အခန်း (၁)
နာရီနိုးစက်သံ ကြားတော့ ခင်မင်း နိုးလာသည်။ ဆောင်းမနက်ပေမယ့် အပြင်မှာ နေရောင်က စူးစူးလက်နေခဲ့ပြီ။ ပြတင်းပေါက်မှန်သားပြင်ကို ဖောက်ပြီး အခန်းနံရံမှာ လာထင်နေသည့် နေရောင်ကွက်လေးကို သူမ ငေးနေမိသည်။
ဒီနေ့ ပထမဆုံး အလုပ်သွားရမည့်နေ့ဖြစ်သည်ကို စဥ်းစားရင်း သူမ အိပ်ယာက ဖြေးဖြေးညင်ညင် လူးလဲ ထလိုက်သည်။
ပြီးခဲ့သည့် ကုမ္ပဏီက အလုပ်ထွက်ပြီး ခင်မင်း နားနေခဲ့သည်မှာ တစ်လ ကျော်ကျော်လောက် ရှိပြီ ဖြစ်သည်။ ဒေါ်လေးကတော့ သူမကို နောက်ထပ် ကုမ္ပဏီအလုပ် မလုပ်စေချင်တော့ပေ။
''ဝန်ထမ်းအလုပ်ဆိုတာ ပင်ပန်းပါတယ် သမီးရယ်။ ဒေါ်လေးတို့မှာလည်း ရှိတဲ့ စီးပွားရေးလေးနဲ့ စားသောက်ဖို့ ထက်တောင် ပိုလျှံနေသေးတာပဲ။ အိမ်မှာပဲ နေပါကွယ်" တဲ့။
ခင်မင်းကတော့ အလုပ်က ထွက်ကာစမို့ stress ပိနေခဲ့သမျှကို အတိုးချ နားရင်း ဒေါ်လေး ဖွင့်ထားသည့် အထည်ဆိုင်မှာ တစ်ခါတလေ ကူထိုင်ပေးတတ်သည်။ ခု အလုပ်ကို ခင်မင်း တိုက်ဆိုင်စွာ ရရှိခဲ့ခြင်းပင်။
ဒေါ်လေး၏ မိတ်ဆွေတစ်ယောက်က ခင်မင်း မေးလ်ထဲကို job announcement တစ်ခု လှမ်း ပို့ပေးသောကြောင့် လျှောက်ဖြစ်ခဲ့ခြင်းပင်။
ဒေါ်လေးကို မေးကြည့်တော့ အထည်ဆိုင်မှာ သူ့အမျိုးသမီးအတွက် ပိုးထည်စ လာဝယ်ရင်း ခင်မင်း အကြောင်း စကားစပ်မိသွားသည် ဟု ဆိုသည်။
''ဟော ကိုနိုင်တို့ မလာတာကြာပြီနော် လာကြ ဝင်ကြပါရှင့်"
''ဟုတ်တယ် မမဝါ၊ ဒီနေ့တောင် ကျွန်တော် အားတုန်း လိုက်ပို့ရတာ"
''ကျွန်မလည်း သူ အားမယ့်နေ့ပဲ စောင့်ပြီး လာရတာ မမဝါရေ ၊ မမဝါ ဆိုင်ကလည်း နည်းနည်း ဝေးတော့ ကျွန်မ တစ်ယောက်တည်း မလာဖြစ်တာ ။ နေကောင်းကြရဲ့လား ၊ အရောင်းအဝယ်ရော အဆင်ပြေရဲ့လားရှင့်"
''အရောင်းအဝယ်လည်း အဆင်ပြေတယ်။ လူလည်း ခုတလော သိပ်မပန်းဘူး မနုရွှေ၊ တူမလေးက ဆိုင် ကူထိုင်ပေးလို့လေ"
''သြော် ခင်မင်းလေးက ကုမ္ပဏီ သွားနေရတယ် မဟုတ်ဘူးလား"
''ကျွန်မကပဲ ထွက်ခိုင်းလိုက်တာ၊ ရာထူးတိုးပြီးကတည်းက အလုပ်မှာ pressure အရမ်းများလို့ အိမ်ပြန်လာရင် သူ့မျက်နှာလေးက နွမ်းဖတ်နေတာပဲ။ ကျွန်မက အစောကြီးကတည်းက ထွက်ခိုင်းနေတာ။ သူက တစ်နှစ်ခွဲလောက်အထိ လုပ်လိုက်သေးတယ်။ ခုမှ ပြောစကား နားထောင်လိုက်တာ မနုရွှေရေ "
''လိုရမယ်ရ ခင်မင်း ရဲ့ e mail address လေး ကျွန်တော့်ကို ပေးထားလေ မမဝါ၊ ကျွန်တော်တို့ ကုမ္ပဏီမှာ လိုအပ်လာရင် ဆက်သွယ်လို့ရအောင်၊ ခင်မင်းကလည်း တော်တဲ့ကလေးမို့"
''အမယ်လေး တော်ပါတော့ရှင်၊ ကျွန်မက သူ အိမ်မှာ အေးအေးဆေးဆေး နေပြီး ဆိုင်မှာ ကူဖော် ရနေတာပဲ ကျေးဇူးတင်နေတာ"
အဲ့ဒီနေ့က မေးလ်လိပ်စာ မပေးလိုက်ပေမယ့် နောက် ၂ ပတ်လောက် ကြာတော့ ဖုန်းဆက်ပြီး တောင်းသဖြင့် ဒေါ်ဝါဝါရှိန် ခင်မင်းကို မေးပြီး ပြောပြလိုက်သည်။
....................
ေရချိုးခန်းက ထွက်လာတာနဲ့ ဆံပင်တွေ ရေခြောက်အောင်သုတ်နော် ဟု ဒေါ်လေး၏ လှမ်းပြောသံ ကြားရသည်။ ဖီးလိမ်းပြင်ဆင်ပြီးဒေါ်လေး ပြင်ပေးထားသည့် မနက်စာကို စားလိုက်သည်။
ရုံးသွားဖို့ အဆင်သင့် ဖြစ်နေပြီမို့ ကုမ္ပဏီဖယ်ရီကို စောင့်နေလိုက်သည်။ ကား ရောက်လာတော့ ဒေါ်လေးကိုနှုတ်ဆက်ရင်း အလုပ်သစ်အတွက် နေ့သစ်တစ်ခုကို စတင်ဖို့ ခင်မင်း အိမ်က ထွက်လာခဲ့ရတော့သည်။
ကုမ္ပဏီရောက်တော့ ဝန်ထမ်းအသစ်ပေမယ့် သူမအတွက် အဆင်ချောနေသည်။ HR field မို့လား မသိ။ ဌာနမှာ အမျိုးသမီးဝန်ထမ်းတွေချည်းပဲ ဖြစ်နေသည်။ တချို့ကုမ္ပဏီတွေမှာ အမျိုးသား HR ဝန်ထမ်းတွေလည်း ရှိပါသည်။
ဝန်ထမ်း တစ်ယောက်ချင်းစီရဲ့ နာမည်တွေ မှတ်သားရင်း သူမကိုယ်သူမလည်း ပြန် မိတ်ဆက် လိုက်သည်။ နောက်ပြီး ခင်မင်း လိုအပ်သည့် စကားအနည်းငယ် ပြောပြီး job description ကို သူမ ပြန်သုံးသပ်နေလိုက်သည်။
နေ့လည် ထမင်းစားချိန်ရောက်တော့ ဝန်ထမ်းကောင်မလေးတွေက သူမကို ထမင်း အတူ သွားစားဖို့ ခေါ်ပါသည်။ ကုမ္ပဏီက Lunch စီစဥ်ပေးသည်မို့ ထမင်းဗူးယူဖို့ မလို။
''ရော့ မမ စားဖို့" ဆိုပြီး သူမ ပန်းကန်ထဲ ဟင်းတွေ ဦးချပြီး ခပ်ထည့် ပေးကြသည်။
''ရပါတယ် ညီမလေးရဲ့။ ညီမလေးတို့လည်း စားကြလေ။မမ ကိုယ့်ဘာသာ ထည့်စားပါ့မယ်"
''ဒါနဲ့ ညီမတို့ကိုပဲ မမ တစ်ခု မေးပါဦးမယ်"
''ဟုတ်ကဲ့ မမ"
''မန်နေဂျာတွေ အားလုံး နှစ်ပတ်တစ်ကြိမ် အစည်းအဝေးရှိတာကတော့ ဟုတ်ပြီ။ မနက်ဖြန် မမကို မီတင်အခန်းထဲ သွားရမယ်လို့ mail ဝင်နေတာ မမက ဝန်ထမ်းအသစ်မို့လို့လား "
''ဟင် ဟုတ်လား မမ၊ အဲ့ဒါတော့ ညီမတို့လည်း မပြောတတ်ဘူး။ အစည်းအဝေးကတော့ နှစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်တတ်တယ်။ ဘော့စ် ကတော့ တစ်လ တစ်ကြိမ်လောက်ပဲ တက်ရင် တက်တာ ။ တစ်ချို့လတွေဆို ဦးမျိုးနောင်နဲ့ပဲ လွှဲထားတာလေ"
''ဘော့စ် ဆိုတာက"
''သြော် MD ကို ပြောတာပါရှင့်၊ MD က အမျိုးသမီးပေမယ့် အားလုံးက ဘော့စ် လို့ပဲ ခေါ်ကြတယ်"
အိမ်ပြန်ရောက်တော့ ဒေါ်လေးက အခြေအနေ မေးသည်။
''ဒီနေ့တော့ အဆင်ပြေခဲ့တယ် ဒေါ်လေးရေ ၊ သမီးကို လွမ်းဘူးလား" လို့ ဆိုပြီး ဒေါ်လေး ကိုယ်လုံးကြီးကို အားရပါးရ ဖက်ထားလိုက်သည်။
''အမယ်လေး၊ အလုပ်က ပြန်လာလို့ ချွဲဖော်ရတာ ခုမှပဲ ကြုံဖူးတော့တယ်။ ညည်းလေး စိတ်မပင်ပန်းလာရင်ပဲ ဝမ်းသာလှပြီ။ သွား သွား အဆာပြေ လိမ္မော်ဂျူ့ လုပ်ထားတယ်။ သောက်ပြီး ခဏနား ရေချိုးတော့"
''ဟုတ် ဒေါ်လေး"
ဒေါ်လေးကို အမြဲတမ်း မဟုတ်တောင် မကြာခဏ ချွဲနေနိုင်မည် ဟု သူမ ထင်ခဲ့သည်။
သူမရဲ့ လွတ်လပ် ပေါ့ပါးမှုလေးကို ရိုက်ခွဲပစ်မည့် တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ရှေ့မှာ စောင့်နေလိမ့်မည် ဟု သူမ ရေးရေးမှ မတွေးထင်ထားခဲ့မိပါ။
...................
''ခဏလေး စောင့်နေပေးပါ ဒေါ်ခင်မင်း ခင်ဗျား။တခြားသူတွေရော ဘော့စ်ရော လာပါလိမ့်မယ်"
''ဟုတ်ကဲ့ရှင့်။ကျေးဇူးပါ"
သူမကို လိုက်ပို့ပေးပြီးတာနဲ့ မီတင်ခန်းထဲမှ ဦးမျိုးနိုင် ပြန်ထွက်သွားသည်။
သုံးမိနစ်လောက်ကြာတော့ နံရံဟု ထင်နေသောတစ်နေရာမှ တံခါးတစ်ချပ် ဖျတ်ခနဲ ပွင့်လာပြီး လူတစ်ယောက် ထွက်လာခဲ့သည်။ သူမ ဝင်လာသော တံခါးမှ မဟုတ်။
မိန်းကလေး တစ်ယောက်။ ဆံပင်တွေကို မစည်းနှောင်ပဲ ပုခုံးအောက်ထိ ဒီအတိုင်း ချထားပေမယ့် ကြည့်ကောင်းနေသည်။
ဖြူဝင်းတဲ့အသားအရေနဲ့ နုငယ်လှသည်မို့ ခင်မင်း အမှတ်တမဲ့ ငေးနေမိသည်။
သူမက ငေးရီရီလေး ဖြစ်နေပေမယ့် တစ်ဖက်မိန်းကလေး၏ စူးနက်လှသည့် အကြည့်ကြောင့် ခင်မင်း မျက်နှာလွှဲလိုက်မိသည်။
''မင်္ဂလာပါ ဒေါ်ခင်မင်းရှိန်၊ကိုယ်က ဒီကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ ပါ"
''ဟုတ်ကဲ့ မင်္ဂလာပါ ဘော့စ်"
သူ့ကိုယ်သူ ကိုယ်နဲ့ ပြောသဖြင့် သူမအဖို့ ထူးဆန်းသလို ဖြစ်နေသည်။ ဘာစကားမှ ဆက် မကြားရသဖြင့် ခင်မင်း သူ့မျက်နှာကို ကြည့်လိုက်သည်။
သူမကို စူးစူးရဲရဲ စိုက်ကြည့်နေသည်နှင့် ဆုံပြန်သည်။
ငယ်ရွယ် ရှင်းသန့်နေသည့် မိန်းကလေးတစ်ယောက်က ကိုယ့်ရဲ့ အထက်လူကြီး ဖြစ်နေပြီး သူမကိုလည်း စူးစိုက်ကြည့်နေသည့် အဖြစ်ကို ရုတ်တရက် ခင်မင်း ဘယ်လို တုံ့ပြန်ရမလဲ မဝေခွဲတတ်ပဲ မျက်လွှာချထားမိသည်။
ငါးမိနစ်လောက် တိတ်ဆိတ်နေတော့ ခင်မင်း နေရခက်လာပြီး သူ့ကို စကားပြောရန် ပြင်လိုက်သည်။
''ဟို ကျွန်မတို့ မီတင် ဘယ်တော့ စကြမလဲရှင့်။ တခြားသူတွေလည်း တစ်ယောက်မှ မလာကြသေးဘူး"
''ဘယ်တခြားသူမှ မလာဘူး။ မျှော်မနေနဲ့။ ဒေါ်ခင်မင်းရှိန်နဲ့ ကိုယ်နဲ့ နှစ်ယောက်တည်းပဲ ရှိလိမ့်မယ်"
''ရှင်"
''ဟုတ်တယ်။ ဒါနဲ့ ဒေါ်ခင်မင်းရှိန်က ပိုလှလာတယ်။ ဆံပင်ရော ဘယ်လောက် ရှည်နေပြီလဲ။ ဆံထုံးအမြှင့်လေးနဲ့ဆိုတော့ သေချာ မသိရလို့"
အလုပ်နဲ့ သက်ဆိုင်တာ မကြားရပဲ ပုဂ္ဂိုလ်ရေးဆန်သည့် စကားမျိုး ပြောနေ၍ ခင်မင်း စိတ်အနည်းငယ် ရှုပ်ထွေးလာသည်။
သူ ဘယ်သူလဲ ဆိုတာလည်း စဥ်းစား၍မရ။
တွေးပြီး ငြိမ်နေတုန်း ရုတ်တရက် သင်းရှသည့် ရနံ့တစ်ခုကို ခင်မင်း သတိပြုလိုက်မိချိန်တွင် သူမကို ငုံမိုး ကြည့်နေသည့် ဘော့စ်။
အံ့သြစိတ်နဲ့ ခင်မင်း ရုတ်တရက် ထ ရပ်လိုက်တော့ ဘော့စ်နဲ့ ပို နီးကပ်သွားသလိုပင်။
''မီတင် မရှိဘူးဆိုလည်း ကျွန်မပြန်မယ် ဘော့စ်၊ ရှေ့ကဖယ်ပေးပါ"
''နိုး ၊ စိတ်ကူးမရှိဘူး၊ ကိုယ်ဘယ်သူလဲလို့ မမေးတော့ဘူးလား"
''ဟင့်အင်း။ ကျွန်မထက် အရမ်း ငယ်နေတဲ့သူတစ်ယောက်ကို ဆက်စပ် တွေးကြည့်လို့ မရဘူး။ ဘော့စ်ကို မသိတာ သေချာတယ်"
ထိုသို့ ပြောလိုက်မှ သူမဆီ ပို တိုးကပ်လာ၍ သူမ နောက်ဆုတ် မိသည်။ နောက်တွင် စားပွဲစောင်းနဲ့ သူမရဲ့တင်ပါးလေး ထိမိသွားသည်။ ထိုထက် ပို၍ ဆုတ်မရတော့။
ရှေ့ကလူကို တွန်းဖယ်၍ ထွက်သွားချင်စိတ်တွေနဲ့ သူ့ကို ခင်မင်း မော့ကြည့်လိုက်သည်။
'' မျက်လုံးတွေက သိပ်ရန်လိုတယ်နော်"
မျက်လုံးတွေ ရန်လိုကြောင်း ပြောပေမယ့် မျက်လုံးဆီမှာ အကြည့်မရှိပဲ တစ်နေရာကို စိုက်ကြည့်နေသဖြင့် သူ့ အကြည့်အတိုင်း ခင်မင်း သတိပြုမိပြီး မျက်နှာတစ်ခုလုံး ထူပူသွားသည်။ တစ်ခါမှ ဒီလောက် အရှက်မရခဲ့ဖူးပေ။
စားပွဲပေါ်က ဖိုင်ကို ယူပြီး ရင်ဘတ်မှာ ကပ်ရင်း လက်ပိုက်ထားလိုက်မိသည်။ ရှက်စိတ်နဲ့ ဒေါသစိတ် ရောထွေးကာ မျက်နှာမှာ ရဲရဲနီလျက်။
မိန်းကလေးချင်းပေမယ့် ဘယ်လိုမှ ဆက်မနေချင်၍ သူ့ကို ကွေ့ရှောင်ပြီး ထွက်ဖို့ လုပ်သည်။ ရုတ်တရက် ဆောင့်ဆွဲခံလိုက်ရပြီး တပြိုင်နက်တည်း သူမ တစ်ကိုယ်လုံးကို အနောက်ဘက်မှ သိုင်းဖက်ခံလိုက်ရသည်။
ခင်မင်း လှုပ်၍ မရသည့် အခြေအနေတွင် အံ့သြပြီး တစ်ခုခုကို စိုးရွံ့လာ၍ ဘာပြောရမှန်းမသိပဲ ရုန်းသာရုန်းနေမိသည်။
ထိုစဥ် သူမ ဂုတ်ပိုးအထက်ပိုင်း ဆံပင်တွေ စုသိမ်း ထုံးရစ်ထားသည့် နေရာတစ်ဝိုက်ကို တစ်ခုခု ထိကပ်ပြီး ရှိုက်နမ်းလိုက်သလို ခံစားရသည်။
''ဟင့်အင်း၊မထိနဲ့၊မလုပ်ပါနဲ့"
စိတ်ထဲမှ ပြောပြီး ခင်မင်းပို၍ ရုန်းသည်။ထိုမှ တစ်ဆင့် အနမ်းတို့ဟာ လည်ဂုတ်ဝင်းဝင်းလေးဆီ ကျူးကျော် လာသည်။
ရုန်းလွန်း၍ ခင်မင်း လက်မောင်းသားတွေ နာလာသည်။ အတင်းအကျပ် ပြုမူခံနေရသဖြင့် ငိုချင်စိတ်နဲ့ ဒေါသလှိုင်းတို့ ခင်မင်းကို မင်းမူနေသည်။
''နေရာမှာပြန်ထိုင်မယ်ဆို လွတ်ပေးမယ်။ သေချာဆွေးနွေးရအောင်လေ။ ပြန်ထိုင်မယ်မလား"
''မင်း အရင်လွတ်လိုက်ပါ"
သူ့ကို ခင်မင်း မင်း လို့ပဲ ရင့်ရင့်သီးသီးသုံးနှုန်းလိုက်သည်။ ရမ်းကားခံထားရသဖြင့် ဘော့စ်လို့ မခေါ်နိုင်တော့။
သူ လွှတ်ပေးလိုက်သည်နှင့် ခင်မင်း သူ့မျက်နှာကို လှည့်ကြည့်လာသည်။ မျက်ရည် ဝိုင်းနေသည့် မျက်ဝန်းတွေက သူ့ကို မုန်းတီးနေသယောင် ထင်ရသည်။ သူ ခံနိုင်ရည်မရှိ။
ဖိုင်ကို ရင်ဘတ်မှာ ကွယ်ထားဆဲ အနေအထားဖြင့် သူမ ထိုင်ခုံမှာ ထိုင်လိုက်သည်။
''မနက်ဖြန်ကစပြီး ဒေါ်ခင်မင်းရှိန်က MD ရဲ့ Secretary အနေနဲ့ တာဝန်ထမ်းဆောင်ရမယ်"
''ဟင်"
* * * * *
To Be Continue
Yeik Hsar Yar
အခန္း (၁)
နာရီႏိုးစက္သံ ၾကားေတာ့ ခင္မင္း ႏိုးလာသည္။ ေဆာင္းမနက္ေပမယ့္ အျပင္မွာ ေနေရာင္က စူးစူးလက္ေနခဲ့ၿပီ။ ျပတင္းေပါက္မွန္သားျပင္ကို ေဖာက္ၿပီး အခန္းနံရံမွာ လာထင္ေနသည့္ ေနေရာင္ကြက္ေလးကို သူမ ေငးေနမိသည္။
ဒီေန႔ ပထမဆုံး အလုပ္သြားရမည့္ေန႔ျဖစ္သည္ကို စဥ္းစားရင္း သူမ အိပ္ယာက ေျဖးေျဖးညင္ညင္ လူးလဲ ထလိုက္သည္။
ၿပီးခဲ့သည့္ ကုမၸဏီက အလုပ္ထြက္ၿပီး ခင္မင္း နားေနခဲ့သည္မွာ တစ္လ ေက်ာ္ေက်ာ္ေလာက္ ႐ွိၿပီ ျဖစ္သည္။ ေဒၚေလးကေတာ့ သူမကို ေနာက္ထပ္ ကုမၸဏီအလုပ္ မလုပ္ေစခ်င္ေတာ့ေပ။
''ဝန္ထမ္းအလုပ္ဆိုတာ ပင္ပန္းပါတယ္ သမီးရယ္။ ေဒၚေလးတို႔မွာလည္း ႐ွိတဲ့ စီးပြားေရးေလးနဲ႔ စားေသာက္ဖို႔ ထက္ေတာင္ ပိုလွ်ံေနေသးတာပဲ။ အိမ္မွာပဲ ေနပါကြယ္" တဲ့။
ခင္မင္းကေတာ့ အလုပ္က ထြက္ကာစမို႔ stress ပိေနခဲ့သမွ်ကို အတိုးခ် နားရင္း ေဒၚေလး ဖြင့္ထားသည့္ အထည္ဆိုင္မွာ တစ္ခါတေလ ကူထိုင္ေပးတတ္သည္။ ခု အလုပ္ကို ခင္မင္း တိုက္ဆိုင္စြာ ရ႐ွိခဲ့ျခင္းပင္။
ေဒၚေလး၏ မိတ္ေဆြတစ္ေယာက္က ခင္မင္း ေမးလ္ထဲကို job announcement တစ္ခု လွမ္း ပို႔ေပးေသာေၾကာင့္ ေလွ်ာက္ျဖစ္ခဲ့ျခင္းပင္။
ေဒၚေလးကို ေမးၾကည့္ေတာ့ အထည္ဆိုင္မွာ သူ႕အမ်ိဳးသမီးအတြက္ ပိုးထည္စ လာဝယ္ရင္း ခင္မင္း အေၾကာင္း စကားစပ္မိသြားသည္ ဟု ဆိုသည္။
''ေဟာ ကိုႏိုင္တို႔ မလာတာၾကာၿပီေနာ္ လာၾက ဝင္ၾကပါ႐ွင့္"
''ဟုတ္တယ္ မမဝါ၊ ဒီေန႔ေတာင္ ကြၽန္ေတာ္ အားတုန္း လိုက္ပို႔ရတာ"
''ကြၽန္မလည္း သူ အားမယ့္ေန႔ပဲ ေစာင့္ၿပီး လာရတာ မမဝါေရ ၊ မမဝါ ဆိုင္ကလည္း နည္းနည္း ေဝးေတာ့ ကြၽန္မ တစ္ေယာက္တည္း မလာျဖစ္တာ ။ ေနေကာင္းၾကရဲ႕လား ၊ အေရာင္းအဝယ္ေရာ အဆင္ေျပရဲ႕လား႐ွင့္"
''အေရာင္းအဝယ္လည္း အဆင္ေျပတယ္။ လူလည္း ခုတေလာ သိပ္မပန္းဘူး မႏုေ႐ႊ၊ တူမေလးက ဆိုင္ ကူထိုင္ေပးလို႔ေလ"
''ေၾသာ္ ခင္မင္းေလးက ကုမၸဏီ သြားေနရတယ္ မဟုတ္ဘူးလား"
''ကြၽန္မကပဲ ထြက္ခိုင္းလိုက္တာ၊ ရာထူးတိုးၿပီးကတည္းက အလုပ္မွာ pressure အရမ္းမ်ားလို႔ အိမ္ျပန္လာရင္ သူ႕မ်က္ႏွာေလးက ႏြမ္းဖတ္ေနတာပဲ။ ကြၽန္မက အေစာႀကီးကတည္းက ထြက္ခိုင္းေနတာ။ သူက တစ္ႏွစ္ခြဲေလာက္အထိ လုပ္လိုက္ေသးတယ္။ ခုမွ ေျပာစကား နားေထာင္လိုက္တာ မႏုေ႐ႊေရ "
''လိုရမယ္ရ ခင္မင္း ရဲ႕ e mail address ေလး ကြၽန္ေတာ့္ကို ေပးထားေလ မမဝါ၊ ကြၽန္ေတာ္တို႔ ကုမၸဏီမွာ လိုအပ္လာရင္ ဆက္သြယ္လို႔ရေအာင္၊ ခင္မင္းကလည္း ေတာ္တဲ့ကေလးမို႔"
''အမယ္ေလး ေတာ္ပါေတာ့႐ွင္၊ ကြၽန္မက သူ အိမ္မွာ ေအးေအးေဆးေဆး ေနၿပီး ဆိုင္မွာ ကူေဖာ္ ရေနတာပဲ ေက်းဇူးတင္ေနတာ"
အဲ့ဒီေန႔က ေမးလ္လိပ္စာ မေပးလိုက္ေပမယ့္ ေနာက္ ၂ ပတ္ေလာက္ ၾကာေတာ့ ဖုန္းဆက္ၿပီး ေတာင္းသျဖင့္ ေဒၚဝါဝါ႐ွိန္ ခင္မင္းကို ေမးၿပီး ေျပာျပလိုက္သည္။
....................
ေရခ်ိဳးခန္းက ထြက္လာတာနဲ႔ ဆံပင္ေတြ ေရေျခာက္ေအာင္သုတ္ေနာ္ ဟု ေဒၚေလး၏ လွမ္းေျပာသံ ၾကားရသည္။ ဖီးလိမ္းျပင္ဆင္ၿပီးေဒၚေလး ျပင္ေပးထားသည့္ မနက္စာကို စားလိုက္သည္။
႐ုံးသြားဖို႔ အဆင္သင့္ ျဖစ္ေနၿပီမို႔ ကုမၸဏီဖယ္ရီကို ေစာင့္ေနလိုက္သည္။ ကား ေရာက္လာေတာ့ ေဒၚေလးကိုႏႈတ္ဆက္ရင္း အလုပ္သစ္အတြက္ ေန႔သစ္တစ္ခုကို စတင္ဖို႔ ခင္မင္း အိမ္က ထြက္လာခဲ့ရေတာ့သည္။
ကုမၸဏီေရာက္ေတာ့ ဝန္ထမ္းအသစ္ေပမယ့္ သူမအတြက္ အဆင္ေခ်ာေနသည္။ HR field မို႔လား မသိ။ ဌာနမွာ အမ်ိဳးသမီးဝန္ထမ္းေတြခ်ည္းပဲ ျဖစ္ေနသည္။ တခ်ိဳ႕ကုမၸဏီေတြမွာ အမ်ိဳးသား HR ဝန္ထမ္းေတြလည္း ႐ွိပါသည္။
ဝန္ထမ္း တစ္ေယာက္ခ်င္းစီရဲ႕ နာမည္ေတြ မွတ္သားရင္း သူမကိုယ္သူမလည္း ျပန္ မိတ္ဆက္ လိုက္သည္။ ေနာက္ၿပီး ခင္မင္း လိုအပ္သည့္ စကားအနည္းငယ္ ေျပာၿပီး job description ကို သူမ ျပန္သုံးသပ္ေနလိုက္သည္။
ေန႔လည္ ထမင္းစားခ်ိန္ေရာက္ေတာ့ ဝန္ထမ္းေကာင္မေလးေတြက သူမကို ထမင္း အတူ သြားစားဖို႔ ေခၚပါသည္။ ကုမၸဏီက Lunch စီစဥ္ေပးသည္မို႔ ထမင္းဗူးယူဖို႔ မလို။
''ေရာ့ မမ စားဖို႔" ဆိုၿပီး သူမ ပန္းကန္ထဲ ဟင္းေတြ ဦးခ်ၿပီး ခပ္ထည့္ ေပးၾကသည္။
''ရပါတယ္ ညီမေလးရဲ႕။ ညီမေလးတို႔လည္း စားၾကေလ။မမ ကိုယ့္ဘာသာ ထည့္စားပါ့မယ္"
''ဒါနဲ႔ ညီမတို႔ကိုပဲ မမ တစ္ခု ေမးပါဦးမယ္"
''ဟုတ္ကဲ့ မမ"
''မန္ေနဂ်ာေတြ အားလုံး ႏွစ္ပတ္တစ္ႀကိမ္ အစည္းအေဝး႐ွိတာကေတာ့ ဟုတ္ၿပီ။ မနက္ျဖန္ မမကို မီတင္အခန္းထဲ သြားရမယ္လို႔ mail ဝင္ေနတာ မမက ဝန္ထမ္းအသစ္မို႔လို႔လား "
''ဟင္ ဟုတ္လား မမ၊ အဲ့ဒါေတာ့ ညီမတို႔လည္း မေျပာတတ္ဘူး။ အစည္းအေဝးကေတာ့ ႏွစ္ပတ္တစ္ႀကိမ္ ပုံမွန္လုပ္တတ္တယ္။ ေဘာ့စ္ ကေတာ့ တစ္လ တစ္ႀကိမ္ေလာက္ပဲ တက္ရင္ တက္တာ ။ တစ္ခ်ိဳ႕လေတြဆို ဦးမ်ိဳးေနာင္နဲ႔ပဲ လႊဲထားတာေလ"
''ေဘာ့စ္ ဆိုတာက"
''ေၾသာ္ MD ကို ေျပာတာပါ႐ွင့္၊ MD က အမ်ိဳးသမီးေပမယ့္ အားလုံးက ေဘာ့စ္ လို႔ပဲ ေခၚၾကတယ္"
အိမ္ျပန္ေရာက္ေတာ့ ေဒၚေလးက အေျခအေန ေမးသည္။
''ဒီေန႔ေတာ့ အဆင္ေျပခဲ့တယ္ ေဒၚေလးေရ ၊ သမီးကို လြမ္းဘူးလား" လို႔ ဆိုၿပီး ေဒၚေလး ကိုယ္လုံးႀကီးကို အားရပါးရ ဖက္ထားလိုက္သည္။
''အမယ္ေလး၊ အလုပ္က ျပန္လာလို႔ ခြၽဲေဖာ္ရတာ ခုမွပဲ ၾကဳံဖူးေတာ့တယ္။ ညည္းေလး စိတ္မပင္ပန္းလာရင္ပဲ ဝမ္းသာလွၿပီ။ သြား သြား အဆာေျပ လိေမၼာ္ဂ်ဴ႕ လုပ္ထားတယ္။ ေသာက္ၿပီး ခဏနား ေရခ်ိဳးေတာ့"
''ဟုတ္ ေဒၚေလး"
ေဒၚေလးကို အၿမဲတမ္း မဟုတ္ေတာင္ မၾကာခဏ ခြၽဲေနႏိုင္မည္ ဟု သူမ ထင္ခဲ့သည္။
သူမရဲ႕ လြတ္လပ္ ေပါ့ပါးမႈေလးကို ႐ိုက္ခြဲပစ္မည့္ တစ္စုံတစ္ရာ ဒါမွမဟုတ္ တစ္စုံတစ္ေယာက္က ေ႐ွ႕မွာ ေစာင့္ေနလိမ့္မည္ ဟု သူမ ေရးေရးမွ မေတြးထင္ထားခဲ့မိပါ။
...................
''ခဏေလး ေစာင့္ေနေပးပါ ေဒၚခင္မင္း ခင္ဗ်ား။တျခားသူေတြေရာ ေဘာ့စ္ေရာ လာပါလိမ့္မယ္"
''ဟုတ္ကဲ့႐ွင့္။ေက်းဇူးပါ"
သူမကို လိုက္ပို႔ေပးၿပီးတာနဲ႔ မီတင္ခန္းထဲမွ ဦးမ်ိဳးႏိုင္ ျပန္ထြက္သြားသည္။
သုံးမိနစ္ေလာက္ၾကာေတာ့ နံရံဟု ထင္ေနေသာတစ္ေနရာမွ တံခါးတစ္ခ်ပ္ ဖ်တ္ခနဲ ပြင့္လာၿပီး လူတစ္ေယာက္ ထြက္လာခဲ့သည္။ သူမ ဝင္လာေသာ တံခါးမွ မဟုတ္။
မိန္းကေလး တစ္ေယာက္။ ဆံပင္ေတြကို မစည္းေႏွာင္ပဲ ပုခုံးေအာက္ထိ ဒီအတိုင္း ခ်ထားေပမယ့္ ၾကည့္ေကာင္းေနသည္။
ျဖဴဝင္းတဲ့အသားအေရနဲ႔ ႏုငယ္လွသည္မို႔ ခင္မင္း အမွတ္တမဲ့ ေငးေနမိသည္။
သူမက ေငးရီရီေလး ျဖစ္ေနေပမယ့္ တစ္ဖက္မိန္းကေလး၏ စူးနက္လွသည့္ အၾကည့္ေၾကာင့္ ခင္မင္း မ်က္ႏွာလႊဲလိုက္မိသည္။
''မဂၤလာပါ ေဒၚခင္မင္း႐ွိန္၊ကိုယ္က ဒီကုမၸဏီရဲ႕ မန္ေနဂ်င္း ဒါ႐ိုက္တာ ပါ"
''ဟုတ္ကဲ့ မဂၤလာပါ ေဘာ့စ္"
သူ႕ကိုယ္သူ ကိုယ္နဲ႔ ေျပာသျဖင့္ သူမအဖို႔ ထူးဆန္းသလို ျဖစ္ေနသည္။ ဘာစကားမွ ဆက္ မၾကားရသျဖင့္ ခင္မင္း သူ႕မ်က္ႏွာကို ၾကည့္လိုက္သည္။
သူမကို စူးစူးရဲရဲ စိုက္ၾကည့္ေနသည္ႏွင့္ ဆုံျပန္သည္။
ငယ္႐ြယ္ ႐ွင္းသန္႔ေနသည့္ မိန္းကေလးတစ္ေယာက္က ကိုယ့္ရဲ႕ အထက္လူႀကီး ျဖစ္ေနၿပီး သူမကိုလည္း စူးစိုက္ၾကည့္ေနသည့္ အျဖစ္ကို ႐ုတ္တရက္ ခင္မင္း ဘယ္လို တုံ႔ျပန္ရမလဲ မေဝခြဲတတ္ပဲ မ်က္လႊာခ်ထားမိသည္။
ငါးမိနစ္ေလာက္ တိတ္ဆိတ္ေနေတာ့ ခင္မင္း ေနရခက္လာၿပီး သူ႕ကို စကားေျပာရန္ ျပင္လိုက္သည္။
''ဟို ကြၽန္မတို႔ မီတင္ ဘယ္ေတာ့ စၾကမလဲ႐ွင့္။ တျခားသူေတြလည္း တစ္ေယာက္မွ မလာၾကေသးဘူး"
''ဘယ္တျခားသူမွ မလာဘူး။ ေမွ်ာ္မေနနဲ႔။ ေဒၚခင္မင္း႐ွိန္နဲ႔ ကိုယ္နဲ႔ ႏွစ္ေယာက္တည္းပဲ ႐ွိလိမ့္မယ္"
''႐ွင္"
''ဟုတ္တယ္။ ဒါနဲ႔ ေဒၚခင္မင္း႐ွိန္က ပိုလွလာတယ္။ ဆံပင္ေရာ ဘယ္ေလာက္ ႐ွည္ေနၿပီလဲ။ ဆံထုံးအျမႇင့္ေလးနဲ႔ဆိုေတာ့ ေသခ်ာ မသိရလို႔"
အလုပ္နဲ႔ သက္ဆိုင္တာ မၾကားရပဲ ပုဂၢိဳလ္ေရးဆန္သည့္ စကားမ်ိဳး ေျပာေန၍ ခင္မင္း စိတ္အနည္းငယ္ ႐ႈပ္ေထြးလာသည္။
သူ ဘယ္သူလဲ ဆိုတာလည္း စဥ္းစား၍မရ။
ေတြးၿပီး ၿငိမ္ေနတုန္း ႐ုတ္တရက္ သင္း႐ွသည့္ ရနံ႔တစ္ခုကို ခင္မင္း သတိျပဳလိုက္မိခ်ိန္တြင္ သူမကို ငုံမိုး ၾကည့္ေနသည့္ ေဘာ့စ္။
အံ့ၾသစိတ္နဲ႔ ခင္မင္း ႐ုတ္တရက္ ထ ရပ္လိုက္ေတာ့ ေဘာ့စ္နဲ႔ ပို နီးကပ္သြားသလိုပင္။
''မီတင္ မ႐ွိဘူးဆိုလည္း ကြၽန္မျပန္မယ္ ေဘာ့စ္၊ ေ႐ွ႕ကဖယ္ေပးပါ"
''ႏိုး ၊ စိတ္ကူးမ႐ွိဘူး၊ ကိုယ္ဘယ္သူလဲလို႔ မေမးေတာ့ဘူးလား"
''ဟင့္အင္း။ ကြၽန္မထက္ အရမ္း ငယ္ေနတဲ့သူတစ္ေယာက္ကို ဆက္စပ္ ေတြးၾကည့္လို႔ မရဘူး။ ေဘာ့စ္ကို မသိတာ ေသခ်ာတယ္"
ထိုသို႔ ေျပာလိုက္မွ သူမဆီ ပို တိုးကပ္လာ၍ သူမ ေနာက္ဆုတ္ မိသည္။ ေနာက္တြင္ စားပြဲေစာင္းနဲ႔ သူမရဲ႕တင္ပါးေလး ထိမိသြားသည္။ ထိုထက္ ပို၍ ဆုတ္မရေတာ့။
ေ႐ွ႕ကလူကို တြန္းဖယ္၍ ထြက္သြားခ်င္စိတ္ေတြနဲ႔ သူ႕ကို ခင္မင္း ေမာ့ၾကည့္လိုက္သည္။
'' မ်က္လုံးေတြက သိပ္ရန္လိုတယ္ေနာ္"
မ်က္လုံးေတြ ရန္လိုေၾကာင္း ေျပာေပမယ့္ မ်က္လုံးဆီမွာ အၾကည့္မ႐ွိပဲ တစ္ေနရာကို စိုက္ၾကည့္ေနသျဖင့္ သူ႕ အၾကည့္အတိုင္း ခင္မင္း သတိျပဳမိၿပီး မ်က္ႏွာတစ္ခုလုံး ထူပူသြားသည္။ တစ္ခါမွ ဒီေလာက္ အ႐ွက္မရခဲ့ဖူးေပ။
စားပြဲေပၚက ဖိုင္ကို ယူၿပီး ရင္ဘတ္မွာ ကပ္ရင္း လက္ပိုက္ထားလိုက္မိသည္။ ႐ွက္စိတ္နဲ႔ ေဒါသစိတ္ ေရာေထြးကာ မ်က္ႏွာမွာ ရဲရဲနီလ်က္။
မိန္းကေလးခ်င္းေပမယ့္ ဘယ္လိုမွ ဆက္မေနခ်င္၍ သူ႕ကို ေကြ႕ေ႐ွာင္ၿပီး ထြက္ဖို႔ လုပ္သည္။ ႐ုတ္တရက္ ေဆာင့္ဆြဲခံလိုက္ရၿပီး တၿပိဳင္နက္တည္း သူမ တစ္ကိုယ္လုံးကို အေနာက္ဘက္မွ သိုင္းဖက္ခံလိုက္ရသည္။
ခင္မင္း လႈပ္၍ မရသည့္ အေျခအေနတြင္ အံ့ၾသၿပီး တစ္ခုခုကို စိုး႐ြံ႕လာ၍ ဘာေျပာရမွန္းမသိပဲ ႐ုန္းသာ႐ုန္းေနမိသည္။
ထိုစဥ္ သူမ ဂုတ္ပိုးအထက္ပိုင္း ဆံပင္ေတြ စုသိမ္း ထုံးရစ္ထားသည့္ ေနရာတစ္ဝိုက္ကို တစ္ခုခု ထိကပ္ၿပီး ႐ိႈက္နမ္းလိုက္သလို ခံစားရသည္။
''ဟင့္အင္း၊မထိနဲ႔၊မလုပ္ပါနဲ႔"
စိတ္ထဲမွ ေျပာၿပီး ခင္မင္းပို၍ ႐ုန္းသည္။ထိုမွ တစ္ဆင့္ အနမ္းတို႔ဟာ လည္ဂုတ္ဝင္းဝင္းေလးဆီ က်ဴးေက်ာ္ လာသည္။
႐ုန္းလြန္း၍ ခင္မင္း လက္ေမာင္းသားေတြ နာလာသည္။ အတင္းအက်ပ္ ျပဳမူခံေနရသျဖင့္ ငိုခ်င္စိတ္နဲ႔ ေဒါသလိႈင္းတို႔ ခင္မင္းကို မင္းမူေနသည္။
''ေနရာမွာျပန္ထိုင္မယ္ဆို လြတ္ေပးမယ္။ ေသခ်ာေဆြးေႏြးရေအာင္ေလ။ ျပန္ထိုင္မယ္မလား"
''မင္း အရင္လြတ္လိုက္ပါ"
သူ႕ကို ခင္မင္း မင္း လို႔ပဲ ရင့္ရင့္သီးသီးသုံးႏႈန္းလိုက္သည္။ ရမ္းကားခံထားရသျဖင့္ ေဘာ့စ္လို႔ မေခၚႏိုင္ေတာ့။
သူ လႊတ္ေပးလိုက္သည္ႏွင့္ ခင္မင္း သူ႕မ်က္ႏွာကို လွည့္ၾကည့္လာသည္။ မ်က္ရည္ ဝိုင္းေနသည့္ မ်က္ဝန္းေတြက သူ႕ကို မုန္းတီးေနသေယာင္ ထင္ရသည္။ သူ ခံႏိုင္ရည္မ႐ွိ။
ဖိုင္ကို ရင္ဘတ္မွာ ကြယ္ထားဆဲ အေနအထားျဖင့္ သူမ ထိုင္ခုံမွာ ထိုင္လိုက္သည္။
''မနက္ျဖန္ကစၿပီး ေဒၚခင္မင္း႐ွိန္က MD ရဲ႕ Secretary အေနနဲ႔ တာဝန္ထမ္းေဆာင္ရမယ္"
''ဟင္"
* * * *
To Be Continue
Yeik Hsar Yar