Chapter 298: ရှင် အဆင်ပြေရဲ့လား
အံသြမှုကြောင့် ဇူအန် ထခုန်လိုက်မိသည်။ “မင်း စိတ်ထဲမထားရင်တောင် ငါထားတယ်။ ငါက ခန္ဓာကိုယ်ကို အဲ့ဒီလိုမျိုး ရောင်းစားမယ့်လူနဲ့ တူနေလို့လား”
ချူချူယန်၏ မျက်နှာ အနည်းငယ် နီမြန်းသွားသည်။ ထိုကဲ့သို့သော အရာမျိုး လုပ်ရန် မေးမိခြင်းကို အနည်းငယ်လွန်သွားသည်ဟု သူမ လည်း ခံစားမိလိုက်သည်။ “တောင်းပန်ပါတယ်။...အခုတလော ချူကလန်ကိစ္စတွေ အပေါ်မှာ အနည်းငယ် စိတ်ဖိစီးနေလို့ မစဉ်းမစားဘဲ လွှတ်ခနဲ ပြောထွက်မိသွားတယ်။ အဲ့ဒီစကားတွေကို အတည်မယူလိုက်ပါနဲ့”
ဇူအန် လက် ရမ်းလိုက်သည်။ “အဲ့ဒီကိစ္စတွေက မင်းကို အခက်တွေ့စေတယ်ဆိုရင် မင်းရဲ့ ခင်ပွန်းအနေနဲ့ ငါလည်း ဝန်ကူထမ်းပေးမှာပေါ့။ ကျန်းတန် ဆီကနေ သတင်းရယူဖို့ ငါ လုပ်နိုင်သမျှ လုပ်မယ်”
“ခဏလေးနေပါဦး။ ဒီအစီအစဉ်အတိုင်း ဆက်သွားသင့်တယ်လို့ မထင်ဘူး” ရှို့ဟုန်လေ ကို ချဉ်းကပ်ခိုင်းခဲ့စဉ်က အဖြစ်ကို သူမ ရုတ်တရက် ပြန်တွေးမိလိုက်သည်။ ဇူအန်ကို သူမ စေလွှတ်လိုက်ပြီးနောက် ရက်အနည်းငယ် အကြာတွင် ရှို့ဟုန်လေ မှာ ချူအိမ်ပေါက်၀တိုင် ရောက်ရှိလာသည်။ ဟိုဟိုသည်သည် အကြောင်းပြကာ သူမက ဇူအန်ကို လုံးဝ လက်ထပ်ရမည်ဟု မျက်ရည်ခံထိုး တောင်းဆိုခဲ့သည်။
ဒီတစ်ခါရော ဒီလိုမျိုး ဒုတိယအကြိမ် ထပ်ဖြစ်လာဦးမှာလား။
ဇူအန် က သူမလက်ကို ကိုင်လိုက်သည်။ “အဲ့ဒါက မင်းအတွက် အကူအညီဖြစ်နေသရွေ့ ငါ့သိက္ခာက ဘာတန်လို့လဲ” သူ အလေးအနက် ပြောလိုက်သည်။
ချူချူယန်၏ နှလုံးသား ပျော့ပျောင်းသွားသည်။ သူမ၏ အသံမှာလည်း အလွန်နွေးထွေးသွားသည်။ “အားဇူ ရှင့်ကို ပင်ပန်းစေမိပြီ”
ချူချူယန် အိမ်သို့ပြန်ရောက်သွားသောအခါ တစ်စုံတစ်ရာ လိုအပ်နေသလို ခံစားခဲ့ရသည်။ အဘယ်ကြောင့် တစ်ခုခုမူမမှန် ဟု သူမ ခံစားနေရပါသနည်း။
ဇူအန်ကို ချူဟွမ်ကျောက် က အကယ်ဒမီသို့ ဆွဲခေါ်သွားပြီးဖြစ်သည်။
ချူဟွမ်ကျောက် က အကယ်ဒမီသို့ လမ်းတစ်လျှောက်တွင် ဇူအန်ကို သူမ၏ ကြာပွတ်ဖြင့် ရွယ်ထားသည်။ “ရှင်နဲ့ ရှို့ဟုန်လေ တို့ကြားမှာ ဘာတွေဖြစ်နေတာလဲ”
ဇူအန်၏ မျက်လုံးများက ငိုကြွေးခြင်းကြာပွတ် ကိုသာ ကြည့်နေသည်။ “ငိုကြွေးခြင်းကြာပွတ် ကို ဖယ်ထားရင် ငါပြောပြမယ်”
“ရှင်က ပျော်စရာလည်းမကောင်းဘူး” ချူဟွမ်ကျောက် နှုတ်ခမ်းစူလိုက်သည်။ ကြာပွတ်ကို ဘေးဖယ်လိုက်ပြီး ဇူအန်ကို ကြည့်လိုက်သည်။
သို့မှသာ ဇူအန်ပြောလိုက်သည်။ “တကယ်ကို ငါတို့ကြားမှာ ဘာကိုဘာမှ မဖြစ်ဘူး”
“ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ” ချူဟွမ်ကျောက် လှောင်လိုက်သည်။ “အဲ့ဒီမိန်းမက ကျွန်မတို့ရဲ့ တံခါးအပေါက်ဝ ရောက်တဲ့အထိ ရှင့်အနောက်ကို လိုက်လာခဲ့တာပဲ။ သူက ရှင်ကလွဲပြီးတော့ ဘယ်သူ့ကိုမှ လက်မထပ်ဘူး လို့တောင် ပြောတယ်လို့ ကျွန်မကြားတယ်”
“တကယ်လား။ အဲ့ဒါတော့ ဖြစ်နိုင်တယ်လို့ထင်တယ်။ တကယ်လည်း ငါက အရမ်းရုပ်ချောနေတာကိုး။...စိတ်မပူနဲ့။ နောက်ဆိုလည်း ငါ့ဆီမှာ နောက်ထပ် မိန်းကလေးတွေ လာပြီး ငိုယိုတောင်းပန်ကြဦးမှာပဲ။ အဲ့ဒီအခါကျရင် မင်းလည်း နေသားကျသွားလိမ့်မယ်” ဇူအန် ခပ်တည်တည်ပြောလိုက်သည်။
ထိုစကားကြားရသောအခါ ချန်ရှို့ပင်း ၏ နားရွက်များ ထောင်မတ်သွားသည်။ သခင်လေးက အရမ်းမိုက်တာပဲ။
နောင်အခါကျရင် သူက ချူကလန်ရဲ့ သခင်လေး မဟုတ်တော့ရင်တောင်မှာ သူ့ကို ငါ့အစ်ကိုကြီးအဖြစ် သတ်မှတ်ပြီးတော့ သွားသမျှ လိုက်မယ်။
ထိုအရာကိုတွေးနေစဉ် အစောက အရိုက်ခံရသော နာကျင်မှုများမှာ ရုတ်တရက် မနာတော့ပေ။
ထိုစကားကြားရသောအခါ ချူဟွမ်ကျောက် ရှက်သွားသည်။ “ခဲအို လူမိုက်။ အရှက်တရားဆိုတာ ဘာမှန်းတောင် မသိဘူး”
လမ်းတစ်လျှောက် ချူဟွမ်ကျောက် စိတ်ကောက်သမျှကို ဇူအန် ရယ်မောနေလိုက်သည်။ အကယ်ဒမီသို့ သူတို့ လျှင်မြန်စွာ ရောက်ရှိသွားသည်။
စာသင်ချိန် အတန်း အများအပြား တက်ရောက်ပြီးနောက် အနားယူရန်အတွက် ဇူအန် သူ့အဆောင်သို့ ပြန်လာလိုက်သည်။
သူ၏လက်ရှိကျင့်ကြံမှုနှင့် ဗဟုသုတ တို့ကြောင့် အဝါရောင်အခန်းမှာ သူ့အဖို့ အလွန် အဓိပ္ပါယ်မဲ့နေသည်။ သို့သော်လည်း အကယ်ဒမီတွင် ဆရာတစ်ယောက်လည်းဖြစ်နေသောကြောင့် ဇူအန် အတန်းလစ်လျှင် အတန်းဖော်များကရော ဆရာများကပါ မမြင်ကွယ်ရာပြုပေးကြသည်။
ကျောင်းအုပ်မမ ကို စကားပြောပြီးတော့ ကောင်းကင်အခန်းကို ရွေ့ခိုင်းသင့်လား။ ဇူအန် တွန့်ဆုတ်နေသည်။ ထိုသို့လုပ်လိုက်လျှင် သူ့ အပေါ် အာရုံများစွာ ကျရောက်လာမည်ဖြစ်သည်။ အထူးသဖြင့် သူ၏ ပါရမီကို လူအများမသိကြသေးပေ။ ထိုသို့ အခန်းပြောင်းလိုက်ခြင်းက လူတိုင်းကို စိတ်ကျေနပ်စေမည်မဟုတ်ပေ။
ကျန်းလော့ဖူ က သူမ၏ ကျောင်းအုပ်ဟူသော အာဏာကို သုံးရင်တောင် သူ၏ပါရမီကို ထပ်မံစစ်ဆေးခံရဦးမည်မှာ ဖြစ်နိုင်သည်။ ထိုအခါတွင် သူ၏ အကြည်ရောင်အဆင့် ပါရမီ ကို သိသွားကြမည်ဖြစ်သည်။
ချူချူယန်ကို ကုသရသည့် အတွေ့အကြုံ ပြီးနောက်တွင် အကြည်ရောင်အဆင့် ပါရမီ ၏ ဆိုလိုရင်းကို နားလည်ခဲ့သည်။ ၎င်းအချက် လူသိသွားပါက သူ့ကို လာရှာကြမည့် လူများစွာ ရှိလာမည်ဖြစ်သည်။
အကယ်၍ ထိုသူများမှာ လှပသော မိန်းကလေးများဆိုလျှင် မထောင်းသာသော်လည်း ရုပ်ဆိုးဆိုး ယောက်ျားတစ်ချို့က သူ၏ အကူအညီကို တောင်းရန်ရောက်လာပါက ကူညီပေးရမည်ထက် သေရမည်ကို သာ သူရွေးမိမည်ဖြစ်သည်။
ထို့အပြင် ဝေကလန်၏ အခြေအနေကို အမြဲစောင့်ကြည့်ခိုင်းထားသော လောင်မိုင် လည်းရှိနေသေးသည်။ အကယ်၍ ဝေဆောင် နံဘေးမှ ထွက်သွားပါက လောင်မိုင် က သူ့အပေါ် သေချာပေါက် သံသယဝင်မည်ဖြစ်သည်။
အင်း..ကြည့်ရတာ အခြားအခန်းကို ပြောင်းဖို့် မျှော်လင့်ချက် မရှိဘူးပဲ။
ဒါပေမယ့် အဝါရောင်အခန်းမှာ နေရတာက အချိန်ဖြုန်းတီးရာကျတယ်။
ဤအတွေးဖြင့် ရှုပ်ထွေးနေစဉ် အပြင်ဘက်မှ တံခါးခေါက်သံတစ်ခုကို ကြားလိုက်ရသည်။
“ဟမ်” ဇူအန် အချိန်ကို လှမ်းကြည့်လိုက်သည်။ အခုအချိန်က အတန်းတွေမှာ စာသင်နေတုန်းပဲမဟုတ်လား။ ဘယ်သူဖြစ်မလဲ။
ရှန်းလျှို့ယီ ဖြစ်မလား။
ဇူအန် ပျော်ရွှင်စွာ ထခုန်လိုက်ပြီး တံခါးဆီသို့ ပြေးသွားလိုက်သည်။
ရုတ်တရက် အရာတစ်ခုကို မှတ်မိလိုက်သည်။ အဲ ရှို့ဟုန်လေ ဆီကနေ ပင်လယ်ခရုခွံကို ပြန်ယူဖို့မေ့လာတယ်။ သူနဲ့ တွေ့တိုင်း ဒါကို ပြန်တောင်းဖို့ အမြဲမေ့နေတာပဲ။
လူတစ်ဖက်သားကို မည်သို့ ရှင်းပြရမည်ကို တွေးတောနေရင်း တံခါးဖွင့်လိုက်သည်။ ဝင်းလက်သော မျက်လုံးများ နှင့် ကြင်နာတတ်သော ပုံစံရှိသည့် မိန်းကလေးတစ်ဦး ကို တံခါးဝတွင် တွေ့လိုက်ရသည်။ သူမတွင် ရှန်းလျှို့ယီ နှင့် ယှဉ်နိုင်သော အလှတရားတစ်ခုကို ပိုင်ဆိုင်ထားသည်။
“ကျွန်မကို ဝင်ဖို့ မဖိတ်ခေါ်တော့ဘူးလား” ဤမိန်းကလေးက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“လာပါ။ လာပါ။ မင်းက အခု အတန်းထဲမှာ ရှိနေရမှာမဟုတ်ဘူးလား” ဇူအန် အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ ဤမိန်းကလေးမှာ မနက်ပိုင်းကပင် သူနှင့် ဆုံတွေ့ခဲ့သော ကျန်းတန် ဖြစ်နေသည်။
ကျန်းတန် တည့်တည့်မတ်မတ် ဝင်လာဝည်။ “ရှင်လည်း အတန်းထဲမှာ ရှိနေရမှာမဟုတ်ဘူးလား”
“ဒါပေမယ့် ငါက ဆရာတစ်ယောက် လေ..” ဇူအန် တံခါးပြန်ပိတ်လိုက်သည်။ သူ၏ အသံအားပျော့သွားသည်။
”အကယ်၍ ဆရာတွေလည်း အတန်းမတက်လို့ရရင် ကျောင်းသားတွေလည်း ဘာလို့ မလုပ်နိုင်ရမှာလဲ” ကျန်းတန်က သူ့ကို မျက်စိမှိတ်ပြလိုက်သည်။ သူမ၏ အသွင်အပြင်က ချစ်စရာကောင်းနေသည်။
“မင်းလည်း လုပ်နိုင်တာပေါ့။ ဒါပေမယ့် မင်းကို အတော်လေး စည်းကမ်းလိုက်နာတဲ့ လူတစ်ယောက်လို့ အမြဲထင်နေခဲ့တာ။ အတန်းလစ်တာမျိုးတွေဘာတွေ မလုပ်နိုင်ဘူးလို့ ထင်ထားတာ” ကျန်းတန်မှာ ချမ်းသာသော ကလန်တစ်ခုမှလာသော စည်းကမ်းရှိ စံနမူပြ မိန်းကလေးတစ်ယောက်ဖြစ်သည်ဟု ကျောင်းသား အတော်များများ ဆီက ကြားဖူးခဲ့သည်။ သူမ၏ လှုပ်ရှားဟန် အမူအရာတိုင်းမှာ တင့်တယ်မှုအပြည့်ရှိနေပြီး ပြစ်ချက်တစ်ချက်ပင်မရှိပေ။
“လိမ္မာတဲ့ မိန်းကလေး တစ်ယောက်အဖြစ် နေရတာ အတော်ပျင်းစရာကောင်းတယ်။ ဒါကြောင့် တစ်ခါတစ်လေတော့ စိတ်ဝင်စားစရာ တစ်ခုခုကို တောင့်တမိတယ်။ ဒါကို အားဇူ လည်း ကောင်းကောင်းနားလည်မယ်လို့ ထင်တယ်” ကျန်းတန်က သူ့ကို မေးခွန်းထုတ်လိုက်သော အကြည့်ဖြင့် ကြည့်နေသည်။ သူမ၏ ပန်းရောင် နှုတ်ခမ်းစိုစိုလေးတွင် အပြုံးတစ်ခု အရိပ်အယောင်ရှိနေသည်။
ဇူအန် ရင်ခုန်သွားသည်။ ကျန်းတန် က သူ့ကို ဆွဲဆောင်ခဲ့သည့် နောက်ဆုံးအကြိမ်မှာလည်း ဤအခန်းအထဲတွင်ဖြစ်သည်ယ ထိုစဉ်အချိန်က တောမီးတစ်စ ရှို့မိလုနီးပါးတောင်ဖြစ်ခဲ့ရသည်။
ဒီမိန်းမက ဒီနေ့ ဒီကို ဘာကြောင့် ရောက်လာရတာလဲ။ ဒီလို လျှောက်ပြောနေဖို့်တော့ လာစရာအကြောင်းမရှိဘူး။
“ဒါဆိုလည်း စိတ်ဝင်စရာ တစ်ချို့ကို အတူတူလုပ်ကြတာပေါ့” ဇူအန် ပြုံးလိုက်ပြီး သူမ အနား တိုးသွားသည်။
ဟွန်း။ ငါ မင်းကို ကြောက်မယ်ထင်နေလား။ ဒီကိစ္စမှာ ငါ ရှုံးမှာမဟုတ်ဘူး။
ငါ့မိန်းမဆီကတောင် ခွင့်ပြုချက်ရထားပြီးသား။
“အင်း..” ကျန်းတန်၏ မျက်နှာတွင် ညှို့ယူဖွယ် အပြုံးတစ်ခု ထင်ဟပ်နေသည်။ သူ့ကို တိတ်တဆိတ် ဖိတ်ခေါ်နေသလိုပင်။
ဇူအန်က သူမကို ထိတော့မည့်အချိန်တွင် ကျန်းတန် ပြောလိုက်သည်။ “ဆရာဇူ ဒီကျောင်းသူ က လက်ဝါးသိုင်းတစ်ခုကို လေ့ကျင့်နေတာ။ ဒါပေမယ့် အဲ့ဒါကို ကျွမ်းကျင်ဖို့ အဝေးကြီးလိုနေသေးတယ်။ နေရာတစ်ချို့ ထောက်ပြပေးဖို့ ဆရာ့ကို တောင်းဆိုချင်ပါတယ်”
သူ့ကို ဆရာ ဟု ခေါ်လိုက်သောအခါ ဇူအန်၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်။ ဒီမိန်းမက ကျောင်းသူ နဲ့ ဆရာ ဒရမ်မာတွေ ကြည့်ဖူးစရာ အကြောင်းမရှိဘူးမလား။
“ငါက ကျင့်ကြံရေးသင်တဲ့ ဆရာ တစ်ယောက်မှ မဟုတ်တာပဲ။ ဘာဖြစ်လို့ ငါ့အစား ဆရာ ပိုင် ကို သွားမရှာတာလဲ”
ကျန်းတန် မကျေမနပ် ပြောလိုက်သည်။ “သူက ယောက်ျား ဖြစ်ချင်တာလား။ မိန်းမ ဖြစ်ချင်တာလား တောင် မသိဘူး။ သူ့လိုလူမျိုးဆီကတော့ အသင်မခံချင်ဘူး”
“ဒါပေမယ့် ကျန်းကလန်မှာတော့ ဆရာတွေ အများကြီးရှိမှာပါ။ ဟုတ်တယ် မလား။ ဘာဖြစ်လို့ သူတို့ထဲက တစ်ယောက်ကို သွားမရှာတာလဲ” ဇူအန် မေးလိုက်သည်။
“သူတို့တွေက သခင်မလေးတစ်ယောက်လို့ပဲ မြင်ကြတယ်။ ဘယ်လိုလုပ် တကယ်တိုက်ခိုက်ရဲမှာလဲ။ ပြီးတော့ သူတို့တွေ အားလုံးက ယောက်ျားတွေချည်းပဲ။ ဒါကြောင့် လက်တွေ့ လေ့ကျင့်ဖို့ မသင့်လျော်ဘူး” ကျန်းတန်၏ မျက်နှာတွင် ရှက်သွေးဖြာသော အရိပ်အရောင်အနည်းငယ် ပေါ်လာသည်။
ဇူအန် စိတ်ဓာတ်ကျသောအသံဖြင့် ပြောလိုက်သည်။ “ငါကရော ယောက်ျားတစ်ယောက်မဟုတ်ဘူးလား”
ကျန်းတန်၏ အနီရောင်နှုတ်ခမ်းများ အနည်းငယ် ဖွင့်ဟ သွားသည်။ သူမ တခဏရပ်လိုက်ပြီးနောက် ပြောလိုက်သည်။ “ရှင်က မတူဘူး”
သောက်ကျိုးနည်း။...အကယ်၍ ငါသာ အရင်က ရုပ်ရှင် ဒရမ်မာတွေ ရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ အမျိုးစုံအောင် မကြည့်ထားမိခဲ့ရင် အခုချိန်လောက်ဆိုရင် သူ့လက်ခုပ်ထဲမှာ ကွေးနေအောင် ကနေရလောက်ပြီ။
ဇူအန်က ပြဿနာဖြစ်သွားသော မျက်နှာအမူအရာပြောင်းလိုက်သည်။
“ငါက အဝါရောင်အခန်း က ကျောင်းသားတစ်ယောက်ဆိုတာကို သိတယ်မလား။ ဘယ်လိုလုပ်ပြီးတော့ ကောင်းကင်အခန်းက တစ်စုံတစ်ယောက်ရဲ့ ပြိုင်ဘက်ဖြစ်မှာလဲ”
“ဟွန့်။ ဘယ်သူ့ကို အရူးလုပ်မလို့လဲ။ ရှင်က ကလန်ပြိုင်ပွဲမှာ ယွမ်ဝမ်ဒုံ ကိုတောင် အနိုင်ယူခဲ့သေးတာပဲ။ ပြီးတော့ မြေအောက်ဂူထဲမှာ ရှီခွန်းကိုလည်း နိုင်ခဲ့သေးတယ်။ ဒီလိုအဆင့်မျိုးကို ကြွားနိုင်တဲ့သူ ဘယ်နှယောက်ရှိလို့လဲ” ကျန်းတန် ခြေဆောင့်လိုက်ကာ ဆွဲဆောင်မှုရှိအောင် နှုတ်ခမ်းစူလိုက်သည်။ “ရှင်က ကျွန်မကို သင်မပေးချင်လို့လား”
ဇူအန် သက်ပြင်းချလိုက်သည်။ “မင်းကို ဘယ်လိုသင်ပေးရမလဲဆိုတာကို ငါ တကယ်ကိုမသိဘူးလေ..”
သူ၏ ကိုယ်ပိုင်ပညာရပ်များ အားလုံးနီးပါးမှာ ကီးဘုတ်ကြောင့် ရခဲ့ခြင်းဖြစ်သည်။ အခြားသူများကို သင်ပေးရန် တကယ်ကို ယုံကြည်မှုမရှိပေ။
ကျန်းတန် စိတ်ထဲမထားပုံရသည်။ “ရပါတယ်။ ဒီအတိုင်းပဲ ကျွန်မနဲ့ သိုင်းဖလှယ်ပေးပေါ့”
“ဒါဆို နောက်ပိုင်း မင်း နာလို့ ငိုသွားရင် ငါနဲ့ မဆိုင်ဘူးနော်...” ဇူအန် က လက်ဆစ်ချိုးကာ ရယ်လိုက်သည်။
သူ၏ စကားမဆုံးခင်မှာပင် ကမ္ဘာတစ်ခုလုံး ပက်လက်လန်သွားသည်။ မြေကြီးပေါ်သို့ ကိုင်ပေါက်ခံလိုက်ရခြင်းဖြစ်သည်။
ချက်ခြင်းပင် ကျန်းတန်က အပြစ်ကင်းသောအကြည့်ဖြင့် ခေါင်းငုံ့ကြည့်လိုက်သည်။ “ဟာ တောင်းပန်ပါတယ်။ အခုနက အားအများကြီးသုံးမိလိုက်တယ်နဲ့တူတယ်။ အားဇူ ရှင် အဆင်ပြေရဲ့လား”
------ ------------------------------- ----- - - - - - - - - - ----- - - - -
Chapter 298: ရွင္ အဆင္ေျပရဲ႕လား
အံၾသမႈေၾကာင့္ ဇူအန္ ထခုန္လိုက္မိသည္။ မင္း စိတ္ထဲမထားရင္ေတာင္ ငါထားတယ္။ ငါက ခႏၶာကိုယ္ကို အဲ့ဒီလိုမ်ိဳး ေရာင္းစားမယ့္လူနဲ႕ တူေနလို႔လား
ခ်ဴခ်ဴယန္၏ မ်က္ႏွာ အနည္းငယ္ နီျမန္းသြားသည္။ ထိုကဲ့သို႔ေသာ အရာမ်ိဳး လုပ္ရန္ ေမးမိျခင္းကို အနည္းငယ္လြန္သြားသည္ဟု သူမ လည္း ခံစားမိလိုက္သည္။ ေတာင္းပန္ပါတယ္။...အခုတေလာ ခ်ဴကလန္ကိစၥေတြ အေပၚမွာ အနည္းငယ္ စိတ္ဖိစီးေနလို႔ မစဥ္းမစားဘဲ လႊတ္ခနဲ ေျပာထြက္မိသြားတယ္။ အဲ့ဒီစကားေတြကို အတည္မယူလိုက္ပါနဲ႕
ဇူအန္ လက္ ရမ္းလိုက္သည္။ အဲ့ဒီကိစၥေတြက မင္းကို အခက္ေတြ႕ေစတယ္ဆိုရင္ မင္းရဲ႕ ခင္ပြန္းအေနနဲ႕ ငါလည္း ဝန္ကူထမ္းေပးမွာေပါ့။ က်န္းတန္ ဆီကေန သတင္းရယူဖို႔ ငါ လုပ္နိုင္သမွ် လုပ္မယ္
ခဏေလးေနပါဦး။ ဒီအစီအစဥ္အတိုင္း ဆက္သြားသင့္တယ္လို႔ မထင္ဘူး ရွို႔ဟုန္ေလ ကို ခ်ဥ္းကပ္ခိုင္းခဲ့စဥ္က အျဖစ္ကို သူမ ႐ုတ္တရက္ ျပန္ေတြးမိလိုက္သည္။ ဇူအန္ကို သူမ ေစလႊတ္လိုက္ၿပီးေနာက္ ရက္အနည္းငယ္ အၾကာတြင္ ရွို႔ဟုန္ေလ မွာ ခ်ဴအိမ္ေပါက္၀တိုင္ ေရာက္ရွိလာသည္။ ဟိုဟိုသည္သည္ အေၾကာင္းျပကာ သူမက ဇူအန္ကို လုံးဝ လက္ထပ္ရမည္ဟု မ်က္ရည္ခံထိုး ေတာင္းဆိုခဲ့သည္။
ဒီတစ္ခါေရာ ဒီလိုမ်ိဳး ဒုတိယအႀကိမ္ ထပ္ျဖစ္လာဦးမွာလား။
ဇူအန္ က သူမလက္ကို ကိုင္လိုက္သည္။ အဲ့ဒါက မင္းအတြက္ အကူအညီျဖစ္ေနသေ႐ြ႕ ငါ့သိကၡာက ဘာတန္လို႔လဲ သူ အေလးအနက္ ေျပာလိုက္သည္။
ခ်ဴခ်ဴယန္၏ ႏွလုံးသား ေပ်ာ့ေပ်ာင္းသြားသည္။ သူမ၏ အသံမွာလည္း အလြန္ႏြေးေထြးသြားသည္။ အားဇူ ရွင့္ကို ပင္ပန္းေစမိၿပီ
ခ်ဴခ်ဴယန္ အိမ္သို႔ျပန္ေရာက္သြားေသာအခါ တစ္စုံတစ္ရာ လိုအပ္ေနသလို ခံစားခဲ့ရသည္။ အဘယ္ေၾကာင့္ တစ္ခုခုမူမမွန္ ဟု သူမ ခံစားေနရပါသနည္း။
ဇူအန္ကို ခ်ဴဟြမ္ေက်ာက္ က အကယ္ဒမီသို႔ ဆြဲေခၚသြားၿပီးျဖစ္သည္။
ခ်ဴဟြမ္ေက်ာက္ က အကယ္ဒမီသို႔ လမ္းတစ္ေလွ်ာက္တြင္ ဇူအန္ကို သူမ၏ ၾကာပြတ္ျဖင့္ ႐ြယ္ထားသည္။ ရွင္နဲ႕ ရွို႔ဟုန္ေလ တို႔ၾကားမွာ ဘာေတြျဖစ္ေနတာလဲ
ဇူအန္၏ မ်က္လုံးမ်ားက ငိုေႂကြးျခင္းၾကာပြတ္ ကိုသာ ၾကည့္ေနသည္။ ငိုေႂကြးျခင္းၾကာပြတ္ ကို ဖယ္ထားရင္ ငါေျပာျပမယ္
ရွင္က ေပ်ာ္စရာလည္းမေကာင္းဘူး ခ်ဴဟြမ္ေက်ာက္ ႏႈတ္ခမ္းစူလိုက္သည္။ ၾကာပြတ္ကို ေဘးဖယ္လိုက္ၿပီး ဇူအန္ကို ၾကည့္လိုက္သည္။
သို႔မွသာ ဇူအန္ေျပာလိုက္သည္။ တကယ္ကို ငါတို႔ၾကားမွာ ဘာကိုဘာမွ မျဖစ္ဘူး
ဘယ္သူ႕ကို အ႐ူးလုပ္ဖို႔ ႀကိဳးစားေနတာလဲ ခ်ဴဟြမ္ေက်ာက္ ေလွာင္လိုက္သည္။ အဲ့ဒီမိန္းမက ကြၽန္မတို႔ရဲ႕ တံခါးအေပါက္ဝ ေရာက္တဲ့အထိ ရွင့္အေနာက္ကို လိုက္လာခဲ့တာပဲ။ သူက ရွင္ကလြဲၿပီးေတာ့ ဘယ္သူ႕ကိုမွ လက္မထပ္ဘူး လို႔ေတာင္ ေျပာတယ္လို႔ ကြၽန္မၾကားတယ္
တကယ္လား။ အဲ့ဒါေတာ့ ျဖစ္နိုင္တယ္လို႔ထင္တယ္။ တကယ္လည္း ငါက အရမ္း႐ုပ္ေခ်ာေနတာကိုး။...စိတ္မပူနဲ႕။ ေနာက္ဆိုလည္း ငါ့ဆီမွာ ေနာက္ထပ္ မိန္းကေလးေတြ လာၿပီး ငိုယိုေတာင္းပန္ၾကဦးမွာပဲ။ အဲ့ဒီအခါက်ရင္ မင္းလည္း ေနသားက်သြားလိမ့္မယ္ ဇူအန္ ခပ္တည္တည္ေျပာလိုက္သည္။
ထိုစကားၾကားရေသာအခါ ခ်န္ရွို႔ပင္း ၏ နား႐ြက္မ်ား ေထာင္မတ္သြားသည္။ သခင္ေလးက အရမ္းမိုက္တာပဲ။
ေနာင္အခါက်ရင္ သူက ခ်ဴကလန္ရဲ႕ သခင္ေလး မဟုတ္ေတာ့ရင္ေတာင္မွာ သူ႕ကို ငါ့အစ္ကိုႀကီးအျဖစ္ သတ္မွတ္ၿပီးေတာ့ သြားသမွ် လိုက္မယ္။
ထိုအရာကိုေတြးေနစဥ္ အေစာက အရိုက္ခံရေသာ နာက်င္မႈမ်ားမွာ ႐ုတ္တရက္ မနာေတာ့ေပ။
ထိုစကားၾကားရေသာအခါ ခ်ဴဟြမ္ေက်ာက္ ရွက္သြားသည္။ ခဲအို လူမိုက္။ အရွက္တရားဆိုတာ ဘာမွန္းေတာင္ မသိဘူး
လမ္းတစ္ေလွ်ာက္ ခ်ဴဟြမ္ေက်ာက္ စိတ္ေကာက္သမွ်ကို ဇူအန္ ရယ္ေမာေနလိုက္သည္။ အကယ္ဒမီသို႔ သူတို႔ လွ်င္ျမန္စြာ ေရာက္ရွိသြားသည္။
စာသင္ခ်ိန္ အတန္း အမ်ားအျပား တက္ေရာက္ၿပီးေနာက္ အနားယူရန္အတြက္ ဇူအန္ သူ႕အေဆာင္သို႔ ျပန္လာလိုက္သည္။
သူ၏လက္ရွိက်င့္ႀကံမႈႏွင့္ ဗဟုသုတ တို႔ေၾကာင့္ အဝါေရာင္အခန္းမွာ သူ႕အဖို႔ အလြန္ အဓိပ္ပါယ်မဲ့နေသည်။ သို႔ေသာ္လည္း အကယ္ဒမီတြင္ ဆရာတစ္ေယာက္လည္းျဖစ္ေနေသာေၾကာင့္ ဇူအန္ အတန္းလစ္လွ်င္ အတန္းေဖာ္မ်ားကေရာ ဆရာမ်ားကပါ မျမင္ကြယ္ရာျပဳေပးၾကသည္။
ေက်ာင္းအုပ္မမ ကို စကားေျပာၿပီးေတာ့ ေကာင္းကင္အခန္းကို ေ႐ြ႕ခိုင္းသင့္လား။ ဇူအန္ တြန့္ဆုတ္ေနသည္။ ထိုသို႔လုပ္လိုက္လွ်င္ သူ႕ အေပၚ အာ႐ုံမ်ားစြာ က်ေရာက္လာမည္ျဖစ္သည္။ အထူးသျဖင့္ သူ၏ ပါရမီကို လူအမ်ားမသိၾကေသးေပ။ ထိုသို႔ အခန္းေျပာင္းလိုက္ျခင္းက လူတိုင္းကို စိတ္ေက်နပ္ေစမည္မဟုတ္ေပ။
က်န္းေလာ့ဖူ က သူမ၏ ေက်ာင္းအုပ္ဟူေသာ အာဏာကို သုံးရင္ေတာင္ သူ၏ပါရမီကို ထပ္မံစစ္ေဆးခံရဦးမည္မွာ ျဖစ္နိုင္သည္။ ထိုအခါတြင္ သူ၏ အၾကည္ေရာင္အဆင့္ ပါရမီ ကို သိသြားၾကမည္ျဖစ္သည္။
ခ်ဴခ်ဴယန္ကို ကုသရသည့္ အေတြ႕အႀကဳံ ၿပီးေနာက္တြင္ အၾကည္ေရာင္အဆင့္ ပါရမီ ၏ ဆိုလိုရင္းကို နားလည္ခဲ့သည္။ ၎အခ်က္ လူသိသြားပါက သူ႕ကို လာရွာၾကမည့္ လူမ်ားစြာ ရွိလာမည္ျဖစ္သည္။
အကယ္၍ ထိုသူမ်ားမွာ လွပေသာ မိန္းကေလးမ်ားဆိုလွ်င္ မေထာင္းသာေသာ္လည္း ႐ုပ္ဆိုးဆိုး ေယာက္်ားတစ္ခ်ိဳ႕က သူ၏ အကူအညီကို ေတာင္းရန္ေရာက္လာပါက ကူညီေပးရမည္ထက္ ေသရမည္ကို သာ သူေ႐ြးမိမည္ျဖစ္သည္။
ထို႔အျပင္ ေဝကလန္၏ အေျခအေနကို အၿမဲေစာင့္ၾကည့္ခိုင္းထားေသာ ေလာင္မိုင္ လည္းရွိေနေသးသည္။ အကယ္၍ ေဝေဆာင္ နံေဘးမွ ထြက္သြားပါက ေလာင္မိုင္ က သူ႕အေပၚ ေသခ်ာေပါက္ သံသယဝင္မည္ျဖစ္သည္။
အင္း..ၾကည့္ရတာ အျခားအခန္းကို ေျပာင္းဖို႔္ ေမွ်ာ္လင့္ခ်က္ မရွိဘူးပဲ။
ဒါေပမယ့္ အဝါေရာင္အခန္းမွာ ေနရတာက အခ်ိန္ျဖဳန္းတီးရာက်တယ္။
ဤအေတြးျဖင့္ ရႈပ္ေထြးေနစဥ္ အျပင္ဘက္မွ တံခါးေခါက္သံတစ္ခုကို ၾကားလိုက္ရသည္။
ဟမ္ ဇူအန္ အခ်ိန္ကို လွမ္းၾကည့္လိုက္သည္။ အခုအခ်ိန္က အတန္းေတြမွာ စာသင္ေနတုန္းပဲမဟုတ္လား။ ဘယ္သူျဖစ္မလဲ။
ရွန္းလွ်ို႔ယီ ျဖစ္မလား။
ဇူအန္ ေပ်ာ္႐ႊင္စြာ ထခုန္လိုက္ၿပီး တံခါးဆီသို႔ ေျပးသြားလိုက္သည္။
႐ုတ္တရက္ အရာတစ္ခုကို မွတ္မိလိုက္သည္။ အဲ ရွို႔ဟုန္ေလ ဆီကေန ပင္လယ္ခ႐ုခြံကို ျပန္ယူဖို႔ေမ့လာတယ္။ သူနဲ႕ ေတြ႕တိုင္း ဒါကို ျပန္ေတာင္းဖို႔ အၿမဲေမ့ေနတာပဲ။
လူတစ္ဖက္သားကို မည္သို႔ ရွင္းျပရမည္ကို ေတြးေတာေနရင္း တံခါးဖြင့္လိုက္သည္။ ဝင္းလက္ေသာ မ်က္လုံးမ်ား ႏွင့္ ၾကင္နာတတ္ေသာ ပုံစံရွိသည့္ မိန္းကေလးတစ္ဦး ကို တံခါးဝတြင္ ေတြ႕လိုက္ရသည္။ သူမတြင္ ရွန္းလွ်ို႔ယီ ႏွင့္ ယွဥ္နိုင္ေသာ အလွတရားတစ္ခုကို ပိုင္ဆိုင္ထားသည္။
ကြၽန္မကို ဝင္ဖို႔ မဖိတ္ေခၚေတာ့ဘူးလား ဤမိန္းကေလးက အၿပဳံးတစ္ခုျဖင့္ ေျပာလိုက္သည္။
လာပါ။ လာပါ။ မင္းက အခု အတန္းထဲမွာ ရွိေနရမွာမဟုတ္ဘူးလား ဇူအန္ အနည္းငယ္ ဇေဝဇဝါ ျဖစ္ေနသည္။ ဤမိန္းကေလးမွာ မနက္ပိုင္းကပင္ သူႏွင့္ ဆုံေတြ႕ခဲ့ေသာ က်န္းတန္ ျဖစ္ေနသည္။
က်န္းတန္ တည့္တည့္မတ္မတ္ ဝင္လာဝည္။ ရွင္လည္း အတန္းထဲမွာ ရွိေနရမွာမဟုတ္ဘူးလား
ဒါေပမယ့္ ငါက ဆရာတစ္ေယာက္ ေလ.. ဇူအန္ တံခါးျပန္ပိတ္လိုက္သည္။ သူ၏ အသံအားေပ်ာ့သြားသည္။
အကယ္၍ ဆရာေတြလည္း အတန္းမတက္လို႔ရရင္ ေက်ာင္းသားေတြလည္း ဘာလို႔ မလုပ္နိုင္ရမွာလဲ က်န္းတန္က သူ႕ကို မ်က္စိမွိတ္ျပလိုက္သည္။ သူမ၏ အသြင္အျပင္က ခ်စ္စရာေကာင္းေနသည္။
မင္းလည္း လုပ္နိုင္တာေပါ့။ ဒါေပမယ့္ မင္းကို အေတာ္ေလး စည္းကမ္းလိုက္နာတဲ့ လူတစ္ေယာက္လို႔ အၿမဲထင္ေနခဲ့တာ။ အတန္းလစ္တာမ်ိဳးေတြဘာေတြ မလုပ္နိုင္ဘူးလို႔ ထင္ထားတာ က်န္းတန္မွာ ခ်မ္းသာေသာ ကလန္တစ္ခုမွလာေသာ စည္းကမ္းရွိ စံနမူျပ မိန္းကေလးတစ္ေယာက္ျဖစ္သည္ဟု ေက်ာင္းသား အေတာ္မ်ားမ်ား ဆီက ၾကားဖူးခဲ့သည္။ သူမ၏ လႈပ္ရွားဟန္ အမူအရာတိုင္းမွာ တင့္တယ္မႈအျပည့္ရွိေနၿပီး ျပစ္ခ်က္တစ္ခ်က္ပင္မရွိေပ။
လိမၼာတဲ့ မိန္းကေလး တစ္ေယာက္အျဖစ္ ေနရတာ အေတာ္ပ်င္းစရာေကာင္းတယ္။ ဒါေၾကာင့္ တစ္ခါတစ္ေလေတာ့ စိတ္ဝင္စားစရာ တစ္ခုခုကို ေတာင့္တမိတယ္။ ဒါကို အားဇူ လည္း ေကာင္းေကာင္းနားလည္မယ္လို႔ ထင္တယ္ က်န္းတန္က သူ႕ကို ေမးခြန္းထုတ္လိုက္ေသာ အၾကည့္ျဖင့္ ၾကည့္ေနသည္။ သူမ၏ ပန္းေရာင္ ႏႈတ္ခမ္းစိုစိုေလးတြင္ အၿပဳံးတစ္ခု အရိပ္အေယာင္ရွိေနသည္။
ဇူအန္ ရင္ခုန္သြားသည္။ က်န္းတန္ က သူ႕ကို ဆြဲေဆာင္ခဲ့သည့္ ေနာက္ဆုံးအႀကိမ္မွာလည္း ဤအခန္းအထဲတြင္ျဖစ္သည္ယ ထိုစဥ္အခ်ိန္က ေတာမီးတစ္စ ရွို႔မိလုနီးပါးေတာင္ျဖစ္ခဲ့ရသည္။
ဒီမိန္းမက ဒီေန႕ ဒီကို ဘာေၾကာင့္ ေရာက္လာရတာလဲ။ ဒီလို ေလွ်ာက္ေျပာေနဖို႔္ေတာ့ လာစရာအေၾကာင္းမရွိဘူး။
ဒါဆိုလည္း စိတ္ဝင္စရာ တစ္ခ်ိဳ႕ကို အတူတူလုပ္ၾကတာေပါ့ ဇူအန္ ၿပဳံးလိုက္ၿပီး သူမ အနား တိုးသြားသည္။
ဟြန္း။ ငါ မင္းကို ေၾကာက္မယ္ထင္ေနလား။ ဒီကိစၥမွာ ငါ ရႈံးမွာမဟုတ္ဘူး။
ငါ့မိန္းမဆီကေတာင္ ခြင့္ျပဳခ်က္ရထားၿပီးသား။
အင္း.. က်န္းတန္၏ မ်က္ႏွာတြင္ ညွို႔ယူဖြယ္ အၿပဳံးတစ္ခု ထင္ဟပ္ေနသည္။ သူ႕ကို တိတ္တဆိတ္ ဖိတ္ေခၚေနသလိုပင္။
ဇူအန္က သူမကို ထိေတာ့မည့္အခ်ိန္တြင္ က်န္းတန္ ေျပာလိုက္သည္။ ဆရာဇူ ဒီေက်ာင္းသူ က လက္ဝါးသိုင္းတစ္ခုကို ေလ့က်င့္ေနတာ။ ဒါေပမယ့္ အဲ့ဒါကို ကြၽမ္းက်င္ဖို႔ အေဝးႀကီးလိုေနေသးတယ္။ ေနရာတစ္ခ်ိဳ႕ ေထာက္ျပေပးဖို႔ ဆရာ့ကို ေတာင္းဆိုခ်င္ပါတယ္
သူ႕ကို ဆရာ ဟု ေခၚလိုက္ေသာအခါ ဇူအန္၏ ေက်ာရိုးတစ္ေလွ်ာက္ ခ်မ္းစိမ့္သြားသည္။ ဒီမိန္းမက ေက်ာင္းသူ နဲ႕ ဆရာ ဒရမ္မာေတြ ၾကည့္ဖူးစရာ အေၾကာင္းမရွိဘူးမလား။
ငါက က်င့္ႀကံေရးသင္တဲ့ ဆရာ တစ္ေယာက္မွ မဟုတ္တာပဲ။ ဘာျဖစ္လို႔ ငါ့အစား ဆရာ ပိုင္ ကို သြားမရွာတာလဲ
က်န္းတန္ မေက်မနပ္ ေျပာလိုက္သည္။ သူက ေယာက္်ား ျဖစ္ခ်င္တာလား။ မိန္းမ ျဖစ္ခ်င္တာလား ေတာင္ မသိဘူး။ သူ႕လိုလူမ်ိဳးဆီကေတာ့ အသင္မခံခ်င္ဘူး
ဒါေပမယ့္ က်န္းကလန္မွာေတာ့ ဆရာေတြ အမ်ားႀကီးရွိမွာပါ။ ဟုတ္တယ္ မလား။ ဘာျဖစ္လို႔ သူတို႔ထဲက တစ္ေယာက္ကို သြားမရွာတာလဲ ဇူအန္ ေမးလိုက္သည္။
သူတို႔ေတြက သခင္မေလးတစ္ေယာက္လို႔ပဲ ျမင္ၾကတယ္။ ဘယ္လိုလုပ္ တကယ္တိုက္ခိုက္ရဲမွာလဲ။ ၿပီးေတာ့ သူတို႔ေတြ အားလုံးက ေယာက္်ားေတြခ်ည္းပဲ။ ဒါေၾကာင့္ လက္ေတြ႕ ေလ့က်င့္ဖို႔ မသင့္ေလ်ာ္ဘူး က်န္းတန္၏ မ်က္ႏွာတြင္ ရွက္ေသြးျဖာေသာ အရိပ္အေရာင္အနည္းငယ္ ေပၚလာသည္။
ဇူအန္ စိတ္ဓာတ္က်ေသာအသံျဖင့္ ေျပာလိုက္သည္။ ငါကေရာ ေယာက္်ားတစ္ေယာက္မဟုတ္ဘူးလား
က်န္းတန္၏ အနီေရာင္ႏႈတ္ခမ္းမ်ား အနည္းငယ္ ဖြင့္ဟ သြားသည္။ သူမ တခဏရပ္လိုက္ၿပီးေနာက္ ေျပာလိုက္သည္။ ရွင္က မတူဘူး
ေသာက္က်ိဳးနည္း။...အကယ္၍ ငါသာ အရင္က ႐ုပ္ရွင္ ဒရမ္မာေတြ ရဲ႕ ဇာတ္လမ္းဇာတ္ကြက္ေတြ အမ်ိဳးစုံေအာင္ မၾကည့္ထားမိခဲ့ရင္ အခုခ်ိန္ေလာက္ဆိုရင္ သူ႕လက္ခုပ္ထဲမွာ ေကြးေနေအာင္ ကေနရေလာက္ၿပီ။
ဇူအန္က ျပႆနာျဖစ္သြားေသာ မ်က္ႏွာအမူအရာေျပာင္းလိုက္သည္။
ငါက အဝါေရာင္အခန္း က ေက်ာင္းသားတစ္ေယာက္ဆိုတာကို သိတယ္မလား။ ဘယ္လိုလုပ္ၿပီးေတာ့ ေကာင္းကင္အခန္းက တစ္စုံတစ္ေယာက္ရဲ႕ ၿပိဳင္ဘက္ျဖစ္မွာလဲ
ဟြန့္။ ဘယ္သူ႕ကို အ႐ူးလုပ္မလို႔လဲ။ ရွင္က ကလန္ၿပိဳင္ပြဲမွာ ယြမ္ဝမ္ဒုံ ကိုေတာင္ အနိုင္ယူခဲ့ေသးတာပဲ။ ၿပီးေတာ့ ေျမေအာက္ဂူထဲမွာ ရွီခြန္းကိုလည္း နိုင္ခဲ့ေသးတယ္။ ဒီလိုအဆင့္မ်ိဳးကို ႂကြားနိုင္တဲ့သူ ဘယ္ႏွေယာက္ရွိလို႔လဲ က်န္းတန္ ေျခေဆာင့္လိုက္ကာ ဆြဲေဆာင္မႈရွိေအာင္ ႏႈတ္ခမ္းစူလိုက္သည္။ ရွင္က ကြၽန္မကို သင္မေပးခ်င္လို႔လား
ဇူအန္ သက္ျပင္းခ်လိဳက္သည္။ မင္းကို ဘယ္လိုသင္ေပးရမလဲဆိုတာကို ငါ တကယ္ကိုမသိဘူးေလ..
သူ၏ ကိုယ္ပိုင္ပညာရပ္မ်ား အားလုံးနီးပါးမွာ ကီးဘုတ္ေၾကာင့္ ရခဲ့ျခင္းျဖစ္သည္။ အျခားသူမ်ားကို သင္ေပးရန္ တကယ္ကို ယုံၾကည္မႈမရွိေပ။
က်န္းတန္ စိတ္ထဲမထားပုံရသည္။ ရပါတယ္။ ဒီအတိုင္းပဲ ကြၽန္မနဲ႕ သိုင္းဖလွယ္ေပးေပါ့
ဒါဆို ေနာက္ပိုင္း မင္း နာလို႔ ငိုသြားရင္ ငါနဲ႕ မဆိုင္ဘူးေနာ္... ဇူအန္ က လက္ဆစ္ခ်ိဳးကာ ရယ္လိုက္သည္။
သူ၏ စကားမဆုံးခင္မွာပင္ ကမၻာတစ္ခုလုံး ပက္လက္လန္သြားသည္။ ေျမႀကီးေပၚသို႔ ကိုင္ေပါက္ခံလိုက္ရျခင္းျဖစ္သည္။
ခ်က္ျခင္းပင္ က်န္းတန္က အျပစ္ကင္းေသာအၾကည့္ျဖင့္ ေခါင္းငုံ႕ၾကည့္လိုက္သည္။ ဟာ ေတာင္းပန္ပါတယ္။ အခုနက အားအမ်ားႀကီးသုံးမိလိုက္တယ္နဲ႕တူတယ္။ အားဇူ ရွင္ အဆင္ေျပရဲ႕လား
------ ------------------------------- ----- - - - - - - - - - ----- - - - -