ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

45.1K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

287

220 34 0
By SoeHmue

Chapter 287: အနီးကပ်တိုက်ပွဲ (+)

ချူအိမ်တော်၏ သမားတော် ပေါင်းယွဲ့လု အလောတကြီး အပြေးအလွှားရောက်ရှိလာသည်။ တံခါးကို တွန်းဖွင့်ဝင်တော့မည့်အချိန်တွင် ချင်ဝမ်ယွီ က တားလိုက်သည်။
"သခင်မကြီး။ ဒါဘာသဘောလဲ။ သခင်မလေး အသည်းအသန် နေမကောင်းနေတာ မဟုတ်ဘူးလား" ပေါင်းယွဲ့လု ဇဝေဇဝါ ဖြင့် မေးလိုက်သည်။

ချင်ဝမ်ယွီ ၏ မျက်နှာရဲသွားသည်။ "အဲ..အထဲမှာ တစ်ယောက်ယောက်ရှိနေတယ်။ ဒါကြောင့် အခုချိန်ဝင်ဖို့ မသင့်လျော်ဘူး"

"အော် နတ်ဆေးဆရာ ကျီ ရောက်လာပြီလား" ပေါင်းယွဲ့လု က ချင်ဝမ်ယွီ ၏ ရုတ်တရက် နီရဲမှုကို မြင်ရသောအခါ မုတ်ဆိတ်သပ်လိုက်မိသည်။ မဒမ်က တကယ်ကို လှတာပဲ။ အကယ်၍ ငါ့အသက်သာ နှစ်နှစ်ဆယ်လောက် ငယ်နေရင် တကယ်ကို ရင်ခုန်မိမှာပဲ။
သခင်ချူက အတော်လေး ကံကောင်းတာ။ ဒါပေမယ့်လည်း နှမြောစရာပဲ...
အင်း ကံတရားက လူတွေကို တကယ်ပဲ ဆော့ကစားတတ်တယ်…။

"မဟုတ်ဘူး။ အဲ့ဒါ အခြားတစ်ယောက်" ချင်ဝမ်ယွီ ရှင်းပြလိုက်သည်။ " သမားတော်ပေါင်းကို ခဏစောင့်ဖို့ ဒုက္ခပေးရဦးမယ်"

"အို" ပေါင်းယွဲ့လုက အိမ်ဆီသို့ စိတ်ဝင်တစား လှမ်းကြည့်လိုက်သည်။ "လပြည့်မြို့မှာ ဆေးပညာကျွမ်းကျင်တဲ့ နောက်တစ်ယောက် ရောက်နေတာလား။ ဒါဆိုလည်း ဒီလူအိုကြီး ရဲ့ ဗဟုသုတတွေ ပွင့်လင်းစေရတာပေါ့"

ချင်ဝမ်ယွီ ကို့ရို့ကားယား တိတ်ဆိတ်သွားသည်။ နောက်ပိုင်း ကိစ္စများကို မည်သို့ရှင်းပြရမည်ကို သူမ မသိပေ။

ချူကျုန်းထန် လည်း စိတ်လှုပ်ရှားစွာ ရှေ့နောက် လျှောက်နေသည်။ အဆုံးတွင် သူ၏ စိတ်ကို မထိန်းထားနိုင်တော့ပေ။ သူ၏ ဇနီးကို ဘေးသို့ခေါ်ကာ မေးလိုက်သည်။ "မိန်းမ… အားဇူက တကယ်ပဲ စိတ်ချရလို့လား။ ဆေးဆရာ ပေါင်း ကို အရင်ကြည့်ခိုင်းလိုက်တာ မကောင်းဘူးလား။ ဒါမှမဟုတ် နတ်ဆေးဆရာကျီကို သွားခေါ်လိုက်ရမလား"

ဆေးဆရာ ပေါင်း ၏ မာနကို ထည့်စဉ်းစားကာ ဒုတိယနာမည်ကို ပြောရာတွင် သူ၏အသံကို အတတ်နိုင်ဆုံး နှိမ့်ပြောလိုက်သည်။

ချင်ဝမ်ယွီ လည်း ယုံကြည်မှုမရှိနေပေ။ "ကျွန်မလည်း မသိဘူး။ ဒါပေမယ့် ချူယန်က သူ့ကို အတော်ယုံပုံရတယ်။ သူ့ကို အားကိုးလို့ရတာလည်း ဖြစ်နိုင်တယ်"

ချူဟွမ်ကျောက် လည်း အရှိန်ထပ်မြှင့်ပေးလိုက်သည်။ "သမီးလည်း ခဲအိုကို ယုံတယ်။ သူ သေချာပေါက် အစ်မကို ကယ်ပေးလိမ့်မယ်"

ချင်ဝမ်ယွီ က သူမ သမီး၏ နဖူးကို ပုတ်လိုက်သည်။ "နင့်လို့ ကလေးမလေးက ဘာသိလို့လဲ"

ချူကျုန်းထန် လည်း နားမလည်သော အကြည့်ဖြစ်သွားသည်။ "မင်း မသေချာနေတာတောင် သူ့ကို ကုခွင့်ပြုလိုက်တာလား"

"တော်ပြီ။ တော်ပြီ" ချင်ဝမ်ယွီ စိတ်ဖိစီးနေသည်။ "အဲ့ဒီ မြေခွေးမိစ္ဆာကို ဘယ်ပို့လိုက်လဲ"

"မြေခွေးမိစ္ဆာ " ချူဟွမ်ကျောက် က သူတို့နှစ်ဦးကို တွေဝေစွာ ကြည့်လိုက်သည်။

ချူကျုန်းထန် အမြန်ပြောလိုက်သည်။ "ဒီမှာ ကလေးရှိတယ်။ စကားပြော ဆင်ခြင်ပါဦး"

ချင်ဝမ်ယွီ က အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။ "ကျွန်မပြောတာ မှားလို့လား။ အဲ့ဒီမိန်းကလေးသာ ကျွန်မတို့ တံခါးကို လာမခေါက်ခဲ့ရင် ဘယ်လို့ ချူယန်က အရမ်းဒေါသထွက်ခဲ့မှာလဲ"
သူမ၏ ခက်ထန်မှု ကို ဆက်ထိန်းထားသော်လည်း သူမ၏ စကားအပြောအဆိုကို ပြောင်းခဲ့သည်။

"သူ့ကိုလည်း အပြစ်တင်လို့မရဘူးလေ" ချူကျုန်းထန် ပြောလိုက်သည်။ "ချူယန် ဒဏ်ရာရထားတယ်ဆိုတာကို သူမှ မသိတာ။ နောက်ဆုံးတော့ ဒီရလဒ်က အားဇူက လူတိုင်းအပေါ် အရမ်းညှာတာလွန်းနေလို့ပဲ"

"ဘာ" ချင်ဝမ်ယွီ ဒေါသထွက်သွားသည်။ " အဲ့ဒီမ်ိန်းမက ဒီမိသားစုကိုတောင် မဝင်ရသေးဘူး။ ရှင်က သူ့အစား ကာပြောပေးနေပြီလား။ ရှင်တို့ ယောက်ျားတွေက တစ်စက်ကလေးမှ ကိုယ်ရည်ကိုယ်သွေးမရှိဘူး။ မိန်းကလေးလှတာမြင်ရင် ခေါင်းကို တန်းနှိမ့်ချတော့တာပဲ"

"မင်း ဘာကိုပြောချင်တာလဲ..." ချူကျုန်းထန် ၏မျက်နှာပေါ်တွင် လုပ်ယူထားသော အပြုံးတစ်ခုရှိနေသည်။

ချူဟွမ်ကျောက် ဇဝေဇဝါ ဖြစ်သွားသည်။ "အဖေ ကိုယ်လုပ်တော်တစ်ယောက် ရသွားတာလား"
ငါတို့ ကလန်ထဲက ဦးလေးတွေအားလုံးမှာ မောင်းမမိတ်သံအုပ်စုတွေ ရှိကြတယ်။ ပြီးတော့ ငါတို့အဖေက သူတို့တွေအထဲမှာ အဆင့်အတန်းအမြင့်မားဆုံးပဲ။
အမှန်တွင် သူမက သူမအဖေဖြစ်သူကို အနည်းငယ် သနားမိနေသည်။ ဤအရာတွင် သူတကယ်ပဲ ရုန်းကန်နေရသည်။
ဤကမ္ဘာရှိ အထက်တန်းစား ပတ်ဝန်းကျင်တွင် တစ်ဦးထက်ပိုသော ဇနီး နှင့် ကိုယ်လုပ်တော်ရှိခြင်းမှာ လုံးဝသာမန် ဟုသာ သူမ အမြဲထင်နေမိသည်။ သို့သော်လည်း သူမ၏ အမေမှာ စည်းကမ်းတင်းကြပ်သူဖြစ်ပြီး သူမ၏ အဖေမှာ လိုက်လျောလွန်းသူဖြစ်သည်။ ထို့ကြောင့် သူမသည် အဖေဖြစ်သူဘက်သို့ ယိမ်းနေသည်မှာ သဘာဝကျသည်။

သေချာသည်မှာ သူမတွေးနေသည့်အရာကို ချင်ဝမ်ယွီ မသိပေ။ သိပါက မိခင်တစ်ယောက်၏ မေတ္တာအစစ်အမှန် ဘာလဲဆိုတာ သိသွားစေမည့် နာကျင်ဖွယ် သင်ခန်းစာများကို သေချာပေါက် သင်ကြားပြသပေးမည်ဖြစ်သည်။

ချူကျုန်းထန် မျက်နှာ နီရဲသွားသည်။ "အဓိပ္ပါယ်မရှိတာပဲ။ အဲ့ဒီလိုမဟုတ်ဘူး။ အဲ့ဒါက သမီးအစ်မ ရဲ့ ယောက်ျား"

"ခဲအို လား" ဤဒရမ်မာကို ဘေးမှနေ၍ စိတ်မြင့်မားစွာ ကြည့်ရှု့နေသော ချူဟွမ်ကျောက် မှာ ထိုစကားကြားရသောအခါ တွေဝေသွားသည်။ ဘာတွေဖြစ်ကုန်တာလဲ။

"ခဲအိုက ကိုယ်လုပ်တော် တစ်ယောက် ယူလိုက်တာလား" ချူဟွမ်ကျောက် အမြန်မေးလိုက်သည်။ ဤသတင်းကို သူမ အစာမချေနိုင်သေးသည်မှာ ရှင်းနေသည်။ ဒီသတင်းက တကယ်ကို အရမ်းကို့ရို့ကားယား ဆန်လွန်းတယ်။

"ဟွန်း။ ဒီလောက် ထိန်းမရတဲ့ သားမက်မျိုးကို ငါ တစ်ခါမှ မကြားဖူးဘူး" ချင်ဝမ်ယွီ ဒေါသကြီးစွာ နှာခေါင်းရှုံ့လိုက်သည်။ ဤအခြေအနေအပေါ် သူ့ မကျေနပ်မှုက ထင်ရှားနေသည်။

"မိန်းကလေးက ဘယ်သူလဲ" ချူဟွမ်ကျောက် လည်း သူမ၏ စိတ်ဗလာကျင်းသွားသည်ဟု ခံစားလိုက်ရသည်။ သူမ၏ အဖေဖြစ်သူ အဆုံးတွင် ကိုယ်လုပ်တော် တစ်ယောက် ရသွားပြီဟု ထင်နေသော သူမ၏ မူလစိတ်လှုပ်ရှားမှုမှာ လုံးဝပျောက်ကွယ်သွားသည်။

"အင်မော်တယ်ဗိမ္မာန်က မိန်းကလေးပေါ့။ သူမက ငါတို့ ချူကလန် အရှက်ရစေမှာကို မကြောက်ဘူးလား" ချင်ဝမ်ယွီက သူမ၏ ခင်ပွန်းကို စိုက်ကြည့်လိုက်သည်။ ၎င်းမိန်းကလေး၏ နာမည်ကို မပြောရန် သူ့ကို သတိပေးလိုက်သည်မှာ ထင်ရှားသည်။

"အဲ့ဒါ ရှို့ဟုန်လေ လား" ချူဟွမ်ကျောက် ၏ အသံ မြင့်သွားသည်။

"သမီး ဘယ်လို သိတာလဲ" ချူကျုံးထန် အံအားသင့်သွားသည်။ ငါ့သမီးငယ်က ဒီ အင်မော်တယ်ဗိမ္မာန် ရဲ့ ပြဿနာကို ဘယ်လိုသိသွားတာလဲ။

"ဟွန်း ဘယ်လိုလုပ် မသိဘဲနေမလဲ။ ခဲအိုက အဲ့ဒီနေရာမှာ ပြဿနာကြီးကြီးတစ်ခု ရှာခဲ့တယ်လေ။ သူက တကယ်ပဲ အဲ့တစ်ယောက်ကို မြန်မြန်ကြီး ခေါ်လာရဲတာပဲ " ချူဟွမ်ကျောက် က ချူကျုန်းထန် ကို စိတ်ဆိုးသောအကြည့်ကြည့်လိုက်သည်။ "အဖေ အဲ့ဒီမိန်းမ ကို ဘယ်ပို့လိုက်လဲ"

"ဧည့်သည်နားခိုခန်း နေမှာပေါ့။ အတိအကျတော့ အဖေလည်း မသိတော့ဘူး..." ချူကျုံးထန် မရေမရာဖြေလိုက်သည်။
ဘာဖြစ်လို့ ငါ့ရဲ့ ဒီသမီးငယ်က ပထမသမီးထက်တောင် ပိုဒေါသထွက်နေရတာလဲ။

သူ၏ စကားအဆုံးကိုပင် မစောင့်တော့ဘဲ ချူဟွမ်ကျောက် က ဧည့်သည်နားခိုခန်း ဆီသို့ ခြေဆောင့်ကာ ထွက်သွားတော့သည်။
ကံဆိုးစွာပင် ရှို့ဟုန်လေ မှာ ချူကလန် ဧည့်သည်နားခိုခန်း တွင် မရှိနေသည်ကို သူတို မသိကြပေ။ သို့အစား သူမက ဇူအန် ၏ အခန်းထဲတွင်ရှိနေသည်။

"ဒါက မင်းတို့ သခင်လေး နေတဲ့ နေရာပေါ့" သူမ၏ အရှေ့တွင်ရှိနေသော ခြံငယ်လေးကို ကြည့်ကာ ရှို့ဟုန်လေ ၏ နှုတ်ခမ်းထောင့် တွန့်ကာ ခပ်မှိန်မှိန် ပြုံးလိုက်သည်။

"ဟုတ်ပါတယ်။ သခင်လေးက ဒီမှာနေပါတယ်။ ပုံမှန် ဆိုရင် သူက သခင်မလေးနဲ့ အတူနေလေ့မရှိဘူး" ထိုအစေခံက မျက်နှာလုပ်ကာပြောလိုက်သည်။ ဒီမိန်းကလေးက အရမ်းလှတာပဲ။ သူ့ရဲ့ ကိုယ်သင်းရနံ့ကလည်း အတော်ကောင်းတာပဲ။

"ကျေးဇူးပါပဲ။ ရှင့်နာမည် ဘယ်လိုခေါ်လဲ" ရှို့ဟုန်လေ ချိူသာစွာ ပြုံးလိုက်သည်။

ထိုအစေခဲမှာ ချက်ချင်း ပျော်သွားကာ ပျာယာခတ်သောအမူအရာဖြင့် ဖြေလိုက်သည်။ "ဒီနိမ့်ကျတဲ့ တစ်ယောက်ကို ကျင်ကျု လို့ခေါ်ပါတယ်"

"ကျင်ကျု(ရွှေ၀က်) " ရှို့ဟုန်လေ တခစ်ခစ်ရယ်လိုက်သည်။ "အတော် ထူးဆန်းတဲ့နာမည်ပဲ"

ထိုအစေခံ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဉ်သွားသည်။ သူ ငါ့ကို ပြုံးပြတယ်။ သူက ငါ့ကို ပြုံးပြလိုက်တယ်။

“သခင်မ လိုအပ်တာရှိသမျှ ကျွန်တော့်ကို မေးလို့ရပါတယ်" ကျင်ကျု ဟူသော အစေခံက ဆက်လက် ပြောလိုက်သည်။

"အကို ကျင်ကို ကျေးဇူးတင်ပါတယ်" ရှို့ဟုန်လေ က သူ့ကို အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်ပြီးနောက် ၎င်းခြံဝန်းငယ်ကို စိတ်ဝင်တစား အကဲခတ်ကြည့်ရှု့လိုက်သည်။
ရှို့ဟုန်လေ တွင် သိချင်နေသော အမူအရာရှိနေသည်။ သူ ပုံမှန်နေတဲ့ နေရာမှာ တစ်ခုခုများ ဖွက်ထားတာရှိမလားမသိဘူး။ သူမ တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည်။ ဇူအန်က သူ၏ လူသိထင်ရှားသော အမှိုက်ဟူသော အတိတ်မှ ကြီးကြီးမားမား မည်ကဲ့သို့ ပြောင်းလဲသွားရခြင်းအကြောင်းကို သူမ ရှာတွေ့ချင်နေသည်။

ရုတ်တရက် သူမ၏ အမူအရာပြောင်းလဲသွားကာ ဘေးသို့ အလျှင်အမြန် ရှောင်တိမ်းလိုက်သည်။ သူမ ရပ်နေခဲ့သော နေရာတွင် ပြင်းထန်သော လေတစ်ခု တိုက်ခတ်သွားသည်။
"ဟင်…" သူမကို တိုက်ခိုက်လိုက်သူမှာ ဤပြင်းထန်သော တိုက်ခိုက်မှုကို ရှောင်လိုက်နိုင်မည်ဟု မထင်မှတ်ထားဟန်ရှိသည်။

ရှို့ဟုန်လေ သတိကပ်လိုက်သည်။ သူမကို တိုက်ခိုက်သူ၏ အချိန်ကိုက်မှုမှာ ကောင်းမွန်ပြေီး လုပ်ဆောင်လိုက်သော ထောင့်အနေအထားမှာ ကာကွယ်ရန် ခက်ခဲလှသည်။ သူမ၏ ရှောင်တိမ်းနိုင်သော စွမ်းရည်မှာ သူမ၏ ပုံမှန်စွမ်းရည်အကန့်အသက်ထက် ကျော်လွန်ခဲ့ပြီဖြစ်သည်။ ဒုတိယတစ်ကြိမ် တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရန် သူမတွင် ယုံကြည်ချက်မရှိပေ။

မိန်းမတစ်ယောက်လား။
တိုက်ခိုက်သူ၏ အံသြသံတစ်ခု မှာ အချိန်တခဏလေးသာ ထွက်ပေါ်လာသည်။ သို့သော် သူမ နား ထံမှ မလွတ်ခဲ့ပေ။
သူက ဘယ်သူလဲ။

အခန်းမှာ မှောင်မဲနေပြီး သူတို့ မည်သူမှ မီးအိမ်အလင်း ထွန်းညှိရန် အခွင့်အရေးမရှိခဲ့ပေ။ နှစ်ဖက်စလုံး မျက်မှောင်ကြုတ်လိုက်သည်။
အဲ့ဒါက ချူကလန်ရဲ့ ဒုတိယမိန်းကလေးလား။ ထိုအတွေးတစ်ခု သူမ၏ ခေါင်းထဲတွင် ပေါ်လာသည်။
ချူပထမမိန်းကလေးမှာ ချူကလန်၏ ကောင်းချီး အားလုံးကို ဆက်ခံရရှိထားသည်ဟု လူအများသိကြသည်။ သူမ မိခင်ထံမှ လှပမှုကို ရရှိထားသည်က လွဲ၍ သူမ၏ ညီမငယ်မှာ ကောင်းကြောင်း အရာတစ်ခုမှမရှိပေ။

တစ်ခုခုကို သူမ ဖုံးကွယ်ထားတာလား။
ဟွန်း ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာမှာ ဒီလောက် မထင်မှတ်ထားတာတွေ ဘယ်လို ရှိနိုင်မှာလဲ။ ဇူအန် တစ်ယောက်ဆိုရင်ပဲ တော်လောက်ပြီ။ ဘယ်လိုလုပ် သူ့လိုမျိုး နောက်တစ်ယောက် ထပ်ရှိနိုင်မှာလဲ။
ဒါဆိုရင် အခု သူမက ဘယ်သူလဲ။ သူမက ဘယ်လိုလုပ်ပြီး ဇူအန်ရဲ့ အခန်းထဲမှာ ရှိနေရတာလဲ။ ရှို့ဟုန်လေ တွေဝေသွားသည်။ သို့သော် သူမ၏ တွေဝေမှုတွင် စိတ်ဝင်စားမှု အရည်အသွေးများ ပါဝင်နေသည်။

ထိုမိန်းကလေးကို ဖမ်းရန် သူမ ဆုံးဖြတ်လိုက်သည်။ လျှို့ဝှက်ချက်ကြီးတစ်ခုကို သူမ ကြုံတွေ့လိုက်ရပြီဟု ခံစားနေရသည်။
ကံဆိုးသည်မှာ ထိုမိန်းကလေး၏ ကျင့်ကြံမှုအဆင့်မှာ မယုံနိုင်စရာကောင်းအောင် မြင့်မားနေခြင်းဖြစ်သည်။ ရှို့ဟုန်လေ အစွမ်းကုန်တိုက်သော်လည်း အခြားသူက သူမ၏ သိုင်းကွက်အားလုံးကို ကာကွယ်နိုင်ခဲ့ပြီး ကိစ္စများ ပြောင်းပြန်ဖြစ်လုနီးပါး အကြိမ်များစွာ ဖြစ်ခဲ့သည်။

ချူကလန်ဝင်များကို အချက်ပေးမိမည်စိုးရိမ်သဖြင့် ရှို့ဟုန်လေက သူမ၏ ဒြပ်စင်စွမ်းရည်ကို အသုံးမပြုရဲပေ။ တိုက်ခိုက်သူနှစ်ဦးမှာ ဆက်လက် တိုက်ကွက်များ ဖလှယ်နေကြသည်။
သို့သော်လည်း သူတို့ ၏ တိုက်ခိုက်ချိန် ကြာလာလေလေ သူမ ပိုမိုစိုးရိမ်လာလေလေဖြစ်သည်။

ဖေးမြန့်မုန်လည်း တူညီစွာ အံသြနေသည်။ ဤအခန်းထဲတွင် ဇူအန်ကို သူမ စောင့်နေခြင်းဖြစ်သည်။ အမှန်ဆိုရလျှင် သူမ အဘယ်ကြောင့် ဤနေရာသို့ ပြေးလာခဲ့မှန်း မသိခဲ့ပေ။
ငယ်စဉ်ကတည်းက သူမတွင် သူငယ်ချင်း အများအစား မရှိခဲ့ခြင်းကြောင့်လည်းဖြစ်နိုင်သလို ဇူအန်က အခြားသူများ နှင့် မတူသောကြောင့်လည်းဖြစ်နိုင်သည်။ သူတို့၏ ဆက်ဆံရေးကို သူမ ကောင်းကောင်းတန်ဖိုးထားခဲ့သည်။
သေချာသည်မှာ သူမကို မေးကြည့်မည်ဆိုပါက ဤသို့လာရခြင်းမှာ ချန်ရွှမ်း လာလုပ်ကြံမည်ကို ကာကွယ်ပေးရန် အတွက် ဟူ၍သာ ဆိုမိမည်ဖြစ်သည်။

ယနေ့တွင် ခါတိုင်းအချိန်ထက် သူမ အနည်းငယ် စော၍ ရောက်နေခဲ့သည်။ ချည်းကပ်လာသော လူမှာ အပြင်တစ်နေရာရာသွား၍ ပြန်ရောက်လာသော ဇူအန် ဖြစ်မည်ဟု များစွာ ထင်မှတ်ထားခဲ့သည်။ အဆုံးသတ်တွင်မူ ထိုသူမှာ မိန်းကလေးတစ်ယောက်ဖြစ်နေသည်။
ထိုသူ၏ အော်ရာကို သူမ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ၎င်းမှာ ချူချူယန် ၊ ချူဟွမ်ကျောက် နှင့် ချူကလန်မှ လူ မဟုတ်သည်ကို သူမ ရှင်းရှင်းလင်းလင်း သိနေသည်။

သူမ ခိုးကြောင်ခိုးဝှက် ဝင်လာပုံကို ကြည့်ကာ ထိုသူသည် ချန်ရွှမ်း က လုပ်ကြံရန် လွှတ်လိုက်သော သူ ဖြစ်မည်ဟု သူမ ယူဆလိုက်ပြီး ချက်ချင်း တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
လွယ်ကူလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်ထားသော်လည်း သူမ ပြိုင်ဖက် ၏ ကျင့်ကြံမှုအဆင့် မှာ မယုံနိုင်စရာကောင်းအောင် မြင့်မားနေသည်။
ထိပ်တိုက်ရင်ဆိုင်မှု အကြိမ်တိုင်းသည် အမှန်ပင် အန္တရာယ်ရှိလှသည်။ တိုက်ကွက် များစွာ ဖလှယ်ပြီးနောက် သူမ ကြိုးစားသမျှ အရာမထင်သည်ကို တွေ့လိုက်ရသည်။

ဖေးမြန့်မုန်က သူမ၏ အနက်ရောင်မီးလျှံကို အသုံးပြုလုနီးပါး အကြိမ်များစွာဖြစ်ခဲ့သည်။ သို့သော်လည်း သူမ ချုပ်တည်းထားလိုက်သည်။ သူမ ဤနေရာတွင် ရှိနေသည်ကို ချူချူယန် ကို မသိစေချင်သောကြောင့်ဖြစ်သည်။
သူတို့ နှစ်ဦးမှာ အတွေးကိုယ်စီဖြင့် လက်ဗလာချင်း ဆက်လက်တိုက်ခိုက်နေလိုက်ကြသည်။

...

ဇူအန်မှာမူ သူ၏အခန်းတွင် ထိုလောက် ပြင်းထန်သော တိုက်ပွဲ တစ်ခု ဖြစ်ပွားနေသည်ကို မသိသည်မှာ ထင်ရှားသည်။ သူ၏ အာရုံကို ချူချူယန်အား ကုသပေးခြင်း အပေါ်တွင် သာ နှစ်မြုပ်ထားသည်။

ချူချူယန်က သူ့ကို ပထမက ငြင်းဆန်ခဲ့သော်လည်း သူမ၏ ခုခံမှုက သူမအ၀တ်များလို တစ်လွှာချင်း ကွာကျနေသည်ကိုလည်း သိနေသည်။
တခဏအကြာတွင် ခါးအောက်ပိုင်းမှ တင်းကြပ်အောင့်မျက်သော ဝေဒနာကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တောင့်တင်းသွားသည်။ သူမ၏ မျက်နှာမှာ လုံးဝ နီရဲသွားသည်။ "လူရမ်းကား"
သူမ ထိုစကားပြောရင်း သူ၏ ပခုံးကို ခပ်ပြင်းပြင်း ကိုက်လိုက်သည်။
သူမ ခံစားနေရသော နာကျင်မှုကို သူ့ဆီ ပြန်ပေးချင်သောကြောင့်ဖြစ်သည်။

ဇူအန် ပင့်သက်ရှုရှိုက်လိုက်သည်။ နာသောကြောင့်မဟုတ်ပေ။ သူမ မှာ အမှန်တကယ် အေးစက်နေသောကြောင့်ဖြစ်သည်။
အအေးစက်ဆုံးသော မိန်းမမှာ အတွင်းတွင် နွေးထွေးသည်ဟု ပြောခဲ့သူမှာမည်သူနည်း။
ယခင် နောက်ဆုံးအကြိမ်က အမှန်တကယ်ဖြစ်ခဲ့သော်လည်း ယနေ့အကြိမ်တွက်မူ ညီလေးနှင့်အတူ ရေခဲ နှင့် နှင်းကမ္ဘာသို့ ဝင်ရောက်လိုက်ရသကဲ့သို့ သူ ခံစားလိုက်ရသည်။
ကမ္ဘာဦးမူလကျင့်စဉ် ၏ အပူပေးမှုက သူ့ကို ကယ်ခဲ့ခြင်းဖြစ်သည်။ မည်သည့် သာမန်ယောက်ျားမျိုးမဆို ချက်ချင်းပင် အေးခဲသွားမည်ဖြစ်ပြီး အငယ်ကောင်ပင် ကျိုးပဲ့သွားမည်ဖြစ်သည်။

ဇူအန် က သူမ၏ ဆံနွယ်ကို ညင်သာစွာ ပွတ်သပ်လိုက်ကာ ပြောလိုက်သည်။ "မင်းရဲ့ ခန္ဓာကိုယ်က အရမ်းအေးစက်နေပြီ။ ဒါတောင် အမြဲ သန်မာနေဟန် ဆောင်နေတာပဲ။ တကယ်ကို ခက်ခဲခဲ့မှာပဲ"
ချူချူယန်၏ မျက်ဝန်းများ ချက်ချင်း နီရဲလာသည်။ သူ၏ စကားလုံးများက သူမ၏ အခိုင်ခံဆုံး အခွံကို ကြေကွဲစေကာ သူမ၏ အားအနည်းဆုံး အပိုင်းကို ပေါ်လာစေသည်။
သူမ၏ ကနဦး ရှက်ရွံမှုများ ပျောက်သွားသည်။ ထို့အစား ချူချူယန် အနည်းငယ် တောင်းပန်မှုကို ခံစားလိုက်ရသည်။ "ရှင် နာသွားသေးလား" သူမ မေးလိုက်သည်။

ဇူအန် ကျယ်လောင်စွာ ရယ်လိုက်သည်။ "ဒါက ငါ မျှော်လင့်တောင့်တနေတဲ့အရာပဲ။ ဘယ်လိုလုပ် ငါ နာရမှာလဲ"

"လူရမ်းကား" ချူချူယန်က သူ့ကို စိတ်ဆိုးကာ ဆိတ်လိုက်သည်။ သို့သော်လည်း သူသည် တကယ်ပင် ပူပြင်းနေသော နေလုံးနှင့် တူနေပြီး သူမ၏ ခန္ဓာကိုယ်တွင်းသို့ အဆုံးမဲ့သော နွေးထွေးမှုများ ပို့လွှတ်ပေးနေသည်။

"ဘယ်လိုခံစားရသေးလဲ" ဇူအန် ရုတ်တရက် မေးလိုက်သည်။

ချူချူယန် စကားလုံးများ ပျောက်ဆုံးနေသည်။
ဒီလူက ဒီလိုမျိုး အရှက်မဲ့တဲ့ မေးခွန်းမျိုးကို တကယ်မေးနေတယ်။ ငါ ဘယ်လို ပြန်ဖြေရမှာလဲ။

သူမမျက်နှာကို ဘေးသို့ လှည့်လိုက်ကာ နှုတ်ခမ်း တင်းတင်း ကိုက်ထားပြီး စကားတစ်လုံးမှ မပြောပေ။

သူမ၏ အမူအရာကိုကြည့်ကာ သူမ ရှုပ်ထွေးနေသည်ကို ဇူအန် သိလိုက်သည်။ ခါးသက်သက်အပြုံးတစ်ခုဖြင့် ရှင်းပြလိုက်သည်။ "အခု မင်းနေလို့ ပိုကောင်းလာပြီလားလို့ ငါမေးနေတာ။ အခု ငါ့ရဲ့ ကမ္ဘာဦးမူလကီ ကို သုံးပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးနေတာ။ ခံစားရတာ တစ်ခုခုမှားနေရင် ငါ့ကို ချက်ချင်းပြောဖို့လိုတယ်။ မဟုတ်ရင် မင်းကို အမြန်ဆုံး ဘယ်လို ကုသပေးနိုင်မှာလဲ"

----- ---------------------------- ----- - - - - ----- -

Chapter 287: အနီးကပ္တိုက္ပြဲ (+)

ခ်ဴအိမ္ေတာ္၏ သမားေတာ္ ေပါင္းယြဲ႕လု အေလာတႀကီး အေျပးအလႊားေရာက္ရွိလာသည္။ တံခါးကို တြန္းဖြင့္ဝင္ေတာ့မည့္အခ်ိန္တြင္ ခ်င္ဝမ္ယြီ က တားလိုက္သည္။
"သခင္မႀကီး။ ဒါဘာသေဘာလဲ။ သခင္မေလး အသည္းအသန္ ေနမေကာင္းေနတာ မဟုတ္ဘူးလား" ေပါင္းယြဲ႕လု ဇေဝဇဝါ ျဖင့္ ေမးလိုက္သည္။

ခ်င္ဝမ္ယြီ ၏ မ်က္ႏွာရဲသြားသည္။ "အဲ..အထဲမွာ တစ္ေယာက္ေယာက္ရွိေနတယ္။ ဒါေၾကာင့္ အခုခ်ိန္ဝင္ဖို႔ မသင့္ေလ်ာ္ဘူး"

"ေအာ္ နတ္ေဆးဆရာ က်ီ ေရာက္လာၿပီလား" ေပါင္းယြဲ႕လု က ခ်င္ဝမ္ယြီ ၏ ႐ုတ္တရက္ နီရဲမႈကို ျမင္ရေသာအခါ မုတ္ဆိတ္သပ္လိုက္မိသည္။ မဒမ္က တကယ္ကို လွတာပဲ။ အကယ္၍ ငါ့အသက္သာ ႏွစ္ႏွစ္ဆယ္ေလာက္ ငယ္ေနရင္ တကယ္ကို ရင္ခုန္မိမွာပဲ။
သခင္ခ်ဴက အေတာ္ေလး ကံေကာင္းတာ။ ဒါေပမယ့္လည္း ႏွေျမာစရာပဲ...
အင္း ကံတရားက လူေတြကို တကယ္ပဲ ေဆာ့ကစားတတ္တယ္။

"မဟုတ္ဘူး။ အဲ့ဒါ အျခားတစ္ေယာက္" ခ်င္ဝမ္ယြီ ရွင္းျပလိုက္သည္။ " သမားေတာ္ေပါင္းကို ခဏေစာင့္ဖို႔ ဒုကၡေပးရဦးမယ္"

"အို" ေပါင္းယြဲ႕လုက အိမ္ဆီသို႔ စိတ္ဝင္တစား လွမ္းၾကည့္လိုက္သည္။ "လျပည့္ၿမိဳ႕မွာ ေဆးပညာကြၽမ္းက်င္တဲ့ ေနာက္တစ္ေယာက္ ေရာက္ေနတာလား။ ဒါဆိုလည္း ဒီလူအိုႀကီး ရဲ႕ ဗဟုသုတေတြ ပြင့္လင္းေစရတာေပါ့"

ခ်င္ဝမ္ယြီ ကို႔ရို႔ကားယား တိတ္ဆိတ္သြားသည္။ ေနာက္ပိုင္း ကိစၥမ်ားကို မည္သို႔ရွင္းျပရမည္ကို သူမ မသိေပ။

ခ်ဴက်ဳန္းထန္ လည္း စိတ္လႈပ္ရွားစြာ ေရွ႕ေနာက္ ေလွ်ာက္ေနသည္။ အဆုံးတြင္ သူ၏ စိတ္ကို မထိန္းထားနိုင္ေတာ့ေပ။ သူ၏ ဇနီးကို ေဘးသို႔ေခၚကာ ေမးလိုက္သည္။ "မိန္းမ အားဇူက တကယ္ပဲ စိတ္ခ်ရလို႔လား။ ေဆးဆရာ ေပါင္း ကို အရင္ၾကည့္ခိုင္းလိုက္တာ မေကာင္းဘူးလား။ ဒါမွမဟုတ္ နတ္ေဆးဆရာက်ီကို သြားေခၚလိုက္ရမလား"

ေဆးဆရာ ေပါင္း ၏ မာနကို ထည့္စဥ္းစားကာ ဒုတိယနာမည္ကို ေျပာရာတြင္ သူ၏အသံကို အတတ္နိုင္ဆုံး ႏွိမ့္ေျပာလိုက္သည္။

ခ်င္ဝမ္ယြီ လည္း ယုံၾကည္မႈမရွိေနေပ။ "ကြၽန္မလည္း မသိဘူး။ ဒါေပမယ့္ ခ်ဴယန္က သူ႕ကို အေတာ္ယုံပုံရတယ္။ သူ႕ကို အားကိုးလို႔ရတာလည္း ျဖစ္နိုင္တယ္"

ခ်ဴဟြမ္ေက်ာက္ လည္း အရွိန္ထပ္ျမႇင့္ေပးလိုက္သည္။ "သမီးလည္း ခဲအိုကို ယုံတယ္။ သူ ေသခ်ာေပါက္ အစ္မကို ကယ္ေပးလိမ့္မယ္"

ခ်င္ဝမ္ယြီ က သူမ သမီး၏ နဖူးကို ပုတ္လိုက္သည္။ "နင့္လို႔ ကေလးမေလးက ဘာသိလို႔လဲ"

ခ်ဴက်ဳန္းထန္ လည္း နားမလည္ေသာ အၾကည့္ျဖစ္သြားသည္။ "မင္း မေသခ်ာေနတာေတာင္ သူ႕ကို ကုခြင့္ျပဳလိုက္တာလား"

"ေတာ္ၿပီ။ ေတာ္ၿပီ" ခ်င္ဝမ္ယြီ စိတ္ဖိစီးေနသည္။ "အဲ့ဒီ ေျမေခြးမိစ္ဆာကို ဘယ္ပို႔လိုက္လဲ"

"ေျမေခြးမိစ္ဆာ " ခ်ဴဟြမ္ေက်ာက္ က သူတို႔ႏွစ္ဦးကို ေတြေဝစြာ ၾကည့္လိုက္သည္။

ခ်ဴက်ဳန္းထန္ အျမန္ေျပာလိုက္သည္။ "ဒီမွာ ကေလးရွိတယ္။ စကားေျပာ ဆင္ျခင္ပါဦး"

ခ်င္ဝမ္ယြီ က အထင္ေသးစြာ ႏွာေခါင္းရႈံ႕လိုက္သည္။ "ကြၽန္မေျပာတာ မွားလို႔လား။ အဲ့ဒီမိန္းကေလးသာ ကြၽန္မတို႔ တံခါးကို လာမေခါက္ခဲ့ရင္ ဘယ္လို႔ ခ်ဴယန္က အရမ္းေဒါသထြက္ခဲ့မွာလဲ"
သူမ၏ ခက္ထန္မႈ ကို ဆက္ထိန္းထားေသာ္လည္း သူမ၏ စကားအေျပာအဆိုကို ေျပာင္းခဲ့သည္။

"သူ႕ကိုလည္း အျပစ္တင္လို႔မရဘူးေလ" ခ်ဴက်ဳန္းထန္ ေျပာလိုက္သည္။ "ခ်ဴယန္ ဒဏ္ရာရထားတယ္ဆိုတာကို သူမွ မသိတာ။ ေနာက္ဆုံးေတာ့ ဒီရလဒ္က အားဇူက လူတိုင္းအေပၚ အရမ္းညွာတာလြန္းေနလို႔ပဲ"

"ဘာ" ခ်င္ဝမ္ယြီ ေဒါသထြက္သြားသည္။ " အဲ့ဒီမ်ိန်းမက ဒီမိသားစုကိုေတာင္ မဝင္ရေသးဘူး။ ရွင္က သူ႕အစား ကာေျပာေပးေနၿပီလား။ ရွင္တို႔ ေယာက္်ားေတြက တစ္စက္ကေလးမွ ကိုယ္ရည္ကိုယ္ေသြးမရွိဘူး။ မိန္းကေလးလွတာျမင္ရင္ ေခါင္းကို တန္းႏွိမ့္ခ်ေတာ့တာပဲ"

"မင္း ဘာကိုေျပာခ်င္တာလဲ..." ခ်ဴက်ဳန္းထန္ ၏မ်က္ႏွာေပၚတြင္ လုပ္ယူထားေသာ အၿပဳံးတစ္ခုရွိေနသည္။

ခ်ဴဟြမ္ေက်ာက္ ဇေဝဇဝါ ျဖစ္သြားသည္။ "အေဖ ကိုယ္လုပ္ေတာ္တစ္ေယာက္ ရသြားတာလား"
ငါတို႔ ကလန္ထဲက ဦးေလးေတြအားလုံးမွာ ေမာင္းမမိတ္သံအုပ္စုေတြ ရွိၾကတယ္။ ၿပီးေတာ့ ငါတို႔အေဖက သူတို႔ေတြအထဲမွာ အဆင့္အတန္းအျမင့္မားဆုံးပဲ။
အမွန္တြင္ သူမက သူမအေဖျဖစ္သူကို အနည္းငယ္ သနားမိေနသည္။ ဤအရာတြင္ သူတကယ္ပဲ ႐ုန္းကန္ေနရသည္။
ဤကမၻာရွိ အထက္တန္းစား ပတ္ဝန္းက်င္တြင္ တစ္ဦးထက္ပိုေသာ ဇနီး ႏွင့္ ကိုယ္လုပ္ေတာ္ရွိျခင္းမွာ လုံးဝသာမန္ ဟုသာ သူမ အၿမဲထင္ေနမိသည္။ သို႔ေသာ္လည္း သူမ၏ အေမမွာ စည္းကမ္းတင္းၾကပ္သူျဖစ္ၿပီး သူမ၏ အေဖမွာ လိုက္ေလ်ာလြန္းသူျဖစ္သည္။ ထို႔ေၾကာင့္ သူမသည္ အေဖျဖစ္သူဘက္သို႔ ယိမ္းေနသည္မွာ သဘာဝက်သည္။

ေသခ်ာသည္မွာ သူမေတြးေနသည့္အရာကို ခ်င္ဝမ္ယြီ မသိေပ။ သိပါက မိခင္တစ္ေယာက္၏ ေမတၱာအစစ္အမွန္ ဘာလဲဆိုတာ သိသြားေစမည့္ နာက်င္ဖြယ္ သင္ခန္းစာမ်ားကို ေသခ်ာေပါက္ သင္ၾကားျပသေပးမည္ျဖစ္သည္။

ခ်ဴက်ဳန္းထန္ မ်က္ႏွာ နီရဲသြားသည္။ "အဓိပ္ပါယ်မရှိတာပဲ။ အဲ့ဒီလိုမဟုတ္ဘူး။ အဲ့ဒါက သမီးအစ္မ ရဲ႕ ေယာက္်ား"

"ခဲအို လား" ဤဒရမ္မာကို ေဘးမွေန၍ စိတ္ျမင့္မားစြာ ၾကည့္ရႈ႕ေနေသာ ခ်ဴဟြမ္ေက်ာက္ မွာ ထိုစကားၾကားရေသာအခါ ေတြေဝသြားသည္။ ဘာေတြျဖစ္ကုန္တာလဲ။

"ခဲအိုက ကိုယ္လုပ္ေတာ္ တစ္ေယာက္ ယူလိုက္တာလား" ခ်ဴဟြမ္ေက်ာက္ အျမန္ေမးလိုက္သည္။ ဤသတင္းကို သူမ အစာမေခ်နိဳင္ေသးသည္မွာ ရွင္းေနသည္။ ဒီသတင္းက တကယ္ကို အရမ္းကို႔ရို႔ကားယား ဆန္လြန္းတယ္။

"ဟြန္း။ ဒီေလာက္ ထိန္းမရတဲ့ သားမက္မ်ိဳးကို ငါ တစ္ခါမွ မၾကားဖူးဘူး" ခ်င္ဝမ္ယြီ ေဒါသႀကီးစြာ ႏွာေခါင္းရႈံ႕လိုက္သည္။ ဤအေျခအေနအေပၚ သူ႕ မေက်နပ္မႈက ထင္ရွားေနသည္။

"မိန္းကေလးက ဘယ္သူလဲ" ခ်ဴဟြမ္ေက်ာက္ လည္း သူမ၏ စိတ္ဗလာက်င္းသြားသည္ဟု ခံစားလိုက္ရသည္။ သူမ၏ အေဖျဖစ္သူ အဆုံးတြင္ ကိုယ္လုပ္ေတာ္ တစ္ေယာက္ ရသြားၿပီဟု ထင္ေနေသာ သူမ၏ မူလစိတ္လႈပ္ရွားမႈမွာ လုံးဝေပ်ာက္ကြယ္သြားသည္။

"အင္ေမာ္တယ္ဗိမၼာန္က မိန္းကေလးေပါ့။ သူမက ငါတို႔ ခ်ဴကလန္ အရွက္ရေစမွာကို မေၾကာက္ဘူးလား" ခ်င္ဝမ္ယြီက သူမ၏ ခင္ပြန္းကို စိုက္ၾကည့္လိုက္သည္။ ၎မိန္းကေလး၏ နာမည္ကို မေျပာရန္ သူ႕ကို သတိေပးလိုက္သည္မွာ ထင္ရွားသည္။

"အဲ့ဒါ ရွို႔ဟုန္ေလ လား" ခ်ဴဟြမ္ေက်ာက္ ၏ အသံ ျမင့္သြားသည္။

"သမီး ဘယ္လို သိတာလဲ" ခ်ဴက်ဳံးထန္ အံအားသင့္သြားသည္။ ငါ့သမီးငယ္က ဒီ အင္ေမာ္တယ္ဗိမၼာန္ ရဲ႕ ျပႆနာကို ဘယ္လိုသိသြားတာလဲ။

"ဟြန္း ဘယ္လိုလုပ္ မသိဘဲေနမလဲ။ ခဲအိုက အဲ့ဒီေနရာမွာ ျပႆနာႀကီးႀကီးတစ္ခု ရွာခဲ့တယ္ေလ။ သူက တကယ္ပဲ အဲ့တစ္ေယာက္ကို ျမန္ျမန္ႀကီး ေခၚလာရဲတာပဲ " ခ်ဴဟြမ္ေက်ာက္ က ခ်ဴက်ဳန္းထန္ ကို စိတ္ဆိုးေသာအၾကည့္ၾကည့္လိုက္သည္။ "အေဖ အဲ့ဒီမိန္းမ ကို ဘယ္ပို႔လိုက္လဲ"

"ဧည့္သည္နားခိုခန္း ေနမွာေပါ့။ အတိအက်ေတာ့ အေဖလည္း မသိေတာ့ဘူး..." ခ်ဴက်ဳံးထန္ မေရမရာေျဖလိုက္သည္။
ဘာျဖစ္လို႔ ငါ့ရဲ႕ ဒီသမီးငယ္က ပထမသမီးထက္ေတာင္ ပိုေဒါသထြက္ေနရတာလဲ။

သူ၏ စကားအဆုံးကိုပင္ မေစာင့္ေတာ့ဘဲ ခ်ဴဟြမ္ေက်ာက္ က ဧည့္သည္နားခိုခန္း ဆီသို႔ ေျခေဆာင့္ကာ ထြက္သြားေတာ့သည္။
ကံဆိုးစြာပင္ ရွို႔ဟုန္ေလ မွာ ခ်ဴကလန္ ဧည့္သည္နားခိုခန္း တြင္ မရွိေနသည္ကို သူတို မသိၾကေပ။ သို႔အစား သူမက ဇူအန္ ၏ အခန္းထဲတြင္ရွိေနသည္။

"ဒါက မင္းတို႔ သခင္ေလး ေနတဲ့ ေနရာေပါ့" သူမ၏ အေရွ႕တြင္ရွိေနေသာ ၿခံငယ္ေလးကို ၾကည့္ကာ ရွို႔ဟုန္ေလ ၏ ႏႈတ္ခမ္းေထာင့္ တြန့္ကာ ခပ္မွိန္မွိန္ ၿပဳံးလိုက္သည္။

"ဟုတ္ပါတယ္။ သခင္ေလးက ဒီမွာေနပါတယ္။ ပုံမွန္ ဆိုရင္ သူက သခင္မေလးနဲ႕ အတူေနေလ့မရွိဘူး" ထိုအေစခံက မ်က္ႏွာလုပ္ကာေျပာလိုက္သည္။ ဒီမိန္းကေလးက အရမ္းလွတာပဲ။ သူ႕ရဲ႕ ကိုယ္သင္းရနံ႕ကလည္း အေတာ္ေကာင္းတာပဲ။

"ေက်းဇူးပါပဲ။ ရွင့္နာမည္ ဘယ္လိုေခၚလဲ" ရွို႔ဟုန္ေလ ခ်ိဴသာစြာ ၿပဳံးလိုက္သည္။

ထိုအေစခဲမွာ ခ်က္ခ်င္း ေပ်ာ္သြားကာ ပ်ာယာခတ္ေသာအမူအရာျဖင့္ ေျဖလိုက္သည္။ "ဒီနိမ့္က်တဲ့ တစ္ေယာက္ကို က်င္က်ဳ လို႔ေခၚပါတယ္"

"က်င္က်ဳ(ေ႐ႊ၀က္) " ရွို႔ဟုန္ေလ တခစ္ခစ္ရယ္လိုက္သည္။ "အေတာ္ ထူးဆန္းတဲ့နာမည္ပဲ"

ထိုအေစခံ၏ ခႏၶာကိုယ္တစ္ခုလုံး ထုံက်ဥ္သြားသည္။ သူ ငါ့ကို ၿပဳံးျပတယ္။ သူက ငါ့ကို ၿပဳံးျပလိုက္တယ္။

သခင္မ လိုအပ္တာရွိသမွ် ကြၽန္ေတာ့္ကို ေမးလို႔ရပါတယ္" က်င္က်ဳ ဟူေသာ အေစခံက ဆက္လက္ ေျပာလိုက္သည္။

"အကို က်င္ကို ေက်းဇူးတင္ပါတယ္" ရွို႔ဟုန္ေလ က သူ႕ကို အၿပဳံးတစ္ခုျဖင့္ ႏႈတ္ဆက္လိုက္ၿပီးေနာက္ ၎ၿခံဝန္းငယ္ကို စိတ္ဝင္တစား အကဲခတ္ၾကည့္ရႈ႕လိုက္သည္။
ရွို႔ဟုန္ေလ တြင္ သိခ်င္ေနေသာ အမူအရာရွိေနသည္။ သူ ပုံမွန္ေနတဲ့ ေနရာမွာ တစ္ခုခုမ်ား ဖြက္ထားတာရွိမလားမသိဘူး။ သူမ တံခါးကို တြန္းဖြင့္ကာ ဝင္လိုက္သည္။ ဇူအန္က သူ၏ လူသိထင္ရွားေသာ အမွိုက္ဟူေသာ အတိတ္မွ ႀကီးႀကီးမားမား မည္ကဲ့သို႔ ေျပာင္းလဲသြားရျခင္းအေၾကာင္းကို သူမ ရွာေတြ႕ခ်င္ေနသည္။

႐ုတ္တရက္ သူမ၏ အမူအရာေျပာင္းလဲသြားကာ ေဘးသို႔ အလွ်င္အျမန္ ေရွာင္တိမ္းလိုက္သည္။ သူမ ရပ္ေနခဲ့ေသာ ေနရာတြင္ ျပင္းထန္ေသာ ေလတစ္ခု တိုက္ခတ္သြားသည္။
"ဟင္" သူမကို တိုက္ခိုက္လိုက္သူမွာ ဤျပင္းထန္ေသာ တိုက္ခိုက္မႈကို ေရွာင္လိုက္နိုင္မည္ဟု မထင္မွတ္ထားဟန္ရွိသည္။

ရွို႔ဟုန္ေလ သတိကပ္လိုက္သည္။ သူမကို တိုက္ခိုက္သူ၏ အခ်ိန္ကိုက္မႈမွာ ေကာင္းမြန္ေၿပီး လုပ္ေဆာင္လိုက္ေသာ ေထာင့္အေနအထားမွာ ကာကြယ္ရန္ ခက္ခဲလွသည္။ သူမ၏ ေရွာင္တိမ္းနိုင္ေသာ စြမ္းရည္မွာ သူမ၏ ပုံမွန္စြမ္းရည္အကန့္အသက္ထက္ ေက်ာ္လြန္ခဲ့ၿပီျဖစ္သည္။ ဒုတိယတစ္ႀကိမ္ တိုက္ခိုက္မႈကို ေရွာင္ရွားနိုင္ရန္ သူမတြင္ ယုံၾကည္ခ်က္မရွိေပ။

မိန္းမတစ္ေယာက္လား။
တိုက္ခိုက္သူ၏ အံၾသသံတစ္ခု မွာ အခ်ိန္တခဏေလးသာ ထြက္ေပၚလာသည္။ သို႔ေသာ္ သူမ နား ထံမွ မလြတ္ခဲ့ေပ။
သူက ဘယ္သူလဲ။

အခန္းမွာ ေမွာင္မဲေနၿပီး သူတို႔ မည္သူမွ မီးအိမ္အလင္း ထြန္းညွိရန္ အခြင့္အေရးမရွိခဲ့ေပ။ ႏွစ္ဖက္စလုံး မ်က္ေမွာင္ၾကဳတ္လိုက္သည္။
အဲ့ဒါက ခ်ဴကလန္ရဲ႕ ဒုတိယမိန္းကေလးလား။ ထိုအေတြးတစ္ခု သူမ၏ ေခါင္းထဲတြင္ ေပၚလာသည္။
ခ်ဴပထမမိန္းကေလးမွာ ခ်ဴကလန္၏ ေကာင္းခ်ီး အားလုံးကို ဆက္ခံရရွိထားသည္ဟု လူအမ်ားသိၾကသည္။ သူမ မိခင္ထံမွ လွပမႈကို ရရွိထားသည္က လြဲ၍ သူမ၏ ညီမငယ္မွာ ေကာင္းေၾကာင္း အရာတစ္ခုမွမရွိေပ။

တစ္ခုခုကို သူမ ဖုံးကြယ္ထားတာလား။
ဟြန္း ဘာပဲျဖစ္ျဖစ္ ဒီကမၻာမွာ ဒီေလာက္ မထင္မွတ္ထားတာေတြ ဘယ္လို ရွိနိုင္မွာလဲ။ ဇူအန္ တစ္ေယာက္ဆိုရင္ပဲ ေတာ္ေလာက္ၿပီ။ ဘယ္လိုလုပ္ သူ႕လိုမ်ိဳး ေနာက္တစ္ေယာက္ ထပ္ရွိနိုင္မွာလဲ။
ဒါဆိုရင္ အခု သူမက ဘယ္သူလဲ။ သူမက ဘယ္လိုလုပ္ၿပီး ဇူအန္ရဲ႕ အခန္းထဲမွာ ရွိေနရတာလဲ။ ရွို႔ဟုန္ေလ ေတြေဝသြားသည္။ သို႔ေသာ္ သူမ၏ ေတြေဝမႈတြင္ စိတ္ဝင္စားမႈ အရည္အေသြးမ်ား ပါဝင္ေနသည္။

ထိုမိန္းကေလးကို ဖမ္းရန္ သူမ ဆုံးျဖတ္လိုက္သည္။ လွ်ို႔ဝွက္ခ်က္ႀကီးတစ္ခုကို သူမ ႀကဳံေတြ႕လိုက္ရၿပီဟု ခံစားေနရသည္။
ကံဆိုးသည္မွာ ထိုမိန္းကေလး၏ က်င့္ႀကံမႈအဆင့္မွာ မယုံနိုင္စရာေကာင္းေအာင္ ျမင့္မားေနျခင္းျဖစ္သည္။ ရွို႔ဟုန္ေလ အစြမ္းကုန္တိုက္ေသာ္လည္း အျခားသူက သူမ၏ သိုင္းကြက္အားလုံးကို ကာကြယ္နိုင္ခဲ့ၿပီး ကိစၥမ်ား ေျပာင္းျပန္ျဖစ္လုနီးပါး အႀကိမ္မ်ားစြာ ျဖစ္ခဲ့သည္။

ခ်ဴကလန္ဝင္မ်ားကို အခ်က္ေပးမိမည္စိုးရိမ္သျဖင့္ ရွို႔ဟုန္ေလက သူမ၏ ျဒပ္စင္စြမ္းရည္ကို အသုံးမျပဳရဲေပ။ တိုက္ခိုက္သူႏွစ္ဦးမွာ ဆက္လက္ တိုက္ကြက္မ်ား ဖလွယ္ေနၾကသည္။
သို႔ေသာ္လည္း သူတို႔ ၏ တိုက္ခိုက္ခ်ိန္ ၾကာလာေလေလ သူမ ပိုမိုစိုးရိမ္လာေလေလျဖစ္သည္။

ေဖးျမန့္မုန္လည္း တူညီစြာ အံၾသေနသည္။ ဤအခန္းထဲတြင္ ဇူအန္ကို သူမ ေစာင့္ေနျခင္းျဖစ္သည္။ အမွန္ဆိုရလွ်င္ သူမ အဘယ္ေၾကာင့္ ဤေနရာသို႔ ေျပးလာခဲ့မွန္း မသိခဲ့ေပ။
ငယ္စဥ္ကတည္းက သူမတြင္ သူငယ္ခ်င္း အမ်ားအစား မရွိခဲ့ျခင္းေၾကာင့္လည္းျဖစ္နိုင္သလို ဇူအန္က အျခားသူမ်ား ႏွင့္ မတူေသာေၾကာင့္လည္းျဖစ္နိုင္သည္။ သူတို႔၏ ဆက္ဆံေရးကို သူမ ေကာင္းေကာင္းတန္ဖိုးထားခဲ့သည္။
ေသခ်ာသည္မွာ သူမကို ေမးၾကည့္မည္ဆိုပါက ဤသို႔လာရျခင္းမွာ ခ်န္႐ႊမ္း လာလုပ္ႀကံမည္ကို ကာကြယ္ေပးရန္ အတြက္ ဟူ၍သာ ဆိုမိမည္ျဖစ္သည္။

ယေန႕တြင္ ခါတိုင္းအခ်ိန္ထက္ သူမ အနည္းငယ္ ေစာ၍ ေရာက္ေနခဲ့သည္။ ခ်ည္းကပ္လာေသာ လူမွာ အျပင္တစ္ေနရာရာသြား၍ ျပန္ေရာက္လာေသာ ဇူအန္ ျဖစ္မည္ဟု မ်ားစြာ ထင္မွတ္ထားခဲ့သည္။ အဆုံးသတ္တြင္မူ ထိုသူမွာ မိန္းကေလးတစ္ေယာက္ျဖစ္ေနသည္။
ထိုသူ၏ ေအာ္ရာကို သူမ ရွင္းရွင္းလင္းလင္း မျမင္ရေသာ္လည္း ၎မွာ ခ်ဴခ်ဴယန္ ၊ ခ်ဴဟြမ္ေက်ာက္ ႏွင့္ ခ်ဴကလန္မွ လူ မဟုတ္သည္ကို သူမ ရွင္းရွင္းလင္းလင္း သိေနသည္။

သူမ ခိုးေၾကာင္ခိုးဝွက္ ဝင္လာပုံကို ၾကည့္ကာ ထိုသူသည္ ခ်န္႐ႊမ္း က လုပ္ႀကံရန္ လႊတ္လိုက္ေသာ သူ ျဖစ္မည္ဟု သူမ ယူဆလိုက္ၿပီး ခ်က္ခ်င္း တိုက္ခိုက္လိုက္ျခင္းျဖစ္သည္။
လြယ္ကူလိမ့္မည္ဟု သူမ လုံးဝ ထင္မွတ္ထားေသာ္လည္း သူမ ၿပိဳင္ဖက္ ၏ က်င့္ႀကံမႈအဆင့္ မွာ မယုံနိုင္စရာေကာင္းေအာင္ ျမင့္မားေနသည္။
ထိပ္တိုက္ရင္ဆိုင္မႈ အႀကိမ္တိုင္းသည္ အမွန္ပင္ အႏၱရာယ္ရွိလွသည္။ တိုက္ကြက္ မ်ားစြာ ဖလွယ္ၿပီးေနာက္ သူမ ႀကိဳးစားသမွ် အရာမထင္သည္ကို ေတြ႕လိုက္ရသည္။

ေဖးျမန့္မုန္က သူမ၏ အနက္ေရာင္မီးလွ်ံကို အသုံးျပဳလုနီးပါး အႀကိမ္မ်ားစြာျဖစ္ခဲ့သည္။ သို႔ေသာ္လည္း သူမ ခ်ဳပ္တည္းထားလိုက္သည္။ သူမ ဤေနရာတြင္ ရွိေနသည္ကို ခ်ဴခ်ဴယန္ ကို မသိေစခ်င္ေသာေၾကာင့္ျဖစ္သည္။
သူတို႔ ႏွစ္ဦးမွာ အေတြးကိုယ္စီျဖင့္ လက္ဗလာခ်င္း ဆက္လက္တိုက္ခိုက္ေနလိုက္ၾကသည္။

...

ဇူအန္မွာမူ သူ၏အခန္းတြင္ ထိုေလာက္ ျပင္းထန္ေသာ တိုက္ပြဲ တစ္ခု ျဖစ္ပြားေနသည္ကို မသိသည္မွာ ထင္ရွားသည္။ သူ၏ အာ႐ုံကို ခ်ဴခ်ဴယန္အား ကုသေပးျခင္း အေပၚတြင္ သာ ႏွစ္ျမဳပ္ထားသည္။

ခ်ဴခ်ဴယန္က သူ႕ကို ပထမက ျငင္းဆန္ခဲ့ေသာ္လည္း သူမ၏ ခုခံမႈက သူမအ၀တ္မ်ားလို တစ္လႊာခ်င္း ကြာက်ေနသည္ကိုလည္း သိေနသည္။
တခဏအၾကာတြင္ ခါးေအာက္ပိုင္းမွ တင္းၾကပ္ေအာင့္မ်က္ေသာ ေဝဒနာေၾကာင့္ သူမ၏ ခႏၶာကိုယ္တစ္ခုလုံး ႐ုတ္တရက္ ေတာင့္တင္းသြားသည္။ သူမ၏ မ်က္ႏွာမွာ လုံးဝ နီရဲသြားသည္။ "လူရမ္းကား"
သူမ ထိုစကားေျပာရင္း သူ၏ ပခုံးကို ခပ္ျပင္းျပင္း ကိုက္လိုက္သည္။
သူမ ခံစားေနရေသာ နာက်င္မႈကို သူ႕ဆီ ျပန္ေပးခ်င္ေသာေၾကာင့္ျဖစ္သည္။

ဇူအန္ ပင့္သက္ရႈရွိုက္လိုက္သည္။ နာေသာေၾကာင့္မဟုတ္ေပ။ သူမ မွာ အမွန္တကယ္ ေအးစက္ေနေသာေၾကာင့္ျဖစ္သည္။
အေအးစက္ဆုံးေသာ မိန္းမမွာ အတြင္းတြင္ ႏြေးေထြးသည္ဟု ေျပာခဲ့သူမွာမည္သူနည္း။
ယခင္ ေနာက္ဆုံးအႀကိမ္က အမွန္တကယ္ျဖစ္ခဲ့ေသာ္လည္း ယေန႕အႀကိမ္တြက္မူ ညီေလးႏွင့္အတူ ေရခဲ ႏွင့္ ႏွင္းကမၻာသို႔ ဝင္ေရာက္လိုက္ရသကဲ့သို႔ သူ ခံစားလိုက္ရသည္။
ကမၻာဦးမူလက်င့္စဥ္ ၏ အပူေပးမႈက သူ႕ကို ကယ္ခဲ့ျခင္းျဖစ္သည္။ မည္သည့္ သာမန္ေယာက္်ားမ်ိဳးမဆို ခ်က္ခ်င္းပင္ ေအးခဲသြားမည္ျဖစ္ၿပီး အငယ္ေကာင္ပင္ က်ိဳးပဲ့သြားမည္ျဖစ္သည္။

ဇူအန္ က သူမ၏ ဆံႏြယ္ကို ညင္သာစြာ ပြတ္သပ္လိုက္ကာ ေျပာလိုက္သည္။ "မင္းရဲ႕ ခႏၶာကိုယ္က အရမ္းေအးစက္ေနၿပီ။ ဒါေတာင္ အၿမဲ သန္မာေနဟန္ ေဆာင္ေနတာပဲ။ တကယ္ကို ခက္ခဲခဲ့မွာပဲ"
ခ်ဴခ်ဴယန္၏ မ်က္ဝန္းမ်ား ခ်က္ခ်င္း နီရဲလာသည္။ သူ၏ စကားလုံးမ်ားက သူမ၏ အခိုင္ခံဆုံး အခြံကို ေၾကကြဲေစကာ သူမ၏ အားအနည္းဆုံး အပိုင္းကို ေပၚလာေစသည္။
သူမ၏ ကနဦး ရွက္႐ြံမႈမ်ား ေပ်ာက္သြားသည္။ ထို႔အစား ခ်ဴခ်ဴယန္ အနည္းငယ္ ေတာင္းပန္မႈကို ခံစားလိုက္ရသည္။ "ရွင္ နာသြားေသးလား" သူမ ေမးလိုက္သည္။

ဇူအန္ က်ယ္ေလာင္စြာ ရယ္လိုက္သည္။ "ဒါက ငါ ေမွ်ာ္လင့္ေတာင့္တေနတဲ့အရာပဲ။ ဘယ္လိုလုပ္ ငါ နာရမွာလဲ"

"လူရမ္းကား" ခ်ဴခ်ဴယန္က သူ႕ကို စိတ္ဆိုးကာ ဆိတ္လိုက္သည္။ သို႔ေသာ္လည္း သူသည္ တကယ္ပင္ ပူျပင္းေနေသာ ေနလုံးႏွင့္ တူေနၿပီး သူမ၏ ခႏၶာကိုယ္တြင္းသို႔ အဆုံးမဲ့ေသာ ႏြေးေထြးမႈမ်ား ပို႔လႊတ္ေပးေနသည္။

"ဘယ္လိုခံစားရေသးလဲ" ဇူအန္ ႐ုတ္တရက္ ေမးလိုက္သည္။

ခ်ဴခ်ဴယန္ စကားလုံးမ်ား ေပ်ာက္ဆုံးေနသည္။
ဒီလူက ဒီလိုမ်ိဳး အရွက္မဲ့တဲ့ ေမးခြန္းမ်ိဳးကို တကယ္ေမးေနတယ္။ ငါ ဘယ္လို ျပန္ေျဖရမွာလဲ။

သူမမ်က္ႏွာကို ေဘးသို႔ လွည့္လိုက္ကာ ႏႈတ္ခမ္း တင္းတင္း ကိုက္ထားၿပီး စကားတစ္လုံးမွ မေျပာေပ။

သူမ၏ အမူအရာကိုၾကည့္ကာ သူမ ရႈပ္ေထြးေနသည္ကို ဇူအန္ သိလိုက္သည္။ ခါးသက္သက္အၿပဳံးတစ္ခုျဖင့္ ရွင္းျပလိုက္သည္။ "အခု မင္းေနလို႔ ပိုေကာင္းလာၿပီလားလို႔ ငါေမးေနတာ။ အခု ငါ့ရဲ႕ ကမၻာဦးမူလကီ ကို သုံးၿပီးေတာ့ မင္းရဲ႕ ခႏၶာကိုယ္ကို အားျဖည့္ေပးေနတာ။ ခံစားရတာ တစ္ခုခုမွားေနရင္ ငါ့ကို ခ်က္ခ်င္းေျပာဖို႔လိုတယ္။ မဟုတ္ရင္ မင္းကို အျမန္ဆုံး ဘယ္လို ကုသေပးနိုင္မွာလဲ"

----- ---------------------------- ----- - - - - ----- -

Continue Reading

You'll Also Like

115K 11.9K 200
အကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု...
328K 19.1K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន
471K 57K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...