံ့တုံ့ဖြင့်ကြည့်လာလေသည်။

" မပူပါနဲ့ အကို့အမျိုးသားကော အကို့ကလေးကောအဆင်ပြေပါတယ် "

" ကိုယ့်ကလေး "

" အဟင်း အကို့ဗိုက်ထဲက ကလေးပေါ့လို့ ပြီးတော့ အကို့အမျိုးသားကတော့ ၁၀ချက်လော​က်ချုပ်လိုက်ရတယ် ဒါပေမဲ့မပူပါနဲ့ သူကတကယ်ခံနိုင်ရည်ရှိတာနော် ဟီးဟီး "

" ခဏ ကိုယ့်ကလေးဆိုတာက ဘာကိုပြောတာ "

" အာ ဆေးစစ်ချက်ကဒီနေ့မှသိတာနေမယ် ဒါဖြင့်ရင်ကျွန်မကိုခဏစောင့်ပေးနော် ဆေးမှတ်တမ်းသွားယူပေးမယ် "

" ဟုတ် ဟုတ်ကဲ့ "

သူနာပြုမလေးက ဆေးကုန်သွားတဲ့ ပုလင်းကိုယူသွားကာ ခပ်သွက်သွက်ထွက်သွားသည်မို့ အခန်းထဲတွင်သူတစ်ယောက်တည်းကျန်ခဲ့လေသည်။ အတွေးတွေက​ယောက်ယက်ခတ်လို့ ​ခေါင်းတွေပင်မူးနောက်ချင်ကာ အတော်ကိုနားလည်ရခက်နေလေသည်။

ကလေးဆိုတာကဘယ်လိုကလေး။ ဗိုက်ထဲကကလေး?

ဒါဖြင့်ရင် သူ့ဗိုက်ထဲမှာကလေးရှိနေတယ်လို့ ဆိုလိုချင်တာလား။ မဖြစ်နိုင်တာ။ သူကယောက်ျားလေး။
ဘယ့်နှယ့်ကြောင့်ကိုယ်ဝန်ဆောင်နိုင်မှာ။

ဒီနိုင်ငံမှာ တခြားယောက်ျားလေးအများစုလည်းကိုယ်ဝန်ဆောင်နိုင်ကြပြီဆိုပေမဲ့ သူကတော့မဟုတ်ဘူးမို့လား။

ကျွီ!

" နိမိတ်! "

" အာ နိုးနေပြီလား ဘယ်လိုနေလဲ နေရသက်သာလား ဆရာဝန်လာကြည့်သွားပြီလား ခဏ ကိုယ်ဒေါက်တာခေါ်လိုက်မယ် "

" ဟို နေရသက်သာပါတယ် ခဏ "

" ဘာလိုလို့လဲ ကိုယ့်ကိုပြော "

အခန်းတံခါးအားပိတ်ကာဝင်လာသောနိမိတ်က သူ့ဘေးက တစ်ယောက်ထိုင်ဆိုဖာပေါ်တွင် ဝင်ထိုင်လေသည်။ ထို့နောက်ခုံပေါ်မှနေ၍ သူ့မျက်နှာအားမော့ကြည့်ချေ၏။

" ငါ့ကိုစောနက သူနာပြုမလေးက ငါ့ဗိုက်ထဲကလေးရှိတယ်ပြောသွားတယ် အား ထားလိုက်ပါ စသွားတာလားမသိဘူး ဟားဟား "

" ဘယ်သူပြောသွားတာလဲ "

ချက်ချင်းပင်မျက်နှာကြီးပျက်ကျလို့ မာဆတ်ဆတ်လေသံဖြင့် မေးလာသည့်လူကြောင့် မဟာမြတ်သူတစ်ယောက်မျက်မှောင်ကျုံ့မိသည်။ ဘယ်လိုဖြစ်ပြီးများရုတ်တရက်လေသံပြောင်းသွားရတာလဲ။

လေထုကတိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ အကဲခတ်နေသောမြတ်သူ၏မျက်လုံးများနှင့် မာထန်ရာမှအနည်းငယ်​ပြေလျော့ဖို့ကြိုးစားနေသောမျက်နှာထားသည် အတော်ပင်ကသိကအောက်နိုင်လှသည်။

" အာ အကိုပါရှိနေတာလား "

အစောပိုင်းက သူနာပြုမလေးသည် တွဲချုပ်ထားသည့်စာရွက်လေးတွေကိုကိုင်ကာ အခန်းထဲပြန်ဝင်လာသည်မို့ နိမိတ်မျက်မှောင်ကိုပိုပိုသာသာကျုံ့တင်လိုက်တော့၏။

"အကိုက ကိုယ်ဝန်ရှိတာမသိသေးဘူးလေ ကျွန်မဝမ်းသာသွား​အောင်၊ "

" ဘာ! "

" ရှင်! "

ခုံကပင်မတ်တပ်ကောက်ရပ်သည်အထိဖြစ်ရသော်လည်း ကောင်မလေးလက်ထဲကဆေးမှတ်တမ်းဖိုင်လေးသည် မဟာမြတ်သူလက်ထဲသို့ဆိုက်ဆိုက်ရောက်ခဲ့ပြီဖြစ်သည်။

" ဒါက "

" ဟာကွာ ကျစ်! "

သူဘာမှမပြောနိုင်ပေ။ လက်ထဲက eltrasoundနှင့် ဆေးစစ်ချက်အဖြေကိုကြည့်ပြီး တွေဝေနေတာဖြစ်၏။ နိမိတ်ရှိန်ဝါသူ့ကိုချိုးနှိမ်ချင်လို့ကိုယ်ဝန်ရှိတယ်လို့ညာနေတာလား။

" မင်း crown ကိုလိုချင်လို့ငါ့ကိုဒီလိုညာတာမို့လား "

" ကျုပ်ပြောမယ် "

" ငါမေးတာဖြေ မင်းငါ့ကိုညာနေတာလေ "

နိမိတ်ဆံပင်တွေကိုဆွဲဖွပစ်ကာ ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။ ထိုကောင်မလေးကိုလည်းအကြည့်စူးစူးပေး၍ အော်ထုတ်ပစ်ဖို့မမေ့။

" မင်းထွက်သွား! "

" ဟုတ် ဟုတ်ကဲ့ ကျွန်မတောင်းပန်ပါတယ် "

သုတ်သုတ်ပျာပျာထွက်သွားသောကောင်မလေးကိုကြည့်ရင်း တက်တစ်ခေါက်ခေါက်ဖြင့်စိတ်ပျက်နေလေသည်။ ဘယ်လိုဖြစ်ပြီးများ ဒီမိန်းမလုပ်ပစ်ရဲတာတဲ့လဲ။ တကယ်ပါပဲစိတ်ပျက်လိုက်တာ။

" ငါမေးနေတယ်လေ "

" မဟုတ်ဘူး ခင်ဗျားမှာတကယ် ကိုယ်ဝန်ရှိနေတယ် "

" ကျစ် ငါ့ကိုဒီလိုစောက်ခွက်လာမပြောင်နဲ့​နော် နိမိတ် "

" ခင်ဗျားဗိုက်ပေါ် လ​က်တင်ကြည့်စမ်းပါ အော့အန်တာတွေကိုစောက်ကြောင်းမရှိဘူးထင်နေတာလား ဟမ်! "

" မင်း! "

သူတကယ်ကိုဆွံ့အရသည်။ နိမိတ်ရှိန်ဝါ ဘာစကားပြောတာတဲ့လဲ။ သူ့မယ်ကိုယ်ဝန်ရှိတယ်တဲ့ ဒါဘယ်လိုစောက်ခွက်ပြောင်မှုမျိုးလဲ။

ကုတင်ပေါ်မှခြေထောက်ချကာ နိမိတ်ပါးကိုဖြောင်းခနဲရိုက်ပစ်လိုက်လျှင် ​ခေါင်းလည်သွားသူက သူ့ဘက်ကိုလှည့်မလာ။

" မင်းရူးနေလား ငါက ဘယ်လိုလုပ်ပြီးကိုယ်ဝန်က ဟား နိမိတ်ရှိန်ဝါ မင်းဘယ်လိုတောင်စောက်ခွက်ပြောင်တတ်ရတာလဲ "

နိမိတ်သူ့ကိုဘာမှမတုံ့ပြန်မိပေ။ ဒီလူဖျက်ချပစ်တော့မယ်ဆိုတဲ့အသိနဲ့တင် ရူးမတတ်ပူလောင်လာရသည်အထိ။ သူ့သွေးသားကမဟာမြတ်သူဗိုက်ထဲမှာ။ နောက်ပြီးမဟာမြတ်သူပါပိုင်တဲ့သွေးသား။
ဒါသူတို့နှစ်​ယောက်ရဲ့အိမ်။ ဒါသူတို့နှစ်ယောက်ရဲ့အပိုင်းအစ။ ဒါကိုမှမဟာမြတ်သူကိုဖျက်ချခွင့်ပေးရမယ်ဆိုလျှင် တကယ်အဆင်မပြေနိုင်ပေ။ သူရူးသွားတာပဲအရင်မြင်ရပါလိမ့်မည်။

" ငါမလိုချင်ဘူး "

" မလုပ်ပါနဲ့ ကျုပ်တောင်းပန်တယ် ကလေးကိုတော့မလုပ်လိုက်ပါနဲ့ "

" ဟား နိမိတ်ရှိန်ဝါ မင်းလွန်လွန်းလှချေလား မလိုလားအပ်အရာကိုအပင်ပန်းခံရလောက်အောင် ငါတုံးအအယောက်ျားမဟုတ်ဘူးကွ "

ပြောပြီးချင်းသာ မတ်တပ်ထရပ်လိုက်လျှင်ပဲ နိမိတ်ကသူ့ခါးကို အတင်းချုပ်ဖက်ထားတော့သည်။ သူရုန်းလို့မရ။ နိမိတ်ကဝမ်းဗိုက်တွင်မျက်နှာအပ်ကာ အတင်းချုပ်ထားတာဖြစ်သည်။

" မလုပ်ပါနဲ့ ဟား ကျုပ်ကိုသနားစမ်းပါ ခင်ဗျားဗျာ "

တအိအိငိုနေသူကအသံပင်မထွက်။ ဒီ၄လတာကာလအတွင်း ဒါပထမဦးဆုံးအကြိမ်အဖြစ် နိမိတ်သူ့ရှေ့မှာငိုတာ။ ဘာမှန်းမသိတဲ့ခံစားချက်ကရင်ဘတ်ထဲမှာအောင့်သက်သက်။ ဒီလိုငိုပြနေတာကြီးကိုမကြိုက်ပါ။

" ဖယ်! လွှတ်စမ်းပါ! ကျစ်! နိမိတ်ရှိန်ဝါ! ငါ့ကိုလွှတ်လို့ခွေးမသားရဲ့ "

" လွှတ်မပေးနိုင်ဘူး ခင်ဗျား မလုပ်ရဘူး "

" တောက်ခ်! ငါလိုးမသား! "

ပြောမရတော့သည်မို့ နိမိတ်၏ ကျောပြင်ပေါ်ကဒဏ်ရာအားလက်မနှင့်ဖိနှိပ်လိုက်လျှင် ချင်းချင်းနီသောသွေးတို့က ပတ်တီးစအောက်တွင်ရဲနေလေသည်။ မဟာမြတ်သူကတကယ်ကိုအသည်းနှလုံးမရှိတဲ့လူပဲ။ လူတစ်​ယောက်ရဲ့နှလုံးသားအား ဘယ်လိုချေမွရမလဲဆိုတာကို ကောင်းကောင်းကြီးတတ်ကျွမ်းသည်။

သို့သော်နိမိတ်က တစ်ချက်​တောင်လှုပ်မသွားဘဲ သူ့ခါးကိုသာအားကိုးတကြီးဖက်ထားဆဲဖြစ်သည်။

" မလုပ်ပါနဲ့ အချစ်ရယ် ကိုယ်တောင်းပန်တယ် "

" ဘာရယ် "

အကြားအာရုံတွင်ချွတ်ယွင်းမှုရှိနေသလားထင်ရလေအောင် ပြတ်ပြတ်သားသားကြားလိုက်ရသည့်အသံက ယုံချင်ဖွယ်ရာပင်မရှိ။ နိမိတ်ကသူ့ကိုအချစ်တဲ့။ မရိုးမယွသောစိတ်တို့ကအစိုးမရလျှင် မျက်နှာတစ်ပြင်လုံး အရောင်မျိုးစုံဖြတ်ပြေးကာ မျက်ခုံးတို့တွန့်ချိုး၍ နိမိတ်အားအရှိန်ဖြင့်တွန်းဖယ်ပစ်လိုက်သည်။

" မင်းလိုကောင်ကများ! "

" ကိုယ်တောင်းပန်ပါတယ် ကိုယ်တောင်းပန်ပါတယ်ကွာ! "

" ငါမလိုချင်ဘူး! ငါယောက်ျားကွ! မင်းဘယ်လိုကောင်စားမျိုးလို့ငါ့ကိုထင်နေလဲ! မင်းသွေးသားကိုမွေးဖို့ပဲအသုံးချခံမယ့် ကောင်စားမျိုးမှတ်နေလား! "

" အသုံးချတာမဟုတ်ပါဘူး ကိုယ်မင်းကိုအသုံးချတာမဟုတ်ဘူး " 

သို့သော် မဟာမြတ်သူကနားပင်မဝင် ခြေဗလာဖြင့် အခန်းတံခါးဝသို့လှမ်းသွားပြီဖြစ်ကာ နိမိတ်ကနောက်ကနေလိုက်ရလေသည်။ ကံကောင်းထောက်မစွာဖြင့် အခန်းတံခါးဖွင့်ဝင်လာသူနှစ်ဦးသည် ဧကရာဇ်နှင့်မိခင်ဖြစ်ရာ မဟာမြတ်သူ၏ဒေါသအားမြင်မြင်ချင်း အမေဖြစ်သူကလက်မောင်းကိုအတင်းဆွဲဖက်လေတော့၏။

" ဘယ်လိုဖြစ်ရတာလဲ "

နိမိတ်မျက်နှာကသနားစဖွယ်ကောင်းရလောက်အောင်အိုနေပြီဖြစ်သည်။ မျက်ခမ်းစပ်ညိုညိုတို့တွင် မျက်ရည်များအနည်းငယ်စိုစွတ်နေပြီး မဟာမြတ်သူလက်အားအတင်းပင်ဆွဲထားလေတော့၏။

" ငါမင်းကိုမမြင်ချင်ဘူး မင်းထွက်သွား ငါ့ရှေ့တစ်သက်လုံးပေါ်မလာနဲ့ "

" ကိုယ် "

" တောက်ခ် မင်းသွားစမ်းကွာ ကျက်သရေတုံးတယ် "

" သွားလိုက်ပါသားရယ် အန်တီတို့ရှင်းပါ့မယ် "

မိခင်ဖြစ်သူ၏စ​ကားအပြီး လက်မောင်းးကဆောင့်ဆွဲလို့ အခန်းပြင်သို့ ဆောင့်တွန်းလွှတ်လိုက်လျှင် နိမိတ်ခမျာ မတ်တပ်လေးကျန်နေခဲ့ရလေသည်။

အသိစိတ်အတွင်းမှ ထိုမျှလောက်သောနာကျင်မှုက ရူးသွပ်ဖွယ်ပင်ကောင်းသေးသည်ဟုသူထင်သည်။ ဘာလု​ပ်လို့ဘာကိုင်ရမည်ပင်မသိ။ ရင်တွင်းတစ်ခုလုံးပူလောင်မွန်းကျပ်နေကာ ခိုကိုးရာမဲ့သည့်ခံစားချက်ကြီးကအတော်ပင်ဆိုးလှ၏။ နှလုံးသားတစ်ခုလုံးရင်း၍ ပျိုးထောင်ထားသောပန်းလေးသည် သူ့အားအလိုမရှိဟုထင်သည်။

ဖြစ်ပါတယ်။ နိမိတ်ကိုသူမမြင်ချင်လည်းဖြစ်ပါတယ်။ အဓိက က ကလေးကိုသာဖျက်မချစေဖို့။ သူနဲ့ကိုယ့်ရဲ့အပိုင်းအစခပ်ငယ်ငယ်လေးကို ဘယ်လိုနည်းနဲ့မှမဖျက်စီးလိုက်စေဖို့။

ထိုမျှလောက်အထိရူးပါတယ်။ သူနှင့်ပတ်သတ်လျှင် ကြယ်တွေကိုပဲခူးရခူးရ ၊ တိမ်တွေကိုပဲပျိုးရပျိုးရ အလှပဆုံးပွင့်လန်းနိုင်အောင် ရင်ငွေ့နဲ့လောင်းနိုင်သေးသည်။

ချစ်ခြင်းမေတ္တာမည်သည် သူတစ်ကိုယ်စာပျော်မွေ့ဖို့သာဖြစ်လေသည်။

To be continue...
Jan 28

Goodnight ပါ။ ဓားခန်းတွေလာပါပြီ။ အပြန်အလှန်စိတ်ဆိုးကြပါတော့မယ်။ ><

//

Zawgyi

" အား! "

ေပ်ာ့ဖတ္စြာ လန္ကြာသြားေသာလက္သည္းခြံသည္ ၾကမ္းျပင္ေပၚတြင္ ေသြးမ်ားရဲ၍ ရွိေနသည္။

အသံေတြအက္ကြဲလို႔ တစ္ကိုယ္လုံးတုန္ယင္ေနေသာလူက မ်က္ႏွာတစ္ခုလုံးဖူးေယာင္ကာ လူ႐ုပ္ပင္မေပါက္ေတာ့။

က်ိဳးေၾကထားေသာေျခေခ်ာင္းမ်ားက ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနကာ ေသြးအလိမ္းလိမ္းႏွင့္ေပပြေနျပန္သည္။

" ေတာ္ ေတာ္..ပါ..ေတာ့ "

အသက္အားျပင္းျပစြာရႉၿပီးမွ တစ္လုံးခ်င္းေျပာလာေသာစကားမ်ားက ဂ႐ုဏာသက္ဖြယ္ရာ။ လက္ျပင္ေက်ာ၊ ခါးျပင္ႏွင့္ ေပါင္ရင္းနားရွိေသာ ေလးေထာင့္ပုံေသြးကြက္မ်ားသည္လည္း ျမင္ဖြယ္ရာပင္မရွိ။ ထိုေလးေထာင့္ဆန္ဆန္ေသြးကြက္မ်ားမွာ အသားလႊာျခစ္ႏွင့္ ျခစ္ခ်ခံထားရသည့္ အေရျပားကြက္ေတြျဖစ္သည္မို႔ အလြန္ကိုပ်က္စီးယိုယြင္းေနေခ်ၿပီျဖစ္သည္။

" ကိစၥတုံးလိုက္ပါေတာ့ကြာ အေတာ္႐ြံစရာေကာင္းေနၿပီဟ "

" ဆရာက ပညာျပခိုင္းလိုက္လို႔ပါ "

" ေနေစာင္းေနၿပီကြ "

" ေအးပါ အခုပဲလက္စသတ္လိုက္မယ္ "

ထို႔ေနာက္ေတာ့ လက္ေခါက္တင္ထားသည့္လူက ခါးၾကားကပစၥတိုကိုထုတ္ကာ silencer တပ္၍ ႏွဖူးအတည့္သို႔ ေဖာက္ခနဲေနေအာင္ က်ဥ္သြင္းလိုက္ေလေတာ့သည္။

ထိုမွ်ဒုကၡခံလိုက္ရရင္ေတာ္ေရာေပါ့။ ဒီလူ႕တစ္ကိုယ္လုံး ေခါင္းအစေျခအဆုံး ရစရာပင္မရွိခဲ့ဘူးမို႔လားေလ။

//

အေအးဒဏ္ေၾကာင့္ တဆစ္ဆစ္အုံကိုက္ေနေသာလက္ျပင္ေၾကာဒဏ္အား ဂ႐ုမျပဳနိုင္ဘဲ ေဆး႐ုံကုတင္ထက္တြင္လွဲေလ်ာင္းေနသည့္ မဟာျမတ္သူ၏လက္ဖဝါးကို သူက်စ္က်စ္ပါေအာင္ဆုပ္ေထြးထားမိသည္။

တဖြဖြနမ္းရွိုက္ရင္း ႏွဖူးျပင္မွဆံႏြယ္ေတြကိုလည္းသပ္သင္ေပးကာ သူ႕ကိုယ္လုံးေပၚတြင္လည္း ပတ္တီးစီးရာႀကီးႏွင့္ လက္ရွည္တစ္ထည္သာၿခဳံထားေလသည္။

နစ္မြန္းေနေသာမ်က္ဝန္းမ်ားက နီရဲလ်က္သား။ ကိုယ္ဝန္ေၾကာင့္ စိတ္အထိမခံျဖစ္ကာ အလန့္လြန္သြားသည္မို႔ သတိေမ့သြားတာျဖစ္၏ ေတြးမိလိုက္တိုင္း လက္သီးကိုတင္းတင္းဆုပ္၍ အံကိုႀကိတ္မိသည္အထိ။

ဦးလွေသာင္းကို လြယ္လြယ္ေပးမေသနိုင္ပါ။ လိုအပ္သည္ထက္ပိုေအာင္ ႏွိပ္စက္ကလူျပဳၿပီးမွသာ အရွင္လတ္လတ္ငရဲခံခိုင္းဦးမည္။

သည္လူ႕ေသဆုံးျခင္းအတြက္ မည္သည့္ဝမ္းနည္းမႈမွအစိုးမရေစရ။ ဒါသူ႕ရဲ႕သေဘာထားႀကီးမႈအပိုင္းအစမွ်သာ။

" ေမာင္နိမိတ္ ေဒါက္တာေခၚေနတယ္ "

" ကြၽန္ေတာ္လာခဲ့ပါ့မယ္ "

လက္ထဲေထြးေပြ႕ထားသည့္လက္ႏုေလးမ်ားအား ၿခဳံေစာင္ေအာက္သြင္းေပးကာ ႏွဖူးျပင္အားတစ္ခ်က္မွ်ငုံ႕နမ္းမိေသးသည္။ ထို႔ေနာက္ေတာ့ အိမ္ထိန္းဦးေမာင္နဲ႕အတူ ေဆး႐ုံခန္းထဲကထြက္လာခဲ့ေတာ့၏။ အေပါက္ဝတြင္ရွိသည့္ အေစာင့္ႏွစ္ေယာက္ကိုလည္း ေသခ်ာမွာျပဳခဲ့ဖို႔သူမေမ့။

" ဒါကေတာ့ သႏၵျေတည္စဦးမို႔ စိုးရိမ္စရာသိပ္ေတာ့မရွိဘူး ဒါေပမဲ့ေသြးႏုသားႏုနဲ႕ accident ရွိထားေတာ့ ခဏခဏအထိတ္တလန့္ေတာ့မျဖစ္ေစခ်င္ေတာ့ဘူး "

" ဟုတ္ကဲ့ပါ ကြၽန္ေတာ္ပိုဂ႐ုစိုက္လိုက္ပါ့မယ္ "

" ငွက္သိုက္တို႔ ၾကက္ေပါင္းရည္တို႔ အဟာရျဖစ္မယ့္ အားေဆးပုလင္းေတြ အဟာရျဖစ္မယ့္အစားအစာေတြမ်ားမ်ားေကြၽးေပးပါ "

" ဘာေတြသတိထားေပးရဦးမလဲဗ် "

" ဒါပါပဲ သူ႕ကိုအထိတ္အလန့္ေတြထပ္မျဖစ္ေစခ်င္ဘူး "

" ဟုတ္ကဲ့ "

" ၿပီးေတာ့ ၃ လေလာက္ထိပဲ ဖုံးကြယ္လို႔ရလိမ့္မယ္ နိမိတ္ သူ႕ဗိုက္ကသိသိသာသာထြက္လာမွာပဲမို႔ ကိုယ္ေျပာတာသေဘာေပါက္သလား "

" ကြၽန္ေတာ္နားလည္ပါတယ္ ကြၽန္ေတာ္ကိုယ္တိုင္သူ႕ကိုေျပာပါ့မယ္ "

" အင္း ေသြးႏုသားႏုကဖ်က္ခ်ရလြယ္တယ္နိမိတ္ အဆင္ေျပေစခ်င္တယ္ တကယ္လို႔အတည္ျပဳျဖစ္ၾကၿပီဘာညာဆိုလည္း ကိုယ္ကပဲအသိဆရာဝန္ဆီဗိုက္အပ္ေပးပါ့မယ္ "

" ကြၽန္ေတာ္ပိုဂ႐ုစိုက္လိုက္ပါ့မယ္ "

" ေကာင္းပါၿပီ ဒါျဖင့္ရင္လည္း မင္းဒဏ္ရာကိုေဆးနည္းနည္းထပ္ထည့္ရေအာင္ "

ေဖာက္ဝင္ခံထားရသည့္ဒဏ္ကို ခ်ဳပ္ထားရသည္မို႔ အေအးဓာတ္စိမ့္သည့္အခါတိုင္းတြင္ အတြင္းဒဏ္မွတဆစ္ဆစ္ကိုက္ခဲလာတတ္ေလသည္။ ဒါေတာင္ညမေရာက္ေသး။ မိုးကလည္းမ႐ြာဘူးမို႔သာသိပ္မေအးတာျဖစ္သည္။ မဟုတ္ပါက ဘယ္ေလာက္မ်ားဒဏ္ခံလိုက္ရမည္နည္း။

" အင္း... "

အသံရွည္ဆြဲ၍ညည္းၫူလာေသာလူနာေၾကာင့္ သူနာျပဳမေလးက ေဆးပုလင္းလဲေနရာမွ အၿပဳံးေလးျဖင့္တုံ႕ျပန္လာေလသည္။ ထို႔ေနာက္အနားကိုကပ္လာကာမဟာျမတ္သူအား တစ္ကိုယ္စာထိုင္နိုင္ဖို႔ ကုတင္ျမႇင့္ေပးေလသည္။

" သတိရလာၿပီလား ဝမ္းသာပါတယ္ "

" ဟုတ္ကဲ့ ဟို.. "

ေကာင္မေလးအား ေခါင္းေလးၿငိမ့္ျပၿပီးမွ သူ႕စိုးရိမ္မ်က္ဝန္းေတြအားျမင္လွ်င္ ေကာင္မေလးကၿပဳံးတုံ႕တုံ႕ျဖင့္ၾကည့္လာေလသည္။

" မပူပါနဲ႕ အကို႔အမ်ိဳးသားေကာ အကို႔ကေလးေကာအဆင္ေျပပါတယ္ "

" ကိုယ့္ကေလး "

" အဟင္း အကို႔ဗိုက္ထဲက ကေလးေပါ့လို႔ ၿပီးေတာ့ အကို႔အမ်ိဳးသားကေတာ့ ၁၀ခ်က္ေလာက္ခ်ဳပ္လိုက္ရတယ္ ဒါေပမဲ့မပူပါနဲ႕ သူကတကယ္ခံနိုင္ရည္ရွိတာေနာ္ ဟီးဟီး "

" ခဏ ကိုယ့္ကေလးဆိုတာက ဘာကိုေျပာတာ "

" အာ ေဆးစစ္ခ်က္ကဒီေန႕မွသိတာေနမယ္ ဒါျဖင့္ရင္ကြၽန္မကိုခဏေစာင့္ေပးေနာ္ ေဆးမွတ္တမ္းသြားယူေပးမယ္ "

" ဟုတ္ ဟုတ္ကဲ့ "

သူနာျပဳမေလးက ေဆးကုန္သြားတဲ့ ပုလင္းကိုယူသြားကာ ခပ္သြက္သြက္ထြက္သြားသည္မို႔ အခန္းထဲတြင္သူတစ္ေယာက္တည္းက်န္ခဲ့ေလသည္။ အေတြးေတြကေယာက္ယက္ခတ္လို႔ ေခါင္းေတြပင္မူးေနာက္ခ်င္ကာ အေတာ္ကိုနားလည္ရခက္ေနေလသည္။

ကေလးဆိုတာကဘယ္လိုကေလး။ ဗိုက္ထဲကကေလး?

ဒါျဖင့္ရင္ သူ႕ဗိုက္ထဲမွာကေလးရွိေနတယ္လို႔ ဆိုလိုခ်င္တာလား။ မျဖစ္နိုင္တာ။ သူကေယာက္်ားေလး။
ဘယ့္ႏွယ့္ေၾကာင့္ကိုယ္ဝန္ေဆာင္နိုင္မွာ။

ဒီနိုင္ငံမွာ တျခားေယာက္်ားေလးအမ်ားစုလည္းကိုယ္ဝန္ေဆာင္နိုင္ၾကၿပီဆိုေပမဲ့ သူကေတာ့မဟုတ္ဘူးမို႔လား။

ကြၽီ!

" နိမိတ္! "

" အာ နိုးေနၿပီလား ဘယ္လိုေနလဲ ေနရသက္သာလား ဆရာဝန္လာၾကည့္သြားၿပီလား ခဏ ကိုယ္ေဒါက္တာေခၚလိုက္မယ္ "

" ဟို ေနရသက္သာပါတယ္ ခဏ "

" ဘာလိုလို႔လဲ ကိုယ့္ကိုေျပာ "

အခန္းတံခါးအားပိတ္ကာဝင္လာေသာနိမိတ္က သူ႕ေဘးက တစ္ေယာက္ထိုင္ဆိုဖာေပၚတြင္ ဝင္ထိုင္ေလသည္။ ထို႔ေနာက္ခုံေပၚမွေန၍ သူ႕မ်က္ႏွာအားေမာ့ၾကည့္ေခ်၏။

" ငါ့ကိုေစာနက သူနာျပဳမေလးက ငါ့ဗိုက္ထဲကေလးရွိတယ္ေျပာသြားတယ္ အား ထားလိုက္ပါ စသြားတာလားမသိဘူး ဟားဟား "

" ဘယ္သူေျပာသြားတာလဲ "

ခ်က္ခ်င္းပင္မ်က္ႏွာႀကီးပ်က္က်လိဳ႕ မာဆတ္ဆတ္ေလသံျဖင့္ ေမးလာသည့္လူေၾကာင့္ မဟာျမတ္သူတစ္ေယာက္မ်က္ေမွာင္က်ဳံ႕မိသည္။ ဘယ္လိုျဖစ္ၿပီးမ်ား႐ုတ္တရက္ေလသံေျပာင္းသြားရတာလဲ။

ေလထုကတိတ္ဆိတ္ၿငိမ္သက္လ်က္ရွိသည္။ အကဲခတ္ေနေသာျမတ္သူ၏မ်က္လုံးမ်ားႏွင့္ မာထန္ရာမွအနည္းငယ္ေျပေလ်ာ့ဖို႔ႀကိဳးစားေနေသာမ်က္ႏွာထားသည္ အေတာ္ပင္ကသိကေအာက္နိုင္လွသည္။

" အာ အကိုပါရွိေနတာလား "

အေစာပိုင္းက သူနာျပဳမေလးသည္ တြဲခ်ဳပ္ထားသည့္စာ႐ြက္ေလးေတြကိုကိုင္ကာ အခန္းထဲျပန္ဝင္လာသည္မို႔ နိမိတ္မ်က္ေမွာင္ကိုပိုပိုသာသာက်ဳံ႕တင္လိုက္ေတာ့၏။

"အကိုက ကိုယ္ဝန္ရွိတာမသိေသးဘူးေလ ကြၽန္မဝမ္းသာသြားေအာင္၊ "

" ဘာ! "

" ရွင္! "

ခုံကပင္မတ္တပ္ေကာက္ရပ္သည္အထိျဖစ္ရေသာ္လည္း ေကာင္မေလးလက္ထဲကေဆးမွတ္တမ္းဖိုင္ေလးသည္ မဟာျမတ္သူလက္ထဲသို႔ဆိုက္ဆိုက္ေရာက္ခဲ့ၿပီျဖစ္သည္။

" ဒါက "

" ဟာကြာ က်စ္! "

သူဘာမွမေျပာနိုင္ေပ။ လက္ထဲက eltrasoundႏွင့္ ေဆးစစ္ခ်က္အေျဖကိုၾကည့္ၿပီး ေတြေဝေနတာျဖစ္၏။ နိမိတ္ရွိန္ဝါသူ႕ကိုခ်ိဳးႏွိမ္ခ်င္လို႔ကိုယ္ဝန္ရွိတယ္လို႔ညာေနတာလား။

" မင္း crown ကိုလိုခ်င္လို႔ငါ့ကိုဒီလိုညာတာမို႔လား "

" က်ဳပ္ေျပာမယ္ "

" ငါေမးတာေျဖ မင္းငါ့ကိုညာေနတာေလ "

နိမိတ္ဆံပင္ေတြကိုဆြဲဖြပစ္ကာ ေျခပစ္လက္ပစ္ထိုင္ခ်လိဳက္ေတာ့သည္။ ထိုေကာင္မေလးကိုလည္းအၾကည့္စူးစူးေပး၍ ေအာ္ထုတ္ပစ္ဖို႔မေမ့။

" မင္းထြက္သြား! "

" ဟုတ္ ဟုတ္ကဲ့ ကြၽန္မေတာင္းပန္ပါတယ္ "

သုတ္သုတ္ပ်ာပ်ာထြက္သြားေသာေကာင္မေလးကိုၾကည့္ရင္း တက္တစ္ေခါက္ေခါက္ျဖင့္စိတ္ပ်က္ေနေလသည္။ ဘယ္လိုျဖစ္ၿပီးမ်ား ဒီမိန္းမလုပ္ပစ္ရဲတာတဲ့လဲ။ တကယ္ပါပဲစိတ္ပ်က္လိုက္တာ။

" ငါေမးေနတယ္ေလ "

" မဟုတ္ဘူး ခင္ဗ်ားမွာတကယ္ ကိုယ္ဝန္ရွိေနတယ္ "

" က်စ္ ငါ့ကိုဒီလိုေစာက္ခြက္လာမေျပာင္နဲ႕ေနာ္ နိမိတ္ "

" ခင္ဗ်ားဗိုက္ေပၚ လက္တင္ၾကည့္စမ္းပါ ေအာ့အန္တာေတြကိုေစာက္ေၾကာင္းမရွိဘူးထင္ေနတာလား ဟမ္! "

" မင္း! "

သူတကယ္ကိုဆြံ႕အရသည္။ နိမိတ္ရွိန္ဝါ ဘာစကားေျပာတာတဲ့လဲ။ သူ႕မယ္ကိုယ္ဝန္ရွိတယ္တဲ့ ဒါဘယ္လိုေစာက္ခြက္ေျပာင္မႈမ်ိဳးလဲ။

ကုတင္ေပၚမွေျခေထာက္ခ်ကာ နိမိတ္ပါးကိုေျဖာင္းခနဲရိုက္ပစ္လိုက္လွ်င္ ေခါင္းလည္သြားသူက သူ႕ဘက္ကိုလွည့္မလာ။

" မင္း႐ူးေနလား ငါက ဘယ္လိုလုပ္ၿပီးကိုယ္ဝန္က ဟား နိမိတ္ရွိန္ဝါ မင္းဘယ္လိုေတာင္ေစာက္ခြက္ေျပာင္တတ္ရတာလဲ "

နိမိတ္သူ႕ကိုဘာမွမတုံ႕ျပန္မိေပ။ ဒီလူဖ်က္ခ်ပစ္ေတာ့မယ္ဆိုတဲ့အသိနဲ႕တင္ ႐ူးမတတ္ပူေလာင္လာရသည္အထိ။ သူ႕ေသြးသားကမဟာျမတ္သူဗိုက္ထဲမွာ။ ေနာက္ၿပီးမဟာျမတ္သူပါပိုင္တဲ့ေသြးသား။
ဒါသူတို႔ႏွစ္ေယာက္ရဲ႕အိမ္။ ဒါသူတို႔ႏွစ္ေယာက္ရဲ႕အပိုင္းအစ။ ဒါကိုမွမဟာျမတ္သူကိုဖ်က္ခ်ခြင့္ေပးရမယ္ဆိုလွ်င္ တကယ္အဆင္မေျပနိုင္ေပ။ သူ႐ူးသြားတာပဲအရင္ျမင္ရပါလိမ့္မည္။

" ငါမလိုခ်င္ဘူး "

" မလုပ္ပါနဲ႕ က်ဳပ္ေတာင္းပန္တယ္ ကေလးကိုေတာ့မလုပ္လိုက္ပါနဲ႕ "

" ဟား နိမိတ္ရွိန္ဝါ မင္းလြန္လြန္းလွေခ်လား မလိုလားအပ္အရာကိုအပင္ပန္းခံရေလာက္ေအာင္ ငါတုံးအအေယာက္်ားမဟုတ္ဘူးကြ "

ေျပာၿပီးခ်င္းသာ မတ္တပ္ထရပ္လိုက္လွ်င္ပဲ နိမိတ္ကသူ႕ခါးကို အတင္းခ်ဳပ္ဖက္ထားေတာ့သည္။ သူ႐ုန္းလို႔မရ။ နိမိတ္ကဝမ္းဗိုက္တြင္မ်က္ႏွာအပ္ကာ အတင္းခ်ဳပ္ထားတာျဖစ္သည္။

" မလုပ္ပါနဲ႕ ဟား က်ဳပ္ကိုသနားစမ္းပါ ခင္ဗ်ားဗ်ာ "

တအိအိငိုေနသူကအသံပင္မထြက္။ ဒီ၄လတာကာလအတြင္း ဒါပထမဦးဆုံးအႀကိမ္အျဖစ္ နိမိတ္သူ႕ေရွ႕မွာငိုတာ။ ဘာမွန္းမသိတဲ့ခံစားခ်က္ကရင္ဘတ္ထဲမွာေအာင့္သက္သက္။ ဒီလိုငိုျပေနတာႀကီးကိုမႀကိဳက္ပါ။

" ဖယ္! လႊတ္စမ္းပါ! က်စ္! နိမိတ္ရွိန္ဝါ! ငါ့ကိုလႊတ္လို႔ေခြးမသားရဲ႕ "

" လႊတ္မေပးနိုင္ဘူး ခင္ဗ်ား မလုပ္ရဘူး "

" ေတာက္ခ္! ငါလိုးမသား! "

ေျပာမရေတာ့သည္မို႔ နိမိတ္၏ ေက်ာျပင္ေပၚကဒဏ္ရာအားလက္မႏွင့္ဖိႏွိပ္လိုက္လွ်င္ ခ်င္းခ်င္းနီေသာေသြးတို႔က ပတ္တီးစေအာက္တြင္ရဲေနေလသည္။ မဟာျမတ္သူကတကယ္ကိုအသည္းႏွလုံးမရွိတဲ့လူပဲ။ လူတစ္ေယာက္ရဲ႕ႏွလုံးသားအား ဘယ္လိုေခ်မြရမလဲဆိုတာကို ေကာင္းေကာင္းႀကီးတတ္ကြၽမ္းသည္။

သို႔ေသာ္နိမိတ္က တစ္ခ်က္ေတာင္လႈပ္မသြားဘဲ သူ႕ခါးကိုသာအားကိုးတႀကီးဖက္ထားဆဲျဖစ္သည္။

" မလုပ္ပါနဲ႕ အခ်စ္ရယ္ ကိုယ္ေတာင္းပန္တယ္ "

" ဘာရယ္ "

အၾကားအာ႐ုံတြင္ခြၽတ္ယြင္းမႈရွိေနသလားထင္ရေလေအာင္ ျပတ္ျပတ္သားသားၾကားလိုက္ရသည့္အသံက ယုံခ်င္ဖြယ္ရာပင္မရွိ။ နိမိတ္ကသူ႕ကိုအခ်စ္တဲ့။ မရိုးမယြေသာစိတ္တို႔ကအစိုးမရလွ်င္ မ်က္ႏွာတစ္ျပင္လုံး အေရာင္မ်ိဳးစုံျဖတ္ေျပးကာ မ်က္ခုံးတို႔တြန့္ခ်ိဳး၍ နိမိတ္အားအရွိန္ျဖင့္တြန္းဖယ္ပစ္လိုက္သည္။

" မင္းလိုေကာင္ကမ်ား! "

" ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္ေတာင္းပန္ပါတယ္ကြာ! "

" ငါမလိုခ်င္ဘူး! ငါေယာက္်ားကြ! မင္းဘယ္လိုေကာင္စားမ်ိဳးလို႔ငါ့ကိုထင္ေနလဲ! မင္းေသြးသားကိုေမြးဖို႔ပဲအသုံးခ်ခံမယ့္ ေကာင္စားမ်ိဳးမွတ္ေနလား! "

" အသုံးခ်တာမဟုတ္ပါဘူး ကိုယ္မင္းကိုအသုံးခ်တာမဟုတ္ဘူး "

သို႔ေသာ္ မဟာျမတ္သူကနားပင္မဝင္ ေျခဗလာျဖင့္ အခန္းတံခါးဝသို႔လွမ္းသြားၿပီျဖစ္ကာ နိမိတ္ကေနာက္ကေနလိုက္ရေလသည္။ ကံေကာင္းေထာက္မစြာျဖင့္ အခန္းတံခါးဖြင့္ဝင္လာသူႏွစ္ဦးသည္ ဧကရာဇ္ႏွင့္မိခင္ျဖစ္ရာ မဟာျမတ္သူ၏ေဒါသအားျမင္ျမင္ခ်င္း အေမျဖစ္သူကလက္ေမာင္းကိုအတင္းဆြဲဖက္ေလေတာ့၏။

" ဘယ္လိုျဖစ္ရတာလဲ "

နိမိတ္မ်က္ႏွာကသနားစဖြယ္ေကာင္းရေလာက္ေအာင္အိုေနၿပီျဖစ္သည္။ မ်က္ခမ္းစပ္ညိုညိုတို႔တြင္ မ်က္ရည္မ်ားအနည္းငယ္စိုစြတ္ေနၿပီး မဟာျမတ္သူလက္အားအတင္းပင္ဆြဲထားေလေတာ့၏။

" ငါမင္းကိုမျမင္ခ်င္ဘူး မင္းထြက္သြား ငါ့ေရွ႕တစ္သက္လုံးေပၚမလာနဲ႕ "

" ကိုယ္ "

" ေတာက္ခ္ မင္းသြားစမ္းကြာ က်က္သေရတုံးတယ္ "

" သြားလိုက္ပါသားရယ္ အန္တီတို႔ရွင္းပါ့မယ္ "

မိခင္ျဖစ္သူ၏စကားအၿပီး လက္ေမာင္းးကေဆာင့္ဆြဲလို႔ အခန္းျပင္သို႔ ေဆာင့္တြန္းလႊတ္လိုက္လွ်င္ နိမိတ္ခမ်ာ မတ္တပ္ေလးက်န္ေနခဲ့ရေလသည္။

အသိစိတ္အတြင္းမွ ထိုမွ်ေလာက္ေသာနာက်င္မႈက ႐ူးသြပ္ဖြယ္ပင္ေကာင္းေသးသည္ဟုသူထင္သည္။ ဘာလုပ္လို႔ဘာကိုင္ရမည္ပင္မသိ။ ရင္တြင္းတစ္ခုလုံးပူေလာင္မြန္းက်ပ္ေနကာ ခိုကိုးရာမဲ့သည့္ခံစားခ်က္ႀကီးကအေတာ္ပင္ဆိုးလွ၏။ ႏွလုံးသားတစ္ခုလုံးရင္း၍ ပ်ိဳးေထာင္ထားေသာပန္းေလးသည္ သူ႕အားအလိုမရွိဟုထင္သည္။

ျဖစ္ပါတယ္။ နိမိတ္ကိုသူမျမင္ခ်င္လည္းျဖစ္ပါတယ္။ အဓိက က ကေလးကိုသာဖ်က္မခ်ေစဖို႔။ သူနဲ႕ကိုယ့္ရဲ႕အပိုင္းအစခပ္ငယ္ငယ္ေလးကို ဘယ္လိုနည္းနဲ႕မွမဖ်က္စီးလိုက္ေစဖို႔။

ထိုမွ်ေလာက္အထိ႐ူးပါတယ္။ သူႏွင့္ပတ္သတ္လွ်င္ ၾကယ္ေတြကိုပဲခူးရခူးရ ၊ တိမ္ေတြကိုပဲပ်ိဳးရပ်ိဳးရ အလွပဆုံးပြင့္လန္းနိုင္ေအာင္ ရင္ေငြ႕နဲ႕ေလာင္းနိုင္ေသးသည္။

ခ်စ္ျခင္းေမတၱာမည္သည္ သူတစ္ကိုယ္စာေပ်ာ္ေမြ႕ဖို႔သာျဖစ္ေလသည္။

To be continue...
Jan 28

Goodnight ပါ။ ဓားခန္းေတြလာပါၿပီ။ အျပန္အလွန္စိတ္ဆိုးၾကပါေတာ့မယ္။ ><

Seguir leyendo

También te gustarán

25.3K 1.3K 32
" ဒီဝတ်စုံကို မင်းဝတ်ချင်သလား ခွန်းသက်တံ့" "ကိုကိုသာ ကျွန်တော့်ကို မရွံမုန်းခဲ့ရင်ပေါ့" " ဒီဝတ္စုံကို မင္းဝတ္ခ်င္သလား ခြန္းသက္တံ့" "ကိုကိုသာ ကြၽန္...
340K 27.1K 29
Mini Story Uni Life Style Sweet Romance
10.4K 392 45
စိတ်ကူးရင်သက်သက်ဖြစ်လို့ အမှားပါရင်ခွင့်လွှတ်ပါ။ ခန့်သော်+ခေတ်နှောင်းငယ် မြတ်နိုးရပါသော ဆု စိတ္ကူးရင္သက္သက္ျဖစ္လို႔ အမွားပါရင္ခြင့္လႊတ္ပါ။ ခန့္ေသာ္+...
237K 20.1K 56
[Zawgyi] အေခ်ာအလွေလးေတြသေဘာက်ေသာplay boyႀကီးမင္းသခင္ ႐ိုး႐ိုးေအးေအးၾကာပန္းျဖဴေလးေႏြဦးငယ္ Both Zawgyi and Unicode #This story is my first own creation...