မနက်လင်းကြက်တွန်ချိန် ရွာကနေ ကိုဖိုးထောင်ကြီးကလှည်းနဲ့လိုက်ပို့သည်။ ကားလမ်းပေါ်ရောက်တော့ မနက်ခြောက်နာရီပင်ရှိပြီမို့ လမ်းသွားလမ်းလာတွေနှင့်အတော်လေးစည်နေပြီပင်။ လှည်းပေါ်ကနေဆင်းကာ လိုင်းကားတားစီးလိုက်ပြီး မြို့ထဲကဆေးခန်းကို ကြီးကြီးနဲ့အတူဆက်သွားလိုက်သည်။ ရွာဇော်ကိုမျိုးမင်းကမပါမဖြစ်ပေါ့။ ဒီမြို့ကလမ်းတွေကို သူပဲကျွမ်းတာမဟုတ်ပါလား။ ဘယ်နေရာမှာ ဘာရှိလဲ အတိကျသိတဲ့သူမို့ ရွာကလူတွေအတွက် ကိုမျိုးမင်းကြီးက လမ်းညွှန်စာအုပ်ကြီးပင်။
ဆေးခန်းရောက်တော့ နာမည်စားရင်းပေးပြီး ဆေးစာအုပ်လုပ်ကာ တုန်ကင်နံပါတ်ပြားယူ၍စောင့်နေရသည်။ ရှစ်နာရီလောက်ရောက်တာတောင် နံပါတ်က ဆယ့်ခြောက်မလို့ ကျောတောင့်အောင်စောင့်ရင်း
"သတိုးရှိလား သတိုး"
"အာ ဟုတ်ကဲ့ ကျွန်တော်ပါ"
"၀င်လို့ရပါပြီနော်"
ဆေးအကူကောင်မလေးစကားဆုံးတာနဲ့ လိုက်ကာစလေးကာထားတဲ့အခန်းလေးထဲ၀င်တော့ ကိုမျိုးမင်းပါလိုက်၀င်လာသည်။ ဟုတ်သား သူကလဲ ဆရာ၀န်လောင်းလျာဖြစ်ခဲ့ဖူးသည်မို့ ကြီးကြီးထက်စာရင် သူကပိုနားလည်ပေမည်။
"ကဲ သား ဘာဖြစ်တာလဲ"
အသက်လေးဆယ်ကျော်အရွယ်အမျိုးသမီးကြီးကမေးလာတော့ ဖြစ်ပျက်သမျှပြောပြရင်း ဆရာမကြီးကလဲ စိတ်ရှည်လက်ရှည်နားထောင်ရင်း သေချာစစ်ဆေးပေးနေသည်။ ကိုမျိုးမင်းကတော့ ဘာတွေတွေးနေမှန်းမသိ မျက်ခုံးတန်းတွေစုကျုံ့ပြီး တစ်ခုခုကို အလေးအနက်တွေးနေဟန်။
တအောင့်မျှကြာမှ ဆရာမကြီးက ကိုမျိုးမင်းကိုမော့ကြည့်ကာ
"လူနာကသားနဲ့ဘာတော်လဲ"
"အသိပါဒေါက်တာ"
"မိသားစု၀င်မပါဘူးလား"
"ကြီးကြီးပဲပါတယ် ဒေါက်တာ ဘာဖြစ်လို့လဲ မဟုတ်မှ ကျွန်တော်ထင်သလိုတော့မဟုတ်ဘူးမလား"
"သားလဲရိပ်မိနေသားပဲ"
"ဟုတ်ကဲ့ ကျွန်တော်ဆေးကျောင်းတက်ဖူးတော့သိပါတယ်"
"အိုကွယ် ဒါကကြုံတောင့်ကြုံခဲဖြစ်စဉ်ပဲသားရယ်"
ကိုမျိုးမင်းနဲ့ဆရာမကြီးအပြန်အလှန်ပြောနေတာတွေ ကျွန်တော်ဘာတစ်ခုမှနားမလည်။ ခုချိန်မှာ သိချင်နေတာတစ်ခုတည်း ကျွန်တော်ဘာဖြစ်နေတာလဲ။ ဘာရောဂါမလို့ နှစ်ယောက်သားအံ့ဩသလိုဖြစ်နေရတာလဲ။
"ဟိုလေ စကားဖြတ်ပြောရတာ အားနာပါတယ် ကျွန်တော်ဘာရောဂါဖြစ်တာလဲမသိဘူးဗျ"
ဆရာမကြီးက ကျွန်တော့်ဘက်လှည့်ကာ ပြုံးပြလာပြီး
"ရောဂါမဟုတ်ပါဘူးသားရယ် လာဘ်ကောင်လေးပါ အခုဆရာမပြောမယ့်စကားတွေကိုသေချာနားထောင်ပေးပြီး မေးသမျှ မရှက်ပဲဖြေပေးနော်"
"ဟုတ်ကဲ့"
"ကဲ သား အမျိုးသားတစ်ယောက်နဲ့အိပ်ဖူးလား"
"ဗျာ ဒါ ဒါက ဟုတ်ကဲ့ ကျွန်တော့်ချစ်သူက အမျိုးသားပါ"
ဒီလိုမေးလာတယ်ဆိုမှတော့ လိုအပ်လို့မေးလာမှန်း ကျွန်တော်ရိပ်မိပါသည်။ ကျွန်တော်ယောက်ျားတစ်ယောက်နဲ့အိပ်မှန်း ဆရာမကြီးဘယ်လိုသိလဲဆိုတာကိုတော့ ဒွိဟဖြစ်ရသည်။
"ဒါဆို သားချစ်သူရော"
"ကျွန်တော်တို့လမ်းခွဲလိုက်ပါပြီ"
"အို သားရယ်"
ဆရာမကြီးအသံက သနားဂရုဏာသက်ခြင်းတွေပါနေတာမို့ မျက်ရည်ပါလည်မိသည်။ ဒါကကျွန်တော်တို့လမ်းခွဲလိုက်တဲ့အပေါ် စိတ်မကောင်းဖြစ်နေခြင်းမျိုးလား။ ဘ၀မှာ မေမေနဲ့မမနှိုင်းပြီးရင် ဒီဆရာမကြီးက ကျွန်တော့်ဖြစ်တည်မှုကိုမရွံရှာပဲ စိတ်ရင်းမှန်နဲ့ ဂရုဏာသက်ပေးတဲ့ တတိယမြောက်လူသားပါ။
"ကျွန်တော်ဘာဖြစ်လို့လဲဗျ"
မေးပြီးသား မေးခွန်းဆိုပေမယ့် ထပ်မေးမိပြန်တယ်။ ဆရာမကြီးနဲ့ကိုမျိုးမင်းပုံကအထူးအဆန်းမို့ ပိသိချင်လာတာလဲမှန်ပေလိမ့်မည်။
"သား စိတ်ဓာတ်ကြံ့ခိုင်ဖို့တော့လိုတယ်နော် ဆရာမလဲ သားကပထမဆုံးလူနာဖြစ်တာကြောင့် အရမ်းစိတ်လှုပ်ရှားနေတယ်။ ဒီလိုသားရဲ့ ယုံနိုင်ဖွယ်မရှိပေမယ့် သားမှာရင်သွေးလေးရှိနေပြီသိလား ကိုယ်၀န်ကတစ်လထဲရောက်နေပြီဆိုတော့ အသွားအလာအစားအသောက်ဆင်ခြင်ပေးနော် ဆရာမအတွက်ပထမဆုံး Meal pregnant ဆိုတော့ စလယ်ဆုံး ဆရာမကြီးပဲ တာ၀န်ယူပေးချင်တယ်"
"ဗျာ ဘာကိုဆိုလိုတာ မဖြစ်နိုင်တာ ကျွန်တော်က..."
ပြောစရာစကားလုံးတို့ ဆွံ့အ၍သွားရသည်။ ကိုယ်၀န်ဆောင်တယ် ယောက်ျားလေးက တကယ်ရောကိုယ်၀န်ဆောင်နိုင်လို့လား? လျှပ်တစ်ပြက်အတွင်း ခေါင်းထဲမှအတွေးပေါင်းမြောက်မြားစွာ။
အကို့အတွက် ကလေးလေးတစ်ယောက်လောက်မွေးပေးချင်တဲ့ ဆန္ဒကတကယ်ပြည့်သွားခဲ့တာလား? အကိုသိရင်ရော ပျော်နေမလား? အပြေးအလွှား သွား၍ပြောလိုက်ချင်ပါသည် ကျွန်တော့်မှာ အကို့ရင်သွေးလေးလွယ်ထားရပြီလို့။
၀မ်းသာ၍လား အကို့ကိုသတိရသွား၍လားတော့မသိ ကျွန်တော်မျက်ရည်တွေကျနေမိသည်။
မေမေနဲ့မမနှိုင်းသာသိရင် သေချာပေါက်ပျော်နေမှာ။
"ကျွန်တော့်ကိုနောက်နေတာတော့မဟုတ်ဘူးမလား ဟင်"
သေချာပေါက်မနောက်ဘူးဆိုတာသိပေမယ့် သေချာအောင်ထပ်မေးရခြင်းပါ။ တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ အပြင်ထိထွက်မတတ်ခုန်ပေါက်နေတဲ့ ရင်ခုန်သံတွေက မည်မျှစိတ်လှုပ်ရှားနေကြောင်း သိသာလှသည်။
အဟား...ကလေးသေးသေးလေးရတော့မယ်တဲ့။ အဲ့ထက်ပိုပျော်ဖို့ကောင်းတာက အကို့ကိုယ်ပွားလေးဖြစ်နေခြင်းပါ။ နွေးထွေးစွာကြိုဆိုပါတယ်ကလေးရေ...။ ဘေးမှအကိုမရှိပေမယ့် အကို့ကိုယ်ပွားလေးကိုတော့ ဘေးမှာထားချင်မိတဲ့လောဘလေးဟာ အမှန်တကယ်ပင်ဖြစ်၍လာချေပြီ။
"သတိုး ညီလေး အဆင်ပြေရဲ့လား"
"ကျွန်တော် အဆင်ပြေပါတယ်"
"ဒါဆို ဒီကလေးကို မင်းမွေးဖို့ဆန္ဒရှိလား ကလေးအဖေကို အသိပေးဖို့ရော"
"ကျွန်တော်ဆန္ဒရှိပါတယ် ကလေးအဖေက ကျွန်တော်ပဲမို့ ကျွန်တော်တစ်ယောက်တည်းတာ၀န်ယူချင်တယ်"
"မင်းဆုံးဖြတ်ချက်မှန်ပါတယ် အစစအရာရာအတွက် အကိုကအစွန်းကုန်ကူညီပေးမှာမလို့ မင်းက ကလေးအတွက်ပဲစဉ်းစား ဟုတ်ပြီလား"
"ကျေးဇူးတင်ပါတယ်"
တကယ်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါသည်။ ထပ်ပြီးလဲ ဒီနေရာကိုလာခဲ့တာ မှန်ကန်ကြောင်း နောင်တကင်းစွာတွေးမိပြန်သည်။
××××××××××××××××××××××××
မနက်စာစားပွဲဝိုင်းကတော့ လူစုံ၍နေချေသည်။ ကိုကိုနဲ့ ဇိမ်းအပါအ၀င် ညကတည်းကမပြန်တဲ့ဟိန်းသူပါပါသည်မို့...။
"မိနှိုင်း နင့်ပေါင်မုန့်ကြက်ဥကြော်ကလဲ တူးခါးနေတာပဲ စားမဖြစ်ဘူး"
"ဟေ့ကောင် ကြိုက်ရင်စား မကြိုက်ရင်မစားနဲ့ ထမင်းစားပွဲလာပြီးစကားမများနဲ့"
"ဟ တူးလို့တူးတယ်ပြောတာပဲဗျာ အမှားပါလို့လား မိနှိုင်း ငါ့ကိုယိုဗူးနဲ့ ပေါင်မုန့်နှစ်ချက်ယူပေး"
"မင်းခြေတွေလက်တွေအကောင်းကြီးမလား ကိုယ့်ဘာကိုယ်ထယူ "
"ဟ"
"ကဲ တော်ပါတော့ဗျာ ကိုကြီးအင်ပါယာလဲတော်တော့ ဧကရာဇ် ပေါင်မုန့်နဲ့ယိုဗူးတင်မလား ငါထယူပေးမယ် စိတ်လျော့ကြ"
ကိုယ်မှ၀င်မပြောရင် မပြီးတော့မည့်ပွဲမလို့ ကြားထဲကမနေတတ်စွာပဲ ခိုင်းတာလုပ်ပေးရတော့သည်။
"နှိုင်း နင့်လူတွေဆီက ဘာသတင်းရလဲ"
ဇိမ်းအမေးကို ခေါင်းရမ်း၍သာဖြေမိသည်။ တစ်နိုင်ငံလုံးမြေလှန်ရှာနေသည့်တိုင် သတိုးအရိပ်ယောင်တောင် မတွေ့ရသည်မို့ ဇိမ်းကိုအားနာလှသည်။
ဇိမ်းနဲ့မျက်နှာချင်းဆိုင်ဖို့ အခက်တွေ့နေစဉ် ၀င်လာတဲ့ဖုန်းက ကယ်တင်ရှင်ပါ။ ခေါ်ဆိုသူကတော့ အဆောင်လေးတဲ့။
"အင်း အဆောင် ပြော"
"မမ ဒီညနေအားလား"
"အင်း အားတယ် ဘာလို့လဲ "
"သားကိုတစ်ခုလောက်ကူညီဦး"
"အဟက် အိုခေပါ"
"...."
"ဒါဆို နေ့လည်နှစ်နာရီလောက်လာခဲ့မယ်နော် ဘိုင့်ဘိုင်"
ဖုန်းချပြီးတာနဲ့ အစောကအခြေအနေနဲ့မတူ ပြုံးရွှင်စွာ ထထွက်လာခဲ့ပြီး အခန်းထဲမှာ MacBook တစ်လုံးနဲ့ အလုပ်ရှုပ်နေတော့သည်။
တစ်ဖက်ကို ညွှန်ကြားစရာရှိသည်များကိုညွှန်ကြားပြီးသည့်နောက် ကြောဆန့်လိုက်စဉ်...
"ဖြောင်း..."
"အာ့"
ကျယ်လောင်လှတဲ့အသံနဲ့အတူ ကိုကို့ညည်းသံထွက်ပေါလာခဲ့သည်။
"အာ ဆောရီး ကိုကိုကအသံမပေးဘာမပေးနဲ့ နောက်မှာဘာရပ်လုပ်နေတာတုန်း"
"လူ၀င်လာတာမသိလောက်အောင်ထိ ဘာတွေစိတ်၀င်တစားလုပ်နေလဲ သိချင်လို့ပါ"
"အွန်း နာသွားပြီ ဥုံဖွ မွမွ"
ခုထိကြမ်းပေါ် ပက်လက်နေနေတဲ့ ကိုကို့ကို ငုံ့မိုးကာ နမ်းလိုက်တော့ ကိုကို့လက်တွေက ပို၍တင်းကြပ်လာသည်။ ထို့နောက် အနမ်းတွေအစပျိုးကာ မွတ်မွတ်သိပ်သိပ်နမ်းနေရင်း လက်တွေပါကျူးကျော်လာတာကြောင့်
"တော် တော်တော့ ... တော်ပြီလေ ကိုကိုရဲ့ ထတော့ ရေချိုး အ၀တ်လဲ သဲနဲ့အတူ အပြင်လိုက်ခဲ့ရမယ်"
"ဟိုကောင်လေးက ငကြောင်ကွာ ကိုယ့်လင်ကိုယ် Surprise လုပ်တာလောက်တော့ ကိုယ့်ဘာကိုယ်လုပ်ပေါ့ ခုတော့ သဲကိုပဲ အပူလာကပ်နေတာ အာရုံပဲ"
"ကဲ သူများကိုပြောပြန်ပြီ ထတော့ ရေချိုး "
"သဲလဲမချိုးရသေးဘူးမလား တူတူချိုးမယ်ကွာ"
"ဟင့်အင်း ကိုကိုချိုးပြီးမှချိုးတော့မယ် မဟုတ်ရင်ရေချိုးခန်းထဲတင်နေ့ကူးသွားလိမ့်မယ်"
"အစောကြီး ရှိသေးတာကို လာပါကွာ"
"အာ့ ကိုကို လွှတ်လို့ ဟာ့"
ပြောမရစွာနဲ့ ပခုံးပေါ်ကထမ်းကာ ရေချိုးခန်းဆီခေါ်လာတဲ့ကိုကိုပါ။ အိမ်ထောင်သက် သုံးနှစ်နီးပါးကြာလာသည့်တိုင် အချစ်တွေကလတ်ဆတ်မြဲ ချိုမြိန်နေဆဲ...။
××××××××××××××××××××××××××
"ဟာ ငါ့ညီ ဘာလုပ်နေတာလဲ လူကမပေါ့မပါးကြီးနဲ့ကိုကွာ အဲ့ပေါက်ဆိန် လက်ထဲကခုချလိုက်"
ညနေပိုင်းပျင်းသလိုရှိတာနဲ့ အိမ်ရှေ့ကထင်းတွေခွဲမယ်ကြံနေကာမှ ခြံ၀ကနေ အလောတကြီးပြေး၀င်လာပြီး အော်ပြောလာတဲ့ ကိုမျိုးမင်းကြောင့် လက်ထဲကပေါက်ဆိန်ကို အလန့်တကြားလွှတ်ချမိသည်အထိ။
"ဟာ ကိုမျိုးမင်းကြီးကလဲ လန့်တာဗျာ ကျွန်တော့်ကိုယ်၀န်ကဖြင့် တစ်လကျော်ကျော်ပဲရှိသေးတာကို ဒီလောက်ကတော့ လုပ်နိုင်ပါသေးတယ်ဗျ"
"လုပ်နိုင်တယ်ဆိုတိုင်းလျှောက်လုပ်မနေနဲ့ မွေးဖွားခါနီးမှအခက်တွေ့နေမယ် ပြီးတော့ မင်းကယောက်ျားလေးကိုယ်၀န်ဆောင်သည် ပုံမှန်ထက်အများကြီးဂရုစိုက်ရမှာ အရာရာပေါ့ပေါ့လေးမတွေးနဲ့ အစစအရာရာဂရုစိုက်မှပေါ့ ငါ့ညီရဲ့ "
"ဟုတ်ကဲ့ပါဗျာ ကျွန်တော်က ကိုမျိုးမင်းကိုအားနာလို့ပါ အကုန်လုံးကို ကိုကြီးကပဲလာလုပ်ပေးနေတာဆိုတော့ ပတ်၀န်းကျင်အမြင်လဲမသင့်တော်ဘူးလေ ကိုကြီးရ ပြီးတော့ ကျွန်တော်ကိုယ်၀န်ဆောင်ထားမှန်း လူတိုင်းကသိနေတော့ နည်းနည်းတော့အမ်းတမ်းတမ်းနေတယ်ဗျ"
"အို ဒါတွေအရေးစိုက်စရာလား အဓိကက မင်းဗိုက်ထဲကကလေးလေး ကျန်းကျန်းမာမာနဲ့မွေးဖွားလာဖို့ပဲ ပတ်၀န်းကျင်ဆိုတာ ဒီလိုပါပဲ ဂရုစိုက်မနေနဲ့"
"ဟုတ်ကဲ့ ကျေးဇူးပါအကို"
ကလေးလေးမွေးလာရင်တော့ ကျွန်တော်ကတစ်လှည့် ဒီကျေးဇူးရှင်ကြီးကို ပြန်အလုပ်အကျွေးပြုပေဦးမည်။ သူ့ကျေးဇူးတွေက ကျွန်တော့်အပေါ် ဆပ်လို့မကုန်နိုင်အောင်များလွန်းသည်မို့ ။
ပတ်၀န်းကျင်က သို့လော သို့လောပြောနေကြတာကို အမေလာပြောလို့ ကျွန်တော်သိပါသည်။ သို့ပေမယ့် ပတ်၀န်းကျင်ကြောင့်ဆိုတဲ့ စကားလုံးနဲ့တော့ ဒီနုနုနယ်နယ်ကောင်လေးကို လျစ်လျူမရှုနိုင်ပါ။ ကြီးကြီးကလဲ အသက်ကြီးနေပြီဖြစ်သလို ကောင်လေးကလဲ ခပ်ငယ်ငယ်မို့ ဘာမှမလုပ်တတ်မကိုင်တတ်နဲ့။ ဒီကြားထဲ ကိုယ်၀န်ကပါဆောင်ထားရသေး။ ယောက်ျားလေး ကိုယ်၀န်ဆောင်က ဖြစ်ခဲပြီး ဘယ်လောက်ခက်ခဲသည်ဆိုတာကို စာထဲ၌သင်ခဲ့ဖူးသည်မို့ ဒီကလေးကို ကျွန်တော် အစွန်းကုန်ကာကွယ်ပေးမှဖြစ်မည်။
"သွား ကွပ်ပျစ်ပေါ်သွားထိုင်နေ ဒီထင်းတွေ အကိုခွဲလိုက်မယ်"
"မဟုတ်တာဗျာ ကိုမျိုးမင်းက ခုမှလယ်ထဲကပြန်လာတာမလား မလုပ်ပါနဲ့"
"ကဲ သွားထိုင်နေဆိုတာကို စကားများတာကွာ ဒီလောက်လေးနဲ့တော့ ထူးပြီး မပင်ပန်းတော့ဘူး ခဏနေ ရွာထိပ်ထိလမ်းလျှောက်ထွက်ရအောင် လိုက်ပို့ပေးမယ်"
"ဟုတ်ကဲ့အကို"
လမ်းများများလျှောက်လျှင် မွေးဖွားရလွယ်သည်ဆို၍ ကိုမျိုးမင်းက ညနေတိုင်း လမ်းလျှောက်ဖို့လာခေါ်သည်။ ကိုမျိုးမင်းအမေကလဲ ခုကတည်းက ဆနွင်းခါးလုံးလေးတွေလုံးပေးပြီးသောက်ခိုင်းထားတာမို့ အနံ့နဲ့အရသာကို မကြိုက်သော်လဲ ဗိုက်ထဲကကလေးအတွက်ဟုသာတွေးပြီး ကြိတ်မှိတ်၍မြိုချရသည်။
"ဒါနဲ့ အမေပေးထားတဲ့ ဆနွင်းခါးတွေရောသောက်ရဲ့လား"
"သောက်ပါတယ်ဗျာ မဟုတ်တောင်ကြီးကြီးကအမြဲသောက်ခိုင်းနေလို့ မေ့ချင်ယောင်ဆောင်လို့တောင်မရဘူးဗျ"
"ကလေးအတွက်ပဲကွာ သောက်ရမှာမပျင်းနဲ့"
"ဟုတ်"
တစ်ယောက်ကထင်းခုတ်ရင်း တစ်ယောက်ကကွတ်ပျစ်ပေါ်ထိုင်နေရင်း စကားတွေပြောနေမိတာ ပတ်၀န်းကျင်ကိုတောင်မေ့လျော့တဲ့အထိ။
ကြီးကြီးပြောသလိုပဲ ကိုယ်မှန်ရင်ဘာမှဂရုမစိုက်နဲ့တဲ့။ ခုလည်း ကျွန်တော်တို့ကိုယ်တိုင်ဖြူစင်တာသိသည်မို့ ပတ်၀န်းကျင်ကမည်သိုဘဆိုစေ ဂုမစိုက်တော့ပါ။
"သားရေ ဟော မောင်မျိုးမင်းလဲရောက်နေပါလား ထမင်းစားပြီးမှပြန်နော် သား မမမြအေးကိုလဲပြောလိုက်ပါဦး အားရင်ဒီဘက်လှည့်ခဲ့ပါဦးလို့"
"ဟုတ်ကဲ့ပါကြီးကြီးရေ ခုတော့ အမေက သတိုးမွေးမယ့်ကလေးကို ဘာလေးလဲသိချင်လွန်းလို့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတာ ကာယကံရှင်ထက် သူကပိုပြီးရင်ခုန်နေသေးတာ ဟီး"
"ဟုတ်ပါ့တော် ကျုပ်လဲသိချင်တာ တစ်ပိုင်းသေနေပြီ ကြည့်လို့မရသေးလို့သာ"
စကားတပြောပြောနဲ့ နေစောင်းလို့စောင်းမှန်းပင်မသိ။
"ဟော အချိန်ကအကုန်မြန်လိုက်တာတော် ခဏနေရင်၀င်ခဲ့ကြတော့နော် ထမင်းစားမယ်"
ကြီးကြီးက ပြောပြောဆိုဆိုနှင့်ပင် မီးဖိုခန်းထဲ၀င်သွားသည်။ ထိုမှကိုမျိုးမင်းက ချွေးတိတ်အောင်ခဏနားကာ
"ကဲ စကားကောင်းနေတာနဲ့ မှောင်သွားပြီ ဒီနေတော့ ဟိုနားတင် သုံးလေးခေါက်လောက်လျှောက်ကြတာပေါ့"
"ဟုတ်"
လမ်းလျှောက်နေစဉ် ကိုမျိုးမင်းက သားလေးလိုချင်တာလား သမီးလေးလိုချင်တာလားတဲ့။ ဟုတ်သား အဓိကအချက်ကိုကျွန်တော်မေ့သွားတယ်။ ဖြစ်နိုင်ရင် ဇိမ်းဧကရာဇ်ဆိုတဲ့သူနဲ့တူတဲ့ သားလေးလိုချင်ပေမယ့် သမီးလေးဆိုလဲ ချစ်မှာပင်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်ရသူရဲ့ အသွေးအသားမို့ ကျွန်တော်ကတော့ ဘာလေးမွေးလာမွေးလာ အကန့်အသတ်မရှိ ချစ်ပေးမည်သာ။
.........................................
မနက္လင္းၾကက္တြန္ခ်ိန္ ႐ြာကေန ကိုဖိုးေထာင္ႀကီးကလွည္းနဲ႕လိုက္ပို႔သည္။ ကားလမ္းေပၚေရာက္ေတာ့ မနက္ေျခာက္နာရီပင္ရွိၿပီမို႔ လမ္းသြားလမ္းလာေတြႏွင့္အေတာ္ေလးစည္ေနၿပီပင္။ လွည္းေပၚကေနဆင္းကာ လိုင္းကားတားစီးလိုက္ၿပီး ၿမိဳ႕ထဲကေဆးခန္းကို ႀကီးႀကီးနဲ႕အတူဆက္သြားလိုက္သည္။ ႐ြာေဇာ္ကိုမ်ိဳးမင္းကမပါမျဖစ္ေပါ့။ ဒီၿမိဳ႕ကလမ္းေတြကို သူပဲကြၽမ္းတာမဟုတ္ပါလား။ ဘယ္ေနရာမွာ ဘာရွိလဲ အတိက်သိတဲ့သူမို႔ ႐ြာကလူေတြအတြက္ ကိုမ်ိဳးမင္းႀကီးက လမ္းၫႊန္စာအုပ္ႀကီးပင္။
ေဆးခန္းေရာက္ေတာ့ နာမည္စားရင္းေပးၿပီး ေဆးစာအုပ္လုပ္ကာ တုန္ကင္နံပါတ္ျပားယူ၍ေစာင့္ေနရသည္။ ရွစ္နာရီေလာက္ေရာက္တာေတာင္ နံပါတ္က ဆယ့္ေျခာက္မလို႔ ေက်ာေတာင့္ေအာင္ေစာင့္ရင္း
"သတိုးရွိလား သတိုး"
"အာ ဟုတ္ကဲ့ ကြၽန္ေတာ္ပါ"
"၀င္လို႔ရပါၿပီေနာ္"
ေဆးအကူေကာင္မေလးစကားဆုံးတာနဲ႕ လိုက္ကာစေလးကာထားတဲ့အခန္းေလးထဲ၀င္ေတာ့ ကိုမ်ိဳးမင္းပါလိုက္၀င္လာသည္။ ဟုတ္သား သူကလဲ ဆရာ၀န္ေလာင္းလ်ာျဖစ္ခဲ့ဖူးသည္မို႔ ႀကီးႀကီးထက္စာရင္ သူကပိုနားလည္ေပမည္။
"ကဲ သား ဘာျဖစ္တာလဲ"
အသက္ေလးဆယ္ေက်ာ္အ႐ြယ္အမ်ိဳးသမီးႀကီးကေမးလာေတာ့ ျဖစ္ပ်က္သမွ်ေျပာျပရင္း ဆရာမႀကီးကလဲ စိတ္ရွည္လက္ရွည္နားေထာင္ရင္း ေသခ်ာစစ္ေဆးေပးေနသည္။ ကိုမ်ိဳးမင္းကေတာ့ ဘာေတြေတြးေနမွန္းမသိ မ်က္ခုံးတန္းေတြစုက်ဳံ႕ၿပီး တစ္ခုခုကို အေလးအနက္ေတြးေနဟန္။
တေအာင့္မွ်ၾကာမွ ဆရာမႀကီးက ကိုမ်ိဳးမင္းကိုေမာ့ၾကည့္ကာ
"လူနာကသားနဲ႕ဘာေတာ္လဲ"
"အသိပါေဒါက္တာ"
"မိသားစု၀င္မပါဘူးလား"
"ႀကီးႀကီးပဲပါတယ္ ေဒါက္တာ ဘာျဖစ္လို႔လဲ မဟုတ္မွ ကြၽန္ေတာ္ထင္သလိုေတာ့မဟုတ္ဘူးမလား"
"သားလဲရိပ္မိေနသားပဲ"
"ဟုတ္ကဲ့ ကြၽန္ေတာ္ေဆးေက်ာင္းတက္ဖူးေတာ့သိပါတယ္"
"အိုကြယ္ ဒါကႀကဳံေတာင့္ႀကဳံခဲျဖစ္စဥ္ပဲသားရယ္"
ကိုမ်ိဳးမင္းနဲ႕ဆရာမႀကီးအျပန္အလွန္ေျပာေနတာေတြ ကြၽန္ေတာ္ဘာတစ္ခုမွနားမလည္။ ခုခ်ိန္မွာ သိခ်င္ေနတာတစ္ခုတည္း ကြၽန္ေတာ္ဘာျဖစ္ေနတာလဲ။ ဘာေရာဂါမလို႔ ႏွစ္ေယာက္သားအံ့ဩသလိုျဖစ္ေနရတာလဲ။
"ဟိုေလ စကားျဖတ္ေျပာရတာ အားနာပါတယ္ ကြၽန္ေတာ္ဘာေရာဂါျဖစ္တာလဲမသိဘူးဗ်"
ဆရာမႀကီးက ကြၽန္ေတာ့္ဘက္လွည့္ကာ ၿပဳံးျပလာၿပီး
"ေရာဂါမဟုတ္ပါဘူးသားရယ္ လာဘ္ေကာင္ေလးပါ အခုဆရာမေျပာမယ့္စကားေတြကိုေသခ်ာနားေထာင္ေပးၿပီး ေမးသမွ် မရွက္ပဲေျဖေပးေနာ္"
"ဟုတ္ကဲ့"
"ကဲ သား အမ်ိဳးသားတစ္ေယာက္နဲ႕အိပ္ဖူးလား"
"ဗ်ာ ဒါ ဒါက ဟုတ္ကဲ့ ကြၽန္ေတာ့္ခ်စ္သူက အမ်ိဳးသားပါ"
ဒီလိုေမးလာတယ္ဆိုမွေတာ့ လိုအပ္လို႔ေမးလာမွန္း ကြၽန္ေတာ္ရိပ္မိပါသည္။ ကြၽန္ေတာ္ေယာက္်ားတစ္ေယာက္နဲ႕အိပ္မွန္း ဆရာမႀကီးဘယ္လိုသိလဲဆိုတာကိုေတာ့ ဒြိဟျဖစ္ရသည္။
"ဒါဆို သားခ်စ္သူေရာ"
"ကြၽန္ေတာ္တို႔လမ္းခြဲလိုက္ပါၿပီ"
"အို သားရယ္"
ဆရာမႀကီးအသံက သနားဂ႐ုဏာသက္ျခင္းေတြပါေနတာမို႔ မ်က္ရည္ပါလည္မိသည္။ ဒါကကြၽန္ေတာ္တို႔လမ္းခြဲလိုက္တဲ့အေပၚ စိတ္မေကာင္းျဖစ္ေနျခင္းမ်ိဳးလား။ ဘ၀မွာ ေမေမနဲ႕မမႏွိုင္းၿပီးရင္ ဒီဆရာမႀကီးက ကြၽန္ေတာ့္ျဖစ္တည္မႈကိုမ႐ြံရွာပဲ စိတ္ရင္းမွန္နဲ႕ ဂ႐ုဏာသက္ေပးတဲ့ တတိယေျမာက္လူသားပါ။
"ကြၽန္ေတာ္ဘာျဖစ္လို႔လဲဗ်"
ေမးၿပီးသား ေမးခြန္းဆိုေပမယ့္ ထပ္ေမးမိျပန္တယ္။ ဆရာမႀကီးနဲ႕ကိုမ်ိဳးမင္းပုံကအထူးအဆန္းမို႔ ပိသိခ်င္လာတာလဲမွန္ေပလိမ့္မည္။
"သား စိတ္ဓာတ္ႀကံ့ခိုင္ဖို႔ေတာ့လိုတယ္ေနာ္ ဆရာမလဲ သားကပထမဆုံးလူနာျဖစ္တာေၾကာင့္ အရမ္းစိတ္လႈပ္ရွားေနတယ္။ ဒီလိုသားရဲ႕ ယုံနိုင္ဖြယ္မရွိေပမယ့္ သားမွာရင္ေသြးေလးရွိေနၿပီသိလား ကိုယ္၀န္ကတစ္လထဲေရာက္ေနၿပီဆိုေတာ့ အသြားအလာအစားအေသာက္ဆင္ျခင္ေပးေနာ္ ဆရာမအတြက္ပထမဆုံး Meal pregnant ဆိုေတာ့ စလယ္ဆုံး ဆရာမႀကီးပဲ တာ၀န္ယူေပးခ်င္တယ္"
"ဗ်ာ ဘာကိုဆိုလိုတာ မျဖစ္နိုင္တာ ကြၽန္ေတာ္က..."
ေျပာစရာစကားလုံးတို႔ ဆြံ႕အ၍သြားရသည္။ ကိုယ္၀န္ေဆာင္တယ္ ေယာက္်ားေလးက တကယ္ေရာကိုယ္၀န္ေဆာင္နိုင္လို႔လား? လွ်ပ္တစ္ျပက္အတြင္း ေခါင္းထဲမွအေတြးေပါင္းေျမာက္ျမားစြာ။
အကို႔အတြက္ ကေလးေလးတစ္ေယာက္ေလာက္ေမြးေပးခ်င္တဲ့ ဆႏၵကတကယ္ျပည့္သြားခဲ့တာလား? အကိုသိရင္ေရာ ေပ်ာ္ေနမလား? အေျပးအလႊား သြား၍ေျပာလိုက္ခ်င္ပါသည္ ကြၽန္ေတာ့္မွာ အကို႔ရင္ေသြးေလးလြယ္ထားရၿပီလို႔။
၀မ္းသာ၍လား အကို႔ကိုသတိရသြား၍လားေတာ့မသိ ကြၽန္ေတာ္မ်က္ရည္ေတြက်ေနမိသည္။
ေမေမနဲ႕မမႏွိုင္းသာသိရင္ ေသခ်ာေပါက္ေပ်ာ္ေနမွာ။
"ကြၽန္ေတာ့္ကိုေနာက္ေနတာေတာ့မဟုတ္ဘူးမလား ဟင္"
ေသခ်ာေပါက္မေနာက္ဘူးဆိုတာသိေပမယ့္ ေသခ်ာေအာင္ထပ္ေမးရျခင္းပါ။ တဒုန္းဒုန္းတဒိုင္းဒိုင္းနဲ႕ အျပင္ထိထြက္မတတ္ခုန္ေပါက္ေနတဲ့ ရင္ခုန္သံေတြက မည္မွ်စိတ္လႈပ္ရွားေနေၾကာင္း သိသာလွသည္။
အဟား...ကေလးေသးေသးေလးရေတာ့မယ္တဲ့။ အဲ့ထက္ပိုေပ်ာ္ဖို႔ေကာင္းတာက အကို႔ကိုယ္ပြားေလးျဖစ္ေနျခင္းပါ။ ႏြေးေထြးစြာႀကိဳဆိုပါတယ္ကေလးေရ...။ ေဘးမွအကိုမရွိေပမယ့္ အကို႔ကိုယ္ပြားေလးကိုေတာ့ ေဘးမွာထားခ်င္မိတဲ့ေလာဘေလးဟာ အမွန္တကယ္ပင္ျဖစ္၍လာေခ်ၿပီ။
"သတိုး ညီေလး အဆင္ေျပရဲ႕လား"
"ကြၽန္ေတာ္ အဆင္ေျပပါတယ္"
"ဒါဆို ဒီကေလးကို မင္းေမြးဖို႔ဆႏၵရွိလား ကေလးအေဖကို အသိေပးဖို႔ေရာ"
"ကြၽန္ေတာ္ဆႏၵရွိပါတယ္ ကေလးအေဖက ကြၽန္ေတာ္ပဲမို႔ ကြၽန္ေတာ္တစ္ေယာက္တည္းတာ၀န္ယူခ်င္တယ္"
"မင္းဆုံးျဖတ္ခ်က္မွန္ပါတယ္ အစစအရာရာအတြက္ အကိုကအစြန္းကုန္ကူညီေပးမွာမလို႔ မင္းက ကေလးအတြက္ပဲစဥ္းစား ဟုတ္ၿပီလား"
"ေက်းဇူးတင္ပါတယ္"
တကယ္ကို လွိုက္လွိုက္လွဲလွဲေက်းဇူးတင္မိပါသည္။ ထပ္ၿပီးလဲ ဒီေနရာကိုလာခဲ့တာ မွန္ကန္ေၾကာင္း ေနာင္တကင္းစြာေတြးမိျပန္သည္။
××××××××××××××××××××××××
မနက္စာစားပြဲဝိုင္းကေတာ့ လူစုံ၍ေနေခ်သည္။ ကိုကိုနဲ႕ ဇိမ္းအပါအ၀င္ ညကတည္းကမျပန္တဲ့ဟိန္းသူပါပါသည္မို႔...။
"မိႏွိုင္း နင့္ေပါင္မုန႔္ၾကက္ဥေၾကာ္ကလဲ တူးခါးေနတာပဲ စားမျဖစ္ဘူး"
"ေဟ့ေကာင္ ႀကိဳက္ရင္စား မႀကိဳက္ရင္မစားနဲ႕ ထမင္းစားပြဲလာၿပီးစကားမမ်ားနဲ႕"
"ဟ တူးလို႔တူးတယ္ေျပာတာပဲဗ်ာ အမွားပါလို႔လား မိႏွိုင္း ငါ့ကိုယိုဗူးနဲ႕ ေပါင္မုန႔္ႏွစ္ခ်က္ယူေပး"
"မင္းေျခေတြလက္ေတြအေကာင္းႀကီးမလား ကိုယ့္ဘာကိုယ္ထယူ "
"ဟ"
"ကဲ ေတာ္ပါေတာ့ဗ်ာ ကိုႀကီးအင္ပါယာလဲေတာ္ေတာ့ ဧကရာဇ္ ေပါင္မုန႔္နဲ႕ယိုဗူးတင္မလား ငါထယူေပးမယ္ စိတ္ေလ်ာ့ၾက"
ကိုယ္မွ၀င္မေျပာရင္ မၿပီးေတာ့မည့္ပြဲမလို႔ ၾကားထဲကမေနတတ္စြာပဲ ခိုင္းတာလုပ္ေပးရေတာ့သည္။
"ႏွိုင္း နင့္လူေတြဆီက ဘာသတင္းရလဲ"
ဇိမ္းအေမးကို ေခါင္းရမ္း၍သာေျဖမိသည္။ တစ္နိုင္ငံလုံးေျမလွန္ရွာေနသည့္တိုင္ သတိုးအရိပ္ေယာင္ေတာင္ မေတြ႕ရသည္မို႔ ဇိမ္းကိုအားနာလွသည္။
ဇိမ္းနဲ႕မ်က္ႏွာခ်င္းဆိုင္ဖို႔ အခက္ေတြ႕ေနစဥ္ ၀င္လာတဲ့ဖုန္းက ကယ္တင္ရွင္ပါ။ ေခၚဆိုသူကေတာ့ အေဆာင္ေလးတဲ့။
"အင္း အေဆာင္ ေျပာ"
"မမ ဒီညေနအားလား"
"အင္း အားတယ္ ဘာလို႔လဲ "
"သားကိုတစ္ခုေလာက္ကူညီဦး"
"အဟက္ အိုေခပါ"
"...."
"ဒါဆို ေန႕လည္ႏွစ္နာရီေလာက္လာခဲ့မယ္ေနာ္ ဘိုင့္ဘိုင္"
ဖုန္းခ်ၿပီးတာနဲ႕ အေစာကအေျခအေနနဲ႕မတူ ၿပဳံး႐ႊင္စြာ ထထြက္လာခဲ့ၿပီး အခန္းထဲမွာ MacBook တစ္လုံးနဲ႕ အလုပ္ရႈပ္ေနေတာ့သည္။
တစ္ဖက္ကို ၫႊန္ၾကားစရာရွိသည္မ်ားကိုၫႊန္ၾကားၿပီးသည့္ေနာက္ ေၾကာဆန႔္လိုက္စဥ္...
"ေျဖာင္း..."
"အာ့"
က်ယ္ေလာင္လွတဲ့အသံနဲ႕အတူ ကိုကို႔ညည္းသံထြက္ေပါလာခဲ့သည္။
"အာ ေဆာရီး ကိုကိုကအသံမေပးဘာမေပးနဲ႕ ေနာက္မွာဘာရပ္လုပ္ေနတာတုန္း"
"လူ၀င္လာတာမသိေလာက္ေအာင္ထိ ဘာေတြစိတ္၀င္တစားလုပ္ေနလဲ သိခ်င္လို႔ပါ"
"အြန္း နာသြားၿပီ ၪုံဖြ မြမြ"
ခုထိၾကမ္းေပၚ ပက္လက္ေနေနတဲ့ ကိုကို႔ကို ငုံ႕မိုးကာ နမ္းလိုက္ေတာ့ ကိုကို႔လက္ေတြက ပို၍တင္းၾကပ္လာသည္။ ထို႔ေနာက္ အနမ္းေတြအစပ်ိဳးကာ မြတ္မြတ္သိပ္သိပ္နမ္းေနရင္း လက္ေတြပါက်ဴးေက်ာ္လာတာေၾကာင့္
"ေတာ္ ေတာ္ေတာ့ ... ေတာ္ၿပီေလ ကိုကိုရဲ႕ ထေတာ့ ေရခ်ိဳး အ၀တ္လဲ သဲနဲ႕အတူ အျပင္လိုက္ခဲ့ရမယ္"
"ဟိုေကာင္ေလးက ငေၾကာင္ကြာ ကိုယ့္လင္ကိုယ္ Surprise လုပ္တာေလာက္ေတာ့ ကိုယ့္ဘာကိုယ္လုပ္ေပါ့ ခုေတာ့ သဲကိုပဲ အပူလာကပ္ေနတာ အာ႐ုံပဲ"
"ကဲ သူမ်ားကိုေျပာျပန္ၿပီ ထေတာ့ ေရခ်ိဳး "
"သဲလဲမခ်ိဳးရေသးဘူးမလား တူတူခ်ိဳးမယ္ကြာ"
"ဟင့္အင္း ကိုကိုခ်ိဳးၿပီးမွခ်ိဳးေတာ့မယ္ မဟုတ္ရင္ေရခ်ိဳးခန္းထဲတင္ေန႕ကူးသြားလိမ့္မယ္"
"အေစာႀကီး ရွိေသးတာကို လာပါကြာ"
"အာ့ ကိုကို လႊတ္လို႔ ဟာ့"
ေျပာမရစြာနဲ႕ ပခုံးေပၚကထမ္းကာ ေရခ်ိဳးခန္းဆီေခၚလာတဲ့ကိုကိုပါ။ အိမ္ေထာင္သက္ သုံးႏွစ္နီးပါးၾကာလာသည့္တိုင္ အခ်စ္ေတြကလတ္ဆတ္ၿမဲ ခ်ိဳၿမိန္ေနဆဲ...။
××××××××××××××××××××××××××
"ဟာ ငါ့ညီ ဘာလုပ္ေနတာလဲ လူကမေပါ့မပါးႀကီးနဲ႕ကိုကြာ အဲ့ေပါက္ဆိန္ လက္ထဲကခုခ်လိဳက္"
ညေနပိုင္းပ်င္းသလိုရွိတာနဲ႕ အိမ္ေရွ႕ကထင္းေတြခြဲမယ္ႀကံေနကာမွ ၿခံ၀ကေန အေလာတႀကီးေျပး၀င္လာၿပီး ေအာ္ေျပာလာတဲ့ ကိုမ်ိဳးမင္းေၾကာင့္ လက္ထဲကေပါက္ဆိန္ကို အလန႔္တၾကားလႊတ္ခ်မိသည္အထိ။
"ဟာ ကိုမ်ိဳးမင္းႀကီးကလဲ လန႔္တာဗ်ာ ကြၽန္ေတာ့္ကိုယ္၀န္ကျဖင့္ တစ္လေက်ာ္ေက်ာ္ပဲရွိေသးတာကို ဒီေလာက္ကေတာ့ လုပ္နိုင္ပါေသးတယ္ဗ်"
"လုပ္နိုင္တယ္ဆိုတိုင္းေလွ်ာက္လုပ္မေနနဲ႕ ေမြးဖြားခါနီးမွအခက္ေတြ႕ေနမယ္ ၿပီးေတာ့ မင္းကေယာက္်ားေလးကိုယ္၀န္ေဆာင္သည္ ပုံမွန္ထက္အမ်ားႀကီးဂ႐ုစိုက္ရမွာ အရာရာေပါ့ေပါ့ေလးမေတြးနဲ႕ အစစအရာရာဂ႐ုစိုက္မွေပါ့ ငါ့ညီရဲ႕ "
"ဟုတ္ကဲ့ပါဗ်ာ ကြၽန္ေတာ္က ကိုမ်ိဳးမင္းကိုအားနာလို႔ပါ အကုန္လုံးကို ကိုႀကီးကပဲလာလုပ္ေပးေနတာဆိုေတာ့ ပတ္၀န္းက်င္အျမင္လဲမသင့္ေတာ္ဘူးေလ ကိုႀကီးရ ၿပီးေတာ့ ကြၽန္ေတာ္ကိုယ္၀န္ေဆာင္ထားမွန္း လူတိုင္းကသိေနေတာ့ နည္းနည္းေတာ့အမ္းတမ္းတမ္းေနတယ္ဗ်"
"အို ဒါေတြအေရးစိုက္စရာလား အဓိကက မင္းဗိုက္ထဲကကေလးေလး က်န္းက်န္းမာမာနဲ႕ေမြးဖြားလာဖို႔ပဲ ပတ္၀န္းက်င္ဆိုတာ ဒီလိုပါပဲ ဂ႐ုစိုက္မေနနဲ႕"
"ဟုတ္ကဲ့ ေက်းဇူးပါအကို"
ကေလးေလးေမြးလာရင္ေတာ့ ကြၽန္ေတာ္ကတစ္လွည့္ ဒီေက်းဇူးရွင္ႀကီးကို ျပန္အလုပ္အေကြၽးျပဳေပဦးမည္။ သူ႕ေက်းဇူးေတြက ကြၽန္ေတာ့္အေပၚ ဆပ္လို႔မကုန္နိုင္ေအာင္မ်ားလြန္းသည္မို႔ ။
ပတ္၀န္းက်င္က သို႔ေလာ သို႔ေလာေျပာေနၾကတာကို အေမလာေျပာလို႔ ကြၽန္ေတာ္သိပါသည္။ သို႔ေပမယ့္ ပတ္၀န္းက်င္ေၾကာင့္ဆိုတဲ့ စကားလုံးနဲ႕ေတာ့ ဒီႏုႏုနယ္နယ္ေကာင္ေလးကို လ်စ္လ်ဴမရႈနိုင္ပါ။ ႀကီးႀကီးကလဲ အသက္ႀကီးေနၿပီျဖစ္သလို ေကာင္ေလးကလဲ ခပ္ငယ္ငယ္မို႔ ဘာမွမလုပ္တတ္မကိုင္တတ္နဲ႕။ ဒီၾကားထဲ ကိုယ္၀န္ကပါေဆာင္ထားရေသး။ ေယာက္်ားေလး ကိုယ္၀န္ေဆာင္က ျဖစ္ခဲၿပီး ဘယ္ေလာက္ခက္ခဲသည္ဆိုတာကို စာထဲ၌သင္ခဲ့ဖူးသည္မို႔ ဒီကေလးကို ကြၽန္ေတာ္ အစြန္းကုန္ကာကြယ္ေပးမွျဖစ္မည္။
"သြား ကြပ္ပ်စ္ေပၚသြားထိုင္ေန ဒီထင္းေတြ အကိုခြဲလိုက္မယ္"
"မဟုတ္တာဗ်ာ ကိုမ်ိဳးမင္းက ခုမွလယ္ထဲကျပန္လာတာမလား မလုပ္ပါနဲ႕"
"ကဲ သြားထိုင္ေနဆိုတာကို စကားမ်ားတာကြာ ဒီေလာက္ေလးနဲ႕ေတာ့ ထူးၿပီး မပင္ပန္းေတာ့ဘူး ခဏေန ႐ြာထိပ္ထိလမ္းေလွ်ာက္ထြက္ရေအာင္ လိုက္ပို႔ေပးမယ္"
"ဟုတ္ကဲ့အကို"
လမ္းမ်ားမ်ားေလွ်ာက္လွ်င္ ေမြးဖြားရလြယ္သည္ဆို၍ ကိုမ်ိဳးမင္းက ညေနတိုင္း လမ္းေလွ်ာက္ဖို႔လာေခၚသည္။ ကိုမ်ိဳးမင္းအေမကလဲ ခုကတည္းက ဆႏြင္းခါးလုံးေလးေတြလုံးေပးၿပီးေသာက္ခိုင္းထားတာမို႔ အနံ႕နဲ႕အရသာကို မႀကိဳက္ေသာ္လဲ ဗိုက္ထဲကကေလးအတြက္ဟုသာေတြးၿပီး ႀကိတ္မွိတ္၍ၿမိဳခ်ရသည္။
"ဒါနဲ႕ အေမေပးထားတဲ့ ဆႏြင္းခါးေတြေရာေသာက္ရဲ႕လား"
"ေသာက္ပါတယ္ဗ်ာ မဟုတ္ေတာင္ႀကီးႀကီးကအၿမဲေသာက္ခိုင္းေနလို႔ ေမ့ခ်င္ေယာင္ေဆာင္လို႔ေတာင္မရဘူးဗ်"
"ကေလးအတြက္ပဲကြာ ေသာက္ရမွာမပ်င္းနဲ႕"
"ဟုတ္"
တစ္ေယာက္ကထင္းခုတ္ရင္း တစ္ေယာက္ကကြတ္ပ်စ္ေပၚထိုင္ေနရင္း စကားေတြေျပာေနမိတာ ပတ္၀န္းက်င္ကိုေတာင္ေမ့ေလ်ာ့တဲ့အထိ။
ႀကီးႀကီးေျပာသလိုပဲ ကိုယ္မွန္ရင္ဘာမွဂ႐ုမစိုက္နဲ႕တဲ့။ ခုလည္း ကြၽန္ေတာ္တို႔ကိုယ္တိုင္ျဖဴစင္တာသိသည္မို႔ ပတ္၀န္းက်င္ကမည္သိုဘဆိုေစ ဂုမစိုက္ေတာ့ပါ။
"သားေရ ေဟာ ေမာင္မ်ိဳးမင္းလဲေရာက္ေနပါလား ထမင္းစားၿပီးမွျပန္ေနာ္ သား မမျမေအးကိုလဲေျပာလိုက္ပါဦး အားရင္ဒီဘက္လွည့္ခဲ့ပါဦးလို႔"
"ဟုတ္ကဲ့ပါႀကီးႀကီးေရ ခုေတာ့ အေမက သတိုးေမြးမယ့္ကေလးကို ဘာေလးလဲသိခ်င္လြန္းလို႔ ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနတာ ကာယကံရွင္ထက္ သူကပိုၿပီးရင္ခုန္ေနေသးတာ ဟီး"
"ဟုတ္ပါ့ေတာ္ က်ဳပ္လဲသိခ်င္တာ တစ္ပိုင္းေသေနၿပီ ၾကည့္လို႔မရေသးလို႔သာ"
စကားတေျပာေျပာနဲ႕ ေနေစာင္းလို႔ေစာင္းမွန္းပင္မသိ။
"ေဟာ အခ်ိန္ကအကုန္ျမန္လိုက္တာေတာ္ ခဏေနရင္၀င္ခဲ့ၾကေတာ့ေနာ္ ထမင္းစားမယ္"
ႀကီးႀကီးက ေျပာေျပာဆိုဆိုႏွင့္ပင္ မီးဖိုခန္းထဲ၀င္သြားသည္။ ထိုမွကိုမ်ိဳးမင္းက ေခြၽးတိတ္ေအာင္ခဏနားကာ
"ကဲ စကားေကာင္းေနတာနဲ႕ ေမွာင္သြားၿပီ ဒီေနေတာ့ ဟိုနားတင္ သုံးေလးေခါက္ေလာက္ေလွ်ာက္ၾကတာေပါ့"
"ဟုတ္"
လမ္းေလွ်ာက္ေနစဥ္ ကိုမ်ိဳးမင္းက သားေလးလိုခ်င္တာလား သမီးေလးလိုခ်င္တာလားတဲ့။ ဟုတ္သား အဓိကအခ်က္ကိုကြၽန္ေတာ္ေမ့သြားတယ္။ ျဖစ္နိုင္ရင္ ဇိမ္းဧကရာဇ္ဆိုတဲ့သူနဲ႕တူတဲ့ သားေလးလိုခ်င္ေပမယ့္ သမီးေလးဆိုလဲ ခ်စ္မွာပင္။ ဘယ္လိုပဲျဖစ္ျဖစ္ ခ်စ္ရသူရဲ႕ အေသြးအသားမို႔ ကြၽန္ေတာ္ကေတာ့ ဘာေလးေမြးလာေမြးလာ အကန႔္အသတ္မရွိ ခ်စ္ေပးမည္သာ။
.........................................