Unicode
အခန်း(၄၈-၁) - သံချေးတက်နေသည့် သော့
မကောင်းဆိုးဝါး အသွင်ရှိသည့် ထိုအနက်ရောင် တိမ်တိုက်ကြီးက လေထုအလယ်မှာ မျောလွင့်နေရင်း ထူးဆန်းသည့် ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်မှာ ရုတ်တရက် တစ်စုံတစ်ခုက စုပ်ယူလိုက်သလိုမျိုး လုံးဝကို နစ်မြှုပ်ပျောက်ကွယ်သွားတော့၏။
ကောင်းကင်က ဘာမှမဖြစ်ခဲ့သလိုမျိုး ပုံမှန်အတိုင်း ပြန်လည်ကြည်လင်သွားလေသည်။ သို့သော်လည်း ရှန်ကျစ်ရှန်းရဲ့ နှလုံးသားက မွမ်းကျပ်သွားပြီး မသက်မသာဖြစ်သည့် အာရုံခံစားမှုများ ထိုးတက်လာတာကြောင့် ခဏတာလောက်ထိ ငေးကြောင်ကြောင် စိုက်ကြည့်နေမိသည်။
ဝါးပင်များက မြင်ကွင်းကို ဖုံးကွယ်ထားတာကြောင့် ထိုနေရာမှာ ဘာဖြစ်နေတာလဲ ရှန်ကျစ်ရှန်း မမြင်နိုင်ပေ။ အဲ့ဒါက အိမ်တော်ရဲ့ နယ်နမိတ်အတွင်းမှာပဲ ရှိနေတယ် ဆိုတာကိုသာ ပိုင်းခြားသိမြင်နိုင်သည်။
သူက ရန်ကျင်းကို လက်ယပ်ခေါ်လိုက်သည်။ ရန်ကျင်းက သူ့အပေါ်ရုံနဲ့အတူ ရောက်လာကာ ရှန်ကျစ်ရှန်းအပေါ် လွှမ်းခြုံပေးရင်း မေးလာ၏။
"ဘာမှားနေလို့လဲ?"
"ငါထင်တာ အဲဒီနားလေးမှာ တစ်ခုခု မှားနေသလိုပဲ" ရှန်ကျစ်ရှန်းက မသက်မသာ ခံစားနေရဆဲ ဖြစ်တာကြောင့် ခပ်ဖွဖွ မျက်မှောင်ကျုံ့နေမိသည်။
ဒီလိုမျိုး မခံစားရတာ ကြာနေပြီ, ပြီးတော့ အဲ့ဒီထူးဆန်းတဲ့ တိမ်တိုက်က သူ့ကိုစိတ်ပူပန်အောင် လုပ်နေတယ်။
ထိုထူးဆန်းသော အနက်ရောင်တိမ်တိုက်က သူ့ကို ဖော်မပြနိုင်သော ခံစားချက်ကို ပေးစွမ်းသည်။
ထိုထူးဆန်းတဲ့ အနက်ရောင်တိမ်တိုက်က ဘယ်ရောက်သွားလဲ ဆိုတာ ရှန်ကျစ်ရှန်း မပြောနိုင်ပေမယ့်လည်း ကောင်းတာတော့ လုံးဝမဟုတ်ဘူးဟု ခံစားနေရသည်။ သူက ရန်ကျင်းအား ဆွဲခေါ်လိုက်ပြီး နောက်သို့ အနည်းငယ် ဆုတ်လိုက်၏။ ထို့နောက် သူ့လက်အား ပြတင်းပေါက်ဘောင်ဆီသို့ ဆန့်ထုတ်လိုက်၍ တစ်ဖက်ကို အလွယ်တကူ ခုန်ကူးသွားတော့သည်။
"တစ်ချက်လောက် သွားကြည့်ကြမလား?"
ထိုမေးခွန်းကို မေးလိုက်ပေမယ့်လည်း ခြေနှစ်လှမ်းလောက်က ရှေ့တိုးပြီးနေလေပြီ။ ရန်ကျင်းလည်း စကားတစ်ခွန်းမှ မဆိုပဲ ပြတင်းပေါက်ကနေတစ်ဆင့် ခုန်ထွက်လိုက်ကာ သူ့နောက်က နီးနီးကပ်ကပ် လိုက်ပါသွားလိုက်သည်။
ဝါးအုပ်ကို ဖြတ်ကျော်ပြီးနောက်မှာ သေးငယ်တဲ့ စွန့်ပစ်ဥယျာဉ်လေး တစ်ခုဆီသို့ ရောက်လာကြသည်။ ဥယျာဉ်လေးက အချိန်အတော်ကြာ ဆိတ်သုဉ်းနေခဲ့ပုံရပြီး ဧရိယာတစ်ခုလုံးကို သစ်ရွက်ခြောက်များနှင့် ပေါင်းပင်များ ဖုံးလွှမ်းနေသည်။
နှစ်ယောက်သား သတိနှင့် လျှောက်လာရင်း ထိုနေရာမှာ ဘယ်သူမှ မရှိတာကို တွေ့လိုက်ရ၏။ အခုက အရမ်းကို နောက်ကျနေပြီဆိုတော့ ဒီလိုဝေးလံခေါင်သီတဲ့နေရာကို ကင်းလှည့်တွေတောင် ရောက်လာမှာ မဟုတ်တော့ဘူး
သူတို့ပိုပြီး ဝေးဝေးလျှောက်လေလေ ရှန်ကျစ်ရှန်းက စိတ်မသက်မသာ ခံစားလာရလေလေပင်။ ညက ပိုပိုနက်လာပြီး လေထုထဲမှာ ဖိနှိပ်နိုင်တဲ့ တိတ်ဆိတ်မှု တစ်ခုနဲ့ ဖုံးလွှမ်းနေပုံရသည်။ လရောင်ဖျော့ဖျော့သည်လည်း သူတို့ရဲ့ တစ်ဖက်တစ်ချက်မှ ဖုန်မှုန့်များ ဖုံးလွှမ်းနေသည့် ကျောက်ဆောင်ကျောက်တုံးများပေါ် ဖြာဆင်းနေ၏။
နှစ်ယောက်သား တိတ်ဆိတ် တည်ငြိမ်စွာဖြင့် လျှောက်လာကြသည်။ ထိုအချိန်မှာ ရုတ်တရက် တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်တွင် သစ်ရွက်ခြောက်များကို နင်းလိုက်သည့် အသံထွက်ပေါ်လာလေသည်။ သူတို့တွေ ချက်ချင်းရပ်တန့်လိုက်ကြပြီး ခဏ နားထောင်ပြီးနောက်မှာ ထိုအသံက ထောင့်တစ်နေရာကနေ ထွက်ပေါ်လာသည်ကိုသိလိုက်ရသည်။ တစ်စုံတစ်ယောက်က ထောင့်ကနေ ထွက်လာတော့မလိုပဲ
ရှန်ကျစ်ရှန်းရဲ့ မျက်လုံးထောင့်ကနေ သူ့ဘေးမှ ခပ်မြင့်မြင့် ကျောက်ဆောင် ကုန်းမြင့်လေးနားမှာ လူရိပ်တစ်ခု မြင်လိုက်ရတာကြောင့် ချက်ချင်း အရိပ်ထဲမှာ ပုန်းကွယ်ရန် ရန်ကျင်းအား ဆွဲချလိုက်သည်။
ထိုသေးငယ်သည့် အရိပ်က တိမ်မြှုပ်နေသော်လည်း တိုက်တိုက်ဆိုင်ဆိုင် လရောင်နဲ့ မျက်နှာခြင်းဆိုင် ဖြစ်နေသည်လေ။ တစ်စုံတစ်ယောက်က ဂရုတစိုက် မကြည့်ဘူးဆိုရင် မြင်ရဖို့တောင် ခက်ခဲနိုင်သည်။
သူတို့ပုန်းကွယ်နေသည့်နေရာက အရမ်းကျဉ်းမြောင်းတာကြောင့် အချင်းချင်း ဖိကပ်ပြီး ရပ်နေရသည်။ ရန်ကျင်းက အပြင်ဘက်မှာဖြစ်ပြီး ရှန်ကျစ်ရှန်းအား ဖိချထားရ၏။ ရှန်ကျစ်ရှန်းက ရန်ကျင်းပုန်းဖို့အတွက် နေရာမလုံလောက်မှာ ကြောက်တာကြောင့် ထိုသူ့ခါးကို ကိုင်လိုက်ပြီး ပိုအနီးကပ်အောင် ဆွဲခေါ်လိုက်သေးသည်။
သူတို့က အရမ်းကို နီးကပ်နေတာကြောင့် အရပ်အမြင့်နဲ့ ခန္တာကိုယ် အရွယ်အစား ကွာခြားချက်က အတော်လေး သိသာထင်ရှားနေပြီး ရှန်ကျစ်ရှန်းက ရန်ကျင်း အား တက်တက်ကြွကြွနှင့် စိတ်ပါလက်ပါ ပွေ့ဖက်ထားဟန်တူနေသည်။
သို့သော်လည်း ရှန်ကျစ်ရှန်းက သတိမထားမိပေ။ ရန်ကျင်းက အရပ်အရမ်းရှည်လွန်းလို့ သူ့မြင်ကွင်းကို ပိတ်ဆို့ထားတာကိုသာ တွေ့ရှိနေသည်။ ရလဒ်ကတော့ သူက ရန်ကျင်းကို ဘေးတစ်ဖက်ဆီ ထပ်ဆွဲလိုက်ပြီး ခြေဖျားလေးထောက်၍ သူ့ပုခုံးကနေ ကျော်ကြည့်လိုက်ခြင်းသာ။
ထောင့်ကနေ ထွက်လာတဲ့ လူကို သူမြင်လိုက်ရသည်။
— သူတို့ကို ဖိတ်ခေါ်လာတဲ့ မုံသခင်မပဲ
ဒီအိမ်တော်ရဲ့ ပိုင်ရှင်က အပျော်လှေများပေါ်မှာ လှည့်ပတ်သွားရတာ သဘောကျတဲ့ သခင်လေးတစ်ယောက်ဖြစ်သည်။ သူ့မျိုးရိုးနာမည်က မုံဖြစ်ပြီး သူ့ပထမ နာမည်က ရိုးရှင်းသည့် တစ်ခုတည်းသော စာလုံး ယွင်ဖြစ်သည်။ သူက ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးသမား တစ်ယောက်လည်း ဖြစ်နေ၏။
သူ့မိဘများက လွန်ခဲ့တဲ့ နှစ်အတော်ကြာတုန်းက တောင်ပေါ်ဓားပြတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အသုဘပွဲအတွက် စီစဉ်နေသည့် အလယ်မှာ မုံယွင်က အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရလေသည်။ အကြိမ်အတော်ကြာ အပြန်အလှန် ပြောဆိုဆက်ဆံပြီးသည့်နောက် နှစ်ယောက်သား ချစ်ကြွမ်းဝင်သွားကြပြီး ခင်ပွန်းနဲ့ ဇနီးသည် ဖြစ်လာကြသည်–ထိုအမျိုးသမီးက လက်ရှိ မုံသခင်မပင်။
မုံယွင်၏ စီးပွားရေး လုပ်သည့် အရည်အချင်းက အတော်လေး ကောင်းမွန်ပြီး ချမ်းသာကြွယ်ဝတဲ့ အမျိုးသားတစ်ယောက်ဟု သတ်မှတ်နိုင်သည်။ သူ့ရဲ့ အနှစ်သက်ဆုံး ဝါသနာက အပျော်လှေများပေါ်မှာ တဝဲလည်လည် လုပ်ရခြင်းသာ။ သူအားလပ်တဲ့ အချိန်ရှိတိုင်း ထိုအပျော်လှေများ ရှိရာသို့ ပြေးသွားလိမ့်မည်။
သူက စာပေစွမ်းရည်တွေကို သင်ယူရတာကို နှစ်သက်ပြီး အထူးသဖြင့် ဒီလိုလှပတဲ့ အမျိုးသမီးတွေအတွက် ကဗျာရေးရတာကို နှစ်သက်သည်လေ... အဲဒီအလှမယ်တွေက သူ့ရဲ့ လက်ရာတွေကို တစ်ခါမှ မရွတ်ဆိုဖူးပေမယ့်ပေါ့။
ဒါတွေအားလုံးက ရှန်ကျစ်ရှန်း မေးခွန်းထုတ်ခဲ့တာကြောင့် မုံသခင်မရဲ့ အိမ်တော်ထိန်းပါးစပ်မှ ထွက်လာတာတွေဖြစ်သည်။ သူက မုံယွင်ရဲ့ အပြုအမူတွေကို မှတ်ချက်မချခဲ့ပဲ သိချင်တာကြောင့်သာ မေးခဲ့ခြင်းပင်။ ခင်ပွန်းကို ပြန်ခေါ်ဖို့ အပျော်လှေရှိရာထိ လိုက်သွားရဲတဲ့ မုံသခင်မက ညလယ်ခေါင်ကြီး ဒီမှာတစ်ယောက်တည်း ဘာလာလုပ်နေတာလဲ?
သူမ လာတဲ့ နေရာက အနက်ရောင် တိမ်မည်းပျောက်ကွယ်သွားခဲ့တဲ့ နေရာ အတိအကျ ဖြစ်နေသည်။ ရှန်ကျစ်ရှန်းက သူမ တစ်လှမ်းချင်းဆီ လျှောက်လာသည်အား တိတ်တဆိတ်သာ ကြည့်နေလိုက်၏။ သူမရဲ့ မျက်လုံးများက တစ်ဝက်မှေးမှိတ်လုနီးပါး ဖြစ်နေပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံရသည်။
မုံသခင်မ.....ကြည့်ရတာ လျှို့ဝှက်ချက် အနည်းငယ်ကို ဖုံးကွယ်ထားပုံပဲ
မကြာခင်မှာ မုံသခင်မက ပျောက်ကွယ်သွားသည်။ ရှန်ကျစ်ရှန်းက နောက်ထပ်လှုပ်ရှားမှု မကြားရတာ သေချာတဲ့အထိ ခဏလောက် စောင့်နေလိုက်၏။ ထို့နောက် ရန်ကျင်းအား တွန်းထုတ်လေသည်။
"အပြင်ထွက်မယ်"
အပြင်ကို ခြေလှမ်းထွက်လာပြီးနောက် ရှန်ကျစ်ရှန်းက လရောင်အောက်မှာ မတ်တပ်ရပ်လိုက်တဲ့အချိန် ရန်ကျင်းရဲ့ နားရွက်တွေ နီရဲနေသည်ကို အလျင်အမြန် တွေ့ရှိသွားသည်။
သူက ရပ်တန့်သွားပြီး ရန်ကျင်းရဲ့ နားရွက်များအား အံ့အားသင့်စွာ စိုက်ကြည့်မိလေသည်။ ထို့နောက်မှာတော့ နားလည်သွားပုံဖြင့် အဓိပ္ပါယ်ပြည့်ဝသည့် အသံတစ်ချက် ထွက်လာသည်။
သို့သော် ရန်ကျင်းက အလွန်တည်ငြိမ်နေပြီး သူ့မျက်နှာတွင် ဘာအမူအရာမှမရှိပေ။ နားရွက်နီနေသောသူက သူမဟုတ်သကဲ့သို့ ရှန်ကျစ်ရှန်းကို တိတ်တဆိတ်သာ ကြည့်နေသည်။
သူ့ရဲ့ ခပ်ဖွဖွ ဆုပ်ထားတဲ့ လက်သီးဆုပ်တွင်သာ ရင်တုန်မှု အနည်းငယ် ပေါ်လွင်နေသည်။
ရှန်ကျစ်ရှန်းမှာ ဘာမှ မတတ်နိုင်စွာဖြင့် ရယ်မောချင်မိသွားသည်။ ရန်ကျင်းရဲ့ တုန့်ပြန်မှုက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းနေတာကြောင့် ရှန်ကျစ်ရှန်းအား သူ့ကိုပိုပြီး စနောက်ချင်မိစေသည်။ ကံမကောင်းစွာနဲ့ အချိန်က မမှန်ကန်နေဘူး။အနက်ရောင်တိမ်တိုက်နဲ့ မုံသခင်မတို့ ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာ သူအခုထိ ရှာမတွေ့သေးဘူးလေ။ ရလဒ်ကတော့ သူ့စိတ်ထဲက ဆိုးသွမ်းမှုလေးတွေကို ဖိနှိပ်ထားရုံသာ ရှိပြီး ရန်ကျင်းလက်အား လှမ်းဆုပ်ကိုင်လိုက်ကာ ရှေ့ကိုဆွဲခေါ်သွားလိုက်တော့သည်။
သူတို့က မုံသခင်မနောက်ကနေ ခဏလောက် လျှောက်လိုက်လာကြသည်။ ရုတ်တရက် အမှောင်ထုတစ်ခုက သူတို့မျက်လုံးရှေ့ကနေ ဖြတ်ခနဲ ဖြတ်ကျော်သွားခဲ့ပြီး ပတ်ဝန်းကျင် ဧရိယာတစ်ခုလုံး ခဏလောက် မှုန်မှိုင်းသွားပြီးမှ ပုံမှန်ပြန်ဖြစ်သွားသည်။ သို့သော်လည်း လရောင်ကတော့ မမြင်ရတဲ့ အတားအဆီးတစ်ခုနဲ့ ပိတ်ဆို့ခံလိုက်ရပုံပင်။
အပူချိန်ကလည်း ရုတ်တရက် ကျဆင်းသွားသည်။ ကျောက်ဆောင်ကြီးတစ်ခု ကျော်ပြီးနောက်မှာ အတော်လေး ယိုယွင်းနေသည့် ခြံဝင်းအသေးတစ်ခုဆီ ရောက်ရှိသွားသည်။ ရှန်ကျစ်ရှန်းက တီးတိုးပြောလိုက်၏။
"ဒီမှာ ဖွဲ့စည်းမှုတစ်ခုရှိတယ်"
သူတို့က ထိုဖွဲ့စည်းမှုထဲသို့ ချိုးဖြတ်ဝင်သွားခြင်းသာ။
သို့သော် ဤဖွဲ့စည်းမှုသည် အကာအရံအဖြစ်သာ လုပ်ဆောင်ထားခြင်းပင်။ ၎င်းသည် အလွန်အဆင့်မြင့်တာမဟုတ်ပေ။ ၎င်း၏ရည်ရွယ်ချက်မှာ သာမန်လူများအား ဤဝင်းကို ရှာဖွေတွေ့ရှိခြင်းမှ တားဆီးရန်ဖြစ်သည်။ သို့သော် ရှန်ကျစ်ရှန်းနှင့် ရန်ကျင်းတို့က ကျင့်ကြံသူများဖြစ်သောကြောင့် ၎င်းတို့ကို များစွာထိခိုက်စေခြင်းမရှိနေ။
ခြံဝန်းအတွင်း သစ်ပင်ကြီးများ အများအပြား စိုက်ပျိုးထားလေသည်။ ရှန်ကျစ်ရှန်းသည် ထိုအပင်များက အကိုင်းအခတ်များပေါ်မှာ သစ်ရွက်များ အလွှာလွှာ အထပ်ထပ် ရှိသည့် ကျိုုင်းပင်များဖြစ်ကြောင်း သတိထားမိသည်။ ခြံဝင်းထဲမှာတော့ နှစ်အတော်ကြာအောင် ပြိုကျပျက်စီးနေသကဲ့သို့ ထင်ရလောက်အောင် ပျက်စီးနေသော သစ်သားအိမ်ငယ်တစ်ခုရှိနေသည်။ တံခါးကပါ စောင်းနေတာကြောင့် မြေပြင်ဘေးတွင် ကြီးမားသည့် ကွက်လပ်ကြီးတစ်ခု ပေါ်လွင်နေ၏။
ထိုတံခါးတွင် သံချေးတက်နေသည့် သော့တစ်ခု ခတ်ထားသည်။ ရှန်ကျစ်ရှန်းက သစ်ကိုင်းတစ်ခု ကောက်ယူ၍ ထိုးကြည့်လေသည်။ ကြည့်ရတာ ယိုယွင်းနေပုံပေါ်သည့် ထိုသော့ခလောက်က လှုပ်ရမ်းသွားသော်လည်း မကျိုးပျက်သွားပေ။ အဲဒီအစား သံချေးမှုန်များ ပြုတ်ကျလာပြီး သံချေးအောက်ရှိ မျဉ်းကြောင်းများကို ပေါ်လွင်သွားစေသည်။
ရှန်ကျစ်ရှန်းရဲ့ အတွေးများ ချာချာလည်သွားရသည်။ ထိုသော့က ရှေးကျပြီး သံချေးတက်နေသည်။ အချိန်အတော်လေးကြာအောင် ဖွင့်မထားတာ သိသာလှသည်လေ။ ဒါဆို ဘာကြောင့် မုံသခင်မက ဒီကိုရောက်လာရတာလဲ?.......သူမက လမ်းလျှောက်ချင်လို့ ရောက်လာတာတော့ မဖြစ်နိုင်ဘူး
ရုတ်တရက် မဲနက်နေသည့် အဝါရောင် စာရွက်ပိုင်းလေးတစ်ခုက ရှန်ကျစ်ရှန်း၏ အာရုံကို ဆွဲဆောင်နိုင်သွားသည်။ သူက ခါးကိုင်းလိုက်ပြီး မြက်ခင်းပြင်ပေါ် ပြုတ်ကျနေသည့် အဆောင်စာရွက် တစ်ပိုင်းအား ကောက်ယူလိုက်၏။ အဆောင်စာရွက်၏ ထောင့်စွန်းက အနက်ရောင်ဖြစ်အောင် လောင်ကျွမ်းနေသည်မှာ မီးရှို့ခံထားရသလိုပင်။
သို့သော်လည်း ထိုအဆောင်စာရွက်က အတော်လေး သစ်လွင်နေသည်။ မုံသခင်မက မကြာသေးခင်ကမှ ဒီကိုယူလာခြင်း ဖြစ်နိုင်သည်။ ရှန်ကျစ်ရှန်းက အဆောင်စာရွက်အား လေ့လာကြည့်ပြီးနောက် မျက်မှောင်ကျုံ့မှုက ပိုမိုနက်ရှိုင်းလာရသည်။ သစ်ကိုင်းကို သုံးရင်းဖြင့်သာ သံချေးတက်နေသည့် သော့ကို နောက်တစ်ဖန် ညင်သာစွာ ထပ်ခြစ်လိုက်သည်။
သံချေးများအားလုံး ခြစ်လို့ ကုန်ခါနီးလောက်မှာ ရှန်ကျစ်ရှန်းသည် နောက်ဆုံးတော့ သော့ပေါ်က ပုံစံကွက်များနဲ့ အဆောင်စာရွက်ပေါ်က ပုံစံကွက်များက အတူတူပဲဆိုတာ ဆုံးဖြတ်နိုင်သွား၏။
"ဒါက...."
ပုံစံကွက်များက အတော်လေး ရင်းနှီးနေသော်လည်း ဘာတွေလဲဆိုတာ ရှန်ကျစ်ရှန်း မမှတ်မိပေ။ ရန်ကျင်းက သူ့လက်ထဲက အဆောင်စာရွက်အား အနီးကပ် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလာသည်။
"ဆွဲဆောင်ခြင်းစည်းတံဆိပ်"
ရှန်ကျစ်ရှန်းက လေအေးများ ရှုရှိုက်လိုက်မိပြီး တစ်ကြော့ပြန် ရေရွတ်မိသည်။
"ဆွဲဆောင်ခြင်းစည်းတံဆိပ်"
ဘယ်လိုသာမန်လူမျိုးက ဒီလိုအရာမျိုး ရနိုင်မှာလဲ? ဒါဘာလဲဆိုတာ မုံသခင်မရော သိနေလား?
ဆွဲဆောင်ခြင်းစည်းတံဆိပ် သည် ၎င်း၏အမည်အတိုင်းပင် အမျိုးမျိုးသော "စိတ်ဝိညာဉ်များ" ကို ဆွဲဆောင်နိုင်သော အဆောင်ဖြစ်သည်။ စိတ်ဝိညာဉ်ဟုခေါ်ရာတွင် နတ်ဆိုးဝိညာဉ်များ သို့မဟုတ် လှည့်ပတ်သွားလာနေသော ဝိညာဉ်များ ဖြစ်သည်။ ထိုသို့ ဆွဲဆောင်ခံရသော စိတ်ဝိညာဉ် အမျိုးအစားသည် ကျင့်ကြံသူ၏ ခွန်အားနှင့်လည်း ဆက်စပ်နေမည်ဖြစ်သည်။
ပြုလုပ်သူရဲ့ ကျင့်ကြံဆင့် ပိုမြင့်လေလေ ပိုပြီးအင်အားကောင်းတဲ့ 'စိတ်ဝိညာဉ်' များကို ဆွဲဆောင်နိုင်လေလေပင်။ အကယ်၍ ရှန်ကျစ်ရှန်းနဲ့ ရန်ကျင်းလိုမျိုး ကျင့်ကြံသူတွေသာ ထိုစည်းတံဆိပ် အဆောင်ကို ဆွဲခဲ့တာဆိုရင် နတ်ဆိုးအကြီးစားတွေကို ခေါ်ယူမိခြင်းဖြင့်သာ အဆုံးသတ်သွားနိုင်ခြေရှိသည်။ သို့သော်လည်း ဒီအဆောင်ပေါ်မှာ ဝိညာဉ်စွမ်းအင် သဲလွန်စလေးပင် ရှိမနေတာကြောင့် ပုံမှန်လူသားတစ်ဦးကသာ ပြုလုပ်ထားခြင်းဖြစ်ကြောင်း ညွှန်ပြနေသည်။ ရလဒ်ကတော့ ကျင့်ကြံခါစ နတ်ဆိုးလေးများနဲ့ လှည့်ပတ်သွားလာနေသည့် ဝိညာဉ်လောက်ကိုသာ ဆွဲဆောင်နိုင်ပေမည်။
သို့သော်လည်း သော့များမှာတော့ ဝိညာဉ်အရှိန်အဝါ အရိပ်အယောင်များ ရှိနေဆဲဖြစ်နေသည်။
ရှန်ကျစ်ရှန်းသည် စောစောက တွေ့လိုက်သည့် အနက်ရောင်တိမ်တိုက်အား ရုတ်တရက် ပြန်အမှတ်ရသွားပြီး သူ့အတွေးများ နက်ရှိုင်းသွားရတော့သည်။ ဘေးပတ်ဝန်းကျင်အား အချိန်အတော်ကြာအောင် လှည့်ပတ်ကြည့်ပြီးနောက် ပေါင်းပင်များ၏ အမြစ်များကြားတွင် လောင်ကျွမ်းနေသော အနက်ရောင် အပိုင်းအစများစွာကို တွေ့လိုက်ရသည်။
၎င်းသည် အဆောင်စာရွက်အား မီးရှို့စဉ်က ကျန်ရစ်ခဲ့သည့် ပြာမှုန်များပင်။
မုံသခင်မက ဒီမှာဘာလုပ်ခဲ့တာလဲ?
အဆောင်က ဘယ်လောက်ပဲ အားနည်းပါစေ အရေအတွက် အများကြီး အသုံးပြုမယ်ဆိုရင် ဘယ်လိုသတ္တဝါမျိုးကို ဆင့်ခေါ်နိုင်မလဲ ဘယ်သူသိမှာလဲ... အဲ့ဒီ အနက်ရောင်တိမ်တိုက်ကြီးက လောင်ကျွမ်းသွားတဲ့ အဆောင်ရှစ်ဆယ်ရာခိုင်နှုန်းစာလောက် ရှိတယ်ဆိုရင် ကျန်တဲ့ ဝိညာဉ်တွေအားလုံးကရော ဘယ်ရောက်သွားတာလဲ?
ဒီခြံဝင်းထဲမှာ ဘယ်လိုလျှို့ဝှက်ချက်မျိုးကို ဖုန်းကွယ်ထားတာလဲ?
မရေမတွက်နိုင်တဲ့ သံသယများ ထိုးတက်လာတဲ့အချိန်မှာ ရှန်ကျစ်ရှန်းသည် ရုတ်တရက် အရေခွံလဲ မိစ္ဆာပြောခဲ့သည့် စကားကို အမှတ်ရသွားမိသည်။ သူမှားယွင်းခဲ့ကြောင်း နားလည်သွားလေ၏။ အရေခွံလဲ မိစ္ဆာ၏ စကားအရဆိုရင် Undead City သို့ဝင်ရောက်သူများသည် လူသားများမဟုတ်ပေ။ ၎င်းတို့ကို Wang Gui ပန်းဖြင့် အမှတ်အသားပြုမည်ဖြစ်သည်။ ပြီးတော့ ထွက်သွားဖို့အတွက် တန်ကြေးတစ်ခုပေးရလိမ့်မည်။
မုံသခင်မရဲ့ လက်ကောက်ဝတ်မှာ Wang Gui ပန်းကို ထိုးထားတယ်။ ဆိုလိုတာက သူမက Undead City က လာတယ်ဆိုတာပဲ။ ဒါပေမဲ့ သူမ ဘာကြောင့် ထွက်လာခဲ့လဲ ပြီးတော့ ဘယ်လိုတန်ကြေးတစ်ခုကို သူမ ပေးခဲ့ရတာလဲ?
အစောတုန်းက ရှန်ကျစ်ရှန်းသည် သူမဆီမှာ ဝိညာဉ်စွမ်းအား မရှိတာကို မြင်လိုက်ရတာကြောင့် သူမအား သာမာန်သေမျိုးတစ်ယောက်အဖြစ်သာ သတိလက်လွတ်ဖြင့် သတ်မှတ်လိုက်မိတာ
ရန်ကျင်းလည်း ဒါကို ရှင်းရှင်းလင်းလင်း တွေးနေမိသည်။ သူက လက်ကို အနည်းငယ် လှုပ်ခါလိုက်ပြီး သူ့ဓားအား ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်၏။ ရုတ်တရက် ဆိုသလိုပင် သူ့ခြေဖဝါးအောက်မှာ မကြားရလုနီးပါး အသံတိုးတိုးလေးတစ်ခုက စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာပြီး သူ့လှုပ်ရှားမှုများကို အနှောင့်အယှက် ပေးလိုက်သည်။
ရှန်ကျစ်ရှန်းနဲ့ ရန်ကျင်းတို့ နှစ်ယောက်လုံး တစ်ချိန်တည်းမှာ ငုံ့ကြည့်မိကြလေသည်။ ကောက်ကွေးနေသည့် တံခါးနား မြေပြင်ဆီကနေ အမွှေးပွလုံးလုံးလေးတစ်ခု တိုးထွက်လာသည်ကို မြင်လိုက်ကြရသည်။
သူက ကျဉ်းမြောင်းလှသည့် နေရာလေးထဲက တိုးထွက်လာရတာကြောင့် သူ့အမွှေးလေးများအားလုံးက ရှုပ်ပွပြီး ရွှံ့များပေကျံနေသည်။။ အပြင်ကို ရောက်တာနဲ့ ပင်ပန်းနွမ်းနယ်စွာ ပြိုလဲကျသွားပြီး နူးညံ့စွာ အော်နေလေသည်။
၎င်းသည် နတ်ဆိုးငှက်ပေါက်လေး တစ်ကောင်ဖြစ်ပြီး ရွှံ့များနဲ့ ဖုန်းလွှမ်းနေတာကြောင့် သူ့ရဲ့ တကယ့်အရောင်ကိုပင် မြင်ရဖို့ ခက်ခဲစေသည်။
သူတို့သည် ဒီလို ဖုန်းဆိုးတောနေရာမျိူးမှာ အားနည်းပြီး နေရာမှာတင် သေတော့မလို ဖြစ်နေတဲ့ အသက်ရှင်သန်နေတဲ့ အရာလေးကို မြင်လိုက်ရတာကြောင့် အံ့အားသင့်သွားကြလေသည်။
ရှန်ကျစ်ရှန်းက ပဆစ်တုတ်ထိုင်ချလိုက်ပြီး သူ့လက်ထဲက သစ်ကိုင်းခြောက်ဖြင့် ပင်ပန်းနွမ်းနယ်နေသော ငှက်ပိစိလေးရဲ့ တုန်ယင်နေသည့် လက်သည်းလေးများကို ထိုးကြည့်လိုက်သည်။
နတ်ဆိုးငှက်ပေါက်လေးက နွမ်းနယ်နေပြီး ရွံ့များ ပေကျံနေသည်။ သူ့ဘေးမှာ လူနှစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရတဲ့အချိန်မှာတော့ ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားရှာ၏။ ငှက်ကလေးက သူနာကျင်တော့မယ်လို့ တွေးမိပြီး မတ်တပ်ရပ်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်တော့သည်။
ထိုအကောင်လေးရဲ့ အတောင်ပံတွေ ဒဏ်ရာရထားတာလား ဆိုတာ ရှန်ကျစ်ရှန်း မသိပေမယ့် ထိုအကောင်လေးက အကြိမ်အနည်းငယ် တောင်ပံခတ်နေတာတောင် မပျံနိုင်သေးပေ။ မြေပြင်ပေါ်မှာ တွားသွား၍သာ လွတ်မြောက်ဖို့ ကြိုးစားနေသည်။
သို့သော်လည်း ငှက်ကလေးရဲ့ ခြေထောက်သေးသေးလေးတွေက အရမ်းကို တိုလွန်းနေသည်။ သူတို့က ရှန်ကျစ်ရှန်းလောက် မမြန်ကြ။ ငှက်လေးက ခြေနှစ်လှမ်းသာ လှမ်းရသေးတဲ့အချိန် ရှန်ကျစ်ရှန်းက သူ့သစ်ကိုင်းလေးကိုသုံးပြီး ပက်လက်လှန်ပစ်သည်။
သို့သော်လည်း နတ်ဆိုးငှက်ပေါက်လေးက မမြင်ရတဲ့ အတားအဆီးတစ်ခုနဲ့ တိုက်မိသလိုမျိုး အလင်းဖျော့ဖျော့လေးတစ်ခု လင်းသွားကာ နောက်သို့ ပြန်လဲကျပြီး စတင်ငိုကြွေးတော့သည်။
"Ahhhhh!"
ကြည့်ရတာ ဒဏ်ရာကြောင့် ရုန်းထွက်ဖို့ လုံလောက်တဲ့ ခွန်အားမရှိတာ ဖြစ်နိုင်သည်။။ ခြေသည်းလေးတွေက လှမ်းကန်ပေမယ့်လည်း သူတို့ကို မကန်နိုင်တော့ပေ။ နောက်ဆုံးတော့ သူ့မျက်လုံးဝိုင်းကြီးတွေကနေ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။
ရှန်ကျစ်ရှန်းမှာတော့ သူဒီလောက် ချွဲနွဲ့တတ်မယ်လို့ မထင်ထားမိပေ။ သူက သစ်ကိုင်းလေးနဲ့ ပြန်လှန်ပေးလိုက်သည်။
"မငိုနဲ့လေ"
နတ်ဆိုးငှက်ပေါက်လေးက တစ်စုံတစ်ခုကို စိုးရိမ်နေပုံရသည်။ သူက ကြောက်လန့်တကြား အော်ဟစ်နေမှုကို ဖိနှိပ်လိုက်ပြီး အလျင်အမြန် မတ်တပ်ထရပ်၏။ ခြေလှမ်းနှစ်လှမ်းမျှ နောက်ပြန်ဆုတ်ပြီးနောက်မှာ သူတို့ကို သတိဖြင့် စောင့်ကြည့်နေသည်။
"ခင်ဗျား, ခင်ဗျားကဘယ်သူလဲ?!"
"ငါတို့ဘယ်သူလဲ ဆိုတာက အရေးမကြီးဘူး, အရေးကြီးတာက ဒီထဲမှာ ရှိနေတာ ဘာလဲဆိုတာပဲ?"
ဘယ်စကားလုံးက နတ်ဆိုးငှက်ပေါက်လေးကို အလွန်အမင်း ကြောက်ရွံ့သွားစေတာလဲ ဘယ်သူသိမှာလဲ။ သူက တုန်ယင်လာပြီး ကြောက်ရွံ့နေသည့် အမူအယာလေးကို ပြသလာသည်။ ထို့နောက် တုန်တုန်ရီရီ အသံလေးဖြင့် ပြောလာလေသည်။
"ခင်ဗျား, ခင်ဗျား သူ့ကို မနှိုးချင်နဲ့.....ဟစ်! ခင်ဗျားပေါက်ကရ ပြောလို့မရဘူး, အဲ့ဒါကိုနိးအောင် လုပ်မိသွားနိုင်တယ်!"
27.1.2022
=============
Zawgyi
အခန္း(၄၈-၁) - သံေခ်းတက္ေနသည့္ ေသာ့
မေကာင္းဆိုးဝါး အသြင္ရွိသည့္ ထိုအနက္ေရာင္ တိမ္တိုက္ၾကီးက ေလထုအလယ္မွာ ေမ်ာလြင့္ေနရင္း ထူးဆန္းသည့္ ေရာင္ဝါတစ္ခု ထြက္ေပၚလာသည္။ ထို႔ေနာက္မွာ ရုတ္တရက္ တစ္စံုတစ္ခုက စုပ္ယူလိုက္သလိုမ်ိဳး လံုးဝကို နစ္ျမွုပ္ေပ်ာက္ကြယ္သြားေတာ့၏။
ေကာင္းကင္က ဘာမွမျဖစ္ခဲ့သလိုမ်ိဳး ပံုမွန္အတိုင္း ျပန္လည္ၾကည္လင္သြားေလသည္။ သို႔ေသာ္လည္း ရွန္က်စ္ရွန္းရဲ႔ နွလံုးသားက မြမ္းက်ပ္သြားျပီး မသက္မသာျဖစ္သည့္ အာရံုခံစားမွုမ်ား ထိုးတက္လာတာေၾကာင့္ ခဏတာေလာက္ထိ ေငးေၾကာင္ေၾကာင္ စိုက္ၾကည့္ေနမိသည္။
ဝါးပင္မ်ားက ျမင္ကြင္းကို ဖံုးကြယ္ထားတာေၾကာင့္ ထိုေနရာမွာ ဘာျဖစ္ေနတာလဲ ရွန္က်စ္ရွန္း မျမင္နုိင္ေပ။ အဲ့ဒါက အိမ္ေတာ္ရဲ႔ နယ္နမိတ္အတြင္းမွာပဲ ရွိေနတယ္ ဆိုတာကိုသာ ပိုင္းျခားသိျမင္နုိင္သည္။
သူက ရန္က်င္းကို လက္ယပ္ေခၚလိုက္သည္။ ရန္က်င္းက သူ႔အေပၚရံုနဲ႔အတူ ေရာက္လာကာ ရွန္က်စ္ရွန္းအေပၚ လႊမ္းျခံဳေပးရင္း ေမးလာ၏။
"ဘာမွားေနလို႔လဲ?"
"ငါထင္တာ အဲဒီနားေလးမွာ တစ္ခုခု မွားေနသလိုပဲ" ရွန္က်စ္ရွန္းက မသက္မသာ ခံစားေနရဆဲ ျဖစ္တာေၾကာင့္ ခပ္ဖြဖြ မ်က္ေမွာင္က်ံဳ႔ေနမိသည္။
ဒီလိုမ်ိဳး မခံစားရတာ ၾကာေနျပီ, ျပီးေတာ့ အဲ့ဒီထူးဆန္းတဲ့ တိမ္တိုက္က သူ႔ကုိစိတ္ပူပန္ေအာင္ လုပ္ေနတယ္။
ထိုထူးဆန္းေသာ အနက္ေရာင္တိမ္တိုက္က သူ႔ကို ေဖာ္မျပႏိုင္ေသာ ခံစားခ်က္ကို ေပးစြမ္းသည္။
ထိုထူးဆန္းတဲ့ အနက္ေရာင္တိမ္တိုက္က ဘယ္ေရာက္သြားလဲ ဆိုတာ ရွန္က်စ္ရွန္း မေျပာနုိင္ေပမယ့္လည္း ေကာင္းတာေတာ့ လံုးဝမဟုတ္ဘူးဟု ခံစားေနရသည္။ သူက ရန္က်င္းအား ဆြဲေခၚလုိက္ျပီး ေနာက္သို႔ အနည္းငယ္ ဆုတ္လုိက္၏။ ထို႔ေနာက္ သူ႔လက္အား ျပတင္းေပါက္ေဘာင္ဆီသို႔ ဆန္႔ထုတ္လုိက္၍ တစ္ဖက္ကို အလြယ္တကူ ခုန္ကူးသြားေတာ့သည္။
"တစ္ခ်က္ေလာက္ သြားၾကည့္ၾကမလား?"
ထိုေမးခြန္းကို ေမးလိုက္ေပမယ့္လည္း ေျခနွစ္လွမ္းေလာက္က ေရွ႔တိုးျပီးေနေလျပီ။ ရန္က်င္းလည္း စကားတစ္ခြန္းမွ မဆိုပဲ ျပတင္းေပါက္ကေနတစ္ဆင့္ ခုန္ထြက္လိုက္ကာ သူ႔ေနာက္က နီးနီးကပ္ကပ္ လုိက္ပါသြားလုိက္သည္။
ဝါးအုပ္ကို ျဖတ္ေက်ာ္ျပီးေနာက္မွာ ေသးငယ္တဲ့ စြန္႔ပစ္ဥယ်ာဥ္ေလး တစ္ခုဆီသို႔ ေရာက္လာၾကသည္။ ဥယ်ာဥ္ေလးက အခ်ိန္အေတာ္ၾကာ ဆိတ္သုဥ္းေနခဲ့ပုံရၿပီး ဧရိယာတစ္ခုလုံးကို သစ္႐ြက္ေျခာက္မ်ားႏွင့္ ေပါင္းပင္မ်ား ဖုံးလႊမ္းေနသည္။
နွစ္ေယာက္သား သတိနွင့္ ေလ်ွာက္လာရင္း ထိုေနရာမွာ ဘယ္သူမွ မရွိတာကုိ ေတြ႔လုိက္ရ၏။ အခုက အရမ္းကို ေနာက္က်ေနျပီဆုိေတာ့ ဒီလိုေဝးလံေခါင္သီတဲ့ေနရာကို ကင္းလွည့္ေတြေတာင္ ေရာက္လာမွာ မဟုတ္ေတာ့ဘူး
သူတို႔ပိုျပီး ေဝးေဝးေလ်ွာက္ေလေလ ရွန္က်စ္ရွန္းက စိတ္မသက္မသာ ခံစားလာရေလေလပင္။ ညက ပိုပိုနက္လာျပီး ေလထုထဲမွာ ဖိနွိပ္နိုင္တဲ့ တိတ္ဆိတ္မွု တစ္ခုနဲ႔ ဖံုးလႊမ္းေနပံုရသည္။ လေရာင္ေဖ်ာ့ေဖ်ာ့သည္လည္း သူတို႔ရဲ႔ တစ္ဖက္တစ္ခ်က္မွ ဖုန္မွုန္႔မ်ား ဖံုးလႊမ္းေနသည့္ ေက်ာက္ေဆာင္ေက်ာက္တံုးမ်ားေပၚ ျဖာဆင္းေန၏။
နွစ္ေယာက္သား တိတ္ဆိတ္ တည္ျငိမ္စြာျဖင့္ ေလ်ွာက္လာၾကသည္။ ထိုအခ်ိန္မွာ ရုတ္တရက္ တိတ္ဆိတ္ေနသည့္ ပတ္ဝန္းက်င္တြင္ သစ္ရြက္ေျခာက္မ်ားကို နင္းလုိက္သည့္ အသံထြက္ေပၚလာေလသည္။ သူတို႔ေတြ ခ်က္ခ်င္းရပ္တန္႔လိုက္ၾကျပီး ခဏ နားေထာင္ျပီးေနာက္မွာ ထိုအသံက ေထာင့္တစ္ေနရာကေန ထြက္ေပၚလာသည္ကိုသိလုိက္ရသည္။ တစ္စံုတစ္ေယာက္က ေထာင့္ကေန ထြက္လာေတာ့မလိုပဲ
ရွန္က်စ္ရွန္းရဲ႔ မ်က္လံုးေထာင့္ကေန သူ႔ေဘးမွ ခပ္ျမင့္ျမင့္ ေက်ာက္ေဆာင္ ကုန္းျမင့္ေလးနားမွာ လူရိပ္တစ္ခု ျမင္လုိက္ရတာေၾကာင့္ ခ်က္ခ်င္း အရိပ္ထဲမွာ ပုန္းကြယ္ရန္ ရန္က်င္းအား ဆြဲခ်လုိက္သည္။
ထိုေသးငယ္သည့္ အရိပ္က တိမ္ျမွုပ္ေနေသာ္လည္း တိုက္တိုက္ဆုိင္ဆိုင္ လေရာင္နဲ႔ မ်က္နွာျခင္းဆုိင္ ျဖစ္ေနသည္ေလ။ တစ္စံုတစ္ေယာက္က ဂရုတစိုက္ မၾကည့္ဘူးဆိုရင္ ျမင္ရဖို႔ေတာင္ ခက္ခဲနုိင္သည္။
သူတို႔ပုန္းကြယ္ေနသည့္ေနရာက အရမ္းက်ဥ္းေျမာင္းတာေၾကာင့္ အခ်င္းခ်င္း ဖိကပ္ျပီး ရပ္ေနရသည္။ ရန္က်င္းက အျပင္ဘက္မွာျဖစ္ျပီး ရွန္က်စ္ရွန္းအား ဖိခ်ထားရ၏။ ရွန္က်စ္ရွန္းက ရန္က်င္းပုန္းဖို႔အတြက္ ေနရာမလံုေလာက္မွာ ေၾကာက္တာေၾကာင့္ ထိုသူ႔ခါးကို ကိုင္လုိက္ျပီး ပိုအနီးကပ္ေအာင္ ဆြဲေခၚလုိက္ေသးသည္။
သူတို႔က အရမ္းကို နီးကပ္ေနတာေၾကာင့္ အရပ္အျမင့္နဲ႔ ခႏာၱကိုယ္ အရြယ္အစား ကြာျခားခ်က္က အေတာ္ေလး သိသာထင္ရွားေနျပီး ရွန္က်စ္ရွန္းက ရန္က်င္း အား တက္တက္ႂကြႂကြႏွင့္ စိတ္ပါလက္ပါ ေပြ႕ဖက္ထားဟန္တူေနသည္။
သို႔ေသာ္လည္း ရွန္က်စ္ရွန္းက သတိမထားမိေပ။ ရန္က်င္းက အရပ္အရမ္းရွည္လြန္းလို႔ သူ႔ျမင္ကြင္းကို ပိတ္ဆို႔ထားတာကိုသာ ေတြ႔ရွိေနသည္။ ရလဒ္ကေတာ့ သူက ရန္က်င္းကို ေဘးတစ္ဖက္ဆီ ထပ္ဆြဲလုိက္ျပီး ေျခဖ်ားေလးေထာက္၍ သူ႔ပုခံုးကေန ေက်ာ္ၾကည့္လုိက္ျခင္းသာ။
ေထာင့္ကေန ထြက္လာတဲ့ လူကို သူျမင္လုိက္ရသည္။
— သူတို႔ကို ဖိတ္ေခၚလာတဲ့ မံုသခင္မပဲ
ဒီအိမ္ေတာ္ရဲ႔ ပိုင္ရွင္က အေပ်ာ္ေလွမ်ားေပၚမွာ လွည့္ပတ္သြားရတာ သေဘာက်တဲ့ သခင္ေလးတစ္ေယာက္ျဖစ္သည္။ သူ႔မ်ိဳးရိုးနာမည္က မံုျဖစ္ျပီး သူ႔ပထမ နာမည္က ရိုးရွင္းသည့္ တစ္ခုတည္းေသာ စာလံုး ယြင္ျဖစ္သည္။ သူက ခ်မ္းသာၾကြယ္ဝတဲ့ စီးပြားေရးသမား တစ္ေယာက္လည္း ျဖစ္ေန၏။
သူ႔မိဘမ်ားက လြန္ခဲ့တဲ့ နွစ္အေတာ္ၾကာတုန္းက ေတာင္ေပၚဓားျပေတြရဲ႔ သတ္ျဖတ္ျခင္းကို ခံခဲ့ရသည္။ အသုဘပြဲအတြက္ စီစဥ္ေနသည့္ အလယ္မွာ မုံယြင္က အမ်ိဳးသမီးတစ္ေယာက္နဲ႔ ေတြ႔ဆံုခဲ့ရေလသည္။ အၾကိမ္အေတာ္ၾကာ အျပန္အလွန္ ေျပာဆိုဆက္ဆံျပီးသည့္ေနာက္ နွစ္ေယာက္သား ခ်စ္ၾကြမ္းဝင္သြားၾကျပီး ခင္ပြန္းနဲ႔ ဇနီးသည္ ျဖစ္လာၾကသည္–ထိုအမ်ိဳးသမီးက လက္ရွိ မံုသခင္မပင္။
မံုယြင္၏ စီးပြားေရး လုပ္သည့္ အရည္အခ်င္းက အေတာ္ေလး ေကာင္းမြန္ျပီး ခ်မ္းသာၾကြယ္ဝတဲ့ အမ်ိဳးသားတစ္ေယာက္ဟု သတ္မွတ္နုိင္သည္။ သူ႔ရဲ႔ အနွစ္သက္ဆံုး ဝါသနာက အေပ်ာ္ေလွမ်ားေပၚမွာ တဝဲလည္လည္ လုပ္ရျခင္းသာ။ သူအားလပ္တဲ့ အခ်ိန္ရွိတိုင္း ထိုအေပ်ာ္ေလွမ်ား ရွိရာသို႔ ေျပးသြားလိမ့္မည္။
သူက စာေပစြမ္းရည္ေတြကို သင္ယူရတာကို ႏွစ္သက္ၿပီး အထူးသျဖင့္ ဒီလိုလွပတဲ့ အမ်ိဳးသမီးေတြအတြက္ ကဗ်ာေရးရတာကို ႏွစ္သက္သည္ေလ... အဲဒီအလွမယ္ေတြက သူ႔ရဲ႕ လက္ရာေတြကို တစ္ခါမွ မ႐ြတ္ဆိုဖူးေပမယ့္ေပါ့။
ဒါေတြအားလံုးက ရွန္က်စ္ရွန္း ေမးခြန္းထုတ္ခဲ့တာေၾကာင့္ မံုသခင္မရဲ႔ အိမ္ေတာ္ထိန္းပါးစပ္မွ ထြက္လာတာေတြျဖစ္သည္။ သူက မံုယြင္ရဲ႔ အျပဳအမူေတြကို မွတ္ခ်က္မခ်ခဲ့ပဲ သိခ်င္တာေၾကာင့္သာ ေမးခဲ့ျခင္းပင္။ ခင္ပြန္းကို ျပန္ေခၚဖို႔ အေပ်ာ္ေလွရွိရာထိ လိုက္သြားရဲတဲ့ မံုသခင္မက ညလယ္ေခါင္ၾကီး ဒီမွာတစ္ေယာက္တည္း ဘာလာလုပ္ေနတာလဲ?
သူမ လာတဲ့ ေနရာက အနက္ေရာင္ တိမ္မည္းေပ်ာက္ကြယ္သြားခဲ့တဲ့ ေနရာ အတိအက် ျဖစ္ေနသည္။ ရွန္က်စ္ရွန္းက သူမ တစ္လွမ္းခ်င္းဆီ ေလ်ွာက္လာသည္အား တိတ္တဆိတ္သာ ၾကည့္ေနလုိက္၏။ သူမရဲ႔ မ်က္လံုးမ်ားက တစ္ဝက္ေမွးမွိတ္လုနီးပါး ျဖစ္ေနျပီး အလြန္အမင္း ပင္ပန္းႏြမ္းနယ္ေနပံုရသည္။
မံုသခင္မ.....ၾကည့္ရတာ လ်ွို႔ဝွက္ခ်က္ အနည္းငယ္ကို ဖံုးကြယ္ထားပံုပဲ
မၾကာခင္မွာ မံုသခင္မက ေပ်ာက္ကြယ္သြားသည္။ ရွန္က်စ္ရွန္းက ေနာက္ထပ္လွုပ္ရွားမွု မၾကားရတာ ေသခ်ာတဲ့အထိ ခဏေလာက္ ေစာင့္ေနလုိက္၏။ ထို႔ေနာက္ ရန္က်င္းအား တြန္းထုတ္ေလသည္။
"အျပင္ထြက္မယ္"
အျပင္ကို ေျခလွမ္းထြက္လာျပီးေနာက္ ရွန္က်စ္ရွန္းက လေရာင္ေအာက္မွာ မတ္တပ္ရပ္လုိက္တဲ့အခ်ိန္ ရန္က်င္းရဲ႔ နားရြက္ေတြ နီရဲေနသည္ကို အလ်င္အျမန္ ေတြ႔ရွိသြားသည္။
သူက ရပ္တန္႔သြားျပီး ရန္က်င္းရဲ႔ နားရြက္မ်ားအား အံ့အားသင့္စြာ စိုက္ၾကည့္မိေလသည္။ ထို႔ေနာက္မွာေတာ့ နားလည္သြားပံုျဖင့္ အဓိပၸါယ္ျပည့္ဝသည့္ အသံတစ္ခ်က္ ထြက္လာသည္။
သို႔ေသာ္ ရန္က်င္းက အလြန္တည္ၿငိမ္ေနၿပီး သူ႔မ်က္ႏွာတြင္ ဘာအမူအရာမွမရွိေပ။ နား႐ြက္နီေနေသာသူက သူမဟုတ္သကဲ့သို႔ ရွန္က်စ္ရွန္းကို တိတ္တဆိတ္သာ ၾကည့္ေနသည္။
သူ႔ရဲ႔ ခပ္ဖြဖြ ဆုပ္ထားတဲ့ လက္သီးဆုပ္တြင္သာ ရင္တုန္မွဳ အနည္းငယ္ ေပၚလြင္ေနသည္။
ရွန္က်စ္ရွန္းမွာ ဘာမွ မတတ္နုိင္စြာျဖင့္ ရယ္ေမာခ်င္မိသြားသည္။ ရန္က်င္းရဲ႔ တုန္႔ျပန္မွုက အရမ္းကို စိတ္ဝင္စားဖို႔ ေကာင္းေနတာေၾကာင့္ ရွန္က်စ္ရွန္းအား သူ႔ကိုပိုျပီး စေနာက္ခ်င္မိေစသည္။ ကံမေကာင္းစြာနဲ႔ အခ်ိန္က မမွန္ကန္ေနဘူး။အနက္ေရာင္တိမ္တိုက္နဲ႔ မံုသခင္မတို႔ ဘာေတြျဖစ္ပ်က္ခဲ့လဲ ဆိုတာ သူအခုထိ ရွာမေတြ႔ေသးဘူးေလ။ ရလဒ္ကေတာ့ သူ႔စိတ္ထဲက ဆိုးသြမ္းမွုေလးေတြကို ဖိနွိပ္ထားရံုသာ ရွိျပီး ရန္က်င္းလက္အား လွမ္းဆုပ္ကိုင္လုိက္ကာ ေရွ႔ကိုဆြဲေခၚသြားလိုက္ေတာ့သည္။
သူတို႔က မံုသခင္မေနာက္ကေန ခဏေလာက္ ေလ်ွာက္လုိက္လာၾကသည္။ ရုတ္တရက္ အေမွာင္ထုတစ္ခုက သူတို႔မ်က္လံုးေရွ႔ကေန ျဖတ္ခနဲ ျဖတ္ေက်ာ္သြားခဲ့ျပီး ပတ္ဝန္းက်င္ ဧရိယာတစ္ခုလံုး ခဏေလာက္ မွဳန္မွိုင္းသြားျပီးမွ ပံုမွန္ျပန္ျဖစ္သြားသည္။ သို႔ေသာ္လည္း လေရာင္ကေတာ့ မျမင္ရတဲ့ အတားအဆီးတစ္ခုနဲ႔ ပိတ္ဆို႔ခံလုိက္ရပံုပင္။
အပူခ်ိန္ကလည္း ရုတ္တရက္ က်ဆင္းသြားသည္။ ေက်ာက္ေဆာင္ၾကီးတစ္ခု ေက်ာ္ျပီးေနာက္မွာ အေတာ္ေလး ယိုယြင္းေနသည့္ ျခံဝင္းအေသးတစ္ခုဆီ ေရာက္ရွိသြားသည္။ ရွန္က်စ္ရွန္းက တီးတိုးေျပာလိုက္၏။
"ဒီမွာ ဖြဲ႕စည္းမႈတစ္ခုရွိတယ္"
သူတို႔က ထိုဖြဲ႔စည္းမွုထဲသို႔ ခ်ိဳးျဖတ္ဝင္သြားျခင္းသာ။
သို႔ေသာ္ ဤဖြဲ႕စည္းမႈသည္ အကာအရံအျဖစ္သာ လုပ္ေဆာင္ထားျခင္းပင္။ ၎သည္ အလြန္အဆင့္ျမင့္တာမဟုတ္ေပ။ ၎၏ရည္႐ြယ္ခ်က္မွာ သာမန္လူမ်ားအား ဤဝင္းကို ရွာေဖြေတြ႕ရွိျခင္းမွ တားဆီးရန္ျဖစ္သည္။ သို႔ေသာ္ ရွန္က်စ္ရွန္းႏွင့္ ရန္က်င္းတို႔က က်င့္ၾကံသူမ်ားျဖစ္ေသာေၾကာင့္ ၎တို႔ကို မ်ားစြာထိခိုက္ေစျခင္းမရွိေန။
ၿခံဝန္းအတြင္း သစ္ပင္ႀကီးမ်ား အမ်ားအျပား စိုက္ပ်ိဳးထားေလသည္။ ရွန္က်စ္ရွန္းသည္ ထုိအပင္မ်ားက အကိုင္းအခတ္မ်ားေပၚမွာ သစ္ရြက္မ်ား အလႊာလႊာ အထပ္ထပ္ ရွိသည့္ က်ိုဳင္းပင္မ်ားျဖစ္ေၾကာင္း သတိထားမိသည္။ ျခံဝင္းထဲမွာေတာ့ ႏွစ္အေတာ္ၾကာေအာင္ ၿပိဳက်ပ်က္စီးေနသကဲ့သို႔ ထင္ရေလာက္ေအာင္ ပ်က္စီးေနေသာ သစ္သားအိမ္ငယ္တစ္ခုရွိေနသည္။ တံခါးကပါ ေစာင္းေနတာေၾကာင့္ ေျမျပင္ေဘးတြင္ ၾကီးမားသည့္ ကြက္လပ္ၾကီးတစ္ခု ေပၚလြင္ေန၏။
ထိုတံခါးတြင္ သံေခ်းတက္ေနသည့္ ေသာ့တစ္ခု ခတ္ထားသည္။ ရွန္က်စ္ရွန္းက သစ္ကိုင္းတစ္ခု ေကာက္ယူ၍ ထိုးၾကည့္ေလသည္။ ၾကည့္ရတာ ယိုယြင္းေနပံုေပၚသည့္ ထိုေသာ့ခေလာက္က လွုပ္ရမ္းသြားေသာ္လည္း မက်ိဳးပ်က္သြားေပ။ အဲဒီအစား သံေခ်းမွုန္မ်ား ျပဳတ္က်လာျပီး သံေခ်းေအာက္ရွိ မ်ဥ္းေၾကာင္းမ်ားကို ေပၚလြင္သြားေစသည္။
ရွန္က်စ္ရွန္းရဲ႔ အေတြးမ်ား ခ်ာခ်ာလည္သြားရသည္။ ထိုေသာ့က ေရွးက်ျပီး သံေခ်းတက္ေနသည္။ အခ်ိန္အေတာ္ေလးၾကာေအာင္ ဖြင့္မထားတာ သိသာလွသည္ေလ။ ဒါဆို ဘာေၾကာင့္ မံုသခင္မက ဒီကိုေရာက္လာရတာလဲ?.......သူမက လမ္းေလ်ွာက္ခ်င္လို႔ ေရာက္လာတာေတာ့ မျဖစ္နုိင္ဘူး
ရုတ္တရက္ မဲနက္ေနသည့္ အဝါေရာင္ စာရြက္ပိုင္းေလးတစ္ခုက ရွန္က်စ္ရွန္း၏ အာရံုကို ဆြဲေဆာင္နုိင္သြားသည္။ သူက ခါးကိုင္းလုိက္ျပီး ျမက္ခင္းျပင္ေပၚ ျပဳတ္က်ေနသည့္ အေဆာင္စာရြက္ တစ္ပုိင္းအား ေကာက္ယူလုိက္၏။ အေဆာင္စာရြက္၏ ေထာင့္စြန္းက အနက္ေရာင္ျဖစ္ေအာင္ ေလာင္က်ြမ္းေနသည္မွာ မီးရွိဳ႔ခံထားရသလုိပင္။
သို႔ေသာ္လည္း ထိုအေဆာင္စာရြက္က အေတာ္ေလး သစ္လြင္ေနသည္။ မံုသခင္မက မၾကာေသးခင္ကမွ ဒီကိုယူလာျခင္း ျဖစ္နုိင္သည္။ ရွန္က်စ္ရွန္းက အေဆာင္စာရြက္အား ေလ့လာၾကည့္ျပီးေနာက္ မ်က္ေမွာင္က်ံဳ႔မွုက ပိုမိုနက္ရွိုင္းလာရသည္။ သစ္ကိုင္းကို သံုးရင္းျဖင့္သာ သံေခ်းတက္ေနသည့္ ေသာ့ကို ေနာက္တစ္ဖန္ ညင္သာစြာ ထပ္ျခစ္လုိက္သည္။
သံေခ်းမ်ားအားလံုး ျခစ္လို႔ ကုန္ခါနီးေလာက္မွာ ရွန္က်စ္ရွန္းသည္ ေနာက္ဆံုးေတာ့ ေသာ့ေပၚက ပံုစံကြက္မ်ားနဲ႔ အေဆာင္စာရြက္ေပၚက ပံုစံကြက္မ်ားက အတူတူပဲဆိုတာ ဆံုးျဖတ္နိုင္သြား၏။
"ဒါက...."
ပံုစံကြက္မ်ားက အေတာ္ေလး ရင္းနွီးေနေသာ္လည္း ဘာေတြလဲဆိုတာ ရွန္က်စ္ရွန္း မမွတ္မိေပ။ ရန္က်င္းက သူ႔လက္ထဲက အေဆာင္စာရြက္အား အနီးကပ္ ၾကည့္လုိက္ျပီး တည္ျငိမ္စြာ ေျပာလာသည္။
"ဆြဲေဆာင္ျခင္းစည္းတံဆိပ္"
ရွန္က်စ္ရွန္းက ေလေအးမ်ား ရွဳရွိဳက္လုိက္မိျပီး တစ္ေၾကာ့ျပန္ ေရရြတ္မိသည္။
"ဆြဲေဆာင္ျခင္းစည္းတံဆိပ္"
ဘယ္လုိသာမန္လူမ်ိဳးက ဒီလိုအရာမ်ိဳး ရနိုင္မွာလဲ? ဒါဘာလဲဆိုတာ မံုသခင္မေရာ သိေနလား?
ဆြဲေဆာင္ျခင္းစည္းတံဆိပ္ သည္ ၎၏အမည္အတိုင္းပင္ အမ်ိဳးမ်ိဳးေသာ "စိတ္ဝိညာဥ္မ်ား" ကို ဆြဲေဆာင္ႏိုင္ေသာ အေဆာင္ျဖစ္သည္။ စိတ္ဝိညာဥ္ဟုေခၚရာတြင္ နတ္ဆိုးဝိညာဥ္မ်ား သို႔မဟုတ္ လွည့္ပတ္သြားလာေနေသာ ဝိညာဥ္မ်ား ျဖစ္သည္။ ထိုသို႔ ဆြဲေဆာင္ခံရေသာ စိတ္ဝိညာဥ္ အမ်ိဳးအစားသည္ က်င့္ၾကံသူ၏ ခြန္အားႏွင့္လည္း ဆက္စပ္ေနမည္ျဖစ္သည္။
ျပဳလုပ္သူရဲ႔ က်င့္ၾကံဆင့္ ပိုျမင့္ေလေလ ပိုျပီးအင္အားေကာင္းတဲ့ 'စိတ္ဝိညာဥ္' မ်ားကို ဆြဲေဆာင္နုိင္ေလေလပင္။ အကယ္၍ ရွန္က်စ္ရွန္းနဲ႔ ရန္က်င္းလိုမ်ိဳး က်င့္ၾကံသူေတြသာ ထိုစည္းတံဆိပ္ အေဆာင္ကို ဆြဲခဲ့တာဆိုရင္ နတ္ဆိုးအၾကီးစားေတြကို ေခၚယူမိျခင္းျဖင့္သာ အဆံုးသတ္သြားနုိင္ေျခရွိသည္။ သို႔ေသာ္လည္း ဒီအေဆာင္ေပၚမွာ ဝိညာဥ္စြမ္းအင္ သဲလြန္စေလးပင္ ရွိမေနတာေၾကာင့္ ပံုမွန္လူသားတစ္ဦးကသာ ျပဳလုပ္ထားျခင္းျဖစ္ေၾကာင္း ညႊန္ျပေနသည္။ ရလဒ္ကေတာ့ က်င့္ၾကံခါစ နတ္ဆိုးေလးမ်ားနဲ႔ လွည့္ပတ္သြားလာေနသည့္ ဝိညာဥ္ေလာက္ကိုသာ ဆြဲေဆာင္နိုင္ေပမည္။
သို႔ေသာ္လည္း ေသာ့မ်ားမွာေတာ့ ဝိညာဥ္အရွိန္အဝါ အရိပ္အေယာင္မ်ား ရွိေနဆဲျဖစ္ေနသည္။
ရွန္က်စ္ရွန္းသည္ ေစာေစာက ေတြ႔လုိက္သည့္ အနက္ေရာင္တိမ္တိုက္အား ရုတ္တရက္ ျပန္အမွတ္ရသြားျပီး သူ႔အေတြးမ်ား နက္ရွိုင္းသြားရေတာ့သည္။ ေဘးပတ္ဝန္းက်င္အား အခ်ိန္အေတာ္ၾကာေအာင္ လွည့္ပတ္ၾကည့္ၿပီးေနာက္ ေပါင္းပင္မ်ား၏ အျမစ္မ်ားၾကားတြင္ ေလာင္ကြၽမ္းေနေသာ အနက္ေရာင္ အပိုင္းအစမ်ားစြာကို ေတြ႕လိုက္ရသည္။
၎သည္ အေဆာင္စာရြက္အား မီးရွိဳ႔စဥ္က က်န္ရစ္ခဲ့သည့္ ျပာမွုန္မ်ားပင္။
မံုသခင္မက ဒီမွာဘာလုပ္ခဲ့တာလဲ?
အေဆာင္က ဘယ္ေလာက္ပဲ အားနည္းပါေစ အေရအတြက္ အမ်ားၾကီး အသံုးျပဳမယ္ဆိုရင္ ဘယ္လိုသတၱဝါမ်ိဳးကို ဆင့္ေခၚနုိင္မလဲ ဘယ္သူသိမွာလဲ... အဲ့ဒီ အနက္ေရာင္တိမ္တိုက္ၾကီးက ေလာင္က်ြမ္းသြားတဲ့ အေဆာင္ရွစ္ဆယ္ရာခိုင္နွုန္းစာေလာက္ ရွိတယ္ဆိုရင္ က်န္တဲ့ ဝိညာဥ္ေတြအားလံုးကေရာ ဘယ္ေရာက္သြားတာလဲ?
ဒီျခံဝင္းထဲမွာ ဘယ္လိုလ်ွို႔ဝွက္ခ်က္မ်ိဳးကို ဖုန္းကြယ္ထားတာလဲ?
မေရမတြက္နုိင္တဲ့ သံသယမ်ား ထိုးတက္လာတဲ့အခ်ိန္မွာ ရွန္က်စ္ရွန္းသည္ ရုတ္တရက္ အေရခြံလဲ မိစာၦေျပာခဲ့သည့္ စကားကို အမွတ္ရသြားမိသည္။ သူမွားယြင္းခဲ့ေၾကာင္း နားလည္သြားေလ၏။ အေရခြံလဲ မိစာၦ၏ စကားအရဆိုရင္ Undead City သို႔ဝင္ေရာက္သူမ်ားသည္ လူသားမ်ားမဟုတ္ေပ။ ၎တို႔ကို Wang Gui ပန္းျဖင့္ အမွတ္အသားျပဳမည္ျဖစ္သည္။ ၿပီးေတာ့ ထြက္သြားဖို႔အတြက္ တန္ေၾကးတစ္ခုေပးရလိမ့္မည္။
မံုသခင္မရဲ႔ လက္ေကာက္ဝတ္မွာ Wang Gui ပန္းကို ထိုးထားတယ္။ ဆိုလိုတာက သူမက Undead City က လာတယ္ဆိုတာပဲ။ ဒါေပမဲ့ သူမ ဘာေၾကာင့္ ထြက္လာခဲ့လဲ ျပီးေတာ့ ဘယ္လုိတန္ေၾကးတစ္ခုကို သူမ ေပးခဲ့ရတာလဲ?
အေစာတုန္းက ရွန္က်စ္ရွန္းသည္ သူမဆီမွာ ဝိညာဥ္စြမ္းအား မရွိတာကို ျမင္လုိက္ရတာေၾကာင့္ သူမအား သာမာန္ေသမ်ိဳးတစ္ေယာက္အျဖစ္သာ သတိလက္လြတ္ျဖင့္ သတ္မွတ္လိုက္မိတာ
ရန္က်င္းလည္း ဒါကို ရွင္းရွင္းလင္းလင္း ေတြးေနမိသည္။ သူက လက္ကို အနည္းငယ္ လွုပ္ခါလိုက္ျပီး သူ႔ဓားအား ဓားအိမ္ထဲမွ ဆြဲထုတ္လိုက္၏။ ရုတ္တရက္ ဆုိသလိုပင္ သူ႔ေျခဖဝါးေအာက္မွာ မၾကားရလုနီးပါး အသံတိုးတိုးေလးတစ္ခုက စူးစူးဝါးဝါး ေအာ္ဟစ္သံ ထြက္ေပၚလာျပီး သူ႔လွုပ္ရွားမွုမ်ားကို အေနွာင့္အယွက္ ေပးလိုက္သည္။
ရွန္က်စ္ရွန္းနဲ႔ ရန္က်င္းတို႔ နွစ္ေယာက္လံုး တစ္ခ်ိန္တည္းမွာ ငံု႔ၾကည့္မိၾကေလသည္။ ေကာက္ေကြးေနသည့္ တံခါးနား ေျမျပင္ဆီကေန အေမႊးပြလံုးလံုးေလးတစ္ခု တိုးထြက္လာသည္ကို ျမင္လုိက္ၾကရသည္။
သူက က်ဥ္းေျမာင္းလွသည့္ ေနရာေလးထဲက တိုးထြက္လာရတာေၾကာင့္ သူ႔အေမႊးေလးမ်ားအားလံုးက ရွဳပ္ပြျပီး ရႊံ႔မ်ားေပက်ံေနသည္။။ အျပင္ကို ေရာက္တာနဲ႔ ပင္ပန္းႏြမ္းနယ္စြာ ျပိဳလဲက်သြားျပီး ႏူးည့ံစြာ ေအာ္ေနေလသည္။
၎သည္ နတ္ဆိုးငွက္ေပါက္ေလး တစ္ေကာင္ျဖစ္ျပီး ရႊံ႔မ်ားနဲ႔ ဖုန္းလႊမ္းေနတာေၾကာင့္ သူ႔ရဲ႔ တကယ့္အေရာင္ကိုပင္ ျမင္ရဖို႔ ခက္ခဲေစသည္။
သူတုိ႔သည္ ဒီလို ဖုန္းဆိုးေတာေနရာမ်ိဴးမွာ အားနည္းျပီး ေနရာမွာတင္ ေသေတာ့မလို ျဖစ္ေနတဲ့ အသက္ရွင္သန္ေနတဲ့ အရာေလးကို ျမင္လုိက္ရတာေၾကာင့္ အံ့အားသင့္သြားၾကေလသည္။
ရွန္က်စ္ရွန္းက ပဆစ္တုတ္ထိုင္ခ်လုိက္ျပီး သူ႔လက္ထဲက သစ္ကိုင္းေျခာက္ျဖင့္ ပင္ပန္းႏြမ္းနယ္ေနေသာ ငွက္ပိစိေလးရဲ႔ တုန္ယင္ေနသည့္ လက္သည္းေလးမ်ားကို ထိုးၾကည့္လုိက္သည္။
နတ္ဆိုးငွက္ေပါက္ေလးက ႏြမ္းနယ္ေနျပီး ရြံ႔မ်ား ေပက်ံေနသည္။ သူ႔ေဘးမွာ လူနွစ္ေယာက္ကို ရုတ္တရက္ ျမင္လုိက္ရတဲ့အခ်ိန္မွာေတာ့ ေၾကာက္ရြံ႔မွဳျဖင့္ တုန္ယင္သြားရွာ၏။ ငွက္ကေလးက သူနာက်င္ေတာ့မယ္လို႔ ေတြးမိျပီး မတ္တပ္ရပ္ဖို႔ ခက္ခက္ခဲခဲ ရုန္းကန္ေတာ့သည္။
ထိုအေကာင္ေလးရဲ႔ အေတာင္ပံေတြ ဒဏ္ရာရထားတာလား ဆုိတာ ရွန္က်စ္ရွန္း မသိေပမယ့္ ထိုအေကာင္ေလးက အၾကိမ္အနည္းငယ္ ေတာင္ပံခတ္ေနတာေတာင္ မပ်ံနုိင္ေသးေပ။ ေျမျပင္ေပၚမွာ တြားသြား၍သာ လြတ္ေျမာက္ဖို႔ ၾကိဳးစားေနသည္။
သို႔ေသာ္လည္း ငွက္ကေလးရဲ႔ ေျခေထာက္ေသးေသးေလးေတြက အရမ္းကို တိုလြန္းေနသည္။ သူတို႔က ရွန္က်စ္ရွန္းေလာက္ မျမန္ၾက။ ငွက္ေလးက ေျခနွစ္လွမ္းသာ လွမ္းရေသးတဲ့အခ်ိန္ ရွန္က်စ္ရွန္းက သူ႔သစ္ကိုင္းေလးကိုသံုးျပီး ပက္လက္လွန္ပစ္သည္။
သို႔ေသာ္လည္း နတ္ဆိုးငွက္ေပါက္ေလးက မျမင္ရတဲ့ အတားအဆီးတစ္ခုနဲ႔ တိုက္မိသလိုမ်ိဳး အလင္းေဖ်ာ့ေဖ်ာ့ေလးတစ္ခု လင္းသြားကာ ေနာက္သို႔ ျပန္လဲက်ျပီး စတင္ငိုေၾကြးေတာ့သည္။
"Ahhhhh!"
ၾကည့္ရတာ ဒဏ္ရာေၾကာင့္ ႐ုန္းထြက္ဖို႔ လုံေလာက္တဲ့ ခြန္အားမရွိတာ ျဖစ္ႏိုင္သည္။။ ေျခသည္းေလးေတြက လွမ္းကန္ေပမယ့္လည္း သူတို႔ကို မကန္ႏိုင္ေတာ့ေပ။ ေနာက္ဆုံးေတာ့ သူ႔မ်က္လုံးဝုိင္းႀကီးေတြကေန မ်က္ရည္မ်ား ပိုးပိုးေပါက္ေပါက္ က်လာေတာ့သည္။
ရွန္က်စ္ရွန္းမွာေတာ့ သူဒီေလာက္ ခ်ြဲႏြဲ႔တတ္မယ္လို႔ မထင္ထားမိေပ။ သူက သစ္ကိုင္းေလးနဲ႔ ျပန္လွန္ေပးလိုက္သည္။
"မငိုနဲ႔ေလ"
နတ္ဆိုးငွက္ေပါက္ေလးက တစ္စံုတစ္ခုကို စိုးရိမ္ေနပံုရသည္။ သူက ေၾကာက္လန္႔တၾကား ေအာ္ဟစ္ေနမွုကို ဖိနွိပ္လုိက္ျပီး အလ်င္အျမန္ မတ္တပ္ထရပ္၏။ ေျခလွမ္းနွစ္လွမ္းမ်ွ ေနာက္ျပန္ဆုတ္ျပီးေနာက္မွာ သူတို႔ကို သတိျဖင့္ ေစာင့္ၾကည့္ေနသည္။
"ခင္ဗ်ား, ခင္ဗ်ားကဘယ္သူလဲ?!"
"ငါတို႔ဘယ္သူလဲ ဆုိတာက အေရးမၾကီးဘူး, အေရးၾကီးတာက ဒီထဲမွာ ရွိေနတာ ဘာလဲဆိုတာပဲ?"
ဘယ္စကားလံုးက နတ္ဆိုးငွက္ေပါက္ေလးကို အလြန္အမင္း ေၾကာက္ရြံ႔သြားေစတာလဲ ဘယ္သူသိမွာလဲ။ သူက တုန္ယင္လာျပီး ေၾကာက္ရြံ႔ေနသည့္ အမူအယာေလးကို ျပသလာသည္။ ထို႔ေနာက္ တုန္တုန္ရီရီ အသံေလးျဖင့္ ေျပာလာေလသည္။
"ခင္ဗ်ား, ခင္ဗ်ား သူ႔ကို မနွိဳးခ်င္နဲ႔.....ဟစ္! ခင္ဗ်ားေပါက္ကရ ေျပာလို႔မရဘူး, အဲ့ဒါကိုနိးေအာင္ လုပ္မိသြားနိုင္တယ္!"
27.1.2022
=============