(Completed) ဆရာဖြစ်ရတာမလွယ်ဘူ...

By Xiao_Yiii

693K 120K 3.4K

Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation p... More

Description
Chapter(1) - နိုးထခြင်း
Chapter(2) - တောင်စွန်းပေါ်တွင်
Chapter(3) - Double Return
Chapter(4) - ဖဲႀကိဳး
Chapter(5) - ပြဇာတ်
Chapter(6) - ဖြူကောင်လေး
Chapter(7) - Hidden Edge
Chapter(8) - မြက်ညွှန့်လေး
Chapter(9) - မျက်ရည်စက်သဏ္ဍာန်မှဲ့
Chapter(10) - စိတ်မကောင်းပါဘူး
Chapter(11) - ဓား
Chapter(12) - ကြွက်သားနာကျင်ခြင်း
Chapter(13) - မြန်မြန်လေး
Chapter(14) - ဖျားနာခြင်း
Chapter(15) - နှလုံးရောဂါ
Chapter(16) - အဆင့်တက်ခြင်း
Chapter(17) - လက်ချင်းတွဲဆက်
Chapter(18) - ရွေးချယ်မှု
Chapter(19) - အထီးကျန်,မှောင်မိုက်သောည
Chapter(20) - ဆွေ့ရှန်း
Chapter(21) - နောက်တစ်ဖန်ပြန်နိုးလာခြင်း
Chapter(22) - အပြစ်ရှိစိတ်များပြည့်နှက်နေသည်
Chapter(23) - စိုးရိမ်ဖွယ်ရာအသွင်ကူးပြောင်းသွားခြင်း
Chapter(24-1) - အမှန်တရား
Chapter(24-2) - အမှန်တရား
Chapter(25) - စည်းနှောင်စာချုပ်ချုပ်ခြင်း
Chapter(26) - Dress In White
Chapter(27 - 1) - အတူတကွခရီးသွားခြင်း
Chapter(27 - 2) - အတူတကွခရီးသွားခြင်း
Chapter(27 - 3) - အတူတကွခရီးသွားခြင်း
Chapter(27 - 4) - အတူတကွခရီးသွားခြင်း
Chapter(28) - အသံကျင့်ကြံသူ
Chapter(29-1) - စာအုပ်
Chapter(29-2) - စာအုပ္
Chapter(30) - စားဖိုဆောင်တစ္စေ
Chapter(31) - အားလျှန်
Chapter(32-1) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(32-2) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(33) - လျိုဝှက်နယ်မြေ
Chapter(34-1) - ဝိညာဉ်လေးများ
Chapter(34-2) - ဝိညာဥ်​လေးများ
Chapter(35-1) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(35-2) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(36-1) - မျှခြေ
Chapter(36-2) - မျှခြေ
Chapter(37-1) - ကျွန်တော်ရှိတယ်
Chapter(37-2) - ကျွန်တော်ရှိတယ်
Chapter(38-1) - ငါးရိုး
Chapter(38-2) - ငါးရိုး
Chapter(39 - 1) - ပုံရိပ်ယောင်
Chapter(39-2) - ပုံရိပ်ယောင်
Chapter(40-1) - ယွီယွီ
Chapter(40-2) - ယွီယွီ
Chapter(41-1) - ပြန်လာခြင်း
Chapter(41-2) - ပြန်လာခြင်း
Chapter(42-1) - မူးရစ်ခြင်း
Chapter(42-2) - မူးရစ်ခြင်း
Chapter(43) - ခေါင်းစဉ်မရှိ
Chapter(44 - 1) - ​ယောင်ကျိုး
Chapter(44 - 2) - ယောင်ကျိုး
Chapter(45) - ​ထောင်ဟွား
Chapter(46) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(46-2) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(47 - 1) - ပြဿနာရှာခြင်း
Chapter(47-2) - ပြဿနာရှာခြင်း
Chapter(48-1) - သံချေးတက်နေသည့် သော့
Chapter(49) - မက္ခရုငှက်လေး
Chapter(50-1) - ဘီလူး
Chapter(50-2) - ဘီလူး
Chapter(50-3) - ဘီလူး
Chapter(51-1) - ကိစ္စအသစ်
Chapter(51-2) - ကိစ္စအသစ်
Chapter(52-1) - အရမ်းရှုပ်ထွေးလွန်းတယ်
Chapter(52-2) - အလွန်ရှုပ်ထွေးလွန်းတယ်
Chapter(53-1) - မျက်နှာမရှိ
Chapter(53-2) - မျက်နှာမရှိ
Chapter(54-1) - ရုပ်သေး
Chapter(54-2) - ရုပ်သေး
Chapter(55-1) - ကန့်သတ်ချက်များ
Chapter(55-2) - ကန့်သတ်ချက်များ
Chapter(56) - လျှို့ဝှက်ချက်
Chapter(57) - ကံကြမ္မာဟောစာတမ်း
Chapter(58) - ရှေ့ပြေးဖြစ်ရပ်များ
Chapter(59) - အတိတ်
Chapter(60) - ရှေ့ကိုဆက်သွား
Chapter(61-1) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(61-2) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(62) - အလယ္
Chapter(63-1) - ဓား၏အကြွင်းအကျန်
Chapter(63-2) - ဓား၏အကြွင်းအကျန်
Chapter(64) - အပြန်
Chapter(65) - ဝိညာဉ်အိမ်မက်
Chapter(66-1) - အဝတ်အစားတွေချွတ်
Chapter(66-2) - အဝတ်အစားချွတ်ခြင်း
Chapter(67) - အတိုချုံး
Chapter(68-1) - ရှာဖွေခြင်း
Chapter(68-2) - ရှာဖွေခြင်း
Chapter(69) - ကျေနပ်အားရခြင်း
Chapter(70-1) - Seventy
Chapter(70-2) - Seventy
Chapter(71-1) - ဂိုဏ်းချုပ်
Chapter(71-2) - ဂိုဏ်းချုပ်
Chapter(72) - ပြန်လည်ပေါင်းစည်းမှု
Chapter(73) - ကြောင်ပေါက်လေး
Chapter(74-1) - ကျောက်တုံးနံရံ
Chapter(74-2) - ကျောက်တုံးနံရံ
Chapter(75) - မျက်ရည်နတ်ဆိုး
Chapter(76-1) - Seventy-Six
Chapter(76-2) - Seventy-Six
Chapter(77) - အမြွှာ
Chapter(78-1) - ဓားကိုချိုးသည်
Chapter(78-2) - ဓားကိုချိုးသည်
Chapter(79) - နှစ်တိုင်း နှစ်တိုင်း
Extra (1) - ဆောင်းဦးပေါက်ပွဲတော်
Extra (2) - အမွှေးလုံး(1)
Extra (3) - အမွှေးလုံး(1)
Extra (4) - ချင်း ယွမ်
Thank You

Chapter(48-2) - သံချေးတက်နေသည့် သော့

4.6K 851 9
By Xiao_Yiii

Unicode

အခန်း(၄၈ - ၂) - သံချေးတက်နေသည့် သော့

နတ်ဆိုးငှက်ပေါက်လေးက ထိတ်လန့်တကြားဖြင့် ကယောင်ကတမ်း ပြောနေပြီး ရှန်ကျစ်ရှန်း နားမလည်ဘူးဟု ထင်နေမိသည်။ တကယ်တော့ ရှန်ကျစ်ရှန်းက အထဲမှာ အင်အားကြီးတဲ့ တစ်စုံတစ်ရာကို သော့ခတ်ထားတယ်ဆိုတာအား ခန့်မှန်းနိုင်သည်။ ထိုအရာက ငှက်လေးရဲ့ အသက်ကို ကြီးမားစွာ ခြိမ်းခြောက်နိုင်တာကြောင့် ကျယ်လောင်စွာ မအော်ရဲခြင်းပင်။

ရှန်ကျစ်ရှန်းက ထိုနေရာမှာပဲ ရပ်နေပြီး သော့ကို သွားထိတော့မလို လုပ်နေတာကိုမြင်တော့ ငှက်ပေါက်လေးက အလွန်အမင်း စိုးရိမ်သွားပြီး သူ့ဆီ အလျင်စလို ပြေးဝင်သွားသည်။ ငှက်လေးရဲ့ နှုတ်သီးသေးသေးလေးက ရှန်ကျစ်ရှန်းရဲ့ အင်္ကျီအနားစကို ဆိတ်လိုက်ပြီး သူ့ကိုဆွဲယူဖို့ ကြိုးစားရှာသည်။

"မဖြစ်ဘူး, ခင်ဗျားဝင်သွားလို့ မရဘူး, ခရစ်, ခရစ်! အဲ့ဒါက ကြောက်ဖို့ကောင်းတယ်!"

ရှန်ကျစ်ရှန်းက သော့ကို ထိလုနီးပါး ဖြစ်နေတဲ့အချိန်မှာ ရုတ်တရက် သူ့လက်က အေးခဲသွားရသည်။ ထိတ်လန့်သွားသည့် ပုံစံက သူ့မျက်နှာမှာ ပေါ်လာလေသည်။

အချိန်တိုမျှ ရပ်တန့်ပြီးနောက်မှာ သူ့လက်ကောက်ဝတ်ကို တစ်ချက်ခါလိုက်ပြီး သူ့လက်ထဲမှာ ဓားရှည်တစ်ချောင်း ပေါ်လာသည်။

ကြည်စင်နေသည့် ဓားကနေ အေးစိမ့်နေသည့် အအေးဓာတ်တစ်ချို့အား ထုတ်လွှင့်လိုက်သည်။ ဓားက သူ့ကို စိတ်လှုပ်ရှားအောင် လုပ်နေသည့် တစ်စုံတစ်ရာနဲ့ တွေ့ဆုံနေရသကဲ့သို့ တုန်ယင်နေသည်။ ရှန်ကျစ်ရှန်းသည် ကြာရှည်စွာ အိပ်စက်နေခဲ့သော 'နှင်းပွင့်အပြန်'ဓား၏ ဓားဝိညာဉ်ကိုပင် ခံစားလိုက်ရသည်...

ဒါက နိုးထချင်နေတဲ့ အရိပ်အယောင်ပဲ

ငှက်ပေါက်လေးက အံ့အားသင့်သွား၏။ ရန်ကျင်းသည်လည်း လှည့်ကြည့်လာသည်။ ခဏတာ အံ့အားသင့်ပြီးနောက်မှာ သူက ပြောလိုက်သည်။

"ဒါက?"

ရှန်ကျစ်ရှန်းက ဓားလက်ကိုင်အား လက်တစ်ဖက်နဲ့ ကိုင်လိုက်ပြီး ဓားသွားကို နောက်တစ်ဖက်နဲ့ ကိုင်လိုက်သည်။ သူက အင်အားအနည်းငယ် ထုတ်လိုက်ပြီး လှုပ်ရှားနေခြင်းအား ရပ်တန့်စေလိုက်သည်။ ဓားက အေးစက်စက် အလင်းများအား ထုတ်လွှင့်လိုက်ကာ သူ့ကိုယ်ထည်က တုန်ယင်နေသည်။'နှင်းပွင့်အပြန်' ၏ပိုင်ရှင်အနေဖြင့် ရှန်ကျစ်ရှန်းသည် ၎င်း၏တုန်လှုပ်ခြင်းကို ရှင်းရှင်းလင်းလင်းခံစားနိုင်ခဲ့သည်။ 

"အထဲမှာ နတ်ဆိုးရှိတယ်......"

ရှန်ကျစ်ရှန်းက ရေရွတ်သည်။ သူ့ဓားဖြစ်သည့် 'နှင်းပွင့်အပြန်'က နတ်ဆိုးချီများအား အထိမခံနိုင်ဆုံးဖြစ်သည်။ ရန့်ရှန်က ရန်ကျင်းကို နတ်ဆိုးချီနဲ့ အပြစ်လွှဲချဖို့ ကြိုးစားတုန်းကလည်း အနည်းငယ်လေးပဲ တည်ရှိတာတောင် တုန်ယင်သွားခဲ့သေးတာပဲ။

ဒီတစ်ခေါက်တော့ ဓားတင် တုန်ယင်နေတာမဟုတ်ပဲ အချိန်အကြာကြီး အိပ်ပျော်နေခဲ့တဲ့ ဓားဝိညာဉ်ကပါ တုန်ယင်လာတာက အံအားသင့်ဖို့ ကောင်းတယ်– တကယ်ပဲ အခန်းထဲမှာ ဘာရှိနေတာလဲ?!

မကြာသေးခင်က မျိုသိပ်ထားခဲ့တဲ့ ရှန်ကျစ်ရှန်း၏ မသက်မသာ ဖြစ်မှုများက ပိုမိုပြင်းထန်လာသည်။ ရှန်ကျစ်ရှန်းက ဓားကို ပြန်သိမ်းလိုက်ပြီး ရန်ကျင်းအား ခေါင်းခါပြလိုက်၏ သို့သော်လည်း သူက တံခါးကို ဖွင့်ဖို့ ရည်ရွယ်ချက် မရှိတော့ပေ။ သူက ငှက်လေးကိုသာ ငုံ့ကာကောက်လိုက်ပြီး ရန်ကျင်းအား ထွက်ခွာရန် အချက်ပြလိုက်သည်။

ရန်ကျင်းက ခဏမျှ တွန့်ဆုတ်နေပြီး သံချေးတက်နေသည့် သော့အား ကြည့်မိသည်။ ထို့နောက်မှာတော့ စကားတစ်ခွန်းမဆိုပဲ ရှန်ကျစ်ရှန်းနဲ့အတူ လိုက်ပါသွားတော့လေသည်။

သူတို့က လာတဲ့လမ်းအတိုင်းပဲ တိတ်တဆိတ် လျှောက်ပြီး ပြန်ကြသည်။ ဒီတစ်ခေါက်မှာ တစ်ခုတည်းသော မတူညီတဲ့အရာက ရှန်ကျစ်ရှန်းက နတ်ဆိုးငှက်ပေါက်လေးကို သယ်လာတာပဲ။

ထိုငှက်ပေါက်လေးက တုံးအတဲ့ထိ ကြောက်လန့်နေတာလားတော့ မသိပေမယ့် စကားလုံးဝမပြောပေ။ ရှန်ကျစ်ရှန်းက ပုန်းကွယ်နေသည့် ကျောက်တုန်းအကြီးကြီးတစ်ခုကို ဖြတ်ကျော်လိုက်တဲ့အချိန်မှသာ ရုတ်တရက် စတင်ရုန်းကန်လာပြီး နာကျင်စွာ အော်ဟစ်လာသည်။

ရှန်ကျစ်ရှန်း၏ ခြေလှမ်းများ ရပ်တန့်သွားပြီး အောက်ငုံ့ကြည့်လိုက်သည်။

ငှက်ပေါက်လေးက အရမ်းကို သေးငယ်လွန်းပြီး ရှန်ကျစ်ရှန်းရဲ့ လက်ဖဝါးတစ်ဝက်လောက်ပင် ရှိမနေပေ။ သူ့လက်က ပြန့်ပြူးနေပြီး ငှက်ကလေးအား လုံးဝကို မညှစ်ပဲ ကိုင်ထားခြင်းဖြစ်သည်။

ဒါပေမဲ့လည်း ထိုအသေးလေးက ရုတ်တရက် ရုန်းကန်ရင်း တောင်ပံတစ်ဖျတ်ဖျတ် ခတ်နေသည်။ သူ့ခေါင်းလေးက တွန့်လိမ်လှည့်ပတ်နေကာ သူ့ခြေထောက်သေးသေးလေး နှစ်ချောင်းက လူးလဲကန်ကျောက်နေပြီး နာကျင်စွာ အော်မြည်နေ၏။ ၎င်းသည် မမြင်ရသည့် လက်တစ်ဖက်က သူ့လည်ချောင်းကို ဆုပ်ကိုင်ထားသလိုပင်။ ရှန်ကျစ်ရှန်းက စိတ်ပျက်လက်ပျက်ဖြင့် သေဆုံးတော့မလို ဖြစ်နေတာကိုပင် ကြားနေရသည်။

ရှန်ကျစ်ရှန်းက တစ်ချက်တွေးလိုက်ပြီး နောက်သို့ခြေတစ်လှမ်း ပြန်ဆုတ်လိုက်သည်။

သက်ရောက်မှုက ချက်ချင်းဆိုသလိုပါပဲ။ ငှက်ကလေးရဲ့ ရုန်းကန်မှုတွေက ချက်ချင်း အားနည်းသွားသည်။ ခဏအကြာမှာ ငြိမ်သက်သွားပြီး ရှန်ကျစ်ရှန်းရဲ့ လက်ထဲတွင် မောပန်းနွမ်းနယ်စွာ လဲလျောင်းနေသည်။ သူ့အတောင်ပံ ဖျားလေးများက အနည်းငယ် တုန်ယင်နေကာ သူ့ရင်ဘက် ပိစိလေးက အသက်ရှုမှုတိုင်းကို အမောတကော ဖြစ်နေသည်။ သူ့နှုတ်သီးလေးက ပွင့်ဟလာ၏။

"နာတယ်....."

လတ်စသတ်တော့ ငှက်လေးက ခြံဝင်းထဲက ထွက်လို့မရဘူးပဲ

ခြံဝင်းထဲမှာ သူထွက်သွားမှာကို တားဆီးထားတဲ့ တစ်စုံတစ်ရာ ရှိနေတယ်

ရှန်ကျစ်ရှန်းက နူးညံ့စွာမေးလိုက်သည်။

"မင်းထွက်သွားလို့ မရတာလား ဟုတ်လား?"

"နာတယ်...." ငှက်ကလေးက တွန်သံလေးပေးလိုက်ပြီး သူ့အား မကျေမနပ် တိုင်ကြားသလိုလေး ကြည့်နေသည်။ သူ့မျက်လုံးနက်နက်လေးတွေက မျက်ရည်များပြည့်နှက်ကာ ဝမ်းနည်းနေရှာသည်။

"ကယ်ပါဦး...."

၎င်းသည် မူလကတော့ ရှန်ကျစ်ရှန်းအပေါ် စောင့်ကြပ်နေတာပင်။ အခုတော့ နာကျင်မှုကြောင့် စွမ်းအားများလည်း မရှိတော့။ သူက သိပ်ဂရုမစိုက်နိုင်တော့ပဲ စတင်စကားပြောတော့သည်။

"ငါဒီမှာ အဖမ်းခံရတာအရမ်းကြာနေပြီ ထွက်သွားလို့မရဘူး..... "

ငှက်ကလေးက တစ်စီစီ အော်မြည်ရင်းဖြင့် ကျယ်လောင်စွာငိုကြွေးလေ၏။

"ငါ့လိုမျိုးတွေ အများကြီးပဲရှိနေတယ်... အစားခံလိုက်ရတာ...."

သူကြားလေလေ ရှန်ကျစ်ရှန်း၏အမူအရာက ပို၍လေးနက်လာလေလေပင်။

ငှက်ကလေးရဲ့ ဇာတ်လမ်းအရဆိုရင် ၎င်းက ခြံဝင်းထဲမှာ အချိန်အတော် ကြာကတည်းက ပိတ်လှောင်ခံထားရတာ ဖြစ်သည်။ ဒီအချိန်အတောအတွင်းမှာ များပြားလှတဲ့ နတ်ဆိုးတွေနဲ့ လှည်ပတ်သွားလာနေကြတဲ့ ဝိညာဉ်များအားလုံး ဒီနေရာဆီ အခေါ်ခံနေတာကို မြင်နေခဲ့ရသည်။ သူတို့က အထဲမှာရှိတဲ့ အရာကြီးရဲ့ 'စားသောက်ခြင်း' ကိုခံကြရသည်။ မည်သူကမျှ မလွတ်မြောက်နိုင်ခဲ့။

ဒီငှက်ကလေးက လွဲလို့ပေါ့

ငှက်ကလေးပင် ဘာတွေဖြစ်နေမှန်း မသိပေ။ တစ်နေ့မှာ သူနိုးလာတော့ ဒီကြောက်စရာကောင်းတဲ့ ငရဲတွင်းထဲ ရောက်နေသည်ကိုသာ သိလိုက်ရသည်။ ထူထဲပြီး လုံးဝိုင်းနေတဲ့ အနက်ရောင်ချီတွေက နတ်ဆိုးငယ်လေးတွေနဲ့ လှည်ပတ်သွားလာနေတဲ့ စိတ်ဝိညာဉ်လေးတွေကို စုပ်ယူစားသုံးနေခဲ့သည်။ သူ့ခြေထောက်လေးနှစ်ချောင်းက တုန်ယင်နေသေ်ာလည်း ထွက်ပြေးနိုင်တဲ့ နေရာမရှိခဲ့။ အဆုံးမှာတော့ တုန်လှုပ်ခြောက်ခြားစွာဖြင့် အနက်ရောင်ချီများနဲ့ အဝေးဆုံးထောင့်တစ်နေရာမှာ သွားကပ်တွယ်နေခဲ့ရသည်။

အချိန်အတော်ကြာ ပုန်းရှောင်ပြီး ဘေးကင်းအောင် ထိန်းထားနိုင်တဲ့ ငှက်ကလေးကလွဲလို့ တခြား နတ်ဆိုးလေးတွေနဲ့ လှည်ပတ်သွားလာနေတဲ့ စိတ်ဝိညာဉ်တွေ အကုန်လုံးကို ဒီလောက် သန့်ရှင်းစွာနဲ့ မျိုချနိုင်ခဲ့တာက ထူးဆန်းလှသည်။ ဒီနေ့မှသာ သူက ပုန်းအောင်းနေရာက ထွက်လာခဲ့ခြင်းပင်။

"နာတယ်... ထွက်သွားဖို့ ကြိုးစားတိုင်း နာကျင်လိမ့်မယ်..."

ငှက်ကလေးရဲ့ မျက်ရည်များက စီးကျလာပြီး ပြတ်တောင်းပြတ်တောင်း ရှိုက်ငိုနေ၏။

"ဒီကနေ ထွက်သွားလို့မရဘူး, အကယ်၍ ထွက်သွားရင် သေလိမ့်မယ်.....ကူညီပါဦး...."

ငှက်ကလေးက သူတို့သူ့ကို ကယ်တင်ပြီး ထွက်သွားရအောင် ကူညီပေးစေချင်သည်။ သို့ပေမယ့် ရှန်ကျစ်ရှန်းကလည်း ဘယ်အရာက သူ့ကိုဖမ်းဆီးထားတာလဲ မသိရပေ။ 'နှင်းပွင့်ပြန်လာ' ရဲ့ တုန့်ပြန်မှု အရဆိုရင် ဒါက အရမ်းကို စွမ်းအားကြီးတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရသည်။

ရှန်ကျစ်ရှန်းက ငှက်ကလေးအား သူပုန်းနေကြ နေရာလေးမှာ ပြန်ထားလိုက်သည်။ ငှက်ကလေးက ဆက်လက်တုန်ယင်နေသော်လည်း တည်မြဲစွာ ရပ်နေပြီး သူတို့အား စိတ်အားထက်သန်သော မျက်လုံးလေးများဖြင့် စိုက်ကြည့်နေသည်။

သို့သော်လည်း ရှန်ကျစ်ရှန်းက သူ့ကိုလောလောဆယ် ခေါ်သွားပေးဖို့ ရည်ရွယ်ချက် မရှိလေဘူး။ အကြောင်းပြချက်တစ်ခုက သူခေါ်သွားပေးလို့ မရလို့။ နောက်တစ်ခုကတော့ သူဒီခြံဝင်းထဲက လျှို့ဝှက်ချက်ကို ချက်ချင်းကြီး စူးစမ်းဖို့ မရည်ရွယ်ထားဘူး။ 'နှင်းပွင့်ပြန်လာ' ရဲ့ ဂနာမငြိမ်မှုနှင့် သူဖြစ်နေတဲ့ စိတ်မသက်မသာဖြစ်မှုတို့က သတိဖြင့် ဆက်လက်လုပ်ဆောင်ရန် သတိပေးနေခဲ့သည်။

မုံသခင်မက ဒီကိစ္စမှာ တိုက်ရိုက်ပါဝင် ပတ်သတ်နေခြင်း မရှိဘူးဆိုရင်တောင် သူမ သိနေလိမ့်မယ်။ မုံသခင်မဆီကနေ အဖြေထုတ်လို့ရရင် ရနိုင်မှာ...

ထိုအကြောင်းများကို စဉ်းစားပြီးနောက် ရန်ကျင်းနဲ့ ခဏလောက် တီးတိုးတိုင်ပင်လိုက်သည်။ သူတို့က မြက်ခင်းပြင်ကို မြန်မြန်ကြီး မရိုက်လိုက်ဖို့ ဆုံးဖြတ်လိုက်တော့၏။

သူတို့က ငှက်ကလေးအား လျှောက်ပြေးမနေဖို့ သတိပေးလိုက်ပြီးနောက် အစောင့်များကို ရှောင်ရှားရင်း ရှန်ကျစ်ရှန်းရဲ့ အခန်းဆီသို့သာ တိတ်တဆိတ် ပြန်သွားလိုက်ကြတော့သည်။

အခုက တစ်နာရီလောက်သာ ကုန်ဆုံးသေးတာကြောင့် အချိန်စောလွန်းနေသေးသည်။

ဒီတစ်ခေါက်တော့ ရှန်ကျစ်ရှန်းအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နိုင်လေပြီ။ သူက ပျင်းရိစွာ သန်းဝေလိုက်ပြီး အိပ်ယာပေါ်တက်လိုက်သည်။ သူအိပ်ပျော်ခါနီး အချိန်မှာ ရန်ကျင်းအား စောစောထရန်နှင့် သူ့အခန်းဆီသို့ တိတ်တိတ်လေး ပြန်သွားရန် ပြောဖို့ သတိရသွားပြီး အိပ်ချင်မူးတူးဖြင့် ဗလုံးဗထွေးပြောလိုက်ပြီးနောက် ချက်ချင်းပင် အိပ်ပျော်သွားတော့လေသည်။

ရန်ကျင်းက သဘောတူသလိုမျိုး အသံတစ်ချက် ပြုလိုက်သည်။ သို့သော်လည်း လိုက်လုပ်ဖို့တော့ အစီအစဉ်မရှိဘူးလေ။

ထို့ကြောင့် နောက်တစ်နေ့မှာ ပုခုံးပေါ်တွင် အပေါ်ဝတ်ကို လွှမ်းခြုံထားသည့် ရှန်ကျစ်ရှန်းက တောင့်တင်းနေသည့် မျက်နှာဖြင့် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ ထိုအချိန်မှာ အစောင့် ကင်းလှည့်နေတဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့လေသည်။ နှစ်ယောက်သား အချင်းချင်း တုန်လှုပ်စွာ ကြည့်နေပြီးနောက်မှ ရှန်ကျစ်ရှန်းက နောက်ဆုံးတော့ ပြတင်းတံခါးအား တင်းတင်းကြပ်ကြပ် ပြန်ပိတ်လိုက်တော့၏။

တစ်နာရီရဲ့ လေးပုံတစ်ပုံ ကြာမြင့်ပြီးနောက် ရှန်ကျစ်ရှန်းက သပ်သပ်ရပ်ရပ် ဝတ်စား၍ တံခါးကနေ တည်ငြိမ်စွာ လျှောက်ထွက်လာပြီး သူ့နောက်မှာ သပ်သပ်ရပ်ရပ် ဝတ်ထားသည့် ရန်ကျင်းက လိုက်ပါလာသည်။

မနက်စာ စားဖို့ခေါ်ရန် လာသည့် အိမ်တော်ထိန်းမှာ တစ်ယောက်ကို ပြောပြီးရင် နောက်တစ်ယောက်ဆီ သွားဖို့ စီစဉ်ထားတာပင်။ အဲ့ဒီအစား သူကသူတို့အား ဆွံအစွာဖြင့် ကြည့်မိတော့သည်။

သူက ရန်ကျင်းအတွက် စီစဉ်ပေးထားသည့် အခန်းအား ကြောင်တောင်တောင် ကြည့်မိသည်။ ထိုခဏမှာ အခန်းပုံစံက တစ်ညလုံး လူသူကင်းမဲ့နေသလိုမျိုး ယိုယွင်းမှုလေးပင် ရှိမနေပေ။ သူက ရန်ကျင်းကို ငေးကြည့်ပြီးနောက် ယဉ်ယဉ်ကျေးကျေးဖြင့် ဂရုတစိုက် မေးလာ၏။

"အခန်းကို စီစဉ်ပေးထားတာက မသင့်တော်လို့လားခင်ဗျာ?"

မပြောသင့်တဲ့ အရာများကို ရန်ကျင်းမပြောမိခင်မှာ ရှန်ကျစ်ရှန်းက တုံ့ပြန်သည့်အနေဖြင့် အလျင်အမြန် ကြားဖြတ်လိုက်ပြီး မုံအိမ်တော်အကြောင်းကို သာမာန်ကာလျှံကာပုံစံဖြင့် စတင် မေးမြန်းတော့လေသည်။

အဆုံးမှာတော့ ထိုရိုးသားတဲ့ ဧည့်သည်လေးနှစ်ယောက်က အိမ်တော်သခင် နှစ်ယောက်ကြောင့် ဆွဲခေါ်ခံလာရတာလေ။ ရလဒ်ကတော့ အိမ်တော်ထိန်းက သူတို့အပေါ် အလွန်အမင်း ယဉ်ကျေးသည်။ သူက ရှန်ကျစ်ရှန်းရဲ့ မေးခွန်းအားလုံးကို မဖြေပေမယ့်လည်း ပိုပြီး အပြစ်လွတ်သည့် အဖြေများကိုတော့ ဖြေပေးဆဲပင်။

မုံသခင်မက အိမ်သူအိမ်သားတွေကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့ ကျွမ်းကျင်မှုတစ်ချို့ ရှိသည်ဟု ဆိုရပေမည်။ ထိုအိမ်က မုံနှင့်သာသက်ဆိုင်ပေမယ့်လည်း အထဲမှ လူများကတော့ သူမအား အလွန်အမင်း လေးစားကြသည်။ မုံသခင်မက လူတွေခေါ်ပြီး မုံယွင်အား အပျော်လှေဆီမှာ သွားရှာတာတောင် အိမ်တော်ထိန်းကတော့ သူမကို ဆိုးဆိုးရွားရွားပြောဖို့ ငြင်းဆန်နေဆဲပင်။

"သခင်မက အရမ်းအံ့သြဖို့ကောင်းပြီး ကျွန်တော်တို့နဲ့ အရမ်းရင်းနှီးကျွမ်းဝင်တယ်"

ရှန်ကျစ်ရှန်းက ပြုံးနေပြီး စကားအနည်းငယ်ဖြင့် သဘောတူကြောင်း ပြပေးလေသည်။ ခဏတာ စဉ်းစားပြိးနောက်မှာတော့ မုံသခင်မအား နှုတ်ဆက်စကား ပြောဖို့အတွက် သူမနဲ့တွေ့ခွင့်ပေးရန် တောင်းဆိုလိုက်သည်။

အိမ်တော်ထိန်းက သူ့ခေါင်းကို ခါယမ်းရင်း တောင်းပန်စကား ပြောလာသည်။

"သခင်မက သခင်လေးတို့ကို စိတ်မြန်လက်မြန်နဲ့ ဒီလိုမျိုးသက်ရောက်မှု ဖြစ်စေခဲ့လို့ ကိုယ်တိုင်ကိုယ်ကျ လာတောင်းပန်ချင်တာပါ, ဒါပေမဲ့ မနေ့ညက ကောင်းကောင်း အိပ်မပျော်တော့ ဒီနေ့မနက်မှာ ဖျားသွားတယ်, သူမက အခု ထဖို့တောင် ခက်ခဲနေတာမို့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

ဒီလိုမျိုး တိုက်တိုင်ဆိုင်ဆိုင် နေမကောင်းဖြစ်သွားတယ်ပေါ့

ရှန်ကျစ်ရှန်းသည် မနေ့ညလယ်တုန်းက မုံသခင်မဖြတ်သွားတဲ့အချိန် သူမရဲ့ ပင်ပန်းနွမ်းနယ်နေသော မျက်နှာအား ပြန်စဉ်းစားမိသည်။ သူက ပြန်ဖြေဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ မေးခွန်းထုတ်လာတဲ့ အသံအား ကြားလိုက်ရ၏။

"မနေ့ညက အမျိုးသမီး ဖိတ်လာတဲ့ သခင်လေးနှစ်ယောက် ဘယ်မှာလဲ? သူတို့ကို ထွက်လာဖို့ ဖိတ်ပေးပါဦး, ငါသူတို့ကိုမြင်ချင်လို့....."

ထိုစကားလုံးများက ဒေါသနဲ့မနာလိုမှု အရိပ်အယောင်များ ရှိနေသည်။

ရှန်ကျစ်ရှန်း: "..."

သူတို့ကို မမြင်ချင်တဲ့ အိမ်ပိုင်ရှင်ဖြစ်သူက နောက်ဆုံးတော့ မနာလို သဝန်တိုမှုများနဲ့ သူတို့အား စာရင်းရှင်းရန် ရောက်လာလေသည်။

အမှန်တော့ မနေ့ညက အပျော်လှေပေါ်က ပုံစံကို မျက်မြင်တွေ့ပြီးနောက်မှာ ရှန်ကျစ်ရှန်းအနေနဲ့ မုံယွင်ကို သိပ်သဘောမကျဘူး

မုံသခင်မက  နူးညံ့သိမ်မွေ့ပြီး စာနာတတ်သည်။ သူမက လူအများ လေးစားမှီခိုလေ့ ရှိသည့် သီလရှိသော ဇနီးတစ်ယောက်ရဲ့ စံနမူနာပင်။ သူမကို မြတ်နိုးသင့်သည်။ တကယ်တော့လည်း မုံယွင် မကြာခဏ သွားလေ့ရှိတဲ့ အဲ့ဒီနေရာက သာမာန်ရိုးရိုးပဲလေ။

သူက မီးပုံးမချိတ်ထားတဲ့ အပျော်လှေများကိုသာ သွားတတ်ပြီး မိန်းကလေးတွေ တီးမှုတ် သီချင်းဆိုတာကိုသာ ကြည့်ဖို့ သူ့ကိုယ်သူ ကန့်သတ်ထားပေမယ့်ပေါ့။ ဒါ့အပြင် ရံဖန်ရံခါ သူမူးသွားလို့ တစ်ညလုံး နေမိရင်လည်း တစ်ခြားအမျိုးသမီးတွေ သူ့ကိုခစားမှာအား ငြင်းဆန်သည်။ တစ်ခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ သူက မုံသခင်မနဲ့ အမှန်တကယ် ထိုက်တန်သူဖြစ်နေသည်။

သို့သော်လည်း ရှန်ကျစ်ရှန်းကတော့ မသက်မသာ ခံစားနေရဆဲပဲ။ အချစ်ရေးဆိုတာက အပြန်အလှန် တန်းတူညီမျှမှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ သစ္စာစောင့်သိမှုတွေ ရှိသင့်တယ်လို့ သူအမြဲတမ်း ယုံကြည်ထားတယ်။ မုံယွင်ရဲ့ အပြုအမူတွေကတော့ တစ်နည်းနည်းနဲ့ အရိပ်အမြွက် ပြနေသလိုပဲ။

သို့သော်လည်း အားလုံး ပြောဆိုလို့ ပြီးတဲ့နောက်မှာ ဒါတွေအားလုံးက တစ်ခြားမိသားစုရဲ့ အရေးကိစ္စပဲလေ။ သူ့အနေနဲ့ အခြေအနေမှန်ကို နားမလည်နိုင်သလို လင်မယားနှစ်ယောက် ဘယ်လိုပေါင်းသင်းနေလဲ ဆိုတာကိုလည်း သူမသိဘူး။ ဒါမျိုးက ဝင်စွက်ဖက်ဖို့ ခက်ခဲ့တယ်...Undead City အကြောင်းကို မေးဖို့လိုအပ်လို့သာ မဟုတ်ဘူးဆိုရင် သူဝေးဝေးမှာပဲ နေမိမှာ။

အခု မုံသခင်မက သူတို့ကို တွေ့ဖို့ ငြင်းဆန်နေပြီး အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ခြံဝင်းနဲ့ ပတ်သတ်လို့လည်း အချက်အလက်တွေ မရသေးဘူး

ရှန်ကျစ်ရှန်းက မုံယွင်ရဲ့ မျက်မှောင်ကြုတ်နေတာကို မြင်တဲ့အချိန်မှာ သူဘာပြောချင်နေလဲ စဉ်းစားစရာပင် မလိုပေ။ ချက်ချင်းပင် နှုတ်ဆက်စကားပြောလိုက်ရသည်။

မုံယွင်ကလည်း မူလကတည်း သူ့ကို ထွက်သွားရန် ဆွဲဆောင်ချင်ခဲ့တာဖြစ်သည်။ သူတို့ ထွက်သွားဖို့ ရည်ရွယ်ထားတာကို မြင်တော့ ချက်ချင်းပြုံးသွားပြီး ဒေါသနည်းနည်း လျော့သွားသည်။ သူက လက်ဝှေ့ယမ်းပြလိုက်ကာ အစေခံများအား လက်ဆောင်ပေးစေ၏။

"ကျုပ်တို့ဘက်က မဆင်မခြင် အပြုအမူကြောင့် သခင်လေးနှစ်ယောက်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့မိတာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

မုံအိမ်တော်ထဲမှာ အရေးကြီးဆုံး အရာက ငွေကြေးပဲလေ။ ဒါကြောင့် သူတို့မျက်လုံးထဲမှာ ရှန်ကျစ်ရှန်းအတွက် အရေးကြီးဆုံးကလည်း ငွေကြေးပဲ ဖြစ်လိမ့်မယ်ဟု တွေးကြသည်။

ရှန်ကျစ်ရှန်းကတော့ လက်သင့်မခံပဲ ယဉ်ကျေးစွာသာ ငြင်းဆိုသည်။ သူကထိုနေရာမှာ ကြာကြာမနေတော့ပဲ ရန်ကျင်းနဲ့အတူ လက်ချင်းတွဲပြီး ပြန်သွားတော့သည်။

သူတို့တွေ မုံအိမ်တော်က ထွက်ခွာလိုက်သည့် တစ်ခဏမှာပင် ရှန်ကျစ်ရှန်းက တုံ့ဆိုင်းမှု မရှိစွာ အပျော်လှေရှိရာသို့ ပြန်သွားလိုက်သည်။

အပျော်လှေက နေ့ခင်းအချိန် မဖွင့်ပေမယ့်လည်း အစေခံငယ်လေးများက သူ့ကိုတားဆီးလာတဲ့အခါမှာ ရှန်ကျစ်ရှန်းက သိပ်ဂရုမစိုက်ပေ။ သူက ကျန်းဟူမှ လူငယ်သူရဲကောင်းလေးလိုမျိုး စိတ်အားတက်ကြွနေသည်။ သူက သားရဲကောင်လေး ရန်ကျင်းအား တိုက်ရိုက် ဆင့်ခေါ်လိုက်သည်။

"သူတို့အားလုံးကို အခန်းထဲ ထည့်ပိတ်ထားလိုက်"

ရန်ကျင်းက စကားတစ်ခွန်းမဆိုပဲ ဘေးနားမှာ အလှဆင်ထားတဲ့ ဘရိုကိတ်ဖဲကြိုးရှည်အား ယူလိုက်ကာ အစေခံများအား အထိအခိုက်မရှိ ချုပ်နှောင်လိုက်ပြီး ရှန်ကျစ်ရှန်း ပြောတဲ့အတိုင်း အခန်းထဲမှာ အားလုံးကို ထည့်ပိတ်ထားလိုက်လေသည်။

တံခါးပိတ်သွားသည့်တစ်ခဏမှာပင် အစေခံလေးများရဲ့ အော်သံက ချက်ချင်းပင် ရပ်တန့်သွားသည်။

ရှန်ကျစ်ရှန်းက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး ဒုတိယထပ်မှာ အရေခွံလဲမိစ္ဆာအား သွားရှာဖို့ ပြင်လိုက်၏။ သူတို့တွေ သီးသန့်ခန်းတစ်ခုကို ဖြတ်လိုက်တဲ့အချိန်မှာ ရုတ်တရက် အမွေးနံ့တစ်ခု ရလိုက်သည်။

သူက လျင်မြန်စွာ တုန့်ပြန်ပြီး ရန်ကျင်းအား ဆွဲခေါ်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။

သူရပ်တန့်လိုက်သည့် တစ်ခဏမှာပင် အခန်းထဲက ရယ်သံခပ်လွင်လွင်လေး ထွက်ပေါ်လာလေသည်။ အရေခွံလဲမိစ္ဆာက အပြင်ကို ထွက်လာပြီး သူတို့အား မက်မွန်ပွင့်ပုံ မျက်လုံးလေးများဖြင့် ကြည့်လာ၏။ သူမက ရှန်ကျစ်ရှန်းအား ပြောလိုက်လေသည်။

"သခင်လေးနှစ်ယောက်က မုံအိမ်တော်မှာ တစ်ညလုံး အချိန်ကုန်ဆုံးလာတာ, ဘာလို့ဒီကိုလာပြီး ကျွန်မကို အနိုင်ကျင့်ရပြန်တာလဲ?"

1.2.2022

================
Zawgyi

အခန္း(၄၈ - ၂) - သံေခ်းတက္ေနသည့္ ေသာ့

နတ္ဆိုးငွက္ေပါက္ေလးက ထိတ္လန္႔တၾကားျဖင့္ ကေယာင္ကတမ္း ေျပာေနၿပီး ရွန္က်စ္ရွန္း နားမလည္ဘူးဟု ထင္ေနမိသည္။ တကယ္ေတာ့ ရွန္က်စ္ရွန္းက အထဲမွာ အင္အားႀကီးတဲ့ တစ္စံုတစ္ရာကို ေသာ့ခတ္ထားတယ္ဆိုတာအား ခန္႔မွန္းႏိုင္သည္။ ထိုအရာက ငွက္ေလးရဲ႔ အသက္ကို ႀကီးမားစြာ ၿခိမ္းေျခာက္ႏိုင္တာေၾကာင့္ က်ယ္ေလာင္စြာ မေအာ္ရဲျခင္းပင္။

ရွန္က်စ္ရွန္းက ထိုေနရာမွာပဲ ရပ္ေနၿပီး ေသာ့ကို သြားထိေတာ့မလို လုပ္ေနတာကိုျမင္ေတာ့ ငွက္ေပါက္ေလးက အလြန္အမင္း စိုးရိမ္သြားၿပီး သူ႔ဆီ အလ်င္စလို ေျပးဝင္သြားသည္။ ငွက္ေလးရဲ႔ ႏႈတ္သီးေသးေသးေလးက ရွန္က်စ္ရွန္းရဲ႔ အက်ႌအနားစကို ဆိတ္လိုက္ၿပီး သူ႔ကိုဆြဲယူဖို႔ ႀကိဳးစားရွာသည္။

"မျဖစ္ဘူး, ခင္ဗ်ားဝင္သြားလို႔ မရဘူး, ခရစ္, ခရစ္! အဲ့ဒါက ေၾကာက္ဖို႔ေကာင္းတယ္!"

ရွန္က်စ္ရွန္းက ေသာ့ကို ထိလုနီးပါး ျဖစ္ေနတဲ့အခ်ိန္မွာ ႐ုတ္တရက္ သူ႔လက္က ေအးခဲသြားရသည္။ ထိတ္လန္႔သြားသည့္ ပံုစံက သူ႔မ်က္ႏွာမွာ ေပၚလာေလသည္။

အခ်ိန္တိုမွ် ရပ္တန္႔ၿပီးေနာက္မွာ သူ႔လက္ေကာက္ဝတ္ကို တစ္ခ်က္ခါလိုက္ၿပီး သူ႔လက္ထဲမွာ ဓားရွည္တစ္ေခ်ာင္း ေပၚလာသည္။

ၾကည္စင္ေနသည့္ ဓားကေန ေအးစိမ့္ေနသည့္ အေအးဓာတ္တစ္ခ်ိဳ႔အား ထုတ္လႊင့္လိုက္သည္။ ဓားက သူ႔ကို စိတ္လႈပ္ရွားေအာင္ လုပ္ေနသည့္ တစ္စံုတစ္ရာနဲ႔ ေတြ႕ဆံုေနရသကဲ့သို႔ တုန္ယင္ေနသည္။ ရွန္က်စ္ရွန္းသည္ ၾကာရွည္စြာ အိပ္စက္ေနခဲ့ေသာ 'ႏွင္းပြင့္အျပန္'ဓား၏ ဓားဝိညာဥ္ကိုပင္ ခံစားလိုက္ရသည္...

ဒါက ႏိုးထခ်င္ေနတဲ့ အရိပ္အေယာင္ပဲ

ငွက္ေပါက္ေလးက အံ့အားသင့္သြား၏။ ရန္က်င္းသည္လည္း လွည့္ၾကည့္လာသည္။ ခဏတာ အံ့အားသင့္ၿပီးေနာက္မွာ သူက ေျပာလိုက္သည္။

"ဒါက?"

ရွန္က်စ္ရွန္းက ဓားလက္ကိုင္အား လက္တစ္ဖက္နဲ႔ ကိုင္လိုက္ၿပီး ဓားသြားကို ေနာက္တစ္ဖက္နဲ႔ ကိုင္လိုက္သည္။ သူက အင္အားအနည္းငယ္ ထုတ္လိုက္ၿပီး လႈပ္ရွားေနျခင္းအား ရပ္တန္႔ေစလိုက္သည္။ ဓားက ေအးစက္စက္ အလင္းမ်ားအား ထုတ္လႊင့္လိုက္ကာ သူ႔ကိုယ္ထည္က တုန္ယင္ေနသည္။'ႏွင္းပြင့္အျပန္' ၏ပိုင္ရွင္အေနျဖင့္ ရွန္က်စ္ရွန္းသည္ ၎၏တုန္လႈပ္ျခင္းကို ရွင္းရွင္းလင္းလင္းခံစားႏိုင္ခဲ့သည္။ 

"အထဲမွာ နတ္ဆိုးရွိတယ္......"

ရွန္က်စ္ရွန္းက ေရရြတ္သည္။ သူ႔ဓားျဖစ္သည့္ 'ႏွင္းပြင့္အျပန္'က နတ္ဆိုးခ်ီမ်ားအား အထိမခံႏိုင္ဆံုးျဖစ္သည္။ ရန္႔ရွန္က ရန္က်င္းကို နတ္ဆိုးခ်ီနဲ႔ အျပစ္လႊဲခ်ဖို႔ ႀကိဳးစားတုန္းကလည္း အနည္းငယ္ေလးပဲ တည္ရွိတာေတာင္ တုန္ယင္သြားခဲ့ေသးတာပဲ။

ဒီတစ္ေခါက္ေတာ့ ဓားတင္ တုန္ယင္ေနတာမဟုတ္ပဲ အခ်ိန္အၾကာႀကီး အိပ္ေပ်ာ္ေနခဲ့တဲ့ ဓားဝိညာဥ္ကပါ တုန္ယင္လာတာက အံအားသင့္ဖို႔ ေကာင္းတယ္– တကယ္ပဲ အခန္းထဲမွာ ဘာရွိေနတာလဲ?!

မၾကာေသးခင္က မ်ိဳသိပ္ထားခဲ့တဲ့ ရွန္က်စ္ရွန္း၏ မသက္မသာ ျဖစ္မႈမ်ားက ပိုမိုျပင္းထန္လာသည္။ ရွန္က်စ္ရွန္းက ဓားကို ျပန္သိမ္းလိုက္ၿပီး ရန္က်င္းအား ေခါင္းခါျပလိုက္၏ သို႔ေသာ္လည္း သူက တံခါးကို ဖြင့္ဖို႔ ရည္ရြယ္ခ်က္ မရွိေတာ့ေပ။ သူက ငွက္ေလးကိုသာ ငံု႔ကာေကာက္လိုက္ၿပီး ရန္က်င္းအား ထြက္ခြာရန္ အခ်က္ျပလိုက္သည္။

ရန္က်င္းက ခဏမွ် တြန္႔ဆုတ္ေနၿပီး သံေခ်းတက္ေနသည့္ ေသာ့အား ၾကည့္မိသည္။ ထို႔ေနာက္မွာေတာ့ စကားတစ္ခြန္းမဆိုပဲ ရွန္က်စ္ရွန္းနဲ႔အတူ လိုက္ပါသြားေတာ့ေလသည္။

သူတို႔က လာတဲ့လမ္းအတိုင္းပဲ တိတ္တဆိတ္ ေလွ်ာက္ၿပီး ျပန္ၾကသည္။ ဒီတစ္ေခါက္မွာ တစ္ခုတည္းေသာ မတူညီတဲ့အရာက ရွန္က်စ္ရွန္းက နတ္ဆိုးငွက္ေပါက္ေလးကို သယ္လာတာပဲ။

ထိုငွက္ေပါက္ေလးက တံုးအတဲ့ထိ ေၾကာက္လန္႔ေနတာလားေတာ့ မသိေပမယ့္ စကားလံုးဝမေျပာေပ။ ရွန္က်စ္ရွန္းက ပုန္းကြယ္ေနသည့္ ေက်ာက္တုန္းအႀကီးႀကီးတစ္ခုကို ျဖတ္ေက်ာ္လိုက္တဲ့အခ်ိန္မွသာ ႐ုတ္တရက္ စတင္႐ုန္းကန္လာၿပီး နာက်င္စြာ ေအာ္ဟစ္လာသည္။

ရွန္က်စ္ရွန္း၏ ေျခလွမ္းမ်ား ရပ္တန္႔သြားၿပီး ေအာက္ငံု႔ၾကည့္လိုက္သည္။

ငွက္ေပါက္ေလးက အရမ္းကို ေသးငယ္လြန္းၿပီး ရွန္က်စ္ရွန္းရဲ႔ လက္ဖဝါးတစ္ဝက္ေလာက္ပင္ ရွိမေနေပ။ သူ႔လက္က ျပန္႔ျပဴးေနၿပီး ငွက္ကေလးအား လံုးဝကို မၫွစ္ပဲ ကိုင္ထားျခင္းျဖစ္သည္။

ဒါေပမဲ့လည္း ထိုအေသးေလးက ႐ုတ္တရက္ ႐ုန္းကန္ရင္း ေတာင္ပံတစ္ဖ်တ္ဖ်တ္ ခတ္ေနသည္။ သူ႔ေခါင္းေလးက တြန္႔လိမ္လွည့္ပတ္ေနကာ သူ႔ေျခေထာက္ေသးေသးေလး ႏွစ္ေခ်ာင္းက လူးလဲကန္ေက်ာက္ေနၿပီး နာက်င္စြာ ေအာ္ျမည္ေန၏။ ၎သည္ မျမင္ရသည့္ လက္တစ္ဖက္က သူ႔လည္ေခ်ာင္းကို ဆုပ္ကိုင္ထားသလိုပင္။ ရွန္က်စ္ရွန္းက စိတ္ပ်က္လက္ပ်က္ျဖင့္ ေသဆံုးေတာ့မလို ျဖစ္ေနတာကိုပင္ ၾကားေနရသည္။

ရွန္က်စ္ရွန္းက တစ္ခ်က္ေတြးလိုက္ၿပီး ေနာက္သို႔ေျခတစ္လွမ္း ျပန္ဆုတ္လိုက္သည္။

သက္ေရာက္မႈက ခ်က္ခ်င္းဆိုသလိုပါပဲ။ ငွက္ကေလးရဲ႕ ႐ုန္းကန္မႈေတြက ခ်က္ခ်င္း အားနည္းသြားသည္။ ခဏအၾကာမွာ ၿငိမ္သက္သြားၿပီး ရွန္က်စ္ရွန္းရဲ႔ လက္ထဲတြင္ ေမာပန္းႏြမ္းနယ္စြာ လဲေလ်ာင္းေနသည္။ သူ႔အေတာင္ပံ ဖ်ားေလးမ်ားက အနည္းငယ္ တုန္ယင္ေနကာ သူ႔ရင္ဘက္ ပိစိေလးက အသက္ရွဳမႈတိုင္းကို အေမာတေကာ ျဖစ္ေနသည္။ သူ႔ႏႈတ္သီးေလးက ပြင့္ဟလာ၏။

"နာတယ္....."

လတ္စသတ္ေတာ့ ငွက္ေလးက ျခံဝင္းထဲက ထြက္လို႔မရဘူးပဲ

ျခံဝင္းထဲမွာ သူထြက္သြားမွာကို တားဆီးထားတဲ့ တစ္စံုတစ္ရာ ရွိေနတယ္

ရွန္က်စ္ရွန္းက ႏူးညံ့စြာေမးလိုက္သည္။

"မင္းထြက္သြားလို႔ မရတာလား ဟုတ္လား?"

"နာတယ္...." ငွက္ကေလးက တြန္သံေလးေပးလိုက္ၿပီး သူ႔အား မေက်မနပ္ တိုင္ၾကားသလိုေလး ၾကည့္ေနသည္။ သူ႔မ်က္လံုးနက္နက္ေလးေတြက မ်က္ရည္မ်ားျပည့္ႏွက္ကာ ဝမ္းနည္းေနရွာသည္။

"ကယ္ပါဦး...."

၎သည္ မူလကေတာ့ ရွန္က်စ္ရွန္းအေပၚ ေစာင့္ၾကပ္ေနတာပင္။ အခုေတာ့ နာက်င္မႈေၾကာင့္ စြမ္းအားမ်ားလည္း မရွိေတာ့။ သူက သိပ္ဂ႐ုမစိုက္ႏိုင္ေတာ့ပဲ စတင္စကားေျပာေတာ့သည္။

"ငါဒီမွာ အဖမ္းခံရတာအရမ္းၾကာေနၿပီ ထြက္သြားလို႔မရဘူး..... "

ငွက္ကေလးက တစ္စီစီ ေအာ္ျမည္ရင္းျဖင့္ က်ယ္ေလာင္စြာငိုေႂကြးေလ၏။

"ငါ့လိုမ်ိဳးေတြ အမ်ားႀကီးပဲရွိေနတယ္... အစားခံလိုက္ရတာ...."

သူၾကားေလေလ ရွန္က်စ္ရွန္း၏အမူအရာက ပို၍ေလးနက္လာေလေလပင္။

ငွက္ကေလးရဲ႔ ဇာတ္လမ္းအရဆိုရင္ ၎က ျခံဝင္းထဲမွာ အခ်ိန္အေတာ္ ၾကာကတည္းက ပိတ္ေလွာင္ခံထားရတာ ျဖစ္သည္။ ဒီအခ်ိန္အေတာအတြင္းမွာ မ်ားျပားလွတဲ့ နတ္ဆိုးေတြနဲ႔ လွည္ပတ္သြားလာေနၾကတဲ့ ဝိညာဥ္မ်ားအားလံုး ဒီေနရာဆီ အေခၚခံေနတာကို ျမင္ေနခဲ့ရသည္။ သူတို႔က အထဲမွာရွိတဲ့ အရာႀကီးရဲ႔ 'စားေသာက္ျခင္း' ကိုခံၾကရသည္။ မည္သူကမွ် မလြတ္ေျမာက္ႏိုင္ခဲ့။

ဒီငွက္ကေလးက လြဲလို႔ေပါ့

ငွက္ကေလးပင္ ဘာေတြျဖစ္ေနမွန္း မသိေပ။ တစ္ေန႔မွာ သူႏိုးလာေတာ့ ဒီေၾကာက္စရာေကာင္းတဲ့ ငရဲတြင္းထဲ ေရာက္ေနသည္ကိုသာ သိလိုက္ရသည္။ ထူထဲၿပီး လံုးဝိုင္းေနတဲ့ အနက္ေရာင္ခ်ီေတြက နတ္ဆိုးငယ္ေလးေတြနဲ႔ လွည္ပတ္သြားလာေနတဲ့ စိတ္ဝိညာဥ္ေလးေတြကို စုပ္ယူစားသံုးေနခဲ့သည္။ သူ႔ေျခေထာက္ေလးႏွစ္ေခ်ာင္းက တုန္ယင္ေနေသ္ာလည္း ထြက္ေျပးႏိုင္တဲ့ ေနရာမရွိခဲ့။ အဆံုးမွာေတာ့ တုန္လႈပ္ေျခာက္ျခားစြာျဖင့္ အနက္ေရာင္ခ်ီမ်ားနဲ႔ အေဝးဆံုးေထာင့္တစ္ေနရာမွာ သြားကပ္တြယ္ေနခဲ့ရသည္။

အခ်ိန္အေတာ္ၾကာ ပုန္းေရွာင္ၿပီး ေဘးကင္းေအာင္ ထိန္းထားႏိုင္တဲ့ ငွက္ကေလးကလြဲလို႔ တျခား နတ္ဆိုးေလးေတြနဲ႔ လွည္ပတ္သြားလာေနတဲ့ စိတ္ဝိညာဥ္ေတြ အကုန္လံုးကို ဒီေလာက္ သန္႔ရွင္းစြာနဲ႔ မ်ိဳခ်ႏိုင္ခဲ့တာက ထူးဆန္းလွသည္။ ဒီေန႔မွသာ သူက ပုန္းေအာင္းေနရာက ထြက္လာခဲ့ျခင္းပင္။

"နာတယ္... ထြက္သြားဖို႔ ႀကိဳးစားတိုင္း နာက်င္လိမ့္မယ္..."

ငွက္ကေလးရဲ႔ မ်က္ရည္မ်ားက စီးက်လာၿပီး ျပတ္ေတာင္းျပတ္ေတာင္း ႐ွိဳက္ငိုေန၏။

"ဒီကေန ထြက္သြားလို႔မရဘူး, အကယ္၍ ထြက္သြားရင္ ေသလိမ့္မယ္.....ကူညီပါဦး...."

ငွက္ကေလးက သူတို႔သူ႔ကို ကယ္တင္ၿပီး ထြက္သြားရေအာင္ ကူညီေပးေစခ်င္သည္။ သို႔ေပမယ့္ ရွန္က်စ္ရွန္းကလည္း ဘယ္အရာက သူ႔ကိုဖမ္းဆီးထားတာလဲ မသိရေပ။ 'ႏွင္းပြင့္ျပန္လာ' ရဲ႔ တုန္႔ျပန္မွဳ အရဆိုရင္ ဒါက အရမ္းကို စြမ္းအားႀကီးတဲ့ နတ္ဆိုးတစ္ေကာင္ ျဖစ္လိမ့္မယ္လို႔ ခန္႔မွန္းရသည္။

ရွန္က်စ္ရွန္းက ငွက္ကေလးအား သူပုန္းေနၾက ေနရာေလးမွာ ျပန္ထားလိုက္သည္။ ငွက္ကေလးက ဆက္လက္တုန္ယင္ေနေသာ္လည္း တည္ၿမဲစြာ ရပ္ေနၿပီး သူတို႔အား စိတ္အားထက္သန္ေသာ မ်က္လုံးေလးမ်ားျဖင့္ စိုက္ၾကည့္ေနသည္။

သို႔ေသာ္လည္း ရွန္က်စ္ရွန္းက သူ႔ကိုေလာေလာဆယ္ ေခၚသြားေပးဖို႔ ရည္ရြယ္ခ်က္ မရွိေလဘူး။ အေၾကာင္းျပခ်က္တစ္ခုက သူေခၚသြားေပးလို႔ မရလို႔။ ေနာက္တစ္ခုကေတာ့ သူဒီျခံဝင္းထဲက လွ်ိဳ႔ဝွက္ခ်က္ကို ခ်က္ခ်င္းႀကီး စူးစမ္းဖို႔ မရည္ရြယ္ထားဘူး။ 'ႏွင္းပြင့္ျပန္လာ' ရဲ႔ ဂနာမၿငိမ္မႈႏွင့္ သူျဖစ္ေနတဲ့ စိတ္မသက္မသာျဖစ္မႈတို႔က သတိျဖင့္ ဆက္လက္လုပ္ေဆာင္ရန္ သတိေပးေနခဲ့သည္။

မံုသခင္မက ဒီကိစၥမွာ တိုက္႐ိုက္ပါဝင္ ပတ္သတ္ေနျခင္း မရွိဘူးဆိုရင္ေတာင္ သူမ သိေနလိမ့္မယ္။ မံုသခင္မဆီကေန အေျဖထုတ္လို႔ရရင္ ရႏိ္ုင္မွာ...

ထိုအေၾကာင္းမ်ားကို စဥ္းစားၿပီးေနာက္ ရန္က်င္းနဲ႔ ခဏေလာက္ တီးတိုးတိုင္ပင္လိုက္သည္။ သူတို႔က ျမက္ခင္းျပင္ကို ျမန္ျမန္ႀကီး မ႐ိုက္လိုက္ဖို႔ ဆံုးျဖတ္လိုက္ေတာ့၏။

သူတို႔က ငွက္ကေလးအား ေလွ်ာက္ေျပးမေနဖို႔ သတိေပးလိုက္ၿပီးေနာက္ အေစာင့္မ်ားကို ေရွာင္ရွားရင္း ရွန္က်စ္ရွန္းရဲ႔ အခန္းဆီသို႔သာ တိတ္တဆိတ္ ျပန္သြားလိုက္ၾကေတာ့သည္။

အခုက တစ္နာရီေလာက္သာ ကုန္ဆံုးေသးတာေၾကာင့္ အခ်ိန္ေစာလြန္းေနေသးသည္။

ဒီတစ္ေခါက္ေတာ့ ရွန္က်စ္ရွန္းအေနနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အိပ္စက္ႏိုင္ေလၿပီ။ သူက ပ်င္းရိစြာ သန္းေဝလိုက္ၿပီး အိပ္ယာေပၚတက္လိုက္သည္။ သူအိပ္ေပ်ာ္ခါနီး အခ်ိန္မွာ ရန္က်င္းအား ေစာေစာထရန္ႏွင့္ သူ႔အခန္းဆီသို႔ တိတ္တိတ္ေလး ျပန္သြားရန္ ေျပာဖို႔ သတိရသြားၿပီး အိပ္ခ်င္မူးတူးျဖင့္ ဗလံုးဗေထြးေျပာလိုက္ၿပီးေနာက္ ခ်က္ခ်င္းပင္ အိပ္ေပ်ာ္သြားေတာ့ေလသည္။

ရန္က်င္းက သေဘာတူသလိုမ်ိဳး အသံတစ္ခ်က္ ျပဳလိုက္သည္။ သို႔ေသာ္လည္း လိုက္လုပ္ဖို႔ေတာ့ အစီအစဥ္မရွိဘူးေလ။

ထို႔ေၾကာင့္ ေနာက္တစ္ေန႔မွာ ပုခံုးေပၚတြင္ အေပၚဝတ္ကို လႊမ္းျခံဳထားသည့္ ရွန္က်စ္ရွန္းက ေတာင့္တင္းေနသည့္ မ်က္ႏွာျဖင့္ ျပတင္းေပါက္ကို ဖြင့္လိုက္သည္။ ထိုအခ်ိန္မွာ အေစာင့္ ကင္းလွည့္ေနတဲ့အခ်ိန္နဲ႔ တိုက္တိုက္ဆိုင္ဆိုင္ ေတြ႕ေလသည္။ ႏွစ္ေယာက္သား အခ်င္းခ်င္း တုန္လႈပ္စြာ ၾကည့္ေနၿပီးေနာက္မွ ရွန္က်စ္ရွန္းက ေနာက္ဆံုးေတာ့ ျပတင္းတံခါးအား တင္းတင္းၾကပ္ၾကပ္ ျပန္ပိတ္လိုက္ေတာ့၏။

တစ္နာရီရဲ႔ ေလးပံုတစ္ပံု ၾကာျမင့္ၿပီးေနာက္ ရွန္က်စ္ရွန္းက သပ္သပ္ရပ္ရပ္ ဝတ္စား၍ တံခါးကေန တည္ၿငိမ္စြာ ေလွ်ာက္ထြက္လာၿပီး သူ႔ေနာက္မွာ သပ္သပ္ရပ္ရပ္ ဝတ္ထားသည့္ ရန္က်င္းက လိုက္ပါလာသည္။

မနက္စာ စားဖို႔ေခၚရန္ လာသည့္ အိမ္ေတာ္ထိန္းမွာ တစ္ေယာက္ကို ေျပာၿပီးရင္ ေနာက္တစ္ေယာက္ဆီ သြားဖို႔ စီစဥ္ထားတာပင္။ အဲ့ဒီအစား သူကသူတို႔အား ဆြံအစြာျဖင့္ ၾကည့္မိေတာ့သည္။

သူက ရန္က်င္းအတြက္ စီစဥ္ေပးထားသည့္ အခန္းအား ေၾကာင္ေတာင္ေတာင္ ၾကည့္မိသည္။ ထိုခဏမွာ အခန္းပံုစံက တစ္ညလံုး လူသူကင္းမဲ့ေနသလိုမ်ိဳး ယိုယြင္းမႈေလးပင္ ရွိမေနေပ။ သူက ရန္က်င္းကို ေငးၾကည့္ၿပီးေနာက္ ယဥ္ယဥ္ေက်းေက်းျဖင့္ ဂ႐ုတစိုက္ ေမးလာ၏။

"အခန္းကို စီစဥ္ေပးထားတာက မသင့္ေတာ္လို႔လားခင္ဗ်ာ?"

မေျပာသင့္တဲ့ အရာမ်ားကို ရန္က်င္းမေျပာမိခင္မွာ ရွန္က်စ္ရွန္းက တုံ႔ျပန္သည့္အေနျဖင့္ အလ်င္အျမန္ ၾကားျဖတ္လိုက္ၿပီး မံုအိ္မ္ေတာ္အေၾကာင္းကို သာမာန္ကာလွ်ံကာပံုစံျဖင့္ စတင္ ေမးျမန္းေတာ့ေလသည္။

အဆံုးမွာေတာ့ ထို႐ိုးသားတဲ့ ဧည့္သည္ေလးႏွစ္ေယာက္က အိမ္ေတာ္သခင္ ႏွစ္ေယာက္ေၾကာင့္ ဆြဲေခၚခံလာရတာေလ။ ရလဒ္ကေတာ့ အိမ္ေတာ္ထိန္းက သူတို႔အေပၚ အလြန္အမင္း ယဥ္ေက်းသည္။ သူက ရွန္က်စ္ရွန္းရဲ႔ ေမးခြန္းအားလံုးကို မေျဖေပမယ့္လည္း ပိုၿပီး အျပစ္လြတ္သည့္ အေျဖမ်ားကိုေတာ့ ေျဖေပးဆဲပင္။

မံုသခင္မက အိမ္သူအိမ္သားေတြကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္တဲ့ ကၽြမ္းက်င္မႈတစ္ခ်ိဳ႔ ရွိသည္ဟု ဆိုရေပမည္။ ထိုအိမ္က မံုႏွင့္သာသက္ဆိုင္ေပမယ့္လည္း အထဲမွ လူမ်ားကေတာ့ သူမအား အလြန္အမင္း ေလးစားၾကသည္။ မံုသခင္မက လူေတြေခၚၿပီး မံုယြင္အား အေပ်ာ္ေလွဆီမွာ သြားရွာတာေတာင္ အ္ိမ္ေတာ္ထိန္းကေတာ့ သူမကို ဆိုးဆိုးရြားရြားေျပာဖို႔ ျငင္းဆန္ေနဆဲပင္။

"သခင္မက အရမ္းအံ့ၾသဖို႔ေကာင္းၿပီး ကၽြန္ေတာ္တို႔နဲ႔ အရမ္းရင္းႏွီးကၽြမ္းဝင္တယ္"

ရွန္က်စ္ရွန္းက ျပံဳးေနၿပီး စကားအနည္းငယ္ျဖင့္ သေဘာတူေၾကာင္း ျပေပးေလသည္။ ခဏတာ စဥ္းစားၿပိးေနာက္မွာေတာ့ မံုသခင္မအား ႏႈတ္ဆက္စကား ေျပာဖို႔အတြက္ သူမနဲ႔ေတြ႕ခြင့္ေပးရန္ ေတာင္းဆိုလိုက္သည္။

အိမ္ေတာ္ထိန္းက သူ႔ေခါင္းကို ခါယမ္းရင္း ေတာင္းပန္စကား ေျပာလာသည္။

"သခင္မက သခင္ေလးတို႔ကို စိတ္ျမန္လက္ျမန္နဲ႔ ဒီလိုမ်ိဳးသက္ေရာက္မႈ ျဖစ္ေစခဲ့လို႔ ကိုယ္တိုင္ကိုယ္က် လာေတာင္းပန္ခ်င္တာပါ, ဒါေပမဲ့ မေန႔ညက ေကာင္းေကာင္း အိပ္မေပ်ာ္ေတာ့ ဒီေန႔မနက္မွာ ဖ်ားသြားတယ္, သူမက အခု ထဖို႔ေတာင္ ခက္ခဲေနတာမို႔ ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးပါ"

ဒီလိုမ်ိဳး တိုက္တိုင္ဆိုင္ဆိုင္ ေနမေကာင္းျဖစ္သြားတယ္ေပါ့

ရွန္က်စ္ရွန္းသည္ မေန႔ညလယ္တုုန္းက မံုသခင္မျဖတ္သြားတဲ့အခ်ိန္ သူမရဲ႔ ပင္ပန္းႏြမ္းနယ္ေနေသာ မ်က္ႏွာအား ျပန္စဥ္းစားမိသည္။ သူက ျပန္ေျဖဖို႔ ျပင္လိုက္တဲ့အခ်ိန္မွာပဲ ေမးခြန္းထုတ္လာတဲ့ အသံအား ၾကားလိုက္ရ၏။

"မေန႔ညက အမ်ိဳးသမီး ဖိတ္လာတဲ့ သခင္ေလးႏွစ္ေယာက္ ဘယ္မွာလဲ? သူတို႔ကို ထြက္လာဖို႔ ဖိတ္ေပးပါဦး, ငါသူတို႔ကိုျမင္ခ်င္လို႔....."

ထိုစကားလံုးမ်ားက ေဒါသနဲ႔မနာလိုမႈ အရိပ္အေယာင္မ်ား ရွိေနသည္။

ရွန္က်စ္ရွန္း: "..."

သူတို႔ကို မျမင္ခ်င္တဲ့ အိမ္ပိုင္ရွင္ျဖစ္သူက ေနာက္ဆံုးေတာ့ မနာလို သဝန္တိုမႈမ်ားနဲ႔ သူတို႔အား စာရင္းရွင္းရန္ ေရာက္လာေလသည္။

အမွန္ေတာ့ မေန႔ညက အေပ်ာ္ေလွေပၚက ပံုစံကို မ်က္ျမင္ေတြ႕ၿပီးေနာက္မွာ ရွန္က်စ္ရွန္းအေနနဲ႔ မံုယြင္ကို သိပ္သေဘာမက်ဘူး

မုံသခင္မက  ႏူးညံ့သိမ္ေမြ႕ၿပီး စာနာတတ္သည္။ သူမက လူအမ်ား ေလးစားမွီခိုေလ့ ရွိသည့္ သီလရွိေသာ ဇနီးတစ္ေယာက္ရဲ႔ စံနမူနာပင္။ သူမကို ျမတ္ႏိုးသင့္သည္။ တကယ္ေတာ့လည္း မံုယြင္ မၾကာခဏ သြားေလ့ရွိတဲ့ အဲ့ဒီေနရာက သာမာန္႐ိုး႐ိုးပဲေလ။

သူက မီးပံုးမခ်ိတ္ထားတဲ့ အေပ်ာ္ေလွမ်ားကိုသာ သြားတတ္ၿပီး မိန္းကေလးေတြ တီးမႈတ္ သီခ်င္းဆိုတာကိုသာ ၾကည့္ဖို႔ သူ႔ကိုယ္သူ ကန္႔သတ္ထားေပမယ့္ေပါ့။ ဒါ့အျပင္ ရံဖန္ရံခါ သူမူးသြားလို႔ တစ္ညလံုး ေနမိရင္လည္း တစ္ျခားအမ်ိဳးသမီးေတြ သူ႔ကိုခစားမွာအား ျငင္းဆန္သည္။ တစ္ျခားသူေတြရဲ႔ မ်က္လံုးထဲမွာေတာ့ သူက မံုသခင္မနဲ႔ အမွန္တကယ္ ထိုက္တန္သူျဖစ္ေနသည္။

သို႔ေသာ္လည္း ရွန္က်စ္ရွန္းကေတာ့ မသက္မသာ ခံစားေနရဆဲပဲ။ အခ်စ္ေရးဆိုတာက အျပန္အလွန္ တန္းတူညီမွ်မႈေတြ၊ ခ်စ္ျခင္းေမတၱာေတြနဲ႔ သစၥာေစာင့္သိမႈေတြ ရွိသင့္တယ္လို႔ သူအၿမဲတမ္း ယံုၾကည္ထားတယ္။ မံုယြင္ရဲ႔ အျပဳအမူေတြကေတာ့ တစ္နည္းနည္းနဲ႔ အရိပ္အႁမြက္ ျပေနသလိုပဲ။

သို႔ေသာ္လည္း အားလံုး ေျပာဆိုလို႔ ၿပီးတဲ့ေနာက္မွာ ဒါေတြအားလံုးက တစ္ျခားမိသားစုရဲ႔ အေရးကိစၥပဲေလ။ သူ႔အေနနဲ႔ အေျခအေနမွန္ကို နားမလည္ႏိုင္သလို လင္မယားႏွစ္ေယာက္ ဘယ္လိုေပါင္းသင္းေနလဲ ဆိုတာကိုလည္း သူမသိဘူး။ ဒါမ်ိဳးက ဝင္စြက္ဖက္ဖို႔ ခက္ခဲ့တယ္...Undead City အေၾကာင္းကို ေမးဖို႔လိုအပ္လို႔သာ မဟုတ္ဘူးဆိုရင္ သူေဝးေဝးမွာပဲ ေနမိမွာ။

အခု မံုသခင္မက သူတို႔ကို ေတြ႕ဖို႔ ျငင္းဆန္ေနၿပီး အဲ့ဒီ လွ်ိဳ႔ဝွက္ဆန္းၾကယ္တဲ့ ျခံဝင္းနဲ႔ ပတ္သတ္လို႔လည္း အခ်က္အလက္ေတြ မရေသးဘူး

ရွန္က်စ္ရွန္းက မံုယြင္ရဲ႔ မ်က္ေမွာင္ၾကဳတ္ေနတာကို ျမင္တဲ့အခ်ိန္မွာ သူဘာေျပာခ်င္ေနလဲ စဥ္းစားစရာပင္ မလိုေပ။ ခ်က္ခ်င္းပင္ ႏႈတ္ဆက္စကားေျပာလိုက္ရသည္။

မံုယြင္ကလည္း မူလကတည္း သူ႔ကို ထြက္သြားရန္ ဆြဲေဆာင္ခ်င္ခဲ့တာျဖစ္သည္။ သူတို႔ ထြက္သြားဖို႔ ရည္ရြယ္ထားတာကို ျမင္ေတာ့ ခ်က္ခ်င္းျပံဳးသြားၿပီး ေဒါသနည္းနည္း ေလ်ာ့သြားသည္။ သူက လက္ေဝွ႕ယမ္းျပလိုက္ကာ အေစခံမ်ားအား လက္ေဆာင္ေပးေစ၏။

"က်ဳပ္တို႔ဘက္က မဆင္မျခင္ အျပဳအမူေၾကာင့္ သခင္ေလးႏွစ္ေယာက္ကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစခဲ့မိတာ ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးပါ"

မံုအိမ္ေတာ္ထဲမွာ အေရးႀကီးဆံုး အရာက ေငြေၾကးပဲေလ။ ဒါေၾကာင့္ သူတို႔မ်က္လံုးထဲမွာ ရွန္က်စ္ရွန္းအတြက္ အေရးႀကီးဆံုးကလည္း ေငြေၾကးပဲ ျဖစ္လိမ့္မယ္ဟု ေတြးၾကသည္။

ရွန္က်စ္ရွန္းကေတာ့ လက္သင့္မခံပဲ ယဥ္ေက်းစြာသာ ျငင္းဆိုသည္။ သူကထိုေနရာမွာ ၾကာၾကာမေနေတာ့ပဲ ရန္က်င္းနဲ႔အတူ လက္ခ်င္းတြဲၿပီး ျပန္သြားေတာ့သည္။

သူတို႔ေတြ မံုအိမ္ေတာ္က ထြက္ခြာလိုက္သည့္ တစ္ခဏမွာပင္ ရွန္က်စ္ရွန္းက တု႔ံဆိုင္းမႈ မရွိစြာ အေပ်ာ္ေလွရွိရာသို႔ ျပန္သြားလိုက္သည္။

အေပ်ာ္ေလွက ေန႔ခင္းအခ်ိန္ မဖြင့္ေပမယ့္လည္း အေစခံငယ္ေလးမ်ားက သူ႔ကိုတားဆီးလာတဲ့အခါမွာ ရွန္က်စ္ရွန္းက သိပ္ဂ႐ုမစိုက္ေပ။ သူက က်န္းဟူမွ လူငယ္သူရဲေကာင္းေလးလိုမ်ိဳး စိတ္အားတက္ႂကြေနသည္။ သူက သားရဲေကာင္ေလး ရန္က်င္းအား တိုက္႐ိုက္ ဆင့္ေခၚလိုက္သည္။

"သူတို႔အားလံုးကို အခန္းထဲ ထည့္ပိတ္ထားလိုက္"

ရန္က်င္းက စကားတစ္ခြန္းမဆိုပဲ ေဘးနားမွာ အလွဆင္ထားတဲ့ ဘ႐ိုကိတ္ဖဲႀကိဳးရွည္အား ယူလိုက္ကာ အေစခံမ်ားအား အထိအခိုက္မရွိ ခ်ဳပ္ေႏွာင္လိုက္ၿပီး ရွန္က်စ္ရွန္း ေျပာတဲ့အတိုင္း အခန္းထဲမွာ အားလံုးကို ထည့္ပိတ္ထားလိုက္ေလသည္။

တံခါးပိတ္သြားသည့္တစ္ခဏမွာပင္ အေစခံေလးမ်ားရဲ႔ ေအာ္သံက ခ်က္ခ်င္းပင္ ရပ္တန္႔သြားသည္။

ရွန္က်စ္ရွန္းက ေက်နပ္အားရစြာ ေခါင္းညိတ္လိုက္ၿပီး ဒုတိယထပ္မွာ အေရခြံလဲမိစာၦအား သြားရွာဖို႔ ျပင္လိုက္၏။ သူတို႔ေတြ သီးသန္႔ခန္းတစ္ခုကို ျဖတ္လိုက္တဲ့အခ်ိန္မွာ ႐ုတ္တရက္ အေမြးနံ႔တစ္ခု ရလိုက္သည္။

သူက လ်င္ျမန္စြာ တုန္႔ျပန္ၿပီး ရန္က်င္းအား ဆြဲေခၚကာ ေျခလွမ္းအနည္းငယ္ ေနာက္ဆုတ္လိုက္သည္။

သူရပ္တန္႔လိုက္သည့္ တစ္ခဏမွာပင္ အခန္းထဲက ရယ္သံခပ္လြင္လြင္ေလး ထြက္ေပၚလာေလသည္။ အေရခြံလဲမိစာၦက အျပင္ကို ထြက္လာၿပီး သူတို႔အား မက္မြန္ပြင့္ပံု မ်က္လံုးေလးမ်ားျဖင့္ ၾကည့္လာ၏။ သူမက ရွန္က်စ္ရွန္းအား ေျပာလိုက္ေလသည္။

"သခင္ေလးႏွစ္ေယာက္က မံုအိမ္ေတာ္မွာ တစ္ညလံုး အခ်ိန္ကုန္ဆံုးလာတာ, ဘာလို႔ဒီကိုလာၿပီး ကၽြန္မကို အႏိုင္က်င့္ရျပန္တာလဲ?"

1.2.2022

================

Continue Reading

You'll Also Like

7.6K 509 11
Associated Name- 纸飞机, Paper Plane Author- 潭石 Total Chapter- 119chapters + 2extras
823K 115K 107
I Saved The Disabled Villain by Pretending to Be Pitiful Chapter 97 ချီဟန်ဟာ ညှင်းပန်း နှိပ်စက်ပြီး ​ခွေး​သွေးဆန်တဲ့ ဝတ္ထုကို တစ်ညလုံး ဖတ်ခဲ့သည်။ နာ...
728K 91.5K 195
မူရင်းစာရေးသူ- 大叶 绝色男后 ဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား