ဆရာဝန်မှ တစ်ပတ်လောက်နားနားနေနေ နေရမည်ဟုအမှာပါးလိုက်သည့်အတွက်အိမ်မှာသာအနားယူဖြစ်ခဲ့သည်၊ ထုံဆေးနှင့်ခွဲသည့်အတွက် ခွဲနေတုန်းသိပ်မနာကျင်ရပေမဲ့ ထုံဆေးပျယ်သည့်အခါ အနာကတစ်ဆစ်ဆစ်ဖြင့်သာ၊ ထို့အပြင် ရာသီဥတုက ဆောင်းတွင်းပိုင်းဖြစ်သည့်အတွက် ရန်ကုန်ဆောင်းကသိပ်မအေးသော်လဲ ညအချိန်အခါရောက်လျှင် နေ့ဘက်ထက်အချမ်းပိုသောကြောင့် ခွဲစိတ်ပြီးရက်များ၌ဆိုညဘက်ရောက်လျှင်အနာမှာပိုနာသယောင်။
အမာစာများမစားရသေးသည့်အတွက် ဆန်ပြုတ်နှင့်သာသူ၏နေ့ညများကိုကုန်ဆုံးလာရသည့်အခါ တဖြေးဖြေးမုန်းလာမိသယောင်၊ သူတို့နေသည့်အိမ်နှင့် ထက်ကောင်းကင်တို့နေသည့်အိမ်က မြို့နယ်တစ်မြို့သာခြားသောကြောင့် ကျောင်းဆင်းလျှင် လဲ့ယဉ်က ပန်းသွေးအိမ်သို့်ဝင်လာကြည့်တက်သည်၊ ထို့ပြင် ကိုသာထက်သည်လဲ အားတဲ့အချိန် ပန်းသွေးအခြေအနေကိုလာကြည့်ပေးတက်သေးသည်၊ မမလဲ့ယဉ်ပြောမှသိရပေမဲ့ အခုတလောဒီအိမ်ကိုအလာချင်ဆုံးဖြစ်နေသူက ကိုကိုပါတဲ့။
"ဘာတွေတွေးနေတာလဲ ပျင်းနေပြီလားတစ်ယောက်ထဲဆိုတော့"
"အင်းပေါ့လို့ နေ၀န်းရဲ့ အလုပ်လဲမလုပ်ရဘူး ဒီချိန်လုံး လှဲနေလိုက် လမ်းလေးနည်းနည်းလျောက်လိုက်နဲ့ အိမ်ထဲမှာပဲနေရတာကို"
နှုတ်ခမ်းပါးပါးလေးကဆူပြီးပြောနေသည့်အခါ ပန်းသွေးခြယ်က ချစ်စရာ၊ ဒါကိုသူ့မယ်အသည်းတယားယားဖြင့်၊ ပန်းသွေးကိုနေ၀န်းမှပြုံးပြီးကြည့်နေမိသည်ကိုပန်းသွေးသိတော့မျက်နှာပါးပြင်ကပန်းနုရောင်သန်းချေပြန်သည်။
"မနတ်ဖြန်ချုပ်ရိုးဖြည်ရတော့မှာပဲ ဒါဆိုနောက်နေ့အနာကျက်တာနဲ့ အလုပ်လုပ်လို့ရပြီပဲကို တလက်စထဲအရင်က တောက်လျောက်အလုပ်လုပ်နေရတာ အခု အားလပ်ရက်ယူတယ်လို့သဘောထားလိုက်"
ပန်းသွေးအနားတစ်ချိန်လုံးရှိနေသည့်နေ၀န်းက တစ်ခါတစ်ရံသူ၏အကြောင်းများကိုပြောပြတက်သည်၊ သူမှတ်မိလောက်သည့်မှတ်ဥာဏ်များဟုပြောပြောတက်သေးသည်၊ ဤသို့ နေ၀န်းပြောပြတက်သော ငယ်စဉ်ကအကြောင်းများက ပန်းသွေးကိုမပျင်းရအောင်ဟာသနှော၍လဲပြောတက်သေးသည်၊ ထိုသို့ပြောရင်း နေ၀န်းရယ်လိုက်သည့်အခါ မှိတ်သွားတက်သောမျက်ဝန်းများကိုသူမသဘောကျသည်၊ နေ၀န်းနှင့်အနီးကပ်ရှိနေရသည့် အချိန် တစ်စက္ကန့်ချင်းစီးတိုင်းမှာလဲစိတ်ကြည်နူးဖွယ်ရာ။
"နေ၀န်းရဲ့မောင်ဆိုလား သူ့ကိုလဲအိမ်အလည်ခေါ်ချင်ချင်လို့ရတယ်နော် ဒီရက်ပိုင်း ပန်းသွေးအနားမှာပဲနေနေရတာ အိမ်လဲမပြန်ဖြစ်ဘူးမဟုတ်လား ထမင်းလေးဘာလေးဖိတ်ကြွေးချင်လို့"
"သူ့သင်တန်းအားတဲ့ရက်ကျရင်လာခဲ့ဖို့နေ၀န်းပြောလိုက်ပါ့မယ်"
ဒီရက်ပိုင်း ပန်းသွေးကြောင့် အပြင်လဲမသွားဖြစ်၍ တစ်ချို့ကိစ္စရပ်များကအခုမှခေါင်းထဲအစီအရီရောက်ချလာသည်၊ ထိုထဲ၌ ဦးကျော်ဇေတို့သားအဖကိစ္စလဲပါသည်။
ထို့ပြင် ပန်းသွေးကို ချန်လှပ်ထားသောကိစ္စများကိုလဲပြောပြချင်သည်၊ သို့သော် ပန်းသွေးသိသွားသည့်အခါ သူနှင့်ပန်းသွေးအနေဝေးကာ ပန်းသွေးဘက်ကသူ့ကိုခါးသီးသွားမှာကိုလဲကြောက်မိသည်၊ ထိုအချိန်ကိုစဉ်းစားမိလျှင် ရင်ထဲပြည့်ကျပ်လာသည့်ခံစားချက်ကသူ့အတွက် မအီမသာ။
မပြောပဲနေလိုက်ပါက တခြားပယောဂများကြောင့်ပန်းသွေးသိသွားလျှင်သူ့ကိုပိုများမုန်းသွားနိုင်လေမလားဆိုသည့်စိတ်နှင့် သူကိုယ်တိုင်ပြောဖို့ကြိုးစားပေမဲ့အချဉ်းအနှီးသာ၊ အခုလိုအနေနီးနေကာမှ သူပြောလိုက်မှ ပန်းသွေးနှင့်ဝေးရမည့်အဖြစ်မျိုးကိုသူမလိုလား။
"နေ၀န်း...နေ၀န်း...ခေါ်နေတာကြာလှပြီ ဘာတွေတွေးနေတာလဲ"
သူ့အတွေးထဲမြောနေမိတာ ပန်းသွေးခေါ်သံကိုမကြားမိ သူ့လက်ကိုလာထိသောလက်မောင်းမှတစ်ဆင့်အထိအတွေ့ကိုခံစားမိမှ လက်တွေ့ဘ၀ထဲကိုပြန်ရောက်သည့်နှယ်။
"ဘာရယ်မဟုတ်ပါဘူး ပန်းသွေးကပျင်းနေတာဆိုလို့ ကိုယ်တို့ဆိုင်ကယ်မောင်းထွက်ရင်ကောင်းမလားတွေးမိသွားလို့ပါ"
"ဟာဟုတ်သားပဲ နေ၀န်းက ဆိုင်ကယ်စီးတက်တာကိုပန်းသွေးမေ့နေတာ ဆိုင်ကယ်စီးမယ်ဆိုသွားမယ်လေနော် အပြင်မှာနေလဲရိပ်နေပြီ"
ပန်းသွေးတို့အိမ်ကို့ တစ်ခါတစ်ရံဆိုင်ကယ်နှင့်လာတက်သည့်အတွက် ယခုလိုအခြေအနေအားဖြင့် ပန်းသွေးအတွက်အတွေ့အကြုံကောင်းသဖွယ်၊ လှုပ်လှုပ်ရှားရှားသိပ်မလုပ်သေးပေမဲ့ ပန်းသွေးကို ဆိုင်ကယ်ပေါ်တက်ရတာလဲအဆင်ပြေအောင် နေ၀န်းက သေချာစီစဉ်ပေးသည်၊ ခါးနား၌လဲ ထောက်မနေအောင် သူ့အားဖတ်ထားစေသည့်အပြင်၊ ဖြေးဖြေးလေးသာမောင်းသည့်အတွက် လမ်းကြမ်းခဲ့သည့်ရှိသော်အဆင်ပြေစေသည်။
"နေ၀န်း ဘယ်အချိန်ကထဲက ဆိုင်ကယ်စီးတက်တာလဲဟင်"
"အာ..ကိုယ် ရှမ်းပြည်မှာထဲကစီးတက်တာပါ ရန်ကုန်မှာက ဆိုင်ကယ်သိပ်စီးလို့မရတာကြောင့် တော်ယုံထုတ်မစီးဖြစ်တော့တာ"
ညနေခင်းလေပြည်များကြား ဆိုင်ကယ်ဦးထုပ်ဆောင်းထားကျပေမဲ့ ဆံနွယ်များကလေထဲဝဲပျံလျက်၊ ပန်းသွေးသည်လည်း နေ၀န်း၏ ခါးကိုမြဲမြန်စွာဆုတ်ကိုင်ထားပြီး တစ်ချက်တစ်ချက် အရှိန်တင်လိုက်လျှင် ပိုစွာတိုးဖတ်သည့်အခါ နေ၀န်း၏ နှုတ်ခမ်းထပ်၌အပြုံးများကတွဲခိုလေသည်။
ကားရှင်းသည့်နေရာကိုသာအဓိကထားသွားလာသောကြောင့် မြို့ပြင်ရောက်လုနီးပါး၊ မြို့ပြင်ရောက်ခါနီးတော့မှ ချက်စ်ကျောင်းတစ်ခုသို့ရောက်သော် ဆိုင်ကယ်အား ထိုထဲသို့ချိုးဝင်ပြီးနောက် ရပ်နားလိုက်လေသည်။
"ဒါ ကိုယ်ရန်ကုန်ရောက်ကထဲက အပတ်တိုင်းလာဖြစ်တဲ့ကျောင်းလေ"
အပြင်ပန်းပုံစံအရ ဘာသာတရားကိုင်းရှိုင်းသည့်ပုံမပေါ်ပေမဲ့ တကယ်တမ်း နေ၀န်းအကြောင်းအား တဖြေးဖြေးသိလာသည့်အခါ မခန့်မှန်းနိုင်သည့်အခြေအနေတစ်ခုမယ်။
လက်နှစ်ဖတ်ကိုယှက်လို့ ဆုတောင်းနေသည့် နေ၀န်းအားဘေးနားကထိုင်ကြည့်နေသည့်အခါ အေးချမ်းသည့်ပုံစံသဖွယ်၊ ဖာသာနှင့်လဲ စကားပြောနေသည့် နေ၀န်းကိုချန်ကာ ဘုရားကျော်းရှေ့က ခုံတန်းပေါ်မှာထိုင်နေမိပြီး အေးဆက်ဆက်လေပြေကိုခံစားနေမိသည်။
နီးနီးနားနားအထင်ဖြင့် အနွေးထည်ခပ်ပါးပါးသာဝတ်လာသောကြောင့် လေတိုးသည့်အခါချမ်းစိမ့်စိမ့်၊ ပုခုံးပေါ်သို့ ဂျင်းထူထူလွှားခံရသည့်အခါ လန့်သွားမိသေးသည်။
"အေးနေပြီလား ပြန်ရအောင်လေ မကြာခင်မှောင်တော့မယ်"
"ခဏလေးပဲထပ်နေရအောင်နော် ပန်းသွေး ဖေဖေ့နေရာကိုတာဝန်ယူပြီးကထဲက အခုလို လွတ်လွတ်လပ်လပ်မနေရတာကြာပြီမို့ပါ"
နေ၀န်းသည်လဲ ပန်သွေးအားပြုံးပြပြီးနောက် ပန်းသွေးနည်းတူ ထိုခုံလေး၌မှာပဲဘေးနားထိုင်ကာငြိမ်နေမိခဲ့သည်၊ တဖြေးဖြေး သူ၏ ပုခုံးပေါ်သို့ ပြိုလဲလာသောပန်းသွေး၏မှီခိုမှုကြောင့် နေရင်းထိုင်းရင်း ကြက်သီးများထသွားခဲ့ရပြီး ရင်ခုန်မှုကိုခံစားလိုက်ရသောကြောင့် တောင့်တင်းသကဲ့သို့။
"ကျေးဇူးတင်ပါတယ်နော် ပန်းသွေးအနားမှာရှိနေပေးလို့ နောက်ပြီး ကာကွယ်စောင့်ရှောက်ပေးလို့ကောပဲ"
သို့ပေတည်း နေ၀န်းဘက်ကတော့ ဘာတစ်ခွန်းမှပြန်လည်ပြောဆိုသံမရှိတော့ ချက်ချင်းပင် မှီထားရာမှ နေ၀န်းဘက်သို့ကြည့်လိုက်လေသည်။
"တနေ့ ကိုယ်မပြောဖြစ်ခဲ့တဲ့အကြောင်းတွေကို ပန်းသွေးဘက်က တနည်းနည်းနဲ့သိသွားတဲ့အခါ ကိုယ့်ကိုစိတ်မဆိုးပါဘူးလို့ ပန်းသွေးကတိပေးနိုင်မလားဟင်"
"ပန်းသွေးသိလို့မဖြစ်တဲ့အကြောင်းအရာတွေများရှိနေလို့လား"
"ကိုယ်အခုချိန်မှာပြောနိုင်တာက ပန်းသွေးနဲ့ပတ်သက်ပြီးကိုယ့်ခံစားချက်တွေကအစစ်အမှန်တွေဆိုတာရယ် ပန်းသွေးထိခိုက်မဲ့ဘယ်အရာမျိုးမဆိုကိုယ်လုပ်မှာမဟုတ်ဘူးဆိုတာကိုတော့ယုံထားပေးပါနော်"
ဘာလို့ နေ၀န်းဘက်ကဤသို့ပြောသည်လဲဆိုတာသူမသိပေမဲ့ နေ၀န်းဘက်က သူမ၏လက်နှစ်ဖတ်အား တယုတယကိုင်ကာ အသနားခံနေသောမျက်ဝန်းများဖြင့်တောင်းဆိုနေသည့်အခါ ဘာရယ်ကြောင့်မှန်းမသိ သူမရင်ထဲ စူးနှင့်သညိ့ခံစားချက်ကတစ်မျိုး ရင်ခုန်စိတ်လှုပ်ရှားသည့်ခံစားမှုကတစ်ဖုံ။
"နောက်ပြီးကိုယ့်အခြေအနေအရကော ဘယ်လိုအခြေအနေမျိုးနဲ့ဖြစ်ဖြစ် မဖြစ်နိုင်တာသိပေမဲ့ ကိုယ် ပန်းသွေးကို သဘောကျနေမိတယ် မဖြစ်နိုင်ဘူးဆိုတာသိပါတယ် ဒါပေမဲ့ အခုမှမပြောလိုက်ရရင် တသက်လုံးနောင်တရနေရမဲ့အဖြစ်မျိုးကိုမလိုချင်လို့ ပန်းသွေး မုန်းလဲမုန်းနိုင်ပါတယ် အကယ်၍ ကိုယ့်ကိုပန်းသွေးအနားမှာမမြင်ချင်တော့ဘူးဆိုလဲရတယ် ကိုယ်ကျေနပ်တာမလို့ အခု ကိုယ့်ခံစားချက်လေးကိုသိသွားရင်ကိုယ်ကျေနပ်ပါပြီ"
ဗုဒ္ဓေါ အခု သူမကဖွင့်ပြောခံလိုက်ရတာလား၊ ခုနကအေးဆက်နေသည့်လေထုကဘယ်ကိုရောက်သွားသည်မသိ သူ့မယ် မျက်နှာထပ်မှာ အပူငွေ့များစွာဖြတ်သန်းနေသည့်နယ်၊ ပထမ သူ့အကြောင်းတွေသိသွားတဲ့အခါ စိတ်မဆိုးဖို့ပြောပြီး အခုကျ သူ့ခံစားချက်တွေကိုဖွင့်ပြောနေပါသတဲ့ နေ၀န်းကလေ။
(ပန်းသွေးက ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး နေ၀န်းက ခရစ်ယာန် ဘာသာဝင်ဖြစ်ပါကြောင်း။)
အခုလိုအခြေအနေမျိုးက သူမထင်ထားသည့်အခြေအနေ၊ တိတ်တခိုးလေး နေ၀န်းအပေါ်မှီခိုလိုစိတ်ရှိတာကိုသိပေမဲ့ နေ၀န်းကဲ့သို့ ယခုလိုဖွင့်ပြောရဲလောက်အောင် သူ့ခံစားချက်တွေကိုဖွင့်အံ့မပြခဲ့ပါဘူး၊ သို့ပေတည်း ယခုမှ နေ၀န်းက သူမအားထိုသို့ဖွင့်ပြောလာသည့်အခါ မည်ကဲ့သို့ရင်ဆိုင်ရမယ်ဆိုတာကိုကြိုတွေးစထားချင်းမရှိတော့ အခြေအနေက ဗယုတ်သုပ်ခနိုင်လှသည်။
"ကိုယ်အခုလိုပြောလိုက်လို့ ပန်းသွေး ကိုယ့်ကိုတစ်မျိုးထင်သွားပြီလားဟင်"
"မဟုတ်..မဟုတ်ပါဘူး ရုတ်တရပ် ဆိုတော့ ပန်းသွေးနားမလည်နိုင်တော့လို့ပါ ဗြန်းစားကြီးလဲဖြစ်နေတော့ ဒါကို ပန်းသွေးဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ မစဉ်းစားနိုင်သွားတာပါ အခုလို ပန်းသွေးကိုပွင့်ပွင့်လင်းလင်းဝန်ခံတဲ့အတွက်လဲကျေးဇူးတင်ပါတယ် စိတ်မကောင်းမဖြစ်နဲ့တော့နော် ပန်းသွေးနားလည်နိုင်အောင်ကြိုးစားပါ့မယ်"
သူ့ခံစားချက်များကို ယခုလိုဖွင့်ပြောပြီးနောက်တော့ ရှက်ကိုးရှက်ကန်းဖြစ်ကာ အယောင်ယောင်အမှားမှားဖြစ်နေလို့ ပန်းသွေးကရယ်ပြုံးပြန်တော့ သူ့မျက်နှာမယ် ခရမ်းချဉ်သီးသဖွယ်၊ ဖွင့်ပြောလိုက်တော့ စိတ်ထဲအနည်းငယ်ပေါ့သွားခဲ့ပြီးနောက် သူ၏မိသားစုကိစ္စများထပ်မံဖြေရှင်းပြီးလျှင် ပန်းသွေးအားအကြောင်းစုံရှင်းပြနိုင်ပြီဖြစ်သည်။
အလာတုန်းကနှင့်မတူပါပဲ အိမ်ပြန်ချိန်လေးမှာတော့ နေ၀န်းစိတ်ထဲပျော်နေမိသည်၊ ပန်းသွေးဘက်ကလဲ လက်မခံသည့်အရိပ်အရောင်မပြတာမို့ သူ့အတွက်တော့အဆင်ပြေနေသည့်နယ်၊ ဒါသည်လဲသူ့အတွက်ကံကောင်းခြင်းပေ။
သူတို့နှသ်ဦး၏ ဆိုင်ကယ်နောက်မှာ မလှမ်းမကမ်းက ကားတစ်စီးကတော့တောက်လျောက်လိုက်နေသည်ကိုတော့ သတိမထားမိလေဖူးပေါ့။
×
ချုပ်ရိုးဖြည်ပြီးသည့်နောက်တော့ ပန်းသွေးကအလုပ်ပြန်ဝင်နေပြီဖြစ်သောကြောင့် သူ၏တနေ့တာမှာပုံမှန်ပြန်ဖြစ်သွားရသည်၊ တစ်ခါတစ်ရံအလုပ်လုပ်နေရင်း အလုပ်ထဲစိတ်နှစ်ထားတဲ့ပန်းသွေးကို နောက်တစ်ခါဆိုတာထပ်မရှိရလေအောင် နေ၀န်းမှာအစားအသောက်ကအစဂရုစိုက်သည်။
ပန်းသွေးသည် အရင်ကလို လူမမာမဟုတ်တော့သည့်အတွက် နေ့ရောညပါ ပန်းသွေးအနားအတူမရှိနိုင်သည်ကိုတော့နှမြောမိသည်။
အလုပ်မှစောကာအိမ်ပြန်လာသည့်အတွက် ဧည့်ခန်းထဲမှာထိုင်ကာ အလုပ်စာရင်းဇယားများပြန်ကြည့်နေတုန်း အိမ်ရှေ့ကနေ ကားဟွန်းတီးသံခပ်ကျယ်ကျယ်ကြားလိုက်ရသောကြောင့် နေ၀န်းနှင့် ပန်းသွေးမှာ ထိုအသံလာရာကိုထကြည့်မိသည်။
"ဟင် ကိုကို ဒီအချိန်ကြီး ဘာလာလုပ်တာလဲ"
"ငါ့ဘာသာငါ့အိမ်ငါပြန်လာတာဘာဖြစ်လဲ လာလို့မရဘူးလား"
မျက်နှာမှာနီနေပြီးဒေါသထွက်နေဟန်ရှိသည့် ထက်ကောင်းကင်သည် သူ့အခန်းထဲသို့သာဝင်သွားခဲ့ပြီးနောက်မှာကျန်နေခဲ့သည့် ပန်းသွေးတို့မယ် အူကြောင်ကြောင်ဖြင့်။
ချက်ချင်းဆိုသလို လဲ့ယဉ်ထံမှဖုန်းလာတော့ လင်မယားချင်းစကားများခြင်းကြောင့် အခုလိုဖြစ်လာခဲ့ရသည်ဆိုတာကိုသိလိုက်ရသည်၊ ပုံမှန်ဆိုသည်းခံနေကျ မမလဲ့ယဉ်နှင့်အဘယ်ကြောင့်စကားများရသည်လဲဆိုတာကိုသူဖြင့်မယုံနိုင်။
"ပန်းသွေးကို မမလဲ့ယဉ် အိမ်ကိုလိုက်ပို့ပေးပါလား"
"ဟင် ဒီအချိန်ကြီး ပြန်ရင် မိုးချုပ်နေမှာပေါ့"
"ရပါတယ် လိုက်ပို့ပေးပါ နေ၀န်းရဲ့ နော်"
ပန်းသွေးစကားဆို မငြင်းနိုင်သည့်နေ၀န်းမှာတော့ ကိုရန်နောင်နှင့်အတူ ပန်းသွေးကို လဲ့ယဉ် အိမ်သို့လိုက်ပို့ရသေးသည်၊ ထိုအိမ်ရောက်တော့ ကိုကို့၏အကျင့်အတိုင်းဒေါသထွက်လာလျှင် ပစ္စည်းများဖွထားတက်မှုကြောင့် မမလဲ့ယဉ်ကလိုက်လံရှင်းနေသည်ကိုတွေ့လိုက်ရသည်။
"ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ အကိုကော ဘာပြောသေးလဲ"
"သူ့ကိုခဏထားပါမမရယ် ဘယ်လိုဖြစ်တာလဲ နေမကောင်းဘူးလား နှုတ်ခမ်းတွေကဖြူလျော့နေတာ မျက်နှာလဲမကောင်းဘူး"
"မသိပါဘူး ပန်းသွေးလေးရယ် ဒီရက်ပိုင်းမမလဲဘာဖြစ်နေလဲမသိဘူး တစ်ခုခုဆို စိတ်ကအရင်စောနေတာ အခု အကိုနဲ့ဖြစ်တာလဲ မမပဲမှားတာပါ သူစိတ်ဆိုးမယ်သိသိကြီးနဲ့ကိုပြောမိသွားတာ"
နေ၀န်းပါ အိမ်ထဲပါလာသည့်အတွက် နေ၀န်းနှင့်သူမတို့နှစ်ယောက်အတွက် တစ်ခုခုပြင်ဆင်ပေးမည်ဟုဆိုကာ နောက်ဖေးဝင်သွားသော်လဲ ပြန်ထွက်မလာသည့်အပြင် ဘာသံမှမကြားရသောကြောင့် ပန်းသွေးနှင့်နေ၀န်းတို့နှစ်ယောက်လိုက်သွားကြည့်သည့်အခါ ရေခဲသေတ္တာရှေ့၌ လဲကျနေပါသော လဲ့ယဉ်စိမ်း။
"ဟာ...မမ မမ နေ၀န်းလုပ်ပါအုန်း မမ ဘာထြစ်တာလဲမသိဘူး"
"ပေးပေး ကိုယ်ချီလိုက်မယ် ဆေးရုံတစ်ခါထဲသွားလိုက်ရအောင်"
ဆေးရုံရောက်တော့ အားနည်းနေသည်ဟုဆိုသဖြင့် အကြောဆေးသွင်းပြီးနောက်တော့ တဖြေးဖြေးပြန်လည်သတိရလာသော လဲ့ယဉ်စိမ်း၊ သူမမျက်ဝန်းမှားပွင့်လာသည့်နောက်တော့ ပထမဆုံးခံစားမိသည့်အထိအတွေ့သည်ကား သူမ၏လက်ဖ၀ါးအားတယုတယ ကိုင်ထားသည့်ထက်ကောင်းကင်။
"သတိရလာပြီလားစိမ်း...ကိုတောင်းပန်ပါတယ်နော် ကိုစိတ်အရမ်းလောမိသွားတာ နောက်ပြီး စိမ်းမှာကိုယ့်ရင်သွေးလေးရှိနေတာကိုမသိပဲ စိမ်းကတမင်ပြဿနာရှာနေတာလို့ကိုယ်ထင်မိသွားတာ ကိုယ့်ကို ခွင့်လွှတ်ပါနော်"
"ဟင်...ဘယ်လို ဘယ်လို စိမ်းမှာ စိမ်းမှာ ရင်သွေးလေးရှိနေပြီဟုတ်လားအကို"
ပန်းသွေးတို့နှစ်ယောက် စိမ်းကိုဆေးရုံလိုက်ပို့ပေးပြီးနောက် ဆရာဝန်မှ လူနာမှာ ကိုယ်ဝန်၂ပတ်ရှိနေပြီဟုဆိုလာသည့်အခါ ချက်ချင်းပင် ကိုထက်ကိုဖုန်းဆက်ကာအသိပေးတော့ အ၀တ်အစားကပို့ကရို့ဖြင့် ဆေးရုံကိုအပြေးလာသည့်ထက်ကောင်းကင်ပါ။
အဲ့ဒီနောက်မှ လဲ့ယဉ်ဘာကြောင့် စိတ်အပြောင်းအလဲအတက်အကျအရမ်းမြန်နေရသည်ဆိုသညိကိုသိပြီးနောက် ပီတိဖြာရင်း တစ်ယောက်ထဲ မျက်ရည်ကျတော့မည့်ဆဲဆဲမျက်ရည်များကိုပုတ်ခတ်ပုတ်ခတ်လုပ်နေသည်ကို ပန်းသွေးမြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်၊ သူတို့လင်မယားကိုထားခဲ့ပြီး နေ၀န်းတို့သည်လဲ အခန်းထဲမှထွက်လာခဲ့ပြီးနောက် တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာရီမိလေရဲ့။
"ကိုကိုတို့ကအရမ်းပိုတာပဲ"
"ဘာလဲ ပန်းသွေးကအားကျနေတာလား"
ထိုစကားပြောသည့်အခါ ပန်းသွေးဘက်ကို ၀မ်းနည်းသည့်မျက်ဝန်းဟန်နှင့်လှည့်ကြည့်ကာပြောနေရှာသညိ့နေ၀န်းကိုမြင်ရသည့်အခါ သူမရင်ထဲသိမ့်ခနဲ။
သူမကိုယ်သူမဘာဖြစ်နေသည်ဆိုတာကိုမသိ သို့ပေတည်း သူမရင်ထဲမှာတော့ နေ၀န်းအတွက် နေရာအနည်းငယ်ပေးလာခဲ့ပြီဖြစ်သည်။
×
#TBC
trollZ