" ခင်ဗျား ပြန်တော့လေ ကျတော်အလုပ်သွားရအုံးမယ် "
နှုတ်ခမ်းလေးဆူပီး အ၀တ်လဲနေတဲ့လွန်းကို ဟန်နရီကတော့ အိပ်ယာပေါ်ကနေပဲ မေးထောက်ကာ ခပ်ပြုံးပြုံးလေးကြည့်နေလိုက်သည်...
" ပြန်တော့လို့ !!!!"
" ကိုပြန်ရင် အချစ်လဲပြန်လိုက်ခဲ့ရမှာ "
" မလိုက်နိုင်ပါဘူး ကျတော်ကဒီမှာပဲနေမှာ "
" မနေရပါဘူး ဒီမှာရေခဲသေတ္တာလဲမရှိ Airconလဲမရှိ မွေ့ယာလဲမရှိနဲ့ ဘာမှကိုအဆင်မပြေဘူး "
" အဲ့တာခင်ဗျားပဲမပြေတာလေ ကျတော်ကအဆင်ပြေတယ် "
" ကို့ကို နဲနဲလောက်ပဲစိတ်ကောက်ပြေပေးပါလားကွာ နော်"
" ဘယ်သူက စိတ်ကောက်နေလို့လဲ "
" ဟုတ်ပါတယ် ဘယ်သူမှစိတ်မကောက်ပါဘူး ကိုပဲကောက်တာပါ ကိုပဲကောက်တာ ရပီလား "
စိတ်ကောက်မပြေသေးတဲ့ လွန်းအနားကို ဟန်နရီချဥ်းကပ်သွားလိုက်ပီး အနောက်ကနေသိုင်းဖက်လိုက်သည်....
" ကို့ကို သနားရင်ပြန်လိုက်ခဲ့ပါအချစ်ရယ် နော် "
" ကျတော်အခုနေတဲ့နေရာနဲ့ အလုပ်နဲ့ကနီးနီးလေး အဲ့တာကြောင့် ကျတော်ဒီမှာပဲနေမှာ "
" ကိုမနက်တိုင်း စောစောထပီးအလုပ်လိုက်ပို့ပေးပါ့မယ်.....ပြန်တော့လိုက်ခဲ့ပေးပါကွာ နော်"
အရင်ထဲကတင်းထားတဲ့စိတ်တွေက အခုလိုလာချွဲနေပုံနဲ့ ဘယ်လိုများတောင့်ခံနိုင်ပါ့မလဲ...စိတ်ခံစားလွယ်တဲ့ ကျတော့်ကို ဒီတခါလဲသူပဲအနိုင်ရသွားပြန်ပီထင်ပါတယ်
" အဲ့တာဆိုလဲ ပြန်လိုက်ခဲ့မယ် ဒါပေမဲ့ခင်ဗျားကို ခွင့်မလွှတ်သေးဘူးနော် ခင်ဗျားကျတော့်ကို အများကြီးငိုအောင်လုပ်ထားတာ "
" ပြန်လိုက်ခဲ့ရင်ရပါပီ ကျန်တာကို အချစ်ခွင့်လွှတ်တဲ့အထိ ကိုကတောင်းပန်ပါ့မယ် "
" အဲ့တာဆိုလဲ ကျတော့်ကိုလွှတ်တော့ အလုပ်နောက်ကျတော့မယ် "
" အလွမ်းသယ်လို့တောင်မ၀သေးဘူး အလုပ်ကသွားရအုံးမှာလား "
" ဟုတ်တယ် အဲ့အလုပ်ရဖို့ကျတော့်မှာ မနဲကြိုးစားထားရတာ "
" ဟုတ်လား ဘယ်လိုတွေတောင်ကြိုးစားခဲ့ရတာတုန်း "
ဟန်နရီ မသိချင်ယောင်ဆောင်၍ ခပ်ရဲ့ရဲ့လေးပြုံးလိုက်ကာ ထိုင်ခုံပေါ်မှာသွားပြန်ထိုင်လိုက်သည်...လွန်းကလဲ ဟန်နရီနောက်ကိုလိုက်တာ ဟန်နရီပေါင်ပေါ်တတ်ထိုင်လိုက်သည်
" ကျတော် အလုပ်လျှောက်တုန်းက ဆေးရုံအုပ်ကကျတော့်ကို ဘွဲ့မရသေးလို့ အလုပ်မခန့်ဘူးတဲ့ "
" ဟာ ဟုတ်လား တော်တော်ဆိုးတဲ့ဆေးရုံအုပ်ပေါ့ ဆက်ပြောပါအုံး "
" အဲ့တာနဲ့ ကျတော်လဲ အဲ့ဆေးရုံရှေ့က ထိုင်ခုံလေးမှာပဲ တနေကုန်ထိုင်နေရတာ နေ့လည်စာတောင်မစားလိုက်ရဘူး "
"ဟာကွာ သနားပါတယ် "
" ဗိုက်တွေလဲအရမ်းဆာတာပေါ့ "
" သနားစရာလေးကွာ "
" အဲ့တာနဲ့ ကျတော်လဲလက်လျှော့ပီး အိမ်ပြန်လာရတာပေါ့ "
" ဒါပေါ့ ဒါပေါ့ "
" ဒါပေမဲ့ ကျတော်ဘယ်လောက်တော်လဲဆိုတာ ခင်ဗျားသိတယ်မှတ်လား "
" သိတာပေါ့ ကို့အချစ်ကအတော်ဆုံးလေ "
" နောက်နေ့ကျ ကျတော့်ကိုဖုန်းဆက်လာတယ် ကျတော်က ကျောင်းမှာထူးချွန်လို့တဲ့ ဘွဲ့မရသေးပေမဲ့ အစမ်းခန့်သုံးလခန့်မယ်တဲ့လေ "
" ဟုတ်လား ၀မ်းသာစရာပေါ့ "
" ကျတော့်ကို ပေးတဲ့လစာကလဲအများကြီးပဲ ကျတော်ကအဲ့လောက်ရမယ်တောင်မထင်ဘူး "
" အချစ်က ထူးချွန်တာဆိုတော့ အများကြီးပေးတာနေမှာပေါ့ "
" ကျတော့်ကို စီနီယာတွေအကုန်လုံးကလဲ ဂရုစိုက်ကြတယ် "
" အချစ်က ချစ်ဖို့ကောင်းတော့ ဂရုစိုက်ကြမှာပေါ့ "
" အာ မေ့သွားတယ် ကျတော်ကခင်ဗျားကို စိတ်ဆိုးနေတာလေ
ခင်ဗျား ပြန်တော့ "
သူပဲကိုယ့်ပေါင်ပေါ်လာထိုင်ပီး ပြောပြနေပီးတော့ အခုတော့ လူကိုနှင်ထုတ်နေပြန်ပီ....လွန်းတာနေဆန်းက တကယ်စိတ်ရှုပ်စရာလေး...
" အချစ်ပဲ ကို့ပေါင်ပေါ်အရင်လာထိုင်တာလေ အခုတော့ ကို့ကို နှင်လွှတ်တယ်ပေါ့ "
" ပေါင်ပေါ်လာထိုင်တာ ယောင်သွားလို့ "
" အဲ့တာဆို ဒီလက်စွပ်လေးကကော အခုထိယောင်ပီး၀တ်ထားတာလား အဟက် "
" အာ အဲ့တာ ကျတော်ချွတ်ဖို့မေ့နေလို့ "
ရှက်ယမ်းရမ်းပီး လက်ကလက်စွပ်လေးကို ချွတ်ဖို့ပြင်နေတဲ့လွန်းကို ဟန်နရီက လှမ်းဆွဲလိုက်ပီး လွန်းရဲ့နှုတ်ခမ်းတွေကိုသူ့နှုတ်ခမ်းနဲ့ တထပ်ထဲကျစေကာ တံဆိပ်ခတ်လိုက်သည်...
" ကို့ကို စိတ်ကောက်မပြေချင်သေးလဲရပါတယ် ဒါပေမဲ့ကိိုတို့ နှယောက်ရဲ့အမှတ်တရတွေကိုတော့ မဖျက်ဆီးပစ်ပါနဲ့ "
" ကို့ကို ချစ်လား "
" မသိဘူး "
" ကိုကတော့ အရမ်းချစ်တယ် "
" ကျတော် အလုပ်နောက်ကျတော့မယ် "
" လိုက်ပို့ပေးမယ် ဘယ်နှနာရီအလုပ်ပီးမှာလဲ "
" ဒီနေ့က နေ့တ၀က်ပဲဆိုတော့ 3နာရီလောက်ဆိုပီးပီ "
" အဲ့တာဆို ညနေကျကိုလာခေါ်မယ် ပီးရင်ညစာကို အပြင်မှာလိုက်ကျွေးမယ် Samကိုလဲခေါ်လိုက်မယ် "
" အကို Samပါခေါ်မှာလား "
" အင်း သူ့ကိုညစာ၀ယ်ကျွေးမယ်ပြောထားတယ် "
" အကို Samကိုပါခေါ်မယ်ဆိုရင် ကိုကို့ကိုလဲ ခေါ်လိုက်ပါလားဟင် "
" ကိုကို? မာန်ဟိန်းကိုကိုလား? "
" အွန်း ...အကို Samကလေ ကိုကို့ကို စိတ်၀င်စားနေတာထင်တယ် "
" Samက???"
" အွန်း.... ခင်ဗျားမရှိတုန်းကဆို အကို Samက ကို့ကိုဆီနေ့တိုင်းသွားနေတာ "
" အဲ့တာဆို အချစ်အနားမနေပဲ မာန်ဟိန်းဆီပဲသွားနေတာပေါ့ "
" အဲ့လိုလဲမဟုတ်ပါဘူး အကိုSamက ကျတော့်ကိုလဲဂရုစိုက်ပါတယ် "
" အဲ့တော့? "
" အဲ့တော့ ညနေကျ အကိုSamကိုကော ကိုကို့ကိုကော ခေါ်လိုက်ပါလားလို့ "
" ဟုတ်ပါပီ စိတ်ချမ်းသာရင်ပီးရော အချစ်ကိုလိုက်ပို့ပီးရင် မာန်ဟိန်းဆီကို သွားလိုက်မယ် "
" ပီးရော "
" ကို့ကို ချစ်လား "
" နည်းနည်း "
" နည်းနည်းထက် ပိုပေးလို့မရဘူးလား "
"အခုတော့ မပိုဘူး "
" ဟုတ်ပါပီ နည်းနည်းဆိုလဲလက်ခံပါ့မယ် ကိုကတော့အများကြီးချစ်တာနော် "
" အလုပ်နောက်ကျတော့မယ်လို့..."
" လိုက်ပို့ပါပီဗျာ လူကောင်သေးသလောက် စိတ်အရမ်းကြီးတာပဲ "
" ဆူတာလား "
" မဆူရပါဘူးဗျာ "
" ပြီးတာပဲ "
သူခံစားခဲ့ရသမျှ အတိုးချပီးစိတ်ကောက်ဖို့ တွေးထားတဲ့ပုံပါပဲ အခုထိကို ကျတော့်ကိုစကားအကောင်းမပြောသေးဘူးလေ ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ ချစ်တော့လဲ သည်းခံရမှာပေါ့ ကျတော်ကလဲ တကယ်လွန်ခဲ့တာပဲလေ 1နှစ်လောက်အဆက်အသွယ်ဖြတ်ထားခဲ့တာမှတ်လား အပြင်ပန်းသာ သန်မာနေပေမဲ့ အိမ်မက်ဆိုးတွေက တော့အခုထိခြောက်လန့်နေတုန်းပါပဲ ကျတော်ရဲ့အကြောင်းတွေသာ သူသိသွားခဲ့ရင်ဆိုတဲ့အတွေးနဲ့တင် အကြိမ်ကြိမ်အခါခါပြိုလဲရပါတယ်.....အခုချိန်မှရပ်တန့်လို့မရတော့ပေမဲ့ ကျတော်ကလဲ ဒီလောကထဲမှာပဲ အကျွမ်းတ၀င်ဖြစ်နေမိပီထင်ပါတယ်...
****
" Hello "
" ကျုပ် "
" ဘာကိစ္စလဲ "
" ညနေအားလား "
" ဘာဖြစ်လို့လဲ "
" ခင်ဗျားကို ညစာကျွေးချင်လို့ "
" ငါ့ကို ? "
" ဟုတ်တယ် Samကိုလဲခေါ်ထားတယ် ခင်ဗျားမလာလို့တော့မရဘူးနော် လွန်းကလဲ ခင်ဗျားကိုတွေ့ချင်နေတာ "
" ငါက ဘယ်ကိုလာရမှာလဲ "
" ကျုပ် လိပ်စာပို့ပေးလိုက်မယ် ညနေကျ Samကို ခင်ဗျားဆီလာကြိုခိုင်းလိုက်မယ် "
" မအားပေမဲ့ လာခဲ့လိုက်ပါ့မယ် "
" မလာရင်လဲ ကျုပ်ကိုယ်တိုင်ခင်ဗျားကို လာခေါ်မှာ "
" စကားပြောစရာမရှိရင် ဒါပဲ ငါမအားဘူး "
" ဒါပဲ "
ဟန်နရီ မာန်ဟိန်းနဲ့စကားပြောပီး အသက်ထွက်အောင်အော်ရယ်လိုက်သည် ဘာတွေကိုသဘောကျသွားလဲတော့မပြောတတ်....
ပုံမှန်ဆို ကား Airconအမြဲဖွင့်တတ်ပေမဲ့ အခုတော့ ကားပြတင်းပေါက်ကိုဖွင့်ကာ သဘာ၀အတိုင်း တိုက်ခတ်လာတဲ့ လေပြေလေးကို မျက်လုံးမှိတ်ကာ ခံစားလိုက်သည်...
" အသံထွက်ဖို့ မကြိုးစားနဲ့!!! သေသွားမယ် ဘာမှတ်နေလဲ "
ကားနဲ့ မလှမ်းမကမ်းမှာရှိတဲ့ တိုက်ကြားထဲကနေ လူတယောက်ရဲ့အသံကြားလိုက်ရတာကြောင့် အတွေးအာရုံမျောလွင့်နေတဲ့ လူဆိုးကောင်လေးအဖို့ စိတ်ရှုပ်စရာအသံပင်...
တစုံတယောက်ကို အနိုင်ကျင့်နေတဲ့အသံမှန်း သိတာကြောင့် ဟန်နရီကားထဲကချက်ချင်းဆင်းကာ အသံလာရာအရပ်ဆီဦးတည်သွားလိုက်သည်..
ခေါင်းလေးငုံ့ကာ လွယ်အိတ်လေးကိုရင်ခွင်ထဲအတင်းပိုက်ထားတဲ့ကောင်လေးကို လူတယောက်က ဓားထောက်ကာ လုယက်နေတဲ့ပုံပါပဲ....မျက်လုံးစုံမှိတ်ကာ ကြောက်လန့်နေတဲ့ကောင်လေးအဖို့ အကူအညီလိုအပ်နေမှာ အသေအချာ...
" ဒီမြင်ကွင်းက သိပ်အဆင်မပြေဘူးထင်တယ် "
" မင်းက ဘယ်သူလဲ "
" ဘယ်သူမှတော့မဟုတ်ပါဘူး ဒါပေမဲ့ကျုပ်မျက်စိရှေ့မှာတော့ ခင်ဗျားက လူပိုဖြစ်နေသလားလို့ အဟက် "
" မင်းနဲ့မဆိုင်ရင် လစ်လိုက်...မဟုတ်ရင် မင်းကိုပါသတ်မိလိမ့်မယ် "
" ဟုတ်လား အဲ့တာဆိုကျုပ်ကိုအရင်လာသတ်လေ...ခင်ဗျားအသက်အရွယ်နဲ့ ဒီကောင်လေးဆီက လုယက်နေတာမရှက်ဘူးလား "
ဓားကိုင်ကာ ပြေးလာတဲ့တဖက်လူရဲ့လက်ကို ဟန်နရီကလိမ်ချိုးလိုက်ပီး မြေပြင်ပေါ်မှာလှဲချလိုက်သည်....သေနတ်ကိုတောင် အလွယ်လေးကိုင်နိုင်တဲ့သူမို့ ဓားကိုင်တဲ့လူလောက်တော့ ဟန်နရီအတွက်အသာလေးပင်...
" လူမိုက်အရမ်းလုပ်ချင်နေတယ်မှတ်လား လုပ်လေ...အခုကျုပ်ကို ထထိုးလိုက်စမ်းပါ "
ဟန်နရီက တဖက်လူကိုမှတ်လောက်အောင် ပညာပြန်ပေးလိုက်ပီး လွှတ်ပေးလိုက်သည်....ကြောက်လန့်နေတဲ့ကောင်လေးကတော့ ထိုနေရာမှာတင် ငုတ်တုတ်လေးထိုင်ချကာ ခေါင်းလေးငုံ့ပီးငိုနေတဲ့ပုံပါပဲ....ထိုကောင်လေးနဲ့တတန်းထဲ ဖြစ်သွားအောင် ဟန်နရီထိုင်ချလိုက်ပီး တဖက်ကောင်လေးကို သေချာစိုက်ကြည့်လိုက်သည်...
သွယ်လျတဲ့မျက်နှာလေးမှာမှ မျက်၀န်းပြာပြာလေးတွေက အ၀ေးကကြည့်ရင်တောင် ဆွဲဆောင်မှုရှိလှသည်...ထိုကောင်လေးမျက်နှာက ခက်ထန်နေတဲ့ပုံမဟုတ်ပဲ နူးနူးညံ့ညံ့လေးပင်...ခန္ဓာကိုယ်ကလဲ လွန်းလို ဖြူဖြူသေးသေးလေးမို့ စိတ်ခံစားချက်လဲနုနယ်မဲ့ပုံပါပဲ
" မကြောက်နဲ့တော့ ဟိုကောင်မရှိတော့ဘူး "
" ကျေး....ကျေးဇူးတင်ပါတယ်ဗျ "
" အရမ်းလန့်သွားတဲ့ပုံပဲ အဆင်ပြေရဲ့လား "
" ဟုတ်ကဲ့ ပြေပါတယ် ကျတော့်ကိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် "
" မလိုပါဘူး အမြင်မတော်လို့ ၀င်ကူညီလိုက်ယုံပါပဲ "
" ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ဗျ အကို့နာမည်လေးကော သိလို့ရမလားဟင် "
" ဟန်နရီ "
" ဟုတ် ကျတော်မှတ်ထားလိုက်ပါ့မယ်"
" မင်းလဲအဆင်ပြေသွားပီဆိုတော့ ငါသွားတော့မယ် "
" ဟုတ်ကဲ့ "
ထိုကောင်လေးဘေးကနေ မတ်တပ်ရပ်ကာ ဟန်နရီလှည့်ထွက်လိုက်သည် ....
"အကို "
နောက်ကနေ ခပ်တိုးတိုးလှမ်းခေါ်လိုက်တဲ့အသံကြောင့် ဟန်နရီခြေလှမ်းများရပ်တန့်သွားကာ နောက်လှည့်ကြည့်လိုက်သည်
" အကို့ maskလေးကျကျန်ခဲ့လို့ "
ဟန်နရီကျကျန်ခဲ့တဲ့ maskလေးကို တဖက်ကောင်လေးက သေချာကိုင်ကာ ဟန်နရီထံပြန်ပေးလိုက်သည်...စကားအပြောအဆို နူးညံ့လွန်းတဲ့အပြင် ချစ်စရာကောင်းတဲ့အသံလေးကိုလဲ ထိုကောင်လေးကပိုင်ဆိုင်ထားသည်
" ကျေးဇူးပဲ "
" ဟုတ်ကဲ့ဗျ "
" မင်းနာမည်က ? "
" ကျတော့်နာမည် စမ်းရေလှိုင်းပါအကို "
***
26.1.22
Grey
***
" ပြန်တော့လို့ !!!!"
" ကိုပြန်ရင် ချာတိတ်လဲပြန်လိုက်ခဲ့ရမှာ "
" ပြန်လိုက်ခဲ့ရင်ရပါပီ ကျန်တာကို ချာတိတ်ခွင့်လွှတ်တဲ့အထိ ကိုကတောင်းပန်ပါ့မယ် "
"ဟာကွာ သနားပါတယ် "
" သနားစရာလေးကွာ "
" ဒါပေါ့ ဒါပေါ့ "
" သိတာပေါ့ ကို့ချာတိတ်ကအတော်ဆုံးလေ "
" ချာတိတ်က ထူးချွန်တာဆိုတော့ အများကြီးပေးတာနေမှာပေါ့ "
" ချာတိတ်က ချစ်ဖို့ကောင်းတော့ ဂရုစိုက်ကြမှာပေါ့ "
ခင်ဗျား ပြန်တော့ "
သူပဲကျတော့် ပေါင်ပေါ်လာထိုင်ပီး ပြောပြနေပီးတော့ အခုတော့ လူကိုနှင်ထုတ်နေပြန်ပီ....လွန်းတာနေဆန်းက တကယ်စိတ်ရှုပ်စရာလေး...
" ချာတိတ်ပဲ ကို့ပေါင်ပေါ်အရင်လာထိုင်တာလေ အခုတော့ ကို့ကို နှင်လွှတ်တယ်ပေါ့ "
" ကို့ကို စိတ်ကောက်မပြေချင်သေးလဲရပါတယ် ဒါပေမဲ့ကိုတို့ နှယောက်ရဲ့အမှတ်တရတွေကိုတော့ မဖျက်ဆီးပစ်ပါနဲ့ "
" ကို့ကို ချစ်လား "
" မသိဘူး "
" အကို Samပါခေါ်မှာလား "
" Samက???"
" အဲ့တာဆို ချာတိတ်အနားမနေပဲ မာန်ဟိန်းဆီပဲသွားနေတာပေါ့ "
" အဲ့တော့? "
" ဟုတ်ပါပီ စိတ်ချမ်းသာရင်ပီးရော ချာတိတ်ကိုလိုက်ပို့ပီးရင် မာန်ဟိန်းဆီကို သွားလိုက်မယ် "
" ပီးရော "
" ကို့ကို ချစ်လား "
" နည်းနည်း "
"အခုတော့ မပိုဘူး "
" ဆူတာလား "
" မဆူရပါဘူးဗျာ "
" ပီးရော "
****
" Hello "
" ကျုပ် "
" ဘာကိစ္စလဲ "
" ညနေအားလား "
" ဘာဖြစ်လို့လဲ "
" ငါ့ကို ? "
" ငါက ဘယ်ကိုလာရမှာလဲ "
" ဒါပဲ "
" မင်းက ဘယ်သူလဲ "
" ဟန်နရီ "
" ဟုတ်ကဲ့ "
"အကို "
" ကျေးဇူးပဲ "
" ဟုတ်ကဲ့ဗျ "
" မင်းနာမည်က ? "
***
26.1.22
Grey