A for Alpha

By mermaid_mochi

224K 34.2K 5.5K

တစ်ခါတုန်းက အောင်သွယ်တော်နဲ့ညားသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။ More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)

အပိုင်း (၂၀)

7.8K 1.2K 162
By mermaid_mochi

အပိုင်း (၂၀)

-အဆုံးသတ်တိုက်ပွဲစတင်ခြင်း-

သွေးနှောတို့ရဲ့ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည့်ညက ယွန်းဂီနဲ့ထယ်ယောင်းတို့က ဦးဆောင်ကာ မျိုးနွယ်စုရဲ့ စစ်သည်တော်တွေနဲ့အတူ ခုခံတိုက်ခိုက်ရင်း ဘေးလွတ်ရာကို ခပ်မြန်မြန်ပင် ရှာဖွေကာ ပုန်းခိုခဲ့ရသည်။

မျိုးနွယ်စုရဲ့ အင်အားကြီးဖြစ်သည့် Alpha‌ဂျောင်ဂုမရှိချိန်မှာ အငိုက်ဖမ်းကာ အလစ်ဝင်တိုက်ခံရတာမို့ တစ်ယောက်ယောက်က ကြိုတင်ကြံစည်၊ အကွက်ချထားတာကို ရိပ်မိပေမဲ့ ထယ်ယောင်းရော ယွန်းဂီပါ ဖွင့်မပြောဖြစ်ခဲ့ကြသေး။

ပျောက်ဆုံးနေသည့် သူငယ်ချင်းဖြစ်သူနဲ့ Alphaကို ဘယ်အရပ်၊ ဘယ်ဌာနမှာ သွားရောက်ရှာဖွေရမလဲဆိုတာကိုလည်း ကြံရာမရခဲ့။ ဤနည်းအားဖြင့် ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီးနောက်တွင်တော့ မျိုးနွယ်စုရဲ့အင်အားကို ပြန်လည်စုဆောင်းနိုင်ခဲ့ပြီး ဂျီမင်းတို့ကိုလည်း စပြီးရှာဖွေဖို့ ပြင်ရတော့သည်။

မှော်ဆရာဂျင်ရဲ့ ပဉ္စလက်ဖန်လုံးကို အသုံးပြုကာ ပျောက်ဆုံးနေသည့်နှစ်ယောက်ကို ခြေရာခံကြည့်တော့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မှော်ဆရာဂျင်နှင့် ယွန်းဂီမှအပ ကျန်နှစ်ယောက်ရဲ့ မျက်လုံးတွေက စကောလောက်ပင် ပြူးကျယ်သွားကြရသည်။

“ဒါ…ဒါက”

မျက်တောင်ပင်မခတ်နိုင်သူ ယဉ်းမိန်းကလေးခမျာ စကားမဆုံးခင်မှာပဲ ‌သတိလစ်ကာ လဲကျသွားခဲ့သည်။ ထိုအခါ အကုန်လုံး ပြူးပြူးပြာပြာဖြစ်သွားရပြီး ဖန်လုံးထဲကိုကြည့်လိုက်တော့လည်း ဘာမှမသိသည့်နှစ်ယောက်က မိုးမမြင်လေမမြင် အကြင်နာတွေပေးလို့ကောင်းနေဆဲ။

“ပိတ်လိုက်တော့လေ!”

မေ့မြောသွားသူ ယဉ်းမိန်းကလေးကို ပွေ့ချီထားသည့် ထယ်ယောင်းက ဖန်လုံးဆီက အကြည့်မလွှဲသေးသည့် မှော်ဆရာကို လှမ်းဟောက်လိုက်သည်။ ဘယ်လိုပဲဖြစ်နေပါစေဦးတော့ လည်ပင်းဖက်ပေါင်းလာခဲ့သည့် သူငယ်ချင်းဆိုရင်တောင်မှ ဒါကြီးက ဘယ်နည်းနဲ့မှ ဆက်ကြည့်ဖို့မသင့်တော်ဘူးမလား။

“ပိတ်လိုက်”

မနေနိုင်သည့် ယွန်းဂီကပါ လက်တခါခါဖြင့် ဝင်ပြောတော့မှ မှော်ဆရာက ပြီးရောလေဆိုသည့်အကြည့်ဖြင့် ဖန်လုံးထဲက မြင်ကွင်းတွေကို ပြန်လည်ပျောက်ကွယ်သွားစေလိုက်သည်။

“အရင်ဆုံး ယဉ်းမိန်းကလေးကို လှည်းပေါ်တင်လိုက်။ ပြီးတာနဲ့ ဒီညပဲ စခန်းကခွာကြမယ်”

ယွန်းဂီဆီက အမိန့်ကို ထယ်ယောင်းက နာခံစွာပင် ခေါင်းငြိမ့်ပြရင်းက ယဉ်းမိန်းကလေးနှင့်အတူ ရွက်ဖျင်တဲရဲ့အပြင်ဘက်ကို ထွက်သွားခဲ့တော့သည်။ ပြီးနောက် မိမိအနောက်ဘက်မှာ ရပ်နေသည့်မှော်ဆရာဘက်ကို ပြန်လှည့်လိုက်ရင်းက ဤသို့ပြောလိုက်လေသည်။

“လမ်းတဝက်မှာ ဆုံကြမဲ့အကြောင်း ဂျောင်ဂုကို လှမ်းအကြောင်းကြားပေးပါ”

“……”

“အိမ်ပြန်ရောက်ရင် ခင်ဗျားလိုချင်တာအကုန်ရှာပေးမှာမို့ ကူညီပေးပါဦး”

မှော်ဆရာဟာ တစ်ချက်သာ မျက်လုံးလှန်လိုက်ရင်းက မိမိပခုံးပေါ်ရောက်လာသည့် ယွန်းဂီရဲ့ လက်တစ်ဖက်ကို မလိုတမာပင် ပုတ်ချလိုက်သည်။ နှစ်ဆယ့်တစ်ရာစုမှာဆိုရင်တော့ သူ့ရဲ့အခန်းကဏ္ဍက ကြားခံနယ်ဖြစ်သည့် ဆက်သွယ်ရေးဌာနလို့တောင် ယူဆလို့ရမည်ထင်ပါရဲ့။

ယွန်းဂီတစ်ယောက် ရွက်ဖျင်တဲလေးထဲမှ ထွက်သွားပြီးမရှေးမနှောင်းတွင်တော့ ဘယ်ကထွက်ပေါ်လာမှန်းမသိသည့် ခိုဖြူလေးတစ်ကောင်က ကောင်းကင်ထက် ပျံတက်လာကာ အတောင်တဖျတ်ဖျတ်ခတ်ရင်း သခင်ညွှန်ကြားရာ အရပ်ဌာနီဆီသို့ အားသွန်ခွန်စိုက်ပင် ပျံသန်းသွားလေတော့သည်။ 

_____________________


“သတိထားဦး”

ခပ်သေးသေး လက်ကလေးတစ်ဖက်ကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ထားရင်းက ကျောက်တုံးပေါ်ကနေ ချော်လဲမကျသွားစေရန် ထိန်းပေးလိုက်သည်။ တကယ်ဆို ဒီလောက်မြေအနေအထား၊ တောလမ်းလောက်က ဂျီမင်းအတွက် စာဖွဲ့လောက်စရာမရှိပေမဲ့ Alphaဂျောင်ဂုက သည်းသည်းလှုပ်မတတ် ဂရုစိုက်ပေးနေတာမို့ Omegaရဲ့ မျက်နှာထက်မှာ ပန်းရောင်တို့သန်းနေခဲ့သည်။

“ငါ သွားတတ်ပါတယ်”

အားယူကာပြောလိုက်သည့် စကားသံနောက်တွင် Alphaက ငုံ့မိုးကြည့်လာသည်။ ဘဝတစ်လျှောက်လုံး ဖခင်ဖြစ်သူအပါအဝင် မျိုးနွယ်တစ်ခုလုံးကို ပတ်မွှေကာ ဂလုံဆန်စွာ ဖြတ်သန်းလာသူပေမို့ ရုတ်တရက်ဆန်သည့် ထိုကဲ့သို့နူးညံ့ခြင်းမျိုးနဲ့ အသားမကျချင်။

“ကိုယ်တို့က matesတွေဖြစ်နေပြီမို့ Omegaသာ တစ်ခုခုဖြစ်ခဲ့ရင် ဒီAlphaရဲ့အပြစ်ပဲ”

ခါတိုင်း ကျွန်တော်ဟုသာ သုံးနှုန်းတတ်သည့် ဂျောင်ဂုက လွှမ်းမိုးတတ်သည့် Alphaတို့၏ အငွေ့အသက်များနှင့်အတူ လေးလေးနက်နက် ပြန်ပြောလာသည်။

“မင်းမရှိဘဲ မနေတတ်တော့မှာမျိုး၊ မင်းအကူအညီမပါဘဲ ငါ့ခြေထောက်ပေါ်တောင် ငါမရပ်ချင်တော့မှာမျိုးအထိ အကျင့်ဖြစ်သွားမှာ ငါစိုးလို့”

တုံ့ပြန်သည့်အနေနှင့် ထွက်ကျလာသည့် ရယ်သံခပ်ဖွဖွတစ်ခု။ ဂျီမင်းရဲ့ မျက်မှောင်ကလေးတွေ တွန့်ကျုံ့သွားရသည်။ သူပြောတဲ့ထဲမှာ ဘယ်နေရာကများ ရယ်စရာပါနေလို့လဲ။ တကယ် သူ့စိတ်ထဲမှာ တွေးမိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ပေမဲ့ Alpha ကတော့ သူ့ကိုကြည့်ကာ အပြုံးရိပ်သန်းနေသည့် နှုတ်ခမ်းများနှင့်။

“ခင်ဗျားခြေထောက်ပေါ် မရပ်ချင်တဲ့အခါ ကျွန်တော့်ကျောပေါ်မှာ အသင့်တက်ထိုင်လိုက်ရုံပဲလေ ဘာခက်တာမို့လို့လဲ”

နှင်းဖြူရောင်အဆင်းရှိသည့် အင်အားကြီးဝံပုလွေတို့ရဲ့ သဏ္ဍာန်သွင်ပြင်ကို ပိုင်ဆိုင်ထားသူ Alpha ဂျောင်ဂုက ပိုင်ပိုင်နိုင်နိုင်ပဲ ပြန်ပြောလာသည်။

“ရှေ့လျှောက် ဂျီမင်းစိတ်တိုင်းကျ အလိုလိုက်ပေးမှာမို့ ကျွန်တော်မရှိဘဲ နေတတ်သွားလို့တော့မဖြစ်ဘူး လုံးဝပဲ”

မျက်နှာချင်းနီးကပ်သွားစေရန်အလို့ငှာ ခေါင်းကိုငုံ့ချကာ ပြောလာသည့် Alphaရဲ့ လေသံခပ်နွေးနွေးနှင့် ခပ်ပြုံးပြုံးမျက်နှာကြီးကိုမြင်တော့ ဆွဲဖဲ့လိုက်ချင်သွားသည်။ သို့သော် ကာယကံရှင်ဖြစ်သည့် ဂျီမင်းကိုယ်တိုင်ရဲ့ နှုတ်ခမ်းတွေသည်လည်း ကျေနပ်မှုကြောင့် မသိမသာလေးကော့တက်နေခဲ့သည်ပင်။

“သွားကြစို့”

ငွေရောင်အဆင်းရှိသည့် လက်ကောက်လေးကို ဝတ်ဆင်ထားသည့် Omegaရဲ့ လက်ကလေးတစ်ဖက်က Alphaရဲ့လက်ဖဝါးကြီးထဲသို့ နူးနူးညံ့ညံ့ပင် ပျော်ဝင်လာခဲ့သည်။ ထိုသူတို့ဟာ ကံကြမ္မာက သတ်မှတ်ပေးလိုက်သည့် ထာဝရအတွက် ဝိဉာဉ်ဖက်များ။

ပြာလွင်ကောင်းကင်အောက်ရှိ ချောက်ကမ်းပါးနံရံထက်မှာ အရှေ့အရပ်ဆီသို့ ရွေ့လျားနေသည့် ပုံရိပ်လေးနှစ်ခု။ ဆန့်ကျင်ဘက်အရပ်ဆီမှာ မေးတင်ကာ တဖြည်းဖြည်းချင်း ပျော်ဝင်သွားခဲ့သည့် နေလုံးကြီးနောက်တွင် ဝိုင်းပြည့်နေသည့် လမင်းတစ်စင်းက အစားထိုးထွက်ပေါ်လာခဲ့သည်။

ရွှန်းမြမြလရောင်အောက်တွင် ကိုယ်ထည်ကြီးမားကာ နှင်းပွင့်ဖြူတို့အဆင်းရှိသည့် ဝံပုလွေကြီးတစ်ကောင်က မရပ်မနား ရှေ့သို့ခရီးဆက်လျက်ရှိသည်။ ထိုဝံပုလွေကြီးရဲ့ ကျောထက်တွင်တော့ ငွေရောင်ဆံနွယ်တို့ရဲ့ အရှင်သခင်က ထိုင်လျက် လိုက်ပါခဲ့သည်။

Alpha ဂျောင်ဂုရဲ့ ကျောထက်မှာ ပထမဆုံးသော လိုက်ပါစီးနင်းဖူးသူ ငွေရောင်Omegaငယ်။ အပေါ်စီးကနေထိုင်ကာ မြင်တွေ့နေရသည့် ဝံပုလွေဖြူကြီးရဲ့ ပုံသဏ္ဍာန်နှင့် လှုပ်ရှားသွားလာမှုစသည့် အသွင်အပြင်များဟာ ဂျီမင်းအတွက်တော့ အိပ်မက်မက်နေသလားဟုတောင် ထင်မှတ်မှားရသည်အထိ။ 

နောက်ပြီး
ငါလေး အတည်ကြီး ယောက်ျားပါရသွားပြီပေါ့။ နောင်တရစရာတော့ မရှိပါဘူးလေ။ သူရထားတဲ့Alphaက နယ်နယ်ရရမှတ်လို့။

“ဝေ့ ဂျောင်ဂု”

ခပ်မှန်မှန်ရွေ့လျားနေသည့် ဝံပုလွေဖြူကြီးရဲ့ ကျောပေါ်မှာ ထိုင်နေရာကနေ ကိုယ်ကိုအနည်းငယ်စောင်းကာ နားနားကပ်ရင်း ခေါ်လိုက်တော့ Alphaက သူ့အား မော့ကြည့်လာသည်။

“ငါတို့ ကလေးဘယ်နှယောက်ယူကြမလဲ”

ဝံပုလွေဖြူကြီးရဲ့ နားရွက်ကလေးတွေက မိုးပေါ်ရောက်လုမတတ် ထောင်ခနဲ။ ဝိုင်းစက်စက်မျက်လုံးဝိုင်းကြီးတွေကတော့ ဂျီမင်းအား မျက်တောင်မခတ်တမ်း စိုက်ကြည့်လို့နေခဲ့သည်။

“ငါတို့ ဘောလုံးလေးနဲ့တူတဲ့ကလေးလေး မွေးလာရင်ကောင်းမယ်”

Alphaရဲ့ နားရွက်တစ်ဖက်ကို လက်နဲ့ပွတ်သပ်ရင်း ဂျီမင်းက ခပ်တိုးတိုးဆိုသည်။ လရောင်အောက်မှာ တလက်လက်ဖြစ်နေသည့် လက်ကောက်ဝတ်က ငွေရောင်လက်ကောက်လေး‌ဆီ အကြည့်ရောက်မိတော့ ဂျီမင်းသည်လည်း Alphaနည်းတူ ထိုလက်ကောက်လေးကို ကြည့်လို့နေခဲ့သည်။

“လုံးလုံးပြည့်ပြည့် အမွေးဖြူဖြူလေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ ဝံပုလွေပေါက်စကလေးလေ။ ဘယ်လိုလဲ မကောင်းဘူးလား”

*အရမ်းကောင်းတယ်*

ဂျီမင်းဆီက ရယ်သံခပ်ဖွဖွလေး ထွက်ကျလာသည်။ ဟန်မဆောင်တတ်သူ Alphaတစ်ယောက်ကို ရထားတာက ဂျီမင်းအတွက်တော့ ပျော်ဖို့လည်းကောင်းသလို ချစ်ဖို့လည်းကောင်းနေခဲ့သည်။

ကုန်းမြင့်ထက်မှာ ရှိနေတာမို့ Alphaရဲ့ နားထင်နေရာကို တစ်ချက်နမ်းလိုက်ပြီးသည်နှင့် ကုန်းမြေအောက်ဘက်ဆီမှ သူတို့ရှိရာကို တရွေ့ရွေ့ချင်း တိုးကပ်လာခဲ့သည့် သမန်းဝံပုလွေများကို စိုက်ကြည့်နေလိုက်မိသည်။

မျိုးနွယ်စုတို့ရဲ့ အရှေ့ဆုံးမှာ ဦးဆောင်နေတာက ယွန်းဂီနှင့် ထယ်ယောင်းတို့ဖြစ်ပြီး ထယ်ယောင်းဆိုရင် သူရှိရာကို လက်နှစ်ဖက်လုံးဝှေ့ယမ်းပြကာ နှုတ်ဆက်နေသည်ကိုပင် တွေ့မြင်နိုင်သည်။

“ဒီလိုကျလည်း လိုက်ဖက်သားပဲ”

ထယ်ယောင်းကဆိုတော့ နံဘေးရှိ ယွန်းဂီဟျောင်းက အသံကြောင့် လှည့်ကြည့်လာသည်။ ဘယ့်နှယ့်ရှိစဟု အမူအရာနှင့်မေးလိုက်တော့ မျက်ခုံးတစ်ဖက်သာ ပင့်ပြသည်။

အမြင့်ဆီမှာ ရှိနေသည့် သူတို့အားလုံးရဲ့ခေါင်းဆောင်ဟုဆိုနိုင်သူ အင်အားကြီးAlpha။ ထိုAlphaရဲ့ ကျောထက်မှာတော့ Alphaမြတ်နိုးရတဲ့‌ ငွေရောင်ဆံပင်များပိုင်ရှင် omega။ အင်း တကယ်လည်း ဦးညွှတ်ချင်စရာပါပဲ။

အရှေ့အရပ်ဆီမှ ရောင်နီတို့ စတင်ထွက်ပေါ်လာချိန်တွင်တော့ နယ်စပ်သို့ အကုန်လုံးရောက်ရှိခဲ့ကြသည်။ Alpha ဂျောင်ဂုတို့ ဦးဆောင်သည့် သမန်းဝံပုလွေမျိုးနွယ်စုတို့နှင့် ဆန့်ကျင်ဘက်အရပ်မျက်နှာမှာ ရပ်နေကြသည်ကား သွေးနှောများ။

မကျေပွဲနွှဲမည့် ဤတိုက်ပွဲသည် အနိုင်၊အရှုံးကို ခွဲခြားတော့မည့် နောက်ဆုံးသော အသေအကြေတိုက်ပွဲပင်ဖြစ်သည်။ သွေးနှောတို့ဘက်မှ ခေါင်းဆောင်ဟု ယူဆရသူတစ်ယောက်က လူအုပ်ကြားထဲမှ ထွက်လာသည်။

“ငါတို့ချင်း နှုတ်ဆက်ဖို့တော့လိုမယ်မထင်ဘူး”

ရှေ့ဆုံးမှာ ဦးဆောင်သူအဖြစ်ရပ်နေသည့် ဂျောင်ဂုတို့အား တိတ်တဆိတ် အကဲလိုက်ခတ်နေသည့် လူက စကားစပျိုးလိုက်သည်။

“ပြီးခဲ့တဲ့ညက ကံကောင်းလို့ လွတ်သွားခဲ့ပေမယ့် ဒီတစ်ခါတော့ ကံမကောင်းနိုင်လောက်တော့ဘူးနော်”

ချောင်းမြောင်းတိုက်ခိုက်ခံရသည့်ညရဲ့ တရားခံသည်ကား မတိုင်ခင် တိုက်ပွဲတစ်ခုမှာ ဂျီမင်းရှာတွေ့ခဲ့သည့်၊ ကယ်ဆယ်ခဲ့သည့် လူသားကလေးငယ်။ ထိုက‌လေးငယ်သည် ဂျီမင်းရော ဂျောင်ဂုပါ စခန်းတွင် မရှိသည့်အချိန်ကို အခွင့်ကောင်းယူကာ သွေးနှောများကိုဆက်သွယ်ခဲ့ခြင်း။

သွေးနှောများသည် ထိုကဲ့သို့လည်း လူသားမျိုးနွယ် အယောင်ဆောင်တို့ကို သူလျှိုထားတတ်ပြန်သေးသည်။ အခုတော့ ထိုအယောင်ဆောင်ကလေးသည်လည်း သွေးနှောတို့အခြမ်းမှာ ရပ်လို့နေလေသည်။

“‌မင်းတို့ရဲ့ခေါင်းဆောင်က ဘယ်သူလဲ”

ဒုတိယမြောက် အသံထွက်လာသူက Alphaဂျောင်ဂုတို့ အခြမ်းဘက်မှ မှော်ဆရာ။ ဒီတိုက်ပွဲမှာ တိုက်ခိုက်ဖို့ပါလာသူမဟုတ်ဘဲ အလှကြည့်ဖို့အတွက်၊ အပျင်းပြေကြည့်ရုံသက်သက် လိုက်ပါလာသူဆိုလည်းမမှား။

သွေးနှောတွေရဲ့ ခေါင်ဆောင်သည် ထိုမေးခွန်းကိုကြားလိုက်တယ်ဆိုရင်ပဲ မျက်နှာက ချက်ချင်းတည်သွားသည်။ ပြီးသည်နှင့် တဟင်းဟင်းအသံပြုကာ ဟန်ပြသည့်အနေနှင့် တောင်မြောက် လမ်းအနည်းငယ်လျှောက်လိုက်သည်။

“မင်းအနေနဲ့ ဒီလောက်မြင်သာနေတဲ့ ခေါင်းဆောင်ရှေ့မှာ ဒီလိုမေးခွန်းမေးတာ သင့်တော်တယ်လို့ထင်နေတာလား”

“ငါမေးတာ ခေါင်းဆောင်အစစ်ကိုလေ”

အကုန်လုံးရဲ့ အကြည့်တွေက အနီရောင်ဝတ်ရုံနှင့်လူဆီကို တိုင်ပင်စရာပင်မလိုဘဲ ရောက်ရှိသွားကြသည်။ ဒီလူ ဘာတွေမေးနေတာလဲ။ နောက်ပြီး ခေါင်းဆောင်အစစ်ဆိုတော့ အခုစကားပြောနေတဲ့လူက အတုလို့ဆိုလိုတာလား။

“သွေးနှောရဲ့ခေါင်းဆောင်အစစ်အမှန်က အခုချိန်ထိ ပေါ်မလာသေးတာမဟုတ်ဘူးလား”

အေးအေးလူလူပင် မေးခွန်းထုတ်နေသည့် ဝတ်ရုံနီလူသားရဲ့ ဘေးမှာရပ်နေသည့် ထယ်ယောင်းရဲ့ မျက်တောင်လေးတွေက အခုချိန်ထိ နားမလည်သေးတာမို့ ပုတ်ခတ်ပုတ်ခတ်။ ဂျီမင်းရှိရာကို လှမ်းကြည့်လိုက်တော့လည်း သူ့လိုပဲ နားလည်ပုံမပေါ်။

“‌မင်းတို့အားလုံးမသိသေးတာတစ်ခုကို ပြောပြရမယ်ဆိုရင် သွေးနှောရဲ့ ခေါင်းဆောင်က အခုချိန်ထိ ‌မပေါ်လာသေးဘူး”

“ဒါဆို အဲ့ခေါင်းဆောင်က ဘယ်မှာလဲ”

သိချင်စိတ်ကို ထိန်းမရတော့သည့် ထယ်ယောင်းက ခပ်သွက်သွက်ပဲ မေးလိုက်သည်။ ထယ်ယောင်းထက် ခြေလှမ်းအနည်းငယ်စောကာ ရှေ့ရောက်နေသည့် မှော်ဆရာဝတ်ရုံနီက သဘောပါသည့်အပြုံးတစ်ခုနှင့် ထယ်ယောင်းကို လှည့်ကြည့်လာသည်။

“ဒီထဲမှာရှိတယ်လေ”

“ဘယ်လို?”

သမန်းဝံပုလွေမျိုးနွယ်စုများတင်မကဘဲ သွေးနှောမျိုးနွယ်တို့သည်လည်း ထိုစကားကြောင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကြသည်။ ဝတ်ရုံနီပြောသလို သူတို့ရဲ့ခေါင်းဆောင်အစစ်အမှန်က တကယ်ပဲ အခုချိန်ထိ ထွက်ပေါ်မလာသေးတာလား။ နောက်ပြီး ဒီထဲမှာ ရှိနေတယ်ဆိုပဲ။

“အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့”

တစ်ဖက်ခြမ်းမှ သွေးနှောခေါင်းဆောင်ဆိုသူက လက်ထဲက ကျိုင်းအရှည်ကြီးကို မြေပြင်ပေါ်ဆောင့်ချကာ ‌ဝတ်ရုံနီလူသားကို လက်ညှိုးထိုးရင်း ခပ်မာန်မာန်ပင် ဆိုလိုက်သည်။

“စကားနဲ့သံသယတွေများအောင်လုပ်ရုံနဲ့ ငါတို့က အလွယ်တကူယုံမယ်လို့ ထင်နေကြတာလား”

“သွေးနှောတွေရဲ့ခေါင်းဆောင်အစစ်က ဘယ်လိုလက္ခဏာတွေရှိတယ်ဆိုတာ မင်းတို့လည်း သိကြတာပဲလေ”

ဒီလူက ဘယ်လိုလုပ်ပြီး ဒီအကြောင်းအရာတွေကိုပါ သိနေရတာလဲ။ ဒီကိစ္စက သွေးနှောတွေကြားမှာပဲ တိတ်တဆိတ်ထားရှိခဲ့ကြသည့် အကြောင်းအရာတွေလေ။ နောက်ပြီး ဒါတွေ တဆင့်စကား၊ တဆင့်နားဖြင့် ကြားဖူးမည့် လွယ်လင့်တကူ ကိစ္စများလည်းမဟုတ်။

လျှို့ဝှက်ချက်များ ပေါက်ကြားသွားသလိုဖြစ်ရပ်ကြောင့် သွေးနှောခေါင်းဆောင်ရဲ့ မျက်နှာက ပိုပြီးအလိုမကျလာကာ မျက်စိရှေ့က ‌ဝတ်ရုံနီမှော်ဆရာကို စားမတတ် ဝါးမတတ် စူးစူးရဲရဲစိုက်ကြည့်လာသည်။

“အရေးမပါတာတွေ ဆက်နားထောင်စရာမလိုဘူး တိုက်ဖို့အသင့်ပြင်ထားကြ!”

“ဝေ့ ခင်ဗျားပြောတာတွေက အမှန်ပဲလား”

“မကြာခင် သိလာမှာပါ”

ကပ်တိုးလေးမေးလာသည့် ထယ်ယောင်းကို ခေါင်းဆောင်းအနီရောင်ရဲ့ အောက်ဘက်ကနေ ပြန်ဖြေလိုက်ရင်း တိုက်ပွဲမြေပြင်ရဲ့ အဝေးတစ်နေရာကို မှော်ဆရာက ထွက်ခွာသွားသည်။ သူရှိရာကို လှမ်းကြည့်နေသည့် ဂျီမင်းကိုမြင်တော့ ပြန်ကြည့်ရုံကလွဲပြီး ဘာပြောရမယ်မသိ။ 

“တက်!”

ကျွတ်ကျွတ်ညံသွားသည့် နှစ်ဖက်လုံးရဲ့ စစ်ချီသံနောက်တွင် ထယ်ယောင်းရော ဂျီမင်းပါ တိုက်ပွဲထဲ ပြေးထွက်ခဲ့ကြတော့သည်။ အဆုံးသတ်တိုက်ပွဲဆိုသည့်အတိုင်း ပြင်းထန်သည်။ ရက်စက်သည်။ သနားညှာတာမှုအလျင်းမရှိ။ သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုသလိုပဲ နောက်ပြန်လှည့်ကြည့်စရာလည်း ရှိမနေခဲ့။

နက်ရှိုင်းသည့် ချောက်ကမ်းပါးနံဘေးရှိ တိုက်ပွဲကြီးဟာ ပုန်းအောင်းနေသည့် တိရစ္ဆာန်တို့ပင် ဘေးလွတ်ရာသို့ ‌ထွက်ပြေးရသည်အထိ အတော်လေး ကြောက်မက်ဖွယ်ရာကောင်းနေခဲ့သည်။

Alphaဂျောင်ဂုက ဆွဲကိုင်ပေးထားသည့် လက်တစ်ဖက်ကို အသုံးပြုကာ တိုက်ခိုက်လိုက်သည့် ဂျီမင်းရဲ့ ပတ်ပတ်လည်ကန်ချက်အောက်တွင် ချောက်ကမ်းပါးအောက်ဘက်ဆီသို့ ပြုတ်ကျသွားသည့် သွေးနှောတွေက အများအပြား။

“ငါ အရမ်းမိုက်တယ်မလား!”

“အင်း”

သေရေးရှင်ရေးဆန်စွာ တိုက်ခိုက်နေရသည့်ကြားကပင် ဂျီမင်းက အဓိကဇာတ်ကောင်ပီပီသသပင် ကြွားလုံးထုတ်လိုက်သေးသည်။ Alphaရဲ့ ပံ့ပိုးမှုတွေက ဂျီမင်းအတွက် ကိုယ့်ကိုယ်ကိုယ် ပိုပြီးယုံကြည်မှုတိုးလာစေကာ ဂျောင်ဂုက သင်ကြားပေးထားသည့်အတိုင်း ကြိုးစားပန်းစားပင် သွေးနှောတို့ကို တိုက်ထုတ်လို့နေသည်။

ဂီး!

အဆုံးသတ်တိုက်ပွဲဟု ဆိုခဲ့သည့်အတိုင်း ကောင်းကင်ယံမှာ ပျံဝဲလာသည်က သမန်းဝံပုလွေတို့ရဲ့ အားထားရာဖြစ်သည့် တိုက်ခိုက်‌ရေးမီးငှက်များ။ အခုထက်ထိ သမန်းဝံပုလွေတို့ဘက်မှ အသာစီးရနေဆဲဖြစ်ကာ မီးငှက်များနှင့် ပေါင်းစည်းလိုက်သည့်အခါတွင်တော့ သွေးနှောတို့အတွက် အနိုင်ရရှိနိုင်ချေဟာ ပိုပိုပြီး နည်းပါးလာခဲ့သည်။

Alphaဂျောင်ဂုသည် ၎င်းနှင့်စိတ်ဝိဉာဉ်ချင်း ဆက်သွယ်ထားသည့် မီးငှက်ရဲ့ကိုယ်‌ထည်ပေါ်ကို ရောက်ရှိလို့သွားကာ အပေါ်စီးကနေ ဦးဆောင်ကာ သွေးနှောတို့ကို အလှဲထိုးလို့နေသည်။

“ဒါက…”

မိမိရဲ့ ပတ်ပတ်လည်ရှိ သွေးနှောများကို မီးနှင့်မှုတ်ထုတ်ကာ အပြတ်ရှင်းသွားသည့် ဧရာမသားရဲငှက်ကြီးကိုမြင်တော့ ဂျီမင်းရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားရသည်။ ဒီမီးငှက်က…။

ဂျီမင်းသည် နေရာမှာတင် ကြက်သေသေနေမိကာ ထိုဧရာမမီးငှက်ကြီးရဲ့ ကျောပေါ်မှာ ရှိနေသည့် ဂျောင်ဂုကိုလည်း မယုံနိုင်သည့် မျက်ဝန်းများဖြင့် လိုက်ကြည့်နေခဲ့မိသည်။ ဒီသားရဲက…ဒီသားရဲငှက်ကြီးက သူ့ဆီကနေ ဘောလုံးလေးကို လုယူသွားတဲ့မီးငှက်မလား!။

“ဒါပေမဲ့ ဂျောင်ဂုကရော”

တိုက်ပွဲကြားထဲမှာ ဂျီမင်းတစ်ယောက် တိုက်ခိုက်ခြင်းမရှိဘဲ ထီးထီးကြီးရပ်နေတာကို သတိထားမိသွားသူက မှော်ဆရာရဲ့ဘေးမှာရှိနေသည့် ယဉ်းမိန်းကလေး။

“ဂျီမင်းက ဘာလို့ရပ်နေတာလဲ”

“မသွားနဲ့”

နေရာက ထွက်ကာ ဂျီမင်းဆီ သွားဖို့ပြင်နေသည့် ယဉ်းမိန်းကလေးရဲ့လက်ကို ဆွဲထားသူက ဝတ်ရုံနီမှော်ဆရာပင်။ ယဉ်းသည် နားမလည်သည့် အမူအရာနှင့်အတူ ဆွဲဖမ်းထားခံရသည့် လက်တစ်ဖက်ကို ရုန်းကန်ဖို့ကြိုးစားသည်။ သို့သော်လည်း အချည်းနှီးသာဖြစ်သည်။

“ဂျီမင်း!”

တိုက်ပွဲကြားထဲမှ ထယ်ယောင်းရဲ့ အော်သံအဆုံးတွင် ဂျီမင်းသည် သွေးနှောတစ်ကောင်ဆီက ကန်ချက်တစ်ချက်နှင့်အတူ ခြေယိုင်သွားကာ ချောက်ကမ်းပါးအောက်ဘက်ဆီသို့ ပြုတ်ကျသွားဖို့ ရာခိုင်နှုန်းအပြည့်။

သို့သော်လည်း လျင်မြန်သည့်အဟုန်နှင့်အတူ ရောက်ရှိလာသည့် Alphaက ဂျီမင်းတစ်ယောက် လေထဲကျသွားသည်နှင့် လက်ကိုအမြန်ဆွဲဖမ်းထားလိုက်သည်။ ထိုအခြင်းအရာကို မြင်လိုက်ရသည့် ထယ်ယောင်းသည်လည်း ဂျီမင်းတို့အနားကို သွားဖို့ကြိုးစားပေမဲ့ တိုက်ခိုက်နေရသည်ကတစ်ဖက်နဲ့မို့ မစွမ်းသာခဲ့ချေ။

“ကျောပေါ်တက်လိုက်”

မီးငှက်ရဲ့ကျောပေါ်ကို သူနဲ့အတူ တက်စီးဖို့အတွက် Alphaက ပြောလိုက်သည့်အခါ ဂျီမင်းက ကျန်နေသည့်လက်တစ်ဖက်နဲ့ ၎င်းအားဖမ်းဆွဲထားသည့် Alphaရဲ့လက်ပေါ် အုပ်မိုးလိုက်သည်။

“အဲ့အတိုင်းပဲ တက်ခဲ့”

“ဂျောင်ဂု”

တိုးညှင်းညှင်းခေါ်သံကြောင့် လက်တွေဆီကနေ မျက်နှာကိုကြည့်မိချိန် ဂျောင်ဂုလိုက်မမှီသည့် အဓိပ္ပါယ်တချို့ပျော်ဝင်နေတာကို တွေ့လိုက်ရသည်။

“ဘောလုံးလေးဘယ်မှာလဲ”

ရုတ်တရက်မေးလာသည့် မေးခွန်း။ ဂျောင်ဂုရဲ့ မျက်လုံးအစုံက ပြူးကျယ်သွားရကာ ဘောလုံးလေးနဲ့ပတ်သတ်ပြီး သူ့အပေါ် ဂျီမင်း တစ်ခုခုကို အထင်လွဲနေပြီမှန်း ရိပ်မိလိုက်သည်။

“အဲ့ဒါက…”

ဂျီမင်းသည် ဘေးကျပ်နံကျပ်ဖြစ်သွားသည့် ဂျောင်ဂုရဲ့ အမူအရာကို မြင်လိုက်သည့်အခါ သံသယတို့ပိုပြီး ကြီးထွားလာခဲ့ရသည်။ တကယ်ပဲ ဂျောင်ဂုက သူ့အပေါ် လိမ်ညာထားခဲ့တာလား။ ဒီလိုဆို ဘောလုံးလေးနဲ့ပတ်သတ်ပြီး ဂျောင်ဂုဆီမှာ လျှို့ဝှက်ထားတာ တစ်ခုခုရှိနေပြီဆိုတာ သေချာသွားပြီပေါ့။

“ဂျီမင်း!”

မမျှော်လင့်ထားသည့် လုပ်ရပ်တစ်ခုကို ဂျီမင်းက လုပ်ချလိုက်တာမို့ အဝေးကနေကြည့်နေသည့် ထယ်ယောင်းရော ယွန်းဂီပါ မျက်လုံးပြူးသွားရသည်။ ထို့အပြင် ၎င်းတို့နှစ်ယောက်တည်းမဟုတ်ခဲ့ဘဲ ဖြစ်စဉ်ကို အစအဆုံးမြင်လိုက်ရသည့် ယဉ်းမိန်းကလေးသည်လည်း အပါအဝင်ဖြစ်သည်။

ယင်းလုပ်ရပ်ဆိုသည်မှာ ဂျီမင်းက ၎င်းအားဖမ်းဆွဲပေးထားသည့် Alphaရဲ့ လက်တွေကို သူ့စိတ်ဆန္ဒအရ ဖြုတ်ချလိုက်ခြင်းပင်။ Alphaဂျောင်ဂုရဲ့ inner wolfသည် ချောက်ကမ်းပါးအောက်ဘက်ဆီသို့ မိမိ၏mateက ပြုတ်ကျသွားသည့်အခါ နာနာကျင်ကျင်ပင် အော်ဟစ်လေတော့သည်။

“ဂျီမင်း!”

မလိုက်လာနဲ့ ဂျောင်ဂု။
မင်းက ငါချစ်ရတဲ့ ဘောလုံးလေးပျောက်ဆုံးသွားရခြင်းရဲ့ တရားခံမဟုတ်ပါဘူးဆိုတာကို မသိရမချင်း ငါ မင်းဆီ ဘယ်နည်းနဲ့မှ ပြန်မလာမှာမို့ ငါ့နောက်ကို လိုက်မလာနဲ့။

ချောက်ကမ်းပါးအောက်ဘက်ကို ထိုးဆင်းသွားသည့် Alphaဂျောင်ဂုစီးနင်းသည့် သားရဲငှက်ကြီးသည် သခင့်အလိုအတိုင်း Omegaကို လိုက်ရှာဖို့ကြိုးစားသည်။ သို့သော်လည်း ဂျီမင်းသည်ကား ဂျောင်ဂုတို့နှင့်ဝေးရာဆီသို့ တစ်စုံတစ်ယောက်၏ ခေါ်ဆောင်ခြင်းနှင့်အတူ ပါသွားခဲ့ရလေပြီ။

Alphaဂျောင်ဂုရဲ့လက်ထဲမှာ ကျန်ရစ်ခဲ့သည့် ငွေရောင်လက်ကောက်လေးသည်ကား ယခုချိန်တွင် ပိုင်ရှင်မဲ့စွာ…။

___________________


ဖိုက်တင်းပါ
ပြီးခါနီးပါပြီ
btw သူတို့မွေးမဲ့ကလေးလေးကတော့ မီပါ😞

အပိုင္း (၂၀)

-အဆုံးသတ္တိုက္ပြဲစတင္ျခင္း-

ေသြးေႏွာတို႔ရဲ႕ ေခ်ာင္းေျမာင္းတိုက္ခိုက္ျခင္းကို ခံခဲ့ရသည့္ညက ယြန္းဂီနဲ႔ထယ္ေယာင္းတို႔က ဦးေဆာင္ကာ မ်ိဳးႏြယ္စုရဲ႕ စစ္သည္ေတာ္ေတြနဲ႔အတူ ခုခံတိုက္ခိုက္ရင္း ေဘးလြတ္ရာကို ခပ္ျမန္ျမန္ပင္ ရွာေဖြကာ ပုန္းခိုခဲ့ရသည္။

မ်ိဳးႏြယ္စုရဲ႕ အင္အားႀကီးျဖစ္သည့္ Alpha‌ေဂ်ာင္ဂုမရွိခ်ိန္မွာ အငိုက္ဖမ္းကာ အလစ္ဝင္တိုက္ခံရတာမို႔ တစ္ေယာက္ေယာက္က ႀကိဳတင္ႀကံစည္၊ အကြက္ခ်ထားတာကို ရိပ္မိေပမဲ့ ထယ္ေယာင္းေရာ ယြန္းဂီပါ ဖြင့္မေျပာျဖစ္ခဲ့ၾကေသး။

ေပ်ာက္ဆုံးေနသည့္ သူငယ္ခ်င္းျဖစ္သူနဲ႔ Alphaကို ဘယ္အရပ္၊ ဘယ္ဌာနမွာ သြားေရာက္ရွာေဖြရမလဲဆိုတာကိုလည္း ႀကံရာမရခဲ့။ ဤနည္းအားျဖင့္ ရက္အနည္းငယ္ ၾကာျမင့္ခဲ့ၿပီးေနာက္တြင္ေတာ့ မ်ိဳးႏြယ္စုရဲ႕အင္အားကို ျပန္လည္စုေဆာင္းႏိုင္ခဲ့ၿပီး ဂ်ီမင္းတို႔ကိုလည္း စၿပီးရွာေဖြဖို႔ ျပင္ရေတာ့သည္။

ေမွာ္ဆရာဂ်င္ရဲ႕ ပၪၥလက္ဖန္လုံးကို အသုံးျပဳကာ ေပ်ာက္ဆုံးေနသည့္ႏွစ္ေယာက္ကို ေျခရာခံၾကည့္ေတာ့ ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ ေမွာ္ဆရာဂ်င္ႏွင့္ ယြန္းဂီမွအပ က်န္ႏွစ္ေယာက္ရဲ႕ မ်က္လုံးေတြက စေကာေလာက္ပင္ ျပဴးက်ယ္သြားၾကရသည္။

“ဒါ…ဒါက”

မ်က္ေတာင္ပင္မခတ္ႏိုင္သူ ယဥ္းမိန္းကေလးခမ်ာ စကားမဆုံးခင္မွာပဲ ‌သတိလစ္ကာ လဲက်သြားခဲ့သည္။ ထိုအခါ အကုန္လုံး ျပဴးျပဴးျပာျပာျဖစ္သြားရၿပီး ဖန္လုံးထဲကိုၾကည့္လိုက္ေတာ့လည္း ဘာမွမသိသည့္ႏွစ္ေယာက္က မိုးမျမင္ေလမျမင္ အၾကင္နာေတြေပးလို႔ေကာင္းေနဆဲ။

“ပိတ္လိုက္ေတာ့ေလ!”

ေမ့ေျမာသြားသူ ယဥ္းမိန္းကေလးကို ေပြ႕ခ်ီထားသည့္ ထယ္ေယာင္းက ဖန္လုံးဆီက အၾကည့္မလႊဲေသးသည့္ ေမွာ္ဆရာကို လွမ္းေဟာက္လိုက္သည္။ ဘယ္လိုပဲျဖစ္ေနပါေစဦးေတာ့ လည္ပင္းဖက္ေပါင္းလာခဲ့သည့္ သူငယ္ခ်င္းဆိုရင္ေတာင္မွ ဒါႀကီးက ဘယ္နည္းနဲ႔မွ ဆက္ၾကည့္ဖို႔မသင့္ေတာ္ဘူးမလား။

“ပိတ္လိုက္”

မေနႏိုင္သည့္ ယြန္းဂီကပါ လက္တခါခါျဖင့္ ဝင္ေျပာေတာ့မွ ေမွာ္ဆရာက ၿပီးေရာေလဆိုသည့္အၾကည့္ျဖင့္ ဖန္လုံးထဲက ျမင္ကြင္းေတြကို ျပန္လည္ေပ်ာက္ကြယ္သြားေစလိုက္သည္။

“အရင္ဆုံး ယဥ္းမိန္းကေလးကို လွည္းေပၚတင္လိုက္။ ၿပီးတာနဲ႔ ဒီညပဲ စခန္းကခြာၾကမယ္”

ယြန္းဂီဆီက အမိန႔္ကို ထယ္ေယာင္းက နာခံစြာပင္ ေခါင္းၿငိမ့္ျပရင္းက ယဥ္းမိန္းကေလးႏွင့္အတူ ႐ြက္ဖ်င္တဲရဲ႕အျပင္ဘက္ကို ထြက္သြားခဲ့ေတာ့သည္။ ၿပီးေနာက္ မိမိအေနာက္ဘက္မွာ ရပ္ေနသည့္ေမွာ္ဆရာဘက္ကို ျပန္လွည့္လိုက္ရင္းက ဤသို႔ေျပာလိုက္ေလသည္။

“လမ္းတဝက္မွာ ဆုံၾကမဲ့အေၾကာင္း ေဂ်ာင္ဂုကို လွမ္းအေၾကာင္းၾကားေပးပါ”

“……”

“အိမ္ျပန္ေရာက္ရင္ ခင္ဗ်ားလိုခ်င္တာအကုန္ရွာေပးမွာမို႔ ကူညီေပးပါဦး”

ေမွာ္ဆရာဟာ တစ္ခ်က္သာ မ်က္လုံးလွန္လိုက္ရင္းက မိမိပခုံးေပၚေရာက္လာသည့္ ယြန္းဂီရဲ႕ လက္တစ္ဖက္ကို မလိုတမာပင္ ပုတ္ခ်လိုက္သည္။ ႏွစ္ဆယ့္တစ္ရာစုမွာဆိုရင္ေတာ့ သူ႔ရဲ႕အခန္းက႑က ၾကားခံနယ္ျဖစ္သည့္ ဆက္သြယ္ေရးဌာနလို႔ေတာင္ ယူဆလို႔ရမည္ထင္ပါရဲ႕။

ယြန္းဂီတစ္ေယာက္ ႐ြက္ဖ်င္တဲေလးထဲမွ ထြက္သြားၿပီးမေရွးမေႏွာင္းတြင္ေတာ့ ဘယ္ကထြက္ေပၚလာမွန္းမသိသည့္ ခိုျဖဴေလးတစ္ေကာင္က ေကာင္းကင္ထက္ ပ်ံတက္လာကာ အေတာင္တဖ်တ္ဖ်တ္ခတ္ရင္း သခင္ၫႊန္ၾကားရာ အရပ္ဌာနီဆီသို႔ အားသြန္ခြန္စိုက္ပင္ ပ်ံသန္းသြားေလေတာ့သည္။ 

_____________________

“သတိထားဦး”

ခပ္ေသးေသး လက္ကေလးတစ္ဖက္ကို ခိုင္ခိုင္ၿမဲၿမဲဆုပ္ကိုင္ထားရင္းက ေက်ာက္တုံးေပၚကေန ေခ်ာ္လဲမက်သြားေစရန္ ထိန္းေပးလိုက္သည္။ တကယ္ဆို ဒီေလာက္ေျမအေနအထား၊ ေတာလမ္းေလာက္က ဂ်ီမင္းအတြက္ စာဖြဲ႕ေလာက္စရာမရွိေပမဲ့ Alphaေဂ်ာင္ဂုက သည္းသည္းလႈပ္မတတ္ ဂ႐ုစိုက္ေပးေနတာမို႔ Omegaရဲ႕ မ်က္ႏွာထက္မွာ ပန္းေရာင္တို႔သန္းေနခဲ့သည္။

“ငါ သြားတတ္ပါတယ္”

အားယူကာေျပာလိုက္သည့္ စကားသံေနာက္တြင္ Alphaက ငုံ႔မိုးၾကည့္လာသည္။ ဘဝတစ္ေလွ်ာက္လုံး ဖခင္ျဖစ္သူအပါအဝင္ မ်ိဳးႏြယ္တစ္ခုလုံးကို ပတ္ေမႊကာ ဂလုံဆန္စြာ ျဖတ္သန္းလာသူေပမို႔ ႐ုတ္တရက္ဆန္သည့္ ထိုကဲ့သို႔ႏူးညံ့ျခင္းမ်ိဳးနဲ႔ အသားမက်ခ်င္။

“ကိုယ္တို႔က matesေတြျဖစ္ေနၿပီမို႔ Omegaသာ တစ္ခုခုျဖစ္ခဲ့ရင္ ဒီAlphaရဲ႕အျပစ္ပဲ”

ခါတိုင္း ကြၽန္ေတာ္ဟုသာ သုံးႏႈန္းတတ္သည့္ ေဂ်ာင္ဂုက လႊမ္းမိုးတတ္သည့္ Alphaတို႔၏ အေငြ႕အသက္မ်ားႏွင့္အတူ ေလးေလးနက္နက္ ျပန္ေျပာလာသည္။

“မင္းမရွိဘဲ မေနတတ္ေတာ့မွာမ်ိဳး၊ မင္းအကူအညီမပါဘဲ ငါ့ေျခေထာက္ေပၚေတာင္ ငါမရပ္ခ်င္ေတာ့မွာမ်ိဳးအထိ အက်င့္ျဖစ္သြားမွာ ငါစိုးလို႔”

တုံ႔ျပန္သည့္အေနႏွင့္ ထြက္က်လာသည့္ ရယ္သံခပ္ဖြဖြတစ္ခု။ ဂ်ီမင္းရဲ႕ မ်က္ေမွာင္ကေလးေတြ တြန႔္က်ဳံ႕သြားရသည္။ သူေျပာတဲ့ထဲမွာ ဘယ္ေနရာကမ်ား ရယ္စရာပါေနလို႔လဲ။ တကယ္ သူ႔စိတ္ထဲမွာ ေတြးမိတဲ့အတိုင္း ပြင့္ပြင့္လင္းလင္း ေျပာလိုက္ေပမဲ့ Alpha ကေတာ့ သူ႔ကိုၾကည့္ကာ အၿပဳံးရိပ္သန္းေနသည့္ ႏႈတ္ခမ္းမ်ားႏွင့္။

“ခင္ဗ်ားေျခေထာက္ေပၚ မရပ္ခ်င္တဲ့အခါ ကြၽန္ေတာ့္ေက်ာေပၚမွာ အသင့္တက္ထိုင္လိုက္႐ုံပဲေလ ဘာခက္တာမို႔လို႔လဲ”

ႏွင္းျဖဴေရာင္အဆင္းရွိသည့္ အင္အားႀကီးဝံပုေလြတို႔ရဲ႕ သ႑ာန္သြင္ျပင္ကို ပိုင္ဆိုင္ထားသူ Alpha ေဂ်ာင္ဂုက ပိုင္ပိုင္ႏိုင္ႏိုင္ပဲ ျပန္ေျပာလာသည္။

“ေရွ႕ေလွ်ာက္ ဂ်ီမင္းစိတ္တိုင္းက် အလိုလိုက္ေပးမွာမို႔ ကြၽန္ေတာ္မရွိဘဲ ေနတတ္သြားလို႔ေတာ့မျဖစ္ဘူး လုံးဝပဲ”

မ်က္ႏွာခ်င္းနီးကပ္သြားေစရန္အလို႔ငွာ ေခါင္းကိုငုံ႔ခ်ကာ ေျပာလာသည့္ Alphaရဲ႕ ေလသံခပ္ေႏြးေႏြးႏွင့္ ခပ္ၿပဳံးၿပဳံးမ်က္ႏွာႀကီးကိုျမင္ေတာ့ ဆြဲဖဲ့လိုက္ခ်င္သြားသည္။ သို႔ေသာ္ ကာယကံရွင္ျဖစ္သည့္ ဂ်ီမင္းကိုယ္တိုင္ရဲ႕ ႏႈတ္ခမ္းေတြသည္လည္း ေက်နပ္မႈေၾကာင့္ မသိမသာေလးေကာ့တက္ေနခဲ့သည္ပင္။

“သြားၾကစို႔”

ေငြေရာင္အဆင္းရွိသည့္ လက္ေကာက္ေလးကို ဝတ္ဆင္ထားသည့္ Omegaရဲ႕ လက္ကေလးတစ္ဖက္က Alphaရဲ႕လက္ဖဝါးႀကီးထဲသို႔ ႏူးႏူးညံ့ညံ့ပင္ ေပ်ာ္ဝင္လာခဲ့သည္။ ထိုသူတို႔ဟာ ကံၾကမၼာက သတ္မွတ္ေပးလိုက္သည့္ ထာဝရအတြက္ ဝိဉာဥ္ဖက္မ်ား။

ျပာလြင္ေကာင္းကင္ေအာက္ရွိ ေခ်ာက္ကမ္းပါးနံရံထက္မွာ အေရွ႕အရပ္ဆီသို႔ ေ႐ြ႕လ်ားေနသည့္ ပုံရိပ္ေလးႏွစ္ခု။ ဆန႔္က်င္ဘက္အရပ္ဆီမွာ ေမးတင္ကာ တျဖည္းျဖည္းခ်င္း ေပ်ာ္ဝင္သြားခဲ့သည့္ ေနလုံးႀကီးေနာက္တြင္ ဝိုင္းျပည့္ေနသည့္ လမင္းတစ္စင္းက အစားထိုးထြက္ေပၚလာခဲ့သည္။

႐ႊန္းျမျမလေရာင္ေအာက္တြင္ ကိုယ္ထည္ႀကီးမားကာ ႏွင္းပြင့္ျဖဴတို႔အဆင္းရွိသည့္ ဝံပုေလြႀကီးတစ္ေကာင္က မရပ္မနား ေရွ႕သို႔ခရီးဆက္လ်က္ရွိသည္။ ထိုဝံပုေလြႀကီးရဲ႕ ေက်ာထက္တြင္ေတာ့ ေငြေရာင္ဆံႏြယ္တို႔ရဲ႕ အရွင္သခင္က ထိုင္လ်က္ လိုက္ပါခဲ့သည္။

Alpha ေဂ်ာင္ဂုရဲ႕ ေက်ာထက္မွာ ပထမဆုံးေသာ လိုက္ပါစီးနင္းဖူးသူ ေငြေရာင္Omegaငယ္။ အေပၚစီးကေနထိုင္ကာ ျမင္ေတြ႕ေနရသည့္ ဝံပုေလြျဖဴႀကီးရဲ႕ ပုံသ႑ာန္ႏွင့္ လႈပ္ရွားသြားလာမႈစသည့္ အသြင္အျပင္မ်ားဟာ ဂ်ီမင္းအတြက္ေတာ့ အိပ္မက္မက္ေနသလားဟုေတာင္ ထင္မွတ္မွားရသည္အထိ။ 

ေနာက္ၿပီး
ငါေလး အတည္ႀကီး ေယာက္်ားပါရသြားၿပီေပါ့။ ေနာင္တရစရာေတာ့ မရွိပါဘူးေလ။ သူရထားတဲ့Alphaက နယ္နယ္ရရမွတ္လို႔။

“ေဝ့ ေဂ်ာင္ဂု”

ခပ္မွန္မွန္ေ႐ြ႕လ်ားေနသည့္ ဝံပုေလြျဖဴႀကီးရဲ႕ ေက်ာေပၚမွာ ထိုင္ေနရာကေန ကိုယ္ကိုအနည္းငယ္ေစာင္းကာ နားနားကပ္ရင္း ေခၚလိုက္ေတာ့ Alphaက သူ႔အား ေမာ့ၾကည့္လာသည္။

“ငါတို႔ ကေလးဘယ္ႏွေယာက္ယူၾကမလဲ”

ဝံပုေလြျဖဴႀကီးရဲ႕ နား႐ြက္ကေလးေတြက မိုးေပၚေရာက္လုမတတ္ ေထာင္ခနဲ။ ဝိုင္းစက္စက္မ်က္လုံးဝိုင္းႀကီးေတြကေတာ့ ဂ်ီမင္းအား မ်က္ေတာင္မခတ္တမ္း စိုက္ၾကည့္လို႔ေနခဲ့သည္။

“ငါတို႔ ေဘာလုံးေလးနဲ႔တူတဲ့ကေလးေလး ေမြးလာရင္ေကာင္းမယ္”

Alphaရဲ႕ နား႐ြက္တစ္ဖက္ကို လက္နဲ႔ပြတ္သပ္ရင္း ဂ်ီမင္းက ခပ္တိုးတိုးဆိုသည္။ လေရာင္ေအာက္မွာ တလက္လက္ျဖစ္ေနသည့္ လက္ေကာက္ဝတ္က ေငြေရာင္လက္ေကာက္ေလး‌ဆီ အၾကည့္ေရာက္မိေတာ့ ဂ်ီမင္းသည္လည္း Alphaနည္းတူ ထိုလက္ေကာက္ေလးကို ၾကည့္လို႔ေနခဲ့သည္။

“လုံးလုံးျပည့္ျပည့္ အေမြးျဖဴျဖဴေလးေတြနဲ႔ ခ်စ္ဖို႔ေကာင္းတဲ့ ဝံပုေလြေပါက္စကေလးေလ။ ဘယ္လိုလဲ မေကာင္းဘူးလား”

*အရမ္းေကာင္းတယ္*

ဂ်ီမင္းဆီက ရယ္သံခပ္ဖြဖြေလး ထြက္က်လာသည္။ ဟန္မေဆာင္တတ္သူ Alphaတစ္ေယာက္ကို ရထားတာက ဂ်ီမင္းအတြက္ေတာ့ ေပ်ာ္ဖို႔လည္းေကာင္းသလို ခ်စ္ဖို႔လည္းေကာင္းေနခဲ့သည္။

ကုန္းျမင့္ထက္မွာ ရွိေနတာမို႔ Alphaရဲ႕ နားထင္ေနရာကို တစ္ခ်က္နမ္းလိုက္ၿပီးသည္ႏွင့္ ကုန္းေျမေအာက္ဘက္ဆီမွ သူတို႔ရွိရာကို တေ႐ြ႕ေ႐ြ႕ခ်င္း တိုးကပ္လာခဲ့သည့္ သမန္းဝံပုေလြမ်ားကို စိုက္ၾကည့္ေနလိုက္မိသည္။

မ်ိဳးႏြယ္စုတို႔ရဲ႕ အေရွ႕ဆုံးမွာ ဦးေဆာင္ေနတာက ယြန္းဂီႏွင့္ ထယ္ေယာင္းတို႔ျဖစ္ၿပီး ထယ္ေယာင္းဆိုရင္ သူရွိရာကို လက္ႏွစ္ဖက္လုံးေဝွ႔ယမ္းျပကာ ႏႈတ္ဆက္ေနသည္ကိုပင္ ေတြ႕ျမင္ႏိုင္သည္။

“ဒီလိုက်လည္း လိုက္ဖက္သားပဲ”

ထယ္ေယာင္းကဆိုေတာ့ နံေဘးရွိ ယြန္းဂီေဟ်ာင္းက အသံေၾကာင့္ လွည့္ၾကည့္လာသည္။ ဘယ့္ႏွယ့္ရွိစဟု အမူအရာႏွင့္ေမးလိုက္ေတာ့ မ်က္ခုံးတစ္ဖက္သာ ပင့္ျပသည္။

အျမင့္ဆီမွာ ရွိေနသည့္ သူတို႔အားလုံးရဲ႕ေခါင္းေဆာင္ဟုဆိုႏိုင္သူ အင္အားႀကီးAlpha။ ထိုAlphaရဲ႕ ေက်ာထက္မွာေတာ့ Alphaျမတ္ႏိုးရတဲ့‌ ေငြေရာင္ဆံပင္မ်ားပိုင္ရွင္ omega။ အင္း တကယ္လည္း ဦးၫႊတ္ခ်င္စရာပါပဲ။

အေရွ႕အရပ္ဆီမွ ေရာင္နီတို႔ စတင္ထြက္ေပၚလာခ်ိန္တြင္ေတာ့ နယ္စပ္သို႔ အကုန္လုံးေရာက္ရွိခဲ့ၾကသည္။ Alpha ေဂ်ာင္ဂုတို႔ ဦးေဆာင္သည့္ သမန္းဝံပုေလြမ်ိဳးႏြယ္စုတို႔ႏွင့္ ဆန႔္က်င္ဘက္အရပ္မ်က္ႏွာမွာ ရပ္ေနၾကသည္ကား ေသြးေႏွာမ်ား။

မေက်ပြဲႏႊဲမည့္ ဤတိုက္ပြဲသည္ အႏိုင္၊အရႈံးကို ခြဲျခားေတာ့မည့္ ေနာက္ဆုံးေသာ အေသအေၾကတိုက္ပြဲပင္ျဖစ္သည္။ ေသြးေႏွာတို႔ဘက္မွ ေခါင္းေဆာင္ဟု ယူဆရသူတစ္ေယာက္က လူအုပ္ၾကားထဲမွ ထြက္လာသည္။

“ငါတို႔ခ်င္း ႏႈတ္ဆက္ဖို႔ေတာ့လိုမယ္မထင္ဘူး”

ေရွ႕ဆုံးမွာ ဦးေဆာင္သူအျဖစ္ရပ္ေနသည့္ ေဂ်ာင္ဂုတို႔အား တိတ္တဆိတ္ အကဲလိုက္ခတ္ေနသည့္ လူက စကားစပ်ိဳးလိုက္သည္။

“ၿပီးခဲ့တဲ့ညက ကံေကာင္းလို႔ လြတ္သြားခဲ့ေပမယ့္ ဒီတစ္ခါေတာ့ ကံမေကာင္းႏိုင္ေလာက္ေတာ့ဘူးေနာ္”

ေခ်ာင္းေျမာင္းတိုက္ခိုက္ခံရသည့္ညရဲ႕ တရားခံသည္ကား မတိုင္ခင္ တိုက္ပြဲတစ္ခုမွာ ဂ်ီမင္းရွာေတြ႕ခဲ့သည့္၊ ကယ္ဆယ္ခဲ့သည့္ လူသားကေလးငယ္။ ထိုက‌ေလးငယ္သည္ ဂ်ီမင္းေရာ ေဂ်ာင္ဂုပါ စခန္းတြင္ မရွိသည့္အခ်ိန္ကို အခြင့္ေကာင္းယူကာ ေသြးေႏွာမ်ားကိုဆက္သြယ္ခဲ့ျခင္း။

ေသြးေႏွာမ်ားသည္ ထိုကဲ့သို႔လည္း လူသားမ်ိဳးႏြယ္ အေယာင္ေဆာင္တို႔ကို သူလွ်ိဳထားတတ္ျပန္ေသးသည္။ အခုေတာ့ ထိုအေယာင္ေဆာင္ကေလးသည္လည္း ေသြးေႏွာတို႔အျခမ္းမွာ ရပ္လို႔ေနေလသည္။

“‌မင္းတို႔ရဲ႕ေခါင္းေဆာင္က ဘယ္သူလဲ”

ဒုတိယေျမာက္ အသံထြက္လာသူက Alphaေဂ်ာင္ဂုတို႔ အျခမ္းဘက္မွ ေမွာ္ဆရာ။ ဒီတိုက္ပြဲမွာ တိုက္ခိုက္ဖို႔ပါလာသူမဟုတ္ဘဲ အလွၾကည့္ဖို႔အတြက္၊ အပ်င္းေျပၾကည့္႐ုံသက္သက္ လိုက္ပါလာသူဆိုလည္းမမွား။

ေသြးေႏွာေတြရဲ႕ ေခါင္ေဆာင္သည္ ထိုေမးခြန္းကိုၾကားလိုက္တယ္ဆိုရင္ပဲ မ်က္ႏွာက ခ်က္ခ်င္းတည္သြားသည္။ ၿပီးသည္ႏွင့္ တဟင္းဟင္းအသံျပဳကာ ဟန္ျပသည့္အေနႏွင့္ ေတာင္ေျမာက္ လမ္းအနည္းငယ္ေလွ်ာက္လိုက္သည္။

“မင္းအေနနဲ႔ ဒီေလာက္ျမင္သာေနတဲ့ ေခါင္းေဆာင္ေရွ႕မွာ ဒီလိုေမးခြန္းေမးတာ သင့္ေတာ္တယ္လို႔ထင္ေနတာလား”

“ငါေမးတာ ေခါင္းေဆာင္အစစ္ကိုေလ”

အကုန္လုံးရဲ႕ အၾကည့္ေတြက အနီေရာင္ဝတ္႐ုံႏွင့္လူဆီကို တိုင္ပင္စရာပင္မလိုဘဲ ေရာက္ရွိသြားၾကသည္။ ဒီလူ ဘာေတြေမးေနတာလဲ။ ေနာက္ၿပီး ေခါင္းေဆာင္အစစ္ဆိုေတာ့ အခုစကားေျပာေနတဲ့လူက အတုလို႔ဆိုလိုတာလား။

“ေသြးေႏွာရဲ႕ေခါင္းေဆာင္အစစ္အမွန္က အခုခ်ိန္ထိ ေပၚမလာေသးတာမဟုတ္ဘူးလား”

ေအးေအးလူလူပင္ ေမးခြန္းထုတ္ေနသည့္ ဝတ္႐ုံနီလူသားရဲ႕ ေဘးမွာရပ္ေနသည့္ ထယ္ေယာင္းရဲ႕ မ်က္ေတာင္ေလးေတြက အခုခ်ိန္ထိ နားမလည္ေသးတာမို႔ ပုတ္ခတ္ပုတ္ခတ္။ ဂ်ီမင္းရွိရာကို လွမ္းၾကည့္လိုက္ေတာ့လည္း သူ႔လိုပဲ နားလည္ပုံမေပၚ။

“‌မင္းတို႔အားလုံးမသိေသးတာတစ္ခုကို ေျပာျပရမယ္ဆိုရင္ ေသြးေႏွာရဲ႕ ေခါင္းေဆာင္က အခုခ်ိန္ထိ ‌မေပၚလာေသးဘူး”

“ဒါဆို အဲ့ေခါင္းေဆာင္က ဘယ္မွာလဲ”

သိခ်င္စိတ္ကို ထိန္းမရေတာ့သည့္ ထယ္ေယာင္းက ခပ္သြက္သြက္ပဲ ေမးလိုက္သည္။ ထယ္ေယာင္းထက္ ေျခလွမ္းအနည္းငယ္ေစာကာ ေရွ႕ေရာက္ေနသည့္ ေမွာ္ဆရာဝတ္႐ုံနီက သေဘာပါသည့္အၿပဳံးတစ္ခုႏွင့္ ထယ္ေယာင္းကို လွည့္ၾကည့္လာသည္။

“ဒီထဲမွာရွိတယ္ေလ”

“ဘယ္လို?”

သမန္းဝံပုေလြမ်ိဳးႏြယ္စုမ်ားတင္မကဘဲ ေသြးေႏွာမ်ိဳးႏြယ္တို႔သည္လည္း ထိုစကားေၾကာင့္ လႈပ္လႈပ္ခတ္ခတ္ျဖစ္သြားၾကသည္။ ဝတ္႐ုံနီေျပာသလို သူတို႔ရဲ႕ေခါင္းေဆာင္အစစ္အမွန္က တကယ္ပဲ အခုခ်ိန္ထိ ထြက္ေပၚမလာေသးတာလား။ ေနာက္ၿပီး ဒီထဲမွာ ရွိေနတယ္ဆိုပဲ။

“အဓိပၸါယ္မရွိတာေတြ ေျပာမေနနဲ႔”

တစ္ဖက္ျခမ္းမွ ေသြးေႏွာေခါင္းေဆာင္ဆိုသူက လက္ထဲက က်ိဳင္းအရွည္ႀကီးကို ေျမျပင္ေပၚေဆာင့္ခ်ကာ ‌ဝတ္႐ုံနီလူသားကို လက္ညႇိဳးထိုးရင္း ခပ္မာန္မာန္ပင္ ဆိုလိုက္သည္။

“စကားနဲ႔သံသယေတြမ်ားေအာင္လုပ္႐ုံနဲ႔ ငါတို႔က အလြယ္တကူယုံမယ္လို႔ ထင္ေနၾကတာလား”

“ေသြးေႏွာေတြရဲ႕ေခါင္းေဆာင္အစစ္က ဘယ္လိုလကၡဏာေတြရွိတယ္ဆိုတာ မင္းတို႔လည္း သိၾကတာပဲေလ”

ဒီလူက ဘယ္လိုလုပ္ၿပီး ဒီအေၾကာင္းအရာေတြကိုပါ သိေနရတာလဲ။ ဒီကိစၥက ေသြးေႏွာေတြၾကားမွာပဲ တိတ္တဆိတ္ထားရွိခဲ့ၾကသည့္ အေၾကာင္းအရာေတြေလ။ ေနာက္ၿပီး ဒါေတြ တဆင့္စကား၊ တဆင့္နားျဖင့္ ၾကားဖူးမည့္ လြယ္လင့္တကူ ကိစၥမ်ားလည္းမဟုတ္။

လွ်ိဳ႕ဝွက္ခ်က္မ်ား ေပါက္ၾကားသြားသလိုျဖစ္ရပ္ေၾကာင့္ ေသြးေႏွာေခါင္းေဆာင္ရဲ႕ မ်က္ႏွာက ပိုၿပီးအလိုမက်လာကာ မ်က္စိေရွ႕က ‌ဝတ္႐ုံနီေမွာ္ဆရာကို စားမတတ္ ဝါးမတတ္ စူးစူးရဲရဲစိုက္ၾကည့္လာသည္။

“အေရးမပါတာေတြ ဆက္နားေထာင္စရာမလိုဘူး တိုက္ဖို႔အသင့္ျပင္ထားၾက!”

“ေဝ့ ခင္ဗ်ားေျပာတာေတြက အမွန္ပဲလား”

“မၾကာခင္ သိလာမွာပါ”

ကပ္တိုးေလးေမးလာသည့္ ထယ္ေယာင္းကို ေခါင္းေဆာင္းအနီေရာင္ရဲ႕ ေအာက္ဘက္ကေန ျပန္ေျဖလိုက္ရင္း တိုက္ပြဲေျမျပင္ရဲ႕ အေဝးတစ္ေနရာကို ေမွာ္ဆရာက ထြက္ခြာသြားသည္။ သူရွိရာကို လွမ္းၾကည့္ေနသည့္ ဂ်ီမင္းကိုျမင္ေတာ့ ျပန္ၾကည့္႐ုံကလြဲၿပီး ဘာေျပာရမယ္မသိ။ 

“တက္!”

ကြၽတ္ကြၽတ္ညံသြားသည့္ ႏွစ္ဖက္လုံးရဲ႕ စစ္ခ်ီသံေနာက္တြင္ ထယ္ေယာင္းေရာ ဂ်ီမင္းပါ တိုက္ပြဲထဲ ေျပးထြက္ခဲ့ၾကေတာ့သည္။ အဆုံးသတ္တိုက္ပြဲဆိုသည့္အတိုင္း ျပင္းထန္သည္။ ရက္စက္သည္။ သနားညႇာတာမႈအလ်င္းမရွိ။ ေသရင္ေျမႀကီး ရွင္ရင္ေ႐ႊထီးဆိုသလိုပဲ ေနာက္ျပန္လွည့္ၾကည့္စရာလည္း ရွိမေနခဲ့။

နက္ရႈိင္းသည့္ ေခ်ာက္ကမ္းပါးနံေဘးရွိ တိုက္ပြဲႀကီးဟာ ပုန္းေအာင္းေနသည့္ တိရစာၦန္တို႔ပင္ ေဘးလြတ္ရာသို႔ ‌ထြက္ေျပးရသည္အထိ အေတာ္ေလး ေၾကာက္မက္ဖြယ္ရာေကာင္းေနခဲ့သည္။

Alphaေဂ်ာင္ဂုက ဆြဲကိုင္ေပးထားသည့္ လက္တစ္ဖက္ကို အသုံးျပဳကာ တိုက္ခိုက္လိုက္သည့္ ဂ်ီမင္းရဲ႕ ပတ္ပတ္လည္ကန္ခ်က္ေအာက္တြင္ ေခ်ာက္ကမ္းပါးေအာက္ဘက္ဆီသို႔ ျပဳတ္က်သြားသည့္ ေသြးေႏွာေတြက အမ်ားအျပား။

“ငါ အရမ္းမိုက္တယ္မလား!”

“အင္း”

ေသေရးရွင္ေရးဆန္စြာ တိုက္ခိုက္ေနရသည့္ၾကားကပင္ ဂ်ီမင္းက အဓိကဇာတ္ေကာင္ပီပီသသပင္ ႂကြားလုံးထုတ္လိုက္ေသးသည္။ Alphaရဲ႕ ပံ့ပိုးမႈေတြက ဂ်ီမင္းအတြက္ ကိုယ့္ကိုယ္ကိုယ္ ပိုၿပီးယုံၾကည္မႈတိုးလာေစကာ ေဂ်ာင္ဂုက သင္ၾကားေပးထားသည့္အတိုင္း ႀကိဳးစားပန္းစားပင္ ေသြးေႏွာတို႔ကို တိုက္ထုတ္လို႔ေနသည္။

ဂီး!

အဆုံးသတ္တိုက္ပြဲဟု ဆိုခဲ့သည့္အတိုင္း ေကာင္းကင္ယံမွာ ပ်ံဝဲလာသည္က သမန္းဝံပုေလြတို႔ရဲ႕ အားထားရာျဖစ္သည့္ တိုက္ခိုက္‌ေရးမီးငွက္မ်ား။ အခုထက္ထိ သမန္းဝံပုေလြတို႔ဘက္မွ အသာစီးရေနဆဲျဖစ္ကာ မီးငွက္မ်ားႏွင့္ ေပါင္းစည္းလိုက္သည့္အခါတြင္ေတာ့ ေသြးေႏွာတို႔အတြက္ အႏိုင္ရရွိႏိုင္ေခ်ဟာ ပိုပိုၿပီး နည္းပါးလာခဲ့သည္။

Alphaေဂ်ာင္ဂုသည္ ၎ႏွင့္စိတ္ဝိဉာဥ္ခ်င္း ဆက္သြယ္ထားသည့္ မီးငွက္ရဲ႕ကိုယ္‌ထည္ေပၚကို ေရာက္ရွိလို႔သြားကာ အေပၚစီးကေန ဦးေဆာင္ကာ ေသြးေႏွာတို႔ကို အလွဲထိုးလို႔ေနသည္။

“ဒါက…”

မိမိရဲ႕ ပတ္ပတ္လည္ရွိ ေသြးေႏွာမ်ားကို မီးႏွင့္မႈတ္ထုတ္ကာ အျပတ္ရွင္းသြားသည့္ ဧရာမသားရဲငွက္ႀကီးကိုျမင္ေတာ့ ဂ်ီမင္းရဲ႕ လႈပ္ရွားမႈေတြ ရပ္တန႔္သြားရသည္။ ဒီမီးငွက္က…။

ဂ်ီမင္းသည္ ေနရာမွာတင္ ၾကက္ေသေသေနမိကာ ထိုဧရာမမီးငွက္ႀကီးရဲ႕ ေက်ာေပၚမွာ ရွိေနသည့္ ေဂ်ာင္ဂုကိုလည္း မယုံႏိုင္သည့္ မ်က္ဝန္းမ်ားျဖင့္ လိုက္ၾကည့္ေနခဲ့မိသည္။ ဒီသားရဲက…ဒီသားရဲငွက္ႀကီးက သူ႔ဆီကေန ေဘာလုံးေလးကို လုယူသြားတဲ့မီးငွက္မလား!။

“ဒါေပမဲ့ ေဂ်ာင္ဂုကေရာ”

တိုက္ပြဲၾကားထဲမွာ ဂ်ီမင္းတစ္ေယာက္ တိုက္ခိုက္ျခင္းမရွိဘဲ ထီးထီးႀကီးရပ္ေနတာကို သတိထားမိသြားသူက ေမွာ္ဆရာရဲ႕ေဘးမွာရွိေနသည့္ ယဥ္းမိန္းကေလး။

“ဂ်ီမင္းက ဘာလို႔ရပ္ေနတာလဲ”

“မသြားနဲ႔”

ေနရာက ထြက္ကာ ဂ်ီမင္းဆီ သြားဖို႔ျပင္ေနသည့္ ယဥ္းမိန္းကေလးရဲ႕လက္ကို ဆြဲထားသူက ဝတ္႐ုံနီေမွာ္ဆရာပင္။ ယဥ္းသည္ နားမလည္သည့္ အမူအရာႏွင့္အတူ ဆြဲဖမ္းထားခံရသည့္ လက္တစ္ဖက္ကို ႐ုန္းကန္ဖို႔ႀကိဳးစားသည္။ သို႔ေသာ္လည္း အခ်ည္းႏွီးသာျဖစ္သည္။

“ဂ်ီမင္း!”

တိုက္ပြဲၾကားထဲမွ ထယ္ေယာင္းရဲ႕ ေအာ္သံအဆုံးတြင္ ဂ်ီမင္းသည္ ေသြးေႏွာတစ္ေကာင္ဆီက ကန္ခ်က္တစ္ခ်က္ႏွင့္အတူ ေျခယိုင္သြားကာ ေခ်ာက္ကမ္းပါးေအာက္ဘက္ဆီသို႔ ျပဳတ္က်သြားဖို႔ ရာခိုင္ႏႈန္းအျပည့္။

သို႔ေသာ္လည္း လ်င္ျမန္သည့္အဟုန္ႏွင့္အတူ ေရာက္ရွိလာသည့္ Alphaက ဂ်ီမင္းတစ္ေယာက္ ေလထဲက်သြားသည္ႏွင့္ လက္ကိုအျမန္ဆြဲဖမ္းထားလိုက္သည္။ ထိုအျခင္းအရာကို ျမင္လိုက္ရသည့္ ထယ္ေယာင္းသည္လည္း ဂ်ီမင္းတို႔အနားကို သြားဖို႔ႀကိဳးစားေပမဲ့ တိုက္ခိုက္ေနရသည္ကတစ္ဖက္နဲ႔မို႔ မစြမ္းသာခဲ့ေခ်။

“ေက်ာေပၚတက္လိုက္”

မီးငွက္ရဲ႕ေက်ာေပၚကို သူနဲ႔အတူ တက္စီးဖို႔အတြက္ Alphaက ေျပာလိုက္သည့္အခါ ဂ်ီမင္းက က်န္ေနသည့္လက္တစ္ဖက္နဲ႔ ၎အားဖမ္းဆြဲထားသည့္ Alphaရဲ႕လက္ေပၚ အုပ္မိုးလိုက္သည္။

“အဲ့အတိုင္းပဲ တက္ခဲ့”

“ေဂ်ာင္ဂု”

တိုးညႇင္းညႇင္းေခၚသံေၾကာင့္ လက္ေတြဆီကေန မ်က္ႏွာကိုၾကည့္မိခ်ိန္ ေဂ်ာင္ဂုလိုက္မမွီသည့္ အဓိပၸါယ္တခ်ိဳ႕ေပ်ာ္ဝင္ေနတာကို ေတြ႕လိုက္ရသည္။

“ေဘာလုံးေလးဘယ္မွာလဲ”

႐ုတ္တရက္ေမးလာသည့္ ေမးခြန္း။ ေဂ်ာင္ဂုရဲ႕ မ်က္လုံးအစုံက ျပဴးက်ယ္သြားရကာ ေဘာလုံးေလးနဲ႔ပတ္သတ္ၿပီး သူ႔အေပၚ ဂ်ီမင္း တစ္ခုခုကို အထင္လြဲေနၿပီမွန္း ရိပ္မိလိုက္သည္။

“အဲ့ဒါက…”

ဂ်ီမင္းသည္ ေဘးက်ပ္နံက်ပ္ျဖစ္သြားသည့္ ေဂ်ာင္ဂုရဲ႕ အမူအရာကို ျမင္လိုက္သည့္အခါ သံသယတို႔ပိုၿပီး ႀကီးထြားလာခဲ့ရသည္။ တကယ္ပဲ ေဂ်ာင္ဂုက သူ႔အေပၚ လိမ္ညာထားခဲ့တာလား။ ဒီလိုဆို ေဘာလုံးေလးနဲ႔ပတ္သတ္ၿပီး ေဂ်ာင္ဂုဆီမွာ လွ်ိဳ႕ဝွက္ထားတာ တစ္ခုခုရွိေနၿပီဆိုတာ ေသခ်ာသြားၿပီေပါ့။

“ဂ်ီမင္း!”

မေမွ်ာ္လင့္ထားသည့္ လုပ္ရပ္တစ္ခုကို ဂ်ီမင္းက လုပ္ခ်လိုက္တာမို႔ အေဝးကေနၾကည့္ေနသည့္ ထယ္ေယာင္းေရာ ယြန္းဂီပါ မ်က္လုံးျပဴးသြားရသည္။ ထို႔အျပင္ ၎တို႔ႏွစ္ေယာက္တည္းမဟုတ္ခဲ့ဘဲ ျဖစ္စဥ္ကို အစအဆုံးျမင္လိုက္ရသည့္ ယဥ္းမိန္းကေလးသည္လည္း အပါအဝင္ျဖစ္သည္။

ယင္းလုပ္ရပ္ဆိုသည္မွာ ဂ်ီမင္းက ၎အားဖမ္းဆြဲေပးထားသည့္ Alphaရဲ႕ လက္ေတြကို သူ႔စိတ္ဆႏၵအရ ျဖဳတ္ခ်လိုက္ျခင္းပင္။ Alphaေဂ်ာင္ဂုရဲ႕ inner wolfသည္ ေခ်ာက္ကမ္းပါးေအာက္ဘက္ဆီသို႔ မိမိ၏mateက ျပဳတ္က်သြားသည့္အခါ နာနာက်င္က်င္ပင္ ေအာ္ဟစ္ေလေတာ့သည္။

“ဂ်ီမင္း!”

မလိုက္လာနဲ႔ ေဂ်ာင္ဂု။
မင္းက ငါခ်စ္ရတဲ့ ေဘာလုံးေလးေပ်ာက္ဆုံးသြားရျခင္းရဲ႕ တရားခံမဟုတ္ပါဘူးဆိုတာကို မသိရမခ်င္း ငါ မင္းဆီ ဘယ္နည္းနဲ႔မွ ျပန္မလာမွာမို႔ ငါ့ေနာက္ကို လိုက္မလာနဲ႔။

ေခ်ာက္ကမ္းပါးေအာက္ဘက္ကို ထိုးဆင္းသြားသည့္ Alphaေဂ်ာင္ဂုစီးနင္းသည့္ သားရဲငွက္ႀကီးသည္ သခင့္အလိုအတိုင္း Omegaကို လိုက္ရွာဖို႔ႀကိဳးစားသည္။ သို႔ေသာ္လည္း ဂ်ီမင္းသည္ကား ေဂ်ာင္ဂုတို႔ႏွင့္ေဝးရာဆီသို႔ တစ္စုံတစ္ေယာက္၏ ေခၚေဆာင္ျခင္းႏွင့္အတူ ပါသြားခဲ့ရေလၿပီ။

Alphaေဂ်ာင္ဂုရဲ႕လက္ထဲမွာ က်န္ရစ္ခဲ့သည့္ ေငြေရာင္လက္ေကာက္ေလးသည္ကား ယခုခ်ိန္တြင္ ပိုင္ရွင္မဲ့စြာ…။

___________________


ဖိုက္တင္းပါ
ၿပီးခါနီးပါၿပီ
btw သူတို႔ေမြးမဲ့ကေလးေလးကေတာ့ မီပါ😞



Continue Reading

You'll Also Like

4.2K 409 3
Bl fan fiction - Kookmin ပတ်ဂျီမင်း^ ဂျွန့်ကို မထိနဲ့ လုံးဝမထိမိစေနဲ့ ဂျွန် တခုခုထိခိုက်တာနဲ့ မင်းတို့တဆွေလုံး တမျိုးလုံးကို ငရဲကဘယ်လိုမျိုးလဲဆိုတာ င...
732K 63.4K 32
Baby's Breath ပန်းအကြောင်းတွေကိုကိုပြောပြမယ်
567K 49.3K 29
Taekook Fanfiction Jeon Kim Own creation
834K 73.5K 67
"မောင်သိခဲ့တာ...မင်းတစ်​ယောက်ထဲ...."