ကီးဘုတ်အင်မော်တယ်-ဇူအန်

Oleh SoeHmue

45.1K 5.9K 37

အတွဲ(၂) Lebih Banyak

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

286

226 30 0
Oleh SoeHmue

Chapter 286: နတ်ဘုရားမ၏နောက်ဆုံးအခြေအနေ

ဇူအန်က ချူချူယမ်ကို သူမ၏ အခန်းသို့ ပြန်ခေါ်သွားကာ အိပ်ရာပေါ်တွင် လဲလျောင်းစေလိုက်သည်။ ထို့နောက် ချင်ဝမ်ယွီကို တံခါးပေါက်ဆီသို့ တွန်းကာ ပြောလိုက်သည်။ “ယောက္ခမကြီး ကျေးဇူးပြုပြီးဝင်ပေါက်ကို ကူညီပြီးတော့ ကြည့်ပေးထားပါ။ ဘယ်သူ့ကိုမှ ဝင်မလာပါစေနဲ့”

ဇူအန် က ယခုလောက် သန်မာသောခွန်အားကို ပြလိမ့်မည်ကို သူမ မမျှော်လင့်ထားခဲ့ပေ။ သူမ သတိမထားမိလိုက်ခင်မှာပင် တံခါးအပြင်ဘက်သို့ ရောက်သွားပြီဖြစ်သည်။ “သမားတော်ပေါင်းနဲ့ နတ်ဆေးဆရာကျီ တို့ကို ရှာဖို့ အစေခံတွေကို ငါ ပြောထားတယ်။ အခုတော့ ချူယန်ရဲ့ အခြေအနေကို တည်ငြိမ်အောင်လုပ်နိုင်ရင် ရပြီ”

ဇူအန် ခေါင်းခါလိုက်သည်။ “သူတို့တွေ အချိန်မှီ မှာမဟုတ်ဘူး။ ပြီးတော့ လက်ရှိချူယန်ရဲ့ အခြေအနေကို အဲ့ဒီနှစ်ယောက်က ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး”

ချင်ဝမ်ယွီ ဒေါသထွက်သွားသည်။ “သူတို့နှစ်ယောက်က သူတို့ရဲ့ ဆေးပညာကျွမ်းကျင်မှုကြောင့် လူသိများတာပဲ။ သူတို့ မလုပ်နိုင်တဲ့ အရာကို နင် လုပ်နိုင်တယ်လို့ ပြောနေတာလား”
ဒီကောင် က မြေခွေးမကို ခေါ်လာပြီး ငါ့သမီးကို ဒီလိုမျိုး စိုးရိမ်စရာ အခြေအနေရောက်အောင်လည်း လုပ်ခဲ့သေးတယ်။ သူမ၏ စိတ်ထဲတွင် ဒေါသမီး ခက်ထန်စွာ တောက်လောင်နေသည်။

ဇူအန် အလျှင်အမြန် ပြန်ဖြေလိုက်သည်။ “အခြားရောဂါတွေကို ကုသတဲ့နေရာမှာတော့ သူတို့ကို မမှီတာ သေချာတယ်။ ဒါပေမယ့် ချူယန်ရဲ့ အခြေအနေကို ကျုပ် ထက် ပိုကောင်းကောင်း နားလည်တဲ့သူမရှိဘူး။ တံခါးပေါက်မှာ နေပြီးတော့ ဘယ်သူ့ကိုမှ လာမနှောင့်ယှက်စေနဲ့။ ကျုပ် လုံးဝ အနှောက်အယှက်ခံလို့မရဘူး”
သူမ၏ ခွန်းတုန့်ပြန်မှုကို မစောင့်တော့ဘဲ တံခါးကို ပိတ်လိုက်သည်။ သူမ၏ မျက်နှာအရှေ့တွင် တံခါးသံကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ချင်ဝမ်ယွီ ၏ နှာခေါင်း ပြားလုနီးပါးဖြစ်သွားသည်။ သူမ ဒေါသအိုးပေါက်ကွဲတော့မည့်အချိန်တွင် ချူယန်ကို ကုသပေးနေသူမှာ ဇူအန်ဖြစ်ကြောင်း သမီးနှစ်ယောက်လုံး ပြောခဲ့သည်ကို ရုတ်တရက် ပြန်တွေးမိလိုက်သည်။

ချူယန်၏ တိုးတက်လာသော အခြေအနေမှာ သူ၏ ကုသမှုကြောင့် ဖြစ်သည်မှာ သက်သေထူနေသည်။
ထို့အပြင် ကုသစဉ်တွင် ချူယန် က အဝတ်များ ဖယ်ရှားပေးရသည်ကို သူမလည်း သိနေသည်။ ထို့ကြောင့် အပြင်လူ လုံးဝ အမြင်တွေ့ခံ၍မရပေ။
ဒေါသကြောင့် သူမ ပါးပြင်မှာ နီရဲနေပြီး တံခါးပေါက်တွင် မတ်တပ်ရပ်နေရသည်။ သူမ၏ သမီးဖြစ်သူကို ကယ်တင်ပြီးနောက်ပိုင်းမှ သူနှင့် ကိစ္စများ တဖြည်းဖြည်းရှင်းတော့မည်ဟု သူမ တွေးလိုက်သည်။

နောက်ဆုံးတွင် ချူကျုန်းထန် လည်း ချူဟွမ်ကျောက် နှင့်အတူ ရောက်လာသည်။ သူမသည် သတင်းကြားကြားချင်း အမြန်ပြေးလာခြင်းဖြစ်သည်။ သူတို့နှစ်ဦး က အထဲဝင်ကာ ချူချူယန်၏ အခြေအနေကို စစ်ကြည့်ချင်ကြသည်။ သို့သော် ချင်ဝမ်ယွီက သူတို့ကို တားလိုက်သည်။

“အထဲမဝင်နဲ့။ အခုက အချိန်ကောင်းမဟုတ်ဘူး” ချင်ဝမ်ယွီပြောလိုက်သည်။

ချူကျုန်းထန် ဇဝေဇဝါ ဖြစ်သွားသည်။
အခုက အချိန်ကောင်း မဟုတ်ဆိုတာက ဘာကိုပြောချင်တာလဲ။ ငါ့သမီးကို ငါ တွေ့ချင်တာလေ။

ချူဟွမ်ကျောက် စိတ်ထဲတွင် တစ်စုံတစ်ရာ ရောက်လာသည်။ “ခဲအို က အစ်မကို ကုသပေးနေတာလား”

ချင်ဝမ်ယွီ လည်း ခေါင်းငြိမ့်လိုက်သည်။
ချူဟွမ်ကျောက် စိတ်သက်သာစွာ အသက်ရှုထုတ်လိုက်သည်။ “ဒါဆိုရင် အစ်မ ကောင်းသွားမှာပါ”

ချင်ဝမ်ယွီ မျက်မှောင်ကျုံ့လိုက်သည်။ ဘာဖြစ်လို့ ငါ့သမီးငယ် က ဇူအန်က်ု အရမ်းယုံကြည်နေတာလဲ။ ကြည့်ရတာ သူ့ကို နည်းနည်းလေး ကိုးကွယ်နေသလိုပဲ။

“ငါ မသိရသေးတာ တစ်ခုခုရှိနေလား” ချူကျုန်းထန် က ရှို့ဟုန်လေ အရှေ့တွင်ပြောခဲ့သော ချင်ဝမ်ယွီ နှင့် ဇူအန် တို့၏ စကားကို ပြန်တွေးလိုက်သည်။ ယခုအခါလည်း အမေနှင့် သမီး ကြားမှ စကားမှာလည်း အတော်ထူးဆန်းနေသည်။

တခဏတွန့်ဆုတ်ပြီးနောက် ချင်ဝမ်ယွီ က သမီးဖြစ်သူ ကုသမှုခံယူရပုံကို ပြောပြလိုက်သည်။

“ဒါဆိုရင် အခုတလော ချူယန်ရဲ့ တိုးတက်လာတဲ့ အခြေအနေက သူ့ကြောင့်လား” ချူကျုန်းထန် ဇဝေဇဝါ ဖြစ်သွားသည်။ “နေပါဦး။ ကုသနေတဲ့အချိန်မှာ အဝတ်ချွတ်ဖို့ လိုတယ်လို့ မင်းပြောလိုက်တာလား”

ချင်ဝမ်ယွီ ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်။ ချူယန်ရဲ့ ကိုယ်ထဲက အအေးစွမ်းအင် ကို ဖယ်ရှားဖို့အတွက် အပ်စိုက်ရတယ်”

ချူကျုန်းထန် အချိန်ကြာကြာ ငေးငိုင်သွားသည်။ သူ မြတ်နိုးရသော၊ မေတ္တာများစွာဖြင့် ပျိုးထောင်ခဲ့ရသော သမီးဖြစ်သူမှာ အမှန်တကယ်ပဲ ညစ်ညမ်းသောလက်ဖြင့် ပေကျံခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် မည်ကဲ့သို့ မခံစားရဘဲ နေရမည်နည်း။ “ သူတို့ရဲ့ ပတ်သက်မှုက... ဒီလောက် အဆင့်အထိ ရောက်နေပြီလား”

“အဲ့ဒါက အခြေအနေ ဆိုးရွားမှုကြောင့်ပဲ ဖြစ်မယ်ထင်တယ်..” ချင်ဝမ်ယွီ ပြောလိုက်သည်။ သူမ၏ အသံတွင် မသေချာမှုများ ပါနေသည်။ သူမ၏ သမီးက ဇူအန်ကို တကယ်ပဲ နှစ်သက်နေသည်ကို သူမကိုယ်သူမ ယုံကြည်ခွင့်မပေးနိုင်ပေ။
သို့သော် အစောက သူမသမီးဖြစ်သူ၏ တုန့်ပြန်မှုက သူမ၏ သတိပြုမှုအောက်မှ မလွတ်ခဲ့ပေ။ ထို့အပြင် ရှို့ဟုန်လေကဲ့သို့ အရည်အချင်းရှိသော သူတစ်ယောက်ကပင် သူမကိုယ်သူမ ထိုသို့နည်းလမ်းဖြင့် ကမ်းလှမ်းခဲ့သေးသည်။ သူမ သမီး က ဒီလူအတွက် ကျရှုံးခဲ့ရသည်ဟူသော အတွေးမှာ လုံးဝ လက်မခံနိုင်စရာ မဟုတ်တော့ပေ။

ဒါပေမယ့် ဘာကြောင့်လဲ။ ဒီဇူအန် က ဘာတွေ တော်နေသလဲဆိုတာကို ငါဘာဖြစ်လို့ ရှာမတွေ့ရတာလဲ။ သူက ဘယ်လိုဖြစ်လို့ ထူးခြားတဲ့မိန်းကလေးကို နှစ်သက်အောင် လုပ်နိုင်ခဲ့တာလဲ။ ငါ့ရဲ့ သမီးငယ်တောင်မှ သူ့အနားမှာ နှိမ့်ချသလိုလို ပြုမူနေတယ်။
ဒီကလေးမှာ ငါမသိတဲ့ သန်မာတဲ့အချက်တွေ တကယ်ပဲ ရှိနေတာလား။

...

အခန်းထဲတွင် ဇူအန် က ချူချူယန်၏ အခြေအနေကို စစ်ဆေးခြင်းဖြင့် အလုပ်များနေသည်။ သူမ၏ ဒေါသက ခန္ဓာကိုယ်ထဲရှိ အအေးစွမ်းအင်ကို လုံးဝ ရှုပ်ပွစေခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ကြိုးစားအားထုတ်မှုအားလုံးမှာ အချည်းအနှီးဖြစ်သွားရသည်။ ထို့အပြင် သူမ၏ အခြေအနေမှာ သူ မကုသပေးခင်အချိန်ကထက် များစွာ ဆိုးရွားနေသည်။
သူမ၏ ခန္ဓာကိုယ်တွင်းတွင် နှင်းမုန်တိုင်းတစ်ခု ကြမ်းရမ်းနေဟန်ရှိသည်။ သူမ၏ အသက်ဓာတ်ကို ၎င်းက အချိန်မရွေး နှုတ်ယူသွားနိုင်ဟန်ရှိသည်။

“သွား ထွက်သွား။ ရှင်ကယ်တာကို မလိုချင်ဘူး” ချူချူယန် က သူ့ကို တွန်းထုတ်လိုက်သည်။ သို့သော် သူမ တွင် အားတစ်စက်လေးမျှ မရှိပေ။ ထို့အစား သူမ၏ ခန္ဓာကိုယ်မှာ ဇူအန်၏ ရင်ခွင်ထဲ ကျသွားရသည်။

ဇူအန်က သူမကို အမြန် ထူထောင်ပေးလိုက်သည်။ “အလောတကြီးမလုပ်ပါနဲ့။ မင်းရဲ့ အခြေအနေက အတော်ဆိုးနေတယ်။ ပြီးတော့ အချိန်မရွေး မင်းသေသွားနိုင်တယ်”

“သေရတာရော ဘာဆိုးမှာမို့လို့လဲ။ ဘာလိုပဲဖြစ်ဖြစ် အချိန်ကြာကတည်းက သေခဲ့သင့်တာပဲကို” ချူချူယန် ၏ အသံမှာ အသက်မဲ့နေပြီး လူငယ်တစ်ယောက်၏ စွမ်းအင်တစ်စွန်းတစ်စပင် မရှိတော့ပေ။

ဇူအန် လန့်ဖြန့်ကာ ပြောလိုက်သည်။ “မြေအောက်ဂူမှာတုန်းက မင်းကို ခက်ခက်ခဲခဲ ကယ်ခဲ့ရတယ်။ ဘာဖြစ်လို့ အခုလိုမျိုး အလွယ်တကူ အလျော့ပေးလိုက်တာလဲ”

မြေအောက်ဂူထဲမှ အဖြစ်အပျက်များအကြောင်း ဇူအန် ပြန်ပြောလိုက်သည်ကို ကြားရသောအခါ ချူချူယန်၏ မျက်နှာအမူအရာ ပျော့သွားသည်။ သို့သော်လည်း မကြာသေးခင်အချိန်က အဖြစ်များ သူမစိတ်ထဲ ပြန်ရောက်လာကာ သူမ နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်သည်။
ဇူအန်က သူမ၏ သွေးကြောကို စမ်းသပ်နေပြီး အခြေအနေကို အကဲခတ်နေချိန်တွင် သူမ ထံမှ လာသော အခြားလှိုင်းတစ်ခုကို အာရုံခံမိလိုက်သည်။ “ခုနက ဖြစ်ခဲ့တာတွေကို မင်း စိတ်ဆိုးနေတုန်းပဲလား။ ဒါက မင်း ထင်သလိုမျိုး မဟုတ်ဘူး”

“အဲ့ဒါကို ဘာလို့ ဒေါသထွက်ရမှာလဲ။ ငါ သေတဲ့အခါ  နင်လည်း လွတ်လပ်သွားမှာပဲ။ ပြီးတော့ အဲ့ဒါက နင်နဲ့ ရှို့ဟုန်လေ တို့ကို အကူအညီတောင်ဖြစ်စေဦးမယ်” လက်ရှိ သူမ၏ အားနည်းနေသော အခြေအနေကြောင့် သူမ၏ ခံစားချက်များကို ပုံမှန်အချိန်ကဲ့သို့ မထိန်းချုပ်နိုင်ခဲ့သည်ကို ချူချူယန် သိလိုက်ရသည်။

ဇူအန် ရယ်မိလိုက်သည်။ “ကြည့်ရတာ ငါ့ မိန်းမက သဝန်တိုနေတာပဲကိုး”

“ပေါက်ကရတွေ။ ဘယ်သူက သဝန်တိုလို့လဲ” ချူချူယန်၏ မျက်နှာ နီရဲသွားသည်။ သူမ၏ ခေါင်းကို ဘေးသို့ အမြန်လွှဲလိုက်သည်။ သူ့ကို ဆက်မကြည့်ရဲတော့ပေ။
ဘာတွေဖြစ်ကုန်တာလဲ။ ငါ ဘာဖြစ်လို့ အရမ်းဒေါသထွက်နေရတာလဲ။ ငါက ငါ မဟုတ်တော့တဲ့အတိုင်းပဲ။
သူမ၏ ခံစားချက်များအားလုံး ရှုပ်ထွေးနေသည်။
တကယ်ပဲ သူ့ကြောင့်လား။

ဇူအန် ပြောလိုက်သည်။ “အသည်းရယ်။ ဒီအကြောင်းကို ငါ အထပ်ထပ်အခါခါမေးဖူးပါတယ်။ ဒါပေမယ့် ငါတစ်ခြားမိန်းမရှာတာကို မင်း စိတ်မရှိဘူးလို့ အမြဲပြောခဲ့တယ်မဟုတ်လား”

ချူချူယန်၏ မျက်နှာ အေးစက်သွားသည်။ “ဟုတ်တယ်။ ဒါ ငါ ပြောခဲ့တယ်”
ဒီကိစ္စကို အခု ဘာလို့လာဖော်နေတာလဲ။ ဒါက တရားမျှတလို့လား။ အဲ့ဒီတုန်းက ငါတို့နှစ်ယောက်က နာမည်ခံပဲရှိပြီးတော့ စကားတောင်သိပ်ပြောဖူးတာမဟုတ်ဘူးလေ။ ဘာဖြစ်လို့ တစ်ကိုယ်ကောင်းဆန်ပြီးတော့ သူ့ကို ချည်နှောင်ထားရမှာလဲ။
ဒါပေမယ့် အခုတော့ ငါတို့နှစ်ယောက်က...

သင်သည် ချူချူယန် ထံမှ အမျက်ပွိုင့် ၂၃၃ ရရှိလိုက်သည်။

“အသည်းက တကယ်ကို သဝန်တိုနေတာပဲ” ဇူအန်က ချူချူယန်ကို အသာအယာဖက်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ရေခဲတုံးတမျှ အေးစက်နေသည်။ သို့သော် မမာကျောပေ။ ၎င်းသည် အကောင်းစားဝါဂွမ်းကဲ့သို့ နူးညံသော ခံစားချက်ကိုပေးနေသည်။

ချူချူယန်က သူ့ကို တွန်းတော့မည့်အချိန်တွင် သူ၏ စကားကိုကြားလိုက်ရသည်။ “တကယ်ကို ငါနဲ့ ရှို့ဟုန်လေ ကြားမှာ ဘာမှ မဖြစ်ခဲ့ပါဘူး။ ခုနက သူက ဘာဖြစ်လို့ အဲ့ဒီလိုမျိုးပြောရသလဲဆိုတာကို ငါလည်းမသိဘူး။ ငါက အရမ်းချောနေလို့လား။ သူက ငါ့ရဲ့ ခန္ဓာကိုယ်ကို တပ်မက်နေလို့လား။ ဒါပေမယ့် ငါ တကယ်ကို လုံးဝ လုံးဝ... အဲ မင်းကို စိတ်ပျက်စေမှာစိုးလို့ သူ့ကို ဘာတစ်ခုမှမလုပ်ခဲ့ဘူး အခုကျိန်ဆိုရင်ကျိန်ရဲတယ်”
ထိုစကားပြောနေစဉ်တွင် သူနှင့် စနိုးတစ်ညတာ အကြောင်း ခေါင်းထဲတွင်ပေါ်လာမိသည်။ ကံကောင်းသည်မှာ ပြောထွက်တော့မည့်စကားကို အလျှင်အမြန် ပြောင်းလဲလိုက်နိုင်ခြင်းဖြစ်သည်။

“တကယ်လား” ဤကမ္ဘာတွင် ကတိများ က အကျိုးသက်ရောက်မှု ရှိသည်။ တကယ် ကျိန်ဆိုခြင်း မဟုတ်သည်တောင်မှ သူ အမှန်တရားပြောနေသည်ဟု ချူချူယန် ယုံကြည်လိုက်သည်။
သို့သော်လည်း ရှို့ဟုန်လေ က သူ၏ ခန္ဓာကိုယ်ကို တပ်မက်နေသည်ဟူသော စကားကိုကြားရသောအခါ သူ့ကို ခပ်နာနာထုချင်စိတ်ပေါက်ခဲ့သည်။

“ဟုတ်တာပေါ့။ အိမ်မှာစောင့်နေတဲ့ နတ်သမီးလို ဇနီးတစ်ယောက် ငါ့ဆီမှာရှိနေတာပဲလေ။ ဘာဖြစ်လို့ တစ်ခြားကောင်မလေးတွေကို ဂရုစိုက်ရမှာလဲ” ဇူအန် ရယ်ကာပြောလိုက်သည်။

ချူချူယန်၏ မျက်နှာ ရှက်သွေးဖြာသွားသည်။ “ရှို့မိန်းကလေးကလည်း အရမ်းလှတာ ထင်ရှားနေတာပဲ”

“ဒါပေမဲ့ သူ့ရဲ့ စိတ်က အဲ့ဒီလောက် မစင်ကြယ်ဘူး။ နောက်မှ သူဘယ်အရာနောက်ကို လိုက်နေသလဲ ဆိုတာကို ရှာဖွေရဦးမယ်” ဇူအန် က လေးနက်သောအသံဖြင့်ပြောလိုက်သည်။

ချူချူယန် လည်း ဒေါသတွင်းနက်ထဲမှ သူမကိုယ်သူမ ပြန်ဆွဲတင်လိုက်သည်။ သူမ၏ ဆင်ခြင်တုံတရားရှိသော စိတ်က ပြန်လည် ထိန်းချုပ်နိုင်သွားသည်။
“အခုရှင်ပြောလိုက်မှပဲ အဲ့ဒါက နည်းနည်းထူးဆန်းနေတဲ့ပုံပေါက်လာတယ်။ သူ့လို ထူးချွန်တဲ့သူက ရှင့်ကို ဘာလို့နှစ်သက်ရမှာလဲ”

ဇူအန် တိတ်တိတ်လေး အံကြိတ်မိလိုက်သည်။
ဒီမှာ မင်းကို နှစ်သိမ့်ဖို့အတွက် ကြိုးစားနေတာလေ။ ဘာဖြစ်လို့ ပြောင်းပြန်လှန်ပြီးတော့ ငါ့ကို အဲ့လိုနာကျင်စရာတွေ ပြောရတာလဲ။

သူ၏ တုန့်ပြန်မှုကို ချူချူယန် တခစ်ခစ်ရယ်လိုက်သည်။ ဇူအန်အဖို့ သူမ၏ အပြုံးမှာ နွေဦးတွင် ပထမဦးဆုံး အရည်ပျော်သော နှင်းစက်များဖြစ်နေသည်။ “ဟုတ်ပါပြီ။ ရှင်က စန်းပွင့်တယ်ဆိုတာကို ကျွန်မ သိပါတယ်။ သူက ရှင့်ကို တကယ်ကြိုက်တာလည်းဖြစ်နိုင်တယ်”

“အဲ့ဒါ မှ ဖြစ်နိုင်သေးတယ်” ဇူအန် ၏ ထိခိုက်သွားသော ဂုဏ်ယူမှုမှာ ပြန်ကောင်းသွားသည်။ သို့သော်လည်း နောက်တွင် သူ၏ စိတ်ခံစားချက် ချက်ချင်း ကျဆင်းသွားသည်။ “အသည်းရေ။ မင်းရဲ့ အခြေအနေက တကယ်ကို မကောင်းဘူး..”

ချူချူယန်၏ အပြုံးလည်း ပျောက်ကွယ်သွားသည်။
ကျင့်ကြံသူ တစ်ဦး ဖြစ်သောကြောင့် သူမ၏ အခြေအနေကို သူမ သေချာသိနေသည်။ သူမ အသာအယာခေါင်းခါလိုက်ကာ အမူအရာမပျက် ပြောလိုက်သည်။
“ဒါကြောင့်ပဲ အရင်ကတည်းက ကျွန်မ သေခဲ့သင့်တာပဲ။ နှစ်တွေကြာအောင် အသက်ရှင်ပြီးပြီပဲ။ ကျေနပ်သင့်တာထက် ပိုနေပါပြီ။ နှမြောစရာတစ်ခုက အခုအချိန်မှာ ချူကလန် က မုန်တိုင်းကြီး တစ်ခု အလယ်မှာရှိနေပြီးတော့ ဟွမ်ကျောက်လေးကလည မရင့်ကျက်သေးဘူး...”

ဇူအန် ချက်ချင်း စကားဖြတ်ပြောလိုက်သည်။ “ဒီလိုအချိန်မျိုးမှ  ဘယ်လိုလုပ် တစ်ခြားသူတွေကို စိုးရိမ်နိုင်သေးတာလဲ”

“စကားကို ဆုံးအောင်ပြောပါရစေ။ နောက်ဆို ဒီလိုအခွင့်အရေးမျိုး ရှိတော့မှာမဟုတ်ဘူး” ချူချူယန်က နာကျင်မှုကို သည်းခံကာ ပြောလိုက်သည်။ “ကျွန်မတို့ရဲ့ ချူကလန် က လက်ရှိမှာ အင်ပါယာမင်းကြီးနဲ့ ချီဘုရင်တို့ ရဲ့ ကြားမှာ ကြားညှပ်နေတယ်။ ဒီရေစီးကြောင်းကို အခု ကျွန်မတို့ ရင်ဆိုင် နေရတာပဲ။ ကံမကောင်းတာက ကျွန်မတို့ကလန်ရဲ့ နှစ်တစ်ထောင်ကျော် ရိုးရာတွေ ဂုဏ်ရောင်ပြောင်မှု တွေကို ဆက်လက်ထိန်းပါမယ်လို့ ကြိမ်ဆိုထားတာရှိတယ်။ ကျွန်မတို့ကို ဘယ်ဖက်မှ ဝါးမြိုသွားလို့မရဘူး။ ဒါကြောင့်ပဲ လက်ရှိအခြေအနေက ရှောင်လွှဲလို့မရတာပေါ့။
ကျွန်မရှိနေသေးရင် အင်ပါယာဘုရင်အသစ် ထီးနန်းတက်တဲ့ အထိ အချိန်ဆွဲဖို့ ကြိုးစားနိုင်သေးတယ်။ အခုတော့ ကြည့်ရတာ အခွင့်အရေးမရှိတော့ဘူးပဲ။ အဖေတစ်ယောက်တည်း တောင့်ခံထားရမှာ ခက်ခဲမှာပဲ...
အားဇူ ကျွန်မ ထွက်သွားပြီးနောက်ပိုင်းမှာ ချူကလန်ကို ရှင်ကူညီပေးနိုင်မလား...”

သူမ သက်ပြင်းချလိုက်သည်။ “ထားလိုက်ပါတော့။ ချူကလန်မှာရှိခဲ့တဲ့ ရှင့်ရဲ့နေ့ရက်တွေက ပျော်စရာမှမကောင်းခဲ့ပဲ။ ကျွန်မရဲ့ တောင်းဆိုမှုက အရမ်းတစ်ကိုယ်ကောင်းဆန်လွန်းတယ်။
ဒါပေမယ့် ကျွန်မကို ကတိတစ်ခုပေးနိုင်မယ်လို့ မျှော်လင့်နေတုန်းပဲ။ အကယ်၍ ချူကလန် မှာတစ်ခုခုဖြစ်လာရင် ဟွမ်ကျောက်လေးကို ကျွန်မအစား ဂရုစိုက်ပေးပါ။ ရှင်တို့နှစ်ယောက်က အတော်ရင်းနှီးတယ်ဆိုတာ ကျွန်မသိတယ်။ ပြီးတော့ ကျွန်မမှာ နောက်ထပ် ညီမ..အဟမ်း..အဟမ်း..မောင်လေး..မြို့တော်မှာ ပညာသင်နေတဲ့ မောင်လေးတစ်ယောက်လည်း ရှိနေသေးတယ်။ အကယ်၍များ ဖြစ်နိုင်မယ်ဆိုရင် သူ့ကိုလည်း ဒီဒုက္ခပင်လယ်ထဲကနေ လွတ်မြောက်နိုင်အောင် ကူညီပေးပါဦး”

နောက်ဆုံးတွင် သူမ၏ အားနည်းနေသော အသံမှာ တိတ်ဆိတ်သွားသည်။ ဇူအန် ရယ်ချင်မိသော်လည်း အသည်းကွဲသလိုလည်း ခံစားနေမိသည်။ “ဘာလို့ မင်းရဲ့ နောက်ဆုံးစကားသံလိုမျိုး ပြောနေရတာလဲ။ မင်းသေရတော့မယ်လို့ ဘယ်သူပြောလဲ”

၎င်းသည် သူမကို မသက်မသာဖြစ်စေသော်လည်း
ချူချူယန် ရယ်လိုက်သည်။ “ကျွန်မက နှစ်တွေအကြာကြီး ကျင့်ကြံအားထုတ်ခဲ့ပြီးပြီ။ ဒါကြောင့် အနည်းဆုံးဒီလောက်တော့ ဆုံးဖြတ်နိုင်ပါတယ်။ လက်ရှိအခြေအနေက အင်မော်တယ်တစ်ယောက်တောင် ကုသပေးနိုင်တဲ့ တစ်စုံတစ်ရာမဟုတ်ဘူး။ အရင်က အအေးဓာတ်ထုတ်တဲ့ အပ်စိုက်ကုထုံး ကလည်း အခုတော့ ဘာမှအသုံးဝင်မှာ မဟုတ်တော့ဘူး”

ထိုအချိန်အခါက သူမ၏ ခန္ဓာကိုယ်ထဲရှိ ရေခဲမှုန်များမှာ ထိန်းချုပ်နိုင်သေးသော အဆင့်တစ်ခုတွင်ရှိနေသေးသည်။ ထို့ကြောင့် အပ်များကို အသုံးပြုကာ အနည်းငယ်ချင်းစီ ဖယ်ရှားနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် သူမ၏ ကိုယ်ထဲရှိ ရေခဲမှုန်များမှာ လုံးဝ ထိန်းချုပ်မရဖြစ်နေပြီး သူမကိုယ်ထဲတွင် မုန်တိုင်းထန်နေသည်။ အပ်စိုက်ခြင်းမှာ ထုတ်ပေးနိုင်သော ပမာဏမှာ မများလှပေ။

“အင်မော်တယ်တစ်ယောက် က မလုပ်ပေးနိုင်ဘူးဆိုပေမယ့် ငါတော့ လုပ်ပေးနိုင်တယ်။ နောက်ထပ် နည်းလမ်းတစ်ခုရှိတယ်ဆိုတာ မင်းသိပါတယ်” ဇူအန်က သူမ၏ လှပသောမျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။

ချူချူယန် လည်း ကြောင်ကြည့်နေသည်။ သူ၏ အဓိပ္ပါယ်ကို သူမ သိရန် အချိန်ယူလိုက်ရသည်။ သူမ၏ အားနည်းမှုဖြင့် ဖြူဖပ်နေသော မျက်နှာမှာ ရုတ်တရက် ရှက်သွေးလွှမ်းသွားသည်။
“မဖြစ်ဘူး။ လုံးဝ မဖြစ်ဘူး”

“အဲ့ဒါကို လက်ခံရမှာထက် သေဖို့ကို ရွေးချင်တာတလား” ဇူအန် ကြေကွဲသွားသည်။

“ဟုတ်တယ်” ချူချူယန် လွှတ်ခနဲပြောမိသွားသည်။ ချက်ချင်းပင် သူမ၏ အမှားကို ဆင်ခြင်မိလိုက်ကာ အမြန်ရှင်းပြလိုက်သည်။ “ရှင့်ကြောင့်တော့မဟုတ်ဘူး...ဟူး အဲ့ဒီလိုတစ်ခုခုမျိုးကို ကျွန်မ ဘယ်လို လက်ခံပေးရမှာလဲ”

“အစကတည်းက ငါတို့တွေက လင်မယားတွေပဲ ဥစ္စာ” ဇူအန် ပြုံးလိုက်သည်။

“ကျွန်မတို့တွေက ဟန်ဆောင်စုံတွဲပဲလေ” ချူချူယန် အမြန် ပြင်လိုက်သည်။

“ဟန်ဆောင်” ဇူအန် အကူအညီမဲ့သွားသည်။ “ငါတို့တွေက တရားဝင် လက်ထပ်ပြီးပြီလေ။ ပြီးတော့ လပြည့်မြို့မှာရှိတဲ့ လူတိုင်းကလည်း ငါတို့တွေ လင်မယားဆိုတာကို သိကြတယ်။ ဟိုဟာကိုလည်း လုပ်ပြီးပြီလေ..”

ပျာယာခတ်နေရင်း ချူချူယန်က သူမကိုယ်သူမ ခုခံရန်ကြိုးစားလိုက်သည်။ သို့သော်လည်း ဇူအန် ဆက်ပြောလိုက်သည်။ “ပြီးတော့ မင်း တကယ်ပဲ စိတ်မရှိဘူးဆိုရင် ငါနဲ့ ရှို့ဟုန်လေကြားက ပတ်သက်မှုကို ဘာဖြစ်လို့ အရမ်းဒေါသထွက်ခဲ့တာလဲ”

“ကျွန်မ...” ချူချူယန် ဘာပြောရမှန်းမသိတော့ပေ။ သူမ၏ စိတ်မှာ ရှုပ်ထွေးနေသည်။ မည်သည့်အရာကိုမှ သူမ မစဉ်းစားနိုင်တော့ပေ။

သူမ၏ တွေဝေမှုကို မြင်ရသောအခါ ဇူအန်က ထိုအခွင့်အရေးကို အသုံးချကာ သူမကို နမ်းလိုက်သည်။ ဤအချိန်သည် ယောက်ျားတစ်ယောက်၏ ရှေ့တိုးရမည့်အချိန်ဖြစ်သည်။
ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် တို့ ဆက်ဆံရေးအကြားတွင် စာရွက်ထက်ပင် ပါးလွှာသော အလွှာတစ်ခု တစ်ခုဖြင့်သာ ချိတ်ပိတ်ထားသည်။ ၎င်းအရာ ကျိုးပေါက်သွားပါက အရာအားလုံး အဆင်ပြေချောမွေ့သွားပြီဖြစ်သည်။ အကယ်၍ သူတို့အမြဲ ချုပ်တည်းထားပါက သူတို့နှစ်ဦး မှာ တဖြည်းဖြည်း ပိုမိုဝေးကွာသွားမည်ဖြစ်သည်။

သူ၏နှုတ်ခမ်းချင်း ထိတွေ့မိနေသည်ကို ခံစားလိုက်ရသောအခါ ချူချူယန် မျက်လုံး ပြူးကျယ်သွားသည်။ သူ၏ အဝတ်များကို သူမ ခပ်တင်းတင်းဆုပ်ကိုင်မိသွားသည်။

----- ---------------------------------- ----- - - - - - - - ----- -

Chapter 286: နတ္ဘုရားမ၏ေနာက္ဆုံးအေျခအေန

ဇူအန္က ခ်ဴခ်ဴယမ္ကို သူမ၏ အခန္းသို႔ ျပန္ေခၚသြားကာ အိပ္ရာေပၚတြင္ လဲေလ်ာင္းေစလိုက္သည္။ ထို႔ေနာက္ ခ်င္ဝမ္ယြီကို တံခါးေပါက္ဆီသို႔ တြန္းကာ ေျပာလိုက္သည္။ ေယာကၡမႀကီး ေက်းဇူးျပဳၿပီးဝင္ေပါက္ကို ကူညီၿပီးေတာ့ ၾကည့္ေပးထားပါ။ ဘယ္သူ႕ကိုမွ ဝင္မလာပါေစနဲ႕

ဇူအန္ က ယခုေလာက္ သန္မာေသာခြန္အားကို ျပလိမ့္မည္ကို သူမ မေမွ်ာ္လင့္ထားခဲ့ေပ။ သူမ သတိမထားမိလိုက္ခင္မွာပင္ တံခါးအျပင္ဘက္သို႔ ေရာက္သြားၿပီျဖစ္သည္။ သမားေတာ္ေပါင္းနဲ႕ နတ္ေဆးဆရာက်ီ တို႔ကို ရွာဖို႔ အေစခံေတြကို ငါ ေျပာထားတယ္။ အခုေတာ့ ခ်ဴယန္ရဲ႕ အေျခအေနကို တည္ၿငိမ္ေအာင္လုပ္နိုင္ရင္ ရၿပီ

ဇူအန္ ေခါင္းခါလိုက္သည္။ သူတို႔ေတြ အခ်ိန္မွီ မွာမဟုတ္ဘူး။ ၿပီးေတာ့ လက္ရွိခ်ဴယန္ရဲ႕ အေျခအေနကို အဲ့ဒီႏွစ္ေယာက္က ဘာမွလုပ္ေပးနိုင္မွာမဟုတ္ဘူး

ခ်င္ဝမ္ယြီ ေဒါသထြက္သြားသည္။ သူတို႔ႏွစ္ေယာက္က သူတို႔ရဲ႕ ေဆးပညာကြၽမ္းက်င္မႈေၾကာင့္ လူသိမ်ားတာပဲ။ သူတို႔ မလုပ္နိုင္တဲ့ အရာကို နင္ လုပ္နိုင္တယ္လို႔ ေျပာေနတာလား
ဒီေကာင္ က ေျမေခြးမကို ေခၚလာၿပီး ငါ့သမီးကို ဒီလိုမ်ိဳး စိုးရိမ္စရာ အေျခအေနေရာက္ေအာင္လည္း လုပ္ခဲ့ေသးတယ္။ သူမ၏ စိတ္ထဲတြင္ ေဒါသမီး ခက္ထန္စြာ ေတာက္ေလာင္ေနသည္။

ဇူအန္ အလွ်င္အျမန္ ျပန္ေျဖလိုက္သည္။ အျခားေရာဂါေတြကို ကုသတဲ့ေနရာမွာေတာ့ သူတို႔ကို မမွီတာ ေသခ်ာတယ္။ ဒါေပမယ့္ ခ်ဴယန္ရဲ႕ အေျခအေနကို က်ဳပ္ ထက္ ပိုေကာင္းေကာင္း နားလည္တဲ့သူမရွိဘူး။ တံခါးေပါက္မွာ ေနၿပီးေတာ့ ဘယ္သူ႕ကိုမွ လာမႏွောင့္ယွက္ေစနဲ႕။ က်ဳပ္ လုံးဝ အႏွောက္အယွက္ခံလို႔မရဘူး
သူမ၏ ခြန္းတုန့္ျပန္မႈကို မေစာင့္ေတာ့ဘဲ တံခါးကို ပိတ္လိုက္သည္။ သူမ၏ မ်က္ႏွာအေရွ႕တြင္ တံခါးသံက်ယ္ေလာင္စြာ ထြက္ေပၚလာသည္။
ခ်င္ဝမ္ယြီ ၏ ႏွာေခါင္း ျပားလုနီးပါးျဖစ္သြားသည္။ သူမ ေဒါသအိုးေပါက္ကြဲေတာ့မည့္အခ်ိန္တြင္ ခ်ဴယန္ကို ကုသေပးေနသူမွာ ဇူအန္ျဖစ္ေၾကာင္း သမီးႏွစ္ေယာက္လုံး ေျပာခဲ့သည္ကို ႐ုတ္တရက္ ျပန္ေတြးမိလိုက္သည္။

ခ်ဴယန္၏ တိုးတက္လာေသာ အေျခအေနမွာ သူ၏ ကုသမႈေၾကာင့္ ျဖစ္သည္မွာ သက္ေသထူေနသည္။
ထို႔အျပင္ ကုသစဥ္တြင္ ခ်ဴယန္ က အဝတ္မ်ား ဖယ္ရွားေပးရသည္ကို သူမလည္း သိေနသည္။ ထို႔ေၾကာင့္ အျပင္လူ လုံးဝ အျမင္ေတြ႕ခံ၍မရေပ။
ေဒါသေၾကာင့္ သူမ ပါးျပင္မွာ နီရဲေနၿပီး တံခါးေပါက္တြင္ မတ္တပ္ရပ္ေနရသည္။ သူမ၏ သမီးျဖစ္သူကို ကယ္တင္ၿပီးေနာက္ပိုင္းမွ သူႏွင့္ ကိစၥမ်ား တျဖည္းျဖည္းရွင္းေတာ့မည္ဟု သူမ ေတြးလိုက္သည္။

ေနာက္ဆုံးတြင္ ခ်ဴက်ဳန္းထန္ လည္း ခ်ဴဟြမ္ေက်ာက္ ႏွင့္အတူ ေရာက္လာသည္။ သူမသည္ သတင္းၾကားၾကားခ်င္း အျမန္ေျပးလာျခင္းျဖစ္သည္။ သူတို႔ႏွစ္ဦး က အထဲဝင္ကာ ခ်ဴခ်ဴယန္၏ အေျခအေနကို စစ္ၾကည့္ခ်င္ၾကသည္။ သို႔ေသာ္ ခ်င္ဝမ္ယြီက သူတို႔ကို တားလိုက္သည္။

အထဲမဝင္နဲ႕။ အခုက အခ်ိန္ေကာင္းမဟုတ္ဘူး ခ်င္ဝမ္ယြီေျပာလိုက္သည္။

ခ်ဴက်ဳန္းထန္ ဇေဝဇဝါ ျဖစ္သြားသည္။
အခုက အခ်ိန္ေကာင္း မဟုတ္ဆိုတာက ဘာကိုေျပာခ်င္တာလဲ။ ငါ့သမီးကို ငါ ေတြ႕ခ်င္တာေလ။

ခ်ဴဟြမ္ေက်ာက္ စိတ္ထဲတြင္ တစ္စုံတစ္ရာ ေရာက္လာသည္။ ခဲအို က အစ္မကို ကုသေပးေနတာလား

ခ်င္ဝမ္ယြီ လည္း ေခါင္းၿငိမ့္လိုက္သည္။
ခ်ဴဟြမ္ေက်ာက္ စိတ္သက္သာစြာ အသက္ရႈထုတ္လိုက္သည္။ ဒါဆိုရင္ အစ္မ ေကာင္းသြားမွာပါ

ခ်င္ဝမ္ယြီ မ်က္ေမွာင္က်ဳံ႕လိုက္သည္။ ဘာျဖစ္လို႔ ငါ့သမီးငယ္ က ဇူအန်က်ု အရမ္းယုံၾကည္ေနတာလဲ။ ၾကည့္ရတာ သူ႕ကို နည္းနည္းေလး ကိုးကြယ္ေနသလိုပဲ။

ငါ မသိရေသးတာ တစ္ခုခုရွိေနလား ခ်ဴက်ဳန္းထန္ က ရွို႔ဟုန္ေလ အေရွ႕တြင္ေျပာခဲ့ေသာ ခ်င္ဝမ္ယြီ ႏွင့္ ဇူအန္ တို႔၏ စကားကို ျပန္ေတြးလိုက္သည္။ ယခုအခါလည္း အေမႏွင့္ သမီး ၾကားမွ စကားမွာလည္း အေတာ္ထူးဆန္းေနသည္။

တခဏတြန့္ဆုတ္ၿပီးေနာက္ ခ်င္ဝမ္ယြီ က သမီးျဖစ္သူ ကုသမႈခံယူရပုံကို ေျပာျပလိုက္သည္။

ဒါဆိုရင္ အခုတေလာ ခ်ဴယန္ရဲ႕ တိုးတက္လာတဲ့ အေျခအေနက သူ႕ေၾကာင့္လား ခ်ဴက်ဳန္းထန္ ဇေဝဇဝါ ျဖစ္သြားသည္။ ေနပါဦး။ ကုသေနတဲ့အခ်ိန္မွာ အဝတ္ခြၽတ္ဖို႔ လိုတယ္လို႔ မင္းေျပာလိုက္တာလား

ခ်င္ဝမ္ယြီ ေခါင္းၿငိမ့္လိုက္သည္။ ဟုတ္တယ္။ ခ်ဴယန္ရဲ႕ ကိုယ္ထဲက အေအးစြမ္းအင္ ကို ဖယ္ရွားဖို႔အတြက္ အပ္စိုက္ရတယ္

ခ်ဴက်ဳန္းထန္ အခ်ိန္ၾကာၾကာ ေငးငိုင္သြားသည္။ သူ ျမတ္နိုးရေသာ၊ ေမတၱာမ်ားစြာျဖင့္ ပ်ိဳးေထာင္ခဲ့ရေသာ သမီးျဖစ္သူမွာ အမွန္တကယ္ပဲ ညစ္ညမ္းေသာလက္ျဖင့္ ေပက်ံခံလိုက္ရၿပီျဖစ္သည္။ ထို႔ေၾကာင့္ မည္ကဲ့သို႔ မခံစားရဘဲ ေနရမည္နည္း။  သူတို႔ရဲ႕ ပတ္သက္မႈက... ဒီေလာက္ အဆင့္အထိ ေရာက္ေနၿပီလား

အဲ့ဒါက အေျခအေန ဆိုး႐ြားမႈေၾကာင့္ပဲ ျဖစ္မယ္ထင္တယ္.. ခ်င္ဝမ္ယြီ ေျပာလိုက္သည္။ သူမ၏ အသံတြင္ မေသခ်ာမႈမ်ား ပါေနသည္။ သူမ၏ သမီးက ဇူအန္ကို တကယ္ပဲ ႏွစ္သက္ေနသည္ကို သူမကိုယ္သူမ ယုံၾကည္ခြင့္မေပးနိုင္ေပ။
သို႔ေသာ္ အေစာက သူမသမီးျဖစ္သူ၏ တုန့္ျပန္မႈက သူမ၏ သတိျပဳမႈေအာက္မွ မလြတ္ခဲ့ေပ။ ထို႔အျပင္ ရွို႔ဟုန္ေလကဲ့သို႔ အရည္အခ်င္းရွိေသာ သူတစ္ေယာက္ကပင္ သူမကိုယ္သူမ ထိုသို႔နည္းလမ္းျဖင့္ ကမ္းလွမ္းခဲ့ေသးသည္။ သူမ သမီး က ဒီလူအတြက္ က်ရႈံးခဲ့ရသည္ဟူေသာ အေတြးမွာ လုံးဝ လက္မခံနိုင္စရာ မဟုတ္ေတာ့ေပ။

ဒါေပမယ့္ ဘာေၾကာင့္လဲ။ ဒီဇူအန္ က ဘာေတြ ေတာ္ေနသလဲဆိုတာကို ငါဘာျဖစ္လို႔ ရွာမေတြ႕ရတာလဲ။ သူက ဘယ္လိုျဖစ္လို႔ ထူးျခားတဲ့မိန္းကေလးကို ႏွစ္သက္ေအာင္ လုပ္နိုင္ခဲ့တာလဲ။ ငါ့ရဲ႕ သမီးငယ္ေတာင္မွ သူ႕အနားမွာ ႏွိမ့္ခ်သလိုလို ျပဳမူေနတယ္။
ဒီကေလးမွာ ငါမသိတဲ့ သန္မာတဲ့အခ်က္ေတြ တကယ္ပဲ ရွိေနတာလား။

...

အခန္းထဲတြင္ ဇူအန္ က ခ်ဴခ်ဴယန္၏ အေျခအေနကို စစ္ေဆးျခင္းျဖင့္ အလုပ္မ်ားေနသည္။ သူမ၏ ေဒါသက ခႏၶာကိုယ္ထဲရွိ အေအးစြမ္းအင္ကို လုံးဝ ရႈပ္ပြေစခဲ့သည္။
လြန္ခဲ့ေသာ ရက္အနည္းငယ္က ႀကိဳးစားအားထုတ္မႈအားလုံးမွာ အခ်ည္းအႏွီးျဖစ္သြားရသည္။ ထို႔အျပင္ သူမ၏ အေျခအေနမွာ သူ မကုသေပးခင္အခ်ိန္ကထက္ မ်ားစြာ ဆိုး႐ြားေနသည္။
သူမ၏ ခႏၶာကိုယ္တြင္းတြင္ ႏွင္းမုန္တိုင္းတစ္ခု ၾကမ္းရမ္းေနဟန္ရွိသည္။ သူမ၏ အသက္ဓာတ္ကို ၎က အခ်ိန္မေ႐ြး ႏႈတ္ယူသြားနိုင္ဟန္ရွိသည္။

သြား ထြက္သြား။ ရွင္ကယ္တာကို မလိုခ်င္ဘူး ခ်ဴခ်ဴယန္ က သူ႕ကို တြန္းထုတ္လိုက္သည္။ သို႔ေသာ္ သူမ တြင္ အားတစ္စက္ေလးမွ် မရွိေပ။ ထို႔အစား သူမ၏ ခႏၶာကိုယ္မွာ ဇူအန္၏ ရင္ခြင္ထဲ က်သြားရသည္။

ဇူအန္က သူမကို အျမန္ ထူေထာင္ေပးလိုက္သည္။ အေလာတႀကီးမလုပ္ပါနဲ႕။ မင္းရဲ႕ အေျခအေနက အေတာ္ဆိုးေနတယ္။ ၿပီးေတာ့ အခ်ိန္မေ႐ြး မင္းေသသြားနိုင္တယ္

ေသရတာေရာ ဘာဆိုးမွာမို႔လို႔လဲ။ ဘာလိုပဲျဖစ္ျဖစ္ အခ်ိန္ၾကာကတည္းက ေသခဲ့သင့္တာပဲကို ခ်ဴခ်ဴယန္ ၏ အသံမွာ အသက္မဲ့ေနၿပီး လူငယ္တစ္ေယာက္၏ စြမ္းအင္တစ္စြန္းတစ္စပင္ မရွိေတာ့ေပ။

ဇူအန္ လန့္ျဖန့္ကာ ေျပာလိုက္သည္။ ေျမေအာက္ဂူမွာတုန္းက မင္းကို ခက္ခက္ခဲခဲ ကယ္ခဲ့ရတယ္။ ဘာျဖစ္လို႔ အခုလိုမ်ိဳး အလြယ္တကူ အေလ်ာ့ေပးလိုက္တာလဲ

ေျမေအာက္ဂူထဲမွ အျဖစ္အပ်က္မ်ားအေၾကာင္း ဇူအန္ ျပန္ေျပာလိုက္သည္ကို ၾကားရေသာအခါ ခ်ဴခ်ဴယန္၏ မ်က္ႏွာအမူအရာ ေပ်ာ့သြားသည္။ သို႔ေသာ္လည္း မၾကာေသးခင္အခ်ိန္က အျဖစ္မ်ား သူမစိတ္ထဲ ျပန္ေရာက္လာကာ သူမ ေနာက္တစ္ႀကိမ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
ဇူအန္က သူမ၏ ေသြးေၾကာကို စမ္းသပ္ေနၿပီး အေျခအေနကို အကဲခတ္ေနခ်ိန္တြင္ သူမ ထံမွ လာေသာ အျခားလွိုင္းတစ္ခုကို အာ႐ုံခံမိလိုက္သည္။ ခုနက ျဖစ္ခဲ့တာေတြကို မင္း စိတ္ဆိုးေနတုန္းပဲလား။ ဒါက မင္း ထင္သလိုမ်ိဳး မဟုတ္ဘူး

အဲ့ဒါကို ဘာလို႔ ေဒါသထြက္ရမွာလဲ။ ငါ ေသတဲ့အခါ  နင္လည္း လြတ္လပ္သြားမွာပဲ။ ၿပီးေတာ့ အဲ့ဒါက နင္နဲ႕ ရွို႔ဟုန္ေလ တို႔ကို အကူအညီေတာင္ျဖစ္ေစဦးမယ္ လက္ရွိ သူမ၏ အားနည္းေနေသာ အေျခအေနေၾကာင့္ သူမ၏ ခံစားခ်က္မ်ားကို ပုံမွန္အခ်ိန္ကဲ့သို႔ မထိန္းခ်ဳပ္နိုင္ခဲ့သည္ကို ခ်ဴခ်ဴယန္ သိလိုက္ရသည္။

ဇူအန္ ရယ္မိလိုက္သည္။ ၾကည့္ရတာ ငါ့ မိန္းမက သဝန္တိုေနတာပဲကိုး

ေပါက္ကရေတြ။ ဘယ္သူက သဝန္တိုလို႔လဲ ခ်ဴခ်ဴယန္၏ မ်က္ႏွာ နီရဲသြားသည္။ သူမ၏ ေခါင္းကို ေဘးသို႔ အျမန္လႊဲလိုက္သည္။ သူ႕ကို ဆက္မၾကည့္ရဲေတာ့ေပ။
ဘာေတြျဖစ္ကုန္တာလဲ။ ငါ ဘာျဖစ္လို႔ အရမ္းေဒါသထြက္ေနရတာလဲ။ ငါက ငါ မဟုတ္ေတာ့တဲ့အတိုင္းပဲ။
သူမ၏ ခံစားခ်က္မ်ားအားလုံး ရႈပ္ေထြးေနသည္။
တကယ္ပဲ သူ႕ေၾကာင့္လား။

ဇူအန္ ေျပာလိုက္သည္။ အသည္းရယ္။ ဒီအေၾကာင္းကို ငါ အထပ္ထပ္အခါခါေမးဖူးပါတယ္။ ဒါေပမယ့္ ငါတစ္ျခားမိန္းမရွာတာကို မင္း စိတ္မရွိဘူးလို႔ အၿမဲေျပာခဲ့တယ္မဟုတ္လား

ခ်ဴခ်ဴယန္၏ မ်က္ႏွာ ေအးစက္သြားသည္။ ဟုတ္တယ္။ ဒါ ငါ ေျပာခဲ့တယ္
ဒီကိစၥကို အခု ဘာလို႔လာေဖာ္ေနတာလဲ။ ဒါက တရားမွ်တလို႔လား။ အဲ့ဒီတုန္းက ငါတို႔ႏွစ္ေယာက္က နာမည္ခံပဲရွိၿပီးေတာ့ စကားေတာင္သိပ္ေျပာဖူးတာမဟုတ္ဘူးေလ။ ဘာျဖစ္လို႔ တစ္ကိုယ္ေကာင္းဆန္ၿပီးေတာ့ သူ႕ကို ခ်ည္ႏွောင္ထားရမွာလဲ။
ဒါေပမယ့္ အခုေတာ့ ငါတို႔ႏွစ္ေယာက္က...

သင္သည္ ခ်ဴခ်ဴယန္ ထံမွ အမ်က္ပြိုင့္ ၂၃၃ ရရွိလိုက္သည္။

အသည္းက တကယ္ကို သဝန္တိုေနတာပဲ ဇူအန္က ခ်ဴခ်ဴယန္ကို အသာအယာဖက္လိုက္သည္။ သူမ၏ ခႏၶာကိုယ္မွာ ေရခဲတုံးတမွ် ေအးစက္ေနသည္။ သို႔ေသာ္ မမာေက်ာေပ။ ၎သည္ အေကာင္းစားဝါဂြမ္းကဲ့သို႔ ႏူးညံေသာ ခံစားခ်က္ကိုေပးေနသည္။

ခ်ဴခ်ဴယန္က သူ႕ကို တြန္းေတာ့မည့္အခ်ိန္တြင္ သူ၏ စကားကိုၾကားလိုက္ရသည္။ တကယ္ကို ငါနဲ႕ ရွို႔ဟုန္ေလ ၾကားမွာ ဘာမွ မျဖစ္ခဲ့ပါဘူး။ ခုနက သူက ဘာျဖစ္လို႔ အဲ့ဒီလိုမ်ိဳးေျပာရသလဲဆိုတာကို ငါလည္းမသိဘူး။ ငါက အရမ္းေခ်ာေနလို႔လား။ သူက ငါ့ရဲ႕ ခႏၶာကိုယ္ကို တပ္မက္ေနလို႔လား။ ဒါေပမယ့္ ငါ တကယ္ကို လုံးဝ လုံးဝ... အဲ မင္းကို စိတ္ပ်က္ေစမွာစိုးလို႔ သူ႕ကို ဘာတစ္ခုမွမလုပ္ခဲ့ဘူး အခုက်ိန္ဆိုရင္က်ိန္ရဲတယ္
ထိုစကားေျပာေနစဥ္တြင္ သူႏွင့္ စနိုးတစ္ညတာ အေၾကာင္း ေခါင္းထဲတြင္ေပၚလာမိသည္။ ကံေကာင္းသည္မွာ ေျပာထြက္ေတာ့မည့္စကားကို အလွ်င္အျမန္ ေျပာင္းလဲလိုက္နိုင္ျခင္းျဖစ္သည္။

တကယ္လား ဤကမၻာတြင္ ကတိမ်ား က အက်ိဳးသက္ေရာက္မႈ ရွိသည္။ တကယ္ က်ိန္ဆိုျခင္း မဟုတ္သည္ေတာင္မွ သူ အမွန္တရားေျပာေနသည္ဟု ခ်ဴခ်ဴယန္ ယုံၾကည္လိုက္သည္။
သို႔ေသာ္လည္း ရွို႔ဟုန္ေလ က သူ၏ ခႏၶာကိုယ္ကို တပ္မက္ေနသည္ဟူေသာ စကားကိုၾကားရေသာအခါ သူ႕ကို ခပ္နာနာထုခ်င္စိတ္ေပါက္ခဲ့သည္။

ဟုတ္တာေပါ့။ အိမ္မွာေစာင့္ေနတဲ့ နတ္သမီးလို ဇနီးတစ္ေယာက္ ငါ့ဆီမွာရွိေနတာပဲေလ။ ဘာျဖစ္လို႔ တစ္ျခားေကာင္မေလးေတြကို ဂ႐ုစိုက္ရမွာလဲ ဇူအန္ ရယ္ကာေျပာလိုက္သည္။

ခ်ဴခ်ဴယန္၏ မ်က္ႏွာ ရွက္ေသြးျဖာသြားသည္။ ရွို႔မိန္းကေလးကလည္း အရမ္းလွတာ ထင္ရွားေနတာပဲ

ဒါေပမဲ့ သူ႕ရဲ႕ စိတ္က အဲ့ဒီေလာက္ မစင္ၾကယ္ဘူး။ ေနာက္မွ သူဘယ္အရာေနာက္ကို လိုက္ေနသလဲ ဆိုတာကို ရွာေဖြရဦးမယ္ ဇူအန္ က ေလးနက္ေသာအသံျဖင့္ေျပာလိုက္သည္။

ခ်ဴခ်ဴယန္ လည္း ေဒါသတြင္းနက္ထဲမွ သူမကိုယ္သူမ ျပန္ဆြဲတင္လိုက္သည္။ သူမ၏ ဆင္ျခင္တုံတရားရွိေသာ စိတ္က ျပန္လည္ ထိန္းခ်ဳပ္နိုင္သြားသည္။
အခုရွင္ေျပာလိုက္မွပဲ အဲ့ဒါက နည္းနည္းထူးဆန္းေနတဲ့ပုံေပါက္လာတယ္။ သူ႕လို ထူးခြၽန္တဲ့သူက ရွင့္ကို ဘာလို႔ႏွစ္သက္ရမွာလဲ

ဇူအန္ တိတ္တိတ္ေလး အံႀကိတ္မိလိုက္သည္။
ဒီမွာ မင္းကို ႏွစ္သိမ့္ဖို႔အတြက္ ႀကိဳးစားေနတာေလ။ ဘာျဖစ္လို႔ ေျပာင္းျပန္လွန္ၿပီးေတာ့ ငါ့ကို အဲ့လိုနာက်င္စရာေတြ ေျပာရတာလဲ။

သူ၏ တုန့္ျပန္မႈကို ခ်ဴခ်ဴယန္ တခစ္ခစ္ရယ္လိုက္သည္။ ဇူအန္အဖို႔ သူမ၏ အၿပဳံးမွာ ႏြေဦးတြင္ ပထမဦးဆုံး အရည္ေပ်ာ္ေသာ ႏွင္းစက္မ်ားျဖစ္ေနသည္။ ဟုတ္ပါၿပီ။ ရွင္က စန္းပြင့္တယ္ဆိုတာကို ကြၽန္မ သိပါတယ္။ သူက ရွင့္ကို တကယ္ႀကိဳက္တာလည္းျဖစ္နိုင္တယ္

အဲ့ဒါ မွ ျဖစ္နိုင္ေသးတယ္ ဇူအန္ ၏ ထိခိုက္သြားေသာ ဂုဏ္ယူမႈမွာ ျပန္ေကာင္းသြားသည္။ သို႔ေသာ္လည္း ေနာက္တြင္ သူ၏ စိတ္ခံစားခ်က္ ခ်က္ခ်င္း က်ဆင္းသြားသည္။ အသည္းေရ။ မင္းရဲ႕ အေျခအေနက တကယ္ကို မေကာင္းဘူး..

ခ်ဴခ်ဴယန္၏ အၿပဳံးလည္း ေပ်ာက္ကြယ္သြားသည္။
က်င့္ႀကံသူ တစ္ဦး ျဖစ္ေသာေၾကာင့္ သူမ၏ အေျခအေနကို သူမ ေသခ်ာသိေနသည္။ သူမ အသာအယာေခါင္းခါလိုက္ကာ အမူအရာမပ်က္ ေျပာလိုက္သည္။
ဒါေၾကာင့္ပဲ အရင္ကတည္းက ကြၽန္မ ေသခဲ့သင့္တာပဲ။ ႏွစ္ေတြၾကာေအာင္ အသက္ရွင္ၿပီးၿပီပဲ။ ေက်နပ္သင့္တာထက္ ပိုေနပါၿပီ။ ႏွေျမာစရာတစ္ခုက အခုအခ်ိန္မွာ ခ်ဴကလန္ က မုန္တိုင္းႀကီး တစ္ခု အလယ္မွာရွိေနၿပီးေတာ့ ဟြမ္ေက်ာက္ေလးကလည မရင့္က်က္ေသးဘူး...

ဇူအန္ ခ်က္ခ်င္း စကားျဖတ္ေျပာလိုက္သည္။ ဒီလိုအခ်ိန္မ်ိဳးမွ  ဘယ္လိုလုပ္ တစ္ျခားသူေတြကို စိုးရိမ္နိုင္ေသးတာလဲ

စကားကို ဆုံးေအာင္ေျပာပါရေစ။ ေနာက္ဆို ဒီလိုအခြင့္အေရးမ်ိဳး ရွိေတာ့မွာမဟုတ္ဘူး ခ်ဴခ်ဴယန္က နာက်င္မႈကို သည္းခံကာ ေျပာလိုက္သည္။ ကြၽန္မတို႔ရဲ႕ ခ်ဴကလန္ က လက္ရွိမွာ အင္ပါယာမင္းႀကီးနဲ႕ ခ်ီဘုရင္တို႔ ရဲ႕ ၾကားမွာ ၾကားညွပ္ေနတယ္။ ဒီေရစီးေၾကာင္းကို အခု ကြၽန္မတို႔ ရင္ဆိုင္ ေနရတာပဲ။ ကံမေကာင္းတာက ကြၽန္မတို႔ကလန္ရဲ႕ ႏွစ္တစ္ေထာင္ေက်ာ္ ရိုးရာေတြ ဂုဏ္ေရာင္ေျပာင္မႈ ေတြကို ဆက္လက္ထိန္းပါမယ္လို႔ ႀကိမ္ဆိုထားတာရွိတယ္။ ကြၽန္မတို႔ကို ဘယ္ဖက္မွ ဝါးၿမိဳသြားလို႔မရဘူး။ ဒါေၾကာင့္ပဲ လက္ရွိအေျခအေနက ေရွာင္လႊဲလို႔မရတာေပါ့။
ကြၽန္မရွိေနေသးရင္ အင္ပါယာဘုရင္အသစ္ ထီးနန္းတက္တဲ့ အထိ အခ်ိန္ဆြဲဖို႔ ႀကိဳးစားနိုင္ေသးတယ္။ အခုေတာ့ ၾကည့္ရတာ အခြင့္အေရးမရွိေတာ့ဘူးပဲ။ အေဖတစ္ေယာက္တည္း ေတာင့္ခံထားရမွာ ခက္ခဲမွာပဲ...
အားဇူ ကြၽန္မ ထြက္သြားၿပီးေနာက္ပိုင္းမွာ ခ်ဴကလန္ကို ရွင္ကူညီေပးနိုင္မလား...

သူမ သက္ျပင္းခ်လိဳက္သည္။ ထားလိုက္ပါေတာ့။ ခ်ဴကလန္မွာရွိခဲ့တဲ့ ရွင့္ရဲ႕ေန႕ရက္ေတြက ေပ်ာ္စရာမွမေကာင္းခဲ့ပဲ။ ကြၽန္မရဲ႕ ေတာင္းဆိုမႈက အရမ္းတစ္ကိုယ္ေကာင္းဆန္လြန္းတယ္။
ဒါေပမယ့္ ကြၽန္မကို ကတိတစ္ခုေပးနိုင္မယ္လို႔ ေမွ်ာ္လင့္ေနတုန္းပဲ။ အကယ္၍ ခ်ဴကလန္ မွာတစ္ခုခုျဖစ္လာရင္ ဟြမ္ေက်ာက္ေလးကို ကြၽန္မအစား ဂ႐ုစိုက္ေပးပါ။ ရွင္တို႔ႏွစ္ေယာက္က အေတာ္ရင္းႏွီးတယ္ဆိုတာ ကြၽန္မသိတယ္။ ၿပီးေတာ့ ကြၽန္မမွာ ေနာက္ထပ္ ညီမ..အဟမ္း..အဟမ္း..ေမာင္ေလး..ၿမိဳ႕ေတာ္မွာ ပညာသင္ေနတဲ့ ေမာင္ေလးတစ္ေယာက္လည္း ရွိေနေသးတယ္။ အကယ္၍မ်ား ျဖစ္နိုင္မယ္ဆိုရင္ သူ႕ကိုလည္း ဒီဒုကၡပင္လယ္ထဲကေန လြတ္ေျမာက္နိုင္ေအာင္ ကူညီေပးပါဦး

ေနာက္ဆုံးတြင္ သူမ၏ အားနည္းေနေသာ အသံမွာ တိတ္ဆိတ္သြားသည္။ ဇူအန္ ရယ္ခ်င္မိေသာ္လည္း အသည္းကြဲသလိုလည္း ခံစားေနမိသည္။ ဘာလို႔ မင္းရဲ႕ ေနာက္ဆုံးစကားသံလိုမ်ိဳး ေျပာေနရတာလဲ။ မင္းေသရေတာ့မယ္လို႔ ဘယ္သူေျပာလဲ

၎သည္ သူမကို မသက္မသာျဖစ္ေစေသာ္လည္း
ခ်ဴခ်ဴယန္ ရယ္လိုက္သည္။ ကြၽန္မက ႏွစ္ေတြအၾကာႀကီး က်င့္ႀကံအားထုတ္ခဲ့ၿပီးၿပီ။ ဒါေၾကာင့္ အနည္းဆုံးဒီေလာက္ေတာ့ ဆုံးျဖတ္နိုင္ပါတယ္။ လက္ရွိအေျခအေနက အင္ေမာ္တယ္တစ္ေယာက္ေတာင္ ကုသေပးနိုင္တဲ့ တစ္စုံတစ္ရာမဟုတ္ဘူး။ အရင္က အေအးဓာတ္ထုတ္တဲ့ အပ္စိုက္ကုထုံး ကလည္း အခုေတာ့ ဘာမွအသုံးဝင္မွာ မဟုတ္ေတာ့ဘူး

ထိုအခ်ိန္အခါက သူမ၏ ခႏၶာကိုယ္ထဲရွိ ေရခဲမႈန္မ်ားမွာ ထိန္းခ်ဳပ္နိုင္ေသးေသာ အဆင့္တစ္ခုတြင္ရွိေနေသးသည္။ ထို႔ေၾကာင့္ အပ္မ်ားကို အသုံးျပဳကာ အနည္းငယ္ခ်င္းစီ ဖယ္ရွားနိုင္ခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္လည္း ယခုအခါတြင္ သူမ၏ ကိုယ္ထဲရွိ ေရခဲမႈန္မ်ားမွာ လုံးဝ ထိန္းခ်ဳပ္မရျဖစ္ေနၿပီး သူမကိုယ္ထဲတြင္ မုန္တိုင္းထန္ေနသည္။ အပ္စိုက္ျခင္းမွာ ထုတ္ေပးနိုင္ေသာ ပမာဏမွာ မမ်ားလွေပ။

အင္ေမာ္တယ္တစ္ေယာက္ က မလုပ္ေပးနိုင္ဘူးဆိုေပမယ့္ ငါေတာ့ လုပ္ေပးနိုင္တယ္။ ေနာက္ထပ္ နည္းလမ္းတစ္ခုရွိတယ္ဆိုတာ မင္းသိပါတယ္ ဇူအန္က သူမ၏ လွပေသာမ်က္ဝန္းမ်ားကို စိုက္ၾကည့္လိုက္သည္။

ခ်ဴခ်ဴယန္ လည္း ေၾကာင္ၾကည့္ေနသည္။ သူ၏ အဓိပ္ပါယ်ကို သူမ သိရန္ အခ်ိန္ယူလိုက္ရသည္။ သူမ၏ အားနည္းမႈျဖင့္ ျဖဴဖပ္ေနေသာ မ်က္ႏွာမွာ ႐ုတ္တရက္ ရွက္ေသြးလႊမ္းသြားသည္။
မျဖစ္ဘူး။ လုံးဝ မျဖစ္ဘူး

အဲ့ဒါကို လက္ခံရမွာထက္ ေသဖို႔ကို ေ႐ြးခ်င္တာတလား ဇူအန္ ေၾကကြဲသြားသည္။

ဟုတ္တယ္ ခ်ဴခ်ဴယန္ လႊတ္ခနဲေျပာမိသြားသည္။ ခ်က္ခ်င္းပင္ သူမ၏ အမွားကို ဆင္ျခင္မိလိုက္ကာ အျမန္ရွင္းျပလိုက္သည္။ ရွင့္ေၾကာင့္ေတာ့မဟုတ္ဘူး...ဟူး အဲ့ဒီလိုတစ္ခုခုမ်ိဳးကို ကြၽန္မ ဘယ္လို လက္ခံေပးရမွာလဲ

အစကတည္းက ငါတို႔ေတြက လင္မယားေတြပဲ ဥစၥာ ဇူအန္ ၿပဳံးလိုက္သည္။

ကြၽန္မတို႔ေတြက ဟန္ေဆာင္စုံတြဲပဲေလ ခ်ဴခ်ဴယန္ အျမန္ ျပင္လိုက္သည္။

ဟန္ေဆာင္ ဇူအန္ အကူအညီမဲ့သြားသည္။ ငါတို႔ေတြက တရားဝင္ လက္ထပ္ၿပီးၿပီေလ။ ၿပီးေတာ့ လျပည့္ၿမိဳ႕မွာရွိတဲ့ လူတိုင္းကလည္း ငါတို႔ေတြ လင္မယားဆိုတာကို သိၾကတယ္။ ဟိုဟာကိုလည္း လုပ္ၿပီးၿပီေလ..

ပ်ာယာခတ္ေနရင္း ခ်ဴခ်ဴယန္က သူမကိုယ္သူမ ခုခံရန္ႀကိဳးစားလိုက္သည္။ သို႔ေသာ္လည္း ဇူအန္ ဆက္ေျပာလိုက္သည္။ ၿပီးေတာ့ မင္း တကယ္ပဲ စိတ္မရွိဘူးဆိုရင္ ငါနဲ႕ ရွို႔ဟုန္ေလၾကားက ပတ္သက္မႈကို ဘာျဖစ္လို႔ အရမ္းေဒါသထြက္ခဲ့တာလဲ

ကြၽန္မ... ခ်ဴခ်ဴယန္ ဘာေျပာရမွန္းမသိေတာ့ေပ။ သူမ၏ စိတ္မွာ ရႈပ္ေထြးေနသည္။ မည္သည့္အရာကိုမွ သူမ မစဥ္းစားနိုင္ေတာ့ေပ။

သူမ၏ ေတြေဝမႈကို ျမင္ရေသာအခါ ဇူအန္က ထိုအခြင့္အေရးကို အသုံးခ်ကာ သူမကို နမ္းလိုက္သည္။ ဤအခ်ိန္သည္ ေယာက္်ားတစ္ေယာက္၏ ေရွ႕တိုးရမည့္အခ်ိန္ျဖစ္သည္။
ေယာက္်ားတစ္ေယာက္ႏွင့္ မိန္းမတစ္ေယာက္ တို႔ ဆက္ဆံေရးအၾကားတြင္ စာ႐ြက္ထက္ပင္ ပါးလႊာေသာ အလႊာတစ္ခု တစ္ခုျဖင့္သာ ခ်ိတ္ပိတ္ထားသည္။ ၎အရာ က်ိဳးေပါက္သြားပါက အရာအားလုံး အဆင္ေျပေခ်ာေမြ႕သြားၿပီျဖစ္သည္။ အကယ္၍ သူတို႔အၿမဲ ခ်ဳပ္တည္းထားပါက သူတို႔ႏွစ္ဦး မွာ တျဖည္းျဖည္း ပိုမိုေဝးကြာသြားမည္ျဖစ္သည္။

သူ၏ႏႈတ္ခမ္းခ်င္း ထိေတြ႕မိေနသည္ကို ခံစားလိုက္ရေသာအခါ ခ်ဴခ်ဴယန္ မ်က္လုံး ျပဴးက်ယ္သြားသည္။ သူ၏ အဝတ္မ်ားကို သူမ ခပ္တင္းတင္းဆုပ္ကိုင္မိသြားသည္။

----- ---------------------------------- ----- - - - - - - - ----- -

Lanjutkan Membaca

Kamu Akan Menyukai Ini

148K 10.5K 47
មិនថាកន្លងទៅយ៉ាងណា ប៉ុន្តែអារម្មណ៍ល្អៗចំពោះឯងមិន ប្រែប្រួលឡើយ គីម ថេយ៉ុង ។ យើងខុសដែលទុកឯងចោល ប៉ុន្តែយើងតែងតែនឹកនាដល់ឯងជានិច្ច ទោះឯងខឹង ឬ ស្អប់យើងកម្រ...
555K 63.8K 200
This story is not my own. All credit to original author and english translator. Original novel: The reincarnated goddess is fierce Original author: Q...
259K 24.9K 189
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
106K 5.7K 121
Kim Taehyung & Jeon Jungkook ❤ TOP TAE / BOTTOM GUKK និពន្ធដោយ : ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 29/10/20